www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 30, 2018

စလင်းမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အချို့နှင့် တယ်လီနောတာဝါတိုင် လဲပြိုကျ



စလင်း ၃ဝ-၄-၂ဝ၁၈

မကွေးတိုင်းဒေသကြီး စလင်းမြိ့နယ် မကျီးပင်ပု ကျေးရွာအုပ်စု ကူတိုကျေးရွာတွင် ဧပြီ ၂၈ ရက်ညနေ ပိုင်းက မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် အချို့နှင့် တယ်လီနော ဆက်သွယ်ရေး တာဝါတိုင် လဲပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း စလင်းမြို့ မကျီးပင်ပုကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စလင်းမြို့နယ်နှင့် ကူတိုကျေးရွာ ဝန်းကျင်၌ မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့မှုကြောင်း ကူတိုတောင်ရွာ၊ ပြွန်သုံးလုံးရပ်နေ ဦးခင်မောင်နိုင်- ဒေါ်မေရီဌေးတို့၏ နေအိမ်ဝိုင်းအတွင်းရှိ တယ်လီနော ဆက်သွယ်ရေး တာဝါတိုင်မှာ လဲပြိုကျမှု ဖြစ်ပွားခဲ့ကာ ကျေးရွာအတွင်းရှိ နေအိမ်များ၊ နွားတင်းကုပ်များ အမိုး လန်ပျက်စီးမှုများနှင့် သက်တမ်းရင့် သစ်ပင်ကြီးများ လဲပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ညနေပိုင်း လေးနာရီကျော်မှာ လေပြင်းတွေ စတိုက်ခတ်တယ်။ နေအိမ်တွေလဲပြို အမိုး လန်ကုန်တယ်။ အင်းပုတ်ရွာအနီး ကုက္ကိုတန်းက သက်တမ်းရင့် အပင်ကြီးတွေ ကျိုးကျတယ်။ မကျီးပင်ပုကျေးရွာ အုပ်စုမှာရှိတဲ့ ရွာကိုးရွာရှိ နေအိမ်တွေ အမိုးတွေ လန်ကုန်တာများတယ်။ အိမ်ပြိုတာက အိမ်ငယ်လေးတွေ နွားတင်းကုပ်တွေ များတယ်။ လေပြင်းတိုက်ခတ်တာ ဖုန်းတာဝါတိုင်တောင် လဲပြိုကျခဲ့တယ်" ဟု ဒေသခံတစ်ဦးက ပြောပြ၍ သိရသည်။

အဆိုပါ လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ နွားတင်းကုပ်များနှင့် သစ်ပင်ကြီးများ ကျိုးကျပျက်စီးခဲ့သည့် အရေအတွက်ကို စာရင်းကောက်ယူ နေကြောင်း၊ လေပြင်းတိုက်ခတ် မှု့ကြောင့် လူ၊ တိရစ္ဆာန်အသေအပျောက်၊ ထိခိုက် ဒဏ်ရာရရှိသူ ရှိ၊ မရှိ မသိရသေးကြောင်း စလင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးအေးကိုက ပြောပြ၍ သိရသည်။

#Themyawadydaily

မန္တလေးတိုင်းဒေသကြီး၌ ယခုနှစ်မိုးကာလတွင် သစ်တောစိုက်ခင်းဧက ၂၇၆၉ ဧက စိုက်ပျိုးသွားမည်



မန္တလေး ၃ဝ-၄-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးနှင့် သစ်တော ဖုံးလွှမ်းမှုဧရိယာ တိုးပွားနိုင်ရေးအတွက် ယခုနှစ်မိုးကာလတွင် သစ်တောစိုက်ခင်းဧက ၂၇၆၉ ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောပြ၍ သိရသည်။

ယခုနှစ် မိုးကာလအတွင်း နိုင်ငံတော်စီးပွားရေး အတွက် ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်တို့ကို ဧက ၁၅၁ဝ စိုက်ပျိုးရန် လျာထားပြီး မြစ်ကမ်းပါးပြို ကာကွယ်ရေးနှင့် ဆည်မြောင်း၊ တာတမံရေရှည် ထိန်းသိမ်းရေးတို့အတွက် ရေဝေရေလဲစိုက်ခင်း ၅၄၅ ဧကစိုက်ပျိုးရန် လျာထားကာ ကျေးရွာနေပြည်သူ လူထုအတွက် ကျေးရွာထင်းစိုက်ခင်း ၇၁၄ ဧက စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးပေးရာ၌ ပြင်ဦးလွင်ခရိုင်တွင် သစ်တောစိုက်ဧက ၂ဝ၇ဝ၊ ကျောက်ဆည်ခရိုင်တွင် ဧက ၂၅ဝ၊ မိတ္ထီလာ ခရိုင်တွင် ၂၄၉ ဧကနှင့် ရမည်းသင်းခရိုင်တွင် ဧက ၂ဝဝ စုစုပေါင်း သစ်တောစိုက်ဧက ၂၇၆၉ဧကကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးမည့်သစ်ပင်များကို သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်များတွင် ပြုစုပျိုးထောင်ပြီး စိုက်ပျိုးခြင်းလုပ်ငန်းများကို ဇွန်လတွင် စတင်စိုက်ပျိုးရန် မျှော်မှန်းထားကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောပြ၍ သိရသည်။

#Themyawadydaily

နမ့်ခမ်းမြို့နယ်အတွင်း တရားမဝင်သစ်များနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ



နေပြည်တော် ၃ဝ-၄-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ ကွန်လုံကျေးရွာအနီး၌ တရားမဝင် သစ်တင်ယာဉ်များ ရပ်တန့်ထားကြောင်း သတင်းအရ ယနေ့နံနက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာကွန်လုံ ကျေးရွာအထွက် နတ်စင်အနီး၌ ရပ်တန့်ထားသည့် ယမ်းဖောင်အမျိုးအစား ခြောက်ဘီးယာဉ် သုံးစီးပေါ်တွင် တင်ဆောင်ထားသော တရားမဝင်ကျွန်းသစ် လုံးနှင့် ပိတောက်ဓားရွေတုံး ဆိုဒ်စုံတန် ၃ဝခန့်ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ယနေ့ညနေပိုင်းတွင် ဟိုနားကျေးရွာ အနီး၌ ရပ်တန့်ထားသော သစ်တင်ယာဉ် ၁၁ စီးကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါ မော်တော်ယာဉ်များနှင့် တရားမဝင် သစ်များကို နမ့်ခမ်းမြို့နယ် သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

ပခုက္ကူခရိုင်အတွင်း ရေရှားပါး ပြတ်လပ်သည့် ကျေးရွာများသို့ သောက်သုံးရေများ စတင်လှူဒါန်း ဖြန့်ဝေ



ပခုက္ကူ ၃ဝ-၄-၂ဝ၁၈

ပခုက္ကူခရိုင်အတွင်းရှိ ရေရှားပါးပြတ်လပ်သည့် ကျေးလက်ဒေသများသို့ သောက်သုံးရေများ စတင်လှူဒါန်းဖြန့်ဝေ နေပြီဖြစ်ကြောင်း ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသများသို့ နွေရာသီသောက်သုံးရေ အပြည့်အဝ ရရှိစေရန် သောက်သုံးရေများ နှစ်စဉ်ဖြန့်ဝေပေးလျက်ရှိရာ ယခုနှစ်နွေရာသီတွင် မတ် ၂၆ ရက်မှစ၍ ယနေ့အချိန်ထိ အဆက်မပြတ် ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

"ဒီနှစ်နွေရာသီ မတ်လကစပြီး အမှန်တကယ် ရေရှားပါးပြတ်လပ်တဲ့ ကျေးရွာတွေကို သွားရောက် လှူဒါန်းဖြန့်ဝေ နေပါပြီ။ မြိုင်မြို့နယ် ပန်းတိုင်းတောမှာ မတ်လက သုံးခေါက်၊ ဧပြီ၁၆ရက်က သုံးခေါက်၊ဧပြီ ၂ဝ ရက်ကတစ်ခေါက်၊ ဇီးတောရွာမှာ တစ်ခေါက်၊ ပေါက်မြို့နယ် တာချောင်းကျေးရွာမှာ ဧပြီ ၂၁ ရက်က လေးခေါက်သောက်သုံးရေ ဖြန့်ဝေပြီးပါပြီ။ ဒီနေ့လဲမြိုင်မြို့နယ် ကျော်ရွာမှာ ဖြန့်ဝေခဲ့ပါတယ်။ လောလောဆယ်တော့ ပခုက္ကူခရိုင်အတွင်း မြို့နယ်တွေမှာ ရေပြတ်လပ်မှု နည်းပါတယ်။ အတော်များများကတော့ စက်ချို့ယွင်းမှုကြောင့် ရေပြတ်ရတာ များပါတယ်"ဟု အဆိုပါဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင့်ဝေက ပြောပြသည်။

ယခုနှစ်နွေရာသီတွင် ပခုက္ကူခရိုင် အတွင်းရေရှားပါး ပြတ်လပ်နိုင်သည့် မြို့နယ်၊ ကျေးရွာများမှာ ရေစကြိုမြို့နယ်တွင် ငါးရွာ၊ မြိုင်မြို့နယ်တွင် ခြောက်ရွာ၊ပေါက်မြို့နယ်တွင် သုံးရွာ စုစုပေါင်း၁၄ရွာ စာရင်းလျာထား ကောက်ယူထားကြောင်း အဆိုပါဦးစီးဌာန၏ စာရင်းမှတ်တမ်းများအရ သိရသည်။

#Themyawadydaily

မင်းလှမြို့နယ်တွင် လိုက်ထရပ်ယာဉ် တစ်စီးတိမ်းမှောက် ယာဉ်ပေါ်ပါ လူနှစ်ဦးသေဆုံး၊ ၁၉ ဦး ပြင်းထန်ဒဏ်ရာရ



မကွေး ၃ဝ-၄-၂ဝ၁၈

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ကန်တုတ်-စစ္စနိုး ကားလမ်း မိုင်တိုင်အမှတ် (၁၆/၁) နှင့် (၁၆/၂)ကြားတွင် ဧပြီ၂၈ရက် ညနေ ၃ နာရီ မိနစ် ၃ဝ ခန့်က လိုက်ထရပ်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါလူနှစ်ဦး သေဆုံးပြီး ၁၉ ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဒုတိယရဲအုပ် နေအောင်ဦးသည် ရေနံမကျေးရွာမှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကန်တုတ်စစ္စနိုးကားလမ်း မိုင်တိုင်အမှတ် (၁၆/၁)နှင့် (၁၆/၂)ကြားတွင်မြိုင်မြို့နယ် ပေါင်းတည် ကျေးရွာမှ ကျောက်ပုံကျေးရွာသို့ မိန်းမတောင်း ရန်လာသော ငနောင်မုန်းရေနံမှော်နေသူ ယာဉ်မောင်း လင်းမောင်မောင် (ဘ) ဦးသန်းဆင့် မောင်းနှင်သည့် BGO 7N/ ---- LIGHT TRUCK အဖြူရောင် ယာဉ်မှာ ခရီးသည် ၂၁ ဦးတင်ဆောင်ပြီး ငနောင်မုန်းရေနံမှော်မှ တစ်ဆင့် ကန်တုတ်စစ္စနိုး ကားလမ်းအတိုင်း ကျောက်ပုံကျေးရွာသို့ မောင်းနှင်လာစဉ် ယာဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်သို့ တိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များဖြစ်သော ကုက္ကိုလ်စုရွာ မူလတန်းကျောင်းအုပ် ဦးတင်ဦးနှင့်မြိုင်မြို့နယ် ပေါင်းတည်ရွာနေ ဒေါ်မြစန်းတို့နှစ်ဦးမှာ အချင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ယာဉ်မောင်းနှင့် အခြားယာဉ်ပေါ်ပါ ခရီးသည် ၁၉ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း လင်းမောင်မောင်ကို ယာဉ်(ပ)၅/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃ဝ၄(က)/၃၃၈/၃၃၇ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

အေးရှားဝေါလ်ဆိပ်ကမ်းရှိ ကုန်သေတ္တာကြီးများကို အတင်အချပြုလုပ်ရန် စက်ပစ္စည်းအသစ်များ တပ်ဆင်အသုံးပြု



ရန်ကုန် ၃ဝ-၄-၂ဝ၁၈

အေးရှားဝေါလ်ဆိပ်ကမ်းရှိ ကုန်သေတ္တာကြီးများကို အတင်အချ ပြုလုပ်ရာတွင် ကိုင်တွယ်သုံးဆွဲမည့် စက်ပစ္စည်းအသစ်များ စတင်အသုံးပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုံမြို့နယ် ကွင်းကျောင်းလမ်းရှိ
အေးရှားဝေါလ် ဆိပ်ကမ်းဝင်း၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

''နိုင်ငံတစ်နိုင်ငံရဲ့ ထုတ်ကုန်သွင်းကုန်တွေကို အင်တာနေရှင်နယ် ဂိတ်ဝေးတစ်ခုအနေနဲ့ ဆောင်ရွက်နေတဲ့ ဆိပ်ကမ်းတစ်ခုက ဘယ်လောက် အရေးကြီးတယ်ဆို တာကို အားလုံးသိကြပြီး ဖြစ်ပါတယ်။ လတ်တလောမှာကွန်တိန်နာ ကိုင်တွယ်နိုင်တဲ့ ဆိပ်ကမ်းကြီးက ငါးခုပဲရှိပါတယ်။ အဲဒီငါးခုထဲမှာ အေးရှားဝေါလ် ဆိပ်ကမ်း ပါဝင်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး လုပ်ငန်းတွင် အဓိက အရေးပါသည့် ဆိပ်ကမ်း ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသော အေးရှားဝေါလ်ဆိပ်ကမ်း၏ ရေရှည်စီမံကိန်းအတွက် ဆိပ်ကမ်းဆိုင်ရာ ပစ္စည်းကိရိယာများ ဖြစ်ကြသည့် Rubber Tyred Gantry(RTG) ကိုးခု Mobile Harbour Crane(MHC) တစ်ခု Reach Stacker (RS) နှစ်ခု Empty Container Handler(ECH) နှစ်ခု၊ စုစုပေါင်း စက်ပစ္စည်း ကိရိယာအသစ် ၁၄ ခုကို ရင်းနှီး မြှုပ်နှံတပ်ဆင် အသုံးပြုလျက် ရှိသည်။

''ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ရဲ့ ကုန်တင်ကုန်ချ လုပ်ငန်းတွေမှာ ဆောင်ရွက်ဖို့နဲ့ ဆိပ်ကမ်းလုပ်ငန်း တိုးတက်ဖို့ အတွက် ထပ်မံတပ်ဆင် အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒါတွေကိုတပ်ဆင် လိုက်တဲ့အတွက် ဆိပ်ကမ်းမှာရှိတဲ့ကုန်သေတ္တာ ကိုင်တွယ်မှုတွေ လျင်မြန်လာပြီး ထုတ်ကုန်သွင်းကုန် လုပ်ငန်းတွေမှာလည်း များစွာ အကျိုးရှိလာမှာပါ''ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်က ပြောသည်။

ယခုကဲ့သို့ စက်ပစ္စည်း အသစ်များကို အသုံးပြုနိုင်ခြင်းကြောင့် ကွန်တိန်နာ ငါးလုံးစီနိုင်သည့် အနေအထားမှ ကွန်တိန်နာ ခုနစ်လုံးအထိ စီနိုင်မည်ဖြစ်ပြီး ယင်းပစ္စည်း အသစ်များကြောင့် ကုန်ထုတ်စွမ်းရည်နှင့် စွမ်းဆောင်မှုပိုင်း မြင့်တက်လာမည် ဖြစ်ကြောင်း သိရသည်။ 

#Themyawadydaily

နိုင်ငံ့ဝန်ထမ်းများအား တိုးမြှင့်သတ်မှတ်ပေးသည့် လစာနှုန်းထားများကို ၂ဝ၁၈ ခုနှစ် ဧပြီလမှ စတင်ကာ ခံစားခွင့်ရှိမည်



နေပြည်တော် ၃ဝ-၄-၂ဝ၁၈

နိုင်ငံ့ဝန်ထမ်း လစာနှုန်းထားများကို တိုးမြှင့်သတ်မှတ်ပေးရန် ၂ဝ၁၈ ခုနှစ် ဧပြီ ၂၅ ရက်တွင် ကျင်းပသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ အဖွဲ့အစည်း အဝေးအမှတ်စဉ် (၇/၂ဝ၁၈) ၌ အတည်ပြု ဆုံးဖြတ်ခဲ့ပြီး တိုးမြှင့် သတ်မှတ်ပေးသည့် လစာနှုန်းထားများကို ၂ဝ၁၈ ခုနှစ် ဧပြီလမှ စတင်ကာခံစားခွင့် ရှိမည်ဖြစ်ကြောင်း ယနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာ စာအမှတ် (၃ဝ/၂ဝ၁၈) ဖြင့် ထုတ်ပြန်သည်။

နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်အလေးထား ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော် တည်ဆောက်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် လျက်ရှိသော တပ်မတော် (ကြည်း၊
ရေ၊ လေ) ဝန်ထမ်းများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက် နိုင်ရန်၊ ဝန်ထမ်းများ၏ စားဝတ်နေရေးနှင့် လူနေမှု အဆင့်အတန်းကို အထိုက်အလျောက် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ တိုးမြှင့်သတ်မှတ် ပေးခြင်းဖြစ်ကြောင်း အဆိုပါ အမိန့်ကြော်ငြာစာတွင် ပါရှိသည်။

လက်ရှိလစာနှုန်းမှ တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲသွားသည့်အခါ နှစ်တိုးများကို လက်ရှိလစာနှုန်းအရ နှစ်တိုးကာလများ အတိုင်းဆက်လက် ခံစားခွင့်ပြုမည် ဖြစ်ပြီး တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲမှုကြောင့် နှစ်တိုးကျရောက်သည့် နေ့များပြောင်းလဲ သွားခြင်းမရှိကြောင်း သိရသည်။

အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာ၊ ဌာနအဖွဲ့အစည်းများတွင် ခန့်ထားသည့် ဝန်ထမ်းများ၏ ပုံသေလစာ၊ နေ့စားလုပ်ခ၊ ကျွမ်းကျင်သူများ၏ လစဉ်ထောက်ပံ့ငွေ၊ ပညာရှင်များ၏ ချီးမြှင့်ငွေများ တိုးမြှင့်သတ်မှတ်ခြင်း တို့နှင့် ပတ်သက်၍ သုံးသပ်တွက်ချက်ကာ သီးခြားထုတ်ပြန်သွားမည် ဖြစ်ပြီး ဒေသစရိတ် ခံစားခွင့်နှင့် ပတ်သက်၍လည်း တိုးမြှင့်သည့် လစာနှုန်းထားနှင့်အညီ ခံစားခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမိန့်ကြော်ငြာစာတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများအတွက် သတ်မှတ်ထားသော လစာ၊ စရိတ်နှုန်းထားများနှင့် ခွင့်ပြုပေးနိုင်မည့် အငြိမ်းစားလစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို ကာကွယ်ရေး ဝန်ကြီးဌာန ကာကွယ်ရေး ကောင်စီသို့တင်ပြ၍ အတည်ပြုချက် ရယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားရေး ဝန်ထမ်းများနှင့် အခြားအလားတူ ဝန်ထမ်းများသည် ပြည်ပတွင် တာဝန်ထမ်း ဆောင်နေစဉ်အတွင်း လက်ရှိခံစားနေသော လစာနှုန်းများအတိုင်းသာ နိုင်ငံခြားသုံးငွေဖြင့် ထုတ်ယူခံစားရန် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ရသည့်အခါ ရာထူးအဆင့်နှင့် လျော်ညီစွာ သတ်မှတ်ထားသော လစာနှုန်းသစ်ကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၌ တာဝန်ထမ်းဆောင် နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို အောက်ပါ အတိုင်းတိုးမြှင့်သတ်မှတ် ထားကြောင်း သိရသည်။

#Themyawadydaily

ကဆုန်လပြည့်နေ့တွင် မန္တလေးမြို့အနှံ့အပြား ညောင်ရေသွန်းလောင်းပူဇော်ပွဲများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားခဲ့


စွယ်တော်မြတ်စေတီတော်(မန္တလေး) သတ္တမအကြိမ် ကဆုန်ေ ညာင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပနေမှုကို တွေ့ရစဉ်။

မန္တလေး ချမ်းအေးသာစံမြို့နယ်ရှိ အောင်တော်မူဘုရား ညောင်ရေသွန်းလောင်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပစဉ်။

မန္တလေး ၃ဝ-၄-၂ဝ၁၈

ယနေ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်နေ့တွင် မန္တလေးမြို့ပေါ်ရှိ အထင်ကရနေရာများ၌ ဘုရားဖူးများ၊ အလည်အပတ် လာရောက်သူများဖြင့် စည်ကား များပြားခဲ့ပြီး ညောင်ရေသွန်း ပွဲတော်များလည်း တခမ်းတနား ကျင်းပခဲ့ကြောင်း သိရသည်။

ဘုရားဖြစ်ရန် ဗျာဒိတ်ခံယူတော် မူသောနေ့၊ ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားတော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံတော်မူသော နေ့လည်းဖြစ်သည့် ကဆုန်လပြည့်နေ့တွင် ဘုရား ဖြစ်တော်မူသည့် ဗောဓိညောင်ပင်ကို ရေစင်သွန်းလောင်းသည့် ညောင်ရေသွန်း ပွဲတော်များကို မန္တလေးမြို့ပေါ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး အထင်ကရ နေရာများဖြစ်သည့် မဟာမုနိရုပ်ရှင်တော်၊ မန္တလေးတောင်၊ ကုသိုလ်တော်ဘုရား၊ စွယ်တော်မြတ်စေတီ၊ ကျောက်စိမ်းစေတီ၊ တောင်သမန် အင်း/တံတားတို့၌ ဘုရားဖူးများ၊ အလည်အပတ် လာရောက်သူများဖြင့် စည်ကားများပြား ခဲ့ကြောင်း သိရသည်။

"ဒီနေ့ဘုရားကြီးမှာ လူအပြည့်ပါပဲ။ မနက်ပိုင်း ညောင်ရေသွန်း ပွဲတော်ကျင်းပတယ်။ နေ့ထူးနေ့မြတ် လည်းဖြစ်တော့ မနက်ကတည်းက ဘုရားဖူးတွေ တဖွဲဖွဲနဲ့လူဦးရေ တစ်သိန်းကျော်လောက် လာရောက်ကြပါတယ်"ဟု မဟာမုနိဘုရားကြီး ဂေါပက အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောပြသည်။

ထို့ပြင် ချမ်းအေးသာစံမြို့နယ် အောင်တော်မူ ဘုရားတွင်လည်း ညောင်ရေသွန်း လောင်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အလားတူ မန္တလေးတောင်ခြေ တွင်လည်းယနေ့ နံနက် ၁၁နာရီက သံဃာတော်များ ပင့်ဖိတ်၍ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်ပြီး ရေစက်ချတရားနာကာ မင်းတုန်းမင်း တရားကြီးစိုက်ပျိုးခဲ့သည့် နှစ် ၁၅ဝ ကျော်သက်တမ်းရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

"ညောင်ရေသွန်းပွဲတော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူတွေလဲ တက်ရောက်ပါတယ်။ မန္တလေး တောင်ပေါ်ကိုလဲ ဘုရားဖူးဧည့်သည် သောင်းဂဏန်းလောက် လာကြပါတယ။် ဂေါပကအဖွဲ့က မုန့်ဟင်းခါး ၃၅ ပိဿာနဲ့ ကြာဆံဟင်းခါးအပြင် အလှူရှင် တွေကလဲ မုန့်လက်ဆောင်း၊ ရေခဲမုန့်၊ ဖျော်ရည် စတာတွေကို စတုဒိသာ ကျွေးမွေး ကြပါတယ်။ ဗောဓိညောင်ပင်က မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်မှာ ကျောက်တော်ကြီးဘုရားထောင့်လေးထောင့်မှာ မင်းတုန်းမင်း ကြီးစိုက်ခဲ့တဲ့ အထဲက တစ်ပင်တည်း ရှင်ကျန်တဲ့ ဗောဓိညောင်ပင်ပါ"ဟု မန္တလေးတောင်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောပြသည်။

ထို့ပြင် မန္တလေးတောင်ခြေရှိ ကုသိုလ်တော် ဘုရားတွင်လည်း ဘုရားဖူးများ၊ ညောင်ရေသွန်းလောင်း သူများနှင့် စည်ကားများပြားခဲ့ပြီး ဘုရားဖူးများကို အလှူရှင်အဖွဲ့များက အချိုရည်၊ မုန့်မျိုးစုံဖြင့် စတုဒိသာများ ကျွေးမွေး ကုသိုလ်ပြုကြကြောင်း သိရသည်။

အလားတူ မန္တလေး အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီတော်တွင် သတ္တမအကြိမ်မြောက်က ဆုန်ညောင်ရေ သွန်းပွဲတော်ကို ညနေ ၄ နာရီခွဲက သီရိလင်္ကာနိုင်ငံမှ ဓမ္မလက်ဆောင် ရရှိစိုက်ပျိုးထားသည့် ဗောဓိညောင်ပင်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဂေါဓရဂါမ် ကျေးရွာ ၂၂ ရွာမှ ညောင်ရေသွန်း အဖွဲ့ဦးရေ ၂ဝဝဝ ခန့်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့ပြင် အမရပူရမြို့နယ် ဆင်ရွာမြင်းမူး ကျေးရွာရှိ ကမ္ဘာ့ပထမဦးဆုံး ဝေရောစန ကျောက်စိမ်း စေတီတော်ကြီးတွင် လည်းတတိယ အကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းပွဲတော်ကို ညနေ ၅ နာရီက သီရိလင်္ကာ နိုင်ငံမှပင့်ဆောင် စိုက်ပျိုးထားသည့် ဗောဓိညောင်ပင်တွင် ဂေါဓရဂါမ်ကျေးရွာ ၁၉ ရွာမှ ညောင်ရေသွန်းအဖွဲ့များက ဒေဝါဝင်း၊ ရာဇာဝင်း၊ ပုဂံဝင်းများခင်း၍ ဦးရေ ၃ဝဝဝခန့်ဖြင့် စည်ကားသိုက်မြိုက်စွာ ညောင်ရေသွန်းလောင်းခဲ့ကြောင်း သိရသည်။

စွယ်တော်မြတ် စေတီတော်နှင့် ကျောက်စိမ်း စေတီတော်တို့တွင် ကဆုန်ညောင်ရေ သွန်းလောင်းရာ၌လည်း စေတနာရှင် ပြည်သူများက အချိုရည်များ၊ မုန့်များဖြင့် လှူဒါန်းကျွေးမွေး ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

"ဒီနေ့ဟာ မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့ ဖြစ်တော့ လာရောက်လည်ပတ် တဲ့သူတွေထဲမှာ ပြည်တွင်းက အများဆုံးပေါ့။ ကဆုန်ညောင်ရေ သွားရောက်လောင်းရင်းနဲ့ အပြန်မှာ တံတားပေါ်ကို လာရောက်ကြတာ ဖြစ်ပါတယ်"ဟု တောင်သမန်တံတား ပြုပြင်ထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ကဆုန် လပြည့်နေ့တွင် တောင်သမန်အင်းနှင့် တံတားပေါ်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ဦးရေ ၂ဝဝဝဝ ကျော်လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက ဆုန်ညောင်ရေသွန်း လောင်းပူဇော်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်း လောင်းပူဇော်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မဟာဗောဓိညောင်ပင်အား ညောင်ရေ သွန်းလောင်းပူဇော်စဉ်။

အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြစဉ်။

နေပြည်တော် ၃ဝ-၄-၂ဝ၁၈

မြန်မာတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအ၀င်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ကဆုန်လပြည့်နေ့ ယနေ့တွင် ကျရောက်သော ညောင်ရေသွန်းပွဲတော်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများသည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်တိုက်ရှေ့ လောကချမ်းသာဆုတောင်းပြည့် ဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် လောကချမ်းသာ ဆုတောင်းပြည့်ဘုရားကြီးအား ပန်း၊ ဆီမီးနှင့် သောက်တော်ရေချမ်းတို့ ဆပ်ကပ်လှူဒါန်းသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြုသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များသည် လောကချမ်းသာဆုတောင်းပြည့်ဘုရားကြီး ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေ သွန်းလောင်းပူဇော်ရန် နေရာယူကြပြီး သတ်မှတ်ထားသည့်နေရာများမှ အဖွဲ့အလိုက် မဟာဗောဓိညောင်ပင် များကို ညောင်ရေသွန်းလောင်းပူဇော်ကြကာ အမွှေးနံ့သာရည်များပက်ဖြန်းပူဇော်ခဲ့ကြသည်။

အဆိုပါ ညောင်ရေသွန်းလောင်းပူဇော်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည် တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြကာ မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်များတွင်လည်း ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲများကို ပြုလုပ်ကြရာ နေပြည် တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့တွင် ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

Senior General Min Aung Hlaing, wife Daw Kyu Kyu Hla,families of the Office of Commander-in-Chief (Army, Navy and Air)water Maha Bodhi banyan trees on full moon day of Kason


Senior General Min Aung Hlaing and wife Daw Kyu Kyu Hla pour water at Maha Bodhi banyan tree.

Ceremony of pouring water at Maha Bodhi banyan tree in progress.

Nay Pyi Taw April 30

As the water-pouring festival at banyan trees which is one of Myanmar’s festivals in 12 months fell on the full moon day of Kason, 1380 Myanmar Era, today, Commander-in-Chief of Defence Services Senior General Min Aung Hlaing and wife Daw Kyu Kyu Hla together with families of the Office of the Commander-in-Chief (Army, Navy and Air) watered Maha Bodhi banyan trees at Lawka Chantha Hsutaungpyae Pagoda in front of Zeyathiri Department Store in Zeyathiri Township of Nay Pyi Taw yesterday evening.

The Senior General and wife offered flowers, oil lights and water to the pagoda. Officers, other ranks and families led by the Senior General and wife took the positions to pour water at Maha Bodhi banyan trees in the precinct of the pagoda. Groups of them from respective positions watered the trees and sprinkled scented water at them.

The ceremony was also attended by Senior General Min Aung Hlaing and wife Daw Kyu Kyu Hla, Deputy Commander-in-Chief of Defence Services Commander-in-Chief (Army) Vice-Senior General Soe Win, the Union Minister for Home Affairs and wife, the Union Minister for Defence and wife, the Chief of the General Staff (Army, Navy and Air) and wife, the Commander-in-Chief (Navy) and wife, the Commander-in-Chief (Air) and wife, senior military officers from the Office of the Commander-in-Chief and wives, the commander of Nay Pyi Taw Command and wife, officers, other ranks and families of the offices and departments. They participated in the ceremony of pouring water at the banyan trees.

Likewise, military commands held the festival of watering banyan trees on the full moon day of Kason. In this regard, Nay Pyi Taw Command, Northern Command, North East Command, Central East Command, Triangle Region Command, South-East Command, Coastal Region Command, Yangon Command, South-West Command, Western Command, North-West Command, Central Command and Southern Command also held the ceremonies to pour water at banyantrees on full moon day of Kason.

#Themyawadydaily

မြဝတီနေ့စဉ်သတင်းစာ (၃၀-၄-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၃၀-၄-၂ဝ၁၈)

Download Links

Friday, April 27, 2018

မန္တလေးမြို့သို့ ပဲအိတ်များ ပို့ဆောင်ရန်လာသည့် ရေယာဉ်တစ်စီး ဧရာဝတီမြစ်အတွင်း နစ်မြုပ်မှုဖြစ်ပွား



စစ်ကိုင်း ၂၇-၄-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အေးကျွန်းရွာမှ မန္တလေးဆိမ်ကမ်းသို့ ပဲအိတ်များ ပို့ဆောင်ရန်လာသည့် ရေယာဉ်တစ်စီးသည် စစ်ကိုင်းမြို့ မင်းကွန်းတိုက်နယ် သဲဖြူချောင်းကျေးရွာရှေ့ အရောက်ဧရာဝတီမြစ်အတွင်း နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမြတ်ထွန်းက ပြောပြသည်။

မတ္တရာမြို့နယ် အေးကျွန်းရွာမှ မန္တလေး ဆိပ်ကမ်းသို့ ပဲအိတ်များ ပို့ဆောင်ရန်လာသည့် ရေယာဉ်တစ်စီးသည် ယနေ့မွန်းလွဲ ၁၂ နာရီမိနစ် ၃ဝ ကျော်ခန့်တွင် မင်းကွန်းတိုက်နယ်၊ သြဲဖူချောင်းကျေးရွာ ရှေ့အရောက်မိုးသက်လေပြင်း ကျလာသဖြင့် ကမ်းသို့ကပ်ရန် ကြိုးစားရာမှ ရေထဲရှိတံစုန်း၏ အချွန်ဖြင့် ရေယာဉ်အောက်ပိုင်း ထိုးမိ၍ ရေယာဉ်ဝမ်းဗိုက် ပေါက်ကာ ၎င်းနေရာတွင် စောင်းလျက်နစ်မြုပ် သွားကြောင်း မင်းကွန်းတိုက်နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

"နေ့ခင်း ၁၂ ခွဲ ကျော်လောက်က မိုးသက် လေပြင်းကျတော့ ကမ်းကပ်ဖို့ စီစဉ်တာမှာ တံစုန်း (လှေပျက်) နဲ့ထိုးမိတာ၊ ကမ်းနားနီးတော့ ကယ်ဆယ်ရေးလုပ်ရတာ အဆင်ပြေသွားတယ်။ ထိခိုက်ဒဏ်ရာနဲ့ အသေအပျောက်မရှိပါဘူး"ဟု မင်းကွန်းတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမြတ်ထွန်းက ပြောပြသည်။

ထိုကဲ့သို့ ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည့် ရေယာဉ်ပေါ်တွင် ပါလာသော ခရီးသည် ၁၅ ဦးခန့်အားကမ်းတွင် ဆိုက်ကပ်ထားသော စက်လှေတစ်စီးမှ ထွက်၍ ကယ်တင်သောကြောင့် ခရီးသည် အားလုံး အသက်အန္တရာယ်မှ လွတ်မြောက် ခဲ့ကြောင်းနှင့် ရေယာဉ်ပေါ်တွင် ပါလာသော ပဲအိတ်မျိုးစုံ ၂၅ဝ ကျော်ကို သဲဖြူချောင်းရွာ ဒေသခံများက ဝိုင်းဝန်းကူညီ သယ်ဆောင်၍ ဆိပ်ကမ်း သောင်ပြင်ပေါ်သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

ကျိုက်ထီးရိုးကေဘယ်လ် ကားနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ထွက်ပေါ်နေသော သတင်းများကြောင့် စီးနင်းသူ လျော့နည်းသွားဟုဆို



ကျိုက်ထို ၂၇-၄-၂ဝ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး စေတီတော်နှင့် ရသေ့တောင်တို့ကို ဆက်သွယ် တည်ဆောက်ထားသော ကေဘယ်လ်ကားနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထွက်ပေါ်နေသော သတင်းများကြောင့် ကေဘယ်လ်ကား စီးနင်းသူလျော့နည်း သွားကြောင်း SKY ASIA ကုမ္ပဏီမှ သိရသည်။

ကေဘယ်လ်ကား လုပ်ငန်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု၏ မဟုတ်မမှန် ပြောဆိုနေမှုများနှင့် ဖြစ်စဉ် အခြေအနေ မှန်ကိုမသိဘဲ သတင်းဌာနအချို့က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားနေမှုများကြောင့် ကေဘယ်လ် ကားစီးနင်းသူ အရေအတွက် လျော့ကျသွားကြောင်း SKY ASIA ကုမ္ပဏီမှ MD ဖြစ်သူ MR.CHO KI HYUNG က ပြောပြသည်။

ကေဘယ်လ်ကား ကိစ္စနှင့် ပတ်သက်၍ မဟုတ်မမှန် သတင်းများ မထွက်ပေါ်မီ ကာလများက ကေဘယ်လ်ကား စီးနင်းသူနေ့စဉ် ဦးရေ ၃ဝဝဝ မှ ၄ဝဝဝ ခန့်ကြားရှိပြီး သတင်းများထွက်ပေါ် ပြီးနောက်ပိုင်းတွင် စီးနင်းသူ ၁ဝ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း သိရသည်။

ကျိုက်ထီးရိုးကေဘယ်လ် ကားလုပ်ငန်းနှင့် ပတ်သက်၍ သတင်းဌာနအချို့နှင့် လူမှုကွန်ရက်စာမျက်နှာ များပေါ်တွင် ကေဘယ်လ်ကားများသည် အသက်အာမခံ မရှိသကဲ့သို့ လုံခြုံစိတ်ချရမှုမရှိဟု မြန်မာကန်ထရိုက်တာ အဖွဲ့က စွပ်စွဲပြောဆိုခြင်းများ၊ ရတနာရွှေ ဆင်ကြီးကုမ္ပဏီက SKY ASIA ကုမ္ပဏီအပေါ် ငွေကျပ် သိန်းပေါင်း ခုနစ်သောင်း ရလိုမှုနှင့် ပတ်သက်၍ တရားစွဲဆိုမှု ပြုလုပ်သွားမည့် သတင်းများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ကေဘယ်လ်ကား စီးနင်းခများအဖြစ် ပြည်တွင်းခရီးသွား တစ်ဦးလျှင် အတက်ငွေကျပ် ၄ဝဝဝ၊ အဆင်း ငွေကျပ် ၄ဝဝဝ၊ အတက်အဆင်းလက်မှတ် ဝယ်ယူပါက ငွေကျပ် ၆ဝဝဝ သတ်မှတ် ကောက်ခံပြီး နိုင်ငံခြားသားဖြစ်ပါက အတက်အဆင်း ၁ဝ ဒေါ်လာသတ်မှတ် ထားကြောင်း သိရသည်။

#Themyawadydaily

ငွေဆောင်ကမ်းခြေကို ကမ္ဘာ့အဆင့်၊ အာရှအဆင့် သတ်မှတ်ချက် ရှိလာစေရန် ရေရှည်စီမံကိန်းများ ချမှတ်ကာ ဆောင်ရွက်သွားမည်



နေပြည်တော် ၂၇-၄-၂ဝ၁၈

ငွေဆောင် ကမ်းခြေကို ငပလီ ကမ်းခြေကဲ့သို့ ကမ္ဘာ့အဆင့်၊ အာရှအဆင့် သတ်မှတ်ချက် ရှိလာစေရန် ရေရှည်စီမံကိန်းများ ချမှတ်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီး ဌာနသတင်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းခြေ ဒေသများတွင် သဘာဝ အလှအပများနှင့် ပြည့်စုံမှု ရှိနေသောကြောင့် နိုင်ငံတကာခရီးသွား လောကနှင့် နိုင်ငံတကာခရီးသွား ဧည့်သည်များက စိတ်ဝင်စားမှုများ ရှိနေသည်။မြန်မာနိုင်ငံ၏ ငပလီ ကမ်းခြေသည် ယခင်က ကမ္ဘာပေါ်ရှိ ပင်လယ်ကမ်းခြေ ဒေသများတွင် အဆင့် (၈) ၌ ရှိနေပြီး အာရှဒေသတွင် အဆင့် (၁) နေရာ၌ ရှိနေသည်။

သို့သော် လက်ရှိတွင် ငပလီ ကမ်းခြေသည် ကမ္ဘာ့အဆင့်(၂၅) နေရာထိ ကျဆင်းသွားခဲ့ပြီး အာရှဒေသတွင်လည်း အဆင့် (၃) သို့ ကျဆင်းသွားခဲ့သည်။ ထိုကဲ့သို့ ငပလီကမ်းခြေ ဒေသအနေဖြင့် နိုင်ငံတကာအဆင့်နှင့် အာရှ အဆင့်များတွင် ရပ်တည်မှုနေရာ ကျဆင်းသွား ခဲ့ရခြင်းမှာ ကမ်းခြေဒေသ များတွင် စည်းကမ်းမဲ့ဈေးဆိုင်များ ရောင်းချခြင်း၊ စွန့်ပစ်အမှိုက်များနှင့် စက်တပ်ယာဉ်များ မောင်းနှင်ခြင်း စသည်တို့နှင့် ဌာနအသီးသီးတို့၏ ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များ လိုက်နာမှုမရှိခြင်း စသည့်အကြောင်း များကြောင့် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ ငပလီကမ်းခြေ၏ ဖြစ်စဉ်များကို နမူနာယူကာ ငွေဆောင်ကမ်းခြေ အနေဖြင့် ယခုကတည်းက ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့် များလိုက်နာဆောင်ရွက်၍ ကမ္ဘာ့အဆင့်၊ အာရှအဆင့် သတ်မှတ်ချက် ရှိလာစေရန် ရေရှည်စီမံကိန်းများ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

မန္တလေးမြို့ရှိ အမှိုက်ကျင်းနှစ်ခု လုံးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး စီမံချက်ဖြင့် လုပ်ဆောင်နေ



မန္တလေး ၂၇-၄-၂ဝ၁၈

မန္တလေးမြို့ရှိ အမှိုက်ကျင်းနှစ်ခု လုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံချက်ဖြင့် လုပ်ဆောင်နေကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီ၊ သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ရှိ အမှိုက်ကျင်းတစ်ခု မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ မီးငြှိမ်းသတ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေရကြောင်း အလားတူဖြစ်စဉ်မျိုး မန္တလေးမြို့ရှိ တောင်အင်း မြောက်အင်း အမှိုက်ကျင်းနှင့် ကြာနီကန် အမှိုက်ကျင်းတို့ နှစ်ခုစလုံးတွင် မီးလောင်မှုများ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေး စီမံချက်ဖြင့် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မန္တလေးမြို့ရှိ အမှိုက်ကျင်းနှစ်ခု လုံးတွင် မီးလောင်မှုများ မဖြစ်ပေါ် စေရေးအတွက် အဆိုပါ အမှိုက်ကျင်းအတွင်း အစားအသောက်များအား ချက်ပြုတ်စားသောက်မှုများ မရှိစေရေး၊ ရပ်ကွက်နေပြည်သူ လူထုအနေဖြင့် သောက်လက် စဆေးလိပ်တိုများအား မီးမငြှိမ်းသတ်ဘဲ အမှိုက်ကျင်းများအတွင်းသို့ ပစ်ချမှုများ မရှိစေရေးအတွက် ဧပြီ ၂၆ ရက်မှစ၍ အသိပညာပေးမှုများ စတင်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

"အမှိုက်ကားတွေ အနေနဲ့လဲ အမှိုက်ကျင်းတွေကို လာပစ်တဲ့အခါ စနစ်တကျ ပစ်ဖို့လိုတယ်။ ပြီးတော့အမှိုက် ကျင်းတွေမှာလဲ မီးဘေးအန္တရာယ် မဖြစ်ပေါ်အောင် တာဝန်ခံတွေကို လုံခြုံရေးအနေနဲ့ နေရာချ ထားပေးတယ်။ ပေါ့ဆမီးကြောင့် အမှိုက်ကျင်းတွေထဲမှာ မီးလောင်မှု မဖြစ်ဖို့ အားလုံး စနစ်တကျနဲ့ ပူးပေါင်းလုပ်ဆောင် ဖို့တော့ လိုပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးမြို့တွင် ဆေးရုံသုံးစွန့်ပစ် အမှိုက်များအပြင် အိမ်သုံး အမှိုက်နှင့် လမ်းဘေးအမှိုက် စသည့်အမှိုက် မျိုးစုံကို အမှိုက်ကားများဖြင့် တောင်အင်းမြောက်အင်း အမှိုက်ကျင်းသို့ တစ်ရက်လျှင် တန်ချိန် ၄ဝဝ ခန့်ပို့ဆောင် ပေးနေရကာ ကြာနီကန် အမှိုက်ကျင်းသို့ တစ်ရက်လျှင် တန်ချိန် ၄၅ဝ ခန့်ထိ ပို့ဆောင် ပေးနေရကြောင်း သိရသည်။

#Themyawadydaily

မြဝတီဘဏ် လီမိတက်၏ (၅) ခုမြောက် မြဝတီဘဏ် (တောင်တွင်းကြီး) ဘဏ်ခွဲ ဖွင့်လှစ်



တောင်တွင်းကြီး ၂၇-၄-၂ဝ၁၈

မြဝတီဘဏ် လီမိတက်၏ (၅၈) ခုမြောက် မြဝတီဘဏ် (တောင်တွင်းကြီး) ဘဏ်ခွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့ ရွှေကြာအင်း (၂) ရပ်ကွက် မကွေးလမ်းရှိ အဆိုပါဘဏ်ခွဲ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးနှင့် တာဝန်ရှိသူများ၊ မြဝတီဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်း ရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မြဝတီဘဏ်လီမိတက် ဝန်ထမ်းမိသားစုများက သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပြီး သံဃာတော်များ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးနှင့် တာဝန်ရှိသူများက ဘဏ်ခွဲကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။

မြဝတီဘဏ် (တောင်တွင်းကြီး) ဘဏ်ခွဲကို တောင်တွင်းကြီးမြို့၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရေး ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပြီး စာရင်းရှင် အပ်ငွေများ၊ ငွေစုဘဏ်အပ်ငွေများ၊ စာရင်းသေအပ်ငွေများ၊ ခေါ်ယူအပ်ငွေများ၊ တက္ကသိုလ်ပညာသင်ဆု ဝန်ဆောင်မှုအပ်ငွေများ၊ ATM ကတ်စာရင်း အပ်ငွေများ လက်ခံခြင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ လိုအပ်သော ရင်းနှီးငွေများအတွက် မရွှေ့ပြောင်းနိုင်သော မြေနှင့် အဆောက်အအုံများကို အာမခံအဖြစ်ရယူ၍ တစ်နှစ်လျှင် အတိုးနှုန်း ၁၃ ရာခိုင်းနှုန်းဖြင့် ချေးငွေများ ထုတ်ချေးခြင်း၊ မြဝတီဘဏ်ခွဲ အသီးသီးနှင့် ချိတ်ဆက်ထားသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များသို့ အပြန်အလှန် ငွေလွှဲပေးပို့ နိုင်ခြင်းများ အပါအဝင် Modern Banking အနေဖြင့်လည်း Modern Banking ဆိုင်ရာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။

#Themyawadydaily

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ပြန်လည်သိမ်းယူမည့် ဆီအုန်းစိုက်ပျိုးမြေများကို တိကျမှန်ကန်မှုရှိ မရှိ စစ်ဆေးပြီးပါက အတည်ပြု ထုတ်ပြန်ပေးမည်



မြိတ် ၂၇-၄-၂ဝ၁၈

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ မူလခွင့်ပြုထားသည့် ဆီအုန်းစိုက်ပျိုး မြေများအနက်မှ ပြန်လည်သိမ်းယူမည့် ဆီအုန်း စိုက်ပျိုးမြေများ တိကျမှန်ကန်မှုရှိ၊ မရှိကို တိုင်းဒေသကြီး အစိုးရမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီးပါက အတည်ပြု ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးထံမှ သိရသည်။

''တနင်္သာရီတိုင်း ဒေသကြီးရဲ့ ဆီအုန်းနဲ့ ပတ်သက်ပြီး မူလခွင့်ပြု ထားတဲ့ပမာဏရှိတယ်။ ပြန်သိမ်းသင့်တဲ့ ပမာဏရှိတယ်။ အဲဒီအပိုင်းမှာ တိုင်းဒေသကြီး အစိုးရက ပိုသေချာအောင် ထပ်ပြီးအတည်ပြု စစ်ဆေးချင်တယ်ဆိုလို့ MIC ရဲ့ ပြန်သိမ်းမယ့် ပမာဏနဲ့ ဆက်လက်ခွင့်ပြုမယ့် ပမာဏကို ပိုတိကျတဲ့ ပမာဏထွက်ရှိအောင် စစ်ဆေးဖို့ တိုင်းဒေသကြီးအစိုးရကို လွှဲပြောင်းထားပါတယ်'' ဟု ဦးအောင်နိုင်ဦးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်း MIC မှ ဆီအုန်းစိုက်ပျိုးခွင့် ပြုထားသည့် လုပ်ငန်းငါးခုရှိပြီး အဆိုပါလုပ်ငန်းများကို ဆက်လက်လုပ်ကိုင် ခွင့်ပြုရန်သင့်၊ မသင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြန်လည်သိမ်းယူရမည့် အခြေအနေ ရှိသည့်အတွက် ပြန်လည်သိမ်းယူရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ပြန်လည် သိမ်းယူသင့်သည့် မြေပမာဏနှင့် ဆက်လက်ခွင့်ပြုမည့် ပမာဏမှာ ထွက်ရှိနေပြီ ဖြစ်သော်လည်း ပိုမိုတိကျ မှန်ကန်သော အဖြေထွက်ပေါ် နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရမှ ကွင်းဆင်းစစ်ဆေးမည် ဖြစ်ကာအတည်ပြုချက် ရရှိပြီးမှသာ ပြန်လည်သိမ်းယူရမည့် မြေပမာဏကို ထုတ်ပြန်ပေးမည် ဖြစ်သည်။

ယခုကဲ့သို့ တိုင်းဒေသကြီး အစိုးရ၏ စစ်ဆေးမှုများ အမြန်ဆုံးဆောင်ရွက် ပေးနိုင်ရန် MIC အနေဖြင့် နှိုးဆော်စာများ ပေးပို့ထားကြောင်း သိရသည်။ MIC အနေဖြင့် မူလကဲ့သို့ ဆီအုန်းစိုက်ပျိုးမြေများ ခွင့်ပြုပေးတော့မည် မဟုတ်ဘဲ ဆီအုန်းစိုက်ပျိုးသင့်သည့် မြေနေရာများကိုသာ စိုက်ပျိုးခွင့် ပြုမည်ဖြစ်ပြီး စိုက်ပျိုးရန် မသင့်သည့် မြေနေရာများကို ပြန်လည်သိမ်းဆည်း နိုင်ရန်ဆောင်ရွက် နေခြင်းဖြစ်သည်။

လက်ရှိတွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း မြန်မာနိုင်ငံသား ကုမ္ပဏီဖြစ်သည့် Shwe Kanbawza Company Limited နှင့် နိုင်ငံခြားသား ကုမ္ပဏီလေးခု ဖြစ်သည့် Myanmar Auto Corporation (MAC)၊ Myanmar Royal Prestige Plantation Co.,Ltd.၊ Myanmar Stark Prestige Plantation Co.,Ltd.၊ Srisuban Myanmar Co.,Ltd. တို့ကို MIC မှ ဆီအုန်းစိုက်ပျိုးခွင့် ခွင့်ပြုထားကြောင်း သိရသည်။

#Themyawadydaily

YBS ယာဉ်လိုင်းများတွင် ရှယ်ယာဝင်ရန် ရှယ်ယာကန့်သတ် ထားခြင်းမရှိ အစုရှယ်ယာတစ်ခုလျှင် ငွေကျပ် တစ်သိန်းဖြင့် ရောင်းချပေးနေ



ရန်ကုန် ၂၇-၄-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် အစုရှယ်ယာဝယ်ယူရန် အရေအတွက်ကန့်သတ် ထားခြင်းမရှိဘဲ အစုရှယ်ယာတစ်ခုလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီ(YBPC) ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင်ထံမှ သိရသည်။

အဆိုပါကုမ္ပဏီတွင် ပုဂ္ဂလိကရှယ်ယာ ဝင်ထားသည့် အစုရှယ်ယာပေါင်း ၁၈ဝဝ ကျော်ရှိကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်နိုင်ရန် လိုအပ်သောအစုရှယ်ယာ များအား ခေါ်ယူထားပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ကလည်း ရှယ်ယာထည့်ဝင် ထားကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့၏ ရှယ်ယာ ထည့်ဝင်မှုတွင် ကနဦး YBS ဘတ်စ်ကားစီးရေ ၅ဝဝ အတွက်ငွေကျပ် ၃၅ ဘီလီယံထည့်ဝင်ခဲ့ပြီး ယခုထပ်မံ၍ ငွေကျပ် ၁ ဒသမ ၇၄၂၄ ဘီလီယံ ရှယ်ယာထည့်ဝင် ထားကြောင်း သိရသည်။

''သယ်ယူပို့ဆောင်ရေး တိုးမြှင့်တဲ့နေရာမှာ ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ အစုရှယ်ယာထည့်ဝင်ဖို့ လိုအပ်ပါတယ်။ လတ်တလောမှာ အစုရှယ်ယာတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာမျိုး မရှိပါဘူး။ တဖြည်းဖြည်းတော့ သယ်ယူပို့ဆောင်ရေး စနစ်တွေ အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်သွားမှာပါ'' ဟု ဒေါက်တာမောင်အောင် ကပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ဒဂုံ (ရှေ့ပိုင်း) မြို့နယ် မင်းရဲကျော်စွာ လမ်းဘေးရှိ အမှတ် ( ၁၁၈၊၁၁၉၊ ၁၂ဝ၊ ၁၂၁/အေ-၁၂၂) ရှိ မြေဧက၂ဝ ကို ရှယ်ယာ ထည့်ဝင်ထားပြီး လက်ရှိတွင် ဘတ်စ်ကားလိုင်းများ အတွင်းရှိ မော်တော်ယာဉ်များအား ခေတ်မီအဆင့်မြင့် မော်တော်ယာဉ်များဖြင့် အစားထိုးပြေးဆွဲ ပေးလျက်ရှိသည်။ ထို့ပြင် ဘတ်စ်ကား မှတ်တိုင်များ၊ ပလက်ဖောင်းများ ကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်နေပြီး မကြာမီ ကာလအတွင်း YBS ယာဉ်လိုင်းတချို့ရှိ မီနီဘတ်စ်ယာဉ်များ နေရာတွင် ခရီးသည်တင် ယာဉ်ကြီးများဖြင့် အစားထိုးပြေးဆွဲ ပေးမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စံချိန်မီ တစ်မတ်သား ရွှေဒင်္ဂါးကို ပုံစံသစ်ဖြင့် ရောင်းချမည်



နေပြည်တော် ၂၇-၄-၂ဝ၁၈

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စံချိန်မီ ရွှေဒင်္ဂါးများကို ၁၉၉၁ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည်။ စံချိန်မီရွှေဒင်္ဂါးများတွင် တစ်ကျပ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် လယ်ထွန်သောပုံ၊ တစ်မတ်သား ရွေဒင်္ဂါး၏ မျက်နှာပိုင်း ဗဟိုတွင် သစ်ဆွဲနေသောဆင်ပုံများ သွန်းလောင်းထားသည်။

ယခုအခါ ပြည်သူများ ဝယ်ယူမှုများပြားသော တစ်မတ်သားရွှေဒင်္ဂါးမှာ လက်ကျန်မရှိတော့သဖြင့် အသစ်သွန်းလောင်းထုတ်ဝေမည် ဖြစ်သည်။ အသစ်သွန်းလောင်းသည့် တစ်မတ် သားရွှေဒင်္ဂါး၏ အချင်းမှာ ၁၈ ဒသမ ဝ မီလီ မီတာ၊ အထူမှာ ၁ ဒသမ ဝ မီလီမီတာရှိသည်။ ဒင်္ဂါး၏မျက်နှာပိုင်းဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံ၏အောက်တွင် Aung San အမည်ပါရှိသည်။

ဒင်္ဂါး၏ အနားပတ်လည်တွင် "Central Bank of Myanmar" ၊ "4.082 gm 999.9 Fine Gold" ဟု အင်္ဂလိပ်စာလုံးဖြင့် ဖော်ပြထားပြီး တခြားတစ်ဖက်မျက်နှာပြင်တွင် ''မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၂ဝ၁၈၊ တစ်မတ်သား၊ ၉၉၉.၉ သန့်စင်ရွှေ'' ဟု မြန်မာစာလုံးဖြင့် ဖော်ပြထားသည်။

တစ်မတ်သားရွှေဒင်္ဂါး ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်း တည်း ပါရှိမည်ဖြစ်သည်။ တစ်မတ်သား ရွှေဒင်္ဂါးပြားကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်း ဆိုင်များ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)တွင် နေ့စဉ်ပေါက်ဈေးအပေါ် အလျော့တွက်နှင့် ကုန်ကျစရိတ် ငွေကျပ် ၁၂၅ဝဝ- ထပ်ပေါင်းသည့် ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်း ရရှိသည်။

#Themyawadydaily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲ Lt. Gen. Souvone LEUANGBOUNMY အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လာအိုပြည်သူ့ တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲ Lt. Gen. Souvone LEUANGBOUNMY တို့ မြဝတီတေးဂီတ အဖွဲ့က တေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးစဉ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လာအိုပြည်သူ့ တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲ တို့ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်စဉ်။

နေပြည်တော် ၂၇-၄-၂ဝ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအို ပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာနအကြီးအကဲ Lt. Gen. Souvone LEUANGBOUNMY အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများနှင့်ဇနီးများ တက်ရောက်ကြပြီး လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီး ဌာနအကြီးအကဲနှင့်အတူဇနီး Lt.Col.Mrs.Phayvanh LEUANGBOUNMY ၊မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Lyying SAYAXANG နှင့်လာအိုပြည်သူ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲနှင့် ဇနီးတို့အားကြိုဆို နှုတ်ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုပြည်သူ့ တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲတို့သည် နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြား၍ တက်ရောက် လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင် နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြ၀တီတေးဂီတအဖွဲ့က တေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ညစာသုံး ဆောင်အပြီးတွင် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက်သီဆိုကပြ ဖျော်ဖြေကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီးပေးအပ် ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့ တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲ Lt. Gen. Souvone LEUANGBOUNMY အားဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာနအကြီးအကဲ Lt.Gen. Souvone LEUANGBOUNMY တို့ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကို ခံယူစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာနအကြီးအကဲ Lt. Gen. Souvone LEUANGBOUNMY တို့ ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှု 
စစ်ဆေးစဉ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လာအိုပြည်သူ့ တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲ Lt. Gen. Souvone LEUANGBOUNMY တို့တွေ့ဆုံဆွေးနွေးစဉ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လာအိုပြည်သူ့ တပ်မတော်၊စစ်ဦးစီးဌာန အကြီးအကဲ Lt. Gen. Souvone LEUANGBOUNMY တို့ အဖွဲ့ဝင်များနှင့် အတူ 
စုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၂၇-၄-၂ဝ၁၈

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအို ပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာနအကြီးအကဲ Lt. Gen. Souvone LEUANGBOUNMY အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုလိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် အခမ်းအနား တက်ရောက်လာကြသော နှစ်နိုင်ငံ တပ်မတော်အရာရှိ ကြီးများကို အပြန်အလှန် မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြု ကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာနအကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး H.E. Mr. Lyying SAYAXANG လာအိုပြည်သူ့တပ်မတော်မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ စစ်သံမှူးတို့ တက်ရောက်ကြသည်။

ထို့နောက် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲသည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေး ကြသည်။

ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ- လာအို နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း နိုင်ငံများဖြစ်ပြီး မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်း နိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာနှင့် ထုံးတမ်းစဉ်လာများ တူညီမှုရှိပြီး နယ်စပ်ဒေသတွင်နေထိုင်သည့် တိုင်းရင်းသားများမှာ တူညီသည့် တိုင်းရင်းသားများ ဖြစ်သဖြင့် ညီရင်းအစ်ကိုနိုင်ငံများ သဖွယ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်း ဆောင်များ အနေဖြင့်လည်း ရှေးယခင်ကတည်းက ချစ်ကြည်ရင်းနှီးစွာဖြင့် ဆက်ဆံမှုများ ရှိခဲ့ပြီး အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များ လည်ပတ်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် အားကစား အဖွဲ့များနှင့် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်လျက် ရှိကြောင်းပြောကြားသည်။

ယင်းနောက် ဧည့်သည်တော် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဖိတ်ကြား ချက်အရ ယခုကဲ့သို့မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက် ရသည့်အတွက် ၀မ်းမြောက် ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများကိုလည်း တွေ့မြင်ရပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အစဉ်အလာကောင်းများရှိသည့် အိမ်နီးချင်းကောင်း နိုင်ငံများဖြစ်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ရှိသည့် နှစ်နိုင်ငံဖြစ်ပါကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ ကောင်းမွန်လျက်ရှိပြီး ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက်လာရောက်ခြင်း ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်မှ နိုင်ငံတော်နှင့်ပြည်သူများ အတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို လာအိုနိုင်ငံအနေဖြင့် ထောက်ခံပါကြောင်း၊ လာအိုနိုင်ငံအပေါ် မြန်မာနိုင်ငံမှ ကူညီထောက်ပံ့မှုများ ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဆေးဘက်နည်းပညာများ အပြန်အလှန်ဖလှယ်၍ ပူးပေါင်းဆောင်ရွက်ရေး၊ အနာဂါတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန် အောင်ဆောင်ရွက်ရေးနှင့် တပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက်ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေး၊ အားကစားအဖွဲ့များနှင့် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် အတွေ့အကြုံများ ဖလှယ်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးဌာန အကြီးအကဲတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

Senior General Min Aung Hlaing hosts dinner to Chief of General Staff Department of Lao People’s Armed Forces Lt. Gen. Souvone LEUANGBOUNMY


Senior General Min Aung Hlaing and wife Daw Kyu Kyu Hla and Lao’s Chief of General Staff Department Lt. Gen. Souvone LEUANGBOUNMY and wife Lt. Col. Mrs. Phayvanh LEUANGBOUNMY pose for documentary photo together with entertainers.

Nay Pyi Taw April 27

Commander-in-Chief of Defence Services Senior General Min Aung Hlaing hosted a dinner in honour of the visiting Chief of General Staff Department of the Lao People’s Armed Forces Lt. Gen. Souvone LEUANGBOUNMY at Aureum Hotel in Nay Pyi Taw yesterday evening.

Also present at the dinner together with the Senior General were his wife Daw Kyu Kyu Hla, Deputy Commander-in-Chief of Defence Services Commander-in-Chief (Army) Vice-Senior General Soe Win and wife, Chief of the General Staff (Army, Navy and Air) General Mya Tun Oo and wife, Commander-in-Chief (Navy) Admiral Tin Aung San and wife, Commander-in-Chief (Air) General Maung Maung Kyaw and wife and senior military officers of the Office of the Commander-in-Chief and their wives. The Laotian Chief of General Staff Department was accompanied by his wife Lt. Col. Mrs. Phayvanh LEUANGBOUNMY, Laotian Ambassador to Myanmar H.E. Mr. Lyying SAYAXANG and senior officers of the Lao People’s Armed Forces.

First, the Senior General and wife welcomed and greeted the Laotian Chief of General Staff Department and wife. Next, the Senior General and the Laotian Chief of General Staff extended greetings and enjoyed the dinner together with those in attendance.

During the dinner, Myawady music band of Directorate of Public Relations and Psychological Warfare performed them with songs and dances. After the dinner, they exchanged gifts. Later, baskets of flowers were presented to the members of the entertainment group and they posed for a documentary photo.

#Themyawadydaily

Senior General Min Aung Hlaing welcomes and holds meeting with Chief of General Staff Department of the Lao People’s Armed Forces Lt. Gen. Souvone LEUANGBOUNMY


Senior General Min Aung Hlaing and Chief of General Staff Department of the Lao People’s Armed Forces Lt. Gen. Souvone LEUANGBOUNMY take salute of the Guard of Honour.

Chief of General Staff Department of the Lao People’s Armed Forces Lt. Gen. Souvone LEUANGBOUNMY signs visitors’ book of Zeyathiri Beikman in the presence of Senior General Min Aung Hlaing. 

Senior General Min Aung Hlaing holds discussion with Chief of General Staff Department of the Lao People’s Armed Forces Lt. Gen. Souvone LEUANGBOUNMY. 

Nay Pyi Taw April 27

Commander-in-Chief of Defence Services Senior General Min Aung Hlaing welcomed Chief of General Staff Department of the Lao People’s Armed Forces Lt. Gen. Souvone LEUANGBOUNMY with a Guard of Honour in front of the Zeyathiri Beikman, here, yesterday morning.

First, the Senior General and the Lao’s Chief of General Staff Department took the salute of the Guard of Honour and inspected it. Then, they introduced senior military officers from the both countries each other.

Also present at the ceremony were Deputy Commander-in-Chief of Defence Services Commander-in-Chief (Army) Vice-Senior General Soe Win, Chief of the General Staff (Army, Navy and Air) General Mya Tun Oo, Commander-in-Chief (Navy) Admiral Tin Aung San, Commander-in-Chief (Air) General Maung Maung Kyaw and senior military officers from the Office of the Commander-in-Chief (Army). The Lao’s Chief of General Staff Department was accompanied by Laotian Ambassador to Myanmar H.E. Mr. Lyying SAYAXANG, senior military officers of the Lao People’s Armed Forces and the Military Attaché of Laos to Myanmar.

After that, the Lao’s Chief of General Staff Department signed the visitors’ book of Zeyathiri Beikman and held a meeting with the Senior General at the Parlour.

At the meeting, the Senior General said Myanmar and Laos are good neighbours and old friends as well as good friends. The both countries have same culture, religion and traditions. As the ethnics residing at the border region are the same, the both countries are like brothers. Leaders of the both countries have been enhancing friendly relations for many years with exchange of goodwill visits. At present, sports contingents and cultural troupes are sent mutually for enhancement of friendly ties between the two armed forces.

The Lao’s Chief of General Staff Department expressed his delight in grasping his opportunities to pay visit to Myanmar at the invitation of Commander-in-Chief of Defence Services Senior General Min Aung Hlaing. He said he saw progress of Myanmar. The both countries are good neighbours in fine traditions with the stable and peaceful border region. Friendly relations are improving between the two armed forces of the both countries and he arrived in Myanmar to further promote their amicable relations. He confirmed that Laos supports peace and development process of the Myanmar Tatmadaw for the State and the people. He expressed thanks for assistance of Myanmar for Laos.

They frankly exchanged views on exchange of training and medical techniques and cooperation in these sectors, further cooperation in the future, exchange of goodwill delegations at different levels of the two armed forces, bilateral sending of sports contingents and cultural troupes, and cooperation in border region development between the two armed forces of the two countries.

After the meeting, the Senior General and the Lao’s Chief of General Staff Department exchanged commemorative gifts and posed for documentary photo together with those present.

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၂၇-၄-၂ဝ၁၈)



ရတနာပုံနေ့စဉ်သတင်းစာ (၂၇-၄-၂ဝ၁၈)

Download Links 

မြဝတီနေ့စဉ်သတင်းစာ (၂၇-၄-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၂၇-၄-၂ဝ၁၈)

Download Links

Thursday, April 26, 2018

ရှမ်းပြည်နယ် နောင်ချို၊ ညောင်ရွှေမြို့တို့နှင့် နေပြည်တော် ကောင်စီနယ်မြေတွင် လေပြင်းများ တိုက်ခတ်၊ မိုးသီးများကြွေကျ



နေပြည်တော် ၂၆-၄-၂ဝ၁၈

နေပြည်တော်ကောင်စီ နယ်မြေ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့တို့၌ ယနေ့တွင် မိုးရွာသွန်းမှုနှင့် အတူလေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသီးကြွေကျ ခြင်းများဖြစ်ပေါ်ခဲ့ပြီး လေပြင်းတိုက်ခတ် မှုကြောင့် နေအိမ်သွပ်မိုး များလန်ခြင်း၊ သစ်ပင်များ ကျိုးကျခြင်း ဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်)မှ သိရသည်။

နောင်ချိုမြို့တွင် ယနေ့ နံနက် ၁၁နာရီ ၁၅မိနစ်ခန့်မှ မွန်းလွဲ ၁၂နာရီ၅မိနစ်ခန့်ထိ မိုးထစ်ချုန်းရွာသွန်းပြီး အနောက်အရပ်မှ တစ်နာရီလျှင် ၂၄မိုင်နှုန်း လေတိုက်ခတ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့တွင်လည်း ယနေ့မွန်းလွဲ ၁ နာရီမှစတင်၍ မိုးထစ်ချုန်း ရွာသွန်းမှုနှင့်အတူ တစ်နာရီလျှင် ၁၁ မိုင်ခန့် လေတိုက်ခတ်ခဲ့ပြီး မိုးသီးများလည်း အနည်းငယ်ကြွေကျ ခဲ့ကြောင်း သိရသည်။

"မိုးရေချိန်ကတော့ သုညဒသမ ၉၄ လက်မရှိတယ်။ ညောင်ရွှေနဲ့ ရွှေညောင်မြို့ကြားက ကားလမ်းမှာတော့ သစ်ပင်တွေ ကျိုးကျပြီး လမ်းပိတ်သွားတယ် လို့သိရတယ်။ လူနေရပ်ကွက်တွေမှာလဲ အိမ်တချို့သွပ်မိုးတွေ လန်ကုန်တယ်" ဟု ညောင်ရွှေမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

နေပြည်တော် ကောင်စီနယ်မြေ၌လည်း ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် မိုးထစ်ချုန်း နှစ်ကြိမ်ခန့်ရွာသွန်းခဲ့ပြီး တစ်နာရီလျှင် ခုနစ်မိုင်နှုန်းခန့် လေတိုက်ခတ်ခဲ့ကာ ဓာတ်တိုင်အချို့လဲကျသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု သုံးစုတွင်လည်း ဧပြီ ၂၄ရက် ည ၁ဝ နာရီမိနစ် ၃ဝ ခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၁ဝ လုံးကျော်ပျက်စီးမှု ဖြစ်ပွားခဲ့ သေးကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းမှ ရွေ့လျားလာမည့် လေပွေလှိုင်း၏ အရှိန်ကြောင့် လာမည့်ဧပြီ ၂၆ ရက်မှ ၃ဝ ရက်အတွင်း နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေး၊ မကွေး၊ ပဲခူး၊ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်း ဒေသကြီးတို့နှင့် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဧပြီ၂၄ရက်က သတိပေး
နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။

#Themyawadydaily 

ထိန်ပင် အမှိုက်ပုံမီးလောင်မှု အခြေအနေပိုမိုဆိုးရွား လာပါက အနီးအနားရှိ ပြည်သူများကို ရွှေ့ပြောင်းပေးရန် စီစဉ်မည်



ရန်ကုန် ၂၆-၄-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှု အခြေအနေပိုမို ဆိုးရွားလာပါက အနီးအနားရှိ ပြည်သူများကို ရွှေ့ပြောင်းပေးရန် စီစဉ်ပေးမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမင်းက ပြောကြားသည်။

"ဧပြီ ၂၄ရက်က မြို့တော်ဝန်လာပါတယ်။ လူမှုရေးဝန်ကြီး လဲပါတယ်။ ပြီးတော့ ဌာနဆိုင်ရာက လူတွေနဲ့ အစည်းအဝေးလုပ်တယ်။ ကျန်းမာရေး စောင့်ရှောက်မှု တွေပေးဖို့ပါ။ အခြေအနေအရမ်း ဆိုးလာရင်လဲ အနီးအနားက ပြည်သူတွေကို ရွှေ့ပြောင်းပေးဖို့ အစီအစဉ်တွေ ရှိပါတယ်"ဟု ဦးဝင်းမင်းက ဆက်လက် ပြောပြသည်။

အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ရန် လုပ်ဆောင်နေပြီး ဧပြီ ၂၄ရက် ညနေပိုင်းအထိ မီးသတ်တပ်ဖွဲ့ဝင် အင်အား၊ စည်ပင်သာယာရေး ကော်မတီ၊ ကြက်ခြေနီ စသည့်အဖွဲ့အစည်းများအပါအဝင် အင်အား ၅ဝဝ နီးပါးဖြင့် မီးငြှိမ်းသတ်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

"နေရာရွှေ့ပြောင်းတာတွေ လုပ်စေချင်ပါတယ်။ ဒါပေမဲ့ အခြေအနေကိုလဲ စောင့်ကြည့်နေပါတယ်။ အခုထိတော့ မီးကလောင်နေတဲ့ အခြေအနေရှိပါတယ်။ ကလေးတွေနဲ့ လူကြီးတွေကတော့ အသက်ရှူရခက်ခဲ တာတွေရှိပါတယ်" ဟု ထိန်ပင် သုသာန်အနီးရှိ ကျုံးစုကျေးရွာတွင် နေထိုင်သည့် ဒေါ်စန်းစန်းက ပြောပြသည်။

မီးခိုးငွေ့များကြောင့် လှိုင်သာယာမြို့နယ် ဆေးရုံတွင် ဧပြီ ၂၄ရက်ထိ ဆေးရုံတက်ရောက် ကုသရသည့် လူနာ ၁၃ဦးရှိပြီး မီးလောင်ကျွမ်းမှုကြောင့် မီးခိုးညှော်နံ့များကို လှိုင်သာယာမြို့နယ် (၂ဝ)နှင့် (၁၈)ရပ်ကွက်၊ ကျုံးစု၊ ကံလှ၊ အလယ်ရွာတို့တွင် အများဆုံးခံစားနေရကြောင်း သိရသည်။

ထိန်ပင်သုသာန် အမှိုက်ပုံမှာ ဧပြီ ၂၁ ရက်က မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး စတုရန်းဧက ၁၅ဝ ခန့်မှာ မီးလောင်ကျွမ်းနေပြီး ဧပြီ ၂၄ ရက်အထိ မီးငြှိမ်းသတ်ယာဉ် ၁၆ စီး၊ ရေသယ်ယာဉ် ၁၄စီး၊ အထောက်အကူ ပြုယာဉ်ခြောက်စီး၊ အုပ်ချုပ်မှု ယာဉ်ခြောက်စီး၊ မီးသတ်စက်ယာဉ် တစ်စီး၊ မိတ်ဖက်ယာဉ် လေးစီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်၂၁၃ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၁ ဦးအပါအဝင် စည်ပင်သာယာရေး ကော်မတီ၊ ကြက်ခြေနီ၊ အရပ်ဘက် အဖွဲ့အစည်းများ စုစုပေါင်းအင်အား ၅ဝဝ နီးပါးဖြင့် မီးငြှိမ်းသတ်နိုင်ရေး လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily 

ရခိုင်ပြည်နယ်အတွင်းမှ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာ ပြောင်းရွှေ့သူများကို ပြန်လည်လက်ခံဆောင်ရွက် ပေးနေမှုများ ဆွေးနွေး



နေပြည်တော် ၂၆-၄-၂ဝ၁၈

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး H.E. Mr. Paul R.Seger ကို ယနေ့ နံနက် ၁၁ နာရီတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနေမှု၊  Swiss Agency for Development and Cooperation(SDC) အဖွဲ့မှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းစဉ် များတွင် ပူးပေါင်းဆောင်ရွက် ခဲ့သည့်အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်းမှ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာပြောင်းရွှေ့သူများကို ပြန်လည်လက်ခံ ဆောင်ရွက်ပေးနေမှု၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီဆောင်ရွက် ပေးနေသည့် အခြေအနေများ၊ ဆွစ်ဇာလန်နိုင်ငံက မြန်မာနိုင်ငံအတွက် ၂ဝ၁၉-၂ဝ၂၃ခုနှစ် ငါးနှစ်တာကာလအတွက်ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာစီမံကိန်း တစ်ရပ်ကို ရေးဆွဲနေသည့် အခြေအနေများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန နှင့် SDC တို့ပူးပေါင်း၍ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပညာရေး၊ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး H.E. Mr. Paul R.Seger ကို လက်ခံတွေ့ဆုံစဉ်။

#Themyawadydaily 

ပြည်တွင်း၊ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာသမားများ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ နှစ်နိုင်ငံနယ်နိမိတ် မျဉ်းအနီးသို့ သွားရောက်သတင်းရယူ



စစ်တွေ ၂၆-၄-၂ဝ၁၈

မောင်တောမြို့၌ ရောက်ရှိနေသည့် ပြည်တွင်း သတင်းဌာနများနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းမီဒီယာ သမားများသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ နှစ်နိုင်ငံနယ်နိမိတ် မျဉ်းအနီး နေထိုင်နေကြသည့် နေရပ်စွန့်ခွာ သွားကြသူများကို တွေ့ဆုံပြီး မေးမြန်းသတင်း ရယူကြသည်။

သတင်းမီဒီယာအဖွဲ့သည် နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲမြို့သို့ ရောက်ရှိကြပြီး နှစ်နိုင်ငံနယ်နိမိတ် မျဉ်းအနီး နေထိုင်နေကြသူများ ကိုတွေ့ဆုံ၍ တစ်ဖက်နိုင်ငံ၌ နေထိုင်နေစဉ်အတွင်း နေထိုင်စားသောက်ရမှု အခြေအနေ၊ လက်ရှိရောက်ရှိ နေထိုင်နေသည့် လူဦးရေ၊ လက်ရှိအခြေအနေထိ နေရပ်သို့ပြန်မလာ ရသည့်အကြောင်းရင်း၊ ဖြစ်ပေါ်နေသည့် အခက်အခဲနှင့် လိုအပ်ချက်၊ NVC ကတ်အပေါ် ၎င်းတို့၏ သဘောထားအမြင် အပါအဝင် အခြားသိရှိ လိုကြသည်များကို မေးမြန်းသတင်းရယူ ကြသည်။

ထို့နောက် သတင်းမီဒီယာ အဖွဲ့များသည် နှစ်နိုင်ငံချစ်ကြည်ရေး တံတားသို့ သွားရောက် လေ့လာသတင်း ရယူကြသည်။ ညနေပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြပြီး မြန်မာ
အမျိုးသား လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ သွားကြကြောင်း သတင်းရရှိသည်။

ပြည်တွင်း၊ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာသမားများ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီးတွင် သတင်းရယူစဉ်။

#Themyawadydaily 
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger