www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 14, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများအား တွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ မြန်မာသံရုံး နှင့် စစ်သံရုံးတို့မှ ၀န်ထမ်းများ ၊ မိသားစုဝင်များ ၊ ပညာတော်သင် မြန်မာကျောင်းသား များအတွက် လက်ဆောင်ပစ္စည်း များပေးအပ်စဉ်

နေပြည်တော် ၊ ၁၄-၃-၂၀၁၆

(၁၃) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့  တက်ရောက်ရန်အတွက် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သို့ရောက်ရှိ နေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် မတ် ၁၃ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် လာအိုနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံရုံး ဆောက်လုပ်မည့် မြေနေရာသို့ သွားရောက် ကြည့်ရှုပြီး မွန်းတည့် ၁၂ နာရီတွင် သံအမတ်ကြီး နေအိမ်သို့ ရောက်ရှိသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ သည် သံအမတ်ကြီး နေအိမ် ဧည့်ခန်း၌ မြန်မာသံရုံးနှင့် စစ်သံရုံး မိသားစုများ၊ ပညာတော်သင် မြန်မာ ကျောင်းသား များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ အမှာစကား ပြောကြားသည်။

ထိုသို့ တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံသည် မြေပြင်၊ ရေပြင်နှင့် ဝေဟင် ပိုင်နက် သုံးခုလုံးနှင့် ဆက်စပ်နေကြောင်း၊ ကူးသန်း ရောင်းဝယ်ရေး အပိုင်းကို မြှင့်တင်ရန် လိုအပ်သကဲ့သို့ နှစ်နိုင်ငံနှင့် တပ်မတော်ပိုင်း ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး တို့ကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ ခရီးသွားလာရေး လုပ်ငန်းကိုလည်း မြှင့်တင်ရန် လိုအပ်ကြောင်း၊ သံရုံးဝန်ထမ်း များ၏ တာဝန် ထမ်းဆောင်မှု၊ နေထိုင်မှု စည်းကမ်းများ၊ မိသားစုများ ကျန်းမာရေးနှင့် ပညာရေး ဆိုင်ရာကိစ္စရပ် များနှင့် နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး တို့ကို မြှင့်တင်နိုင်ရန် အတွက် အကြံဉာဏ် ကောင်းများ တင်ပြ ဆောင်ရွက်ရန် တို့ကို အသေးစိတ် မှာကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် မြန်မာ ကျောင်းသားများ အတွက် လက်ဆောင် ပစ္စည်းများ၊ စားသောက်ဖွယ်ရာ များနှင့် ပညာသင် ချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံး မိသားစုဝင်များ၊ ပညာတော်သင် ကျောင်းသား များက လက်ခံ ရယူကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား သံရုံးနှင့် စစ်သံရုံး မိသားစုများက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger