www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 30, 2016

ကမ္ဘာတစ်ဝန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု အရှိဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံပါဝင်



ရန်ကုန် ၊ ၃၀-၆-၂၀၁၆

လာမည့်သုံးနှစ် အတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု အရှိဆုံး ၁၅ နိုင်ငံစာရင်း တွင် မြန်မာနိုင်ငံ ပါဝင် လာကြောင်း ကမ္ဘာ့ ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့် လေ့လာရေး အဖွဲ့ UNCTAD အစီရင်ခံစာ အရ သိရသည်။

ကမ္ဘာ့ စီးပွားရေး ကော်ပိုရေးရှင်း ကြီးများ အပါအဝင် ကမ္ဘာတစ်ဝန်း စီးပွားရေး လုပ်ငန်းများ ဝင်ရောက် ရင်းနှီးမြှုပ်နှံ လိုသည့် ၁၅ နိုင်ငံစာရင်းတွင် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ ဂျာမနီ၊ ဂျပန်၊ ဘရာဇီး၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ် ပိုင်၊ ပြင်သစ်၊ သြစတြေးလျ၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံတို့ ဖြစ်သည်။

ထို့ပြင် အမေရိကန်၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက် လိုမှု အများဆုံးနိုင်ငံများ စာရင်းတွင် ၂ဝ၁၈ ခုနှစ်အထိ ဦးဆောင်နေမည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်က ပါဝင်ခဲ့သော ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံ တို့နေရာတွင် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ တို့ ဝင်ရောက် လာခြင်းဖြစ်ကြောင်း UNCTAD ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

၂ဝ၁၆ ခုနှစ် မေလကုန် အထိ မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၆၃ ဒသမ ၇၁၈ ဘီလီယံ ဝင်ရောက်ရန် ခွင့်ပြုထားပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ဝင်ရောက်ရန် မြန်မာ အစိုးရက မျှော်မှန်း ထားသည်။

UNCTAD က ၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုနှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မည် ဟု ခန့်မှန်းထားပြီး ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို ၂ဝ၁၆ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ၊ ၂ဝ၁၇ ခုနှစ်တွင် ၁ ဒသမ ၇ ထရီလီယံ၊ ၂ဝ၁၈ ခုနှစ်တွင် ၁ ဒသမ ၈ ထရီလီယံ ဝင်ရောက်မည် ဟု မျှော်မှန်း ထားသည်။

မြန်မာနိုင်ငံမှ ရေးဆွဲထားသော အမျိုးသား ဘက်စုံဖွံ့ဖြိုး တိုးတက်မှု နှစ် ၂ဝ စီမံကိန်းတွင် ၂ဝ၃ဝ ပြည့်နှစ်အထိ  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၄ဝ ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားပြီး ၂ဝ၁၇ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ်အထိ ပျမ်းမျှ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၆ ဘီလီယံမှ ၈ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် ခန့်မှန်းထားသည်။

အဆိုပါ စီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ တိုးတက်မှုနှုန်း လျင်မြန်စွာ ဝင်ရောက်လာရန် မဟာဗျူဟာများ ရေးဆွဲထားပြီး ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ပျမ်းမျှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု နှုန်းကို အမေရိကန် ဒေါ်လာ ၆ ဘီလီယံ၊ ၂ဝ၂၁ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ် အထိ ပျမ်းမျှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု နှုန်းကို အမေရိကန် ဒေါ်လာ ၈ ဘီလီယံအထိ ရှိရန် ခန့်မှန်းထားခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

Full Report (232 Pages, 6974.82 Kb)
https://www.scribd.com/doc/317118791/wir2016-en

နိုင်ငံပိုင် ကုန်ထုတ်လုပ်ငန်းစက်ရုံ များအား ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ကိုင် တော့မည်



ရန်ကုန် ၊ ၃၀-၆-၂၀၁၆

မြန်မာနိုင်ငံ အတွင်း နိုင်ငံပိုင် ကုန်ထုတ်လုပ်ငန်း စက်ရုံများအား ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲလုပ်ကိုင် တော့မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ နိုင်ငံပိုင် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်လျက် ရှိသည့် စက်ရုံများသည် ခေတ်နှင့်အညီ တိုးတက်ခြင်း မရှိသည့် အတွက် ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲ အကောင် အထည်ဖော် ရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကုန်ပစ္စည်း အမျိုးအစား အများအပြား ရောင်းဝယ် သည်ထက် ကုန်ပစ္စည်း အရည် အသွေးပိုင်း ကိုသာ အဓိကထား ရမည်ဖြစ် သော်လည်း အရည်အသွေး ပိုင်းတွင် တိုးတက်မှု မရှိကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိက ပိုင်အဖြစ် ပြောင်းလဲမည် ဖြစ်ပြီး ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲမည့် စက်ရုံများတွင် မည်သည့် စက်ရုံများ ပါဝင်လာမည်ကို ထုတ်ပြန် နိုင်ခြင်း မရှိသေးကြောင်း၊ ပါဝင်မည့် စက်ရုံများကို စစ်ဆေးပြီး မကြာမီ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ -၂ဝ၂၁ ဘဏ္ဍာနှစ် အတွင်း စက်မှုကဏ္ဍ များတွင် ပုဂ္ဂလိကမှ ဦးဆောင်သည့် စက်မှုဖွံ့ဖြိုး တိုးတက်မှု ဖြစ်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းထဲတွင် တန်ဖိုးမြင့် ထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေး အတွက် ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံပိုင် စက်မှု လုပ်ငန်းများ အသွင် ပြောင်းရေး၊ စက်မှုလုပ်ငန်း မူဝါဒများ ချမှတ် အကောင်အထည် ဖော်နိုင်ရေး၊ စက်မှုဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ လေ့ကျင့် သင်ကြားပေး နိုင်ရေး၊ နည်းပညာနှင့် စံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုး တက်မှု ရှိလာစေရေး၊ စွမ်းအင်ကို အကျိုးရှိ စွာ အသုံးပြုခြင်းဖြင့် ကုန်ထုတ်လုပ်မှု စရိတ် လျော့ကျစေပြီး ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ရေး တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပုဂ္ဂလိက စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ခိုင်မာ အားကောင်းရေး၊ စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံပိုင် စက်ရုံများအား ပုဂ္ဂလိက နှင့် ပူးပေါင်း ဆောင်ရွက်ရေး နှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်း များ၏ စာရင်းအင်း အချက်အလက် များရရှိရေး တို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် လိုအပ်သည့် နည်းပညာ များကို နိုင်ငံတကာမှ ရယူဆောင်ရွက် နေကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၆)

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကဏ္ဍ တိုးတက်ရန် ရေကြောင်းခရီးစဉ်များတိုးချဲ့ ပြေးဆွဲမည်



ရန်ကုန် ၊ ၃၀-၆-၂၀၁၆

ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍသည် သယ်ယူ ပို့ဆောင်မှုစရိတ် အသက်သာဆုံး နှင့် ကုန်ပစ္စည်း များကို တစ်ကြိမ် တစ်ခါတည်းနှင့် အများအပြား သယ်ယူနိုင်သည့် အတွက် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရန် ရေကြောင်း ခရီးစဉ်များကို တိုးချဲ့ ပြေးဆွဲမည် ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ ဦးအောင်သန်းမြိုင် က ပြောသည်။

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး အနေဖြင့် မြစ်ဝကျွန်းပေါ် ခရီးစဉ်တွင် ဧရာဝတီမြစ် နှင့် မြစ်လက်တက် များ၌ရှိသည့် လပွတ္တာ၊ မြောင်းမြ၊ ပုသိမ်၊ ဘိုကလေး နှင့် မော်ကျွန်း ခရီးစဉ်များ၊ ဧရာဝတီ ဌာနခွဲ၌ မန္တလေး မှဗန်းမော်အထိ ခရီးစဉ်၊ ချင်းတွင်းဌာန ခွဲ၌ မုံရွာမြို့မှ ကလေးဝ၊ ဟုမ္မလင်း ခရီးစဉ်များ နှင့် သံလွင်ဌာနခွဲ  ၌ မော်လမြိုင်မှ ဘီလူးကျွန်း၊ နမ့်မော် စသည့် ခရီးစဉ်တို့ကို ဌာနခွဲ ခြောက်ခုနှင့် သယ်ယူပို့ဆောင် ပေးနေကြောင်း သိရသည်။

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် လက်ရှိပြေးဆွဲ နေသည့် ရေယာဉ် ၁၇၈ စင်း၊ စက်မဲ့တွဲယာဉ် အဖြစ် အသုံးပြု နေသည့် ဆိပ်ခံရေယာဉ် ၁၆၁ စင်းဖြင့် ပြေးဆွဲ အသုံးပြုလျက် ရှိပြီး ၂ဝ၁၄ ခုနှစ်က ဂျပန်နိုင်ငံမှ အသစ်ရောက်ရှိ လာသည့် ချယ်ရီ ရေယာဉ် သုံးစင်းကို ပန်းဆိုးတန်း-ဒလ သယ်ယူ ပို့ဆောင်ရေး တွင် ပြေးဆွဲ ပေးလျက် ရှိသည်။

''ရေကြောင်း သွားလာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် ခေတ်မီတဲ့ ရေယာဉ်တွေရဲ့ စွမ်းအားအပြည့်နဲ့ ပြေးဆွဲနိုင်ဖို့ စဉ်းစားရမယ်။ အိုဟောင်းနေတဲ့ ရေယာဉ်တွေနဲ့ ပြေးဆွဲမယ်ဆိုရင် ခရီးစဉ် တစ်ခုကို ရောက်ဖို့
အချိန်ကြန့်ကြာ တာနဲ့ ကုန်ပစ္စည်းကို အပြည့်အဝ မတင်ဆောင် နိုင်ဘူးဆိုရင် ဖွံ့ဖြိုးမှု အားနည်းပါတယ်။ ဒါကြောင့် ရေယာဉ် အသစ်တွေနဲ့ အစားထိုး ပြေးဆွဲမယ်'' ဟု ၄င်းက ပြောသည်။

ပြည်တွင်းရေကြောင်း ဖွံ့ဖြိုး တိုးတက်လာ စေရန် ရေကြောင်း ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲ သွားမည် ဖြစ်သော်လည်း လက်ရှိ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေးတွင် ခရီးသည် ရရှိမှုနှင့် ကုန်ပစ္စည်းရရှိမှု အားနည်းနေ သည့်အတွက် ခရီးစဉ်တချို့ကို ခေတ္တရပ် ဆိုင်း ရကြောင်း၊ ရေကြောင်း ပို့ဆောင်ရေး အနေဖြင့် ယခင်ကထက် တိုးတက်မှုများ လျော့နည်း လာခြင်းကြောင့် ပြန်လည်ဖွံ့ဖြိုး တိုးတက်ရန်၊ ရေလမ်းကြောင်း များ ပို၍ အန္တရာယ် ကင်းရှင်းစေရန် နှင့် ခေတ်ကာလ နှင့် လိုက်လျော ညီထွေသည့် ရေယာဉ်များ ရရှိရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။ (ဆုလာဘ်)

မြ၀တီနေ့စဉ် ၊ စာ(၆)

ရန်ကုန်မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများ သုံးနှစ်အတွင်း အပြီးဆောင်ရွက်ရန် ထိခိုက်နစ်နာနိုင်မည့် အိမ်ရာများစာရင်း ဇူလိုင်လအပြီး ကောက်ယူမည်



ရန်ကုန် ၊ ၃၀-၆-၂၀၁၆

မြန်မာ့မီးရထား နှင့် ဂျပန် အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA တို့ပူးပေါင်း၍ မြို့ပတ်လမ်းပိုင်း ရှိ သံလမ်းနှင့် တွဲဆိုင်း အပါအဝင် အဆင့် မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများကို သုံးနှစ်အတွင်း အပြီး ဆောင်ရွက်မည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ခန့် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

''ဒီစီမံကိန်း အတွက် ၂ဝ၁၅ ခုနှစ် သြဂုတ်လ ကတည်းက JICA နဲ့ ကတိကဝတ်ပြု ထားတာပါ။ လက်ရှိမှာတော့ ကွင်းဆင်း ဆောင်ရွက်မှုတွေ လုပ်နေပါတယ်'' ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ စီမံကိန်းအရ ရထားသံလမ်း များကို အဆင့်မြှင့်တင်၍ ပြောင်းလဲ တပ်ဆင်ခြင်း၊ တွဲဆိုင်း အဟောင်းများကို DMU (Diesel Multiple Unit) အမျိုးအစား ရထားတွဲဆိုင်း များဖြင့် ပြောင်းလဲ ပြေးဆွဲခြင်း၊ မြို့ပတ်ရထားပြေးဆွဲမှု ခရီးစဉ် တစ်လျှောက်ရှိ ရထားလမ်း ကူးခုံးကျော် တံတား ၁ဝ ခုကို ပြန်လည်ပြုပြင် တည်ဆောက်ခြင်း၊ ရထားနှင့် ကားလမ်းကူး လမ်းဆုံရှိ ဂိတ်အဖွင့် ၂၁ ခုကို အလိုအလျောက် ဆောင်ရွက် နိုင်သည့် အော်တိုဂိတ် များအဖြစ် ပြောင်းလဲ ဆောင်ရွက်ခြင်း၊ ကြည့်မြင်တိုင်၊ တညင်းကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံနှင့် ပုရွက်ဆိတ်ကုန်း ဘူတာများကို အဆင့်မြှင့်တင် ပြုပြင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

ထိုသို့ မြို့ပတ်ရထား လမ်းပိုင်းများ အဆင့် မြှင့်တင်ရာတွင် ထိခိုက်နစ်နာ နိုင်မည့် အိမ်ရာစာရင်း များကို ဇူလိုင်လတွင် အပြီးသတ် ကောက်ယူသွားရန် ရှိပြီး မြို့ပတ် ရထားလမ်း စင်္ကြံတစ်လျှောက် စီမံကိန်းနှင့် မလွတ် ကင်းသည့် ဝန်ထမ်းအိမ်ရာ၊ ဝန်ထမ်း မဟုတ်သည့် အိမ်နှင့် ဘိုးဘွား လက်ထက် နေထိုင်သည့်အိမ် ဟုတ်၊ မဟုတ်၊ ကျူးကျော် ဆောက်လုပ် နေထိုင်ခြင်း ဟုတ်၊ မဟုတ်တို့ကို အပြီးသတ် စာရင်းကောက်ယူ သွားမည် ဖြစ်သည်။ 

ကနဦး ကောက်ယူမှု စာရင်းများ အရ ရထားလမ်းနှင့် ၁၅ ပေ မလွတ်ကင်းသော အိမ်ရာခုနစ်လုံး ရှိပြီး ကံဘဲ့နှင့် ဘောက်ထော် တို့တွင် ဝန်ထမ်းအိမ်ရာ ၁၉ လုံး ဆောက်လုပ် ပေးသွားရန် ရှိသည်။ မြို့ပတ် ရထားလမ်းပိုင်း အဆင့် မြှင့်တင်ရေး စီမံကိန်းသည် ရန်ကုန် ဘူတာကြီး အနောက် ဘက်ခြမ်းမှ စတင်၍ တညင်းကုန်း ဘူတာကိုဖြတ်ကာ ပုဇွန်တောင် ဘူတာကြား အထိ စုစုပေါင်း ၄၄ ကီလိုမီတာ ရှည်သည်။

ယင်း စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ဝန်ထမ်းအိမ်ရာ များမှာ ကျောက်ရေတွင်း နှင့် တံတားလေး ဘူတာကြား နှစ်လုံး၊ ကျောက်ရေတွင်း နှင့် တံတားလေး ဘူတာကြား ဝန်ထမ်းအိမ်ရာ နှစ်လုံးနှင့် ဝန်ထမ်းအိမ်ရာ မဟုတ်သော အိမ်များမှာ အင်းစိန်နှင့် ရွာမဘူတာကြား အိမ်နှစ်လုံး၊ တံတားလေးနှင့် ရေကူးဘူတာကြား ဆိုင်တစ်ဆိုင်၊ ကံဘဲ့နှင့် ဘောက်ထော် ဘူတာကြား ဆိုင်တစ်ဆိုင်၊ အင်းစိန်နှင့် ရွာမဘူတာ ကြား ဆိုင်တစ်ဆိုင် အပြင် အငှားစိုက်ခင်း နှစ်ခင်း အပါအဝင် စုစုပေါင်း ၁၂ ကွက် ရှိကြောင်း သိရသည်။ H.O ၊ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၃)

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၅) အမှတ်(၂၄)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၅) အမှတ်(၂၄)

Download Links


မိမိလိုချင်သည့် အကြောင်းအရာ တစ်ခုအပေါ် တရားသေမရပ်တည်ဘဲ ပြည်ထောင်စုစိတ်ဓာတ် ၊ တစ်နည်းအားဖြင့် မြန်မာစိတ်ဓာတ်ဖြင့် လုပ်ဆောင်သွားပါက မိမိတို့ လျှောက်လှမ်းနေသည့် လမ်းကြောင်းတွင် အရှိန်အဟုန် မြန်ဆန်ပြီး အေးအေးချမ်းချမ်း နှင့် အောင်မြင်မှုကို ရရှိနိုင်မည်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်စဉ် 

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( Peace Process Steering Team - PPST ) အား လက်ခံ တွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ စောမူတူးဆေးဖိုး တို့ ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၃၀-၆-၂၀၁၆

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) လုပ်ငန်းများ အောင်မြင်စေရန် တပ်မတော် အနေဖြင့် အပြည့်အ၀ ဆန္ဒရှိကြောင်း ၊ လွတ်လပ်ခြင်း ၊ ညီညွတ်ခြင်း ၊ မျှတခြင်း ဆိုသည့် လောကပါလ တရားနှင့်အညီ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး ကို လျှောက်လှမ်း ကြရာတွင် တစ်ဦးပေါ် တစ်ဦး ယုံကြည်မှု ရှိရန်လိုကြောင်း ၊ မိမိလိုချင်သည့် အကြောင်းအရာ တစ်ခုအပေါ် တရားသေ မရပ်တည်ဘဲ ပြည်ထောင်စု စိတ်ဓာတ် ၊ တစ်နည်း အားဖြင့် မြန်မာစိတ်ဓာတ် ဖြင့် လုပ်ဆောင် သွားပါက မိမိတို့ လျှောက်လှမ်း နေသည့် လမ်းကြောင်းတွင် အရှိန်အဟုန် မြန်ဆန်ပြီး အေးအေးချမ်းချမ်း နှင့် အောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team - PPST) အား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး Peace Process Steering Team - PPST အဖွဲ့ဝင်များ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/ SSA) မှ ဘောင်ခေး၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာ၊ ချင်းအမျိုးသား တပ်ဦး (cNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) KNU/ KNLA (PC) မှ နော်ကပေါ်ထူး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (KKO) မှ စောမိုရှေး နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုင်းပြည် တည်ငြိမ် အေးချမ်းရေး ၊ ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ငြိမ်းချမ်းစွာ လျှောက်လှမ်း နိုင်ရေးအတွက် အဓိက လိုအပ်ချက် မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် အပစ်အခတ် ရပ်စဲ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင် ပြီးစီးရေး ဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီ ပထမ သက်တမ်း ကာလ တစ်ပြည်လုံး ငြိမ်းချမ်းရေး ရရှိရန် ကမ်းလှမ်းချက် အပေါ် မူတည်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များက ကောင်းမွန်သည့် အပြုသဘော တုံ့ပြန်ချက် များဖြင့် ပူးပေါင်း ဆောင်ရွက်မှု ကြောင့် ခရီးလမ်းတစ်ခု အထိ ရောက်ရှိပြီး NCA လက်မှတ် ရေးထိုး နိုင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုး ခဲ့သည့် အဖွဲ့အစည်း များသည် ထူးခြားသော ဝိသေသ ရှိသည်ဟု ပြောရမည် ဖြစ်ကြောင်း၊ လက်ရှိအစိုးရ ကဦးဆောင်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ကျင်းပရန် လုပ်ဆောင် နေကြောင်း၊ ၆ နှစ်တာ ကာလ ဖြတ်သန်းခဲ့ ရမှု အတွေ့အကြုံ အရ နိုင်ငံသူ နိုင်ငံသား အားလုံး၏ ရပ်တည်မှုနှင့် နိုင်ငံသားများ၏ အခွင့်အရေး အတွက် ဥပဒေအရ ပေးထားသည် များရှိကြောင်း ၊ တချို့နေရာ များတွင်  လိုအပ်ချက် အရ တောင်းဆိုပိုင်ခွင့် ရှိသော်လည်း ပြန်လည် ပေးရမည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပိုင်း များတွင် လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရှိရ၍ နှစ်ဦးနှစ်ဖက် ညှိနှိုင်း လုပ်ဆောင် ရမည်ဖြစ်ကြောင်း ၊ တပ်မတော် အနေဖြင့် ဒို့တာဝန် အရေးသုံးပါး ကို ခိုင်ခိုင်မာမာ ရပ်တည် ထားကြောင်း ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆွေးနွေး ရာတွင်လည်း CNA အပေါ်တွင်သာ ရပ်တည် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ အရေးကြီး သည်မှာ တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှုပင် ဖြစ်ကြောင်း ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ အနေဖြင့် တည်ငြိမ် အေးချမ်းမှု နှင့် ဖွံ့ဖြိုး တိုးတက်မှု အတွက် ညီညွတ်သော စိတ်ဖြင့် ၀ိုင်းဝန်း လုပ်ဆောင် ခြင်းဖြင့် အရှိန်အဟုန် မြန်ဆန်မည်ဟု ယုံကြည်ကြောင်း ၊ တပ်မတော် အနေဖြင့်လည်း ၄င်းစိတ်ဓာတ်ဖြင့် ပါဝင်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ PPST အဖွဲ့ဥက္ကဋ္ဌ စောမူတူးဆေးဖိုး နှင့်အဖွဲ့ဝင် များက PPST ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် နှင့် ဖွဲ့စည်းထားရှိမှု အခြေအနေ များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အတွက် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများ၊ PPST အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တွင်လည်း CNA အပေါ်တွင်သာ ရပ်တည် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် CNA ၌ လက်မှတ် ရေးထိုးထားခြင်း မရှိသည့် အဖွဲ့များ ပါဝင်နိုင်ရေး ဆွေးနွေးနေမှု အခြေအနေများ ၊ UPDJC နှင့် JICM ကော်မတီ အစည်းအဝေးများ ဆက်လက် လုပ်ဆောင် သွားမည့် အခြေအနေ များကို ရှင်းလင်း တင်ပြပြီး တစ်ဖွဲ့ချင်း အနေဖြင့်လည်း ဆက်ဆံရေး ရုံးများ တိုးချဲ့ ထားရှိရေး၊ JMC အနေဖြင့် အဆင့်ဆင့် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရေး၊ နှစ်ဖက်တပ်များ တပ်နေရာ ချထားရေး စသည်ဖြင့် အသီးသီး ဆွေးနွေး ကြသည်။

ယင်း ဆွေးနွေးချက် များအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က CNA တွင် ပါဝင် လက်မှတ်ရေးထိုး ရန်အတွက် မည်သည့် အဖွဲ့ကိုမဆို တပ်မတော်က ဖိတ်ခေါ် ထားကြောင်း၊ လက်ရှိ လျှောက်လှမ်း နေသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို သွားလိုစိတ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် ခိုင်မာ သော စိတ်ရှိပါက လက်မှတ် မထိုးနိုင်စရာ မရှိကြောင်း၊ မိမိကိုယ်ကို ယုံကြည်မှု ရှိရန်လို သကဲ့သို့ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည် အပေါ် ယုံကြည် အားကိုးစိတ် ရှိရန်လည်း လိုအပ်ကြောင်း ၊  မိမိတို့ အနေဖြင့် တိုင်းပြည် အားသည် ပြည်တွင်း မှာသာ ရှိသည်ဆိုသည့်စိတ် ထား၍ ပါဝင် လက်မှတ် ရေးထိုးရန် စောင့်ဆိုင်း ကြိုဆိုနေကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပါဝင် တက်ရောက်ခြင်း၊ ပါဝင် ဆွေးနွေးခြင်း တို့သည် တပ်မတော်၏ သဘောထား တစ်ခုတည်း ဖြင့်မရဘဲ နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လူမျိုးများ၏ သဘောဆန္ဒ များကိုပါ ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအတွက် နိုင်ငံရေး ၊  နိုင်ငံ့အရေးများ လုပ်ဆောင် နိုင်ရန် နိုင်ငံရေး လမ်းကြောင်း ဖွင့်ပေးထား ခြင်းဖြစ်၍ မိမိ လုပ်ဆောင် လိုသည်ကို နိုင်ငံရေး နည်းလမ်းဖြင့် လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာ တွင်လည်း နေရာ (Place) နှင့် မြေ (Land) တို့သည် အရေးမကြီးဘဲ ပြည်သူက ထောက်ခံပြီး မိမိတို့ လုပ်ဆောင်သည့် နိုင်ငံရေး လမ်းကြောင်းကို မှန်မှန်ကန်ကန် လုပ်ဆောင် ပေးနိုင်ရန်သာ အရေးကြီး ကြောင်း၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ မထားရှိဘဲ တိုင်းပြည်အတွက် ကြည့်စေလိုကြောင်း ၊ မိမိတို့လည်း ထိုစိတ်ဓာတ်မျိုး မွေး၍ လုပ်ဆောင် နေကြောင်း ၊ ဒီမိုကရေစီ ခေတ်တွင် နိုင်ငံရေးအရ လွတ်လပ်စွာ သဘောကွဲလွဲမှု ရှိသော်လည်း တိုင်းရင်းသား အရေးတွင် သဘော ကွဲလွဲမှုများ မရှိစေလိုကြောင်း၊ ရိုးသားစွာ ပြောဆိုရပါက တပ်မတော် အနေဖြင့် တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်မှုကို လုံးဝ မလိုလားကြောင်း ၊ သက်ဆိုင်ရာ အစိုးရ အုပ်ချုပ်မှု ယန္တရားများ၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို နှောင့်ယှက် ထိခိုက်မှုများ မရှိစေရန် ကာကွယ်ရခြင်းသာ ဖြစ်ကြောင်း၊ တချို့လည်း စိုးရိမ်စိတ် ဖြင့် နယ်မြေ တည်ဆောက်မှု၊ အင်အား တည်ဆောက်မှုများ လုပ်ဆောင် နေသည်ကို တွေ့ရှိရကြောင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု ရှိပါက ယင်းသို့ လုပ်ဆောင်ရန် မလိုဘဲ ငြိမ်းချမ်းသည့် နည်းလမ်း ဖြင့်သာ လုပ်ဆောင်ကြ ရမည် ဖြစ်ကြောင်း၊ အလားတူ နေရာနှင့် မြေမှာ အရေးမကြီးဘဲ လူထု ယုံကြည်မှု ရရှိရန် လိုကြောင်း ၊ တပ်မတော် အနေဖြင့် လူထု ယုံကြည်မှု ရရှိအောင် ကြိုးစား တည်ဆောက် နေကြောင်း ရှင်းလင်း ပြောကြား၍ တစ်ဖွဲ့ချင်း၏ ဆွေးနွေးချက် များအပေါ် ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့သည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက် လာကြသည့် တိုင်းရင်းသား အဖွဲ့ ကိုယ်စားလှယ် များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး အဖွဲ့ဝင် များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး General Prawit Wongsuwon အား တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး General Prawit Wongsuwon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံစဉ်

နေပြည်တော် ၊ ၃၀-၆-၂၀၁၆

အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်အပြင် ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ မျိုးနွယ်ချင်း တူညီကြ၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ကြောင်း၊ ဆက်ဆံမှု နယ်ပယ် အားလုံးတွင် နားလည်မှုရှိစွာ လုပ်ဆောင်ကြရန် လိုကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးတွင် အကောင်းဆုံး အခြေအနေမှာ တစ်ယောက် အပေါ် တစ်ယောက် ယုံကြည်မှုပင် ဖြစ်ကြောင်း၊ ရိုးသားမှုနှင့် ပွင့်လင်းမှုကို အခြေခံ ဆောင်ရွက် ခြင်းဖြင့် မည်သည့် အခက်အခဲ ကိုမဆို ညှိနှိုင်းဖြေရှင်း နိုင်ပါကြောင်း၊ ဆယ်စုနှစ် ပေါင်းများစွာ ထိန်းသိမ်း ဆောင်ရွက်ခဲ့သည့် ဆက်ဆံရေး အစဉ်အလာ ကောင်းများကို နောက်လူများသို့ လက်ဆင့်ကမ်း ပေးရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက် ၁၁ နာရီခွဲ တွင် ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင် ၌ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေး ဝန်ကြီး General Prawit Wongsuwon ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ ရာတွင် ထည့်သွင်း ပြောကြားသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော် နှစ်ရပ်ကြား ကြည်း၊ ရေ၊ လေ ကဏ္ဍပေါင်းစုံ တွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၊ တပ်မတော် နှစ်ရပ်ကြား ဆောင်ရွက် နေသည့် TBC ၊ RBC နှင့် HLC အစည်းအဝေး ဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့များ အပြန်အလှန် စေလွှတ်ရေးနှင့် သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ကိစ္စရပ်များ နှင့် နှစ်နိုင်ငံ နယ်စပ်ေ ဒသလုံခြုံရေး ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ် ဖြန့်ဖြူးမှု များကို တူညီသော ခြိမ်းခြောက်မှု တစ်ခုအဖြစ် ထိထိ ရောက်ရောက် တားဆီး နှိမ်နင်းရေး၊ နှစ်နိုင်ငံ နယ်နိမိတ် ကိစ္စရပ်များ မှန်မှန်ကန်ကန် နှင့် မြန်မြန်ဆန်ဆန် ဖြစ်စေရေး အတွက် အစိုးရ အဖွဲ့အစည်း များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တွင် နှစ်နိုင်ငံ ပူးပေါင်း သစ်ပင် စိုက်ပျိုးရေးအား ဒေသတွင်း စံပြု Model တစ်ခုအဖြစ် အောင်မြင်အောင် ကြိုးပမ်း လုပ်ဆောင်ရေး၊ ထိုင်းနိုင်ငံ ရောက် မြန်မာ အလုပ်သမား များ၏ အရေးကိစ္စ များအား ထိုင်းနိုင်ငံ၏ ဥပဒေများ နှင့်အညီ ကာကွယ် စောင့်ရှောက်ရေး တို့အား ရင်းနှီးပွင့်လင်း စွာ အပြန်အလှန် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ  တက်ရောက် ကြပြီး General Prawit Wongsuwon နှင့်အတူ ထိုင်းနိုင်ငံ အလုပ် သမားဝန်ကြီး General Sirichai Distakul ၊ ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် General Preecha Jan-O-Cha ၊ ထိုင်းဘုရင့် တပ်မတော် ကြည်း တပ်ဦးစီးချုပ် General Teerachai Nakwanich ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Pisanu Suvanajata နှင့် စစ်သံမှူးများ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် ကာကွယ်ရေး ဝန်ကြီး တို့သည် လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်၍ အဖွဲ့ဝင် များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)



If all participants carry out issue they wish with Union spirit or Myanmar’s spirit without holding up dogmatism, they all will achieve victory on their processes peacefully and speedily


Senior General Min Aung Hlaing meets members of Peace Process Steering Team-PPST.

Nay Pyi Taw June 30

The Tatmadaw fully wishes to achieve success in tasks of the Union Peace Conference (21st Century Panglong). All need to believe in one another in restoring peace and stability of the country in line with liberty, fraternity and equality included in the deterrent principles. If all the participants carry out an issue they wish with the Union spirit or the Myanmar’s spirit without holding up the dogmatism, they all will achieve victory on their processes peacefully and speedily, said Commander-in-Chief of Defence Services Senior General Min Aung Hlaing at the meeting with members of the Peace Process Steering Team- PPST at Bayintnaung Parlour, here, at 2 pm yesterday.

Also present at the meeting were Deputy Commander-in-Chief of Defence Services Commander-in- Chief (Army) Vice-Senior General Soe Win, senior military officers of the Office of the Commanderin- Chief (Army), members of the PPST—Chairman of Karen National Union (KNU) Saw Mutu Sae Poe, Baung Khay of Restoration Council of Shan State/Shan South Army (RCSS/SSA), Patron Khun Okkar of Pa-O National Liberation Organization (PNLO), Chairman of Chin National Front (CNF) Pu Zing Cung, Vice Chairman of Arakan Liberation Party (ALP) Khine Soe Naing Aung, Naw Kapaw Htoo of Karen National Liberation Army (Peace Council) KNU/KNLA, Chairman U Than Khe of All Burma Students’ Democratic Front (ABSDF), Saw Mo Shae of Democratic Karen Buddhist Army  (KKO) and delegation members.

At the meeting, the Senior General noted that the ceasefire with armed ethnic groups and successful completion of peace process plays a vital role in peace and stability of the nation and peaceful walking on the path of democracy.Thanks to the constructive cooperation of the ethnic armed organizations after the offer for achieving national peace throughout the first term of multiparty democracy, we could reach a certain road and sign the Nationwide Ceasefire Agreement (NCA). It can be said that those signatories have significant characteristics. Preparations are now being made under the leadership of the ruling government to hold the Union Peace Conference (21st Century Panglong). According to an experience of six years, the law has vested all the citizens with their standings and rights. Although they can make demands according to the needs in some cases, there are also some requirements in the part of responsibility, accountability and sense of duty. Therefore, both sides need to make coordination and negotiations. The Tatmadaw itself strongly adheres to Our Three Main National Causes. In the Union Peace Conference also, discussion
will be made in line with the NCA provisions. The important thing is to have mutual trust. I believe that the process will gather speed if the ethnic armed organizations work together in unity for peace, stability and development of the country. The Tatmadaw is also participating in the drive with this spirit.

Next, PPST chairman Saw Mutu Sae Poe and members discussed the purpose of forming PPST and its organizational setup, preparations for holding the peace conference, PPST’s plans to doing things in accord with the NCA, the participation of NCA non-signatories in the conference, continued plans to hold meetings of UPDJC and JICM. Other individual groups also explained opening of more liaison offices, JMC’s holding of step-bystep dialogues and deployment of troops from both sides.

The Senior General said the Tatmadaw has invited any organization to sign the NCA. If there is willingness to move on the ongoing multi-party democracy path and the strong will for national unity, NCA could be signed for sure. While we need to have self-confidence, we should also have the willingness to rely on our own country and State. We welcome and are waiting for signing of NCA with the attitude that ‘the strength of the country lies within.’ Regarding joining and participating in discussion at Union Peace Conference, the Tatmadaw alone cannot make decision, but it needs to take the wishes of government, respective parliaments, political parties, and ethnic races into consideration. As we have opened the political channel for ethnic armed groups to engage in politics and country’s affairs, they need to work for their goals through political means. In so doing, place and land are not important, but it is important that they receive public support and work rightfully on their political line. They need to put national interests at the fore without partisanship, racism and regionalism. And we, the Tatmadaw bear that attitude in our actions. Though democracy allows different political views, I wish there is no different view regarding ethnic issues. Honestly, the Tatmadaw absolutely does not want the fighting between national brethren, but it has to protect the respective administrative mechanisms, and lives and property of people from threats and dangers. And some groups are building strongholds and expanding their forces out of concern. If they have self-confidence, they need not to do so, but can take peaceful approach instead. Likewise, place and land are not important, but it is important to gain public support. And the Tatmadaw is trying to win public trust. The Senior General then replied to discussions of each group.

After the meeting, the Senior General and party presented gifts to ethnic delegates and posed for documentary photo together with them.

The Myawady Daily


Senior General Min Aung Hlaing holds talks with Thai Dy PM and Defence Minister General Prawit Wongsuwon



Senior General Min Aung Hlaing cordially shakes hands with Deputy Prime Minister and Minister of Defence of Thailand General Prawit Wongsuwon

Nay Pyi Taw June 30

As Myanmar and Thailand have the same culture, religion and race apart from being neighbours, bilateral relations between the two countries are fine. Understanding is required in all areas while mutual trust is the most essential part in bilateral relations. All sorts of difficulties can be solved through negotiations based on sincerity and openness. The fine traditions of bilateral relations maintained throughout the many decades must be handed over to the posterity, noted Commander-in-Chief of Defence Services Senior General Min Aung Hlaing during his meeting with a delegation led by Deputy Prime Minister and Minister of Defence of Thailand General Prawit Wongsuwon at Zeyathiri Parlour, here, at 11.30 am yesterday.

Views were cordially exchanged on closer cooperation in the multiple sectors of the Army, the Navy and the Air Force of the two armed forces, the progress in holding the TBC, RBC and HLC meetings between the two armed forces, exchange of military goodwill delegations and training affairs, promotion of cooperation in anti-terrorist campaigns and border security, effective eradication of drug production and trafficking as a common threat, cooperation with government bodies for the facilitation and correctness of border demarcation process, bilateral implementation of tree growing at border to become a model of the region, and protection of Myanmar migrant workers in Thailand under the law of the host country.

Present at the call together with the Senior General were Deputy Commander-in-Chief of Defence Services Commander-in-Chief (Army) Vice-Senior General Soe Win and senior military officers of the Office of the Commander-in-Chief (Army). General Prawit Wongsuwon was accompanied by Minister for Labour of Thailand General Sirichai Distakul, Permanent Secretary of the Ministry of Defence General Preecha Jan-O-Cha, Commanderin- Chief of Royal Thai Army General Teerachai Nakwanich, Ambassador of Thailand to Myanmar H.E. Mr. Pisanu Suvanajata, military attachés and officials.

After the call, the Senior General and the Thai Deputy Prime Minister and Minister of Defence exchanged gifts and posed for documentary photo together with those present at the call.

The Myawady Daily

မြန်မာ-ထိုင်း နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုများ ဆွေးနွေး


ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေး ဝန်ကြီး General Prawit Wongsuwon အား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၃၀-၆-၂၀၁၆

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေး ဝန်ကြီး General Prawit Wongsuwon ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌လက်ခံ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော် အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု များနှင့် လေ့ကျင့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဘေးရှောင် ဒုက္ခသည် များအရေး ကိစ္စတို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

ထိုသို့ တွေ့ဆုံရာ၌ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် နှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်း ရရှိသည်။(၅၀၀)

မြ၀တီနေ့စဉ် ၊ စာ(၂)


မြ၀တီနေ့စဉ်သတင်းစာ (၃၀-၆-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၃၀-၆-၂၀၁၆)

Download Links


Wednesday, June 29, 2016

ကက်ရှ်မီးယား ကြောင့် တင်းမာမှုမြင့်တက် လာနိုင်သည့် အိန္ဒိယ နှင့် ပါကစ္စတန် ဆက်ဆံရေး




( ရှိန်းထက် )

ဧပြီလက အိန္ဒိယစစ်သား များ၏ ပစ်ခတ်မှုကြောင့် ကက်ရှ်မီးယား ပြည်သူ ငါးဦး သေဆုံးခဲ့ ရသည်။ ထို့ကြောင့် ရှေးဦးမဆွ ကာလများက သန္ဓေတည် လာခဲ့သော အိန္ဒိယ ဆန့်ကျင် ဆန္ဒပြမှု များသည် ကက်ရှ်မီးယား တွင် မပြီးဆုံးနိုင်ဘဲ ပိုမိုဆိုးရွား လာရတော့သည်။ အိန္ဒိယတို့၏ ကက်ရှ်မီးယား ထိန်းချုပ်မှု ပုံစံသည် အာဏာရှင် စနစ်ကဲ့သို့ ပြင်းထန် လွန်းလှသည်။ ဆန္ဒပြမှု များကို ထိန်းချုပ်၍ မရလျှင် လက်နက် အင်အား၊ လူအင်အား သုံးသည်။

နယူးဒေလီ၏ ပွင့်လင်းမှု မရှိသော ကက်ရှ်မီးယား စည်းမျဉ်းများကို ကုလသမဂ္ဂက ဝေဖန်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် အိန္ဒိယက သူတို့ မူအတိုင်း ဆန္ဒပြသူ များအား ပြောမရလျှင် ပစ်ခတ်သည့် စည်းမျဉ်းကို ယနေ့ အချိန်ထိ အသုံးပြုနေဆဲ ဖြစ်သည်။ ထို့ကြောင့် ကက်ရှ်မီးယား သည် အိန္ဒိယမှ ခွဲထွက်ရန် ပိုမို အကြောင်းဖန် လာတော့သည်။

ကက်ရှ်မီးယား တွင် တစ်နေ့တခြား အိန္ဒိယ ကို လိုလားသည့် ဦးရေထက် ပါကစ္စတန် ကို လိုလားသည့် ဦးရေက ပိုများလာသည်။ ထို့ပြင် အိန္ဒိယတို့ ပစ်ခတ်မှုမှ ရလာသည့် အမွေဆိုး ဖြစ်သည့် အကြမ်းဖက် အုပ်စုတစ်စု ကလည်း ရှိနေသေးသည်။ အကြမ်းဖက် အုပ်စုကို ဦးဆောင်သည့် ခေါင်းဆောင် များသည် အသက်အရွယ် အားဖြင့် ငယ်ရွယ်ပြီး အိန္ဒိယစစ်သား တို့၏ ပစ်သတ်ခံ ရသော မိသားစုဝင်များမှ ပေါက်ဖွား လာသူများ ဖြစ်သည်။

ကက်ရှ်မီးယား တောင်ပိုင်းကို ဦးဆောင်နေသော အကြမ်းဖက် အုပ်စု၏ ခေါင်းဆောင် သည် ဘာဟန် မူဇာဖာဝါနီ ဖြစ်သည်။ ၄င်းသည် အသက်၂၃ နှစ်သာ ရှိသေးပြီး ၄င်း၏ အစ်ကိုဖြစ်သူ ခါလစ်ဒ် အား အိန္ဒိယစစ်သား များ၏ အသတ်ခံ ရမှုကြောင့် အိန္ဒိယ ဆန့် ကျင်ရေး သမား ဖြစ်လာရခြင်း ဖြစ်သည်။ အကြမ်းဖက် အုပ်စုဟု ဆိုသော်လည်း ပြည်သူ များကို သတ်ဖြတ်ခြင်း၊ အကြမ်းဖက်ခြင်း မရှိဘဲ အိန္ဒိယစစ်တပ် ကိုသာ တိုက်ခိုက်ခြင်း ဖြစ်သည်။

အကြမ်းဖက် သမားနှင့် ပြောင်းပြန် ဖြစ်နေသူ များမှာ အိန္ဒိယစစ်တပ် ဖြစ်သည်။ အိန္ဒိယစစ်တပ် သည် ပြည်သူများ အပေါ် အကြမ်းဖက် အဓမ္မ ပြုကျင့်သည်။ ပြည်သူများ အပေါ် လက်နက် အားကိုးဖြင့် ပြဿနာ များကို ဖြေရှင်းနေသည်။ ထို့ကြောင့် ကက်ရှ်မီးယား ရှိ အိန္ဒိယစစ်တပ် နှင့် အကြမ်းဖက် အုပ်စု သည် ပြောင်းပြန် ဖြစ်နေခြင်း ဖြစ်သည်။

အိန္ဒိယတို့ အုပ်ချုပ်ထားသည့် ကက်ရှ်မီးယား တောင်ပိုင်းရှိ အကြမ်းဖက် အုပ်စုသည် ပါကစ္စတန်ကို လိုလားသူများ ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယတို့သည် သူတို့၏ ပိုင်နက်ထဲရှိ သူပုန်များကို ပါကစ္စတန် အစိုးရက စစ်လက်နက် ပစ္စည်း ထောက်ပံ့ ပေးနေသည်။ ကက်ရှ်မီးယား ပိုင်နက် တစ်ခုလုံးကို အပိုင်ရအောင် ကြံစည်နေသည် ဟု စွပ်စွဲသည်။ အမှန်မှာ အကြမ်းဖက် သမားများ ပေါ်ပေါက်လာရန် မောင်းနှင်ပေး သူသည် အိန္ဒိယ ကိုယ်တိုင်ပင် ဖြစ်သည်။

၂ဝဝ၈ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်များ ကြားတွင် ကက်ရှ်မီးယား သမိုင်း၌ အကြီးမားဆုံး ဆန္ဒပြမှုကြီး ဖြစ်ပွားခဲ့သည်။ လူငယ်များ ဦးဆောင်သော ကက်ရှ်မီးယား ဆန္ဒပြမှုကြီး တွင် လူပေါင်း ထောင်သောင်း ချီ၍ ပါဝင်ခဲ့ပြီး အပြစ်မဲ့ ဆယ်ကျော်သက် ပြည်သူ ၂ဝဝ ကျော် အိန္ဒိယစစ်သား များ၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။ အထူးသဖြင့် ကက်ရှ်မီးယား ရှိ အိန္ဒိယ အုပ်ချုပ်ရေးသည် လူငယ်များ အပေါ် ဖိနှိပ် လွန်းသည်။

ထို့ကြောင့် အိန္ဒိယစစ်သားများ ကက်ရှ်မီးယားတွင် လူငယ်များနှင့် သာ အမြဲတမ်း ထိပ်တိုက် တွေ့နေရခြင်း ဖြစ်သည်။ ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသော ကက်ရှ်မီးယား တွင် အိန္ဒိယ စစ်သားများ လက်နက်သုံး ဖြိုခွင်းမှုသည် အကြမ်းဖက် အုပ်စုဟု ခေါင်းစဉ်တပ်ခံ ထားရသော ဟစ်ဇ်ဘူ မူဂျာဟစ်ဒင် အုပ်စုအတွက် လူသစ် စုဆောင်းရန် အကောင်းဆုံး နည်းလမ်းများ ဖြစ်လာရသည်။

ထို့ကြောင့် ယခု နောက်ပိုင်းတွင် ကက်ရှ်မီးယား မူဂျာဟစ် အုပ်စုသည် လူအင်အား ပိုမိုများပြား လာသည်။ အိန္ဒိယနှင့် အကြမ်းဖက် အုပ်စုတို့ တိုက်ပွဲဖြစ်လျှင် အကြမ်းဖက် သမားတို့ သေဆုံးခဲ့ပါက ကက်ရှ်မီးယား ပြည်သူတို့ သည် ဈာပန အခမ်းအနားကို လူထောင်ချီ တက်ပြီး ကျင်းပကြသည်။ အိန္ဒိယစစ်သား တို့ သေဆုံးလျှင်တော့ ဂရုမစိုက်ကြပေ။

အိန္ဒိယ အုပ်ချုပ်ရေးကို လက်မခံသည့် ကက်ရှ်မီးယား အကြမ်းဖက် လှုပ်ရှားမှုသည် ၁၉၈ဝ ပြည့်နှစ်များတွင် စတင်ခဲ့သည်။ ယင်း အကြမ်းဖက် အုပ်စုများကို ဖြိုခွဲရန် ထိုအချိန်က အိန္ဒိယ အစိုးရသည် စစ်သည် အင်အား
ငါးသိန်းခန့် အသုံးပြုခဲ့သည်။ ထိုစစ်သားများ သည် သူတို့ အကြမ်းဖက် သမားဟု သံသယရှိသူ မှန်သမျှကို မေးမြန်း စူးစမ်းခြင်း မရှိဘဲ သတ်သည်။ ထိုကာလက ကက်ရှ်မီးယားတွင် သေဆုံးခဲ့သူ ဦးရေသည် ခုနစ်သောင်းမှ တစ်သိန်းအထိ ရှိခဲ့သည်။

ယခုအချိန် ထိလည်း အိန္ဒိယတို့သည် ကက်ရှ်မီးယား တွင် မေးမြန်းစူးစမ်းခြင်း မရှိဘဲ သူတို့ သံသယရှိ သူကို ထောင်သွင်း အကျဉ်းချစနစ် ကျင့်သုံးနေဆဲ ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယ အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးသည် ကက်ရှ်မီးယား တွင် ပျက်စီး ယိုယွင်းနေကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များ၊ ဖိနှိပ်မှုများဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။

အကယ်၍ ထိုတောင်ပိုင်း အိန္ဒိယအုပ်ချုပ်ခံ ကက်ရှ်မီးယား ပြည်သူများ ကက်ရှ်မီးယား ကို လူထုဆန္ဒ ခံယူပွဲပြုလုပ်ပြီး ပါကစ္စတန်ထဲ ဝင်ရန် တောင်းဆိုလာလျှင် သို့မဟုတ် ကက်ရှ်မီးယား သူပုန်တို့ တောင်းဆိုမှုနှင့် ပါကစ္စတန် တို့က ကက်ရှ်မီးယား လွတ်လပ်ရေး အတွက် စစ်လက်နက် အလုံးအရင်းနှင့် နောက်ကွယ်က ပံ့ပိုးကူညီ ပေးလိုက်လျှင် အိန္ဒိယနှင့် ပါကစ္စတန် သည် သမိုင်းဝင် ရန်သူတော် နှစ်ဦး နောက်တစ်ကြိမ် ထပ်မံ ထိပ်တိုက်တွေ့ဆုံ ရဦးမည် ဖြစ်သည်။ ထိုသို့ ဖြစ်ရန်လည်း အခြေအနေများက ဖန်လာသည်။ အိန္ဒိယ အုပ်ချုပ်သည့် ကက်ရှ်မီးယား နယ်မြေတွင် ပါကစ္စတန် ထောက်ခံမှုများက အများဆုံး ဖြစ်လာကာ ပြည်သူများက အိန္ဒိယအစိုးရ အတွက် ပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံး တစ်လုံးကဲ့သို့ ဖြစ်နေသည်။ ယခုတစ်ကြိမ် ထိပ်တိုက်တွေ့ လျှင်တော့ အိန္ဒိယနှင့် ပါကစ္စတန် ဆက်ဆံရေး လည်း ပြတ်တောက်သွား နိုင်လောက်အောင် ဆိုးရွားသွား နိုင်သည်။

ထို့ကြောင့် ကက်ရှ်မီးယား ကြောင့်ပင် ယခုတစ်ကြိမ် လည်း အိန္ဒိယနှင့် ပါကစ္စတန် ဆက်ဆံရေးသည် ပိုမိုတင်းမာရန် လမ်းကြောင်း ပေါ်ကို ရောက်ရှိနေပြန် ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

ထိုင်းနိုင်ငံမှ ငါးမြစ်ချင်းငါးများ တရားမဝင် ဝင်ရောက်လာသဖြင့် ပြည်တွင်းငါးမွေးမြူရေး လုပ်ငန်းများ ထိခိုက်နစ်နာနေ



ရန်ကုန် ၊ ၂၉-၆-၂၀၁၆

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငါးမြစ်ချင်းငါးများ တရားမဝင် ဝင်ရောက်လာ သဖြင့် ပြည်တွင်း ငါးမွေးမြူရေး လုပ်ငန်းများ ထိခိုက်နစ်နာမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရှိရသည်။

ထိုင်းနိုင်ငံမှ ငါးမြစ်ချင်းငါးများ မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းမှတဆင့် ရန်ကုန်မြို့ရှိ ဗဟိုစံပြ ငါးဈေးသို့ တစ်နေ့လျှင် ငါးပိဿာချိန် ၆၀၀၀ ပတ်ဝန်းကျင် တရားမဝင် ၀င်ရောက် နေကြောင်း သိရသည်။

“ထိုင်းက တရားမဝင် ငါးမြစ်ချင်းတွေ တင်သွင်း နေတယ်ဆိုတဲ့ သတင်းကိုတော့ ကျွန်တော်တို့ ကြားရတာ တစ်လလောက် တော့ ရှိနေပြီ။ ဒါပေမယ့် သတင်း တိတိကျကျ ကိုတော့ ကျွန်တော်တို့ မနေ့ကမှ ရရှိတာ ဖြစ်ပါတယ်။ ပြည်ပကနေ တရားမဝင် ဝင်ရောက်လာတဲ့ လမ်းကြောင်းကို လေ့လာမှုတွေ ပြုလုပ် နေပါတယ်။” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။ လက်ရှိတွင် ထိုင်းနိုင်ငံမှ တင်သွင်းလျက် ရှိသည့် ပုစွန်များနှင့် အတူ တရားမဝင် ဝင်ရောက်လျက် ရှိသည့် ငါးမြစ်ချင်းငါး များကို ဖမ်းဆီး အရေးယူနိုင်ရန် ကရင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန၊ ကရင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ ချုပ်နှင့် ငါးမွေးမြူရေး လုပ်ငန်းရှင်များ ထံသို့ အသိပေး အကြောင်းကြာ သွားမည် ဖြစ်ကြောင်း သိရသည်။ 

“ပုစွန်က ပြည်တွင်း လိုအပ်ချက် မြင့်မားပြီးတော့ ကိုယ်လည်း မမွေးနိုင်ဘူး။ သဘာဝ ကလည်း ဖမ်းဆီးရရှိမှု ကလည်း လျှော့နည်း လာတဲ့အတွက် ပုစွန် တင်သွင်းမှုကို လိုအပ်ချက်ကြောင့် ခွင့်ပြုပေး ခဲ့တယ်။ ခွင့်ပြုပေး တာကိုလည်း တရားဝင် ကုန်သွယ်ရေး အဖြစ် တင်သွင်းခွင့်ပြုတာ ဖြစ်တယ်။ ငါးက ပြည်တွင်း လိုအပ်ချက်လည်း မရှိတဲ့ အတွက် တင်သွင်းခွင့် မပြုဘူး။” ဟု ဦးဝင်းကြိုင် က ပြောသည်။ 

ပြည်တွင်း ဈေးကွက်အတွင်း သားငါးများ ရှားပါးချိန်နှင့် သားငါးဈေးနှုန်း မြင့်မားချိန်တွင် ပြည်ပနိုင်ငံများမှ တရားမဝင် လမ်းကြောင်းမှ တစ်ဆင့် ပုစွန်များ၊ အေးခဲ ကြက်သားများ၊ ကြက်ဥများ တရားမဝင် ဝင်ရောက် နေကြောင်း သိရသည်။ ကြည်မြင့်တိုင် ဗဟိုငါးဈေးတွင် ငါးမြစ်ချင်းငါး တစ်ပိဿာလျှင် ငါးအရွယ်အစား အလိုက် ကျပ် ၁၂၀၀ မှ ကျပ် ၅၀၀၀ အထိ ဈေးပေါက်လျက် ရှိပြီး တရားမဝင် ဝင်ရောက် နေသည့် ငါးမြစ်ချင်းက တစ်ပိဿာကျပ် ၃၀၀ လျော့ ရောင်းချခြင်း ရှိနေသည့် အတွက် ပြည်တွင်း ငါးလုပ်ငန်းရှင်များ စီးပွားရေး ထိခိုက်နိုင်ကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင် များထံမှ သိရသည်။ 

“အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံထဲကို ယိုးဒယား ကနေ ငါးမြစ်ချင်းတွေ ဝင်ရောက်လာပြီ ဆိုရင် ကျွန်တော် တို့ နိုင်ငံမှာ ငါးကန်တွေမှာ ဘာဖြစ်နေတယ် ဆိုတာကို မသိသင့်ဘူးလား။ ဒါကြောင့် ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်း ရှင်တွေ ဘာအခက်ခဲတွေ ရှိကြလည်းဆိုတာ သိရှိနိုင်ဖို့ အတွက် စုံစမ်းဖို့ လိုအပ်ပါတယ်။” ဟု မြန်မာနိုင်ငံ ရေချိုငါးဖမ်း လုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဌ ဒေါက်တာ မြင့်စိန် က ပြောသည်။ ၂၀၁၆ ခုနှစ်အတွင်း ရေချိုငါး၊ ပုစွန် မွေးဧကပေါင်း ၄၇၉၇၄၃ ဧကရှိကာ ဧက ထက်ဝက်ခန့်မှာ ငါးမြစ်ချင်း မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်

DADDY ပြည်တွင်းခရီးသွား လုပ်ငန်းမှ သဘာဝဇင်းကျိုက် ရေတံခွန်ကို မိုးရာသီ ခရီးစဉ်အဖြစ် စီစဉ်ထား



ရန်ကုန် ၊ ၂၉-၆-၂၀၁၆

မိုးရာသီ ခရီးသွား ကာလအတွင်း သဘာဝဇင်းကျိုက် ရေတံခွန်ကို မိုးရာသီခရီးစဉ် အဖြစ် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေသည့် ခရီးစဉ်အဖြစ် ထပ်မံရေးဆွဲ ထားကြောင်း DADDY ပြည်တွင်း ခရီးသွား လုပ်ငန်းမှ သိရှိရသည်။

“မိုးတွင်းကာလမှာ ခရီးထွက်ချင်သူ တွေအတွက် လောလောဆယ် ဇင်းကျိုက် ရေတံခွန်ကို စီစဉ်ထားတယ်။ ဇင်းကျိုက် ရေတံခွန်က မိုးတွင်းရောက်မှ ရေကျတော့မှ လှတာလေ။ နွေရာသီ ကတော့ ကျောက်တုံးချည်း ပဲ ရှိတော့ အဆင်မပြေဘူး။ ဇူလိုင် ၁၈ ရက် ထွက်မှာပါ။ နေ့ချင်းပြန်ခ ရီးစဉ်ဖြစ်တယ်။” ဟု DADDY ပြည်တွင်း ခရီးသွား လုပ်ငန်းမှ စီမံကိန်း တာဝန်ခံ ဒေါ်မေမီ က ပြောသည်။

လက်ရှိ မိုးတွင်းကာလ တွင် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူသည့် မြ၀တီ၊ ဘားအံ၊ မဲဆောက် နှစ်ညအိပ် သုံးရက် ခရီးစဉ်ကို သွားလာသူ များပြားနေပြီး မန္တလေး၊ ပြင်ဦးလွင်၊ ရေပြာအိုင်၊ ကျောက်စိမ်း စသည့် ခရီးစဉ်များကို ပြည်တွင်း ခရီးသွားများမှ စိတ်ဝင်စားမူ မရှိတော့ကြောင်း သိရသည်။

“မိုးတွင်းကာလ ဆိုပေမယ့်လည်း ခရီး သွားတွေ ကတော့ ရှိနေပါတယ်။ အခုဆိုဝါဆိုလ ရောက်တော့မှာ ဆိုတော့ ၀ါဆိုသင်္ကန်း ကပ်ရင်း ဘုရားဖူးကြတဲ့ ခရီးသွားတွေလဲ ရှိတယ်။“ဟု ပြည်တွင်း ဧည့်လမ်းညွှန် တစ်ဦးက ပြောသည်။ DADDY ပြည်တွင်း ခရီးသွားလုပ်ငန်း အနေဖြင့် ဘုရားဖူး ခရီးသွား လူကြီးများအတွက် သာမက လူငယ်များ အတွက် အသိပညာ ရသည့် ခရီးစဉ်များ အဖြစ် ဟော်နန်းများကို လေ့လာခြင်း၊ သီပေါ၊ အင်းလေး စသည့် ခရီးစဉ်များ ကိုလည်း စီစဉ်ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်

အမေရိကန်နိုင်ငံမှ အာလူးများတင်သွင်း နေခြင်းကို သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှု၊ လူသားတို့၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ခြင်းကြောင့် တားမြစ်ချက် ထုတ်လိုက်သည့် မက္ကဆီကို



မက္ကဆီကိုစီးတီး ၊ ၂၉-၆-၂၀၁၆

မက္ကဆီကို တရားရုံးချုပ်က အမေရိကန်နိုင်ငံမှ အာလူးများ တင်သွင်း နေခြင်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးစေမှု၊ စာသုံးသူ လူသားတို့၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ခြင်း တို့ကြောင့် တားမြစ် ပိတ်ပင်ချက်များ ထုတ်ပြန်လိုက်ကြောင်း Reuter သတင်းဌာနက ဇွန်  ၂၉ရက်တွင် ရေးသားဖော်ပြ သွားခဲ့သည်။

Mexico's Federal Judicial Council (CJF) က အမေရိကန် က တင်ပို့လာသော အာလူးများကို မက္ကဆီကို စိုက်ပျိုးရေး ၀န်ကြီးဌာနမှ စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်သွားခဲ့ရာ အဆိုပါ အာလူးများသည် သဘာဝ ပတ်ဝန်းကျင် ကို ထိခိုက် စေနိုင်သော ဓာတုပစ္စည်းများ ရောနှော ပါဝင်နေသလို၊ လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ပိုးမွှားများ ပါရှိနေကြောင်း သိရသည်။ 

လက်ရှိ တင်ပို့ပြီးသား အာလူးများထဲမှာ ပိုးမွှားများ ပါဝင်နေသော အာလူးများကို သီးသန့်ခွဲထုတ် ထားရကြောင်း သိရသည်။ လက်ရှိ CJF က အမေရိကန်မှ အာလူးများ တင်ပို့နေမှုကို လူအခွင့်အရေး နှင့် စားနပ်ရိက္ခာ လုံခြုံရေး အဖွဲ့အစည်း က သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေဖြင့်သာ ထိန်းချုပ်ကန့်သတ် သွားမည် ဖြစ်သော်လည်း အဆိုပါ ဆုံးဖြတ်ချက်မှာ နောက်ဆုံး ဆုံးဖြတ်ချက် မဟုတ်ကြောင်း သိရသည်။

CJF အနေဖြင့် အဆိုပါ အာလူးများ တင်ပို့ရောင်းချမှုကို သိပ္ပံဆိုင်ရာ ဥပဒေများဖြင့်ပါ ကန့်သတ် ထိန်းချုပ်ပြီး တရားစွဲဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ယမန်နှစ်၏ မှတ်တမ်းများ အရ အမေရိကန် နိုင်ငံမှ မက္ကဆီကို နိုင်ငံသို့ တင်ပို့ခဲ့သော အာလုံးတန်ချိန် စုစုပေါင်းမှာ ၁၂၂၇၉၆ တန်အထိ ရှိခဲ့သည်။ ယခုနှစ်တွင်လည်း ဇန်န၀ါရီလမှ ဧပြီလအတွင်း တင်ပို့ ရောင်းချခဲ့သော တန်ချိန်မှာ ၃၆၅၁၆ တန်ချိန်ရှိခဲ့သည်။ 

အဆိုပါ အာလူးများ ထဲတွင် ပိုမွှားနှင့် ဓာတုပစ္စည်းများ ပါဝင်ရောစပ် နေသည့် အာလူးတန်ချိန် မည်မျှထိ ရှိနေမည်ကို အတိအကျ စမ်းသပ်ရခြင်း မရှိသေး ကြောင်း သိရသည်။ CJF ၏ ထုတ်ပြန်ချက် နှင့် ပတ်သက်၍ မက္ကဆီကို စီးပွားကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးက တစ်စုံတစ်ရာ မှတ်ချက်ပြုခြင်း မရှိသေးကြောင်း သိရသည်။

မြ၀တီနေ့စဉ်

ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်များကို ၀န်ဆောင်မှုပေးနသော ယာဉ်များ လုပ်ငန်းလိုင်စင် ရှိ-မရှိ စိစစ်သွားမည်


Successfully entering Thailand at Mae Sot after crossing the length of Myanmar. (Photo: Jay Kannaiyan)

ရန်ကုန် ၊ ၂၉-၆-၂၀၁၆

ပြည်တွင်းရှိ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များကို ဝန်ဆောင်မှု ပေးလျက် ရှိသော ယာဉ်များအား လုပ်ငန်းလိုင်စင် ရယူထားခြင်း ရှိ၊ မရှိကို အောက်တိုဘာ ၁ ရက်မှစ၍ စောင့်ကြပ် စိစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''တစ်နှစ်ထက် တစ်နှစ် ဝင်ရောက်မှုများ လာတဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ အတွက် ခရီးသွား လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု ကအစ ကောင်းမွန်နေဖို့ လိုတယ်။ ပို့ဆောင်ပေး နေတဲ့ စက်လှေတွေ၊ ယာဉ်တွေကို လည်း ညောင်ရွှေမြို့နယ် ခန်းမမှာ လိုင်စင် ပြုလုပ်ပေး ခဲ့ပါတယ်'' ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (တောင်ကြီးရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင် က ပြောသည်။

မြန်မာနိုင်ငံ၌ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သည် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက် များနှင့်အညီ လုပ်ငန်း ဆောင်ရွက် လိုသော လုပ်ငန်းရှင် များအား လုပ်ငန်း လိုင်စင်များ ဆောင်ရွက် ပေးလျက် ရှိသည်။

ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များကို ပို့ဆောင်ပေး နေသော ခရီးသည်တင် ယာဉ်များ အနေဖြင့် သတ်မှတ်ထားသော နည်းလမ်းများ နှင့်အညီ လျှောက်ထား လာပါက လုပ်ငန်းလိုင်စင် များ ခွင့်ပြုပေးလျက် ရှိပြီး ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များအား ခရီးစဉ် ဝန်ဆောင်မှု ပေးလျက်ရှိသော လုပ်ငန်းရှင် များသည် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် လျှောက်ထားရန် လိုအပ်သည်။

တချို့ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များသည် ၄င်းတို့၏ မော်တော်ယာဉ် များဖြင့် နိုင်ငံအတွင်း ဖြတ်ကျော် ဝင်ရောက် လည်ပတ်သည့် ခရီးစဉ်များကို သက်ဆိုင်ရာ ခရီးသွား ကုမ္ပဏီများက တစ်ဆင့် တင်ပြ လာပါက ၄င်းတို့၏ ယာဉ်များဖြင့် မြန်မာ နိုင်ငံအတွင်း လည်ပတ်ပြီးပါက ပြန်လည် ထွက်ခွာနိုင်ရေး အတွက် လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၆)

Life begins at 60


Life begins at 60

( Maung Than Weik )

Thanks to the ever advancing science and technology, modern therapies and medicines can now cure diseases that were incurable in the past and prevent infections that were once uncontrollable,offering longer, healthier and happier lives for humans of this planet we call Earth.

Men and women live longer than ever enjoying happier and better lives, and the population of senior citizens soaring in many countries around the world. This also signals a growing responsibility and problem for services like old-age care and social services for the aged especially for the poor.

In safe hands

We all know that no old man can become a young man again and that we cannot beat ageing as we are growing older and older, second by second, minute by minute, hour by hour, day by day, month by month and year by year. In fact, ageing concerns with every one male or female, rich or poor or in East or West.

Fortunately, most of the older people in our country are safe and sound under the close protection and care of their own grown-up children, which is one of the wonderful and cherished traditional values of Myanmar people. Normally, a son or a daughter will take care of his or her parents at home while other siblings provide other necessary assistance for them, or all the children will take care of their parents at their homes in turn. As long as this wonderful and admirable tradition lives on grandpas and grandmas of our country will be in safe hands. And there are homes for the aged providing accommodations especially for older people with no one to support and charities offering help for them.

Time lets no man escape old age. Every young man full of energy will become old one day. Later, he will become feeble while his resistance power dwindles inviting sickness in various forms till death comes knocking at his door. This was what Siddhartha realized over 2500 years ago and later discovered the path to Nirvana. But remember, he was the Bodhisattva.As for the ordinary people like us we should first find the ways that help us live longer and healthier. In fact, a well balanced diet and a healthy lifestyle have become the essential part when we grow older. Accordingly, we need to switch to a healthier lifestyle soonest.

Healthy ageing

But at which age we can call a person old? That depends on his physical and mental health. Some work till 80 or even more. The retirement age for government service is 60. But many follow active life after retirement. And some even join the private sector in addition to concentrating more on religion. Now there is another area, the political sector, from which we can serve the national interest effectively by applying our rich experiences and wider knowledge for the good of Myanmar citizens. Especially, the literary world has many grandpas and grandmas still active and strong in serving their own people through the might of pen.

The important thing here is that we need to stay healthy however old we are. Especially when we reach 50, we must be aware of our own health as we are nearing old age. But we are not an elderly citizen yet and we don’t need to surrender all the secular values. The only thing we need is to take special care of our own health and fitness. So we must adopt a balanced and a healthy lifestyle quitting all habits that are hazardous to our health.So, we can normally say 60 is the age we start entering the life of an elderly person or the beginning of a new life through healthy ageing.

Actually, healthy ageing is a popular practice nowadays covering a wide range of sectors from physical exercises and reading to healthy lifestyles and eating habits and staying active.

No surrender

Sincerely, we all are afraid of ageing as it brings anxiety about and fear over the possible problems such as taking care of ourselves, life after the death of spouse, loneliness, and the loss of memory. But we must realize that many of these anxieties and fears originate in myths about ageing that are overstated or purely untrue.

Beyond doubt, we must have confidence in ourselves that we are even stronger and tougher than we think.

Previously, people thought that life begins at 40. But now we have made a new discovery that life actually begins at 60 meaning although we are ageing we never get old or feeble.Truly, we cannot stop ageing, but we will never surrender to it. Instead, we will continue to reinvent ourselves while discovering new things and areas we enjoy, trying to adapt to changing conditions, staying physically and socially strong and active, practicing vippassana or yoga, serving the community if possible and feeling ever connected to our community and dear ones.

So, prepare yourselves to begin your life at 60, or if you have already reached the age, you must be sure that you are ageing healthily and happily with your future still bright and hopeful. There is no surrender.

The Myawady Daily

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yoo Jae-Kyung တို့အဖွဲ့ဝင် များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၂၉-၆-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ညနေ ၃ နာရီခွဲတွင် ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင် ၌ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yoo Jae-Kyung အား လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ မိတ်ဆွေကောင်း ဖြစ်ခဲ့မှု အခြေအနေ များ၊ ဆက်ဆံမှု သမိုင်းတွင် အာရှဒေသ၌ အားကစား ယှဉ်ပြိုင်ဘက် ဖြစ်ခဲ့မှု အခြေအနေ များ၊ အပြန်အလှန် ကူညီ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ လက်ရှိကာလ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးတက် နေသည့် အခြေအနေများ၊ တပ်မတော် နှစ်ရပ်ကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ အပါအဝင် ဆက်ဆံမှု ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့် လုပ်ဆောင်နိုင်မှု အခြေအနေ များနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိ နိုင်မည့် အခွင့်အလမ်း များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြသည်။ 

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက် ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး နှင့်အတူ စစ်သံမှူး Col.Hong Jong-Ki နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ တွေ့ဆုံပွဲ အပြီးတွင် အမှတ်တရ လက်ဆောင် ပစ္စည်း ပေးအပ်၍ အဖွဲ့ဝင်များနှင့် အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Senior General Min Aung Hlaing receives ROK Ambassador


Senior General Min Aung Hlaing meets Ambassador of the Republic of Korea (ROK) to Myanmar H.E. Mr. Yoo Jae-Kyung.

Nay Pyi Taw June 29

Commander-in-Chief of Defence Services Senior General Min Aung Hlaing received Ambassador of the Republic of Korea (ROK) to Myanmar H.E. Mr. Yoo Jae-Kyung at Bayintnaung Parlour, here, at 3.30 pm yesterday.

At the call, views on the relations between Myanmar and ROK which are two old friends, the two country’s status as the Asian sports rivals in the history of relations, mutual cooperation, the present developing bilateral friendly relations, promotion of relations and cooperation including exchange of military goodwill visits and mutually beneficial opportunities were exchanged in a cordial atmosphere.

Also present at the meeting together with the Senior General were Deputy Commander-in-Chief of Defence Services Commanderin- Chief (Army) Vice-Senior General Soe Win and Lt-Gen Mya Tun Oo of the Office of the Commanderin- Chief (Army). The ROK Ambassador was accompanied by Military Attaché Col Hong Jong-Ki and officials.

After the call souvenirs were presented and documentary photo taken.

The Myawady Daily

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Steven Marshall အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၉-၆-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင် ၌ မြန်မာနိုင်ငံ ဆိုင်ရာ နယူးဇီလန် နိုင်ငံ သံအမတ်ကြီး H.E.Mr.Steven Marshall အား လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူ့ဆန္ဒ ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း သွားနိုင်ရန် တပ်မတော်၏ ကတိကဝတ် များနှင့်အညီ လုပ်ဆောင်ခဲ့မှု အခြေအနေ များ၊ တိုင်းပြည်၏ ပကတိ အခြေအနေ နှင့်ကိုက်ညီသည့် အုပ်ချုပ်မှုစနစ် ခိုင်ခိုင်မာမာ ဖြစ်စေရန် တပ်မတော် မှ အပြည့်အဝ ကူညီ လုပ်ဆောင် နေမှုများ၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရေး အတွက် ငြိမ်းချမ်းရေး လုပ်ငန်း ဆောင်ရွက်မှု များကို ရှင်းလင်း ပြောကြားပြီး မိမိနိုင်ငံ ပြုပြင် ပြောင်းလဲမှု၊ ဖွံ့ဖြိုး တိုးတက်မှု အတွက် မိတ်ဆွေနိုင်ငံ များ၏ ကူညီ ဆောင်ရွက်မှု များကို ကျေးဇူး တင်ရှိကြောင်း၊ မိမိတို့ သွားနေသည့် လမ်းကြောင်းကို အထောက် အကူ ဖြစ်စေလိုကြောင်း ထည့်သွင်း ပြောကြားသည်။

ဧည့်သည်တော် သံအမတ်ကြီးက လက်ရှိ မြန်မာနိုင်ငံ၏ ဖြစ်ပေါ် ပြောင်းလဲ တိုးတက်မှုများကို နိုင်ငံတကာမှ လေးစားရ ပါကြောင်း၊ မြန်မာ နိုင်ငံ၏ အနာဂတ် အတွက် မြန်မာနိုင်ငံ ကသာ ဆုံးဖြတ် လုပ်ဆောင် ရမည်ကိုလည်း လက်ခံနား လည် ပါကြောင်း၊ နှစ်နိုင်ငံ အစိုးရနှစ်ခု အကြား အားလုံးကို ခြုံငုံလုပ်ဆောင် နိုင်မည့် ကူညီမှုမျိုး စဉ်းစား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း အခွင့်အရေး တောင်းဆို မှုနှင့်အတူ ယှဉ်တွဲ  ပါနေသည့် တာဝန်သိမှု အပိုင်း သည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အတွက် အရေးကြီး လိုအပ်ကြောင်း ပြန်လည် ပြောကြားပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်နိုင်မည့် အခြေအနေများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်း၊ အစားအသောက် လုံခြုံမှု ဆိုင်ရာများ၊ တိရစ္ဆာ န် ဆေးကုသမှု ဆိုင်ရာ များနှင့် နည်းပညာ ပိုင်းဆိုင်ရာ များတွင် ပူးပေါင်း ဆောင်ရွက်နိုင်မှု၊ လုပ်ဆောင် နိုင်မှု အခြေအနေ များကို ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ တက်ရောက်ကြပြီး တွေ့ဆုံပွဲ အပြီးတွင် အမှတ် တရ လက်ဆောင် ပစ္စည်း ပေးအပ်၍ အဖွဲ့ဝင်များ နှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Senior General Min Aung Hlaing receives Ambassador of New Zealand


Senior General Min Aung Hlaing holds talks with Ambassador of New Zealand to Myanmar H.E. Mr. Steven Marshall.

Nay Pyi Taw June 29

Commander-in-Chief of Defence Services Senior General Min Aung Hlaing received Ambassador of New Zealand to Myanmar H.E. Mr. Steven Marshall at Bayintnaung Parlour, here, at 2.30 pm yesterday.

At the call, the Senior General explained the situation where Myanmar pursued the path to multiparty democracy in accord with the people’s desire and the Tatmadaw’s pledges, the Tatmadaw’s staunch support for ensuring an administrative system suitable to the country’s prevailing conditions and the ongoing peace process for ending internal armed confl icts. Next, the Senior General expressed thanks for the friendly nations’ assistance for the reform and development of his country, calling for such assistance to contribute to the path Myanmar is pursuing.

The ambassador said the international community has commended Myanmar for its change and progress. He understood the fact that the future of Myanmar must be decided by Myanmar only. It is necessary to consider kind of overall assistance between the two governments. The people’s sense of responsibility is important for national development if it is related to the demand for their rights, the ambassador noted. They then cordially discussed promotion of bilateral friendship and cooperation between the two militaries and cooperation in the areas of agriculture, livestock breeding, food security, veterinary medicine and technology.

Also present at the call together with the Senior General were Deputy Commander-in-Chief of Defence Services Commander-in-Chief (Army) Vice-Senior General Soe Win and Lt-Gen Mya Tun Oo of the Commander-in-Chief (Army)’s Office. After the meeting, they exchanged gifts and posed for a documentary photo.

The Myawady Daily

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ဆွေးနွေး


ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၉-၆-၂၀၁၆

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း သည် ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့နံနက် ၁၁ နာရီခွဲတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များ၊ အရွယ်မရောက် သေးသူ ကလေး သူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကိစ္စရပ်များ၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ကိစ္စများနှင့် တိုက်ပွဲရှောင် ဒုက္ခသည်များ အရေးကိစ္စ တို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

ထိုသို့ တွေ့ဆုံရာ၌ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် အတူ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်း ရရှိသည်။ (၅ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၂)

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၆-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၆-၂၀၁၆)

Download Links


Tuesday, June 28, 2016

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၉) အမှတ်(၄၅)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၉) အမှတ်(၄၅)

Download Links

မြ၀တီရသစုံမဂ္ဂဇင်း အတွဲ(၆၄) အမှတ်(၉)



မြ၀တီရသစုံမဂ္ဂဇင်း အတွဲ(၆၄) အမှတ်(၉)
( ၂၀၁၆ ခုနှစ် ဇူလိုင်လထုတ် )

Downlaod Links


ငွေတာရီမဂ္ဂဇင်း အမှတ်(၆၇၂)



ငွေတာရီမဂ္ဂဇင်း အမှတ်(၆၇၂)
( ၂၀၁၆ ခုနှစ် ဇူလိုင်လထုတ် )

Downlaod Links

နိုင်ငံတကာအဆင့် ကော်ဖီအရည်အသွေး အကဲဖြတ်ပြိုင်ပွဲတွင် မြန်မာကော်ဖီနမူနာ ၅၆ ခု အထူးတန်းဝင် ကော်ဖီအဖြစ် သတ်မှတ်ခံရ



ရန်ကုန် ၊ ၂၈-၆-၂၀၁၆

မြန်မာနိုင်ငံ ကော်ဖီအသင်း နှင့် Winrock International (Value Chain) တို့ ကြီးမှူး ကျင်းပသော ဒုတိယအကြိမ် နိုင်ငံတကာ အဆင့် ကော်ဖီ အရည်အသွေး အကဲဖြတ် ပြိုင်ပွဲတွင် မြန်မာ ကော်ဖီနမူနာ ၅၆ ခုမှ အထူးတန်းဝင် ကော်ဖီအဖြစ် သတ်မှတ်ခံ ရကြောင်း Winrock International မှ သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကော်ဖီနမူနာ ၆ဝ ယှဉ်ပြိုင်ရာ ၅၆ ခုမှာ အထူးတန်းဝင် ကော်ဖီအဖြစ် သတ်မှတ်ခံခဲ့ ရပြီး မြန်မာကော်ဖီ ၃၆ တန်ကို အမေရိကန် နိုင်ငံ ဝါရှင်တန် အခြေစိုက် သွင်းကုန်ကုမ္ပဏီ တစ်ခုက ပြည်တွင်းပျမ်းမျှ ဈေးထက် သုံးဆနီးပါး ပိုမိုပေးချေ ဝယ်ယူရန် သဘောတူ ခဲ့ကြောင်း သိရသည်။

Winrock International  မှ ပုဂ္ဂလိက ဆက်ဆံရေး အကြီးတန်း အရာရှိ ဒေါ်စံပယ်စုယဉ်နွဲ့ က '' ဒီနှစ်ကော်ဖီ အရည်အသွေး အကဲဖြတ်ပြိုင်ပွဲမှာ ကော်ဖီ အမျိုးပေါင်း ၆ဝ ဝင်ပြိုင်ခဲ့တယ်။ ၅၆ ခုကို အထူးတန်းဝင် ကော်ဖီအဖြစ် ပထမဆုံး အသိအမှတ်ပြု ခံရတယ်။ အဲဒီထဲက ၃၆ တန်ကို ဝယ်ယူဖို့ သဘောတူခဲ့ တာပါ။ အမေရိကန် ပြည်ထောင်စုကို တင်ပို့တာလည်း ဒါ ပထမဆုံးအကြိမ် ပါ'' ဟု ပြောသည်။

အဆိုပါ ကော်ဖီ အရည်အသွေး အကဲဖြတ် ပြိုင်ပွဲတွင် အကောင်းဆုံး ကော်ဖီ အရည်အသွေးဆု ရရှိသူများအား ဆုချီးမြှင့်ပွဲကို ဇွန် ၂၁ ရက်က ရှမ်းပြည်နယ် ရွာငံမြို့၌ ကျင်းပခဲ့ပြီး လာမည့်နှစ် များတွင်လည်း နိုင်ငံတကာ အဆင့် ကော်ဖီ အရည်အသွေး အကဲဖြတ်ပြိုင်ပွဲ များတွင် ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

Winrock International  အဖွဲ့သည် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ (USAID) ၏ ပံ့ပိုးကူညီမှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် မြန်မာနိုင်ငံမှ ကော်ဖီစိုက် တောင်သူများအား ကူညီနေပြီး ကုန်စည် တန်ဖိုးမြှင့် ကွင်းဆက်များအား တောင်သူများနှင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

56 samples of Myanmar coffee recognized as special ones


A female worker plucks coffee beans in a plantation.

Yangon June 28

A total of 56 samples of Myanmar coffee are recognized as special quality coffee at the second international coffee competition, according to the Winrock International.

“Sixty samples entered into the coffee competition which was jointly organized by the Myanmar Coffee Association and Winrock International (Value Chain). A USbased import company purchased 36 tonnes of coffee by paying the prices three times higher than local average prices,” the Winrock International said.

Daw Sabai Su Yin Nwe, senior private relation officer from the Winrock International said: “A total of 60 samples of coffee competed in this year’s event. The US has bought 36 tonnes of coffee. 

This is the first-ever recognition of coffee as special ones and coffee export to the US.”

The prize-awarding ceremony was held in Ywangan of Shan State on 21st June. Similar competitions will be held in coming years.

“The world coffee market shows interest in Myanmar coffee. Coffee quality has improved this year. Under the rural development value chain project, coffee quality will be promoted with the assistance of the USAID,” she added.

For rural area development, Winrock International is sharing knowledge with Myanmar coffee growers with the assistance of the USAID.

Myanmar grows coffee mainly in Pyinoolwin, Ywangan, Nawnghkio and Mogok. (443)

The Myawady Daily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger