www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 31, 2018

စစ်တွေ-အမ်းကားလမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းသည့် အတွက် ယာဉ်အစီးရေ ၁ဝဝ ကျော်ထိပိတ်မိ



စစ်တွေ ၃၁-၅-၂ဝ၁၈

စစ်တွေ-အမ်း ကားလမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ယာဉ်အစီးရေ ၁ဝဝ ကျော်ထိ ပိတ်မိနေကြောင်း အဆိုပါ ကားလမ်းတွင် ပြေးဆွဲနေသည့် အဝေးပြေး ကုန်တင်ယာဉ် မောင်းများထံမှ သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမှအမ်းသို့ သွားရာလမ်းမတွင် မေ ၂၉ ရက်မှစတင်၍ သည်းထန်စွာ ရွာသွန်းခဲ့သည့် မိုးကြောင့် ယနေ့နံနက်ပိုင်းတွင် လမ်းများချော်နေပြီး ကားများသွားလာရန် ခက်ခဲနေကြောင်း မန္တလေး-စစ်တွေ ပြေးဆွဲ နေသည့် အဝေးပြေးကုန်တင် ယာဉ်လိုင်းပိုင်ရှင် ဦးသိန်းထွန်းက ပြောပြသည်။

"မီးလောင်ချောင်းနားမှာ အခုလမ်းချော်နေပြီး ဆက်သွားလို့ မရတော့ တစ်စီးပြီးတစ်စီး သွားလို့ရအောင် လုပ်နေရတယ် ကားကြီးသမားတွေဆို ပိုဆိုးတယ်။ သွားလို့ကိုမရဘူး။ အဓိကကတော့ မိုးများလို့ပဲ ပြောရမှာပါ။ ကျွန်တော်တို့ကတော့ စောင့်နေတုန်းပဲ ကုန်ကလဲတင် လာတာမို့ပါ"ဟု ၎င်းကဆက်လက် ပြောပြသည်။

မုန်တိုင်းဖြစ်ပွားသည့် အရှိန်ကြောင့်မိုးများပြီး စစ်တွေ-အမ်းလမ်းမကြီးပေါ်တွင် အမ်းမြို့မှ အထွက် ၆ မိုင် မီးလောင်ချောင်း ကျေးရွာအနီးတွင် လမ်းချော်လျက်ရှိရာ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ် ၁ဝဝကျော်သည် နံနက်ပိုင်းမှစတင်၍ သွားလာရန် ခက်ခဲနေကြောင်း သိရသည်။

"ကျွန်တော်တို့ စစ်တွေက အစောကြီးထွက်လာခဲ့တဲ့ ယာဉ်အားလုံး အခုချိန်ထိ အမ်းမြို့ထဲကို မဝင်နိုင်သေးဘူး"ဟု ယာဉ်မောင်း ကိုဇော်မင်းဦးက ပြောပြသည်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အနှံ့ မိုးရွာသွန်းနေပြီး ကျောက်ဖြူ၊ မာန်အောင်စသည့် မြို့များတွင် လေပြင်းတိုက်ခတ် ခဲ့မှုများရှိခဲ့ကြောင်း သိရသည်။

အင်အား အသင့်အတင့် ရှိသော မုန်တိုင်းငယ်သည် မေ ၂၉ရက်ညပိုင်းတွင် အမ်းမြို့နားမှ တစ်ဆင့် ဖြတ်ကျော် ဝင်ရောက်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

#Themyawadydaily

ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းတွင် ကုန်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား



မင်းပြား ၃၁-၅-၂ဝ၁၈

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ရန်ကုန်-စစ်တွေ အဝေးပြေး ကားလမ်းတွင် မေ ၂၉ရက် နံနက် ၉ နာရီ မိနစ် ၃ဝခန့်က ကုန်တင်ယာဉ်တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မင်းပြားမြို့မ ရဲစခန်းမှ သိရသည်။

ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ကုန်စည်ပို့ဆောင်ရန် ထွက်ခွာလာသော ဦးအေးသောင်း မောင်းနှင်လာသည့် 6E/---- ကုန်တင်ယာဉ်သည် ရန်ကုန်-စစ်တွေ ကားလမ်းမိုင်တိုင် အမှတ် (၉ဝ/၇) ဖာလုံအနီး အရောက်တွင် ကားဘက်ထရီ အိုးမှတစ်ဆင့်ဝိုင်ယာ ရှော့ခ်ဖြစ်ရာမှ မီးကူးစက်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကုန်တင်ယာဉ် မီးလောင်မှုသည် မင်းပြားမြို့နယ် အဝကျေးရွာအုပ်စုရှိ ဖားပျော်ကျေးရွာ အနီးတွင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီးကားပေါ်ပါလာသည့် ဆက်သွယ်ရေး တာဝါတိုင် သုံးစက်သုံးခု၊ ဘက်ထရီအိုးအလုံး ၂ဝဝခန့်နှင့်ဆက်သွယ်ရေးကြိုးထုပ်များ ပျက်စီးဆုံးရှုံးခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း အေးသောင်းကို မင်းပြားမြို့မရဲစခန်းက (ပ)၁၁၅/၂ဝ၁၈၊ ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

မုန်တိုင်းငယ် ဝင်ရောက်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ပြည်မြို့တွင် သစ်ပင်များပြိုလဲမှုနှင့် မြို့တွင်းပိုင်း ရေကြီး၊ ရေလျှံမှုဖြစ်ပွား



ပြည် ၃၁-၅-၂ဝ၁၈

ရခိုင်ပြည်နယ်မှ တစ်ဆင့် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ မုန်တိုင်းငယ် ဝင်ရောက်လာခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သစ်ပင်များ ပြိုလဲမှုနှင့် မြို့တွင်းပိုင်း ရေကြီး၊ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်မြို့၌ မေ ၂၉ရက် ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ကားလမ်းမများပေါ် ရေလျှံခြင်း၊ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခြင်း၊ ညအချိန် လေပြင်းတိုက်ခတ်ခြင်း တို့ကြောင့် သစ်ပင်များပြိုလဲကာ လမ်းပိတ်ခြင်း၊ အိမ်အမိုးပေါ်သို့ သစ်ပင်လဲကျ ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"အခုမုန်တိုင်းက ရခိုင်ကမ်းရိုး တန်းကနေ ကုန်းတွင်းပိုင်းကို ဖြတ်တော့ ကျွန်တော်တို့ ပြည်ဘက်မှာလဲ မိုးက တော်တော်လေးကို သည်းထန်စွာ ရွာတယ်။ကျွန်တော်တို့ ခန့်မှန်းထားတဲ့အတိုင်း သုံးလက်မနဲ့အထက် ရွာတယ်။မနေ့က မိုးရေချိန်က ၂ ဒသမ ၄ လက်မရွာတယ်။ ဒီနေ့ဆိုရင် သုံးလက်မပါ။ နှစ်ရက်ပေါင်း ငါးလက်မကျော် လာတဲ့အခါကျတော့ မြို့ထဲမှာဆိုလဲ ရေတွေများနေတယ်။ ဒီနှစ်အတွက်ဆိုရင် ဒီမိုးရေချိန်က အများဆုံး မိုးရေချိန်ပါပဲ။ စံချိန်တင်ပါတယ်"ဟု ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်ကြည်က ပြောပြသည်။

မိုးသက်လေပြင်း ကျရောက်မှုကြောင့် သစ်ပင်များပြိုလဲခြင်း၊ လျှပ်စစ်မီးတိုင်များ လဲကျခြင်း၊ နေအိမ် အမိုးလန်ခြင်းများအပြင် လျှပ်စစ်မီးများလည်း ပြတ်တောက်ခဲ့ပြီး သစ်ပင်လဲကျမှုများကို ပြည်မြို့ရှိ မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက လိုက်လံရှင်းလင်း လျက်ရှိကြောင်း သိရသည်။

မုန်တိုင်းဝင်ရောက်မှု ကြောင့်နောက်ထပ် နှစ်ရက်ခန့်ထိ မိုးဆက်လက်ရွာသွန်း နိုင်သည့် အခြေအနေများ ရှိသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

#Themyawadydaily

မန္တလေးမြို့ ၈၆ လမ်းကို လမ်းမကြီးအဖြစ် အပြည့်အဝ သုံးနိုင်ရန်အတွက် လမ်းတစ်လျှောက်ရှိ သက်တမ်းရင့် သစ်ပင်များ ရှင်းလင်းမှုပြုလုပ်နေ



မန္တလေး ၃၁-၅-၂ဝ၁၈

မန္တလေးမြို့ ဈေးချိုနှင့် အမရပူရမြို့ တောင်မြို့အနီးထိ အဓိကဆက်သွယ် သွားလာနိုင်သည့် ၈၆ လမ်းကို လမ်းမကြီးအဖြစ် သွားလာနိုင်ရန် လမ်းဘေးဝဲ၊ယာရှိ သက်တမ်းရင့် သစ်ပင်ကြီးများ ခုတ်လှဲခြင်း၊ကျူးဧရိယာများ ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြသည်။

၈၆ လမ်းသည် လတ်တလောတွင် လမ်းသွယ်တစ်ခု အနေဖြင့်သာ ဆက်သွယ်သွားလာနိုင်ပြီး အဆိုပါ လမ်းကို အဓိကလမ်းကြီးအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"ဒီလမ်းကို ဘတ်စကားလိုင်း တွေလဲ ပြေးဆွဲနေကြပြီ။ နောက်ပြီး တောင်မြို့နဲ့ မြို့တွင်းဧရိယာတွေကို ဆက်သွယ်နိုင်တဲ့အတွက် အခုအခြေအနေနဲ့ အဆင်မပြေသေးပါဘူး"ဟု ၎င်းက ဆက်လက် ပြောပြသည်။

၈၆ လမ်းကို လမ်းမကြီးအဖြစ် အသုံးပြုနိုင်မှသာ မြို့တွင်းယာဉ်ကြော ရှုပ်ထွေးမှုနှင့် ယာဉ်အန္တရာယ် ကျရောက်မှုများကို ဖြေလျှော့ရန် အတွက် လမ်းမကြီးများ ဖော်ဆောင်ရန် လိုအပ်လျက်ရှိရာ အဆိုပါလမ်းမကြီးကို ပေ ၄ဝ၊ ၃၅ပေအကျယ် ရရှိရန်အတွက် လမ်းမကြီးတစ်လျှောက်ရှိ သက်တမ်းရင့် သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ကျူးတည်ဆောက်ထားသော ဆိုင်ခန်းများ၊အိမ်မြေများ၊ ကားတက်ခုံများကို လည်းကောင်း၊ ဓာတ်တိုင်ကိုမှီ၍ ကျူးတည်ဆောက် ထားသော အဆောက်အအုံများကို လည်းကောင်း ရှင်းလင်းခဲ့ရကြောင်း သိရသည်။

"သစ်ပင်ကြီးတွေ မခုတ်ချင် ပေမယ့်လဲ တချို့ကဒီသစ်ပင် ကိုမှီပြီး ကျူးလာကြတယ်။ လမ်းဧရိယာ ကျယ်ပြန့်ဖို့အတွက် လုပ်ဆောင်ရတာပါ" ဟု ဦးကျော်ဇောအောင်က ပြောပြသည်။

အဓိကအားဖြင့် စစ်ကိုင်း၊အမရပူရနှင့် မြို့တွင်းဧရိယာ ဖြစ်သည့် ဈေးချိုထိ ဆက်သွယ်ထားသော ၈၄ လမ်းမှာ အသွားအလာ များပြားပြီး ယာဉ်ကြော ကျပ်တည်းမှုကို ကြုံတွေ့ရလျက်ရှိရာ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရန်အတွက် ၈၆ လမ်းကို အဓိကလမ်းမကြီးအဖြစ် အကောင်အထည် ဖော်မှုကို ၂ဝ၁ဝပြည့်နှစ် ခန့်မှစ၍လုပ် ဆောင်ခဲ့ကြောင်း၊ ၈၆ လမ်းမတစ်လျှောက်သည် ယခင်က လမ်းသွယ်တစ်ခုအဖြစ်သာ အသုံးချခဲ့ သဖြင့်လမ်းကျူး၊ဆိုင်ကျူးနှင့် အိမ်မြေတိုးချဲ့ဆောက်လုပ်မှု များကြောင့် လမ်းမကျယ်အဖြစ် ဖော်ဆောင်ရန် အခက်အခဲများစွာ ရှိခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါကျူးများကို လမ်းနယ်နိမိတ်တွင်းမှ ဖယ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး မြို့တွင်းသွားလိုင်းကားများနှင့်ယာဉ်များ ဆက်သွယ်သွားလာနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

ကုန်းတွင်းမုန်တိုင်း ငယ်ကြောင့် မန္တလေးဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်း ပြေးဆွဲနေသည့် သင်္ဘောအားလုံးနီးပါး ယာယီရပ်နားထား



မန္တလေး ၃၁-၅-၂ဝ၁၈

ကုန်းတွင်းမုန်တိုင်း အဖြစ်ရှိနေသည့် မုန်တိုင်းငယ်ကြောင့် မန္တလေးဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်း ပြေးဆွဲနေသည့် သင်္ဘောအားလုံး နီးပါး ယာယီရပ်နား ထားကြောင်း မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောပြသည်။

ယခုလက်ရှိတိုက်ခတ် နေသည့် မုန်တိုင်းသည် အားလျော့ကျလာကာ ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းခြေကို ဖြတ်ကျော်လာပြီး ကုန်းတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း၊ ထိုသို့ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာမှု ကြောင့် ကုန်းတွင်းပိုင်းတွင် မုန်တိုင်းငယ်အဖြစ် ဆက်လက် ရှိနေသေးကြောင်း၊ ၎င်းမုန်တိုင်း အကြွင်းအကျန် ကြောင့်ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် မိုးသက်လေပြင်း ကျရောက်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်၏ လူမှုကွန်ရက်မှ တစ်ဆင့်သိရသည်။

"မုန်တိုင်းအရှိန်ကြောင့် ဧရာဝတီမြစ် အတွင်းသွားလာနေတဲ့ သင်္ဘောတွေ အန္တရာယ်မဖြစ်စေဖို့ မြစ်အတွင်း ဖြတ်သန်းသွာလာမှု မရှိသလောက်ပါ။ ကုန်စည်တင်ပို့တဲ့ သင်္ဘောတွေ အနေနဲ့ကလဲ ကုန်စည်တင်ပို့မှု လမ်းကြောင်း ခေတ္တခဏတော့ ရပ်နားထားရတာပေါ့။ မိုးလေဝသ အခြေအနေကလဲ နောက်နှစ်ရက်၊ သုံးရက်လောက်ထိ မိုးရောလေရော လာနိုင်သေးတယ်ဆိုတော့ အခြေအနေ စောင့်ကြည့်ရမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

မုန်တိုင်းငယ်ကြောင့် လေပြင်းမုန်တိုင်းများ ကျရောက်မည် ဖြစ်သည့်အတွက် ဧရာဝတီမြစ်အတွင်း သွားလာနေသည့် ခရီးသည်တင် သင်္ဘောများအပြင် ကုန်တင်သင်္ဘောများပါ အားလုံးနီးပါး ယာယီရပ်နားထား ကြကြောင်း၊ မြစ်အတွင်း သွားလာနေသည့် သင်္ဘောအစီးရေ ၂ဝခန့်ကို ယနေ့မှစ၍ ယာယီရပ်နား ထားကြောင်း သိရသည်။

အလားတူ ယခုလက်ရှိ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ဧရာဝတီဌာနခွဲ) ကလည်း ခရီးသည်တင် သင်္ဘောများအဖြစ် မန္တလေး-ညောင်ဦးလမ်းပိုင်ကို နှစ်စီး၊မန္တလေး-ဗန်းမော် လမ်းကြောင်းတွင် ၁ဝ စီးပြေးဆွဲ ပေးလျက်ရှိပြီး ပုဂ္ဂလိကလုပ်ငန်း ရှင်များသို့ပါ ငှားရမ်းပေးထားသည့် သင်္ဘောများအပါအဝင် စုစုပေါင်း ၂၉ စီးရှိကြောင်း သိရသည်။

#Themyawadydaily

YBS ယာဉ်လိုင်းများအနက် တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းမှ ယာဉ်များ စည်းကမ်းချိုးဖောက်မှု အများဆုံးဖြစ်နေ



ရန်ကုန် ၃၁-၅-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများ အနက်တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းမှ ယာဉ်များ စည်းကမ်းချိုးဖောက်မှု အများဆုံးဖြစ် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ထံမှ သိရသည်။

အဆိုပါ ယာဉ်လိုင်းများသည် အများပြည်သူများ၏ တိုင်ကြားမှုခံရခြင်းနှင့် ဝန်ဆောင်မှု လိုအပ်ချက်များ အပါအဝင် စည်းကမ်းချိုးဖောက်မှု မှတ်တမ်းများအရ တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းမှ ယာဉ်များတွင် စည်းကမ်းဖောက်ဖျက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် စည်းကမ်းချိုးဖောက်မှု များနှင့်ပတ်သက်၍ ယာဉ်မောင်းများကို သာမက ယာဉ်လိုင်းပိုင်ရှင်များ ကိုလည်း အရေးယူလျက်ရှိသည်။ ထို့ပြင် ယာဉ်လိုင်းများအနေဖြင့် စည်းကမ်းချိုးဖောက်မှုရှိ၊ မရှိကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ စည်းကမ်း ထိန်းသိမ်းရေးယာဉ် ၁၃ စီးဖြင့် စောင့်ကြည့် အရေးယူ လျက်ရှိကြောင်း သိရသည်။

''စည်းကမ်းချိုးဖောက်မှု မှတ်တမ်း အရကြည့်ရင် တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်း ကယာဉ်တွေ အများဆုံးချိုးဖောက် တာတွေ့ရတယ်။ တစ်ဦးပိုင်ယာဉ်တွေ ကိုလည်း အများပိုင်ဖွဲ့စည်းဖို့ တွန်းအားပေးနေပါတယ်။ စောင့်ကြည့် စစ်ဆေးခြင်းတွေကို ယာဉ် ၁၃ စီးနဲ့ လုပ်ဆောင်နေပါတယ်။ မကြာမီ အရေးယူတော့မှာပါ။ အများပိုင်မလုပ်တဲ့ ယာဉ်လိုင်းတွေကိုလည်း နောက်ပိုင်းမှာ ထုတ်ပယ်တဲ့ အထိလုပ်မယ်။ ဒါကြောင့် စနစ်တကျနဲ့ အများပိုင်ဖွဲ့ဖို့ ညွှန်ကြားထားပါတယ်'' ဟု ဒေါက်တာမောင်အောင် ကပြောသည်။

YBS ယာဉ်လိုင်းများရှိ ယာဉ်မောင်းများ စည်းကမ်းချိုးဖောက်ပါက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်းအရေးယူလျက်ရှိပြီး ပြေးဆွဲမှုစတင်ပြီး နောက်ပိုင်း ခြောက်လခန့်မှစ၍ စည်းကမ်းချိုး ဖောက်မှုများကို အရေးယူခဲ့သည်။

တိုင်ကြားမှုအရ ပြစ်ဒဏ်ပေါ် မူတည်၍ ထိရောက်စွာ အရေးယူလျက်ရှိပြီး ပထမအကြိမ်တိုင်ကြား ခြင်းခံရပါက ဒဏ်ကြေးပေးဆောင် ရမည်ဖြစ်သော်လည်း ဒုတိယ အကြိမ်တိုင်ကြားခံရပါက သတိပေးလက်မှတ် ထိုးခိုင်းကာ နောက်ဆုံးအကြိမ်တွင် ယာဉ်လိုင်းမှထုတ်ပယ် သည်အထိ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲပေးနေသော ယာဉ်လိုင်းများတွင် စည်းကမ်း ချိုးဖောက်မှု အများဆုံးမှာ ခရီးသည်များအား မချေမငံဆက်ဆံခြင်း၊ ဝန်ဆောင်မှုကောင်းစွာ မပေးခြင်းနှင့် ယာဉ်စီးခပိုမို ကောက်ခံခြင်းတို့ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ၏ နေထိုင်စားသောက်ရေးနှင့်အလုပ် အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး)တွင် နေထိုင်လျက်ရှိသည့်မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေး
စကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရတနာပုံသတင်းစာတိုက် ပုံနှိပ်စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးတပ်နယ်၊ ထုံးဘိုရှိ နယ်မြေခံတပ်အတွင်း တပ်မတော်မှ ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် မော်တော်ယာဉ်များနှင့် အများပြည်သူများ ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် မော်တော်ယာဉ်များအား သွားရောက်ကြည့်ရှု စစ်ဆေးစဉ်။

နေပြည်တော် ၃၁-၅-၂ဝ၁၈

မိမိတို့စစ်မှု ထမ်းဟောင်းများသည် စစ်သားတစ်ခါ ဖြစ်ဖူးလျှင် ထာဝရစစ်သား (Once a Soldier Always a Soldier) ဆိုသည့်အတိုင်း သစ္စာအဓိဌာန်ပြု၍ တာဝန်ထမ်းဆောင်ခဲ့ သူများဖြစ်သဖြင့် တပ်မတော်နှင့် နိုင်ငံတော် အပေါ်သစ္စာရှိသူများ ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ရဲမေများသည် တပ်မတော်၏ အဓိကအရန် အင်အားကြီးနှစ်ခု ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ၏ နေထိုင်စားသောက်ရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာ (မန္တလေး)၌ တွေ့ဆုံအမှာ စကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များတက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းစစ်ဌာနချုပ်အသီးသီးတွင် အဆင့်မြင့် စစ်မှု ထမ်းဟောင်းအိမ်ရာများနှင့် စစ်မှုထမ်းဟောင်းအိမ်ရာများအား ဆောက်လုပ်လျက်ရှိပြီး နိုင်ငံတော်အတွက် အသက်ပေး လှူခဲ့ရသူများ၏ မိသားစုများနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူများ ကိုဦးစားပေးအနေဖြင့် အိမ်ရာများ ချထားပေးလျက်ရှိပြီး ကျန်ရှိသည့် စစ်မှုထမ်းဟောင်းများကိုလည်း သတ်မှတ်ချက်များနှင့်အညီနေရာ ချထားပေးလျက် ရှိကြောင်း၊ ထပ်မံ၍လည်း စစ်မှုထမ်းဟောင်း အိမ်ရာများကိုတိုးချဲ့ ဆောက်လုပ်လျက်ရှိကြောင်း၊ စားရေးအဆင်ပြေ စေရန်အတွက် တပ်မတော်မှ စားသောက်ကုန်များထုတ်လုပ်ပြီး သက်သာသော ဈေးနှုန်းများ ဖြင့်ရောင်းချ ပေးလျက်ရှိကြောင်း၊ စစ်မှုထမ်းဟောင်း အဖွဲ့များအတွက် စားသောက်ကုန်များကိုလည်း သက်သာသော ဈေးနှုန်းများဖြင့်ရောင်းချ ပေးမည်ဖြစ်ကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် အသားငါး၊ကြက်ဥ၊ နို့နှင့် ဟင်းသီးဟင်းရွက်များအား တိုင်းစစ်ဌာနချုပ်များအလိုက် အတတ်နိုင်ဆုံး ရောင်းချ ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် တပ်ရင်းတပ်ဖွဲ့များရှိ တပ်တွင်းဆေးခန်းများ၊ တပ်မတော်ဆေးရုံများတွင် တက်ရောက် ကုသခွင့်ပေးထားကြောင်း၊ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေးအတွက် နည်းပညာ၊ အတတ်ပညာများလိုအပ်သဖြင့် တပ်မတော်သားများ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်မှုထမ်းဟောင်း မိသားစု ၀င်သားသမီးများ၏ ပညာရည်မြင့်မားရေး အတွက်လည်း တတ်နိုင်သည့်ဘက်မှ ထောက်ပံ့ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်၍ တပ်မတော်သား မိသားစုဝင်များနှင့် စစ်မှုထမ်း ဟောင်းမိသားစုဝင်များ၏ သားသမီးများ အလုပ်အကိုင်ရရှိရေးအတွက် ကုန်ထုတ်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။

ယင်းနောက် စစ်မှုထမ်းဟောင်း မိသားစုဝင်များ၏ တင်ပြချက်များအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ရွှေဖီဦးအသင့် ဖျော်လက်ဖက်ရည်ထုပ်များနှင့် စားသောက်ဖွယ်ရာများ အားပေးအပ်သည်။ ၎င်းနောက်စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့် တာဝန်ရှိသူများက အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာတိုးချဲ့တည်ဆောက် လျက်ရှိ သည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာတွင် နေထိုင်လျက်ရှိသည့် မိသားစုဝင်များရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများပေးအပ်သည်။ အဆိုပါ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)၌ ၂၀၁၆ ခုနှစ်တွင် အရာရှိ ငယ် နေအိမ်(၂) ခန်းတွဲ(၄)ထပ် ၅ လုံးနှင့် အခြားအဆင့်နေအိမ်(၂)ခန်းတွဲ(၄)ထပ် ၁၂ လုံးတို့အား ဆောက်လုပ်ပြီးစီးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အရာရှိငယ်နေအိမ်(၂)ခန်းတွဲ(၄)ထပ် ၄ လုံးနှင့် အခြားအဆင့် နေအိမ်(၂)ခန်းတွဲ(၄)ထပ် ၁၈ လုံးတို့အားဆောက်လုပ်လျက်ရှိရာ ၇၈ ရာခိုင်နှုန်းပြီးစီးလျက်ရှိပြီး ၂၀၁၈ ခုနှစ် တွင်အခြားအဆင့်နေအိမ် (၂)ခန်းတွဲ(၄)ထပ် ၄ လုံးတို့အားထပ်မံ ဆောက်လုပ်လျက်ရှိရာ ၁၇ ရာခိုင်နှုန်းခန့်ပြီး စီးပြီဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ နံနက်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရတနာပုံ သတင်းစာတိုက် သို့သွားရောက်ကြည့်ရှုစစ်ဆေးရာ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူတစ်ဦးက ရတနာပုံသတင်းစာ ပုံနှိပ် ဖြန့်ချိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုက်ပိုင်သတင်း ထောက်များအနေဖြင့် သက်ဆိုင်ရာနယ်မြေများအလိုက် ဒေသသတင်းများ အား ယခုထက် ပိုမိုရေးသားဖော်ပြနိုင်ရေး၊ သတင်းများရယူရေးသားရာတွင် သတင်းအကြောင်းအရာ ခိုင်မာ မှန်ကန်မှုရှိစေရေးနှင့် သတင်းဓာတ်ပုံများအား ကောင်းမွန်စွာရိုက်ကူးနိုင်ရေး၊ မိမိ၏ သတင်းကို ခိုင်ခိုင်မာမာ တာဝန်ယူ၊ တာဝန်ခံ၍ရေးသားဖော်ပြရေး၊ သတင်းစာတွင် ပြည်သူလူထုစိတ်ဝင်စားမည့် အကြောင်း အရာများ ကို ကဏ္ဍစုံလင်စွာရေးသားဖော်ပြနိုင်ရေး ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပုံနှိပ်စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ သတင်းစာပုံနှိပ်မှုအရည်အသွေးများယခုထက်ပိုမိုကောင်း မွန်အောင်ဆောင်ရွက်ရေးအတွက် လိုအပ် သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး သတင်းစာတိုက်ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုငွေများပေး အပ်သည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးတပ်နယ်၊ ထုံးဘိုရှိ နယ်မြေ ခံတပ်အတွင်း တပ်မတော်မှခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် မော်တော်ယာဉ်များနှင့် အများပြည်သူများ ခေတ်ဆက်ဆက်အသုံးပြုခဲ့သည့် မော်တော်ယာဉ်များအား စနစ်တကျထိန်းသိမ်း ထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စနစ်တကျ ထိန်းသိမ်းထားရှိရန်အတွက် လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ နာယက၊ စာချစာသင်သံဃာတော် (၂၉၉၂) ပါးအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်၊ စာအောင်ဆု (ထာဝရ) ငွေပဒေ သာပင်ပေးအပ် လှူဒါန်း



မစိုးရိမ်ကျောင်းတိုက်၊ အာဂမနယူပဒေသကျောင်းဆရာတော် တိပိဋကသြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တညေယျာဘိဝံသထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခမ်းအနားတက်ရောက် လာကြသူမူများ ငါးပါးသီလခံယူဆောက်တည်ကြစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စာအောင်ဆု (ထာဝရ) ငွေပဒေသာပင် ငွေကျပ်သိန်း ၃ဝဝ အား တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းစဉ်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက၊ တွဲဖက်ရွှေကျင်သာသနာပိုင် မတ္တရာသူဋ္ဌေးကျောင်းတိုက်ဆရာတော်အား တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက်ဖူး မြော်ကြည်ညို၍ ကျန်းမာရေး အခြေအနေများမေးမြန်းလျှောက်ထားစဉ်။

နိုင်ငံတော်သြဝါဒါစရိယ၊ မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းစဉ်။

နေပြည်တော် ၃၁-၅-၂ဝ၁၈

တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ နာယက၊ စာချ စာသင်သံဃာတော် (၂၉၉၂)ပါးအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်၊ စာအောင်ဆု(ထာဝရ) ငွေ ပဒေသာပင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ မစိုးရိမ်ကျောင်းတိုက်၊ အာဂမနယူပဒေသကျောင်း ဆရာတော် တိပိဋကသြ၀ါဒါ စရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တညေယျာဘိဝံသအမှူးပြုသော သံဃာတော်များတက်ရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မစိုးရိမ်ကျောင်း တိုက်၊ အာဂမ နယူပဒေသကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင် သူမြတ်များထံမှ ပရိတ်တရား တော်များနာယူကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မစိုးရိမ်တိုက်သစ် မဟာနာယကအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိ ကဓဇ ဘဒ္ဒန္တ၀ါသေဋ္ဌာဘိဝံသထံ လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်းပြီး စာအောင်ဆု (ထာဝရ)ငွေပဒေသပင် ငွေကျပ်သိန်း ၃၀၀ အား တာဝန်ရှိသူများထံပေးအပ်လှူဒါန်းသည်။ ထို့နောက် မစိုးရိမ်တိုက်သစ်မဟာနာယက ဆရာတော်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် တပ်မတော်အရာရှိကြီးများက သံဃာတော်အရှင်သူမြတ်များထံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက်သံဃာတော် အရှင် သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ထို့အတူ နံနက်ပိုင်းကလည်း တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မဟာနာယက၊ နာယက၊ စာချစာ သင်သံဃာတော် (၂၉၉၂)ပါးအား ဆွမ်းလောင်းလှူ ခဲ့ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးအထူးကြပ်မတ်ကုသဆောင်၌ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက၊ တွဲဖက် ရွှေကျင်သာသနာပိုင် မတ္တရာသူဋ္ဌေးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ မာနိတသီရိဘိဝံသ အားသွားရောက်ဖူးမြော်ကြည်ညို၍ ကျန်းမာရေးအခြေအနေများ မေးမြန်းလျှောက်ထားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လှူဖွယ်ပစ္စည်းများနှင့် အားဖြည့်ငှက်သိုက် ရည်များအား ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နိုင်ငံတော်သြ၀ါဒါစရိယ၊ မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ၀ိစာရိန္ဒာဘိဝံသ အား သွားရောက်ဖူးမြော် ကြည်ညို၍ ကျန်းမာရေးအခြေအနေများအား မေးမြန်းလျှောက်ထားပြီး လှူဖွယ်ပစ္စည်းများနှင့် အားဖြည့်ငှက်သိုက်ရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Efforts being made for ensuring food, clothing and shelter and job opportunities for war veterans and Tatmadaw families


Senior General Min Aung Hlaing inspects Yadanapon Newspaper Printing House .

Senior General Min Aung Hlaing speaks at meeting with war veterans.

Senior General Min Aung Hlaing inspects vehicles used throughout history of Tatmadaw.

Nay Pyi Taw May 31

War veterans are loyal to the Tatmadaw and the State as they have taken the oath under the saying, which goes “Once a Soldier Always a Soldier”. War veterans and the wives of soldiers are the two main reserve forces of the Tatmadaw. In this regard, efforts are being made for ensuring food, clothing and shelter and job opportunities for the war veterans and Tatmadaw families, said Commander-in-Chief of Defence Services Senior General Min Aung Hlaing during his meeting with war veterans at the advanced war veterans housing (Mandalay) at the Central Command area yesterday afternoon.

Also present at the meeting were Commander-in-Chief (Navy) Admiral Tin Aung San, Commander-in-Chief (Air) General Maung Maung Kyaw and senior military officers of the Office of the Commander-in-Chief, the commander of Central Command and war veterans.

At the meeting, the Senior General went on to say that advanced war veterans housings and war veterans housings are being built at the military commands and priority is being given to the families of veterans who sacrificed life or limbs for the nation in allotting homes. The housings are being allotted to other veterans in accord with the prescriptions. Moreveteran housings are under construction.

The Tatmadaw is producing and distributing foodstuff at reasonable prices for food safety. It will also sell foodstuff to veterans at reasonable prices. The Tatmadaw is selling fish, meat, eggs, milk and vegetables produced by its farms military command-wise to the most possible degree.

Members of War Veterans Organization are allowed admission to clinics in military units and defence service hospitals. Measures are being taken for education promotion of Tatmadawmen as technology is necessary in building up a standard army. Necessary assistance is also being provided to improve the education of children of war veterans. For family members of war veterans to get job opportunities, manufacturing businesses are being launched, said the Senior General.

On hearing the requirements of war veteran families, the Senior General left necessary instructions and presented Shwephi Oo instant coffee packages to war veteran members. Quartermaster General Lt-Gen Nyo Saw and officials reported on implementation of advanced housing projects. The Senior General gave necessary instructions and cordially greeted the war veterans.

The Senior General and party then cordially greeted families living in advanced war veteran housing and presented them with foods. In advanced war veteran housing (Mandalay), five four-storey apartment with two units for junior officers and 12 four-storey apartments with two units for other ranks were built in 2016. Then, the construction of four four-storey apartments with two units for junior officers and 18 four-storey apartments with two units for other ranks started in 2017 and 78 percent have been completed. This year, four four-storey apartments with two units are under construction and about 17 percent has been completed.

In the morning, the Senior General and party visited Yadanapon Newspaper Printing House. At the meeting hall, an official reported on distribution of newspapers. In response, the Senior General stressed the need for reporters to cover more regional news and to ensure that their news stories and photos are correct. He also stressed the need for responsibility and accountability in news coverage and coverage of news in all sectors.

The Senior General and party went round in the printing house and gave instructions on publishing of newspapers with better quality. He then presented cash awards to the staff.

The Senior General and party went to regional battalion in Htonebo of Mandalay Station and inspected vehicles used throughout history of Tatmadaw and vehicles used by the public in successive eras and systematic maintenance of them. The Senior General then left necessary instructions.

#Themyawadydaily

Tatmadaw families present offertories, meals, set up funds for monks of Masoeyein Monastery


Senior General Min Aung Hlaing presents offertories to Masoeyein Monastery Maha Nayaka Agga Maha Sadhamajotika Bhadantava Sanabhivamsa.

Senior General Min Aung Hlaing pays homage to Sayadaw Agga Maha Pandita Manitasiribhivamsa who is receiving treatment at cardiological intensive care unit of Mandalay General Hospital.

Senior General Min Aung Hlaing and party offer meals to Sayadaws.

Nay Pyi Taw May 31

Tatmadaw (Army, Navy and Air) families this morning presented offertories and meals to 2,992 monks of Mandalay’s Masoeyein Monastery including the Maha Nayaka Sayadaw, Nayaka Sayadaw, instructor and student monks and set up funds to award who pass religious exams.

Present on the occasion were members of Sangha led by the abbot of the Masoe- yein Agama Nayupadaetha Monastery Tipidaka Ovadacariya Agga Maha Pandita Nirabhivamsa, Commander-in-Chief of Defence Services Senior General Min Aung Hlaing, Commander-in-Chief (Navy) Admiral Tin Aung San, Commander-in-Chief (Air) General Maung Maung Kyaw, senior military officers of the Office of the Commander-in-Chief, the commander of Central Command and Tatmadaw families.

The Senior General and congregation received Five Percepts from the abbot and members of Sangha recited Paritta.The Senior General then presented offertories to Masoeyein Monastery Maha Nayaka Agga Maha Sadhamajotika Bhaddanta Sanabhivamsa, and presented a fund of Ks-30 million to officials to award the monks who pass religious exams. Then, Maha Nayaka Sayadaw of Masoeyein Monastery presented certificate of honour to the Senior General.

The Commander-in-Chief (Navy), the Commander-in-Chief (Air) and senior military officers presented offertories to members of Sangha. The Senior General and congregation heard sermons from the Maha Nayaka Sayadaw of Masoeyein Monastery and shared merits gained. Then, they offered meals to members of Sangha.

In the morning, Tatmadaw (Army, Navy and Air) families offered rice to 2,992 monks of the Masoeyein Monastery.The Senior General and party visited Maha Withokdayone Monastery Shwegyin Nikaya Maha Nayaka joint Shwegyin Sangha authority abbot of the Mattara Thahtay Monastery Sayadaw Agga Maha Pandita Manitasiribhivamsa who is receiving treatment at cardiological intensive care unit of Mandalay General Hospital and asked after his health, and fulfilled the requirements. The Senior General presented offertories and bird’s nests.

The Senior General and party visited State Ovadacariya Presiding Sayadaw of Maha Wizitayone Monastery Abhidhaja Maha Rattha Guru Bhaddanta Visarinabhivamsa, asked after his health, and presented offertories and bird’s nests.

#Themyawadydaily


ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၅-၂ဝ၁၈)

Download Links

မြဝတီနေ့စဉ်သတင်းစာ (၃၁-၅-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၃၁-၅-၂ဝ၁၈)

Download Links
31 5 2018 Themyawadydaily by TheMyawadyDaily on Scribd

Wednesday, May 30, 2018

ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း တစ်သိန်းခန့်ထိ ဖန်တီးပေးနိုင်မည့် ကိုရီးယားဖက်စပ် စက်မှုဇုန်စီမံကိန်း ငါးနှစ်အတွင်း အပြီးတည်ဆောက် သွားမည်



နေပြည်တော် ၃ဝ-၅-၂ဝ၁၈

ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ငါးသောင်းမှ တစ်သိန်းခန့်ထိ ဖန်တီးပေးနိုင်မည့် ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် Korea Myanmar Industrial Complex (KMIC) စက်မှုဇုန် စီမံကိန်းကို ငါးနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများအပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါစက်မှုဇုန် စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅မိုင် ၆ဖာလုံ၏ အနောက်ဘက် ညောင်နှစ်ပင်ရွာ အနီးတွင် စီမံကိန်း မြေဧရိယာ ၅၅၅ဧကခန့်ပေါ်၌ အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ယခု ၂ဝ၁၈ ခုနှစ်မှစတင်၍ ၂ဝ၂၃ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများ အပြီးဆောင်ရွက်သွားမည် ဖြစ်သည်။

၎င်းစီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ ကိုယ်စား အစိုးရလက်အောက်ခံ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Corean Land and Housing Cooperation (LH) နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်၍  Corean Land and Housing Cooperation (LH) ဘက်မှ ၆ဝ ရာခိုင်နှုန်း၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ၄ဝ ရာခိုင်နှုန်းဖြင့် အချိုးကျပါဝင် ရင်းနှီးမြှုပ်နှံကာ ဆောင်ရွက် မည့်စီမံကိန်း ဖြစ်သည်။

"ပြည်တွင်းအပြင် ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူ တွေကိုပါ ဖိတ်ခေါ်သွားမှာပါ။ ဒါပေမဲ့ ကိုရီးယားနဲ့ နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းဖြစ်တော့ ကိုရီးယားကုမ္ပဏီ တွေကတော့ အဓိကရင်းနှီး မြှုပ်နှံမှာပါ။ဒီစက်မှုဇုန် စီမံကိန်းက ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအနေနဲ့ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၁၁ဝ လောက် ကုန်ကျမယ်လို့ တွက်ချက် ထားပါတယ်"ဟု မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦးက ပြောပြသည်။

စီမံကိန်း၏ မြေအသုံးချမှုပုံစံတွင် အသေးစား၊ အလတ်စားနှင့် အကြီးစားစက်မှု လုပ်ငန်းများသာမက One Stop Service အလုပ်သမား သင်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ရာ၊ ပန်းခြံနှင့်ရေဆိုး သန့်စင်စက်ရုံ၊ စီမံခန့်ခွဲရေးရုံးနှင့် အခြားသော စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုဇုန်များ ပါဝင်မည် ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၅ ခုနှစ်၌ နားလည်မှု စာချွန်လွှာ သြ့ချုပ်ဆိုခဲ့ပြီး ၂ဝ၁၇ခုနှစ်တွင် သဘောတူစာချုပ် MoU ချုပ်ဆိုခဲ့ကာ တည်ဆောက်ရေး ကာလကို ၂ဝ၁၈ ခုနှစ်မှ  ၂ဝ၂၃ ခုနှစ်ထိ ငါးနှစ်တာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

#Themyawadydaily

ရွှေပြည်သာ မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၄ဝဝ ခန့် ပျက်စီး



ရန်ကုန် ၃ဝ-၅-၂ဝ၁၈

ရွှေပြည်သာ မြို့နယ်အတွင်း လေပြင်းတိုက်ခတ် မှုကြောင့် အိမ်ခြေအလုံး ၄ဝဝ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောပြသည်။

ယနေ့ နံနက် ၃ နာရီခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အတွင်းရှိ ရပ်ကွက်ခြောက် ရပ်ကွက်မှ အိမ်ခြေ ၄ဝဝခန့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"လေဆင်နှာ မောင်းပေါ့။ ရပ်ကွက်ခြောက်ရပ်ကွက် လောက်က အိမ်တွေပျက်စီး သွားတယ်။ စာရင်း အတိအကျ ရဖို့အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ငယ်တွေဖွဲ့ပြီး လုပ်ဆောင်နေပါတယ်"ဟု ဦးရန်အောင်မင်းက ပြောပြသည်။

အဆိုပါ လေပြင်း တိုက်ခတ်မှုကြောင့် ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ်(၈)၊ အမှတ်(၇)၊  အမှတ်(၁ဝ)၊ အမှတ်(၁၉)၊ (၂ဝ)ရပ်ကွက်တို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။

လေပြင်းတိုက်ခတ် မှုကြောင့် ထိခိုက်ဒဏ်ရာရသူ နှစ်ဦးရှိခဲ့ပြီး ပေါင်ကျိုးဒဏ်ရာ ရရှိခဲ့သည့် အသက် ၅၇နှစ်အရွယ် အမျိုးသားတစ်ဦးရှိကာ ၎င်းကို အင်းစိန် ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။

လေပြင်းတိုက်ခတ် မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်များ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများကို ကူညီကယ်ဆယ်မှု ပြုလုပ်ရန်အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ငယ်များ ဖွဲ့စည်းကာမြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

မြန်မာ့ ဆန်အရည်အသွေး မြင့်တက်လာစေရန် စံချိန်၊ စံညွှန်းသတ်မှတ်ချက်များ လုပ်ဆောင်၍ နိုင်ငံတော်ထံတင်ပြမည်



ရန်ကုန် ၃ဝ-၅-၂ဝ၁၈

မြန်မာ့ဆန် အရည်အသွေး မြင့်တက် လာစေရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းနှင့် International Finance Corporation (IFC)-World Bank Group တို့ ပူးပေါင်း၍ ဆန်အရည်သွေး စံချိန်၊စံညွှန်း သတ်မှတ်ချက်များ လုပ်ဆောင်၍ နိုင်ငံတော်ထံ တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက် မှုအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် IFC တို့ကြား MoU လက်မှတ်ရေးထိုးမှု ကိုလည်းယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ပူးပေါင်းဆောင်ရွက်မှု အတွက်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး လုပ်ဆောင် သွားပါမယ်။ မြန်မာနိုင်ငံ အနေနဲ့လဲ ဆန်စပါးတင်ပို့မှု မြင့်တက်လာဖို့ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးမှာ ဆန်စပါး အရည်အသွေး မြင့်မားဖို့ လိုအပ်ပါတယ်"ဟု IFCမှ မြန်မာနိုင်ငံဆိုင်ရာ Country Manager jzpfol Mr. Vikram Kumar က ပြောပြသည်။

မြန်မာနိုင်ငံ အနေဖြင့် အရည်အသွေးမြင့် တန်းမြင့်ဆန်များကို တင်ပို့နိုင်ရန် လိုအပ်ပြီး နိုင်ငံတကာ စံချိန်၊စံညွှန်းများနှင့် လည်းစနစ်တကျ ဖော်ဆောင်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

"နိုင်ငံတကာ ဈေးကွက်နဲ့ အညီဆန်ရဲ့ စံချိန်၊ စံညွှန်းကို သတ်မှတ်ဖို့၊ ပြောင်းလဲဖို့ လိုပါတယ်။ အရည်အသွေးကောင်း စံချိန်မီ ဆန်တွေကို ထုတ်လုပ်နိုင်ဖို့ လိုပါတယ်" ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောပြသည်။

မြန်မာနိုင်ငံမှ သတ်မှတ်ထားသည့် ဆန်၏ အဆင့်အတန်းများနှင့် ဆန်လုံးအဆင့် သတ်မှတ်ချက်များကို ပိုမိုကောင်းမွန် လာစေရန် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ထွက်ကုန်၏ ၄ဝ ရာခိုင်နှုန်းသည် ဆန်စပါးဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထွက်ကုန်၏ ၁၃ရာခိုင် နှုန်းမှာလည်း ဆန်စပါးဖြစ်ကြောင်း သိရသည်။

#Themyawadydaily

ရခိုင်ကမ်းရိုးတန်း တစ်လျှောက် မိုးသည်းထန်ပြီး လှိုင်းကြီးနေ၍ ကမ်းရိုးတန်းသွား ရှပ်ပြေးအမြန်ရေယာဉ်များ ခရီးစဉ်ရပ်နားထားရ



စစ်တွေ ၃ဝ-၅-၂ဝ၁၈

ရခိုင်ကမ်းရိုးတန်း တစ်လျှောက် မိုးသည်းထန်ပြီး လှိုင်းကြီးနေ၍ ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် နေ့စဉ် ပြေးဆွဲနေသည့် ကမ်းရိုးတန်း သွားရှပ်ပြေး အမြန်ရေယာဉ်များ၏ ခရီးစဉ်များကို ယနေ့မှစ၍ ရပ်နားထားရကြောင်း အမြန်ရေယာဉ် လိုင်းများမှ သိရသည်။

"ခရီးသည် လုံခြုံရေး၊ ရေယာဉ် လုံခြုံရေးအတွက် ခရီးစဉ်တွေကို ရပ်ထားပါတယ်။ ဒီနေ့ရွှေပြည်တန် မထွက်ပါဘူး။ မနက်ဖြန်လဲ မထွက်ဖြစ်သေးဘူး။ နောက်တစ်ရက်မှ အနီးအနားကနေ စထွက်ပါမယ်"ဟု ရခိုင်ပြည်နယ် အနှံ့ခရီးစဉ်များ ပြေးဆွဲနေသည့် ရွှေပြည်တန် ရှပ်ပြေးအမြန်ရေ ယာဉ်လိုင်းမှ မန်နေဂျာ ဦးစံမော်သိန်းက ပြောပြသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေမြို့ကို ဗဟိုပြု၍ ကျောက်ဖြူ၊ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ကျောက်တော်၊ မြေပုံမြို့တို့ကို ရွှေပြည်တန်၊ မေခ၊ မလိခ၊ ရွှေနဒီရှပ်ပြေး အမြန်ရေယာဉ်တို့ဖြင့် ဘင်္ဂလား ပင်လယ်ကိုဖြတ်ကာ နေ့စဉ်ခရီးသည် ဦးရေ ၃ဝဝဝ ကျော်ထိ သွားလာနေကြရာ လက်ရှိ မုန်တိုင်းကြောင့် ရှပ်ပြေးအမြန် ရေယာဉ်များ ရပ်နားထားရသဖြင့် ခရီးသည်များ အခက်တွေ့နေ ကြကြောင်း သိရသည်။

"မြစ်ချောင်းတွေမှာလဲ လှိုင်းကြီးနေတယ်။ ပင်လယ်မှာဆိုရင် ပိုလှိုင်းကြီးနိုင်တယ်။ အခုစက်လှေတွေ၊ ငါးဖမ်းဘုတ်တွေ အားလုံးကို ကမ်းမှာ ရပ်ထားပါတယ်။ သောက်သုံးရေရှားတဲ့ အခက်အခဲတော့ ဒီမုန်တိုင်းကြောင့် ပြေလည် သွားနိုင်တယ်။ အခုတော့ ပင်လယ်ပြင်တွေမှာ စက်လှေတွေ မရှိတော့ပါဘူး"ဟု ပေါက်တောမြို့နယ်မှ ငါးဖမ်းစက်လှေပိုင်ရှင် ဦးကျော်မောင်က ပြောပြ၍ သိရသည်။

#Themyawadydaily

ကသာမြို့နယ်တွင် ဆိုင်ကယ်စီးနင်း လာသူနှစ်ဦးကို ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



ကသာ ၃ဝ-၅-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ်တွင် ဆိုင်ကယ်စီးနင်း လာသူနှစ်ဦးကို မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကသာမြို့ အမှတ်(၆) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး မြင့်နိုင်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မေ၂၈ ရက် ညနေ ၄ နာရီ မိနစ် ၃ဝ က မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ကသာမြို့ ပင်းမလွတ်ကျေးရွာ မီးရထား သံလမ်းကူးနေရာတွင် ကြိုတင်စောင့်ဆိုင်း နေသည်။

ထိုသို့ စောင့်ဆိုင်းနေစဉ် ကသာမြို့မှ အင်းတော်သို့ ကျော်သူ (ခ) ညီငယ် မောင်းနှင်ပြီး နောက်တွင် အောင်ကျော်မိုး (ခ) အောင်မိုး စီးနင်းလိုက်ပါလာသည့် KENBO-125 ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ၎င်းတို့နှစ်ဦးထံမှ ဘိန်းဖြူအမှုန့် အလေးချိန် ၂ဝ ဒသမ ၁ ဂရမ်ခန့်နှင့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ခြောက်ပြားကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ကျော်သူ (ခ) ညီငယ်နှင့် အောင်ကျော်မိုး (ခ) အောင်မိုးတို့ နှစ်ဦးကို ကသာမြို့မရဲတပ်ဖွဲ့စခန်းက မယ(ပ)၃ဝ/၂ဝ၁၈၊မူး/ စိတ်ပုဒ်မ-၁၉ (က)/၂၁ဖြင့်အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

မြစ်ကြီးနားမြို့တွင် မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား မီးဖိုချောင်တစ်လုံး မီးလောင်ဆုံးရှုံး



မြစ်ကြီးနား ၃၀-၅-၂ဝ၁၈

ကချင်ပြည်နယ် မြစ်ကြီးနား မြို့ပေါ်တွင် မေ ၂၈ရက် နံနက် ၁ဝ နာရီ ၂၅ မိနစ်က နေအိမ်မီးဖိုချောင်ရှိ မီးကြွင်းမီးကျန်မှ တစ်ဆင့်မီးလောင်မှု ဖြစ်ပွားသဖြင့် မီးဖိုချောင်တစ်လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် နယ်မြေ (၅) လမ်းသွယ် (၁) အိမ်အမှတ် (၂၂) နေ အိမ်ရှင်ဦးအောင်မိုင်၏ နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးဖိုထရံသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်ရာ နေရာသို့ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်မောင်တိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အလျား ၂၇ ပေ၊ အနံ ၁၈ ပေရှိ သွပ်မိုး၊ ထရံကာ မီးဖိုချောင်တစ်လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မိုင်ကို မြစ်ကြီးနားမြို့မ ရဲတပ်ဖွဲ့စခန်းက (ပ)၁၁၂/၂ဝ၁၈၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

ဧရာဝတီမြစ်အတွင်း မန္တလေး-ပုဂံလမ်းပိုင်း အဆင့်မြင့်ရေလမ်းပြ အမှတ်အသားများကို သြဂုတ်လတွင် စမ်းသပ်ချထားရန်လျာထား



မန္တလေး ၃၀-၅-၂ဝ၁၈

ဧရာဝတီမြစ်အတွင်း မန္တလေး-ပုဂံလမ်းပိုင်း အဆင့်မြင့် ရေလမ်းပြ အမှတ်အသားများ (Buoys) ကို သြဂုတ်လတွင် စမ်းသပ်ချထားရန် လျာထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒေသ-၅ မန္တလေး တိုင်းဒေသကြီး ရေလမ်းညွှန်ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသူရမျိုးက ပြောပြသည်။

ဧရာဝတီမြစ်အတွင်း ယခုလက်ရှိ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ ကုန်တင်ရေယာဉ်များ အပါအဝင် ခရီးသည်များပါ တင်ဆောင်ပြေးဆွဲ နေသော ရေယာဉ်များအနေဖြင့် သောင်တင်မှုများ မဖြစ်ပေါ်စေရေးအပြင် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဝါးတိုင်ဖြင့် ရေပေါ်နှင့် ကမ်းပေါ်များတွင် ရေလမ်းပြ အမှတ်အသားများကို ပြသပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်စနစ်နှင့်အညီ ဧရာဝတီမြစ်အတွင်း၌ လက်ရှိအသုံးပြု နေသည့် ရေလမ်းပြ အမှတ်အသားများ အစားနည်းပညာမြင့် Buoys များကိုအစားထိုး ပြသနိုင်ရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

"အခုအသုံးပြုနေတဲ့ အမှတ်အသားတွေက ဝါးတိုင်နဲ့ ပြသပေးနေတယ်။ နောက်ပိုင်း အဆင့်မြင့် နည်းပညာတွေနဲ့ ဝါးတိုင် အစားသတ္တုနဲ့ ပြုလုပ်ထားတဲ့ အမှတ်အသားတွေကို အစားထိုးသွားမယ်။ ပြီးတော့ အခု အမှတ်အသားတွေက ညပိုင်းမှာ သင်္ဘောတွေ အနေနဲ့ မမြင်တွေ့နိုင်ဘူး။ နောက်ပိုင်း တပ်ဆင်မယ့် ပစ္စည်းတွေက ဆိုလာစနစ်တွေ ပါတဲ့အတွက် သင်္ဘောတွေ အဆင်ပြေစွာ သွားလာနိုင်မှာပါ။ လာမယ့် သြဂုတ်လမှာ စမ်းသပ်ကာလ သတ်မှတ်ပြီး လုပ်ဆောင် သွားဖို့ရှိတယ်။ အဆင်ပြေရင်တော့ ခေတ်မီ နည်းပညာတွေ သုံးထားတဲ့ ရေလမ်းပြ အမှတ်အသားတွေနဲ့ အဆင့်မြှင့်တင်ပေး သွားမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ဧရာဝတီမြစ်အတွင်း အဆင့်မြင့် ရေပေါ်ပြ အမှတ်အသား (Buoys) များကို မန္တလေး-ပုဂံကြား၌ သြဂုတ်လတွင် အခုရေ ၂ဝ ခန့်ကို ရေကြောင်း အနေအထား လေ့လာသုံးသပ်ချက်များ ပြုလုပ်ပြီး အဆင့်မြင့် ရေလမ်းပြအမှတ်အသားများ စမ်းသပ်နေရာချထား ပေးသွားရန် လျာထားကြောင်း သိရသည်။

ဧရာဝတီမြစ် အတွင်း၌လည်း သင်္ဘောများ ရေလမ်းကြောင်း မှားယွင်းကာ သောင်တင်မှုများမရှိဘဲ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် လာမည့်ဇွန်လတွင် ဗန်းမော်-စဥ့်ကူ-ချောက်စသည့် ရေလမ်းကြောင်း တစ်လျှောက်ကို ရေပေါ်ပြ အမှတ်အသား အခုရေ ၁၆ဝ နှင့် ကမ်းပေါ်ပြ အမှတ်အသား အခုရေ ၁၆ဝ စုစုပေါင်း ရေလမ်းညွှန် အမှတ်အသား ၃၂ဝထိ စိုက်ထူပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

မန္တလေး-မိုးကုတ်လမ်း လက်ပံလှ-ဖော့ တော-သပိတ်ကျင်းလမ်းပိုင်း လမ်းအရည်အသွေး ပိုင်းမြှင့်တင်၍ တိုးချဲ့တည်ဆောက် လျက်ရှိ



မန္တလေး ၃၀-၅-၂ဝ၁၈

မန္တလေး-မိုးကုတ်လမ်းပိုင်း လက်ပံလှ-ဖော့တော-သပိတ်ကျင်း လမ်းပိုင်းကို မူလခင်းထားသော အကျယ် ၁၈ပေ ကတ္တရာလမ်းမှ အကျယ်၂၄ ပေ နိုင်လွန်ကတ္တရာ လမ်းအဖြစ် လမ်းအရည်အသွေး ပိုင်းမြှင့်တင်တိုးချဲ့ တည်ဆောက်လျက်ရှိရာ လုပ်ငန်းများပြီးစီးပါက ခရီးသွားချိန် ထက်ဝက်ခန့်လျှော့ချ နိုင်မည်ဖြစ်ကြောင်း လမ်းတည်ဆောက်ရေး ဆောင်ရွက်နေသူ ဆုထူးပန်ကုမ္ပဏီ (မန္တလေး)မှ စီမံကိန်းမန်နေဂျာ ဦးဆန်းမင်းမောင်ထံမှ သိရသည်။

ဆုထူးပန်ကုမ္ပဏီက တာဝန်မယူမီက ယခုလမ်းသည် အကျယ် ၁၂ ပေသာရှိကြောင်း၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှစ၍ အကျယ် ၁၈ပေ အဖြစ် အဆင့်မြှင့်တင် တိုးချဲ့ခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းကိုနိုင်လွန်ကတ္တရာ အဖြစ် အဆင့်မြှင့်တင်ပြီး လမ်းအကျယ်ကိုလည်း ၂၄ ပေအဖြစ် တိုးချဲ့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ လမ်းအဆင့်မြှင့်တင်ပြီးပါက မူလခရီးသွားချိန်ထက် ထက်ဝက်ခန့် အချိန်လျှော့ချနိုင်မည် ဖြစ်သောကြောင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန် လာမည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေး အတွက် များစွာအကျိုး ရှိလာကြောင်း သိရသည်။

"ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ လမ်းအရည်အသွေးကို အခုလို အဆင့်မြှင့်တင်တာတွေ စဉ်ဆက်မပြတ် လုပ်ပေမယ့် လမ်းအသုံးပြုခကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက သက်မှတ်ထားတဲ့ နဂိုအတိုင်း ကောက်ခံသွားမှာဖြစ်ပါတယ်။ အခုကျွန်တော်တို့ ခင်းနေတဲ့လမ်းက နိုင်လွန်ကတ္တရာလမ်း ဖြစ်ပါတယ်။ နိုင်လွန်သားက ရေကျောက်ပါတယ်။ ဒေသခံတချို့က လမ်းမြေတွေ ကျူးကျော်ထားတာ မျိုးရှိသလို၊ လမ်းပခုံးသားတွေကို မြင့်အောင် လုပ်ထားတာတွေလဲ ရှိတဲ့အခါ လမ်းက ရေဝပ်တဲ့အတွက် လမ်းပျက်စီးမှုများ ပြားတာတွေ ရှိပါတယ်။ အခုလမ်းရေရှည်ခံဖို့ ရေနုတ်မြောင်းတွေ တူးဖို့လုပ်နေပါတယ်။ ဒေသဖွံ့ဖြိုးရေးနဲ့ အများအကျိုးအတွက် လမ်းအဆင့်မြှင့်ရာမှာ ဒေသခံပြည်သူ တွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ မေတ္တာရပ်ခံ ချင်ပါတယ်"ဟု ဆုထူးပန်ကုမ္ပဏီ စီမံကိန်းမန်နေဂျာ ဦးဆန်းမင်းမောင်က ပြောပြသည်။

ဆုထူးပန်း ကုမ္ပဏီအနေဖြင့် မန္တလေး-မိုးကုတ်လမ်း၏ လက်ပံလှ-ဖော့တောလမ်းပိုင်း မိုင်တိုင် အမှတ် (၄၅/၃မှမိုင်တိုင်၇၆/၄ထိ) ၃၁မိုင် ၁ဖာလုံ၊ လက်ပံလှ-စဥ့်ကူးလမ်းမိုင် (ဝ/ဝမှ ၅/၄ထိ) ၅မိုင် ၄ဖာလုံ၊ သပိတ်ကျင်း-ဖော့တော လမ်းမိုင် (၇/ဝမှ ၁ဝ/၇) ထိ ၃ မိုင်၇ဖာလုံ စုစုပေါင်း မိုင်၎ဝ၊ လေးဖာလုံကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက BOT စနစ်အရလမ်း အဆင့်မြှင့်တင်တိုးချဲ့ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ခွင့်ရရှိထားပြီး ယခုလ ၁၂ ရက်မှစတင်ကာ လမ်းအရည်အသွေးပိုင်း မြှင့်တင်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

ရွှေမြန်မာ လေကြောင်းလိုင်းနှင့်AIR KBZ လေကြောင်းလိုင်းတို့ ပူးပေါင်း၍ မန္တလေး ဟဲဟိုးနှင့် ညောင်ဦးမြို့သို့ ပျံသန်းမည်



ရန်ကုန် ၃ဝ-၅-၂ဝ၁၈

ရွှေမြန်မာ လေကြောင်းလိုင်းနှင့် AIR KBZ လေကြောင်းတို့ အကျိုးတူ ပူးပေါင်း၍ မန္တလေး၊ ဟဲဟိုးနှင့် ညောင်ဦးမြို့တို့သို့ ဇွန် ၁ ရက်မှစ၍ ပျံသန်းမည် ဖြစ်ကြောင်း ရွှေမြန်မာ လေကြောင်းလိုင်း ခရီးသည် ဝန်ဆောင်မှုဌာန လက်ထောက် မန်နေဂျာ ဒေါ်စံပယ်ဖြူထံမှ သိရသည်။

ခရီးစဉ်များအတွက် လေကြောင်းလိုင်း နှစ်ခုအနေဖြင့် ခရီးသည် ၇ဝ ခန့်လိုက်ပါ စီးနင်းနိုင်သည့် ATR 72 လေယာဉ် အမျိုးအစားများဖြင့် အလှည့်ကျ ပျံသန်းမည် ဖြစ်ကြောင်း၊ အကျိုးတူပူးပေါင်း ပျံသန်းမှုသည် ဇွန် ၁ ရက်မှ စက်တင်ဘာလ ကုန်အထိသာ အကျုံးဝင်မည် ဖြစ်ပြီး ခရီးစဉ်များအတွက် လေယာဉ်လက်မှတ် များကို ငွေကျပ် ၄၃ဝဝဝ မှစ၍ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

''လေကြောင်းလိုင်းနှစ်ခု အလှည့်ကျ စနစ်နဲ့ ပျံသန်းမှာပါ။ ရန်ကုန်ကို အခြေပြုတဲ့ မြို့သုံးမြို့ရဲ့ ခရီးစဉ်တွေကို ပူးပေါင်းပျံသန်းတာပါ။ အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးမှာပါ'' ဟု ဒေါ်စံပယ်ဖြူက ပြောသည်။

ယခုနှစ် မေလမှစ၍ မြန်မာအမျိုးသား လေကြောင်းလိုင်းနှင့် မန်းရတနာပုံ လေကြောင်းလိုင်းတို့ ပူးပေါင်း၍ ပြည်တွင်း ခရီးစဉ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ မြစ်ကြီးနား၊ စစ်တွေ၊ထားဝယ်၊ လားရှိုး၊ တာချီလိတ်၊ မုံရွာ၊ဟုမ္မလင်း၊ ခန္တီးနှင့် ကလေးမြို့တို့သို့ ပျံသန်း လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

ချောင်းသာကမ်းခြေ၌ အပန်းဖြေလိုသူ များအတွက် မိုးရာသီ ပရိုမိုးရှင်းပြုလုပ်



ပုသိမ် ၃ဝ-၅-၂ဝ၁၈

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာ ကမ်းခြေ၌ မိုးရာသီကာလတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါး လာသည့်အတွက် ချောင်းသာ ဟိုတယ်ဇုန်ရှိ ဟိုတယ်များ၌ မိုးရာသီ ပရိုမိုးရှင်းပြုလုပ် ထားကြောင်း ချောင်းသာဟိုတယ် ဇုန်အတွင်း ရေးမှူး ဦးနိုင်ဝင်းထံမှ သိရသည်။

''မိုးရာသီမှာ ဟိုတယ်တိုင်း မိုးရာသီ ပရိုမိုးရှင်း လုပ်ကြတယ်။ ဆောင်းရာသီနဲ့ နွေရာသီမှာ ငွေကျပ် ရှစ်သောင်းတန်ဖိုးရှိတဲ့ အခန်းတစ်ခန်းကို မိုးရာသီမှာ ငွေကျပ်လေးသောင်း လောက်နဲ့ တည်းခိုခွင့် ပေးနေပါတယ်'' ဟု ဦးနိုင်ဝင်း က ပြောသည်။

ထိုသို့ပြုလုပ် ရခြင်းသည် မိုးရာသီတွင် ဧည့်သည်လာရောက်မှု နည်းသည့်အတွက် ဧည့်သည်များ ပိုမိုဝင်ရောက်ရန်နှင့် ချောင်းသာကမ်းခြေ၌ အေးချမ်းစွာ လာရောက် အပန်းဖြေနိုင်ရန် ရည်ရွယ်လုပ်ဆောင် ရခြင်းဖြစ်သည်။

ထို့ပြင် ချောင်းသာကမ်းခြေ၌ မိုးရာသီတွင် အသားငါးများပေါများပြီး ဟိုတယ်တိုင်းဖွင့်ကာ မိုးရာသီပရိုမိုးရှင်းအဖြစ် ဟိုတယ်ခများကိုလည်း ထက်ဝက်ခန့် လျှော့ချပေးထားကြောင်း၊ ယင်းအပြင် လာရောက် လည်ပတ်သည့်ခရီးသွား ဧည့်သည်များ အန္တရာယ်ကင်းစေရန် ကမ်းခြေစောင့်ရှောက် သည့်လုံခြုံရေး အဖွဲ့များထားရှိကြောင်း သိရသည်။

ချောင်းသာကမ်းခြေသို့ လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည် များတွင် ပြည်တွင်းခရီးသွားများ အများဆုံးဖြစ်ပြီး နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက်လည်ပတ်မှု နည်းပါးကြောင်း၊ မိုးရာသီတွင် ချောင်းသာ ကမ်းခြေသို့ လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်သည် ပွင့်လင်းရာသီနှင့် နှိုင်းယှဉ်ပါက ၆ဝ ရာခိုင်နှုန်း ခန့်လျော့နည်းပြီး ၄ဝ ရာခိုင်နှုန်းခန့်သာ လာရောက်လည်ပတ် ကြကြောင်း သိရသည်။

#Themyawadydaily

ကုန်းတွင်းမုန်တိုင်းငယ် သတိပေးချက်



နေပြည်တော် ၃၀-၅-၂ဝ၁၈

၁။ ၂၀၁၈ ခုနှစ်၊ မေလ(၃၀)ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် ကုန်းတွင်းမုန်တိုင်း ငယ်သတိပေးချက်

ကုန်းတွင်းမုန်တိုင်းငယ် သတိပေးချက် အမှတ်စဉ်(၀၇)၊၂၀၁၈

ကုန်းတွင်းမုန်တိုင်းငယ် အခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ညောင်ဦးမြို့၏ အနောက်မြောက်ဘက် မိုင်(၂၀)ခန့်၊ ပခုက္ကူမြို့၏ အနောက်ဘက် မိုင်(၃၀)ခန့်၊ မြင်းခြံမြို့၏ အနောက်တောင်ဘက် မိုင်(၅၀)ခန့်အကွာ တွင် ဆက်လက် တည်ရှိနေပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

(က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် နောက်(၁၂)နာရီအတွင်း အားလျော့သွားမည်ဟုခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

(က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) ၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၂၄)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်ခြင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တစ်နာရီလျှင် (၃၅)မိုင်နှုန်းအထိ လေပြင်းများ တိုက်ခတ်နိုင်ပါသည်။

(ခ) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့်မွန်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်း (၇၇)မီလီမီတာ (၃-လက်မ)နှင့်အထက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် (၃၈)မီလီမီတာ(၁.၅-လက်မ)နှင့် အထက် ရွာသွန်းနိုင်ပါသည်။

(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၆)ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက်

(က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

#Themyawadydaily

မုန်တိုင်းငယ် သတိပေးချက် အမှတ်စဉ် (၅)



နေပြည်တော် ၃၀-၅-၂ဝ၁၈

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အားကောင်းသော မုန်တိုင်းငယ် သတိပေးချက်ကို အောက်ပါအတိုင်း၂၀၁၈ ခုနှစ်၊ မေလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန် (၂၁:၃၀) နာရီအချိန်တွင် ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

အားကောင်းသော မုန်တိုင်းငယ်အခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန် (၂၁:၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression) သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို အမ်းမြို့အနီးမှ စတင် ဖြတ်ကျော် ဝင်ရောက်လျက်ရှိပြီး၊ အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

(က) အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် ရခိုင်ကမ်းရိုးတန်းကို အမ်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက် တည်ရှိနေပြီး တဖြည်းဖြည်းအားလျော့ သွားမည်ဟု ခန့်မှန်းရပါသည်။

(ခ) အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် အမ်းမြို့အနီးမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ) အားကောင်းသော မုန်တိုင်းငယ်(Deep Depression)ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်းဒေသ မာန်အောင်မြို့၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့၏ ကမ်းခြေ ဒေသများတွင် (၇)ပေမှ (၉)ပေခန့်နှင့် ဧရာဝတီတိုင်းဒေသကြီးကမ်းခြေဒေသများတွင် (၃)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

(က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) ဖြစ်ပေါ်နေစဉ် (၃၀.၅.၂၀၁၈) ရက်နေ့မှ (၃၁.၅.၂၀၁၈)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာ ကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်ခြင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် တစ်နာရီလျှင် (၃၅)မိုင်နှုန်းအထိ လေပြင်းများ တိုက်ခတ်နိုင်ပါသည်။

(ခ) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်း (၇၇)မီလီမီတာ(၃-လက်မ)နှင့်အထက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် (၃၈)မီလီမီတာ(၁.၅-လက်မ)နှင့် အထက် ရွာသွန်းနိုင်ပါသည်။

(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၆)ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက်

(က) အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ် များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၅-၂ဝ၁၈)



ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၅-၂ဝ၁၈)

Download Links

မြဝတီနေ့စဉ်သတင်းစာ (၃၀-၅-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၃၀-၅-၂ဝ၁၈)

Download Links

Tuesday, May 29, 2018

မွန်ပြည်နယ်တွင် ငါးမွေးမြူထုတ်လုပ်နိုင်မှု အားနည်း နေသေးဟုဆို



သထုံ ၂၉-၅-၂ဝ၁၈

မွန်ပြည်နယ်တွင် ငါးမွေးမြူ ထုတ်လုပ်နိုင်မှု အားနည်း နေသေးကြောင်း သထုံမြို့ရှိ မွန်ပြည်နယ် ငါးလုပ်ငန်းစခန်း၌ ယနေ့ကျင်းပ ပြုလုပ်သော ငါးမွေးမြူရေးနှင့် ငါးဆေးထိုးသား ဖောက်သင်တန်း ဖွင့်ပွဲတွင် မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောပြ၍ သိရသည်။

မွန်ပြည်နယ်တွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်စာရင်းအရ ငါးမွေးမြူသူ ၁၅၇ ဦးရှိပြီး ငါးကန်စုစုပေါင်း ၁ဝဝဝ ဒသမ ၉၂ဧကရှိကြောင်း သိရသည်။

"မွန်ပြည်နယ်မှာက ငါးမွေးမြူ ထုတ်လုပ်နိုင်မှု ပမာဏထက် ထုတ်လုပ်နေတဲ့ ပမာဏက နည်းနေသေးတယ်။ ဒါကလဲ အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အဓိက မွေးမြူရေးထက် ကမ်းနီးကမ်းဝေး ဖမ်းဆီးမှုကရတဲ့ငါးက များပါတယ်။ လက်ရှိအချိန်မှာ အရင်ကထက် သဘာဝသယံဇာတ လျော့နည်းလာတဲ့အတွက် ရေရှည်စားသုံးမှု ဖူလုံဖို့ မွေးမြူထုတ်လုပ်ဖို့က လိုအပ်လာတယ်။ များများမွေးမြူ ထုတ်လုပ်နိုင်ဖို့ဆိုရင် မွေးမြူရေးလုပ်ကိုင်လို သူတွေကို လိုအပ်တဲ့ နည်းပညာတွေ၊ ပံ့ပိုးမှုတွေပေးဖို့ လိုအပ်ပါတယ်။ ဒါကိုလဲ အစိုးရအနေနဲ့ တတ်နိုင်သလောက် ဆောင်ရွက် ပေးနေပါတယ်"ဟု ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပြသည်။

ငါးမွေးမြူ ထုတ်လုပ်နိုင်သူ ပိုမိုများလာစေရန် စနစ်ကျသော ငါးမွေးခြင်း နည်းပညာများ၊ ကိုယ်တိုင်သားဖောက် ထုတ်လုပ်နိုင်စေရန် ငါးဆေးထိုးသား ဖောက်သင်တန်းများ ဖွင့်လှစ်ပေးပြီး လိုအပ်သော အကူအညီများ ကိုလည်း ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက် ပေးနေကြောင်း ပြည်နယ်ဝန်ကြီးက ဆက်လက် ပြောပြသည်။

မွန်ပြည်နယ်အတွင်း ငါးစားနပ်ရိက္ခာ ဖူလုံစေရေးကို အထောက်အကူပြုနိုင်မည့် ငါးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံ ငါးမွေးမြူခြင်း ပညာရပ်နှင့် ငါးဆေးထိုးသား ဖောက်ပညာရပ်များကို အခမဲ့သင်ကြားမှုများ ပြုလုပ်ပေး နေကြောင်း သိရသည်။ အဆိုပါ သင်တန်းများကို ၂ဝ၁၈ခုနှစ်တွင် လေးကြိမ်ခန့် ဖွင့်လှစ်ရန် လျာထားပြီး စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger