www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 19, 2019

ရတနာပုံနေ့စဉ်သတင်းစာ (၁၉-၄- ၂၀၁၉)

တနာပုံနေ့စဉ်သတင်းစာ (၁၉-၄- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၁၉-၄-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၁၉-၄-၂၀၁၉)

-
 Download Links

Thursday, April 18, 2019

လှေခွင်းတောင်ခြေ ပေါင်းလောင်းမြစ်ကမ်း တစ်လျှောက်၌ အပန်းဖြေ ရေကစားသူများဖြင့် စည်ကားများပြား

လှေခွင်းတောင်ခြေ ပေါင်းလောင်းမြစ်ကမ်း တစ်လျှောက်၌ အပန်းဖြေ ရေကစားသူများဖြင့် စည်ကားများပြား
-
နေပြည်တော်၊ ရိုးရာပွဲတော် 
-
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ပြီးဆုံးပြီဖြစ် ၍ ၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာ သီရိမြို့နယ် လှေခွင်းတောင်ခြေ ပေါင်းလောင်း မြစ်ကမ်းတစ်လျှောက်၌ အနယ်နယ်အရပ်ရပ်မှလာရောက်အပန်းဖြေကြသည့်  ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။ 
-
အဆိုပါ လှေခွင်းတောင်ခြေ ပေါင်းလောင်း မြစ်ဆိပ်အပန်းဖြေနေရာသို့ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်အပါအဝင် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှအများပြည်သူများသည် မော်တော်ယာဉ် များ၊ မော်တော်ဆိုင်ကယ်များဖြင့်လာရောက် အပန်းဖြေအနားယူလျက်ရှိသည်။ 
-
ဓနှစ်စဉ် နှစ်ဆန်း တစ်ရက်နေ့ရောက်တိုင်း မြစ်ကမ်းတစ်လျှောက် အပန်းဖြေ လာရောက်ရင်း ရေကစားတဲ့သူတွေ အရမ်းများတယ်။ နေပြည်တော်တင်မကပဲအနယ်နယ် အရပ်ရပ်မှ ဘုရားဖူးရင်းလာရောက်အပန်းဖြေသူများလဲ ရှိ တယ်။ ဒီနှစ်ကပိုပြီး စည်ကားများပြားပါတယ်။ မြစ်ကမ်းခြေမှာ ရေကူးကစားရန်တင်မကပဲ မြစ်အတွင်း အပျော်စီး စပိဘုတ် များလဲ ငှားရမ်းစီးနင်း နိုင်အောင်စီစဉ်ထားပါတယ်။ ဒါ့အပြင် ရေကစားကြသူများ အန္တရာယ် ကင်းရှင်းစေရန် အတွက် ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ရန် အတွက် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပါတယ်။ 
-
ထိုအပြင် ကျေးရွာအုပ်စုမှ ဝါသနာရှင် ယိမ်းအဖွဲ့များက လည်း မြန်မာရိုး ရာ အတာသင်္ကြန် ယိမ်းအက အလှများ၊ ခေတ်ပေါ် တေးဂီတများဖြင့် ကပြဖျော်ဖြေ ကြပါတယ် ဟု ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးကြည်ထွန်းက ပြောသည်။ 
-
ပေါင်းလောင်း မြစ်ဆိပ် အပန်းဖြေနေရာတွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ မြစ်ကမ်းတစ်လျှောက် လာရောက် အပန်းဖြေ ရေကစားသူများ မြစ်အတွင်း အန္တရာယ် မရှိစေရန်အတွက်ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခွန်မြတ်လင်းလင်းဦးစီး ရဲတပ်ဖွဲ့ဝင် ၆ဝ ဦး၊ ဇေယျာသီရိမြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့ဝင် ၇ ဦး၊ ဇေယျာသီရိမြို့နယ် မီးသတ်တပ်ဖွဲ့ ဒုတိယတိုင်းမှူးဦးစီး ၁၇ ဦး၊ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ ကျန်းမာရေးမှူး ဦးစောမင်းဇော်ဦးစီး ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင် ၆၃ဦး ပူးပေါင်းကာ သူနာပြုယာဉ်များ၊ စပိဘုတ်များဖြင့် လှည့်လည်စောင့်ရှောက် ကြီးကြပ်ခြင်းများ ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။ 
-
အောင်လှိုင်ဝင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

သတင်းထုတ်ပြန်ချက် - ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

သတင်းထုတ်ပြန်ချက် - ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
-
၁။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အစွန်းရောက်ဘင်္ဂါလီ (ပြည်ပနိုင်ငံအချို့နှင့် ပြည်ပအဖွဲ့အစည်းအချို့၏ အခေါ် ရိုဟင်ဂျာ) အကြမ်းဖက်သမားများ၏ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ဆက်စပ်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များနှင့်စပ်လျဉ်း၍စစ်ဥပဒေချုပ်ရုံး၏ အကြံပြုချက်အရထပ်မံစိစစ်ရန်လိုအပ်သဖြင့်တပ်မတော်နည်းဥပဒေများအရ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်း၍ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှစတင်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။  
-
၂။ ဖြစ်စဉ်များနှင့် သက်ဆိုင်သည့် သက်သေခံအထောက်အထား ၊ အချက်အလက်များကို စုံစမ်း စစ်ဆေးရေးခုံရုံးသို့လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ တစ်ဆင့်ဖြစ်စေ၊အီးမေးလ်မှတစ်ဆင့်ဖြစ်စေ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ပေးပို့တင်ပြနိုင်ကြောင်းကို စုံစမ်းစစ်ဆေးရးခုံရုံးက ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ တွင် ဖိတ်ခေါ်ထားပါသည်။  
-
၃။ စုံစမ်းစစ်ဆေးရေးခုံရုံးက စုံစမ်းစစ်ဆေးမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၏ တာဝန်ပေးချက်အရလိုအပ်သည့် သက်သေခံ အချက်အလက်များ စုဆောင်းခြင်းဆိုင်ရာများ ၊ ဥပဒေကြောင်း ဆိုင်ရာများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများကို အကြံပေးနိုင်ရန် အောက်ပါ အဖွဲ့ဝင်များပါဝင်သည့် ဥပဒေအကြံပေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည် -   
(က) ဗိုလ်ချုပ် သောင်းနိုင် ဒုတိယစစ်ဥပဒေချုပ် ဥက္ကဋ္ဌ    
(ခ ) ဒုတိယဗိုလ်မှူးကြီး မြင့်သိန်း လက်ထောက်စစ်ဥပဒေချုပ် အဖွဲ့ဝင်    
(ဂ ) ဗိုလ်မှူး မြင့်ဆန်း ဒုတိယလက်ထောက် စစ်ဥပဒေချုပ် အဖွဲ့ဝင်    
(ဃ) ဗိုလ်ကြီး ကျော်ကျော်လင်း ဒုတိယ လက်ထောက်စစ်ဥပဒေချုပ်(ဗိုလ်ကြီး) အဖွဲ့ဝင်    
(င ) ဗိုလ်ကြီး ဒေါ်သဇင်ဆွေ စစ်ဥပဒေအရာရှိ အဖွဲ့ဝင်  
၎။ ဥပဒေအကြံပေးအဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-    
(က) မည်သည့်သက်သေများကို စစ်မေးသင့်ကြောင်း အကြံပေးရန်၊    
(ခ ) မည်သည့်သက်သေခံ အထောက်အထားများ ရယူသင့်ကြောင်း အကြံပေးရန်၊    
(ဂ) မည်သည့် အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးသင့်ကြောင်း အကြံပေးရန်   
(ဃ) သက်သေများကို စစ်မေးရာတွင် ကွင်းဆက်မပြတ်စေရေး လိုအပ်သည့် အကြံပေးရန်၊    
(င ) အခြားဥပဒေအကြောင်းဆိုင်ရာ လိုအပ်သည့် အကြံများပေးရန်။    
-
စစ်ဥပဒေချုပ် 
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger