www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 30, 2017

နိုင်ငံတော်ပိုင်သင်္ဘော ၁၁ စီးကို ရတနာပုံသင်္ဘောကျင်းတွင် ဇွန်လအတွင်း အကြီးစားပြုပြင်မှုများလုပ်ဆောင်မည်



မန္တလေး ၃၀-၄-၂၀၁၇

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ဧရာဝတီမြစ်အတွင်း သွားလာနေသည့် နိုင်ငံတော်ပိုင် သင်္ဘော ၁၁စီးကို ရတနာပုံသင်္ဘောကျင်းတွင် ဇွန်လအတွင်း အကြီးစားပြုပြင်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းရတနာပုံ သင်္ဘောကျင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က ရတနာပုံ သင်္ဘောကျင်းတွင် နိုင်ငံတော်ပိုင်ရေယာဉ် လေးစီးကို အကြီးစား ပြန်လည်ပြင်ဆင်ပြုပြင်ခဲ့ပြီး ပုဂ္ဂလိကရေယာဉ်သုံးစီး အသစ်တည်ဆောက်ခြင်းနှင့် အဟောင်း ၃၆စီး တို့ကို လွန်းတင် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ပိုင် လူစီးရေယာဉ်များကို နှစ်နှစ်တစ်ကြိမ်နှင့် တွဲရေယာဉ်များကို ငါးနှစ်နှစ်ကြိမ် အကြီးစားပြင်ဆင် ပြုပြင်ရန် သတ်မှတ်ထားပြီး ရတနာပုံသင်္ဘောကျင်း အနေဖြင့် ဧရာဝတီမြစ်ရေ မြင့်တက်သည့် အချိန်များတွင်သာ လွန်းတင်ပြင်ဆင် ပြုပြင်နိုင်ကြောင်း သိရသည်။

''သင်္ဘောတွေပြင်ဆင်ပြုပြင် မှာကို ဇွန်လလောက်မှ စတင်ပြင် ဆင်ပြုပြင်နိုင်မယ်လို့ ခန့်မှန်းထားပေမယ့် ဧရာဝတီမြစ်ရေတက်မှသာ ပြင်ဆင်ပြုပြင်မှု လုပ်ငန်းတွေ စလို့ရမယ်။ ပုဂ္ဂလိကရေယာဉ်တွေအနေနဲ့လဲ ရတနာပုံသ င်္ဘောကျင်းဌာနကို အပ်ပြီးပြင်ဆင်ပြုပြင် တာတွေရှိသလို ကိုယ်တိုင်ပြင်ဆင်ပြုပြင်တာ တွေလဲရှိပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြသည်။

ရတနာပုံသင်္ဘောကျင်းဌာနက ပုဂ္ဂလိကရေယာဉ်အသစ်တည် ဆောက်ခြင်းနှင့် အဟောင်းပြင်ဆင် ပြုပြင်ခြင်းလုပ်ငန်းများအတွက် မြေငှားရမ်းခအနေဖြင့် အလျားတစ်ပေကို တစ်ရက်လျှင် ငွေကျပ် ၁၂ဝပေး ချေရကြောင်း သိရသည်။

သင်္ဘောတည်ဆောက်ခြင်း အတွက် အဓိကလိုအပ်သည့် သံထည်ပစ္စည်းများကို တရုတ်နိုင်ငံ ထုတ်သံထည်များဖြင့် အများဆုံး အသုံးပြုလျက်ရှိပြီး ယခုလက်ရှိ အချိန်တွင် သံပြားတစ်တန်လျှင် ငွေကျပ် ၇ဝဝဝဝဝခန့်ရှိကြောင်း
သိရသည်။

#Themyawadydaily

ငါန်းဇွန်မြို့ကို သင်္ဘောဆိပ်ကမ်းမြို့ဖြစ်စေရေး ဧရာဝတီမြစ်အတွင်းမှ သဲသောင်များ တူးဖော်ပေးရန်တင်ပြမည်


ငါန်းဇွန် ၃၀-၄-၂၀၁၇

ငါန်းဇွန်မြို့ကို သင်္ဘောဆိပ် ကမ်းမြို့ဖြစ်စေရေး အတွက် ငါန်း ဇွန်မြို့ဘေးရှိ ဧရာဝတီမြစ်အတွင်းမှ သဲသောင်များကို တူးဖော်ပေးရန် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြမေးမြန်းမည် ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်ထံမှ သိရသည်။

ငါန်းဇွန်မြို့ကို ကုန်စည်စီးဆင်းမှု အားကောင်းသော သင်္ဘောဆိပ် ကမ်းမြို့ဖြစ်စေရန်အတွက် ပထမအဆင့်အနေဖြင့် ကမ်းနားလမ်း ဖောက်လုပ်နိုင်ရန်၊ ဧရာဝတီမြစ် ကမ်းဘေးတွင် မြေထိန်းနံရံတည် ဆောက်ပေးရန် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်မှ တစ်ဆင့်တင်ပြ တောင်းဆိုခဲ့ရာ ယခုအခါ ငါန်းဇွန်အမှတ် (၁) နှင့် အမှတ် (၂) ကျောက်စီမြေထိန်းနံရံနှင့် ထန်းဇင်လှ ကျောက်စီမြေထိန်းနံရံတို့ အတွက် စုစုပေါင်းငွေကျပ်သိန်း၇၂၃ဝကို တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယအဆင့် အနေဖြင့် ငါန်းဇွန်ဆိပ်ကမ်း ရေကြောင်းပေါက်နိုင်ရန် ပိတ်ဆို့နေသော သဲသောင်များကို တူးဖော် ပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှတစ်ဆင့် တောင်းခံသွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

အဆိုပါကိစ္စကို ယခုလာမည့် တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်ကြောင်းသိရပြီး ငါန်းဇွန်မြို့တွင် ၁၉၉၅ခုနှစ်ခန့်ကစတင်ကာ မြစ်လမ်းကြောင်း ပြောင်းသွားသော ကြောင့်ယခု အခါငါန်းဇွန်မြို့ဘေး ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင် ပေ ၆ဝဝဝ ကျော်ရှိသော သဲသောင်များ ထွန်းနေကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်သည် ၃၅၅ ဒသမ ၅၉၉ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေ ၁၈၇ဝဝဝ ခန့် နေထိုင်ကြကာ အများစုမှာ ဧရာဝတီမြစ် ကမ်းတစ်လျှောက်တွင် နေထိုင်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း သိရသည်။

ငါန်းဇွန်မြို့တွင် နွားနို့၊ မလိုင်အစရှိသော နို့ထွက်ပစ္စည်းများနှင့် ပဲမျိုးစုံကို စိုက်ပျိုးရောင်းချ လုပ်ကိုင်ကြပြီး ဆိပ်ကမ်းမြို့ဖြစ်ပါက ပိုမိုစိုက်ပျိုးထုတ်လုပ်ကာ ရောင်းချ နိုင်မည်ဖြစ်သောကြောင့် ဆိပ်ကမ်း ဖြစ်မြောက်ရေးသည် ငါန်းဇွန်မြို့အတွက် အလွန်အရေးပါကြောင်း သိရသည်။

#Themyawadydaily

ဧရာဝတီမြစ်ရေတိုးလာ၍ မြေပဲများ ဆုံးရှုံးမှုမဖြစ်စေရန် မြေပဲနုတ်သူများကို ဈေးနှုန်းပိုပေးကာ နုတ်ယူနေရ



ကသာ ၃၀-၄-၂၀၁၇

ကသာမြို့နယ်တွင် ဧရာဝတီ မြစ်အတွင်း နုန်းတင်မြေနုကျွန်းများပေါ်၌ ဆောင်းသီးနှံဖြစ်သော မြေပဲများစိုက်ပျိုးထားရာ ဧပြီ ၂၈ရက်က ဧရာဝတီမြစ်ရေ ၆၁၇ စင်တီမီတာထိ မြင့်တက်လာသောကြောင့် မြေပဲခင်းများ ရေနစ်ဆုံးရှုံးမှုမဖြစ်စေရန် မြေပဲနုတ်သူများကို တစ်ရက်လျှင် ငွေကျပ် ၇ဝဝဝ နှုန်းထိ တိုးမြှင့်ပေးကာ နုတ်ယူနေရကြောင်း ကျွန်းမြေတွင် စိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောပြ၍ သိရသည်။

ကသာမြို့နယ်အတွင်းရှိ နုန်းတင် မြေနုကျွန်းများပေါ်တွင် ဆောင်းသီးနှံအဖြစ် မြေပဲများကိုအဓိက ထားစိုက်ပျိုးကြောင်း ဧရာဝတီမြစ်ရေ မြင့်တက်လာသောကြောင့် ရေလွှမ်းဧရိယာ ၆၉၆၇ ဒသမ ၄ ဧကရှိပြီး ဆောင်းမြေပဲနှင့်စပါးရေနစ်ပျက်စီးမှု ၁၃၂၂ ဒသမ ၃၅ ဧကရှိကြောင်း၊ ပျက်စီးဆုံးရှုံးမှု စာရင်းများကို ကွင်းဆင်းကောက်ခံ လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ကသာမြို့နယ်တွင် မျိုးမြေပဲ တစ်တင်းလျှင် ငွေကျပ်၄၃ဝဝဝဖြင့် ဝယ်ယူစိုက်ပျိုးကြပြီး ထွက်ရှိလာသော မြေပဲကိုတစ်ပိဿာလျှင် ငွေကျပ် ၂၄ဝဝ ဖြင့်ရောင်းချ နေရကြောင်း၊ မြေပဲဆုံးရှုံးမှုမဖြစ်စေရန် လုပ်သားများကို ပုံမှန်ဈေးငွေကျပ် ၅ဝဝဝ အစား ငွေကျပ် ၇ဝဝဝထိ တိုးမြှင့်ပေးကာ အချိန်လုနုတ်သိမ်း နေရကြောင်း တောင်သူတစ်ဦးက ပြောပြသည်။

ဧရာဝတီမြစ်ရေသည် ရွှေကူ ကသာနှင့် သပိတ်ကျင်းမြို့တို့တွင်လေးရက်အတွင်း ငါးပေမှ ခုနစ်ပေခန့်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူနှင့်ညောင်ဦးမြို့တို့၌ နောက်နှစ်ရက်မှ ခုနစ်ရက်အတွင်း ငါးပေမှ ခြောက်ပေခန့်၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သတနှင့်ဇလွန်မြို့တို့တွင် နောက်သုံးရက်မှ ၁ဝ ရက် အတွင်းလေးပေမှ ငါးပေခန့် လက်ရှိရေမှတ်များအထက် အသီးသီး မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် ထားချက်အရ သိရသည်။

#Themyawadydaily

မြန်မာနိုင်ငံတွင် မိုးဥတုကာလကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လည်ပတ်နိုင်ရန် Green Season Program တစ်ခုကို ဖော်ဆောင်ရန်စီစဉ်နေ


နေပြည်တော် ၃၀-၄-၂၀၁၇

Year Round Destination အဖြစ် မြန်မာနိုင်ငံသို့ မိုးဥတုကာလတွင် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်နိုင်ရန် အစီအစဉ်တစ်ရပ်အဖြစ်၊ Green Season (Moonson Season) Program တစ်ခုကို ဖော်ဆောင် သွားရန်ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်(UNWTO)၏ ခန့်မှန်းချက်အရ ၂ဝ၃ဝပြည့်နှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ကမ္ဘာလှည့်ခရီးသည်ဦးရေ ၁ ဒသမ ၈ ဘီလီယံထိ ရောက်ရှိ လာမည်ဖြစ်ပြီး နှစ်စဉ်ကမ္ဘာလှည့် ခရီးသည်ဦးရေ ၃ ဒသမ ၃ ရာခိုင်နှုန်း ၊ အရေအတွက်အားဖြင့် နှစ်စဉ်ပျမ်းမျှ ၄၃ သန်း ပုံမှန်တိုးတက် လာမည် ဖြစ်သည်။

ထို့ပြင် အာဆီယံဒေသတွင်းတွင် ၂ဝ၁၆ ခုနှစ်က ကမ္ဘာလှည့် ခရီးသည်ဦးရေ ၉၉ ဒသမ ၂သန်း လာရောက်လည်ပတ်ခဲ့ပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် ကမ္ဘာလှည့်ခရီးသည် ဦးရေသည် ၁၈၇ သန်း ထိရှိလာမည် ဖြစ်ကြောင်း ခန့်မှန်းထားခဲ့သည်။

ထို့အတူ ၂ဝ၁၆ ခုနှစ်က အာဆီယံ ဒေသတွင်း နိုင်ငံများသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် လာရောက် လည်ပတ်မှုမှာ ထိုင်းနိုင်ငံသို့ ၂၉ ဒသမ ၅သန်း၊ မလေးရှားနိုင်ငံ သို့၂၂ ဒသမ ၁သန်း၊ ဗီယက်နမ် နိုင်ငံသို့ ၁ဝသန်း၊ ကမ္ဘောဒီးယား နိုင်ငံသို့ ငါးသန်း၊ လာအိုနိုင်ငံသို့ ၂ ဒသမ ၂သန်းနှင့် မြန်မာနိုင်ငံသို့ ၂ ဒသမ ၉သန်းကျော် လာရောက် လည်ပတ်ခဲ့သည်။

ထိုအစီအစဉ်ကို ဖော်ဆောင်ရန်အတွက် ဟိုတယ်များ၊ ခရီးသွား လုပ်ငန်းများနှင့်ညှိ နှိုင်း၍ ဆက်စပ် ဝန်ဆောင်မှုများဖြင့် မက်လုံးပေး ဆွဲဆောင်မည့် အစီအစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် အိမ်တော်ရာ ဘုရားစေတီ၏ ဌာပနာပိတ်သွင်း ပွဲပြုလုပ်

ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် အိမ်တော်ရာဘုရားစေတီ၏ ဌာပနာပိတ်သွင်းပွဲ ကျင်းပစဉ်။

နေပြည်တော် ၃၀-၄-၂၀၁၇

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် အိမ်တော်ရာဘုရားစေတီ၏ ဌာပနာပိတ်သွင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုရားဝင်းအတွင်း၌ ပြုလုပ်ရာ ရွှေစေတီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောဝိတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက ရွှေစေတီကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက မင်္ဂလာအချိန်တွင် ဌာပနာ ပိတ်သွင်းကြသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ငတရော်ကျေးရွာသည် ဘုရင့်နောင်မင်းတရားကြီး၏ ဇာတိရွာဖြစ်ပြီး အိမ်တော်ရာဘုရားသည် မြန်မာသက္ကရာဇ် ၉၁၇ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီး တည်ထားကိုးကွယ် ခဲ့ခြင်းဖြစ်သည်။ အဆိုပါရှေးဟောင်း သမိုင်းဝင် စေတီတော်ကြီးသည် ၂၀၁၆ ခုနှစ်၊ မေလအတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ် ပေါ်ခဲ့ရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်း ငွေကျပ် ၄၇၁ သိန်းဖြင့် ရှေးမူမပျက် ပြန်လည်ပြုပြင် မွမ်းမံခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

ရွှေဒါးပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်၏ အန္တိမဈာပနပူဇာပွဲအတွက် အလှူ ငွေများပေးအပ်လှူဒါန်း



အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန် ရွှေဒါးပရိယတ္တိ စာသင်တိုက်ကြီး ဦးစီးပဓာနနာယက ဆရာတော်၏ အန္တိမဈာပန ပူဇာပွဲအတွက် အလှူငွေ ပေးအပ်စဉ်။

နေပြည်တော် ၃၀-၄-၂၀၁၇

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ရွှေဒါးပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်၊ ဘုရားနီမြတ်စွာဘုရားနှင့် ရတနာမဉ္ဇူမြတ်စွာဘုရား ဂေါပကအဖွဲ့တို့၏ သြ၀ါဒါစရိယ ဆရာတော် သက်တော်ရှည် ဘဒ္ဒန္တကလျာဏမဟာထေရ် (သက်တော် ၁၀၀ နှစ်၊ သိက္ခာတော် ၈၀ ၀ါ) သည် ဧပြီ ၂၆ ရက်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ရာ ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်အား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန်နှင့်အဖွဲ့ဝင်များက သွားရောက်ဖူးမြော်
သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည်ရွှေဒါးပရိယတ္တိစာသင်တိုက်ကြီး၏ နာယက၊ ရွှေဒါးတိုက်ဆရာတော် မဟာဂန္ထ၀ါစကပဏ္ဍတိဘဒ္ဒန္တပညာသာမိထံ အန္တိမဈာပနပူဇာပွဲကျင်းပ နိုင်ရေးအတွက် လိုအပ်သည်များ မေးမြန်း လျှောက်ထားပြီး ဆရာတော်၏ သြ၀ါဒခံယူ၍ ဈာပနပူဇာပွဲအတွက် တိုင်းစစ်ဌာနချုပ် မိသားစုများက လှူဒါန်း သည့် အလှူငွေကျပ် ငါးသိန်းကို ပေးအပ် လှူဒါန်းသည်။ ဆရာတော်၏ အန္တိမဈာပနပူဇာပွဲကို မေ ၂ ရက် နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဂျာမနီ တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်လေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ ဂျာမနီတပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်း (Army Combat Training Center)အတွင်း လေ့လာစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဂျာမနီနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးမိသားစုများကိုတွေ့ဆုံစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ သံရုံးမိသားစု များအတွက် စားသောက်ဖွယ်ရာများနှင့်လက်ဆောင်ပစ္စည်းများပေးအပ်စဉ်။

နေပြည်တော် ၃၀-၄-၂၀၁၇

ဂျာမနီနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ဘာလင်မြို့၊ Tegel လေဆိပ် တပ်မတော်လေယာဉ်ကွင်းမှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် Letzlingen ကျေးရွာရှိ ဂျာမနီတပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်း (Army Combat Training Center) သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးဖြစ်သူ Colonel Alexander Becker နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား Army Combat Training Center ၏ ကျောင်းအုပ်ကြီးဖြစ်သူ Colonel Alexander Becker မှ နေ့လယ်စာ ဖြင့်တည်ခင်း ဧည့်ခံပြီး လေ့ကျင့်ရေး ဆိုင်ရာများအား Power Point ဖြင့်ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် အရာရှိကြီးများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးသည်။

ထို့နောက် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အဆင့်မြင့် နည်းပညာသုံး လေ့ကျင့်မှု နည်းစနစ်များ၊ Simulator အသုံးပြုလေ့ကျင့်မှု စနစ်များ၊ မြို့ပြပုံစံ တည်ဆောက်လေ့ကျင့်ရေး ကွင်းများသို့ သွားရောက် လေ့လာကြည့်ရှုရာ သက်ဆိုင်ရာ ကဏ္ဍရပ်များအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Army Combat Training Center ၏ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ ကျောင်းအုပ်ကြီးဖြစ်သူ Colonel Alexander Becker နှင့် တာဝန်ရှိသူများအား အထိမ်းအမှတ်တံဆိပ်များ ပေးအပ်ခဲ့သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ည ၈ နာရီတွင် ဂျာမနီ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နေအိမ်သို့ ရောက်ရှိကြရာ သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် အောင်ကျော်မိုး နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံး မိသားစုများက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် ရှေးယခင်ကပင် ဆက်ဆံရေး ကောင်းမွန်သည့် မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါကြောင်း၊ ယခုခရီးစဉ် အနေဖြင့်လည်း တပ်မတော်နှစ်ရပ် အကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် တည်ဆောက်နိုင်ရန် ဖြစ်ပါကြောင်း၊ ခရီးစဉ်အတွင်း ဂျာမနီတပ်မတော် စစ်ဦးစီးချုပ် General Volker Wieker ၊ State Secretary ဖြစ်သူ Dr. Markus EDERER တို့နှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ပြီး အကျိုးကျေးဇူးများ လည်းရရှိခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျှောက်လှမ်း လျက်ရှိပါကြောင်း၊ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ရွေးချယ်ထားသည့် နိုင်ငံရေး စနစ်ခိုင်မာစေရန် တပ်မတော်အနေဖြင့် ကူညီဆောင်ရွက် လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် အဆိုပါနိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲမှု ခိုင်မာစေရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံရေးစနစ်နှင့် လျော်ညီစွာ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် အရေးကြီပါးကြောင်း၊ ထို့အတူ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ် ဖြစ်ရန်လည်း အရေးကြီးပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကထား၍ ကြိုးပမ်းကူညီ ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က စားသောက်ဖွယ်ရာများ၊ လက်ဆောင် ပစ္စည်းများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် အစားအသောက်၊ အ၀တ်အထည်များအား ပေးအပ်ရာ သံအမတ်၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများက လက်ခံရယူကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား သံရုံးမိသားစုများက ညစာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြသည်။

#Themyawadydaily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန State Secretary ဖြစ်သူ Dr. Markus EDERER နှင့် တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဂျာမနီနိုင်ငံ State Secretary  ဖြစ်သူ Dr. Markus EDERER တို့တွေ့ဆုံ ဆွေးနွေးစဉ်။

နေပြည်တော် ၃၀-၄-၂၀၁၇

ဂျာမနီနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၂၈ ရက် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင် ဂျာမနီနိုင်ငံ Federal Foreign Office ၏ State Secretary Dr. Markus EDERER နှင့် ဘာလင်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် အောင်ကျော်မိုးတို့ ပါဝင်တက်ရောက်ခဲ့ပြီး ဂျာမနီဘက်မှ State Secretary Dr. Markus EDERER နှင့်အတူ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယခုခရီးစဉ်၏ ရည်ရွယ်ချက်မှာ ဂျာမနီနှင့် မြန်မာတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် တည်ဆောက်နိုင်ရန် ဖြစ်ပြီး အဆိုပါတပ်မတော် နှစ်ရပ်ဆက်ဆံရေးအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို အထောက်အကူဖြစ်စေရန် ဖြစ်ပါကြောင်း ပြောကြားကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှု အခြေအနေများနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေအနေများ၊ နယ်စပ်ဒေသ အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ဂျာမနီနိုင်ငံ၏ State Secretary ဖြစ်သူ Dr. Markus EDERER က ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခွင့်ရရှိသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်လာမည် ဟုလည်း ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လိုအပ်သည့် နယ်ပယ်များတွင် ကူညီထောက်ပံ့မှုများ ပြုလုပ်ရန်လည်း အစီအစဉ်များ ရှိပါကြောင်းဖြင့် ပြန်လည်ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် State Secretary Dr. Markus EDERER တို့သည် အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကြပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရှိသည်။

#Themyawadydaily

Myanmar Tatmadaw goodwill delegation led by Senior General Min Aung Hlaing visits Army Combat Training Center of German Armed Forces


Senior General Min Aung Hlaing visits Army Combat Training Center of German Armed Forces.


Senior General Min Aung Hlaing and wife Daw Kyu Kyu Hla meet families of Myanmar embassy and military attaché office.

Nay Pyi Taw April 30

The Myanmar Tatmadaw goodwill delegation led by Commander-in-Chief of Defence Services Senior General Min Aung Hlaing who is on an official goodwill visit to Germany left the military airfield of Tegel Airport in Berlin by helicopter at 1.25 pm local standard time on 28 April and arrived at Army Combat Training Center in Letzlingen Village at 2 pm local standard time. They were welcomed by Commandant of the center Colonel Alexander Becker and officials.

Next, Commandant of the center Colonel Alexander Becker hosted a luncheon to the Senior General and party and explained training affairs with the use of power point.The Senior General and senior military officers asked what they wanted to know.

Then, the Myanmar Tatmadaw goodwill delegation observed advanced technological training techniques, training system on use of simulator,and urban designed training grounds where officials explained matters related to respective sectors.

Afterwards, the Senior General signed the visitors’ book of the Army Combat Training Center and presented emblems to the commandant and officials.

Next, the Myanmar Tatmadaw goodwill delegation led by Senior General Min Aung Hlaing arrived at the residence of the Myanmar Ambassador to Germany at 8 pm local standard time. They were welcomed by Myanmar Ambassador to Germany Daw Yin Yin Myint, Myanmar Military Attaché (Army,Navy and Air) Brig-Gen Aung Kyaw Moe and wife,and families of embassy and military attaché office.

In his speech, the Senior General said Myanmar and Germany had been friend countries in good relations since yore. His visit aimed to enhance friendly relations and cooperation between the two armed forces. During the visit, he had got benefits from holding separate meetings with Chief of Defense of the German Armed Forces General Volker Wieker and State Secretary Dr. Markus EDERER. Myanmar had been practising the multi-party democracy since 2011. The Tatmadaw was helping the political system the people chose of their own accord to have more strengthening. The Tatmadaw was striving for encouraging the reform of political system.Restoring internal peace was of great importance in line with the political system. Likewise, it was important for practising democracy in conformity with the country. The Tatmadaw was placing emphasis on peace and stability, unity and development of the State, he noted.

Afterwards, the Senior General and wife presented foodstuffs, gifts,and foodstuffs and clothes produced from Tatmadaw factories to the ambassador, the military attaché and families of the embassy and the military attaché office. Then,embassy families hosted a dinner to the Senior General and delegation members.

#Themyawadydaily

Senior General Min Aung Hlaing holds talks with State Secretary of Federal Foreign Office Dr. Markus EDERER



Senior General Min Aung Hlaing meets State Secretary of the Federal Foreign Office of the Federal Republic of Germany Dr.Markus EDERER.

Nay Pyi Taw April 30

The Myanmar Tatmadaw goodwill delegation led by Commander-in-Chief of Defence Services Senior General Min Aung Hlaing, currently on an official goodwill visit in Germany, held a meeting with State Secretary of the Federal Foreign Office of the Federal Republic of Germany Dr. Markus EDERER at the Federal Foreign Office in Berlin at 11 am local standard time on 28 April.

Also present at the call were Chief of the General Staff (Army, Navy and Air) General Mya Tun Oo and senior military officers, Myanmar Ambassador to the Federal Republic of Germany Daw Yin Yin Myint and Myanmar Military Attaché (Army,Navy and Air) Brig-Gen Aung Kyaw Moe. The German State Secretary was accompanied by officials of the Federal Foreign Office.

At the meeting, the Senior General explained the purpose of his visit to promote friendly relations and cooperation between the two armed forces of Germany and Myanmar,and the relations between the two armed forces would contribute towards friendly ties between the two countries. He also discussed democratization processes in Myanmar,peace-making processes and situations of border region.

Next, the German State Secretary said he took pride of taking opportunities to hold the meeting. He expressed his firm belief for further strengthening relations and cooperation between the two armed forces. He explained many plans to provide assistance for Myanmar in necessary areas.

After the meeting, the Senior General and the German State Secretary posed for documentary photo after exchanging emblems.

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၄-၂၀၁၇)


ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၄-၂၀၁၇)

Download Links






မြ၀တီနေ့စဉ်သတင်းစာ (၃၀-၄-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၃၀-၄-၂၀၁၇)

Download Links




Saturday, April 29, 2017

မြောက်ကိုရီးယားနှင့် ပဋိပက္ခကို ရှောင်ရှားလိုဟု ထရန့်ပြောကြား




ဘာသာပြန်ဆောင်းပါး ၂၉-၄-၂၀၁၇

မြောက်ကိုရီးယားနဲ့ ထိပ်တိုက်တွေ့မယ့် အလားအလာ တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး မြင့်မားလာနေ တဲ့အလျောက် ကမ္ဘာ့ကုလသ မဂ္ဂလုံခြုံရေး ကောင်စီက မြောက်ကိုရီးယား အရေးဆွေးနွေးမှုကို စတင်လိုက်ပြီး ဒေါ်နယ်ထရန့်ကလဲ မြောက်ကိုရီးယားအရေးကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းလိုကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ကလဲ ဝါရှင်တန်က မြောက်ကိုရီးယားနဲ့ စေ့စပ်ညှိနှိုင်း လိုကြောင်း၊ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်ကိုzစွန့်လွှတ်ဖို့ပဲတောင်းဆိုမှာဖြစ်ပြီး အစိုးရအပြောင်း အလဲလုပ်ပေးဖို့ တောင်းဆိုမှာမဟုတ်ကြောင်း၊ ဒါ့ပြင် တောင်ကိုရီးယားနဲ့ ပြန်လည်စေ့စပ်ညှိနှိုင်းဖို့လဲ အဆောတလျင် တောင်းဆိုမှာ မဟုတ်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယား လက်နက်ကင်းမဲ့ ဇုန်အဖြစ် မြင်လိုခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထူးခြားတယ်လို့တော့ဆိုရမှာပါ။ တရုတ် နဲ့အမေရိကန်တို့က အခုကျမှ မြောက်ကိုရီးယားကို ပြန်ချော့နေတဲ့ သဘောကြားသိနေရ လို့ဖြစ်ပါတယ်။ တစ်လောကပဲ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်က ကင်မ်ဂျုံအန်လက်ထက်
မြောက်ကိုရီးယားကို ကိုင်တွယ်ပုံ သဘောကျတယ်။ ကင်မ်ဟာ နိုင်ငံကိုချစ်တတ်တဲ့ လူတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးပြောဆို ခဲ့သလို ထရန့်ကိုယ်တိုင်ကလဲ ကင်မ်လို အသက်ငယ်ရွယ်တဲ့ လူတစ်ယောက်အတွက်
မြောက်ကိုရီးယားလိုနိုင်ငံမျိုးရဲ့ တာဝန်အဝဝကို ပခုံးပြောင်းထမ်းဆောင်ဖို့ ဆိုတာအတော် ခက်ခဲခဲ့မှာပဲလို့ အပြုသဘောသုံးသပ်ပြခဲ့ပါ သေးတယ်။ ဒါပေမဲ့ အဲဒါ ကင်မ်ကိုချီးကျူး တာမဟုတ်ကြောင်း၊ ခေါင်းအေးအေးထားပြီးမှန်ကန်တဲ့ဆုံး ဖြတ်ချက်တွေ ချနိုင်ဖို့တော့ လိုမယ်လို့ဆိုလို ချင်တာဖြစ်ကြောင်း ဖြည့်စွက်ပြောကြား ခဲ့ပါတယ်။ ဖခင်သေဆုံးသွား ခဲ့တဲ့အတွက် ကင်မ်ဟာ အသက် ၂၇နှစ်မှာ နိုင်ငံရဲ့အာဏာကို ဆက်ခံခဲ့ တာဖြစ်ပါတယ်။

ဒီလိုပြောမှ လဲရမယ့် အနေအထားကို ရောက်နေပြီလားမသိ။ မြောက်ကိုရီးယားရဲ့ နျူကလီးယားထိပ်ဖူး တပ်ဒုံးကျည်တွေ ပစ်ခတ်ထိရောက် နိုင်မယ့်အကွာ အဝေးတွေက တရုတ်၊ ဂျပန်၊ ရုရှား၊ ကနေဒါ၊ အမေရိကန်
အားလုံးကို ခြိမ်းခြောက်နေပါတယ်။ အဲဒီနိုင်ငံတွေက ပြန်ခုခံနိုင်တယ်ထား တတိယ ကမ္ဘာစစ်ကြီး စလိုက်တာပဲ ဖြစ်မှာမို့ ထရန့်ကလဲ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းလိုပါ တယ်လို့ စကားသံထွက်လာတာ ဖြစ်နိုင်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကတော့ မြောက်ကိုရီးယားနဲ့ စေ့စပ်ဆွေးနွေးလို ကြောင်းပြောကြားခဲ့သလို ကိုရီးယားကျွန်း ဆွယ်ဟာ တစ်ကမ္ဘာလုံးအတွက် အန္တရာယ် ဇုန်တစ်ခုဖြစ်လာနေပြီ လို့ပြောရင်မှန်ပြီလားဆိုတာ ထည့်သွင်းစဉ်းစား ရတော့မယ့်အချိန် ရောက်နေပြီလို့ မြောက်ကိုရီးယားရဲ့ တစ်နိုင်ငံတည်း သောမဟာမိတ် တရုတ်နိုင်ငံကို သတိပေးပြောကြား လိုက်သလို မြောက်ကိုရီး ယားရဲ့ရန်ကနေ တရုတ်ကိုယ်တိုင်လဲမလွတ်ကင်းဘူး ဆိုတာကိုလဲ ထောက်ပြ ထားပါတယ်။

ထရန့်ကိုယ်တိုင်လဲ ရွေးကောက်တင် မြှောက်ခံရပြီး မကြာခင်မှာပဲ တရုတ်က မြောက်ကိုရီးယားကို ထိန်းချုပ်နိုင်ဖို့ ထိထိရောက်ရောက် စွမ်းဆောင်မှုမရှိတဲ့အတွက် အမေရိကန်ဝင်ပါရမယ့် ကိန်းဆိုက်လိမ့်မယ်လို့ သတိပေး ပြောကြားထား ခဲ့တဲ့အတိုင်း အခုဖြစ်လာနေတာကတော့ အမှန်ပါပဲ။ တရုတ် နိုင်ငံခြားရေးဝန်ကြီးကလဲ ကိုရီးယားကျွန်း ဆွယ်ကတင်းမာမှုတွေကို ဆက်ပြီးထိန်း ထားဖို့မဖြစ်နိုင်တော့တဲ့ အခြေအနေ ရောက်လာနိုင်တယ်လို့  သတိပေးပြော ကြားထားပြီး မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ် မှုတွေဆက်လုပ်ရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုလုပ်မယ်လို့ အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံ စလုံးက သတိပေးထားပါတယ်။ မြောက်ကိုရီယားကလဲ နျူကလီးယားလက်နက် စမ်းသပ်မှု နောက်ထပ် ခြောက်ကြိမ်လုပ် မယ်လို့ ခြိမ်းခြောက် ထားပါတယ်။

လတ်တလော ရက်သတ္တပတ်တွေမှာ ကိုရီးယားကျွန်းဆွယ်က လှုပ်ရှားမှုတွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု ထပ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ မြောက်ကိုရီးယား တပ်မတော်နေ့ ကျင်းပရာမှာ ဧရာမစစ်ချီအခမ်းအနားကြီး တွေလုပ်ပြီး အင်အားပြခဲ့ပါတယ်။ အမေရိကန်က တိုက်သင်္ဘောကြီး တွေနဲ့ ရေငုပ်သင်္ဘောကြီး တစ်စီးကို စေလွှတ်လိုက်ပါတယ်။ မြောက်ကိုရီးယားက အဲဒီသင်္ဘောကို တစ်ချက်တည်းနဲ့ မြှုပ်ပစ်မယ်လို့ ကြုံးဝါးပါတယ်။ အမေရိကန်က တောင်ကိုရီးယားမှာ Thaad ဒုံးခွင်းဒုံးလက်နက်ကို စတင်တပ် ဆင်ပါတယ်။ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံထက်မနည်း ရှိပါတယ်။ ထရန့်က တောင်ကိုရီးယားက ဒီကုန်ကျ စရိတ်ကိုပေးရမယ် လို့ပြောပါတယ်။ တောင်ကိုရီးယားကတော့ အမေရိကန်ပဲ အကုန်အကျခံရမယ်လို့ တုံ့ပြန်ထားပါတယ်လို့ လေ့လာရေးသား တင်ပြလိုက် ရပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ စာ(၃၁)

#Themyawadydaily

လူငယ်တွေကို တွေးခေါ်ခွင့်လေ့လာခွင့် သင်ယူခွင့်ချပြခွင့် အခွင့်အရေးတွေပေးလိုက်ပါ




စိုးမိုး  ၂၉-၄-၂၀၁၇

မှောက်ခေတ်မှာ လူငယ်တွေရဲ့အခန်းကဏ္ဍက အလွန်ပဲအရေး ပါလာပါတယ်။ လူမှုရေးပရဟိတလုပ်ငန်းရပ် တွေအပါအဝင် တခြားနယ်ပယ်စုံ၊ ကဏ္ဍစုံမှာလည်း လူငယ်အများစုက နေရာယူ လာကြပါတယ်။

ရှေးထုံးလည်းမပယ်နဲ့၊ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ ဆိုရိုးစကားရှိသော်လည်း ယနေ့ခေတ်မှာ ပုံသေကားချရှေးထုံးစွဲ လူတချို့ကြောင့် ခေတ်ကာလအလိုက် ပြောင်းလဲတိုးတက်မှုမှာ အဟန့်အတားဖြစ် နေပြီး တိုးတက်မှု အရှိန်လျော့နည်း နေပါတယ်။

ပြောင်းလဲနေတဲ့ခေတ်နဲ့အတူ ခေတ်အမြင်၊ ခေတ်အတွေးတွေကို ရှေးထုံးထဲက ကောင်းမွန်တဲ့အချက်တွေနဲ့ ပေါင်းစပ် ဆောင်ရွက်ရမယ့်ခေတ်ပါပဲ။ နွားခြေရာခွက်ထဲမှာ ကျင်လည်နေတဲ့ ဖားသူငယ်ထက် အမြင်ကျယ်တဲ့ လယ်ကွက်ပေါ်က ဖားသူငယ်တွေများလာဖို့ လိုအပ်နေပါပြီ။ အဓိကကတော့ မြန်မာနိုင်ငံအတွက် အရည်အသွေး၊ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်တဲ့ လူငယ်များစွာ မွေးဖွားပေါ်ထွက်လာ ဖို့လိုပါတယ်။ လက်ရှိမှာ နိုင်ငံတော် အုပ်ချုပ်ရေးပိုင်းမှာ သာမက စီးပွားရေးကဏ္ဍတွေမှာလည်း လူငယ်တွေခေါင်းဆောင်မှုတွေ ယူလာတာကို တွေ့လာရပါတယ်။ ယနေ့ခေတ် လူငယ်တွေက တီထွင်ကြံဆမှု ဥာဏ်အားကောင်း လာပါတယ်။ တစ်လောက ဂျာနယ်တစ်ခုမှာ မြန်မာနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားတွေတီထွင်ထားတဲ့ စက်ရုပ်နှစ်ရုပ်အကြောင်း ဖတ်ရပါတယ်။ အလားတူပါပဲ ယနေ့ခေတ်စားနေတဲ့ ဒရုန်းယာဉ်ငယ် တွေကိုလည်း မြန်မာလူငယ်တွေ တီထွင်လာနိုင်ပါပြီ။ ကဏ္ဍစုံမှာ လူငယ်တွေကို နေရာပေးဖို့ လိုပါတယ်။ သူတို့လုပ်ဆောင်ချင်တဲ့ ကိစ္စရပ်တွေမှာ အခွင့်အရေးတွေ ပေးသင့်ပါတယ်။ အရည်အချင်းအပါအဝင် စိတ်ဓာတ်ခွန်အားတွေကိုလည်း မြှင့်တင် ပေးရမှာ ဖြစ်ပါတယ်။ အဓိကကျတာကတော့ အုပ်ထိန်းသူမိဘတွေအပါအဝင် ဆရာ၊ဆရာမတွေ၊ လုပ်ငန်းရှင်တွေ၊ သက်ဆိုင်ရာ အကြီးအကဲတွေအနေနဲ့ နွံနစ်နေတဲ့ပြည်တန် ပတ္တမြားလူငယ်တွေကို ဖော်ထုတ်ပေးဖို့ လိုလာပါပြီ။

ယနေ့အချိန်မှာ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ အခွင့်အလမ်းတွေ ပိုမိုရရှိလာကြပါတယ်။ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတော် တိုးတက်ရေးဖြစ်တဲ့ စီးပွားရေး၊ နည်းပညာ၊ ကုမ္ပဏီစတဲ့ လုပ်ငန်းကြီးတွေရဲ့စီမံခန့်ခွဲမှု ထိပ်တန်းနေရာတွေမှာ ပိုမိုဝင်ရောက်လာနိုင်တာကို တွေ့ရပါတယ်။လက်ရှိမှာ အလုပ်အကိုင်အခွင့်အလမ်း တွေပေါ်ပေါက်လာသော်လည်း အရည်အချင်းပြည့်ဝတဲ့ လူငယ်လူရွယ် တွေဖြစ်လာစေဖို့ ကျောင်းပညာရေးအပြင် တခြားသက်မွေး ပညာရပ်တွေကို ငွေကြေးမြင့်မားစွာ အကုန်အကျခံသင်ကြား နေရဆဲဖြစ်ပါတယ်။ သက်မွေးကျောင်းပညာရပ် (လက်တွေ့) ကို အခြေခံကျောင်းတွေမှာ သာမက တက္ကသိုလ်တွေမှာလည်း သင်ကြားပို့ချပေးနိုင်လာမယ်ဆိုရင် မြန်မာလူငယ်လူရွယ် တွေအတွက် များစွာအကျိုးဖြစ်ထွန်း လာစေမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ လူငယ်တွေ ရှေ့တန်းကနေ ရဲဝံ့စွာလုပ်ကိုင် လာနိုင်ဖို့ ကဏ္ဍစုံက မြှင့်တင်ပေး ဖို့လည်း လိုအပ်ပါတယ်။

လက်ရှိမှာ လူငယ်တွေက ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင် နေကြတဲ့အတွက် ပြည်တွင်းမှာ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနေရပါတယ်။ ပြည်တွင်းမှာ အခွင့်အလမ်းတွေ များပြားလာရင်တော့ ပြည်ပ ကနေ ပြည်တွင်းကို ပြန်လည်ဝင်ရောက် လာမှာဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေးမှာ လူ့စွမ်းအားအရင်းအမြစ်တွေ များစွာမွေးထုတ် ပေးနိုင်မှသာ နိုင်ငံအတွက် လိုအပ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍတွေမှာ လူငယ်တို့ရဲ့အင်အားနဲ့ ဆက်လက်ချီတက်နိုင်မှာ ဖြစ်ပါတယ်။

ယနေ့အချိန်အခါမှာ နိုင်ငံတကာက ဝင်ထွက်သွား လာမှုတွေရှိသလို နိုင်ငံတကာမှာ လူငယ်တွေသွားရောက် ပညာသင်နိုင်တဲ့ အပြင် ဆက်သွယ်ရေးကဏ္ဍတွေ အမြင့်ဆုံးအပိုင်းကို တက်လှမ်းလာနိုင်တာ ကြောင့်လူငယ်တွေ အသိအမြင်တွေ ကျယ်ပြန့်လာပြီး နိုင်ငံတကာနဲ့ချီတဲ့ အမြင်ကျယ်မှုတွေ ရှိလာကြပါပြီ။ ကမ္ဘာအရပ်ရပ်က သတင်းအချက်အလက်တွေ၊ ပညာတွေကိုလည်း လက်လှမ်းမီသင်ယူလာ နိုင်ကြပြီဖြစ်ပါတယ်။စိန်ခေါ်မှုတွေ ပြင်းထန်နေတဲ့ ယနေ့ခေတ်မှာ အများနဲ့တန်းတူလိုက်နိုင်ဖို့ လူငယ်တွေ အစွမ်းကုန်ကြိုးစား ကြပါတယ်။ ပညာရေးစနစ်တွေ ပြောင်းလဲပြီး လူ့စွမ်းအား အရင်းအမြစ်တွေတိုးတက်ဖို့ နိုင်ငံတော်က ဆောင်ရွက်လာတဲ့အတွက် ကျောင်းသား ဗဟိုပြုစနစ်တွေ အောင်မြင်လာနိုင်ပါတယ်။ မိုဘိုင်းလ်ဖုန်းနဲ့ အင်တာနက်တွေ အသုံးပြုမှုများပြား လာချိန်မှာ မြန်မာလူငယ်တွေ တီထွင်တဲ့ဂိမ်းတွေကိုလည်း နိုင်ငံတကာ ဂိမ်းကုမ္ပဏီကြီးတွေက ဝယ်ယူလာတယ်လို့သတင်းတစ်ခုမှာ ဖတ်ရပါတယ်။ နိုင်ငံတကာမှာသာမက လူငယ်တွေကြား ရေပန်းစား နေတဲ့ဂိမ်းတွေကို မြန်မာလူငယ်တွေလည်း တီထွင်လုပ်ဆောင်လာနိုင်တာက အများကြီးဂုဏ်ယူဖွယ် ကောင်းနေပါတယ်။ ဂိမ်းကစားခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပေမယ့် တစ်ဖက်မှာ ဆိုးကျိုးအနေနဲ့ အိပ်ရေးမဝခြင်း၊ စိတ်ကယောင်ကတမ်း ဖြစ်စေခြင်းနဲ့ အချိန်ဖြုန်းမှုများပြားခြင်း စတဲ့အချက်တွေကြောင့် လူငယ်လူရွယ်တွေ အလွန်အကျွံဂိမ်းကစားခြင်းကို ရှောင်ကြဉ်ဖို့လည်း သတိပေးလိုပါတယ်။ ဒါ့အပြင် အင်တာနက် အလွန်အကျွံအသုံးပြုခြင်း၊ အသိပညာရှာ ခြင်းထက် အဆိုးဘက်မှာ အလွဲအသုံးချခြင်း တွေကြောင့်လည်း မဖြစ်သင့်တဲ့မှုခင်းဖြစ်ရပ်တွေ ရှိလာနေပါတယ်။

ဒါတွေကို အုပ်ထိန်းသူတွေက ထိန်းကျောင်းပေးရမှာ ဖြစ်ပါတယ်။ အသိပညာ ဗဟုသုတရရှိစေမယ့် စာပေတွေကို လေ့လာပြီး အမှားအမှန်သိရှိနိုင်တဲ့ ဆင်ခြင်တုံ တရားတွေတိုးပွားအောင် လူငယ်တွေကို လေ့ကျင့်ပျိုးထောင် ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက်နေ လူငယ်လူရွယ်တွေ အထိ မြေတောင်မြှောက်ပေး နိုင်မယ့်အခြေ အနေတွေကိုလည်း ဖန်တီးပေးလာနိုင်မယ် ဆိုရင် ကျေးလက်၊ မြို့ပြမကျန် တစ်ပြေးညီ အရည်အသွေးပြည့်ဝတဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ် ရည်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေ တိမ်းစောင်းမသွားစေဖို့ ဝိုင်းဝန်းလုပ်ဆောင် ပေးကြဖို့လည်း လိုလာပါတယ်။

အတန်းပညာတတ်ရုံနဲ့ ပညာတတ်လို့ ခေါ်နိုင်တာမဟုတ်ပါဘူး။ ဘဝပညာ ရပ်ပေါင်းများစွာက သေဆုံးချိန်အထိ သင်ယူမဆုံးပါဘူး။ လိုအပ်တဲ့အခြေအနေ၊ အချိန်အခါပေါ်မူတည်ပြီး အနာဂတ်လူငယ် တွေအတွက် အခွင့်အလမ်းတွေ ရှာဖွေပေးနိုင်အောင် လုပ်ဆောင်ပေးကြ ရမှာဖြစ်ပါတယ်။ အခွင့်အလမ်း တွေရရှိလာမှသာ လုပ်ဆောင်ချက်တွေ ခိုင်မာလာမယ်၊ တိုးတက်လာမယ်၊ စိတ်ဓာတ်ခွန်အားတွေ မြင့်မားလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေကို လက်တွဲခေါ်ဖို့၊ လက်ဆင့်ကမ်း အမွေတွေပေး နိုင်ဖို့လိုပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူငယ်တွေရဲ့ အခန်းကဏ္ဍကလည်း တစ်စိတ်တစ်ပိုင်း အနေနဲ့ပါဝင်နေတာကြောင့် လူငယ်တွေကိုတွေးခေါ်ခွင့်၊ လက်တွေ့လုပ်ဆောင်ခွင့်၊ လေ့လာသင်ယူခွင့်၊ လက်တွေ့ချပြခွင့်၊ လူငယ်ပီပီ တစ်ပါးသူကို အနှောင့်အယှက် မဖြစ်စေတဲ့ လွတ်လပ်စွာနေထိုင် ပြုမူခွင့်စတဲ့ အခွင့်အရေးတွေပေး နိုင်စေဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။ 

#Themyawadydaily

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျာမနီနိုင်ငံ Friedrich Ebert Stiftung- FES ဌာနချုပ်သို့ သွားရောက်လေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် FES ၏ Executive Director  ဖြစ်သူ Dr.Roland Schmidt  တို့ ဆွေးနွေးစဉ်။

နေပြည်တော် ၂၉-၄-၂၀၁၇

ဂျာမနီနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် ဘာလင်မြို့ရှိ Friedrich Ebert Stiftung- FES ရောက်ရှိရာ တာဝန်ရှိသူများကကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များအား FES ၏ Executive Director ဖြစ်သူ Dr. Roland Schmidt မှ FES ဌာနချုပ်တွင် နံနက်စာဖြင့် တည်ခင်းဧည့်ခံကာ FES ၏ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးဆိုင်ရာ ကဏ္ဍရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် FES ၏ Executive Director တို့မှ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြကာ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

#Themyawadydaily

Myanmar Tatmadaw goodwill delegation led by Senior General Min Aung Hlaing visits Friedrich Ebert Stiftung-FES headquarters in Germany

Senior General Min Aung Hlaing and party pose for documentary photo with FES Executive Director Dr. Roland Schmidt and party at Friedrich Ebert Stiftung-FES in Berlin.

Nay Pyi Taw April 29

The Myanmar Tatmadaw goodwill delegation led by Commander-in-Chief of Defence Services Senior General Min Aung Hlaing,currently on an official goodwill visit in Germany, went to Friedrich Ebert Stiftung-FES in Berlin, at 8.30 am local standard time today.They were welcomed there by officials.

Next, FES Executive Director Dr. Roland Schmidt hosted a breakfast to the goodwill delegation at the FES headquarters and explained the functions of FES. They then cordially discussed democratic reform and military-civilian relations.

After the discussion, the Senior General and the FES executive director exchanged gifts and had a documentary photo taken.

#Themyawadydaily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် General Volker Wieker က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် General Volker Wieker က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်စဉ်။

နေပြည်တော် ၂၉-၄-၂၀၁၇

ဂျာမနီနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့အား ဧပြီ ၂၇ ရက် ဒေသစံတော်ချိန် ည ၇ နာရီတွင် ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် General Volker Wieker က MS Arcona ရေယာဉ်ပေါ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဘာလင်မြို့ရှိ Yachtschiff Abion ရေယာဉ်ဆိပ်သို့ရောက်ရှိရာ ဂျာမနီ တပ်မတော်စစ်ဦးစီးချုပ် General Volker Wieker နှင့်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး MS Arcona ရေယာဉ်ပေါ်၌ အတူတကွ ညစာသုံးဆောင်ခဲ့ကြသည်။ ညစာသုံးဆောင်စဉ်အတွင်း ရေယာဉ်အား ဘာလင်မြို့ Spree မြစ်ကြောင်းတစ်လျှောက်မောင်းနှင်ကာ ဘာလင်မြို့၏ သာယာလှပမှုများအား ကြည့်ရှု ခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျာမနီတပ်မတော်စစ်ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadaydaily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘာလင်မြို့ရှိ Military Historical Museum နှင့် ဘာလင်မြို့တွင်း ကြည့်ရှုလေ့လာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ ဘာလင်မြို့ Gatow ဒေသရှိ Military Historical Museum  အတွင်း ကြည့်ရှုလေ့လာစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ ဘာလင်တံတိုင်းကို လေ့လာကြည့်ရှုစဉ်။


နေပြည်တော် ၂၉-၄-၂၀၁၇

ဂျာမနီနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ တွင် ဘာလင်မြို့ Gatow ဒေသရှိ Military Historical Museum သို့ရောက်ရှိခဲ့ရာ ပြတိုက်တာဝန်ခံနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး လိုက်လံရှင်းလင်း ပြသကြသည်။

အဆိုပါ Military Historical Museum အား ယခင် Gatow တော်ဝင်လေတပ် လေယာဉ်ကွင်း နေရာတွင် ဖွင့်လှစ်ထားရှိပြီး ပထမကမ္ဘာစစ် သုံးလေယာဉ်များ၊ ဒုတိယကမ္ဘာစစ်သုံး လေယာဉ်များအပါအ၀င် အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီ လေတပ်များ အသုံးပြုခဲ့သည့် တိုက်ခိုက်ရေးလေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ကင်းထောက်လေယာဉ်များ စသည့် ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် စစ်ဘက် လေယာဉ်များအား ခင်းကျင်းပြသထားရှိကာ ဂျာမနီနိုင်ငံ၏ စစ်သမိုင်းဆိုင်ရာ အချက်အလက်များအား ပြသထားရှိကြောင်း သိရှိရသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဘာလင်မြို့အတွင်းလှည့်လည်ကြည့်ရှုရာ ဘာလင်တံတိုင်း၊ Check Point Charlie နှင့် Brandenburger Tor စသည့် ကမ္ဘာ့လှည့်ခရီးသွားများ လည်ပတ်ရာ အထင်ကရနေရာ များသို့ ရောက်ရှိလေ့လာ ကြည့်ရှုခဲ့ ကြသည်။

ဘာလင်တံတိုင်းကြီးသည် အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီကို ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်း ၁၉၆၁ ခုနှစ်၊ သြဂုတ် ၁၃ ရက်မှ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်အထိ ရာစုနှစ်၏ ၄ ပုံ ၁ ပုံခန့် ပိုင်းခြားထားခဲ့သည့် တံတိုင်းကြီးဖြစ်ကာ Check Point Charlie သည် စစ်အေးခေတ်ကာလ ၁၉၄၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီပြည်သူများ နှစ်နိုင်ငံကူး သန်းသွားလာလိုပါက ဘာလင်တံတိုင်းအား ဖြတ်ကျော်ရသည့် နေရာတစ်ခုဖြစ်ပြီး ဘာလင်တံတိုင်း၏ အနောက်ဘက်ပိုင်း တွင်တည်ရှိသည်။ အရှေ့ဂျာမနီဘက်မှ ၀င်ရောက်လာသူများကို အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့များက စစ်ဆေးသည့် နေရာလည်းဖြစ်သည်။ Brandenburger Tor သည် ဘာလင်မြို့လယ်၏ အနောက် ဘက်ခြမ်းတွင်တည်ရှိပြီး ၁၇၈၈ ခုနှစ်မှ ၁၇၉၁ ခုနှစ် အတွင်း Frederick William II ဘုရင်လက်ထက်တွင် ငြိမ်းချမ်းရေး သင်္ကေတအနေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ဒုတိယကမ္ဘာစစ် ကာလအတွင်း ပျက်စီးခဲ့မှု များကြောင့် ၂၀၀၀-၂၀၀၂ ခုနှစ်တွင်ပြန်လည်ပြုပြင် တည်ဆောက် ထားခြင်းဖြစ်ကာ Brandenburger Tor သည် သမိုင်းဝင် အဖြစ်အပျက် များစွာနှင့် ပြည့်နှက် နေသည့်နေရာ တစ်ခုဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Chief of Defense of German Armed Forces General Volker Wieker hosts dinner to Senior General Min Aung Hlaing


Senior General Min Aung Hlaing attends dinner hosted by General Volker Wieker onboard MS Arcona.

Nay Pyi Taw April 29

The Myanmar Tatmadaw goodwill delegation led by Commanderin-Chief of Defence Services Senior General Min Aung Hlaing who is on an official visit to Germany was hosted a dinner by Chief of Defense of the German Armed Forces General Volker Wieker onboard MS Arcona Vessel at 7 pm local standard time on 27 April.

First, Senior General Min Aung Hlaing and Myanmar Tatmadaw goodwill delegation arrived at Yachtschiff Abion jetty in Berlin where they were welcomed by Chief of Defense of the German Armed Forces General Volker Wieker and officials. They had dinner onboard MS Arcona together. During the dinner, they enjoyed scenic beauties of Berlin along Spree River by vessel.

Then, the Senior General and the German General exchanged gifts.

#Themyawadydaily

Myanmar Tatmadaw goodwill delegation led by Senior General Min Aung Hlaing visits Military Historical Museum, tours Berlin


Senior General Min Aung Hlaing arrives at airfield of old Gatow Royal Air Force.

Senior General Min Aung Hlaing and party pose for documentary photo at Military Historical Museum in Gatow region, Berlin.


Nay Pyi Taw April 29
The Myanmar Tatmadaw goodwill delegation led by Commander-in-Chief of Defence Services Senior General Min Aung Hlaing, currently on an official goodwill visit in Germany, went to the Military Historical Museum in Gatow region,Berlin, at 2 pm local standard time yesterday. They were welcomed and conducted round there by the in-charge of the museum and officials.

Located in the airfield of the old Gatow Royal Air Force, the Military Historical Museum showcases the military aircrafts used in World War I and II, the fighter planes,helicopters and reconnaissance planes used by the air forces of East Germany and West Germany in the successive eras and German military historical data.

Next, the goodwill delegation led by the Senior General made a sightseeing tour of Berlin at 4 pm local standard time. They visited significant tourist sites such as the Berlin Wall, Check Point Charlie and Brandenburger Tor.

The Berlin Wall was a guarded concrete barrier between East Germany and West Germany for about a quarter of century from 13 August 1961 to 9 November 1989 after the Second World War.Checkpoint Charlie was a crossing point of the Berlin Wall between East Berlin and West Berlin during the Cold War (1947–1991). It is located to the west of the Berlin Wall. It was also a check point where the US and the Allies troops conducted checks on those coming from East Germany. Brandenburger Tor is located in the western part of the city centre of Berlin. It was commissioned by King Frederick William II of Prussia as a sign of peace from 1788 to 1791. Having suffered considerable damage in World War II, the Brandenburger Tor was restored from 2000 to 2002. It is a site blessed with many historical events.

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၂၉-၄-၂၀၁၇)


ရတနာပုံနေ့စဉ်သတင်းစာ (၂၉-၄-၂၀၁၇)

Download Links



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၄-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၄-၂၀၁၇)

Download Links




Friday, April 28, 2017

ဆီးရီးယားဒုက္ခသည်များအကြား ကိုယ်အင်္ဂါအစိတ်အပိုင်း ရောင်းချမှု မြင့်မားနေ


ဘာသာပြန်ဆောင်းပါး ၂၈-၄-၂၀၁၇

ဒုက္ခသည်တွေဆိုတာ နာမည်နဲ့လိုက်အောင် ဒုက္ခရောက်ကြ ရတယ်ဆိုတာ ဆီးရီးယားဒုက္ခသည်တွေက သက်သေပြလိုက်ပါပြီ။ နယ်စပ်တွေမှာ ဖွင့်ထားတတ်တဲ့ ဒုက္ခသည်စခန်း တွေဆိုတာကြွက်တွေမှာ စမ်းသပ်အောင်မြင်ပြီးတဲ့ဆေးတွေကို လူတွေမှာ စမ်းသပ်ဖို့ အကောင်းဆုံးနေရာ ဖြစ်နေတတ်လို့ ကိုယ်အင်္ဂါအစိတ်အပိုင်း အရောင်းအဝယ်လဲ အဖြစ်ဆုံးနေရာတွေဖြစ်နေ တာကိုသိလိုက်ရတော့ ကမ္ဘာကတုန်လှုပ် ချောက်ချားသွားခဲ့ပါတယ်။

စဉ်းစားကြည့်ပါ။ ဆီးရီးယားမှာ နေနေရင် အချိန်မရွေး သေသွားနိုင်တဲ့ အန္တရာယ်ကြောင့် ကိုယ်လွတ်ရုန်းပြီး လက်ဘနွန်ကို ဦးတည်ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်ပေါင်း များစွာထဲမှာ ကျောက်ကပ်လေးတစ်ဖက် ထုတ်ရောင်းလိုက်လို့ မိသားစုစား ဝတ်နေရေးအဆင်ပြေ သွားမယ်ဆိုရင် အခုချက်ချင်း ထုတ်ယူ လိုက်ပါလို့ ဆိုသူတွေအများကြီး ရှိနေပါတယ်။ သူတို့ အတွက် ဒါဟာ အသိမ်မွေ့ဆုံးသော ဒုက္ခပဲ ဖြစ်ပါတယ်။

ကိုယ်အင်္ဂါ အစိတ်အပိုင်း ဝယ်ယူတဲ့ဂိုဏ်း တွေကလဲ ဒုက္ခသည်စခန်း တွေကို သူတို့လူတွေကို ပုံစံအမျိုးမျိုးနဲ့ လွှတ်ထားပါတယ်။ ဒါပေမဲ့ အများစုက လက်ဖက်ရည်ဆိုင်ကို ဗန်းပြဖွင့်ထား တတ်ကြပါတယ်။ ဆိုင်ကို လက်ဖက်ရည်လာသောက်သလိုနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း အရောင်း အဝယ်လုပ်ကြတာ အဘူဂျာဖာဆိုတဲ့ လူဆိုရင် သုံးနှစ်အတွင်းမှာ လူဦးရေ ၃ဝထက်မနည်းကို ကိုယ်အင်္ဂါအစိတ်အပိုင်း အရောင်းအဝယ် လုပ်နိုင်ဖို့ ချိတ်ဆက်ပေးခဲ့ပါတယ်။

ကျွန်တော်လုပ်နေတာ ပြစ်မှုမကင်းဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်က တကယ်တော့ ဒုက္ခသည်တွေကို ကူညီနေတာပါ။ ကျွန်တော် မချိတ်ဆက်ပေးရင် သူတို့ရောင်းချင်ပါတယ် ဆိုရင်တောင် ဝယ်မယ့်သူနဲ့ တွေ့နိုင်မှာ မဟုတ်ပါဘူး။ တွေ့ တယ်ထားဦး အသက်အန္တရာယ်ကင်းဝေး အောင်ခွဲစိတ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်လူတွေရဲ့ အသွေးအသားကို အရောင်းအဝယ်လုပ်ပြီး ငွေရှာတယ်ဆိုပေမယ့် ကျွန်တော် သူတို့ကိုကူညီနေတဲ့အပိုင်းလဲ အများကြီးပါ ပါတယ်လို့တောင် အဘူဂျာဖာက ဆိုလိုက်ပါသေးတယ်။ သူဟာ တစ်ချိန်က ဘားဆိုင်တစ်ဆိုင်ရဲ့လုံခြုံရေးဝန်ထမ်းတစ်ဦး ဖြစ်ပြီး စစ်ကြီးဖြစ်လာတော့ ကြုံရာလုပ်ကိုင် စားသောက်နေရာကနေ ကိုယ်အင်္ဂါအစိတ်အပိုင်း ရောင်းဝယ်ရေးဂိုဏ်းနဲ့ ချိတ်ဆက်မိ သွားတာဖြစ်ပါတယ်။

ကျောက်ကပ်ဝယ် ကြတာများပါတယ်။ မျက်လုံးတစ်လုံး ရောင်းဖူးပါတယ်။ မျက်လုံးရရင် အဝယ်ရှိတယ်လို့ သိရတော့ မျက်လုံး ဘယ်သူရောင်း မလဲလို့မေးကြည့် လိုက်ပါတယ်။ သိပ်မကြာပါဘူး အိမ်ထောင်ရှင် အမျိုးသားတစ်ယောက် ရှေ့တိုးလာပါတယ်။ မျက်လုံးတစ်ဖက်ရောင်းမယ် လို့ပြောပါတယ်။ သူ့မျက်လုံးကို Whatsapp နဲ့ ဓာတ်ပုံရိုက်ပို့ လိုက်ပါတယ်။ ဝယ်လက်က ယူမယ်ပြောပါတယ်။ သူ့ကို လာကြိုတဲ့ကား တစ်စီးပေါ် တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ အကျိုးတော်ဆောင် ခရပါတယ်လို့ အဘူဂျာဖာက ပြောပြပါတယ်။

ဆီးရီးယားကလူတွေနဲ့ လက်ဘနွန်ကလူတွေ နှစ်ဖက်စလုံးလာစုနေတဲ့ နယ်စပ်မျဉ်းကြောင်း သေးသေးလေးပေါ်မှာ အဘူဂျာဖာအတွက် ကိုယ်အဂါင်္ အစိတ်အပိုင်း ဈေးကွက်အကြီး ကြီး ရှိနေပါတယ်။ လက်ဘနွန် ဥပဒေ အရဆီးရီးယားတွေက အဲဒီမှာအလုပ်လုပ်လို့မရပါဘူး။ အဘူဂျာဖာဟာ သူတို့ရဲ့ မျှော်လင့်ချက်ကြီး ဖြစ်လာပါတော့တယ်။

ဒုက္ခသည်တွေ အကြောင်းရှင်း ပြရမယ်ဆိုရင် ဆီးရီးယားမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ပြီးသား လူတွေက ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဒုက္ခသည်အဖြစ် နောက်ထပ်တစ်ခါ မှတ်ပုံတင် လို့မရတော့ပါဘူး။ လက်ဘနွန်ကိုရောက်တဲ့အခါ ကုလဒုက္ခသည် တွေကပဲ အလုပ်လုပ်လို့ရပါတယ်။ ဆီးရီးယားဒုက္ခသည် တွေအဖို့ အသက်မသေရုံကလွဲရင် အသက်သေတာကမှ ပိုကောင်းဦးမယ် လို့ပြောလို့ရတဲ့ဒုက္ခတွေက တန်းစီစောင့်ဆိုင်းလို့ နေပါတော့မယ်။

ကိုယ်အိပ်နေကျ ခေါင်းအုံး၊ စောင်နဲ့ တစ်ညတာ ဝေးကွာရင်တောင် အိပ်လို့မပျော်နိုင်တဲ့ လူတွေရဲ့သဘာဝ မိသားစုတကွဲတပြားစီဖြစ် ကိုယ်ချစ်တာ တွေအားလုံးကိုထားခဲ့ပြီး ရှေ့လျှောက်ဘာဖြစ်မယ်မသိ စကြဝဠာနဲ့
ကိုယ့်အကြားမှာ ရွက်ဖျင်တဲလေး တစ်ချပ်ပဲခြား တဲ့ဘဝမျိုး။ ငွေကောင်းကောင်း ရမယ်ဆိုရင် ကိုယ်အင်္ဂါအစိတ်အပိုင်းကို အလုအယက်ရောင်းနေ ကြတာ တော်သေးတာပေါ့လို့တောင် ပြောရမလြိုဖစ်နေပါတယ်။ ကျောက်ကပ်တစ်ဖက်ကို အမေရိကန်ဒေါ်လာ ၈ဝဝဝ ရပါတယ်။

ဒီကျောက်ကပ်တွေနဲ့ အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်း တွေကို ဝယ်ယူနေကြတဲ့ မှောင်ခိုဈေးကွက်ဟာ အရှေ့အလယ်ပိုင်းမှာ ဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးသူများ ကမှတ်ချက်ချပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းကို တားမြစ်တဲ့အတွက် အဲဒီမှာ လိုအပ်ချက်မြင့်မားမှာပါ။

ဒုက္ခသည်စခန်းတွေမှာ အလုပ်လုပ်နိုင်တဲ့ဒုက္ခသည်နဲ့ အလုပ်လုပ်ခွင့် မရှိတဲ့ဒုက္ခသည်နဲ့ကွာခြားပုံ၊ ဆေးအမျိုးအစား သစ်တွေကို အဲဒီဒုက္ခသည် တွေကို လာစမ်းသပ်ပုံ၊ အကြိမ်အတော်များများမှာ ဒုက္ခသည်တွေဟာ
သူတို့ကိုကာကွယ် ဆေးထိုးပေးတယ်ထင်ပြီး ကျေးဇူးတောင် တင်နေကြပါ သေးတယ်။ သူတို့ရဲ့ဘဝဆိုး ကနေလွတ်မြောက်ဖို့ ကိုယ့်ကျောက်ကပ်ကို ရောင်းချနေကြတာ ဒုက္ခသည်စခန်းက တာဝန်ရှိသူများ မသိလေရော့သလား။ ဒါမှမဟုတ် တစ်ခုခုကြောင့်ပဲ မသိချင်ယောင် ဆောင်ထားတာလား မသိပါကြောင်း လေ့လာရေးသား တင်ပြလိုက် ရပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ စာ(၃၁)

#Themyawadydaily

ပွင့်ဖြူမြို့နယ်တွင် ဖြုတ်ညိုပိုးကျရောက်နေသော နွေစပါးစိုက်ခင်းများကို ခရိုင်သီးနှံကာကွယ်ရေးဌာနက ကွင်းဆင်းပြီး ပိုးသတ်ဆေးများပက်ဖျန်းပေး




ပွင့်ဖြူ ၂၈-၄-၂၀၁၇

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာရှိ မျိုးယှဉ်ပြိုင်စမ်းသပ် စိုက်ကွက်များတွင် စိုက်ပျိုးထားသော နွေစပါး မနောသုခ စိုက်ခင်းများတွင် ကျရောက်နေသော ဖြုတ်ညိုပိုးများကို မင်းဘူးခရိုင် သီးနှံကာကွယ်ရေး ဌာနနှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဧပြီ ၂၆ရက်တွင် ကွင်းဆင်းပြီး ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ကြောင်း မင်းဘူးခရိုင် သီးနှံကာကွယ်ရေးဌာနမှ သိရသည်။

''ဇီးတောကျေးရွာက နွေစပါး မနောသုခ စိုက်ခင်းတွေမှာ ကျရောက်နေတဲ့ ဖြုတ်ညိုပိုး ကျရောက်မှုကို ပိုးသတ်ဆေး သွားရောက်ပက်ဖျန်း ပေးခဲ့ပါတယ်။ နောက်သုံးရက် လောက်ဆို ပိုးကျတဲ့အတွက် ပျက်စီးမယ့် အနေအထားတွေ ဖြစ်နေပါပြီ။ ဒါကြောင့် ကာတက်ဟိုက် ဒရိုကလိုရိုက်နဲ့ ဟိုက်ပါပိုတက်ပိုး သတ်ဆေးနှစ်မျိုးနဲ့ စပါးခင်းတွေကို အခမဲ့ ပက်ဖျန်းပေးခဲ့ပါတယ်''ဟုမင်းဘူးခရိုင် သီးနှံကာကွယ်ရေးဌာနမှ တာဝန်ခံ ဦးသိန်းဝင်းက ပြောပြသည်။

စပါးစိုက်ခင်း နှစ်ဧကကျော်ကို ပိုးများကျနေ သည့်အတွက် ပိုးကျသောအခင်းများနှင့် ဘေးပတ်ဝန်းကျင်က အခင်းများကို ပိုးသတ်ဆေး ပက်ဖျန်းပေးကြပြီး ဘေးပတ်ဝန်းကျင်က စိုက်ခင်းများ မကူးစက်အောင် ကြိုတင်ကာကွယ်ကြရန်လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောပြသည်။

မင်းဘူးခရိုင် သီးနှံကာကွယ် ရေးဌာနက တောင်သူများစိုက်ပျိုးသည့် သီးနှံများတွင် ရောဂါပိုးများ ကျရောက်နေပါက ဆက်သွယ်ရန် ကျေးရွာများတွင် Call Center ဆိုင်းဘုတ်များ စိုက်ထူထားပြီး ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များ ပါရှိကြောင်းနှင့် စိုက်ပျိုးရေး ဌာနများက ကွင်းဆင်းကာ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

ကောင်းမှုတော် စေတီတော်ကြီး၏ ရွှေထီးတော်အား ရွှေသင်္ကန်းနှင့် ရွှေပြားများ ပြန်လည်ကပ်လှူပူဇော်မှုကို မေလအတွင်း စတင်ဆောင်ရွက်မည်ဖြစ်


စစ်ကိုင်း ၂၈-၄-၂၀၁၇

စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီး၏ ရွှေထီးတော်အား ရွှေသင်္ကန်းနှင့် ရွှေစင်၊ရွှေပြားများ အလေ့အလွင့်မရှိ အောင်မြင်စွာ ကပ်လှူနိုင်ရေးအတွက် ဘုရားဂေါပကအဖွဲ့ဝင်များ၊
သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရွှေလုပ်ငန်းပညာရှင်များ ဖြင့် ဧပြီ ၂၆ရက် နံနက်၁၁နာရီက ကောင်းမှုတော် စေတီတော်မြတ်ကြီး၏ အစည်း အဝေးခန်း မ၌ အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေး
ကျင်းပပြုလုပ်ခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

''ရွှေထီးတော်အပေါ်ပိုင်းကို ရွှေအစစ် ရွှေစင်ရွှေပြားတွေ ကပ်လှူပူဇော်ဖို့အတွက် ဒီနေ့မှာ ရွှေလုပ်ငန်းရှင်ကို လုပ်ငန်းအပ် လိုက်ပါပြီ။ မေလ တတိယပတ်ထဲ လောက်ဆို စတင်ကပ်လှူနိုင်မယ် ထင်ပါတယ်''ဟု ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

ရာဇမဏိစူဠာ ကောင်းမူတော် စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ စေတီတော်ကြီး၏ ထီးတော် အပေါ်ပိုင်း (ငှက်ပျောဖူးမှ စိန်ဖူးတော်ထိ)အမြင့် ၁၄ ပေ အား ရွှေစင် တစ်ကျပ်ခွဲသားရှိ ကိုးလက်မပတ်လည် ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ပြီး စုစုပေါင်း ရွှေစင်ရွှေပြား ၃၂၃ အပြား ကုန်ကျမည်ဟုခန့်မှန်း ထားကြောင်း၊ ထီးတော်ကြီး အောက်ခြေပိုင်း အမြင့် ၁၂ ပေကို မျက်ပါးရပ်မှ ရွှေဆိုင်းများကပ်လှူပူဇော်သွားမည် ဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး၏ ရွှေထီးတော်အား ရွှေသင်္ကန်းနှင့် ရွှေစင်၊ရွှေပြားများ ပြန်လည်ကပ်လှူရန် ရွှေပိဿာချိန် သုံးပိဿာကျော်ခန့် ကုန်ကျမည် ဖြစ်ပြီး စုစုပေါင်းငွေကျပ်သိန်း ၃ဝဝဝကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။

ရာဇာမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီး၏ ရွှေထီးတော်အား ရွှေသင်္ကန်းနှင့် ရွှေစင်၊ရွှေပြားများ ပြန်လည်ကပ်လှူ တော့မည်ဖြစ် သဖြင့် အများပြည်သူ စေတနာရှင်များမှ ပါဝင်လှူဒါန်းလိုပါက ကိုး
လက်မပတ်လည် ရွှေစင်ရွှေပြား တစ်ချပ်လျှင် ငွေကျပ် ၁၂သိန်း နှုန်းဖြင့်လည်းကောင်း၊ မျက်ပါးရပ်မှ ရွှေဆိုင်းတစ်ဆိုင်းလျှင် ငွေကျပ် ၄၇ဝဝဝ နှုန်းဖြင့်လည်းကောင်း ပါဝင်လှူဒါန်းနိုင်ကြောင်း၊ လှူဒါန်းလိုသည့်
စေတနာရှင် ကုသိုလ်ရှင် များအနေဖြင့် ဂေါပကအဖွဲ့ရုံး ဝ၇၂-၂၁၅၄၅၊ဝ၉-၉၁ဝ၃ဝ၁၁၁ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

#Themyawadydaily

လမ်းများအဆင့်မြှင့်တင်ခြင်း၊ လမ်းပခုံးတိုးချဲ့ခြင်းများ ဆောင်ရွက်လျက်ရှိ




ညောင်ဦး ၂၈-၄-၂၀၁၇

ညောင်ဦး-ကျောက်ပန်းတောင်း သွားကတ္တရာလမ်းကို မြတ်နိုးသူ ကုမ္ပဏီက BOT စနစ်ဖြင့် တာဝန်ယူ၍ ဒေသခံပြည်သူများနှင့် ပုဂံညောင်ဦးသို့ ဘုရားဖူးလာရောက် ကြသည့် ပြည်တွင်း၊ ပြည်ပဘုရားဖူး ဧည့်သည်များ ယာဉ်အန္တရာယ် ကင်းစွာ မောင်းနှင်သွားလာ အသုံးပြုနိုင်ရေး အတွက် စဉ်ဆက်မပြတ် ကွင်းဆင်း၍ လမ်းများအဆင့်မြှင့် တင်ခြင်း၊ လမ်းပခုံးတိုးချဲ့ခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ယခုအချိန်တွင် ညောင်ဦးမြို့ အဝင်လမ်းမှာ ကျဉ်းမြောင်းနေ သည့်အတွက် ဘုရားဖူးယာဉ်များ၊ ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများ ယာဉ်တစ်စီးနှင့် တစ်စီးကျော်တက် မောင်းနှင်ရာ၌ အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း၊ ယာဉ်မောင်းနှင်သူများ ယာဉ်အန္တရာယ် ဘေးကင်းလုံခြုံစွာ သွားလာမောင်းနှင် နိုင်ရေးအတွက် ယခင်ကတ္တရာလမ်းအကျယ် ၁၈ပေ အစား လမ်းအကျယ် ၂၄ပေထိ လမ်းဘေး ဝဲ၊ယာလမ်း ပခုံးတိုးချဲ့ ခြင်းလုပ်ငန်း များကို ဧပြီ ၂၆ရက်က ညောင်ဦးမြို့အဝင် ပုဂံဘူတာလမ်းဆုံအနီး မှစတင်၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

ဆန်နှင့်ဆန်ကွဲ ဈေးကွက်သစ် နိုင်ငံ ၄ဝ ကျော်တိုးတက်ရရှိ၍ မြန်မာ့ ဆန်ဈေးကွက်အခြေအနေ ကောင်းမွန်လျက်ရှိ




နေပြည်တော် ၂၈-၄-၂၀၁၇

ဆန်နှင့်ဆန်ကွဲ ဈေးကွက် ဖောက်သည် နိုင်ငံ ၂ဝကျော် ပျောက်သွားခဲ့သော်လည်း ဖောက်သည်ဈေးကွက်သစ် နိုင်ငံ၎ဝကျော် တိုးတက်ရရှိ၍ မြန်မာ့ဆန် ဈေးကွက်အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ယခုအခါ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက် နေသကဲ့သို့ မြန်မာ့လယ်ယာ ထွက်ကုန်များကိုလည်း တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက် လျက်ရှိသည်။

အဆိုပါဆောင်ရွက် မှုများအရ မြန်မာ့ဆန်များကို နိုင်ငံတကာ ဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေး ကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိသည်။

လက်ရှိနိုင်ငံတကာ ဆန်ဈေးကွက်များ တွင်လည်း ဆန်တင်ပို့သည့် နိုင်ငံများမှ အပြိုင်အဆိုင် ဈေးကွက်ယှဉ်ပြိုင် ရောင်းချနေကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဆန်နှင့်ဆန်ကွဲဖောက်သည် ဈေးကွက်နိုင်ငံ ၂၈နိုင်ငံတွင်ဈေးကွက်ပျောက်သွား ခဲ့ရသည်။

သို့သော် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ နိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၏ကြိုးပမ်းဆောင် ရွက်မှုများကြောင့် ဆန်နှင့်ဆန်ကွဲ ဖောက်သည်ဈေးကွက်နိုင်ငံ ၄၄ နိုင်ငံ တိုးတက်ရရှိလာခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့ မှုကဏ္ဍတွင် ယခင်နှစ်က ဖောက်သည်ဈေးကွက် နိုင်ငံပေါင်း ၅၁နိုင်ငံ သို့တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဖောက်သည်ဈေးကွက်နိုင်ငံ ပေါင်း ၅၄နိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။

ယခုနှစ် တင်ပို့ခဲ့သည့် ဖောက်သည်ဈေးကွက်နိုင်ငံ ၅၄ နိုင်ငံတွင် နိုင်ငံပေါင်း ၂၂နိုင်ငံမှာ ယခုနှစ်မှ ဆက်သွယ်ရရှိလာသည့် ဈေးကွက်အသစ်နိုင်ငံများဖြစ်ပြီး ကျန်ရှိနေသည့်နိုင်ငံ ၃၃နိုင်ငံမှာ နှစ်စဉ်ပုံမှန်ဈေးကွက် ရရှိထားသည့်နိုင်ငံများဖြစ်သည်။

ယခုနှစ်မှာ ဈေးကွက်ပျောက်သွားသည့် နိုင်ငံ ၁၉ နိုင်ငံရှိနေသော်လည်း ဈေးကွက် ပျောက်သွားသည့် နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးကွက်အသစ်ရရှိ လာသည့်နိုင်ငံများက ပိုမိုများပြား နေသဖြင့် ပြည်ပဆန်တင်ပို့မှုများလျော့ကျသွားခြင်း မရှိသည့်အပြင် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။

#Themyawadydaily

တိမ်မြုပ်ပျောက်ကွယ်နေသည့် ကလေးစာပေ၊ စာအုပ်များကို ယခုဘဏ္ဍာနှစ်တွင် ဘာသာပြန်၍ ထုတ်ဝေပေးသွားမည်



မန္တလေး ၂၈-၄-၂၀၁၇

တိမ်မြုပ်ပျောက်ကွယ် နေသည့် ကလေးစာပေ၊ စာအုပ်များကို ယခု၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဘာသာပြန်၍ ထုတ်ဝေပေးသွား မည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မန္တလေးတိုင်းဒေသ ကြီးရုံးမှတာဝန် ရှိသူတစ်ဦးက ပြောပြ၍သိရသည်။

အဆိုပါကလေးစာပေ ထုတ်ဝေပေး နိုင်ရန်အတွက် ၁၉၉၁ခုနှစ် မတိုင်မီ ပြန်ကြားရေးနှင့်အသံလွှင့် ဦးစီးဌာနရှိစဉ်ကာလက ကလေးစာပေ၊ စာအုပ်ရုပ်ပြများကို အချို့ရုံးများတွင် ယနေ့အချိန်ထိ ငှားရမ်းပေးခြင်း၊ ထိန်းသိမ်းပြသထားခြင်း များကို ဆောင်ရွက်လျက်ရှိသည်။

ယခုလက်ရှိအချိန်တွင် ခရိုင်အလိုက်၊ မြို့နယ်အလိုက် ပြန်လည်စုစည်း၍ မန္တလေးတိုင်းဒေသကြီးရုံးတွင် ပြန်လည်ထုတ်ဝေနိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း အဆိုပါဌာနမှ သိရသည်။

''အရင်ကရှိခဲ့တဲ့ ကလေးစာပေ တွေကို အခုနှစ်မှာ ဘာသာပြန်ပြီး ထုတ်ဝေသွားမှာပါ။ အရင်ကရှိခဲ့တဲ့ ကလေးစာအုပ်တွေက အများကြီးရှိပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ စာအုပ်တွေ၊ မြန်မာဘာသာနဲ့ ရေးထားတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ အခုထုတ်ဝေမှာက စာအုပ်တွေအများကြီးရှိတဲ့ အထဲကမှ ကလေးဘဝတွေနဲ့သက်ဆိုင်တဲ့၊ ကလေးတွေနဲ့ ကိုက်ညီတဲ့ စာအုပ်တွေကိုပဲ ထုတ်ဝေပေးသွားမှာပါ။ အခုလို ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေရဲ့ ဥာဏ်ပညာ ဖွံ့ဖြိုးဖို့နဲ့ စာဖတ်အားတွေ ကောင်းလာအောင်၊
 ပြီးတော့ ကလေးစာပေဖွံ့ ဖြိုးတိးု တက် ဖို့အတွက် ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ခရိုင် ခုနစ်ခုနှင့် မြို့နယ် လေးမြို့နယ်တို့မှ ကလေးစာပေစာအုပ် များကိုထုတ်ဝေ မည်ဖြစ်ပြီး မန္တလေးခရိုင်တွင် ကလေးစာအုပ်ပေါင်း ၈ဝ၊ ရမည်းသင်းခရိုင်တွင် ၁၄အုပ်၊ ပြင်ဦးလွင်ခရိုင်တွင် ၁၁အုပ်၊ အမရပူရမြို့နယ်တွင် ၃၈အုပ်စသည့် ခရိုင်နှင့် မြို့နယ်များတွင် ရှိသည့် ရုံးများမှ စာအုပ်များကို စာရင်းပြုထားကြောင်း၊ ယခင် ၁၉၉၁ ခုနှစ်ကရှိခဲ့သည့် ကလေးစာပေ နှင့်ပတ်သက်သော စာအုပ် များကို ကလေးစာပေ ဖွံ့ဖြိုးတိုးတက် လာရန်အတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ပြန်လည် ထုတ်ဝေပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ သိရသည်။

#Themyawadydaily

ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ပိုမိုဝင်ရောက်ရန်မျှော်မှန်းထား




ရန်ကုန် ၂၈-၄-၂၀၁၇

ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ဧည့်သည် ဝင်ရောက်မှုနှင့် ခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်စေရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

နိုင်ငံခြားခရီးသွား ဧည့်သည် ဝင်ရောက်မှုနှုန်းကို ၂ဝ၁၆ ခုနှစ်က ခရီးသွားဧည့်သည် ဦးရေ ၅ ဒသမ ၅ သန်းခန့်အထိ ဝင်ရောက်ရန် ခန့်မှန်းထားသော်လည်း အမှန်တကယ် ဝင်ရောက်လာသူမှာ သုံးသန်းဝန်းကျင်ခန့်သာရှိခြင်းကြောင့် ယခုနှစ်အတွင်း ပြန်လည် ကောင်းမွန်ရန် မျှော်မှန်းထား ခြင်းဖြစ် သည်။

ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၇ ခုနှစ်အတွင်း ပြည်တွင်းသို့ နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှု ၃ ဒသမ ၅ သန်းအထိရှိရန် မျှော်မှန်း ထားကြောင်း သိရသည်။

''အခုက လေဆိပ်ဝင်ပေါက် ကိုပဲကြည့်ပြီး တွက်စစ်တာဆိုတော့ နည်းနည်းတော့ကွာဟ သွားတယ်။ လက်ရှိမှာ ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်မြှင့်ပြီဆိုရင် ပိုမိုကောင်းမွန် လာမယ်လို့ မျှော်လင့်ပါတယ်''ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

လက်ရှိခရီးသွား လုပ်ငန်း အခြေအနေမှာ Package Tour အနည်းငယ်သာ ဝင်ရောက် နေသော်လည်း တခြားပုံစံဖြင့် ခရီးသွားများ ဝင်ရောက်မှု တိုးတက်နေကြောင်း၊ ထို့ပြင်လေဆိပ်နှင့် အပျော်စီး သင်္ဘောများဖြင့်
လာရောက်သည့် နိုင်ငံခြားခရီးသွား ဧည့်သည် ဦးရေလည်း တိုးတက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံး ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး


တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ြမတ်ကျော် ဆေးကုသ မှုခံယူနေသူများကို ကြည့်ရှုအားပေးစဉ်။

နေပြည်တော် ၂၈-၄-၂၀၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဆေးရုံတက်ရောက်ကုသရန် လွှဲပြောင်းပေးခဲ့သည့် ဒေသခံပြည်သူများအား ယနေ့ နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်နှင့် အဖွဲ့ဝင်များက သွားရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး တစ်ဦးချင်း၏ ကျန်းမာရေး အခြေအနေများကို မေးမြန်းကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

မှော်ဘီမြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး၊ စစ်မှုထမ်းဟောင်း အိမ်ရာတိုးချဲ့တည်ဆောက်မှု ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်း ဆေးကုသမှုခံ ယူနေသူများကိုကြည့်ရှု အားပေးစဉ်။

နေပြည်တော် ၂၈-၄-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်း နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး တစ်ဦးချင်း၏ ကျန်းမာရေး အခြေအနေများကို မေးမြန်းကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မှော်ဘီမြို့နယ်၊ မြိုင်သာယာကျေးရွာအနီးနှင့် ရဲဘော် ဈေးရပ်ကွက်အနီးတို့ရှိ အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာများ၌ အိမ်ရာများ ထပ်မံတိုးချဲ့ တည်ဆောက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါစစ်မှု ထမ်းဟောင်းအိမ်ရာများ ထပ်မံတိုးချဲ့တည်ဆောက်မှုကို ဧပြီ ၁ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး မြိုင်သာယာကျေးရွာအနီးရှိ စစ်မှုထမ်းဟောင်းအိမ်ရာတွင် နှစ်ခန်းတွဲလေးထပ် ၁၀ လုံးနှင့် ရဲဘော်ဈေး ရပ်ကွက်အနီးရှိ စစ်မှုထမ်းဟောင်း အိမ်ရာတွင် နှစ်ခန်းတွဲ လေးထပ် ၁၄ လုံးတို့ကို ထပ်မံ တိုးချဲ့တည်ဆောက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

ဒေသခံပြည်သူများ၏ စားရေးအထောက်အကူဖြစ်စေရန် တန်ဖိုးသင့်ထမင်းနှင့် ဟင်းလျာများ၊ အသီးအရွက်များနှင့် အသားငါးများအား ဆက်လက်ရောင်းချ



တပ်ရင်း/တပ်ဖွဲ့များက တန်ဖိုးသင့်ထမင်းနှင့်ဟင်းလျာများ ရောင်းချပေးစဉ်။

နေပြည်တော် ၂၈-၄-၂၀၁၇

ဒေသခံပြည်သူလူထု၏ စားရေးတွင် အထောက်အကူဖြစ်စေရန်နှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုအား တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်ရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံများမှ ထွက်ရှိသော အသား၊ ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ ကျန်းမာရေး နှင့်ညီညွတ်သော တန်ဖိုးသင့် ထမင်းနှင့်ဟင်းလျာများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များက တပ်နယ်များ၌ ဒေသခံပြည်သူများ အားဈေးနှုန်းချိုသာစွာဖြင့် စီစဉ်ရောင်းချပေး လျက်ရှိသည်။

ထိုသို့ရောင်းချပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ ကြက်ပေါင်ခြံရပ်ကွက်၊ ပြည်ထောင်ကျေးရွာနှင့် ဗန်းမော်မြို့ရှိ ခွန်သာ ရပ်ကွက်တွင်လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၌ လားရှိုးမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ ဘူတာဈေးနှင့် နားမခေါ်အဝေးပြေး ကားဝင်း၊ သီပေါမြို့မဈေးနှင့် ပြည်သူ့ဆေးရုံရှေ့၊ ကျောက်မဲမြို့ဈေးနှင့် နမ့်လန်မြို့၊ ပြည်သူ့ဆေးရုံရှေ့တို့တွင်လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ အောင်ပန်းမြို့၊ လွယ်မောကျေးရွာနှင့် လွိုင်ကော်မြို့၊ လောပိတကျေးရွာ တို့တွင်လည်းကောင်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ခိုလမ်မြို့ဈေး အနီးတွင်လည်းကောင်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၌ ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်၊ ကောက်ကော့ (၂) လမ်း၊ နောင်နွန်းရပ်ကွက်၊ ယန်းလူးဈေးရှေ့နှင့် မိုင်းခတ်မြို့မဈေးတို့တွင်လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိကျောက်မီးသွေးဆိပ်ကမ်းအနီးနှင့် သထုံ တံတားအနီး၊ ကော့ကရိတ်မြို့၊ ချောင်းတောင်ရပ်ကွက်၊ ရဲစခန်းလမ်းထောင့်၊ လှိုင်းဘွဲ့မြို့၊ (ဃ) ရပ်ကွက်၊ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်နှင့် ဘားအံမြို့၊ အမှတ် (၆) ရပ်ကွက်၊ ပြည်သူ့ဈေးအနီး တို့တွင်လည်းကောင်း ဒေသခံပြည်သူများအတွက် တန်ဖိုးသင့် ထမင်း၊ ဟင်းလျာများနှင့် သန့်ရှင်းလတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ၊ အသားငါးများကို ဈေးနှုန်းချိုသာစွာဖြင့် အသီးသီးရောင်းချပေး ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger