www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 19, 2019

ရတနာပုံနေ့စဉ်သတင်းစာ (၁၉-၄- ၂၀၁၉)

တနာပုံနေ့စဉ်သတင်းစာ (၁၉-၄- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၁၉-၄-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၁၉-၄-၂၀၁၉)

-
 Download Links

Thursday, April 18, 2019

လှေခွင်းတောင်ခြေ ပေါင်းလောင်းမြစ်ကမ်း တစ်လျှောက်၌ အပန်းဖြေ ရေကစားသူများဖြင့် စည်ကားများပြား

လှေခွင်းတောင်ခြေ ပေါင်းလောင်းမြစ်ကမ်း တစ်လျှောက်၌ အပန်းဖြေ ရေကစားသူများဖြင့် စည်ကားများပြား
-
နေပြည်တော်၊ ရိုးရာပွဲတော် 
-
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ပြီးဆုံးပြီဖြစ် ၍ ၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာ သီရိမြို့နယ် လှေခွင်းတောင်ခြေ ပေါင်းလောင်း မြစ်ကမ်းတစ်လျှောက်၌ အနယ်နယ်အရပ်ရပ်မှလာရောက်အပန်းဖြေကြသည့်  ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။ 
-
အဆိုပါ လှေခွင်းတောင်ခြေ ပေါင်းလောင်း မြစ်ဆိပ်အပန်းဖြေနေရာသို့ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်အပါအဝင် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှအများပြည်သူများသည် မော်တော်ယာဉ် များ၊ မော်တော်ဆိုင်ကယ်များဖြင့်လာရောက် အပန်းဖြေအနားယူလျက်ရှိသည်။ 
-
ဓနှစ်စဉ် နှစ်ဆန်း တစ်ရက်နေ့ရောက်တိုင်း မြစ်ကမ်းတစ်လျှောက် အပန်းဖြေ လာရောက်ရင်း ရေကစားတဲ့သူတွေ အရမ်းများတယ်။ နေပြည်တော်တင်မကပဲအနယ်နယ် အရပ်ရပ်မှ ဘုရားဖူးရင်းလာရောက်အပန်းဖြေသူများလဲ ရှိ တယ်။ ဒီနှစ်ကပိုပြီး စည်ကားများပြားပါတယ်။ မြစ်ကမ်းခြေမှာ ရေကူးကစားရန်တင်မကပဲ မြစ်အတွင်း အပျော်စီး စပိဘုတ် များလဲ ငှားရမ်းစီးနင်း နိုင်အောင်စီစဉ်ထားပါတယ်။ ဒါ့အပြင် ရေကစားကြသူများ အန္တရာယ် ကင်းရှင်းစေရန် အတွက် ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ရန် အတွက် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပါတယ်။ 
-
ထိုအပြင် ကျေးရွာအုပ်စုမှ ဝါသနာရှင် ယိမ်းအဖွဲ့များက လည်း မြန်မာရိုး ရာ အတာသင်္ကြန် ယိမ်းအက အလှများ၊ ခေတ်ပေါ် တေးဂီတများဖြင့် ကပြဖျော်ဖြေ ကြပါတယ် ဟု ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးကြည်ထွန်းက ပြောသည်။ 
-
ပေါင်းလောင်း မြစ်ဆိပ် အပန်းဖြေနေရာတွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ မြစ်ကမ်းတစ်လျှောက် လာရောက် အပန်းဖြေ ရေကစားသူများ မြစ်အတွင်း အန္တရာယ် မရှိစေရန်အတွက်ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခွန်မြတ်လင်းလင်းဦးစီး ရဲတပ်ဖွဲ့ဝင် ၆ဝ ဦး၊ ဇေယျာသီရိမြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့ဝင် ၇ ဦး၊ ဇေယျာသီရိမြို့နယ် မီးသတ်တပ်ဖွဲ့ ဒုတိယတိုင်းမှူးဦးစီး ၁၇ ဦး၊ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ ကျန်းမာရေးမှူး ဦးစောမင်းဇော်ဦးစီး ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင် ၆၃ဦး ပူးပေါင်းကာ သူနာပြုယာဉ်များ၊ စပိဘုတ်များဖြင့် လှည့်လည်စောင့်ရှောက် ကြီးကြပ်ခြင်းများ ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။ 
-
အောင်လှိုင်ဝင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

သတင်းထုတ်ပြန်ချက် - ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

သတင်းထုတ်ပြန်ချက် - ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
-
၁။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အစွန်းရောက်ဘင်္ဂါလီ (ပြည်ပနိုင်ငံအချို့နှင့် ပြည်ပအဖွဲ့အစည်းအချို့၏ အခေါ် ရိုဟင်ဂျာ) အကြမ်းဖက်သမားများ၏ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ဆက်စပ်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များနှင့်စပ်လျဉ်း၍စစ်ဥပဒေချုပ်ရုံး၏ အကြံပြုချက်အရထပ်မံစိစစ်ရန်လိုအပ်သဖြင့်တပ်မတော်နည်းဥပဒေများအရ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်း၍ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှစတင်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။  
-
၂။ ဖြစ်စဉ်များနှင့် သက်ဆိုင်သည့် သက်သေခံအထောက်အထား ၊ အချက်အလက်များကို စုံစမ်း စစ်ဆေးရေးခုံရုံးသို့လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ တစ်ဆင့်ဖြစ်စေ၊အီးမေးလ်မှတစ်ဆင့်ဖြစ်စေ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ပေးပို့တင်ပြနိုင်ကြောင်းကို စုံစမ်းစစ်ဆေးရးခုံရုံးက ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ တွင် ဖိတ်ခေါ်ထားပါသည်။  
-
၃။ စုံစမ်းစစ်ဆေးရေးခုံရုံးက စုံစမ်းစစ်ဆေးမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၏ တာဝန်ပေးချက်အရလိုအပ်သည့် သက်သေခံ အချက်အလက်များ စုဆောင်းခြင်းဆိုင်ရာများ ၊ ဥပဒေကြောင်း ဆိုင်ရာများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများကို အကြံပေးနိုင်ရန် အောက်ပါ အဖွဲ့ဝင်များပါဝင်သည့် ဥပဒေအကြံပေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည် -   
(က) ဗိုလ်ချုပ် သောင်းနိုင် ဒုတိယစစ်ဥပဒေချုပ် ဥက္ကဋ္ဌ    
(ခ ) ဒုတိယဗိုလ်မှူးကြီး မြင့်သိန်း လက်ထောက်စစ်ဥပဒေချုပ် အဖွဲ့ဝင်    
(ဂ ) ဗိုလ်မှူး မြင့်ဆန်း ဒုတိယလက်ထောက် စစ်ဥပဒေချုပ် အဖွဲ့ဝင်    
(ဃ) ဗိုလ်ကြီး ကျော်ကျော်လင်း ဒုတိယ လက်ထောက်စစ်ဥပဒေချုပ်(ဗိုလ်ကြီး) အဖွဲ့ဝင်    
(င ) ဗိုလ်ကြီး ဒေါ်သဇင်ဆွေ စစ်ဥပဒေအရာရှိ အဖွဲ့ဝင်  
၎။ ဥပဒေအကြံပေးအဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-    
(က) မည်သည့်သက်သေများကို စစ်မေးသင့်ကြောင်း အကြံပေးရန်၊    
(ခ ) မည်သည့်သက်သေခံ အထောက်အထားများ ရယူသင့်ကြောင်း အကြံပေးရန်၊    
(ဂ) မည်သည့် အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးသင့်ကြောင်း အကြံပေးရန်   
(ဃ) သက်သေများကို စစ်မေးရာတွင် ကွင်းဆက်မပြတ်စေရေး လိုအပ်သည့် အကြံပေးရန်၊    
(င ) အခြားဥပဒေအကြောင်းဆိုင်ရာ လိုအပ်သည့် အကြံများပေးရန်။    
-
စစ်ဥပဒေချုပ် 
-
#မြ၀တီနေ့စဉ်သတင်းစာ

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၏ မြန်မာနှစ်သစ်ကူး သြဝါဒ

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော်  ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၏ မြန်မာနှစ်သစ်ကူး သြဝါဒ
-
တိုင်းသူပြည်သားအားလုံးနှင့်တကွ ကမ္ဘာသူကမ္ဘာသားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟု နှစ်စဉ် အမြဲ ဆုတောင်းမေတ္တာပို့သ နေကျအတိုင်း ဆုတောင်းမေတ္တာပို့သပါသည်။ ကမ္ဘာသူကမ္ဘာသားအားလုံး ကျန်းမာချမ်းသာပါက သက်ရှိသတ္တဝါတွေအားလုံး ကျန်းမာချမ်းသာကြပေမည်။ 
-
သတ္တဝါတွေအားလုံးဘုရားဂုဏ်တော်ကို အမြဲမပြတ်အောက်မေ့ပြီး အနုဿတိ ဘာဝနာ ပွားများပါမှ ဘုရားဓာတ်တွေကူးပြီး သတ္တ လောကကြီး ချမ်းချမ်းသာသာရှိပေမည်။ ထို့ပြင် မေတ္တာဘာဝနာပွားပါမှ အေးချမ်းသာယာသော လောကကြီးဖြစ်လာနိုင်ပေမည်။ ဘုရားဂုဏ်တော်ပုတီးစိပ်ပြီးမေတ္တာပွားပါမှ ကမ္ဘာသူကမ္ဘာသား သက်ရှိ သတ္တလောကကြီး အေးချမ်းသာယာ ရှိပေမည်။ 
-
ထို့ကြောင့် သတ္တလောကကြီးအေးချမ်းသာယာ၍ ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာ ကြစေရန် အလွန်တရာလိုလား အပ်သော ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းနှင့် မေတ္တာကမ္မဋ္ဌာန်း နှစ်ပါးကို ကြိုးစားပွားကြပါစို့။
-
#မြ၀တီနေ့စဉ်သတင်းစာ

မြဝတီနေ့စဉ်သတင်းစာ (၁၈-၄-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၁၈-၄-၂၀၁၉)

-
 Download Links

Friday, April 12, 2019

ရတနာပုံနေ့စဉ်သတင်းစာ (၁၂-၄- ၂၀၁၉)

တနာပုံနေ့စဉ်သတင်းစာ (၁၂-၄- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၁၂-၄-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၁၂-၄-၂၀၁၉)

-
 Download Links

Thursday, April 11, 2019

မဟာသင်္ကြန် ရုံးပိတ်ရက်များတွင် မြဝတီ သတင်းစာ ခေတ္တ ရပ်နားမည်

မဟာသင်္ကြန် ရုံးပိတ်ရက်များတွင် မြဝတီ သတင်းစာ ခေတ္တ ရပ်နားမည်
-
မဟာသင်္ကြန် ရုံးပိတ်ရက်များတွင် မြဝတီ သတင်းစာ ခေတ္တ ရပ်နားမည်  မြဝတီနေ့စဉ်သတင်းစာအား  မဟာသင်္ကြန်ကာလရုံးပိတ်ရက်များဖြစ်သည့် ၂ဝ၁၉ ခုနှစ် ဧပြီ  ၁၃ ရက်(စနေနေ့)မှ ဧပြီ ၁၈ ရက်(ကြာသပတေးနေ့)အထိ ခြောက်ရက်ခေတ္တရပ်နားမည်ဖြစ်ပြီး ဧပြီ ၁၉ ရက် (သောကြာနေ့)တွင် ပုံမှန်အတိုင်း ဆက်လက်ထုတ်ဝေသွား မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ဖုန်ကန်ရာဇီရေခဲတောင်ထိပ်ရောက် တောင်တက်သမားများအား ဂုဏ်ပြုပွဲနှင့်ဓာတ်ပုံပြပွဲကျင်းပ

ဖုန်ကန်ရာဇီရေခဲတောင်ထိပ်ရောက် တောင်တက်သမားများအား  ဂုဏ်ပြုပွဲနှင့်ဓာတ်ပုံပြပွဲကျင်းပ
-
ရန်ကုန်၊ လူမှုရေး  ကချင်ပြည်နယ် ပူတာအိုဒေသရှိ  ပေပေါင်း ၁၂ဝဝဝ နီးပါးမြင့်သော ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်ပေါ်သို့ အောင်မြင်စွာ တက်ရောက်ကာ မြန်မာနိုင်ငံအတွက် ရေခဲတောင် သဘာဝပတ်ဝန်းကျင်ရှုခင်းများကို မှတ်တမ်းတင်နိုင်ခဲ့သော တောင်တက်သမားများ အားဂုဏ်ပြုပွဲနှင့် ဓာတ်ပုံပြပွဲကို ဧပြီ ၉ ရက် က  ရန်ကုန်မြို့နက္ခတ်တာရာ ပြခန်း အနီး The Yangon Gallery ၌ ကျင်းပသည်။ 
-
''ပူတာအိုတစ်ဝိုက်က ရေခဲတောင်တက် ခရီးစဉ်က  ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ရည်ရွယ်တာပါ။  ခရီးစဉ်ကို  အစတုန်းက ခုနစ်ညအိပ် ရှစ်ရက်ခရီးလို့ မှန်းတာပါ။ တောင်ပေါ်မှာက လေပြင်းတွေတိုက်၊  မိုးတွေရွာပြီး ရာသီဥတုကအရမ်းဆိုးနေတယ်။ တချို့တောင်ပေါ် စခန်းမှာဆိုရင် နှစ်ညတောင် အိပ်ခဲ့ရတာတွေ ရှိတယ်။ ဒါကြောင့် ကိုးရက်ကြာခဲ့တယ်။ ဒီလိုရေခဲတောင်ကို မတက်ခင်မှာ ကိုယ်လက်ကြံ့ခိုင်မှု၊စိတ်ဓာတ်ကြံ့ခိုင်မှု၊ အစားအသောက်၊ အနေအထိုင်တွေကို ကြိုတင်ပြင်ဆင်တာတွေလုပ်ပြီးမှ တက်ပါလို့ အကြံပြုလိုပါတယ်'' ဟု အသက် ၇၂ နှစ်ရှိပြီဖြစ် သော ရေခဲတောင်တက်သမား  ဒေါက်တာ မောင်မောင်ကြီးကပြောသည်။
-
ထိုတောင်တက်ခရီးစဉ်ကို ကချင်ပြည်နယ် ပူတာအိုရှိ ဖုန်ကန်ရာဇီ တောင်ခြေမှ စတင်ပြီး ယခုနှစ် မတ် ၄ ရက်မှ တောင်တက် ခရီးစတင်ရာ တောင်တက်စခန်းလေးခု ချခဲ့ပြီး ပူတာအို ပြန်ရောက်သည့် မတ်၁၃ ရက်အထိ ကိုးရက်ကြာ မြင့်ခဲ့သည်။    
-
ဓာတ်ပုံဆရာကြီး  ဒေါက်တာ မောင်မောင်ကြီးဦးဆောင်ကာဦးစိုးလှိုင်၊ကိုကျော်ဇောလေး၊ ကိုလှိုင်မင်း အောင်၊ ကိုဝေဖြိုးတို့လေးဦးသည် တောင်တက်ခရီးစဉ်တစ်လျှောက်အကူအညီပေးသောပူတာအိုဒေသခံ လမ်းပြ တောင်တက်သမားတချို့နှင့်အတူတက်ရောက်ခဲ့ခြင်းဖြစ်သည်။ခြေလျင်တောင်တက်မျိုးဆက်သစ်များ အနေဖြင့် မှတ်တမ်းတင်ဖွယ်ရာ ရေခဲသစ်ပင်များ၊  သဘာဝရေခဲကျောက်ဆောင်များ၊ ရေခဲတောင်ဒေသ၌ ကျက်စားနေထိုင်သော ရှားပါး တောရိုင်းတိရစ္ဆာန်များ၊ ရေခဲတောင်ဒေသနေ ရှားပါးငှက်မျိုးစိတ်များ၊ သဘာဝရှုခင်းများနှင့် ရေခဲတောင်၏ သဘာဝအလှများကိုကမ္ဘာကသိအောင်ဖော်ထုတ် မည်ဖြစ် ကြောင်း သိရသည်။   -
မောင်မျိုး (ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

နဝဒေး ရပ်ကွက်ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ (နေပြည်တော်) လွှဲပြောင်း ပေးအပ်ပွဲပြုလုပ်

နဝဒေး ရပ်ကွက်ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ (နေပြည်တော်) လွှဲပြောင်း ပေးအပ်ပွဲပြုလုပ်
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်ရှိ အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာ (နေပြည်တော်) လွှဲပြောင်း ပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင်အဆိုပါအိမ်ရာ၌ ကျင်းပပြုလုပ်သည်။
-
အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (နေပြည်တော်) လွှဲပြောင်းပေးအပ်ပွဲသို့ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီး ကြပ်ရေး အဖွဲ့နာယက နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊အိမ်ရာနေထိုင်ခွင့်ရရှိသူများတက်ရောက်ကြပြီးတိုင်းမှူးကအဖွင့်အမှာစကားပြောကြားသည်။ 
-
ယင်း နောက်အိမ်ရာ နေထိုင်ခွင့်ရရှိသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တိုင်းမှူးက စစ်မှုထမ်းဟောင်း အဖွဲ့ ဝင်များကိုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်၍ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။ ထို့နောက်တိုင်းမှူးနှင့်တာဝန်ရှိသူများက အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ (နေပြည်တော်)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အိမ်ရာများ၌နေထိုင်လျက်ရှိသူများအားလှည့်လည်တွေ့ဆုံကာ လိုအပ်သည်များညှိနှိုင်းဆောင် ရွက်ပေးသည်။ 
-
ယနေ့ဖွင့်လှစ်ခဲ့သော အဆင့် မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(နေပြည်တော်)တွင် အရာရှိငယ် နှစ်ခန်းတွဲ လေးထပ် ခြောက်လုံးနှင့် အခြားအဆင့် နှစ်ခန်းတွဲ လေးထပ်ရှစ်လုံးတို့ကို လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အရာရှိငယ် နှစ်ခန်းတွဲ လေးထပ်တစ်လုံးနှင့် အခြားအဆင့်နှစ်ခန်းတွဲ လေးထပ်နှစ်လုံးတို့အား ထပ်မံဆောက် လုပ်လျက်ရှိကြောင်းသတင်းရရှိသည်။       
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ဖာပွန်မြို့ရှိ ဝေဠုဝန် ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ဖာပွန်မြို့ရှိ ဝေဠုဝန် ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ကျောင်းတိုက်များမှသံဃာတော်များ၊ သာသနာ့အနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား ဧပြီ ၉ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ ဝေဠုဝန်ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်၂၇ ပါး၊ သာသနာ့အနွယ်ဝင်သီလရှင် ၃၉ ပါးနှင့် ဒေသခံပြည်သူ ၆၂ ဦးတို့ကို သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှု များဆောင်ရွက်ပေးသည်။ 
-
ယင်းသို့ဆောင်ရွက် ပေးမှုများကိုတိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင် နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအား ပေးပြီး  စားသောက်ဖွယ်ရာများပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။             
-
(၁ဝဝ)  
-
#မြ၀တီနေ့စဉ်သတင်းစာ

တာမိုးညဲမြို့နယ်၊ ကျန်ကြာကျိုင်းကျေးရွာ၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

တာမိုးညဲမြို့နယ်၊ ကျန်ကြာကျိုင်းကျေးရွာ၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တာမိုးညဲမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၉ ရက်  မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကျန်ကြာကျိုင်းကျေးရွာရှိ လူနေအိမ်နှစ်လုံးအား သတင်းအရဝင်ရောက်စစ်ဆေးရာ  ဦးလီလောက်ကိုင်(ဘ) ဦးလီခင်းဖူးနှင့်   ၄င်း၏ညီဖြစ်သူ  ဦးလီလောက်ဝမ်း၊  ဇနီးဖြစ်သူ ဒေါ်ချီကင်ထန်းတို့သုံးဦးကို ၈၈။၁ စာတန်းပါစိတ်ကြွဆေးပြား ၁ဝဝဝ ပြား၊ ဘိန်းစိမ်း  ၄ ဒသမ ၈၈ ကီလိုဂရမ်ခန့်(စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်၅၉ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေး လောက်ကိုင် မူးယစ်တပ်ဖွဲ့စုသို့   စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။                   
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

မရမ်းကုန်းမြို့နယ်ရှိ ဓမ္မစကြာကျောင်းတိုက်၌ စုပေါင်းလုပ်အားဒါနပြုလုပ်

မရမ်းကုန်းမြို့နယ်ရှိ ဓမ္မစကြာကျောင်းတိုက်၌ စုပေါင်းလုပ်အားဒါနပြုလုပ်
-
နေပြည်တော်​ ဧပြီ ၁ဝ
-
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ ဓမ္မစကြာကျောင်း တိုက်ပတ်ဝန်းကျင်သန့်ရှင်း သာယာ မှုရှိစေ ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တပ်နယ်မှ တပ်မတော်သားများက ကျောင်းတိုက်ဝင်း အတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ရေမြောင်းများပြန်လည် တူးဖော် ပေးခြင်းနှင့်သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို လုပ်အားဒါနအဖြစ်စုပေါင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာတပ်နယ်၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာတပ်နယ်၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာပြုလုပ်
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊မုံရွာတပ်နယ်၏ဧကာဒသမအကြိမ်မြောက်စုပေါင်းရဟန်းခံ၊ရှင်ပြုအလှူတော် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ဇိနမာန်အောင် တပ်ဦးကျောင်း၌ပြုလုပ်ရာမုံရွာမြို့၊ ဝိဇ္ဇာသိပ္ပံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယအမှူးပြု သော သံဃာတော်များကြွရောက်တော်မူ ကြပြီး တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက သံဃာတော်များအား  သိမ်ဆင်းလောင်းလှူကြသည်။ 
-
ထို့နောက် ဝိဇ္ဇာ သိပ္ပံ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး  သံဃာတော်များ အား  လှူဖွယ်ပစ္စည်းများနှင့်  နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
-
အဆိုပါစုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာ ပထမနေ့ဖြစ်သော ဧပြီ ၉ ရက်နံနက်ပိုင်းတွင်လည်း ရဟန်းလောင်း ၁၁၇ ပါးနှင့် ရှင်သာမဏေလောင်း ၁၃ ပါးတို့သည် ဇိနမာန်အောင်တပ်ဦးကျောင်းတိုက်၌ငါးပါး သီလခံယူ ဆောက်တည်ခြင်း၊ ပရိတ်တရား တော်များနာယူခြင်း၊ ဆံချခြင်း၊ ပဗ္ဗဇ္ဇအမွေရဟန်းနှင့် ရှင်သာမဏေအဖြစ်သွတ်သွင်း ချီးမြှင့်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။                           

-
(၁ဝဝ)  
-
#မြ၀တီနေ့စဉ်သတင်းစာ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သော နွေရာသီ သင်တန်းများ ဆင်းပွဲပြုလုပ်

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သော နွေရာသီ သင်တန်းများ ဆင်းပွဲပြုလုပ်
-
နေပြည်တော်​ ဧပြီ ၁ဝ 
-
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက်ဖွင့်လှစ်သည့်ယဉ်ကျေးလိမ္မာ၊အင်္ဂလိပ်စာအခြေခံနှင့်ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲများကိုယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ်၊ အမ်းတောင်ခန်းမ၌ ပြုလုပ်ရာတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။ 
-
ဦးစွာ တာဝန်ရှိသူတစ်ဦးက သင်တန်း ဆင်းအမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသည့် ကျောင်း သား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာ နှင့်ဂုဏ်ပြုဆုများပေးအပ်သည်။ 
-
အဆိုပါသင်တန်းများတွင် ယဉ်ကျေးလိမ္မာသင်တန်းကိုသင်တန်းသား၊ သင်တန်းသူ ၁၅ဝ ဦး၊ အင်္ဂလိပ်စာ အခြေခံသင်တန်းကိုသင်တန်းသား၊ သင်တန်းသူ ၁၂ဝ ဦး၊ ကွန်ပျူတာအခြေခံသင်တန်းကို သင်တန်း သား၊ သင်တန်းသူ ၉၁ ဦးတို့ဖြင့် မတ် ၂၅ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ဖာပွန်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူသူများအား ကြည့်ရှုအားပေး

ဖာပွန်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူသူများအား ကြည့်ရှုအားပေး
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော  အရာရှိ၊ စစ်သည်၊ မိသားစုများအား ဧပြီ ၈ ရက်နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင် နှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေ အနေများကိုရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ ထိုင်းနိုင်ငံနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံ သံအမတ်ကြီးတို့က သီးခြား စီ ခန့်အပ်လွှာပေးအပ်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ ထိုင်းနိုင်ငံနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံ သံအမတ်ကြီးတို့က သီးခြား စီ ခန့်အပ်လွှာပေးအပ်
-
နေပြည်တော်​ ဧပြီ ၁ဝ 
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သောမစ္စစ်ဆူဖတ်သရာ ဆီမိုင်းသရီဖိတပ်သည် ယနေ့နံနက် ၁ဝ  နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၄င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။ 
-
အလားတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘော တူညီပြီး ဖြစ်သော မစ္စတာ ဟွန်းဆန် ကမ်ဒါလာဗွန်သည် ယနေ့နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သံတမန် ဆောင်ဧည့်ခန်းမ၌ ၄င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။ အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားများသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်း တို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု သတ္တမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု သတ္တမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ
-
နေပြည်တော်၊ ဧပြီ - ၁၀ 
-
မြန်မာနှစ်သစ်ကူးအချိန်အခါတွင် မြန်မာတို့၏ဗုဒ္ဓဘာသာယဉ်ကျေးမှုထုံးတမ်း စဉ်လာများအရ ကောင်းမှုကုသိုလ်အမျိုးမျိုးကို ဆောင်ရွက်ကြရာတွင် ရဟန်းခံ ရှင်ပြုအလှူမင်္ဂလာအခမ်းအနားမှာထူးခြားထင်ရှားသည့် ကုသိုလ်တော်တစ်ခုဖြစ်သည်။ အဆိုပါ ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုအနေဖြင့်နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာသတ္တမအကြိမ်စုပေါင်းရဟန်းခံရှင်ပြု အလှူတော်အောင်ပွဲမင်္ဂလာကုသိုလ်တော်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ကျင်းပပြုလုပ်သည်။
-
-
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး အမှူးပြုသောဧည့်ပရိသတ်အပေါင်းတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အနော်ရထာခန်းမ ရှေ့ဥပစာ၌ အဘိဓဇမဟာရဋ္ဌဂုရု မဟာဝိဇိတာရုံ ဆရာတော်ကြီးအမှူးပြုသော ပင့်သံဃာ ၁၈ ပါးနှင့် ဒုလ္လဘရဟန်း ၂၉၀ ပါး၊ ရှင်သာမဏေ ၅၄ ပါး တို့အား လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
-
-
ယင်းနောက် ကြွရောက်တော်မူလာကြသည့် သံဃာတော် အရှင်သူမြတ်များ၊ ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှုအပြီးတွင်ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအားကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများက လှူဖွယ်ပစ္စည်းများ လောင်းလှူကြ သည်။
-

-

-
ထို့နောက် ရဟန်းခံရှင်ပြုအလှူတော်အောင်ပွဲမင်္ဂလာကုသိုလ်တော်အခမ်းအနားကိုကျင်းပပြုလုပ်ရာနိုင်ငံတော်သြ၀ါဒါစရိယ မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘန္ဒန္တ၀ိစာရိန္ဒာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှတပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။
-

-

-
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများကဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(ရွှေကျင်)၊ ရေဆင်း ကန်ဦးကျောင်းတိုက်ဆရာတော် မဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ၀ိလာသထံမှကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များထံမှ မေတ္တသုတ်ပရိတ် တရားတော်များကိုနာယူကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှကနိုင်ငံတော်သြ၀ါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘန္ဒန္တ ၀ိစာရိန္ဒာဘိဝံသ မဟာဝိဇိတာရုံ ကျောင်းတိုက် ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ထို့နောက်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်တို့က ဘဒ္ဒန္တ၀ိမလဗုဒ္ဓိပါဠိဆရာတော်ကြီးထံလှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
-

-
ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများအသီးသီးဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်ပဓာနနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇဘဒ္ဒန္တ၀ိမလဗုဒ္ဓိထံမှ  အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။ 
-
အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစု သတ္တမအကြိမ် စုပေါင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး ငွေမိုးများရွာသွန်းဖြိုးပေးကြသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများ စုပေါင်းရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနားအား နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ကျင်းပသည့်အခမ်းအနားသည် သတ္တမအကြိမ်မြောက် အလှူတော်မင်္ဂလာဖြစ်ပြီး လှူဒါန်းမှု စုစုပေါင်းငွေ ကျပ်သိန်း ၈၉၀ ကျော်လှူဒါန်းခဲ့ကြောင်းနှင့် ပထမအကြိမ်မှသတ္တမအကြိမ်အထိ ဒုလ္လဘရဟန်း ၁၆၈၃ ပါးနှင့်ရှင်သာမဏေ ၃၀၆ ပါး၊ စုစုပေါင်း ၁၉၈၉ ပါးအား မြင့်မြတ်သောသာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှောက်ခြင်း ကုသိုလ်အလှူတော်အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မြဝတီနေ့စဉ်သတင်းစာ (၁၁-၄-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၁၁-၄-၂၀၁၉)

-
 Download Links

Wednesday, April 10, 2019

ရတနာပုံနေ့စဉ်သတင်းစာ (၁၀-၄- ၂၀၁၉)

တနာပုံနေ့စဉ်သတင်းစာ (၁၀-၄- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၁၀-၄-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၁၀-၄-၂၀၁၉)

-
 Download Links

Tuesday, April 9, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ပထမအကြိမ်  ညှိနှိုင်း အစည်းအဝေး ကျင်းပ
-
နေပြည်တော်  ဧပြီ  ၈ 
-
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ကော်မတီဆောင် I-20 ၌ကျင်းပသည်။ 
-
အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများသည် ရခိုင်ပြည်နယ် အတွက်သာမက ပြည်ထောင်စုတစ်ရပ်လုံး၏ အရေးကြီးသည့် ပဋိပက္ခဖြစ်ကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများကိုလျော့ကျသွားစေရန် ရခိုင် ပြည်နယ်ရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေး၍ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာမှရရှိလာသည့် အခြေခံအချက်အလက်များကိုမူတည်၍ ရေတိုရေရှည်ဆောင်ရွက် ရမည့်လုပ်ငန်းများကို ပြည်ထောင်စုအစိုးရသို့ အစီရင်ခံစာ ရေးသားတင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
-
ထို့နောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် ဦးညီလှငယ်တို့ကရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ အမြန်ဆုံး လျော့ကျ၍ ရခိုင်ပြည်နယ် တစ်ခုလုံးတည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေတိုရေရှည်ဆောင်ရွက်ရမည့်စီမံချက်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။ 
-
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက် အကူပြုကော်မတီ ဒုတိယ ဥက္ကဋ္ဌများ၊ ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

ရန်ကုန် သင်္ကြန် မဏ္ဍပ်များ၌ သီဆို ဖျော်ဖြေမည့် သီချင်းများ အတွက် မူပိုင်ခွင့် ရယူရမည်

-
ရန်ကုန်၊ ယဉ်ကျေးမှု ယခုနှစ် မဟာသင်္ကြန်ပွဲတော် ရန်ကုန် သင်္ကြန်မဏ္ဍပ်များ၌သီဆိုဖျော်ဖြေမည့် သီချင်းများအတွက် မူပိုင်ခွင့်ရယူရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးသန်း၏ပြောဆိုချက်အရ သိရသည်။ 
-
ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်၌ သီဆိုမည့် တေးသီချင်းများအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အနေဖြင့် မူပိုင်ခွင့် ရယူပေးမည်ဖြစ်ပြီး တခြားသောပုဂ္ဂလိကသင်္ကြန်မဏ္ဍပ်များ၌သီဆိုမည့်သီချင်းများအတွက်ကိုမူ ကိုယ်ပိုင် အစီအစဉ်ဖြင့် မူပိုင်ခွင့်ရယူရမည် ဖြစ်သည်။ သင်္ကြန်မဏ္ဍပ်များ၌ တေးသီချင်းများအား  မူပိုင်ခွင့်မယူဘဲ သီဆိုခြင်းကို ခွင့်ပြုပေးမည်မဟုတ်သည့်အပြင် ဖျော်ဖြေမည့်အနုပညာရှင်များ အနေဖြင့်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိခိုက်မှုရှိစေမည့် အပြုအမူများဖြင့် ဖျော်ဖြေခြင်းကိုလည်း ခွင့်ပြုမည်မဟုတ်ဘဲ လိုက်နာမှုမရှိပါက အရေးယူမည်ဖြစ်ကြောင်းသိရသည်။ 
-
''ဒီနှစ် ရန်ကုန်သင်္ကြန်ကို စည်ကားသိုက် မြိုက်စွာကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေး နေပါတယ်။ ဖျော်ဖြေရေး အပိုင်းတွေမှာလည်း အများအမြင်မှာမသင့်တော်တာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။ တေးသီချင်း တွေကအစ မူပိုင်ခွင့် တောင်းခံဆောင်ရွက်ရပါမယ်။ ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်မှာဆိုရင်လည်း   ရိုးရာယဉ်ကျေးမှုအတိုင်း ဖျော်ဖြေပေးမှာပါ။ မဏ္ဍပ်အတွက် အနုပညာရှင်ဖိတ်ကြားမှုတွေကို  သဘင်၊  ဂီတနဲ့   ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီးတော့ လာရောက်ဖျော်ဖြေကြမှာပါ။ လုံခြုံ ရေးပိုင်းတွေနဲ့ စည်းကမ်းထိန်းသိမ်းရေးပိုင်း တွေကိုလည်း စနစ်တကျလုပ်ဆောင်မှာ ဖြစ်ပါတယ်''ဟု ဦးသန်းကပြောသည်။ 
-
ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း တည်ဆောက်ခွင့်ပြုထားသည့် သင်္ကြန်မဏ္ဍပ်များအနေဖြင့်  ဝေဇယန္တာ လမ်း၊ ပါရမီလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မင်းဓမ္မလမ်း၊ ပြည်လမ်း၊ လှည်းတန်းမီးပွိုင့်မှ ပြည်လမ်းအတိုင်း တက္ကသိုလ်ရိပ်သာလမ်း၊  ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာ လမ်း၊  မဟာဗန္ဓုလလမ်း  စသည့်နေရာ တို့၌ ခွင့်ပြုပေးထားပြီး ဗဟိုမဏ္ဍပ်နှင့် ခရိုင် လေးခုမှအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မဏ္ဍပ်လေးခုအပါအဝင် မဏ္ဍပ်အကြီး၊  အသေး  စုစုပေါင်း  ၃၄  ခုခန့် ရှိမည်ဖြစ်သည်။ 
-
ထို့ပြင် ယခုနှစ်တွင် စီးပွားဖြစ်မဏ္ဍပ်များ ကို  ခွင့်ပြုပေးထားခြင်းမရှိကြောင်း၊ မဟာသင်္ကြန်ရက်များအတွင်း  ရေကစား မဏ္ဍပ်များ တည်ဆောက်ရန်စည်းကမ်းချက် ၄၆ချက်နှင့်အညီ ဆောင်ရွက်မည့်မဏ္ဍပ်များကို သာခွင့်ပြုပေး ထားကြောင်း သိရသည်။ 
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

ရန်ကုန်မြို့ရှိ တိုက်ခန်းများသို့ ရေသန့်ဘူး ပို့ဆောင်သည့် နှုန်းထားများ မြင့်တက်လာ

ရန်ကုန်မြို့ရှိ တိုက်ခန်းများသို့ ရေသန့်ဘူး ပို့ဆောင်သည့် နှုန်းထားများ မြင့်တက်လာ
-
နွေဦးရာသီ ရောက်ရှိလာသောကြောင့်ရန်ကုန်မြို့ရှိတိုက်ခန်းများသို့ ရေသန့်ဘူးပို့ဆောင်သည့် ပို့ခနှုန်းထားများ   မြင့်တက်လာကြောင်း  ဒေသခံပြည်သူများထံမှ သိရသည်။ လက်ရှိတွင် နွေဦးရာသီရောက်ရှိလာပြီး  အပူဒဏ်မြင့်တက်လာသည့်အတွက် ရေသန့်ဘူးပို့သည့်အလုပ်သမားများအား လုပ်အားခ  ပိုပေးရသောကြောင့် ပို့ခနှုန်းထားများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း သိရသည်။ 
-
''အခုရာသီက နေအရမ်းပူပြီး အလုပ်သမားတွေလည်း တိုက်အမြင့်တွေပေါ်တက်ရတာအရမ်းပင်ပန်းတယ်။ဒါကြောင့် လုပ်ခတွေပိုတောင်းလာတယ်။ ပိုမပေးရင်အလုပ်မဆင်းတော့ဘူး ဆိုပြီး ထွက်ကြတယ်။ ဒါကြောင့် အလုပ်သမားတွေအလုပ်မထွက်အောင်လခတိုးပေးရတယ်။ အဲဒီအတွက် ဈေးနှုန်းပိုတောင်းရတာပါ''ဟု သင်္ဃန်း ကျွန်း မြို့နယ်ရှိ ရွှေရည်ဦး သောက်ရေသန့်လုပ်ငန်း မှတာဝန်ရှိသူတစ်ဦးကပြောသည်။ 
-
ယခင်က ငါးလွှာတိုက်ခန်း (ဓာတ်လှေ ကားရှိပါက)  ရေသန့်ဘူး ပို့ခ တစ်ဘူးလျှင်  ငွေကျပ်  ၆ဝဝ မှ ယခုအခါ ငွေကျပ် ၇ဝဝ၊ ရိုးရိုးလှေကားနှင့်တက်ပါက တစ်ဘူးလျှင် မူလဈေးထက် ငွေကျပ်၂ဝဝ ပိုပေးရကြောင်း နှင့် တိုက်ခန်းမြင့်လျှင် ဈေးနှုန်းပိုပေးရကြောင်း သိရသည်။ 
-
''နွေရာသီဆိုရင် အမြဲတမ်းဈေးတက်တယ်။ မနှစ်ကလည်းတက်တယ်။  ဇွန်လလောက်မှ ပြန်ကျသွားတာ။  တစ်ဘူးကို ငွေကျပ် ၁ဝဝ နှုန်းတက်သွားတယ်။ လုပ်အားခပိုပေးရတာကြောင့်လို့ ပြောတယ်။ မိုးရာသီ ရောက်ရင် ဈေးပြန်ချပေးမယ်လို့ ပြောတယ်။ ဓာတ်လှေကားရှိရင်တော့ တစ်ဘူးကို ငွေကျပ် ၆ဝဝ ကနေ ၇ဝဝ ဖြစ်သွားတယ်။ ဓာတ်လှေကား မီးပြတ်ရင်တော့ မူလဈေး ထက် ငွေကျပ် ၂ဝဝ ပိုပေးရတယ်'' ဟုသင်္ဃန်းကျွန်းမြို့နယ်(ခ)ရပ်ကွက်၌ နေထိုင်သည့် မနန်းကပြောသည်။ ရန်ကုန်မြို့တွင်း၌ နှစ်စဉ် နွေရာသီရောက်တိုင်း ရေသန့်ဘူးပို့ခနှုန်း ထားများမြင့်တက်လေ့ရှိကြောင်း သိရသည်။       
-
 ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

ကော့သောင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစု ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကော့သောင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစု ဝင်များအား တွေ့ဆုံ၊  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်း မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင်များအား ဧပြီ ၆ ရက်နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့်အဖွဲ့ဝင်များက အဆိုပါမြို့နယ်ရှိ ဘုရင့်နောင် ခန်းမ၌ သွားရောက်တွေ့ဆုံသည်။ ဦးစွာတိုင်းမှူးကအမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းအိမ်ရာနေစစ်သည်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။
-
ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင် ၅၁ ဦးတို့ကို သွေးတိုးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက် ပေးနေမှုများကိုတိုင်းမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှု အားပေးခဲ့ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

မတ္တရာမြို့နယ်၊ မိုးကြိုးစံပြကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မတ္တရာမြို့နယ်၊ မိုးကြိုးစံပြကျေးရွာ၌  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
-
နေပြည်တော်  ဧပြီ  ၈ 
-
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မိုးကြိုးစံပြကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များ၊ သာသနာ့ အနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများကို ဧပြီ၇ ရက်နှင့် ယနေ့တို့တွင်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ အခြေခံပညာအထက် တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ၂၄ ပါး၊ သာသနာ့ အနွယ်ဝင် သီလရှင် ၁ဝ ပါးနှင့် ဒေသခံပြည်သူ ၆၂၁ ဦးတို့ကို ဆေးကုသမှုဆိုင်ရာ ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊နား/ နှာခေါင်း/လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း၊ ECGစက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ အာထရာဆောင်း ရိုက်ပေးခြင်း၊ သွေးချို၊ ဆီးချို၊အသည်းရောင်အသားဝါပိုးများ စစ်ဆေးပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်ပေးခြင်းများ ဆောင်ရွက် ပေးသည်။ ယင်းသို့ဆောင်ရွက် ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှု အားပေးခဲ့ ကြောင်း သတင်းရရှိသည်။                         
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

တိုက်ကြီးမြို့နယ်ရှိ အောင်ဇေယျုံ ကျောင်းတိုက်၌ စုပေါင်းလုပ်အား ဒါနပြုလုပ်

တိုက်ကြီးမြို့နယ်ရှိ အောင်ဇေယျုံ ကျောင်းတိုက်၌ စုပေါင်းလုပ်အား ဒါနပြုလုပ်
-
နေပြည်တော်  ဧပြီ  ၈ 
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်ရှိ အောင်ဇေယျုံကျောင်းတိုက် ပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊တိုက်ကြီးတပ်နယ်မှ တပ်မတော်သားများက ကျောင်းတိုက်အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊  အမှိုက်များရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများလုပ်အားဒါနအဖြစ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ကျိုင်းတုံမြို့နယ်၊ မဟိမွန်ကျေးရွာ အနီး၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ

ကျိုင်းတုံမြို့နယ်၊ မဟိမွန်ကျေးရွာ အနီး၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော်  ဧပြီ  ၈ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့နယ်အတွင်းလုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည်တရား မဝင်သစ် များ စုပုံ ထားကြောင်း သတင်းအရ ဧပြီ ၇ ရက် နံနက် ၉ နာရီခန့်တွင်သွားရောက်စစ်ဆေးရာ ကျိုင်းတုံ-မိုင်းခုတ်သွား ကားလမ်းအနီး မဟိ မွန်ကျေးရွာ၏တောင်ဘက် မီတာ ၁ဝဝဝ ခန့် အကွာနှင့် အနီးဝန်းကျင်သို့အရောက်၌ တရားမဝင်စုပုံထားသော ထင်းရှူးသစ်ခွဲသားဆိုဒ်စုံ၁၈ တန်ခန့်အား ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ 
-
အဆိုပါသိမ်းဆည်းရမိတရားမဝင်သစ်များအား ကျိုင်းတုံမြို့နယ်၊ သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်း အနီး၌ တရားမဝင် သစ်များ ဖမ်းဆီးရမိ

ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်း အနီး၌ တရားမဝင် သစ်များ ဖမ်းဆီးရမိ
-
နေပြည်တော်  ဧပြီ  ၈ 
-
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ သည် ဧပြီ ၄ ရက် နံနက် ၅ နာရီခွဲခန့်တွင် ဘီလူးကျွန်း၏အနောက်ဘက် မိုင် ၂ဝ အကွာ သို့အရောက်၌မသင်္ကာဖွယ်လှေတစ်စင်း တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ အလျား ၆၈ ပေ၊ အနံ ၁၉ ပေခန့်အရွယ် ပန်သစ္စာ အမည်ရှိ လှေတစ်စင်းပေါ်မှ ပဲ့နင်းဖြစ်သူ ဦးစန်းဝင်း(ဘ)ဦးဘစံ အပါအဝင် အမျိုးသား ၁ဝ ဦးကိုတရားမဝင်သယ်ဆောင်လာသော ပိတောက်သစ်ခွဲသား ၃ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ တရားမဝင်သစ်များ နှင့်အတူ ဖမ်းဆီးရမိသူများအား  ချောင်းဆုံမြို့နယ်၊  သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-

#မြ၀တီနေ့စဉ်သတင်းစာ

ရပ်စောက်မြို့နယ်၊ နောင်ဝိုးကျေးရွာ အနီး၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ

ရပ်စောက်မြို့နယ်၊ နောင်ဝိုးကျေးရွာ အနီး၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော်   ဧပြီ   ၈ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက် မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၇ ရက် ညနေ ၃ နာရီ ခန့်တွင် နောင်ဝိုးကျေးရွာ၏ တောင်ဘက် မီတာ ၁ဝဝဝဝ ခန့်အကွာနှင့်အနီးဝန်းကျင် သို့အရောက်၌ တရားမဝင်စုပုံထားသော ပိတောက်သစ် ၁၄ တန်ခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။ 
-
အဆိုပါ သိမ်းဆည်းရမိတရားမဝင်သစ်များအား ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။     
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ နွေရာသီ သင်တန်းများ ဖွင့်လှစ်

အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ နွေရာသီ သင်တန်းများ ဖွင့်လှစ်
-
နေပြည်တော်   ဧပြီ   ၈ 
-
အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ သင်တန်းနှင့် အင်္ဂလိပ်စာ အခြေခံ သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ခိုလမ်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ရာတိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးက အဖွင့် အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းများအလိုက် သင်ခန်းစာသင်ကြားပို့ချနေမှုများကိုလိုက်လံကြည့်ရှုအားပေးကြသည်။အဆိုပါသင်တန်းများတွင်ကွန်ပျူတာ အခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်း သူ ၂၈ ဦး၊ အင်္ဂလိပ်စာ အခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၃၆ ဦးတို့ဖြင့် မေ ၁ဝ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ပြီးတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီး၌လည်း ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ရွှေမြောင်းမြ အခက်အခဲ ရေကြောင်းက လက်တွဲ သယ်ပို့ကူညီေ ဆာင်ရွက်ခဲ့ပြီ

ရွှေမြောင်းမြ အခက်အခဲ ရေကြောင်းက လက်တွဲ သယ်ပို့ကူညီေ ဆာင်ရွက်ခဲ့ပြီ
-
နွေရာသီနေ့လယ်က ပူပြင်းခဲ့သောအပူရှိန်တို့သည်ညလေပြည်အေးတိုက်ခတ်နေမှုကြောင့် နေသာထိုင်သာ ရှိသွားခဲ့ရသည်။  မြစ်ပြင်၏လှိုင်းကြက်ခွပ်လေးများသည် သစ်လွင်သောမြောင်းမြတံတားတစ်လျှောက် ထွန်းထားသည့် ရောင်စုံမီးအလှများ၏ ရောင်ပြန်ဖြင့် ရေပြင်တွင် ရောင်စံကယ် ပွင့်လေးများပမာ လှုပ်ခါယမ်းနေသကဲ့သို့ ကြည့်ကောင်းလှသည်။
-
သြော်... သည်နေရာသို့ ရောက်၍ တာဝန်ထမ်းဆောင်ခဲ့သည်မှာ တစ်နှစ်ပြည့်ပေတော့မည်။ ၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက် တွင် အရှည် ၈၃ဝ မီတာရှိမြောင်းမြကြိုး တံတားသည် သက်တမ်းနှစ် ၂ဝ ကျော်ခဲ့ပြီးအကြောင်းအမျိုးမျိုးကြောင့် ပြိုကျပျက်စီး သွားခဲ့သည်။ ဤအရပ် ဤဒေသကားသည်တံတားကိုအားကိုးနေရ၏။မြောင်းမြမြို့နယ်အတွင်းရှိရွေးမြစ်ကိုဖြတ်၍ဘုရားချောင်းရပ်ကွက်နှင့်မြဟေမာရပ်ကွက်ကိုဆက်သွယ်ထားသော ကြိုးတံတားဖြစ်ခဲ့ပြီး လပွတ္တာမြို့သို့ သွားရောက်နိုင်သကဲ့သို့ လပွတ္တာမြို့မှလည်း ဤတံတားကိုဖြတ်ကာ ပုသိမ်-ရန်ကုန်နှင့် အခြားမြို့များသို့ သွားလာရာတွင် ဖြတ်သန်းရသည့် တံတား ဖြစ်ပေသည်။ မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်များနေ့စဉ်ဥဒဟိုသွားလာကူးသန်းဖြတ်သွားနေရသောတံတားဖြစ်ရကား တံတားကျိုးကျ ပျက်စီးသည်နှင့် ကူးသန်းသွားလာမှုအားလုံးရပ်ဆိုင်း၍ ပြည်သူလူထု ဒုက္ခရောက်ကြရသည်။ လူချည်းပဲဆိုလျှင် စက်တပ်လှေငယ်များဖြင့်ကူးနိုင်သော်လည်း မော်တော်ယာဉ်များ၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်များအတွက် အခက်အခဲကြုံခဲ့ရသည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ  ဇက်ရေယာဉ်နှစ်စင်းဖြင့် ပို့ဆောင်ပေးသော်လည်း ဆင့်ပါးစပ်နှမ်းပက်သကဲ့သို့ လုံလောက်မှုကား မရှိခဲ့ပေ။
-
ဤတံတားကျိုး ကျမှုကြောင့် ဒေသခံပြည်သူ လူထုများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကအစ ကြန့်ကြာ တုံ့နှေးမှု ဖြစ်ရတော့မည့်အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ သို့သော် ဤအခက်အခဲကိုကူညီဖြေရှင်းကျော်လွှား နိုင်ရန် တပ်မတော်အကြီးအကဲ၏လမ်းညွှန်မှု၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၏   ညွှန်ကြားမှုတို့ဖြင့်  ဟိုင်းကြီးကျွန်းရှိ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်မှ ကမ်းထိုးရေယာဉ်နှစ်စင်းအလျင်အမြန်ထွက်ခွာခဲ့ပြီး ဤနေရာသို့ ၂ဝ၁၈ခုနှစ် ဧပြီ ၁၄ ရက်တွင် ရောက်ရှိကာ ပြည်သူလူထုသွားလာမှုလွယ်ကူချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုမပြတ်တောက်စေ ရေးအတွက် နေ့စဉ် အခေါက်ခေါက်အခါခါ အခမဲ့တင်ဆောင်၍ ဟိုဘက်ကမ်း သည်ဘက်ကမ်းလူးလာစုန်ဆန် ပို့ဆောင်ပေးခဲ့ကြရသည်။သို့အတွက်လည်း ဒေသခံပြည်သူ လူထု၏ ယုံကြည်ကိုးစားကျေးဇူးတင်မှုတို့ကိုရရှိခဲ့သည်။
-
တကယ်တော့ ကျေးဇူးတင်ရန်မလိုပါ။မိမိတို့တပ်မတော်သည် ပြည်သူလူထုအခက်အခဲမှန်သမျှကို ကူညီ ဖြေရှင်း ပံ့ပိုးပေးရမည်ဟူသော ခံယူချက်က တပ်မတော်သားတိုင်း၏စိတ်တွင် သန္ဓေတည်ပြီး သားပင်ဖြစ်ပေသည်။ လိုအပ်သည့် နေရာတိုင်းတွင် အစွမ်းကုန်ကူညီဆောင် ရွက်ပေးမည့် ပြည်သူတို့၏တပ်မတော်သားများပေတည်း။ မိမိတို့ရေယာဉ်မှစစ်သည်နှစ်ဦးမှာလည်း မြောင်းမြသားများဖြစ်နေရာသူတို့အရပ်သူတို့ဒေသမှဆွေမျိုးသားချင်းများနှင့် တွေ့ဆုံ ရသည့်အပြင် တပ်မတော်သည် ပြည်သူလူထု အတွက်  အရေးကြုံလာပါက ရှေ့ကအမြဲရပ်တည်၍ကူညီဆောင်ရွက် ပေးလျက်ရှိသည်ကိုမိတ်ဆွေသူငယ်ချင်းဆွေမျိုးရင်းများအားလက်တွေ့ပြသခွင့်ရခဲ့သည့်အတွက် ဝမ်းသာ ဂုဏ်ယူပျော်ရွှင်မဆုံးဖြစ်ကြရသည်။
-
မိမိတို့ကမ်းထိုးရေယာဉ်များက မြစ်ပြင်ကိုဖြတ်၍ အကြိမ်ကြိမ်အခါခါသယ်ဆောင်ပေးနေကြချိန်တွင်လည်း တံတားတည်ဆောက်ရေးလုပ်ငန်းခွင်၌အင်ဂျင်နီယာနှင့်ဝန်ထမ်းများကအားကြိုးမာန်တက်တည်ဆောက်နေ ကြပြီး လုပ်ငန်း တိုးတက်မှုများကို နေ့စဉ် ဝမ်းပန်းတသာကြည့်ရှုမြင်တွေ့ခဲ့ကြရသည်။
-
သြော်...ယနေ့ ၂ဝ၁၉ ခုနှစ် ဧပြီ ၁ ရက်တွင် မြောင်းမြတံတားသစ်ကြီးကို အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းကို မိမိတို့ တပ်မတော်သားများအနေဖြင့် ပြည်သူလူထုနှင့်အတူ ဝမ်းသာကြည်နူးခဲ့ရပေသည်။ တံတားမဖွင့်မီ ၂ဝ၁၉ ခုနှစ် မတ် ၂၉ ရက်က မြောင်းမြ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်တက်ရောက် ၍ မိမိတို့စစ်ရေယာဉ်မှ အရာရှိ၊ စစ်သည်များအားနှုတ်ဆက်ညစာစားပွဲ ကျင်းပပေးခဲ့သည်။ ကျေးဇူးတင်စကားပြောကြား၍ ပုဆိုးတစ်ယောက်တစ်ထည်စီ လက်ဆောင် ပေးခဲ့သည်။   ဒေသခံပြည်သူလူထု၏ကျေးဇူးတင် နှုတ်ဆက်စကားများကြားခဲ့ရ၍ဝမ်းသာဂုဏ်ယူမိသော်လည်း မိမိတို့တပ်မတော်သားများမှာ မိမိတို့တာဝန်ကိုကျေပွန်စွာထမ်းဆောင် ခဲ့ကြခြင်းမျှသာဖြစ်ပါသည်။
-
တစ်နှစ်တာနေထိုင်ခဲ့ရသော ဒေသ၊ မြစ်ပြင်၊ ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့နှင့် မိသားစုဝင်များသဖွယ် သံယောဇဉ်ယှက်နွှယ်ခဲ့ကြပြီး ရင်တွင်းကိုယ်စီမှရင်းနှီးချစ်ကြည်မှုများက ခိုင်မြဲနေခဲ့ပြီဖြစ်သည်။သို့သော်လည်း တံတားကြီးလည်းအပြီး မိမိတို့ တပ်မတော်သားများ၏တာဝန်မှာလည်း ကျေပွန်ခဲ့ပြီဖြစ်၍ ဧပြီ ၂ ရက်တွင် ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်တည်ရှိရာဟိုင်းကြီး ကျွန်းသို့ ပြန်ကြရပေတော့မည်။မိမိတို့စစ်ရေယာဉ်များပြန်လည်ထွက်ခွာခါနီး လာရောက်နှုတ်ဆက်ကြသူများအနက်မှတစ်ချိန်ကအရေးပေါ်လူနာတင်ကားနှင့် အတူ ညအချိန်မတော် မိမိတို့စစ်ရေယာဉ်ဖြင့်တစ်ဖက်ကမ်းသို့ပို့ဆောင်ပေးခဲ့သဖြင့် အချိန်မီကလေး မွေးဖွားခွင့်ရရှိခဲ့သည့် မွေးလူနာတစ်ဦး၏မိခင်ဖြစ်သော ဒေါ်လေးသောင်းကလည်းမျက်ရည်တရွှဲရွှဲနှင့် သူမ၏ ၆ လ သားအရွယ် မြေးမလေးအားပွေ့ချီကာ ''လွမ်းနေတော့မှာပဲသားတို့ရယ်''ဟု ပြောမဆုံး ဖြစ်နေခဲ့ပါသည်။
-
မိမိတို့စစ်ရေယာဉ် ပို့ဆောင်ပေးနေခဲ့စဉ်က လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမိုးကျော်သည် စက်တပ်လှေငယ်ဖြင့်သာ ကူးနေခဲ့သည်ကို တွေ့ရ၍ မိမိရေယာဉ်မှ   မြောင်းမြသား ရဲဘော်လေးကလူချင်းသိနေသည့်အားလျော် စွာ မိမိတို့ကမ်းထိုးရေယာဉ်ဖြင့် လုံခြုံစိတ်ချစွာလိုက်ပါစီးနင်းရန် ခေါ်ခဲ့သော်လည်း ''မင်းတို့စစ်သင်္ဘောမို့ မစီးဘူးကွာ''ဟု ခါးခါး သီးသီးငြင်းဆန်ခံခဲ့ရသည်။ သို့သော် ဦးမိုးကျော်ကိုယ်တိုင်အူအတက်ပေါက်၍ ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ ဆောင်ရန် လိုအပ်လာချိန်တွင် ရေယာဉ်ရပ်နားချိန်ဖြစ်သော်လည်း မိမိတို့တပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ်ဖြင့်ပင် လူနာတင်ကားအား ညအချိန်မတော် အရေးပေါ်သယ်ယူပို့ဆောင်ပေးခဲ့မှုကြောင့် အချိန်မီခွဲစိတ်ကုသနိုင်ပြီး အသက်ချမ်းသာရာ ရခဲ့သည်။ ထို့ကြောင့် လည်း မိမိတို့ ရေယာဉ်ပြန်လည်ထွက်ခွာ တော့မည့်နေ့တွင်ဒေသထွက်လက်ဆောင်ပစ္စည်းများ တစ်ပွေ့တစ်ပိုက်ဖြင့် မိသားစုလိုက် လာရောက်နှုတ်ဆက်သော ဦးမိုးကျော်တို့မိသားစုကို မျက်ရည် အဝဲသားဖြင့် တွေ့မြင်ခဲ့ရသေးသည်။
-
''ဒီကပုစွန်ချဉ်တွေက လတ်တာ၊ စားဖို့ ယူသွားနော်'' ဟု အတန်တန်ငြင်းနေသည့်ကြားမှ ပုစွန်ချဉ်ထုပ်များ လက်ထဲ အတင်းလာထည့်ပေးသော ဦးမြင့်စိန်ကိုလည်း မမေ့နိုင်ပါ။ အချိန်ရရင် ရသလိုအင်္ဂလိပ်စာသင်ပေးခဲ့ရသော ကမ်းထိုးရေယာဉ်ပေါ်တွင် ရေသန့်နှင့် အအေးဘူး ရောင်းချသည့် မောင်မျိုး၏ မျက်နှာချိုချို အပြုံးရွှင်ရွှင်လေးအားလည်း သတိရလျက်ပါ။
-
တကယ်တော့ တစ်နှစ်နီးပါးကာလအတွင်း မိမိတို့တပ်မတော်(ရေ)၏ ဇက်ယာဉ်များက ဤမြစ်ပြင်ကိုဖြတ်၍ အသွား အပြန်အကြိမ်ပေါင်း ၁၂၄၃၂ ကြိမ်ပို့ဆောင်ပေးခဲ့ပြီး မော်တော်ယာဉ်  ၁၁၅၁၇၁ စီး၊ မော်တော်ဆိုင်ကယ် ၈၉၆၃၈ စီးနှင့်  ပြည်သူလူထု  ၅၅၅၂၃၇ ဦးအား အခမဲ့သယ်ယူပို့ဆောင်ပေးနိုင်ခဲ့၍ ပြည်သူလူထုနှင့် ဝမ်းမြောက် ဝမ်းသာဖြစ်ခဲ့ကြပါသည်။ တပ်မတော်သည် တိုင်းရင်းသားပြည်သူလူထုအကျိုးစီးပွားကို အစဉ်အမြဲကာကွယ်စောင့်ရှောက်လျက် ပြည်သူတို့၏ အခက်အခဲနှင့် သဘာဝဘေးအန္တရာယ်များကျရောက်၍  ဒုက္ခခံစားရလျှင် မိမိတို့၏မိဘဆွေမျိုး ရင်းချာများသဖွယ်သဘောထားကာ ကူညီ ဆောင်ရွက်ခဲ့သည့်   သာဓကများစွာရှိခဲ့ပါသည်။ ထိုသို့ ကောင်းမွန်သောအစဉ်အလာများကို ထိန်းသိမ်းလျက်  ပြည်သူ့အတွက် အမြဲအသင့်ရှိနေကြပါသည်။
-
ယခုလည်း မြောင်းမြတံတားသစ်ကြီး အောင်မြင်စွာဖွင့်လှစ်နိုင်ပြီဖြစ်သောကြောင့်မိမိတို့ စစ်ရေယာဉ်များမှာ တာဝန်များ ပြီးဆုံး ၍ ပြန်လည်ထွက်ခွာလာခဲ့ကြရပြီဖြစ်သော်လည်း ပြည်သူလူထုအတွက်ကူညီစောင့်ရှောက်ကာကွယ်ရန် မိမိတို့  ကြည်း၊ ရေ၊  လေ တပ်မတော်သားများက အမြဲအသင့်ရှိနေကြမည်သာဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
-
ဆောင်းပါးရှင် -ဗိုလ်ရွှေမင်းသိမ်း
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၊ စစ်သံရုံးမိသားစုများအားတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၊ စစ်သံရုံးမိသားစုများအားတွေ့ဆုံ
-
နေပြည်တော်၊ ဧပြီ - ၈ 
-
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့်ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ်Gen. LiZuocheng ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံပေကျင်းမြို့တွင် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သောမြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်ယနေ့ညနေ ပိုင်းတွင်တရုတ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံးသို့ရောက်ရှိကြရာသံရုံး၊ စစ်သံရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများက ကြိုဆိုနှုတ်ဆက်ကြသည်။
-
ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသံရုံး၊စစ်သံရုံးမိသားစုများနှင့်သင်တန်းသားများအားတွေ့ဆုံ အမှာစကား ပြောကြားရာတွင် မိမိယခုလာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်သည်နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်ရန်အတွက် လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်းပြောကြားပြီး မြန်မာနိုင်ငံအနေဖြင့် ပထ၀ီအနေအထားအရ အရေးပါသည့် တည်နေရာတွင်တည်ရှိသဖြင့်နိုင်ငံအားလုံးနှင့် ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်မှုအခြေအနေများ၊ မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်ပသို့ ပို့ကုန်များတင်ပို့ရာတွင်အရည်အသွေးပြည့် မီရန်လိုအပ်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ အဓိက နယ်စပ် ကုန်သွယ်မှုအနေဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်မှုများပြုလုပ်ရာတွင် မျှတသော ကုန်သွယ်မှုစနစ်အကောင်အထည်ဖော်ဆောင်ရန်လိုအပ်မှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့်တရုတ် နိုင်ငံတို့၏ နယ်စပ်ဒေသကုန်သွယ်မှုမြှင့်တင်ရန် အတွက် မိမိတို့အနေဖြင့်သက်ဆိုင်ရာဌာနများမှ တိုက်တွန်းဆောင်ရွက်ရမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏နိုင်ငံရေး ပြောင်းလဲမှုများနှင့် လက်ရှိလျှောက်လှမ်းလျက်ရှိသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လှမ်းရာတွင် တပ်မတော်မှ ပါဝင်ကူညီ ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်မှဆောင်ရွက်နေမှု အခြေအနေများနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရာ၌ နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုရှိရန်နှင့် လုံခြုံရေးအရတည်ငြိမ် အေးချမ်းမှုရှိရန်လိုအပ်မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
-
-
ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင်သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများအားပေးအပ်ရာသံအမတ်ကြီး၊ စစ်သံမှူး နှင့် သံရုံး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသားအရာရှိများက လက်ခံရယူကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား သံရုံး၊ စစ်သံရုံးမိသားစုများကညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြ ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ချစ်ကြည်ရေးခရီးထွက်ခွာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ချစ်ကြည်ရေးခရီးထွက်ခွာ
-
နေပြည်တော်၊ ဧပြီ - ၈ 
-
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့်ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ်Gen. LiZuocheng ၏ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာကြသည်။
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး  H.E. Mr. Hong liang နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ Chagshui   လေဆိပ်သို့ ရောက်ရှိကြရာ ယူနန်ပြည်နယ်စစ်ဒေသ၊ နိုင်ငံရေးမှူး Maj. Gen. Yu Kun၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Zhanguo Hua နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှအရာရှိကြီးများ၊ ကူမင်းကောင်စစ်ဝန်ချုပ်ဦးစိုးပိုင်၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်တင့်ဆန်းနှင့် တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ယူနန်ပြည်နယ်ပါတီအတွင်းရေးမှူး Mr. Chen Hao က နေ့လယ်စာဖြင့်တည်ခင်းဧည့်ခံသည်။ နေ့လယ်စာ သုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယူနန်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် တာဝန်ရှိ သူများအား လက်ဆောင် ပစ္စည်းများပေးအပ်သည်။
-
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်နေ့လည်ပိုင်းတွင်ကူမင်းမြို့ရှိ Chagshui  လေဆိပ်မှ ဆက်လက်ထွက်ခွာကြပြီး ညနေပိုင်းတွင် ပေကျင်းမြို့၊ Nanyuan တပ်မတော်လေဆိပ်သို့ ရောက်ရှိကြရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ တရုတ်ပြည်သူ့ လွတ်မြောက် ရေးတပ်မတော် နိုင်ငံတကာစစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေးရုံးမှတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခေတ္တတည်းခို နေထိုင်မည့် ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာသို့ ရောက်ရှိခဲ့သည်။
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြသည်။ အဆိုပါ ချစ်ကြည်ရေးခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သင်တန်းကျောင်းများ၊ စက်ရုံများနှင့် အထင်ကရနေရာများအားလှည့် လည်ကြည့်ရှုလေ့လာခြင်းများဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရတနာပုံနေ့စဉ်သတင်းစာ (၉-၄- ၂၀၁၉)

တနာပုံနေ့စဉ်သတင်းစာ (၉-၄- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၉-၄-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၉-၄-၂၀၁၉)

-
 Download Links

Monday, April 8, 2019

ရတနာပုံနေ့စဉ်သတင်းစာ (၈-၄- ၂၀၁၉)

တနာပုံနေ့စဉ်သတင်းစာ (၈-၄- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၈-၄-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၈-၄-၂၀၁၉)

-
 Download Links

Friday, April 5, 2019

ရတနာပုံနေ့စဉ်သတင်းစာ (၅-၄- ၂၀၁၉)

တနာပုံနေ့စဉ်သတင်းစာ (၅-၄- ၂၀၁၉)
-
Download Links
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger