www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 29, 2017

သရဏဂုံ ဆောက်တည် ခြင်းအကျိုး




ဆောင်းပါး (တက္ကသိုလ်သင်္ခ)

လုပ်ငန်းဌာနတစ်ခုတွင် ကျွန်တော်နှင့်အတူ အလုပ်လုပ်သောလူငယ်များ မကြာခဏတွေ့ဖြစ်သည်။သူတို့သည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၏။ တစ်နေ့တွင် သူတို့နှင့်တွေ့ဆုံပြီး ဘာသာတရား အကြောင်းဆွေးနွေးရာမှ သရဏဂုံသုံးပါး အနက်အဓိပ္ပါယ်ကို သိပါသလားဟု မေးကြည့်မိသည်။သူတို့အားလုံးက သေချာမသိ ကြောင်းပြောကြ၏။လူငယ်များကို အပြစ်မတင်လိုပါ။ အဘယ်ကြောင့်ဆိုသော် ယနေ့လူငယ် လူရွယ် တချို့သည်ဘာသာတရား နှင့် စပ်လျဉ်း၍ လေ့လာမှုအားနည်းလှသော ကြောင့်ဖြစ်၏။

အလျဉ်းသင့်၍ ကျွန်တော့မိတ်ဆွေတစ်ဦး၏ အယူအဆကိုလည်း ဖော်ပြလိုသည်။ မိတ်ဆွေက သူ့ဆွေမျိုးသားချင်းတစ်ဦး ကွယ်လွန်ပြီး အသုဘချရာတွင် သရဏဂုံမတင်ကြောင်း ပြောဖူးသည်။သူ့သဘောအရသရဏဂုံ တင်ခြင်း သည်မည်သို့မျှအကျိုး မထင်ဟုဆိုသည်။ သူ့အယူအဆမှားနေ သည်ဟုဆိုချင်သည်။

သို့ဖြစ်၍ သရဏဂုံနှင့် စပ်လျဉ်း၍ ကျွန်တော်လေ့လာဆည်းပူး ထားသည်ကို စာဖတ်သူများသိရှိနိုင် စေရန်တင်ပြလိုက်ပါသည။် သရဏဂုံဆိုသည်မှာ သရဏ+ဂမန ဟူသည့်ပါဠိမှ ဆင်းသက်လာပြီး သရဏဂုံဟူ၍ မြန်မာမှုပြု ထားခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ ဘုရား၊တရား၊ သံဃာစသည်တို့ ကိုကိုးကွယ်ရာ အစစ်ဖြစ်တော်မူ၏ဟူ၍ အသိအမှတ်ပြုကာ ရိုသေလေးမြတ် ဆည်းကပ်ခြင်းကို သရဏဂုံဟု ခေါ်ခြင်းဖြစ်၏။

သရဏဂုံသုံးပါးရှိ၏။ ယင်းတို့မှာ

(၁) ဗုဒ္ဓံသရဏံဂစ္ဆာမိ-ဘုရားကို ကိုး ကွယ်ပါ၏
(၂) ဓမ္မံသရဏံကဂစ္ဆာမိ- တရားတော် ကို ကိုးကွယ်ပါ၏
(၃) သံဃံသရဏံဂစ္ဆာမိ- အရိယာ သံဃာကို ကိုးကွယ်ပါ၏ ဟူ၍ဖြစ်၏။ 

ပါဠိ သက်သက်ဖြစ်စေ၊ မြန်မာစကားသက်သက် ဖြစ်စေ ရွတ်ဆိုခြင်းကို သရဏဂုံဆောက် တည်သည်ဟု ဆိုသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦး ကွယ်လွန်သည့်အခါ ကျတ်ရှိသည့်ဆွေမျိုးသားချင်းတို့က သရဏဂုံ သီလ တည်ပြီး ကုသိုလ်ပြုအမျှတန်းဝေလေ့ ရှိကြ၏။ ယင်းကို သရဏဂုံတင်သည်ဟု ဆိုခြင်းဖြစ်သည်။

သရဏဂုံတင်သည့် ရည်ရွယ်ချက်မှာ သေသွားသောသူအား သရဏဂုံတင်ခြင်း မဟုတ်ဘဲ သေဆုံး၍ ဘ၀ကူးပြောင်းသွား ပြီဖြစ်သည့်အတွက် သရဏဂုံလည်း မယူနိုင်တော့ပေ။အမျှအတန်း ဝေရာ၌ ပို၍ထိထိရောက်ရောက် ဖြစ်ရန် ကျန်ရစ်သူများက ထပ်မံ၍သရဏဂုံ သီလဆောက်တည်ခြင်းသာ ဖြစ်လေသည်။

ကွယ်လွန်သူမှာ အကယ်၍ ပြိတ္တာဘုံ ဘ၀သို့  ရောက်ခဲ့ ပါက သာဓုခေါ်နိုင်ရုံသာမက အကျိုးပင်ရရှိနိုင်သည်။ ဘ၀အဆက်ဆက် ဆွေမျိုးတော်စပ်ခဲ့ဖူးသော ဆွေမျိုးပြိတ္တာ များသည်လည်း အလားတူအကျိုးများရရှိနိုင် မည်ဖြစ်သည်။

ထို့ကြောင့် အသုဘ၌ သရဏဂုံတင် ခြင်းသည် ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နောက်ဆုံးခရီးအတွက် အကောင်းဆုံးသော နောက်ဆုံးအကူအညီပေးခြင်းဖြစ်၍ ကောင်းသော အစဉ်အလာ တစ်ရပ်ဖြစ်သည်။

သရဏဂုံအကျိုးကျေးဇူး

သရဏဂုံတည်၍ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်လျှင် အပါယ်လေးပါးသို့ မကျရောက်နိုင် တော့ကြောင်း ဗုဒ္ဓမြတ်စွာဟောကြားမှုများ များစွာရှိပါ၏။ အပါယ်မကျရုံသာမက နတ်ဖြစ်လျှင်လည်း တခြားသောနတ်တို့ထက်ပို၍ အသက်ရှည် ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာ ခြင်း၊ အခြံအရံပေါများခြင်း၊ သြဇာအာဏာ သာလွန်ခြင်းနှင့် အာရုံငါးပါးသာလွန်ခြင်း အကျိုးကျေးဇူးတို့ရရှိနိုင်ကြောင်း သိကြား မင်းအား ရှင်မဟာမောဂ္ဂလာန်က ဟော ကြားဖူးလေသည်။

အဇာတသတ်မင်းသား

ဖခင်ကိုသတ်သဖြင့် ပဉ္စနန္ဒိယကံထိုက် ကာ သမိုင်းတွင်ပါယ်ဖျက်၍ မရသော အစွန်း အထင်းရှိခဲ့ဖူးသည့် အဇာတသတ်မင်းသား အကြောင်း အများသိကြ၏။ ၎င်းင်းမင်းသား သည် ဖခင်သတ်မှုဟူသည့် “ပိတုယာတက” ကံကြီးကို ကျူးလွန်မိခဲ့သဖြင့် မအိပ်နိုင်၊ မစားနိုင် တမှိုင်မှိုင် တစ်တွေတွေ ဖြင့် ကြောက်ရွံ့ တုန်လှုပ်ခံစားနေရလေသည်။ ၎င်းသေလျှင် မဟာအ၀ီစိငရဲကြီး၌ မလွဲမသွေကျခံရ တော့မည်ဖြစ်သည်။ အဇာတသတ်သည် ဘုရားရှင်ကို ဖူးမြော်ခွင့်ရရှိပြီး သရဏဂုံ ဆောက်တည်ရသည့်အချိန်မှ စ ၍ ကောင်းစွာအိပ်နိုင်၊ စားနိုင်ပါတော့သည်။ သရဏဂုံ၏ ကျေးဇူး ကြောင့်အဇာတသတ်မင်းသားသည် မဟာအ၀ီစိငရဲတွင် ကျခံရမည့်အစား လောဟကု မ္ဘီငရဲငယ်၌သာ ကျခံရလေ သည်။

ထို့ပြင် ရတနာသုံးပါးကို အားထား ယုံကြည်ရာ၌ မည်သူမျှလိုက်မမီ၊ ပထမသဂါင်္ ယနာတင်ဒကာလည်းဖြစ်ခဲ့သည်။ နောင် တစ်ချိန်တွင် ၀ိဇိတာဝီ အမည်ရှိ ပစ္စေက ဗုဒ္ဓါတစ်ဆူလည်းဖြစ်တော်မူ မည်ြဖစ်ပေသည်။ ဤသည်မှာ သရဏဂုံဆောက်တည်ြခင်း၏ အကျိုးကျေးဇူးလည်းဖြစ်လေသည်။

သရဏဂုံဆောက်တည်ဆောက်တည်သောသူ သည် ဖြစ်လေရာဘ၀၌ အောက်ပါအကျိုး ရှစ်မျိုးကို ရရှိနိုင်ပါ၏။

(၁) အများအပူဇော်ခရံ ခြင်း
(၂) ဉာဏ် အညာထက်မြတ်ခြင်း
(၃) မိမိပတ်ဝန်းကျင် မိမိ အလိုသို့ လိုက်ခြင်း
(၄) သူတကာ မနှိုင်းယှဉ်သာအောင် စည်းစိမ်ဥစ္စာ ခံစားရ ခြင်း
(၅) ရွှေအဆင်းကဲ့သို့ အသားအရေ ၀ါဝင်းလပှ ခြင်း 
(၆) အများချစ်မြတ်နိုးတန်ဖိုးထားခံရခြင်း
(၇) ခိုင်မြဲသောမိတ်ကောင်း၊ ဆွေကောင်း ရရှိခြင်း
(၈) ကျော်စောထင်ရှားခြင်း

ကျွန်တော်တို့သည်မိမိကိုယ်ကို ဗုဒ္ဓဘာသာအဖြစ်ခံယူလိုက်သည်နှင့် တပြိုင်နက်တည်း သရဏဂုံသုံးပါးကို မလွဲဧကန်ဆောက် တည်ကြရန်လိုပါ၏။ သက်တော်ထင်ရှားဗုဒ္ဓဘုရားမရှိတော့ သော်လည်း ဘုရားရှင်ကို လှူဒါန်းပူဇော်လိုလျှင် ဘုရားကိုရည်မှန်း၍ စေတီတော်၊ဆင်းတုတော် ကိုကိုးကွယ် နိုင်ပါ၏။ ဘုရားရှင် ၏ တရားဓမ္မနှင့် ဒေသနာတော်များကို နာ ယူဆပွားကိုးကွယ်နိုင်ပါ၏။ 

အရိယာသံဃာတော်တို့၏ဂုဏ်ကိုအာရုံပြု၍သံဃာတော်အရှင်မြတ်များကိုဆည်းကပ်နိုင်ပါ၏။ဤသို့လျှင် ဘုရား၊ တရား၊ သံဃာတည်းဟူသော သရဏဂုံ သုံးပါးကို အမြဲမပြတ်ဆည်းကပ်ကိုးကွယ် ယုံကြည်သက် ၀င်နေမည်ဆို လျှင် ဆောက် တည်သူအတွက် လက်တွေ့အကျိုးခံစားရ မည်ဖြစ်ပါကြောင်း တင်ပြရပါ၏။ ။

မြ၀တီနေ့စဉ်သတင်းစာ စာ (၅)

#Themyawadydaily

မန္တလေးမြို့ရှိ သင်္ဂဇာချောင်းအတွင်း တီလားဗီးယား ငါးအကောင်ရေအမြောက်အမြား သေဆုံးခဲ့ခြင်းကြောင့် ရေအရည်အသွေးနမူနာယူ၍ ဆန်းစစ်မှုများ ပြုလုပ်နေ



မန္တလေး ၂၉-၉-၂၀၁၇

မန္တလေးမြို့ရှိ သင်္ဂဇာချောင်းအတွင်း တီလားဗီးယား ငါးအကောင်ရေ အမြောက်အမြား သေဆုံးခဲ့ခြင်းကြောင့် ရေအရည်အသွေး နမူနာယူကာ ဆန်းစစ်မှုများ ပြုလုပ်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြသည်။

မန္တလေးမြို့၌ ယခုလစတုတ္ထပတ် အတွင်းမိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး သင်္ဂဇာချောင်းအတွင်း တီလားဗီးယား ငါးကောင်ရေ အမြောက်အမြား စက်တင်ဘာ၂၇ရက် ည ၁ဝ နာရီတွင် သေဆုံးခဲ့ကြောင်း၊ အဆိုပါ နေရာသို့ မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်၊ မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနိုင်နှင့် သက်ဆိုင်ရာမှ သွားရောက်ကာ ၎င်းငါးများကို ဆယ်ယူရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

မန္တလေးမြို့ သင်္ဂဇာချောင်းအတွင်းရှိ ငါးများမှာ အောက်ဆီဂျင်ပြတ်လပ်မှု ကြောင့်သေဆုံးခဲ့သည်ဟု ယူဆထားသော်လည်း ၎င်းငါးများ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ တိကျသေချာစွာသိရှိနိုင်ရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေသန့်ဌာနမှ ပညာရှင်များက သင်္ဂဇာချောင်းရေကို ရေနမူနာရယူကာ စစ်ဆေးမှုများ စတင်ပြုလုပ်လျက်ရှိသည်။

သင်္ဂဇာချောင်းအတွင်း၌ နှစ်စဉ်ငါးများ သေဆုံးနေသည့်အတွက် ချောင်းအတွင်းရှိ ငါးမျိုးစိတ်များအတွက် အန္တရာယ်အရှိဆုံးဖြစ်သည့် အမှိုက်သရိုက်များ အပါအဝင် နုန်းများကိုပါ ယခုနှစ်အတွင်း စက်ယန္တရားများဖြင့် ဆယ်ယူ ရှင်းလင်းပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် သင်္ဂဇာချောင်းအတွင်း ငါးများစွာသေဆုံးခဲ့သည့် အတွက်တခြားချောင်းများကိုလည်း ၎င်းဖြစ်စဉ်မျိုး ဖြစ်ပွားမှုမရှိစေရေး ချောင်းများအတွင်း အမှိုက်သရိုက်များနှင့် နုန်းများကို ဆယ်ယူပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယခုလက်ရှိ သင်္ဂဇာချောင်းအတွင်း ငါးများစွာ သေဆုံးခဲ့မှုကို သက်ဆိုင်ရာက ရေအရည်အသွေး စစ်ဆေးနေပြီး စစ်ဆေးချက်ထွက်ရှိလာပါက ရေအရည်အသွေး ကျဆင်းမှုကြောင့် သေဆုံးခဲ့ခြင်းမျိုးဟုတ်၊မဟုတ်ပြန်လည်ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း၊ ၂ဝ၁၆ခုနှစ်က အလားတူဖြစ်စဉ်မျိုး တောင်သမန်အင်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#Yadanarpondaily

နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ ပြင်ဦးလွင်မြို့မှ အတွင်းဝန်များရုံးကို ရှေးမူမပျက် ထိန်းသိမ်းထား



ပြင်ဦးလွင် ၂၉-၉-၂၀၁၇

အင်္ဂလိပ်တို့သည် ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီး ၁၈၉၆ခုနှစ်တွင် မေမြို့ (ပြင်ဦးလွင်) ကို ဘုရင်ခံနွေရာသီ ရုံးစိုက်ရာ တောင်ပေါ်စခန်းမြို့ အဖြစ်သတ်မှတ်ကာ ၁၉၁၆ ခုနှစ်တွင် အတွင်းဝန်များရုံး (Secretariat Building) ကိုတည်ဆောက်ခဲ့သည်။

အတွင်းဝန်များရုံးကို မြန်မာပြည်ဘုရင်ခံ ဆာဟုတ်ကုတ်ဘတ္တလာ (Sir Spencer Harcourt Bulter) လက်ထက် ၁၉၁၆ ခုနှစ်မှ ၁၉၁၉ ခုနှစ်ထိ သုံးနှစ်ကြာတည်ဆောက်ခဲ့ရသည်။ ပြင်ဦးလွင်မြို့ရှိ အတွင်းဝန်များရုံးကို မြန်မာပြည်ဘုရင်ခံ အဆက်ဆက်က နွေရာသီကာလဖြစ်သော မတ်၊ ဧပြီ၊ မေနှင့်ဇွန်လတို့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံးမှ အတွင်းဝန်များကို တစ်ပါတည်း ခေါ်ဆောင်လာကာ ပြင်ဦးလွင် အတွင်းဝန်များရုံးတွင် ရုံးတက်စေပြီး ရုံးလုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။

ပြင်ဦးလွင်မြို့ အတွင်းဝန်များရုံးကို ဘုရင်ခံအဆက်ဆက် နွေရာသီရုံးစိုက်ရာ အတွင်းဝန်များရုံး အဖြစ်အသုံးပြုခဲ့ကြပြီး တောင်တန်းဒေသ အုပ်ချုပ်ရေးရုံးအဖြစ် ၁၉၄၇ခုနှစ် အထိလည်းကောင်း၊ ၁၉၄၇ခုနှစ်မတ်လ ၇ရက်တွင် ပင်လုံစာချုပ် နောက်ဆက်တွဲရီးစ်ဝီလျှံ ကော်မရှင်ရုံးအဖြစ်လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ဌာနဆိုင်ရာရုံးများပြောင်း ရွှေ့ဖွင့်လှစ်ပြီး စုပေါင်းရုံးအဖြစ်လည်းကောင်း၊ ယခုအချိန်တွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအဖြစ်လည်းကောင်း ဖွင့်လှစ်ထားလျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ရှိ အတွင်းဝန်များရုံးသည် သက်တမ်းအားဖြင့် နှစ်ပေါင်းတစ်ရာကျော် ရှိပြီဖြစ်သည့် အားလျော်စွာ မပျက်စီးမယိုယွင်းစေရန် ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

ရန်ကုန်မြို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကုန်သွယ်မှု ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုး


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E. Mr. Maksim Oreshkin တို့ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးစဉ်။

နေပြည်တော် ၂၉-၉-၂၀၁၇

ဒုတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက် ရေးကော်မရှင် အစည်းအဝေးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းဦးဆောင်၍ အစိုးရနှင့် ပုဂ္ဂလိက ကိုယ်စားလှယ်အဖွဲ့ဝင် ၁၂ ဦး တက်ရောက်ခဲ့သည်။

အဆိုပါ ကော်မရှင်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး H.E. Mr. Maksim Oreshkin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် နှစ်နိုင်ငံအကြား ဥပဒေဆိုင်ရာမူဘောင်များ အဆင့်မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လူသားချင်းစာနာ ထောက်ထားမှုနှင့် ပညာရေးဆက်နွှယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးများသည် ရန်ကုန်မြို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကုန်သွယ်မှုကိုယ်စားလှယ် ရုံးဖွင့်လှစ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။အဆိုပါ အစည်းအဝေးကိုနှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန်ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အလှည့်ကျကျင်းပခြင်း ဖြစ်ကြောင်းသိရပြီး ပထမအကြိမ် အစည်းအဝေးကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ၂ဝ၁၄ ခုနှစ်၊ သြဂုတ် ၂၉ ရက်က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

#Yadanarpondaily

ဘူးသီးတောင်မြို့နယ် ဒုအိုးသည်မကျေးရွာအုပ်စုနှင့် ပြိုင်းတောင်ကျေးရွာအုပ်စု၊ ဇင်ခါးမကျေးရွာ၊ ဘိုလီကျေးရွာ၊ ငွေတောင်ကျေးရွာတို့မှ ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာ၊ တာဝန်ရှိသူများ သွားရောက် တွေ့ဆုံညှိနှိုင်း


ဘူးသီးတောင်မြို့နယ်အတွင်းမှ တစ်ဖက်နိုင်ငံသို့တိမ်းရှောင်မည့် ဘင်္ဂါလီများကိုမောင်တောခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများက တွေ့ဆုံညှိနှိုင်းစဉ်။

နေပြည်တော် ၂၉-၉-၂၀၁၇

မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာအုပ်စု လေယာဉ်ကွင်းကျေးရွာတွင် ဘူးသီးတောင်မြို့နယ်အတွင်းမှ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မည့် ဘင်္ဂါလီများရောက်ရှိ နေကြောင်းသတင်းအရ မောင်တောခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့သည် စက်တင်ဘာ ၂၇ ရက်တွင် သွားရောက် တွေ့ဆုံခဲ့သည်။

လေယာဉ်ကွင်းကျေးရွာတွင် တိမ်းရှောင်ရောက်ရှိ နေသူများသည် ဘူးသီးတောင်မြို့နယ် ဒုအိုးသည်မ ကျေးရွာအုပ်စုနှင့် ပြိုင်းတောင်ကျေးရွာအုပ်စု ဇင်ခါးမကျေးရွာ၊ ဘိုလီကျေးရွာ၊ ငွေတောင်ကျေးရွာတို့မှဖြစ်ပြီး ဒေသ အခြေအနေ မတည်ငြိမ်မှုအပေါ် ကြောက်ရွံ့၍ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ရန် ၎င်းနေရာသို့ ရောက်ရှိကြောင်း သိရှိရသည်။

ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က တိမ်းရှောင်ရောက်ရှိ နေသူများအား တွေ့ဆုံမေးမြန်းရာတွင် စားဝတ်နေရေး အခက်အခဲရှိသဖြင့် ဆက်လက်နေထိုင်၍ မရသောကြောင့် သွားရောက်လိုခြင်းဖြစ်ကြောင်း လုံခြုံရေးအခြေ
အနေအရကျေးရွာတွင် လုံခြုံမှုမရှိဟုယူဆ၍ သွားရောက်လိုခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများကထွက်ခွာရန် ဆက်သွယ်ပြောဆိုခြင်းများ ရှိကြောင်း၊ ဒေသခံတိုင်းရင်းသားအချို့မှ ဖုန်းဖြင့်ခြိမ်းခြောက်ခြင်း၊ ပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီများလည်း တိမ်းရှောင်မှုများ လည်းရှိနေခြင်းတို့ကြောင့် ၎င်းတို့အုပ်စုသည် လူနည်းစုဖြစ်မည်ကို စိုးရိမ်သဖြင့် တစ်ဖက်နိုင်ငံရှိ ၎င်းတို့မျိုးနွယ်စုများထံ သွားရောက်လိုခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ သိရှိပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးက ရှင်းလင်းပြောကြားရာတွင် စားဝတ်နေရေး အခက်အခဲရှိပါက ဆန်၊ဆီ၊ဆား၊ပဲလေးမျိုးတို့ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ လက်ရှိနေရာမှ မူလနေရာသို့ ပြန်လိုလျှင် မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားများမှ ဖုန်းဖြင့်ခြိမ်းခြောက်မှုရှိပါက တရားဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ခြိမ်းခြောက်မှုများပြား၍ လူနည်းစု ဖြစ်မည်ဟုယူဆပါက ပတ်ဝန်းကျင်ကျေးရွာများကို စုစုစည်းစည်းလြုံခုံအောင် စီမံဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ခြင်း၊မိမိနေရပ်သို့ပြန်လိုခြင်း တို့အတွက် ပြန်လည်ဆက်သွယ် ပြောကြားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

#Yadanarpondaily

အင်းဝတံတား (စစ်ကိုင်း) အသုံးပြုခကောက်ခံရေး လုပ်ငန်းအတွက် မြန်မာ့မီးရထား တိုင်း (၂) က လေလံတင်ရောင်းချရာ ငွေကျပ်သိန်း ၂ဝ၅ဝ ရရှိ



စစ်ကိုင်း ၂၉-၉-၂၀၁၇

အင်းဝတံတား (စစ်ကိုင်း) အသုံးပြုခကောက်ခံရေး လုပ်ငန်းအတွက် မြန်မာ့မီးရထား တိုင်း (၂) စီးပွားရေးဌာန (စစ်ကိုင်း)က လေလံတင်ရောင်းချရာ ငွေကျပ်သိန်း ၂ဝ၅ဝရရှိခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ကို ဆက်သွယ်ထားသော အင်းဝတံတား (စစ်ကိုင်း) အသုံးပြုခကောက်ခံရေး လုပ်ငန်းအတွက် မြန်မာ့မီးရထား တိုင်း (၂) စီးပွားရေးဌာနက လေလံတင်ရောင်းချပွဲကို စက်တင်ဘာ ၂၆ရက် မွန်းလွဲ ၁နာရီက စစ်ကိုင်းမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဝင်ရောက်ယှဉ်ပြိုင် လေလံဆွဲသည့် လုပ်ငန်းရှင် ၂၆ဦးရှိကြောင်း၊ အင်းဝတံတား (စစ်ကိုင်း) အသုံးပြုခ ကောက်ခွင့်လုပ်ငန်း လိုင်စင်၏ ကြမ်းခင်းဈေးမှာ ငွေကျပ် ၁၁ဝ၁ သိန်းဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း (၂) စီးပွားရေးဌာနမှ မန်နေဂျာဦးကျော်မိုးက ပြောပြသည်။

"ပြီးခဲ့တဲ့နှစ်က ငွေကျပ် သိန်း ၁၁ဝဝပါ။ လုပ်ထုံးလုပ်နည်းအရ ငွေကျပ်သိန်း ၁၁ဝဝ ထက်ကျော်မှသာ တင်ဒါရဲ့ ကြမ်းခင်းဈေးလို့ ခေါ်တာပါ။ ကြမ်းခင်းဈေးက ငွေကျပ် ၁၁ဝ၁ သိန်းပါ။ ဥစနည တင်ဒါနဲ့ ပစ်တဲ့အတွက် ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် ခေါ်တာပါ။ တတိယကြိမ်မှာ ပြီးတယ်။ အများဆုံးပေးနိုင်တဲ့သူကို ရွေးတာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

အင်းဝတံတား (စစ်ကိုင်း) အသုံးပြုခ ကောက်ခွင့်လုပ်ငန်း လိုင်စင်ကို သုံးနှစ်တစ်ကြိမ် လေလံတင်ရောင်းချ လျက်ရှိရာ ပြီးခဲ့သည့်နှစ် လေလံရရှိမှုသည် တစ်နှစ်လျှင် ငွေကျပ်သိန်း ၁၁ဝဝ ဖြစ်ပြီး ယခုနှစ် လေလံရရှိမှုသည် တစ်နှစ်လျှင်ငွေကျပ်သိန်း ၂ဝ၅ဝဖြစ်သဖြင့် ယခုနှစ် လေလံကြေးရရှိမှုမှာ ယခင်နှစ်ကထက် ပိုမိုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"လုပ်ငန်းစတင်ရမှာက အောက်တိုဘာ ၁ ရက်နေ့က စရပါမယ်။ သက်တမ်းအားဖြင့် သုံးနှစ်လုပ်ကိုင်ခွင့်ရရှိမယ်။ တစ်နှစ်တစ်ကြိမ်စာချုပ် ချုပ်ပါမယ်။ သုံးနှစ်ထိသူ့ကို သက်တမ်းပေးပါမယ်။ တစ်နှစ်ကို ငွေကျပ်သိန်း ၂ဝ၅ဝ နဲ့ စာချုပ်ချုပ်ပါမယ်" ဟု မြန်မာ့မီးရထားတိုင်း (၂) စီးပွားရေးဌာနမှ မန်နေဂျာ ဦးကျော်မိုးက ပြောပြသည်။

ယခုနှစ် အင်းဝတံတား (စစ်ကိုင်း) အသုံးပြုခကောက်ခံရေး လုပ်ငန်းအတွက် တင်ဒါအောင်မြင်သူသည် ယခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ ၂ဝ၂ဝပြည့်နှစ်စက်တင်ဘာ ၃ဝရက်ထိ လုပ်ကိုင်ခွင့် သုံးနှစ်ရရှိမည်ဖြစ်ကြောင်းသိရသည်။

#Yadanarpondaily

မန္တလေးတိုင်း ဒေသကြီးသို့ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ယခင်နှစ်ကထက် ယခုနှစ်တွင်မြင့်တက်လာ



မန္တလေး ၂၉-၉-၂၀၁၇

မန္တလေးတိုင်းဒေသကြီးသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ဝင်ရောက်မှုသည် ယခင်နှစ်ကထက် ယခုနှစ်တွင် မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းယုက ပြောပြ၍ သိရသည်။

ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မန္တလေးတိုင်းဒေသကြီး သို့လာရောက် လည်ပတ်ရာတွင် ၂ဝ၁၆ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လထိ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂၆၂၂၈ဦး ဝင်ရောက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လထိ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ၃၃၃ဝ၉ ဦး ဝင်ရောက်ခဲ့သောကြောင့် ယခင်နှစ်ကထက် ဝင်ရောက်မှု ပိုမိုမြင့်တက်လာကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံခြားသား ဝင်ရောက်ရာတွင် သွားရောက်လည်ပတ် ကြသည့်နေရာများမှာ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသ၊ တောင်သမန်တံတား၊ အမရပူရမြို့နယ်ရှိ ဗားကရာကျောင်း၊ ရွှေကျောင်းတော် ကြီး၊မြနန်းစံကျော် ရွှေနန်းတော်၊ ကုသိုလ်တော်ဘုရား၊မန္တလေးတောင်၊ စန္ဒာမုနိဘုရား၊ အင်းဝပြတိုက်၊ အင်းဝဗားကရာကျောင်း၊ မယ်နုအုတ်ကျောင်း၊ ဆင်ကျုံးခံတပ်၊ ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီးနှင့် တိုင်းရင်းသား ကျေးရွာ စသည့် နေရာများသို့အများဆုံး သွားရောက်လည်ပတ် ကြကြောင်း သိရသည်။

"ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ဝင်ရောက်မှုက ပွင့်လင်းရာသီ မရောက်သေးခင်မှာပဲ မြင့်တက်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားသားဝင်ရောက်မှု ရှိစေဖို့အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးတွေကို ဆောင်ရွက်ပေးပါတယ်။ လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေကို လဲဖော်ဆောင်ပေးပါတယ်။ မန္တလေးတိုင်း ဒေသကြီးဟာဆိုရင် ခရီးသွားကဏ္ဍမှာ အဆင့် (၃) လောက်ရှိပါတယ်"ဟု ၎င်းက ပြောပြသည်။

ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် မန္တလေးတိုင်းဒေသကြီးသို့ ဝင်ရောက်ရာတွင် ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းနှင့် လေကြောင်းလမ်းတို့မှ ဝင်ရောက်လာကြကြောင်း သိရသည်။

#Yadanarpondaily

နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင် လျက်ရှိသည့် တိုင်းရင်းသား ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆက်လက်ဆောင်ရွက်


တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်လျက်ရှိသည့် တိုင်းရင်းသားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၂၉-၉-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ယနေ့တွင် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၁၄ ဦး၊ ရွှေဇားကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၇၈ ဦး၊ သင်္ဘောလှကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူရှစ်ဦး၊ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၂၅ ဦးနှင့် မြောက်ဦးမြို့နယ်၊ ဝင်းဇားကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၆၉ ဦးတို့ကို အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် ကျေးရွာစာသင်ကျောင်းတို့၌ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါး ကုသပေးမှုများနှင့် ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

JE immunization programme to be focused in Rakhine


A health worker preparing vaccine to inject a child.

Yangon September 29

The administration of Japanese Encephalitis (JE) vaccine will be prioritized in Rakhine State where recent terrorist attacks have made its northern parts volatile and unsafe, according to deputy director-general Dr Than Tun Aung of Public Health Department.

“Even a slightest instability will scare away people from coming for vaccination of JE. So, we need special attention and care for the project. There are 17 townships in Rakhine State, but we may have to leave out the two for security reasons. Nurses and health workers may not dare to visit some places, especially in the northern sector of the state. So, it’s difficult to implement the whole plan without fail,” he said.

The vaccination of JE will be carried out across the country including Rakhine State under two steps. First, the vaccines will be administered at schools in November and, after that, the program will be made in wards and villages in December.

Japanese encephalitis is a potentially fatal viral brain infection for which there is no cure and it mainly affects children aged between fi ve and 13.

Most people infected by the virus have either no symptoms or short-lived mild symptoms similar to infl uenza. In less than one case in every 250, the virus causes serious symptoms, such as seizures, confusion and paralysis.

There have been social problems in Rakhine State since previous times, resulting in low coverage of vaccination. Some children in Rakhine State are left to administer polio vaccines.

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၂၉-၉-၂၀၁၇)



ရတနာပုံနေ့စဉ်သတင်းစာ (၂၉-၉-၂၀၁၇)

Download Links

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၉-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၉-၂၀၁၇)

Download Links

Thursday, September 28, 2017

ယခုလအတွင်း အကြိမ်ရေစိပ်စိပ် လှုပ်ခတ်ခဲ့သည့်ငလျင်များမှာ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ရန် ရှေ့ပြေးငလျင်များ ဖြစ်နိုင်၍ သတိပြုသင့်


တာလေမြို့တွင် ၂ဝ၁၁ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးနေမှုကို တွေ့ရစဉ်။

မန္တလေး ၂၈-၉-၂၀၁၇

ယခုစက်တင်ဘာလအတွင်း ရက်ပိုင်းသာခြား၍ အကြိမ်ရေစိပ်စိပ် ဆက်တိုက်လှုပ်ခတ်ခဲ့သည့် ငလျင်များမှာ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ရန် ရှေ့ပြေးငလျင်များ ဖြစ်နိုင်၍ သတိပြုသင့်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ သိရသည်။

စက်တင်ဘာ ၉ ရက်မှ ၂၁ရက်အတွင်း ခုနစ်ကြိမ်ထိ ရက်ပိုင်းသာခြား၍ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ယနေ့တွင် တစ်ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ကာ စုစုပေါင်းငလျင် ရှစ်ကြိမ်ထိ လှုပ်ခတ်ထားသည်။

"ဒီနှစ်ဦးပိုင်း မတ်လလောက်က တိုက်ကြီးမြို့နားမှာ အင်အားရစ်ခ်ျတာ စကေး ၅ ကျော်တဲ့ ငလျင် ပထမတစ်ကြိမ်လှုပ်ခဲ့ပါတယ်။ ခုချိန်ထိ တိုက်ကြီးမြို့နားမှာ နောက်ဆက်တွဲငလျင်တွေ လှုပ်နေတာလား ဒါမှမဟုတ် နောက်ထပ်အဲဒီဧရိယာမှာ ငလျင်အကြီးကြီးလှုပ်ချင်လို့ မတ်လက အင်အားရစ်ခ်ျတာစကေး ၅ ကျော်တဲ့ငလျင် အပါအဝင်ရှေ့ပြေးငလျင်တွေ လှုပ်နေတာလားပေါ့။ တကယ်လို့ ရှေ့ပြေးငလျင်တွေ ဖြစ်ခဲ့မယ်ဆိုရင် နောက်လှုပ်မယ့်ငလျင်က အင်အားရစ်ခ်ျတာ စကေး ၇ သာသာဖြစ်သွားနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် သတိထားတာတော့ ကောင်းပါတယ်" ဟု အဆိုပါကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောပြသည်။

ယခုနှစ် မတ် ၁၃ ရက်တွင် တိုက်ကြီးမြို့အနီး၌ တစ်ရက်အတွင်း အင်အားရစ်ခ်ျတာ စကေး ၄ ဒသမ ၇နှင့် ၅ ဒသမ ၈အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တွင်လည်း တိုက်ကြီးမြို့အနီး၌ပင် တစ်ရက်အတွင်း ငလျင် နှစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့သည်။

"ပြောဖို့ခက်တာက ငလျင်တိုင်းက အကြိုရှေ့ပြေးငလျင်လှုပ်ချင်မှလှုပ်တယ်။ ၄ဝ ရာခိုင်နှုန်းလောက်ကတော့ အကြိုငလျင် လှုပ်လေ့လှုပ်ထရှိပါတယ်။ နှစ်နှစ်၊ သုံးနှစ်လောက် အကြိုလှုပ်သွားပြီး တစ်နှစ်၊ နှစ်နှစ်လောက် လုံးဝမလှုပ်ဘဲ ပြန်ငြိမ်နေတာလဲရှိပါတယ်။ တစ်ခါတလေ ငလျင်ကြီးလှုပ်ခါနီးမှ တစ်လ၊ နှစ်လလောက် ကပ်ပြီးတော့ လှုပ်တာမျိုးလဲ ရှိတတ်ပါတယ်။ မူတော့ မမှန်ပါဘူး။ စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက်ပိုင်းနေရာတွေကသတိထားရမယ့် နေရာတွေပါ" ဟု ၎င်းက ဆက်လက်ပြောပြသည်။

ပြတ်ရွေ့တစ်ခုတွင် အင်အားပြင်းငလျင် တစ်ကြိမ်လှုပ်ခတ် ခဲ့ပြီးပါက နှစ်ပေါင်း ၈ဝ မှ ၁ဝဝခန့်အကြာတွင် တစ်ကျော့ပြန် ပြန်လည်လှုပ်ခတ်ခဲ့သည့် သဘောရှိကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် စစ်ကိုင်းမြို့မှ နေပြည်တော် ပျဉ်း မနားအထိအပိုင်းတွင် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၅ ခန့်ရှိသည်ဟု ယူဆရသည့် မြေငလျင်တစ်ခု ၁၉၃၉ခုနှစ်က လှုပ်ခတ်ခဲ့ကာ ထပ်မံလှုပ်ခတ်ရန် စိုးရိမ်ရသည့်အပိုင်းတွင်ပါဝင်ပြီး ၁၉၃ဝပြည့်နှစ်တွင် လှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်မှာ ထပ်မံလှုပ်ခတ်ရန် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်ရှိ ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီး ၁ဝ မြို့ခန့်တွင် စစ်ကိုင်းပြတ်ရွေ့၌ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ပါက ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်နိုင်ကြောင်း စက်တင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံတွင် ၁၉၇၅ခုနှစ်မှယနေ့အထိ အင်အားပြင်းငလျင် ရှစ်ကြိမ်ထိလှုပ်ခတ်ခဲ့ပြီး ၂ဝ၁၁ခုနှစ် တာလေမြို့တွင် လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၁ရှိသည့် ငလျင်သည် အင်အားအပြင်းဆုံးဖြစ်ပြီး လူပေါင်း ၇၆ဦး သေဆုံးခဲ့သည်။မြန်မာနိုင်ငံ၌ ၂ဝ၁၅ခုနှစ်တွင် စုစုပေါင်းငလျင် ၂၃ကြိမ်၊၂ဝ၁၆ခုနှစ်တွင် စုစုပေါင်းငလျင် ၃၈ ကြိမ်ထိလှုပ်ခတ်ခဲ့ပြီး ယခုနှစ်တွင် လက်ရှိစက်တင်ဘာလထိ စုစုပေါင်း ငလျင်၃၈ ကြိမ်ထိ လှုပ်ခတ်ထားကြောင်း သိရသည်။

#Yadanarpondaily

မရမ်းချောင် စစ်ဆေးရေးဂိတ် စတင်ဖွင့်လှစ်ချိန်မှ ခုနစ်လခန့်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် ၂၁၆ စီး ဖမ်းဆီးရမိ



ကျိုက်ထို ၂၈-၉-၂၀၁၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာအနီးရှိ မရမ်းချောင်စစ်ဆေးရေး ဂိတ်စတင်ဖွင့်လှစ်ချိန်မှ စက်တင်ဘာ ၂၅ရက်ထိ ခုနစ်လခန့်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် ၂၁၆စီး ဖမ်းဆီးရမိခဲ့ကြောင်း မရမ်းချောင် စစ်ဆေးရေးဂိတ်မှ သိရသည်။

ဂိတ်စတင်ဖွင့်လှစ်သည့် ယခုနှစ် မတ် ၁မှ စက်တင်ဘာ ၂၅ ရက်ထိ တရားမဝင်ကုန်စည်များနှင့် အတူ ဥပဒေနှင့်မညီသော ပစ္စည်းများ ဖြတ်သန်းသွားလာ နိုင်ခြင်းမရှိ စေရန်အပြင် လိုင်စင်မဲ့မော်တော်ယာဉ်များကို ဖမ်းဆီး အရေးယူနေခြင်း ဖြစ်ကြောင်း မရမ်းချောင်စစ်ဆေးရေး ဂိတ်တာဝန်ခံ ဦးဇော်မင်းသိန်းက ပြောပြသည်။

"လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ ပတ်သက်ပြီး ဂိတ်ကိုဖြတ်သန်း သွားလာနေတဲ့ လမ်းပေါ်မှာဆိုရင်တော့ ကြပ်မတ်စစ်ဆေးတယ်။ ဂိတ်ကိုရှောင်ကွင်းပြီး သွားလာနေတဲ့ လမ်းတွေပေါ်မှာကျတော့ သတင်းရရှိမှုအပေါ်မူတည်ပြီး ဖမ်းဆီးနေပါတယ်။ ဖမ်းဆီးတဲ့နေရာမှာလဲ တရားမဝင် ကုန်စည်တွေအပြင် လိုင်စင်မဲ့မော်တော်ယာဉ်တွေပါ ဖမ်းဆီးပါတယ်။ လိုင်စင်မဲ့ကားကိုတော့ ကျွန်တော်တို့က ပထမဆုံး သံသယအနေနဲ့ စစ်ဆေးပြီးထိန်း သိမ်းထားတယ်။ ပိုင်ရှင်တွေကတော့ လိုင်စင်ရှိကြောင်း အထောက်အထား ပြနိုင်ရင်တော့ လုပ်ထုံး၊လုပ်နည်းအရ စစ်ဆေးပြီး ပြန်ပေးတယ်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကစစ်လို့ အထောက်အထား မမှန်ရင်တော့ အမှုဖွင့် သိမ်းဆည်းပါတယ်"ဟု၎င်းက ပြောပြသည်။

သိမ်းဆည်ထားသော မော်တော်ယာဉ်များကို ပြည်သူ့ ဘဏ္ဍာသိမ်းဆည်း မိန့်ထုတ်ကာ အကောက်ခွန်ဦးစီးဌာန (ရန်ကုန်ရုံးချုပ်) ကိုတင်ပြပြီး ၎င်းမှတစ်ဆင့် ဝန်ကြီးဌာနသို့ တင်ပြကာ ဆက်လက်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

လိုင်စင်မဲ့မော်တော်ယာဉ် မောင်းနှင်လာသူများကို လိုင်စင်မဲ့ယာဉ်မောင်းနှင်မှုနှင့် ပတ်သက်၍ ထွက်ဆိုချက်များ ရယူထားကာ ပင်လယ်ရေကြောင်း ဥပဒေပုဒ်မဖြင့် ယာဉ်များကိုသာ သိမ်းဆည်းပြီး ယာဉ်မောင်းများကို ဖမ်းဆီးအရေးယူခြင်း မရှိကြောင်း သိရသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များ နှင့်ပတ်သက်၍ အထက်ဌာန၏ ညွှန်ကြားချက်များ ရရှိလာပါက ယာဉ်မောင်းများကိုပါ ပို့ကုန်၊ သွင်းကုန်ပုဒ်မများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မရမ်းချောင်ကုန်သွယ်မှု စစ်ဆေးရေးဂိတ်တွင် အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူကာကွယ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနများပါသည့် ပူးပေါင်းအဖွဲ့ (၁၁) ဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လိုက်ပါစီးနင်းသည့် ခရီးသွားဧည့်သည်များ အနေဖြင့် ဝန်ထမ်းများဆက်ဆံရေး မပြေပြစ်ပါက လာရောက်တိုင်ကြားနိုင်



မန္တလေး ၂၈-၉-၂၀၁၇

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်တွင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ လိုက်ပါစီးနင်းသည့် ခရီးသွားဧည့်သည်များ အနေဖြင့် ဝန်ထမ်းများဆက်ဆံရေး မပြေပြစ်ပါက လာရောက်တိုင်ကြား နိုင်ကြောင်း မြန်မာအမျိုးသားလေကြောင်း (မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

မန္တလေးမြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလက ပြည်တွင်းရှိ မြို့ကြီးများသို့ အပျော်ခရီး စဉ်များဖြင့်သော်လည်းကောင်း၊ အလုပ်ကိစ္စများဖြင့် သော်လည်းကောင်း လေယာဉ်များဖြင့် ခရီးသွားလာမှုသည် နည်းပါးပြီး ရေလမ်းကြောင်း မှ သင်္ဘောဖြင့်သော်လည်းကောင်း၊ ကုန်းလမ်းကြောင်းမှ ကားများဖြင့်သော်လည်းကောင်း အသုံးပြုသွားလာခဲ့ကြသည်။ ယခုလက်ရှိအချိန်တွင် ပုဂ္ဂလိကလေကြောင်း လိုင်းများအပြင် မြန်မာအမျိုးသား လေကြောင်းမှလည်း လေယာဉ်များဖြင့် ခရီးစဉ်များကိုတိုးချဲ့ပျံသန်း ပြေးဆွဲလာခဲ့သည့်အတွက် လိုက်ပါစီးနင်းသူများသည်လည်း တဖြည်းဖြည်းများလာခဲ့ကြောင်း သိရသည်။

ထိုသို့မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အခြားမြို့ကြီးများသို့ ပျံသန်းပြေးဆွဲ ပေးနေသော်လည်း လိုက်ပါစီးနင်းသည့် ခရီးသွားပြည်သူများ ဝန်ဆောင်မှု အပိုင်းအပြင် ဆက်ဆံရေးအပိုင်းတွင်ပြေပြစ်မှုမရှိပါက မြန်မာအမျိုးသားလေကြောင်း (မန္တလေးဌာနခွဲ) သို့လာရောက်တိုင်ကြား နိုင်ကြောင်း၊ ခရီးသွားပြည်သူများအနေဖြင့် လာရောက်တိုင်ကြား ရာတွင်လည်း အမှန်တကယ်ဝန်ဆောင်မှုအပိုင်း ကောင်းမွန်မှု ရှိ၊ မရှိကို စစ်ဆေးပြီးမှသာဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှအခြားမြို့ကြီးများ ဖြစ်သည့် တာချီလိတ်၊ ကျိုင်းတုံ၊ကလေး၊ နေပြည်တော်၊ ရန်ကုန်၊မြစ်ကြီးနား၊ ပူတာအိုစသည့်မြို့ကြီးများသို့ လူဦးရေ၁၆၄ဦးဆံ့ အမေရိကန်နိုင်ငံထုတ် Boeing-737 လေယာဉ်အမျိုးအစား လေးစီး၊လူဦးရေ ၁ဝဝဆံ့ ဘရာဇီးနိုင်ငံထုတ် Embraer အမျိုးအစားနှစ်စီးနှင့် လူဦးရေ ၇ဝ ဆံ့ ပြင်သစ်နိုင်ငံထုတ် ATR အမျိုးအစား ကိုးစီးတို့ဖြင့် ခရီးစဉ်များကို ဖြန့်ကြက်ပြေးဆွဲ ပေးလျက်ရှိကြောင်း မြန်မာအမျိုးသား လေကြောင်း (မန္တလေးဌာနခွဲ)မှ သိရသည်။

#Themyawadydaily

သုတအလင်း မဂ္ဂဇင်း အမှတ် (၁၈)



သုတအလင်း မဂ္ဂဇင်း အမှတ် (၁၈)

Download Links

အားကစားမြင်ကွင်း ဂျာနယ် အတွဲ (၆) ၊ အမှတ် (၃၇)



အားကစားမြင်ကွင်း ဂျာနယ် အတွဲ (၆) ၊ အမှတ် (၃၇)

Download Links

မိုးသောက်ပန်း ဂျာနယ် အတွဲ (၂၁) ၊ အမှတ် (၁၆)



မိုးသောက်ပန်း ဂျာနယ် အတွဲ (၂၁) ၊ အမှတ် (၁၆)

Download Links

The words of bereaved families of Hindus killed by ARSA terrorists









Upon receiving information about the location of dozens of dead Hindus in northern Rakhine State, the bodies of the people allegedly killed by extremist terrorists from the Arakan Rohingya Salvation Army (ARSA) were unearthed by security forces near the village of Yebawkya in Maungtaw. Twenty-eight bodies were discovered on Sunday, and 17 more on Monday. The following are the accounts of surviving family members interviewed by Myanmar news Agency reporters at the site in Maungtaw where the bodies were found :

Ronni, Maungtaw Township, Thittonenar Khwa-Sone Village tract, Oh-Htein Village

Among 28 bodies dug firstly is my elder brother, named Hannu. He lived with his family at the village Thittonenar Khwa-Sone village. When examined, I ascertained that it was my own brother, by seeing his frequently-dressed shirt. He visited his daughter at Khamaungseik village to stay for a night. on the day when the terrorist attacks happened, terrorists came to Khamaungseik to abduct Hindus, in which my brother was one of the victims. All were inhumanely killed on the way,

with eight Hindu women and children abducted to Bangladesh. Women were raped. I had a contact with those women. I did not yet know whether my brother’s wife and children have not been accounted and have been killed. We heard most of them killed by terrorists. our village Khamaungseik, where Hindus mostly lived, was surrounded by Bengali villages.

Arshee Kumar, 4 ward Maungtaw

I lived with my family in Maungtaw. My daughter, my parents-in-law and my brother-in-law were among the victims. My daughter lived with my parents-inlaw in Khamaungseik village (south). Dead bodies dug out included corpses of my mother-in-law and brother-in-law. The bodies of my daughter, only 8 years old, and my father-in-law have not been found yet. My spouse has suffered from a mental disorder since the brutal slaughter of the people. All were killed by throat slitting. Some were found to have been decapitated and limbs amputated. We want to find our daughter as soon as possible. I will not stop looking for my daughter even if she is found dead and it is only her skeleton. I pray for my daughter not to experience such a worse situation. Terrorists not only killed Hindus, including the cruel killing of children, but also raped the women.

Salmon Barlar, Kyeinchaung Village

My husband’s two brothers were among the dead bodies dug up. Their names are Bisnia and Han Montie. Their wives and children were also killed. A mother and her two children and another mother and her three children have not been accounted for. We overheard that one was abducted to Bangladesh. I live now in Kyeinchaung village. My husband’s two brothers earned their living in Khamaungseik as blacksmiths.

Mardoori, Khamaungseik Village (south)

My sister, her spouse and her two sons were among the killed. Prior to the event, I fortunately missed being killed as I had been in Thamanthar village. Among the corpses dug out, there was the body of my sister. My sister wore her usual bangles on her wrist. By seeing these, I identified that it was her. The bodies of her husband and her sons have not yet been found.

Orno Barlar,Khamaungseik Village

Among the corpses dug up were my husband and two sons. I could identify them as I well remembered their clothing. On the bodies were cuttings on their throats with limbs amputated. Some legs were almost completely cut. I survived because I had been in Maungtaw at an event. Fifteen of my relatives have not yet been found. Terrorists killed our Hindus in Khamaungseik.

Minu, ward 4 Maungtaw

I live in Maungtaw. My two sons and my daughter lived in Khamaungseik. My elder son was married, as was my daughter. one son was still single. My sons were eking out a living as goldsmiths. Yesterday, my two sons were found among the dead bodies dug up yesterday. His daughter and child, including my daughter and her son, were abducted to Bangladesh. over there, our Hindus found them and brought them, it was learnt. I had phone contacts with my daughter and daughter-in-law. It has been learnt that gold from their shop was robbed.

Information Committee

#Themyawadydaily

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဟိန္ဒူဘာသာဝင်များ ပူးပေါင်း၍ ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များအား ရှာဖွေမှု ဆက်လက်ဆောင်ရွက်




ဟိန္ဒူဘာသာဝင်အလောင်း ၄၅ လောင်း တွေ့ရှိသည့်နေရာနှင့် ထပ်မံရှာဖွေသည့် နေရာပြမြေပုံ

စက်တင်ဘာ ၂၈-၉-၂၀၁၇

သြဂုတ်လ ၂၆ ရက်နေ့တွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မောင်တောမြို့ ဆောက်လုပ်ဆဲ ခရိုင်တရားရုံး၌ ဟိန္ဒူဘာသာဝင် ၆ ဦး၊ နေအိမ် အတွင်းရှိ ဟိန္ဒူဘာသာဝင် ကလေးငယ် ၁ ဦး၊ စုစုပေါင်း ၇ ဦး တို့မှာ သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်မှုဖြစ်စဉ် များကြောင့် ဟိန္ဒူဘာသာဝင် မိသားစု ၅၆၃ စု ၊ လူဦးရေ ၂၇၅၂ ဦး တို့သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး စစ်တွေမြို့ရှိ ယာယီကယ်ဆယ်ရေး စခန်းများတွင် အိမ်ထောင်စု ၃၂၁ စု၊ လူဦးရေ ၁၂၆၂ ဦး ၊ မောင်တောမြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စု ၂၄၁ စု၊ လူဦးရေ ၁၄၈၇ ဦး ၊ ဘူးသီးတောင်မြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁ စု၊ လူဦးရေ ၃ ဦးတို့ အသီးသီးခိုလှုံနေထိုင်လျက် ရှိကြောင်းသိရှိရသည်။

ထို့အပြင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မောင်တောမြို့နယ်အတွင်းရှိ ဟိန္ဒူဘာသာဝင်များ ပျောက်ဆုံးနေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဟိန္ဒူဘာသာရေး ခေါင်းဆောင် ဦးနီမောလ်ပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဟိန္ဒူဘာသာဝင်များ နှင့်အတူ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းမှ စတင်၍ရှာဖွေခဲ့ရာ ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဖက် မီတာ ၁၅၀၀ ခန့်အကွာတွင် မြေကျင်း ၂ ကျင်း၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများက သတ်ဖြတ်မြှုပ်နှံထားသည့် ရုပ်အလောင်း ၂၈ လောင်းကိုဦးစွာ တူးဖော်တွေ့ရှိခဲ့သည်။ယင်းသို့ တွေ့ရှိရသည့် ရုပ်အလောင်း ၂၈ လောင်းတွင် ၁၀ နှစ်အောက် ကလေးသူငယ် ၆ ဦး၊ ၁၆ နှစ်အောက် ကလေးငယ် ၂ ဦး စုစုပေါင်း ကလေးငယ် ၈ ဦး၏ အလောင်းများ ပါဝင်ခဲ့သည်။

စက်တင်ဘာ ၂၅ ရက်နေ့တွင် ပထမတွေ့ရှိခဲ့သည့်နေရာ၏ အရှေ့ဖက် မီတာ၂၀၀ အကွာတွင် မြေကျင်း ၂ ကျင်း၌ မြှုပ်နှံထားသည့် ရုပ်အလောင်း ၁၇ လောင်းကို ထပ်မံတူးဖော်တွေ့ရှိခဲ့သဖြင့် အကြမ်းဖက် သတ်ဖြတ်ခြင်း ခံရသော ဟိန္ဒူဘာသာဝင် စုစုပေါင်း ၅၂ ဦး ရှိပြီဖြစ်သည်။

စက်တင်ဘာ ၂၆ ရက်နေ့တွင်လည်း ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ရဲဘော်ကျကျေးရွာမှ ပျောက်ဆုံးနေဆဲဖြစ်သည့် ဟိန္ဒူဘာသာဝင် ၄၈ ဦးကို ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့်အပြင် မောင်တောမြို့နယ်၊ အိုးထိန်း ကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၄၄ ဦး ပျောက်ဆုံးနေကြောင်း ထပ်မံသိရှိရသဖြင့် ဆက်လက်ရှာဖွေ လျက်ရှိသည်။

ARSA အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာဝင် ၅၂ ဦး သေဆုံးခဲ့ရပြီး စုစုပေါင်း ၁၉၂ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမား များ၏ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ တူးဖော်တွေ့ရှိခဲ့သည့်နေရာသို့ မြန်မာနိုင်ငံ အခြေစိုက်ပြည်တွင်းပြည်ပ မီဒီယာများဖြစ်သည့် TBS ၊ Asahi Shun bum၊ EPA ၊ AFP၊ VOA ၊ CNA ၊ BBC ၊ Xinhua ၊ TV Asahi ၊ Nippon TV ၊ Frontier Myanmar နှင့် Reuter သတင်းဌာနတို့မှ သတင်းအဖွဲ့များသည် ယနေ့တွင် နေ့ချင်းပြန် သွားရောက် သတင်းယူခဲ့ကြောင်း သိရသည်။

#Themyawadydaily

မြန်မာနိုင်ငံအခြေစိုက် ပြည်ပသတင်းဌာနများ၊ ပြည်တွင်းသတင်းဌာနများမှ သတင်းမီဒီယာများ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်ခြင်းခံခဲ့ရသည့် ဟိန္ဒူဘာသာဝင်များနှင့်ပတ်သက်၍ သွားရောက်သတင်းရယူ


ပြည်တွင်းပြည်ပသတင်းမီဒီယာများ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဟိန္ဒူဘာသာဝင်များနှင့် ပတ်သက်၍ သတင်းရယူစဉ်။

သေဆုံးခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ ဆွေမျိုးသားချင်းများကို တွေ့ရစဉ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက သတင်းမီဒီယာများ၏မေးမြန်းမှုများကို ဖြေကြားစဉ်။

နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှ ရဲမှူးကြီးဥက္ကာကိုက သတင်းမီဒီယာများ၏မေးမြန်းမှုများကို ဖြေကြားစဉ်။

နေပြည်တော် ၂၈-၉-၂၀၁၇

မြန်မာနိုင်ငံအခြေစိုက် ပြည်ပမီဒီယာများနှင့် ပြည်တွင်းမီဒီယာများသည် ယနေ့တွင် ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံရသော ဟိန္ဒူ ဘာသာဝင် ရုပ်အလောင်းများအား ရှာဖွေတူးဖေါ်တွေ့ရှိသည့် မောင်တောမြို့နယ်၊ ရဲဘောက်ကျကျေးရွာ အနီးသို့သွားရောက် သတင်းရယူကြသည်။

ဦးစွာ အဆိုပါမီဒီယာအဖွဲ့များသည် ရဲဘောက်ကျကျေးရွာအနီး၌ ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ ရှာဖွေတူးဖော်ရရှိသည့် နေရာသို့ရောက်ရှိ၍ ရက်စက်စွာသတ်ဖြတ် ခံထားရမှု အခြေအနေများအား ကြည့်ရှုပြီး သိရှိလိုသည် များမေးမြန်း ကြသည်။

၎င်းမေးမြန်းမှုအပေါ် နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှ ရဲမှူးကြီး ဥက္ကာကိုနှင့်ဦးနီမော်လ် (ဟိန္ဒူဘာသာဝင် ကူညီရေးခေါင်းဆောင်) တို့ကရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင်များအား အကြမ်းဖက် ဘင်္ဂါလီများကဖမ်းဆီး ခေါ်ဆောင်ခဲ့မှုနှင့် သတ်ဖြတ်ခဲ့မှုများအား ၎င်းတို့အနက်မှအသက်မသေဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးများက ဖုန်းဖြင့်ဆက်သွယ်၍ ပြောကြားခဲ့မှု၊ ၎င်းသတင်း အရမြေပြင်တွင် လိုက်လံရှာဖွေခဲ့ရာ ရက်စက်စွာလည်လှီး သတ်ဖြတ်၍ အမျိုးသမီးများနှင့် ကလေးများအားတစ်နေရာ၊ အမျိုးသားရုပ်အလောင်းများအား တစ်နေရာစီခွဲ၍ မြှုပ်နှံထားခြင်းအား ရှာဖွေ တူးဖော်တွေ့ရှိမှုနှင့်ဆက်လက် ရှာဖွေနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး သတင်းမီဒီယာများက သေဆုံးခဲ့သူများ၏ ဆွေမျိုးသားချင်းများအား မေးမြန်းသတင်းရယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် မောင်တောမြို့၊ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိပြီး ၎င်းကျေးရွာနေ ဘင်္ဂါလီလူမျိုးများ အားတွေ့ဆုံပြီး နယ်မြေဒေသအခြေအနေများ၊ ဖြစ်စဉ်ဖြစ်ပွားမှု အခြေအနေများဖြင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းသတင်းရယူ ကြသည်။

ထို့နောက် သတင်းထောက်များက မောင်တောဒေသအတွင်း ဖြစ်စဉ်ဖြစ်ပွားခဲ့မှု အခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဖြေရှင်းဆောင်ရွက် နေမှုအခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းကြရာ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံ ရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

Domestic-based foreign media and local media collect news on Hindus mercilessly murdered by extremist Bengali terrorists


Journalists seen asking news in Maungtaw.

The district administrator replies to media questions.

Photo shows bereaved Hindu families and relatives.

Nay Pyi Taw September 28

Local-based foreign media in Myanmar and local media gathered news at the place near at Yebaukkya Village in Maungtaw Township in northern Rakhine State where corpses of the Hindus brutally murdered by ARSA extremist Bengali terrorists through violent means were unearthed.

The media persons after witnessing the unearthed remains of the brutally murdered Hindus asked more information about the terrible incident. Police Col Okka Ko of Border Police Control Command and U Ni Mawl (the Hindu leader of the aid organization) explained the telephone message about the capture and butchering of Hindus by Bengali terrorists sent by Hindu women who survived after they were forcefully taken to Bangladesh, burying of women and children, and men in separate places after being killed with their necks slashed and continued finding of dead bodies. Then, news media conducted interviews with the bereaved families and relatives.

Next, the reporters arrived in Pandawpyin Village, Maungtaw, where they met the Bengalis from the village and asked about regional situations and occurrence of incidents. They then asked about incidents that happened in Maungtaw region, security operation and problem solving. The Maungtaw District administrator and the director of the Directorate of Public Relations and Psychological Warfare under the Office of Commander-in-Chief (Army) made the clarifications.

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၂၈-၉-၂၀၁၇)



ရတနာပုံနေ့စဉ်သတင်းစာ (၂၈-၉-၂၀၁၇)

Download Links

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၉-၂၀၁၇)


မြ၀တီနေ့စဉ်သတင်းစာ (၂၈-၉-၂၀၁၇)

Download Links

Wednesday, September 27, 2017

အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကာလအတွင်း နိုင်ငံခြားခရီးသွား ဧည့်သည်အဝင်နည်းလာ



ညောင်ရွှေ ၂၇-၉-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဖောင်တော်ဦး ဘုရားပွဲတော်ကို နှစ်စဉ်စက်တင်ဘာလ မှစ၍ ကျင်းပလေ့ရှိရာ နိုင်ငံခြားခရီးသွား ဧည့်သည်အများအပြား လာရောက် လေ့ရှိသော်လည်းယခုနှစ် ပွဲတော်ကာလအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု သိသိသာသာလျော့နည်း သွားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်း (တောင်ကြီးဇုန်) ဥက္ကဋ္ဌ ဦးဇော်ဌေးအောင်ထံမှ သိရသည်။

''ဒီနှစ်ခရီးသွားရာသီမှာ ကျွန်တော်တို့ ကုမ္ပဏီနဲ့ လာရောက်ချိတ်ဆက်တဲ့ နိုင်ငံခြားခရီးသွား ဧည့်သည် သုံးလေးဦး လောက်ပဲရှိတယ်။ အရင်နှစ်နဲ့ယှဉ်ရင် ထက်ဝက်မက ကျဆင်းလာတယ်'' ဟု ဦးဇော်ဌေးအောင်
ကပြောသည်။

နှစ်စဉ် အောက်တိုဘာလမှစ၍ ပြည်တွင်းသို့ နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှု များပြားပြီး ဝင်ငွေများသည့် အချိန်ဖြစ် သော်လည်း၊ ယခုနှစ် ပွင့်လင်းရာသီအစတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးနေ
ပြီး ဝင်ငွေလျော့နည်း လာသည့်အတွက် ခရီးသွားကုမ္ပဏီများ အနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၈ ရက်အထိကျင်းပလျက်ရှိသည့် အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကာလအတွင်း အင်းလေးနှင့် ညောင်ရွှေရှိ တချို့ဟိုတယ်များအနေဖြင့် တည်းခိုစရိတ်ကို ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ဈေးနှုန်းလျှော့ချပေးထားကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်ရှိ ဟိုတယ်အခန်းခများမှာ ပုံမှန်ငွေကျပ် သုံးသောင်းရှစ်ထောင် ရှိသော်လည်း ပွဲတော်ရက်အတွင်း ငွေကျပ်သုံးသောင်းဝန်းကျင်နှင့် အခန်းအလိုက် ဈေးနှုန်းလျှော့ချပေးခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

163 killed, 91 missing from 9 Oct to 26 Sept in N-Rakhine 254 Total Casualty Under ARSA Terrorist Attack



Nay Pyi Taw September 27

The death toll of civilians by terrorist attacks in northern Rakhine from 9 October to 26 September has reached 163, with 91 still missing, according to data released by authorities yesterday.

Data collection teams started conducting ground surveys on 23 September to determine the losses and damages from the terrorist attacks in northern Rakhine.

From 25 august, the day ARSA extremist terrorists launched attacks to dozens of police posts and civilians, to 26 September, 84 people, including Hindus, ethnic Rakhine, Daingnet and Mro villagers, civil servants and security forces were killed by ARSA terrorists. Fifty-four are still missing, according to the data.

The terrorists attacks from 9 October to 24 august—the day before the latest terrorist attacks—killed 79 people including villagers who are cooperating with authorities, civil servants, security forces, leaving 37 missing.

The main data is collected first and other required data will also be collected, officials said. It is estimated to take a month to complete the work, said U Ye Htut, Deputy Commissioner of Maungtaw District General Administration Department.

Information Committee

#Themyawadydaily

ARSAအစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများနှင့် ပြည်ပစွက်ဖက်မှုများကို မန္တလေးမြို့တွင် ဆန့်ကျင်ရှုတ်ချပွဲပြုလုပ်


ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများနှင့် ပြည်ပစွက်ဖက်မှုများကို မန္တလေးမြို့တွင် ဆန့်ကျင်ရှုတ်ချပွဲပြုလုပ်စဉ်။

မန္တလေး ၂၇-၉-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပြည်ပစွက်ဖက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက် ၉ နာရီကမန္တလေးမဟာအောင်မြေ မြို့နယ် ၆၂ လမ်းပေါ်ရှိ မနော်ရမ္မံဟစ်တိုင်ကွင်းတွင် ပြုလုပ်သည်။

ရှေးဦးစွာတက်ရောက် လာသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး ရခိုင်ပြည်နယ်မှ အကြမ်းဖက်သတ်ဖြတ် ခံရသည့် တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် နှစ်မိနစ်ငြိမ်သက် ဂါရဝပြုကြသည်။

ဆက်လက်၍ စာရေးဆရာ ဦးမျိုးချစ်၊ စာရေးဆရာ ရှေ့နေဦးဝင်းကြည်(စဥ့်ကိုင်)၊ ဥပဒေပညာရှင် ဆရာဦးအေးပိုင်တို့က ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား များနှင့်မြန်မာပြည်တွင်းရေးကို ပြည်ပကဝင်ရောက် စွက်ဖက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောကြသည်။

ဆက်လက်၍ အမိမြန်မာပြည်ကို ကာကွယ်ပါ၊ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် ဆန့်ကျင်ရေး၊ ပြည်တွင်းပြည်ပမီဒီယာများ မျှတမှုရှိကြပါ၊ ၁၉၈၂ခုနှစ်နိုင်ငံသား ဥပဒေကာကွယ်ရေး၊ ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေး စသည့် အချက်များပါရှိသော ဗီနိုင်းပိုစတာများနှင့် နိုင်ငံတော်အလံများကို ကိုင်ဆောင်ကာ ကြွေးကြော်၍ ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။ အဆိုပါဆန့်ကျင်ရှုတ်ချပွဲသို့ အမျိုးသားရေးအင်အားစု ဆရာတော်များ၊ ဘာသာပေါင်းစုံမှ လူပုဂ္ဂိုလ်များ၊ အမြို့မြို့အနယ်နယ်မှ စုစုပေါင်းအင်အား ၁ဝဝဝ ကျော် တက်ရောက်ကြသည်။

" ဒီလိုပွဲတွေက လုပ်သင့်တဲ့ကိစ္စပါ။ မြန်မာတိုင်းရင်းသားတွေ အကြမ်းဖက် ခံနေရတယ်။ အကြမ်းဖက်မှုလုပ်တာကို လက်မခံဘူးဆိုတာကို သိအောင်လုပ်တာပါ။ ကိုယ့်နိုင်ငံရဲ့အမျိုးသားရေးအတွက် အင်မတန်မှအရေးကြီးပါတယ်။ အစိုးရ၊ တပ်မတော်၊ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းက ကူညီရာရောက်ပါတယ်။ ဘယ်သူ့ရဲ့တိုက်တွန်းချက်မှမပါဘဲဒီပွဲကို ရောက်လာတာပါ" ဟု အောင်မြေသာစံမြို့နယ်မှ ဦးမောင်ကြီးက ပြောပြသည်။

"အခုကျွန်တော်တို့လုပ်နေတာဟာ အမျိုးဘာသာသာသနာနဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့ အမျိုးသားရေးအလုပ်ကို လုပ်နေတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့လုပ်တဲ့ ရည်ရွယ်ချက်ကနိုင်ငံတော် အပေါ်မှာ ကျရောက်နေတဲ့ဖိအားတွေ၊ တပ်မတော်အပေါ် ကျရောက်နေတဲ့ဖိအားတွေကို ဆန့်ကျင်ချေဖျက်ဖို့ ပြုလုပ်တာပါ။ တစ်မျိုးသားလုံးနဲ့ပတ်သက်တဲ့ အခုလိုအရေးကိစ္စတွေမှာ ကျွန်တော်တို့တစ်တွေဟာပါတီစွဲ၊ ဝါဒစွဲတွေ စွန့်လွှတ်ပြီး အားလုံးညီညီညွတ်ညွတ်နဲ့ လက်တွဲဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ရခိုင်မှာဖြစ်နေတဲ့ အခြေအနေမှန်တွေကို နိုင်ငံတကာသိစေဖို့၊ ကမ္ဘာသူ၊ကမ္ဘာသားတွေ သိအောင်ပြောဖို့ မီဒီယာတွေမှကူညီဆောင်ရွက်ပေးကြပါ" ဟု ဆရာဦးမျိုးချစ်က ပြောပြသည်။ 

#Themyawadydaily

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်၍ ကိုယ်စားလှယ်အဖွဲ့အချို့၏ စွပ်စွဲပြောကြားချက်များအပေါ် တုံ့ပြန်ပြောကြား


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်ကုလသမဂ်အခြေအနေနှင့်ပတ်သက်၍ ကိုယ်စားလှယ်အဖွဲ့အချို့၏စွပ်စွဲပြောကြားချက်များအပေါ် ပြန်လည်တုံ့ပြန်ပြောကြားစဉ်။

နယူးယောက် ၂၇-၉-၂၀၁၇

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် (၇၂) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပြောကြားမှုအတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် နိုက်ဂျီးရီးယား၊ ပြင်သစ်၊ တူရကီ၊အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ယူအေအီး၊ မလေးရှား၊မော်လ်ဒိုက်၊ ချဒ်နိုင်ငံတို့က မြန်မာနိုင်ငံနှင့် ပတ်သက်၍'' ရက်စက်ကြမ်းကြုတ်ခြင်း (atrocities)''၊ '' မျိုးနွယ်စုအားသုတ်သင် ရှင်းလင်းခြင်း (ethnic cleansing) ''စသည်ဖြင့် မှန်ကန်မှုမရှိသည့် စွပ်စွဲပြောကြားမှုများ ပြုလုပ်ခဲ့သည်။

အထွေထွေမူဝါဒရေးရာ ဆွေးနွေးပြောကြားမှု၏ နောက်ဆုံးနေ့ဖြစ်သည့် စက်တင်ဘာ ၂၅ ရက်တွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံအပေါ် စွပ်စွဲပြောကြားချက်များအားပြန်လည်တုံ့ပြန် ချေပသည့်မိန့်ခွန်း (Right of Reply) တစ်ရပ်ပါဝင် ပြောကြားခဲ့သည်။

အမြဲတမ်းကိုယ်စားလှယ်က ပြောကြားရာတွင် ရခိုင်ပြည်နယ် အခြေအနေကို မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း " ethnic cleansing" အဖြစ် အခြေအမြစ်မရှိဘဲထပ်တလဲလဲ စွပ်စွဲပြောကြားနေကြသည်မှာ အလွန်စိတ်မကောင်းဖွယ်ဖြစ်ကြောင်း၊ '' ရက်စက်ကြမ်းကြုတ်ခြင်း (atrocities)''၊ ''မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း (ethnic cleansing)''၊''လူမျိုးသုဉ်းသတ်ဖြတ်ခြင်း (genocide)''စသည့် အသုံးအနှုန်းများကို ပေါ့ပေါ့တန်တန် အသုံးမပြု သင့်ကြောင်း၊ ခိုင်မာသည့် သက်သေအထောက် အထားရှိမှသာ ယင်းစကားလုံးများကို သုံးနှုန်းရန် စဉ်းစားသင့်ကြောင်း၊ အချို့သော ကိုယ်စားလှယ်အဖွဲ့များက မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ''ရက်စက်ကြမ်းကြုတ် ခြင်း''၊''မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း''စသည့် စကားလုံးများကိုသုံးနှုန်း၍ ကိုးကားဖော်ပြနေခြင်းကို မြန်မာနိုင်ငံအနေဖြင့် အပြင်းအထန် ကန့်ကွက်ကြောင်း၊ အဆိုပါကိုယ်စားလှယ်အဖွဲ့များနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဘက်လိုက်မှုမရှိဘဲ ရှုမြင်ကြရန်တိုက်တွန်းကြောင်း။

မြန်မာနိုင်ငံ၌ ''မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း'' မရှိကြောင်းကို ရှင်းလင်းစွာ အသိပေးပြောကြား လိုကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှု လည်းမရှိကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏အစီရင်ခံစာ ထုတ်ပြန် ပြီး နာရီပိုင်းအတွင်း သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်းပေါင်း ၃ဝ ကျော်မှာ တစ်ပြိုင်တည်း အကွက်ကျကျတိုက်ခိုက်မှု ခံခဲ့ရကြောင်း၊ ယင်းတိုက်ခိုက်မှုများအား ARSA အဖွဲ့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ARSA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများကြောင့် လူများအသက် အိုးအိမ်ဆုံးရှုံးခဲ့ရပြီး နေရပ်စွန့်ခွာထွက်ပြေး ခဲ့ကြရကြောင်း၊ထိုသို့ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ အမြောက်အမြားရှိကြောင်း။

မူဆလင်နှင့် ရခိုင်လူမျိုးများသာမက ဒိုင်းနက်၊မြို၊ သက်၊ မရမာကြီးကဲ့သို့သော တိုင်းရင်းသား လူနည်းစုများနှင့် ဟိန္ဒူဘာသာဝင်များလည်း ပါဝင်ကြောင်း၊ ယင်းတိုင်းရင်းသား လူနည်းစုများတည်ရှိမှုနှင့် ၎င်းတို့၏ဒုက္ခကိုကမ္ဘာ့နိုင်ငံ အတော်များများက မသိရှိကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အထိခိုက်ခံနယ်မြေမှ မူဆလင် အသိုက်အဝန်းသည် သတင်းများတွင် အကျယ်တဝင့်ဖော်ပြနေကြသကဲ့သို့ လူနည်းစုမဟုတ်ကြောင်း၊ စင်စစ်အားဖြင့်လူဦးရေတိုးပွား လာမှုကြောင့် ၎င်းတို့မှာ လူများစုဖြစ်ပြီး ယင်းဒေသရှိ လူဦးရေ စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အခြေအနေပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် ဆောင်ရွက်လျက်ရှိကြောင်း။လက်ရှိအချိန်တွင် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးမှာ မိမိတို့၏အဓိက ဦးစားပေးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခွဲခြားမှုမရှိဘဲ လိုအပ်နေသူများအားလုံး အကူအညီရရှိစေရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေး ခဲ့ကြသည့်ဒုက္ခသည်များအား ၁၉၉၃ ခုနှစ် အတွေ့အကြုံပေါ်အခြေခံ၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိစစ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် စိစစ်ရေးလုပ်ငန်း အဖွဲ့တစ်ဖွဲ့ကို အလျင်အမြန်ဖွဲ့စည်း သွားမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Right of Reply made by H.E. U Hau Do Suan, Permanent Representative of the Republic of the Union Of Myanmar to the United Nations against the allegations made by some member states regarding the situation in Rakhine State



Nay Pyi Taw September 27

Nigeria, France ,Turkey ,Afghanistan, Pakistan, the UAE ,Malaysia ,Maldives ,Chad and Bangladesh allegedly accused Myanmar of committing “atrocities” and “ethnic” during the general debate of 72nd Session of the United Nations General Assembly held at the Unite Nations Headquarters in New York.

H.E. U Hau Do Suan, Permanent Representative of the Republic of the Union of Myanmar to the United Nations, spoke in exercise of the right of reply against those allegations at the final session of the general debate on 25 September 2017.

He said it was deeply regrettable that unsubstantiated allegations had been repeated in those chambers likening the situation in Rakhine State to “ethnic Cleansing “. He also said that terms such as “atrocities”, “ethnic cleansing” , and “genocide” must not be used lightly, and the use of such terms should be considered only after there was solid evidence. Myanmar objected in the strongest terms the use of such words as atrocities and ethnic cleansing by the delegations concerned in their statements in reference to the situation in Myanmar . He urged those delegations and the international community to see the situation in northern Rakhine objectively and in an unbiased manner. He stated that there was no ethnic cleansing there was no genocide.

He stressed the , within hours of the release of the report of the Advisory Commission on Rakhine State, a series of coordinated attacks were carried out on 30 police outposts in Northern Rakhine State on 25 August. The so-called Arakan Rohingya Salvation Army (ARSA) had claimed responsibility for the attacks. Subsequently, ARSA was declared as a terrorist group. Those vicious attacks had resulted in the loss of life and property and property and displacement of peoples. Those who had had to abandon their hearth and home were many – not just Muslim and Rakhine, but also small minority groups such as Daingnet , Mro , Thet , Mramagy and Hindus. Most of the world had been unaware of the existence and plight of those small groups, In the affected area of northern Rakhine, Muslim community was not a minority as widely reported.

In reality, they were a majority as their population had increased. They now constituted 95% of the total population in the area. The Government was striving to restore normalcy. At present, humanitarian assistance was the top priority of the Government, The Government was committed to ensuring that aid would be received by all those in need, without discrimination. He reiterated that refugees who had fled to Bangladesh would be repatriated to Myanmar based on the experience of 1993, and that a working group for verification would be set up expeditiously to conduct systematic verification process.

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger