www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 16, 2016

(13th ACDFIM) သို့ တက်ရောက်ခဲ့သည့် အာဆီယံတပ်မတော်အကြီးအကဲ များကို ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ ၊ မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ ၊ အာဆီယံနိုင်ငံများ မှ တပ်မတော် အကြီးအကဲများနှင့် ဇနီးများ ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ လာအို ပြည်သူ့တပ်မတော် တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေနေမှုကို ကြည့်ရှု အားပေးစဉ်


နေပြည်တော် ၊ ၁၆-၃-၂၀၁၆

(၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့ တက်ရောက် ခဲ့သည့် အာဆီယံ တပ်မတော် အကြီးအကဲ များကို လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် Maj- Gen. Souvone LEVANGBOUNMY နှင့် ဇနီးတို့က မတ် ၁၄ ရက် ညပိုင်းတွင် Don Chan Palace Hotel ၌ ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

အဆိုပါဂုဏ်ပြု ညစာစားပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံ များမှ တပ်မတော် အကြီးအကဲ များနှင့် ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဦးစွာ လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ညစာစားပွဲ သို့ တက်ရောက် လာသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အာဆီယံနိုင်ငံ များမှ တပ်မတော် အကြီးအကဲ များသည် ညစာ အတူတကွ သုံးဆောင် ကြသည်။

ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း လာအိုပြည်သူ့ တပ်မတော် တေးဂီတ အဖွဲ့က တေးသီချင်း များဖြင့် သီဆိုကပြ ဖျော်ဖြေ ကြသည်။

ညစာသုံးဆောင် အပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် အာဆီယံနိုင်ငံ များမှ တပ်မတော် အကြီးအကဲများ၊ ဇနီးများနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ပြီး လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger