www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 31, 2012

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၅) အမှတ်(၄၆)

၂၀၁၂ ခုနှစ် ၊ အောက်တိုဘာ ၃၀ ရက်ထုတ် မိုးသောက်ပန်းဂျာနယ် အတွဲ(၁၅) အမှတ်(၄၆)
Download link =>> Mediafire


ထိုင်းနိုင်ငံ Princess Srinagarindra Award ကို မြန်မာသူနာပြု ရရှိ


ရန်ကုန် ၊ ၃၁-၁၀-၂၀၁၂

ထိုင်းနိုင်ငံ Princess Srinagarindra Award Foundation မှ ချီးမြှင့်သော Princess Srinagarindra Award ချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီတွင် ထိုင်းဘုရင့် နန်းတော် ခန်းမဆောင် ကြီး၌ ကျင်းပရာ မြန်မာနိုင်ငံမှ အငြိမ်းစား သူနာပြုအုပ် အငြိမ်းစား သူနာပြုနှင့် သားဖွား အသင်းဥက္ကဋ္ဌ ဒေါ်အီးဘာဘရို ဆုရွေးချယ်ခြင်း ခံရကြောင်း သိရသည်။

မြ၀တီရောင်စုံသတင်းစာ (၃၁-၁၀-၂၀၁၂)


Scribd
Mediafire
Minus

Tuesday, October 30, 2012

မဟာသကျမုနိ ဗုဒ္ဓဇနိယ ပွဲတော် အထူးတရားပွဲ ကျင်းပမည်




ရန်ကုန် ၊ ၃၀-၁၀-၂၀၁၂

ရန်ကုန်တိုင်း ဒေသကြီး ၊ ကြည့်မြင်တိုင် မြို့နယ် ၊ ကျောင်းကြီးလမ်း ရှိ မဟာသကျမုနိ ဘုရားကြီး (အဋ္ဌမ အကြိမ်မြောက်) ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု တတိယအဆင့် စိစစ်အကဲဖြတ်ရေး အဖွဲ့ဖွဲ့စည်း




ရန်ကုန် ၊ ၃၀-၁၀-၂၀၁၂

ပြန်ကြားရေး ၀န်ကြီးဌာန ၊ မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အတွက် နှစ်စဉ် ချီးမြှင့်လျက် ရှိသော အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်နိုင်ရန် ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု တတိယအဆင့် စိစစ် အကဲဖြတ်ရေး အဖွဲ့ကို အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံ၌ မြှုပ်နှံထားသည့် တိုက်လေယာဉ် များ ၂ နှစ်အတွင်း ရှာဖွေမည်




ဒုတိယကမ္ဘာစစ်က တွင်တွင်ကျယ်ကျယ်
အသုံးပြုခဲ့သော ဗြိတိန် Spitfire plan

ရန်ကုန် ၊ ၃၀-၁၀-၂၀၁၂

ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သည့် တိုက်လေယာဉ် များကို ဗြိတိန် နိုင်ငံက ၂ နှစ်အတွင်း ရှာဖွေသွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

လေယာဉ်ကွင်းဟောင်းများ ပြန်လည် အသုံးပြုနိုင်ရး စိစစ် ဆောင်ရွက်သွားမည်




ဟဲဟိုးလေဆိပ်

ရန်ကုန် ၊ ၃၀-၁၀-၂၀၁၂

အသုံးမပြုဘဲ ထားသော လေယာဉ်ကွင်း ၃၆ ကွင်းအနက်မှ မာန်အောင် လေယာဉ်ကွင်း နှင့် ကချင်ပြည်နယ် ရှိ နောင်မွန်း လေယာဉ်ကွင်း နှစ်ကွင်းကို လာမည့် ၂၀၁၃ ခုနှစ်တွင် အသုံးပြု နိုင်ရန် ပြင်ဆင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြ၀တီရောင်စုံသတင်းစာ (၃၀-၁၀-၂၀၁၂)


Scribd
Mediafire
Minus

Monday, October 29, 2012

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ နိုဝင်ဘာလတွင် ငွေလွှဲနိုင်တော့မည်




ရန်ကုန် ၊ ၂၉-၁၀-၂၀၁၂

Western Union Money Transfer အဖွဲ့နှင့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် အချို့ ပူးပေါင်း ဆောင်ရွက် မှုကြောင့် နိုဝင်ဘာလမှ စတင်ကာ နိုင်ငံတကာ နှင့် အပြန်အလှန် ငွေလွှဲနိုင် တော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ Mobile Fair Yangon 2012 ကျင်းပမည်




ရန်ကုန် ၊ ၂၉-၁၀-၂၀၁၂

Zillion Business Service Limited က ကြီးမှူး ကျင်းပသည့် ဒုတိယ အကြိမ်မြောက် Mobile Fair Yangon 2012 ကို နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ ရန်ကုန်မြို့ ၊ လမ်းမတော် မြို့နယ် ၊ မင်းရဲကျော်စွာလမ်း ရှိ UMFCCI ရုံး ၊ မင်္ဂလာခန်းမ တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံ Online Payment Gateway နှင့် ရတနာပုံ Online Store စတင်ဆောင်ရွက်




ရန်ကုန် ၊ ၂၉-၁၀-၂၀၁၂

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ် လုပ်ကိုင်သည့် ရတနာပုံ တယ်လီပို့စ် ကုမ္ပဏီ လီမိတက်၏ Yatanarpon Online Payment Gateway Y-Pay နှင့် Yatanarpon Online Shopping Y-Store စတင် ချိတ်ဆက် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း သိရသည်။

Myanmar International Modern Lifestyle, Fashion and Beauty Show 2012 ကျင်းပမည်




ရန်ကုန် ၊ ၂၉-၁၀-၂၀၁၂

International Exhibition Management Services _ IEMS ကုမ္ပဏီမှ ကြီးမှူး ကျင်းပမည့် Myanmar International Modern Lifestyle, Fashion and Beauty Show 2012 ကို ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ ၊ ဦးဝိစာရလမ်း ရှိ တပ်မတော် ခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီရောင်စုံသတင်းစာ (၂၉-၁၀-၂၀၁၂)


Scribd
Mediafire
Minus

Sunday, October 28, 2012

ပြည်ပခရီးသွားများ ရန်ကုန် မီးရထားဘူတာကြီး နှင့် အင်းစိန်မြို့ပတ် ဆင်ခြေဖုံးရထား ခရီးစဉ်အား လေ့လာမှု ပိုများပြား




ရန်ကုန် ၊ ၂၈-၁၀-၂၀၁၂

ယခု ပွင့်လင်းရာသီ ကာလ အချိန်ဖြစ်၍ ပြည်ပခရီးသွား ဧည့်သည်များမှာ စီးပွားရေး မြို့တော် ရန်ကုန်သို့ တစ်နေ့တခြား ရောက်ရှိ လာရာတွင် ရန်ကုန် မီးရထား ဘူတာရုံကြီး တွင် စင်္ကြန် အမှတ်(၆) နှင့် (၇)ရှိ ရထား ခရီးစဉ်များကို မှတ်တမ်း ဓာတ်ပုံဖြင့် ရိုက်ကူး လေ့လာ ကြသလို ရန်ကုန် ဆင်ခြေဖုံး လော်ကယ် ရထားဖြင့် အင်းစိန်သို့ လက်ဝဲရစ် ရထားစီး အစီအစဉ် လေ့လာမှု ပိုမို များပြား လာကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့သုံး နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ ဆောက်လုပ်မည်




နေပြည်တော် ၊ ၂၈-၁၀-၂၀၁၂

သာကေတမြို့နယ် တွင် ဆောက်လုပ်လျက် ရှိသည့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေး စက်ရုံကို လာမည့် ၂၀၁၆ ခုနှစ်တွင် အပြီး ဆောက်လုပ် သွားမည် ဖြစ်ကြောင်း နေပြည်တော်ရှိ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြောင်း သိရသည်။

နိုင်ငံတကာ ပညာရေးပြပွဲ ကျင်းပ




ရန်ကုန် ၊ ၂၈-၁၀-၂၀၁၂

Crown Education မှကြီးမှူး ပြုလုပ်သည့် စင်ကာပူ နိုင်ငံမှ Edu Trust လက်မှတ်ရ ကျောင်းများ ၊ အင်္ဂလန် ၊ သြစတြေးလျ ၊ နယူးဇီလန် ကျောင်းများ ပါဝင် ပြသသည့် နိုင်ငံတကာ ပညာရေး ပြပွဲကို ၂၇-၁၀-၂၀၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ၊ အလုံလမ်းရှိ Summit Parkview ဟိုတယ်၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အာဆီယံဒေသတွင်း တက္ကသိုလ်များ သင်တန်းထပ်မံ ပို့ချမည်




ရန်ကုန် ၊ ၂၈-၁၀-၂၀၁၂

၂၀၁၅ ခုနှစ်မှစ၍ အာဆီယံ ဒေသတွင်း တက္ကသိုလ်များ အဆင့်တူညီရေး အတွက် ရည်ရွယ်၍ ASEAN University Network _ AUN မှ မြန်မာနိုင်ငံသို့ သင်တန်းများ လာရောက် ပို့ချလျက်ရှိပြီး နိုဝင်ဘာလတွင် ထပ်မံ လာရောက် ပို့ချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်း သိပ္ပံ တက္ကသိုလ်မှ သိရသည်။

မြ၀တီရောင်စုံသတင်းစာ (၂၈-၁၀-၂၀၁၂)


Scribd
Mediafire
Minus

Saturday, October 27, 2012

သက်တော်ရှည် ဆရာတော်ကြီးများအား ပူဇော်ပွဲ ကျင်းပ




ပခုက္ကူ ၊ ၂၇-၁၀-၂၀၁၂

မကွေးတိုင်း ဒေသကြီး ၊ ပခုက္ကူမြို့ ၊ အောင်မြေ ရတနာ ကျောင်းတိုက်၌ အလှူရှင် ဦးအာဒိစ္စ (ရွှေကန်သား - ပခုက္ကူ) မှ ဒသမ အကြိမ်မြောက် သက်တော်ရှည် ဆရာတော် ကြီးများအား ပူဇော်ပွဲကို ကျင်းပရာ ဖော်ပြပါ သက်တော်ရှည် ဆရာတော်ကြီးများ ကြွရောက် ကြကြောင်း သိရသည် -

မောတောင် Check Point နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရန် စီစဉ်




မြိတ် ၊ ၂၇-၁၀-၂၀၁၂

တနင်္သာရီတိုင်း ဒေသကြီး ၊ မြိတ်ခရိုင် ၊ တနင်္သာရီ မြို့နယ် ၊ မောတောင် ကျေးရွာတွင် တည်ဆောက်မည့် မောတောင် Check Point နယ်စပ် ကုန်သွယ်ရေး စခန်း မြေနေရာ အား မြေပုံ ကြမ်း ရေးဆွဲရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အာဆီယံ အမှတ်(၁) လမ်းမကြီး (MTKT) အဆင့်မြင့်တင် ဖောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိ




ကျိုင်းတုံ ၊ ၂၇-၁၀-၂၀၁၂

နိုင်ငံတော်မှ လမ်းပန်း ဆက်သွယ်မှု လွယ်ကူ ချောမွေ့စေရေး ၊ ကုန်စည်စီးဆင်းမှု လွယ်ကူ လျင်မြန်စေရေး တို့အတွက် အဝေးပြေး လမ်းမကြီးများအား အဆင့်မြင့်တင် ဖောက်လုပ် ပေးလျက် ရှိရာတွင် အာဆီယံ အမှတ်(၁) လမ်းမကြီးတွင် ပါဝင်သည့် မိတ္ထီလာ ၊ တောင်ကြီး ၊ ကျိုင်းတုံ ၊ တာချီလိပ် (MTKT) အဝေးပြေး လမ်းမကြီးကို ကတ္တရာ လမ်းမကြီးအား အာဆီယံ စံချိန်စံညွှန်း နှင့်အညီ အလေးချိန် တန် (၇၀) အထိ လေးသော ယာဉ်ကြီးများ သွားလာနိုင်သည့် လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက် လုပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မီးဘေးကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ် ဇာတ်တိုက်လေ့ကျင့်




မြိတ် ၊ ၂၇-၁၀-၂၀၁၂

မြိတ်ခရိုင် ၊ မီးသတ် ဦးစီးဌာနမှ ကြီးမှူး၍ မီးဘေး ကြိုတင် ကာကွယ်ရေး မီးငြိမ်းသတ် ဇာတ်တိုက် လေ့ကျင့်ခြင်းကို ဆိပ်ငယ်ဈေးကြီး တွင် ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ လူမှုရေး အသင်းအဖွဲ့ များနှင့် ဈေးသူ ဈေးသားများ တက်ရောက်ကြောင်း သိရသည်။

မြ၀တီရောင်စုံသတင်းစာ (၂၇-၁၀-၂၀၁၂)


Scribd
Mediafire
Minus

Friday, October 26, 2012

ထာဝရ မှန်ကန်မယ့် သစ္စာတရား




ဗိုလ်မှူးကြီး ကိုကိုကျော် (ငြိမ်း)

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမယ် ဆိုတာ မှန်ကန်တဲ့ သစ္စာ တရားဖြစ်တယ်။

သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး သွယ်ဝိုက် နည်းနဲ့ပဲ ကြည့်ကြည့် ၊ ဘယ်လိုပဲ ကြည့်ကြည့် အချုပ်အခြာ အာဏာပိုင် စိုးတဲ့ နိုင်ငံတိုင်းဟာ နိုင်ငံ အင်အားရှိမှ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူတွေပဲ အေးချမ်းစွာ တိုင်းပြည် တည်ဆောက် နိုင်မှာ ဖြစ်တယ်။

Myanmar National Star Couple Contest 2012 ပြိုင်ပွဲ ကျင်းပမည်


ရန်ကုန် ၊ ၂၆-၁၀-၂၀၁၂

ရန်ကုန်မြို့ ၊ မြို့မကျောင်းလမ်း ရှိ အမျိုးသား ကဇာတ်ရုံကြီးတွင် ၂၀၁၂ ခုနှစ် ၊ အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းမည့် Myanmar National Star Couple Contest 2012 ပြိုင်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ် - မြန်မာ ကုန်စည်ပြပွဲ ကျင်းပမည်




ရန်ကုန် ၊ ၂၆-၁၀-၂၀၁၂

ဗီယက်နမ် နိုင်ငံသည် ကုန်သွယ်မှု တန်ဖိုး နှစ်စဉ် တိုးတက်လျက် ရှိသော နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရန် ရည်ရွယ်လျက် ကုန်စည် ပြပွဲများကို ၂၀၀၉ ခုနှစ် ကတည်းက ကျင်းပလာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် (၇)ကြိမ်မြောက် အဖြစ် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှီ တပ်မတော် ခန်းမ၌ ဗီယက်နမ် - မြန်မာ ကုန်စည်ပြပွဲ ကျင်းပမည် ဖြစ်ကြောင်း ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပသည့် စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

မြ၀တီရောင်စုံသတင်းစာ (၂၆-၁၀-၂၀၁၂)


Scribd
Mediafire
Minus

Thursday, October 25, 2012

" တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် "





သောင်းဝေဦး
(၂၄-၁၀-၂၀၁၂)

"တပ်မတော် အင်အားရှိမှ ၊ တိုင်းပြည် အင်အားရှိမည် " ဆိုသည့် ဆောင်ပုဒ်ကို ဘယ်လို နားလည်ပါသလဲ ...?

" ကျွန်တော်ဟာ ၀ါသနာအရ စစ်စာပေ တွေကို အဆက်မပြတ် ရေးနေတဲ့ စစ်သားဟောင်း တစ်ယောက်ပါ ။ စာဖတ်သူ တော်တော်များများ သိကြပါတယ်။ စာရေးနေပေမဲ့ ဘယ်အဖွဲ့အစည်း မှ မပါခဲ့ပါဘူး ၊ ဘယ်အသင်းဝင် မှလည်း မဟုတ်ပါဘူး ၊ ဘယ်ပါတီဝင် မှလည်း မဟုတ်ပါဘူး ၊ ဘယ်စာပေ တိုက်ပွဲမှ ၀င်မနွှဲခဲ့ပါဘူး ၊ ဘယ်ဂိုဏ်းဂဏ မှလည်း မပတ်သက်ခဲ့ ပါဘူး ။ ကိုယ့် အလုပ်ကိုယ်သာ တစိုက်မတ်မတ်နဲ့ လုပ်နေခဲ့တဲ့ သူတစ်ယောက်ပါ။ ဘယ်သူနဲ့ မှလည်း ၀ိရောဓိ မဖြစ်ခဲ့ ပါဘူး ၊ ဘယ်သူ့ကို မှလည်း မဝေဖန် ခဲ့ပါဘူး ..... "

ကျိုက္ကဆံ လူငယ်လေ့ကျင့်ရေးကွင်းကို အားကစားရွာကြီး အဖြစ် ပြုပြင်တော့မည်




ရန်ကုန် ၊ ၂၅-၁၀-၂၀၁၂

၂၀၁၃ ခုနှစ်တွင် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအတွက် ကျိုက္ကဆံ လူငယ် လေ့ကျင့်ရေး ကွင်းကို အားကစားရွာကြီး အဖြစ် ပြုပြင် တည်ဆောက်ရန် ဂျပန်နိုင်ငံက ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းကြီး တစ်ခုနှင့် တွေ့ဆုံ ညှိနှိုင်း နေကြောင်း သိရသည်။

ပွင့်လင်းရာသီတွင် ခရီးသွား ဦးရေမြင့်တက် ခရီးသွားလုပ်ငန်းဆိုင်ရာ Web Portal စတင်အသုံးပြုနိုင်




ရန်ကုန် ၊ ၂၅-၁၀-၂၀၁၂

မြန်မာနိုင်ငံတွင် အောက်တိုဘာလမှ စ၍ ရွှေကျင်မီးမျှောပွဲ ၊ အင်းလေး ဖောင်တောင်ဦး ဘုရားပွဲ ၊ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်များ ကြောင့် ခရီးသွား ဦးရေ မြင့်မားလာကြောင်း ခရီးသွား လုပ်ငန်းများမှ သိရသည်။

မြ၀တီရောင်စုံသတင်းစာ (၂၅-၁၀-၂၀၁၂)


Scribd
Mediafire
Minus

Wednesday, October 24, 2012

အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းရေး စစ်ဆေး ကြပ်မတ်မည်




ရန်ကုန် ၊ ၂၄-၁၀-၂၀၁၂

စက်မှုဇုန်များမှ ထုတ်လုပ်သော မီးဖိုချောင်သုံး စားသောက်ကုန် များနှင့် ထုတ်လုပ်ရာတွင် ပါဝင်သော အလုပ်သမားများ၏ ကျန်းမာရေး နှင့် ဓာတုဆိုးဆေးဝါး ပါ-မပါ ၊ ကုန်ပစ္စည်း အရည်အသွေး စံချိန် စံညွှန်း ပြည့်မီခြင်း ရှိ-မရှိကို ကုန်ပစ္စည်း နမူနာယူ၍ စစ်ဆေး အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အာဟာရဆိုင်ရာ ဓာတ်ခွဲစမ်းသပ်မှု အခြေခံသင်တန်းဖွင့်မည်




ရန်ကုန် ၊ ၂၄-၁၀-၂၀၁၂

အစားအသောက်များ နှင့် ပတ်သက်သော ထုတ်ကုန်များတွင် အဏုဇီဝပိုး ပါဝင်မှု စမ်းသပ် စစ်ဆေးခြင်း နှင့် အာဟာရဓာတ် ဆိုင်ရာ ဓာတ်ခွဲစမ်းသက်မှု ဆိုင်ရာ အခြေခံသင်တန်းကို အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အထိ နှင့် အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ကြိမ်ခွဲကာ ဖွင့်လှစ် ပို့ချစ်မည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အလွတ်တန်း ဖိတ်ခေါ် သေနတ်ပစ်ပြိုင်ပွဲ မြန်မာအမျိုးသမီး အသင်းလိုက် ရွှေတံဆိပ် ဆွတ်ခူးရရှိ




ရန်ကုန် ၊ ၂၄-၁၀-၂၀၁၂

၂၀၁၂ ခုနှစ် ၊ အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်ထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ တွင်ကျင်းပ ပြုလုပ်ခဲ့သော ထိုင်းနိုင်ငံ အလွတ်တန်း ဖိတ်ခေါ် သေနတ်ပစ် ပြိုင်ပွဲသို့ အရှေ့တောင် အာရှ ၊ အာရှ နှင့် ဥရောပ နိုင်ငံများ နိုင်ငံပေါင်း ၂၀ ၀င်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲ အမျိုးအစား ၁၆ မျိုး ကျင်းပရာ မြန်မာနိုင်ငံမှ ၃ မျိုး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီရောင်စုံသတင်းစာ (၂၄-၁၀-၂၀၁၂)


Download Links
Scribd
Mediafire
Minus

Tuesday, October 23, 2012

ဂျပန်နိုင်ငံ Westcoast Language School ၏ ပညာရေး ဆွေးနွေးပွဲ ပြုလုပ်မည်




ရန်ကုန် ၊ ၂၃-၁၀-၂၀၁၂

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့ရှိ Westcoast Language School ၏ ပညာရေး ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ၊ အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ Westcoast Japanese Language Center ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဘိန်းမျိုးစေ့များ အပ်နှံခြင်းအခမ်းအနား ကျင်းပ



ကျိုင်းတုံ ၊ ၂၃-၁၀-၂၀၁၂

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဘိန်းမျိုးစေ့များ အပ်နှံပွဲ အခမ်းအနားအား ကျင်းပ ပြုလုပ်ရာ ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ၊ မူးယစ်အထူး အဖွဲ့ (ကျိုင်းတုံ)မှ တာဝန်ရှိသူများ ၊ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက် ကြကြောင်း သိရသည်။

အောင်ပန်းလူထုအတွက် ရေသန့်စင်စနစ်


အောင်ပန်းအတွက်ရေအရင်းအမြစ် ငါးကြောင်အိုင်ဆည်

အောင်ပန်းမြို့လူထုအတွက် သောက်သုံးရေ ရရှိရေးကို မြို့ရေပေးရေး ကော်မတီက တာဝန်ယူ ဖြန့်ဝေပေး နေပါတယ်။ မြို့ရေပေးရေး ကော်မတီ ဆိုတာ မြို့ဖွံ့ဖြိုးရေး အထောက် အကူပြု ကော်မတီရဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ မြို့ရေပေးရေး ကော်မတီဟာ မြို့နယ်စည်ပင်ရဲ့ ကြီးကြပ်မှုနဲ့ မြို့ပေါ်ရပ်ကွက် (၁၂)ခုမှာ အိမ်ခြေ ၅၀၀ ကျော်ကို တစ်နေ့ ရေဂါလံ ၃သိန်းကျော် ဖြန့်ဝေပေး နေပါတယ်။ အဓိကရေ အရင်းအမြစ်တွေ ကတော့ ငါးကြောင်အိုင်ဆည် နဲ့ နန့်အွန်ရေထွက် တို့ပဲ ဖြစ်ပါတယ်။ ငါးကြောင်အိုင်ဆည်ရေဟာ မိုးတွင်းအခါမှာ လွန်စွာ နောက်ကျိပြီး နှစ်ရက်လောက် အနယ်ထိုင်ပြီးမှ သုံးလို့ရတဲ့ အတွက် ရေသန့်စင် စနစ်တစ်ခု တည်ဆောက်ဖို့ ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ နိုင်ငံတော် သမ္မတကြီးက လမ်းညွှန်ခဲ့ပါတယ်။

မြ၀တီရောင်စုံသတင်းစာ (၂၃-၁၀-၂၀၁၂)


Scribd
Mediafire

Monday, October 22, 2012

မနောရမ္မ ပညာဒါန သင်တန်းများဖွင့်မည်




ရန်ကုန် ၊ ၂၂-၁၀-၂၀၁၂

ရန်ကုန်တိုင်း ဒေသကြီး ၊ စမ်းချောင်းမြို့နယ် ရှိ အရှေ့ဥယျာဉ်တိုက် မနောရမ္မ ပညာဒါန ကျောင်းတိုက်တွင် ၀ါရင့် ဆရာ ၊ ဆရာမများ ကိုယ်တိုင် အင်္ဂလိပ် ၊ ဂျပန် ၊ ပြင်သစ် ၊ တရုတ် ၊ ကိုရီးယား ၊ ဂျာမန် ၊ စပိန် ၊ မလေး ဘာသာစကား သင်တန်းများနှင့် LCCI အီလက်ထရွန်နက် ၊ ဆေးဝါးသုတ သင်တန်းများကို ပညာဒါန အဖြစ် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် - ဟောင်ကောင် - ရန်ကုန် ခရီးစဉ်သစ် ပြေးဆွဲမည်




ရန်ကုန် ၊ ၂၂-၁၀-၂၀၁၂

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI မှ ရန်ကုန် - ဟောင်ကောင် - ရန်ကုန် ခရီးစဉ်သစ်ကို ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလ တွင် စတင်ကာ တစ်ပတ်လျှင် ၃ ကြိမ် ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များ လာရောက်မည်




ရန်ကုန် ၊ ၂၂-၁၀-၂၀၁၂

အိန္ဒိယနိုင်ငံ ၊ မွမ်ဘိုင်းမြို့ Indo Myanmar Chamber of Commerce and Industy မှ Mr. G.L Goenka ခေါင်းဆောင်သော စီးပွားရေး လုပ်ငန်းရှင်များသည် အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ လာရောက် လေ့လာ၍ အောက်တိုဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကုန်သည်/စက်မှု အသင်းချုပ်မှ တာဝန်ရှိသူများ ၊ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ နှင့်  မြန်မာနိုင်ငံ အတွင်း ဆောင်ရွက်လျက် ရှိသော ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်သည့် စက်မှု လက်မှု လုပ်ငန်းကိစ္စများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရသည်။

တီဘီရောဂါ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲပြုလုပ်




မန္တလေး ၊ ၂၂-၁၀-၂၀၁၂

ကျန်းမာရေး ဦးစီးဌာန ၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း နှင့် The Union Program to TB Suspects တီဘီရောဂါ ရှာဖွေတွေ့ရှိမှု နှုန်းမြှင့်တင်နိုင်ရေး စီမံချက်ဖြင့် တီဘီရောဂါ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် စလင်းဝိဘဇ္ဇ၀ါဒီ စာသင်တိုက် နှင့် သဒ္ဓမ္မပါလ သီလရှင် စာသင်တိုက်တို့ တွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြ၀တီရောင်စုံသတင်းစာ (၂၂-၁၀-၂၀၁၂)


Scribd
Mediafire

Sunday, October 21, 2012

စင်ကာပူနိုင်ငံရှိ Kaplan Higher Education Academy ကျောင်း လျှောက်ထားနိုင်




ရန်ကုန် ၊ ၂၁-၁၀-၂၀၁၂

နိုင်ငံတကာ အသိအမှတ်ပြု စီးပွားရေးဆိုင်ရာ ဘွဲ့နှင့် ဒီပလိုမာ များကို စင်ကာပူနိုင်ငံရှိ Kaplan Higher Education Academy တွင် ဒီဇင်ဘာလ ကျောင်းဖွင့်ချိန်အမီ လျှောက်ထား၍ တက်ရောက် နိုင်ကြောင်း သိရသည်။

စီးပွားရေးကြော်ငြာဆိုင်းဘုတ်များ စည်းကမ်းချက်များနှင့် ညီညွတ်မှသာ လက်ခံမည်




မန္တလေး ၊ ၂၀-၁၀-၂၀၁၂

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ အဆောက်အဦနှင့် ကုန်ရုံဌာနမှ စီးပွားရေး ကြော်ငြာ ဆိုင်းဘုတ်များအား စည်းကမ်းချက်များ နှင့် ညီညွတ်မှသာ လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားသားများအတွက် အင်တာနက် စနစ်သစ်ထပ်မံတပ်ဆင်




ရန်ကုန် ၊ ၂၀-၁၀-၂၀၁၂

ရွှေတိဂုံ စေတီတော်တွင် နိုင်ငံခြားသား ခရီးသွားများအတွက် အင်တာနက် စနစ်သစ် ထပ်မံ ပြုလုပ်ထားကြောင်း ရွှေတိဂုံ စေတီတော်ရုံး အဖွဲ့မှူး ဦးဝင်းကြိုင်က ပြောကြားကြောင်း သိရသည်။

"ကျွန်တော်တို့ ရွှေတိဂုံ စေတီတော ပေါ်မှာ နိုင်ငံခြားသား ဧည့်သည်တွေ အတွက် WiFi စနစ်ကို သုံးစွဲဖို့ အတွက် ဆောင်ရွက်ထားတာ တော့ ရှိပါတယ်။ ဒါပေမယ့် တချို့ ဧည့်သည်တွေက အင်တာနက် သုံးစွဲဖို့ အတွက်ကို သုံးဖို့ ပစ္စည်းတွေ ပါမလာတာတွေ ရှိပါတယ်.. ။ ဒါတွေကို အဆင်ပြေစေဖို့အတွက် နိုင်ငံတကာမှာလိုပဲ အင်တာနက် သုံးလို့အောင် ကွန်ပျူတာတွေကို ပေါပက ရုံးရှေ့မှာ ချထားပေး သွားမှာ ဖြစ်ပါတယ် ...။ " ဟု ပြောကြားသည်။

ရွှေတိဂုံ စေတီတော်ပေါ်တွင် WiFi စနစ်ကို သြဂုတ်လ ၁၅ ရက်မှ စတင် သုံးစွဲနိုင်ခဲ့ပြီး အောက်တိုဘာ လလယ်အထိ သုံးစွဲသူ ၁၅၀၀ ၀န်းကျင်ခန့် ရှိကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger