www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 29, 2016

၂၀၁၆ ခုနှစ်တွင် စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်ပြုလုပ်မည့် ရုရှားနှင့်တရုတ်




( ရှိန်းထက် )

အမေရိကန်က ဂျပန်၊ အိန္ဒိယတို့နှင့် ဂျပန်ပင်လယ် ပစိဖိတ်သမုဒ္ဒရာ နှင့် အိန္ဒိယသမုဒ္ဒရာ တို့တွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ၂ဝ၁၅ ခုနှစ်က တိုးမြှင့်ပြုလုပ် ခဲ့သည်။ ပြုလုပ်ခဲ့သည့် စစ်ရေး လေ့ကျင့်မှု အများစုထဲတွင် တရုတ် တပ်မတော် PLA ကို ချေမှုန်းရေး ဗျူဟာများပင် ဖြစ်ခဲ့သည်။

ထို့ကြောင့် တရုတ်ကလည်း သူ၏ အမာခံ မဟာမိတ်ရုရှား နှင့် ၂ဝ၁၆ ခုနှစ်တွင် စစ်ရေး လေ့ကျင့်ခန်း များကို ၂ဝ၁၅ ခုနှစ်ကထက် တိုးမြှင့်ပြုလုပ် တော့မည်ဖြစ်သည်။ ဂျပန်ပင်လယ်တွင် မလုပ်စဖူး စစ်ရေး လေ့ကျင့်ခန်း ကို ရုရှားနှင့် ၂ဝ၁၅ ခုနှစ်တွင် ပထမဆုံး ပြုလုပ်ခဲ့ပြီး ဂျပန်တို့ကို စစ်အင်အား ပြသခဲ့သည်။ ထို့ပြင် ၂ဝ၁၅ ခုနှစ် ကလည်း ရုရှားနှင့် တရုတ်တို့၏ အကြီးမားဆုံး စစ်ရေးပူးပေါင်း လေ့ကျင့်ခန်းကို ထပ်မံပြုလုပ် ခဲ့သေးသည်။ 

တရုတ်တို့၏ ရုရှားနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများက ၂ဝ၁၅ ခုနှစ်တွင် ပစိဖိတ် သမုဒ္ဒရာနှင့် မြေထဲပင်လယ်ထဲ အထိပါ ရောက်ရှိခဲ့ပြီး တရုတ်သင်္ဘောများ ကမ္ဘာအနှံ့ ခြေဆန့်ခဲ့ ကြသည်။

ရုရှားနှင့်တရုတ် တို့၏ ပူးပေါင်း လေ့ကျင့်မှုများသည် အမေရိကန်နှင့် ဂျပန်တို့၏ စစ်ရေးပူးပေါင်း မှုကို တန်ပြန်ရန် ရည်ရွယ်သည်။ ၂ဝ၁၅ ခုနှစ်က ဂျပန်၏စစ်ရေး အသုံးစရိတ် သည် ၄၂ ဘီလီယံအထိ ရှိခဲ့ပြီး ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ထို့ပြင်၂ဝ၁၆ ခုနှစ်တွင် စစ်အသုံးစရိတ်ကို ထပ်မံတိုးမြှင့်ရန် ရည်ရွယ်ထား သေးသည်။ ဂျပန်သည် တရုတ်၏ စစ်အင်အား လွှမ်းမိုးမှုများကို တန်ပြန်နိုင်ရန် စစ်ရေး အသုံးစရိတ်ကို တစိုက်မတ်မတ် တိုးမြှင့် လာနေပြီး ကိုယ်ပိုင် ဂျက်တိုက် လေယာဉ်များကို တီထွင် ထုတ်လုပ်ခဲ့သည်။ လေယာဉ်တင် သင်္ဘောများကို ရေချခဲ့သည်။ နိုင်ငံရပ်ခြား တိုက်ခိုက်ရေး မူဝါဒများကိုလည်း အတည်ပြု ခဲ့သည်။

ထို့ပြင် ယခင်က တစ်ကြိမ် တစ်ခါမျှမပြုလုပ် ဖူးသော သူ၏ ဒုတိယကမ္ဘာစစ် အတွင်းက ကိုလိုနီနိုင်ငံ များကို စစ်သင်္ဘောများ စေလွှတ်သည်။ ဧပြီလ အစောပိုင်းက ဂျပန်၏ ရေငုပ်သင်္ဘောနှင့် ဖျက်သင်္ဘောများ ဖိလစ်ပိုင်သို့ ရောက်ရှိ လာခဲ့သည်။ ဤသည်မှာ ဂျပန်၏ စစ်ရေးမဟာမိတ် ချဲ့ထွင်ရေး မဟာဗျူဟာ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ တရုတ်သည် တောင်တရုတ် ပင်လယ်ပြင်တွင် ကျွန်းများ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ နိုင်ငံငယ်ပေါင်း ငါးနိုင်ငံနှင့် အငြင်းပွား နေသကဲ့သို့ ဂျပန်နှင့်လည်း ကျွန်းစုများ အငြင်းပွားမှု ရှိနေသည်။

ထိုသို့ အငြင်းပွားလျက် နှင့်ပင် တရုတ်က လူလုပ်ကျွန်းစုများ ဆက်၍ တည်ဆောက်သည်။ ယခု စပရတ်တလီ ကျွန်းစုရှိ ကျွန်းတုသည် ဂျက်တိုက် လေယာဉ်ပင် ဆင်းသက် နေနိုင်ပြီ ဖြစ်သည်။ အကယ်၍ ထိုကျွန်းသာ တရုတ်တို့၏ စစ်အခြေစိုက် စခန်းတစ်ခု ဖြစ်သွားခဲ့ပါက အမေရိကန်၏ စစ်အင်အားကို တရုတ်တို့ အတိုင်းအတာ တစ်ခုအထိ ခြိမ်းခြောက် နေနိုင်ပြီဖြစ်သည်။ အမေရိကန်တွင် မိုင်ပေါင်းထောင်ချီ ပျံသန်းနိုင်သည့် လေယာဉ်များ  ရှိသည်။ တရုတ်တို့တွင် ထိုအားနည်း ချက် ရှိသည်။ ထို အားနည်းချက်ကို ဖြည့်ဆည်းရန် တရုတ်တို့က အမြဲတမ်း ကြံစည် နေခဲ့သည်။ ယခု စပရတ်တလီ ကျွန်းစုရှိ ထို စစ်အခြေစိုက် စခန်းက တရုတ်တို့၏ ထိုးစစ်အတွက် မိုင်ပေါင်း ၁ဝဝဝ နီးပါးခန့် တိုသွားစေမည် ဖြစ်သည်။

ထို့ကြောင့် ပြည်မကြီးရှိ စစ်အခြေစိုက် စခန်းတစ်ခုကဲ့သို့ ဘက်စုံသုံး နိုင်ရန် ထိုလူလုပ်ကျွန်း ကို တရုတ်တို့က တည်ဆောက် နေခြင်းဖြစ်သည်။ ထို့ကြောင့် အမေရိကန်က ထိုကျွန်းစု အသက်ဝင် လာမည်ကို လွန်စွာ စိုးရိမ်နေခြင်း ဖြစ်သည်။ တစ်ဖက်တွင် ရုရှားကလည်း သူ၏အင်အား အကောင်းဆုံး ရန်သူတော် နှစ်ဦးနှင့် အားပြိုင် နေရသည်။ အမေရိကန်နှင့် မြောက် အတ္တလန္တိတ် စာချုပ်အဖွဲ့ နေတိုး တို့ဖြစ်သည်။ အမေရိကန်သည် ရုရှားကိုပြိုင်ရန် နေတိုးကို ဥရောပတွင် လွှတ်ထားခဲ့သည်။

သူကိုယ်တိုင် ကတော့ အာရှ-ပစိဖိတ် ကို ရောက်ရှိ လာခဲ့သည်။ အာရှတွင် တရုတ် စစ်အင်အား လွှမ်းမိုးမှုကို တန်ပြန်နိုင်ရေး ဖြစ်သည်။ ဆီးရီးယား နယ်စပ်တွင် ရုရှား တိုက်လေယာဉ် ပစ်ချခံခဲ့ ရသောကြောင့် တူရကီနှင့်ရုရှား တို့ တင်းမာမှု အထွတ်အထိပ် သို့ ရောက်ရှိသွား ခဲ့ပြီး စစ်ပွဲတစ်ခု ဖြစ်ပွားနိုင်လောက် သည်အထိ စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ နေတိုးကလည်း အကယ်၍ ရုရှားနှင့် တူရကီ စစ်ဖြစ်ပါက တူရကီဘက်က ဝင်တိုက်မည်ဟု ရုရှားကို သတိပေးထား ခဲ့သောကြောင့် ဥရောပတွင် ထိပ်တိုက် တွေ့နေရသော နေတိုးကို ရုရှား ဒေါသထွက် ပြီးရင်းထွက်ခဲ့ ရသည်။ ထို့ကြောင့် နေတိုးကို သူ၏ ပထမဆုံး ရန်သူတော် အဖြစ် အမေရိကန်ကို ကျော်ပြီး ကြေညာခဲ့သည်။

ယခုဥရောပတွင် နေတိုးကို ရင်ဆိုင်နိုင်ရန် ပူတင်က အသင့်ပြင်ခိုင်း ထားသည်။ နေတိုးကို စစ်ရေးအရ ယှဉ်ပြိုင် အနိုင်ယူရန် ရာခိုင်နှုန်း မသေချာသေး ချိန်တွင် အမေရိကန်သာ နေတိုးဘက်က ပါဝင်လာခဲ့ပါက ရုရှားတို့ ကျိန်းသေ စစ်ရှုံးမည် ဖြစ်သည်။ ရုရှား၏ စစ် အသုံးစရိတ်သည် တဖြည်းဖြည်း လျော့နည်း လာနေသည်။ ထိုအချိန်တွင် နေတိုးက တိုးမြှင့်လာသည်။ ၂ဝ၁၅ ခုနှစ် ရုရှား၏ စစ်အသုံးစရိတ် သည် အမေရိကန် ဒေါ်လာ ၆ဝ ဘီလီယံ အောက်သာ ရှိခဲ့သည်။ ၂ဝ၁၆ ခုနှစ်တွင် ၅ ရာခိုင်နှုန်း ထပ်မံလျှော့ချ ဦးမည်။

တရုတ်၏ စစ်အသုံးစရိတ် ၁၁၆ ဘီလီယံ နှင့်နှိုင်းယှဉ်လျှင် ရုရှား၏ စစ်အသုံးစရိတ် သည် ထက်ဝက် နီးပါးသာသာ ရှိတော့သည်။ ရေနံဈေးနှုန်း ကလည်းကျ၊ စီးပွားရေး ပိတ်ဆို့မှုကလည်း ခံရ၊ ဆီးရီးယား ကိုလည်း စစ်ဝင်တိုက် လိုက်ရသောကြောင့် ရုရှားသည် နေတိုးနှင့် အမေရိကန်ကို ယှဉ်ပြိုင်နိုင်ရန် လမ်းစက နည်းသည်ထက် နည်းလာနေသည်။ ထို့ကြောင့် အမေရိကန်၏ စစ်အသုံးစရိတ်ကို အမီလိုက် နိုင်ရန် ကြိုးစားနေသော တရုတ်နှင့် ပိုမိုခိုင်မြဲသော ချစ်ကြည်ရေး တည်ဆောက်ရန် အစကတည်းက ရုရှား၏ စိတ်ကူးများသည် ပိုမို အမြစ်တွယ် လာခဲ့ရသည်။

တရုတ်ကလည်း အမေရိကန်၏ စစ်အင် အားကို အမီလိုက်ရန် သည် ရုရှား၏ စစ်အင်အား အကူအညီ မဖြစ်မနေ လိုအပ်သည်။ လတ်တလော တွင် အမေရိကန်နှင့် ဂျပန်တို့၏ ပူးပေါင်းအားကို တောင်တရုတ် ပင်လယ်ပြင်တွင် မြင်နေရသည်။ ထို့ကြောင့် အမေရိကန်၏ စစ်ရေး အင်အားကို ယှဉ်ချင် နေသော ရုရှားနှင့် တရုတ်သည် စစ်ရေးအရ အလိုအလျောက် ယခင်ကထက် ပူးပေါင်းသွား ရတော့သည်။ သို့သော်လည်း အမေရိကန်၏ စစ် အသုံးစရိတ် သည် ရုရှားနှင့်တရုတ် နှစ်နိုင်ငံ စစ်အသုံးစရိတ် အားလုံး ပေါင်းရုံ သာမက ထိပ်ဆုံး စစ်အသုံးစရိတ် အများဆုံး နိုင်ငံ ခြောက်နိုင်ငံ ပေါင်းလျှင် တောင်မှ လိုက်မမီ နိုင်အောင် ဖြစ်နေသည်။

အမေရိကန်၏ စစ်အသုံး စရိတ်သည် ၆ဝဝ ဘီလီယံကျော် ရှိသည်။ သို့သော်လည်း တစ်ကမ္ဘာလုံးရှိ စစ်အခြေစိုက် စခန်းများကို ပြန့်နေသော အမေရိကန်၏ စစ်အသုံးစရိတ် သည် တရုတ်နှင့် စစ်ဖြစ်ခဲ့ပါက ချက်ချင်းပြန် စုစည်းနိုင်ရန် လ အတော်အတန် ကြာနိုင်သည်။ ထိုအချက်ကို သိသော တရုတ်တို့သည် ရုရှားနှင့် ပူးပေါင်းခြင်း အားဖြင့် အမေရိကန်အား တုံ့ပြန် နိုင်သည်ကို ကောင်းစွာ ရိပ်မိသည်။ ထို့ကြောင့် ရုရှားနှင့် စစ်ရေး အရ ပူးပေါင်းမှုများကို တိုးမြှင့် လုပ်ဆောင်သည်။

ယခုတရုတ်နှင့် ရုရှားတို့၏ မဟာမိတ် ဖြစ်လာသူမှာ ပါကစ္စတန် ဖြစ်သည်။ ပါကစ္စတန် သည် နျူကလီးယား ပိုင်ဆိုင် သောကြောင့် အကယ်၍ စစ်ဖြစ်ခဲ့ပါက တရုတ်နှင့်ရုရှား အတွက် မဟာမိတ်ကောင်း ဖြစ်လာမည် ဖြစ်သည်။ တရုတ်က စီးပွားရေးအရ ပါကစ္စတန် ကို ကူညီသည်။ ယခု ရုရှားကလည်း ပါကစ္စတန်ကို စစ်ရေးအရ အကူအညီများ တိုးမြှင့် ပေးအပ်တော့မည်။ ၂ဝ၁၆ ခုနှစ်ထဲမှာပင် ရုရှားနှင့် ပါကစ္စတန် တို့၏ ပထမဆုံး ပူးပေါင်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်တော့မည် ဖြစ်သည်။

ထို့ကြောင့် ရုရှားနှင့်တရုတ် တို့၏ နှစ်နိုင်ငံ အကြီးမားဆုံး စစ်ရေး လေ့ကျင့်ခန်း များထဲတွင် မကြာမီ ပါကစ္စတန် ပါဝင်လာ တော့မည်။ အိန္ဒိယ သမုဒ္ဒရာတွင် နှစ်စဉ်ပြုလုပ် သည့် အိန္ဒိယ၊ အမေရိကန်နှင့် ဂျပန်တို့ ပူးပေါင်း ပါဝင်သော မာလာလာ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းကို တန်ပြန်ရန်အတွက် ဖြစ်သည်။ ထို့ကြောင့် တရုတ်သည် ၂ဝ၁၆ ခုနှစ် မှစတင်ကာ အာရှ-ပစိဖိတ် ရှိ အမေရိကန်၏ စစ်ရေး လေ့ကျင့်ခန်း များကို အမီလိုက်ရန် ရုရှားနှင့် အနည်းဆုံး တစ်နှစ်လျှင် စစ်ရေး လေ့ကျင့်မှုပေါင်း သုံးခုထက် မနည်း ပြုလုပ်တော့မည် ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

အာကာသသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ Space-X က အင်္ဂါဂြိုဟ်ခရီးစဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင်မည်ဟုကြေညာ



ဝါရှင်တန် ၊ ၂၉-၄-၂၀၁၆

နာဆာ၏ အာကာသ ခရီးစဉ် လုပ်ငန်းများကို လုပ်ကိုင်ခွင့် ရရှိထားသော အမေရိကန် အခြေစိုက် အာကာသ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ Space-X သည် ၄င်း၏ အင်္ဂါဂြိုဟ် ခရီးစဉ်များကို ၂ဝ၁၈ ခုနှစ်တွင် စတင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

အင်္ဂါဂြိုဟ် ခရီးစဉ်များတွင် အသုံးပြု သွားမည့် အကျယ် ၁၂ ပေ၊ အမြင့်ပေ၂ဝရှိ Red Dragon အာကာသယာဉ် ကို စမ်းသပ်လျက်ရှိပြီး Red Dragon ဖြင့် အာကာသယာဉ်မှူး များကို သယ်ယူ ပို့ဆောင်ရန် မဟုတ်သေးဘဲ အင်္ဂါဂြိုဟ် ပေါ်သို့  စမ်းသပ် ဆင်းသက်မည် ဖြစ်သည်။ Red Dragon ကို အင်္ဂါဂြိုဟ် ခရီးစဉ်ကဲ့သို့ ဝေးလံ ရှည်လျားသော အာကာသ ခရီးစဉ်များတွင် အသုံးပြုရန် သင့်၊ မသင့် စမ်းသပ်ခြင်း ဖြစ်ကြောင်း သိရသည်။

''၂ဝ၁၈ ခုနှစ်မှာ မက္ကဆီကိုနိုင်ငံ ၊ ဂွာဒါလာဂျာရာမြို့ မှာကျင်းပမယ့် (၆၇) နှစ်မြောက် အပြည်ပြည် ဆိုင်ရာ အာကာသယာဉ်မှူး တွေ ကွန်ဂရက်နဲ့ ချိန်ကိုက်ပြီး Space-X ရဲ့ အင်္ဂါဂြိုဟ် ခရီးစဉ်တွေကို စတင်သွားမှာ ဖြစ်ပါတယ်။ အဲဒီ မတိုင်မီ Red Dragon ကို အင်္ဂါဂြိုဟ်သို့ စေလွှတ်ဆင်းသက် စေမှာ ဖြစ်ပါတယ် '' ဟု Space-X တည်ထောင်သူ အယ်လွန်မာ့စ် က ၄င်း၏ လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အင်္ဂါဂြိုဟ် ခရီးစဉ်သည် ခက်ခဲသော ခရီးစဉ်ဖြစ်ပြီး ကြိုးပမ်းမှု ထက်ဝက်ကျော် သည်လည်း မအောင်မမြင် ဖြစ်ခဲ့ရသည်။ ထို့ပြင် အင်္ဂါဂြိုဟ်ပေါ်တွင် အာကာသယာဉ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ သည်မှာ နာဆာ တစ်ဖွဲ့တည်းသာ ရှိသည်။ Space-X ၏ Red Dragon ခရီးစဉ်ကိုလည်း နာဆာက ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း၊ နည်းပညာ၊ ဆက်သွယ်ရေးနှင့် လမ်းကြောင်း ရှာဖွေရေးတို့ကို ကူညီသွားမည် ဖြစ်သည်။ ထို့ပြင် ၄င်းယာဉ်ပေါ်တွင် တပ်ဆင်သွားရန် လိုအပ်သည့် နောက်ဆုံးပေါ် ကိရိယာများ ကိုလည်း အားဖြည့် တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နာဆာကိုယ်တိုင် သည်လည်း ၂ဝ၁၈ ခုနှစ်တွင် ၄င်းပိုင် အာကာသယာဉ် Insight ကိုအင်္ဂါဂြိုဟ်သို့ လွှတ်တင်မည် ဖြစ်ပြီး အင်္ဂါဂြိုဟ်၏ မြေနက်ပိုင်း လှုပ်ရှားမှုများကို စူးစမ်းလေ့လာ သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

စေတန်ဂြိုဟ်ရံလ တိုင်တန်ပေါ်တွင် မီသိန်းပင်လယ် တွေ့ရှိ



ဝါရှင်တန် ၊ ၂၉-၄-၂၀၁၆

နာဆာပိုင် ကာစီနီ စူးစမ်းလေ့လာရေး အာကာသယာဉ် သည် လွန်ခဲ့သော ၁၂ နှစ်ခန့်  မှစတင်ကာ စေတန်ဂြိုဟ် ကိုလှည့်ပတ် စူးစမ်း လေ့လာလျက် ရှိရာ၂၀၀၇ မှစတင်ကာ ရှစ်နှစ်တာ ကာလအတွင်း စုဆောင်းရရှိခဲ့သော ရေဒါသတင်း အချက်အလက်များကို ခြုံငုံသုံးသပ်ခြင်း အားဖြင့် စေတန် ဂြိုဟ်ရံလ ၊ တိုင်တန်ပေါ်တွင် ရှိသော ပင်လယ်မှာ မီသိန်းပင်လယ် ဖြစ်ကြောင်း ဖော်ထုတ် သိရှိနိုင်ခဲ့ ကြောင်း သိရသည်။ 

ကာစီနီ ကို လွှတ်တင်ကာ စူးစမ်းလေ့လာမှု မပြုမီ တိုင်တန်လ ပေါ်ရှိ ပင်လယ်သည် အီသိန်းဓာတ်ငွေ့ တို့ ဖြင့် ပြည့်နှက်နေနိုင်ဖွယ် ရှိသည်ဟု သိပ္ပံပညာရှင် များက ယူဆထားခဲ့ခြင်း ဖြစ်ကြောင်း၊ မီသိန်း ဓာတ်ငွေ့ မဖြစ်နိုင်ကြောင်း ၊ အဘယ်ကြောင့် ဆိုသော် မီသိန်းသည် နေရောင်ခြည်နှင့် ထိတွေ့ လျင် ပြိုကွဲသွားလေ့ ရှိပြီး အီသိန်း ဟိုက်ဒရိုကာဗွန် ထွက်ပေါ်လာလေ့ ရှိခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ သို့ သော် ထူးခြားစွာပင် ယင်း 

ပင်လယ်ထဲတွင် မီသိန်းဓာတ်ငွေ့  များသာ ရှိနေသည်ကိုတွေ့ ရှိ ခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်းပင်လယ် သည် တိုင်တန်လ ပေါ်တွင် ဒုတိယ အကြီးဆုံး ပင်လယ်ဖြစ်ပြီး Ligeia Mare ဟု အမည်ပေး ထားကြောင်း၊ မီသိန်းမိုး ပုံမှန်ရွာသွန်း ခြင်းကြောင့် Ligeia Mare  တွင် မီသိန်း မခမ်းခြောက်ခြင်း ဖြစ်နိုင်ကြောင်း၊ အီသိန်း ကိုယ်တိုင်လည်း ပင်လယ်ကြမ်းပြင် အပေါ်ယံလွှာ တွင် ပိတ်မိ နေနိုင်ကြောင်း၊ သို့ တည်းမဟုတ် နီးစပ်ရာ ပင်လယ်ထဲသို့  မြေအောက် လမ်းကြောင်း များမှတစ်ဆင့်  စီးဆင်းသွားခြင်း ဖြစ်နိုင်ကြောင်း သုတေသီများက သုံးသပ်သည်။ 

ကာစီနီသည် စေတန်ဂြိုဟ် ကို လွန်ခဲ့သော ၁၂ နှစ်ခန့် မှ စတင်ကာ လှည့်ပတ်စူးစမ်း နေခြင်းဖြစ်ကြောင်း၊ ရေဒါစနစ်ကို အသုံးပြု ကြောင်း၊ ရှစ်နှစ်တာ ကာလအတွင်း ရရှိထားသော တိုင်းထွာချက် များအရ Ligeia Mare ပင်လယ်သည်  မီသိန်း ပင်လယ် ဖြစ်နေသည်ကို တွေ့ ရှိခဲ့ရခြင်း ဖြစ်ကြောင်း၊ Ligeia Mare သည် အနက် ၅၂၅ ပေရှိပြီး ကြမ်းပြင် ပေါ်တွင် သက်ရှိဘ၀ ရှင်သန်နိုင်သော မှော်ပင်များ ရှိနေနိုင်ကြောင်း သုတေသီများက ရှင်းပြသည်။ 

ကမ္ဘာမဟုတ်တဲ့ ဂြိုဟ်ကြီး တစ်လုံးရဲ့ ဂြိုဟ်ရံလပေါ်မှာမှ ပင်လယ်ပြင် စူးစမ်းလေ့လာရေး ကိုလုပ်ရတာ စိတ်လှုပ်ရှား စရာပါပဲ။ လွန်ခဲ့တဲ့ ၁၂ နှစ် လုံးလုံးမှာ ကာစီနီ ဟာ တိုင်တန် ကိုလည်း တွဲဖက်လေ့လာ ခဲ့ရာမှာ ဧရိယာ စတုရန်းမိုင်ပေါင်း ၆၂၀၀၀၀ ကျယ်ဝန်းပြီး နှစ်ရာခိုင်နှုန်း လောက်က အရည်တွေနဲ့ ပြည့်နေတာကို တွေ့ ရှိခဲ့ပြီး တဲ့နောက် အဲဒီ အရည်တွေက ဘာတွေလဲ ဆိုတာကို ကျွန်တော်တို့  ဆက်လက်စူးစမ်း လေ့လာခဲ့တာ ဖြစ်ပါတယ် ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။

Cassini spacecraft probes methane-filled sea on Titan

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

နေ့ချင်းပြန် ခရီးသွားလာမှု များလာသည့် ကျုံထော်သဘာဝရေတံခွန်



လှိုင်းဘွဲ့ ၊ ၂၉-၄-၂၀၁၆

ယခုနှစ်အတွင်း အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန် မြင့်မားမှုများ ဖြစ်ပေါ်နေပြီး ပြည်သူများ အနေဖြင့် ဧပြီလဆန်းပိုင်း မှစ၍ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသ အတွင်းရှိ ကျုံထော် သဘာဝ ရေတံခွန်သို့ နေ့ချင်းပြန် ခရီး သွားရောက် အပန်းဖြေမှု များလာကြောင်း ရန်ကုန်မြို့ရှိ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများမှ သိရသည်။

''ဧပြီ လဆန်းပိုင်းက စပြီး ကျုံထော် သဘာဝ ရေတံခွန်ကို နေ့စဉ် ခရီးသွား ဦးရေ ၄ဝဝ နဲ့ ၅ဝဝ ကြား လာရောက် အပန်းဖြေ ကြတယ်။ သင်္ကြန် ကာလမှာ ဆိုရင် တစ်ရက်ကို ခရီးသွားဦးရေ ထောင်နဲ့ချီပြီး လာရောက် ကြတာ တွေ့ရပါတယ်။ ဧပြီ လဆန်းပိုင်း ကစပြီး အခုချိန်အထိ ခရီးသွား လာရောက်တဲ့ နှုန်းက အနည်းဆုံး ဦးရေ ၅ဝဝ အထက်မှာ ရှိတယ်'' ဟု ရန်ကုန်မြို့ရှိ ခရီးသွား အေဂျင်စီ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုမှ မန်နေဂျာ ကိုဇော်ဦး က ပြောသည်။

အနယ်နယ် အရပ်ရပ်မှ လာရောက်သည့် ခရီးသွားများမှာ ကျုံထော် သဘာဝရေတံခွန် ၌ ရေကူးခြင်း၊ ရေဆော့ ကစားခြင်းနှင့် ဓာတ်ပုံရိုက်ခြင်း စသည့် အပန်းဖြေမှုများ ပြုလုပ်ကြကြောင်း သိရသည်။ အဆိုပါ ရေတံခွန် အနီး၌ ရောင်းချသည့် စားသောက်ဆိုင် များမှာ သတ်သက်လွတ် စားသောက်ကုန် များကိုသာ ရောင်းချ ရကြောင်း သိရသည်။

ကျုံထော် သဘာဝ ရေတံခွန်မှာ သဘာဝအတိုင်း လှပနေခြင်း ကြောင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ လည်း နေ့စဉ် လာရောက် အပန်းဖြေ ကြကြောင်း သိရသည်။

ကျုံထော် သဘာဝရေတံခွန် ကို ရန်ကုန်မြို့ရှိ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများမှ ခရီးသွားများအား နေ့ချင်းပြန် ခရီးစဉ်အဖြစ် တစ်ဦးလျှင် ငွေကျပ် ၃၅ဝဝဝ နှုန်းဖြင့် ပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၅)

တရားမ၀င် ကုန်စည်များတင်သွင်းမှုကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းရှင်များ ဈေးကွက်ယှဉ်ပြိုင်ရန် အခက်အခဲများ ဖြစ်ပေါ်


ရန်ကုန် ၊ ၂၉-၄-၂၀၁၆

ပြည်တွင်း စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပမှ စားသောက်ကုန်များ တရားမဝင် ဝင်ရောက် လာမှုကြောင့် ဈေးကွက် အတွင်း ယှဉ်ပြိုင်ရန် အခက်အခဲများ ဖြစ်ပေါ် နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ လုပ်ငန်းရှင် များ၏ ဆွေးနွေး တင်ပြချက်များ အရ သိရသည်။

ပြည်တွင်း စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ အနေဖြင့် လက်ရှိတွင် ပြည်တွင်း စားသုံးရန်သာ အဓိကထား ထုတ်လုပ် နေရပြီး ပြည်ပမှ တရားမဝင် စားသောက်ကုန်များ ဝင်ရောက်လာ၍ ဈေးကွက် အတွင်း ယှဉ်ပြိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လာရာ တရားမဝင် စားသောက်ကုန်များ တင်သွင်းမှုကို စိစစ် ကြပ်မတ်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

စက်မှုဝန်ကြီး ဌာနတွင် မှတ်ပုံတင် ထားသည့် ပြည်တွင်း စက်မှု လုပ်ငန်းရှင် ၄၄ဝဝဝ ကျော်တွင် ၆၂ ရာခိုင်နှုန်းမှာ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ ဖြစ်ပြီး ပြည်တွင်း စားသောက်ကုန် လုပ်ငန်းများ အနေဖြင့် ပြည်တွင်း စားသုံးရန်သာ အဓိကထား ထုတ်လုပ်ရသည့် အနေအထား ဖြစ်၍ တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်ရန် နှင့် ပြည်ပသို့ တင်ပို့ ရောင်းချရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

ပြည်ပမှ စားသောက်ကုန် များ တရားမဝင် တင်သွင်းမှုကြောင့် နိုင်ငံတော်မှ ရသင့်သော အခွန်အခများ ဆုံးရှုံးလျက် ရှိကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်း စားသုံးသူများ ထံသို့ စားသုံးရန် မသင့်သော အစားအသောက်၊ ဆေးဝါးနှင့် အလှကုန် ပစ္စည်းများပါ ရောနှောတင်သွင်း လာကြောင်း သိရသည်။

''ကျွန်တော်တို့ရဲ့အခက်အခဲက နယ်စပ်ကနေ အခွန် မပေးဆောင်ဘဲ တရားမဝင် တင်သွင်းလာတဲ့ စားသောက်ကုန် တွေကြောင့် ပြည်တွင်းက လုပ်ငန်းရှင် တွေကိုပါ ထိခိုက်မှုတွေ အများကြီး ဖြစ်စေတယ်။ တရားမဝင် တင်သွင်းလာတဲ့ ထဲမှာ ဘာတွေ အဓိက ပါလဲဆိုရင် အစားအသောက် တွေသာမက ဆေးဝါးတွေနဲ့ လူသုံးကုန် ပစ္စည်းတွေ ပါပါတယ်'' ဟု မြန်မာနိုင်ငံ စက်မှု ကုန်ထုတ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပြောသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၅)

ဟိုတယ်ဆိုင်ရာ သင်တန်းများ အခမဲ့တက်ရောက်နိုင်ရန် ကူညီပေးမည်


ရန်ကုန် ၊ ၂၉-၄-၂၀၁၆

ဆွစ်ဇာလန် နိုင်ငံ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဖောင်ဒေးရှင်း က ဟိုတယ် လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင် လိုသည့် လူငယ်များ အတွက် ဟိုတယ်ဆိုင်ရာ သင်တန်းများကို အခမဲ့ တက်ရောက် နိုင်ရန် ကူညီပေးမည်ဖြစ်ပြီး စရိတ်အဖြစ် သင်တန်းကာလ အတွင်း တစ်နေ့လျှင် ငွေကျပ် ၃ဝဝဝ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

''အသက်ငယ်တဲ့ သူတွေနဲ့ ဟိုတယ် လုပ်ငန်းကို စိတ်ဝင်စားတဲ့ သူတိုင်း တက်သင့်တယ်။ အပြင်မှာ သင်တန်းတစ်ခု တက်ရင် အနည်းဆုံး ငွေကျပ် တစ်သိန်းကျော် ကုန်တယ်။ လျှောက်လွှာကို အစိုးရ ခွင့်ပြုထားတဲ့ သင်တန်းကျောင်း မှာ ထုတ်ယူ နိုင်တယ်လို့ သိရတယ်။ အသေးစိတ် ကိုတော့ ထပ်မံ စုံစမ်းနိုင် ပါတယ်'' ဟု ဝင်းဟိုတယ် လုပ်ငန်း သင်တန်းကျောင်း မှ ဦးငွေစိုး က ပြောသည်။

ဟိုတယ်နှင့် ဧည့်လမ်းညွှန် ဆိုင်ရာ လက်တွေ့ လုပ်ငန်းများကို လက်လှမ်း မမီသူ အမျိုးသား၊ အမျိုးသမီးများ အတွက် ဟိုတယ် သင်တန်းများအား ရန်ကုန်နှင့် နေပြည်တော် တို့၌ ပို့ချပေးမည် ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်များမှ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ဆောင်ရွက် ပေးမည်ဖြစ်ကာ သင်တန်းကို နှစ်လ တစ်ကြိမ် ဖွင့်လှစ်မည် ဖြစ်သည်။ ဧပြီလမှ အောက်တိုဘာ လအထိ သုံးကြိမ် ပို့ချမည် ဖြစ်ပြီး သင်တန်းကြေး အခမဲ့နှင့် သင်တန်းကာလ အတွင်း စရိတ်အဖြစ် သင်တန်းသား တစ်ဦးလျှင် တစ်နေ့ ငွေကျပ် ၃ဝဝဝ ကို အဆိုပါ ဖောင်ဒေးရှင်းမှ ကျခံမည် ဖြစ်ကာ အသက် ၃၅ နှစ်အတွင်း ပညာ အရည်အချင်း နဝမတန်း အောင်နှင့် အထက် ရှိရမည် ဖြစ်သည်။

ထို့ပြင် Luxembourg Agency for Development Cooperation (Lux Dev) မှ ပံ့ပိုးဆောင်ရွက် နေသည့် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများအား စွမ်းဆောင်ရည် မြှင့်တင်ခြင်း နှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေခြင်း ငါးနှစ် စီမံကိန်းမှာ အဓိကအားဖြင့် အစိုးရကဏ္ဍ (Government) ၊ ပညာရေးကဏ္ဍ (Education) နှင့် ပုဂ္ဂလိကကဏ္ဍ (Public Sector) များရှိ ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်ပါဝင် ပတ်သက်နေသူ များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးကို ယူရိုငွေ ငါးသန်း အကုန်အကျခံ အကောင် အထည်ဖော် ဆောင်ရွက်သွားမည့် စီမံကိန်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

တိုင်းပြည်ကိုကာကွယ် ၊ ပြည်သူလူထုကို စောင့်ရှောက် ၊ နိုင်ငံဖွံ့ဖြိုတိုးတက်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပျဉ်ပုံကြီးတပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပျဉ်ပုံကြီးတပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ပျဉ်ပုံကြီးတပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအတွက် ဘုရားဆင်းတုတော်များ ပေးအပ်စဉ်


နေပြည်တော် ၊ ၂၉-၄-၂၀၁၆

တပ်မတော်၏ အဓိကတာဝန်မှာ တိုင်းပြည်ကို ကာကွယ်ရန်၊ ပြည်သူလူထုကို စောင့်ရှောက်ရန် နှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ယင်း တာဝန်များကို ထမ်းဆောင်နိုင်ရန် အတွက် တပ်များ စွမ်းဆောင်ရည် ပြည့်ဝစေရန် တပ်တည် ဆောက်ရေး နည်းလမ်းလေးခု ဖြင့် လုပ်ဆောင် နေကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ခေါင်းဆောင်များ၏ မှန်ကန်သော ဦးဆောင်မှု၊ ညီညွတ် မျှတသော အုပ်ချုပ်မှု အောက်တွင် လက်အောက် မှလည်း တရား နည်းလမ်းကျစွာ တိုက်တွန်း မှာကြားချက် များကို အလေးထား လိုက်နာရမည် ဖြစ်ကြောင်း၊ လက်ရှိတာဝန် ထမ်းဆောင် နေသည့် ကာလတွင် မိမိတို့အားလုံး ထိုက်ထိုက်တန်တန် ကြိုးစား လုပ်ဆောင်ရန် တိုက်တွန်း လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပျဉ်ပုံကြီး တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင် များသည် ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်ပုံကြီး တပ်နယ်ရှိ အင်အား ဖြည့်တင်းရေးနှင့် ပြန်လည် နေရာချထားရေး တပ်သို့ ရောက်ရှိကြရာ တပ်မှူး ရုံးခန်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တပ်မှူးက တပ်မတော် တစ်ရပ်လုံးရှိ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေရန်နှင့် ဆေးနိမ့် စစ်သည်များ၏ သက်သာ ချောင်ချိရေးကို အထောက်အကူ ဖြစ်စေရန် ရည်မှန်း၍ မျိုးကောင်း မျိုးသန့်သီးနှံ မျိုးစေ့များ၊ အသားတိုးဝက်၊ ဥစားကြက်နှင့် နို့စားနွား မျိုးကောင်း  မျိုးသန့် ထုတ်လုပ် ဖြန့်ဖြူးမှု အခြေအနေ များကို ရှင်းလင်း တင်ပြသည်။

တင်ပြချက်များ အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆေးနိမ့်စစ်သည် များကို ထိုက်တန်သော နေရာချထားမှု နှင့်အတူ ၄င်းတို့၏ လုပ်အားများဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားရန်၊ အသားတိုးဝက်၊ ဥစားကြက်နှင့် နို့စားနွား များကို စစ်သည် မိသားစု များသာမက ရန်ကုန်မြို့နှင့် ပဲခူးမြို့ တို့ကိုပါ ဖြန့်ဖြူးရောင်းချ နိုင်သည်အထိ တိုးချဲ့ ဆောင်ရွက်ရန်၊ လုပ်ငန်း ကျွမ်းကျင်မှု ရှိစေရေး စိုက်ပျိုးမွေးမြူရေး သင်တန်းများ ပေးရန်၊ ထုတ်လုပ် သည့် သီးနှံမျိုးစေ့ များ၏ အထွက်နှုန်း ကိုပြန်လည် စိစစ်၍ မျိုးကောင်းမျိုးသန့် ဖြစ်စေရေး ထိန်းသိမ်း ကြပ်မတ်ရန်၊ စိုက်ပျိုးရေး အတွက် လိုအပ်ပါက Green House များ စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် တပ်နယ်ခန်းမ တွင် ပျဉ်ပုံကြီး တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တို့ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိမိတို့ အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို အပြည့်အဝ ထမ်းဆောင်နိုင်ရေး အတွက် တပ်များ စွမ်းဆောင်ရည် မြင့်မားစေရန် တပ် တည်ဆောက်ရေး လုပ်ငန်း လေးရပ်ကို အလေးထား လုပ်ဆောင် ခဲ့ကြောင်း၊ လေ့ကျင့်ရေးနှင့် ပတ်သက်၍ တပ်မတော် သင်တန်းကျောင်း များအား အဆင့် မြှင့်တင်ခြင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း၊ အရည်အချင်း ပြည့်ဝသည့် နည်းပြများ ဖြည့်တင်းခြင်း၊ ပြည်တွင်းပြည်ပ အဆင့်မြင့် သင်ထောက်ကူ ပစ္စည်းများ အသုံးပြုခြင်း၊ သင်ရိုးညွှန်းတမ်း များ၊ သင်တန်းကာလများ ပြင်ဆင် ရေးဆွဲခြင်း စသည်ဖြင့် လေ့ကျင့်ရေး နယ်ပယ်မြှင့်တင် ခြင်းများကို လုပ်ဆောင်ပေး ခဲ့ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် စားသောက်၊ နေထိုင်ရေး၊ သွားလာရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စအဝဝတွင် ပိုမိုတိုးတက် ကောင်းမွန် အောင်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ပညာရေးနှင့် ပတ်သက်၍ အကြောင်း အမျိုးမျိုးကြောင့် ပညာရေး အားနည်းသည့် စစ်သည်များအား ပညာရည် မြှင့်တင်ရေး အလေးပေး လုပ်ဆောင် နေကြောင်း၊ Standard Army တည်ဆောက် ရာတွင်လည်း အတန်းပညာ သည် အခြေခံ ဖြစ်ခြင်းကြောင့် တပ်မတော် တစ်ရပ်လုံး ပညာရည် မြှင့်တင်ရေး လုပ်ဆောင်နေ သကဲ့သို့ မိသားစုဝင်များ၏ ပညာရည် မြှင့်တင်မှု လုပ်ငန်းများကိုပါ ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ပညာရည် ထူးချွန်သူများ ကိုလည်း ထိုက်တန်စွာ ဆုချီးမြှင့်ခြင်း၊ ပညာသင်စရိတ် ချီးမြှင့်ခြင်းများ လုပ်ဆောင်ပေး နေကြောင်း၊ ၄င်းအပြင် စာဖတ်အား ကောင်းမွန်ရေး၊ စာဖတ်ရှိန် မြှင့်တင်ရေး အတွက် စာကြည့်တိုက်များ စနစ်တကျရှိရေး ကြပ်မတ် ဆောင်ရွက်ပေး နေကြောင်း၊ စစ်သည် မိသားစုများ၊ မိဘများကလည်း သားသမီးများ ပညာရေး တိုးတက်မြင့်မား စေရန် တိုက်တွန်း အားပေး၍ ပညာရေးကို အလေးထား ကြိုးစားကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော် သားများ တာဝန် ထမ်းဆောင်ရာတွင် နောက်ဆံမငင် ရစေရန် အတွက် စစ်မှုထမ်းဟောင်း များနှင့် ပတ်သက်၍ ၍ ကျဆုံးသွားသည့် တပ်မတော်သား များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဆောင် စဉ်မသန်စွမ်း ဖြစ်သွားသူများ၊ သက်ပြည့် တာဝန် ထမ်းဆောင်သူ အငြိမ်းစား တပ်မတော်သားများ၊ အကြောင်း အမျိုးမျိုးကြောင့် နုတ်ထွက်ခွင့်ပြု လိုက်သည့် စစ်မှုထမ်းဟောင်းများ စသည်ဖြင့် သတ်မှတ်ထားသည့် အမျိုးအစား အလိုက် စစ်မှုထမ်းဟောင်း အိမ်ရာ၊ တန်ဖိုးနည်း အိမ်ရာ၊ ဘိုးဘွားရိပ်သာများ ဆောက်လုပ်ပေး နေမှု အခြေအနေများ၊ စစ်မှု ထမ်းဆောင်စဉ် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရပြီး မသန်စွမ်း ဖြစ်သွားသူ တပ်မတော်သား များအတွက် အင်အား ဖြည့်တင်းရေး နှင့် ပြန်လည် နေရာချထားရေး တပ်များတွင် နေထိုင်ရေး အပြင် အလုပ်အကိုင် အတွက် ထည့်သွင်း စဉ်းစား လုပ်ဆောင်ပေး နေမှု အခြေအနေ များအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပျဉ်ပုံကြီး တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် ဘုရား ဆင်းတုတော် များနှင့် သုတ၊ ရသစာအုပ်၊ စာစောင်များကို ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ က တပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေ များကို ပေးအပ်သည်။

ယင်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က  စားသောက်ဖွယ်ရာ များကို လည်းကောင်း၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး က အားကစား ပစ္စည်းများကို လည်းကောင်း အသီးသီး ပေးအပ်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင် များသည် အရာရှိ၊ စစ်သည်၊ မိသားစုဝင် များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးသည်။

တွေ့ဆုံပွဲ အပြီးတွင် အင်အား ဖြည့်တင်းရေးနှင့် ပြန်လည် နေရာချထားရေး တပ်ရှိ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ရန် လျာထားသည့် မြေနေရာများနှင့် အဆောက်အအုံများ ဆောက်လုပ်နေမှုကို သွားရောက် ကြည့်ရှုကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အဆင့်မြှင့် နည်းစနစ်များ အသုံးပြု၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျ အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းတိုင် တပ်နယ်ရှိ ရန်ငြိမ်းအေး ခန်းမတွင် နယ်မြေခံ တပ်မဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့ များမှ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မဌာနချုပ်၏ ကာလရှည်ကြာ စစ်ဆင်ရေး တာဝန် ထမ်းဆောင်မှုအား ဂုဏ်ယူ အသိအမှတ်ပြု ပါကြောင်း၊ စစ်၏ သဘောတရားတွင် ဉာဏ်ကိုသုံးပြီး စစ်နည်းဗျူဟာမြောက် တိုက်ပွဲဝင်နိုင်ပါက အောင်မြင်မည် ဖြစ်ကြောင်း၊ အောင်မြင်မှုများ ရရှိ သကဲ့သို့ ဆုံးရှုံးမှုများလည်း ရှိနိုင်သဖြင့် ပေါ့ဆ၍ မရကြောင်း၊ ဆောင်ရွက်ခဲ့ သည်များကို ပြန်လည်သုံးသပ်ပြီး နောင်တွင် ပိုမို အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လေ့ကျင့်ရေး များကို စနစ်တကျ ဆောင်ရွက်ပြီး လေ့လာ၊ လေ့ကျင့် ၊ လိုက်နာ ဆိုသည့်လုပ်ငန်းစဉ် များအတိုင်း လက်တွေ့နယ်ပယ် တွင် ထိရောက်စွာ အသုံးချရန် လိုကြောင်း ၊ ပြည်သူလူထု အား ညီအစ်ကို မောင်နှမစိတ်၊ မိသားစုစိတ် မွေး၍ လုံခြုံစွာ ကာကွယ်စောင့်ရှောက် ရန်တာဝန်ရှိပြီး တပ်မတော်နှင့် ပြည်သူ တစ်သားတည်း ရှိရမည်ဖြစ်ကြောင်း၊ ကိုယ့်မိသားစု လုံခြုံ စေချင်သလို မိမိနှင့်ဆက်စပ် နေသည့် ပြည်သူ့ဘဝ လုံခြုံအောင် ကာကွယ်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ၊ သဘာဝဘေးဒဏ် ကျရောက်ချိန် များတွင်လည်း တတ်နိုင်သည့် ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ် တွင် တာဝန်ထမ်းဆောင် ရာ၌ ဥပဒေနှင့်အညီ ဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ကိစ္စများတွင်လည်း ချမှတ်ထားသည့် မူဝါဒနှင့်အညီ ပြေလည်အောင် ပူးပေါင်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သားများ အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး၊ စောင့်ရှောက်ရေးနှင့် ထူထောင်ရေး လုပ်ငန်းများတွင် တာဝန် ကျေပွန်အောင် ကြိုးပမ်းလုပ်ဆောင် ကြရန် တိုက်တွန်းကြောင်း ဖြင့် ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းတိုင်တပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ အင်းတိုင်တပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးး အသင်းအတွက် ချီမြှင့်ငွေများ ပေးအပ်စဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အင်းတိုင် တပ်နယ်ရှိ အရာရှိ ၊ စစ်သည် ၊ မိသားစု များအတွက် သုတ၊ ရသစာအုပ်၊ စာစောင်များကို ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ က တပ်နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်သည်။

ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း က စားသောက်ဖွယ်ရာ များကို လည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော က အားကစားပစ္စည်း များကိုလည်းကောင်း အသီးသီးပေးအပ် ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Defend the country, protect the people and partake in national development undertakings


Senior General Min Aung Hlaing meets officers, other ranks and families at Indaing Station.

Senior General Min Aung Hlaing presents books to a military officer at Pyinbongyi Station.

Senior General Min Aung Hlaing cordially greets Tatmadawmen and families at Pyinbongyi Station.

Nay Pyi Taw April 29

The principal duty of the Tatmadaw is to defend the country, to protect the people and to partake in the national development undertakings. Four troop-building means are being applied for enhancing the qualifications of soldiers to shoulder the said duties well. In doing so, the subordinates must follow the just and logical directives under the correct leadership and fair and balanced administration. I would urge you all to make worthwhile endeavours throughout your service said, Commanderin- Chief of Defence Services Senior General Min Aung Hlaing at his meeting with officers, other ranks and families of Pyinbongyi Station.

The Senior General and entourage arrived at the recruitment and resettlement unit of the station this morning. At the unit commander’s office, they heard a report on the production and distribution of quality crop seeds, quality strain pigs, layers and quality strain milk cows to support the manageable-scale agriculture and breeding undertakings, and the welfare of soldiers who failed the medical test. In his response, the Senior General gave instructions on ensuring success of works with the contribution of the labour of soldiers who failed the medical test alongside the systematic resettlement plans for them, extension of layer and milk cow farms not only for distribution to Tatmadawmen and families but also to Yangon and Bago, provision of agriculture and breeding courses for work efficiency, producing quality strains after checking the rate of yield and establishment of greenhouses for agriculture if necessary.

Next, the Senior General met with officers and other ranks and their families at the hall of Pyinbongyi Station. Also present were wife of the Senior General Daw Kyu Kyu Hla, Joint Chief of the General Staff (Army, Navy and Air) Commanderin- Chief (Air) General Khin Aung Myint, Commander-in- Chief (Navy) Admiral Tin Aung San, senior officers from the office of Commander-in-Chief (Army) and the commanders of Yangon Command and Southern Command.

Speaking on the occasion, the Senior General said focus was on military build-up and combat skills so that Tatmadawmen can fully perform their defence duties. As for training, he explained upgrading of defence services training schools, their reformation, appointing of skilled course instructors, providing of modern teaching aids locally and internationally produced, drawing of new curriculums and syllabuses, extension of training areas. Regarding administration, the Senior General explained the better fulfilment of the needs in accommodation, meals, health and education.

With regard to education, the Senior General pointed out promotion of the education of soldiers who are weak in their education for various reasons. He said as education level is fundamental in building a standard army, efforts are being made to promote the education of the entire Tatmadaw as well as their families. Awards and scholarships are also being presented to outstanding ones while more libraries are being opened to improve their reading. He then urged the Tatmadawmen to motivate their children to pursue and promote their education.

As for the welfare of war veterans, the Senior General also explained providing of staff quarters, low-cost housing and homes for the aged to the families of fallen soldiers, those who became disabled in action, retired servicemen and those who were allowed to be out of service due to various reasons and conditions giving accommodation and creating jobs for servicemen who lost their limbs while in service at recruitment and resettlement units.

The Senior General presented Buddha images, books and publications to officers, other ranks and families of Pyinbongyi Station while Daw Kyu Kyu Hla, wife of the Senior General, gave cash for Station Maternal and Child Welfare Association through officials.

General Khin Aung Myint presented foodstuffs and Adjutant-General Lt-Gen Hsan Oo, sports gear to officers, other ranks and families. The Senior General and party cordially greeted officers, other ranks and families.

After inspecting the land plots for agriculture and livestock breeding tasks and construction of buildings at the Recruitment and Resettlement Unit, the Senior General instructed officials to focus on achieving success in agriculture and livestock breeding tasks with the use of modern technologies.

In the afternoon, the Senior General and party met officers, other ranks and families of local Light Infantry Division, regiments and units at Yan Nyein Aye Hall in Indaing Station.

At the meeting, the Senior General said he recognized the long-term military operation duty of the Light Infantry Division. In the warfare technology, those who combat  the enemy through military tactics and initiatives will secure victory. They should not be negligent because they may embrace victory as well as losses. They must review their tasks so as to secure greater achievements in the future. By taking systematic trainings, they need to effectively apply their experiences in the practical fields in line with the procedure of study, training and adherence. They have to take responsibility for safeguarding the public through brotherly spirit and family spirit while practising the Tatmadaw as one with the people. They must safeguard the lives of the people  similar to their families. The Tatmadawmen must participate in nationbuilding tasks and rescue and relief works in the natural disasters as much as they can. They should take out their tasks in line with the laws in the democratic era. It needs to cooperate with authorities in the armed ethnic issues in line with the adopted policy. The Senior General urged the Tatmadawmen to make strenuous efforts in State defence duty, safeguarding and rehabilitation tasks dutifully.

The Senior General presented books and publications on various subjects to officers, other ranks and families of Indaing Station while Daw Kyu Kyu Hla gave cash assistance to the Station MCWA.

After that, Admiral TinAung San also gave foodstuffs and Quartermaster-General Lt-Gen Nyo Saw, sports equipment to them.The Senior General and party cordially greeted officers, other ranks  and families. (100)

The Myawady Daily

ဝေးလံခေါင်းပါးဒေသများရှိ တိုက်နယ်ဆေးရုံများ၌ တပ်မတော်ပါရဂူများနှင့် ဆေးမှူးများက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး


တပ်မတော်ပါရဂူများက ဝေးလံခေါင်းပါး ဒေသများရျိ တိုက်နယ်ဆေးရုံများ၌ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၂၉-၄-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ ချင်းပြည်နယ် နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ အတွင်း ဝေးလံခေါင်းပါး ၍ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဒေသများရှိ ဒေသခံ ပြည်သူများ၏ ကျန်းမာရေးမြှင့်တင် ပေးရန်အတွက် မြို့နယ်နှင့် တိုက်နယ် ဆေးရုံများ၌ ဆရာဝန် လိုအပ်ချက်များ ရှိသဖြင့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများက မိမိသဘော ဆန္ဒအလျောက် သွားရောက် တာဝန်ထမ်းဆောင် ၍ ဒေသခံပြည်သူ များ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို မတ်လ လလယ်ပိုင်းမှ စတင်၍ ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ မတ် ၂၂ ရက် မှ ဧပြီ ၂၇ ရက်အထိ နန်းယွန်းဒေသမှ ဒေသခံပြည်သူ ၅၇၃ ဦး၊ ပန်ဆောင်ဒေသမှ ဒေသခံပြည်သူ ၄ဝ၇ ဦး၊ ဒုံဟီးဒေသမှ ဒေသခံပြည်သူ ၄၇၈ ဦး၊ လဟယ်ဒေသမှ ဒေသခံပြည်သူ ၅၂ဝ ဦး၊ ယမ်းကြုံးဒေသမှ ဒေသခံပြည်သူ ၄၈ ဦး၊ ထန်ပါခွေဒေသမှ ဒေသခံပြည်သူ ၁ဝ၂ ဦး၊ လေရှီးဒေသမှ ဒေသခံပြည်သူ ၂၉၆ ဦး၊ ဆွမ္မရာဒေသမှ ဒေသခံပြည်သူ ၂၃၆ ဦး၊ ပန်ဆပ်ဒေသမှ ဒေသခံပြည်သူ ၁၈ဝ ဦး၊ မိုဘိုင်လွတ်ဒေသ မှ ဒေသခံပြည်သူ ၇၉ ဦး၊ ကောင်းဟိန်ဒေသ မှ ဒေသခံပြည်သူ ၁၃၃ ဦး၊ ကျီခါးဒေသ မှ ဒေသခံပြည်သူ ၁၇၈ ဦး၊ တွန်းဇံဒေသ မှ ဒေသခံပြည်သူ ၈၄၈ ဦး၊ ရိဒ်ဒေသမှ ဒေသခံပြည်သူ ၃၄၇ ဦး၊ ဆူရ်ခွားဒေသ မှ ဒေသခံပြည်သူ ၂၉၂ ဦး၊ ထန်တလန်ဒေသ မှ ဒေသခံပြည်သူ ၈၇၉ ဦး၊ လုံလဲဒေသမှ ဒေသခံပြည်သူ ၈၁ ဦး၊ မတူပီဒေသမှ ဒေသခံ ပြည်သူ ၈၅၇ ဦး၊ ရေဇွာဒေသမှ ဒေသခံ ပြည်သူ ၃၁၃ ဦး၊ လိုင်လင်းပီဒေသမှ ဒေသခံပြည်သူ ၃ဝ၁ ဦးနှင့် ဝမ္မသူးဒေသမှ ဒေသခံပြည်သူ ၁၈၉ ဦး၊ စုစုပေါင်း ၇၃၃၇ ဦးအား အထွေထွေ ဖျားနာ ဆေးကုသမှုများ၊ ခွဲစိတ် ရောဂါများ၊ ကလေးရောဂါများ၊ သားဖွားမီးယပ် ရောဂါများ၊ အရိုးရောဂါများ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများ၊ မျက်စိရောဂါ များနှင့် အခြား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ဆက်လက်၍ လည်း ကျန်းမာရေး မြှင့်တင်မှုအား အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၂)

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၄-၂၀၁၆) သောကြာနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၄-၂၀၁၆) သောကြာနေ့

Download Links



Thursday, April 28, 2016

မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးကျည်ထပ်မံ စမ်းသပ်ပါက အရေးယူမည်ဟု ဆိုလာသည့် အမေရိကန်




( အောင်နှင်းဆီ )

မြောက်ကိုရီးယား အစိုးရ အနေဖြင့် တားမြစ်ထားသည့် နျူကလီးယား နှင့် ဒုံးကျည် စမ်းသပ်မှု များကို ထပ်မံလုပ်ဆောင် သွားမည်ဆိုပါက အမေရိကန် ပြည်ထောင်စုမှ ပိတ်ဆို့မှုသစ်များ ချမှတ်ခြင်း သို့မဟုတ် လုံခြုံရေးအရ တုံ့ပြန် လုပ်ဆောင် ခြင်းဖြင့် အရေးယူ သွားမည်ဟု အမေရိကန် အစိုးရက ဧပြီ ၂၆ ရက်တွင် ထုတ်ဖော် ပြောကြား လိုက်သည်။

အမေရိကန် အစိုးရ၏ ပြောကြားချက် တွင် မြောက်ကိုရီးယား နိုင်ငံသည် တာလတ်ပစ် ဒုံးကျည်တစ်စင်း ကို စမ်းသပ် ပစ်ခတ်ရန် စီစဉ်လျက် ရှိသည်ဟု တောင်ကိုရီးယား ယွန်ဟပ် သတင်းအေဂျင်စီ က အစောပိုင်းတွင် ထုတ်ပြန် ခဲ့ပြီးနောက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ စမ်းသပ်မှုများကို ပဉ္စမ အကြိမ်မြောက် ပြုလုပ်ရန် ကြိုးပမ်းနေသည် ဟု နိုင်ငံရေး သုံးသပ်သူများက မျှော်လင့်ထားပြီး အဆိုပါ စမ်းသပ်မှုကို မေလ အစောပိုင်းက ကျင်းပမည့် မြောက်ကိုရီးယား အာဏာရ အလုပ်သမား ပါတီ ကွန်ဂရက် လွှတ်တော် အစည်းအဝေး မတိုင်မီ ပြုလုပ်သွားဖွယ် ရှိသည်။

မြောက်ကိုရီးယား အစိုးရက ပြုလုပ်လာ နိုင်ဖွယ်ရှိသည့် နျူကလီးယား စမ်းသပ်မှု၏ ခြိမ်းခြောက်မှု အန္တရာယ်မှ အမေရိကန် ပြည်ထောင်စု အပါအဝင် ဒေသတွင်းရှိ မဟာမိတ်နိုင်ငံ များကိုပါ ကာကွယ် နိုင်ရေးအတွက်အမေရိကန် အစိုးရက လုပ်ဆောင်လျက် ရှိကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမား က ဧပြီ ၂၆ ရက်တွင် ပြောကြား ခဲ့သည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြောက်ကိုရီးယား နိုင်ငံမှ ထွက်ပေါ်လာ နိုင်သည့် အဆင့်နိမ့် ခြိမ်းခြောက်မှု အန္တရာယ် များကို တားဆီးနိုင်ရေး အတွက် ဒုံးခွင်းဒုံး စနစ်တစ်ခုကို ဖြန့်ချနိုင်ရန် အချိန်ယူ လုပ်ဆောင်လျက် ရှိသည်ဟု အိုဘားမားက CBS သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်း တစ်ခု၌ ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား အစိုးရသည် ၄င်းတို့၏ စတုတ္ထ အကြိမ်မြောက် နျူကလီးယားဗုံး စမ်းသပ်မှုကို ယခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ပြုလုပ်ခဲ့ပြီး နောက်တစ်ရက် အကြာတွင် တာဝေးပစ် ဒုံးပျံတစ်စင်းကို ထပ်မံစမ်းသပ် ပစ်ခတ်ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံ၏ အဆိုပါ လုပ်ဆောင်ချက် များကို တုံ့ပြန်သည့် အနေဖြင့် ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စု တို့က ပိတ်ဆို့မှုများ ထပ်မံ ချမှတ်ခဲ့သည်။

ထိုအချိန်မှစ၍ မြောက်ကိုရီးယား အစိုးရသည် ပိတ်ဆို့မှုများကို အာခံသည့် အနေဖြင့် ဒုံးကျည်စမ်းသပ်မှု များကို ထပ်မံလုပ်ဆောင် ခဲ့သည့်အပြင် ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်း ကလည်း ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်တစ်စင်း ကိုပါ စမ်းသပ်ပစ်ခတ် ခဲ့သည်။

ထို့ပြင် ယခုနှစ် ဧပြီ ၁၅ ရက်က ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား ၏ ဒုံးကျည်စမ်းသပ် မှုသည် အမေရိကန်နှင့် မဟာမိတ် နိုင်ငံများကို အကြီးအကျယ် ခြိမ်းခြောက် နိုင်ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံသည် အဆိုပါ  စမ်းသပ်မှုအတွင်း ကီလိုမီတာ ၃ဝဝဝ ကျော် (မိုင် ၁၈ဝဝ) အထိ ပစ်ခတ်နိုင်သည့် Musudan အမျိုးအစားဒုံးကျည် တစ်စင်းကို စမ်းသပ် ခဲ့ဖွယ်ရှိသည်။ သို့သော် ယင်း စမ်းသပ်မှုမှာ အောင်မြင်ခဲ့ခြင်း မရှိပေ။

မြောက်ကိုရီးယား အစိုးရ အနေဖြင့် ယင်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ် နိုင်ခဲ့မည် ဆိုပါက ယင်းဒုံးကျည်ဖြင့် ဂျပန် တစ်နိုင်ငံလုံး ကိုသာမက အမေရိကန် ပြည်ထောင်စု ၏ ပိုင်နက်တစ်ခု ဖြစ်သည့် ဂူဟန်ကျွန်း ကိုပါ ခြိမ်းခြောက် လာနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ကင်ဂျုံအွန် အစိုးရသည် အောင်မြင်ခဲ့ခြင်း မရှိသည့် ဒုံးကျည် စမ်းသပ်မှု အတွက် တခြားဒုံးကျည် တစ်စင်းကို ထပ်မံ စမ်းသပ်မည့် အလားအလာများ ထွက်ပေါ်လျက် ရှိသည်။ မြောက်ကိုရီးယား နိုင်ငံက Musudan အမျိုးအစား ဒုံးကျည်ကို တိုက်ချင်းပစ် ဒုံးကျည် ထုတ်လုပ်ရေး ကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသ အဖြစ် စမ်းသပ်ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ လုပ်ဆောင်မှု များကို အမေရိကန် ပြည်ထောင်စု က စောင့်ကြည့်ရန် လိုအပ်မည် ဖြစ်သည်။ တစ်ချိန်တည်း မှာပင် အမေရိကန် အစိုးရ၏ ရန်လိုမှုနှင့် ခြိမ်းခြောက်မှု များကို ကာကွယ်နိုင်ရေး အတွက် မြောက်ကိုရီးယား နိုင်ငံအနေဖြင့် အစွမ်း ထက်မြက်သည့် နျူကလီးယား တားဆီးရေး လက်နက် များကို လိုအပ်လျက် ရှိသည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန က ဧပြီ ၂၆ ရက်တွင် ထုတ်ဖော် ပြောကြား ထားပြီး အမေရိကန် အစိုးရ၏ ခြိမ်းခြောက်မှု များသည် မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်ကိုသာ ပိုမို မြင့်တက် လာစေနိုင်သည် ဟု မြောက်ကိုရီးယား အစိုးရက ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စုက ၄င်းတို့၏ မဟာမိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သော တောင်ကိုရီးယား နိုင်ငံနှင့် ပူးတွဲ ပြုလုပ်သည့် စစ်ရေး လေ့ကျင့်မှု များသည် နိုင်ငံအတွင်းသို့ ကျူးကျော် ဝင်ရောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယား နိုင်ငံက ရှုမြင်လျက်ရှိပြီး ယင်းပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်းကို မကြာခဏ ဆိုသလို ပြစ်တင် ရှုတ်ချထားပြီး ဒုံးကျည် စမ်းသပ်ခြင်းများ ပြုလုပ်၍ တုံ့ပြန်ခဲ့သည်။

ထို့ကြောင့် မြောက်ကိုရီးယား နိုင်ငံမှ ထွက်ပေါ် လာနိုင်သည့် ခြိမ်းခြောက်မှု များကို တားဆီးနိုင်ရန် THAAD ဒုံးကျည် ကာကွယ်ရေး စနစ်ကို တောင်ကိုရီးယား နိုင်ငံ၌ ဖြန့်ကြက်ချထား နိုင်ရေး အမေရိကန် နှင့် တောင်ကိုရီးယား အစိုးရအဖွဲ့ တို့မှာ အပူတပြင်း ဆွေးနွေးခဲ့ ရသည်။ တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ တို့သည် ၁၉၅ဝ-၁၉၅၃ ကိုရီးယား စစ်ပွဲကို ငြိမ်းချမ်းရေး စာချုပ်ချုပ် ဆိုနိုင်ခြင်း မရှိဘဲ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ဖြင့် သာ အဆုံးသတ်  ထားနိုင်ခဲ့ သောကြောင့် မြောက်ကိုရီးယား အစိုးရ၏ နျူကလီးယား နှင့် ဒုံးကျည် အစီအစဉ် များသည် တောင်ကိုရီးယား နိုင်ငံအတွက် ကြီးမားသည့် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ရပ်တည်လျက် ရှိသည်။




ထို့ပြင် မြောက်ကိုရီးယား အစိုးရသည် ၄င်းတို့၏ အစွမ်းထက် ဒုံးကျည်များဖြင့် တောင်ကိုရီးယား နှင့် အမေရိကန် ပြည်ထောင်စု တို့ကို ပစ်ခတ်ဖျက်ဆီး ပစ်မည်ဟု မကြာခဏ ခြိမ်းခြောက်လေ့ ရှိသောကြောင့် ယင်း ခြိမ်းခြောက်မှု များသည် ကိုရီးယား ကျွန်းဆွယ်ပေါ်ရှိ တင်းမာမှု များကို ပိုမိုမြင့်တက် လာစေခဲ့သည်။ ထို့ကြောင့် မြောက်ကိုရီးယား နိုင်ငံက မကြာမီ ပြုလုပ်လာနိုင်ဖွယ် ရှိသည့် နျူကလီးယား စမ်းသပ်မှုသည် ဒေသတွင်း တည်ငြိမ်မှုကို လျော့ပါး စေနိုင်သောကြောင့် ယင်းသို့သော လုပ်ရပ်များကို ရှောင်ရှားရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်းဆို ထားသည်။ အမေရိကန် ပြည်ထောင်စု ၏ တောင်းဆိုချက်ကို မြောက်ကိုရီးယား နိုင်ငံက လိုက်နာခြင်း မရှိပါက အမေရိကန် အစိုးရ အနေဖြင့် တုံ့ပြန်သွားရမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ မာ့ခ်တိုးနား က သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ထုတ်ဖော် ပြောကြား ခဲ့သည်။

သို့ရာတွင် မည်သို့သော တုံ့ပြန်မှုကို လုပ်ဆောင်မည် နှင့် စပ်လျဉ်း၍ ၄င်းက အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။ မြောက်ကိုရီးယား နိုင်ငံ၏ ခြိမ်းခြောက်မှု များနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စု အနေဖြင့် အလွယ်တကူ ဖြေရှင်း လုပ်ဆောင်နိုင်မည့် အလားအလာ မရှိပေ။ သို့ရာတွင် အမေရိကန် အစိုးရ အနေဖြင့် ၄င်းတို့၏ နျူကလီးယား လက်နက်များကို အသုံးပြု၍ မြောက်ကိုရီးယား နိုင်ငံအား တိုက်ခိုက် ဖျက်ဆီးမည် ဆိုပါက ဖြစ်နိုင်ဖွယ် ရှိသော်လည်း ယင်းသို့ တိုက်ခိုက်ခြင်း သည် လူသားချင်း စာနာမှုအပြင် အိမ်နီးချင်း တောင်ကိုရီးယား နိုင်ငံသို့ပါ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်လာ နိုင်ခြင်းကြောင့် မြောက်ကိုရီးယား ၏ နျူကလီးယား နှင့် ဒုံးကျည် စမ်းသပ်မှု များကို ထိန်းချုပ်နိုင်ရေး အတွက် ယင်းနိုင်ငံ၏ အဓိက မဟာမိတ် နိုင်ငံကြီး ဖြစ်သည့် တရုတ်နိုင်ငံ နှင့်ပူးပေါင်း၍ မြောက်ကိုရီးယား အစိုးရအား ဖျောင်းဖျခြင်းဖြင့် မြွေမသေ တုတ်မကျိုး ဆိုသကဲ့သို့ ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်ရေးကို ဆက်လက် ထိန်းသိမ်းထား နိုင်မည် ဖြစ်ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

ဘက်စုံပညာထူးချွန်ကျောင်းသား ကျောင်းသူများ ပုဂံ-ညောင်ဦး ဒေသသို့ လေ့လာရေးခရီး ရောက်ရှိ



ညောင်ဦး ၊ ၂၈-၄-၂၀၁၆

၂ဝ၁၆ ခုနှစ် အဋ္ဌမတန်း ဘက်စုံပညာ ထူးချွန် ကျောင်းသား၊ ကျောင်းသူများ လေ့လာရေး အဖွဲ့သည် ပုဂံ-ညောင်ဦး ဒေသသို့ လေ့လာရေး ခရီးစဉ်အဖြစ် မန္တလေးမြို့၊ မိတ္ထီလာမြို့ တို့မှ တစ်ဆင့် ထွက်ခွာလာရာ ညောင်ဦးမြို့ ကျောက်ကူး မြစ်ရေတင် အနီး ဧရာဝတီ မြစ်ကမ်းနံဘေး တွင် ဖွင့်လှစ်ထားသည့် ဘက်စုံပညာ ထူးချွန်လူငယ် အပန်းဖြေ စခန်း(ပုဂံ) သို့ ယမန်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်က ရောက်ရှိခဲ့ရာ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်၊မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူရည်ချွန် ဟောင်းကြီးများ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကင်းထောက် လူငယ် မောင်မယ်များက လှိုက်လှဲစွာ ကြိုဆိုခဲ့ ကြသည်။

အဆိုပါ အဋ္ဌမတန်း ဘက်စုံပညာ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ အဖွဲ့၏ လေ့လာရေး ခရီးစဉ်တွင် စခန်းမှူး အဖြစ် တိုင်းဒေသကြီး ပညာရေးမှူး ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်း ဦးဆောင်သော ကြီးကြပ်ရေး အဖွဲ့နှင့် အတူ အနီးကပ် ကြီးကြပ်သူများ အဖြစ် ဆရာ ၉ ဦး ၊ ဆရာမ ၉ ဦး လိုက်ပါလျက် ကျောင်းသား ၈၈ ဦး၊ ကျောင်းသူ ၈၈ ဦး စုစုပေါင်း ၁၇၆ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ဘက်စုံပညာ ထူးချွန်လူငယ် အပန်းဖြေစခန်း (ပုဂံ) ဖွင့်ပွဲကို ဧပြီ ၂၉ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်မည် ဖြစ်ကြောင်း ၊ ဘက်စုံပညာ ထူးချွန် ကျောင်းသား၊ ကျောင်းသူ များနှင့် လူရည်ချွန် ဟောင်းကြီးများ တွေ့ဆုံပွဲ ကိုလည်း ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် အပန်းဖြေ စခန်း (ပုဂံ)တွင် ဧပြီ ၂၇ ရက်မှ မေ ၃ ရက်ထိ တည်းခိုနေထိုင် မည်ဖြစ်ပြီး ၄င်းအပန်းဖြေ စခန်းမှ တစ်ဆင့် ပုဂံဒေသရှိ ထင်ရှား ကျော်ကြားသည့် တန်ခိုးကြီး ဘုရားများ၊ ပြတိုက်၊ ယွန်းကောလိပ် တို့ အပြင် ပုပ္ပားဒေသရှိ ပုပ္ပားတောင် ကလပ်၊ ကိုးခရိုင် စိမ်းလန်း စိုပြည်ရေး ဆောင်ရွက်ထားမှု၊ ပုပ္ပားပြတိုက် ပရဆေး စိုက်ခင်း၊ Popa Mountain Resort ၊ စလေမြို့ရှိ စလေရုပ်စုံ ကျောင်းနှင့် ပခုက္ကူမြို့ရှိ ပခန်းကြီး စည်သူရှင်၊ ပခန်းကြီး ရှေးဟောင်းကျောင်း၊ သီဟိုဠ်ရှင် ဘုရား တို့ကိုလည်း လေ့လာရေး သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ရဲသူရအောင်(ညောင်ဦး)

ရတနာပုံနေ့စဉ် ၊ စာ(၂၄)

မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီးတို့တွင် မျှော်မှန်းထားသည်ထက် ပို၍စောစွာ ရေခန်းခြောက်မှုများ ဖြစ်ပေါ်ခဲ့



ချောက် ၊ ၂၈-၄-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း နှင့် မကွေးတိုင်း ဒေသကြီး တို့သည် အပူချိန်များ မြင့်တက်မည် ဖြစ်၍ ရေရှားပါးမှုနှင့် ကြုံတွေ့ နိုင်သည် ဟု ကနဦး သတိပေးချက်များ ထုတ်ပြန်ခဲ့ သော်လည်း လက်ရှိ အခြေအနေတွင် မျှော်မှန်းထား သည်ထက်ပို၍ စောစွာ ရေခန်းခြောက် မှုများ၊ မြေအောက်ရေ ဆုတ်မှုများ ဖြစ်ပေါ်နေသည် ဟု ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ တိုင်းဒေသကြီး များသည် နှစ်စဉ် မိုးရေချိန် ရရှိမှု လျော့နည်းပြီး အပူပိုင်းဇုန် အတွင်း ကျရောက် သောကြောင့် အပူချိန် မြင့်မားခြင်းနှင့် နောက်ဆက်တွဲ အခြေအနေများ ကြုံတွေ့ရလေ့ ရှိကာ ယခုနှစ်တွင် မြေအောက်ရေ ဆုတ်ခြင်း၊ ရေငွေ့ပြန်မှု များခြင်းတို့သည် မကွေးတိုင်း ဒေသကြီးအတွင်း မျှော်မှန်းထား သည်ထက် ပို၍စောသဖြင့် ရေအခက်အခဲ များစွာ ကြုံတွေ့ နေရသည်ဟု ၄င်းက ဆက်လက် ပြောပြသည်။

မကွေးတိုင်း ဒေသကြီးသည် အဓိကအားဖြင့် စိုက်ပျိုးရေးကို အားထားသော ဒေသကြီးဖြစ်ပြီး ပဲ၊ နှမ်း စသည့် ကောက်ပဲ သီးနှံများ စိုက်ပျိုးသည်။ ထို့ပြင် ထန်းတောများ မြောက်မြားစွာ ရှိ၍ ထန်းလျက် လုပ်ငန်းကို တွင်တွင်ကျယ် ကျယ် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ တွင် အပူဆုံး ဒေသကြီး တစ်ခုဖြစ်ပြီး နှစ်စဉ် ရေရှားပါးမှု ပြဿနာကို ရင်ဆိုင် နေရကြောင်း သိရသည်။

အလားတူပင် မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်းတွင် ရှိသည့် ဒေသများ တွင်လည်း မြေအောက်ရေ ဆုတ်ခွာမှု မြန်ဆန်၍ ရေငွေ့ပြန်ခြင်း များကြောင့် သောက်ရေ၊ သုံးရေ ခက်ခဲလျက် ရှိသော ကျေးရွာများ ပိုမိုများပြား လာကြောင်း သိရသည်။

၎င်းတို့အနက်မှ မကွေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် အချို့တွင် နေ့အပူချိန် ၄၆ ဒီဂရီ စင်တီဂရိတ် ထိ မြင့်တက်လာပြီး ရေအခက်အခဲ အတွက် ရေအလှူရှင် များကို အားကိုး နေရကြောင်း သိရသည်။

ချောက်မြို့နယ် အတွင်းရှိ စက်ရေတွင်း မရှိသော ကျေးရွာ ၃၂ ရွာမှ ၂၅ ရွာသည် နီးစပ်ရာ စက်ရေတွင်း ရှိသော ကျေးရွာများမှ ရေကို ခွဲဝေသုံးစွဲနေရပြီး စက်ရေတွင်း များနှင့် ဝေးသော ခုနစ်ရွာမှ ငါးရွာကို နေ့စဉ် ရေလှူဒါန်း ပေးနေရကြောင်း၊ ရေအလှူကို အားကိုး နေရသော ကျေးရွာ ငါးရွာမှာ ကျွဲတပ် ၊ ဥယျာဉ် ၊ မန်ကျည်းစောက်၊ ကျောက်တန်း၊ ဝရကုန်း တို့ဖြစ်ကြောင်း သိရသည်။ (၁၇၂)

ရတနာပုံနေ့စဉ် ၊ စာ(၂၄)

နေအဖွဲ့အစည်းတွင် သေးငယ်သော လတစ်စင်းကို တွေ့ရှိ


Scientists Discover a Dark Moon in the Distant Solar System

ဝါရှင်တန် ၊ ၂၈-၄-၂၀၁၆

ဟပ်ဘယ် တယ်လီစကုပ် ကို အသုံးပြုကာ အာကာသနှင့် နက္ခတ်တာရာ တို့ကို စူးစမ်း လေ့လာနေသော သုတေသီ များသည် နေအဖွဲ့အစည်း ၏ အစွန်အဖျား တွင်ရှိပြီး လေထု ပတ်ဝန်းကျင် မရှိသော ဂြိုဟ်သိမ် တစ်လုံး ဖြစ်သည့် Makemake ကိုမိုင်ပေါင်း ၁၃ဝဝဝ အဝေးမှ လှည့်ပတ်နေသော သေးငယ်သည့် လတစ်စင်း ကို တွေ့ရှိခဲ့ပြီး MK2 ဟု အမည်ပေး ထားကြောင်း သိရသည်။

သုတေသီ များသည် Markmark ဂြိုဟ်သိမ်ကို ၂ဝဝ၅ ခုနှစ်က တွေ့ရှိခဲ့ခြင်း ဖြစ်ရာ ယခု ၁ဝ နှစ်ကျော် ကြာပြီးမှ Markmark ဂြိုဟ်သိမ်၏ ဂြိုဟ်ရံလကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် ဧပြီလက Markmark ကို စူးစမ်း လေ့လာနေစဉ် ၄င်း၌ ဂြိုဟ်ရံလရှိ နေနိုင်သည့် အထောက်အထား များကို တွေ့ရှိပြီးနောက် ဆက်လက်စူးစမ်း လေ့လာခဲ့ရာမှ ယခုအခါ ဂြိုဟ်ရံလ MK2 ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

'' MK2 ဟာသူ့ရဲ့ မိခင်ဂြိုဟ်သိမ်ကို မိုင်ပေါင်း ၁၃ဝဝဝ အဝေးကနေ လှည့်ပတ် နေပါတယ်။ အရောင်အနေနဲ့ မိခင်ဂြိုဟ် လောက်တောင် မလင်းဘဲ မှုန်ပျပျလေး ဖြစ်နေပါတယ်။ MK2 ဟာ Kulper ခါးပတ်ကြီးမှာ ပါဝင်လည်ပတ် နေတဲ့ ဂြိုဟ်သိမ်တစ်ခုရဲ့ ဂြိုဟ်ရံလပဲ ဆိုတာကို အတည်ပြုနိုင် ခဲ့ပါတယ်။ ဒီလောက် အရောင်မှိန်တဲ့ ဂြိုဟ်ရံလကို တွေ့အောင် မြင်တဲ့ ဟပ်ဘယ် တယ်လီစကုပ် ရဲ့ အစွမ်းသတ္တိ ကိုလဲ ချီးကျူးပါတယ်'' ဟု နက္ခတ်တာရာ ပညာရှင် အဲလက်စ်ပါကာ က ပြောပြသည်။

Markmark သည် အကျယ်မိုင် ၈၇ဝ ရှိပြီး နေကိုတစ်ပတ် ပတ်မိရန်နှစ်ပေါင်း ၃၁ဝ ကြာမြင့်လေ့ ရှိသည်။ ယခုအသစ် တွေ့ရှိထားသော လသည် အချင်း ၁ဝဝ မိုင်ရှိကြောင်း၊ ယခု တွေ့ရှိချက်များ အရ Markmark ဂြိုဟ်ကို အသေးစိတ် ဆက်လက်လေ့လာ သွားမည် ဖြစ်ကြောင်းနှင့် ၄င်းဂြိုဟ်၏ မူလရင်းမြစ်ကို ရှာဖွေသွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၅) အမှတ်(၅)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၅) အမှတ်(၅)

Download Links


မိုးသောက်ပန်းဂျာနယ် အတွဲ(၁၉) အမှတ်(၃၆)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၉) အမှတ်(၃၆)

Download Links



တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် စကု တို့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာ


တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရန်ကုန်မြို့မှ ထွက်ခွာစဉ်

နေပြည်တော် ၊ ၂၈-၄-၂၀၁၆

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်-စကု တို့သည် ဧရာဝတီတိုင်း ဒေသကြီး၊ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ကျေးရွာများရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးရန်အတွက် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄) ရေတပ် ဗောတံတားမှ ထွက်ခွာသည်။

အဆိုပါ ဆေးရုံရေယာဉ် ဖြင့် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု စစ်သည်များ လိုက်ပါသွား ကြပြီး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ကျေးရွာများရှိ ဒေသခံ ပြည်သူများအား အထွေထွေ ရောဂါများ ကုသပေးခြင်း၊ ခွဲစိတ်ကုသ ပေးခြင်း၊ ကလေးမီးဖွား ပေးခြင်း၊ မီးယပ်ဆိုင်ရာ ကုသမှု လုပ်ငန်းများ၊ ကလေးရောဂါများ ကုသပေးခြင်း၊ အရိုးရောဂါ ကုသမှုလုပ်ငန်း၊ မျက်စိ ခွဲစိတ်ကုသမှု လုပ်ငန်း၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် သွားရောဂါများ ကုသပေးခြင်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်သည့်အပြင် X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ဓာတ်ခွဲဆိုင်ရာ ရောဂါရှာဖွေ စစ်ဆေးခြင်း ဆိုင်ရာလုပ်ငန်း များကို ဆောင်ရွက်ပေး နိုင်၍ အရေးပေါ် အခြေအနေ ပေါ်ပေါက်လာ ပါကလူနာ ၃ဝ ဦးထိ တင်ဆောင် ကုသနိုင်ပြီး ရေယာဉ်ပေါ်တွင် ခွဲစိတ်ခန်း၊ မီးယပ်သားဖွားခန်း၊ ဓာတ်မှန်ခန်း၊ စမ်းသပ်ခန်း နှင့် အထူးကြပ်မတ် ကုသဆောင်တို့ ပါဝင်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၈-၄-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel အား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ရရှိချိန်မှစ၍ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်များနှင့် လက်ရှိပါတီစုံ ဒီမိုကရေစီခေတ် ၏ ဒုတိယ အစိုးရကာလ၊ အပြောင်းအလဲ ကာလတွင် တပ်မတော်၏ အမျိုးသားဆိုင်ရာ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များ၊ နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေးအရ ဖြစ်ပေါ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် တပ်မတော်၏ သဘောထားနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ၊ မိမိနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေများ၊ မြန်မာ- အမေရိကန် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား အပြန်အလှန် ယုံကြည်မှုကို အခြေခံ၍ ဆက်ဆံရေး တိုးမြှင့်နိုင်မည့် အခြေအနေ များအား ရှင်းလင်း ပြောကြားသည်။

ဧည့်သည်တော် သံအမတ်ကြီး မှလည်း သိရှိလိုသည် များအား ပြန်လည် မေးမြန်းကာ ၄င်း၏တာဝန် ထမ်းဆောင်မည့် ကာလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ တိုးမြှင့် လုပ်ဆောင်နိုင်မည့် အခြေအနေ များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ် ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက်ကြပြီး သံအမတ်ကြီး နှင့်အတူ သံရုံး ဒုတိယအကြီးအကဲ Ms. Kisten Bauer နှင့် စစ်သံမှူး Colonel James McAden တို့တက်ရောက် ကြပြီး တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် သံအမတ်ကြီး တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

Senior General Min Aung Hlaing receives US Ambassador


Senior General Min Aung Hlaing shakes hands with US Ambassador to Myanmar H.E.Mr. Scot Marciel at Zeyathiri Beikman in Nay Pyi Taw.

Nay Pyi Taw April 28

Commander-in-Chief of Defence Services Senior General Min Aung Hlaing received US Ambassador to Myanmar H.E.Mr. Scot Marciel at Zeyathiri Beikman in Nay Pyi Taw yesterday afternoon.

The Senior General explained the political process of Myanmar since independence; and the stance of the Tatmadaw regarding national affairs in the transition period and in the time of second government of the current multi-party democracy era; and the stance and cooperation of the Tatmadaw in efforts to build lasting peace and ending ethnic armed conflicts which erupted on political, racial and religious ground; foreign policy of Myanmar and its international relations; and opportunities for promotion of cooperation between defence forces of Myanmar and the US based on mutual trust.

The ambassador made inquiries for his knowledge and exchanged frank views with the Senior General on opportunities for strengthening bilateral ties and cooperation during his tenure in Myanmar.

Also present at the call were Deputy Commander-in-Chief of Defence Services Commander-in- Chief (Army) Vice - Senior General Soe Win and Lt-Gen Mya Tun Oo of Commander-in-Chief Office (Army). The US Ambassador was accompanied by Deputy Chief of Mission Ms Kristen Bauer and Defence Attaché Colonel James McAden. After the meeting, the two sides posed for documentary photo. (100)

The Myawady Daily

#Themyawadydaily

လေ့ကျင့်မှကျွမ်းကျင် ၊ ကျွမ်းကျင်မှယုံကြည် ၊ ယုံကြည်မှရဲရင့် ၊ ရဲရင့်မှ အောင်ပွဲဆင်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ရှိ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်း၌ အထူးတပ်ဖွဲ့ဝင်များကို အမှာစကားပြောကြားစဉ်


နေပြည်တော် ၊ ၂၈-၄-၂၀၁၆

စစ်မြေပြင် ဆိုသည်မှာ ရန်သူနှင့် တိုက်ပွဲဝင်သည့် နေရာဖြစ်ပြီး အကြမ်းဖက် နှိမ်နင်းရေးမှာမူ ပြည်သူလူထုနှင့် ဆက်စပ်သည့် နေရာများ၌ ဆောင်ရွက်ရသဖြင့် များစွာ ကွာခြားချက် ရှိကြောင်း၊ ယင်း ကွာခြားချက် များကို ယခုလို လေ့ကျင့်ရေးကွင်း ၌ လေ့ကျင့်ပေးနိုင် ခြင်းကြောင့် တပ်မတော် အတွက် အဖိုးတန်သည့် လေ့ကျင့်ရေးကွင်း တစ်ခု ဖြစ်ကြောင်း၊ အဖိုးတန်သည့် စစ်သားကောင်းများ လေ့ကျင့်မွေးထုတ် ပေးနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထူး တပ်ဖွဲ့ဝင် များ၏ စွမ်းရည် သရုပ်ပြ လေ့ကျင့်မှုများကို သွားရောက် ကြည့်ရှုအားပေးပြီး အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

နေပြည်တော်ရှိ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ အထူးတပ်ဖွဲ့ လေ့ကျင့်ရေး ကွင်း၌ ယမန်နေ့ နံနက်ပိုင်းတွင် အထူး တပ်ဖွဲ့ဝင်များ စွမ်းရည် သရုပ်ပြ လေ့ကျင့်မှုများ ပြုလုပ်ကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး  (ကြည်း)မှ တပ်မတော် အရာရှိကြီး များနှင့်အတူ သွားရောက် ကြည့်ရှု အားပေးသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များကို ရှင်းလင်းဆောင် တွင် ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်က အထူးတပ်ဖွဲ့ လေ့ကျင့်ရေးကွင်း နှင့်ပတ်သက် သည်များကို ရှင်းလင်း တင်ပြသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လေ့ကျင့်ရေးပိုင်း ဆိုင်ရာ လိုအပ်သည် များကို မှာကြားပြီး အုပ်ချုပ်မှု ပိုင်းဆိုင်ရာ တင်ပြချက်များ အပေါ် ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ထို့နောက် အထူးတပ်ဖွဲ့ဝင် များသည် လေ့ကျင့်ရေးကွင်း အတွင်း ဝင်ရောက် နေရာယူကြပြီး ကိုယ်ခံပညာ စွမ်းရည် ပြသခြင်း၊ တစ်ဦးချင်း နည်းစနစ် လေ့ကျင့်ခြင်း နှင့် အဖွဲ့လိုက် ယုံကြည်မှု လေ့ကျင့်ခြင်း တို့ကို လက်တွေ့ ပစ်ခတ် ဖောက်ခွဲမှုများ နှင့်အတူ လေ့ကျင့်ခြင်း၊ လေထီးဆင်း လေ့ကျင့်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု လေ့ကျင့်ခြင်း၊ မြို့ပြ အဆောက်အအုံ အတွင်း ဓားစာခံ ကယ်တင်မှု လေ့ကျင့်ခြင်း၊ အကြမ်းဖက်ခံ ရသည့် ခရီးသည်တင် ယာဉ်နှင့် လေယာဉ် အတွင်းမှ ဓားစာခံများ ကယ်တင်မှု လေ့ကျင့်ခြင်း များအား သရုပ်ပြ လေ့ကျင့် ဆောင်ရွက် ကြသည်။

ဆက်လက်ပြီး အထူးတပ်ဖွဲ့ လေ့ကျင့်ရေးကွင်း အတွင်းရှိ အဆောက်အအုံ များ၊ အတားအဆီး များနှင့် လေ့ကျင့်ရေး အထောက်အကူ ပစ္စည်းများကို အသုံးပြု၍ အထူး တပ်ဖွဲ့ဝင်များ လေ့ကျင့် ဆောင်ရွက်နေမှု များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု ကြသည်။

လေ့ကျင့်ရေးကွင်း အတွင်း၌ အထူးတပ်ဖွဲ့ဝင်များ၏ စွမ်းရည်သရုပ်ပြ လေ့ကျင့်မှုကို တွေ့ရစဉ်




ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ ကြသော အထူးတပ်ဖွဲ့ဝင် များကို အမှာစကား ပြောကြား ရာတွင် အထူးတပ်ဖွဲ့ဝင် များ၏ လေ့ကျင့်ရေး နှင့် ပတ်သက်၍ ကျွမ်းကျင် ကြံ့ခိုင်မှုများ ပြသသွား နိုင်သဖြင့် တပ်မတော် အတွက် ခြေလှမ်းသစ် တစ်ရပ် ရရှိကြောင်း၊ နဂိုရှိပြီးသား အခြေခံ များအား ယခုအခါ လေ့ကျင့်ရေး သင်ထောက်ကူ ပစ္စည်းများ ပြည့်ပြည့်စုံစုံ ဖြင့် လေ့ကျင့်နိုင်ကြောင်း၊ တပ်မတော်သား တစ်ဦးသည် ကျန်းမာမှု၊ ကြံ့ခိုင်မှု၊ ယုံကြည်မှု ဆိုသည့် အခြေခံများ ရှိမှသာ လေ့ကျင့်ခြင်းဖြင့် ကျွမ်းကျင်မှု ရရှိနိုင်ကြောင်း၊ မည်သည့် တပ်ဖွဲ့ပင် ဖြစ်စေ တာဝန်ထမ်းဆောင် မည်ဆိုပါက ကျန်းမာရန် လိုအပ်ကြောင်း၊ ကျန်းမာရန် အတွက် အာဟာရ ပြည့်ဝအောင် စားသောက်ရန် လိုအပ်ပြီး မိမိ၏ ကိုယ်ခန္ဓာ ခံနိုင်ရည် စွမ်းအား ရှိအောင် နေထိုင် လေ့ကျင့်ရန် လိုကြောင်း၊ ကျန်းမာ၊ ကြံ့ခိုင်အောင် ဆောင်ရွက်ပြီး ''လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်'' ဆိုသည့်အတိုင်း ယုံကြည်မှု၊ ကျွမ်းကျင်မှု ရရှိအောင် စနစ်တကျ လေ့ကျင့် သွားရန် လိုအပ်ကြောင်း၊ တပ်မတော်သား တစ်ဦးအနေဖြင့် လက်နက်နှင့် လက်တွေ့ တိုက်ပွဲဝင်ရ သူများဖြစ်၍ အချိန်မရွေး ကြီးမားသည့် ပေးဆပ်မှုများ ရှိနိုင်ကြောင်း၊ သို့ဖြစ်၍ အမြဲတမ်း တိုက်ပွဲဝင် နိုင်အောင် အမြဲတမ်း လေ့ကျင့်ထားရန် လိုအပ်ကြောင်း၊ ပင်ပန်းသည့် သင်တန်း တစ်ခုတွင် လေ့ကျင့်မှု ရရှိခဲ့ပြီးပါက စစ်နည်းဗျူဟာနှင့် ပေါင်းစပ်၍ လက်တွေ့ နယ်ပယ်၌ အသုံးချ နိုင်အောင် ကြိုးစားရန် လိုကြောင်း၊ စစ်နည်းဗျူဟာ ကျင့်သုံးမှု အပိုင်းတွင် လည်း မိမိတို့၏ ထိုးထွင်း ကြံဆမှု ပေါင်းစပ်ပြီး ဆောင်ရွက်ရန် လိုကြောင်း၊ လေ့ကျင့်ရေး ပိုင်းတွင် တာဝန်ရှိသည့် နည်းပြများ အနေဖြင့်လည်း သင်တန်းများကို အကျိုးရှိရှိ စနစ်တကျ ဆောင်ရွက်သွားရန် လိုကြောင်း၊ သင်တန်း တက်ရောက် သူများ အနေဖြင့်လည်း သင်ယူ ရရှိသည့် လေ့ကျင့်မှု များကို မိမိတို့၏ အားနည်းချက်များ ကြောင့် အရည်အသွေး မကျရန် လိုအပ်ပြီး အသောက်အစား၊ အပျော်အပါး များကြောင့် ကိုယ်ပိုင် စွမ်းရည်များ ကျဆင်း တတ်သဖြင့် ရှောင်ကြဉ်ရန် လိုကြောင်း၊ မိမိကိုယ်ကို မိမိ ထိန်းသိမ်း၍ တစ်ဦးချင်း ဂုဏ်သိက္ခာ၊ တပ်ဖွဲ့ ဂုဏ်သိက္ခာနှင့် တပ်မတော်၏ ဂုဏ်သိက္ခာ များကို ထိန်းသိမ်းပြီး မြန်မာ့ တပ်မတော်၏ စွမ်းရည်ကို နိုင်ငံတကာတွင် ပြသနိုင်စွမ်း ရှိအောင် ကြိုးစား လေ့ကျင့်သွားရန် လိုကြောင်းဖြင့် ပြောကြားသည်။ 

ယင်းနောက် အထူးတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့သည်။ အဆိုပါ အထူးတပ်ဖွဲ့ လေ့ကျင့်ရေးကွင်း ကို ၂ဝ၁၆ ခုနှစ်၊ ဧပြီ ၈ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

Training to have skills, skills to have confidence, confidence to have bravery and bravery to have victory


SWAT members show their skills in martial arts.

SWAT members show their skills in demonstration.

Nay Pyi Taw April 28

There are many differences between the battlefield which is the place in combating the enemy and the anti-terrorist activity which is carried out at the public places. It is a valuable training ground for the Tatmadaw to provide training on differences so as to turn out the qualified Tatmadawmen, said Commander-in-Chief of Defence Services Senior General Min Aung Hlaing at the skill demonstration of members of the special weapons and tactics-SWAT.

Members of the SWAT showed their brilliant skills at the Defence Services Advanced Training Depot in Nay Pyi Taw this morning. Commander-in-Chief of Defence Services Senior General Min Aung Hlaing, accompanied by Joint Chief of the General Staff (Army, Navy and Air) Commander-in-Chief (Air) General Khin Aung Myint, Commander-in-Chief (Navy) Admiral Tin Aung San and senior military officers of the Office of the Commander-in-Chief (Army), attended the skill demonstration. 

At the briefing hall, the vice chief of the Armed Forces Training reported on the training ground of the SWAT. The Senior General gave instructions on training matters and attended to needs of administration sector.

Members of the SWAT took the position at the training ground and showed their skills in martial arts, individual technical training and teamwise training for improvement of confidence, practical works of shooting and explosion, training of parachuting, mental training, rescuing hostage from urban building, and rescuing hostages from the passenger plane and hijacked plane.

Moreover, the Senior General and party viewed round the buildings in the training ground of SWAT and training sessions of SWAT members with the use of training aid.

In meeting with the members of SWAT who included in the training session, the Senior General said that members of SWAT could show their skills and fitness in the training session to create a new step for the Tatmadaw. They can now take training sessions with full of training aid. Only when each Tatmadawman has health, fitness and confidence, will they have better skills through training. Any serviceman needs health and fi tness to be able to discharge duty. The trainees must take practices of eating nutritious foods for their health and of having the best capability and endurance of body. They have to systematically take training so as to have skills and confidence in line with the mottos: “training to have skills, skills to have confidence,confidence to have bravery and bravery to have victory”. The Tatmadawmen, being fighters with arms, may face heavy sacrifice at any time. As such, they have to take practices to be ready to combat the enemy. Training experiences obtained from the training should be combined with military tactics to be applied in the practical fields. They must use their initiatives in applying the military tactics. In the training sector, the instructors and trainers are to systematically conduct the trainings. The trainees should avoid drinking and abstinence not to degrade their qualification in the training due to their weaknesses. The trainees were urged to uplift the prestige of individual, troop and Tatmadaw and to try hard in training in order to show off capability of the Myanmar Tatmadaw in the international arena. 

Next, the Senior General presented cash awards to members of the SWAT.

The training ground of the SWAT was commissioned into service on 8 April 2016.

The Myawady Daily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger