www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 31, 2012

သွေးလှူရှင်များ ဂုဏ်ပြုပွဲ ကျင်းပမည်

သွေးလှူရှင်များ ဂုဏ်ပြုပွဲ ကျင်းပမည် ဒီဇင်ဘာ(၃၁)ရက်နေ့ (၄၆)ကြိမ်မြောက် သွေးလှူရှင်များနေ့ကို ဂုဏ်ပြုသော အားဖြင့် မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး အမျိုးသား သွေးလှူဘဏ်၏ (၃၄)ကြိမ်မြောက် သွေးလှူရှင် ဂုဏ်ပြုပွဲ အခမ်းအနားကို ၂၀၁၃ ဇန်န၀ါရီ ၁၉ ရက် (စနေနေ့) နံနက် ၇ နာရီတွင် မြန်မာနိုင်ငံ ဆရာဝန်များ အသင်း (မန္တလေး)၌ ကျင်းပမည် ဖြစ်သည်။ ဂုဏ်ပြုပွဲသို့ တက်ရောက်ရန် ၁-၁၂-၂၀၁၂ မှ ၃၀-၁၂-၂၀၁၂ ရက်နေ့ အတွင်း အမျိုးသား သွေးလှူဘဏ်သို့ လေးလေတစ်ကြိမ် သွေးလှူဒါန်း ခဲ့သော ၂၅၊ ၄၀၊ ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀၊ ၈၅၊ ၉၀၊ ၉၅၊ ၁၀၀ ကြိမ် အထက် သွေးလှူရှင်များ အနေဖြင့် အချိန်မီ ဆက်သွယ် ကြရန်နှင့် ဂုဏ်ပြုပွဲတွင် အလှူငွေ နှင့် ပစ္စည်းများ ပံ့ပိုးကူညီလိုပါက မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး၊ သွေးလှူဘဏ် ကြီးကြပ်ရေး ကော်မတီနှင့် အမျိုးသား သွေးလှူဘဏ် သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရှိရသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန (အထက်မြန်မာပြည်) ကာယဗလမောင် နှင့် ကာယ အလှမယ် ပြိုင်ပွဲ ကျင်းပမည်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန (အထက်မြန်မာပြည်) ကာယဗလမောင် နှင့် ကာယ အလှမယ် ပြိုင်ပွဲ ကျင်းပမည် ဒီဇင်ဘာ(၃၁)ရက်နေ့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌနာ (အထက် မြန်မာပြည်) လက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန များရှိ ပညာရေး ကောလိပ် များ၏ ကာယ ဗလမောင်နှင့် ကာယ အလှမယ် (အကြီးတန်း၊ အငယ်တန်း) ပြိုင်ပွဲများကို မန္တလေး မြို့တော်ခန်းမ၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့တွင် ပဏာမ အဆင့် ရွေးချယ်ပြီး ၉ ရက်နေ့တွင် နောက်ဆုံး အဆင့် အပြီးသတ် ရွေးချယ်၍ ဆုချီးမြှင့်ပွဲ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မဒီပဗုဒ္ဓစာပေသင်တန်း ဖွင့်လှစ်မည်

လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မဒီပဗုဒ္ဓစာပေသင်တန်း ဖွင့်လှစ်မည် ဒီဇင်ဘာ(၃၁)ရက်နေ့ မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်၊ ၇၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ ဒေါ်အေးစိန် ဓမ္မာရုံ၌ နံနက် ၉ နာရီမှ ၁၁ နာရီအထိ လည်းကောင်း၊ ၆၉ လမ်း မဟာဗောဓိ ဘုရားဝင်း၌ မွန်းလွဲ ၁ နာရီမှ ၃ နာရီ အထိ လည်းကောင်း၊ လူပုဂ္ဂိုလ်များ ဆိုင်ရာ ဓမ္မဒီပဗုဒ္ဓစာပေ သင်တန်း ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင် စတင် ဖွင့်လှစ်၍ ၂၀၁၃ ခုနှစ် သင်ရိုးညွှန်း အသစ်များနှင့် ဓမ္မဒါန ကုသိုလ် ပြု ပို့ချမည် ဖြစ်သည်။ အဆိုပါ သင်တန်းအား တက်ရောက် လိုသူများ အနေဖြင့် နှစ်သက်ရာ သင်တန်းဌာန တစ်ခုခုသို့ ဆက်သွယ် နိုင်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉၅၀၆၂၅၉၇ ၊ ၀၉၉၁၀၂၉၆၁၃ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

CAE ပညာ့ရိပ်သာ ပညာရည်ချွန်ဆု ပေးပွဲ ကျင်းပမည်

CAE ပညာ့ရိပ်သာ ပညာရည်ချွန်ဆု ပေးပွဲ ကျင်းပမည် ဒီဇင်ဘာ(၃၁)ရက်နေ့ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် CAE ပညာ့ ရိပ်သာမှ ထူးချွန်စွာ အောင်မြင်ခဲ့ ကြသော ကျောင်းသား၊ ကျောင်းသူ များအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်၊ ၂၆ လမ်း၊ ၇၁ လမ်းထောင့်ရှိ မြို့တော်ခန်းမ (၁)တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီ အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိသည်။

myanmar Mini နှင့် Cherry QQ 3 မော်တော်ယာဉ်များ အတွက် အခမဲ့ ၀န်ဆောင်မှု ပေးပြီ

myanmar Mini နှင့် Cherry QQ 3 မော်တော်ယာဉ်များ အတွက် အခမဲ့ ၀န်ဆောင်မှု ပေးပြီ ဒီဇင်ဘာ(၃၁)ရက်နေ့ စက်မှုဝန်ဘကီးဌာနနှင့် Cherry Automobile Co,Ltd., တို့ ပူးပေါင်း ထုတ်လုပ် တင်သွင်း လျက် ရှိသော myanmar Mini နှင့် Cherry QQ 3 မော်တော်ယာဉ်များ အတွက် အခမဲ့ ၀န်ဆောင်မှု များကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဆောင်ရွက်ပေး မည့် ၀န်ဆောင်မှု များမှာ Fiter သုံးမျိုး လဲလှယ်ပေးခြင်း နှင့် လဲလှယ်ရန် မလိုသည့် ကားများ အတွက် မေတ္တာ လက်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယခု အစီအစဉ် သည် Customer များ အတွက် ကျေးဇူး တုန့်ပြန်ခြင်း ဖြစ်ကြောင်း၊ ဈေးနှုန်း သက်သာခြင်း၊ ဆီစားနှုန်း သက်သာခြင်း၊ အပိုပစ္စည်း ၀ယ်ယူရ လွယ်ကူခြင်း၊ လူကို အန္တရာယ် မပေးသော ပစ္စည်းများဖြင့် ပြုလုပ် တပ်ဆင် ထားခြင်း တို့ကြောင့် ၀ယ်ယူမှုများ ကြောင်း၊ ယခုအခါ အစီးရေ ၄၀၀၀ ရောင်းချ ထားပြီး ဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၈၀ တွင် အစီးရေ ၄၀၀၀၀၀၀ ကျော် ဖြန့်ဖြူး ရောင်းချနေပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ အခမဲ့ ၀န်ဆောင်မှု ကာလအတွင်း ဖုန်းဖြင့်သော် လည်းကောင်း၊ လူကိုယ်တိုင် သော် လည်းကောင်း ကြိုတင် ရက်ချိန်း ယူပြီး Kyaw & Son Auto Care Service Center အမှတ်(၅၆)၊ ဦးထွန်းငြိမ်းလမ်း၊ မရမ်းကုန်း မြို့နယ်၊ ဖုန်း ၀၉၇၃၀၃၄၀၃၆၅ နှင့် နေပြည်တော်တွင် အမှတ်(၆၀)၊ ချင်းရွာ၊ ဥတ္တရ သီရိမြို့နယ်၊ ဖုန်း ၀၉၄၅၀၀၂၅၄၆၈ တို့ ဖြစ်ကြောင်း သိရှိရသည်။

မိုဘိုင်းအသုံးပြုသူများ အဆင်ပြေစေရန် Customer Care Center များ ဖွင့်လှစ်မည်

မိုဘိုင်းအသုံးပြုသူများ အဆင်ပြေစေရန် Customer Care Center များ ဖွင့်လှစ်မည် ဒီဇင်ဘာ(၃၁)ရက်နေ့ မိုဘိုင်းအသုံးပြုသူများ အဆင်ပြေစေရန် Customer Care Center များ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက သိရသည်။ အဆိုပါ မိုဘိုင်း Service စင်တာ၌ မိုဘိုင်းဖုန်း ဟန်းဆက်များ အား အသုံးပြုပြင်ပေးခြင်း၊ ဆင်းကတ်များ အား ရောင်းချပေးခြင်း၊ ဆင်းကတ်နှင့် ပတ်သက်သည့် Customer Complane များကို ဖြေရှင်းပေးခြင်း၊ ဆင်းကတ် ၀န်ဆောင်မှု ပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ Service စင်တာကို ရွှေဂုံတိုင်၊ အလုံနှင့် ပန်းဆိုးတန်းရှိ မြန်မာ့ ဆက်သွယ်ရေးရုံးများ၌ ဖွင့်လှစ်သွားမည် ဖြစ်ပြီး ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး အား ပြန်လည် ပြင်ဆင်ပြီးမှ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လာမည့် နှစ်ဆန်းပိုင်းတွင် 3G မိုဘိုင်းဖုန်းလိုင်း ၁ ဒသမ ၂၆ သန်းအား တိုးချဲ့ တပ်ဆင် သွားမည် ဖြစ်ကြောင်း သိရသည်။ လာမည့် နှစ်ဆန်းပိုင်း အတွင်း ထပ်မံ ချထားပေးမည့် 3G မိုဘိုင်းဖုန်းများအတွက် Sim Card ရောင်းချမှုကို မြန်မာ့ ဆက်သွယ်ရေးမှ သာ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း ရောင်းချမှုများကို နေရာ ၁၈ နေရာ ခွဲပြီး ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပထမအကြိမ် ရင်သွေး တရားစခန်းပွဲ ကျင်းပမည်

ပထမအကြိမ် ရင်သွေး တရားစခန်းပွဲ ကျင်းပမည် ဒီဇင်ဘာ(၃၁)ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာ မြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ထ/၁၆ ရပ်ကွက်ရှိ တေဇာရာမ ကျောင်းတိုက် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး အလယ်တန်း ကျောင်းကြီး တွင် လာမည့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁ ၇က်မှ ၃ ရက်နေ့ အထိ ပထမအကြိမ် မြောက် ရင်သွေး တရားစခန်းပွဲကို ကျင်းပ ပြုလုပ်မည်ဟု သိရှိရသည်။ အဆိုပါ တရားစခန်းပွဲကို တေဇာရာမ ကျောင်းအုပ် ဆရာတော် ဦးစီးပဓာန နာယက အရှင် ဂမ္ဘီရဗုဒ္ဓိ (ရွှေပြည်ခိုင်)မှ ဦးစီး ဆောင်ရွက် သင်ကြား ပို့ချ ပေးမည် ဖြစ်ပြီး၊ အသက် ၉ နှစ်မှ ၁၃ နှစ် အထိ ဖြစ်ရမည် ဖြစ်ပြီး အဘိဓမ္မာ တရား သင်တန်း၊ ဘာသာ ယဉ်ကျေးမှု သင်တန်း၊ ကမ္မဠာန်း တရား ထိုင်ပုံ တရားရှုမှတ်နည်း များပါ မကျန် နေ့စဉ် နံနက် ၄ နာရီမှ ညနေ ၉ နာရီ အထိ အချိန်ပြည့် ဆောင်ရွက် သွားမည် ဖြစ်သည်။ တရားစခန်းပွဲ ၀င်လိုသူများနှင့် အသေးစိတ် သလို လှူဒါန်း လိုပါက တေဇာရာမ ကျောင်းတိုက် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး အလယ်တန်းကျောင်း၊ ဖုန်း ၀၉၇၃၁၆၆၄၀၅ ၊ ၀၁၆၁၁၈၆၅ သို့ ဆက်သွယ် ဆောင်ရွက် နိုင်ကြောင်း သိရှိရသည်။

ဆူးလေစေတီတော်၏ (၁၀)ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယ ပွဲတော် ကျင်းပမည်

ဆူးလေစေတီတော်၏ (၁၀)ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယ ပွဲတော် ကျင်းပမည် ဒီဇင်ဘာ(၃၁)ရက်နေ့ ဆူးလေ စေတီတော်၏ (၁၀)ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယပွဲတော်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်မှ ၂၆ ရက်အထိ ၉ ရက်တိုင်တိုင် ကျင်းပပြီး ပွဲတော်ရက် မတိုင်မီ ကြိုတင်၍ အသံမစဲ အဘိဓမ္မာ ၇ ကျမ်း ဒေသနာတော် မြတ်ကြီးကို ရွတ်ဖတ် ပူဇော်မည်ဟု သိရသည်။ အဆိုပါ ပွဲတော်တွင် ဓမ္မပူဇာတရားအလှူတော်ပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ဆွမ်းတော်ကြီး တင် ကပ်လှူ ပူဇော်ပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၂ ၇က်မှ ၂၆ ရက်အထိ ပြုလုပ်မည် ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနား ကို ဇန်န၀ါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီတွင် ဆူးလေစေတီတော် ရင်ပြင်တော်ရှိ ကျက်သရေဆောင် ခန်းမ တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကျန်းမာ သန်ရှင်းရေးအဖွဲ့မှ တိုင်းရင်းဆေး သမားတော်ကြီး များ၊ အနောက်တိုင်း ကျန်းမာရေး ဆရာဝန်ကြီး များနှင့် ကျန်းမာရေး ဆေးခန်းကို ဇန်န၀ါရီလ ၂၃ ရက်မှ ၂၇ ရက်အထိ နေ့စဉ် ဖွင့်လှစ်၍ ပွဲတော်လာ ပြည်သူများအား ကုသိုလ်ဖြစ် အခမဲ့ ဆေးကုသပေးသွား မည် ဖြစ်ပြီး၊ ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်ပွဲကို အောင်ပွဲ အခမ်းအနား အနေဖြင့် ဇန်န၀ါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ(၃၁-၁၂-၂၀၁၂)

Sunday, December 30, 2012

မြ၀တီနေ့စဉ်သတင်းစာ(၃၀-၁၂-၂၀၁၂)

scribd mediafire http://www.scribd.com/doc/118359492 http://www.mediafire.com/view/?m6zw07wrrnrxbzv Myawady Daily Newspaper(30!12!2012)

Saturday, December 29, 2012

မြ၀တီနေ့စဉ်သတင်းစာ(၂၉-၁၂-၂၀၁၂)

scribd mediafire http://www.scribd.com/doc/118286989 http://www.mediafire.com/view/?3vwjnt2t7zi6861 Myawady Daily Newspaper(29!12!2012)

Friday, December 28, 2012

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ အကူအညီဖြင့် ရေဒါ တပ်ဆင်မည်

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ အကူအညီဖြင့် ရေဒါ တပ်ဆင်မည် ဒီဇင်ဘာ(၂၈)ရက်နေ့ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ အကူအညီ ဖြင့် အမေရိကန် ဒေါ်လာ သန်း ၄၀ ခန့် တန်ဖိုး ရှိသော ရေဒါ ၃ လုံး တပ်ဆင် နိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ရေဒါများသည် မုန်တိုင်း ခန့်မှန်းရာတွင် အသေးစိတ် တိုင်းတာ နိုင်မည့် အပြင် ၄င်းရေဒါ ၃ လုံးကို ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူ မြို့များ၌ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း အပြီး တပ်ဆင်ရန် မြန်မာနိုင်ငံ မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနနှင့် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ အကြား သဘောတူညီ ထားခဲ့ပြီး တပ်ဆင်မည့် ရေဒါများဖြင့် မုန်တိုင်း၏ အရွယ်ပမာဏ၊ လေတိုက်နှုန်း၊ မုန်တိုင်း ရွှေ့လျားရာ လမ်းကြောင်း၊ ရေငွေ့ပမာဏ စသည့် အချက်များကို ကြိုတင် ခန့်မှန်း နိုင်မည် ဖြစ်သည်။ ထို့အပြင် မုန်တိုင်းကြောင့် မည်သည့် ဒေသ၌ မိုးရွာနိုင်ကြောင်း နှင့် လျှပ်တပြက် ရေကြီးမည့် ဖြစ်စဉ်များ အတွက် ကြိုတင် သတိပေးချက် ထုတ်နိုင်မည့် အပြင် ယခု တပ်ဆင်မည့် ရေဒါ အမျိုးအစား တစ်လုံးကို ကျောက်ဖြူ မြို့တွင် ၁၉၇၉ ခုနှစ်၌ တပ်ဆင်ခဲ့ဖူးပြီး ၁၉၉၇ ခုနှစ် ကတည်းက ချို့ယွင်း ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

လားရှိုးမြို့၌ ငွေရတု စာပြန်ပွဲ ကျင်းပမည်

လားရှိုးမြို့၌ ငွေရတု စာပြန်ပွဲ ကျင်းပမည် ဒီဇင်ဘာ(၂၈)ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ မန်ဆူဘုရားကြီးကျောင်း၊ ပရိယတ္တိ စာသင်တိုက်၊ မြသိန်းတန် ဓမ္မာရုံကြီး၌ ပရိယတ္တိ သာသနာ့နုဂ္ဂဟသဟ ပုညကာရီ အသင်းကြီး၏ (၂၅)ကြိမ်မြောက် ငွေရတု စာပြန်ပွဲကြီး အား ဒီဇင်ဘာ ၂၉ ရက်မှ ဇန်န၀ါရီ ၃ ရက်အထိ၊ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ စာပြန်ပွဲတွင် လာရောက်၍ အာဂုံပြန်ဆိုမည့် ရဟန်း၊ သာမဏေ၊ သီလရှင် များနှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၁၀၀ ကျော် ဖြေဆို သွားမည် ဖြစ်ကြောင်း သိရှိရသည်။

တောင်သူလယ်သမားကြီးများ အဆင်ပြေရန် စပါးတန်ချိန် နှစ်သိန်း ၀ယ်ယူမည်

တောင်သူလယ်သမားကြီးများ အဆင်ပြေရန် စပါးတန်ချိန် နှစ်သိန်း ၀ယ်ယူမည် ဒီဇင်ဘာ(၂၈)ရက်နေ့ ပေါ်ဆန်းမွှေး စါပးတန်ချိန် နှစ်သိန်းခန့်ကို မြန်မာနိုင်ငံများပိုင် ကော်ပိုရေးရှင်းမှ တောင်သူ လယ်သမား ကြီးများ အဆင်ပြေမှုရှိစေရန် ၀ယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော် အရန်ဆန်များ ၀ယ်ယူရာ တွင် ဆန်ကြမ်း များကိုသာ အဓိကထား ၀ယ်ယူ လျက်ရှိပြီး ဆန်ချော ဖြစ်သည့် ပေါ်ဆန်းမွှေး စပါးကို ၀ယ်ယူခြင်း မရှိသောကြောင့် ဈေးကွက် ၀ယ်လိုအား နည်းလျက် ရှိနေသည့် အတွက် ပေါ်ဆန်းမွှေး စပါးကို မြန်မာနိုင်ငံ များပိုင် ကော်ပိုရေးရှင်း အနေဖြင့် ၀ယ်ယူရန် စီစဉ် ထားမှုများ ရှိနေ သော်လည်း လိုအပ်ချက် အပေါ် မူတည်၍ ၀ယ်ယူမှုအား ပြောင်းလဲမှု ရှိနိုင်သည်။ မိုးစပါး နိုင်ငံတော် အရန်ဆန်များ ၀ယ်ယူရာ တွင် အာမခံ စနစ်အား တင်ဒါ စနစ်ဖြင့် ဈေးကွက် အတွင်းရှိ ဆန်များကို နိုဝင်ဘာလဆန်း မှစ၍ အရန်ဆန် တန်ချိန် ငါးသောင်း စတင် ၀ယ်ယူနေပြီ ဖြစ်ကြောင်း သိရှိရသည်။

(၀ါးချက်) ဇီဝိတဒါန သံဃာ့ဆေးရုံသို့ အမေရိကန်နိုင်ငံမှ အထူးကု ဆရာဝန်ကြီးများ လာရောက်မည်

(၀ါးချက်) ဇီဝိတဒါန သံဃာ့ဆေးရုံသို့ အမေရိကန်နိုင်ငံမှ အထူးကု ဆရာဝန်ကြီးများ လာရောက်မည် ဒီဇင်ဘာ(၂၈)ရက်နေ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုး၊ (၀ါးချက်) ဇီဝတိဒါန သံဃာ့ ဆေးရုံကြီး တွင် အမေရိကန် နိုင်ငံမှ အထွေထွေ ခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ ရင်သား အထူးကု ဆရာဝန်ကြီးများ၊ သမားတော် ကြီးများ၊ ကလေး အထူးကု ဆရာဝန်ကြီး များနှင့် ဆေးရုံ ၀န်ထမ်းများ ပူးပေါင်းကာ စမ်းသပ်၊ စစ်ဆေး ခွဲစိတ် ကုသ ပေးမည် ဖြစ်သည်။ ကုသလိုသော ဝေဒနာရှင် များ အနေဖြင့် ကြိုတင် စမ်းသပ်မှုများ လိုအပ်မည် ဖြစ်၍ ဆေးရုံ ၀န်ထမ်းများက ယနေ့မှစ၍ ဆောင်ရွက်ပေး လျက်ရှိပြီး အမေရိကန် နိုင်ငံ အထူးကု ဆရာဝန်ကြီး များနှင့် ဆက်လက် ကုသရန် ရက်ချိန်းပေး မည်ဖြစ်ကာ အထူးကု ဆရာဝန်ကြီး များက ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်မှ ၁၇ ရက် အထိ လာရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

Myanmar Travel & Trade Expo 2013 ပြပွဲ ပြသမည်

Myanmar Travel & Trade Expo 2013 ပြပွဲ ပြသမည် ဒီဇင်ဘာ(၂၈)ရက်နေ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် MTF ၏ ဦးဆောင်မှုဖြင့် MTS Event မှ ပထမအကြိမ် ကျင်းပသည့် Myanmar Travel & Trade Expo 2013 ပြပွဲအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၁ ရက်မှ ၁၄ ရက်အထိ ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်း ရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ပြသသွားမည် ဖြစ်ကြောင်း၊ ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွား လုပ်ငန်းများ၊ ဟိုတယ်များ၊ လေကြောင်း လိုင်းများ၊ စားသောက် ဆိုင်များ၊ သယ်ယူ ပို့ဆောင်ရေး ကား ကုမ္ပဏီများ အစရှိသည့် ခရီးသွား လုပ်ငန်းဆိုင်ရာ ပြခန်းများ အပြင် အိမ်ရာ ပြခန်းများ၊ စက်မှု ထုတ်ကုန် များနှင့် အခြား လူသုံးကုန် ပစ္စည်းများကို ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

WISH College မှ Certificate in Practice of Management သင်တန်း ဖွင့်လှစ်မည်

WISH College မှ Certificate in Practice of Management သင်တန်း ဖွင့်လှစ်မည် ဒီဇင်ဘာ(၂၈)ရက်နေ့ WISH College မှ ဖွင့်လှစ်သည့် Certificate in Practice of Management သင်တန်းကို ဒီဇင်ဘာ ၂၉ ရက်တွင် တန်းခွဲသစ် စတင် ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရသည်။ ၄င်းသင်တန်း မှာ ခေါင်းဆောင်မှု၊ စီမံနိုင်မှု၊ အဖွဲ့ အစည်း အလိုက် လုပ်ဆောင် နိုင်မှု၊ ပြဿနာကို ရှင်းလင်း နိုင်မှု၊ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချနိုင်မှုများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် စီမံခန့်ခွဲမှု နှင့် ပတ်သက် သည့် ကဏ္ဍစုံ ကိုလည်း သင်ကြား ပေးမည် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါ သင်တန်းကို စီးပွားရေး လုပ်ငန်းရှင်များ၊ မန်နေဂျာများ နှင့် စီမံခန့်ခွဲမှုကို စိတ်ပါဝင်စား သူများ တက်ရောက် နိုင်ပြီး အဆိုပါ သင်တန်းကို အပတ်စဉ် စနေနှင့် တနင်္ဂနွေ နေ့များတွင် ညနေ ၅ နာရီခွဲမှ ၇ နာရီခွဲ အထိ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ သင်တန်း တက်ရောက် လိုပါက သင်တန်းကြေး ကျပ် ငါးသောင်း ပေးသွင်း၍ ရွှေဂုံတိုင်၊ ယုဇန တာဝါရှိ အဆိုပါ သင်တန်းကျောင်း တွင် စုံစမ်း တက်ရောက် နိုင်ကြောင်း သိရှိရသည်။

ရေထွက်ပစ္စည်း ပြည်ပ တင်ပို့မှု ပိုမို တိုးချဲ့ရန် အတွက် ပြည်ပ ပညာရှင်များ နည်းပညာ ကူညီပေးမည်

ရေထွက်ပစ္စည်း ပြည်ပ တင်ပို့မှု ပိုမို တိုးချဲ့ရန် အတွက် ပြည်ပ ပညာရှင်များ နည်းပညာ ကူညီပေးမည် ဒီဇင်ဘာ(၂၈)ရက်နေ့ ယခုလက်ရှိ ဘဏ္ဍာနှစ် အတွက် ရေထွက် ပစ္စည်းများ ပြည်ပ တင်ပို့မှုမှ ရရှိငွေကို အမေရိကန် ဒေါ်လာ သန်း ၇၀၀ သတ်မှတ် ထားရာ ဒီဇင်ဘာ ၉ ရက်အထိ အမေရိကန် ဒေါ်လာ ၄၃၂ သန်းကျော် ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ရေထွက်ပစ္စည်းများ ပြည်ပ တင်ပို့မှုမှ အကောင်အထည် ဖော်နိုင်မှု ရာခိုင်နှုန်းမှာ ၆၁ ဒသမ ၇၇ ရာခိုင်နှုန်း ရှိနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အပတ်စဉ် ပြုလုပ် သည့် သားငါးကဏ္ဍ ဆိုင်ရာ လုပ်ငန်းရှင်များ အစည်းအဝေးမှ သိရသည်။ ထို့ပြင် ပြည်တွင်းမှ ငါးများကို အနောက် ဥရောပ နိုင်ငံများ နှင့် အမေရိကန် နိုင်ငံများရှိ ဈေးကွက်များ၊ ထပ်မံ တိုးချဲ့ တင်ပို့နိုင်ရန် အတွက် ပြည်ပ ပညာရှင်များက နည်းပညာ များ လာရောက ကူညီ ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

မန္တလေး စာပေ အနုပညာရှင်များ၊ သတင်းသမားများ ဦးစီး၍ ငလျင် ရံပုံငွေ ဖျော်ဖြေပွဲ ကျင်းပမည်

မန္တလေး စာပေ အနုပညာရှင်များ၊ သတင်းသမားများ ဦးစီး၍ ငလျင် ရံပုံငွေ ဖျော်ဖြေပွဲ ကျင်းပမည် ဒိဇင်ဘာ(၂၈)ရက်နေ့ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ငလျင်ဒဏ်ခံရသူ များကို ကူညီနိုင်ရန်အတွက် မန္တလေးမြို့၊ စာပေ အနုပညာရှင်များ နှင့် သတင်းသမား များ ဦးစီး၍ ရံပုံငွေ ဖျော်ဖြေပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၅ ရက်နေ့တွင် အမျိုးသားဇာတ်ရုံ (မန္တလေး)၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ ဖျော်ဖြေပွဲတွင် မြို့မ တူရိယာ အသင်း၊ နိုင်ငံကျော် အဆိုတော်များ ဖြစ်ကြသော သန်းမြတ်စိုး၊ ဖိုးသောကြာ၊ စိုးစန္ဒာထွန်း၊ အိအိချွန် နှင့် အနုပညာရှင် များ၊ ချစ်စရာ၊ ထင်ပေါ်၊ ပေါစိန် တို့၏ အငြိမ့်ခန်း၊ ဧရာဝတီ ကဇာတ်၊ လူငယ်သဘင် များ၏ တစ်ခန်းရပ် ပြဇာတ် တို့ဖြင့် ဖျော်ဖြေ တင်ဆက်မည် ဖြစ်ကာ ပါဝင် ကူညီ လှူဒါန်း လိုသူများ အနေဖြင့် ညီညီဇော် (7 Day News ) ဖုန်း ၀၉၄၀၂၅၈၅၄၅၀ ၊ စည်သူလွင် (မြန်မာတိုင်းမ်ဂျာနယ်) ဖုန်း ၀၉၉၁၀၄၂၉၁၈ ၊ စန်းယုကျော် (မော်ဒန်၊ ကုမုဒြာ ဂျာနယ်) ဖုန်း ၀၉၄၄၄၂၂၅၅၂၅ ၊ မင်းကိုကို (ရန်ကုန်တိုင်းမ် ဂျာနယ်) ဖုန်း ၀၉၂၀၂၁၆၃၂ တို့အား ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရှိရသည်။

H+100 အသည်း ကူညီမှု အဖွဲ့ ဖွဲ့စည်းကာ အသည်းရောဂါ ဝေဒနာရှင် များအား အကူအညီ ပေးမည်

H+100 အသည်း ကူညီမှု အဖွဲ့ ဖွဲ့စည်းကာ အသည်းရောဂါ ဝေဒနာရှင် များအား အကူအညီ ပေးမည် ဒီဇင်ဘာ(၂၈)ရက်နေ့ ဘီပိုး၊ စီပိုး ရောဂါဖြင့် အသက် မသေစေရ ဆောင်ပုဒ်နှင့် အညီ မန္တလေးမြို့ တွင် အသည်းရောဂါ အကူအညီ ပေးရေး အဖွဲ့ H+100 အား ဖွဲ့စည်းလျက် အသည်း ဝေဒနာရှင် များအား အကူအညီ ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့အစည်း သည် ငွေကြေး မတတ်နိုင် သည့် သူများကို ပိုးစစ်ဆေးပြီး အသည်း လုပ်ဆောင်ချက် စစ်ဆေး ပေးခြင်း၊ Ultra Sound ရိုက်ပေးကာ လှူဒါန်းမှု လုံလောက်ပါက ဆေးဖိုး မတတ်နိုင်သူများ ကို ဘီပိုး၊ စီပိုး နှင့် အသည်း ရောဂါ ဝေဒနာရှင် များအား အခမဲ့ ကုသပေးမည် ဖြစ်ပြီး အဖွဲ့ကို အတွေ့အကြုံရှိ ပုဂ္ဂိုလ်များ၊ စေတနာရှင်များ၊ ကုသိုလ်ဖြင့် ကုသ ပေးသည့် ဆရာဝန်ကြီး များ စုစည်းကာ အသည်း အတွက် ကူညီနိုင်ရန် လစဉ် တစ်ဦးလျှင် တစ်ထောင်စီ ထည့်ဝင် ကြပြီး ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ အသည်းရောဂါ ဝေဒနာရှင် များ အနေဖြင့် H+100 နှင့် ကုသလိုသူများ၊ ပါဝင် ကူညီ လှူဒါန်း လိုသူများသည် ဦးစောနေ၀င်း (ရူပဗေဒ) ဖုန်း ၀၉၂၀၂၅၄၄၅ ၊ ဦးသောင်းထွန်း ၀၉၂၀၀၉၃၅၄ ၊ ဦးချစ်စရာ (လူရွှင်တော်) ၀၉၄၃၁၄၁၆၇၃ ၊ ဦးစောခိုင် ၀၉၄၇၁၀၃၃၀၀ ၊ ဦးဇော်ဝင်းသန်း ၀၉၄၀၂၅၂၈၈၀၄ တို့ကို ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ(၂၈-၁၂-၂၀၁၂)

scribd mediafire http://www.scribd.com/doc/118172081 http://www.mediafire.com/view/?3oq0gc7utr9mysb Myawady Daily Newspaper

Thursday, December 27, 2012

သတ္တုတူးဖော်ရေးနှင့် သတ္တုတွင်းဆိုင်ရာ ဥပဒေ သဘောတရားများ ဟောပြောပွဲ ကျင်းပမည်

သတ္တုတူးဖော်ရေးနှင့် သတ္တုတွင်းဆိုင်ရာ ဥပဒေ သဘောတရားများ ဟောပြောပွဲ ကျင်းပမည် ဒီဇင်ဘာ(၂၇)ရက်နေ့ မြန်မာနိုင်ငံ ဘူမိသိပံ္ပ အသင်းမှ ကြီးမှူး၍ ပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ဒီဇင်ဘာ ၂၉ ရက် (စနေနေ့) နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း MES အဆောက် အအုံ၌ ဟောပြောမည် ဖြစ်သည်။ ဟောပြောပွဲတွင် သြစတေးလျ နိုင်ငံရောက် မြန်မာ ပညာရှင် ဦးချစ်ကိုကို နှင့် ဒေါ်တင်မေနွယ် တို့က သတ္တု တူးဖော်ရေး လုပ်ငန်းများ၊ သတ္တုတွင်း ဆိုင်ရာ ဥပဒေ သဘော တရားများ၊ ဟင်းလင်းပွင့် Open Pit သတ္တုတွင်းများ၊ မြေပြို တောင်ပြိုမှု နှင့် ဘူမိဗေဒ ဆိုင်ရာ သဘာဝဘေး များ၊ လက်ရှိ ဖြစ်ပေါ် နေသော သတ္တု တူးဖော်ရေး ဆိုင်ရာ အငြင်းပွားလျက် ရှိသော ကိစ္စရပ်များ အား ဖြေရှင်း နိုင်ရန် ရည်ရွယ်ချက် တို့ဖြင့် ရှင်းလင်း ဟောပြောမည် ဖြစ်၍ အသင်းဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဘူမိသိပံ္ပ ပညာရပ်ကို လေ့လာသူများ၊ စိတ်ပါ ၀င်စားသူ များ တက်ရောက် နိုင်ကြောင်း သိရှိရသည်။

အိမ်၌ ကိုယ်တိုင် ပြုလုပ်သော ပဲနို့ ကျန်းမာရေး အတွက် များစွာ အကျိုးပြု

အိမ်၌ ကိုယ်တိုင် ပြုလုပ်သော ပဲနို့ ကျန်းမာရေး အတွက် များစွာ အကျိုးပြု ဒီဇင်ဘာ(၂၇)ရက်နေ့ ပဲနို့ကို ပဲပိစပ်မှ အလွယ်တကူ ထုတ်လုပ် နိုင်ပြီး ၄င်းမှာ မိမိနေအိမ်၌ပင် ပြုလုပ်နိုင်ကာ ကျန်းမာရေး အတွက် များစွာ အကျိုးပြု ကြောင်း အဟာရဗေဒ ဆိုင်ရာ ဆရာဝန်ကြီး တစ်ဦးက ပြောကြားသည်။ ပဲနို့တွင် အဆီဓာတ်၊ ပရိုတင်းဓာတ်၊ OMega3 ၊ သတ္တုဓာတ်၊ ဗီတာမင်း တို့ ပါရှိခြင်းကြောင့် ၀မ်းပျက်သော ကလေးငယ် များကို အာဟာရ အဖြစ် တိုက်ကျွေး နိုင်ကြောင်း သိရသည်။ ပဲနို့ ပြုလုပ်ပေးရန် အတွက် ပဲပိစပ် အား တစ်ညခန့် ရေစိမ်ပြီး ဖျော်စက်တွင် ရေအနည်းငယ် ရော၍ ဖျော်ပြီးနောက် ဆူအောင် ကျိုပါက အသင့် သောက်သုံး နိုင်သော ပဲနို့ရည်ကို ရရှိနိုင်ကြောင်း သိရသည်။ အဆိုပါ ပဲနို့တွင် ပါဝင်သော အီထရိုဂျင် ဓာတ်မှာ အမျိုးသမီး၌ ဖြစ်လေ့ရှိသော သွေးဆုံးကိုင် ရောဂါကို ကာကွယ် ပေးနိုင်သည့် အပြင် ဟော်မုန်း အစားထိုး ကုသမှု အနေဖြင့် သောက်သုံး နိုင်ကြောင်း ထပ်မံ သိရသည်။ ပဲနို့ ပြုလုပ်သော ပဲပိစပ်တွင် ပါဝင်သည့် ပရိုတင်းဓာတ် ကြောင့် ကလေးများ၏ အရိုးအဆစ်ကို ဖွံ့ဖြိုးစေပြီး ဘေးအန္တရာယ် မရှိသော သဘာဝ ဖျော်ရည်တစ်မျိုး ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

နိုင်ငံတကာ အစားအသောက်နှင့် အစားအသောက်ဆိုင်ရာ ပစ္စည်းများ ပြပွဲ ကျင်းပမည်

နိုင်ငံတကာ အစားအသောက်နှင့် အစားအသောက်ဆိုင်ရာ ပစ္စည်းများ ပြပွဲ ကျင်းပမည် ဒီဇင်ဘာ(၂၇)ရက်နေ့ နိုင်ငံတကာ အစားအသောက်နှင့် အစားအသောက်ဆိုင်ရာ ပစ္စည်းများ ပြပွဲကြီး International Food and Machinery Expo 2013 ကို ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ ဇန်န၀ါရီလ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ပြပွဲတွင် Japan Food Manufacturing Machinery Association မှ ကုမ္ပဏီပေါင်း ၁၆၅ ခု အပါအ၀င် နိုင်ငံတကာ နှင့် ပြည်တွင်းမှ စားသောက်ကုန် များ၊ ဆက်စပ် ပစ္စည်းများ၊ စားသောက်ကုန် ထုတ်လုပ်ရာတွင် လိုအပ်မည့် စက်ပစ္စည်းများ၊ စားသောက်ကုန် ထုပ်ပိုးရာတွင် လိုအပ်မည့် စက်ပစ္စည်းများ၊ အစား အသောက် ဆိုင်ရာ ၀န်ဆောင်မှုနှင့် ဆက်စပ်ပစ္စည်းများ၊ မီးဖိုချောင် သုံး ကြွေထည်၊ အိုးခွက် ပန်းကန်၊ စတီးလ်ပစ္စည်းများ၊ ပရိဘောဂ ပစ္စည်းများ၊ ချက်ပြုတ် သိုလှောင် ရောင်းချရာတွင် ဆက်စပ် ပစ္စည်းများ၊ အစားအသောက် သယ်ယူ ပို့ဆောင်ရန် ဆက်စပ် ပစ္စည်းများ၊ အစား အသောက်နှင့် ပတ်သက်သော သင်တန်းများ စသည်တို့ကို အမျိုးအစား စုံလင်စွာ ပြသမည့် အပြင် ရုရှား၊ ဂျပန်၊ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ် စသည့် နိုင်ငံများမှ သရုပ်ဆောင်များ ၏ ဖျော်ဖြေ တင်ဆက်မှု အစီအစဉ် များလည်း ပါဝင်မည် ဖြစ်သည်။ ယင်းပြပွဲကြီးကို စုံစမ်းလိုပါက ဖုန်း ၀၉၄၃၀၉၆၆၆၆ ၊ ၀၉၄၂၀၀၀၁၆၁၇ ၊ ၀၉၄၂၀၁၈၆၈၉၇ ၊ ၀၉၄၂၀၀၄၀၂၅၄ ၊ ၀၉၄၂၀၃၀၅၈၈၂ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။

အဖေများနေ့ ဂုဏ်ပြုသွေးလှူဒါန်းပွဲ ကျင်းပမည်

အဖေများနေ့ ဂုဏ်ပြုသွေးလှူဒါန်းပွဲ ကျင်းပမည် ဒီဇင်ဘာ(၂၇)ရက်နေ့ မန္တလေး၊ ချမ်းပြသာစည် မြို့နယ်၊ ညောင်ကန်တိုက်၊ ပြည်လုံးနိုင် ကျောင်းရှိ၊ ဖြူစင် ပရဟိတ သွေးလှူရှင် အသင်းကြီးက ကြီးမှူး၍ အဖေများနေ့ ဂုဏ်ပြု သွေးလှူဒါန်းပွဲအား ဇန်န၀ါရီ ၂၆ ရက် နံနက် ၉ နာရီတွင် အဆိုပါ အသင်းရုံး၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ အဖေများနေ့ သွေးလှူဒါန်းပွဲ အခမ်းအနားကို ဖြူစင် ပရဟိတ အသင်းခွဲ ၁၀ ခု အသင်းသူ၊ အသင်းသားများ၊ စေတနာရှင် သွေးလှူရှင်များ၊ သွေးလှူဒါန်း လိုပါက ချမ်းမြသာစည်၊ ညောင်ကန်တိုက်၊ ပြည်လုံးနိုင် ကျောင်းသို့ ဆက်သွယ် စာရင်း ပေးသွင်းနိုင် ကြောင်း သိရှိရသည်။

ကုန်စည်ပြပွဲနှင့် ကားပြပွဲကြီး ကျင်းပမည်

ကုန်စည်ပြပွဲနှင့် ကားပြပွဲကြီး ကျင်းပမည် ဒီဇင်ဘာ(၂၇)ရက်နေ့ ကုန်စည်ပြပွဲနှင့် ကားပြပွဲကြီးကို မန္တလေး၊ မြို့တော်ခန်းမ(၁) တွင် ဇန်န၀ါရီ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ နံနက် ၉ နာရီမှ ည ၉ နာရီ အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ရာ အဆိုပါ ကုန်စည်ပြပွဲနှင့် ကားပြပွဲကြီးတွင် ပါဝင် ပြသ ရောင်းချလိုပါက ပြခန်းများ အတွက် SMART BUSINESS GROUP ဖုန်း ၀၁၆၅၆၈၇၅ ၊ ၀၁၆၆၇၄၇၃ ၊ ၀၉၇၃၀၁၄၇၇၇ ၊ ၀၉၅၀၉၉၀၇၉ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

နှလုံး၊ သွေးတိုး ရောဂါ ရှိ/မရှိ (အခမဲ့) စစ်ဆေးပေးမည်

နှလုံး၊ သွေးတိုး ရောဂါ ရှိ/မရှိ (အခမဲ့) စစ်ဆေးပေးမည် ဒီဇင်ဘာ(၂၇)ရက်နေ့ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၇၅ လမ်းနှင့် ၁၀ လမ်းထောင့်ရှိ မြတ်တော်ဝင် အထူးကု ဆေးခန်းနှင့် အဆင့်မြင့် ရောဂါ ဓာတ်ခွဲခန်းမှ နှလုံးရောဂါ ရှိ/မရှိ ECG ဘွဲ့ပေးခြင်း၊ သွေးတိုး ရောဂါ ရှိ/မရှိ Blood Pressure တိုင်းပေးခြင်း များကို အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း အခမဲ့ ကုသိုလ်ဖြစ် ဆောင်ရွက် ပေးမည် ဖြစ်ရာ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉၄၃၀၅၉၂၄၉ ၊ ၀၉၂၀၂၆၈၉၀ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

ဗုဒ္ဓနည်း၊ နမ်၊ ရုပ် အလုပ်တရားစခန်း ဖွင့်လှစ်မည်

ဗုဒ္ဓနည်း၊ နမ်၊ ရုပ် အလုပ်တရားစခန်း ဖွင့်လှစ်မည် ဒီဇင်ဘာ(၂၇)ရက်နေ့ ထေရ၀ါဒ ဗုဒ္ဓဒေသနာ နှင့် ၀ိပဿနာ ပြန့်ပွားရေး အသင်း (မန္တလေး) က ပဉ္စမအကြိမ် ဗုဒ္ဓနည်း နမ်၊ ရုပ် လေ့ကျင့်ရေး တရား အလုပ်စခန်းကို ဆရာကြီး ဦးဌေးအောင် ကြီးမှူး၍ ဗုဒ္ဓဒေသနာကို ခေတ်ပညာနှင့် အညီ ကောင်းစွာ ဆက်စပ် ထားပြီး၊ မြတ်ဗုဒ္ဓ၏ တရားတော်များကို ပိုမို၍ နက်နက်ရှိုင်းရှိုင်း၊ ထိုးထိုးမြင်မြင် နားလည်စေရန် ရည်ရွယ်ကာ ဒီဇင်ဘာ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ မန္တလေး၊ ချမ်းအေး သာစံ မြို့နယ်၊ ၇၆ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ ဆုတောင်းပြည့် မြတ်စွာဘုရား အောင်ဓမ္မာရုံ၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရှိရသည်။

(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီး ကျင်းပမည်

(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီး ကျင်းပမည် ဒီဇင်ဘာ(၂၇)ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၂၀) ရပ်ကွက်ရှိ ကေတုမတီ မိုးလုံ လေလုံ အားကစား ခန်းမ၌ အားကစား ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူး၍ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ဇန်န၀ါရီ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စိန်ခေါ်ပွဲကြီး တွင် လုံးချော (ညောင်တုန်း) နှင့် ရန်ကြီးအောင် (မြို့တော်စည်ပင်)၊ စောဂပရေးမှူး (ကညွတ်ကွင်း) နှင့် ၀ဏ္ဏ (ရေး)၊ နေဂူဘီ (တောင်ငူ) နှင့် ရဲတံခွန် (မြို့တော်စည်ပင်)၊ စောသဲဦး (တွံတေး) နှင့် ရန်တိုင်းကျော် (၀ါဆို)၊ စောသားငယ် (တောင်ငူ) နှင့် သူရအောင် (ထန်းတပင်)၊ မောင်ကောင်း (တီအန်တီ) နှင့် ရှမ်းကြီး (အဖြူရောင် သွေးသစ်) အသီးသီးတို့ က အကြိတ်အနယ် ယှဉ်ပြိုင် ထိုးသတ် ကြမည် ဖြစ်ပြီး နယ်ခံကြားပွဲစဉ် လူသစ်တန်း ၉ ပွဲ ပါဝင်မည် ဖြစ်သည်။ ၀င်ကြေး အဖြစ် တစ်ဦးလျှင် ငွေကျပ် ၇၀၀၀ နှုန်းဖြင့် ကြည့်ရှု အားပေး နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ(၂၇-၁၂-၂၀၁၂)

Wednesday, December 26, 2012

ဟဲဟိုးမြို့၌ လေယာဉ် မတောတဆမှု ဖြစ်ပွား

ဒီဇင်ဘာ(၂၆)ရက်နေ့ ၂၅-၁၂-၂၀၁၂ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၅၀ အချိန်တွင် ရန်ကုန်မြို့မှ မန္တလေးမြို့နှင့် ဟဲဟိုးမြို့ များသို့ ပြေးဆွဲခဲ့သော အဲပုဂံ လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် W9-011 ခရီးစဉ်၊ Fokker 100 လေယာဉ် သည် ဟဲဟိုး လေယာဉ် ကွင်းသို့ ဆင်းသက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ၄င်းလေယာဉ်တွင် ခရီးသည် ၆၅ ဦး ပါဝင်ပြီး လေယာဉ်မောင်း ၂ ဦး၊ လေယာဉ်မယ် ၄ ဦး ပါဝင်ကြောင်း သိရသည်။ မြေပြင်ပေါ်သို့ လေယာဉ် ရောက်ရှိသည် နှင့် အရေးပေါ် ထွက်ပေါက်ကို ဖွင့်လှစ်ခဲ့ပြီး ခရီးသည် များကို လေယာဉ်ပေါ်မှ ထွက်ရှိနိုင်အောင် လေယာဉ် ၀န်ထမ်းများမှ ဆောင်ရွက်ခဲ့ရာ ခရီးသည် တစ်ဦးမှ လွဲ၍ ကျန် ခရီးသည် ၆၄ ဦးကို အောင်မြင် ဘေးကင်းစွာ ကယ်တင် နိုင်ခဲ့သည်။ လေယာဉ်မှာ မီးလောင် ကျွမ်းခဲ့ပြီး ခရီးသည်များ အနက်မှ ရှစ်ဦးမှာ ဒဏ်ရာ ရရှိခဲ့သဖြင့် အနီးဆုံးမြို့ကြီး ဖြစ်သော တောင်ကြီးမြို့၊ စ၀်စံထွန်း ဆေးရုံကြီး သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ သည်။ ခရီးသည် များ အနက်မှ မြန်မာ အမျိုးသမီး ခရီးသွား လမ်းညွှန် ဖြစ်သူ မနွယ်လင်းရှိန် ကွယ်လွန်ခဲ့ပြီး လေယာဉ် ဆင်းသက်စဉ်တွင် လေယာဉ်နှင့် ထိခိုက်မိသော လမ်းပေါ်မှ ဆိုင်ကယ်စီးသူ ဦးပြား ဆိုသူလည်း ကွယ်လွန်ခဲ့သည်။ အဲပုဂံ လေကြောင်းလိုင်း အနေဖြင့် ခရီးသည် အားလုံးကို ရန်ကုန်မြို့သို့ လေယာဉ်များဖြင့် ပြန်လည် ခေါ်ဆောင်လျက် ရှိပြီး ခရီးသည် ၂၆ ဦး ရန်ကုန်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ၄င်းခရီးသည် များအား မတော်တဆ မှုကြောင့် အထိတ်တလန့် ဖြစ်ခဲ့ခြင်းနှင့် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ခြင်း တို့ကြောင့် ရန်ကုန်မြို့၊ ၀ိတိုရိယ ဆေးရုံကြီး တွင် လိုအပ်သော ဆေးစစ်မှုများ ပြုလုပ်ပေးပြီး ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် အနားယူ ထားရှိသည်။ တောင်ကြီးမြို့၊ စ၀်စံထွန်း ဆေးရုံကြီး တွင် တက်ရောက် ကုသ နေသော ခရီးသည် ၈ ဦး အပါအ၀င် ကျန်ခရီးသည်များ မှာလည်း ရန်ကုန်မြို့သို့ ဆက်လက် ရောက်ရှိ လျက်ရှိသည်။ အဲပုဂံ လေကြောင်းလိုင်း အနေဖြင့် သက်ဆိုင်ရာ ပို့ဆောင်ရေး ၀န်ကြီးဌာန နှင့် ပူးပေါင်းလျက် မတော်တဆမှု ဖြစ်ရခြင်း အကြောင်းရင်း ကို စုံစမ်း စစ်ဆေးလျက် ရှိပြီး လိုအပ်သော တာဝန်ယူ ဖြေရှင်းမှုများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စက်မှုဇုန်အသစ် ၇ ဇုန် ထပ်မံ တည်ထောင်မည်

မြန်မာနိုင်ငံတွင် စက်မှုဇုန်အသစ် ၇ ဇုန် ထပ်မံ တည်ထောင်မည် ဒီဇင်ဘာ(၂၆)ရက်နေ့ မြန်မာနိုင်ငံတွင် စက်မှုဇုန် ၃၀ အထိ တည်ထောင် ထားပြီး ဖြစ်သော် လည်း စက်မှုဇုန် အသစ် ၇ ဇုန် ထပ်မံ တည်ထောင် သွားမည် ဖြစ်ကြောင်း မြန်မာ-ထိုင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။ အဆိုပါ စက်မှုဇုန်အသစ် ၇ ဇုန်မှာ နေပြည်တော် တပ်ကုန်း စက်မှုဇုန်၊ မန္ထလေးတိုင်း ဒေသကြီး တံတားဦး စက်မှုဇုတ်၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း စက်မှုဇုန်၊ တရုတ်-မြန်မာ နယ်စပ် မူဆယ် စက်မှုဇုန် နှင့် ထိုင်း-မြန်မာ နယ်စပ် ဘားအံ စက်မှုဇုတ်၊ မြ၀တီ စက်မှုဇုန်၊ ဘုရားသုံးဆူ စက်မှုဇုန် တို့ဖြစ်ကြသည်။ ဘားအံစက်မှုဇုတ် မှာ စတင် အကောင် အထည် ဖော်နေပြီ ဖြစ်ပြီး ကျန် စက်မှုဇုန် များကိုလည်း အမြန်ဆုံး အကောင် အထည် ဖော် သွား မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် စက်မှုဇုန် ၃၀ တည်ထောင် ထားပြီး ဖြစ်ရာ ရန်ကုန်မြို့ တွင် စက်မှုဇုန် ၁၄ ဇုန် အထိ အများဆုံး တည်ထောင် ထားပြီး ဖြစ်သည်။ တည်ထောင် ထားသည့် စက်မှုဇုန် များ အနက် တစ်ဝက် နီးပါး လောက်သာ လုပ်ငန်း အပြည့်အ၀ လုပ်နိုင်သည့် စက်မှုဇုန် များဖြစ်ပြီး ကျန် စက်မှုဇုန် များမှာ အပြည့် အ၀ လုပ်ကိုင် နိုင်ခြင်း မရှိသေး ကြောင်း သိရှိရသည်။

ဘူမိဗေဒ အထူးပြု ဘာသာရပ် ပထမနှစ် သင်တန်း ၀င်ခွင့် ရွေးချယ်ခံရသူများ လမ်းလျှောက်နိုင်မှု စစ်ဆေးခြင်းများ ပြုလုပ်မည်

ဘူမိဗေဒ အထူးပြု ဘာသာရပ် ပထမနှစ် သင်တန်း ၀င်ခွင့် ရွေးချယ်ခံရသူများ လမ်းလျှောက်နိုင်မှု စစ်ဆေးခြင်းများ ပြုလုပ်မည် ဒီဇင်ဘာ(၂၆)ရက်နေ့ မုံရွာတက္ကသိုလ် ဘူမိဗေဒ အထူးပြု ဘာသာရပ် ပထမနှစ် သင်တန်းဝင်ခွင့် အတွက် ၂၀၁၂ ခုနှစ် တက္ကသိုလ် ၀င်တန်းအောင် ကျောင်းသား၊ ကျောင်းသူ များမှ ပထမအဆင့် ရွေးချယ်ခံရသူ ၂၄၀ ဦးအား ဇန်န၀ါရီ ၃ ရက် နံနက် ၅ နာရီခွဲမှ ၁၀ နာရီခွဲ အထိ မိုင် ၂၀ လမ်းလျှောက် နိုင်မှု စစ်ဆေးခြင်းကို မုံရွာတက္ကသိုလ် - စီးပွားရေးတက္ကသိုလ်ရှေ့- မြို့ပတ်လမ်း- သာစည်လမ်း- ကြက်မွေးမြူရေးဇုန် အထိ အသွား/အပြန် လမ်းလျှောက်၍ ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဝိပဿနာဓမ္မစေတီ ထီးတော်တင်လှူပွဲနှင့် အနေကဇာတင်ပွဲ ကျင်းပပြုလုပ်မည်

ဝိပဿနာဓမ္မစေတီ ထီးတော်တင်လှူပွဲနှင့် အနေကဇာတင်ပွဲ ကျင်းပပြုလုပ်မည် ဒီဇင်ဘာ(၂၆)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီးစ၊ မုံရွာမြို့၊ အပြည်ပြည်ဆိုင်ရာ ဓမ္မ၀ီရိဝိပဿနာအဖွဲက၊ ဓမ္မဥာဏဓဇရိပ်သာ၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ် အနီး၊ ရွှေတောင်ဦး တွင် တည်ထား ပြီးစီးသည့် ၀ိပဿနာ ဓမ္မစေတီ ထီးတော် တင်လှူပွဲနှင့် အနေကဇာတင်ပွဲ အား ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး ထီးတော် တင်လှူမည့် နေ့တွင် တရားပြ ဆရာကြီး ဦးဝိအင်တာ နှင့် ပြည်ပ ယောဂီ များသည် ရွှေတော်ဦး တရားဂူနှင့် ဓမ္မဥာဏဓဇရိပ်သာရှိ ဓမ္မခန်းမတွင် စုပေါင်း တရား ကျင့်ကြံ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ(၂၆-၁၂-၂၀၁၂)

scribd mediafire http://www.scribd.com/doc/117969957 http://www.mediafire.com/view/?6zlvvb3wtj7eb61 Myawady Daily Newspaper(26!12!2012)

Tuesday, December 25, 2012

ယာယီအမှိုက်ကန်နေရာများတွင် ဂျာမနီနိုင်ငံထုတ် အမှိုက်ပုံးကြီးများဖြင့် အစားထိုးမည်

ယာယီအမှိုက်ကန်နေရာများတွင် ဂျာမနီနိုင်ငံထုတ် အမှိုက်ပုံးကြီးများဖြင့် အစားထိုးမည် ဒီဇင်ဘာ(၂၅)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၀ါးကပ်ဖြင့် ပြုလုပ်ထားသော အမှိုက်ကန်ပေါင်း ၂၀၀ ကျော်ခန့် ရှိပြီး အဆိုပါ နေရာများတွင် ဂျာမနီ နိုင်ငံထုတ် ၆၆၀ လီတာဆန့် အမှိုက်ပုံး ၈၀၀ ခန့်နှင့် ၂၄၀ လီတာဆန့် အမှိုက်ပုံး ၁၈၀၀ ခန့် တို့ဖြင့် အစားထိုး ထားရှိ ပေးသွားမည် ဖြစ်ကြောင်းစ သိရသည်။ အဆိုပါ အမှိုက်ပုံးများ သည် မော်တော်ယာဉ်ဖြင့် ချိတ်ပြီး အသုံးပြုနိုင် သောကြောင့် သန့်ရှင်းရေး ၀န်ထမ်းများ ကို သက်သာ စေကာ အမှိုက်သိမ်း ယာဉ် ၄၀ စီးခန့် ကိုလည်း ထပ်မံ မှာယူ ထားကြောင်း သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်း ဆားဗစ်စင်တာ ဖွင့်မည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်း ဆားဗစ်စင်တာ ဖွင့်မည် ဒီဇင်ဘာ(၂၅)ရက်နေ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်း အသုံးပြုသူများ အဆင်ပြေစေရန် ရည်ရွယ်၍ Customer Care Center များ ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စင်တာ၌ မိုဘိုင်း ဟန်းဆက် များအား ပြုပြင်ပေးခြင်း၊ ဆင်းကတ်များ ရောင်းချပေးခြင်း၊ ဆင်းကတ်နှင့် ပတ်သက်သည့် Customer Complane များကို ဖြေရှင်းပေးခြင်း နှင့် ဆင်းကတ် ၀န်ဆောင်မှု ပေးခြင်း တို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စင်တာ များကို ရွှေဂုံတိုင်၊ အလုံနှင့် ပန်းဆိုးတန်း ရှိ မြန်မာ့ ဆက်သွယ်ရေး ရုံးများ၌ ဖွင့်လှစ်ပေး သွားမည် ဖြစ်သည်။ လာမည့် နှစ်ဆန်းပိုင်း အတွင်း ထပ်မံ ချထား ပေးမည့် 3G မိုဘိုင်းဖုန်း များအတွက် ဆင်းကတ် ရောင်းချမှုကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကသာ ရောင်းချပေး သွားမည် ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်း နေရာ ၁၈ နေရာ ခွဲပြီး ရောင်းချ ပေးသွား မည်ဖြစ် ကြောင်း သိရှိရသည်။

ပဲဆီ၊ နှမ်းဆီနှင့် စားအုန်းဆီ ဈေးနှုန်းများ အခြေအနေ

ပဲဆီ၊ နှမ်းဆီနှင့် စားအုန်းဆီ ဈေးနှုန်းများ အခြေအနေ ဒီဇင်ဘာ(၂၅)ရက်နေ့ ရန်ကုန် စားအုန်းဆီ ဈေးကွက်တွင် ပြင်ပ လက်ကားဈေး တစ်ပိဿာ ၁၂၉၅ ကျပ် ဈေး ပေါက်နေပြီး လက်လီဈေး တစ်ပိဿာလျှင် ၁၃၄၅-၁၆၀၀ ကျပ် ဈေးနှုန်း များဖြင့် ရောင်းချလျက် ရှိသည်။ ပဲဆီ၊ နှမ်းဆီ ဈေးကွက်တွင် ပဲဆီတစ်ပိဿာ လျှင် ၃၅၀၀-၄၃၀၀ ကျပ် နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၃၂၀၀-၃၇၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက် ရှိကြသည်။ စားအုန်းဆီ ကိုယ်စားလှယ် ဆိုင်များသည် ပြင်ပ လက်ကား ဈေးထက် သက်သာသော ဈေးနှုန်း များဖြင့် ရောင်းချပေး လျက်ရှိ ကြောင်း သိရှိရသည်။

ကျောင်းသား၊ ကျောင်းသူများ ဥာဏ်ရည် ဖွံ့ဖြိုး တိုးတက်စေရန် အင်္ဂလိပ်စာလုံးပေါင်း သတ်ပုံ ပြိုင်ပွဲ ကျင်းပမည်

ကျောင်းသား၊ ကျောင်းသူများ ဥာဏ်ရည် ဖွံ့ဖြိုး တိုးတက်စေရန် အင်္ဂလိပ်စာလုံးပေါင်း သတ်ပုံ ပြိုင်ပွဲ ကျင်းပမည် ဒီဇင်ဘာ(၂၅)ရက်နေ့ ကျောင်းသားများ ဥာဏ်ရည် ဖွံ့ဖြိုး တိုးတက်စေရန် နှင့် အင်္ဂလိပ်စာ ပညာရည် မြင့်မား စေရန် ရည်ရွယ်ပြီး Horizon International School Annual Spelling Beee အင်္ဂလိပ် စာလုံးပေါင်း သတ်ပုံ ပြိုင်ပွဲ ၂၀၁၃ ကို ရန်ကုန်မြို့ သာကေတ မြို့နယ်၊ ရှုခင်းသာ Horizon ကျောင်း၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်တွင် အငယ်တန်း အဆင့် ပြိုင်ပွဲကို နံနက် ၉ နာရီတွင် လည်းကောင်း အကြီးတန်း အဆင့် ပြိုင်ပွဲကို နေ့လည် ၁၂ နာရီခွဲ တွင် လည်းကောင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ပထမဆု ၉၀၀၀၀ ကျပ်၊ ဒုတိယဆု ၈၀၀၀၀ ကျပ်၊ တတိယဆု ၇၀၀၀၀ ကျပ် ချီးမြှင့်မည် ဖြစ်သည်။ ပြိုင်ပွဲဝင်လိုသူ များသည် ဗဟန်း မြို့နယ်၊ ဖိုးစိန်လမ်းရှိ Horizon ကျောင်း၊ ဖုန်း ၀၁-၅၄၁၀၈၅ ၊ ၅၄၃၉၂၆ ၊ ၅၅၁၇၉၅ နှင့် သာကေတ မြို့နယ်၊ ရှုခင်းသာရှိ Horizon ကျောင်း၊ ဖုန်း ၀၁-၄၅၀၃၉၆ ၊ ၄၅၀၃၉၇ တို့သို့ ကိုယ်တိုင် လာရောက် စုံစမ်း လျှောက်ထား နိုင်ကြောင်း သိရှိရသည်။

ဦးနှောက်ကျန်းမာရေးအတွက် သတင်းစာဖတ်ခြင်း စာရေးခြင်း အလုပ်များသည် အသက်အရွယ် ကြီးသူများကို ပိုမိုအကျိုးပြု

ဦးနှောက်ကျန်းမာရေးအတွက် သတင်းစာဖတ်ခြင်း စာရေးခြင်း အလုပ်များသည် အသက်အရွယ် ကြီးသူများကို ပိုမိုအကျိုးပြု ဒီဇင်ဘာ(၂၅)ရက်နေ့ ဦးနှောက်ကျန်းမာရေးအတွက် စားစရာများ သုံးစွဲခြင်းထက် သတင်းစာဖတ်ခြင်း၊ စာရေးခြင်း စသည့် အလုပ်များ သည် အသက်အရွယ် ကြီးသူများ အတွက် ပိုမို အကျိုး ဖြစ်ထွန်း စေကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စု ချီကာဂိုမြို့ Rush တက္ကသိုလ်မှ Dr.Konstantions Arfanakis က ဦးနှောက်၏ နာဗ့်ကြောမျှင် များရှိ သိမြင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိသည့် အဖြစ်ကို သုတေသန ပြုလုပ်ခဲ့ပြီး သတင်းစာဖတ်ခြင်း၊ စာရေးခြင်းနှင့် စာကြည့်တိုက်သို့ သွားရောက် လေ့လာခြင်း စသည့် လှုပ်ရှားမှု များသည် ဦးနှောက် ကျန်းမာ စေတတ် ကြောင်း ပြောကြားခဲ့သည်။

မြ၀တီနေ့စဉ်သတင်းစာ(၂၅-၁၂-၂၀၁၂)

scribd mediafire http://www.scribd.com/doc/117888902 http://www.mediafire.com/view/?9acgofynt6bpyjg Myawady Daily Newspaper(25!12!2012)

Monday, December 24, 2012

ကျား၊ မ အခြေပြု အကြမ်းဖက်မှု Gender based Violence ဟောပြောပွဲ ကျင်းပမည်

ကျား၊ မ အခြေပြု အကြမ်းဖက်မှု Gender based Violence ဟောပြောပွဲ ကျင်းပမည် ဒီဇင်ဘာ(၂၄)ရက်နေ့ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း၏ စီစဉ်မှုဖြင့် ကျား၊မ အခြေပြု အကြမ်းဖက်မှု Gender based Violence ဟောပြောပွဲကို ဒီဇင်ဘာ ၂၆ ရက် နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ ဆီဒိုးနား ဟိုတယ် Grand Ball Room တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က ``မြန်မာနိုင်ငံ နှင့် နိုင်ငံတကာ တွင် လက်ရှိ အသုံးပြုနေသော ပေါ်လစီများ အကြောင်း´´၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခင်မာထွန်း နှင့် ပြည်ကြီးခင် အဖွဲ့အစည်းမှ အမှုဆောင် ဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်း တို့က အမျိုးသမီးများ တွေ့ကြုံ နေရသော ကျား၊မ အခြေပြု အကြမ်းဖက် ခံရမှု အကြောင်းကို ၄င်းတို့ ၀င်ရောက် ဖြေရှင်း ပေးခဲ့ရသော အတွေ့ အကြုံ နမူနာ များဖြင့် ဟောပြော ကြမည် ဖြစ်သည်။ တက်ရောက် လိုသူများ သည် MWEA အသင်းရုံးခန်း ဖုန်း ၀၁-၂၅၄၄၀၀၊ ၂၅၄၄၃၃၊ ၃၈၉၃၇၆ နှင့် e-mail:mwea2008@gmail.com သို့ ဒီဇင်ဘာ ၂၄ ရက် နောက်ဆုံးထား၍ စာရင်း ပေးသွင်း နိုင်ကြောင်း သိရှိရသည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ တည်ဆောက်ရန် အဖွဲ့ ခုနစ်ဖွဲ့ ရွေးချယ်

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ တည်ဆောက်ရန် အဖွဲ့ ခုနစ်ဖွဲ့ ရွေးချယ် ဒီဇင်ဘာ(၂၄)ရက်နေ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ တည်ဆောက်ရန် အတွက် အဆိုပြု ထားသော အဖွဲ့ ၁၆ ဖွဲ့ထဲမှ အဖွဲ့ ခုနစ်ဖွဲ့ကို ရွေးချယ် လိုက်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။ ယင်း အဆိုပြုလွှာ ကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှ စတင် ခေါ်ယူ ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ရွေးချယ် လိုက်သော အဖွဲ့ ခုနစ်ဖွဲ့ ထဲမှ နိုင်ငံပေါင်း ၁၁ နိုင်ငံက ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့ ခုနစ်ဖွဲ့ကို ထပ်မံ စိစစ်မှု ပြုလုပ်မည် ဖြစ်ပြီး အဖွဲ့တစ်ဖွဲ့ကို သာ ရွေးချယ် သွားမည်ဟု သိရသည်။ ယင်းအဖွဲ့ တစ်ဖွဲ့ ကသာ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် တိုးချဲ့ တည်ဆောက် သွားရန် ဆောင်ရွက် မည်ဟု သိရသည်။ ပို့ဆောင်ရေး ၀န်ကြီးဌာနက ရွေးချယ် လိုက်သော အဖွဲ့ ခုနစ်ဖွဲ့ ထဲမှ အဖွဲ့တိုင်း သည် မြန်မာ ကုမ္ပဏီ များနှင့် ပူးပေါင်း ထားသည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် ဂျပန်ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ငါးဖမ်းပိုက် စက်ရုံ တည်ဆောက်မည်

ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် ဂျပန်ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ငါးဖမ်းပိုက် စက်ရုံ တည်ဆောက်မည် ဒီဇင်ဘာ(၂၄)ရက်နေ့ မြန်မာနိုင်ငံတွင် ငါးဖမ်းပိုက် စက်ရုံ တည်ဆောက်ရန် အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက် အခြေစိုက် ဂျပန်ကုမ္ပဏီ ဖြစ်သော Mitsui & Co. (Thailand)Ltd., သည် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ တာဝန်ရှိသူများ နှင့် ငါးဖမ်းပိုက်နှင့် ပတ်သက်သော ကျွမ်းကျင် ပညာရှင် ဦးကျော်ဝင်း၊ မြန်မာနိုင်ငံ တွင် ငါးဖမ်းပိုက် အကြီးဆုံး ရောင်းချသူ ဦးမြင့်ဦး တို့နှင့် မြန်မာနိုင်ငံ တွင် လက်ရှိ အသုံးပြုနေသော ငါးဖမ်းပိုက် များ အကြောင်းကို လာရောက် လေ့လာခဲ့ကြောင်း သိရသည်။ ရေလုပ်သားများ ငါးဖမ်းရာ၌ လိုအပ်သည့် ပိုက်များ စိတ်ကြိုက် မရရှိနိုင်ကြောင်း ငါးဖမ်းပိုက် များသည်လည်း နယ်စပ်မှ တင်သွင်းပြီး ရောင်းချ သောကြောင့် ဈေးနှုန်း မြင့်တက် နေကြောင်း သိရသည်။ မြန်မာနိုင်ငံမှာ ၁၉၇၉-၁၉၈၀ ခုနှစ် လောက်က ငါးဖမ်းပိုက် စက်ရုံကို ကမ္ဘာ့ဘဏ် ချေးငွေနဲ့ ပုလဲနှင့်ငါးက တည်ဆောက် ဖို့ စီမံချက် ရေးဆွဲခဲ့သည်။ ဒါပေမယ့် အကျိုး အမြတ် တွက်ကြည့် တဲ့အခါမှာ အောင်မြင်ဖို့ အလားအလာ မရှိတဲ့အတွက် ဖျက်သိမ်းခဲ့ရသည်။ အခုလို ပိုက်စက်ရုံ လာတည်မယ်ဆိုရင် ဒေသခံတွေ ငါးဖမ်းပိုက် မျိုးစုံကို စိတ်ကြိုက်ရမည်၊ ဈေးနှုန်း ကလည်း ချိုသာသွားမည်၊ အလုပ်အကိုင် အခွင့်အလမ်း တွေလည်း များပြား လာမယ်ဟု ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဦးဟန်ထွန်းက ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတွင် လုပ့်သား လုပ်အားခ ဈေးကြီးခြင်း ကြောင့် မြန်မာနိုင်ငံတွင် လာရောက် စက်ရုံတည်မည်ဟု ရည်မှန်းကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံရှိ မြေဈေးကွက်မှာ တစ်ကမ္ဘာလုံးနှင့် နှိုင်းယှဉ်ကြည့် ပါက မြေဈေး မြင့်တက် နေခြင်း တို့ကြောင့် သီလ၀ါ၊ ထားဝယ် ရေနက် စသည့် အစိုးရပိုင် မြေများတွင် စက်ရုံတည်ရန် လမ်းညွှန် ပေးခဲ့ကြောင်း သိရသည်။ ငါးဖမ်းပိုက် များကို ထိုင်းနိုင်ငံသို့ ပြန်လည်၍ Export ပြုလုပ်မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင်လည်း ငါးဖမ်းပိုက် အသုံးပြုမှု လုံလောက်ခြင်း မရှိကြောင်း သိရှိရသည်။

ဘဏ်စာရင်းရှိရုံဖြင့် အွန်လိုင်းမှ ၀န်ဆောင်မှုပေး စနစ်များ အသုံးပြုနိုင်

ဘဏ်စာရင်းရှိရုံဖြင့် အွန်လိုင်းမှ ၀န်ဆောင်မှုပေး စနစ်များ အသုံးပြုနိုင် ဒီဇင်ဘာ(၂၄)ရက်နေ့ ဘဏ်စာရင်း တစ်ခု ရှိရုံဖြင့် အွန်လိုင်းမှ ၀န်ဆောင်မှု ပေးသည့် စနစ်များ အားလုံး အသုံးပြုနိုင်မည် ဟု ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ သိရသည်။ ယင်းသို့ အွန်လိုင်းမှ ၀န်ဆောင်မှု ပေးနေသည့် စနစ်များကို လက်ရှိတွင် ရတနာပုံ တယ်လီပို့နှင့် ဘဏ် ခြောက်ဘဏ် ဖြစ်သည့် အာရှ စိမ်းလန်းဖွံ့ဖြိုးရေး ဘဏ်၊ မြန်မာ့စီးပွားရေး ဘဏ်၊ ယူနိုက်တက် အမရဘဏ်၊ မြန်မာ့ အရှေ့တိုင်းဘဏ်၊ သမ၀ါယမဘဏ် နှင့် ကမ္ဘောဇ ဘဏ်တို့မှ ၀န်ဆောင်မှု ပေးနေကြောင်း သိရသည်။ အသုံးပြုမည် ဆိုပါက ဘဏ်စာရင်း ဖွင့်လှစ်ခ ကျပ်တစ်သောင်း၊ ဘီလ်ဆောင်ခ ကျပ်ငါးရာ ကျသင့်မည် ဖြစ်ပြီး မည်သူမဆို ဘဏ်စာရင်း ဖွင့်လှစ် ထားပါက အထက် ၀န်ဆောင်မှုကို ရတနာပုံ ၀က်ဘ်ပေါ်တွင် အသုံးပြုနိုင်မည်ဟု သိရသည်။ ပြည်တွင်း၌ အွန်လိုင်းမှ တစ်ဆင့် အခွန်ခ ပေးဆောင်ခြင်းကို ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်၍ မြန်မာ့ ဆက်သွယ်ရေး၊ ရတနာပုံ တယ်လ်ပို့၊ ADG ဘဏ်နှင့် မြန်မာ့ စီးပွားရေးဘဏ် တို့မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ဆေးရုံ (၁၉) ကြိမ်မြောက် အလင်းဒါနပြုလုပ်မည်

သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ဆေးရုံ (၁၉) ကြိမ်မြောက် အလင်းဒါနပြုလုပ်မည် ဒီဇင်ဘာ(၂၄)ရက်နေ့ သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တပည့်ဖြစ်သူ ရွှေပြည်ဟိန်း ဆရာတော် ဦးဆောင်သော မျက်စိ အထူးကု ပါမောက္ခ (ငြိမ်း) ဒေါက်တာ မြအောင် နှင့် ဒေါက်တာ လှမောင်ဒင်၊ ဒေါက်တာ ကျော်မင်းလွင်၊ ဒေါက်တာ ရီရီအောင်၊ ဒေါက်တာ အက်စ်ဂျေလွင်၊ ဒေါက်တာ ခင်အုန်းမြင့်၊ ဒေါက်တာ လှကေသီ၊ ဒေါက်တာ အေးချမ်း၊ ဒေါက်တာ လှိုင်မေသန်း၊ ဒေါက်တာ ခင်ဦးမေ၊ ဒေါက်တာ လှမြတ်နွယ်၊ ဒေါက်တာ နုနုယဉ်၊ ဒေါက်တာ စောသိန်း တို့ ပါဝင်သော အထူးကု ဆရာဝန်ကြီး များ၏ အလုပ်အားဒါန ဖြင့် (၁၉)ကြိမ်မြောက် သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ဆေးရုံ၏ အလင်းဒါနပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။ သိရှိလို ပါက သီတဂူ- ရွှေပြည်ဟိန်း စက္ခုဒါန ဆေးရုံ၊ (၁၆)ရပ်ကွက်၊ ပြည်သာယာ၊ ရန်ကင်း၊ ဖုန်း ၀၁-၅၄၁၄၉၃၊ ၀၉၇၃၀၅၆၅၆၉ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရသည်။

ရန်ကုန်စက်မှုတက္ကသိုလ် (၁၉၇၄-၁၉၈၀) အင်ဂျင်နီယာ၊ ဗိသုကာ ကျောင်းသားများ ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်စက်မှုတက္ကသိုလ် (၁၉၇၄-၁၉၈၀) အင်ဂျင်နီယာ၊ ဗိသုကာ ကျောင်းသားများ ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပမည် ဒီဇင်ဘာ(၂၄)ရက်နေ့ ရန်ကုန်စက်မှုတက္ကသိုလ်သို့ ၁၉၇၄ ခုနှစ်တွင် စတင် တက်ရောက်ခဲ့ကြသော အင်ဂျင်နီယာ၊ ဗိသုကာ ကျောင်းသား များ၏ ဂေါက်သီးရိုက် ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် မင်္ဂလာဒုံ မြို့နယ်၊ ခရေပင်လမ်းရှိ တပ်မတော် ဂေါက်ကွင်း (ဒဂုံဂေါက်ကလပ်)၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂေါက်သီးရိုက် ပြိုင်ပွဲကို ဦးဝင်းနိုင် 1980 (Civil-WEG Co.,Ltd) က ပံ့ပိုး ကူညီ ထားပြီး ၀င်ရောက် ယှဉ်ပြိုင် လိုသူများ သည် ဦးစိန်ဝင်း ဖုန်း ၀၉၄၃၁၉၄၆၂၁ ၊ ဦးညွန့်ဝေ ဖုန်း ၀၉၆၇၀၈၂၄၄ ၊ ဦးထွန်းလှအောင် ဖုန်း ၀၉၄၅၀၀၂၈၈၇၁ ၊ ဦးမြင့်သိန်းထွန်း ဖုန်း ၀၉၇၃၁၅၄၀၀၃ တို့သို့ ဆက်သွယ် ကာ ကြိုတင် စာရင်း ပေးသွင်း ကြရန် နှိုးဆော် ထားကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ(၂၄-၁၂-၂၀၁၂)

scribd mediafire http://www.scribd.com/doc/117808989 http://www.mediafire.com/view/?92u8e2vgjywwx89 Myawady Daily Newspaper(24!12!2012)

Friday, December 21, 2012

သီတဂူအာယုဒါန ဆေးရုံတော် ခွဲစိတ်ကု ဆရာဝန်ကြီး လာရောက် ကုသမည်

သီတဂူအာယုဒါန ဆေးရုံတော် ခွဲစိတ်ကု ဆရာဝန်ကြီး လာရောက် ကုသမည် ဒီဇင်ဘာ(၂၁)ရက်နေ့ စစ်ကိုင်းမြို့၊ သီတဂူ အာယုဒါန ဆေးရုံတော်ကြီး တွင် ၂၀၁၃ ဇန်န၀ါရီ ၄ ရက်မှ ၁၁ ရက်နေ့ အထိ ဘယ်(လ်)ဂျီယံ နိုင်ငံမှ Prof De Mey ဦးစီး၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခွဲစိတ် အထူးကု အဖွဲ့သည် လည်း ကောင်း၊ ဇန်န၀ါရီ ၂၁ ရက်မှ ၂၅ ရက်နေ့ အထိ အမေရိကန် နိုင်ငံမှ Lion Club မျက်စိ အထူးကု ဆရာဝန်ကြီးများ အဖွဲ့သည် လည်း ကောင်း၊ ဇန်န၀ါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၃ ရက်နေ့ အထိ အင်္ဂလန်နိုင်ငံမှ Dr. Steven Hassam နှင့် ဒေါ်ခင်မေထွေး ဦးဆောင်သည့် မျက်စိ အထူးကု ဆရာဝန်ကြီး များအဖွဲ့ သည် လည်း ကောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၆ ရက်နေ့ အထိ ဂျာမဏီ နိုင်ငံမှ Aetion- Myanmar အရိုး အကျော အထူးကု ဆရာဝန်ကြီး များအဖွဲ့ တို့သည် လည်းကောင်း လာရောက် ကြမည် ဖြစ်ရာ ဝေဒနာရှင် များအနေဖြင့် စမ်းသပ် စစ်ဆေးမှု များကို ယနေ့မှစ၍ လာရောက် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

စာပေဟောပြောပွဲ ကဓဗျူဟာ ကျေးရွာ၌ ကျင်းပမည်

စာပေဟောပြောပွဲ ကဓဗျူဟာ ကျေးရွာ၌ ကျင်းပမည် ဒီဇင်ဘာ(၂၁)ရက်နေ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ယင်းမာပင် မြို့နယ်၊ ကဓဗျူ ကျေးရွာရှိ ဘ၀အလင်းရောင်း စာကြည့်တိုက် (၂)နှစ် ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် စာပေ ဟောပြောပွဲ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ ဆိုပါ စာပေ ဟောပြောပွဲ ကို သစ္စာကဗျာ ရွှေကျောင်း ဆရာတော် ဘဒ္ဒန္တသုမန ဦးဆောင်၍ ဒီဇင်ဘာ ၂၅ ရက် ည ၆ နာရီခွဲတွင် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၊ စာရေးဆရာ ဆွေနွယ်ဦး၊ ဆရာ လွတ်လပ်ငြိမ်း တို့က စာပေရေးရာ များ ဟောပြောမည် ဖြစ်ကြောင်း သိရှိရသည်။

Uni MAP မိတ်ဆက်ပွဲ ပြုလုပ်မည်

Uni MAP မိတ်ဆက်ပွဲ ပြုလုပ်မည် ဒီဇင်ဘာ(၂၁)ရက်နေ့ University Malaysia Perlis နှင့် မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ် Fast Lane ကုမ္ပဏီတို့ ပူးပေါင်း၍ မန္တလေး စွမ်းဟိုတယ်တွင် ဒီဇင်ဘာ ၂၁ ရက် ညနေ ၃ နာရီမှ ၄ နာရီ အထိ တက္ကသိုလ် ၀င်တန်း အောင်မြင်သူ များအတွက် Msc. (Engeerning) နှင့် MBA (Engeering- Management)ဘွဲ့၊ me ဘွဲ့ ရရှိထားသူ များအတွက် Ph.D.(Engeering) ဘွဲ့များ တက်ရောက် သင်ကြား နိုင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေး တင်ပြ မိတ်ဆက်မည် ဖြစ်ပါသဖြင့် မည်သူမဆို တက်ရောက် နိုင်ကြောင်း သိရှိရသည်။

သွေးတိုးရှိသူများ ပုံမှန်ထက် စောအိပ်လျှင် သွေးတိုး ကျဆင်းဟု ဆို

သွေးတိုးရှိသူများ ပုံမှန်ထက် စောအိပ်လျှင် သွေးတိုး ကျဆင်းဟု ဆို ဒီဇင်ဘာ(၂၁)ရက်နေ့ ပုံမှန်အိပ်ရာဝင်ချိန်ထက် တစ်နာရီစော၍ အိပ်သူများတွင် သွေးတိုးနှုန်း ကျဆင်းကြောင်း သုတေသီ များ၏ လေ့လာချက် အရ သိရသည်။ ဘော်စတွန်ရှိ ဟားဗတ် ဆေးကျောင်းတွင် အမျိုးသား၊ အမျိုးသမီး ၂၂ ဦးအား နှစ်အုပ်စုခွဲ၍ စမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုသူအားလုံး သည် တစ်ဦးလျှင် ခုနစ်နာရီနှင့် ခုနစ်နာရီအောက် အိပ်တတ်လေ့ ရှိကြောင်း သိရသည်။ အချိန်တိုး၍ အိပ်စေခဲ့သူ များတွင် သွေးတိုးနှုန်း မှာ ၁၄ မီလီမီတာ HG ရှိကြောင်း တွေ့သည်ဟု သိရှိရသည်။ အအိပ်နည်း ခြင်းသည် သွေးတိုးနှုကို အားပေးပြီး စိတ်ဖိစီးခြင်း ဆိုင်ရာ ဟော်မုန်းကို ထိန်းချုပ် ရသော ကိုခန္ဓာ၏ စွမ်းရည်ကို သက်ရောက်မှု မရှိစေနိုင် ကြောင်း၊ သွေးတိုးရှိသူ များအား ပုံမှန် ထက် စော၍ အိပ်စေခြင်း သည် ကုထုံးနည်း တစ်ခု အဖြစ် သတ်မှတ် နိုင်ကြောင်း သိရှိရသည်။

ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင် ပညာရှင်များ ပေါင်းစည်း၍ ကား မူဝါဒ ရေးဆွဲရန် စီစဉ်

ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင် ပညာရှင်များ ပေါင်းစည်း၍ ကား မူဝါဒ ရေးဆွဲရန် စီစဉ် ဒီဇင်ဘာ(၂၁)ရက်နေ့ နည်းလမ်း မှန်ကန်သည့် ကား မူဝါဒ တစ်ခု ဖြစ်ပေါ်စေရန် အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန နှင့် ပြည်တွင်း ပြည်ပ မှ ကျွမ်းကျင် ပညာရှင်များ ပေါင်းစည်းကာ မြန်မာနိုင်ငံ၏ ကား မူဝါဒ ရေးဆွဲရန် အစီအစဉ် ရှိကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ် လုပ်ငန်းရှင်များ အသင်းဝင် ကားလုပ်ငန်းရှင် များထံမှ သိရသည်။ နိုင်ငံ၏ လမ်းဧရိယာ နှင့် ကားအစီးရေ တိုးပွားမှုနှုန်း၊ နိုင်ငံ၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုး စေရေး၊ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အခြေခံ အချက်များ အပေါ် ပြည်တွင်း ပြည်ပ ပညာရှင်များ ဖိတ်ခေါ် ဆွေးနွေးကာ မြန်မာနိုင်ငံ၏ ကား မူဝါဒကို ရေးဆွဲရန် စီစဉ်ထား သည်ဟု သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေး လုပ်ငန်းရှင်များ အသင်းဝင်များ ဖြစ်သည့် ကား တင်သွင်း ရောင်းချသူ၊ ကား အရောင်း စင်တာ ဖွင့်လှစ် ထားသူ များ အကြား ကားမူဝါဒ တစ်ခု ထွက်ပေါ် လာရန် လိုလား နေကြောင်း သိရှိရသည်။

ဒလမြို့နယ်တွင် မျိုးဆက်သစ် တေးသံရှင်ရွေးချယ်ပွဲ ကျင်းပမည်

ဒလမြို့နယ်တွင် မျိုးဆက်သစ် တေးသံရှင်ရွေးချယ်ပွဲ ကျင်းပမည် ဒီဇင်ဘာ(၂၁)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ပျော်ဘွယ်ကြီး စံပြကျေးရွာတွင် အဆို ၀ါသနာ ပါသူများ အတွက် မြို့နယ် ဂီတ အစည်းအရုံး မှ ကြီးမှူး၍ ဒုတိယအကြိမ် မြောက် မျိုးဆက်သစ် တေးသံရှင် ရွေးချယ်ပွဲ အား ၂၀၁၃ ဇန်န၀ါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ပျော်ဘွယ်ကြီး စံပြ ကျေးရွာ၏ ကျက်သရေဆောင် ကြေးသွန်း ဘုရားကြီး အနီးတွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ မျိုးဆက်သစ် တေးသံရှင် ရွေးချယ်ပွဲတွင် မည်သည့် သီချင်း အမျိုးအစား နှင့်မဆို ၀င်ရောက် သီဆို ယှဉ်ပြိုင် နိုင်သော်လည်း တေးသီချင်းနှင့် လိုက်လျော ညီထွေမှု မရှိသည့် ၀တ်စား ဆင်ယင်မှု သရုပ်ပျက် ၀တ်ဆင်မှု များအား ခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရသည်။ ပြိုင်ပွဲဝင်လိုသူ များသည် ၀င်ကြေးငွေ ကျပ် ၃၀၀၀ နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် စာရင်း ပေးသွင်း နိုင်ပြီး အကဲဖြတ် ဒိုင်လူကြီး များ အနေဖြင့် ဂီတစာဆို သောင်းတင်ဌေဇး၊ တေးရေး မင်းဇော်၊ စန္ဒရား တင့်ခိုင် တို့မှ ညစဉ် အကဲဖြတ် ပေးကြမည် ဖြစ်ကြောင်း ပြိုင်ပွဲတွင် တစ်ညလျှင် ပြိုင်ပွဲဝင် များထဲမှ ၃ ဦးစီ ရွေးချယ်၍ နောက်ဆုံးညတွင် ရွေးချယ်ခံ ၉ ဦး မှ ပထမ၊ ဒုတိယ၊ တတိယ ဆုများ ရွေးချယ်၍ ဆုများ ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကျေးလက်ဒေသများတွင် အရစ်ကျစနစ်ဖြင့် ရောင်းချပေးသော မိုဘိုင်းဖုန်း ကိုးသိန်းကျော်ရှိလာ

ကျေးလက်ဒေသများတွင် အရစ်ကျစနစ်ဖြင့် ရောင်းချပေးသော မိုဘိုင်းဖုန်း ကိုးသိန်းကျော်ရှိလာ ဒီဇင်ဘာ(၂၁)ရက်နေ့ ကျေးလက်ဒေသများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသော မိုဘိုင်းဖုန်း အရေ အတွက် ကိုးသိန်းကျော် ရှိပြီဖြစ်ကြောင်း တစ်နိုင်ငံလုံး အနေဖြင့် တယ်လီဖုန်း သိပ်သည်းဆ ၈ ဒသမ ၅၆ ရာခိုင်နှုန်းအထိ ရှိလာ ကြောင်း သိရသည်။ ကျေးလက်နေ ပြည်သူများ အတွက် အရစ်ကျ စနစ်ဖြင့် အောက်တိုဘာလ မှ စတင်ပြီး ကနဦး ပေးသွင်းငွေ ကျပ် လေးသောင်း၊ လစဉ် ပေးသွင်း ငွေကျပ် ၁၀၀၀၀ နှုန်းနှင့် ပေးသွင်းစေပြီး ဈေးနှုန်း ကို ယာယီအနေဖြင့် ၂၀၀၀၀၀ သတ်မှတ်ထားပြီး ဆက်သွယ်ရေး ဌာနက နောက်ပိုင်းတွင် ဈေးနှုန်း လျော့ချ ပြောင်းလဲ ပေးပါက ယင်းဈေးနှုန်း အတိုင်း ပေးသွင်းရန် လိုကြောင်း သိရသည်။ ၂၀၁၃ နှစ်ဆန်းပိုင်း တွင် GSM ဖုန်းများကို တစ်သိန်းဖြင့် ရောင်းချ ပေးမည် ဟူသော သတင်းများလည်း ထွက်ပေါ် နေကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ(၂၁-၁၂-၂၀၁၂)

scribd mediafire http://www.scribd.com/doc/117561794 http://www.mediafire.com/view/?kxblbtarobax2py Myawady Daily Newspaper (21!12!2012)

Thursday, December 20, 2012

အားကစားမြင်ကွင်းဂျာနယ်(၂၀-၁၂-၂၀၁၂)

scribd mediafire http://www.scribd.com/doc/117464702 http://www.mediafire.com/view/?ypompp42b67y71f Vol-1, No-50

ဆုတောင်းရဘုရား (၁၀၈)ကြိမ်မြောက် ဆွမ်းတော်ကြီး လောင်းလှူ ပူဇော်ပွဲ ကျင်းပမည်

ဆုတောင်းရဘုရား (၁၀၈)ကြိမ်မြောက် ဆွမ်းတော်ကြီး လောင်းလှူ ပူဇော်ပွဲ ကျင်းပမည် ဒီဇင်ဘာ(၂၀)ရက်နေ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီ ရပ်ကွက်၊ ၇၄ လမ်း၊ ၇၅ လမ်းကြား၊ ၂၇ လမ်း နှင့် ၂၈ လမ်းကြား ရှိ သမိုင်းဝင် တန်ခိုင်းကြီး ဘုရား ဖြစ်သည့် ဆုတောင်းရ မြတ်စွာဘုရား (၁၀၈)ကြိမ် မြောက် ဆွမ်းတော်ကြီး လောင်းလှူ ပူဇော်ပွဲကို ဒီဇင်ဘာ ၂၉ ရက် နှင့် ၃၀ ရက်တို့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ဆွမ်းတော်ကြီး လောင်းလှူ ပူဇော်ပွဲကို ပါဝင် ကုသိုလ်ပြု လှူဒါန်း နိုင်ပြီး သံဃာတော် အပါး ၁၅၀၀ ကျော် တို့အား သပိတ်တင် လောင်းလှူမည် ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတကာအဆင့် မန္တလေး ဟိုတယ်နှင့် လုပ်ငန်းခွင် သင်တန်းကျောင်း ဖွင့်လှစ်သင်ကြား မည်

နိုင်ငံတကာအဆင့် မန္တလေး ဟိုတယ်နှင့် လုပ်ငန်းခွင် သင်တန်းကျောင်း ဖွင့်လှစ်သင်ကြား မည် ဒီဇင်ဘာ(၂၀)ရက်နေ့ မန္တလေး၊ မဟာအောင်မြေ မြို့နယ်၊ ၇၃ လမ်း၊ ၃၅ လမ်းနှင့် ၃၆ ကြား၊ အမှတ်(၂၀၈) တွင် ပြည်တွင်း၊ ပြည်ပ ဟိုတယ်ကြီး များ၌ ၀င်ရောက် လုပ်ကိုင် လိုသူများ အတွက် သာမက အရည် အချင်း ပြည့်ဝ သော ၀န်ထမ်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကာ နိုင်ငံတကာအဆင့် မန္တလေး ဟိုတယ်နှင့် လုပ်ငန်းခွင် သင်တန်းကျောင်းကို ဒီဇင်ဘာ စတုတ္ထပတ် တွင် ဖွင့်လှစ်မည် ဖြစ်ရာ တန်းခွဲအားလုံး စတင်လက်ခံ နေပြီ ဖြစ်သည်။ သင်တန်း ပြီးဆုံး ပါက အာဆီယံ ၁၀ နိုင်ငံ အတွင်းရှိ တက္ကသိုလ်၊ ကောလိပ် များတွင် ဒီပလိုမာ နှင့် ဘွဲ့သင်တန်းများ ဆက်လက် တက်ရောက် နိုင်သော ASEAN LEVEL I.II လက်မှတ်များ ရရှိမည့် အပြင် ပြည်တွင်း ပြည်ပရှိ ဟိုတယ်ကြီးများ၊ ကုမ္ပဏီကြီး များ၌ အလုပ် ၀င်ရောက် လုပ်ကိုင် နိုင်ရန် စီစဉ် ဆောင်ရွက် ပေးမည် ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်း ၀၂-၃၂၄၅၂ ၊ ၀၉၄၀၂၇၁၅၂၆၉ သို့ တနင်္လာနေ့ မှလွဲ၍ ရုံးချိန် အတွင်း ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

မိုးကုတ်ဝိပဿနာ (၂၀)ရက် အထူးအလုပ်ပေး တရားစခန်း ဖွင့်လှစ်မည်

မိုးကုတ်ဝိပဿနာ (၂၀)ရက် အထူးအလုပ်ပေး တရားစခန်း ဖွင့်လှစ်မည် ဒီဇင်ဘာ(၂၀)ရက်နေ့ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရေကြည် ကျေးရွာ၊ ရေတံခွန် တောင်ခြေရှိ သစ္စာ ဝေဒဂူ မိုးကုတ် ၀ိပဿနာ မဂ္ဂင် ဓမ္မရိပ်သာတွင် ဒီဇင်ဘာ ၂၅ ရက်မှ ၂၀၁၃ ဇန်န၀ါရီ ၁၃ ၇က်နေ့အထိ ၂၀ ရက် အထူး အလုပ်ပေး တရားစခန်း ဖွင့်လှစ်မည်ဖြစ်သည်။ အဆိုပါ တရားစခန်းကို ကမ္မဌာနာစရိယ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရ မှ တရား ဟောကြား ပြသမည် ဖြစ်ပြီး တရားစခန်း ၀င်လိုသူ ယောဂီ သူတော်စင် များ လာရောက် တရားစခန်း ၀င်နိုင်ပြီး လှူဒါန်း လိုပါကလည်း အာရုဏဆွမ်း ကျပ်တစ်သိန်း ငါးသောင်း၊ နေ့ဆွမ်း ကျပ် သုံးသိန်း ငါးသောင်း၊ ဖျော်ရည် ကျပ်နှစ်သောင်း နှင့် စက်သုံးဆီ ကျပ် သုံးသောင်း နှုန်းဖြင့် ကုသိုလ်ပြု ပါဝင် လှူဒါန်း နိုင်ကြောင်း သိရှိရသည်။

မန္တလေး အမေနေ့ အခမ်းအနား ကျင်းပမည်

မန္တလေး အမေနေ့ အခမ်းအနား ကျင်းပမည် ဒီဇင်ဘာ(၂၀)ရက်နေ့ (၁၇)ကြိမ်မြောက် မန္တလေး အမေနေ့ အခမ်းအနားကို ၂၀၁၃ ဇန်န၀ါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်၊ ၃၁ လမ်းနှင့် ၈၅ လမ်းထောင့်ရှိ သကျသီဟဘုရား၊ ဝေဇယန္တာ မဟာ ဗန္ဓုလ ဓမ္မာရုံတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ အမေနေ့ အခမ်းအနားကို မိဘခြေရာ ခံယူခြင်းကို ၂၀၁၃ ဇန်န၀ါရီ ၁၉ ရက်မှ ၂၅ ရက်အထိ ဝေဇယန္တာ ဓမ္မာရုံ၌ ဖွင့်လှစ် ထားရှိ၍ အလွတ်တန်း ၀တ္ထုတို ပြိုင်ပွဲ၊ အမေ့ မေတ္တာဖွဲ့ စာမူများကို ၂၀၁၃ ဇန်န၀ါရီ ၁၅ ရက် နောက်ဆုံး ထားကာ ဖုန်းမြင့်အောင်၊ အမှတ်(၄၁)၊ ၆၉ လမ်း၊ လမ်း ၄၀x၄၁ ကြား၊ မဟာမြိုင် (၁) ရပ်ကွက်၊ မန္တလေးနှင့် ထွန်းဦးစာပေ ၈၄ လမ်းနှင့် ၂၉ လမ်းထောင့် သို့ ပေးပို့ ယှဉ်ပြိုင်နိုင်သည်။ အဆိုပါ အမေနေ့ အခမ်းအနားတွင် စာရေးဆရာ ပါမောက္ခ အရှင်ဆေကိန္ဒ၊ စာရေး ဆရာမ အမျိုးသား စာပေဆုရ မစန္ဒ တို့က အမေကို အထွဋ် အထိပ် တင်၍ ဂုဏ်ပြု ပူဇော် ဟောပြောမည် ဖြစ်ကြောင်း သိရှိရသည်။

ဆရာကြီး ဦးဂိုအင်ကာ ၏ ဓမ္မဟောပြောပွဲ ကျင်းပမည်

ဆရာကြီး ဦးဂိုအင်ကာ ၏ ဓမ္မဟောပြောပွဲ ကျင်းပမည် ဒီဇင်ဘာ(၂၀)ရက်နေ့ ၀ိပဿနာဆရာကြီး ဦးဂိုအင်ကာ သည် ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ အထိမ်းအမှတ် အဖြစ် ဘ၀ တစ်လျှောက် နေနည်း တရားများကို ဒီဇင်ဘာ ၂၂ ရက် (စနေနေ့) ညနေ ၅ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မ ကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံကြီး တွင် ဟောကြားမည် ဖြစ်ရာ ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ ကြွရောက် နာယူကြရန် အပြည်ပြည်ဆိုင်ရာ ဓမ္မ၀ီရိ ၀ိပဿနာ အဖွဲ့က ဖိတ်ကြား ထားကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ် ခရစ်စမတ်အကြို M.Y.C တေးဂီတအဖွဲ့ မျှော်စင်ကျွန်း တွင် အခမဲ့ ဖျော်ဖြမည်

၂၀၁၂ ခုနှစ် ခရစ်စမတ်အကြို M.Y.C တေးဂီတအဖွဲ့ မျှော်စင်ကျွန်း တွင် အခမဲ့ ဖျော်ဖြမည် ဒီဇင်ဘာ(၂၀)ရက်နေ့ ဂီတမှူး ချစ်စမ်းမောင် ၏ Myanmar Young CRUSADERS တေးဂီတအဖွဲ့ က ၂၀၁၂ ခုနှစ် ခရစ္စမတ် အကြိုအဖြစ် ဒီဇင်ဘာ ၂၀ ရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်း တွင် ၀င်ကြေး အခမဲ့ တီးခတ် ဖျော်ဖြေ မည် ဖြစ်ပြီး Lလွန်းဝါ၊ စောဝင်းလွင်၊ ချစ်စမ်းမောင်၊ စံပီး၊ ကဗျာဘွဲ့မှူး၊ ဖြူဖြူကျော်သိန်း၊ မီးမီးခဲ၊ ဆုန်သင်းပါရ်၊ ဇမ်နူး၊ လားဖောဆက်၊ ဂျိုးဇက်အောင် F သားငယ်၊ အိုင်းရင်းဇင်မာမြင့်၊ ငယ်လေး၊ အက်စကာဒွေး၊ အင်နီရှိုင်း နှင့် Y.C ညီအစ်မ များက ပျော်ပျော် ပါးပါး ခရစ္စမတ်ကို ကြိုဆိုမည် ဖြစ်ရာ ချစ်စမ်းမောင် ၏ M.Y.C တေးဂီတအဖွဲ့၏ အခမဲ့ ဖျော်ဖြေမှုကို လာရောက် အားပေး ကြရန် နှိုးဆော်ထား ကြောင်း သိရှိရသည်။

ဟိုတယ်နှုင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ပထမအကြိမ် ဧည့်လမ်းညွှန် ပို့ချမည်

ဟိုတယ်နှုင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ပထမအကြိမ် ဧည့်လမ်းညွှန် ပို့ချမည် ဒီဇင်ဘာ(၂၀)ရက်နေ့ ဧည့်လမ်းညွှန် ရှားပါးမှု ပြဿနာကို ဖြေရှင်းရန် အဓိက ခရီးသွားနေရာများမှ ဒေသခံများကို ဟိုတယ်နှင့်ခရီးသွား ၀န်ကြီးဌာနမှ ဧည့်လမ်းညွှန် သင်တန်း ပထမဆုံးအကြိမ် ပြုလုပ် ပေးမည်ဟု သိရသည်။ ပထမဦးစွာ မန္တလေးတွင် စတင် ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းသား ၅၀ ဦးခန့်ကို ရှစ်ပတ်ကြာ သင်ကြား ပေးမည် ဖြစ်ကြောင်း သိရသည်။ မန္တလေးတွင် ဖွင့်လှစ်ပြီး နောက် ပုဂံ၊ အင်းလေး စသည် တို့တွင် လည်း သင်တန်းများ ထပ်မံ ပေးသွားမည် ဖြစ်ပြီး အတွေ့ အကြုံ ရှိ ဆရာ များက သင်ကြား ပေးမည်ဟု သိရသည်။ ယခု ဖွင့်လှစ်မည့် ဧည့် လမ်းညွှန် သင်တန်းမှာ ဒေသခံ များကို ဦးစားပေး သင်ကြား ပေးသွား မည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ(၂၀-၁၂-၂၀၁၂)

scribd mediafire http://www.scribd.com/doc/117452088 http://www.mediafire.com/view/?n56v73if3ygnjnw Myawady Daily Newspaper

Wednesday, December 19, 2012

သူခိုးက လူပြန်ဟစ်တဲ့ ကေအိုင်အေ

သူခိုးက လူပြန်ဟစ်တဲ့ ကေအိုင်အေ ဒီဇင်ဘာ(၁၉)ရက်နေ့ သူခိုးက လူပြန်ဟစ်၊ ကျန်ရစ်သူက သူခိုးဖြစ် ခေတ်ဆိုးကြီးပဲဟေ့ ဆိုတဲ့ ကြားဖူးတဲ့ စကားအတိုင်း ဖြစ်နေပါပေါ့။ ငြိမ်းချမ်းရေးကို ကျောမခိုင်းပါဘူးလို့ ကေအိုင်အေ၊ ကေအိုင်အို ခေင်းဆောင် တွေက ဘယ်လိုပဲ အသံကောင်း ဟစ်ဟစ် လက်တွေ့ အဖြစ်ကတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေဆဲ ပါပဲ။ မိုင်းတွေ ကွဲနေဆဲ ပါပဲ။ ရထားလမ်း တွေဆို မြုကာခဏ မိုင်းခွဲခံရတယ်။ ကားလမ်းတွေလည်း ဒီအတိုင်းပဲ။ ရှေ့က ပြုပြင်တဲ့ လူက ပြုပြင်တယ်။ ဆောက်တဲ့ သူက ဆောက်တယ်။ ကချင်အဖွဲ့က နောက်က လိုက်ဖျက်နေတာ လက်တွေ့။ လစ်ရင် လစ်သလို တပ်စခန်းတွေကို ၀င်ပစ်တယ်။ လမ်းကင်းတွေကို ချောင်းပစ် ပြေးတယ်။ တပ်က လိုက်ရှင်းတော့ စစ်တပ်က ငြိမ်းချမ်းရေးသာ ဖိတ်ခေါ်နေတာ အပစ်အခတ်တွေက မရပ်စဲဘူးလို့ ပြောတယ်။ လူကြားကောင်းအောင် အော်တယ်။ အခုလည်း ကြားရပြန်ပြီ . . . . အစိုးရစစ်တပ်က လေယာဉ်တွေ သူတို့ စခန်းကို လာတိုက်တယ်။ ဖျက်အားပြင်တဲ့ ၆၄ မမ လက်နက်ကြီးတွေနဲ့ လည်း ပစ်သတဲ့။ ဒါအမှန်ပဲလား စုံစမ်းတော့ . . . လန်ကြုတ် စကားတွေ ပါလား။ စစ်တပ်က သူ့လုံခြုံရေး အတွက်ပဲ သူယူနေတာ။ လမ်းကင်းတွေပဲ ချပြီး လှုပ်ရှားနေတာ။ ဘယ်စခန်းကိုမှ သွားတိုက်တယ်လို့ မကြားမိပါဘူး။ ကချင်အဖွဲ့က လာတိုက်ခဲ့ရင်တောင် ကိုယ့်ကိုယ်ကိုသာ ကာကွယ်တဲ့ အနေနဲ့ ခုခံပစ်ခတ်ခဲ့ တာပါ။ တပ်မတော် (လေ) ကလည်း သွားမတိုက် ခဲ့ပါဘူး။ တကယ်သာ သွားတိုက်ကြည့် ပါလား အော်လိုက်ကြမှာဖြင့် ငယ်သံပါတောင် ပါလိမ့်မယ့်ဖြစ်ခြင်း။ အမှန်တကယ် စစ်ရေး လှုပ်ရှားပြီး နယ်မြေ မငြိမ်သက်အောင် လုပ်နေတာက ကချင်အဖွဲ့။ မိုင်းတွေ တဂျိမ်းဂျိမ်း ခွဲနေတာက ကချင်အဖွဲ့။ ဒါနဲ့များတောင်မှ အံ့ပါရဲ့ဗျာ။ ဒါကြောင့် ပြောပါတယ်။ သူခိုးက လူပြန်ဟစ်၊ ကျန်ရစ်သူက သူခိုးဖြစ် ခေတ်ဆိုးကြီး ပါလားလို့ . . . .။

အဝေးရောက် အရာတော်မြို့သူ/သားများနှင့် မျက်မှန်ပညာရှင်များက စက္ခုအကင်း ဒါနပြုပွဲ ကျင်းပ ပြုလုပ်မည်

အဝေးရောက် အရာတော်မြို့သူ/သားများနှင့် မျက်မှန်ပညာရှင်များက စက္ခုအကင်း ဒါနပြုပွဲ ကျင်းပ ပြုလုပ်မည် ဒီဇင်ဘာ(၁၉)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့သူ/သား မျက်မှန်ပညာရှင်များနှင့် မိတ်ဆွေ မျက်မှန်ပညာရှင် များ စုပေါင်း၍ အရာတော် မြို့နယ် ၃၈ ရွာမှ မျက်စိဝေဒနာရှင် များကို အခမဲ့ မျက်မှန် စမ်းသပ် ပေးခြင်း၊ မျက်စိ ခွဲစိတ် ကုသပေးခြင်း၊ မျက်မှန်နှင့် ဆေးဝါးများ လှူဒါန်း ပေးခြင်း များကို ဒီဇင်ဘာ ၂၆/၂၇ ရက်နေ့များတွင် အရာတော်မြို့ ပြည်သူ့ ဆေးရုံကြီး၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ ကုသမှု၌ မျက်စိ အထူးကု ဆရာဝန်ကြီး များ ပါဝင်ကြမည် ဖြစ်ပြီး ခွဲစိတ် ကုသရန် လိုအပ်သူ များကို မုံရွာ ပြည်သူ့ ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ် ကုသ ပေးမည် ဖြစ်ကာ ပါဝင်လှူဒါန်း လိုသော မျက်မှန် လုပ်ငန်းရှင် မိတ်ဆွေများ အလှူရှင် များ အနေဖြင့် ဦးကံထွန်း ဖုန်း ၀၇၁၆၅၀၁၃ ၊ ဦးသိန်းဆွေ ဖုန်း ၀၉၅၃၄၀၄၅၈ သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။

စစ်တွေမြို့ ဈေးကြီး၌ ဖရဲသီးများ အရောင်းသွက်လျက်ရှိ

စစ်တွေမြို့ ဈေးကြီး၌ ဖရဲသီးများ အရောင်းသွက်လျက်ရှိ ဒီဇင်ဘာ(၁၉)ရက်နေ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ကျေးရွာများ ဖြစ်သည့် အောင်ဒိုင်၊ မောင်နီပြင်၊ ရေချမ်းပြင် ကျေးရွာများတွင် စီးပွားဖြစ် လုပ်ကိုင် စိုက်ပျိုး ထားရှိသော ဖရဲသီး စိုက်ခင်းများမှ အရွယ်အစား မျိုးစုံ ဖရီသီး များကို လိုင်းကားဖြင့် စစ်တွေမြို့မ ဈေးကြီးသို့ တင်ပို့ ရောင်းချ လျက်ရှိ ကြောင်း သိရသည်။ ယင်းသို့ ရောင်းချ ရာတွင် စစ်တွေ မြို့မဈေးကြီး ၌ ဖရီသီး အရွယ် အစား အလိုက် အကြီး တစ်လုံး ၂၀၀၀ ကျပ်၊ အလတ် ၁၃၀၀ ကျပ် နှင့် အသေး ၅၀၀ ကျပ် တို့ဖြင့် ရောင်းချကာ စားသုံးသူ ဈေးကွက်တွင် လူကြိုက် များပြီး အရောင်း သွက်လျက် ရှိကြောင်း သိရှိရသည်။

ဖားသားလဖုန်းကျောင်း စိန်ရတု အထိမ်းအမှတ် အခမ်းအနားနှင့် အာစရိယ ပူဇော်ပွဲ ကျင်းပမည်

ဖားသားလဖုန်းကျောင်း စိန်ရတု အထိမ်းအမှတ် အခမ်းအနားနှင့် အာစရိယ ပူဇော်ပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၉)ရက်နေ့ မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်၊ လမ်း ၈၀၊ ၃၄x၃၅ လမ်းကြားရှိ ဖားသားလဖုန်းကျောင်း Lafon Memorial School (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၃ ဇန်န၀ါရီ ၂၆ ရက် နံနက် ၉ နာရီတွင် အဆိုပါ ကျောင်း ခန်းမ၌ ကျင်းပပြီး (၁၅)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲနှင့် မိတ်ဆုံ ညစာ စားပွဲကို ညနေ ၄ နာရီ၌ လမ်း ၃၀၊ ၈၂ လမ်း နှင့် ၈၃ လမ်းကြားရှိ ဖူကျင်ကွမ်ရင်ခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

ကားပြပွဲကြီး ခင်းကျင်းပြသမည်

ကားပြပွဲကြီး ခင်းကျင်းပြသမည် ဒီဇင်ဘာ(၁၉)ရက်နေ့ Greating Strength Co, Ltd., မှ ကြီးမှူး ကျင်းပမည့် The Most Amazing Mandalay-Exhibition & Car Show ပြပွဲကြီးကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ မန္တလေး မြို့တော်ခန်းမ တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ အထူး အခွင့်အရေး အနေဖြင့် KBZ Bank ၏ ပံ့ပိုး ကူညီမှုဖြင့် Hair Purchase စနစ်ဖြင့် ရောင်းချ ပေးမည် ဖြစ်ပြီး အကောင်းဆုံး ၀န်ဆောင်မှုဖြင့် မြန်မာနိုင်ငံသားတိုင်း ကားပိုင်ဆိုင် နိုင်ရေး ဦးတည် ရည်ရွယ်ချက် ဖြင့် ရောင်းချ ပေးမည် ဖြစ်သည်။ အခြား လျှပ်စစ် ပစ္စည်း လူသုံးကုန် ပစ္စည်း များလည်း အထူးဈေး ဖြင့် ရောင်းချ ပေးမည်ဖြစ်သည်။ ပြပွဲကို အဓိကအနေကြဖင့် Best Auto ကား ရောင်းဝယ်ရေး၊ မြပန်းဝါ မီးလင်းကတ္တား နှင့် Lwin & Swan ကား ရောင်းဝယ်ရေးတို့က ပံ့ပိုးကူညီပြီး ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ကုမ္ပဏီပေါင်း ၅၀ ကျော် တို့က နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ခင်းကျင်း ပြသ ရောင်းချ မည်ဖြစ်ပြီး ပြပွဲရက်များတွင် ဂျွန်ကွင်၏ Star & Model Super Model များ၊ Kiss Entertainment မှ အဆိုတော်များ၊ မော်ဒယ်၊ အကအဖွဲ့များ၊ ဂိမ်းကစားနည်းများ၊ baby လေးများ အဖွဲ့တို့မှ ဖျော်ဖြေ တင်ဆက် ကြမည်ဖြစ်ရာ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉၄၅၀၀၅၅၈၈၈ ၊ ၀၉၄၂၁၁၁၆၁၁၁ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ(၁၉-၁၂-၂၀၁၂)

Tuesday, December 18, 2012

အထူးဈေးရောင်းပွဲတော်ကြီး ကျင်းပမည်

အထူးဈေးရောင်းပွဲတော်ကြီး ကျင်းပမည် ဒီဇင်ဘာ(၁၈)ရက်နေ့ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် အဆင့်မြင့် မင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေး၊ မင်္ဂလာဈေးသစ် နှင့် ရွှေပြည့်စုံဈေး တို့မှ ဈေးသူ၊ ဈေးသား များ၏ အထူး ဈေးရောင်းပွဲတော်ကြီး ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်မှ ၅ ရက်အထိ မင်္ဂလာဈေးဝင်း အတွင်း ကျင်းပမည်ဖြစ်သည်။ ဈေးသူ၊ ဈေးသားများအား ၁၉-၁၂-၂၀၁၂ ရက်နေ့မှ ၂၀-၁၂-၂၀၁၂ ရက်နေ့အထိ လည်းကောင်း၊ ပြင်ပ လုပ်ငန်းရှင် များအား ၂၁-၁၂-၂၀၁၂ ရက်မှစ၍ ဆိုင်ခန်းများ နေရာ ချထားပေးမည် ဖြစ်ရာ ဖုန်း ၀၉၇၃၀၂၂၉၃၉ ၊ ၀၁-၂၉၂၅၃၆ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။

သံဃာအပါး ၁၀၀၀ ပထမအကြိမ် ဆွမ်းခြောက် လောင်းလှူပွဲ ကျင်းပမည်

သံဃာအပါး ၁၀၀၀ ပထမအကြိမ် ဆွမ်းခြောက် လောင်းလှူပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၈)ရက်နေ့ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၌ ပထမအကြိမ် ဆွမ်းခြောက် လောင်းလှူပွဲကို ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေ ၃ နာရီတွင် မြိတ်မြို့၊ ကလွင် ကျေးရွာ အုပ်စု၊ အထက်ရေပုန်း၊ တည်ဆောက်ဆဲ သံဃာဆေးရုံကြီး ရှေ့ စပါးရွှေဝါ လမ်းကြီးပေါ် တွင် သံဃာအပါး ၁၀၀၀ နှင့် သီလရှင် ဆရာလေး ၁၁၁ ပါး တို့ကို ဦးမောင်ယု၊ ဒေါ်နီနီဝင်း မိသားစု (အောင်မြင့်မိုရ် ရေခဲစက်)မှ မတည်၍ လောင်းလှူ ပူဇော်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပထမအကြိမ် ဆွမ်းခြောက် လောင်းလှူပွဲသို့ မြို့ပေါ် ရပ်ကွက် ကျေးရွာများမှ စေတနာရှင်များ လာရောက် လောင်းလှူ ပူဇော်နိုင်ကြောင်း သိရှိရသည်။

စစ်တောင်းမြစ်ကမ်း တစ်လျှောက် ရေထိန်းတာဘောင် ပြုပြင်မည်

စစ်တောင်းမြစ်ကမ်း တစ်လျှောက် ရေထိန်းတာဘောင် ပြုပြင်မည် ဒီဇင်ဘာ(၁၈)ရက်နေ့ ကျောက်ကြီးမြို့နယ်အတွင်းရှိ ငထွေစုတ် ကျေးရွာတွင် စစ်တောင်းမြစ်ကမ်း တစ်လျှောက် လွန်ခဲ့သော နှစ် ၃၀ ခန့်မှစ၍ ရေကြီးမှုများမှ ကာကွယ်ရန် လူထု လုပ်အားဖြင့် ဖို့ခဲ့သော တာဘောင်အား ပြုပြင် ထိန်းသိမ်းမှု များ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ တာဘောင်၏ အချို့နေရာ များတွင် နိမ့်ကျနေမှု ကြောင့် လွန်ခဲ့သော မိုးရာသီ ကာလအတွင်း လယ်မြေနှင့် ကျေးရွာ အချို့ ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည်။ တာဘောင် ပြုပြင်ရန် တောင်ငူခရိုင် ဆည်မြောင်း ဦးစီးဌာနမှ ဒီဇင်ဘာ ၁၄ ရက်တွင် ကွင်းဆင်း တိုင်းတာမှု များ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းနှင့် မီဒီယာသင်တန်းများ ဖွင့်လှစ်မည်

စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းနှင့် မီဒီယာသင်တန်းများ ဖွင့်လှစ်မည် ဒီဇင်ဘာ(၁၈)ရက်နေ့ ရခိုင်ပြည်နယ်၊ ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး၍ ပြည်နယ်အတွင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနများမှ ဦးစီးမှူး များနှင့် စာကြည့်တိုက် လက်ထောက် (၃) ၀န်ထမ်းများ၊ လုပ်ငန်းခွင် အရည်အသွေး မြင့်မားရေး အတွက် စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း နှင့် မီဒီယာ သင်တန်းများကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ အတွင်း ဖွင့်လှစ်ပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ စာကြည့်တိုက် ပညာ ဆင့်ပွား သင်တန်းနှင့် မီဒီယာ သင်တန်းများကို ဇန်န၀ါရီလ ပထမပတ်၌ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာကြည့်တိုက် ခန်းမတွင် စစ်တွေခရိုင် နှင့် မောင်တောခရိုင် အတွင်း မြို့နယ် ဦးစီးမှူး များနှင့် စာကြည့်တိုက် လက်ထောက်(၃) ၀န်ထမ်းများ အားလည်းကောင်း၊ တတိယပတ်၌ ကျောက်ဖြူ ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးခန်းမ၌ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်များမှ မြို့နယ်ဦးစီးမှူးများနှင့် စာကြည့်တိုက် လက်ထောက်(၃) ၀န်ထမ်းများအား လည်းကောင်း ဖွင့်လှစ်ပို့ချ ပေးသွားရန် စီစဉ်ထားရှိ ကြောင်း သိရှိရသည်။

မွန်လူငယ်များနေ့ ကျင်းပမည်

မွန်လူငယ်များနေ့ ကျင်းပမည် ဒီဇင်ဘာ(၁၈)ရက်နေ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ကို မွန်လူငယ်များနေ့ အဖြစ် သတ်မှတ်ထားပြီး ဖြစ်ရာ အဆိုပါနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ တောင်ပေါက် ကျေးရွာ၌ စည်ကား သိုက်မြို့စွာ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။

တိုင်းရင်းဆေးသိပံ္ပ(မန္တလေး) အာစရိယ ပူဇော်ပွဲ ပြုလုပ်မည်

တိုင်းရင်းဆေးသိပံ္ပ(မန္တလေး) အာစရိယ ပူဇော်ပွဲ ပြုလုပ်မည် ဒီဇင်ဘာ(၁၈)ရက်နေ့ တိုင်းရင်းဆေးသိပံ္ပ(မန္တလေး)၊ အမှတ်(၁၈) ကျောင်းသား၊ ကျောင်းသူ ဟောင်းများ အာစရိယ ပူဇော်ပွဲကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီတွင် မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးတွင် စည်ကား သိုက်မြိုက်စွာ ပြုလုပ် ကျင်းပမည် ဖြစ်ရာ တိုင်းရင်းဆေးသိပံ္ပ ကျောင်းသား၊ ကျောင်းသူများ ပါဝင် ကုသိုလ်ပြု လှူဒါန်းလိုသူများ အနေဖြင့် ဦးသန်းထွန်းအောင် ၀၉၉၁၀၆၂၅၁ ၊ ဒေါ်သွယ်သွယ်ဝင်း ၀၉၄၀၂၅၅၄၇၃၉ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရသည်။

မန္တလေးရနံ့ မြေငလျင် ရံပုံငွေ ပန်းချီပြပွဲ ကျင်းပမည်

မန္တလေးရနံ့ မြေငလျင် ရံပုံငွေ ပန်းချီပြပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၈)ရက်နေ့ မန္တလေး၊ ပန်းချီအဖွဲ့မှ ဦးစီး၍ ``မန္တလေးရနံ့´´ မြေငလျင် ရံပုံငွေ ပန်းချီပြပွဲကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်၊ ၈၄ လမ်း၊ ၃၁ လမ်းထောင့်ရှိ ဓမ္မသာလာ ဗိမ္မာန်တော်ကြီး တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ပါဝင် ပြသလိုသော ပန်းချီဆရာ များအနေဖြင့် ဓမ္မသာလာ ဗိမ္မာန်သို့ ဒီဇင်ဘာ ၂၄ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား၍ ပန်းချီကားများ ပေးပို့နိုင်ပါသည်။ ပါဝင် ပြသလိုသော ပန်းချီဆရာများ သည် ၃x၄ ပေ ဆိုက် အထက် ပန်းချီကား ၂ ကား၊ ၃x၄ ပေ အောက် ပန်းချီကား သုံးကား ပေးပို့နိုင်ပြီး သက်ဆိုင်ရာ မှန်ဘောင်နှင့် ချိတ်ဆွဲနိုင်ရမည် ဖြစ်ကာ ပန်းချီကား နောက်ဆုံးတွင် ရေးဆွဲသူ အမည်၊ ပန်းချီကား အမည်၊ ရေးဆွဲသည့် မီဒီယမ် အမျိုးအစား နှင့် ရောင်းချ ဈေးနှုန်း စသည်တို့ ပြည်စုံစွာ ဖော်ပြ၍ ရောင်းရငွေ ၃၀%ကို ငလျင်ရံပုံငွေ အဖြစ် လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မဟာစည်သြ၀ါဒ စိန်စည် သာသနာ့ရိပ်သာ ဒီဇင်ဘာ တရားစခန်းပွဲ ကျင်းပမည်

မဟာစည်သြ၀ါဒ စိန်စည် သာသနာ့ရိပ်သာ ဒီဇင်ဘာ တရားစခန်းပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၈)ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့နယ်(မြောက်ပိုင်း)၊ အမှတ်(၄၈) ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၊ မဟာစည် သြ၀ါဒ စိန်စည် သာသနာ့ ရိပ်သာတွင် နှစ်စဉ် ကျင်းပမြဲ ဖြစ်သော ဒီဇင်ဘာ တရားစခန်းပွဲ ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှ ၃၁ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်ပါ၍ တရားအားထုတ် လိုသော ယောဂီ သူတော်စင်များ ဒီဇင်ဘာ ၂၁ ရက် (သောကြာနေ့) မွန်းလွဲ ၂ နာရီ အရောက် လာရောက် ရမည် ဖြစ်ကြောင်း သိရသည်။ တရားစခန်းဝင် ယောဂီများ အတွက် စေတနာရှင် အလှူရှင်များ အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲ၊ ရေ၊ မီး၊ ညနေ အဖျော်ရည် များအတွက် ကျွေးမွေး လှူဒါန်း လိုပါက ဖုန်း ၀၁-၅၈၁၁၆၇ ၊ ၀၉၅၁၂၃၀၀၃ နှင့် ၀၉၄၄၀၂၂၇၉၅၀ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရှိရသည်။

ဘိုးဘွားလူနာ ပြုစုရန် သင်တန်း အမှတ်စဉ် (၁၀) ဖွင့်လှစ်မည်

ဘိုးဘွားလူနာ ပြုစုရန် သင်တန်း အမှတ်စဉ် (၁၀) ဖွင့်လှစ်မည် ဒီဇင်ဘာ(၁၈)ရက်နေ့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီးရှိ ဘိုးဘွားလူနာ များအား ပြုစုရာတွင် အထောက် အကူ ပြုရန် အတွက် အမှတ်စဉ် (၁၀) အခြေခံ ပြုစုခြင်းနှင့် သက်ကြီး ရွယ်အို ပြုစု စောင့်ရှောက်မှု သင်တန်းကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း နှင့် လျှောက်လွှာပုံစံ များအား ရိပ်သာကြီး ဘိုးဘွားဆေးရုံ တွင် ရယူနိုင်ပြီး ၂၀၁၂ ဒီဇင်ဘာ ၂၆ ရက် နောက်ဆုံးထား၍ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက် နှင့်အတူ လျှောက်ထား နိုင်ကြောင်း သိရသည်။ အဆိုပါ သင်တန်းအတွက် အနည်းဆုံး ပညာအရည် အချင်းမှာ ၉ တန်းအောင် အသက် ၁၈ နှစ်မှ ၃၀ နှစ် အတွင်းရှိ ကျား၊ မ မရွေး လျှောက်ထား နိုင်ပြီး သင်တန်းသား ဦးရေ ၂၀ ကန့်သတ် ထားကြောင်း နှင့် အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁၅၄၆၁၉၆ ၊ လိုင်းခွဲ ၄၁၈ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

အခြေခံစိုက်ပျိုးရေး နည်းပညာပေး သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိ

အခြေခံစိုက်ပျိုးရေး နည်းပညာပေး သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိ ဒီဇင်ဘာ(၁၈)ရက်နေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ မြေပဒေသာကျွန်း စိုက်ပျိုးရေး ပညာပေးဇုန် သင်တန်းခန်းမ၌ စိုက်ပျိုးရေး ပညာရှင်များ သည် အခြေခံ စိုက်ပျိုးရေး နည်းပညာပေး သင်တန်း များကို စဉ်ဆက် မပြတ် ဖွင့်လှစ် ပို့ချ ပေးလျက် ရှိကြောင်း သိရသည်။ အဆိုပါ သင်တန်းများ အနက် သစ်သီးဝလံ တိုင်တူး ကိုင်းဆက် သင်တန်းကို ဒီဇင်ဘာ ၁၈ ရက်မှ ၂၁ ရက် အထိ လည်းကောင်း၊ ဟင်းသီး ဟင်းရွက် စိုက်ပျိုးနည်း သင်တန်းကို ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ လည်းကောင်း၊ ပရဆေး စိုက်ပျိုးနည်း သင်တန်းကို ၂၀၁၃ ဇန်န၀ါရီ ၁ ရက်မှ ၃ ရက်အထိ လည်းကောင်း၊ ပန်းမန် စိုက်ပျိုးနည်း သင်တန်းကို ဇန်န၀ါရီ ၈ ရက်မှ ၁၀ ရက်အထိ နှင့် ပိုးသတ်ဆေး စနစ်တကျ အသုံးပြုခြင်း သင်တန်းကို ဇန်န၀ါရီ ၁၅ ရက်မှ ၁၇ ရက်အထိ ဖွင့်လှစ်မည် ဖြစ်ပြီး စိုက်ပျိုးရေး နည်းပညာ များကို စာတွေ့ လက်တွေ့ ပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ အထိ ပို့ချမည် ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက မြေပဒေသာကျွန်း၊ ခြံဦးစီး အရာရှိရုံး ဖုန်း၀၁-၅၄၉၇၃၀ သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း၊ သင်တန်း တစ်ခုချင်း အလိုက် ပို့ချ စာရွက် စာတမ်းကြေး အပါအ၀င် ငွေကျပ် ၄၀၀၀ ဖြစ်ကြောင်း၊ သင်တန်း တက်ရောက် သူများအတွက် မြေပဒေသာကျွန်း ၀င်ကြေး ပေးရန် မလိုကြောင်း သိရှိရသည်။

မိုးကောင်း ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ (၁၂၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

မိုးကောင်း ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ (၁၂၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည် ဒီဇင်ဘာ(၁၈)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ကျပ်သရေဆောင် မိုးကောင်း ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ (၁၂၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဂေါပက အဖွဲ့က ကြီးမှူး၍ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်နေ့အထိ စည်ကား သိုက်မြို့စွာ ကျင်းပမည်ဖြစ်သည်။ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၃ နာရီတွင် မြတ်စွာဘုရားအမှူးပြု၍ သံဃာတော် အရှင်သူမြတ် ၁၁၀ ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူ မည်ဖြစ်ပြီး မိုးကောင်း စေတီတော်မြတ်ကြီး အား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်မည် ဖြစ်သည်။ ပါဝင်လှူဒါန်း လိုသူ အလှူရှင် များသည် မိုးကောင်း စေတီတော် ဂေါပကအဖွဲ့ရုံး ဖုန်း ၀၁၅၆၆၅၀၅ သို့ ဆက်သွယ် ကုသိုလ်ယူ ပါဝင်နိုင် ကြောင်း သိရှိရသည်။

ငွေလှရတနာ အခြေခံ ပဋ္ဌာန်းသင်တန်း ဖွင့်မည့်

ငွေလှရတနာ အခြေခံ ပဋ္ဌာန်းသင်တန်း ဖွင့်မည့် ဒီဇင်ဘာ(၁၈)ရက်နေ့ ငွေလှရတနာ အခြေခံ ပဋ္ဌာန်းသင်တန်းကို ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်း နှင့် ရေတာရှည် လမ်းသစ်ထောင့်ရှိ ကျောက်ဆည် ဓမ္မာရုံကြီး၌ ဒီဇင်ဘာ ၁၅ ရက် (စနေနေ့)မှစ၍ ညနေ ၆ နာရီမှ ည ၈ နာရီအထိ စနေ၊ တနင်္ဂနွေ နေ့တိုင်း ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။ သင်တန်းတွင် ဆရာမ ဒေါ်ခင်သန္တာဦး (လူမှုထူးချွန်) က ဓမ္မဒါန အဖြစ် သင်ကြား ပို့ချပေး လျက်ရှိရာ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက် လေ့လာ သင်ယူ နိုင်ကြောင်း သိရှိရသည်။

ပြည်ပလေကြောင်းလိုင်း ၂၂ လိုင်း ပြေးဆွဲ

ပြည်ပလေကြောင်းလိုင်း ၂၂ လိုင်း ပြေးဆွဲ ဒီဇင်ဘာ(၁၈)ရက်နေ့ ပြည်ပလေကြောင်းလိုင်း ပြေးဆွဲမှု များပြားလာခြင်း ကြောင့် ပွင်းလင်းရာသီ ၌ပင် ပရိုမိုးရှင်း ပြုလုပ် ဆွဲဆောင်နေရကြောင်း လေယာဉ် လက်မှတ် အရောင်းဌာန များထံမှ သိရှိရသည်။ စင်္ကာပူ၊ ထိုင်းနှင့် မလေးရှား သို့ ပြေးဆွဲသော အဲလိုင်းများ ဖြစ်ကြသည့် MAI လေကြောင်းလိုင်း၊ မရှားရှားအဲလိုင်း၊ ဗန်ကောက် အဲဝေး၊ TG အဲဝေးတို့ အပြင် ဟောင်ကောင်သို့ ယခုနှစ်မှ စတင်ပြေးဆွဲသည့် ဟောင်ကောင် စရက်ဂွန်အဲလိုင်း မှလည်း ပရိုမိုးရှင်း ပြုလုပ်ကာ ဈေးနှုန်းများ လျှော့ချ ထားကြောင်း သိရသည်။ ယခုနှစ်တွင် ပြည်ပ လေကြောင်းလိုင်း ၂၂ လိုင်း ဖြစ်လာပြီး ကိုရီးယားအဲဝေး၊ တာတာအဲဝေး၊ Eva Air, All Nippon Air Lines ၊ စင်္ကာပူအဲလိုင်း၊ ဟောင်ကောင်ဒရက်ဂွန်၊ Condor Air Lines နှင့် Trans Asia Air Wars တို့သည် ယခုနှစ်တွင် အသစ် တိုးချဲ့ ပြေးဆွဲ လာခြင်းဖြစ်သည်။ လေကြောင်းလိုင်း ပြေးဆွဲမှု များပြား လာသော်လည်း ခရီးသည်မှာ ပုံမှန် အတိုင်းသာ သွားလာမှု ရှိခြင်းကြောင့် ဈေးနှုန်း လျှော့ချ ပရိုမိုးရှင်း ပြုလုပ် လာကြခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ သွားရောက်မှု များပြားသော စင်္ကာပူ၊ ထိုင်း၊ မလေးရှား ခရီးစဉ်များကို အဓိက ပရိုမိုးရှင်း ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံနှင့် စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ ဒိုဟာ၊ ဟောင်ကောင်၊ တရုတ်(တိုင်ပေ)၊ အိန္ဒိယ၊ ကာတာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အစရှိ သော နိုင်ငံများသို့ တိုက်ရိုက် ပြေးဆွဲ ပျံသန်းလျက်ရှိ ကြောင်း သိရှိရသည်။

အထပ်မြင့် အဆောက်အအုံများတွင် လုံခြုံရေး CCTV ကင်မရာများ တပ်ဆင်

အထပ်မြင့် အဆောက်အအုံများတွင် လုံခြုံရေး CCTV ကင်မရာများ တပ်ဆင် ဒီဇင်ဘာ(၁၈)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်များရှိ အထပ်မြင့် အဆောက် အအုံများတွင် လုံခြုံရေး CCTV ကင်မရာများ တပ်ဆင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ဌာနချုပ်မှ သိရှိရသည်။ CCTV ကင်မရာ များ တပ်ဆင်ခြင်းဖြင့် မီးလောင်မှုများ ဖြစ်ပေါ်ပါက အမြန်ဆုံး သိရှိနိုင်မည် ဖြစ်သည်။ အဆိုပါ ကင်မရာများကို ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း လမ်းနှင့် ဆူးလေ ဘုရားလမ်းထောင့်ရှိ ကုန်သည်ကြီး များ ဟိုတယ်၊ ဘုရင့်နောင်လမ်းရှိ ဘုရင့်နောင်တာဝါ၊ ကမ္ဘာရေး ဘုရားလမ်းရှိ မြန်မာ့ဆက်သွယ်ရေး တာဝါတိုင် နှင့် ရန်ကုန် ဘောက်ထော် လမ်းရှိ မြ၀တီရုံး တို့တွင် တိုးချဲ့ တပ်ဆင် သွားမည် ဖြစ်သည်။ ၄င်း CCTV ကင်မရာများသည် ၃၆၀ ဒီဂရီ လှည့်ပတ် ကြည့်ရှုနိုင်ပြီး မီးလောင်မှု အပြင် မလိုလားအပ်သော ဒုစရိုက်မှုများ ကိုလည်း ဖမ်းယူနိုင်မည် ဖြစ်သည်။ ကင်မရာများ တပ်ဆင်ခြင်းကို ယခုနှစ်အတွင်း အမြန်ဆုံး အကောင်အထည် ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရသည်။

ကျူးကျော် ဆောက်လုပ်မှုများ အရေးယူမည်

ကျူးကျော် ဆောက်လုပ်မှုများ အရေးယူမည် ဒီဇင်ဘာ(၁၈)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ မြို့နယ်တွင် မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဌေးအောင် နှင့် ၀န်ထမ်းများသည် ဒီဇင်ဘာ ၆ ရက်က မြို့နယ်အတွင်းရှိ ကျူးကျော် ဆိုင်ခန်းများ နှင့် စည်ပင်သာယာ နယ်နိမိတ် အထိ ကျူးကျော် ဆောက်လုပ် ထားသော အဆောက်အအုံ များကို စည်ပင်သာယာ ဥပဒေအရ လုပ်ထုံး လုပ်နည်းနှင့် အညီ ပညာပေး ဆောင်ရွက်မှု များ အပြင် လိုအပ်ပါက အရေးယူ ဆောင်ရွက် သွားမည်ဟု သိရှိရသည်။

လားရှိုးမြို့တော်ခန်းမတွင် အီလက်ထရောနစ်နှင့် လူသုံးကုန်ပစ္စည်းများ ပြပွဲ ကျင်းပမည်

လားရှိုးမြို့တော်ခန်းမတွင် အီလက်ထရောနစ်နှင့် လူသုံးကုန်ပစ္စည်းများ ပြပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၈)ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ မြို့တော်ခန်းမတွင် Winner Economics Enterprise Services Co,Ltd., မှ စီစဉ်ဆောင်ရွက်သော အီလက်ထရောနစ် နှင့် လူသုံးကုန် ပစ္စည်းများ ပြပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်မှ ၂၉ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင် စိုက်ပျိုးရေးသုံး ပစ္စည်းများ၊ လျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများ၊ ပြည်တွင်း ပြည်ပ အ၀တ်အထည် များ၊ ဖက်ရှင် အသုံး အဆောင်များ၊ စာရေး ကိရိယာများ၊ အိမ် အလှဆင် ပစ္စည်းများ၊ ပလပ်စတစ်နှင့် ဖိုင်ဘာ ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ အစရှိသည် တို့ကို ကုမ္ပဏီ ကြီးများမှ တိုက်ရိုက် ဖြန့်ဖြူး ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ(၁၈-၁၂-၂၀၁၂)

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger