www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 30, 2016

ဖိလစ်ပိုင်၏ ငြိမ်းချမ်းရေးကို ဒူတာတေ ဆောင်ကြဉ်းနိုင်ပါ့မလား



( ရှိန်းထက် )

ဖိလစ်ပိုင်သမ္မတ အဖြစ် ဒူတာတေ တက်လာပြီး နောက်ပိုင်းမှ မူးယစ်ဆေး စစ်ပွဲများ ဆင်နွှဲနေသည့် ယခုအချိန်ထိ မေးစရာ မေးခွန်းတစ်ခု ကျန်ရှိ နေသေးသည်။ ထိုမေးခွန်းက စစ်သွေးကြွ များနှင့် ငြိမ်းချမ်းရေး ရယူရေးကိစ္စ ဖြစ်နိုင်ပါ့မလား ဟူ၍ ဖြစ်သည်။ ဖိလစ်ပိုင် တောင်ပိုင်းဒေသ ၌ အကြမ်းဖက်လမ်းစဉ် များကို ကိုင်စွဲကာ အကြမ်းဖက် နေသည့် အဖွဲ့ငယ်ပေါင်း ဆယ်နှင့်ချီ ၍ ရှိသည်။

ယခင်က မော်ရိုတပ်ဦး MILF သည် ဖိလစ်ပိုင်၌ အကြီးမားဆုံး စစ်သွေးကြွ အဖွဲ့ဖြစ်သည်။ ယခုတော့ ထိုစစ်သွေးကြွ အဖွဲ့၏ အကြမ်းဖက်မှု များကို စိုးရိမ်စရာ မလိုတော့ပေ။ ၂ဝ၁၄ ခုနှစ်က ထိုအဖွဲ့နှင့် ငြိမ်းချမ်းရေး သဘော တူညီချက် ရယူထား နိုင်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ကျန်နေသေးသည့် ငြိမ်းချမ်းရေး မရသေးသော စစ်သွေးကြွ များနှင့် ဖိလစ်ပိုင်စစ်တပ် တို့ တောင်ပိုင်း၌ အချိန်နှင့်အမျှ တိုက်ခိုက် နေရတုန်း ဖြစ်သည်။

ထိုစစ်သွေးကြွ အုပ်စုများထဲမှ အကြီးမားဆုံး စစ်သွေးကြွ အုပ်စုသည် အဘူဆေယက်စ် စစ်သွေးကြွ အဖွဲ့ဖြစ်သည်။ အင်အား ထောင်ချီရှိပြီး ဖိလစ်ပိုင် တောင်ပိုင်းရှိ အကြမ်းဖက် လုပ်ငန်း မှန်သမျှကို လက်ဝါးကြီးအုပ် ထားသော အဖွဲ့လည်း ဖြစ်သည်။ ဖိလစ်ပိုင် သမိုင်းတွင် လူရာနှင့်ချီ သေဆုံးသော အဆိုးရွားဆုံး အကြမ်းဖက်မှု ကြီးကို ၂ဝ၁၄ ခုနှစ်တွင် ဖန်တီးခဲ့ပြီး သူတို့၏ လမ်းစဉ်သည် အကြမ်းဖက် သီးသန့်လမ်းစဉ် ဖြစ်သည်။

ဖိလစ်ပိုင်၌ ညှိနှိုင်းယူ၍ မရဆုံးနှင့် ခေါင်းအမာဆုံး အကြမ်းဖက် အဖွဲ့လည်းဖြစ်သည်။ ပြန်ပေးဆွဲရာမှ ဒေါ်လာ သန်းနှင့်ချီ၍ ရရှိသော ငွေသည် ထိုအဖွဲ့အတွက် အထောက်အပံ့ တစ်ခုဖြစ်သည်။ ယခုအချိန်ထိ ထိုအဖွဲ့ကြောင့် သေဆုံးရသည့် ပြည်သူ အရေအတွက် သည် ရာထောင်ချီ ရှိသွားပြီ ဖြစ်သည်။ စက်တင်ဘာ လတုန်းကပင် အဘူဆေယက်စ် အဖွဲ့၏ ဗုံးခွဲမှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပြီး နိုဝင်ဘာလ ထဲတွင် ပြန်ပေးဆွဲမှု သုံးမှုရှိကာ ကမ္ဘာလှည့် ခရီးသွားတစ်ဦး ကို ပစ်သတ်ခဲ့ ကြသည်။

ထို့ကြောင့် သမ္မတ ဒူတာတေ လက်ထက် အဘူဆေယက်စ် တို့ကို ထိုးစစ်ဆင်မှုများ ပြုလုပ် လာသည်။ သို့သော် ဒူတာတေ က သူလိုချင်သည့် အရာသည် ငြိမ်းချမ်းရေး ဖြစ်သည် ဟု ပြောသည်။ ယခုအချိန် ထိတော့ ဒူတာတေ နှင့် အဘူ ဆေယက်စ် အဖွဲ့တို့ကြား ဆွေးနွေးမှုများ မရှိသေးပေ။ ဒူတာတေ က မဲဆွယ်ပွဲတွင် မူးယစ်ဆေးဝါး ပြဿနာကို အပြင်းထန်ဆုံး ကိုင်တွယ်မည် ဟု ဆိုသည့်အပြင် နောက်ထပ် စကားတစ်ခွန်းမှာ စစ်သွေးကြွ များနှင့် ငြိမ်းချမ်းရေး တည်ဆောက်မည် ဟူသည့် စကားပင် ဖြစ်သည်။

ယခုအခါ ဒူတာတေ အမေးခံရဆုံး မေးခွန်းတစ်ခုမှာ ဖိလစ်ပိုင် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို စစ်သွေးကြွ များ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ရပ်တန့်ပြီး မည်သည့်အချိန်မှ အပြည့်အဝ အကာအကွယ် ပေးနိုင်မလဲ ဟူသည့် မေးခွန်း ဖြစ်သည်။ ဒူတာတေ ၏ ဘေးကျပ်နံကျပ် ဖြေရသည့် အခက်ခဲဆုံး မေးခွန်းဖြစ်သည်။ ဒူတာတေ က အဘူဆေယက်စ် စစ်သွေးကြွ များသည် ကိုယ်ပိုင်ကိုင်စွဲ ထားသည့် အခြေခံ သဘောတရား မရှိ၊ အကြမ်းဖက် တိုက်ခိုက်ဖို့ လောက်ကိုသာ အာရုံထား နေသည်၊ ညှိနှိုင်းဖို့ကိုလည်း အလေးမထားဟု ဝေဖန် ထားသောကြောင့် ဒူတာတေ နှင့် အဘူဆေယက်စ် တို့ကြား ငြိမ်းချမ်းရေး သည် ကမ်းမမြင် လမ်းမမြင် ငြိမ်းချမ်းရေး ဖြစ်နေသည်။ 

ပြီးခဲ့သည့် သုံးရက်ကပင် ရဟတ်ယာဉ် များနှင့် ဖိလစ်ပိုင်စစ်တပ် က အဘူဆေယက်စ် တို့ကို ထိုးစစ်ဆင် ခဲ့သည်။ သို့သော်လည်း အောင်မြင်သည့် ထိုးစစ် ဆင်မှုတစ်ခု မဖြစ်ခဲ့ပေ။ ဖိလစ်ပိုင်မြေ၌ အဘူဆေယက်စ် တို့ခြေချခဲ့ သည်မှာ ဆယ်စုနှစ်လေးခု ခန့်ရှိနေပြီဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကမ်းလှမ်းသည် မှာ ပြီးခဲ့သည့် နှစ် ၂ဝ ခန့်ကပင် ဖြစ်သည်။ သို့သော် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ပေ။

အဘူဆေယက်စ် နှင့် ပြိုင်ဘက် အဖွဲ့အစည်း မော်ရိုတပ်ဦး MILF ကတော့ ၁၉ နှစ်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြုလုပ်ပြီးနောက် ယခုငြိမ်းချမ်းရေး ရရှိသွားပြီ ဖြစ်သည်။ အဘူဆေယက်စ် တို့ကတော့ ယခုအချိန်ထိ ငြိမ်းချမ်းရေး နှင့် အလှမ်းဝေး နေသေးပြီး သူတို့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဖိလစ်ပိုင်သမ္မတသစ် ဒူတာတေ ၏ တင်းမာလှသည့် မူဝါဒများသည် ပိုဆိုး  လာနိုင်သည်။

ဒူတာတေတွင် ရွေးချယ်ရမည့် လမ်းနှစ်သွယ် ရှိသည်။ ပြန်ပေးဆွဲမှုများ၊ ဗုံးခွဲမှုများ၊ သေနတ်နှင့် ပစ်သတ်မှု များကို ဆက်လက် သည်းခံပြီး သူပြောခဲ့သည့် စကားအတိုင်း ငြိမ်းချမ်းရေးကို အရယူမည်လား သို့မဟုတ် ထို အကြမ်းဖက် အဖွဲ့အစည်းကို အပြုတ်တိုက်မည် လားဟူသည့် ရွေးချယ်မှု နှစ်ခုဖြစ်သည်။

ယခုတော့ ဒူတာတေ က အဘူဆေယက်စ် စစ်သွေးကြွ အဖွဲ့တို့ကို စတင်တိုက်ခိုက် နေပြီဖြစ်သည်။ မူးယစ်ဆေး ပြဿနာကြောင့် လူပေါင်း ၄၇ဝဝ ခန့်ကို ပစ်သတ်ခဲ့ပြီး အကြမ်းတမ်းဆုံး ကိုင်တွယ်နေသည့် ဒူတာတေ သည် ထို အကြမ်းဖက် အဖွဲ့အစည်း အပေါ် ပျော့ပျောင်းသည့် နည်းလမ်းများဖြင့် အချိုသာဆုံး ချဉ်းကပ် နိုင်ပါ့မလား ဟူသည့် သံသယတို့ ကလည်း လူတိုင်းမေးချင်သည့် မေးခွန်းတစ်ခု ဖြစ်လာပြန်သည်။

ဒူတာတေ သည် ပြည်တွင်း ဝေဖန်မှုကို မဆိုထားနှင့် နိုင်ငံတကာ၏ ဝေဖန်မှု၊ ကုလသမဂ္ဂ၏ ဝေဖန်မှုတို့ကိုပင် ကျောခိုင်းပြီး သူလုပ်ချင်တာကို ဖြစ်အောင် လုပ်တတ်သည့် သူဖြစ်သည်။ အမေရိကန် သမ္မတ အိုဘားမား က သူ့ကို ဝေဖန်သောကြောင့် အမေရိကန် နှင့် ဆက်ဆံရေး ကိုပင် ဖြတ်တောက်ရန် အထိ ဆုံးဖြတ်ခဲ့သူ ဖြစ်သည်။ ယခုထို အကြမ်းဖက် အဖွဲ့အစည်းကို တိုက်မည်ဆို လျှင်လည်း မည်သူက တားတားရမည် မဟုတ်ပေ။

ထိုးစစ်များကို အလုံးအရင်း နှင့် စစ်ဆင်ရေး မပြုလုပ်သေး သည်မှာလည်း ရွေးကောက်ပွဲ တုန်းက ပြောသည့်စကား များကို ဒူတာတေ အချိန်  အတိုင်းအတာ တစ်ခုအထိ တည်နိုင် မလား ဟူသည့် သဘောဖြင့် စောင့်ကြည့်နေ ခြင်းလည်း ဖြစ်နိုင်သည်။ မေလ ရွေးကောက်ပွဲမှ စလျှင် ဒူတာတေ ဖိလစ်ပိုင်သမ္မတ အဖြစ် ထမ်းဆောင်ချိန်သည် နှစ်ဝက်ခန့်သာ ရှိသေးသည်။ ထိုအချိန်တိုလေး အတောအတွင်းနှင့် တော့ ငြိမ်းချမ်းရေးကို မစွမ်းဆောင် နိုင်ခြင်းသည် မေးခွန်းထုတ် စရာ မဟုတ်ပေ။ မော်ရိုတပ်ဦး MILF တို့နှင့်ပင် ငြိမ်းချမ်းရေး အတွက် အချိန် ၁၉ နှစ်ကြာသော ကြောင့် ဖြစ်သည်။

ထိုကြားထဲ ထည့်သွင်း စဉ်းစားရမည်မှာ အဘူဆေယက်စ် တို့၏ အကြမ်းဖက်မှု များကို ဘယ်လောက် အတိုင်းအတာ အထိ သူသည်းခံနိုင်မလဲ ဟူသည့် အချက်တစ်ချက် ဖြစ်သည်။ အဘူဆေယက်စ် တို့က ပြည်သူများ ရာနှင့် ချီ သေဆုံးသည့် အကြမ်းဖက်မှု များကို ပိုတိုးပြီး လုပ်ဆောင်လာလျှင်၊ သူ့ကိုပြည်တွင်း သတင်းထောက် တိုင်းက မေးသည့် အဘူဆေယက်စ် တို့ အကြမ်းဖက်မှုကို ဘယ်တော့ ရပ်တန့်မလဲ ဟူသည့် မေးခွန်းကြောင့် ဒူတာတေ သည်းခံ နိုင်လိမ့်မည် မဟုတ်ပေ။ ထို အခါ ဖိလစ်ပိုင် တပ်မတော် သည် အဘူဆေယက်စ် တို့ကို သမ္မတ ဒူတာတေ ၏ တိုက်ရိုက် အမိန့်ဖြင့် ထိုးစစ်ဆင် ရတော့မည်။ ထိုးစစ်ဆင် လျှင်လည်း အမြစ်ပြတ်သည် အထိ အဆုံးစွန်ထိ တိုက်ရမည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ငြိမ်းချမ်းရေး လည်းမရ၊ စစ်တိုက်ရသည့် အတွက် အသေအပျောက် အပျက်အစီး အဆုံးအရှုံး လည်း များသည့် အပြင် ပြည်သူများကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှု များက ပိုမို လာနိုင်သော ကြောင့် အခြေအနေ သည် ပိုဆိုးသွား နိုင်သည်။

ထို့ကြောင့် ဒူတာတေ အတွက် အဘူဆေယက်စ် နှင့် ငြိမ်းချမ်းရေး ကိစ္စသည် ဆုံးဖြတ်ရ ခက်သည့် ပြဿနာတစ်ခု ဖြစ်နေပြီး သူပြောထားသည့် အတိုင်း ငြိမ်းချမ်းရေးကို ရယူလာ နိုင်မည်လား သို့မဟုတ် စစ်ရေးအရ အမြစ်ပြတ် တိုက်ပြီး အဖြေရှာ မည်လား ဆိုသည်ကို စောင့်ကြည့် ရဦးမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

သာသနာ့တူရိယာစင်များတွင် ဘုရားဖူးပြည်သူ အချို့က စည်းကမ်းမဲ့စွာ အမှတ်တရစာ ရေးသားမှုများ ရှိနေ



စစ်ကိုင်း ၊ ၃၀-၁၁-၂၀၁၆

စစ်ကိုင်းမြို့ ပါရမီိရပ်ကွက် အတွင်းရှိ သမိုင်းဝင် မဟာစည်းခုံကြီး စေတီတော် ၏ တောင်ဘက်ရှိ သာသနာ့ တူရိယာစင် များဖြစ်သည့် ခေါင်းလောင်းတော် စင်၊ မောင်းတော်စင်၊ ကြေးစည်တော်စင်၊ ထိုးစည်တော်စင်၊ အောင်စည်တော် စင်များ ၌ လာရောက် လည်ပတ်သော ဘုရားဖူး ပြည်သူအချို့က စည်းကမ်းမဲ့စွာဖြင့် အမှတ်တရ စာရေးသားမှုများ ရှိနေကြောင်း ဘုရားဖူးများ ထံမှ သိရသည်။

''ထင်ရှားပြီး လူအရောက် များတဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အထိမ်းအမှတ် ပစ္စည်းတွေ၊ အဆောက်အအုံ တွေမှာ အမှတ်တ ရအနေနဲ့ Correction Pen တွေနဲ့ ရေးခြစ်တာတွေကို မပြုလုပ်သင့် ပါဘူး။ ဒါဟာရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံတွေ တန်ဖိုးကျ စေတယ်။ နိုင်ငံခြားသားတွေ မြင်ရင်လဲ မသင့်တော်ဘူး။ လူမျိုးရဲ့ ဂုဏ်သိက္ခာလဲ ကျဆင်းစေတယ်။ ပြန်လည် ဆေးကြော သန့်ရှင်းအောင် ပြုလုပ်ပြီး နောက်နောင် ဒီလို မပြုလုပ်အောင် တာဝန်ရှိတဲ့ သူတွေ အနေနဲ့ ထိန်းသိမ်းကြပ်မတ် ပေးစေချင် ပါတယ်'' ဟု ဘုရားဖူးပြည်သူ တစ်ဦးက ပြောပြသည်။

မဟာစည်းခုံကြီး စေတီတော်သည် ဘုရားပျက်မြေနီ အုတ်ရိုးကုန်း ပမာ နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်း နေရာမှ သီတဂူ ဆရာတော်ကြီး ဦးဆောင်မှုဖြင့် ပြန်လည်ပြုပြင် တည်ထားကိုးကွယ် ခဲ့ပြီး စေတီတော်၏ တောင်ဘက် မျက်နှာတွင် သာသနာ့ တူရိယာစင်များ ဖြစ်သည့် ခေါင်းလောင်းတော်စင်၊ မောင်းတော်စင်၊ ကြေးစည်တော်စင်၊ ထိုးစည်တော်စင်၊ အောင်စည်တော်စင် တို့ကို ဆောက်လုပ် လှူဒါန်းခဲ့သည်။

''သာသနာ့ပစ္စည်း တွေမှာ စာတွေ ရေးသားရုံတင် မဟုတ်ပါဘူး။ ဘုရားကို လာရောက်ပြီး အရက်သေစာ သောက်စားတဲ့ သူတွေနဲ့၊ မဖွယ်မရာ ပြုလုပ်တဲ့ စုံတွဲ အတွဲတွေနဲ့၊ အခုတော့ အသိပေးစာတွေ ကပ်ထားပါတယ်။ ရေးသားထားတဲ့ စာတွေကို ပြန်ဖျက်ဖို့လဲ စီစဉ် ဆောင်ရွက် ထားပါတယ်။ စေတီတော်က ပြန်လည်ပြုပြင် တည်ထားကိုးကွယ် ခဲ့တာ မကြာသေးတော့ ဘုရားမှာ လုပ်သားဝန်ထမ်း ပြည့်ပြည့်စုံစုံ မရှိသေးဘူး ဖြစ်နေတယ်'' ဟု ဘုရားဂေါပက အဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင် က ပြောပြ၍ သိရသည်။

ပြည့်ဖြိုးအောင် 

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၈)

World AIDS Day 2016 activities



Yangon November 30

The World AIDS Day is commemorated on 1 December each year to show support for people living with HIV and affected communities. The UNAIDS country office, in partnership with the Ministry of Health and Sports, UN agencies, non-governmental organizations, networks and communities aim to support Myanmar in reaching its goal of ending the HIV epidemic as a public health threat by 2030.

For this year, the World AIDS Day theme will be “Hands Up for #HIVPrevention” and would centre on the ways to prevent HIV transmission such as getting tested, using condoms and avoiding sharing of needles. In order to raise public awareness about HIV prevention measures, several activities were organized in Yangon to be held on 3 December (Saturday).

In the morning, there will be a walkathon at Kandawgyi Lake starting at 6:00 AM with the Bahan Third Street/Western Park Royal Gate as the starting point. More than the usual walkathon, however, this year’s walk around Kandawgyi Lake would include information stops where participants will be requested to do quick activities that aim to inform them about HIV prevention measures.

In the afternoon, starting 3:00 PM, there will be a photo exhibit at Junction Square where winning photos from the photo competition will be displayed. Booths of different organizations will also be set up. From 5:00 PM onwards, opening speeches will be provided and different vocalists and groups will perform to both entertain and provide relevant information to the crowd. A quiz show will also be conducted for participants.

The Myawady Daily

စင်ကာပူနိုင်ငံရှိ အထင်ကရ နေရာများသို့ လည်ပတ်နိုင်ရန် ၀င်ခွင့်ကတ်များ ရောင်းချလျက်ရှိ


The Singapore Flyer Cost

ရန်ကုန် ၊ ၃၀-၁၁-၂၀၁၆

စင်ကာပူ-မြန်မာ ဗီဇာ ကင်းလွတ်ခွင့် ကို ဒီဇင်ဘာ ၁ ရက်မှစ၍ ရရှိမည်ဖြစ်ပြီး ယင်းဗီဇာ ကင်းလွတ်ချိန် တွင် စင်ကာပူ နိုင်ငံ၏ အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်နိုင်မည့် ဝင်ခွင့်ကတ် ကို စင်ကာပူနိုင်ငံ ချန်ဂီး လေဆိပ်ရှိ စင်ကာပူ အဲလိုင်း (Silk Air) ကောင်တာ၌ ဝယ်ယူနိုင်မည် ဖြစ်ကာ ယင်း အဲလိုင်းရုံး ၌လည်း ဝယ်ယူနိုင်ရန် စီစဉ် ထားကြောင်း စင်ကာပူ အဲလိုင်း မန်နေးဂျင်း ဒါရိုက်တာ Ms.Jeanette Lee ထံမှ သိရသည်။

''အဲလိုင်းအနေနဲ့ Singapore Explorer Pass  လို အထူးအစီအစဉ် တွေနဲ့ စင်ကာပူ နိုင်ငံကို မြန်မာနိုင်ငံသား တွေ အလွယ်တကူ လည်ပတ်သွားလာ နိုင်အောင် ကြိုးစားပေး နေမှာပါ။ ဒီကတ်ကို ရက်အလိုက် ဝယ်ယူလို့ ရပါတယ်'' ဟု Singapore Explorer Pass က ပြောသည်။

ထို Singapore Explorer Pass တွင် စင်ကာပူနိုင်ငံ၏ အထင်ကရ နေရာများ ဖြစ်သည့ှ်Singapore Zoo ၊ Sentosa ၊ Gradens by the Bay နှင့် Singapore Flyar စသည့် နေရာများသို့ သွားရောက် လည်ပတ်နိုင်ရန် စီစဉ်ထားပြီး တစ်ရက်စာ ဝင်ခွင့်ကတ်မှာ အမေရိကန် ဒေါ်လာ ၄၃ ဒေါ်လာဖြစ်၍ ယင်းကတ်မှာ အမျိုးအစားပေါင်း ၁၈ မျိုးအထိ အသုံးပြု နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

ဒရုန်းကာကွယ်ရေး အတွက် တာဝေးပစ် Drone Gun ကို ထုတ်လုပ်ထား


THIS DRONE GUN KNOCKS DRONES OUT OF THE SKY GENTLY, WITH RADIO WAVES

ဝါရှင်တန် ၊ ၃၀-၁၁-၂၀၁၆

ဒရုန်း ခေတ်စားလာသည် နှင့်အမျှ ဝယ်ယူ အသုံးပြုမှု များလာပြီး လေဆိပ်နှင့် အခြား အရေးကြီးသော နေရာများတွင် ပျံသန်းခြင်း၊ လူနေအိမ်ခြေ များတွင် ကျူးကျော် ဝင်ရောက်ခြင်း၊ မသမာသူ များက ဗုံးလက်နက် အစရှိသည် တို့ကိုလည်း ဒရုန်း တပ်ဆင် ထားခြင်းတို့ ပြုလုပ် လာကြသည့် အတွက် ယခုအခါ အမေရိကန် နည်းပညာရှင် များက ဒရုန်းများကို ၁ ဒသမ ၃ မိုင် အကွာအဝေး ထိ ပစ်ချနိုင်မည့် တာဝေးပစ် Drone Gun ကို ထုတ်လုပ်ထားပြီ ဖြစ်ကြောင်း သိရသည်။

'' Drone Gun ဟာ တခြားသော ဒရုန်းဖျက်ကိရိယာ တွေလိုပဲ ရေဒီယိုလှိုင်း တွေကို ဒရုန်းဆီ ပစ်လွှတ်ပါတယ်။ ဒရုန်းအတွက် မြေပြင်ထိန်းချုပ်ရေး စက်ကလာတဲ့ ထိန်းချုပ်မှုပိုင်းက လှိုင်းတွေနဲ့ ရောထွေး ရှုပ်ယှက်ခတ် ကုန်ပါတယ်။ အဲဒီအခါ ပိုင်ရှင်ဖြစ်သူက သူ့ဒရုန်းကို ဆက်ပြီး ထိန်းမထား နိုင်တော့ဘဲ ဒရုန်းပျက်ကျလေ့ ရှိပါတယ်''ဟု သုတေသီ တစ်ဦးက ပြောပြသည်။

လက်ရှိအချိန်တွင် ဈေးကွက်၌ Battelle Drone Defender ဟူသည့် ပခုံးထမ်း ဒရုန်းပစ် လက်နက်ရှိကြောင်း၊ ထို့ပြင် Anti UAV ကာကွယ်ရေးစနစ် ထည့်သွင်း ထားသော ဒရုန်း ကာကွယ်ရေး စက်များလည်း ပါရှိကြောင်း၊ Drone Gun သည် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ဝင်လာသည် နှင့် တစ်ပြိုင်နက် ၄င်းအရာကို ချက်ချင်း ပစ်ချနိုင်မည့် စွမ်းပကား ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Rain Cube ကုဗပုံဂြိုဟ်တုငယ်တွင် တင်ဆောင်မည့် ရေဒါစလောင်းကို ဘူးငယ်တစ်ခုတွင် ဆံ့အောင်သွင်းပြနိုင်မည့် အင်ဂျင်နီယာဖိတ်ခေါ်




ဝါရှင်တန် ၊ ၃၀-၁၁-၂၀၁၆

၂ဝ၁၇ခုနှစ်တွင် လွှတ်တင်ပြီး ကမ္ဘာပေါ်တွင် မိုးရွာသွန်းမှုနှင့် နှင်းကျမှုပမာဏ ကို အာကာသမှ တိုင်းတာပေးမည့် Rain Cube  ကုဗပုံဂြိုဟ်တုငယ်တွင် တင်ဆောင်သွားမည့် ရေဒါစလောင်းကို အိုရီဂါမီ စက္ကူခေါက်နည်း အတိုင်းခေါက်ကာ ဘူးငယ် တစ်ခုတွင် ဆံ့အောင် သွင်းပြနိုင်မည့် အင်ဂျင်နီယာ ထွက်ပေါ်လာရန် နာဆာက ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပလျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဂြိုဟ်တုစလောင်း များသည် အရွယ်အစား ကြီးလျှင်ကြီးသည့် အလျောက် ရေဒီယိုလှိုင်း များကို ပို၍ ဖမ်းယူခြင်း၊ ထုတ်လွှင့်ခြင်း တို့ကို ပြုလုပ်ပေး နိုင်ကြောင်း၊ ၄င်းရေဒီယိုလှိုင်း များကို ဆက်သွယ်ရေးအတွက် အသုံးပြုကြောင်း၊ သို့သော် ၄င်းရေဒီယိုလှိုင်း များ၏ လုပ်ဆောင်ချက်သည် ရှုပ်ထွေးသည့် အတွက် အင်ဂျင်နီယာ များက ၄င်း ဆက်သွယ်ရေး ရေဒီယိုလှိုင်းများ လှုပ်ရှား သွားလာပုံကို မှော်အတတ် Black Magic ဟု အမည်ပြောင် ပေးထားကြောင်း၊ ယခု ရှုပ်ထွေးသည့် ရေဒီယိုလှိုင်းများ ထုတ်လွှင့်ပေးသည့် ဂြိုဟ်တုစလောင်း ကို ကွေကာအုပ် ဘူးငယ် အရွယ်အစား ရသည်ထိ ခေါက်သိမ်းနိုင်မည့် နည်းပညာကို လိုအပ်နေခြင်း ဖြစ်ကြောင်း၊ ထိုမျှ အရွယ်အစား သေးငယ် ပေါ့ပါးမှသာ ဖော်ပြပါ Rain Cube တွင် တင်ဆောင်သွား နိုင်ရန် အဆင်ပြေမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Rain Cube သည် Cube Sat အမျိုးအစား ဂြိုဟ်တုငယ် ဖြစ်ကြောင်း၊ အာကာသယာဉ် နှင့် ဂြိုဟ်တုများ လွှတ်တင်ရာတွင် အရွယ်အစားနှင့် အလေးချိန်ကို အတတ်နိုင်ဆုံး လျှော့ချရန် ရှေ့ပြေး ဆောင်ရွက်မှု အနေဖြင့် ကွေကာအုပ်ဘူး သာသာရှိသော Rain Cube ဂြိုဟ်တုတွင် တပ်ဆင် ထားမည့်စလောင်းကို ၄င်းဂြိုဟ်တုထဲတွင် ပြန်ခေါက်ပြီး သိမ်းနိုင်စေရန် ဒီဇိုင်းရေးဆွဲ စေခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

ယဉ်ကျေးမှုအမွေအနှစ်ဇုန် များ၌ စီးပွားဖြစ် ရုပ်ရှင် ဗီဒီယိုနှင့် ဓာတ်ပုံရိုက်ကူးခြင်း လုပ်ငန်းများမှ ရှစ်လတာကာလအတွင်း ငွေကျပ် သိန်း ၈၀ ကျော်ရရှိထား



မန္တလေး ၊ ၃၀-၁၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီးအတွင်း ရှိ ယဉ်ကျေးမှု အမွေအနှစ်ဇုန် နေရာများ၌ စီးပွားဖြစ်ရုပ်ရှင် နှင့် ဗီဒီယိုရိုက်ကူးခြင်း၊ Still ကင်မရာဖြင့် ဓာတ်ပုံရိုက်ကူးခြင်း လုပ်ငန်းများ မှ ယခုဘဏ္ဍာနှစ် ရှစ်လတာ ကာလအတွင်း ငွေကျပ် သိန်း ၈ဝ ကျော် ကောက်ခံရရှိ ထားကြောင်း ရှေးဟောင်း သုတေသန အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဇုန်)မှ သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း၌ ယဉ်ကျေးမှု အမွေအနှစ်ဇုန်များ ဖြစ်သော နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်နှင့် အင်းဝ ယဉ်ကျေးမှုဇုန် အတွင်း စီးပွားဖြစ် ရုပ်ရှင်၊ ဗီဒီယိုနှင့် ဓာတ်ပုံ ရိုက်ကူးခြင်းများ အတွက် သတ်မှတ် နှုန်းထားများ ပေးဆောင်ရခြင်း ဖြစ်ကာ ယခုနှစ် ဧပြီလမှ နိုဝင်ဘာ ၂၈ ရက်အထိ ကောက်ခံရရှိ ငွေမှာ ငွေကျပ် သိန်း ၈၄ဝဝဝဝဝ ဖြစ်ကြောင်း သိရသည်။

''အများစုကတော့ ယဉ်ကျေးမှုဇုန် အတွင်းမှာ ရိုက်ကူးရေး လုပ်မယ်ဆိုရင် ကြိုပြီး တင်ပြရပါတယ်။ ဒါကို ရုံးချုပ်ကို ပြန်တင်ပြရပြီး ရုံးချုပ်က မြန်မာ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တာတွေ မပါအောင် စိစစ်ပြီး လက်ခံပေးဖို့ အကြောင်းပြန်တဲ့ အခါ ရိုက်ကူး ခွင့်ကို လက်ခံပေး တာပါ။ စီးပွားဖြစ် ရိုက်ကူးရေး တွေကိုပဲ ကောက်ခံတာပါ။ ပြည်တွင်းပြည်ပ ရိုက်ကူးသူတွေကို တစ်ပြေးညီ ကောက်ခံပါတယ်'' ဟု ရှေးဟောင်း သုတေသန အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဇုန်) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာနက ၂ဝ၁၂ ခုနှစ် ဇူလိုင် ၁၂ ရက်မှစပြီး ယဉ်ကျေးမှု အမွေအနှစ်ဇုန်များ ၌ စီးပွားဖြစ်ရုပ်ရှင်၊ ဗီဒီယို နှင့် ဓာတ်ပုံများ ရိုက်ကူးပါက တစ်ရက်လျှင် တစ်ဆက်တည်း ၁၂ နာရီထက် မပိုသော အချိန်အတွင်း ရိုက်ကူးလျှင် ငွေကျပ် ၅ဝဝဝဝဝ နှင့် ဓာတ်ပုံရိုက် ကူးခြင်းအတွက် ငွေကျပ် ၁ဝဝဝဝဝ ကို ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနသို့ ပေးသွင်းရ မည် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

သီလ၀ါအထူးစီးပွားရေးဇုန် ၌ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လုပ်ငန်းပေါင်း ၇၄ ခု ရင်းနှီးမြှုပ်နှံထား


Foster Electric Company, Thilawa Special Ecomomic Zone

ရန်ကုန် ၊ ၃၀-၁၁-၂၀၁၆

လက်ရှိ သီလဝါအထူး စီးပွားရေးဇုန် ၌ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လုပ်ငန်းပေါင်း ၇၄ ခု ရင်းနှီးမြှုပ်နှံ ထားကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 

သီလဝါအထူး စီးပွားရေးဇုန် သည် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် နိုဝင်ဘာလမှ လုပ်ငန်း စတင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လုပ်ငန်းပေါင်း ၇၄ ခု ရင်းနှီးမြှုပ်နှံ ခွင့်ပေး ထားကြောင်း သိရသည်။

သီလဝါအထူး စီးပွားရေးဇုန် ၌ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် နိုဝင်ဘာလမှ လက်ရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၈၉၆ ဒသမ ၂ဝ၁ ဘီလီယံ ရှိသည်။

နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံ မှုများအနက် စင်ကာပူနိုင်ငံ သည် အများဆုံး ဖြစ်ပြီး ဂျပန်နိုင်ငံက ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံ ထားကာ ရင်းနှီး လုပ်ကိုင်သော လုပ်ငန်း များအနက် စက်မှုကဏ္ဍနှင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတို့တွင် အများဆုံး ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

သီလဝါ အထူး စီးပွားရေးဇုန် အတွင်း ပလတ်စတစ် ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများ၊ သတ္တုပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပို့ဆောင်ရေး လုပ်ငန်းသုံး ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဆေးဝါး လုပ်ငန်းများ အပါအဝင် တခြား လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

ကျော်ကို

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

နယ်စပ်ကုန်သွယ်ရေးနှင့် အမျိုးသားလုံခြုံရေး


နယ်စပ်ကုန်သွယ်ရေးနှင့် အမျိုးသားလုံခြုံရေး

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှု များကြောင့် မင်းမဲ့စရိုက်များ ကြီးစိုးကာ ပြည်သူများ ကျီးလန့်စာစား ဘဝရောက်ခဲ့ရပြီး နိုင်ငံပိုင် ပစ္စည်းများ လုယက်ဖျက်ဆီး ခံရသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် နိုင်ငံတော် အခြေအနေ အရပ်ရပ်ကို တပ်မတော်က ထိန်းသိမ်း တာဝန်ယူလိုက် ရသည်။

အဘက်ဘက်မှ ယိုယွင်းနေသော နိုင်ငံတော်ကို တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်ပြီးနောက် ပြည်သူများအတွက် လိုအပ်သော အခြေခံ ကုန်ပစ္စည်းများ ဖြည့်တင်းပေး နိုင်ရန်ယခင်က ရှိခဲ့သော ပင်လယ် ရေလမ်းကြောင်း ကုန်သွယ်ရေး တစ်ခုတည်း ကိုသာ အားကိုး မရတော့သဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ ဖွင့်လှစ်၍ တရားဝင် ကုန်သွယ်ရေး စနစ် ချမှတ်ဆောင်ရွက် ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရအဖွဲ့သည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အတွက် လားရှိုး၊ မူဆယ်၊ ကြူကုတ်၊ နမ့်ခမ်း၊ ကွမ်းလုံမြို့ တို့၌ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် နယ်စပ် ကုန်သွယ်ရေးရုံးများ စတင်ဖွင့်လှစ် လိုက်သည်။ ဖွင့်လှစ်လိုက်သော နယ်စပ် ကုန်သွယ်ရေးရုံး များသည် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ သမဝါယမ အသင်းများ၊ အစိုးရဌာန များနှင့် အသင်းအဖွဲ့ များ၏ ပို့ကုန်သွင်းကုန် လုပ်ငန်းများကို ကြီးကြပ် ဆောင်ရွက် ပေးသည်။

၁၉၉၅ ခုနှစ် သြဂုတ် ၅ ရက်တွင် မြန်မာ-တရုတ် နယ်စပ်မှ မူဆယ်ဒေသ၌ နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံး ဖွင့်လှစ်၍ နယ်စပ် ကုန်သွယ်ရေး စနစ် စတင်ခဲ့သည်။ မူဆယ်နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံး နှင့်အတူ အကောက်ခွန် ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဘဏ်လုပ်ငန်း အဖွဲ့များ ပါဝင်သော စုပေါင်းရုံးများ ဖွင့်လှစ်ထားပြီး သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းများကို တစ်နေရာတည်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်သည့် စနစ် (One Stop Service) ဖြင့်ဆောင်ရွက် စေခဲ့သည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရအဖွဲ့က နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများကို တရားဝင် ဖွင့်လှစ်ခွင့်ပြု ပေးလိုက်သည့် ရည်ရွယ်ချက် များမှာ အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် စေရန်၊ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်စေရန် နှင့် ပုံမှန် ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန်၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်သာကိုင်သာ ရှိပြီး ထိုက်သင့်သော အကျိုးအမြတ်များ ရရှိစေရန်၊ ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေ ချောမောစေရန် တို့ဖြစ် သည်။ နယ်စပ်ကုန်သွယ်ရေး စခန်းရုံးများကို အချက်အချာ ကျသော နေရာများ၌ ကျစ်လျစ်စွာ ပြန်လည်ဖွဲ့စည်း ခဲ့ရာ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး စခန်းကို ၁၉၉၈ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ပြန်လည်ဖွဲ့စည်း ဖွင့်လှစ်၍ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ခဲ့သည်။ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း အဆင်ပြေချောမွေ့ စေရန် မန္တလေး- လားရှိုး- မူဆယ် ကားလမ်းများ ချဲ့ထွင်၍ အဆင့်မြှင့်တင် ပေးထားရာ စိုက်ပျိုးရေး ထွက်ကုန် သီးနှံများဖြင့် ရေထွက်ကုန် ပစ္စည်း ငါး၊ ပုစွန်များကို အချိန်တို အတွင်း တင်ပို့နိုင်ကြ သဖြင့် ကုန်သည်များ အဆင်ပြေ ကြသည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့သည် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေး နေချိန်မှာပင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိအောင် ၁၉၈၉ ခုနှစ်မှစ၍ ကြိုးပမ်းခဲ့သဖြင့် မန္တလေး- လားရှိုး- မူဆယ် ကုန်သွယ်ရေး လမ်းကြောင်း လုံခြုံချောမွေ့ ခဲ့သည်။ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်၍ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အတွက် ကောင်းခါးဒေသ ဖွံ့ဖြိုးရေး ကိုလည်း အထူးပြု ဆောင်ရွက်ပေး ခဲ့သည်။

မူဆယ် ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန် သည် နိုင်ငံတော်က တရားဝင်ဖွင့်လှစ် ထားသော နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများတွင် အတွင်ကျယ်ဆုံးနှင့် ကုန်သွယ်မှုတန်ဖိုး အများဆုံး ဖြစ်သည်။ ယနေ့အချိန်တွင် အကြမ်းဖက် သောင်းကျန်းသူ တို့က ကုန်ကားများကို အကြမ်းဖက် ဖျက်ဆီးခြင်း၊ ယာဉ်မောင်းတချို့ ကို ဥပဒေမဲ့ ပစ်သတ်ခြင်း၊ ဆက်ကြေး တောင်းခံခြင်း ကြောင့် ကုန်သွယ်ရေး လုပ်ငန်းများ နစ်နာနေကြ ရသည်။ မူဆယ်မြို့ပေါ် လူနေရပ်ကွက် များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း တို့ကြောင့် ဒေသခံပြည်သူများ ချောက်ချား နေကြရသည်။

ထို့ကြောင့် အမျိုးသား အကျိုးစီးပွားကို ကြီးမားသော အထောက်အကူ ပြုနေသည့် နယ်စပ်ဒေသ ကုန်သွယ်ရေး လမ်းကြောင်း လုံခြုံရေးသည် အမျိုးသား လုံခြုံရေး၏ အစိတ်အပိုင်း ဖြစ်သည်ကို အားလုံးသတိမူ ကြရမည် ဖြစ်ပေသည်။

(အယ်ဒီတာ့အာဘော်)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း လေးလုံးတွေ့ရှိ


ဒေသန္တရလက်လုပ်မိုင်း လေးလုံးကို တွေ့ရစဉ်

နေပြည်တော် ၊ ၃၀-၁၁-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ ကွတ်ခိုင်-သိန်းနီ အကြား ပြည်ထောင်စု လမ်းမကြီး ပေါ်၌ တပ်မတော် စစ်ကြောင်းက လမ်းလုံခြုံရေး ဆောင်ရွက်လျက် ရှိရာ ယမန်နေ့နံနက် ၁ဝ နာရီ ၁ဝ မိနစ်ခန့်တွင် မိုင်တိုင်အမှတ် (၂၁၇/၇) အနီးသို့ ရောက်ရှိစဉ် ကတ္တရာလမ်း အောက်ရှိ ရေစီးဆင်းသည့် အချင်း ၂ ပေခန့်ရှိ ရေပြွန် အတွင်းမှ ဒေသန္တရ လက်လုပ်မိုင်း လေးလုံးအား တွေ့ရှိခဲ့သည်။

တွေ့ရှိရသည့် မိုင်းများအား အသေးစိတ် စစ်ဆေးခဲ့ရာ အမြင့် ၆ လက်မ၊ အချင်း ၄ လက်မရှိ သံကိုယ်ထည်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း လေးလုံး၊ ၁၂ ဗို့ ဘက်ထရီ လေးလုံးနှင့် အနီ၊ အနက် ဝါယာကြိုးဖြင့် ချိတ်ဆက်ထားသော ဖျူ့စ် ခုနစ်ချောင်း တို့အား စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် ခရီးသွား ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုမဖြစ်ပွား စေရေး တပ်မတော် စစ်ကြောင်းက စနစ်တကျ ရှင်းလင်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော် စစ်ကြောင်းက လမ်းလုံခြုံရေး ဆက်လက် ဆောင်ရွက်စဉ် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် မိုင်တိုင်အမှတ် (၂၁၆/၅) အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အင်အား ၁ဝ ဦးခန့်က ရီမုမိုင်း နှစ်လုံး ဖောက်ခွဲ၍ တပ်မတော် စစ်ကြောင်းအား လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ပြန်လည်ပစ်ခတ် ခဲ့သဖြင့် ရန်သူသည် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ TNLA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း ခရီးသွားယာဉ် များအား ဖျက်ဆီးခြင်း၊ လမ်းကြောင်း ပိတ်ဆို့ခြင်း၊ တံတား ဖောက်ခွဲခြင်း၊ မိုင်းထောင်ခြင်း၊ အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း နှင့် နယ်မြေတည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်း များနှင့် ရဲတပ်ဖွဲ့ဝင် များအား တိုက်ခိုက် နှောင့်ယှက်ခြင်း များ ဆောင်ရွက် လျက် ရှိပြီး နယ်မြေတည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Four improvised landmines found on Union Highway


Four improvised landmines

Nay Pyi Taw November 30

Four improvised landmines, found in a conduit tube under the Lashio-Muse Union Highway between Kutkai and Theinni yesterday and security forces had to defuse them, according to the Office of Commander-in-Chief of Defence Services.

The landmines were made of steel pipes, 6-inch in height and 4-inch in diameter, attached with 7 fuses and four 12-volt batteries.

Government troops, while conducting area clearance operations, were attacked with grenades by 10 members of the TNLA yesterday morning but they got away when government troops returned fire.


The Myawady Daily

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ခိုးထွက်ရန် ကြိုးစားသူ ၁၀ ဦး ဖမ်းဆီးရမိ


နေပြည်တော် ၊ ၃၀-၁၁-၂၀၁၆

မောင်တောမြို့နယ်ရှိ နယ်စပ် ခြံစည်းရိုး အနီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ခိုးထွက်ရန် ကြိုးစားသူ ၁ဝ ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ယမန်နေ့ ညပိုင်းတွင် ဖမ်းဆီး ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ယမန်နေ့ ည ၁၂ နာရီခန့်က မောင်တော မြို့နယ် ရေတွင်းကျွန်း ကျေးရွာ အနောက်ဘက်ရှိ နယ်စပ်ခြံစည်းရိုး အနီးတွင် မသင်္ကာဖွယ်ရာ ဓာတ်မီးရောင်များ တွေ့ရှိ၍ သွားရောက် ရှင်းလင်းခဲ့ရာ ရေတွင်းကျွန်း ကျေးရွာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ခိုးထွက်ရန် ကြိုးစားနေသူ ၁ဝ ဦးအား ဖမ်းဆီးရမိ သဖြင့် ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Group trying to emigrate to Bangladesh arrested


Nay Pyi Taw November 30

Security forces detained 10 people apparently trying to emigrate to Bangladesh on Monday evening near the demarcation fence in Maungtaw township, according to the State Counsellor Office’s Information Committee. 

A security clearance was being conducted by troops with torch lights when the group was discovered. Authorities said the 10 people will be investigated in accord with the rule of law, it is learnt.

The Myawady Daily

KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသည့် မိုင်းနင်းမိသဖြင့် ဒေသခံပြည်သူတစ်ဦး သေဆုံး ၊ တစ်ဦးမိုင်းစထိမှန် ဒဏ်ရာများ ရရှိ


မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့သည့် ဦးဇင်မောင်စိုး ကို တွေ့ရစဉ်

နေပြည်တော် ၊ ၃၀-၁၁-၂၀၁၆

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ နန့်လန်ချောင်း အနီး၌ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသည့် မိုင်းနင်းမိ ပေါက်ကွဲသဖြင့် ဒေသခံပြည်သူ နှစ်ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာ နေ ဦးမောင်မျိုးနှင့် ဟိုပင်မြို့နေ ဦးဇင်မောင်စိုး တို့နှစ်ဦးသည် ရှောင်းပါးကျေးရွာ ၏ အရှေ့မြောက် ဘက်သို့ ကြိမ်ခုတ်ရန် သွားရောက်စဉ် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ နန့်လန်ချောင်း အနီးသို့ အရောက် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသည့် မိုင်းအား ဦးမောင်မျိုး က နင်းမိပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်။

မိုင်းပေါက်ကွဲ မှုကြောင့် ဦးမောင်မျိုး သည် မိုင်းထိသည့် ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ဦးဇင်မောင်စိုး သည် ဝဲ/ယာ မျက်လုံးဖူးရောင် ညိုမဲဒဏ်ရာ၊ ရင်ဘတ်နှင့် လည်ပင်း တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ကသာမြို့၊ ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Two local residents injured by KIA landmine


A victim injured by a landmine laid by KIA

Nay Pyi Taw November 30

Two local residents were seriously injured on Monday afternoon in the explosion of a landmine that had been planted by a KIA armed group in Shweku township, Kachin State, according to the Office of the Commander- in-Chief of Defense Services.

U Maung Myo of Hmataing village in Katha township, Sagaing Region lost his legs as a result of the explosion. U Zin Maung Soe of Hopin township was hit in the chest and neck by shrapnel. Both were hospitalized for major injuries. The two men had gone to Hopin, Kachin State to cut sugar cane plants when U Maung Myo stepped on the KIA landmine near Namlan.

The Myawady Daily

မုံးယား-မုံးဟောင် သွားကျောက်ခင်းလမ်းပေါ်ရှိ မုံးယားဝါးတံတား အား အကြမ်းဖက်သောင်းကျန်းသူ များက မီးရှို့ဖျက်ဆီး


နေပြည်တော် ၊ ၃၀-၁၁-၂၀၁၆

ကွတ်ခိုင်မြို့နယ်၊ မုံးယားကျေးရွာ၏ တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ မုံးယား-မုံးဟောင် သွားကျောက်ခင်းလမ်း ပေါ်ရှိ အရှည်ပေ ၃ဝ၊ အကျယ် ၈ ပေခန့်ရှိ မုံးယားဝါး တံတားကို နိုဝင်ဘာ ၂၈ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် သောင်းကျန်းသူ များမှ မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားမှာ ယခင်က အရှည်ပေ ၃ဝ၊ အကျယ် ၁၂ ပေရှိ သစ်သားတံတား ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်၊ မိုးတွင်းကာလတွင် ရေမျောပါ ပျက်စီးခဲ့သဖြင့် ဒေသခံ  ရွာသားများက သွားလာမှု အဆင်ပြေစေရန် ဝါးတံတား ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

KIA/TNLA လက်နက်ကိုင်အဖွဲ့မှ မူဆယ်မြို့အား လက်နက်ကြီးဖြင့် ပစ်ခတ် ၊ မိုင်းများဖောက်ခွဲ




နေပြည်တော် ၊ ၃၀-၁၁-၂၀၁၆

မူဆယ်မြို့ ဟိုမွန်နှင့် ကောင်းမှုတုံ ရပ်ကွက်များတွင် KIA/TNLA လက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးဗုံးသီး ကျရောက် ပေါက်ကွဲခြင်း၊ မိုင်းများ ပေါက်ကွဲခြင်းနှင့် အလုပ်ရုံအချို့မှ ဆက်ကြေး ကောက်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

မူဆယ်မြို့ ဟိုမွန်ရပ်ကွက် သစ်တောလမ်းရှိ ထမင်းဆိုင်အနီး လျှိုအတွင်းသို့ နိုဝင်ဘာ ၂၈ ရက် ည ၆ နာရီ မိနစ် ၄ဝ ခန့်က KIA/TNLA လက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ဗုံးသီး ကျရောက် ပေါက်ကွဲခဲ့ပြီး ယင်းနေရာ အနီးတစ်ဝိုက်တွင် လက်လုပ် မိုင်း နှစ်လုံးလည်း ဖောက်ခွဲ ထားကြောင်း၊ မူဆယ်မြို့ ကောင်းမှုတုံ ရပ်ကွက် ဟိုနားရပ် နှင့် စက်မှုကွက်သစ် ကြားတွင် ည ၉ နာရီ မိနစ် ၄ဝ ခန့်နှင့် စက်မှုလမ်းနှင့် မန့်မိုင်ရွာ အနီးတွင် ည ၁ဝ နာရီ မိနစ် ၅ဝ ခန့်ကလည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်း ပေါက်ကွဲမှု များကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

KIA/TNLA လက်နက်ကိုင် အဖွဲ့များသည် မူဆယ်မြို့ ကောင်းမှုတုံ ရပ်ကွက် ဟိုနားရပ်နှင့် စက်မှုကွက်သစ် အတွင်းသို့လည်း ဝင်ရောက်ခဲ့ပြီး အလုပ်ရုံအချို့မှ ဆက်ကြေးများ ကောက်ခံကာ ပြန်လည် ထွက်ခွာသွား ကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ က လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ

KIA, TNLA armed group launch artillery attacks, fire shells in Muse




Nay Pyi Taw November 30

Armed groups from the Kachin Independence Army (KIA) and the Ta’ang National Liberation Army (TNLA) on Monday launched artillery attacks, fired shells and extorted money from workers in factories in Homon and Kaunghmuton wards in Muse, the State Counsellor Office’s Information Committee said.

The artillery shell fired by the KIA, TNLA armed group into the gorge near the meal-selling shop on Thittaw Street in Homon Ward at 6:40pm on Monday exploded, with two other explosions nearby.

Explosions in the wards of Kaunghmuton, Hona and Sethmu Kwetthit occurred at about 9:40pm. About an hour later, more explosions occurred near Sethmu Lan and near the village of Mantmai, but caused no injuries, it is learnt. Upon learning that the KIA, TNLA armed groups had entered the wards of Kaunghmuton, Hona and Sethmu Kwetthit to extort some factory workers, Security forces were dispatched to clear the area, it is learnt.

The Myawady Daily

KIA/TNLA/MNDAA လက်နက်ကိုင် အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် မုံးကိုးနယ်မြေမှ ပြည်သူများ တရုတ်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေး


နေပြည်တော် ၊ ၃၀-၁၁-၂၀၁၆

KIA/TNLA/MNDAA လက်နက်ကိုင် အဖွဲ့များသည် မုံးကိုးနယ်မြေအား တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ဝဝဝ ကျော်သည် တရုတ်နိုင်ငံ မန်စီမြို့နယ် အတွင်း တိမ်းရှောင် ထွက်ပြေးခဲ့ရာ လူမှုကူညီရေးများ ဆောင်ရွက်ပေးလျက် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

အဆိုပါ တိုက်ပွဲရှောင် ဒေသခံပြည်သူ ၁ဝဝဝ ကျော်သည် တရုတ်နိုင်ငံ မန်စီမြို့နယ် မန်ဟိုင်မြို့ရှိ အသုံးမပြုသည့် စာသင်ကျောင်း၊ စက်ရုံဟောင်းနှင့် ဈေးအနီး ကွင်းပြင်များ တွင် ယာယီတဲ ငါးလုံးဖြင့် နိုဝင်ဘာ ၂၈ ရက်အထိ နေထိုင်လျက်ရှိရာ ကိုးကန့်ဒေသမှ လူမှုရေးအသင်း တစ်ခုသည် ရွှေလီမှတစ်ဆင့် ဝင်ရောက်ပြီး မန်ဟိုင်မြို့သို့ သွားရောက်ကာ လူမှု ကူညီရေးများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

KIA, TNLA & MNDAA armed groups’ attack drives people from Monekoe into China


Nay Pyi Taw November 30

The combined troops of the Kachin Independence Army (KIA), the Ta’ang National Liberation Army (TNLA) and the Myanmar National Democratic Alliance Army (MNDAA) attacked the Monekoe area in northern Shan State on Monday, forcing many local residents to flee into Mansi township in China, according to the State Counsellor Office’s Information Committee.

Over 1,000 displaced people were taking shelter at an abandoned school, an old factory and in open spaces near the market in the town of Manhai in Mansi township since Monday, receiving help and subsidies provided by civil society representatives from Koekant region, who entered Manhai via Shweli, it is learnt.

The Myawady Daily

KIA အကြမ်းဖက် သောင်းကျန်းသူများက နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စခန်းများအား လာရောက် နှောင့်ယှက်တိုက်ခိုက်



နေပြည်တော် ၊ ၃၀-၁၁-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ မုံးကိုးမြို့ရှိ တပ်မတော် စစ်ကြောင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် မုံးကိုးစခန်းအား နိုဝင်ဘာ ၂၈ ရက် နံနက် ၆ နာရီခွဲခန့်တွင် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အင်အား ၂ဝ ဦးခန့်က စနိုက်ပါ၊ လက်နက်ငယ် များဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည် ပစ်ခတ်ခဲ့ရာ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ရန်သူများ အနောက်ဘက်သို့ ဆုတ်ခွာထွက် ပြေး သွားခဲ့သည်။ ဖြစ်စဉ်တွင် စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာ ၂၈ ရက် နံနက် ၁ဝ နာရီ ၂ဝ မိနစ် ခန့်တွင်လည်း ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ရှိ ကောင်းကွေ့ စခန်းအား KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အင်အား ၁၂ ဦးခန့်က လည်းကောင်း၊ ထို့ပြင် နံနက် ၁ဝ နာရီ ၅ဝ မိနစ်ခန့်တွင် မုံးကိုးမြို့ရှိ ဖောင်းဆိုင် စခန်းအား KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အင်အား ၂ဝ ဦးခန့်က လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ထပ်မံလာရောက် ပစ်ခတ်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများက ပြန်လည်ပစ်ခတ် တိုက်ခိုက် ခဲ့ရကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

ကွတ်ခိုင်မြို့နယ် ၊ နမ့်ဖတ်ကာရဲကင်းစခန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် နှစ်ဦး လက်နက်မဲ့ဖြင့် ပျောက်ဆုံး


ရဲတပ်ဖွဲ့ဝင်နှစ်ဦး စီးနင်းခဲ့သည့် ဟွန်ဒါဖစ်အမျိုးအစားယာဉ်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၃၀-၁၁-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်းကျေးရွာ တစ်ဝိုက် မော်တော်ယာဉ် များအား အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက ပိတ်ဆို့ထားကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းက နိုဝင်ဘာ ၂၈ ရက် ည ၇ နာရီခန့်တွင် သွားရောက် ရှင်းလင်းရာ ကွတ်ခိုင်-မူဆယ် သွား ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၃၃ နှင့် ၂၃၇ အကြား၌ ဒိုင်နာယာဉ် တစ်စီးနှင့် ၁၂ ဘီးယာဉ် နှစ်စီးတို့ ရပ်တန့်ထား သည်ကို တွေ့ရှိသဖြင့် စိစစ်မေးမြန်းရာ လုံခြုံရေး စိတ်မချရ သဖြင့် ရပ်တန့်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော် စစ်ကြောင်းက နယ်မြေ ဆက်လက် ရှင်းလင်းရာ အဆိုပါနေရာမှ ၁ ဖာလုံခန့် အကွာ၌ ဟွန်ဒါဖစ် အမျိုးအစား ယာဉ်အမှတ်၊ YGN - 4G/ ----အား တွေ့ရှိရ၍ အသေးစိတ် စစ်ဆေးခဲ့သည်။ အဆိုပါ ယာဉ်မှာ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ရဲကင်းစခန်းမှ ဒုတိယရဲအုပ် မြင့်ဌေး နှင့် ရဲတပ်ကြပ် လင်းထက် တို့နှစ်ဦးက ကွတ်ခိုင်မြို့မ ရဲစခန်းမှ တရားခံ နှစ်ဦးအား မြို့နယ်တရား ရုံးသို့ တရားစွဲဆို နိုင်ရန် သွားရောက်ပို့ဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတို့နှစ်ဦးသည် တရားခံ နှစ်ဦးအား ပို့ဆောင်ပြီး နမ့်ဖတ်ကာ ရဲကင်းစခန်းသို့ ပြန်လာစဉ် လက်နက်မဲ့ ပျောက်ဆုံးလျက် ရှိကြောင်း စုံစမ်း သိရှိရသည်။

ဖြစ်စဉ်တွင် ပျောက်ဆုံးလျက် ရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ပြန်လည် တွေ့ရှိရေး၊ အဖြစ်မှန် ပေါ်ပေါက်နိုင်ရေး စုံစမ်း စစ်ဆေးလျက် ရှိကြောင်းနှင့် တပ်မတော် စစ်ကြောင်းများက အဆိုပါနေရာ တစ်ဝိုက်အား နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁၁-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁၁-၂၀၁၆)

Download Links


ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၁၁-၂၀၁၆)



ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၁၁-၂၀၁၆)

Download Links


Tuesday, November 29, 2016

မူဝါဒရေးရာ တင်းမာသူများ ပါဝင်လာသည့် ထရမ့်ပ် ၏ အမေရိကန်အစိုးရသစ်


မူဝါဒရေးရာ တင်းမာသူများ ပါဝင်လာသည့် ထရမ့်ပ် ၏ အမေရိကန်အစိုးရသစ်

( ဇေယျဘုန်း )

အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်တချို့၌ မဲရလဒ်များ ပြန်လည် ရေတွက်ရေးနှင့် ပတ်သက်၍ ကန့်ကွက်မှုများနှင့် တောင်းဆိုမှုများ ထွက်ပေါ်နေစဉ် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံထားရသည့် ဒေါ်နယ်ထရမ့်ပ် သည် ၄င်း၏ အစိုးရအဖွဲ့ အတွင်း ပါဝင်မည့် သူများ၏ အမည်များကို ပဏာမအဆင့် ရွေးချယ်ထုတ်ပြန် ခဲ့ပြီး နောက်ပိုင်းတွင် ထရမ့်ပ် ဦးဆောင်သည့် အစိုးရအဖွဲ့၌ မူဝါဒရေးရာ တင်းမာသူများ ပါဝင်လာဖွယ် ရှိသည်ဟူသော ပြောကြားမှုများ ထွက်ပေါ်လာသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ကမ္ဘာ့မီဒီယာ များက အနိုင်ရမည်ဟု သုံးသပ်ခြင်းခံခဲ့ ရသည့် ဟီလာရီကလင်တန် ကို ထရမ့်ပ်က အနိုင်ရပြီးချိန်မှစ၍ ၄င်း၏ တင်းမာသောမူဝါဒ များကို လက်တွေ့ အကောင်အထည်ဖော် နိုင်ရေးအတွက် အစိုးရသစ် ဖွဲ့စည်းရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်။

ထရမ့်ပ်သည် အထက်လွှတ်တော် ၏ အတည်ပြုချက် ရယူရန်မလိုသည့် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးအရာရှိ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦး ဖြစ်သည့် မိုက်ဖလင်း ကို ရွေးချယ်ခဲ့သည်။ မိုက်ဖလင်း သည် စစ်တပ်မှ အနားယူပြီး နောက်ပိုင်းတွင် စစ်ဘက် ထောက်လှမ်းရေး အေဂျင်စီ၏ ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင် သူဖြစ်သည်။ ၄င်းအား ထရမ့်ပ်အနေဖြင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ကျယ်ကျယ်ပြန့်ပြန့် အကြံဉာဏ် ပေးနိုင်သူ တစ်ဦးအဖြစ် ရှုမြင်ထားခြင်း ခံရသူလည်း ဖြစ်သည်။

ထို့ပြင် ISIS စစ်သွေးကြွ အဖွဲ့နှင့် ဘာသာရေး အစွန်းရောက်များ၏ အန္တရာယ်သည် အိုဘားမား အစိုးရအဖွဲ့က ခန့်မှန်းထားခဲ့သည့် အတိုင်းအတာထက် ပိုမိုဆိုးရွားလာ နိုင်သည်ဟု ၄င်းက တိကျစွာ ကြိုတင်ခန့်မှန်း နိုင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် မိုက်ဖလင်း သည် ရွေးကောက်ပွဲ တွင် ရှုံးနိမ့်သည့် ကလင်တန် အား ထောင်ချ ရန်အထိ တောင်းဆိုခဲ့သူ ဖြစ်ပြီး ISIS စစ်သွေးကြွ အဖွဲ့ကို တိုက်ဖျက်နိုင်မည့် အစီအစဉ် တစ်ရပ် ချမှတ် အကောင်အထည် ဖော်နိုင်ခြင်း မရှိမှုနှင့် စပ်လျဉ်း၍ လက်ရှိသမ္မတ အိုဘားမား အား လူလိမ်ဟု ခေါ်ဆိုခဲ့သည်။ စင်စစ်တွင် ထရမ့်ပ်သည် မိုက်ဖလင်း အား ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ရန် စဉ်းစားထား သော်လည်း ယင်းသို့ခန့်အပ် နိုင်ရေးအတွက် လွှတ်တော်၏ အတည်ပြု ချက်များကို ရယူရမည် ဖြစ်သောကြောင့် အစိုးရအဖွဲ့နှင့် နိုင်ငံအတွင်း လွှမ်းမိုးနိုင်စွမ်း ရှိသည့် လုံခြုံရေးဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လွတ်လပ်မှုရှိရေး တို့ကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အထက်လွှတ်တော် အမတ် ဂျက်ဖ်ဆက်ရှင်း ကို အမေရိကန် ပြည်ထောင်စု ၏ ၈၄ ဦးမြောက် ရှေ့နေချုပ် အဖြစ်ခန့်အပ် ခဲ့သည်။ ဂျက်ဖ်ဆက်ရှင်း သည် သမ္မတဟောင်း ရော်နယ်ရေဂင် ၏ လက်အောက်တွင် အယ်လ်ဘားမား ပြည်နယ် ၏ ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ယင်းနောက်ပိုင်း တွင် နိုင်ငံရေး၌ အတွေ့အကြုံ ကောင်းများ ရရှိခဲ့သူဖြစ်သည်။ ထို့အတူ ဂျက်ဖ်ဆက်ရှင်း သည် ၄င်းတာဝန် ထမ်းဆောင်စဉ် ကာလအတွင်း နိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် စပ်လျဉ်း၍ တိကျမှန်ကန်မှု ရှိပြီး သစ္စာရှိသူ တစ်ဦးဖြစ်ကြောင်း သက်သေပြနိုင် ခဲ့သူဖြစ်သည်။ ၄င်းအနေဖြင့် အစိုးရသစ် လက်အောက် တွင် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ထိန်းချုပ်ရေးနှင့် လူဝင်မှု ကြီးကြပ်ရေး စသည့် ပြီးခဲ့သည့် နှစ်များအတွင်း တရားရေး ဝန်ကြီးဌာနက ထိန်းချုပ်ရန် ပျက်ကွက်ခဲ့သည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်း ရဖွယ်ရှိသည် ဟု သုံးသပ်သူ များက ဆိုသည်။

ဂျက်ဖ်ဆက်ရှင်း အား ရှေ့နေချုပ် အဖြစ် ခန့်အပ်သည့် ထရမ့်ပ်၏ ဦးတည်ချက်မှာ နိုင်ငံအတွင်းသို့ အထိန်းအကွပ် မဲ့စွာ ဝင်ရောက်လာသူ များကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်မည် ဟူသော မဲဆွယ် စည်းရုံးစဉ် ကာလအတွင်းက ပေးအပ်ခဲ့သည့် ကတိကဝတ်ကို အကောင်အထည် ဖော်ဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

အလားတူ ထရမ့်ပ်သည် ထောက်လှမ်း ရေးနှင့် လျှို့ဝှက်စစ်ဆင်ရေး များနှင့် စပ်လျဉ်း၍ ရီပတ်ဘလစ်ကန် အမတ် မိုက်ပွန်ပီယိုကို စီအိုင်အေ (ဗဟို ထောက်လှမ်းရေး အေဂျင်စီ) ၏ အကြီးအကဲ အဖြစ် ခန့်အပ်ခဲ့သည်။ ပွန်ပီယို သည် ထောက်လှမ်းရေး အသိုက် အဝန်းတွင် ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်လာနိုင်ပြီး ၄င်းအနေဖြင့် အမေရိကန်ပြည်သူ အားလုံးနှင့် မဟာမိတ်နိုင်ငံ များ၏ ဘေးကင်း လုံခြုံရေးကို ဆောင်ကြဉ်းပေး နိုင်မည်ဟု ထရမ့်ပ် က ချီးကျူးပြောကြား ထားသော် လည်း ၄င်းအား စီအိုင်အေ အကြီးအကဲ အဖြစ် ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့သည်။

ပွန်ပီယို သည် အီရန် နျူကလီးယား အရေးနှင့် စပ်လျဉ်း၍ မူဝါဒရေးရာ တင်းမာသူ တစ်ဦးဖြစ်ပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံများ နှင့် အီရန်နိုင်ငံတို့ အကြား နျူကလီးယား သဘောတူညီချက် ချမှတ်ခြင်း အပေါ် အပြင်းအထန် ကန့်ကွက်ခဲ့သူ ဖြစ်သည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စု က ရုရှား၊ အီရန်တို့နှင့် ပူးပေါင်း ဆောင်ရွက်ရေး နှင့်ပတ်သက်၍ မူကြမ်းတစ်စောင် အပေါ် ဝေဖန်ထားပြီး အီရန်နိုင်ငံနှင့် ဆက်စပ်သည့် လုံခြုံရေး ကိစ္စရပ်များကို အဓိက ဦးစားပေး ချမှတ်ရေး အတွက်လည်း မူကြမ်းများစွာကို အဆိုပြုခဲ့သူ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၏ လုံခြုံရေး ကိစ္စရပ်များတွင် စိတ်ဝင်စားစွာ ပါဝင် လုပ်ဆောင်လျက် ရှိသည့် ပွန်ပီယို အား အလားအလာရှိသူ တစ်ဦးအဖြစ် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း ဂျွန်ဘိုးယား က ရှုမြင်ခဲ့ခြင်းကြောင့် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီနှင့် ဘင်ဂါဇီ အရေးဆိုင်ရာ အောက်လွှတ်တော် အထူးကော်မတီ တို့တွင် နေရာပေးခြင်း ဖြစ်သည်။ သာမန်အားဖြင့် အဆိုပါရာထူး များတွင် အတွေ့အကြုံပိုမို ရင့်ကျက်မှုရှိသည့် လွှတ်တော်အမတ် များကိုသာ ရွေးချယ်ခန့်အပ် လေ့ရှိသော်လည်း ပွန်ပီယို ၏နိုင်ငံရေး အလားအလာ ကောင်းမှုကြောင့် ယင်းနေရာ များတွင် တာဝန်ထမ်းဆောင် ရဖွယ်ရှိသည်။

သို့ရာတွင် ပွန်ပီယို အား စီအိုင်အေအဖွဲ့ ၏ အကြီးအကဲအဖြစ် ခန့်အပ် လိုက်ခြင်းကို ဒီမိုကရက်တစ် များက အပြင်းအထန် ကန့်ကွက်ကြသည်။ ယင်းသို့ ကန့်ကွက်ရသည့် အကြောင်းရင်းမှာ အမေရိကန် ပြည်ထောင်စုအတွင်းက မွတ်စလင် ဘာသာဝင် များသည် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ အပြည့်အဝ ကန့်ကွက်ခြင်း မရှိသောကြောင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက် တိုက်ခိုက်မှုများ၌ ၄င်းတို့ (အမေရိကန် မွတ်စလင်များ) ပါဝင် လာနိုင်ဖွယ်ရှိသည် ဟု ပွန်ပီယို က၂ဝ၁၃ ခုနှစ်တွင် ပြောကြားခဲ့ခြင်း ကြောင့်ဖြစ်သည်။ ပွန်ပီယို အနေဖြင့် ယင်းသို့ပြောကြား ခြင်းသည် နိုင်ငံအတွင်း ဘာသာရေး အစွန်းရောက်မှု ပိုမိုများပြား လာစေရန် ဝါဒဖြန့် ခြင်းနှင့် တူသည်ဟု ဆန့်ကျင်သူ များက ဆိုသည်။

မည်သို့ပင် ဆိုစေကာမူ ဇန်နဝါရီလတွင် သမ္မတတာဝန်ကို လွှဲပြောင်းရယူ တော့မည့် ထရမ့်ပ်သည် နိုင်ငံ၏စီးပွားရေး ကို အကောင် အထည် ဖော်ဆောင်ရာတွင် ပါဝင်မည့် ၄င်း၏အဖွဲ့ကို တရားဝင်ထုတ်ပြန် ထားခြင်းမရှိသေး သော်လည်း အစိုးရအဖွဲ့ အဓိကနေရာ ၌ မူဝါဒအရ တင်းမာသူများအား ရွေးချယ် ခန့်အပ်လိုက်ခြင်းသည် နိုင်ငံခြားရေး၊ လူဝင် မှုကြီးကြပ်ရေး နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များကို တင်းကျပ်စွာ ကိုင်တွယ်သွားမည်ကို ဖော်ပြလိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

သို့သော် ရှေ့နေချုပ် ဖြစ်လာမည့် ဂျက်ဖ်ဆက်ရှင်း သည် လူဝင်မှုကို ဆန့်ကျင်သူ တစ်ဦးအဖြစ် လည်းကောင်း၊ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးအရာရှိ အဖြစ် ရွေးချယ်ခြင်း ခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မိုက်ဖလင်း နှင့် စီအိုင်အေ ညွှန်ကြားရေးမှူး မိုက်ပွန်ပီယို တို့သည် အကြမ်းဖက် တိုက်ဖျက်ရေး၌ အယူအဆ တင်းမာသူများ ဖြစ်သောကြောင့် အမေရိကန် ပြည်ထောင်စု အတွင်းရှိ ပြည်သူအားလုံး အထူးသဖြင့် ပြည်ပနိုင်ငံများ၌ ဖြန့်ကြက်ချထား သည့် အမေရိကန် စစ်သည်များအပေါ် ဘေးအန္တရာယ် ကျရောက်စေမည့် အလားအလာများ ထွက်ပေါ်လာ စေနိုင်သောကြောင့် အမေရိကန်ပြည်သူ များအကြား စိုးရိမ် မကင်းမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

ဒုတိယအရွယ်၏ ရင်ခုန်သံ


ဒုတိယအရွယ်၏ ရင်ခုန်သံ

( မဒါလေး )

တောင်သမန်အင်း ဘက်က တစ်ချက်တစ်ချက် တိုးဝှေ့တိုက်ခတ် လာသော လေနုအေးကို ယခင်က နှစ်ခြိုက်မိသော်လည်း ယခုအချိန်တွင် အနည်းငယ် သဘောမတွေ့ ဖြစ်လာသည်။ တိုက်ခတ်လာသော လေနုအေးက အေးစက်စက်နှင့် ညှီစို့စို့နိုင်၍ ဖြစ်သည်။ ယခင်က ကမ်းပေါ်မှ လေတိုက်ရာ အရပ်ကို မျက်နှာမူလျက် ဖြတ်သန်းလာသောလေကို အငမ်းမရ ရှူရှိုက်မိခဲ့ သော်လည်း ယခုအခါ လေကွယ်ရာကို ရှောင်ပြေးချင် မိသည်။ ယခင် ဆယ်ကျော်သက် အရွယ်က ဤနေရာ ရောက်တိုင်း ပျော်ရွှင်မှု၊ ကြည်နူးမှုများနှင့် တက်ကြွမှုများ ခံစားရသော်လည်း ယခု သင်္ခါရ နှင့် သံဝေဂ တို့ရောပြွမ်းသည့် စိတ်တို့က လွှမ်းမိုးထားသည်။ ဆောင်းဝင်စမို့ လေက အနည်းငယ် အေးစိမ့်စိမ့် နိုင်လှသည်။ တံတားပေါ် လျှောက်ရင်း ကြည်နူး ပျော်ရွှင်နေကြသည့် လူငယ်များကို မြင်ရသည့်တိုင် စိတ်က လန်းဆန်းတက်ကြွ မလာခဲ့။ ငယ်ရာမှကြီးလာ ခဲ့သူတစ်ဦး မဟုတ်သကဲ့သို့ မြင်ရသည့် မြင်ကွင်းများက အကျည်းတန် စေသည်။ စိတ်တို့ လေးလံစွာဖြင့် လွန်ခဲ့သော နှစ်များဆီပြန်ပြေး နေမိသည်။ စာရေးသူတို့ သူငယ်ချင်းများ စိတ်ညစ်တိုင်း အဆင်မပြေမှုများ ရှိတိုင်း တောင်သမန်တံတား ဆီ အလည်လာလေ့ ရှိသည်။ တံတားပေါ်လျှောက် ကမ်းစပ်နားသွားကာ စကားများ ဖောင်ဖွဲ့ကြ အကြော်စားရင်း သူ့အကြောင်း ကိုယ့်အကြောင်း ရင်ဖွင့်လျက် သောကအချို့ကို ပြေပျောက် စေသည်။ ယခုတော့ သူငယ်ချင်းများလည်း တစ်နယ် စီကွဲကာ လုပ်ငန်းခွင် ကိုယ်စီဖြင့် မတွေ့ဆုံ ဖြစ်ကြသည်မှာ ကြာခဲ့ပြီ။

တစ်ခါတစ်ရံ သာမက ယခုရက်ပိုင်းတွင် စာရေးသူ၏ စိတ်ထွေပြားမှုပေါင်း များစွာနှင့် ရင်ဆိုင်နေရသည်။ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးလာလို့ ဒီလိုဖြစ်တာ လားဟု ပြန်သုံးသပ်မိသည်။ ထိုအချက်လည်း အနည်းအကျဉ်းတော့ ပါဝင်သည်။ အသက်အရွယ် ရလာသည်နှင့် အနာဂတ် အစီအစဉ်များ ပိုမိုလေးနက်လာ သည်ထက် လေးလံလာသည်ဟု ဆိုရမည်။ တစ်နှစ် ထက်တစ်နှစ် ကြီးလာသော အသက်လောက် ဝင်ငွေ လစာတိုး လာလျှင်လည်း ကောင်းဦးမည်။ ယခုအသက်က တဖြည်းဖြည်း ကြီးလောလေ ကုန်ကျစရိတ် ပိုများလာပြီး ကုန်ဈေးနှုန်း တန်ဖိုးက ကြီးလေလေ ဖြစ်နေသည်။ ရသည့်ဝင်ငွေက သာမန် လူလတ်တန်းစား တစ်ရပ် စားနိုင်သောက်နိုင် လောက်သာ ဖြစ်သောကြောင့် အပိုအလျှံဟူ၍ သိပ်မရှိလှ။ ထို့ကြောင့် အနာဂတ်ကို တွေးပူရင်း ယခုကဲ့သို့ စိတ်ဖိစီးခြင်းလည်း ပါမည်။

ယခင်က ဆရာတစ်ဦးပြောဖူးသည့် စကားများသည် ယခုအချိန်၌ နားထဲတွင် ထပ်ခါထပ်ခါ ကြားယောင်မိသည်။ ''ငယ်တုန်း အချိန်မှာ ဘယ်နေရာမှာ လုပ်လုပ်၊ ဘာအလုပ်ပဲ လုပ်လုပ် သမ္မာအာဇီဝ ကျရင် တင့်တယ်ပါတယ်။ အသက်ကြီး ရင်တော့ မတူတော့ဘူး" ။ ထိုအချိန်တုန်း ကတော့ အလုပ်ခွင့်ထဲမှာ လူငယ်ပီပီ မိမိကျရာနေရာ ကို မညည်းညူဘဲ အားကြိုးမာန်တက် လုပ်မည်ဟုသာ ခံယူထားလိုက်သည်။ ဆရာပြောသည့် အသက်ကြီးရင်တော့ မတူတော့ဘူး ဆိုသည်မှာ ယခုအချိန်တွင် စတင်ကြုံတွေ့လို့ နေပါပြီ။ မှန်လဲမှန် ပါသည်။ အသက်ကြီးလာတော့ ကိုယ်နှင့် အရွယ်တူများ သာမက ကိုယ့်အောက်က လူများကိုပါ ပြန်လှည့် ကြည့်ရပြီ။ ပညာ ဦးဆောင်သော ခေတ်တွင် အားလုံး က ရှေ့ပြေး နေကြသည်။

ငယ်ငယ်ရွယ်ရွယ် နှင့် ပညာတတ်သော လူများ ကြားတွင် လုပ်ငန်းအတွေ့အကြုံ ဆိုသည့် လက်နက်မှာ တစ်ခါတစ်ရံ တိုးမပေါက်ခဲ့။ ကိုယ့်တပည့်လည်း မက ဆရာလည်း မကျသဖြင့် အတော် ဟန်မကျသည့် အဖြစ် ဖြစ်နေတော့သည်။ ထိုအချိန်တွင် စာရေးသူ၏ ရင်ခုန်သံများ မြန်ခဲ့ရပြီ။ အလုပ်ထဲတွင်လည်း ရင်အခုန်ရဆုံး အချိန်ဖြစ်နေသည်။ ကိုယ့်နောက်မှ လူများ ရာထူးတိုး သွားတိုင်း ကိုယ့်မှာ ဘာလိုအပ်ချက်များ ရှိနေပြီလဲ။ခေတ်နှင့်အညီလိုက် နိုင်သေးရဲ့လား။ လိုက်ဖို့လိုနေ ပြီလား။ လပေါင်းများစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ဖြည့်ဆည်းနေရသည်။ လုပ်ငန်းခွင် အတွေ့အကြုံ နှင့်ဝါအရ ရာထူးတိုး ပြန်လျှင်လည်း ကိုယ့်တွင်မရှိသော အရည်အချင်းများကို ပြေးဖြည့်ရသည့် အဖြစ်ကလည်း ရှိသေးသည်။ ထိုအဖြစ်မှာ ငယ်စဉ်က ရင်ခုန်လှိုက်မော သကဲ့သို့ ပျော်ရွှင်ကြည်နူး ရသော်လည်း အသက်သုံးဆယ်ကျော်၊ လေးဆယ်နားနီး လူတစ်ဦးအတွက် အတော်ပင် ကြိုးစားယူ နေရသည့် အခြေအနေတွင် ရှိသည်။ ထိုအချိန်တွင် ကိုယ်ပိုင်လုပ်ငန်း လုပ်နေကြသည့် မိတ်ဆွေ သူငယ်ချင်းများကို အားကျမိသည်။ မိမိလုပ်ငန်း တိုးတက် အောင်မြင်ရေးသည် မိမိလက်ထဲတွင် သာရှိသည်။ မိမိကိုယ်ကို ပြိုင်ရင်း ကြိုးစားသွားနိုင်သည်။ ပညာတစ်ခုခုကို ဆည်းပူးမည်ဆိုလျှင် ပြိုင်ဆိုင်ခြင်း ကင်းသဖြင့် စိတ်အေးလက်အေး ဆောင်ရွက်နိုင်သည်။

ကိုယ်နှင့်အရွယ်တူ များက ကိုယ်ပိုင်လုပ်ငန်းများ၊ အောင်မြင်သည့် ဆရာ၊ ဆရာမများ၊ လုပ်ငန်းတစ်ခု ၏ အကြီးအကဲများ အဖြစ် ရပ်တည်နေချိန်တွင် ကိုယ်က အောက်ခြေဝန်ထမ်း ဘဝက မလွတ်သေးလျှင် လည်း မဖြစ်ပြန်သေး။ အပေါ်ကို တိုးထွက်ရန်က လည်း အခြေအနေ ပေးသည့်အခါ အတော်ပင် တွေးပူရသည်။ ကြိုးစားသော်လည်း အခြေအနေနှင့် အခွင့်အရေး မသာခဲ့သည်ကို လူများက မြင်မည်မဟုတ်။ ဒီအသက်အရွယ် ထိ ဘာလုပ်နေလို့ ဒီလို အသုံးမကျ ဖြစ်နေသလဲဟုသာ ပြောကြမည်။ အမှန်တကယ် မလုပ်ခဲ့သဖြင့် မအောင်မြင်လျှင် ဘယ်သူ ဘာပြောပြော ဂရုစိုက်စရာ မလိုဟု နေနိုင်သော်လည်း ကြိုးစားပါလျက် နှင့် အကြိမ်ကြိမ် အခွင့်မသာ ခဲ့သည့်အခါ ကိုယ့်ကိုယ်ကိုယ်ပင် စိတ်နာချင် လာသည်။

ဤ အသက်အရွယ်တွင် အေးချမ်းခြင်းကို အနည်းငယ် ရရမည့်အရွယ် ဖြစ်သော်လည်း ပူလောင်နေရဆဲ ဖြစ်သည်။ ကံအခွင့်မသာ ခဲ့ပါက အသက်ကြီးသည်ထိ သူများလုပ်သား ဘ၀ဖြင့်သာ အချိန်ကုန်သွား နိုင်သည်။ သည်လိုလည်း အဖြစ်မခံနိုင်သေး။ အချိန်ရှိခိုက် လုံ့လစိုက်ထုတ် ရပေဦးမည်။ တတ်နိုင် သလောက် ဆွဲတင် ကြည့်ရပေဦးမည်။ အသက်အရွယ် တစ်ခုအရောက် တွင် တည်ငြိမ်စွာဖြင့် ဘဝကိုဖြတ်သန်း နိုင်ရန် ယခု အချိန်ကတည်းက သေသေချာချာ စီစဉ်ဆောင်ရွက် ရပေလိမ့်မည်။ ယခုအချိန်တွင် ငယ်ငယ်ကလို ကြုံရာ အလုပ်လုပ် ရမည့် အချိန်မဟုတ်တော့ ပါ။ အလုပ်တစ်ခု ထဲတွင် ဘဝကိုနှစ်ပြီး လုပ်ရမည့် အချိန်လဲ မဟုတ်တော့ပါ။ 

အနာဂတ်အတွက် ကိုယ့်ဘဝကို အထောက် အပံ့ ဖြစ်စေမည့် လုပ်ငန်းမျိုးကို ရွေးချယ်တတ်ရန် အရေးကြီးလာပြီ ဖြစ်သည်။ ပြောင်းလဲသင့် သည်များကို ပြောင်းလဲနိုင်ရန် ကြိုးစားရမည်။ ကိုယ်ကအလုပ် အတွက် ပေးဆပ်တာမျိုး မဟုတ်ဘဲ အလုပ်က ကိုယ့်အတွက် ရနိုင်သည့် အထောက်အပံ့ ကောင်းများကို ယူတတ်ရမည့် အချိန်ကို ရောက်လို့နေပေပြီ။ သို့မှသာ အနာဂတ်တွင် စိတ်ချရသော ရင်ခုန်သံ စည်းချက်များ မှန်နိုင်မည် ဖြစ်ပေသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၀)

ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် ဒစ်ဂျစ်တယ်စက်များကြောင့် တိုင်းဒေသကြီးအတွင်း မပြသတော့သည့် ရုပ်ရှင်ရုံ ၁၂ ရုံထိရှိလာ



မန္တလေး ၊ ၂၉-၁၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် ဒစ်ဂျစ်တယ် စက်များကြောင့် မပြသတော့သည့် ရုပ်ရှင်ရုံ ၁၂ ရုံထိ ရှိလာကြောင်း အဆိုပါ တိုင်းဒေသကြီး ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်ကာလ က မန္တလေးတိုင်း ဒေသကြီး အတွင်း၌ ရုပ်ရှင်ရုံများတွင် ဖလင်စနစ်ဖြင့် ရုပ်ရှင်ပြသ လာခဲ့ရာမှ ယခုလက်ရှိ ကာလတွင် ဒစ်ဂျစ်တယ်စက် များဖြင့် အဆင့်မြှင့်တင်ကာ နာမည်ကြီး ရုပ်ရှင်ရုံအချို့ ဖြစ်သည့် မြို့မ၊ မြို့ဂုဏ်ရောင်၊ နေပြည်တော်၊ ဝင်းလိုက် စသည့် ရုပ်ရှင်ရုံတို့တွင် ပြောင်းလဲပြသ လာခဲ့ပြီး ဖလင်စနစ်ဖြင့် ပြသခဲ့သည့် ရုပ်ရှင်ရုံများသည် ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် အတွက် ပြသမှု မရှိတော့ကြောင်း သိရသည်။

''အခုခေတ်က ရုပ်ရှင်ရုံတွေ အားလုံးနီးပါး ဒစ်ဂျစ်တယ်တွေနဲ့ ပြသနေကြပါပြီ။ တချို့ဖလင်နဲ့ ပြသတဲ့ ရုံတွေက အရင်းအနှီး ကြီးတာကြောင့်နဲ့ ပရိသတ်စိတ်ဝင်စား မှုကလဲ အားနည်းလို့ မပြတာတွေ ရှိပါတယ်။ အရင်ခေတ်က တီဗွီ၊ DVD စက်တွေ မပေါ်သေးတဲ့အတွက် ရုပ်ရှင်ရုံဖွင့်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ကြတယ်။ အဲဒီခေတ်တွေ တုန်းက တွက်ခြေကိုက် ကြတယ်။ အခုကျတော့ အရှုံးပေါ်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် တချို့ရုံတွေဆို မပြတော့ပါဘူး'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ဒစ်ဂျစ်တယ်စနစ်ဖြင့် ရုပ်ရှင်ပြသ နေသည့် ရုံခြောက်ရုံရှိပြီး ကျန်ရှိသည့် ရုံ ၁၂ ရုံမှာ ပြသမှုမရှိ ခြင်းကြောင့် ရုပ်ရှင် အဆင့်မြှင့်တင်ရေး ဦးစီးဌာနက ၄င်းရုပ်ရှင်ရုံများကို ဒစ်ဂျစ်တယ် စနစ်ဖြင့် ပြောင်းလဲကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် တိုက်တွန်း နေကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် ဒစ်ဂျစ်တယ် စက်တစ်လုံး တန်ဖိုးသည် ငွေကျပ် သိန်း ၃ဝဝဝ ခန့်ပေး၍ ဝယ်ယူရသည့် အပြင် ဒစ်ဂျစ်တယ် စက်ဖြင့် တွဲဖက်ပြသမည့် ပိတ်ကား တန်ဖိုးသည်လည်း အနည်းဆုံး ငွေကျပ် သိန်း ၁၅ဝ အထက်တွင် ရှိနေခြင်းကြောင့် ယခုလက်ရှိ ဖလင်ဖြင့်ပြသ နေသည့် ရုံများအနေဖြင့် ပြသမှု မရှိတော့သည့် အခြေအနေ သို့ ရောက်ရှိ နေကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Bagan cultural region hosts international invitational races


Participants entering finish line in race in Bagan

Nyaung U November 29

The International Invitational  Amateur 10-Km Race, the Mini-Marathon and the Bagan Temple Marathon, jointly organized by Denmark-based Albatros Company and Myanmar Voyages International Tourism Company, was held at the ground, eastern stairway of Htilo-Minlo Pagoda in ancient Bagan cultural region, Mandalay Region, at 6.15 am on 26 November.

Permanent Secretary U Yi Mon of the Ministry of Hotels and Tourism launched the marathons.

In the men’s 10-km race, Mr Chainarong Keratiyutwong of Thailand won the first prize, Thurein Lin of Myanmar second and Bo Bo Zaw Chit Hlaing of Myanmar third while Mrs Natalie Kennedy of the US stood first, Mrs. Liuwai Yan of Hong Kong second and Mrs Emily Doss of the US third in the women’s 10-km race.

Mr Cornelius Mallon  of the US secured the first prize, followed by Naing Lin Tun of Myanmar second and Mr Jeroen Steenbergen of the Netherlands third in the men’s mini-marathon event. Mrs Suzanne Mckeen of the Australia snatched the first prize together with Mrs Hayley Bakker of the Netherlands second and Mrs Wannapa Unthong Paul of Thailand third in the women’s mini- marathon event.

In the men’s marathon, Dr David Hellard of the UK won the first prize, Mr Vincent Meers of Belgium second and Mr Yusheng Ni of China third while Mrs Hannah Louise Kirsten Goldring of Denmark bagged the first prize, Mrs Itsuko Tanaka of Japan second and Mrs Ruth Viane of Belgium third in the women’s marathon.

A total of 340 participants from 35 countries competed in the race. Ye Thura Aung (NyaungU)

The Myawady Daily

သကြား နှင့် ကျန်းမာရေး


သကြား နှင့် ကျန်းမာရေး

ဒေါက်တာ မင်းစိုးဦး

''ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ခါး'' ဟူ၍ အရသာ ခြောက်မျိုး အနက် ချိုသော အရသာမှာ ကြိုက်နှစ်သက်သူ များလေ့ရှိသည်။ ချိုသော အရသာကို ကစီဓာတ်မှ ရရှိပြီး Sugar ဟုခေါ်သော သဘာဝ သကြားဓာတ်နှင့် Froctose ဟု ခေါ်သော အသီးအနှံများမှ ရသော သကြားဓာတ် ဟူ၍ နှစ်မျိုးရှိသည်။ ထိုသကြားဓာတ် များသည် သရေစာများ၊ အချိုရည်များ၊ ဂျုံ၊ ဆန်ကို အခြေခံ၍ ပြုလုပ်ထားသော အစားအစာများတွင် ပါဝင်လေ့ရှိသည်။ သုတေသန များအရ မည်သည့် သကြားဓာတ်ပင် ဖြစ်စေကာမူ လွန်ကဲစွာ စားသုံးပါက စားသုံးသူကို ဝစေသည်၊ အသည်းကို အဆီ ဖုံးလွှမ်းခြင်းဖြင့် ထိခိုက်ပျက်စီး စေသည်၊ သွေးတွင်း အဆီဓာတ်ကို များစေသည်၊ ဦးနှောက် လုပ်ငန်းဆောင်တာ များကို နှောင့်ယှက် တတ်သည်၊ နောက်ဆုံးတွင် နှလုံးရောဂါ၊ သွေးချို၊ ဆီးချိုရောဂါ နှင့် တချို့ကင်ဆာ ရောဂါများကိုပင် ဖြစ်စေတတ်သည်။ ထို့ကြောင့်လည်း တချို့ဆေးဘက် ပညာရှင်များက သကြားဓာတ် လွန်ကဲစွာ စားသုံးခြင်းသည်'' လူကို တဖြည်းဖြည်း သေစေတတ်သော အလေ့အထ'' ဟူ၍ပင် တင်စားပြောဆို လာကြသည်။

လူတစ်ယောက် သကြားကို မည်သည့်ပမာဏ အထိသာ စားသုံးသင့် သနည်း။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းအပြည့် သကြားထည့် ပါက သကြားပမာဏမှာ ၄ ဂရမ်ဖြစ် သည်။ အမေရိကန် နှလုံးရောဂါ ကုသမှုဆိုင်ရာ အဖွဲ့ကြီး၏ သတ်မှတ်ချက် အရ တစ်နေ့တာ အများဆုံး စားသုံးနိုင်သောသကြားပမာဏမှာ အမျိုးသား တစ်ဦးအတွက် လက်ဖက်ရည်ဇွန်းဖြင့် ကိုးဇွန်း (၃၆ ဂရမ်)၊ အမျိုးသမီး တစ်ဦးအတွက် လက်ဖက်ရည်ဇွန်း ဖြင့်ငါးဇွန်း (၂ဝ ဂရမ်) ဖြစ်သည်။ ထို့ထက် ပိုမိုစားသုံးပါက ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ဖြစ်ပွား လာနိုင်ပါသည်။

သကြားဓာတ် နှင့် အဝလွန်ခြင်း

အဝလွန်ခြင်း ရှိ/မရှိ ကို ကိုယ်ခန္ဓာထုထည် အညွှန်းကိန်း (BMI : Body Mass Index) ဖြင့် တိုင်းတာဖော်ပြ လေ့ရှိသည်။ ကိုယ်ခန္ဓာထုထည် အညွှန်းကိန်း တွက်ချက် ပုံမှာ ကိုယ်ခန္ဓာ အလေးချိန် ကီလိုဂရမ်ကို အရပ်မီတာ နှစ်ထပ်ကိန်းဖြင့် စားခြင်းဖြစ်ပြီး ရလဒ် အညွှန်းကိန်း ၃ဝ နှင့်အထက် ဖြစ်ပါက အဝလွန်နေပြီဟု သတ်မှတ်ပါသည်။

သကြားမြောက်မြားစွာ စားသုံးခြင်း၊ အချိုရည်များ သောက်သုံးခြင်းသည် ကိုယ်ခန္ဓာ အလေးချိန်ကို များပြားစေပြီး ကိုယ်ခန္ဓာထုထည် အညွှန်းကိန်းကို တက်စေပါ သည်။ မိမိတို့ စားသုံးသော သကြားဓာတ်သည် သွေးအတွင်း မှတစ်ဆင့် အသည်းသို့ ရောက်ရှိသွားသော အခါ အဆီဓာတ်သို့ ပြောင်းလဲသွားပြီး ဝမ်းဗိုက်တစ်ဝိုက်တွင် စုပုံလာသည်။ ထိုသို့ရေရှည် စုပုံလာသည့်အခါ သွေးချို၊ ဆီးချို ရောဂါနှင့် နှလုံးသွေးကြောကျဉ်း သည့်ရောဂါများ ဖြစ်ပွား စေနိုင်ပါသည်။ ယခုခေတ် ကာလတွင် ကလေးငယ်များ နှင့်လူငယ် အများစုသည် အချိုရည်ကို လွယ်လင့်တကူ ဝယ်ယူသောက်သုံး နေကြသည်။ အဆိုပါ အချိုရည်များတွင် သကြားထက်အဆ ၂ဝဝ ပိုမိုချို စေတတ်သော ပါဝါ သကြား ပါဝင်နေသောကြောင့် အဝလွန်သော သူများဖြစ် လာ ကြသည်။ ထို့ပြင် အဆိုပါ အချိုရည်ဘူး များတွင် အရောင်လှစေရန် တားမြစ်ဆိုးဆေးများ ထည့်သွင်းထား ခြင်း၊ ကင်ဆာဖြစ်စေ နိုင်သော တာရှည်ခံ ဆေးများပါဝင် နေခြင်း တို့ကြောင့် ကျောက်ကပ်ရောဂါ ၊ ခံတွင်းနှင့် အသည်းကင်ဆာ အပါအဝင် ကင်ဆာရောဂါ များကိုဖြစ်ပွား စေနိုင်သဖြင့် သတိပြု ရှောင်ရှားသင့် ပါသည်။

သကြားဓာတ် နှင့် မှတ်ဉာဏ်

စာကျက်မှတ်သောအခါ ဦးနှောက်ကြည်လင် စေရန် သကြားအချိုဓာတ် ပါသော အစားအစာများနှင့် အချိုရည် များ သုံးဆောင်လေ့ ရှိကြသည်။ လိုအပ်သည်ထက် ပိုမို စားသုံးလိုက်သော သကြားဓာတ်သည် ဦးနှောက်အတွင်း တွင် Free radicals ဟုခေါ်သော အဆိပ်အတောက် ဖြစ်စေနိုင်သော ဓာတ်ပစ္စည်းတို့ကို စုပုံစေပါသည်။ ထိုအခါ မှတ်ဉာဏ်များ ချို့ယွင်းခြင်း၊ တွေးခေါ်မြော်မြင် နိုင်သည့် စွမ်းရည်ကို ကျဆင်းစေခြင်း နှင့် စိတ်ထိန်းချုပ် နိုင်မှုကို ပျက်စီးယိုယွင်း စေခြင်း စသည်တို့ ဖြစ်ပေါ်လာ စေနိုင်ပါသည်။ ထို့ကြောင့် သကြားဓာတ် လွန်ကဲစွာ စားသုံးခြင်း မရှိအောင် ဂရုပြုသင့်ပါသည်။

သကြားဓာတ် နှင့် အသားအရေ

နေရောင်ခြည်နှင့် ထိတွေ့မှု များသော အရေပြား၊ ဓာတုပစ္စည်းများနှင့် ထိတွေ့မှုများသော အသားအရေ တို့သည် လည်းကောင်း၊ အသက်အရွယ် ကြီးရင့်လာသော အသားအရေ တို့သည် လည်းကောင်း ပျက်စီးလွယ် ကြသည်။ 

ကိုယ်ခန္ဓာ၏ ဇီဝတုံ့ပြန်မှု ဖြစ်စဉ်များအရ ပျက်စီးသော အသားအရေကို ပြန်လည် ပြင်ဆင်ပေးသည်။ အချို အစားများ၍ အရေပြားတွင် စုပုံနေသော သကြားဓာတ်သည် ထိုသို့ပြင်ဆင်သည့် လုပ်ငန်းစဉ်ကို နှောင့်နှေး
ဟန့်တားစေသည်။ ဤသို့ဖြင့် အသားအရေများ ပျက်စီးမှုကို ဖြစ်ပေါ်စေ ပါသည်။ ထိုကဲ့သို့ အရေပြား ပျက်စီးမှုကို မဖြစ်ပေါ်စေရန် အချိုဓာတ် လွန်ကဲစွာ စားသုံးခြင်းကို ရှောင်ကြဉ်ရမည့် အပြင် ကြက်သွန်ဖြူနှင့် ချင်းတို့ကို စားသုံးပေးသင့် ပါသည်။

သကြားဓာတ် နှင့် ကြွက်သား

သဘာဝ သကြားဓာတ် Sugar ကို အသည်းတွင် သာမက ကြွက်သားတို့ တွင်လည်း ချေဖျက်ပါသည်။ လေ့ကျင့်ခန်း လုပ်သည့်အခါ ကြွက်သားတို့ လှုပ်ရှားမှု ကြောင့် သကြားဓာတ် များကို ပိုမိုချေဖျက် စေကာ ကိုယ်ခန္ဓာ အလေးချိန်ကို ကျဆင်းစေနိုင် သကဲ့သို့ ပို၍မတက် အောင်လည်း ထိန်းထားပေးနိုင် ပါသည်။ သို့ရာတွင် လေ့ကျင့်ခန်း လုံလောက်စွာ ပြုလုပ်သော်လည်း ကိုယ်ခန္ဓာ အလေးချိန် တစ်ခါတစ်ရံ ကျဆင်းမှု မရှိသည့်အပြင် ပို၍ တက်လာသည်ကိုပင် တွေ့ရှိရတတ် ပါသည်။ အဘယ်ကြောင့်နည်း။ မိမိတို့ စားသုံးသော အစားအစာတွင် Fructose ဟုခေါ်သော သကြားဓာတ် ပါဝင်မှုများပြား နေသောကြောင့် ဖြစ်သည်။ ၄င်းသကြားဓာတ် ကိုမူအသည်း တစ်မျိုးတည်းကသာ ချေဖျက်ပေး နိုင်ပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်း လုပ်သော်လည်း ကိုယ်ခန္ဓာ အလေးချိန်ကျဆင်းမှု မရှိခြင်းသည် အဆိုပါ Fructose သကြားဓာတ် ပါဝင်မှု များပြားသော ပါဝါအချိုရည်များ (Energy Drinks) အားဖြည့် အချိုရည်များကို အမြောက်အမြား သောက်သုံး လေ့ ရှိသောကြောင့်ပင်။ ကိုယ်ခန္ဓာ အလေးချိန် လျှော့ချနေသူများ Fructose သကြားဓာတ် ပါဝင်မှု များပြားသော အစားအသောက် များကိုသတိပြု ရှောင်ကြဉ်သင့် ပါသည်။

သကြားဓာတ် နှင့် စိတ်ဖိစီးမှု

သကြားစားသုံး လိုက်သောသူ၏ ဦးနှောက်ကို ပုံရိပ်ဖော်စက် အကူအညီဖြင့် စမ်းသပ် သုတေသန ပြုကြည့်ရာ အရက်ကိုစွဲလမ်း သကဲ့သို့ပင် သကြားဓာတ် သည်လည်း လူကိုစွဲလမ်း စေကြောင်း ထူးဆန်းစွာ တွေ့ရှိလိုက် ရသည်။ 

ထို့ပြင် သကြားစားသုံး လိုက်သောအခါ ထိုသူ၏ ဦးနှောက်တွင် စိတ်ကိုငြိမ်သက် စေသော Serotonin ဓာတ်၊ သကြားကိုထပ်မံ စားသောက်လိုသော Dopamine ဓာတ်များ တိုးပွားလာကြောင်း တွေ့ရှိရသည်။ စိတ်ဖိစီးသော သူတစ်ဦး အချိုစားမိပါက ဆက်လက် စားသုံးလိုစိတ် ဖြစ်ပေါ်လာကာ မထိန်းသိမ်း နိုင်တော့ဘဲ စားသုံး လိုက်မိသောကြောင့် ကိုယ်ခန္ဓာ အလေးချိန် ပိုမိုတက်လာ သည်ကို တွေ့ရှိရမည် ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရပါမူ သကြားဓာတ်သည် ကိုယ်ခန္ဓာကို အင်အားဖြစ်စေသည့် အစားအစာအုပ်စုထဲတွင် ပါဝင်သဖြင့် အကျိုးရှိသော အစားအစာတစ်မျိုးပင်။ သို့ရာတွင် ''တန်ဆေး၊ လွန်ဘေး'' ဆိုသကဲ့သို့ လွန်ကဲစွာ စားသုံးမိပါက ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ ရနိုင်ပါကြောင်း သတိပြု ဆင်ခြင်နိုင်ကြ စေရန် ရှာဖွေရေးသား ဖော်ပြလိုက်ရ ပေသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

စာတတ်မြောက်မှု အနည်းဆုံးဒေသ ဖြစ်သော ရှမ်းပြည်နယ်၌ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုစာသင်ဝိုင်းများကို လာမည့်နှစ် ဇန်န၀ါရီလတွင် ဆောင်ရွက်မည်



တောင်ကြီး ၊ ၂၉-၁၁-၂၀၁၆

မြန်မာနိုင်ငံ၌ စာတတ်မြောက်မှု အနည်းဆုံးဒေသ ဖြစ်သော ရှမ်းပြည်နယ်၌ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စာသင်ဝိုင်း များကို လာမည့်နှစ် ဇန်နဝါရီလတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောင်းပြင်ပ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲ ထံမှ သိရသည်။

''၂ဝ၁၄ လူဦးရေနှင့် အိမ်အကြောင်း ဆိုင်ရာ သန်းခေါင်စာရင်း အရ ရှမ်းပြည်နယ် က စာတတ်မြောက်သူ အနည်းဆုံး ဖြစ်နေတာကြောင့် အခုလို စာတတ်မြောက်ရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်ရ တာပါ။ ပထမဆုံးအနေနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) က မြို့နယ် ၁ဝ မြို့နယ်နဲ့ ကျေးရွာတွေမှာ စာသင်ဝိုင်းတွေ လုပ်ဖို့ ဆောင်ရွက် နေတယ်။ လတ်တလောမှာ စာသင်ဝိုင်းတွေ အတွက် လိုအပ်တဲ့ ဆရာ၊ ဆရာမ တွေကို စာသင်ဝိုင်း တွေမှာ နေရာချဖို့ စီစဉ်နေပါတယ်။ နောက်အကျဆုံး ဇန်နဝါရီလ လောက် စလုပ်ဖြစ်မယ် ထင်ပါတယ်'' ဟု ဒေါက်တာ ခိုင်မြဲ ကပြောသည်။

ကျောင်းပြင်ပ ပညာရေး ဦးစီးဌာနကို စတင်ဖွဲ့စည်း ခဲ့ပြီးနောက် အောက်တိုဘာလ က ကယားပြည်နယ် အတွင်း အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စာသင်ဝိုင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ရာ ယခုအခါ ဒုတိယ အကြိမ်အဖြစ် ရှမ်းပြည်နယ်၌ သင်ကြားပေး ရန် စီစဉ်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ အသက် ၁၅ နှစ်နှင့် အထက် စာမတတ်သူ အရေအတွက် ၃၅ သိန်းကျော်ရှိပြီး စာမတတ်သူ အများဆုံး ရှိသည့်ဒေသမှာ ရှမ်းပြည်နယ် ဖြစ်ကာ စာမတတ်သူ ၁၃၁၄၅၇ဝ ဦးရှိကြောင်းနှင့် အသက် ငါးနှစ်အရွယ် ကျောင်းနေ ကလေး ၂ဝ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

ထို့ပြင် အသက် ကိုးနှစ်နှင့် ၁၂ နှစ်ကြား ကလေးငယ် ၇ဝ ရာခိုင်နှုန်းသာ စာသင်ကြားလျက် ရှိပြီး အသက် ၁ဝ နှစ်နှင့် ၂ဝ နှစ်ကြားတွင် စာသင်ကြားသူ အရေအတွက် ဆက်တိုက်ကျဆင်း နေကာ အသက် ၂၁ နှစ်အရွယ် ယောက်ျားလေး များသည် ပညာဆက်လက် မသင်ဘဲ ကျောင်းထွက် သည်ကို တွေ့ရှိရကြောင်း ၂ဝ၁၄ လူဦးရေ နှင့်အိမ်အကြောင်း ဆိုင်ရာ သန်းခေါင်စာရင်း အချက်အလက်များ ဖြန့်ဝေခြင်း မှတ်တမ်းပါ ဖော်ပြချက်များ အရ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ (၆)


ရန်ကုန် ၊ ၂၉-၁၁-၂၀၁၆

မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်ပစ္စည်းများကို အရည်အသွေး စစ်ဆေးရန် ကုန်သွယ်ဖက် နိုင်ငံများ၏ ဆိပ်ကမ်းများ၌ စစ်ဆေးရေး အဖွဲ့များ Inspection Team ကို လာမည့်နှစ်အတွင်း စတင်ထားရှိရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အစီအစဉ်ကို ယခင်က ၂ဝ၁၆ ခုနှစ်တွင် စတင်နိုင်ရန် ရည်ရွယ်ထား သော်လည်း တစ်ဖက်နိုင်ငံ များနှင့် ညှိနှိုင်း နေရသဖြင့် ၂ဝ၁၇ ခုနှစ်မှသာ စတင်နိုင်မည် ဖြစ်သည်။ ပြည်ပမှတင်သွင်း လာသော ကုန်ပစ္စည်း များကို  တင်သွင်းခွင့် ပါမစ်ပါ အချက်အလက် အတိုင်း ကိုက်ညီမှု ရှိ၊ မရှိကို ပြည်ပ ကုန်သွယ်ဖက် နိုင်ငံများမှ စစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမည် ဖြစ်ကာ ယာဉ်တင်သွင်းမှု အပိုင်းကို ဦးစွာ ဆောင်ရွက်မည် ဖြစ်သည်။

ထိုသို့ ပြည်ပဆိပ်ကမ်း များ၌ တင်သွင်းကုန်များ စစ်ဆေးခြင်းမှာ ပြည်တွင်းမှ တချို့သော ကုန်စည် တင်သွင်းသူ များသည် တင်သွင်းခွင့် ပါမစ်ပါ ကုန်စည်များကို ဆိပ်ကမ်းအတွင်း ပြုပြင်ပြီးမှသာ ကုန်စည် ပို့ဆောင်ခြင်းများ ပြုလုပ်နေခြင်း ကြောင့် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇+သီရိ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

ဖမ်းဆီးရမိ KIA အကြမ်းဖက် သောင်းကျန်းသူ နှစ်ဦး ၊ ၄င်းတို့ ထောင်ထားသော တိုက်မိုင်းအား သက်မဲ့ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား


နေပြည်တော် ၊ ၂၉-၁၁-၂၀၁၆

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းသည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နိုဝင်ဘာ ၂၂ ရက်က ဖမ်းဆီးရမိ ခဲ့သည့် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ တပ်သားအဆင့် ရှိ ခါးလီနှင့် ဒွတ်လာ တို့နှစ်ဦးအား စိစစ်မေးမြန်းရာ တိုက်မိုင်းနှစ်လုံး ထောင်ထားကြောင်း သိရှိရသည်။

အများပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိစေရေးအတွက် မိုင်းထောင် ထားသော နေရာကို အသေးစိတ် စစ်ဆေးမေးမြန်းရာ ၄င်းမိုင်းနှစ်လုံးမှာ လဘန်ကထောင် ကျေးရွာ၏ တောင်ဘက် ၁ မိုင်ခန့်အကွာ၌ ဖြစ်ကြောင်း နှင့် ၄င်းတို့ကိုယ်တိုင် ဖော်ယူ သက်မဲ့ပြုလုပ် ပေးမည်ဖြစ်ကြောင်း ပြောကြားသဖြင့် နိုဝင်ဘာ ၂၇ ရက် ညပိုင်းတွင် အဆိုပါ တိုက်မိုင်းများအား သက်မဲ့ပြုလုပ် စေခဲ့ရာ တိုက်မိုင်းကြိုးအား တိုက်မိပေါက်ကွဲ ခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူ နှစ်ဦးစလုံး မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

မောင်တောမြို့နယ် ကျောက်ပန္တုကျေးရွာ တွင် မီးလောင်မှုဖြစ်ပွား



နေပြည်တော် ၊ ၂၉-၁၁-၂၀၁၆

မောင်တောမြို့နယ် ကျောက်ပန္တု ကျေးရွာမှ ရာအိမ်မှူး၏ နေအိမ်မှာ ရှို့မီးကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

မောင်တောမြို့နယ် ကျောက်ပန္တု ကျေးရွာမှ ရာအိမ်မှူး ရော်ဖီး ၏ နေအိမ်အား နိုဝင်ဘာ ၂၅ ရက် ည ၁၂ နာရီခန့်တွင် အမည်မသိ လူတစ်စုက ဓာတ်ဆီပုလင်းအား မီးရှို့၍ မီးဖိုဆောင် ခေါင်မိုးပေါ်သို့ ပစ်တင်၍ မီးရှို့ခဲ့ရာ အိမ်ရှင်များက ဝိုင်းဝန်းပြီး မီးငြှိမ်းသတ်ခဲ့ ရကြောင်း၊ မီးလောင်မှု ဖြစ်ပွားရာ အနီးတွင် ဓာတ်ဆီပုလင်း နှစ်လုံးနှင့် မီးခြစ်နှစ်လုံး တို့ အား စစ်ဆေးတွေ့ရှိ ရကြောင်း၊ အဆိုပါ မီးရှို့သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Fire Breaks Out In Kyaukpantu Village In Maungtaw


The house of the man incharge of 100 households.

Nay Pyi Taw November 29

A house belonging to the man in charge of 100 households was set on fire. It was found to be an arson attack, according to the State Counsellor Office’s Information Committee.

An unidentified group of people set fire to the house of Raufi at about midnight on Friday by throwing a bottle of petrol with a flaming fuse onto the roof of the house. The house owner and family members extinguished the fire. Nearby the house, a bottle of oil and two lighters were found. The investigation to find the perpetrators of the arson is ongoing.

The Myawady Daily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger