www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 26, 2010

Lady GaGa

လေဒီဂါဂါဘာလဲ

လေဒီဂါဂါရဲ့ ပထမဆုံးဗွီဒီယို The Fame Monster ကို ဒါရိုက်တာ ဖရန်ဆစ်လောရင့်စ်က ရိုက်ကူး ပေးထားပါတယ်။ ဖရန်စစ်ဟာ မကြာသေးမီကမှ ဘရစ်တနီ စပီးယား၊ ဂျက်နက်ဂျက်ဆင်၊ ဂွင်းစတက်ဖနီ နဲ့ တခြား နာမည်ကြီး များရဲ့ အခွေတွေကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာ တစ်ယောက် ဖြစ်ပါတယ်။

လေဒီဂါဂါ အခွေရဲ့ အဓိက ပြလိုရင်း ကတော့ မိန်းမသားတို့ရဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ ရင်တွင်းခံစားမှု များကို ဖော်ထုတ်ပြသ လိုရင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပြချက်ဟာ ကျွန်မရဲ့ လက်နက်ပဲ။ ဒါဟာ ကျွန်မရဲ့ ခံစားနေရတဲ့ ရင်တွင်း မြင်ကွင်းပဲ။ ဒီပြသချက်ဟာ ကျွန်မရဲ့ ပုံရိပ်တွေပဲလို့ လေဒီဂါဂါက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

လေဒီဂါဂါက ဒါရိုက်တာ လောရင့်စ်ကို ဒါရိုက်တာ တစ်ယောက် အနေနဲ့ ကျွန်မ သူ့အရည်အချင်းကို အများကြီး ပိုခိုင်းနိုင်သူ တစ်ယောက်ပါ။ သူဟာ ပူးပေါင်း ဆောင်ရွက်နိုင်စွမ်း အပြည့်အ၀ ရှိတဲ့သူ တစ်ယောက်ပါလို့ ချီးမွှမ်းခဲ့ပါတယ်။

လေဒီဂါဂါဟာ နိုဝင်ဘာလ ၂၂ ရက်မှာ ကျင်းမမယ့် (၃၇)ကြိမ်မြောက် အမေရိကန် တေးဂီတဆုပေးပွဲ (AMA - American Music Awards ) မှာလည်း တခြား နာမည်ကျော် အဆိုတော်တွေ၊ တေးဂီတ၀ိုင်း တွေဖြစ်တဲ့ ဂျေဇက်၊ အယ်လီဆီယာကီးစ်၊ ဂျင်နီဖာလိုပက်ဇ်၊ ဘလက်အိုင်းပီးနဲ့ အာဒမ်လမ်းဘတ် တို့နဲ့ အတူ ဖျော်ဖြေမယ်လို့ ကြေညာထား ပါတယ်။



လေဒီဂါဂါ ဘယ်သူလဲ

လေဒီဂါဂါရဲ့ မွေးစာရင်း နာမည်က " စတက်ဖနီဂျုံး အင်ဂျင်လီနာဂါမန် နော့တာ " ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မှာ မွေးခဲ့ပါတယ်။ ပေါ့ပ်အဆိုတော၊ အကပညာရှင်၊ အီလက်ထရွန်နစ် ကျွမ်းကျင်သူ စတဲ့ ဂုဏ်ပုဒ်တွေ အများကြီး ပိုင်ဆိုင် ထားတဲ့သူပါ။ ၂၀၀၆ ခုနှစ် ကစပြီး ဂီတ လောကမှာ ကျင်လည်ခဲ့တာ ယနေ့ထိတိုင်ပါပဲ။

၂၀၀၈ ခုနှစ် သြဂုတ်လ မှာ The Fame ဆိုတဲ့ အယ်လ်ဘမ် ဗွေဆော်ဦး ခါက်ခဲ့ ပါတယ်။ Red One နဲ့ ပူးတွဲရေးသား ထုတ်လုပ် ဖြန့်ချိလိုက်တဲ့ တစ်ကိုယ်တော် Just Dance နဲ့ Poker Race တို့ဟာ နိုင်ငံတကာမှာ ပေါက်ခဲ့ပါတယ်။ တေးဂီတဆိုင်ရာ ဂရမ်မီဆု ခြောက်ဆုတောင် ဆွတ်ခူး ရရှိခဲ့ပါတယ်။ အကောင်းဆုံး အီလက်ထရွန်ဆု၊ အကောင်းဆုံး အကဆု၊ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံး အယ်လ်ဘမ်ဆု တွေ အပါအ၀င်ပါ။

၂၀၀၉ ခုနှစ် ကုန်ခါနီးမှာ သူမရဲ့ ဒုတိယ အယ်လ်ဘမ် The Fame Monster ကို ဖြန့်ချိခဲ့ ပြန်ပါတယ်။ သူမဟာ ဒေးဗစ်ဘိုဝီးနဲ့ ဖရက်ဒီ မာကျူရီ တို့လို Glam Rock ဂီတ ပညာရှင်လိုင်း ဖြစ်ပါတယ်။ မက်ဒေါနား နဲ့ မိုက်ကယ်ဂျက်ဆင် တို့လို " ပေါ့ပ်" အဆိုတော် လိုင်းလည်း ဖြစ်ပါတယ်။ သူမရဲ့ အယ်လ်ဘမ်တွေကို ကမ္ဘာတစ်ဝန်းမှာ ချပ်ရေ ရှစ်သန်းကျော် ရောင်းချခဲ့ရ ပါတယ်။ သူမရဲ့ စောစောပိုင်း အဆိုခေတ်ဦး အချိန်က သူမဟာ သီချင်းရေး ဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။



လေဒီဂါဂါရဲ့ငယ်ဘဝ

ဂျိုးဇက်နဲ့ ဆင်သီရာတို့ မိဘနှစ်ပါးက မွေးတဲ့ အကြီးဆုံး သမီးဦး ဖြစ်ပြီး အသက်လေးနှစ် အရွယ် ကတည်းက စန္ဒရားကို နားနဲ့ကြားပြီး တီးတတ်ခဲ့ပါတယ်။ ၁၃ နှစ် သမီးမှာ စန္ဒရားနဲ့ သီချင်းစပ်ခဲ့ပြီး ၁၄ နှစ် သမီးမှာ သီချင်းစဆိုပါတယ်။ ၁၁ နှစ် အရွယ် ကတည်းက ကျောင်းကပွဲတွေမှာ လက်စွမ်းပြခဲ့တာ လေဒီဂါဂါပါ။ ကြိုးစားတယ်၊ ၀ီရိယ ရှိတယ်၊ စည်းကမ်း တိကျစွာ လိုက်နာတယ် ဆိုတဲ့ ကောင်းသတင်း ဂုဏ်ပုဒ်တွေနဲ့ ဝေဆာခဲ့သူလေး ဖြစ်တယ်။

အသက် ၁၇ နှစ်အရွယ်မှာ နယူးယောက် တက္ကသိုလ် Tisch အနုပညာကျောင်း ကို ၀င်ခွင့်ရခဲ့ပါတယ်။ အသက် ၁၉ နှစ်မှာ Def Jam Music Group နဲ့ စာချုပ်ချုပ် ခဲ့ပါတယ်။ သူမနဲ့ တွဲဖက်ကတော့ သီချင်းရေးဆရာနဲ့ ထုတ်လုပ်သူ Red One ပါပဲ။ Red One နဲ့ ပထမဆုံးဖြန့်ချိ ခဲ့တဲ့ သီချင်းကတော့ Boys Boys Boys ပါ။ လေဒီဂါဂါဟာ သူမကို စတက်ဖနီလို့ ခေါ်တာ မကြိုက်ပါဘူး။ စင်ပေါ်တက် သီချင်း ဆိုကတည်းက လေဒီဂါဂါ နာမည်နဲ့ပဲ ဖြစ်ပါတယ်။
လေဒီဂါဂါရဲ့ကျေးဇူး

လေဒီဂါဂါရဲ့ အဆိုတော် သက်တမ်းဟာ သိပ်မကြာသေးပေမယ့် အောင်မြင်မှုတွေ ကတော့ အလျှံပယ်ပါပဲ။ ဖေဖော်ဝါရီ တတိယပတ်က လုပ်ခဲ့တဲ့ အကြိမ် ၃၀ မြောက် ဗြိတိသျှ ထိပ်သီး ဂီတဆုပေးပွဲမှာ ဆု ၃ ဆုရခဲ့ပါတယ်။ အဲဒီဆု တွေကတော့ အကောင်းဆုံး နိုင်ငံတကာ အမျိုးသမီး တစ်ကိုယ်တော်ဆု၊ အကောင်းဆုံး နိုင်ငံတကာ Break Through Act ဆုနဲ့ အကောင်းဆုံး နိုင်ငံတကာ အယ်လ်ဘမ်ဆု (The Fame) တို့ ဖြစ်ပါတယ်။ ဆုယူတဲ့ အချိန်မှာ လေဒီဂါဂါက ကွယ်လွန်သူ ဒီဇိုင်နာ Lee Mc Queen ကို ဂုဏ်ပြု ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger