www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 16, 2016

(13th ACDFIM) တက်ရောက်သည့် အဖွဲ့ဝင်နိုင်ငံများမှ တပ်မတော်အကြီးအကဲများ နှစ်နိုင်ငံသီးခြားစီ တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မလေးရှားနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Ten Sri Dato' Sri (Dr.) Hj Zulkifeli Bin Mohd Zin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ်

နေပြည်တော် ၊ ၁၆-၃-၂၀၁၆

လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပ ပြုလုပ်သည့် (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့ တက်ရောက်လျက် ရှိသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် မတ် ၁၄ ရက် နေ့လယ်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Gatot Nurmontyo ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ မလေးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Ten Sri Dato' Sri (Dr.) Hj Zulkifeli Bin Mohd Zin ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ စင်ကာပူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Maj- Gen. Lim Cheng Yeow Perry ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း နိုင်ငံအလိုက် သီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲများ အပြီးတွင် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger