www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ACDFIM. Show all posts
Showing posts with label ACDFIM. Show all posts

Wednesday, March 16, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြစဉ်

နေပြည်တော် ၊ ၁၆-၃-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ အိမ်ရှင် နိုင်ငံအဖြစ် လက်ခံကျင်းပ ခဲ့သော (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ Watty အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တပ်မတော် အထူးလေယာဉ်ဖြင့် ပြန်လည် ထွက်ခွာကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လာအိုပြည်သူ့ တပ်မတော်မှ Director of Foreign Relationship Department ဖြစ်သူ Bri-Gen. Kenchan NATHALANCY ၊ Director of Airforce Department ဖြစ်သူ Bri-Gen. Khamphat နှင့် မြန်မာနိုင်ငံ ဆိုင်ရာ လာအိုစစ်သံမှူး Colonel Daokai LERTLIVANH ၊ လာအို နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စိုးဝင်း နှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး တင်ထွန်းအောင် နှင့်ဇနီးတို့က Watty အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်သို့ ပြန်လည် ရောက်ရှိရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ် ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E.Mr.Lyying SayaXang ၊ လက်ထောက် စစ်သံမှူးMajor Khampheng SONEPHACHANH နှင့် တာဝန်ရှိသူ များက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ ကြကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၂)

Senior General Min Aung Hlaing arrives back from Lao PDR


The delegation led by Senior General Min Aung Hlaing being seen off by officials at Watty International Airport.

Nay Pyi Taw March 16

A delegation led by Commanderin- Chief of Defence Services Senior General Min Aung Hlaing returned home from Watty International Airport by Tatmadaw special fl ight this morning after attending the 13th ASEAN Chiefs of Defence Forces Informal Meeting (13th ACDFIM) hosted by the government of Lao People’s Democratic Republic.

The delegation was seen off at Watty International Airport by Bri- Gen Kenchan NATHALANCY, Director of Foreign Relationship Department, Bri-Gen Khamphat, Director of Airforce Department, Lao Military Attaché to Myanmar Colonel Daokai LERTLIVANH, Myanmar Ambassador to Laos U Kyaw Soe Win and wife and Military Attaché Col Tin Tun Aung and wife.

They were welcomed back at Nay Pyi Taw International Airport by Deputy Commander-in-Chief of Defence Services Commanderin- Chief (Army) Vice-Senior General Soe Win and wife, Joint Chief of the General Staff (Army, Navy, Air) and Commander-in-Chief (Air) General Khin Aung Myint and wife, Commander-in-Chief (Navy) Vice Admiral Tin Aung San and wife, senior military officers from the Office of the Commander-in-Chief (Army) and their wives, commander of Nay Pyi Taw Command, Laotian Ambassador to Myanmar H.E. Mr. Lyying Saya Xang, Deputy Military Attaché Maj Khampheng SONEPHACHANH and officials.

The Myawady Daily

(၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) ကျင်းပ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အာဆီယံနိုင်ငံများမှ တပ်မတော်အကြီးအကဲများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်စဉ်

(၁၃)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) ကျင်းပစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၃)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) တွင် ဆွေးနွေးစဉ်

အာဆီယံတပ်မတော် အကြီးအကဲများ (၁၃)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုး ကြစဉ်

နေပြည်တော် ၊ ၁၆-၃-၂၀၁၆

အာဆီယံဒေသတွင်း နိုင်ငံ အချင်းချင်းတွင် ယုံကြည်မှု တည်ဆောက်ခြင်း၊ သံတမန်ရေးရာ ကာကွယ် ထိန်းသိမ်းခြင်း၊ စည်းလုံး ညီညွတ်မှု ခိုင်မာခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်ခြင်းများ ပိုမိုပြုလုပ်လာ နိုင်ခဲ့ကြောင်း၊ အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် များ၏ ပူးပေါင်းမှု၊ စည်းလုံးညီညွတ်မှု များကို ပိုမိုတိုးမြှင့်ပြီး အင်အား တောင့်တင်းသော အာဆီယံ အသိုက်အဝန်း ဖြစ်စေရန် အာဆီယံ တပ်မတော် များအကြား ပူးပေါင်းမှုများကို ပိုမိုတိုးမြှင့် နိုင်ရေး စီမံဆောင်ရွက် သွားကြရန် တိုက်တွန်း ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မတ် ၁၄ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Don Chan Palace Hotel ၌ ကျင်းပပြုလုပ်သော (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) တွင် ဆွေးနွေး ပြောကြားသည်။

အဆိုပါ အစည်းအဝေး သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံ တပ်မတော် အကြီးအကဲ များနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဦးစွာ အစည်းအဝေးသို့ တက်ရောက် လာကြသော အာဆီယံနိုင်ငံ များမှ တပ်မတော် အကြီးအကဲ များသည် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် အစည်းအဝေး သဘာပတိ လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် Maj-Gen. Souvone LEVANGBOUNMY က (၁၃) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) အဖွင့် အမှာစကား ပြောကြားရာတွင် အာဆီယံ ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ရှိစေရေးအတွက် အာဆီယံ တပ်မတော်များ အနေဖြင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်းနှင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး နှင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ကိုလည်း စုပေါင်းအားထည့် ကူညီဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး 13th ASEAN Military Intelligence Informal Meeting နှင့်ပတ်သက်၍ လာအိုပြည်သူ့ တပ်မတော်မှ ထောက်လှမ်းရေးမှူးချုပ် နှင့် 6th ASEAN Military Operations Informal Meeting နှင့်ပတ်သက်၍ လာအိုပြည်သူ့ တပ်မတော်မှ စစ်ဦးစီးဌာန၊ ရုံးအဖွဲ့ အကြီးအကဲတို့က အစည်းအဝေး ရလဒ်များကို တင်ပြကြသည်။

ယင်းနောက် အစည်းအဝေး သဘာပတိ လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် Maj- Gen. Souvone LEVANGBOUNMY ဦးဆောင်၍ တက်ရောက် လာကြသည့် အာဆီယံ နိုင်ငံများမှ တပ်မတော် အကြီးအကဲ များက သက်ဆိုင်ရာ ခေါင်းစဉ်များအား နိုင်ငံ အက္ခရာစဉ် အလိုက် ဆွေးနွေးကြသည်။

ထိုသို့ ဆွေးနွေးရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အာဆီယံ တပ်မတော်များ၏ စည်းလုံး ညီညွတ်မှုဖြင့် ယခုနှစ် အစည်းအဝေး ၏ ဆောင်ပုဒ်ဖြစ်သော''အင်အား တောင့်တင်းသော အာဆီယံ အသိုက်အဝန်း ဖြစ်စေဖို့ စစ်ဘက်ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ကြပါစို့'' ဟူသည့်အတိုင်း အောင်မြင်စွာ ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက် ကမ္ဘာပေါ်တွင် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု ပုံစံများ တဖြည်းဖြည်း ပြောင်းလဲ လာကြောင်း၊ အာဆီယံ တစ်နိုင်ငံချင်းစီ တွင် ကြုံတွေ့ နေရသည့် ပြည်တွင်း လုံခြုံရေး ခြိမ်းခြောက်မှု များမှာ လျော့ကျသွားပြီး ဒေသတွင်း နိုင်ငံအားလုံး ပတ်သက်နေသည့် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ပိုမိုတိုးပွား လာခဲ့ကြောင်း၊ နိုင်ငံဖြတ်ကျော် ဖြစ်ရပ်များ ဖြစ်သဖြင့် အာဆီယံနိုင်ငံများ အချင်းချင်း နီးကပ်စွာ ပူးပေါင်း ဆက်ဆံရန် အလွန် အရေးကြီး လာကြောင်း၊ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့ နေရသော သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု တစ်ခုဖြစ်သည့် ဘင်္ဂါလီ ပြဿနာကို ဆွေးနွေး လိုကြောင်း၊ ၁၈၅ဝ ပြည့်နှစ် နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေ များသို့ စပါးစိုက်ချိန် နှင့်ရိတ်သိမ်းချိန် များတွင် အလုပ်သမားများ အဖြစ် အင်္ဂလိပ်တို့ ခေါ်ဆောင်လာရာမှ ဘင်္ဂါလီ လူမျိုးများ အခြေချ နေထိုင်မှု စတင်ခဲ့ကြောင်း၊ ၄င်းတို့၏ မူလဇာစ်မြစ်မှာ ဘင်္ဂလား နယ်သားများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကိုလိုနီခေတ် ၁၈၇၂ ခုနှစ် သန်းခေါင် စာရင်းအရ စစ်တကောင်းသား ဘင်္ဂါလီ ၅၈၂၃၅ ဦးရှိခဲ့ပြီး ယနေ့ကာလ ၂ဝ၁၅ ခုနှစ်လူဦးရေ စာရင်းအရ ၁ဝ၂၈၅၃ဝ ဦးရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ် အနက် ဘင်္ဂါလီ မနေထိုင်သည့် မြို့နယ် လေးမြို့နယ်သာ ကျန်ရှိကြောင်း၊ ၂ဝ၁၂ ခုနှစ်မှစ၍ လူပွဲစား များသည် လှေကြီးများဖြင့် ဘင်္ဂလားဒေ့ရှ်မှ ရနောင်းသို့ ဘင်္ဂါလီများကို သယ်ယူခဲ့ရာမှ အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ တောင်ပိုင်းဒေသ များသို့ တိုက်ရိုက် ပို့ဆောင်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံမှ ဖမ်းဆီးရမိခဲ့ သည့် လှေစီးဘင်္ဂါလီ များအား စိစစ်ချက် အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ထွက်ပြေးလာသူ အများစု ဖြစ်ကြောင်း၊ ဘင်္ဂါလီ များသည် ကမ္ဘာ့နိုင်ငံတချို့ ရှိ အစွန်းရောက် အဖွဲ့အစည်း များ၏ အကူအညီဖြင့် ရခိုင်ဒေသရှိ ဘင်္ဂါလီ များအား ရိုဟင်ဂျာလူမျိုး အဖြစ် အသိအမှတ် ပြုလာစေရန်နှင့် ၄င်းတို့ အဖွဲ့အစည်းများ ဆက်လက် ရပ်တည်နိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း၊ ၄င်းတို့၏ ပြဿနာသည် ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်စေနိုင်ခြင်း ရှိ /မရှိ ကို သက်ဆိုင်ရာ အဖွဲ့အစည်း များက သေချာစွာ စိစစ်ရန် လိုအပ်ကြောင်း၊ ဘင်္ဂါလီ ပြဿနာအပြင် အစွန်းရောက်နှင့် အကြမ်းဖက်ဝါဒ အန္တရာယ် အား ကြိုတင်တားဆီး ကာကွယ်နိုင်ရန် Cooperation ၊ Coordination နှင့် Collaboration နှင့် တို့ကို တိုးချဲ့လုပ်ဆောင်ရန် လိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

၎င်းနောက် အာဆီယံ တပ်မတော်များ၏ ၂ဝ၁၆-၂ဝ၁၈ နှစ်နှစ် လုပ်ငန်း စီမံချက်အား ဆွေးနွေးကြပြီး (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) ပူးတွဲ ကြေညာချက်အား လက်မှတ်ရေးထိုး ကြသည်။

ထို့နောက် လာအိုတပ်မတော် စစ်ဦးစီးချုပ် က အစည်းအဝေး နိဂုံးချုပ် နှုတ်ခွန်းဆက် စကား ပြောကြားပြီး (၁၄)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDFIM) ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ဖိလစ်ပိုင် နိုင်ငံမှ ဒုတိယ စစ်ဦးစီးချုပ် Lieutenant General Romeo T Tanalgo ထံသို့ တာဝန် လွှဲပြောင်း ပေးအပ်သည်။

ယင်းနောက် ဖိလစ်ပိုင် တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် က လက်ခံ နှုတ်ခွန်းဆက် စကား ပြောကြားပြီး အစည်းအဝေး အား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂၊ ၁၆၊ ၁၇)

(13th ACDFIM) တက်ရောက်သည့် အဖွဲ့ဝင်နိုင်ငံများမှ တပ်မတော်အကြီးအကဲများ နှစ်နိုင်ငံသီးခြားစီ တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မလေးရှားနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Ten Sri Dato' Sri (Dr.) Hj Zulkifeli Bin Mohd Zin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ်

နေပြည်တော် ၊ ၁၆-၃-၂၀၁၆

လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပ ပြုလုပ်သည့် (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့ တက်ရောက်လျက် ရှိသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် မတ် ၁၄ ရက် နေ့လယ်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Gatot Nurmontyo ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ မလေးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Ten Sri Dato' Sri (Dr.) Hj Zulkifeli Bin Mohd Zin ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ စင်ကာပူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Maj- Gen. Lim Cheng Yeow Perry ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း နိုင်ငံအလိုက် သီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲများ အပြီးတွင် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

(13th ACDFIM) သို့ တက်ရောက်ခဲ့သည့် အာဆီယံတပ်မတော်အကြီးအကဲ များကို ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ ၊ မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ ၊ အာဆီယံနိုင်ငံများ မှ တပ်မတော် အကြီးအကဲများနှင့် ဇနီးများ ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ လာအို ပြည်သူ့တပ်မတော် တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေနေမှုကို ကြည့်ရှု အားပေးစဉ်


နေပြည်တော် ၊ ၁၆-၃-၂၀၁၆

(၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့ တက်ရောက် ခဲ့သည့် အာဆီယံ တပ်မတော် အကြီးအကဲ များကို လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် Maj- Gen. Souvone LEVANGBOUNMY နှင့် ဇနီးတို့က မတ် ၁၄ ရက် ညပိုင်းတွင် Don Chan Palace Hotel ၌ ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

အဆိုပါဂုဏ်ပြု ညစာစားပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံ များမှ တပ်မတော် အကြီးအကဲ များနှင့် ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဦးစွာ လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ညစာစားပွဲ သို့ တက်ရောက် လာသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အာဆီယံနိုင်ငံ များမှ တပ်မတော် အကြီးအကဲ များသည် ညစာ အတူတကွ သုံးဆောင် ကြသည်။

ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း လာအိုပြည်သူ့ တပ်မတော် တေးဂီတ အဖွဲ့က တေးသီချင်း များဖြင့် သီဆိုကပြ ဖျော်ဖြေ ကြသည်။

ညစာသုံးဆောင် အပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် အာဆီယံနိုင်ငံ များမှ တပ်မတော် အကြီးအကဲများ၊ ဇနီးများနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ပြီး လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

အာဆီယံတပ်မတော် အကြီးအကဲများက လာအိုနိုင်ငံ ၀န်ကြီးချုပ် အား ဂါရ၀ပြုတွေ့ဆုံ


လာအိုနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Thongsing Thammavong နှင့် အာဆီယံတပ်မတော် အကြီးအကဲများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်စဉ်

(၁၃)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) နှင့်စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပစဉ်

နေပြည်တော် ၊ ၁၆-၃-၂၀၁၆

လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်သည့် (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့ တက်ရောက်လျက် ရှိသော အာဆီယံ တပ်မတော် အကြီးအကဲ များသည် မတ် ၁၄ ရက် မွန်းလွဲပိုင်းတွင် လာအိုနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Thongsing Thammavong အား ဝန်ကြီးချုပ်ရုံး၌ သွားရောက် ဂါရဝပြု တွေ့ဆုံ ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အာဆီယံ တပ်မတော် အကြီးအကဲများ နှင့်အတူ တက်ရောက်ပြီး လာအိုနိုင်ငံ ဝန်ကြီးချုပ် က အာဆီယံ ဒေသအတွင်း လုံခြုံရေး၊ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ကြောင့် ဒေသတွင်း နိုင်ငံများ လုံခြုံရေး၊ ငြိမ်းချမ်းရေး ကို မြှင့်တင်နိုင်ခဲ့ ပါကြောင်း၊ နယ်ပယ် အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် အခွင့်အလမ်းများ တွေ့ရှိရ ပါကြောင်း၊ အနာဂတ်တွင် တွေ့ကြုံရမည့် မမျှော်လင့်သော စိန်ခေါ်မှု များကို ရင်ဆိုင်နိုင်ရန် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အာဆီယံ၏ အချက်အချာ ကျမှုနှင့် အဓိက မောင်းနှင်အား နေရာတွင် တည်ရှိမှုကို ဆက်လက် ထိန်းသိမ်းရန် လိုအပ်ပါကြောင်း ပြောကြားသည်။ 

တွေ့ဆုံပွဲ အပြီးတွင် လာအိုနိုင်ငံ ဝန်ကြီးချုပ်နှင့် အာဆီယံ တပ်မတော် အကြီးအကဲ များသည် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ညနေပိုင်းတွင် (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) နှင့်စပ်လျဉ်း သည့် သတင်းစာ ရှင်းလင်းပွဲကို ဗီယင်ကျန်းမြို့ရှိ Don Chan Palace Hotel ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေး သဘာပတိ လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် Maj- Gen. Souvone LEVANGBOUNMY ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အာဆီယံနိုင်ငံ များမှ တပ်မတော် အကြီးအကဲများ၊ ကိုယ်စားလှယ် အဖွဲ့များနှင့် သတင်း မီဒီယာများ တက်ရောက် ကြသည်။

ဦးစွာ အစည်းအဝေး သဘာပတိ လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် က အစည်းအဝေး ပြုလုပ်ခဲ့မှု ဆိုင်ရာများကို ရှင်းလင်း ပြောကြားပြီး တက်ရောက် လာကြသည့် သတင်း မီဒီယာများ၏ မေးမြန်းချက် များကို ရှင်းလင်း ဖြေကြား ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

(13th ACDFIM) သို့ တက်ရောက်လာသည့် အာဆီယံတပ်မတော် အကြီးအကဲများကို ကြိုဆိုဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၊ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဝင်များ အာဆီယံနိုင်ငံများမှ တပ်မတော် အကြီးအကဲများ နှင့် ဇနီးများ ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ လာအိုပြည်သူ့တပ်မတော် တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုကို ကြည့်ရှု အားပေးစဉ်


နေပြည်တော် ၊ ၁၆-၃-၂၀၁၆

(၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့တက် ရောက်လာသည့် အာဆီယံ တပ်မတော် အကြီးအကဲ များကို လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် Maj-Gen.Souvone LEVANGBOUNMY နှင့်ဇနီးတို့က မတ် ၁၃ ရက် ညပိုင်းတွင် Don Chan Palace Hotel ၌ ကြိုဆိုဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

အဆိုပါ ညစာစားပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံ များမှ တပ်မတော် အကြီးအကဲ များနှင့် ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဦးစွာ လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် Maj-Gen .Souvone LEVANGBOUNMY က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက် လာကြသော အာဆီယံနိုင်ငံ များမှ တပ်မတော် အကြီးအကဲများနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း လာအိုပြည်သူ့ တပ်မတော် တေးဂီတ အဖွဲ့က တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေ ကြကြောင်း သတင်းရရှိသည်။(၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Tuesday, March 15, 2016

Senior General Min Aung Hlaing holds country-wise talks with ASEAN defence chiefs


Senior General Min Aung Hlaing meets with the delegation led by Chief of the Defence Forces of Royal Thai Armed Forces Gen. Sommai Kaotira at Landmark Mekong Riverside Hotel.

Nay Pyi Taw March 15

Commander-in-Chief of Defence Services Senior General Min Aung Hlaing held country-wise bilateral talks with military chiefs of ASEAN countries who would attend the 13th ASEAN Chiefs of Defence Forces Informal Meeting in Vientiane, Laos at Landmark Mekong Riverside Hotel yesterday afternoon.

Present together with the Senior General at the separate meetings were members of the Myanmar military delegation. The Senior General held talks with delegation led by Chief of the Defence Forces of Royal Thai Armed Forces Gen. Sommai Kaotira, delegation led by Chief of General Staff of Lao People’s Armed Forces Maj.Gen.Souvone LEUNGBOUNMY, delegation led by Vice Chief of Staff of the Armed Forces of the Philippines Lt.Gen.Romeo T Tanalgo, delegation led by Chief of the General Staff of Vietnam People’s Armed Forces Gen. Do Ba Ty, delegation led by Deputy Commander-in-Chief of Royal Cambodian Armed Forces Gen.Eth Sarath, and delegation led by Chief of Staff of Royal Brunei Armed Forces Maj.Gen. Pehin Modh Tawih Bin Abdullah separately and discussed mutual friendship, defence and security cooperation.

After the meetings followed souvenir exchange programs and documentary photo sessions. (100) 

The Myawady Daily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (13th ACDFIM) တက်ရောက်မည့် အဖွဲ့ဝင်နိုင်ငံများမှ အကြီးအကဲများနှင့် နှစ်နိုင်ငံသီးခြားစီ တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးချုပ် Maj. Gen. Souvone LEUNGBOUNMY ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၁၅-၃-၂၀၁၆

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပ ပြုလုပ်မည့် (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့ တက်ရောက်မည့် အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် Landmark Mekong Riverside Hotel ၌ နှစ်နိုင်ငံ သီးခြားစီ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံ ရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Sommai Kaotira ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် Maj. Gen. Souvone LEUNGBOUNMY ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ ဖိလစ်ပိုင် နိုင်ငံ ဒုတိယတပ်မတော် စစ်ဦးစီးချုပ် Lt. Gen. Romeo T Tanalgo ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ ဗီယက်နမ် ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် Gen. Do Ba Ty ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ ကမ္ဘောဒီးယား ဘုရင့် တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီးချုပ် Gen. Eth Sarath ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ ဘရူနိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Maj. Gen. Pehin Mohd Ta Wih Bin Abdullah ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း နိုင်ငံအလိုက် သီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကာကွယ်ရေး နှင့်လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲများ အပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Monday, March 14, 2016

Senior General Min Aung Hlaing, wife Daw Kyu Kyu Hla meet family members of Myanmar Embassy and Military Attaché Office


The Senior General and wife present gifts, foodstuffs and cash assistance for staff and family members of Myanmar Embassy and Military Attaché Office.

Nay Pyi Taw March 14

A Myanmar military delegation led by Commander-in-Chief of Defence Services Senior General Min Aung Hlaing and wife Daw Kyu Kyu Hla who arrived in Lao People’s Democratic Republic to attend the 13th ASEAN Chiefs of Defence Forces Informal Meeting- 13th ACDFIM visited the residence of the Myanmar Ambassador to Laos at 12 noon today after inspecting the land plot for construction of the Myanmar Military Attaché Office to Laos in the morning.

The Senior General and wife cordially greeted families of Myanmar Embassy and Military Attaché Office and scholarship Myanmar students at the parlour of the ambassador’s residence.

At the meeting, the Senior General said that Myanmar is sharing border with Laos in territorial land, waters and air space. It needs to develop trade sector as well as further promote friendly relations between the two nations and two armed forces. It is necessary to improve tourism industry. The Senior General invited reports on assignments of embassy staff, social disciplines, family health and education sectors and good suggestions to promote friendly ties and cooperation between the two countries.

The Senior General and wife presented gifts, foodstuffs and cash assistance for staff and family members of Myanmar Embassy and Military Attaché Office, and Myanmar scholarship students to the ambassador, the military attaché, embassy family members and students.

The family members of the Myanmar Embassy and Military Attaché Office hosted a lunch to the Myanmar military delegation led by the Senior General and wife. (100)

The Myawady Daily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများအား တွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ မြန်မာသံရုံး နှင့် စစ်သံရုံးတို့မှ ၀န်ထမ်းများ ၊ မိသားစုဝင်များ ၊ ပညာတော်သင် မြန်မာကျောင်းသား များအတွက် လက်ဆောင်ပစ္စည်း များပေးအပ်စဉ်

နေပြည်တော် ၊ ၁၄-၃-၂၀၁၆

(၁၃) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့  တက်ရောက်ရန်အတွက် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သို့ရောက်ရှိ နေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် မတ် ၁၃ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် လာအိုနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံရုံး ဆောက်လုပ်မည့် မြေနေရာသို့ သွားရောက် ကြည့်ရှုပြီး မွန်းတည့် ၁၂ နာရီတွင် သံအမတ်ကြီး နေအိမ်သို့ ရောက်ရှိသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ သည် သံအမတ်ကြီး နေအိမ် ဧည့်ခန်း၌ မြန်မာသံရုံးနှင့် စစ်သံရုံး မိသားစုများ၊ ပညာတော်သင် မြန်မာ ကျောင်းသား များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ အမှာစကား ပြောကြားသည်။

ထိုသို့ တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံသည် မြေပြင်၊ ရေပြင်နှင့် ဝေဟင် ပိုင်နက် သုံးခုလုံးနှင့် ဆက်စပ်နေကြောင်း၊ ကူးသန်း ရောင်းဝယ်ရေး အပိုင်းကို မြှင့်တင်ရန် လိုအပ်သကဲ့သို့ နှစ်နိုင်ငံနှင့် တပ်မတော်ပိုင်း ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး တို့ကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ ခရီးသွားလာရေး လုပ်ငန်းကိုလည်း မြှင့်တင်ရန် လိုအပ်ကြောင်း၊ သံရုံးဝန်ထမ်း များ၏ တာဝန် ထမ်းဆောင်မှု၊ နေထိုင်မှု စည်းကမ်းများ၊ မိသားစုများ ကျန်းမာရေးနှင့် ပညာရေး ဆိုင်ရာကိစ္စရပ် များနှင့် နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး တို့ကို မြှင့်တင်နိုင်ရန် အတွက် အကြံဉာဏ် ကောင်းများ တင်ပြ ဆောင်ရွက်ရန် တို့ကို အသေးစိတ် မှာကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် မြန်မာ ကျောင်းသားများ အတွက် လက်ဆောင် ပစ္စည်းများ၊ စားသောက်ဖွယ်ရာ များနှင့် ပညာသင် ချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံး မိသားစုဝင်များ၊ ပညာတော်သင် ကျောင်းသား များက လက်ခံ ရယူကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား သံရုံးနှင့် စစ်သံရုံး မိသားစုများက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Senior General Min Aung Hlaing arrives in Vientiane


Senior General Min Aung Hlaing and delegation arrive at Watty International Airport, Vientiane, Lao People’s Democratic Republic.

Nay Pyi Taw March 14

Commander-in-Chief of Defence Services Senior General Min Aung Hlaing and delegation arrived at Watty International Airport, Vientiane, Lao People's Democratic Republic (LPDR) to attend the 13th ASEAN Chiefs of Defence Forces Informal Meeting in Vientiane.

The Senior General and delegation were welcomed at the airport by Director of Foreign Relationship of Lao People’s Army Brig-Gen Kenchan NATHALANCY, Director of Airforce Department Brig- Gen Khamphat and Lao Military Attaché to Myanmar Col Daokai LERTLIVANH and Myanmar Ambassador to Laos U Kyaw Soe Win and wife, Military Attaché C ol Tin Tun Aung and wife. (100)

The Myawady Daily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13Th ACDFIM) တက်ရောက်ရန်အတွက် လာအိုနိုင်ငံသို့ ရောက်ရှိ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ လာအိုပြည်သူ့ ဒီမိုကရက်တစ်  သမ္မတနိုင်ငံ ၊ Watty အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ်

နေပြည်တော် ၊ ၁၄-၃-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် လာအိုပြည်သူ့ ဒီမိုကရက်တစ်  သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပ ပြုလုပ်မည့် (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး 13th ASEAN Military Chief of Defence Force Informal Meeting (13th ACDFIM) သို့ တက်ရောက်ရန် အတွက် ယမန်နေ့ နံနက်ပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ Watty အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လာအိုပြည်သူ့ တပ်မတော်မှ Director of Foreign Relationship ဖြစ်သူ Bri-Gen Kenchan NATHALANCY ၊ Director of Airforce Department ဖြစ်သူ Bri-Gen Khamphat နှင့် မြန်မာနိုင်ငံ ဆိုင်ရာ လာအိုစစ်သံမှူး Colonel Daokai LERTLIVANH ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စိုးဝင်း နှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး တင်ထွန်းအောင် နှင့်ဇနီးတို့က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

Senior General Min Aung Hlaing to attend 13th ASEAN Chiefs of Defence Forces Informal Meeting


Senior General Min Aung Hlaing leaves for Laos to attend the 13th ASEAN Chiefs of Defence Forces Informal Meeting.

Nay Pyi Taw March 14

A military delegation led by Commander-in-Chief of Defence Services Senior General Min Aung Hlaing left the Nay Pyi Taw International Airport for Laos this morning to attend the 13th ASEAN Chiefs of Defence Forces Informal Meeting-13th ACDFIM to be held in Vientiane of Lao People’s Democratic Republic.

The Senior General and party were seen off at the airport by Deputy Commander-in-Chief of Defence Services Commander-in- Chief (Army) Vice-Senior General Soe Win, senior military officers of the Office of the Commanderin- Chief, the commander of Nay Pyi Taw Command and Laotian Ambassador to the Republic of the Union of Myanmar H.E. Mr. Lyying Sayaxang.

The meeting will take place from 13 to 15 March 2016. During the period of meeting, the Senior General will hold separate meetings with ASEAN Chiefs of Defence Forces. (100)

The Myawady Daily

(၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံသို့ ထွက်ခွာ


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြစဉ်

နေပြည်တော် ၊ ၁၄-၃-၂၀၁၆

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ ၌ ကျင်းပပြုလုပ်မည့် (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM သို့ တက်ရောက်ရန် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာကြသည်။

ပို့ဆောင်နှုတ်ဆက်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Lyying Sayaxang တို့က လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြသည်။

ဆွေးနွေးမည်

အဆိုပါ (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးကို ၂ဝ၁၆ ခုနှစ်၊ မတ် ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အစည်းအဝေး ကာလအတွင်း တွင်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် များသည် နှစ်နိုင်ငံ သီးခြားစီ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger