www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 16, 2016

(13th ACDFIM) သို့ တက်ရောက်လာသည့် အာဆီယံတပ်မတော် အကြီးအကဲများကို ကြိုဆိုဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၊ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဝင်များ အာဆီယံနိုင်ငံများမှ တပ်မတော် အကြီးအကဲများ နှင့် ဇနီးများ ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ လာအိုပြည်သူ့တပ်မတော် တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုကို ကြည့်ရှု အားပေးစဉ်


နေပြည်တော် ၊ ၁၆-၃-၂၀၁၆

(၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့တက် ရောက်လာသည့် အာဆီယံ တပ်မတော် အကြီးအကဲ များကို လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် Maj-Gen.Souvone LEVANGBOUNMY နှင့်ဇနီးတို့က မတ် ၁၃ ရက် ညပိုင်းတွင် Don Chan Palace Hotel ၌ ကြိုဆိုဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

အဆိုပါ ညစာစားပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံ များမှ တပ်မတော် အကြီးအကဲ များနှင့် ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဦးစွာ လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် Maj-Gen .Souvone LEVANGBOUNMY က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက် လာကြသော အာဆီယံနိုင်ငံ များမှ တပ်မတော် အကြီးအကဲများနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း လာအိုပြည်သူ့ တပ်မတော် တေးဂီတ အဖွဲ့က တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေ ကြကြောင်း သတင်းရရှိသည်။(၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger