www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 16, 2016

အာဆီယံတပ်မတော် အကြီးအကဲများက လာအိုနိုင်ငံ ၀န်ကြီးချုပ် အား ဂါရ၀ပြုတွေ့ဆုံ


လာအိုနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Thongsing Thammavong နှင့် အာဆီယံတပ်မတော် အကြီးအကဲများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်စဉ်

(၁၃)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) နှင့်စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပစဉ်

နေပြည်တော် ၊ ၁၆-၃-၂၀၁၆

လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်သည့် (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့ တက်ရောက်လျက် ရှိသော အာဆီယံ တပ်မတော် အကြီးအကဲ များသည် မတ် ၁၄ ရက် မွန်းလွဲပိုင်းတွင် လာအိုနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Thongsing Thammavong အား ဝန်ကြီးချုပ်ရုံး၌ သွားရောက် ဂါရဝပြု တွေ့ဆုံ ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အာဆီယံ တပ်မတော် အကြီးအကဲများ နှင့်အတူ တက်ရောက်ပြီး လာအိုနိုင်ငံ ဝန်ကြီးချုပ် က အာဆီယံ ဒေသအတွင်း လုံခြုံရေး၊ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ကြောင့် ဒေသတွင်း နိုင်ငံများ လုံခြုံရေး၊ ငြိမ်းချမ်းရေး ကို မြှင့်တင်နိုင်ခဲ့ ပါကြောင်း၊ နယ်ပယ် အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် အခွင့်အလမ်းများ တွေ့ရှိရ ပါကြောင်း၊ အနာဂတ်တွင် တွေ့ကြုံရမည့် မမျှော်လင့်သော စိန်ခေါ်မှု များကို ရင်ဆိုင်နိုင်ရန် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အာဆီယံ၏ အချက်အချာ ကျမှုနှင့် အဓိက မောင်းနှင်အား နေရာတွင် တည်ရှိမှုကို ဆက်လက် ထိန်းသိမ်းရန် လိုအပ်ပါကြောင်း ပြောကြားသည်။ 

တွေ့ဆုံပွဲ အပြီးတွင် လာအိုနိုင်ငံ ဝန်ကြီးချုပ်နှင့် အာဆီယံ တပ်မတော် အကြီးအကဲ များသည် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ညနေပိုင်းတွင် (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) နှင့်စပ်လျဉ်း သည့် သတင်းစာ ရှင်းလင်းပွဲကို ဗီယင်ကျန်းမြို့ရှိ Don Chan Palace Hotel ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေး သဘာပတိ လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် Maj- Gen. Souvone LEVANGBOUNMY ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အာဆီယံနိုင်ငံ များမှ တပ်မတော် အကြီးအကဲများ၊ ကိုယ်စားလှယ် အဖွဲ့များနှင့် သတင်း မီဒီယာများ တက်ရောက် ကြသည်။

ဦးစွာ အစည်းအဝေး သဘာပတိ လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် က အစည်းအဝေး ပြုလုပ်ခဲ့မှု ဆိုင်ရာများကို ရှင်းလင်း ပြောကြားပြီး တက်ရောက် လာကြသည့် သတင်း မီဒီယာများ၏ မေးမြန်းချက် များကို ရှင်းလင်း ဖြေကြား ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger