www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 6, 2019

ရတနာပုံနေ့စဉ်သတင်းစာ (၆-၃- ၂၀၁၉)

တနာပုံနေ့စဉ်သတင်းစာ (၆-၃- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၆-၃-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၆-၃-၂၀၁၉)

-
 Download Links

Tuesday, March 5, 2019

25TH SOUTH ASIAN JUNIOR & CADET TENNIS CHAMPIONSHIPS 2019 ပြိုင်ပွဲအတွက် လူငယ်လက်ရွေးစင် ရွေးချယ်ပွဲ ကျင်းပမည်

25th South Asian Junior & Cadet Tennis Championships 2019 ပြိုင်ပွဲအတွက် လူငယ်လက်ရွေးစင် ရွေးချယ်ပွဲ ကျင်းပမည်
-
နေပြည်တော်   မတ်   ၄  
-
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဇွန် ၄ရက် မှ ၉ရက်အထိ ကျင်းပမည့် 25th South Asian Junior & Cadet Tennis Championships 2019 ပြိုင်ပွဲအတွက်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြုလူငယ်လက်ရွေးစင် ရွေးချယ် ပွဲကို မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်မှ မတ်လနောက်ဆုံးပတ်တွင်  ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ 
-
''မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်  ကနေ စေလွှတ်မယ့် ကစားသမားတွေဟာ အသက် ၃ဝ ကျော်နေတဲ့ အတွက် လေ့ကျင့် စေလွှတ်ရာမှ တစ်ဖက်နိုင်ငံနဲ့ ယှဉ်ပြိုင်ကစားဖို့ အခက်အခဲတွေရှိလာပါတယ်။ ဒါကြောင့်မို့ လူငယ်မျိုး ဆက်သစ် အားကစားသမားလေးတွေကို  အဖွဲ့ချုပ်ကရွေးချယ် လေ့ကျင့်မှုတွေ ပြုလုပ်ပေးပြီး အသက်ကိုးနှစ်မှ ၁၂ နှစ် ကစား သမား လေးတွေကို မွေးထုက်ကျေ့င့်ပေးလျက်ရှိပါတယ်။ အဓိကကတော့ မျိုးဆက်သစ်ကစားသမား လေးတွေကို ပြည်ပ အတွေ့အကြုံတွေ ရရှိအောင် အခုလိုပြိုင်ပွဲတွေမှာ စေလွှတ်ယှဉ်ပြိုင်တာ ဖြစ်တယ်''ဟု မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှနည်းပြချုပ် ဦးအောင်ဝင်းက ပြောကြားသည်။ 
-
အဆိုပါ  ထိုင်းနိုင်ငံ၌ ကျင်းပမည့် 25th South Asian Junior & Cadet Tennis Championships 2019 ပြိုင်ပွဲအတွက်ဲ Junior လူရွေးချယ်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီ ၁ရက် နောက်ပိုင်း မွေးဖွားသူများနှင့် Cadetလူရွေးချယ်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ၂ဝဝ၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နောက် ပိုင်းမွေးဖွားသူများ ဝင်ရောက်ယှဉ်ပြိုင် ကစားနိုင်ပြီး အားကစား အမျိုးအစား နှစ်မျိုးအတွက် ကစားသမားရှစ်ဦး ရွေးချယ် စေလွှတ်သွားမည် ဖြစ်ကြောင်းသိရသည်။ 
-
ကျော်လွင်
-
#မြ၀တီနေ့စဉ်သတင်းစာ

မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ပြန်လည်လွှဲပြောင်းပေးခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည့်အစီအမံများ ရေးဆွဲ ဖော်ထုတ်ရေး ဆိုင်ရာညှိနှိုင်း အစည်းအဝေး ကျင်းပ

မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ပြန်လည် လွှဲပြောင်းပေးခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည့်အစီအမံများ ရေးဆွဲ ဖော်ထုတ်ရေး ဆိုင်ရာညှိနှိုင်း အစည်းအဝေး ကျင်းပ
-
နေပြည်တော်  မတ်  ၄ 
-
တစ်ဖက်နိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများကို တစ်ဖက်နိုင်ငံမှ ဖမ်းဆီး၍ မိမိနိုင်ငံ အတွင်း ပြန်လည်ပို့ဆောင်မှုများအပေါ် ဆောင်ရွက်သင့်သည့် အစီအမံများ ရေးဆွဲ ဖော်ထုတ်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန  စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
-
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တစ်ဖက်နိုင်ငံ၌ သွားရောက်အလုပ်လုပ် ကိုင်နေ သည့် မိမိတို့ နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့်အခါ ပြန်လည်လက်ခံရေး အတွက် အစီအမံများ ဖော်ထုတ်နိုင်ရန် အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊လက်ရှိတွင် မြဝတီ၊ ကော့သောင်းနှင့် တာချီလိတ်မြို့တို့တွင် ပြန်လည်ဝင်ရောက်လာခြင်းများ နေ့စဉ်ရှိကြောင်း၊ ယင်းသို့ ဝင်ရောက်လာ ရာတွင် တစ်ဖက်နိုင်ငံသို့ တရားမဝင်ရောက် ရှိနေသူ၊ တစ်ဖက်နိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူ၊ မူးယစ်ဆေးဝါး သုံးစွဲနေသူ၊ ပြစ်မှုကျူးလွန်၍ပြစ်ဒဏ်အမျိုးမျိုး ကျခံခဲ့ရသူ၊ ဘဝရပ်တည် ရန်ခက်ခဲသူ၊ နာမကျန်း ဖြစ်နေသူများ အပြင်တစ်ဖက်နိုင်ငံတွင် အခြေကျ နေခဲ့သူများလည်း ရောပါလာကြောင်း၊  ယင်းကိစ္စရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် နှစ်နိုင်ငံ အကြားပူးပေါင်းဆောင်ရွက်မည့်  စီမံချက်ရေးဆွဲဆောင်ရွက်ရန်လိုအပ် ကြောင်း၊ မိမိနိုင်ငံသားများတစ်ဖက်နိုင်ငံ၌ အလုပ်လုပ်ရာတွင်  တရားဝင်လုပ်ကိုင်နိုင်ပါကအလုပ်သမားမိသားစုများ အတွက်သာမက နိုင်ငံတော်အတွက် ပါ အကျိုးရှိမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြောကြားသည်။ -
ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက် ရမည့်ကိစ္စရပ်များ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရတို့မှ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ရန်ပုံငွေထောက်ပံ့ပေးမည့် အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး၊ မူးယစ်ဆေးစွဲနေသူများအား ပြန်လည်ထူထောင်ရေးစခန်းဖွင့်လှစ်ဆောင်ရွက် နိုင်ရေးအတွက် စီမံချက်များအမြန်ဆုံးရေးဆွဲဆောင်ရွက်ရေး၊ တစ်ဖက်နိုင်ငံတွင် တရား မဝင်အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်း အလုပ်သမားများကို တစ်ဖက်နိုင်ငံကဖမ်းဆီး၍ နိုင်ငံသို့ပြန်လည်ပို့ဆောင်မှုများအပေါ်စိစစ်လက်ခံရေး လုပ်ငန်းများနှင့် နေရပ်အရောက် ပြန်လည်ပို့ဆောင်ပေးနိုင်မည့် လုပ်ငန်းအစီ အစဉ်များကို ဆွေးနွေး ကြကြောင်း သိရသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

တောင်သူများကို သဘာဝမြေသြဇာ ပြုလုပ်နည်း အသိပညာပေး သရုပ်ပြ

တောင်သူများကို သဘာဝမြေသြဇာ  ပြုလုပ်နည်း အသိပညာပေး သရုပ်ပြ
-
ဂန့်ဂေါ မတ် ၄ 
-
သဘာဝမြေသြဇာပြုလုပ် သုံးစွဲနည်းများ ပညာပေး သရုပ်ပြပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ဇာဟောကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပသည်။''စားသုံးသူ ဘေးအန္တရာယ်ကင်းတဲ့ဈေးကွက်ဝင် အရည်အသွေးမီ သီးနှံတွေစိုက်ပျိုးထုတ်လုပ်နိုင်ဖို့၊ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးအတွက် မြေဆီလွှာကို စနစ်တကျ ပြုပြင်ထိန်းသိမ်းဖို့၊ ဓာတုမြေသြဇာတွေ လျှော့ချအသုံးပြုပြီးသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုစေဖို့၊ တောင်သူတွေ ကိုယ်တိုင်သဘာဝမြေသြဇာတွေ ပြုလုပ်အသုံးပြုခြင်းကြောင့် စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာစေရေးနဲ့ သီးနှံတွေအထွက်တိုးပြီး တောင်သူများ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေဖို့အတွက် တောင်သူတွေကို လက်တွေ့ ပြုလုပ်ပြသတာ ဖြစ်ပါတယ်''ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးထင်အောင်ကြွယ်က ပြောသည်။
-
အဆိုပါ သရုပ်ပြပညာပေးပွဲသို့ တောင်သူ၃ဝ ဦးခန့် လာရောက် လေ့လာကြပြီး တက်ရောက်လာသော တောင်သူများအား ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝမြေသြဇာပြုလုပ်သုံးစွဲနည်း လက်ကမ်းစာစောင်နှင့် စိုက်ပျိုးရေး နည်းပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်းသိရသည်။ 
-
တောင်သားမောင်သန်း
-
#မြ၀တီနေ့စဉ်သတင်းစာ

မြောင်းမြတံတားအသစ်တည်ဆောက်မှု ၉ဝ ရာခိုင်နှုန်း ပြီးစီးနေ၍ မော်တော်ယာဉ်များ စတင် ဖြတ်သန်းခွင့်ပြုပြီး တံတား ခံနိုင်ဝန်ကို စမ်းသပ်မည်

မြောင်းမြတံတားအသစ်တည်ဆောက်မှု ၉ဝ ရာခိုင်နှုန်း ပြီးစီးနေ၍ မော်တော်ယာဉ်များ စတင် ဖြတ်သန်းခွင့်ပြုပြီး တံတား ခံနိုင်ဝန်ကို စမ်းသပ်မည်
-
မြောင်းမြ မတ် ၄ 
-
ပုသိမ်မြို့နှင့် မြောင်းမြမြို့ကို ဆက်သွယ်ထားသည့် မြောင်းမြတံတား အသစ်တည်ဆောက်မှုသည် လက်ရှိ ၉ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ ယခုလ တတိယပတ်တွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုပြီး တံတားခံနိုင်ဝန်အား စမ်းသပ်မည်ဖြစ်ကြောင်း အဆိုပါ တံတား စီမံကိန်းတာဝန်ခံ ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနတည်ဆောက်ရေးအဖွဲ့(၁)မှ ညွှန်ကြားရေးမှူး (မြို့ပြ)ဦးမျိုးဝင်း၏ ပြောကြားချက်အရ သိရသည်။ မတ် ၃ဝ ရက်တွင် ကုန်တင်ယာဉ်များဖြင့် သတ်မှတ်တန်ချိန်များ တင်ဆောင်၍ စမ်းသပ်ဖြတ်သန်းကာ တံတားခံနိုင်ဝန်အား စမ်းသပ်မည်ဖြစ်သည်။ 
-
ယင်းတံတား အသစ်ကို တံတားအဟောင်း မကျိုးပျက်မီ ၂ဝ၁၇ ခုနှစ် မေ ၁ ရက်မှစ၍ တံတားအဟောင်း၏ ရေစုန်ဘက်အခြမ်း ၄၆ ပေအကွာတွင်စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တံတားအသစ်သည် ၈ဝ မီတာ (၂၇၂၃ ဒသမ၂၃ ပေ) အရှည်ရှိပြီး ယာဉ်သွားလမ်း ၃၄ ပေနှင့် လူသွား လမ်းအကျယ်၂၈ ပေရှိ၍ ခွင့်ပြုတန်ချိန် ၆ဝ သတ်မှတ်ထားသည်။ ''ဒီတံတားအသစ်ကို ဂျပန်နဲ့မြန်မာအင်ဂျင်နီယာတွေ ပူးပေါင်းပြီးဂျပန်နည်းပညာနဲ့ တည်ဆောက်နေတာပါ။ အခု ၉ဝ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။ ဖွင့်လှစ်မယ့်ရက်ကိုတော့ မပြောနိုင်သေးဘူး''ဟု ဦးမျိုးဝင်းက ပြောသည်။ 
-
အဆိုပါ တံတားအသစ်ကို ဂျပန်နိုင်ငံ JFE ကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းထူထောင်ထားသည့် J&M Steel Solution မှ အသေးစိတ်ဒီဇိုင်းရေးဆွဲကာ ပြောင်းလဲ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကွယ်လွယ်ကျေးရွာတစ်ဖက်ကမ်းမှ ချဉ်းကပ်လမ်း တည်ဆောက်ပြီးစီးသဖြင့် တံတားကြမ်းခင်းများ ခင်းကျင်းခြင်း၊ မီးတိုင်တပ်ဆင်ခြင်းများလုပ်ဆောင်နေပြီး မြောင်းမြဘက်ချဉ်းကပ်လမ်းမှာ ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။ 
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

နည်းပညာမြင့် လျှပ်စစ်ကားနှစ်မျိုး သာဓုကန် စက်မှုဇုန်၌ စတင် ထုတ်လုပ်နေ

နည်းပညာမြင့် လျှပ်စစ်ကားနှစ်မျိုး သာဓုကန် စက်မှုဇုန်၌ စတင် ထုတ်လုပ်နေ
-
ရန်ကုန် မတ် ၎
-
မြန်မာနိုင်ငံ၏ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီပြီး စက်သုံးဆီချွေတာရေးအတွက် ထုတ်လုပ်ထားသော တရုတ်နိုင်ငံ၏ နည်းပညာမြင့် လျှပ်စစ်ကားနှစ်မျိုးကိုယခုလတွင် ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ ကားစက်ရုံ၌စတင် ထုတ်လုပ်နေပြီဖြစ်ကြောင်းKHAINGKHAING SANGDA MOTORCAR စက်ရုံမှ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာ YU JIAN CHEN ၏ပြောကြားချက်အရ သိရသည်။
-
လက်ရှိတွင် NEW ENERGY CAR (HYBRID) လျှပ်စစ်(ဘက်ထရီ)ကား KSD-V1 အမျိုးအစားကို အစီးရေ ၁ဝဝ ကျော် ထုတ်လုပ်ထားပြီး ဖြစ်သည်။ အဆိုပါ ကားများအတွက် ယခုလမကုန်မီ က.ည.နလိုင်စင်များ ရရှိမည်ဖြစ်ပြီး ထပ်မံ၍ တစ်ရက်လျှင် အစီးရေ ၄ဝ ခန့်ထုတ်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
-
မြန်မာနိုင်ငံအစိုးရ အနေဖြင့် ကားတာယာများ အကူအညီပေးထားကြောင်း သိရသည်။ ''ဒီလျှပ်စစ်ကားတွေကို မြန်မာနိုင်ငံအတွက် ပထမဆုံး ထုတ်လုပ်ပေးရတဲ့ ရည်ရွယ်ချက် ကတော့ တရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေဖို့ ဖြစ်ပါတယ်။ ဒီကားတွေ တင်သွင်းမှုအတွက် တရုတ်အစိုးရက အခွန်မယူပါဘူး။ မြန်မာပြည်သူတွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်ယူအသုံးပြုနိုင်အောင်ဆောင်ရွက်ပေးမှာပါ။ အရစ်ကျ စနစ်နဲ့လည်း ဝယ်ယူလို့ရအောင် ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါတယ်။ မြို့တွင်း၊ မြို့ပြင်သာမက တစ်နိုင်ငံ လုံးကို မောင်းနှင်နိုင်အောင် ထုတ်လုပ်ထားပါတယ်။ ဘက်ထရီစွမ်းအင်ကို လျှပ်စစ်မီး ရရှိနိုင်တဲ့ နေရာတွေမှာ အလွယ်တကူ သွင်းနိုင်ပြီး ဟိုင်းဝေးလမ်းမှာ ဘက်ထရီအား ရာခိုင်နှုန်းနည်းနေရင် ဆီထည့်ပြီး ကားရဲ့ဘက်ထရီကို အားဖြည့်ပေးနိုင်တဲ့ စက်ပါတပ်ဆင်ပေးထားပါတယ်''ဟု မစ္စတာ YU JIAN CHEN က ပြောသည်။
-
NEW ENERGY CAR (HYBRID) လျှပ်စစ်(ဘက်ထရီ)ကား KSD-V1 နှင့် KSD-V2  နှစ်မျိုးကို တရုတ်နိုင်ငံ YUE DI နှင့် မြန်မာနိုင်ငံ KHAINGKHAING SANGDA MOTORCAR စက်ရုံတို့ ပူးပေါင်းကာပထမဆုံးဖက်စပ် ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ KSD-V1 အမျိုးအစားသည် ငါးယောက် စီးနင်းနိုင်ပြီး တစ်နာရီလျှင် အမြန်နှုန်း ၅ဝ ကီလိုမီတာဖြင့် မောင်းနှင်နိုင်ကာ အားပြည့်နေလျှင် ၁ဝဝကီလိုမီတာအကွာအဝေးကို တစ်ဆက်တည်း သွားနိုင်သည်။ LITHIUM BATTERY အမျိုးအစားကို အသုံးပြုထားပြီး စွမ်းဆောင် နိုင်မှုပမာဏ 100 AH  ရှိကာ အင်ဂျင်ပါဝါ 200 CC  ရှိသည်။ KSD-V2  အမျိုးအစားသည်ငါးယောက်စီးနင်းနိုင်ပြီး အင်ဂျင်ပါဝါ 800 CC ရှိသည်။
-
မြန်နှုန်း ၉ဝ ကီလိုမီတာအထိ မောင်းနှင်နိုင်ကာ ပုံမှန်တစ်နာရီလျှင် ၅၅ ကီလိုမီတာ မြန်နှုန်းမြင့် မောင်းနှင်နိုင်ပြီး ဘက်ထရီ အားပြည့်ချိန်တွင် ၈ဝဝ ကီလိုမီတာ မောင်းနှင်နိုင်ကြောင်း သိရသည်။ LEAD ACID CELL ဘက်ထရီ အမျိုးအစားကို အသုံးပြုထားပြီး စွမ်းဆောင်နိုင်မှု ပမာဏ 150 AH ရှိကြောင်း သိရသည်။ KSD-V1 အမျိုးအစားကို ငွေကျပ် ၉၃ သိန်းဖြင့် ဝယ်ယူနိုင်ပြီး ဘက်ထရီအာမခံတစ်နှစ်ခွဲပေးထားသည်။ KSD-V2 အမျိုးအစားမှာ ငွေကျပ် ၁၃၉ သိန်းဖြင့်ဝယ်ယူနိုင်ပြီး ဘက်ထရီ အာမခံ ငါးနှစ်ရရှိမည် ဖြစ်သည်။ ကားအတွက် အာမခံပေးသည့် ကာလအတွင်းကား၏ စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုများကို အဆိုပါစက်ရုံမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
-
မောင်မျိုး(ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ပြည်တွင်းရှိ ဆန်စက်အလုံးရေ စစ်တမ်း ကောက်ယူရန် စီစဉ်

ပြည်တွင်းရှိ ဆန်စက်အလုံးရေ စစ်တမ်း ကောက်ယူရန် စီစဉ်
-
ရန်ကုန်   မတ်    ၄ 
-
ဆန်စပါးကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်တွင်းရှိ ဆန်စက်အလုံးရေ စစ်တမ်းကောက်ယူရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦး၏ ပြောကြားချက်အရ သိရသည်။ 
-
ယင်းကဲ့သို့စစ်တမ်းကောက်ယူရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ပညာရှင်များ၊ ဆန်စက် လုပ်ငန်းရှင်များနှင့်အတူစီစဉ်နေခြင်း ဖြစ်သည်။ ''ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပေမယ့် စနစ်တကျဖွံ့ဖြိုး တိုးတက်ဖို့တော့လိုအပ်နေသေးတယ်။ရေရှည်စနစ်တကျ ဖွံ့ဖြိုးဖို့လိုတယ်။ အဲဒါကြောင့် ဆန်စက်လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီး စာရင်းကောက်ယူဖို့ စီစဉ်တာပါ'' ဟုဦးအောင်သန်းဦး ကပြောသည်။ 
-
ထိုသို့စာရင်းကောက်ယူရာတွင် ပြည်တွင်းရှိ ဆန်စက်များ၏ တည်နေရာ၊ တစ်ရက်လျှင်ပျမ်းမျှကြိတ်ခွဲနိုင်သည့်ပမာဏ စသည်တို့ကို ကောက်ယူမည်ဖြစ်သည်။ ''မြန်မာနိုင်ငံမှာရှိတဲ့ ဆန်စက်တွေ အလုံးရေဘယ်လောက်ရှိလဲ၊ ဘယ်နေရာတွေမှာ ရှိလဲ၊ ဆန်စက်တွေရဲ့တစ်ရက်ကြိတ်ခွဲနိုင်တဲ့ ပမာဏဘယ်လောက်ရှိလဲ၊ ဒီဆန်စက်တွေကနေ တန်းမြင့်ဆန်တွေဘယ်လောက်ကြိတ်ခွဲနိုင်လဲ၊ တန်းနိမ့်ဆန်တွေ၊၂၅ မှတ်ဆန်တွေ ဘယ်လောက်ကြိတ်နိုင်လဲ၊  ဒါတွေကို စနစ်တကျရှိဖို့ စာရင်းကောက်ယူမှာပါ''ဟု ဦးအောင်သန်းဦး ကပြောသည်။ 
-
၂ဝ၁၇  ခုနှစ်   အောက်တိုဘာလက မိုးစပါးပေါ်ချိန်တွင်တရုတ်နိုင်ငံမှ စပါးဝယ်ယူမှုများကြောင့် မန္တလေးတိုင်း ဒေသကြီးရှိ ဆန်စက် ၉ဝ ရာခိုင်နှုန်း ရပ်တန့်ခဲ့ရကာယမန်နှစ်ကလည်း ဝယ်ယူမှုများ ရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် ဆန်အဓိက တင်ပို့နေသည့်နိုင်ငံများတွင် အစိုးရများမှ ချေးငွေထောက်ပံ့ပေးမှု များကြောင့် ဆန်စက်များသည် တစ်နေ့လျှင် တန်  ၄ဝဝ  မှ တန် ၁ဝဝဝ ထုတ်လုပ်နိုင်သည်အထိတိုးတက်နေကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

တောင်ငူခရိုင်လုံးဆိုင်ရာ (၅ဝ)ကြိမ်မြောက် ရွှေရတုသုဓမ္မာ ပရိယတ္တိ စာပြန်ပွဲ ဝင်ရောက်ဖြေဆိုတော် မူကြသည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲပြုလုပ်

တောင်ငူခရိုင်လုံးဆိုင်ရာ (၅ဝ)ကြိမ်မြောက် ရွှေရတုသုဓမ္မာ ပရိယတ္တိ စာပြန်ပွဲ ဝင်ရောက်ဖြေဆိုတော် မူကြသည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲပြုလုပ်
-
နေပြည်တော်   မတ်   ၄ 
-
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြစည်းခုံစာသင်တိုက်တွင်ပြုလုပ်မည့် တောင်ငူခရိုင် လုံးဆိုင်ရာ (၅ဝ)ကြိမ်မြောက် ရွှေရတုသုဓမ္မာ ပရိယတ္တိစာပြန်ပွဲ ဝင်ရောက်ဖြေဆိုတော်မူကြသည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင်အဆိုပါ စာသင်တိုက်၌ပြုလုပ်ရာ တောင်ငူမြို့၊ ကြာနီကန်စာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသူရိယအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့်ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြာနီကန်ကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သံဃာတော်များအား သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်း နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက တောင်ငူခရိုင်လုံးဆိုင်ရာ (၅ဝ)ကြိမ်မြောက်ရွှေရတုသုဓမ္မာ ပရိယတ္တိစာပြန်ပွဲဝင်ရောက်ဖြေဆိုတော် မူကြသည့် သံဃာတော် ၅၂၂ ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ 
-
အဆိုပါ တောင်ငူခရိုင်လုံးဆိုင်ရာ (၅ဝ) ကြိမ်မြောက် ရွှေရတုသုဓမ္မာပရိယတ္တိ စာပြန်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဓမ္မာစရိယစာချတန်း၊ ပထမကြီး၊ ပထမငယ်၊ ပထမလတ်၊ ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်အတန်းအလိုက်သံဃာတော် ၅၂၂ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင် ခြောက်ပါး ဝင်ရောက်ဖြေဆိုအောင် မြင်တော် မူခဲ့ကြကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်ရှိ ဇေယျဝတီ ကျောင်းတိုက် ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်

တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်ရှိ ဇေယျဝတီ ကျောင်းတိုက် ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်
-
နေပြည်တော်   မတ်  ၎
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်ရှိ ဇေယျဝတီ ကျောင်းတိုက်၏ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်မှတပ်မတော်သားများက ကျောင်းတိုက်အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းတို့အား စုပေါင်း ဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ကလောမြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကလောမြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်   မတ်   ၄ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ကုန်းသာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ ခန်းမ၌ ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၁၁၆ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ၊နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊အရိုး/အကြောရောဂါ၊ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီးဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ခုနစ်ဦးကိုအောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး  စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

ငဖဲမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၇၁ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ငဖဲမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၇၁ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
-
နေပြည်တော်    မတ်     ၄ 
-
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပျဉ်းဝကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည်ယာဉ်ဝင်/ထွက်မှုများစစ်ဆေးဆောင်ရွက်စဉ် မတ်၂ ရက် ည ၁၁ နာရီခန့်တွင် မောင်တောမြို့နယ်၊ ချီတာကျေးရွာနေသိန်းကျော်(ဘ) ဦးစိန်သာထွန်း မောင်းနှင်ပြီး အောင်စိန်(ဘ) ဦးအောင်ကျော်မြနှင့် ကျော်မင်းဦး(ဘ)ဦးလှမင်းတို့ လိုက်ပါလာသည့် ဒိုင်နာခြောက်ဘီးယာဉ် အမျိုးအစား ယာဉ်အမှတ် ၊ BGO-2M/-----မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း မိုးကာစဇစ်တပ်အိတ်ရှည်များအတွင်းထည့်၍ တင်ဆောင်ထားသည့် WYစာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃၉၉၄၅ ပြား (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၇၁ဝဝဝ ကျော်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများအား ပဒါန်းနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ (၂၃)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြုလုပ်

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ (၂၃)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြုလုပ်
-
နေပြည်တော် မတ် ၄ 
-
တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၏ (၂၃)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြနှင့် ဂုဏ်ပြုဆုပေးပွဲကို မတ် ၃ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၌ ပြုလုပ်သည်။
-
ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က အမှာစကားပြောကြားပြီး စစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် သရုပ်ပြပြိုင်ပွဲများယှဉ်ပြိုင်မှုများကို ကြည့်ရှု အားပေးကြသည်။ 
-

-
ယင်းနောက်ဆုပေးပွဲကို ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ စစ်မှုထမ်းကောင်းနှင့် သင်္ဂဟဘွဲ့တံဆိပ် ရရှိသူများ၊ သင်တန်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင်ထူးချွန်ဆုရရှိသူများ၊ အိမ်ထောင်သည်လိုင်း သန့်ရှင်းရေး၊စိုက်ပျိုးရေးနှင့် မွေးမြူရေးဆုရရှိသူများ၊ အားကစားထူးချွန်ဆု ရရှိသူများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များကဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ကမ္ဘာ့ ကြက်တောင်ပြိုင်ပွဲ ကင်ညာနှင့် ယူဂန်ဒါ INTERNATIONAL 2019 ပြိုင်ပွဲများတွင် ချန်ပီယံဆုရ သက်ထား သူဇာ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ

ကမ္ဘာ့ ကြက်တောင်ပြိုင်ပွဲ ကင်ညာနှင့် ယူဂန်ဒါ  International 2019 ပြိုင်ပွဲများတွင် ချန်ပီယံဆုရ သက်ထား သူဇာ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ
-
ရန်ကုန်    မတ်    ၄ 
-
ကမ္ဘာ့အဆင့်သတ်မှတ်ချက်ပြိုင်ပွဲများဖြစ်သည့် Uganda International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခုနှင့် Kenya  International 2019 ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုရရှိသော အောင်ပွဲရ မြန်မာ့ လက်ရွေးစင် မြန်မာကြက်တောင်မယ် သက်ထားသူဇာသည် ယနေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိလာကြောင်းသိရသည်။ 
-
နိုင်ငံ့ဂုဏ်ဆောင် မြန်မာကြက်တောင်မယ် သက်ထားသူဇာအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကစားသမားများ၊ မြန်မာနိုင်ငံ ကြက်တောင်ရိုက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ကြက်တောင် အားကစားချစ်ပရိသတ်များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အောင်ပန်းစည်းများ ပေးကာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ 
-
ချန်ပီယံဆုရ  မြန်မာ့ လက်ရွေးစင် သက်ထားသူဇာက ''သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်းကို ကြိုးစားပြီး ရိုက်ခဲ့ပါတယ်။  မြန်မာနိုင်ငံအတွက်လည်းနိုင်ငံ့ဂုဏ်ဆောင်ပေးနိုင်ဖို့ ဆုတွေ အများကြီးယူလာပေးဖို့လည်း ရှိပါတယ်။ ပြိုင်ပွဲမှာ ကစားသမားတွေက အိမ်ရှင် နိုင်ငံကပိုများပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီး ကစားခဲ့ရပါတယ်။ အခု သွားရောက်ယှဉ်ပြိုင်ရတာ အာဖရိကနိုင်ငံတွေအထိသွားရောက်ရတဲ့ အတွက် ခရီးသွား တာဝေးတာရယ်၊ အစား အ သောက်နဲ့ ရာသီဥတုကွာခြားချက်လေးတွေမှာ အခက်အခဲအနည်းငယ်တော့ ရှိပါတယ်။အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့တယ်ပေါ့။ မြန်မာနိုင်ငံက ကြက်တောင်ကစား သမားတွေအနေနဲ့လည်း လေ့ကျင့်ခန်းတွေ မှာအကောင်းဆုံး ကြိုးစား ကြပါ၊ ဒါမှပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်မှာပါ။ ပြိုင်ပွဲသွားလို့ရှိရင်လည်း ဆုတွေရအောင်ကြိုးစားကြပါလို့ ပြောချင် ပါတယ်'' ဟုပြောသည်။ 
-
မြန်မာ ကြက်တောင်မယ် သက်ထားသူဇာသည်လာမည့်ဧပြီတွင် ဗီယက်နမ်၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  ပြိုင်ပွဲတွင် အာရှနိုင်ငံ အသီးသီးမှ ကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။   
-
အသက် ၁၉ နှစ်အရွယ် မြန်မာကြက်တောင်မယ် ကစားသမားသက်ထားသူဇာသည် ယခုအခါတွင် ကမ္ဘာ့ကြက်တောင် အဖွဲ့ကြီးမှ ကြီးမှူးကျင်းပသော Grade – 3 အဆင့်ရှိ ပြိုင်ပွဲများ ဖြစ်သည့် Future Seriesမှ Kenya International 2019 ပြိုင်ပွဲ အကောင်းဆုံး ရွှေတံဆိပ် / Uganda International Series ကြက်တောင် ရိုက်ပြိုင်ပွဲ အကောင်းဆုံး ရွှေတံဆိပ်ဆုများ ရရှိကာ ကမ္ဘာ့ထိပ်သီးနိုင်ငံများမှကြက်တောင်အားကစား မယ်များ အကြားတွင် နိုင်ငံ့ ဂုဏ်ဆောင် နိုင်ခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲ နှစ်ခုအား ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ကမ္ဘာ့ကြက်တောင်ရိုက် ကစား သမားများ၏တစ်ဦးချင်းအဆင့် သက်မှတ်ချက်တွင် အဆင့် ၁၅ဝ အတွင်းဝင် ရောက် နိုင်ခဲ့ကြောင်း၊ သူမအနေဖြင့် အဆင့် ၁ဝဝ အတွင်း ရှိမှသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသော အိုလံပစ်ပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရေး အတွက်အာရှနှင့် ဥရောပနိုင်ငံများတွင် ကျင်းပသော ပြိုင်ပွဲများသို့ မြန်မာနိုင်ငံကြက်တောင်ရိုက်အဖွဲ့ချုပ်၏ ပြိုင်ပွဲပြက္ခဒိန် အစီအစဉ်များအတိုင်း ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းသိရသည်။ 
-
မောင်မျိုး (ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ရတနာပုံနေ့စဉ်သတင်းစာ (၅-၃- ၂၀၁၉)

တနာပုံနေ့စဉ်သတင်းစာ (၅-၃- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၅-၃-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၅-၃-၂၀၁၉)

-
 Download Links

Monday, March 4, 2019

ရတနာပုံနေ့စဉ်သတင်းစာ (၄-၃- ၂၀၁၉)

တနာပုံနေ့စဉ်သတင်းစာ (၄-၃- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၄-၃-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၄-၃-၂၀၁၉)

-
 Download Links

Friday, March 1, 2019

ရတနာပုံနေ့စဉ်သတင်းစာ (၁-၃- ၂၀၁၉)

တနာပုံနေ့စဉ်သတင်းစာ (၁-၃- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၁-၃-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၁-၃-၂၀၁၉)

-
 Download Links

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger