www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 14, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13Th ACDFIM) တက်ရောက်ရန်အတွက် လာအိုနိုင်ငံသို့ ရောက်ရှိ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ လာအိုပြည်သူ့ ဒီမိုကရက်တစ်  သမ္မတနိုင်ငံ ၊ Watty အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ်

နေပြည်တော် ၊ ၁၄-၃-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် လာအိုပြည်သူ့ ဒီမိုကရက်တစ်  သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပ ပြုလုပ်မည့် (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး 13th ASEAN Military Chief of Defence Force Informal Meeting (13th ACDFIM) သို့ တက်ရောက်ရန် အတွက် ယမန်နေ့ နံနက်ပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ Watty အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လာအိုပြည်သူ့ တပ်မတော်မှ Director of Foreign Relationship ဖြစ်သူ Bri-Gen Kenchan NATHALANCY ၊ Director of Airforce Department ဖြစ်သူ Bri-Gen Khamphat နှင့် မြန်မာနိုင်ငံ ဆိုင်ရာ လာအိုစစ်သံမှူး Colonel Daokai LERTLIVANH ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စိုးဝင်း နှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး တင်ထွန်းအောင် နှင့်ဇနီးတို့က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger