www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 31, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်အား ဂါရဝပြု တွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် H.E.Mr.Narendra Modi အား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၃၁-၇-၂ဝ၁၅

အိန္ဒိယ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E.Mr.Narendra Modi အား ဇူလိုင် ၂၉ ရက် ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၄ဝ မိနစ်တွင် ဝန်ကြီးချုပ်၏အိမ်တော်၌ သွားရောက် ဂါရဝပြု တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်ချုပ် တင်အောင်စန်း နှင့် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်ခင်စိုး တို့ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သမိုင်းကြောင်း ရှည်လျားစွာ ချစ်ကြည် ရင်းနှီးမှု ရှိခဲ့ပြီး နှစ်နိုင်ငံ အစိုးရ၊ တပ်မတော်နှင့် ပြည်သူများ၏ ကောင်းမွန်သော ဆက်ဆံရေး ရှိကြောင်း၊ တပ်မတော် နှစ်ရပ်၏ ကာကွယ်ရေး နှင့်လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်ပြီး ပိုမိုမြှင့်တင် ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ မြန်မာနှင့် အိန္ဒိယတို့၏ တူညီသော စိန်ခေါ်မှု နှစ်ရပ်မှာ နယ်စပ် တည်ငြိမ်မှု နှင့် အိန္ဒိယ သမုဒ္ဒရာ လုံခြုံရေး ဆိုင်ရာ ကိစ္စများ ဖြစ်ပြီး စိန်ခေါ်မှု နှစ်ရပ်စလုံးကို ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် အာဆီယံ၏ အနောက်တံခါး ပေါက်အဖြစ် Geopolitic အရ Strategic ကျကြောင်း၊ နိုင်ငံခြားရေး မူဝါဒအရ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးကို အလေး ထားကြောင်း၊ အိန္ဒိယ၏ Act East Policyအရ အာရှနိုင်ငံ များနှင့် ဆက်ဆံရေးတွင် ပေါင်းကူး သဖွယ် ဆက်စပ်ကူညီ နိုင်သည့် အနေအထား ရှိကြောင်း၊ အဆွေတော် ဝန်ကြီးချုပ်၏ ပင်လယ် ရေကြောင်းခရီး သွားလာရေး လုပ်ငန်းများ ကိုလည်း ထောက်ခံပြီး နိုင်ငံတော် သမ္မတကြီး ထံတင်ပြ၍ ဆက်လက် ဆောင်ရွက်  နိုင်မည့် နည်းလမ်းများကို ရှာဖွေမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှု မြှင့်တင်ရေး ကိစ္စများ ကိုလည်း ဆောင်ရွက် သွားနိုင်ရန် လိုအပ်ကြောင်း၊ အဓိကမှာ နှစ်နိုင်ငံ ယုံကြည်မှု ရှိရန် အရေးကြီးကြောင်း၊ မိမိတို့ နိုင်ငံသည် အသွင်  ကူးပြောင်းစ ကာလဖြစ်ပြီး နိုင်ငံရေး တည်ငြိမ်မှု နှင့် စီးပွားရေး ကောင်းမွန်မှု အတွက် နိုင်ငံတော် အစိုးရ အပိုင်းက ဆောင်ရွက နေပြီး တပ်မတော် အနေဖြင့် အစိုးရကို အကူအညီ များပေးနေ ပါကြောင်း၊ မိမိတို့ အနေဖြင့် ပြည်သူများ တောင်းဆို ထားသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို အကောင်အထည် ဖော်ဆောင် ပေးထားပြီး နိုင်ငံရေး လမ်းကြောင်း ပြောင်းလဲခြင်း၊ ယိမ်းယိုင်ခြင်း မရှိအောင် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ မကြာခင် ဆောင်ရွက်မည့် ရွေးကောက်ပွဲ ကိုလည်း လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ကူညီသွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

အိန္ဒိယသမ္မတ နိုင်ငံ ဝန်ကြီးချုပ် က နယ်စပ်ရေးရာ ကိစ္စများကို နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် နယ်မြေ ခွဲခြားမှု မရှိဘဲ ပူးပေါင်း ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ Act East Policy ကို မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် မှုသည် အောင်မြင်ပြီး ပွင့်လင်း မြင်သာစွာ ဆက်ဆံနိုင် ပါကြောင်း၊ နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှု များလည်း အောင်မြင်မှု ရှိကြောင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ်နှင့် အရှေ့အာရှ နိုင်ငံများသို့ ကားလမ်း၊ မီးရထား လမ်းများ ဆက်သွယ် ဆောင်ရွက်မှု ကိစ္စများ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း၊ လေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စ နှင့် အိန္ဒိယ သမုဒ္ဒရာ လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်  သွားမည် ဖြစ်ကြောင်း၊ ကာကွယ်ရေး ကဏ္ဍတွင် လည်း ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြား ခရီးသွား ဆိုင်ရာ ကဏ္ဍနှင့် ပင်လယ် ရေကြောင်း ခရီးသွားလာရေး လုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက် ခြင်းဖြင့် ခရီးသွားလာမှု များလာပြီး ဆက်ဆံရေး ပိုမိုတိုးတက် လာနိုင်ကြောင်း၊ ASEAN SUMMIT တွင် မြန်မာနိုင်ငံ၏ Geopolitic အရေးပါမှုကို လက်တွေ့ လေ့လာ နိုင်ခဲ့ပြီး မြန်မာတွင် ကောင်းမွန်သည့် Potential များရှိသည်ကို တွေ့ရှိ ရကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်း လျှောက်လှမ်းမှု အပိုင်းတွင် ယုံကြည်ချက် ရှိသည့်အတိုင်း ပြောဆို လုပ်ကိုင်နေမှုကို ကျေးဇူး တင်ရှိကြောင်း၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး ကဏ္ဍစုံတွင် ပူးပေါင်း ဆောင်ရွက်နိုင်မှု မြှင့်တင် နိုင်မည်ဟု ယုံကြည် ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ် H.E. Mr. Narendra Modi တို့သည် အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ် ကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily



တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အိန္ဒိယသမ္မတနိုင်ငံ တပ်မတော်( ကြည်း၊ ရေ၊ လေ) ပူးတွဲ စစ်ဦးစီးချုပ်နှင့် လေတပ်ဦးစီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ ဖြင့်ကြိုဆို၊ တွေ့ဆုံဆွေးနွေး


နေပြည်တော် ၊ ၃၁-၇-၂ဝ၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အိန္ဒိယသမ္မတနိုင်ငံ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယသမ္မတ နိုင်ငံတပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးတွဲ စစ်ဦးစီးချုပ် နှင့် လေတပ် ဦးစီးချုပ် Air Chief Marshal Arup Raha,PVSM, AVSM,VM တို့ အထိမ်းအမှတ်တံဆိပ် နှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်စဉ်

အိန္ဒိယ သမ္မတနိုင်ငံ သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အိန္ဒိယ သမ္မတနိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊ လေ)ပူးတွဲ စစ်ဦးစီးချုပ် နှင့် လေတပ် ဦးစီးချုပ် Air Chief Marshal Arup Raha,PVSM, AVSM,VM က ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုသည့် အခမ်းအနားကို ဇူလိုင် ၂၉ ရက် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အိန္ဒိယ သမ္မတနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန South Block Lawns ရင်ပြင် မြက်ခင်းပြင် ၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနားသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးတွဲ စစ်ဦးစီးချုပ် နှင့် လေတပ် ဦးစီးချုပ် Air Chief Marshal Arup Raha,PVSM, AVSM,VM က ရင်းနှီးခင်မင်စွာ ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊လေ) ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြု ခြင်းကို ခံယူပြီးနောက် ဂုဏ်ပြု တပ်ဖွဲ့အား ဆက်လက် စစ်ဆေးခဲ့ကာ အခမ်းအနား တက်ရောက် လာသူများနှင့် အပြန်အလှန် မိတ်ဆက် ပေးသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးတွဲ စစ်ဦးစီးချုပ် နှင့် လေတပ် ဦးစီးချုပ် တို့သည် နံနက် ၁၁ နာရီတွင် လေတပ် ဦးစီးချုပ်ရုံး၌ တွေ့ဆုံ ဆွေးနွေးကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ကြပြီး အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊လေ) ပူးတွဲ စစ်ဦးစီးချုပ်နှင့် လေတပ် ဦးစီးချုပ် နှင့်အတူ Air Marshal PP Reddy ၊ Lt. Gen Bhalla ၊ Vice Admiral G Luthra နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် နှစ်ရပ် ချစ်ကြည်ရေး ခိုင်မာ လာစေရန်နှင့် နယ်ပယ် အားလုံးတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရန် လာရောက်သည့် ခရီးစဉ် ဖြစ်ကြောင်း၊ ဘန်ဂလို နှင့် ဂိုအာတို့တွင် အိန္ဒိယ တပ်မတော်၏ လေယာဉ်နှင့် Naval Aviation ကိစ္စများ၊ Shipyard နှင့် Port များ၊ Information Management and Analysis Center တို့အား လေ့လာနိုင်ခဲ့ ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ဆိုင်ရာကဏ္ဍတွင် သတင်း ဖလှယ်မှုသည် အရေးကြီးပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ သင်တန်းသားများ ကိုလည်း တိုးမြှင့်စေလွှတ် သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့နိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများ ငြိမ်းချမ်းရေး အတွက် Nation Wide Cease Fire ကို လက်မှတ်ရေးထိုး ရန်ရှိကြောင်း၊ မိမိတို့ နိုင်ငံသည် မြန်မာနိုင်ငံ အတွင်း အခြေပြုပြီး အိန္ဒိယ အပါအဝင် မည်သည့် အိမ်နီးချင်းနိုင်ငံ ၏ အချုပ်အခြာ အာဏာကို ထိခိုက်အောင် လုပ်ဆောင်သည့် မည်သည့် အဖွဲ့အစည်း ကိုမဆို လက်ခံမည် မဟုတ်ကြောင်း၊ မိမိတို့ တပ်မတော်သည် နိုင်ငံ၏ သမိုင်းကြောင်းနှင့် ထပ်တူ တည်ရှိ နေသဖြင့် ထိန်းသိမ်းပေး ရမည့်တာဝန် ရှိသည်ဟု ပြောနိုင်ပါကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် တွေ့ဆုံစဉ် မိမိတို့ ရပ်တည်ချက် ကိုလည်း ဆွေးနွေး ဖော်ပြခဲ့ ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော် (ကြည်း၊ရေ၊ လေ) ပူးတွဲစစ်ဦးစီးချုပ် နှင့် လေတပ်ဦးစီးချုပ် က ကြည်း၊ ရေ၊ လေ တပ်မတော် တစ်ရပ်လုံး၏ ပူးပေါင်း ဆောင်ရွက်မှု များကို မြှင့်တင် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းသား များကိုလည်း တိုးမြှင့် စေလွှတ်ပေး စေလိုကြောင်း၊ Naval Visit ကိစ္စများ ကိုလည်း တိုးမြှင့်ဆောင်ရွက် မည်ဖြစ်ပြီး ရေကြောင်း ကင်းထောက်နှင့် လေကြောင်း ကင်းထောက် ကိစ္စများ ကိုလည်း လေ့လာ၍ ပူးပေါင်း ဆောင် ရွက်နိုင် ပါကြောင်း၊ အကြမ်းဖက် အန္တရာယ် သည် အရေးကြီးသည့် Issue တစ်ရပ်ဖြစ် ပါကြောင်း၊ သို့ဖြစ်၍ Counter Insurgency ကိစ္စအတွက် ကိုလည်း ပူးပေါင်း ဆောင်ရွက် မည် ဖြစ်ပါကြောင်း၊ IT ကိစ္စများ တွင်လည်း သင်တန်းသားများ စေလွှတ်စေလို ကြောင်းနှင့် တပ်မတော် နှစ်ရပ် ချစ်ကြည်ရေး နှင့်ပူးပေါင်း ဆောင်ရွက်ရေး ကို ယခုထက် ပိုမိုတိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊လေ) ပူးတွဲ စစ်ဦးစီးချုပ် နှင့် လေတပ် ဦးစီးချုပ် Air Chief Marshal Arup Raha, PVSM, AVSM,VM တို့သည် အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ် ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား အိန္ဒိယ တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက အိန္ဒိယလေတပ် ဦးစီးချုပ်ရုံးရှိ Subroto Hall ၌ အိန္ဒိယနိုင်ငံ၏ လုံခြုံရေး အမြင်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လုံခြုံရေး ဆိုင်ရာ သဘောထား အမြင်များအား ပြန်လည် ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)



#Themyawadydaily

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် နှင့် ရေတပ် ဦးစီးချုပ် တို့အား သီးခြားစီ သွားရောက်တွေ့ဆုံ


နေပြည်တော် ၊ ၃၁-၇-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Dalbir Singh, PVSM, UYSM, AVSM, VSM, ADC တို့ အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်စဉ်

အိန္ဒိယသမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Dalbir Singh, PVSM, UYSM, AVSM, VSM, ADC အား ဇူလိုင် ၂၉ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်တွင် အိန္ဒိယြ ကည်းတပ် ဦးစီးချုပ်ရုံး၌ တွေ့ဆုံသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Dalbir Singh, PVSM, UYSM, AVSM, VSM, ADC က Army Battle Honour Mess ၌ အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

ယင်းနောက် ကြည်းတပ် ဦးစီးချုပ် အစည်းအဝေး ခန်းမ၌ ဆက်လက်တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် အနေဖြင့် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ရာတွင် စွမ်းရည် ထက်မြက်သည့် တပ်မတော် တည်ဆောက် နိုင်ရန်မှာ အရေးကြီးကြောင်း၊ မိမိတို့၏ ကာကွယ်ရေး မူဝါဒအရ အိမ်နီးချင်း နိုင်ငံ၏ တည်ငြိမ်မှုကို ထိခိုက်စေမည့် ကိစ္စအား ဆောင်ရွက်သည့် မည်သည့် အဖွဲ့အစည်း ကိုမဆို လက်မခံကြောင်း၊ ထို့ကြောင့် နယ်စပ် ဒေသတွင် ပူးပေါင်း ဆောင်ရွက်မှု များစွာ ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ တပ်မတော် နှစ်ရပ် ဆက်ဆံရေးတွင် အဆင့်မြင့် အရာရှိကြီးများ၏ ခရီးစဉ် သာမက အဆင့်တိုင်း ရင်းနှီးမှု  ရရှိစေမည့် ခရီးစဉ် များလည်း စေလွှတ်နိုင်ရန် လိုအပ်ကြောင်း၊ သင်တန်းပိုင်း ဆိုင်ရာတွင် မြန်မာနိုင်ငံမှ သင်တန်းသားများ လာရောက် တက်နေကြောင်း၊ ပိုမိုတိုးမြှင့် စေလွှတ် သွားမည်ဖြစ်ပြီး အနာဂတ် ဆက်ဆံမှုပိုမို ခိုင်မာအောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA ဆောင်ရွက်မှု အခြေအနေ များကို ဆွေးနွေး ပြောကြားသည်။

အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီးချုပ် က မိမိတို့ နှစ်နိုင်ငံ နယ်စပ်တွင် ကြီးမားသော ပြဿနာမရှိဘဲ ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန် ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ရင်းနှီးသည့် မိတ်ဆွေနိုင်ငံ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ခရီးစဉ်သည် တပ်မတော် နှစ်ရပ် ချစ်ကြည် ရင်းနှီးမှု၏ ပြယုဂ် ဖြစ်ပါကြောင်း၊ Level တိုင်းတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်သွားမည် ဖြစ်ပြီး သင်တန်းသား များကိုလည်း ယခုထက် ပိုမို စေလွှတ်ပေး စေလိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယ တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Dalbir Singh, PVSM, UYSM, AVSM, VSM, ADC တို့သည် အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။

ပြီးနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အဖွဲ့ဝင် များအား အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီးချုပ်နှင့် တာဝန်ရှိ သူများက ရှင်းလင်းဆောင်တွင် Integration of Indian Army နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည် များကို မေးမြန်းသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယ တပ်မတော် ရေတပ်ဦးစီးချုပ် Admiral RK Dhowan, PVSM, AVSM, YSM, ADC တို့ တွေးဆုံ ဆွေးနွေးစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အိန္ဒိယ တပ်မတော် ရေတပ်ဦးစီးချုပ် Admiral RK Dhowan, PVSM, AVSM, YSM, ADC အား အိန္ဒိယရေတပ် ဦးစီးချုပ်ရုံး၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်(ရေ) တပ် နှစ်ခုအကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စများ၊ ပင်လယ် ရေကြောင်း လုံခြုံရေးနှင့် လေကြောင်း ကင်းထောက် အပါအဝင် သတင်း ထောက်လှမ်းမှု ကဏ္ဍများ၊ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများ၊ သင်တန်းပိုင်း ဆိုင်ရာ ကိစ္စများအား ဆွေးနွေး ပြောကြားသည်။

အိန္ဒိယ တပ်မတော် ရေတပ်ဦးစီးချုပ် Admiral RK Dhowan, PVSM, AVSM, YSM, ADC က မြန်မာ့ တပ်မတော်(ရေ)နှင့် Ship Visit အပါအဝင် ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍများကို မြှင့်တင် နိုင်ခဲ့ကြောင်း၊ Maritime Security နှင့် ထောက်လှမ်းရေး သတင်း ဖလှယ်မှုများ ကိုလည်း ပူးတွဲ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ Training ပိုင်းဆိုင်ရာ များကိုလည်း သင်တန်းသားများ တိုးမြှင့် ဆောင်ရွက်နိုင် ပါကြောင်း၊ ယခု ခရီးစဉ်သည် မိမိတို့ ရေတပ်ဖွဲ့ နှစ်ရပ် အပါအဝင် တပ်မတော် နှစ်ရပ်၏ ချစ်ကြည်ရေးကို မြှင့်တင်နိုင်သည့် ခရီးစဉ် ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

#Themyawadydaily



မြ၀တီနေ့စဉ်သတင်းစာ (၃၁-၇-၂၀၁၅) သောကြာနေ့



မြ၀တီနေ့စဉ်သတင်းစာ (၃၁-၇-၂၀၁၅) သောကြာနေ့

Download Links


Thursday, July 30, 2015

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်လက်မှတ်တွင် မွေးသက္ကရာဇ် အမှန် ပြန်လည်ပြင်ဆင် လိုပါက သတ်မှတ်ချက်နှင့် အညီ ခွင့်ပြု


ရန်ကုန် ၊ ၃ဝ-၇-၂ဝ၁၅

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်လက်မှတ် တွင် မွေးသက္ကရာဇ် အမှန် ပြန်လည် ပြင်ဆင်လိုပါက သတ်မှတ်ချက် နှင့်အညီ ခွင့်ပြု လုပ်ဆောင် ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ သိရသည်။

အခြေခံပညာ မူလတန်း စတင် တက်ရောက်ချိန်တွင် မွေးသက္ကရာဇ်ကို ပြောင်းလဲ၍ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် အခါ အောင်လက်မှတ် ပေါ်၌ မှားယွင်းသော မွေးသက္ကရာဇ် အချက်အလက်များ ပါလာပါက လုပ်ငန်းခွင် စာမေးပွဲများ ဖြေဆိုခြင်းနှင့် တခြားသော အလုပ် လျှောက်ထားမှု များတွင် ထိခိုက် နိုင်ကြောင်း သိရသည်။

''မွေးတဲ့လ အမှန်အတိုင်း ဖြည့်ရင် ကျောင်းဝင်ခွင့် မရမှာစိုးလို့ တစ်နှစ်အောက် ရမှာစိုးတဲ့ အတွက် မွေးသက္ကရာဇ်ကို ပြင်ဆင်ပြီး ကျောင်းအပ် ခဲ့တယ်။ ၁ဝ တန်းအောင်လို့ အောင်လက်မှတ်လည်း ထုတ်ရော အဲဒီ ပြင်ဆင်ထားတဲ့ မွေးသက္ကရာဇ် အမှားအတိုင်း ပါသွားခဲ့တယ်။ အဲဒီဟာက ပြင်ဆင်ထား တဲ့ဟာ ဖြစ်နေတော့ မှတ်ပုံတင် က တကယ့် မွေးသက္ကရာဇ် အမှန်နဲ့ လွဲနေတယ်။ အလုပ် လျှောက်တာတို့၊ ဌာနဆိုင်ရာ တွေကနေ လုပ်ငန်းရာထူး စာမေးပွဲဖြေပြီး အလုပ်ဝင်ခွင့် ရဖို့ ကျမ်းကျိန်ရတော့ အခက်အခဲတွေ ကြုံခဲ့ရတယ်'' ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရ သူတစ်ဦးက ပြောသည်။

ထို့အပြင် ကျောင်းစတင် အပ်နှံရာတွင် မွေးသက္ကရာဇ်၌ ဖေဖော်ဝါရီ ၂၈ ရက် အစား ရက်ထပ်နှစ်ဟု ထင်၍ ၂၉ ရက်ဖြင့် မှားယွင်း ဖြည့်စွက်ကာ တက္ကသိုလ် ဝင်တန်း အောင်မြင် ခဲ့သည်။ သို့သော် အသက်မွေး ဝမ်းကျောင်း တက္ကသိုလ် များတွင် တက်ရောက် သင်ကြားရန် အောင်လက်မှတ် ထုတ်ယူရာ တွင် မွေးသက္ကရာဇ် မှားယွင်း နေခြင်းကြောင့် အောင်လက်မှတ် မရရှိဘဲ အခက်အခဲများ နှင့် ကြုံတွေ့ နေရကြောင်း သိရသည်။

ထိုသို့သော မှားယွင်းနေသည့် မွေးသက္ကရာဇ် များနှင့် ကိုယ်ရေး အချက်အလက် များကို အမှန်ပြင်ဆင် လိုပါက မြန်မာနိုင်ငံ စာစစ်ဌာနသို့ သက်ဆိုင်ရာ ကျောင်းမှ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်ဖြင့် မွေးသက္ကရာဇ်
နှင့် အချက်အလက် များ ပြင်ဆင် လိုသော လျှောက်ထားချက်၊ ကျောင်းဝင် ''ခ'' စာရင်း မိတ္တူများကို တင်ပြ လျှောက်ထား ရမည်ဖြစ်သည်။ ယင်း လျှောက်ထားမှု အပေါ် စိစစ်ကာ အမှန်ပြန်လည် ပြင်ဆင်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''တချို့ကျောင်းသား၊ ကျောင်းသူတွေက ဒီလို ပြင်ဆင်လို့ ရတယ်ဆိုတာ သိပ်မသိကြဘူး။ အဲဒီလို သတ်မှတ်ချက် တွေကို ပြင်ဆင်ခွင့် လျှောက်ထားရင် ခွင့်ပြုပေး နေပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

၂ဝ၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြည်တွင်းနှင့် နိုင်ငံခြား စာစစ်ဦးစီးဌာန များအပါအဝင် စုစုပေါင်း ဖြေဆိုသူ ၅၄၁၉၄၆ ဦးရှိပြီး ၁၇၁၆၄၇ ဦး အောင်မြင်ခဲ့ကာ အောင်ချက် ၃၁ ဒသမ ၆၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုသူပေါင်း ၅၉၇၉၄၆ ဦးရှိပြီး ၂၂၄၈၄၇ ဦး အောင်မြင်ခဲ့ကာ အောင်ချက် ၃၇ ဒသမ ၆ဝ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

ပြည်သူ့ဆေးရုံဝင်းအတွင်း ဖွင့်လှစ်ထားသော ပုဂ္ဂလိက ဆေးဆိုင်များ သက်တမ်းကုန်ဆုံးသည့် နေ့တွင် ပိတ်သိမ်းရန် ညွှန်ကြားထား


ရန်ကုန် ၊ ၃၀-၇-၂၀၁၅

မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံ ဝင်းများအတွင်း ဖွင့်လှစ်ထားသော ပုဂ္ဂလိက ဆေးဆိုင်များကို လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံးသည့် နေ့တွင် ပိတ်သိမ်းရန် ညွှန်ကြား ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ပြည်သူ့ဆေးရုံ ပရိဝုဏ်အတွင်း ဆေးဆိုင်များကို ဖွင့်လှစ်ခွင့် ပြုမည် မဟုတ်ဘဲ ပြည်သူများ အတွက် လိုအပ်သော ဆေးဝါးများကို ယခုနှစ်အတွင်း ဆေးရုံမှ အခမဲ့ ပေးခြင်းများ လုပ်ဆောင်လျက် ရှိရာ တချို့ လိုအပ်သော ဆေးဝါးများ ကိုသာ အပြင်ဆိုင်များမှ ဝယ်ယူပြီး ဆေးကုသမှု စရိတ် သက်သာရေး အတွက် အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှုကို မြှင့်တင် ထားသည်။

ထို့အပြင် ဆေးဝါးများကို ခွဲတမ်းစနစ်ဖြင့် ရရှိသည့် မြို့နယ်၊ တိုက်နယ် ဆေးရုံများ၊ ကျေးလက် ကျန်းမာရေး ဌာန၊ ဌာနခွဲများကို တိုင်းဒေသကြီး နှင့် ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ ဦးဆောင်၍ ဆေးဝါး လိုအပ်ချက် အတိုင်း ဖြည့်ဆည်းပေး နိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ပြည်သူ့ဆေးရုံ များရှိ ပုဂ္ဂလိက ဆေးဆိုင်များကို လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံးသည့် နေ့တွင် ပိတ်သိမ်းရန် ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြား ထားပြီး သက်တမ်းတိုး လုပ်ဆောင်ခွင့်ကို ရပ်ဆိုင်း လိုက်ပြီ ဖြစ်သည်။ ပိတ်သိမ်းခွင့် အမိန့်စာကို ယခုလ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ပြည်သူ့ဆေးရုံ အသီးသီးသို့ ထုတ်ပြန် ကြေညာ ခဲ့ခြင်းဖြစ်ပြီး လေလံ သက်တမ်း မကုန်မီ အထိ လုပ်ကိုင်ခွင့်ပြု ထားသည်။

ယခုနှစ်မှစ၍ ဈေးကွက်တင် ရောင်းချမည့် ဆေးပစ္စည်းများ အတွက် ဆေးပစ္စည်း အရည်အသွေး ကွပ်ကဲရေးနှင့် ပတ်သက်သည့် လိုင်စင်များ ထုတ်ပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

မြစ်သာမြစ် အတွင်း စက်လှေတိမ်းမှောက်ရာ လူနာတစ်ဦးနှင့် ခရီးသည် ငါးဦး ပျောက်ဆုံးနေ


ကလေး ၊ ၃၀-၇-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ မြစ်သာမြစ် အတွင်း ယမန်နေ့ ညနေ ၆ နာရီခွဲတွင် လူနာနှင့် ခရီးသည်များ စီးနင်းလိုက်ပါသည့် စက်လှေတစ်စင်း တိမ်းမှောက် နစ်မြုပ် ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

ကလေးမြို့ ကျီကုန်း ကျေးရွာနေ ကိုအောင်ဆန်းဝင်း မောင်းနှင် လာသော အလျား ၄၂ ပေ၊ အနံ ၅ ပေအရွယ်ရှိ ချိန်ချိုင်း အမျိုးအစား နှစ်လုံးထိုး အင်ဂျင်စက် တပ်ဆင်ထားသည့် စက်လှေသည် ကလေးဝမြို့ ရွှေတောင် ဆိပ်ကမ်းမှ လူနာ အမျိုးသမီး နှစ်ဦး၊ ခရီးသည် ၂ဝ ဦးတို့အား တင်ဆောင်၍ ယမန်နေ့ နံနက် ၉ နာရီက မြစ်သာမြစ်ကြောင်း အတိုင်း ကလေးမြို့ ဘက်သို့ ခုတ်မောင်း လာခဲ့ရာတွင် စက်လှေ အင်ဂျင်စက်မှာ ကွဲ သွားပြီးနောက် ရေစီး၌ မျောပါကာ တိမ်းမှောက် နစ်မြုပ် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စက်လှေ နစ်မြုပ်စဉ် စက်လှေ ပေါ်ပါ လူနာ အမျိုးသမီး နှစ်ဦးအနက် လူနာ အမျိုးသမီး တစ်ဦးနှင့် ခရီးသည် ၁၅ ဦးအား ကယ်ဆယ် နိုင်ခဲ့သည်။ ကျန်လူနာ တစ်ဦးနှင့် ခရီးသည်ငါးဦး တို့မှာ မြစ်သာမြစ်ကြောင်း အတွင်း ပျောက်ဆုံးလျက် ရှိပြီး ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်သိန်း နှင့် အဖွဲ့မှ လိုက်လံ ရှာဖွေလျက် ရှိကြောင်း သိရသည်။ (၄၅ဝ)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

ကိုရီးယားသမ္မတ နိုင်ငံရေတပ်မှ စစ်ရေယာဉ် ရန်ကုန်မြို့သို့ရောက်ရှိ



နေပြည်တော် ၊ ၃ဝ-၇-၂ဝ၁၅

ကိုရီးယားသမ္မတ နိုင်ငံရေတပ်မှ စစ်ရေယာဉ် ROKS Wang Geon (978) သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ယနေ့မွန်းလွဲ ပိုင်းတွင် ရောက်ရှိလာရာ
တပ်မတော်(ရေ) မှ အရာရှိကြီး များနှင့် အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် ကိုရီးယား သမ္မတနိုင်ငံ ရေတပ်မှ Capt Kang Hee Won ဦးဆောင်သော အရာရှိ ၃၃ ဦး၊ စစ်သည် ၂၆၇ ဦး စုစုပေါင်း ၃ဝဝ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဇူလိုင် ၃၁ ရက်အထိ သုံးရက်ကြာ နေထိုင်လေ့လာ လည်ပတ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၉)

#Themyawadydaily

သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်



ဘားအံ ၊ ၃၀-၇-၂၀၁၅

ကရင်ပြည်နယ် ဘားအံမြို့တွင် ဇူလိုင်လမှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ မြင့်တက်လာကာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိခဲ့ရာမှ ယနေ့ ညနေပိုင်းတွင် မိုးထပ်မံ ရွာသွန်းမှုကြောင့် ဘားအံမြို့အနိမ့်ပိုင်း ရပ်ကွက်များ၌ ရေကြီး နစ်မြုပ်မှု ဖြစ်ပွားခဲ့သဖြင့် ရေဘေး စခန်းများသို့ စတင်ပြောင်းရွှေ့ နေကြောင်း သိရသည်။

သံလွင်မြစ် ကမ်းဘေး ရပ်ကွက်များ ဖြစ်သော အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက် တို့တွင် ရေကြီး နစ်မြုပ်ခဲ့ရာ အမှတ်(၂) ရပ်ကွက်၊ ရွှေယဉ်မျှော် ရေဘေးစခန်း၌ အိမ်ထောင်စု ၈၇ စုမှ လူဦးရေ ၄၆၁ ဦး၊ အမှတ်(၅) ရပ်ကွက်ရှိ အောင်သံလွင် အားကစားရုံ ရေဘေးစခန်း၌ အိမ်ထောင်စု ၈ဝ စုမှ လူဦးရေ ၄၃၃ ဦး၊ မိုးလုံလေလုံ အားကစားရုံ ရေဘေးစခန်း ၌ အိမ်ထောင်စု ၅၂ စုမှ လူဦးရေ ၂၉၅ ဦးတို့ ပြောင်းရွှေ့ နေထိုင် ကြကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့် ပြည်သူများ နေရာချထားမှု၊ စားသောက်ရေး၊ ကျန်းမာရေး တို့အတွက် စီမံ ထားရှိမှု၊ ထပ်မံရောက်ရှိ လာနိုင်သော ရေဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ် ထားရှိမှုများ နှင့် နယ်မြေခံ တပ်မတော် သားများ၊ လူမှုရေး အဖွဲ့များက ကယ်ဆယ်ရေး ကူညီ ဆောင်ရွက်နေမှု များကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း နှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု အားပေးကာ လိုအပ် သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေး နေကြောင်း သိရသည်။

နန်းမျိုးနွယ်

မြ၀တီနေ့စဉ် ၊ စာ(၆)

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ခန္တီးမြို့နယ် အတွင်းရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ



နေပြည်တော် ၊ ၃ဝ-၇-၂ဝ၁၅

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဇူလိုင် ၂၇ ရက် ညနေပိုင်းတွင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဖြင့် ထွက်ခွာသည်။

အဆိုပါ တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) သည် ဇူလိုင် ၂၈ ရက်တွင် မအူပင်မြို့၌ လိုအပ်သော ဆေးဝါးကုသမှု ဆိုင်ရာ ဆေးပစ္စည်းများ တင်ဆောင်၍ ဆက်လက် ထွက်ခွာပြီး ချင်းတွင်း မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့တွင် ခွဲစိတ် ပါရဂူများ၊ ဓာတ်မှန် ပါရဂူများ၊ သားဖွားမီးယပ် ပါရဂူများ၊ မျက်စိ ပါရဂူများ၊ ဆေးကုသမှု ဆိုင်ရာ ပါရဂူများ၊ နား၊ နှာခေါင်း၊ လည်ချောင်း ပါရဂူများ၊ အရိုးခွဲစိတ် ကုပါရဂူများ၊ သွား၊ မေ့ဆေး ပါရဂူများ၊ ကလေး ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများ၊ အထက်တန်း သူနာပြုများနှင့် သူနာပြု စစ်သည်များ လိုက်ပါသွား ကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

Senior General Min Aung Hlaing, delegation visit Army Base Workshop, IMAC Gurgaon in New Delhi


Senior General Min Aung Hlaing exchanging gifts with an Indian official.

Nay Pyi Taw July 30

Commander-in-Chief of Defence Services Senior General Min Aung Hlaing and Tatmadaw goodwill delegation continued their friendship tour in India, leaving Pune at 7.50 am local standard time yesterday by Indian military aircraft after receiving a warm farewell extended by Chief Operation Officer Group Captain Vij and wife at the airport.

The Senior General and delegation arrived at New Delhi airport at 11 am local standard time, and were welcomed by Air Vice Marshal Shouvik Roy of Indian Airforce and wife and officials.

On arrival at Army Base Workshop in Delhi Cantonment, they were welcomed by its Commandant and Managing Director Brig-Gen Tejinder Jaggi and officials.

At the Conference hall, they attended the power-point presentation on history, structure and capacities of the workshop. After asking for more information, the Senior General exchanged souvenirs.

Later, Brig-Gen Tejinder Jaggi and officials conducted the Senior General and delegation round the workshop.

A welcoming party led by Deputy Chief of Naval Staff Vice Admiral R.K Pattanaik of Information Management and Analysis Centre-IMAC Gurgaon greeted them before they listened to the reports on maritime security, asking for more information and studying the techniques on simulation and system in the afternoon.

In Oval Room at Taj Palace hotel at 4.30 pm, they attended the Biometric System Presentation of Unique Identification Authority of Function during which the Senior General asked for more information. Souvenirs were also exchanged. 

The Myawady Daily, Page(18)

#Themyawadydaily



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၃၀)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၃၀)

Download Links


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ နယူးဒေလီမြို့သို့ ရောက်ရှိ၊ Army Base Workshop, IMAC Gurgaon တို့အားလေ့လာ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
Unique Identification Authority of Function မှ ရှင်းလင်းပြသသော Biometric System Presentation အားကြည့်ရှု လေ့လာပြီး သိရှိလိုသည်များ မေးမြန်းစဉ်။

နေပြည်တော် ၊ ၃ဝ-၇-၂ဝ၁၅

အိန္ဒိယသမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင် ၂၈ ရက် ဒေသ စံတော်ချိန် နံနက် ၇ နာရီ ၅ဝ မိနစ်တွင် အိန္ဒိယ တပ်မတော် လေယာဉ်များဖြင့် ပူနေးလေဆိပ် မှ ထွက်ခွာရာ လေဆိပ်တွင် Chief Operation Officer, Group Captain Vij နှင့် ဇနီးမှ ပို့ဆောင် နှုတ်ဆက်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နယူးဒေလီ လေဆိပ်သို့ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင် ရောက်ရှိပြီး အိန္ဒိယ တပ်မတော်လေ မှ Air Vice Marshal Shouvik Roy နှင့်ဇနီး၊ တာဝန်ရှိသူ များက ရင်းနှီးစွာ ကြိုဆိုသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် လေဆိပ်မှ မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာကြရာ Delhi Cantoment &Sd Army Base Workshop သို့ ရောက်ရှိကြပြီး Army Base Workshop မှ Commandant and Managing Director Brigadier General Tejinder Jaggi နှင့် တာဝန်ရှိ သူများက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် Army Base Workshop နှင့် ပတ်သက်သည့် သမိုင်းကြောင်း၊ ဖွဲ့စည်းပုံနှင့် စွမ်းဆောင်နိုင်ရည် များအား တာဝန်ရှိသူ တစ်ဦးက ပါဝါပွိုင့်ဖြင့် Conference hall တွင်ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည့် အချက်များအား မေးမြန်းပြီးနောက် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်
 မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား 
Information Management and Analysis Centre- IMAC Gurgaon ရှိ 
Simulation ခန်းမတွင် တာဝန်ရှိသူတစ်ဦးက ပင်လယ်ရေကြောင်း လုံခြုံရေး
 ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြစဉ်

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Army Base Workshop အတွင်း လှည့်လည် ကြည့်ရှုကြရာ Brigadier General Tejinder Jaggi နှင့် တာဝန်ရှိ သူများက လိုက်လံ ရှင်းလင်း ပြသသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် Information Management and Analysis Centre- IMAC Gurgaon သို့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရောက်ရှိပြီး IMAC Gurgaon မှ Deputy Chief of Naval Staff Vice Admiral R K Pattanaik နှင့်အဖွဲ့ဝင်များက ရင်းနှီးစွာ ကြိုဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် 
Army Base Workshop မှ Commandant and Managing Director Brigadier General Tejinder Jaggi တို့ အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်စဉ်

ဆက်လက်၍ Simulation ခန်းမတွင် ပင်လယ် ရေကြောင်း လုံခြုံရေး ဆောင်ရွက်မှု များအား တာဝန်ရှိ သူများက ရှင်းလင်း တင်ပြပြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များက သိရှိလို သည်များကို မေးမြန်းကာ Simulation နှင့် System ဆိုင်ရာများအား ကြည့်ရှု လေ့လာ၍ တည်းခိုရာ ဟိုတယ်သို့ ညနေ ၄ နာရီတွင် ပြန်လည် ရောက်ရှိသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် ညနေ ၄ နာရီခွဲတွင် Taj Palace ဟိုတယ် Oval Room တွင် Unique Identification Authority of Function မှ ရှင်းလင်း ပြသသော Biometric System Presentation အား ကြည့်ရှု လေ့လာပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရှိ လိုသည်များ မေးမြန်းကာ အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ် ကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂/၁၇)

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၇-၂၀၁၅) ကြာသပတေးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၃၀-၇-၂၀၁၅) ကြာသပတေးနေ့

Download Links


Wednesday, July 29, 2015

ရေဘေးသင့် ပြည်သူများအတွက် စားသောက်ဖွယ်ရာ များနှင့် အ၀တ်အထည်များအား တပ်မတော်ရဟတ်ယာဉ် များဖြင့် ပို့ဆောင်ပေး


တပ်မတော်ရဟတ်ယာဉ် များဖြင့် ရေဘေးသင့် ပြည်သူများအတွက် စားသောက်ဖွယ်ရာ များနှင့် အ၀တ်အထည်များ ပို့ဆောင်ပေးစဉ်

နေပြည်တော် ၊ ၂၉-၇-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သဖြင့် ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်ဆဲ ဖြစ်သော ကျေးရွာများ အတွက် စားသောက်ဖွယ်ရာ များနှင့် အဝတ်အထည် များအား ခရိုင် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ကော်မတီ၏ စီမံမှုဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့မှ ကောလင်းမြို့သို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မင်းနောင် ဦးစီး၍ တပ်မတော် ရဟတ်ယာဉ်များ အသုံးပြုကာ ပို့ဆောင် ပေးပြီး ထိုမှတစ်ဆင့် ချောင်းနား ကျေးရွာသို့ လေးကြိမ် ပို့ဆောင် ပေးသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူ များသည် ဒေါင်းမြူးချောင်း ရေမြင့်တက် နေမှုကြောင့် ဝန်းသိုမြို့နယ်၊ ဝန်းသိုမြို့ ကြိုးကြာ ရပ်ကွက်နှင့် ကျမိုင်းကုန်း ရပ်ကွက် အတွင်း ရေ ၃ ပေခန့် မြင့်တက်နေမှု အား လည်းကောင်း၊ကောလင်း မြို့နယ်၊ ကျခတ်အိုက် ကျေးရွာအနီး ဒေါင်းမြူးချောင်း တံတား၏ ချဉ်းကပ်လမ်း ရေကျော် ပျက်စီးနေမှု အား လည်းကောင်း၊ ရေနစ်မြုပ် ခဲ့သည့် ကြို့ခုန်ကျေးရွာ နှင့် ညောင်ပင်သာ ကျေးရွာများတွင် ရေတွင်းများ ဆေးခတ်ခြင်း ဆောင်ရွက် ပြီးစီးမှုတို့ အား လည်းကောင်း သွားရောက် ကြည့်ရှု စစ်ဆေးပြီး ကျေရွာနေ ပြည်သူများအား ကျန်းမာရေး ဆိုင်ရာ သတိပြု ရမည့် အချက်များ ဆွေးနွေး မှာကြားသည်။

ကောလင်းမြို့နယ် အတွင်း မြို့နယ်ရေဘေး ကယ်ဆယ်ရေး ကော်မတီ၏ စီမံ ခန့်ခွဲမှုဖြင့် လိုအပ်သော စားသောက် ဖွယ်ရာများ၊ ထောက်ပံ့ရေး ပစ္စည်းများနှင့် ဆေးဝါးများအား တပ်မတော် အသက်ကယ် လှေများ၊ မော်တော်ယာဉ် များဖြင့် ပို့ဆောင် ပေးလျက် ရှိသည့်အပြင် တပ်မတော်မှ ဆေးကုသရေး အဖွဲ့များနှင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ရေကျဆင်း သွားပြီးဖြစ်သည့် ကျေးရွာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခြင်းနှင့် ရေတွင်း ရေကန်များအား ရေသန့်ဆေး ခတ်ပေးခြင်းများ ဆောင်ရွက် ပေးသည်။

အလားတူ ရွှေဘို တပ်နယ်ရှိ နယ်မြေခံ တပ်မတော်သား များက မင်းမြင် တမံလမ်းပေါ်ရှိ နုန်းမြေများ ဖယ်ရှားခြင်း၊ အရာတော် တပ်နယ်ရှိ နယ်မြေခံ တပ်မတော်သား များက အရာတော်- ရွှေဘို ကားလမ်းပေါ်ရှိ ဇရစ်ကျေးရွာ နှင့် ကူးတုတ်ကိုင်း ကျေးရွာအကြား ရေကျော်မှု ဖြစ်ပေါ်ရာ နေရာများသို့ လမ်းပခုံးသားများ ပျက်စီးမှု မရှိစေရေး သဲအိတ်ချခြင်း နှင့် မြေသားဖို့ခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိသည်။

ထို့အတူ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် ဇူလိုင် ၂၆ ရက်နှင့် ၂၇ ရက်က မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်ပိုင်းတွင် မြစ်သာမြစ်ရေ မြင့်တက်လာပြီး ကလေးမြို့ရှိ အောင်မြေမာန် ရပ်ကွက်၊ အောင်မင်္ဂလာ ရပ်ကွက်၊ မင်္ဂလာ ဥယျာဉ် ရပ်ကွက်၊ ညောင်ပင်သာ ရပ်ကွက်၊ ကျီကုန်းကျေးရွာ၊ ရေလဲဦးကျေးရွာ၊ စည်သာကျေးရွာ၊ နတ်ကြီးကုန်း ကျေးရွာ၊ ဖောင်းကူးကျေးရွာ၊ ပြင်သာကျေးရွာ နှင့် တောင်ဦးကျေးရွာ တို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် နေရာများမှ အိမ်ထောင်စု ၅၆ဝ စု၊ လူဦးရေ ၂၄၄၅ ဦးတို့အား အနောက် မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သား များက ရေဘေးလွတ်ရာ နေရာများသို့ ရွှေ့ ပြောင်းပေးခြင်းနှင့် စားသောက်ဖွယ်ရာများ သွားရောက် ပို့ဆောင် ပေးခြင်းများ ဆောင်ရွက် ပေးသည်။

အဆိုပါ မြစ်ရေကြီးမှုကြောင့် လူ ၊ တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု များမရှိဘဲ ကလေး- ကျီကုန်းကားလမ်း ပေါ်သို့ ရေ ၃ ပေခန့် မြင့်တက်မှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်း  သွားလာနိုင်ခြင်း မရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

၂၀၀၀ ကျပ်တန်နှင့် ၃၀၀၀ ကျပ်တန် အခွန်တံဆိပ်ခေါင်းများ ထပ်မံ ထုတ်လုပ်မည်


ရန်ကုန် ၊ ၂၉-၇-၂၀၁၅

စားသုံးသူများ အတွက် ကောက်ခံသည့် အခွန် တံဆိပ်ခေါင်း များတွင် ၂ဝဝဝ ကျပ် တန်နှင့် ၃ဝဝဝ ကျပ်တန် အခွန် တံဆိပ်ခေါင်းများ ထပ်မံ ထုတ်လုပ်ရန် စီစဉ် နေကြောင်း ပြည်တွင်း အခွန်ဦးစီးဌာန မှ သိရသည်။

''လုပ်ငန်းရှင်တွေ အဆင်ပြေ စေဖို့ ထပ်မံ ထုတ်လုပ်ပေးဖို့ စီစဉ်တာပါ။ အခွန်တံဆိပ် တွေကို ဂျာမနီနိုင်ငံ ကနေ မှာယူ နေတာပါ။ အခုပထမ တစ်ခေါက် စာချုပ် မပြီးပြတ်သေး တဲ့အတွက် နောက်တစ်ခေါက် ဒုတိယ အသုတ်မှာ ထပ်မံ ထုတ်လုပ်ဖို့ စီစဉ် နေတာပါ'' ဟု အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုအချိန်တွင် စားသုံးသူများ အတွက် ကောက်ခံသည့် အခွန်တံဆိပ် အမျိုးအစားမှာ ၅ဝ ကျပ်၊ ၁ဝဝ ကျပ်၊ ၂ဝဝ ကျပ်၊ ၅ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်၊ ၅ဝဝဝ ကျပ် နှင့် ၁ဝဝဝဝ ကျပ် ဟူ၍ ခုနစ်မျိုးရှိပြီး စားသုံးသူ များနှင့် လုပ်ငန်းရှင်များ အဆင်ပြေ စေရန် ၂ဝဝဝ ကျပ်နှင့် ၃ဝဝဝ ကျပ် အခွန် တံဆိပ်ခေါင်း သစ်များ ထပ်မံ ထုတ်လုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။ 

စားသုံးသူများ  အတွက် အခွန် တံဆိပ်များကို ပြေစာများ ပေါ်တွင် ကပ်နှိပ်ပေးခြင်း မရှိပါက စားသုံးသူများ အနေဖြင့် ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ ဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီး ဌာနရုံးသို့ ဖြစ်စေ သက်သေ ပြေစာ အထောက်အထားဖြင့် တိုင်ကြား နိုင်ကြောင်း သိရသည်။

ပြေစာတွင် စားသုံးသူများ အတွက် ကောက်ခံသည့် အခွန် တံဆိပ်ခေါင်း ကပ်ခြင်းကို စားသောက်ဆိုင် များတွင် ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ဟိုတယ်နှင့် တည်းခိုခန်း များတွင် အခွန် တံဆိပ်ခေါင်း ကပ်ခြင်းကို ယခုနှစ် ဧပြီလတွင် စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လင်းသူ

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

အစိုးရငွေတိုက်လက်မှတ် များအား လေလံစနစ်ဖြင့် ရောင်းချပေးလျက်ရှိ


ရန်ကုန် ၊ ၂၉-၇-၂၀၁၅

မြန်မာနိုင်ငံတွင် သုံးလ သက်တမ်းရှိ အစိုးရငွေတိုက် လက်မှတ် (Treasury Bill) များကို သက်ဆိုင်ရာမှ ယခုနှစ်အတွင်း လေလံစနစ်ဖြင့် ရောင်းချခဲ့ရာ လက်ရှိတွင် ငွေကျပ် ၃ဝဝ ဘီလီယံကျော် အထိ လေလံတင် ရောင်းချပြီး ဖြစ်ကြောင်း သိရသည်။

ငွေကြေး ဖောင်းပွမှုကို ထိန်းသိမ်းနိုင်  စေရန်နှင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှု ဈေးကွက် ဖွံ့ဖြိုးတိုးတက် လာစေရန် အစိုးရငွေတိုက် လက်မှတ်များကို ယခုနှစ် ဇန်နဝါရီလ မှစတင်ကာ ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချပေး ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်နိုင် စေရန် အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) တို့မှ ကျွမ်းကျင် ပညာရှင် များ၏ အကူအညီ များကို ရယူခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သက်ဆိုင်ရာမှ အစိုးရငွေတိုက် လက်မှတ် များအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းကို ဧပြီလမှလွဲ၍ လစဉ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်း လေလံပွဲများကို ဇန်နဝါရီလတွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလ တွင် နှစ်ကြိမ်၊ မတ်လတွင် နှစ်ကြိမ်၊ မေလတွင် နှစ်ကြိမ်၊ ဇွန်လတွင် နှစ်ကြိမ်နှင့် ဇူလိုင်လတွင် တစ်ကြိမ် စသည်ဖြင့် ကျင်းပခဲ့ရာ စုစုပေါင်း လေလံပွဲ ၁ဝ ကြိမ်အထိ ယခုနှစ်အတွင်း ကျင်းပခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေလံပွဲ များတွင် အဆိုပြု အတိုးနှုန်း များသည် ၆ ရာခိုင်နှုန်းမှ ၉ ဒသမ ၂၅ ရာခိုင်နှုန်း အထိရှိပြီး လေလံ အောင်မြင် ခဲ့သည့် အတိုးနှုန်း အများစုမှာ ၇ ရာခိုင်နှုန်းမှ ၈ ဒသမ ၁၅ ရာခိုင်နှုန်း အကြားတွင် ရှိကြောင်း သိရသည်။

ဘဏ္ဍာရေး ဝန်ကြီးဌာန အနေဖြင့် ယခုကဲ့သို့ အစိုးရငွေတိုက် လက်မှတ် (Treasury Bill) များအား လေလံစနစ်ဖြင့် ရောင်းချခြင်း များကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သည့် အတွက် နောက်ပိုင်းတွင် အစိုးရငွေတိုက် စာချုပ် (Treasury Bond) များအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချသော လေလံပွဲ များကို ကျင်းပနိုင်ရန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

Senior General Min Aung Hlaing and delegation visit India Naval Aviation Squadron, Goa port, Goa shipyard


Senior General Min Aung Hlaing and delegation looked at an aircraft.

Nay Pyi Taw July 29

Commander-in-Chief of Defence Services Senior General Min Aung Hlaing and Tatmadaw goodwill delegation continued their friendship tour in India, visiting India Naval Aviation Squadron (INS Hansa) in Goa yesterday morning.

On arrival at the INS Hansa at 9 am local standard time, the Senior General and delegation were warmly welcomed by Rear Admiral Ravneet Singh, Fleet Officer of Goa Commanding Area, and officials. At the briefing hall Commodore Shalinder Singh conducted a powerpoint presentation on salient points of the INS Hansa. He also answered the questions raised by the Senior General and delegation.

The Senior General and the Fleet Officer exchanged souvenirs. Then the Senior General and delegation looked at aircraft at INS Hansa and military submarines at Goa port.

At 10:10 am, they arrived at Goa Shipyard Limited where they were welcomed by its Chairman and Managing Director Mr. Sekhar Mital and officials. Officials also presented a power-point account of the shipyard.

The Senior General and the shipyard Chairman exchanged souvenirs. Later, the Senior General and delegation were conducted round the shipyard.

Goa Shipyard Limited is the leading shipbuilder in India. In 1957, the Government of the Portuguese India set up a small-scale shipyard named Estaleiros Navais de Goa. Now it is a shipyard applying the most advanced techniques.

The Senior General and delegation flew from Goa to Pune by Indian military aircraft at 1:30 pm. They were seen off at the airport by Rear Admiral Ravneet Singh and wife and officials.

The Myawady Daily, Page(18)



#Themyawadydaily

Senior General Min Aung Hlaing and delegation visit TA TA MOTORS in Pune


Senior General Min Aung Hlaing exchanging gifts with an Indian official.

Nay Pyi Taw July 29

Commander-in-Chief of Defence Services Senior General Min Aung Hlaing and Tatmadaw goodwill delegation who were on a friendship visit in India arrived at Pune airport at 2:30 pm local standard time yesterday. They were warmly welcomed by Chief Operation Officer Group Captain Vij of Airforce Station Pune and wife.

The Senior General and delegation left the airport at 3:10 pm and arrived at TA TA MOTORS Limited after a 30 minutes drive. Executive Director Mr. Ravi Pisharody of the company and officials welcomed them.

After attending the power-point presentation of the company, they were conducted round the production line.

TA TA MOTORS is one of the internationally based car manufacturing companies in India and a branch of TA TA Group. It is the 17 largest car manufacturer in the world and is globally ranked fourth in truck production and second in bus production.

The Senior General and delegation left the company and arrived at JW Marriott hotel where they would temporary stay at 6 pm.

In the evening they attended dinner hosted by Executive Director Mr. Ravi Pisharody and wife in their honor at the hotel. The Senior General and Mr. Pisharody gave speeches and exchanged souvenirs. Country music was played before and after the dinner.

The Myawadydaily, Page(18)

#Themyawadydaily



သုံးနှစ်အတွင်း စားသုံးရန်မသင့်သည့် အေးခဲအသား တန်ချိန် ၁၇၀ နီးပါးဖမ်းမိ



ရန်ကုန် ၊ ၂၉-၇-၂၀၁၅

အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ ထောက်ခံချက် မပါဘဲ နယ်စပ်ဒေသ များမှ တရားမဝင် ဝင်ရောက် လာသော စားသုံးရန် မသင့်သည့် အေးခဲအသား တန်ချိန် ၁၇ဝ နီးပါးကို သုံးနှစ်အတွင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟို၊ Mobile Team များမှ ဖမ်းဆီးနိုင် ခဲ့ကြောင်း အဆိုပါအဖွဲ့၏ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်း နိုင်ငံ အများအပြား နှင့် ထိစပ် နေခြင်းကြောင့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ စားသုံးရန် မသင့်သည့် အစား အသောက်နှင့် ဆေးဝါးများ၊ အေးခဲအသားများ ဝင်ရောက် နေခြင်းဖြစ်ပြီး ယင်း ကုန်ပစ္စည်း များကို Mobile Team များက တားဆီး စစ်ဆေးခဲ့ခြင်း ဖြစ်ကာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ မှ ၂ဝ၁၅ ခုနှစ် ဇွန်လအထိ အေးခဲအသား တန်ချိန် ၁၆၉ တန် ခန့်မှန်း တန်ဖိုး ငွေကျပ်သန်း ၆၆၃ သန်းခန့်ကို သုံးနှစ်အတွင်း တားဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။

အေးခဲအသားများ ဖြစ်သော ကြက်သား၊ ကြက်အသည်း အမြစ်၊ အကင်မျိုးစုံ ပြုလုပ်ရန် ပစ္စည်းများမှာ နယ်စပ် လမ်းကြောင်းများမှ ပုံစံအမျိုးမျိုး ဖြင့် ဝင်ရောက်နေခြင်း ဖြစ်ပြီး အမှုတွဲပေါင်း ၁၅၂ ခု ဖွင့်ကာ ပစ္စည်း များကို သိမ်းဆည်း၍ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အေးခဲအသား များသည် စားသုံးသူကို ဘေးအန္တရာယ် ဖြစ်စေနိုင်ပြီး စားသုံးသူ အကာအကွယ် ပေးရန်နှင့် တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းမှု များကို Mobile Team များမှ တားဆီး ထိန်းချုပ်ခြင်းများ ပြုလုပ်လျက် ရှိကာ နယ်စပ် အပါအဝင် ပင်လယ် ရေကြောင်းနှင့် လေကြောင်း မှဝင်ရောက် လာသည့် တရားမဝင် ကုန်ပစ္စည်းများ တင်သွင်းမှုကို စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Mobile Team များ ဖွဲ့စည်းကာ တရားမဝင် ကုန်သွယ်မှု လုပ်ငန်းများ စစ်ဆေး အရေးယူခဲ့ခြင်း ကြောင့် ကုန်သွယ်မှု ပမာဏများ တိုးတက်လာ ခဲ့ပြီး စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်း များလည်း ထိန်းချုပ်လာ နိုင်ကာ တရားမဝင် ကုန်သွယ်မှုများ လမ်းကြောင်းမှန်ပေါ် ရောက်ရှိ လာမည် ဖြစ်ကြောင်း Mobile Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အေဒီမိုး

မြ၀တီနေ့စဉ် ၊ စာ(၃၀)

#Themyawadydaily

အမေရိကန်နိုင်ငံတွင် ကျင်းပသော လူငယ်ဂေါက်သီးရိုက် ပြိုင်ပွဲဝင် မြန်မာနိုင်ငံမှ ဂေါက်သီးရိုက် အားကစားသမားများ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၂၉-၇-၂၀၁၅

၂ဝ၁၅ ခုနှစ် ဇူလိုင် ၂ဝ ရက်မှ ၂၁ ရက်အထိ အမေရိကန်နိုင်ငံ The Perfect putter 1st coast Junior open(Hurricane golf Tour) လူငယ် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဂေါက်သီးရိုက် အားကစား သမားများ ယှဉ်ပြိုင်ခဲ့ရာ အသက် ၁၁ နှစ်မှ ၁၄နှစ် သက်တမ်း ပြိုင်ပွဲတွင် မသင်းဝေခိုင် က ပထမ၊ အသက် ၁၁ နှစ်မှ ၁၂ နှစ် သက်တမ်း ပြိုင်ပွဲတွင် မောင်ကောင်းမြတ်ကျော် က ဒုတိယနှင့် မောင်မင်းသံလွင်အောင် က တတိယ၊ အသက် ၁၅ နှစ်မှ ၁၈ နှစ် သက်တမ်း ပြိုင်ပွဲတွင် မောင်ဇင်အောင်မင်း က အဆင့်(၄)၊ မဝင့်ဖူးနဒီအောင် က အဆင့်(၅) နှင့် မပွင့်ဖူးနဒီခိုင် က အဆင့်(၁၂)၊ အသက်(၁၃) နှစ်မှ ၁၄ နှစ် သက်တမ်း ပြိုင်ပွဲတွင် မောင်စိုင်းအောင်စိုင်ဖ က အဆင့်(၇)တို့ အသီးသီး ရရှိခဲ့ကြပြီး ဇူလိုင်၂၈ ရက် နံနက်၂ နာရီခွဲတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံမှ ထူးချွန်သော ဂေါက်သီး အားကစားသမားများ ပေါ်ထွက် လာစေရေး အတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှ တာဝန်ရှိ သူများသည် လူငယ် အားကစားသမား များအား ပြုစု ပျိုးထောင်၍ နိုင်ငံတကာ ဂေါက်သီးရိုက် ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်စေလျက် ရှိကြောင်း သတင်း ရရှိသည်။

ကိုသက်

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

စီးတီးတက္ကစီအဖြစ် မှတ်ပုံမတင်သည့် ယာဉ်များနှင့် သက်တမ်းမတိုးသည့် ယာဉ်များကို ထိရောက်သည့် စစ်ဆေးအရေးယူမှုများ ပြုလုပ်သွားမည်


ရန်ကုန် ၊ ၂၉-၇-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ ခရိုင်ရုံး များတွင် စီးတီး တက္ကစီ မှတ်ပုံတင် သူများနှင့် သက်တမ်းတိုး သူများ များပြားလျက် ရှိသည်။ စီးတီးတက္ကစီ အဖြစ် မှတ်ပုံမတင်သည့် ယာဉ်များနှင့် သက်တမ်း မတိုးသည့် ယာဉ်များကို စစ်ဆေး အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မ-ထ-သ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။

စီးတီးတက္ကစီ အဖြစ် မှတ်ပုံတင်ခြင်း မရှိသည့် တက္ကစီယာဉ် များနှင့် သက်တမ်း မတိုးသည့် တက္ကစီယာဉ် များကို မ-ထ-သ(ဗဟို) စစ်ဆေးရေး အဖွဲ့ဝင်များ နှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့တို့မှ ပူးပေါင်းပြီး စစ်ဆေး အရေးယူ မှုများပြုလုပ် သွားမည် ဖြစ်သည်။

ဇွန်လအတွင်း စီးတီးတက္ကစီ အဖြစ် မှတ်ပုံတင်သည့် တက္ကစီယာဉ် အစီးရေမှာ ၅ဝ၅၁ စီး အထိရှိခဲ့ပြီး သက်တမ်း တိုးသည့် ယာဉ် အစီးရေမှာ ၂၇၆၃ စီးအထိ ရှိခဲ့ကြောင်း၊ အရှေ့ပိုင်း ခရိုင်တွင် မှတ်ပုံတင်သည့် ယာဉ်နှင့် သက်တမ်း တိုးသည့်ယာဉ် များ ပိုမို များပြားကြောင်း၊ ဇူလိုင် ၁ ရက်မှ ၂၁ ရက်အထိ မှတ်ပုံတင်သည့် ယာဉ်အစီးရေမှာ ၂၅၈၅ အထိရှိပြီး သက်တမ်း တိုးသည့်ယာဉ် အစီးရေမှာ ၁၅၈ဝ အထိရှိကြောင်း သိရသည်။

ထိုကဲ့သို့ စီးတီးတက္ကစီ အဖြစ် မှတ်ပုံတင်သည့် ယာဉ်များနှင့် သက်တမ်း တိုးသည့် ယာဉ်များ ပိုမိုများပြား လာပြီးနောက် စီးတီး တက္ကစီများ စနစ်တကျ ပြေးဆွဲနိုင်ရေး နှင့် နိုင်ငံတကာရှိ တက္ကစီများ နည်းတူ အဆင့်အတန်း မြင့်မား လာရေးကို ဆက်လက်ဦးတည် လုပ်ဆောင် သွားမည် ဖြစ်သည်။

''အခုဇွန်လနဲ့ ဇူလိုင်လတွေမှာ စီးတီး တက္ကစီအဖြစ် မှတ်ပုံတင်တဲ့ ယာဉ်တွေ၊ သက်တမ်းတိုးတဲ့ ယာဉ်တွေပါ စံချိန်မြင့်တက် လာတယ်။ အရင် နှစ်လသုံးလ စာကို တစ်လတည်းနဲ့ လုပ်ပေး နေရတယ်။ အဲဒီအတွက် စီးတီးတက္ကစီ အဖြစ် မှတ်ပုံ မတင်တဲ့ တက္ကစီယာဉ် တွေကို ထိထိရောက်ရောက် စစ်ဆေး အရေးယူ သွားမယ်'' ဟု မ-ထ-သ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။

စီးတီးတက္ကစီများ မှတ်ပုံတင်ခြင်း၊ သက်တမ်း တိုးခြင်းနှင့် စည်းကမ်း ထိန်းသိမ်းခြင်း လုပ်ငန်းများကို ယခင်က ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ယူ လုပ်ဆောင် ခဲ့သော်လည်း ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ မှစ၍ မ-ထ-သ (ဗဟို) သို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

ဒဂုံမြို့နယ် (ဆိပ်ကမ်း) မြို့နယ် ၉၃ ရပ်ကွက်အနီး ကျူးကျော် နေထိုင်သည့် အိမ်ခြေများ နှစ်နှစ်အတွင်း ရှစ်ဆနီးပါး တိုးလာ


ရန်ကုန် ၊ ၂၉-၇-၂၀၁၅

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၉၃ ရပ်ကွက်အနီး ကျူးကျော် နေထိုင်သူ များမှာ နှစ်နှစ်အတွင်း အိမ်ခြေ ရှစ်ဆနီးပါး တိုးလာကြောင်း ရန်ကုန် အရှေ့ပိုင်း ခရိုင် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

ယင်းနေရာတွင် ကျူးကျော် နေထိုင်မှုမှာ ၂ဝ၁၃ ခုနှစ်အတွင်း အိမ်ခြေ ၇ဝဝ ကျော်ခန့်သာ ရှိသော်လည်း ယခုနှစ် အတွင်း အိမ်ခြေ ၅ဝဝဝ ကျော်အထိ တိုးတက် လာခဲ့သည်။

''အခု စီးပွားဖြစ် နေထိုင်သူ တွေများ လာတဲ့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုတင်ပြပြီး အထက်က လမ်းညွှန်ချက် နဲ့ပဲ ဆက်လက် လုပ်ဆောင် သွားမယ်'' ဟု ရန်ကုန် အရှေ့ပိုင်း ခရိုင် စည်ပင် သာယာရေး ကော်မတီ တာဝန်ခံ ဦးကျော်ဦး က ပြောသည်။

အဆိုပါ ကျူးကျော်မှု များကို ရွှေ့ပြောင်း ပေးရန် ၂ဝ၁၄ ခုနှစ်မှစ၍ ယခုနှစ်အတွင်း ကြေညာစာ ငါးကြိမ်တိုင်တိုင် ပေးပို့ ခဲ့သော်လည်း ယနေ့ အချိန်ထိ ပြောင်းရွှေ့ ပေးခြင်း မရှိသေးကြောင်း သိရသည်။ ၄င်းတို့မှာ ပြောင်းရွှေ့ခြင်း မရှိသည့်အပြင် လူဦးရေမှာ ပိုမိုများပြား လာခြင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြကာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက် လုပ်ကိုင် သွားမည် ဖြစ်သည်။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၉၃ ရပ်ကွက် အနီးတွင် နေထိုင်သည့် ကျူးကျော်များမှာ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့မှ လာရောက် နေထိုင်သူများ ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိ သူများ အနေဖြင့် တရားဝင် နေထိုင်ခွင့်ပြု သင့်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကျူးကျော် နေထိုင်သူ မိသားစု ၃ဝဝဝဝ ကျော်ရှိပြီး ယင်း မိသားစုများမှာ လှိုင်သာယာ မြို့နယ်တွင် အများဆုံး နေထိုင် ကြကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။(၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

ပညာပေးကာလ ကျော်လွန်ချိန်မှစ၍ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသည့် စားသောက်ဆိုင် ၇၀ ကျော် အရေးယူ



ရန်ကုန် ၊ ၂၉-၇-၂၀၁၅

စားသုံးသူအား ပြန်လည် ထုတ်ပေးသည့် ပြေစာပေါ်တွင် ကျသင့်ငွေ အခွန်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသည့် စားသောက်ဆိုင် များကို အရေးယူရာတွင် စားသောက်ဆိုင် ၇ဝ ကျော် ဒဏ်ငွေရိုက် အရေးယူ ဆောင်ရွက် နိုင်ခဲ့ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင် က ပြောသည်။

''ပညာပေးကာလ ကျော်လွန်ပြီး တဲ့နောက် ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်တဲ့ အခါမှာ အခွန်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိတဲ့ ဆိုင်တွေကို ဒဏ်ငွေတပ် အရေးယူခဲ့ ပါတယ်။ တချို့က အခွန်တံဆိပ် လုံးဝ ကပ်ထားခြင်း မရှိသလို တချို့ကလည်း လျှော့ကပ် ထားတာတွေကို တွေ့ရတယ်။ ဒါကြောင့် စားသုံးသူတွေ အနေနဲ့ ပြေစာ တောင်းခံသင့် ပါတယ်။ ပြေစာပေးမှသာ အခွန်တံဆိပ် ကပ်၊ မကပ်နဲ့ လျှော့ကပ်၊ မကပ် သိရမှာပါ'' ဟု ၄င်းက ပြောသည်။

စားသောက်ဆိုင်များ အနေဖြင့် ရောင်းရငွေကို မမှန်မကန် ကြေညာခြင်း၊ မမှန်ကန်သော စာရင်းရှင်းတမ်း၊ စာရင်းစာအုပ် တင်ပြခြင်းများ ဆောင်ရွက်ပါက ကျသင့်ငွေ အခွန်၏ ၁ဝ ရာခိုင်နှုန်း နှင့်ညီမျှသော ဒဏ်ငွေ ပေးဆောင်ရမည့် အပြင် တရားစွဲ ဆိုခြင်း များကိုပါ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ်၊ ငွေဒဏ်များ ကျခံရမည် ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စားသောက်ဆိုင် များတွင်၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်ခဲ့ပြီး ပညာပေး ကာလကျော် လွန်ပြီးသည့် နောက်ပိုင်းမှ စ၍ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ နာမည်ကြီး စားသောက် ဆိုင်များ အပါအဝင် စားသောက် ဆိုင်ပေါင်း ၇ဝ ကျော်ကိုလည်း ဒဏ်ငွေတပ် အရေးယူ ထားပြီး ဆက်လက် စစ်ဆေး အရေးယူခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်က စားသောက်ဆိုင် များသည် သက်ဆိုင်ရာ မြို့နယ်အခွန် ဦးစီးဌာနမှူးရုံး များ၏ တံဆိပ်တုံး ရိုက်နှိပ် ထားသည့် ပြေစာများကို အသုံးပြုခဲ့သည်။ ပြေစာများ ပေါ်တွင် အခွန် အမှတ်တံဆိပ် ကပ်နှိပ် ပေးခြင်းကို ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ စားသုံးသူ အနေဖြင့် မိမိတို့ စားသုံးမှုအပေါ် ပေးဆောင် ခဲ့သည့် ကုန်သွယ် လုပ်ငန်းခွန် များကို ပြည်တွင်း အခွန်များ ဦးစီးဌာန၏ ကိုယ်စား ကောက်ခံပေး နေသည့် စားသောက်ဆိုင် လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတော်သို့ အပြည့်အဝ ပေးသွင်းပြီး ဖြစ်ကြောင်းကို ပေါ်လွင် စေလိုသောကြောင့် စားသုံးသူများ ထံမှ ကောက်ခံ ထားသည့် အခွန်ငွေနှင့် ညီမျှသည့် အမှတ်တံဆိပ် များကို ပြေစာများ ပေါ်တွင် ကပ်နှိပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံ ဂိုအာမြို့ India Naval Aviation Squadron ၊ Goa Port နှင့် Goa Shipyard တို့အားလေ့လာပြီး ပူနေးမြို့သို့ ဆက်လက်ထွက်ခွာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Goa Port ရှိ အိန္ဒိယတပ်မတော် ရေငုပ်သင်္ဘောကို ကြည့်ရှုလေ့လာစဉ်

နေပြည်တော် ၊ ၂၉-၇-၂၀၁၅

အိန္ဒိယသမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်  ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင် ၂၇ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီခွဲတွင် အိန္ဒိယသမ္မတ နိုင်ငံ ဂိုအာမြို့ရှိ India Naval Aviation Squadron(INS Hansa) သို့ သွားရောက် ကြည့်ရှုလေ့လာ ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ INS Hansa ရှိ လေယာဉ်များကို ကြည့်ရှုလေ့လာစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Goa Port ရှိ အိန္ဒိယတပ်မတော် ရေငုပ်သင်္ဘောကို ကြည့်ရှုလေ့လာစဉ်

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် INS Hansa သို့ နံနက် ၉ နာရီတွင် ရောက်ရှိရာ Fleet Officer, Goa Commanding Area မှ Rear Admiral Ravneet Singh နှင့် တာဝန်ရှိ သူများက ရင်းနှီးစွာ ကြိုဆိုကြပြီး Comodore Shalinder Singh က ရှင်းလင်း ဆောင်တွင် INS Hansa နှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည့် အချက်အလက် များအား မေးမြန်း ဆွေးနွေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် Rear Admiral Ravneet Singh တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် INS Hansa ရှိ လေယာဉ်များ၊ Goa Port ရှိ အိန္ဒိယတပ်မတော် ရေငုပ်သင်္ဘော တို့အား ကြည့်ရှု လေ့လာသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နံနက် ၁၁ နာရီ ၁ဝ မိနစ်တွင် Goa Shipyard Limited သို့ ရောက်ရှိရာ Goa Shipyard မှ Chairman and Managing Director ဖြစ်သူ Mr. Sekhar Mitalူ နှင့်တာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက်ပြီး တာဝန်ရှိ သူများက ရှင်းလင်းဆောင်တွင် Shipyard နှင့်ပတ်သက်သော အချက်အလက် များအား Power Point ဖြင့် ရှင်းလင်း တင်ပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Goa Shipyard Limited သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူတစ်ဦးက Shipyard နှင့်ပတ်သက်သော အချက်အလက်များကို ရှင်းတင်းတင်ပြစဉ်



ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် Mr. Sekhar Mital တို့က အထိမ်းအမှတ် ပစ္စည်းများ အပြန်အလှန် လဲလှယ်ကြပြီး Shipyard လုပ်ငန်းခွင် အတွင်း ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသကြသည်။

အဆိုပါ Goa Shipyard Limited သည် အိန္ဒိယနိုင်ငံ၏ သင်္ဘော တည်ဆောက်ရေး လုပ်ငန်း များတွင် ဦးဆောင် ဦးရွက်ပြု ဆောင်ရွက်လျက် ရှိသော သင်္ဘောကျင်း တစ်ခုဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ပေါ်တူဂီ အစိုးရမှ သင်္ဘောများ တည်ဆောက်ရန် အတွက် အသေးစား စက်ရုံအဖြစ် အသုံးပြုရန် Estaleiros Navais de Goa အမည်ဖြင့် စတင်တည်ဆောက် ခဲ့ပြီး ယခုအခါ သင်္ဘော တည်ဆောက်ရေး လုပ်ငန်းများအား နောက်ဆုံးပေါ် နည်းပညာ များဖြင့် ခေတ်မီစွာ ပြင်ဆင် တည်ဆောက်လျက် ရှိကြောင်း သိရှိရသည်။

Shipyard လုပ်ငန်းခွင်ကို တွေ့ရစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဂိုအာမြို့မှ ပူနေးမြို့သို့ အိန္ဒိယ တပ်မတော် လေယာဉ်ဖြင့် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ထွက်ခွာရာ Fleet Officer,Goa Commanding Area မှ Rear Admiral Ravneet Singh နှင့်ဇနီး၊ တာဝန်ရှိ သူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂/၁၇)

#Themyawadydaily

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတ နိုင်ငံ ဂိုအာမြို့ မှတစ်ဆင့် ပူနေးမြို့သို့ရောက်ရှိ၊ TA TA MOTORS သို့လေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် TA TA MOTORS Limited ၊ Executive Director Mr. Ravi Pisharody တို့ အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

TA TA MOTORS လုပ်ငန်းခွင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ TA TA MOTORS Limited ၊ Executive Director Mr. Ravi Pisharody နှင့်ဇနီးတို့ တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ 
တက်ရောက်စဉ်


နေပြည်တော် ၊ ၂၉-၇-၂ဝ၁၅

အိန္ဒိယသမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက် ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဂိုအာမြို့မှ တစ်ဆင့် ပူနေး လေဆိပ်သို့ ဇူလိုင် ၂၇ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ရောက်ရှိရာ Airforce Station PUNE မှ Chief Operation Officer,Group Captain Vij နှင့်ဇနီးတို့က ရင်းနှီးစွာ ကြိုဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ပူနေးလေဆိပ် မှ မွန်းလွဲ ၃ နာရီ ၁ဝ မိနစ်တွင် မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာရာ TA TA MOTORS Limited သို့ မွန်းလွဲ ၃ နာရီ ၄ဝ မိနစ်တွင် ရောက်ရှိပြီး TA TA MOTORS မှ Executive Director Mr.Ravi Pisharody နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် TA TA MOTORS မှ တာဝန်ရှိ သူတစ်ဦးက ကုမ္ပဏီနှင့် ပတ်သက်သည့် အချက်အလက် များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြပြီး TA TA MOTORS ၏ ထုတ်လုပ်မှု လုပ်ငန်းခွင် အတွင်းလှည့်လည် ကြည့်ရှု လေ့လာရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသသည်။

TA TA MOTORS သည် အိန္ဒိယနိုင်ငံ၏ နိုင်ငံတကာ အခြေစိုက် မော်တော်ကား ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီး TA TA Group ၏ ကုမ္ပဏီခွဲ တစ်ခုလည်း ဖြစ်သည်။ နိုင်ငံတကာ မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီများ အနက် ကမ္ဘာ့အဆင့် ၁၇ ရှိသော အကြီးဆုံး မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်ပြီး ကုန်တင်ကား ထုတ်လုပ်ရာတွင် ကမ္ဘာ့အဆင့် ၄ နှင့် ဘတ်စ်ကား ထုတ်လုပ်ရာတွင် ကမ္ဘာ့အဆင့် ၂ သတ်မှတ်ခံရသော ကုမ္ပဏီတစ်ခု ဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ချစ်ကြည်ရေး အဖွဲ့သည် မော်တော်ယာဉ် များဖြင့် TA TA MOTORS မှ ပြန်လည် ထွက်ခွာလာရာ ခေတ္တ တည်းခိုသည့် JW Marriott ဟိုတယ်သို့ ညနေ ၆ နာရီတွင် ရောက်ရှိသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ညပိုင်းတွင် JW Marriott ဟိုတယ်၌ TA TA MOTORS Limited ၊ Executive Director Mr.Ravi Pisharody နှင့်ဇနီးတို့မှ တည်ခင်း ဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်သည်။ ညစာစားပွဲ မကျင်းပမီ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် Mr. Ravi Pisharody တို့က နှုတ်ခွန်းဆက် စကားများ အပြန်အလှန် ပြောကြားကာ အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး ညစာကို အတူတကွ သုံးဆောင် ကြသည်။ ညစာ မသုံးဆောင်မီ နှင့် သုံးဆောင် နေစဉ်တွင် Country Music တေးသီချင်းများဖြင့် တီးခတ်ဖျော်ဖြေ ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၇-၂၀၁၅) ဗုဒ္ဓဟူးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၇-၂၀၁၅) ဗုဒ္ဓဟူးနေ့

Download Links


Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger