www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 31, 2017

ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးသင်တန်း UN Peacekeeping (Platoon Size) Contingent Training Course ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 နှင့် အဖွဲ့ဝင်များ သည် ဖွင့်ပွဲအခမ်းအနား ကို တက်ရောက် လာကြသူများ နှင့်အတူ 
အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၃၁-၁-၂၀၁၇

မြန်မာ့တပ်မတော် နှင့် အိန္ဒိယတပ်မတော် တို့အကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တစ်ရပ် အနေဖြင့် ဆောင်ရွက်သော ဒုတိယအကြိမ် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး သင်တန်း UN Peacekeeping (Platoon Size) Contingent Training Course ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ရှိ Park Royal ဟိုတယ်၌ ကျင်းပ ပြုလုပ်သည်။ 

အဆိုပါ ဖွင့်ပွဲအခမ်းအနား သို့ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Shri Vikram Misri နှင့် စစ်သံမှူး Colonel Naveen Mahajan ၊ အိန္ဒိယတပ်မတော် Centre For United Nations Peacekeepong ( CUNPK) မှ နည်းပြ အရာရှိများ ၊ မြန်မာ တပ်မတော်မှ သင်တန်းသား အရာရှိ ၊ စစ်သည်များ တက်ရောက် ကြသည်။

ဦးစွာ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ တပ်မတော် အနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တာဝန် များကို ၁၉၅၈ ခုနှစ်မှ ၁၉၆၄ ခုနှစ်ထိ တပ်ဖွဲ့ဝင်များ စေလွှတ်တာဝန် ထမ်းဆောင်မှု အခြေအနေများ ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ မှစတင်၍ တောင်ဆူဒန် နှင့် လိုက်ဗေးရီးယား နိုင်ငံများသို့ အရာရှိများ စေလွှတ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် ပြန်လည်ပါဝင် ထမ်းဆောင်နေသည့် အခြေအနေ များ ၊ မြန်မာ့ တပ်မတော် အနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းစဉ် များတွင် စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင် နိုင်ရေး အတွက် စပိန် ၊ နော်ဝေ ၊ သြစတြေးလျ ၊ ယူကရိန်း ၊ မလေးရှား ၊ ကမ္ဘောဒီးယား ၊ ပါကစ္စတန် နှင့် အိန္ဒိယနိုင်ငံ များသို့ မြန်မာ့ တပ်မတော်မှ တပ်ဖွဲ့ဝင်များ စေလွှတ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဆိုင်ရာ သင်တန်းများ တက်ရောက်စေမှု အခြေအနေများ ၊ နိုင်ငံတကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းများ၌ ကုလသမဂ္ဂ၏ ဦးဆောင်မှုနှင့် အတူ စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ရာတွင် Contingent Troop စေလွှတ်နိုင်ရေး မျှော်မှန်း လေ့ကျင့်ပေးသည့် သင်တန်း ဖြစ်သည့်အတွက် သင်တန်းသား အရာရှိ ၊ စစ်သည်များ အနေဖြင့် သင်တန်းမှ ပို့ချ လေ့ကျင့်ပေးမှု များကို စိတ်ဝင်တစား နှင့် တတ်ကျွမ်း နားလည်အောင် လေ့လာသင်ယူ သွားကြရန် လိုအပ်မှု အခြေအနေ များအား မှာကြားခဲ့သည်။

ထို့နောက် အိန္ဒိယသံအမတ်ကြီး က အမှာစကား ပြောကြားပြီး အိန္ဒိယနိုင်ငံ Centre For United Nations Peacekeepong ( CUNPK) မှ နည်းပြ တစ်ဦးက အိန္ဒိယနိုင်ငံ ၏ UN Peacekeeping Operations တွင် ပါဝင်ဆောင်ရွက် နေမှု အခြေအနေ များအား ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များ သည် ဖွင့်ပွဲအခမ်းအနား ကို တက်ရောက် လာကြသူများ ၊ CUNPK မှ နည်းပြ အရာရှိများ ၊ သင်တန်းသား အရာရှိ ၊ စစ်သည်များ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

ရခိုင်ပြည်နယ် မောင်တောဒေသ၏ လက်ရှိတည်ငြိမ် အေးချမ်းနေမှု အခြေအနေများ ဆွေးနွေး


နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် 
ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Paw R.Seger အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၃၁-၁-၂၀၁၇

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် အား ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Paw R.Seger သည် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ် မောင်တောဒေသ၏ လက်ရှိတည်ငြိမ် အေးချမ်းနေမှု အခြေအနေ များနှင့် နှစ်ဖက် လူ့အဖွဲ့အစည်း အတွင်း ရေရှည် သဟဇာတ ဖြစ်စွာ အတူလက်တွဲ နေထိုင်ရေးနှင့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ထောက်ပံ့ပေး နေမှု အခြေအနေများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ပေး နေမှုများ၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့ရှိ IDPs များနှင့် ပတ်သက်၍ လူသားချင်း စာနာထောက် ထားမှု အကူအညီပေးရေး ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော် အစိုးရက လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရေး အတွက် အမျိုးသားပြန် လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေမှုများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဆွစ်ဇာလန် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၏ ပူးပေါင်း ဆောင်ရွက်ရေးနှင့် လူသားချင်း စာနာမှု အကူအညီ ပေးရေးဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည့် ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (SDC) တို့အကြား ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့၌ အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ပညာရေး၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံ လုပ်ငန်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်း လုပ်ငန်းများ၏ အောင်မြင် ဖြစ်ထွန်းမှု များနှင့် ရှေ့ဆက်လက် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ် များအား ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)


တိုက်ပွဲရှောင်ဒုက္ခသည် များနှင့် ပတ်သက်သည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ ပေးရေးဆွေးနွေး


ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း 
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Lok-Dessallien အား 
ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၃၁-၁-၂၀၁၇

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Lok-Dessallien ကို ယမန်နေ့နံနက် ၁ဝ နာရီတွင် ကာကွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ တိုက်ပွဲရှောင် ဒုက္ခသည်များနှင့် ပတ်သက်သည့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး ကိစ္စရပ်များ နှင့် ရခိုင်ပြည်နယ် တွင် ဖြစ်ပွားလျက် ရှိသော ပဋိပက္ခများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံရာ၌ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် နှင့်တာဝန်ရှိ သူများ တက်ရောက် ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

#Themyawadydaily

မိုးသောက်ပန်းဂျာနယ် အတွဲ(၂၀) အမှတ်(၃၀)



မိုးသောက်ပန်းဂျာနယ် အတွဲ(၂၀) အမှတ်(၃၀)

Download Links


မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား တရုတ်နိုင်ငံ၏ အကူအညီဖြင့် 3D မြေပုံ ရေးဆွဲထုတ်လုပ်ရန် စီစဉ်နေ



မြောက်ဦး ၊ ၃၁-၁-၂၀၁၇

ရှေးဟောင်း ရခိုင်ယဉ်ကျေးမှု လက်ရာများ တည်ရှိရာ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား အသေးစိတ် လေ့လာကြည့်ရှု နိုင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ၏ အကူအညီဖြင့် 3D မြေပုံ ရေးဆွဲ ထုတ်လုပ်ရန် စီစဉ်လျှက် ရှိကြောင်း မြောက်ဦးရှေးဟောင်း  သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရှိရသည်။ 

တရုတ်နိုင်ငံမှ ပညာရှင် ၁၀ ဦး ပါဝင်သောအဖွဲ့နှင့် မြောက်ဦးရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ၀န်ထမ်းများ ပူးပေါင်း၍ မြောက်ဦးမြို့အား 3D မြေပုံရေးဆွဲရန် နှင့် ကောင်းကင်မြေပုံ ရိုက်ကူးနိုင်ရန် ဇန်နဝါရီ ၂၇ ရက်က မောင်းသူမဲ့ လေယာဉ်များဖြင့် ရှုထောင့်ပေါင်းစုံမှ ရိုက်ကူးခဲ့ကြသည်။ 

"မောင်းသူမဲ့ ဒရုန်းနှင့် မြောက်ဦး တစ်ခွင်ကို ရိုက်ကြတယ်။ ချက်ချင်း ကွန်ပျူတာနဲ့ ထည့်သွင်းခဲ့ကြတယ်။ 3D မြေပုံ ထွက်လာအောင်ပါ။ ပထမတစ်ကြိမ် ပြီးပါပြီ။ သုံးကြိမ်လောက် မြောက်ဦးကို လာရောက် လုပ်ကြရမှာပါ။ တရုတ်နိုင်ငံက ကူညီပေး နေပါတယ်။ 3D မြေပုံ ရေးဆွဲရေးအတွက် လုပ်ငန်းစဉ်တွေက ရှိပါသေးတယ်။ သူတို့က ဧပြီလ နောက်ဆုံးအပတ်မှာ နောက်တစ်ကြိမ် လာရောက်ကြ ဦးမှာပါ။ သင်္ကြန်ပြီး နောက်ပိုင်းမှ အခုရေးဆွဲ နေတဲ့ 3D မြေပုံ အပြည့်အစုံကို ကျွန်တော်တို့က ပြန်ရမှာပါ။ မြောက်ဦးတစ်ခွင်ကို ဘက်ပေါင်းစုံကနေ အလွယ်တကူ ကြည့်ရှုလို့ ရတော့မှာပါ " ဟု မြောက်ဦး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးညိမ်းလွင် က ပြောသည်။ 

အဆိုပါ အဖွဲ့အနေဖြင့် မြောက်ဦး ယဉ်ကျေးမူ နယ်မြေရှိ အထင်ကရ နေရာများဖြစ်သော ရှေးရခိုင်နန်းတော် ဖြစ်ခဲ့သည့် နန်းတော်ရာကုန်း၊ သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်၊ လောင်းဗွန်းပြောက် နှင့် မာန်ငါးပါး စေတီများ စသည့် ထုထည် ကြီးမားသော စေတီပုထိုးတော် များအား မောင်းသူမဲ့ ဒရုန်းလေယာဉ်ဖြင့် ထောင့်ပေါင်းစုံမှ ရိုက်ကူးကာ 3D မြေပုံရေးဆွဲနိုင်ရန် စီစဉ်နေကြပြီး ကျန်ရှိနေသေးသည့် အခြားနေရာ များကိုလည်း နောက်အကြိမ် များတွင် လာရောက်၍ ထပ်မံရိုက်ကူး ကြမည် ဖြစ်ကြောင်း သိရသည်။ 

မြောက်ဦးမြို့သည် ရခိုင်ဘုရင်တို့ နောက်ဆုံးစိုးစံ ခဲ့သော မြို့တော်ဖြစ်ပြီး ၁၄၃၀ ပြည့်နှစ်မှ ၁၇၈၅ အထိ ရှည်ကြာခဲ့သည်။ မြို့တည်ဘုရင် မင်းစောမွန်သ ည် တောတောင်ချောင်း မြောင်းများကို အခြေခံကာ ခံတပ်မြို့ကြီး သဖွယ်ဖြစ်အောင် တည်ဆောက်ခဲ့ကာ ရခိုင်မင်းဆက် ပေါင်း ၄၉ ဆက်၊ နှစ်ပေါင်း ၃၅၄နှစ် ကြာရှည်ခဲ့သဖြင့်  ရခိုင်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ

အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးနိုင်ခြင်း နှင့် အကျိုးဆက်များ


အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးနိုင်ခြင်း နှင့် အကျိုးဆက်များ

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
( နိုင်ငံရေးဘောဂဗေဒ အတွေးအမြင်)

အလုပ်လက်မဲ့ ဖြစ်သည့်အကြောင်း

နိုင်ငံတစ်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အတိုင်းအတာကို နိုင်ငံရေး ဘောဂဗေဒ ရှုထောင့်နဲ့ကြည့်ရင် အလုပ်လက်မဲ့နှုန်း ဘယ်လောက်ရှိလဲ ဆိုတာနဲ့ တိုင်းတာတယ်။ အလုပ်လက်မဲ့နှုန်း ဖြစ်တာများရင် စီးပွားရေးအရ အကျိုးမရှိ သလို နိုင်ငံရေးမှာလဲ အန္တရာယ် ရှိတယ်ဆိုတာ လူတိုင်းက သုံးသပ်ထားပြီး ဖြစ်တယ်။ အလုပ်အကိုင် အခွင့်အလမ်း ဆိုတဲ့ ပေတံ (ဒါမှမဟုတ်) အလုပ်လက်မဲ့ ဆိုတဲ့ ပေတံဟာ အင်မတန် အရေးကြီးတဲ့ မြင်ကွင်းတစ်ခု ဆိုရင်လဲ မမှားပါဘူး။

အမေရိကန်နိုင်ငံ မှာဆိုရင် သမ္မတ တစ်ယောက်ရဲ့ သက်တမ်းမှာ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက်ဖန်တီး ပေးနိုင်တယ်။ အလုပ်လက်မဲ့နှုန်း ဘက်လောက်ရှိတယ် ဆိုတာမျိုး၊ အလုပ်လက်မဲ့နှုန်း လျော့တာ ၊ တိုးတာ စတဲ့ ကိန်းဂဏန်း အနည်း ၊ အများကို စစ်တမ်းယူလေ့ ရှိတယ်။ စနစ်တွေရဲ့ စစ်တမ်းကို ခြုံငုံကြည့်ရင် တစ်ချိန်တုန်းက ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ် မှာ အလုပ်လက်မဲ့ လုံးဝမရှိစေရ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဦးတည်ချက် ရှိခဲ့တယ်။ အရင်းရှင် ဒါမှမဟုတ် ဈေးကွက် စီးပွားရေးစနစ် မှာတော့ အလုပ်လက်မဲ့ ဆိုတာ လုံးဝမရှိရဘူး ဆိုတဲ့ ရည်မှန်းချက်ဟာ ယုတ္တိမရှိဘူး။ အလုပ်လက်မဲ့ ကတော့ ရှိနေမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ အလုပ်မရှိ တာထက် အလုပ်မလုပ် ချင်တဲ့လူမျိုးလဲ ရှိမှာပဲဆိုပြီး သုံးသပ် လာကြတယ်။

ဒါကြောင့် ရာနှုန်းပြည့် အလုပ်ရှိတဲ့ အခြေအနေက သပ်သပ် ဖန်တီးတယ်ဆိုတဲ့ အနေအထားလဲ ဖြစ်တယ်လို့ ဆိုလာပြန်တယ်။ ကျွန်တော်တို့ အနေနဲ့ ဘယ်လိုပဲပုံစံ အမျိုးမျိုးနဲ့ လက်ခံကျင့်သုံးတာ ဖြစ်ဖြစ် အလုပ်လက်မဲ့ များတာကတော့ ဆုံးရှုံးမှုတစ်ရပ် ပါပဲ။ အလုပ်လုပ်နိုင်တဲ့ သူက အလုပ်မလုပ်တာ ဆုံးရှုံးမှုပဲ ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ဦးတည်ချက် အနေနဲ့ပြောရင် တော့ အလုပ်လက်မဲ့နှုန်း ကို လျှော့ချနိုင်ဖို့ အရေးကြီး တယ်။ အလုပ်လက်မဲ့နှုန်း ကို နှစ်ရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်း ထက် မပိုစေရ။ ဒါထက် ပိုလာရင်တော့ စီးပွားရေး ပြဿနာကနေ တစ်ဆင့် လူမှုရေး ပြဿနာ တွေ၊ နိုင်ငံရေး ပြဿနာတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ အယူအဆတွေလဲ ရှိတယ်။ အဲဒီလိုရှိတဲ့ အတွက် ကျွန်တော်တို့က မဟာဗျူဟာတွေ သုံးပြီး အလုပ်လက်မဲ့တွေ လျော့အောင် ကြိုးစားရမှာပါ။ တကယ်တမ်း အလုပ်လက်မဲ့ ဖြစ်ရတဲ့ အကြောင်းရင်း တွေကို လဲ စဉ်းစားရမှာ ဖြစ်တယ်။ အလုပ်လက်မဲ့ ဖြစ်ရတဲ့ အကြောင်းဟာ ယေဘုယျ အားဖြင့်တော့ နှစ်မျိုးရှိတယ်။ နိုင်ငံရေး ဘောဂဗေဒ အမြင်နဲ့ ကြည့်ရင်တော့ ဝယ်လိုအားနဲ့ ရောင်းလိုအား ပါပဲ။

ဝယ်လိုအား၊ ရောင်းလိုအား ပြောတဲ့အခါမှာ Demand မရှိလို့ လုပ်ငန်းတွေ မချဲ့ထွင်နိုင်ဘူး ဆိုတာ ဖြစ်လာတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးမှာ စီးပွားရေး မရှင်သန်နိုင်ဘူး ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့ အင်မတန်မှ ခက်ခဲတယ်။ အလုပ် မရှိတော့ ပိုဆိုးတာပါပဲ။ စက်ရုံ၊ အလုပ်ရုံတွေ မလည်ပတ် နိုင်ဘူး။ အလုပ်သစ်တွေ ရှိရင်တော့ တစ်ဖက်က အလုပ်အကိုင် အခွင့်အလမ်း တွေ ဖော်ဆောင်နိုင်ပြီး အလုပ်တွေ များများ ရနိုင်တာပါပဲ။ ဒါက တစ်ပိုင်းဖြစ်ပါတယ်။ အလုပ်တွေ ရှိလာရင် တောင် အလုပ်လုပ်နိုင်တဲ့ လူတွေလဲ ရှိအုံးမှဖြစ် မှာပါ။ တော်တော် များများက အလုပ်လုပ် ချင်တဲ့သူ၊ အရည်အသွေး ရှိတဲ့သူ၊ ပညာ အရည်အချင်း ရှိတဲ့သူက အလုပ်တွေ ရှာနေပေမယ့် တစ်ဖက်က အလုပ်မပေး နိုင်တာကလဲ အများအပြား ကို ရှိနေတာပါ။

အလုပ်လက်မဲ့လို့ ပြောတဲ့အခါမှာ ဘာကြောင့် အလုပ်လက်မဲ့ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းက အဓိကကျတယ်။ အလုပ်ကို မလုပ်ချင်လို့ အလုပ်လက်မဲ့ ဖြစ်တာက တစ်မျိုးဖြစ်တယ်။ အမှန်တကယ် ကျွန်တော်တို့ နစ်နာ တာကတော့ အလုပ်ကို လုပ်ချင်ရဲ့သားနဲ့၊ အလုပ်လိုချင်ရဲ့ သားနဲ့ အလုပ်မပေး နိုင်တာက ပြဿနာပဲ ဖြစ်တယ်။ မပေးနိုင်ဘူး ဆိုတာက တစ်ခါတလေမှာ လုပ်ချင်တဲ့သူက လုပ်ချင်ပေမယ့် သူ့မှာရှိတဲ့ အရည်အချင်းနဲ့ ဟိုဘက်က တောင်းဆိုလာနဲ့က နိုင်ငံရေး ဘောဂဗေဒ အတွေးအမြင် အရ Demand နဲ့ Supply ပါပဲ အဲဒီလို မကိုက်ညီဘူး ဆိုရင်လဲ အလုပ်လက်မဲ့ ဖြစ်မှာပါပဲ။

ဝိရောဓိများ

ဒါကြောင့် အခုချိန်မှာ ဖြစ်နေတာကတော့ ဝိရောဓိတွေ ပါပဲ။ ဝိရောဓိ ဖြစ်တာက အလုပ်အကိုင် အခွင့်အလမ်းတွေ လို့ပြောရင် လုပ်ငန်းရှင်တွေ ကလဲ ''ကျွန်တော်တို့ဆီမှာ ထူးချွန်တဲ့သူတွေ၊ အရည်အသွေး ရှိတဲ့သူတွေ မရှိဘူးလို့ပြောတယ်''။ တစ်ဖက်ကလဲ လူငယ်တွေက ''အလုပ်တွေရှာတယ်။ ဒါပေမဲ့ အလုပ်မရဘူး''လို့ ပြောတယ်။ အဲဒီလိုမျိုးကို ဝိရောဓိတွေ ဖြစ်နေတာပါ။ တစ်ဖက်က ဝန်ထမ်းတွေ လိုပေမယ့် တခြားဘက်မှာ အလုပ်တွေမ ရဘူးဆိုပြီး ဖြစ်နေကြတယ်။ အဲဒါက ပြဿနာပါပဲ။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို သုံးသပ်တဲ့ နေရာမှာ အဲဒီပေတံတွေနဲ့ သုံးသပ်တာပဲ ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဟန်ချက်မညီ တာပါပဲ။ ဟန်ချက်မညီတာ ဘာကြောင့်လဲ ဆိုတော့ လုပ်ငန်းခွင် လောကကြီးနဲ့ ပညာရေးလောက မချိတ်ဆက်တာ တွေကြောင့်ပါပဲ။ မချိတ်တဲ့အခါမှာ ပညာရေးလောက ကလဲ ပညာတတ်တွေ ထုတ်ပေးနေတာပဲ ဖြစ်တယ်။ အဲဒီလို ထုတ်ပေးနေတဲ့ ပညာတတ်တွေရဲ့ အရည်အချင်းတွေက လုပ်ငန်းခွင်မှာ သုံးလို့ မရပြန်ဘူး။ သုံးလို့မရတဲ့ အခါမှာ လုပ်ငန်းခွင် လိုအပ်ချက်ကို ရာနှုန်းပြည့် မပေးနိုင်တောင် ၈ဝ ရာခိုင်နှုန်း ပေးနိုင်အောင် ကြိုးစားရမှာပဲ ဖြစ်တယ်။

အဲဒီလိုကြိုးစားမှလဲ အလုပ်အကိုင် အခွင့်အရေး တွေက ရှိနေမှာပါ။ ဒါကြောင့် ပညာရေးပေါ်လစီ ကလဲ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ ပညာရေး ကလဲ ကိုယ်သင်ချင်တာ သင်မယ်ဆိုပြီး လုပ်လို့ မဖြစ်ပါဘူး။ အဲဒီလိုပဲ လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ်လိုချင်တာတွေ ကွက်တိရမယ်လို့ မျှော်လင့်လို့ မရဘူး။ ဘာကြောင့်လဲ ဆိုတော့ ပညာရေးဆိုတာ လုပ်ငန်းခွင် တစ်ခုတည်းအတွက် သတ်မှတ်ထားတာ မဟုတ်ပါဘူး။

လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တ၊ စိတ်နေစိတ်ထား၊ ပြုပြင်ပြောင်းလဲမှု တွေတိုင်းအတွက် အရေးကြီးတဲ့ကဏ္ဍ တစ်ခုအနေနဲ့လဲ ပါဝင်နေတာပဲ ဖြစ်တယ်။ ဒါကြောင့် အလုပ်လက်မဲ့ ပြဿနာတွေကို ဖြေရှင်း နိုင်တာကတော့ လူငယ်တွေ အပါအဝင် သုံးပွင့်ဆိုင် (ဒါမှမဟုတ်) လေးပွင့်ဆိုင် ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။ အလုပ်လျှောက်တဲ့သူ၊ ပညာရေးလောက၊ အလုပ်ရှင် နဲ့ နိုင်ငံတော် အစိုးရပါပဲ။ အားလုံးညှိနှိုင်းမှ ရမယ့် အရာပဲ ဖြစ်တယ်။

အခုဖြစ်နေတာက ပညာရေး တာဝန်ရှိတဲ့သူ ကလဲ သင်ကြားရေး တစ်ခုကိုပဲ အာရုံစိုက်နေတယ်။ သင်ကြားရေးတွေဟာ အလုပ်နဲ့ ပတ်သက်လား၊ မပတ်သက်ဘူးလား ဆိုတာကို သိပ်မစဉ်းစားဘူး။ လုပ်ငန်းရှင်တွေ အနေနဲ့ကလဲ ကိုယ်က ဘယ်လိုလူတွေ လိုချင်တယ် ဆိုတာကို ဖော်ပြနိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်မှလဲ ပြေလည်မှာ ဖြစ်တယ်။

အလုပ်လက်မဲ့ပြဿနာ

ဒီတော့ အလုပ်လက်မဲ့ ဖြစ်တာတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် တော့ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အလုပ်လုပ်ချင်တဲ့ သူတွေ အလုပ်မရှိရင် စိတ်ဓာတ် ကျလာမှာပဲ ဖြစ်တယ်။ ပညာတတ်တဲ့ ကလေးတွေ အလုပ်လက်မဲ့ ဖြစ်ရင် ပိုဆိုးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အတွေးအခေါ်က မြင့်မားတဲ့အတွက် မကျေနပ်မှုကလဲ ကြီးထွားပါတယ်။ နောက်ပြီး မြင့်မားပါတယ်။ ဒါကြောင့် ကျွန်တော် စိတ်ပူပင်ဆုံး ကတော့ ပညာတတ် အလုပ်လက်မဲ့ ဖြစ်တာကိုပါပဲ။ အဲဒီတော့ ဖြေရှင်းနိုင်မယ့် နည်းကို ရှာဖွေရမှာပဲ ဖြစ်တယ်။ အဲဒီလိုဖြေရှင်းတဲ့ နေရာမှာ ဘာကို သတိပြုရမလဲ ဆိုတော့ အလုပ်လက်မဲ့ ဖြစ်ရတဲ့ အကြောင်းရင်း တစ်ခုက လူငယ်တွေ အလုပ်ရှာရလို့ ပါပဲ။ ဒါဆိုရင် အလုပ်ရှာမယ့် အစား ကိုယ်ပိုင်အလုပ်တွေ လုပ်နိုင်တဲ့ အခွင့်အရေးရှိဖို့ လိုတာပါပဲ။ နိုင်ငံတော်အစိုးရ အနေနဲ့လဲ ကိုယ်ပိုင်အလုပ် လုပ်တဲ့ လူငယ်တွေ များများမွေးထုတ် ပေးနိုင်တဲ့ ပတ်ဝန်းကျင် ဖန်တီးရမှာပဲ ဖြစ်တယ်။

လူငယ်တွေရဲ့တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေ အတွက် ဈေးကွက်နဲ့ ချိတ်ပေးတာတို့၊ ငွေရေး၊ ကြေးရေး အထောက်အပံ့တွေ ပေးတာတို့ လုပ်ပေးရမှာပဲ ဖြစ်တယ်။ ဒီအလုပ်လက်မဲ့ကို ဖြေရှင်းမယ့် မဟာဗျူဟာတွေ ကိုတော့ အမျိုးမျိုးစဉ်းစား ကြရမှာပဲဖြစ်တယ်။ များများစဉ်းစား ရမှာ ဖြစ်သလို အလုပ်လက်မဲ့ ဖြစ်တဲ့သူတွေဟာ အခုဆိုရင် ဖားကန့်မှာ ကျောက်စိမ်း လုပ်ငန်းတွေဆီ ရောက်သွား ကြတာ အပါအဝင် ဘေးအန္တရာယ် ရှိတဲ့ လုပ်ငန်းတွေ သွား လုပ်ကြတာ တွေ့နေရတယ်။ ပိုပြီးအံ့သြစရာ ကောင်းတာက ကျွန်တော်တို့ ဆီမှာပဲ အလုပ်လက်မဲ့တွေ ဖြစ်နေကြတာ။ အိမ်နီးချင်း နိုင်ငံတွေမှာ ကိုယ့်ဆီက အလုပ်သမားတွေ ပုံနေတာပဲ ဖြစ်တယ်။ 

ကိုယ့်ဆီမှာ အခွင့်အရေး မရှိရင်တော့ သူများဆီ သွားမှာပဲဖြစ်တယ်။ အဲဒီလိုသွားတဲ့ သူတွေကို ကျွန်တော်တို့က အပြစ်တင်လို့ မရဘူး။ အဲဒီလူတွေ ကိုယ့်နိုင်ငံမှာ ပြန်ပြီး အလုပ်လုပ်ချင် အောင် ဘယ်လို လုပ်မလဲ။ ဒါဟာ ကျွန်တော်တို့ အတွက် စိန်ခေါ်မှု တစ်ရပ်ဆိုရင်လဲ မမှားပါဘူး။ စက်ရုံ၊ အလုပ်ရုံတွေ အသက်ဝင်ဖို့ လိုတယ်။ လုပ်ငန်းအသစ်တွေ ရှိဖို့လဲ လိုတယ်။ ကိုယ်ပိုင်အလုပ်တွေ လုပ်နိုင်အောင်လဲ ဖန်တီးပေးဖို့ လိုတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် နိုင်ငံတော်အစိုးရ မှာ တာဝန်ရှိသလို ပုဂ္ဂလိက ကဏ္ဍမှာလဲ တာဝန်ရှိတယ်။

အစိုးရတိုင်း အာရုံစိုက်ရသည့်ကိစ္စ

ပုံမှန်အနေအထားကို မဖန်တီးနိုင်ရင် လူငယ်တွေဟာ သူတို့နည်း၊ သူတို့ဟန်နဲ့ အဖြေရှာကြတာ တွေရှိလာတယ်။ အဖြေရှာတဲ့ အခါမှာ မဖြစ်သင့်တဲ့ ကိစ္စတွေ၊ မလုပ်သင့်တဲ့ အလုပ်တွေ၊ မကြံစည်သင့် တာတွေ ကြံစည် လာကြတယ်။ အဲဒီကနေ တစ်ဆင့် လူမှုရေး ထိခိုက်မှုတွေ၊ ဆိုးကျိုးတွေ အများကြီးဖြစ် လာရတာပါပဲ။ မူးယစ်ဆေးဝါးကိစ္စ၊ ဒုစရိုက်ကိစ္စ၊ လူမှုရေးပြဿနာ အဆုံး၊ ဒါတွေဟာ တဖြည်းဖြည်းနဲ့ လှိုင်းတွေကြီးလာ တာပဲဖြစ်တယ်။ အဲဒီလို လှိုင်းတွေ ကို လက်ပိုက်ကြည့် နေမယ့်အစား ဘယ်လိုလုပ်မလဲ၊ လူငယ်တွေကို ဘယ်လိုစည်းရုံး ကြမလဲ စဉ်းစားစရာပါ။ အစိုးရအနေနဲ့ ဒါတွေကို ထောက်ရှုပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးနိုင်တဲ့ အခြေခံ အဆောက်အအုံ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုလာ ပြီပဲဖြစ်တယ်။ လုပ်အားကို အများကြီး သုံးနိုင်တဲ့ စက်ရုံ၊ အလုပ်ရုံတွေ လိုတယ်။ လုပ်သားတွေ အများကြီး ပါဝင်နိုင်တဲ့ လုပ်ငန်းတွေ တည်ဆောက်ဖို့ လိုနေတာပဲ ဖြစ်တယ်။

ဥပမာ-ထားဝယ်၊ မြိတ်လို အောက်မြန်မာပြည် က လူငယ်တွေက တစ်ဖက်နိုင်ငံက ငါးလုပ်ငန်း တွေမှာ သွားပြီး အလုပ်လုပ် ကြတယ်။ နည်းနည်း အဆင့်မြင့်တဲ့ သူကတော့ စင်ကာပူကို သွားကြတယ်။ ဒါကဈေးကွက်ရဲ့ အနေအထားပဲ ဖြစ်တယ်။ အရေးကြီးတာ ကတော့ သူတို့တွေ ပြန်လာနိုင်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ဆိုတာပဲဖြစ်တယ်။ ဒါကြောင့်အလုပ်မဲ့ ပြဿနာဟာ စီးပွားရေး သက်သက် မဟုတ်ပါဘူး။ လူမှုရေး၊ နိုင်ငံရေး တွေအားလုံး ထိခိုက်လာမှာပဲ ဖြစ်တယ်။ ဒုစရိုက်မှုတွေကို အားပေးသလို ဖြစ်လာမှာပဲလို့ ယူဆရမှာပါ။ အလုပ်လက်မဲ့ ပြဿနာဟာ နိုင်ငံတကာ အစိုးရတိုင်း အာရုံစိုက် ရတဲ့ကိစ္စပဲ ဖြစ်တယ်။ အဓိကကတော့ လူငယ်တွေနဲ့ ပတ်သက်ပြီး သေသေချာချာ စဉ်းစားရမယ့် ကိစ္စ တစ်ခုလို့ မှတ်ယူရမှာပဲ ဖြစ်ပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၄)

ဘ၀အောင်မြင် တိုးတက်စေကြောင်း


ဘ၀အောင်မြင် တိုးတက်စေကြောင်း

အလုပ်တစ်ခု ပြောဆိုလုပ်ကိုင် ရာတွင် အောင်မြင်ရာ အောင်မြင်ကြောင်း နည်းလမ်းကောင်း များစွာရှိသည်။ ထိုနည်းလမ်းကောင်း များကို ကောင်းစွာ အသုံးချ၍ မိမိတို့၏ လုပ်ငန်းဆောင်တာ အဖြာဖြာတို့သည် အောင်မြင် တိုးတက်မှုများ ရှိသကဲ့သို့ နည်းလမ်းကောင်း များနှင့် အကျိုးရှိစွာ အသုံးချနိုင်မှု အားနည်း၍ အခွင့်အလမ်းများနှင့် လွဲချော်မှုများလည်း ရှိတတ်သည်။

ထိုနည်းလမ်းကောင်း များစွာအနက် တစ်ခုသော နည်းလမ်းမှာ စကားပြောဆိုရာတွင် ချိုချိုသာသာ ပြောဆိုပြီး အလုပ်လုပ်ရာတွင် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်ဆောင်ခြင်း ဖြစ်သည်။ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်ဆိုသည်မှာ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း လျင်လျင်မြန်မြန် လုပ်ဆောင်ခြင်း ကိုဆိုသည်။

မှန်ကန်၍ ချိုသာသော စကားကို လူတိုင်းနှစ်သက် ကြသည်။ နှုတ်ချိုလျှင် သျှိုတစ်ပါးပြီးသည်ဟု ဆိုကြသည်။ ဘုရားရှင်ဟော တော်မူသော မဂ္ဂင်ရှစ်ပါးတွင် သမ္မာဝါစာ ကောင်းမွန် မှန်ကန်သော စကားကို ဆိုခြင်းနှင့် သမ္မာကမ္မန္တော မှန်ကန်ရိုးသားစွာ လုပ်ကိုင်ခြင်းတို့ ပါဝင်သည်။ ချိုသာယဉ်ကျေးသော စကားကို လူတိုင်းနှစ်သက်၍ ဆက်ဆံရေး ကောင်းမွန် စေသည်။

သို့သော် မျက်နှာပေါ်တွင် ပြုံးပြီး နှလုံးသားတွင် အပြုံးမပါသော ဆက်ဆံရေးသည် ချိုသာယဉ် ကျေးမှုရှိသော်လည်း ခိုင်မာသော ဆက်ဆံရေး ဖြစ်လာမည် မဟုတ်ပေ။ အပြောကောင်း သလောက် အလုပ်မလုပ် နိုင်လျှင်လည်း အပြောနှင့် အလုပ်မညီ၍ လူအများ၏ ယုံကြည်မှု၊ လေးစားချစ်ခင်မှုကို ရရှိမည် မဟုတ်ပေ။

ဤတွင် အချို့သော ပုဂ္ဂိုလ်များသည် အပြော မကောင်းကြပါ။ အပြောအဆို မပြေပြစ်သော်လည်း အလုပ်လုပ်ရာတွင် စေတနာပါပါ လုပ်တတ်ကြ ပါသည်။ ထိုသူမျိုးသည် အပြောချို၍ အလုပ် မလုပ်သူထက် ဘဝအောင်မြင်မှု ရနိုင်သည်။ ထိုထက် အပြောလည်းကောင်း၊ အလုပ်လည်းကောင်း မည်ဆိုပါက အကောင်းဆုံး၊ အတော်ဆုံးပုဂ္ဂိုလ်ဟု ဆိုရမည်သာ ဖြစ်သည်။

လူတိုင်းကြီးပွား ချမ်းသာလို ကြသည်။ အောင်မြင်ကျော်ကြား သူများ ဖြစ်လိုကြသည်။ အောင်မြင်စေသော နည်းလမ်းကောင်းများ လည်းရှိနေပါသည်။ ကောင်းစွာ အသုံးချနိုင်လျှင် တစ်ခုသော ဘဝ အဆင့်အတန်းသို့ 

တက်လှမ်းနိုင်မည် ဖြစ်သည်။ အပြောကောင်း၊ အလုပ်ကောင်း ခြင်းသည် ဘဝ အောင်မြင်စေသော နည်းလမ်း ဖြစ်သည်။ သို့သော် လူအများမှာ အပြောနှင့်အလုပ် ညီညွတ်အောင် လုပ်ဆောင်ရန် အားထုတ်မှု နည်းပါးသည်ကို တွေ့ရသည်။ လူမှုဘ၀တွင် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးသည် အရေးကြီးသည်။

ချိုသာယဉ်ကျေးစွာ ပြောဆိုခြင်းသည် ကောင်းမွန်သော ဆက်ဆံရေးကို ဖြစ်ပေါ်စေသည်။ ရိုးသား ပွင့်လင်းစွာ လျင်မြန်စွာ လုပ်ကိုင်ခြင်းသည် လူအများ၏ နှစ်သက်ယုံကြည်မှု၊ အားကိုးမှု တို့ကို တိုးပွားစေသည်။ သို့ဖြစ်ရာ ပြောဆိုဆက်ဆံ ရာတွင် ချိုသာစွာ ပြောဆိုပြီး အလုပ်ကို ရိုးသားပွင့်လင်း လျင်မြန်စွာ လုပ်ကိုင်ကြမည် ဆိုလျှင် လူတိုင်းဘဝ၏ အောင်မြင်ကြီးပွား တိုးတက်စေမည် ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

Monday, January 30, 2017

ချစ်ကြည်ရေးလမ်းကြောင်း ပြန်ခင်းနေကြသည့် ဗီယက်နမ် နှင့် တရုတ်နိုင်ငံ



( ရှိန်းထက် )

၂ဝ၁၄ ခုနှစ်မှ စတင်ကာ တောင်တရုတ် ပင်လယ်ပြင် အရေးကို အကြောင်းပြုပြီး အာဆီယံ လေးနိုင်ငံ၊ တရုတ်(တိုင်ပေ) နှင့် တရုတ်နိုင်ငံ တို့၏ ဆက်ဆံရေးမှာ အဆိုးရွားဆုံး ဟု ဆိုနိုင်သည့် အဆင့်များသို့ ရောက်ရှိခဲ့သည်။ ထိုအထဲမှ တရုတ်နှင့် ဆက်ဆံရေး အတင်းမာဆုံး နိုင်ငံကို ပြပါဆိုလျှင် ဗီယက်နမ်နိုင်ငံ ကို ပြရမည် ဖြစ်သည်။

တရုတ်တို့က နိုင်ငံ့လုံခြုံရေး ကိုပင် ခြိမ်းခြောက်သည့် လုပ်ရပ်များ ပြုလုပ်လာ သောကြောင့် ဗီယက်နမ်တို့ စစ်ရေး အသုံးစရိတ်ကို မြှင့်တင်ပြီး စစ်လက်နက် ပစ္စည်းများကို အလုံးအရင်း တပ်ဆင်ခဲ့ ကြသည်။ လက်နက် ဝယ်ယူရန် အမှာစာများ ကိုလည်း ဗီယက်နမ်တို့က တစ်နိုင်ငံပြီး တစ်နိုင်ငံသို့ ပို့ခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ စစ်အသုံးစရိတ် အများဆုံး သုံးစွဲသည့် နိုင်ငံစာရင်း တွင်ပင် ဗီယက်နမ်နိုင်ငံ က တစ်ဆင့်ပြီး တစ်ဆင့် မြင့်သည်ထက် မြင့်လာခဲ့သည်။

၂ဝ၁၄ ခုနှစ်တွင် ဗီယက်နမ် ကမ်းရိုးတန်း၌ တရုတ်ရေနံတူးစင် လာချထားပြီး နောက် ဗီယက်နမ်တွင် တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပေါ်ပေါက် လာသည်။ ထိုဂယက်က နိုင်ငံအတွင်းရှိ တရုတ် အထည်ချုပ် စက်ရုံများ အထိပင် ရိုက်ခတ်လာပြီး ဗီယက်နမ်တွင် တရုတ်စက်ရုံ မန်နေဂျာ သေဆုံးရသည် အထိ တရုတ် ဆန့်ကျင်ရေး ပေါ်ပေါက်ခဲ့သည်။

ထို့နောက် တောင်တရုတ် ပင်လယ်ပြင် အရေး ပေါ်လာပြန် သောအခါ တရုတ်နှင့် ဗီယက်နမ် ပြဿနာက မီးလောင်ရာ လေပင့် ဖြစ်သွားပြီး အဆိုးဆုံး ကတော့ ဗီယက်နမ် ကမ်းရိုးတန်း နှင့် မိုင် ၁၂ဝ အကွာ၌ ငါးဖမ်းနေသည့် ဗီယက်နမ် ငါးဖမ်းသမား များကို တရုတ်တို့က ဖမ်းဆီးသည့် ကိစ္စဖြစ်သည်။

၂ဝ၁၄ ခုနှစ်မှ စတင်၍ ၂ဝ၁၆ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် ဆိုသကဲ့သို့ ပြဿနာတွေက တသီတတန်းကြီး ပေါ်လာကာ တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံ ဆက်ဆံရေးကို သွေးအေးသွား စေသည်။ သို့သော် ပထဝီဝင် နိုင်ငံရေးအရ တရုတ် နှင့် ဗီယက်နမ် သည် ဆက်ဆံရေး ပြတ်တောက် သွား၍လည်း မဖြစ်ပြန်ချေ။ အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့်အတွက် ရန်သူတော် ကြီးများ ဖြစ်နေလျှင် အချိန်ပြည့် စစ်ရေး ပြင်ဆင်မှုများ ကြောင့် စီးပွားရေး ဘက်တွင် ထိခိုက်မည် ဖြစ်သည်။ အဓိက ထိခိုက် မည့်သူက ဗီယက်နမ်နိုင်ငံ ဖြစ်သည်။ ဗီယက်နမ် စီးပွားရေးမှာ တရုတ်နှင့် ဆက်ဆံမှု မရှိလျှင် ဦးစိုက်ကျဆင်း လာမည်ဖြစ်ပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှု တန်ဖိုးက အမေရိကန် ဒေါ်လာ ၁ဝဝ ဘီလီယံနီးပါး အထိ ရှိနေသောကြောင့် ဖြစ်သည်။ တရုတ်ကလည်း သူ့စီးပွားရေး ကျဆင်း နေသည့် အချိန်တွင် ပို့ကုန် ၆ဝ ဘီလီယံကျော်ခန့် တန်ကြေးရှိသည့် ဗီယက်နမ် ဈေးကွက်ကို လက်လွှတ်ခံ လိမ့်မည်မဟုတ်ပေ။ သူ့စီးပွားရေး အတွက် ပို့ကုန်အခန်း ကဏ္ဍက အဓိကကျ နေသောကြောင့် ဖြစ်သည်။

ဇန်နဝါရီ ၁၂ ရက်က ဗီယက်နမ် ကွန်မြူနစ်ပါတီ ၏ ဥက္ကဋ္ဌ ငုရင်ဖူထျောင် သည် တရုတ်နိုင်ငံသို့ သံတမန် ဆက်ဆံရေး တိုးမြှင့်ရန် သွားရောက်ခဲ့သည်။ နှစ်သစ်၏ ပထမဆုံး နိုင်ငံခြားရေး သံတမန်အဖြစ် တရုတ်တို့က
ဖက်လဲတကင်း ကြိုဆိုကြပြီး အာဆီယံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံကို လက်မလွှတ် ချင်သည့် တရုတ်တို့၏ ပျားရည်ဆမ်း ထားသည့် ကြိုဆိုမှု ဖြစ်သည်။ ထိုနည်းတူစွာ ဗီယက်နမ် ကလည်း တရုတ်နှင့် စစ်ရေးအရ တင်းမာပြီး ထိပ်တိုက် တွေ့ဆုံရန် အလိုမရှိပေ။ သို့သော်လည်း တောင်တရုတ် ပင်လယ်ပြင် အရေးကို တရုတ်တို့က နောက်မဆုတ်ဘဲ ရှေ့ဆက်တိုး လာသောအခါ ဗီယက်နမ်တို့က သူ့နိုင်ငံ၏ လုံခြုံရေးအတွက် မဖြစ်မနေ စစ်ရေးပြင်ဆင် ရတော့သည်။

ယခုတော့ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ က သံတမန်ရေး အရ တောင်တရုတ် ပင်လယ်ပြင် အရေးကို အဖြေရှာနိုင်ရန် ကြိုးစားနေသည်။ ပေကျင်းသို့ လေးရက်ကြာ ချစ်ကြည်ရေး ခရီးတွင် တောင်တရုတ် ပင်လယ်ပြင် အရေးနှင့် အပြန်အလှန် စီးပွားရေး အတွက် အဓိက ပစ်မှတ်ထားပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပစိဖိတ်ဖြတ်ကျော် စီးပွားရေး စီမံကိန်း TPP မှ အမေရိကန်ကို ဆွဲထုတ်လိုက်ခြင်း ကြောင့် ဗီယက်နမ် အတွက် တရုတ်နှင့် ပြန်လည် ဆက်ဆံရေးကို တူးဖော်ရန် စဉ်းစားမိခြင်း ဖြစ်သည်။

မြွေမသေ တုတ်မကျိုး ဆက်ဆံရေးကို ထားရှိရန် ဗီယက်နမ်တို့ အစပျိုးခြင်း ဖြစ်ပြီး တရုတ်နှင့်သာ အပြိုင် လိုက်တင်းမာလွန်း နေလျှင်တော့ ဗီယက်နမ်အတွက် ကောင်းကျိုးက ရှိလိမ့်မည် မဟုတ်ပေ။ ဗီယက်နမ် ဝန်ကြီးချုပ် ဟောင်း ငုရင်တန်ဒေါင် လက်ထက် ၂ဝဝ၉ ခုနှစ်မှစတင်ကာ အနောက်အုပ်စု ဘက်ကို ဗီယက်နမ်အစိုးရ အလေးသာခဲ့ပြီး တရုတ်တို့ကို ထိပ်တိုက် ဆန့်ကျင်မှုများကို ပြုလုပ်ခဲ့သည်။ တရုတ်တို့က ဗီယက်နမ်ကို ရန်သူနိုင်ငံ ဖြစ်ရေးထက် စစ်ရေးအရ မဟာမိတ်ဖွဲ့ကာ ဖိအားပေး နိုင်သည့် အတိုင်းအတာ တစ်ခုအထိ ရောက်အောင် သွားရန် လမ်းကြောင်း များကို ယခုအစပျိုး လာနေသည်။ အမေရိကန်၊ ဗီယက်နမ် နှင့် တရုတ်တို့ သုံးပွင့်ဆိုင် တွေ့ဆုံပွဲတွင် ဗီယက်နမ်၏ ရွေးချယ်မှုက အရေးကြီးသည်။ သေချာသည့် တစ်ချက်ကတော့ တရုတ်ကို ဗီယက်နမ်တို့ သူ့မဟာမိတ် အဖြစ် ရွေးချယ်လိမ့်မည် မဟုတ်ပေ။ ပြည်ပနိုင်ငံ အစိုးရကို ဖိအားပေးတတ် သည့် တရုတ်အတွက် ဗီယက်နမ်တို့ တွင် ရှေ့သင်ခန်းစာ ကောင်းများစွာ ရှိသည်။ တရုတ်ကို မဟာမိတ်အဖြစ် ရွေးချယ်လိုက် ပါက မဟာမိတ် မဖြစ်ဘဲ ကိုလိုနီ ဖြစ်သွားမည်ကို ဗီယက်နမ်တို့ စိုးရိမ် သောကြောင့် ဖြစ်သည်။

ယခုပူပူနွေးနွေး တက်ပြီးခါစ သမ္မတသစ်နှင့် အမေရိကန် နိုင်ငံရေး မတည်ငြိမ် သေးသည့် အချိန်တွင် ဗီယက်နမ်သည် အမေရိကန် ဘက်ကိုလည်း ရာနှုန်းပြည့် မယုံရဲသေး သည့် အနေအထား ဖြစ်သည်။ သို့သော် တရုတ်ကို ပြိုင်မည့် ထရမ့် ကြောင့် ဗီယက်နမ်ကဲ့သို့ တရုတ်နှင့် အတိုင်းအတာ အထိ ရင်ပေါင်တန်းပြီး ပြိုင်သည့် နိုင်ငံမျိုးကို ထရမ့် လက်ပိုက်ကြည့် နေလိမ့်မည် မဟုတ်ပေ။

ထရမ့်၏ တရုတ်ကို ပစ်မှတ်ထားသည့် အာရှရေးရာ နိုင်ငံခြားရေးမူဝါဒ ထဲတွင် ဗီယက်နမ်တို့ စောစီးစွာပင် ပါဝင်ကောင်း ပါဝင်နေမည် ဖြစ်သည်။ အကယ်၍ မပါပါက ဗီယက်နမ်၏ ကျောရိုးဒေါက်တိုင် ဖြစ်လာနိုင်သည့် နိုင်ငံများက ရုရှားနှင့် အိန္ဒိယဖြစ်သည်။ အိန္ဒိယက အာဆီယံနိုင်ငံ များ၏ လုံခြုံရေး မဏ္ဍိုင်တစ်ခု အဖြစ် ရပ်တည်နိုင်ရန် ကြိုးစားနေသည့် အချိန်ဖြစ်ပြီး ရုရှားက စစ်ရေးအရ နယ်မြေသစ်များ စွာကို ရှာဖွေနေသည့် ကာလဖြစ်သည်။ ယခုရုရှား အပါအဝင် နယ်သာလန် ၊ အစ္စရေးတို့နှင့် ဘီလီယံချီ တန်ကြေးရှိသည့် စစ်လက်နက် သဘောတူညီမှု များကို ရယူထားပြီး ဖြစ်ကာ အိန္ဒိယဆီမှ ရေငုပ်သင်္ဘောများ၊ ကင်းလှည့် လေယာဉ်များ၊ ဒုံးကျည်များ နှင့် ဖရီးဂိတ် စစ်သင်္ဘောများကို ဝယ်ယူရန် သဘောတူညီ ထားသူဖြစ်သည်။ စစ်ရေးအရ တရုတ်ကို ယှဉ်ပြိုင်မည့် ဗီယက်နမ်တို့၏ ဘီလီယံနှင့်ချီသည့် မဟာဗျူဟာ စစ်ရေး စီမံကိန်းကြီးလည်း ဖြစ်သည်။

ပြီးခဲ့သည့် သုံးနှစ်ဆက်တိုက် ဆက်ဆံရေးများ သွေးအေးနေပြီး ယခု ဗီယက်နမ် ဘက်က ပြန်လည်ပြီး ထိုအေးခဲမှုကို အဆုံးသတ်ရန် ကြိုးစားလာနေပြီ ဖြစ်သည်။ သူ့အတွက် တရုတ်နှင့် စီးပွားရေးအရ အကျိုးအမြတ် နည်းလျှင် နိုင်ငံ၏ စစ်ရေး တိုးချဲ့မှုကို ထိခိုက်မည် ဖြစ်သည်။ ထို့ကြောင့် တစ်နှစ်လျှင် ကုန်သွယ်ရေး ပမာဏ တိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းကျော် ရှိနေသည့် အညွှန်းကိန်းကို ထပ်မြှင့်ရန် ဗီယက်နမ်တို့ ကြိုးစားနေပြီး အမေရိကန်၊ ရုရှားနှင့် အိန္ဒိယ တို့၏ စိတ်ဝင်စားမှု အောက်တွင် ပါးနပ်စွာ နေသွားမည် ဆိုပါက ဗီယက်နမ် အတွက် အကျိုးအမြတ် ထွက်လာနိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

ဧရာဝတီမြစ်အတွင်း သွားလာနေသည့် သင်္ဘောများကို စောင့်ကြည့်နိုင်မည့် ရေဒါများ အနာဂတ်ကာလတွင် တပ်ဆင်နိုင်ရန် မျှော်မှန်း



မန္တလေး ၊ ၃၀-၁-၂၀၁၇

မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ဧရာဝတီမြစ် အတွင်း သွားလာနေသည့် သင်္ဘောများကို စောင့်ကြည့် နိုင်မည့် ရေဒါများ အနာဂတ် ကာလတွင် တပ်ဆင်နိုင်ရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ ရေကြောင်း ရဲတပ်ဖွဲ့(မန္တလေး) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံသည် အဖိုးတန် မြစ်၊ ချောင်း၊ အင်းအိုင်များ ပေါများသည့်အပြင် သဘာဝ သယံဇာတ ပစ္စည်းများလည်း အများဆုံးထွက် ရှိသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် တည်ရှိနေကာ ပြည်သူတို့၏ အသက် သွေးကြောတစ်ခု ဖြစ်သည့် ဧရာဝတီမြစ်ကြီး မှာလည်း အခြားနိုင်ငံရှိ မြစ်ကြီးများ ကဲ့သို့ ရှည်လျားကာ သဘာဝအတိုင်း အစုန်၊အဆန် စီးဆင်းနေသည့် မြစ်ကြီးတစ်ခု ဖြစ်ကြောင်း၊ ၄င်းမြစ်အတွင်း၌ သွားလာနေသည့် သင်္ဘောများ၏ လုံခြုံရေးအပြင် အခြားသဘာဝ ဘေးအန္တရာယ်များ ကျရောက်မည် ဆိုပါက လုံခြုံဘေးကင်းကာ အမြန်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အတွက် အခြားနိုင်ငံများ ကဲ့သို့ မြစ်အတွင်း၌ ရေဒါများ တပ်ဆင်၍ CCTV များမှတစ်ဆင့် အမြန်ဆုံး သတင်း အချက်အလက် ရရှိစေရေးအ တွက် ရေဒါများကို အနာဂတ် ကာလတွင် ဖြည်းဖြည်းချင်း တပ်ဆင်နိုင်မည် ဟု မျှော်မှန်း ထားကြောင်း သိရသည်။

ယခုလက်ရှိ အချိန်တွင် ဧရာဝတီမြစ် အတွင်း၌ သွားလာနေသည့် သင်္ဘောများ အနေဖြင့် ကျောက်ဆောင်ဖြင့် တိုက်မိပွတ်မိပြီး သင်္ဘောဝမ်းဗိုက် ပေါက်ကာ နစ်မြုပ်မည် ဆိုလျှင် သင်္ဘောများ အတွင်း၌သာ အချက်ပြ ရေဒါကို တပ်ဆင်ထားသည့် အတွက် ၄င်းသင်္ဘော နစ်မြုပ်မည့် နေရာသို့ အခြား သင်္ဘောတစ်စီး ရောက်ရှိမှသာ GPS စနစ်က အချက်ပြပြီး သိရှိနိုင်မည် ဖြစ်သောကြောင့် မြစ်အတွင်း နယ်စပ်ဂိတ်များ အပြင် ဧရာဝတီမြစ် အတွင်း၌လည်း အနာဂတ် ကာလတွင် ရေဒါများကို တပ်ဆင်နိုင်မည် ဟု မျှော်မှန်းထား ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

ပုဂံဒေသတွင် မီးပုံးပျံစီးလိုသည့် နိုင်ငံခြားသားဧည့်သည်နှင့် မီးပုံးပျံအလုံးရေ မျှတမှုမရှိသေး



ညောင်ဦး ၊ ၃၀-၁-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်း၌ လာရောက်ကြသည့် ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်း အထက်ဝေဟင် မှ မီးပုံးပျံစီး၍ ကြည့်ရှုလေ့လာ လိုသူများ များသော်လည်း လက်ရှိတွင် မီးပုံးပျံစီး လိုသည့် (Balloonist) နိုင်ငံခြားသား ဧည့်သည်နှင့် ပုဂံဒေသအတွင်းရှိ မီးပုံးပျံအလုံးရေမှာ မျှတမှု မရှိသေးကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီး ဌာန(ပုဂံရုံးခွဲ)မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

၂ဝ၁၆ခုနှစ် အောက်တိုဘာ လမှ ဒီဇင်ဘာလထိ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်းသို့ အများဆုံး လာရောက်လည်ပတ် ကြသည့် အမေရိကန် ၊ ဗြိတိန်၊ဂျာမနီ၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံသားများ အနေဖြင့် ပုဂံဒေသ၏ စေတီမြင်ကွင်း၊ ဧရာဝတီမြစ်ကြောင်း ရှုခင်း၊ တုရင်တောင်၊ တန့်ကြည်တောင် ရှုခင်းအလှအပ များကို ကောင်းကင်ယံမှ ကြည့်ရှုလို ကြသော်လည်း လက်ရှိ ပုဂံဒေသ၌ ခရီးသွား ကုမ္ပဏီများက မီးပုံးပျံ အရေအတွက် နည်းပါးပြီး မီးပုံးပျံ စီးလိုသည့် နိုင်ငံခြားသား ဧည့်သည်များပြား နေမှုကြောင့် နှစ်ရက်၊ သုံးရက် ကြိုတင်စာရင်းပေး ခြင်းများ ပြုလုပ်နေကြ ရသည်။

ပုဂံရှေးဟောင်း နယ်မြေအတွင်း၌ ၂ဝ၁၆ ခုနှစ်က နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှု အရေအတွက်မှာ ဒီဇင်ဘာလထိ ၂၈၃၈၇၇ ဦး ဝင်ရောက်ခဲ့ပြီး ယနေ့အချိန်ထိ ဧည့်သည် ဝင်ရောက်မှု များပြားနေဆဲ ဖြစ်သကဲ့သို့ ယခုအခါ မီးပုံးပျံစီးလိုသည့် နိုင်ငံခြားသား များမှာလည်း ပိုမိုများပြား နေဆဲဖြစ်သည်။ 

လက်ရှိ ပုဂံဒေသတွင် ခရီးသွား ကုမ္ပဏီ ၃ ခု ၊ မီးပုံးပျံ ၂၁ လုံးဖြင့်သာ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင် သေးသဖြင့် မီးပုံးပျံစီးလိုသည့် နိုင်ငံခြားသား များအတွက် မီးပုံးပျံ အလုံးရေ ရာနှုန်းပြည့် မဖြည့်ဆည်းပေး နိုင်သေးကြောင်း သိရသည်။

ပုဂံဒေသတွင် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ မှစ၍ ၂ဝ၁၇ခုနှစ် ဖေဖော်ဝါရီလ ထိ အဆိုပါ ကုမ္ပဏီများက မီးပုံးပျံဖြင့် ခရီးသွား ဝန်ဆောင်မှုများ ပြုလုပ်ပေး နေကြောင်း၊ ဇုန်အတွင်း မီးပုံးပျံဖြင့် ပျံသန်း လေ့လာမှုခွင့် ပြုချိန်မှာ တစ်နာရီ သတ်မှတ် ထားကြောင်း၊ မီးပုံးပျံစီးရာတွင် အရွယ်အစား အလိုက် ၈ ဦး၊ ၁၆ ဦး စီးနင်းနိုင်ကြောင်း၊ မီးပုံးပျံ တစ်လုံးလျှင် လိုက်ပါသည့် လူဦးရေအပေါ် မူတည်၍ အများဆုံး ဒေါ်လာ ၉၅ဝ ပေးရကြောင်း ၄င်းက ဆက်လက် ပြောပြကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

ပေါ်လံကြီးဆင်စခန်းသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှုများလာ



ပေါက်ခေါင်း ၊ ၃၀-၁-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် နဝင်းချောင်းဖျား ပဲခူးရိုးမရှိ တောင်နဝင်း ကြိုးဝိုင်းသစ်တော အတွင်း၌ ပေါ်လံကြီး သဘာဝဘေးမဲ့ ဆင်စခန်းကို ဖော်ဆောင်ထားရာ နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှု များပြား လာသော်လည်း ဆင်အကောင်ရေ နည်းပါးခြင်းကြောင့် လာရောက် လည်ပတ်မည် ဆိုပါက ကြိုတင် အကြောင်းကြား ပေးရမည် ဖြစ်ကြောင်း ပေါ်လံကြီး ဆင်စခန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ဆင်စခန်းအတွင်း ဆင်အကောင်ရေ ၁၂ ကောင်အထိ ရှိပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ရာတွင် အဆင်ပြေစေရေး သက်ဆိုင်ရာ ခရီးသွား အေဂျင်စီများက ကြိုတင် အကြောင်းကြား ပေးရန် လိုအပ်ကြောင်း သိရသည်။

ထို့ပြင် သဘာဝအတိုင်း တောထဲ၌ လွှတ်ပေးထားသော ဆင်များကို နိုင်ငံခြား ခရီးသွားဧည့်သည် များက လေ့လာလိုပါက အကြောင်းကြား ပေးရန် လိုအပ်ကြောင်း၊ ဆင်စခန်း အကျယ်အဝန်းမှာ ငါးဧကကျော် ရှိပြီး လာရောက် လေ့လာသော ပြည်တွင်းပြည်ပ ခရီးသွား များပြားလျက် ရှိကြောင်း သိရသည်။

ယင်း ဆင်စခန်းသို့ လာရောက် လည်ပတ်သော ပြည်တွင်း ခရီးသွား တစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၁ဝဝဝ သတ်မှတ်ထားပြီး ဆင်စီးခမှာ ငွေကျပ် ၅ဝဝဝ ဖြစ်ကြောင်း၊ နိုင်ငံခြားခရီးသွား ဧည့်သည် တစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၂ဝဝဝဝ သတ်မှတ်ထားပြီး ဆင်စီးခမှာ ငွေကျပ် ၂ဝဝဝဝ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆင်စခန်းအတွင်းမှ ရရှိသော ဝင်ငွေများကို ဆင်များ၏ ကျန်းမာရေး ကုသစရိတ်နှင့် စောင့်ရှောက်မှု ကုန်ကျစရိတ်များ အတွက် အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

တပ်ပိုင်စိုက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအား ပြည်သူ့အကျိုးပြုလုပ်ငန်း တစ်ရပ်အနေဖြင့် ခံယူပြီး လုပ်ငန်းများ အောင်မြင်စေရန် ကြိုးစားလုပ်ဆောင်



နေပြည်တော် ၊ ၃၀-၁-၂၀၁၇

တပ်ပိုင် စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်ငန်းများသည် အမြတ်အစွန်း အတွက် မဟုတ်ဘဲ စစ်သည် မိသားစုများ၏ သက်သာချောင်ချိမှု အတွက် လုပ်ဆောင်သော လုပ်ငန်းများ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဈေးနှုန်း သက်သက်သာသာ ဖြင့် အရည်အတွက် ပမာဏများ များ ထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက် ရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေး စခန်းသို့ သွားရောက် စစ်ဆေးစဉ် ထည့်သွင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေး စခန်းသို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူ များက စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။

မွေးမြူရေးလုပ်ငန်း များနှင့် ပတ်သက်၍ Evap Type အအေးပေး စနစ်ဖြင့် Novogen Brown ဥစားကြက်၊ မီးကိုင် ဥစားကြက်နှင့် အသားတိုး ကြက်မွေးမြူ ထားရှိမှု အခြေအနေများ၊ DYL ဝက်များ၊ အသားတိုးဝက်နှင့် ဝက်သားပေါက်များ မွေးမြူရောင်းချမှု အခြေအနေများ၊ ငါးကန်များ အတွင်း သုံးလွှာစနစ်ဖြင့် ငါးမျိုးစုံမွေးမြူ ထားရှိမှု အခြေအနေများ၊ နို့စားနွား မွေးမြူထားရှိမှု နှင့် နွားနို့ ထုတ်လုပ်ရောင်းချမှု အခြေအနေများ၊ စိုက်ပျိုးရေး လုပ်ငန်း များနှင့် ပတ်သက်၍ စိန်တစ်လုံး သရက်၊ တစ်သျှူးငှက်ပျော၊ ငွေနှင်းမှို၊ ကြယ်ပဲ နှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ စိုက်ပျိုးထားရှိမှု အခြေအနေ များကို ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှု အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ အဓိက လုပ်ငန်းတာဝန် သုံးရပ်မှာ နိုင်ငံတော် ကာကွယ်ရေး၊ လေ့ကျင့်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေးတို့ ဖြစ်ကြောင်း၊ တပ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြင့် စစ်သည်မိသားစု များ၏ စားရေးကို တိုက်ရိုက် သက်သာချောင်ချိမှု ရရှိစေသည် သာမက စားကုန်များ ထုတ်လုပ်နိုင်ခြင်း ကြောင့် ဒေသတွင်း ကုန်ဈေးနှုန်း တည်ငြိမ်မှုအတွက် တစ်ဖက်တစ်လမ်း မှ အထောက်အကူ ပြုကြောင်း ၊ ထိုသို့ စိုက်ပျိုးမွေးမြူခြင်း မပြုပါက ယင်းစားကုန် များကို ဒေသတွင်း ဈေးကွက်မှ ဝယ်ယူစားသုံး ရမည် ဖြစ်၍ ဝယ်လိုအားများပြီး ဈေးနှုန်းများ ကြီးမြင့် လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တပ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းအား ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ် အနေဖြင့်ခံယူပြီး လုပ်ငန်းများ အောင်မြင်စေရန် ကြိုးပမ်း လုပ်ဆောင်ကြ ရမည် ဖြစ်ကြောင်း ၊ ဈေးကွက် ဝယ်လိုအားနှင့် လိုအပ်ချက်အပေါ် မူတည်၍ လုပ်ငန်းများ တိုးချဲ့ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ၏ အထွက်နှုန်း ကောင်းမွန်အောင် စီမံ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ရန် လိုကြောင်း ၊ မည်သည့် လုပ်ငန်းမဆို တိုးတက်လိုပါက လေ့လာလုပ်ဆောင် ကြရမည်ဖြစ်ကြောင်း ဖြင့် မှာကြားသည်။

ဆက်လက်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် မျိုး၊ မြေ၊ ရေနှင့် နည်းစနစ်တို့မှာ အရေးကြီးကြောင်း ၊ မျိုးရွေးချယ်မှု မှန်ကန်ရန်၊ မြေနှင့်ရေကို စနစ်တကျ မှန်ကန်စွာ အသုံးပြုရန်၊ စိုက်ပျိုးမွေးမြူမှု နည်းစနစ် ကျနရန် လိုအပ်ကြောင်း၊ Green House ဖြင့် စိုက်ပျိုးခြင်းမှာ အောင်မြင်သည့် နည်းစနစ် ဖြစ်ခြင်းကြောင့် ရာသီသီးနှံများ၊ ဟင်းသီးဟင်းရွက် များအား ယင်းနည်းစနစ်ဖြင့် စိုက်ပျိုးကြ ရမည်ဖြစ်ကြောင်း၊ ရေကိုလည်း ခြိုးခြံချွေတာပြီး လိုသလောက်သာ အသုံးပြုရန် လိုကြောင်း ၊ မိမိတို့၏ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများသည် စံနမူနာပြ ဖြစ်အောင် စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ပြင်ပမှ တချို့ တီလားဗီးယားငါး အစာများတွင် အကောင်ကြီးထွား စေသည့် ဟော်မုန်းဆေးများ ပါဝင်ခြင်းကြောင့် ငါးအစာများကို ကိုယ်တိုင်ထုတ်လုပ် ကျွေးမွေးနိုင်ရေး၊ အောင်မြင် နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအား တိုးချဲ့ ဆောင်ရွက်၍ တိုင်းစစ်ဌာနချုပ် အတွင်းတွင် သာမက ပြင်ပသို့ပါ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနိုင်သည် အထိ ကြိုးပမ်း ဆောင်ရွက်ရေး တို့အား မှာကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသ ထားသည့် တိုင်းစစ်ဌာနချုပ် စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေး စခန်းမှ ထွက်ရှိသော ငွေနှင်းမှို၊ ကြယ်ပဲနှင့် ခြံထွက်သီးနှံ များအား ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်း အတွင်းရှိ ကြယ်ပဲများ စိုက်ပျိုးထားရှိမှု၊ ငါးကန်များအတွင်း ငါးများမွေးမြူ ထားရှိမှု၊ နို့စားနွားများ မွေးမြူထားရှိမှု၊ DYL ဝက်များအား Battery Case ဖြင့် မွေးမြူထားရှိမှု၊ DYL  မျိုးဝက်မ များအား သီးခြားစီခွဲ၍ ထားရှိမှု၊ သားခွဲအသား တိုးဝက်ပေါက်များ မွေးမြူထားရှိမှု နှင့် အသားတိုးဝက်များ မွေးမြူထားရှိမှု တို့အား လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

အဆိုပါ စိုက်ပျိုးမွေးမြူရေး ခြံမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များနှင့် အသား၊ ငါး၊ ကြက်ဥများအား ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂၈ ရက်အထိ တပ်မတော်သား မိသားစုဝင်များ အတွက် ကြက်ဥ ၈၂၄၅ဝ၁ လုံး၊ ဝက်သား ၄၇၉ ပိဿာ၊ ဝက်သား ပေါက်ကောင်ရေ ၉၃ ကောင်၊ ငါး ၈၇၃၃ ပိဿာ၊ နွားနို့ ၂၉ဝဝ၈ ပိဿာ၊ ငွေနှင်းမှို ၂၁၈ ပိဿာ နှင့် အသားတိုးကြက် ၆၂၉၉ ပိဿာအား ပြင်ပ ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေ အတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းဆရာ၊ ဆရာမများအား ရောင်းချပေးနိုင် ခဲ့ကြောင်းနှင့် ၅ လ အတွင်း သက်သာချောင်ချိမှု အနေဖြင့် ကျပ်သိန်း ၃ဝဝ ကျော် ဆောင်ရွက်ပေး နိုင်ကြောင်း သိရှိရသည်။






မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

Efforts should be made for success of Tatmadaw-owned agriculture and livestock breeding industries by accepting them as public welfare activities


Senior General Min Aung Hlaing inspects breeding of piglets.

Nay Pyi Taw January 30

The Tatmadaw-owned agriculture and livestock breeding industries are only for the welfare of Tatmadaw families but not for the prof its. So efforts should be made to ensure cheap prices and mass production, said Commander-in- Chief of Defence Services Senior General Min Aung Hlaing on his inspection tour of the model integrated farm of the Central Command yesterday morning.

The Senior General, accompanied by Commander-in-Chief (Navy) Admiral Tin Aung San, Commanderin- Chief (Air) General Khin Aung Myint, senior military officers from the Office of the Commander-in- Chief (Army) and the commander of Central Command, arrived at the model integrated farm this morning. At the briefing hall of the farm, officials reported to the Senior General and the party on breeding of Novogen Brown layers with the use of Evap Type cooling system, other layers, broilers, breeding and selling of DYL pigs, meat pigs and piglets, breeding of various kinds of fishes with threelayer system, breeding of dairy cows, milk production and selling and growing of Seintalone mango, tissue-cultured banana, Ngwehnin mushroom, star bean and vegetable plantations.

In response to the reports, the Senior General said three main duties of the Tatmadaw are: State defence, training and performing the public’s welfare. The Tatmadawowned agricultural and livestock breeding businesses would not only bring about the welfare of the families of the Tatmadaw but also help support the stability of commodity prices in the region thanks to the production of foodstuffs. If not, they would have to buy these foodstuffs in local markets. As a result, there would be high demand and prices, high. Efforts should be made for the success of it by accepting these works as the public welfare activities. It needs to manage extension of businesses depending on supply and demand of the market and increase of agriculture and livestock products. The Senior General noted that if one wants to develop any task, one must study about it.

Then, the Senior General said that quality strains and pedigree species, soil, water and techniques are of importance in agriculture and livestock breeding tasks. It is necessary to make choice of correct strains, systematic use of soil and water, and systematic carrying out of agriculture and livestock breeding. Seasonal crops and vegetables must be grown through greenhouse system as it is a successful technique. The Senior General spoke of the need to save the water for efficient use. They have to manage agriculture and livestock breeding tasks as samples. As some aqua feeds for Tilapia fish contain hormones which can develop the fish, they must try hard to produce aqua feeds themselves and give it to fish and extend successful agriculture and livestock farms in order to sell products inside and outside the command headquarters at fair prices.

Then, the Senior General and party inspected Ngwehnin mushroom, star bean and crops produced from the model integrated farm of the command headquarters.

Next, the Senior General viewed around cultivation of star bean plantations, operating of fish farms, breeding of dairy cows, breeding of DYL pigs at battery cases, separate keeping of female pedigree DYL pigs, breeding of piglets and adult pigs.

Vegetables, meat, fish and eggs produced from the integrated farm were sold to families of Tatmadawmen. From 1 September 2016 to 28 January 2017, a total of 824,501 eggs, 479 viss of pork, 93 piglets, 8,733 viss of fish, 29,008 viss of milk, 218 viss of Ngwehninmushroom and 6,299 viss of chicken were sold to officers, other ranks and families of the military command and teachers at fair prices, fetching more than Ks-30 million for welfare tasks during the five-month period.

The Myawady Daily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရတနာပုံသတင်းစာတိုက် အား ကြည့်ရှုစစ်ဆေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရတနာပုံသတင်းစာတိုက် အတွင်း 
လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ်

နေပြည်တော် ၊ ၃၀-၁-၂၀၁၇

နေ့စဉ်ထုတ်သတင်းစာ ၏ သဘော သဘာဝမှာ မှန်ရန်နှင့် မြန်ရန်လိုကြောင်း၊ မိမိသတင်းစာ၏ သတင်းများသည် မှန်ကန်မှုရှိပြီး ပြည်သူလူထု စိတ်ဝင်စားသည့် သတင်းများ၊ စာဖတ်သူအား အကျိုးရှိစေသည့် သတင်းများ၊ သတင်းဦး သတင်းထူးများ ဖြစ်ရန်လိုကြောင်း၊ သတင်းစာ၏ သတင်း အရည်အသွေးနှင့် ပုံနှိပ်အရည် အသွေးများလည်း ကောင်းမွန်ရမည် ဖြစ်ကြောင်း၊ နံနက်မိုးလင်း သည်နှင့် သတင်းစာအား စာဖတ်သူလက်ထဲ ရောက်အောင် မြန်မြန်ဆန်ဆန် ဖြန့်ချိပေးနိုင် ရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နေ့လယ်ပိုင်းတွင် ရတနာပုံ သတင်းစာတိုက် အား သွားရောက် ကြည့်ရှု စစ်ဆေးစဉ် ထည့်သွင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး
(ကြည်း)မှ တပ်မတော် အရာရှိကြီးများ နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါ၍ ယမန်နေ့ နေ့လယ်ပိုင်းတွင် ရတနာပုံ သတင်းစာတိုက် အား သွားရောက် ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်  အဖွဲ့ဝင်များအား အစည်းအဝေး ခန်း၌ စာတည်းမှူးချုပ်က ရတနာပုံသတင်းစာ ပုံနှိပ်ဖြန့်ချိမှု အခြေအနေ များအား ရှင်းလင်းတင်ပြရာ ရှင်းလင်း တင်ပြမှုများ အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ပိုင် သတင်းထောက်များ အနေဖြင့် နယ်ပယ်စုံမှ ဒေသသတင်းများကို ယခုထက်ပိုမို ၍ ရယူရေးသား နိုင်ရေး၊ မိမိ၏ သတင်းကို ခိုင်ခိုင်မာမာ တာဝန်ယူ၊ တာဝန်ခံ၍ ရေးသား ဖော်ပြရေး၊ သတင်းစာ မှတစ်ဆင့် ပြည်သူလူထု စိတ်ဝင်စားမည့် အကြောင်းအရာ များကို ကဏ္ဍစုံလင်စွာ ထည့်သွင်း အသိပေးဖော် ပြနိုင်ရေးတို့အား ကြိုးစား လုပ်ဆောင်ရန် မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရတနာပုံ သတင်းစာတိုက် အတွင်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ များကို လိုက်လံကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူ များက ရှင်းလင်း တင်ပြကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သတင်းစာတိုက် ဝန်ထမ်းများ အတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Senior General Min Aung Hlaing inspects Yadanarbon Daily


Senior General Min Aung Hlaing hears reports on working processes of Yadanarbon Daily presented by an off icial.

Nay Pyi Taw January 30

Correctness and swiftness is the value of news. The daily must carry news that is accurate, public interesting and beneficial and the scoop. News and printing quality must be good. The newspaper must reach every reader every morning, said Commander-in-Chief of Defence Services Senior General Min Aung Hlaing during his inspection of Yadanarbon Daily yesterday afternoon.

The Senior General accompanied by Commander-in- Chief (Navy) Admiral Tin Aung San, Commander-in- Chief (Air) General Khin Aung Myint, senior military officers of the Office of the Commander-in-Chief (Army) and the commander of Central Command inspected the daily yesterday afternoon.

At the meeting hall, the Senior General and party heard a report on the daily’s publication presented by the chief editor. The Senior General said reporters of the daily should strive to gather and report news from more regions, take the responsibility and accountability of their news reports, and feature a wider variety of public interesting sectors. He looked into the requirements.

Officials then conducted the Senior General and party round the daily. The Senior General presented cash awards for the staff of the daily.

The Myawady Daily

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁-၂၀၁၇)

Download Links


Friday, January 27, 2017

မြ၀တီရသစုံမဂ္ဂဇင်း အတွဲ(၆၅) အမှတ်(၄)



မြ၀တီရသစုံမဂ္ဂဇင်း အတွဲ(၆၅) အမှတ်(၄)
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ

Download Links


ငွေတာရီမဂ္ဂဇင်း အတွဲအမှတ်(၆၇၉)



ငွေတာရီမဂ္ဂဇင်း အတွဲအမှတ်(၆၇၉)
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ

Download Links


ဟိမ၀န္တာတောင်တန်းဒေသ ထိန်းသိမ်းရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံ ပါဝင်မည်



ရန်ကုန် ၊ ၂၇-၁-၂၀၁၇

အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွံ့ဖြိုးရေး ဌာန (ICIMOD) နှင့်ပူးပေါင်း၍ မဲခေါင်၊ ယန်စီနှင့် သံလွင်မြစ် တို့မြစ်ဖျားခံရာ ဟိမဝန္တာ တောင်တန်းဒေသ ထိန်းသိမ်းရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံ ပါဝင်မည် ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်နှင့် ဘူတန်နိုင်ငံ တို့ ပူးပေါင်းဆောင်ရွက်နေသော ဟိမဝန္တာ တောင်တန်းဒေသ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံကို ယခုနှစ်တွင် ဖိတ်ခေါ်ခြင်း ဖြစ်ပြီး ထိန်းသိမ်းရေး လုပ်ငန်းများကို ၂ဝ၁၈ ခုနှစ် တွင် စတင်မည် ဖြစ်ကာ ငါးနှစ်စီမံကိန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါငါးနှစ် စီမံကိန်းတွင် တောင်တန်းဒေသ၌ နေထိုင်သည့် ဒေသခံများ လူမှုဘဝ ဖွံ့ဖြိုးရေး၊ ရေခဲအရည်ပျော်ခြင်း ကြောင့် ဖြစ်ပေါ်လာမည့် သဘာဝ ဘေးအန္တရာယ် များကို နည်းပညာဖြင့် ပူးပေါင်း အဖြေရှာရေးနှင့် သုတေသန လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း သိရသည်။

ဟိမဝန္တာ တောင်တန်းဒေသ ထိန်းသိမ်းရေး အတွက် အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွံ့ဖြိုးရေး ဌာနနှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ယခုလအတွင်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သုတေသန လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန်နှင့် ရေဝေရေလဲ အုပ်ချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံက ဆွေးနွေးခဲ့သည်။

အဆိုပါလုပ်ငန်းများ အပြင် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းများ ပူးပေါင်း အကောင်အထည် ဖော်ရန်နှင့် သဘာဝ ဘေးအန္တရာယ်များ တွေ့ကြုံရပါက ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

ပလိပ်-ဘဲလင်း-စဥ့်ကိုင် ရထားလမ်းပိုင်း ALLTM စက်ကြီးဖြင့် အဆင့်မြှင့်တင်နေမှုကို ဖေဖော်ဝါရီလအတွင်း အပြီး လုပ်ဆောင်မည်



မန္တလေး ၊ ၂၇-၁-၂၀၁၇

ရန်ကုန်-မန္တလေး အစုန် ၊ အဆန်လမ်းပိုင်းရှိ ပလိပ်-ဘဲလင်း- စဥ့်ကိုင် ရထားလမ်းပိုင်း ALLTM စက်ကြီးဖြင့် အဆင့်မြှင့်တင် မှုကို ယမန်နေ့မှစ၍ ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီလ အတွင်း အပြီးလုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမြို့ပြ နှင့် အင်ဂျင်နီယာ ဌာန (မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ ရန်ကုန်-မန္တလေး အစုန်၊ အဆန် လမ်းပိုင်းကို ALLTM စက်များဖြင့် ရထားလမ်းပိုင်း အရည်အသွေး မြှင့်တင်နိုင်ရန် အတွက် ယခင်ဘဏ္ဍာနှစ် အတွင်း က မန္တလေးတိုင်း ဒေသကြီးအတွင်း ၌ ကြိုတင် ပြင်ဆင်မှုများ အနေဖြင့် ဇလီဖားတုံး အကွာအဝေး မှန်ကန်စေရန်၊ သံလမ်းအဆက် Joint Square ဖြစ်စေရန်၊ သံလမ်းနှင့် ဆက်စပ်ပစ္စည်းများ ပြည့်စုံရန်၊ Rail-Gap အဆက် မှန်ကန်ရန်၊ ရထားသံလမ်း များတွင် ထည့်သွင်း ထားသည့် ကွန်ကရစ် ဇလီဖားတုံး နှင့် သစ်သား ဇလီဖားတုံး မှန်ကန်စေရန် စသည့်အချက် များကို ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားခဲ့ရာ ယနေ့မှစ၍ ပလိပ် - ဘဲလင်း- စဥ့်ကိုင်လမ်းပိုင်း ၁ဝမိုင်ကို ALLTM စက်ဖြင့် အကြီးစား အဆင့်မြှင့်တင် မှုကို ဖေဖော်ဝါရီလ အတွင်း အပြီးလုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

''အခု အဆင့်မြှင့်တင် နေတဲ့စက်တွေက ကွန်ပျူတာ စနစ်နဲ့ အော်တိုလုပ်ဆောင် ပေးတဲ့စက်ပါ။ စက်ရဲ့ အသုံးဝင်ပုံ ကတော့ လမ်းကို အဖြောင့်ဆွဲတဲ့ နေရာရယ်၊ ရေချိန် မှန်အောင်နဲ့ ဇလီဖားတုံးကို ပတ်ကင်ရိုက်တဲ့ နေရာတွေမှာ အလွန် ကောင်းတယ်။ ပြီးတော့ ရထားလမ်းပိုင်း တွေမှာ အနိမ့်အမြင့် မညီလို့ ခုန်နေတာတွေ ကိုလဲ တစ်ပြေးညီတည်း ဖြစ်အောင် ချိန်ပေးနိုင်တဲ့ စက်ပါ''ဟု ၄င်းက ပြောပြသည်။

၂ဝ၁၆ခုနှစ် ဇူလိုင်လ အတွင်းမှစ၍ တိုင်း-၅ ဧရိယာဖြစ်သည့် နေပြည်တော် ပျဉ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း နှင့် သာစည်လမ်းပိုင်း တို့ရှိ လမ်းများကို ၄င်းစက်များဖြင့် အဆင့်မြှင့်တင်ခဲ့ ရာမှ မန္တလေးလမ်းပိုင်း ဖြစ်သည့် ရွာပုလဲဘူတာမှ ကျောက်ဆည် ဘူတာထိကို ဒီဇင်ဘာလ ပထမပတ်က စတင်လုပ်ဆောင် ခဲ့ပြီး ယခုလက်ရှိ ပလိပ်-ဘဲလင်း- စဥ့်ကိုင် လမ်းပိုင်းကို ယနေ့မှစ၍ အကြီးစား အဆင့်မြှင့်တင် မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

''အခု အဆင့်မြှင့်တင် မှုတွေ ဆောင်ရွက်ပြီး သွားရင် ရန်ကုန်- မန္တလေး အစုန်၊ အဆန် လမ်းပိုင်းကို အရင်က နှစ်နာရီ လောက်ကြာတယ် ဆိုရင် တစ်နာရီ လောက်နဲ့ အရောက်ပို့ဆောင် ပေးနိုင်တော့ မှာပါ။ မြို့တွင်းလမ်းပိုင်း တွေကိုလဲ အဆင့်မြှင့်တင် မှုတွေ လုပ်ဆောင် နေပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

တောင်ဇင်း နှင့် စက်စက်ယို ရေပေးရေးစီမံကိန်း တို့မှ လာမည့်နွေဥတုတွင် ညောင်ဦးမြို့နယ်အတွင်း ကျေးရွာ ၉၈ ရွာကို သောက်သုံးရေ ဖြန့်ဝေမည်



ညောင်ဦး ၊ ၂၇-၁-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် သည် အပူပိုင်းဇုန် ဒေသအတွင်း ပါဝင်ပြီး မိုးရွာသွန်းမှု နည်းပါးသဖြင့် သောက်သုံးရေ အခက်အခဲ များ မကြုံစေရန် တောင်ဇင်း ရေပေးရေးနှင့် စက်စက်ယို ရေပေးရေးစီမံကိန်း တို့မှ လာမည့်နွေဥတုတွင် ကျေးရွာပေါင်း ၉၈ ရွာကို သောက်သုံးရေများ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ညောင်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ညောင်ဦးမြို့နယ် ဧရာဝတီမြစ် နတ်သမီး ကမ်းပါးရေစက်ရုံမှ ငှက်ပစ်တောင် ထိ မြစ်ရေတင်ယူပြီး ငှက်ပစ်တောင်မှ တစ်ဆင့် တောင်ဇင်းကျေးရွာ ရေပေးရေး ပိုက်လိုင်းနှင့် စက်စက်ယို ကျေးရွာ ရေပေးရေး ပိုက်လိုင်းဟူ၍ လိုင်းနှစ်မျိုး ခွဲခြားပြီး ကျေးရွာပေါင်း ၉၈ ရွာကို လာမည့် နွေဥတုတွင် သောက်သုံးရေ အပြည့်အဝ သုံးစွဲနိုင်ရန် စက်ပိုင်းဆိုင်ရာ များနှင့် ပိုက်လိုင်းများ ကို ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်၍ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

''အရင်နှစ်တွေ ကတော့ စည်ပင်သာယာရေး အဖွဲ့က တာဝန်ယူပြီး ကျေးရွာ ခုနစ်ရွာကို သောက်သုံးရေ ပေးဝေခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁ ရက်ကစပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက တာဝန်ယူပြီး ကျေးရွာပေါင်း ၉၈ ရွာအတွက် ရေပေးဝေရေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ ပါတယ်။ လာမယ့် နွေဥတု ကာလမှာ ကျေးရွာပေါင်း ၉၈ ရွာကို လွယ်လွယ်ကူကူ သောက်သုံးရေ ပေးဝေနိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီနှစ် နွေဥတုမှာတော့ သောက်သုံးရေကို အပြည့်အဝ ပေးဝေသွားမှာပါ'' ဟု ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မင်းနောင် က ပြောပြသည်။

အဆိုပါ ရေပေးရေး စီမံကိန်းများမှ တောင်ဇင်း ရေပေးရေး ပိုက်လိုင်းအရှည်မှာ ၂၃ မိုင်၊ ရေတွန်းစက်ရုံ ငါးရုံ၊ ကျေးရွာ ရေဝေတိုင် ၂၄ တိုင်၊ အကျိုးပြု ကျေးရွာ ၃၉ ရွာဖြစ်ပြီး စက်စက်ယို ကျေးရွာ ရေပေးရေး ပိုက်လိုင်းအရှည် ၃၆ မိုင်၊ ရေတွန်းစက်ရုံ ခုနစ်ရုံ၊ ရေဝေတိုင်ပေါင်း ၃၄ တိုင်၊ အကျိုးပြု ကျေးရွာ ၅၉ ရွာရှိကာ ဒေသခံ ပြည်သူများအတွက် သောက်သုံးရေကို ရာသီမရွေး ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၄)

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုကိုးကျွန်းမြို့ရှိ အရာရှိ ၊ စစ်သည် ၊ မိသားစုများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံစဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများအား 
ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၇-၁-၂၀၁၇

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ကိုကိုးကျွန်းမြို့သို့ ရောက်ရှိရာ လေဆိပ်၌ တပ်မတော်(ရေ) မှအရာရှိကြီးများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် ကိုကိုးကျွန်းရေတပ် အခြေစိုက်စခန်း ရှင်းလင်းဆောင် ၌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) အား ရေတပ်စခန်းမှူး က ရည်မှန်းချက် တာဝန်အပေါ် အကောင် အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ ဥစားကြက်၊ DYL ဝက်အပါအဝင် မွေးမြူရေး ဆောင်ရွက် ထားရှိမှု၊ မျိုးကောင်းအုန်းပင် များစိုက်ပျိုးမှုနှင့် မိုးရာသီကာလ အုန်းပင် တစ်အုပ်တစ်မ စိုက်ပျိုးနိုင်မှု အခြေအနေများ၊ အုန်းစိုက်ပျိုးရေး နှင့် အုန်းထွက်ပစ္စည်း ထုတ်လုပ်ရေး အတွက် ဒေသခံများ နှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေး အတွက် စိုက်ပျိုးရေ နှင့် သောက်သုံးရေ လုံလောက်စွာ ရရှိရေး၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေ တို့အား ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှု အပေါ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်း ဆိပ်ခံတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။ ယင်းနောက် ကျွန်းပတ်လမ်း အတိုင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု ကြပြီး ကိုကိုးကျွန်း ပတ်လမ်းမှ ကြွက်ကျွန်းသို့ သွားသည့် မြေသားလမ်း ဖောက်လုပ်ရန် လျာထားမှု အခြေအနေ များအား ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) သည် ကိုကိုးကျွန်းမြို့နယ် ခန်းမ၌ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများအား တွေ့ဆုံ၍ ကိုကိုးကျွန်းဒေသ သည် နိုင်ငံတော်အတွက် ရေကြောင်း စိုးမိုးမှု မဟာဗျူဟာကျသော နေရာဖြစ်သဖြင့် နိုင်ငံတော်လုံခြုံရေး အတွက် အရေးကြီးသည့် အခြေအနေများ၊ နိုင်ငံတော်အစိုးရ နှင့် တပ်မတော်မှ ကိုကိုးကျွန်းမြို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည် များအား ဖြည့်ဆည်း ဆောင်ရွက်ပေး နေမှုများနှင့် ကိုကိုးကျွန်းမြို့ ဖွံ့ဖြိုးတိုးတက် လာမှု အခြေအနေများ၊ ကိုကိုးကျွန်းမြို့ တွင် တာဝန်ထမ်း ဆောင်လျက် ရှိသည့် နိုင်ငံ့ဝန်ထမ်း များနှင့် ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေ စေရန်အတွက် တပ်မတော်မှ လေယာဉ်၊ ရေယာဉ်များဖြင့် ပို့ဆောင်ပေးနေမှု အခြေအနေများ၊ နယ်မြေခံ ရေတပ်စခန်း ဌာနချုပ်မှ ဥစား ကြက်များ မွေးမြူပြီး ဒေသခံပြည်သူ များသက်သာ ချောင်ချိရေးအတွက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေမှု အခြေအနေများနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော် မှ နိုင်ငံတော်အစိုးရ နှင့် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက နယ်မြေဒေသ အခြေအနေများအား ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။

ယင်းနောက် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ အတွက် တပ်မတော်အရာရှိ ကြီးများက စားသောက်ဖွယ်ရာများ ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က တွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 
ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုစဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 
အုန်းထွက်ပစ္စည်းများဖြင့် ပြုလုပ်သည့် အိမ်အလှဆင်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ 
ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးစဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
အုန်းဆီသန့်စက်ရုံအတွင်း အုန်းဆီသန့်ထုတ်လုပ် နေမှုတို့ကို ကြည့်ရှုစစ်ဆေးစဉ်

၎င်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက် ကုသလျက်ရှိသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြား၍ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ညနေပိုင်းတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) သည် ကိုကိုးကျွန်း တပ်နယ်ခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က ကိုကိုးကျွန်းမြို့သည် မိမိတို့နိုင်ငံ၏ အနောက်တောင်ဘက် အစွန်ဆုံးတံခါးဝ ဖြစ်ပြီး ရေကြောင်းစိုးမိုးမှု မဟာဗျူဟာ ကျသည့် နေရာဒေသတစ်ခု ဖြစ်သောကြောင့် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေရမှုကို ဂုဏ်ယူနေကြရမှာ ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် ကျွန်းများ၏ အရေးပါမှုသည် ပိုမို၍သိသာ ထင်ရှားပြီး အရေးပါ လာကြောင်း၊ ကျွန်းများ ပိုင်ဆိုင်မှုနှင့် အတူ ရေသယံဇာတ များနှင့် ရေကြောင်းစွမ်းအား များသည် နိုင်ငံတော်အတွက် အထောက်အကူ များစွာရရှိကြောင်း၊ မိမိတို့ပိုင်ဆိုင်ပြီးသားနေရာများနှင့် ရေသယံဇာတများ မဆုံးရှုံးစေရန် ကာကွယ်သွားရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စဉ်ဆက်မပြတ် လေ့ကျင့်နေရန် လိုအပ်ကြောင်း၊ ၄င်းအပြင် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် တပ်မတော်မှ အမျိုးသားနိုင်ငံရေးဖြင့် ဆောင်ရွက်နေမှု အခြေအနေနှင့် ထာဝရ ငြိမ်းချမ်းရေးရရှိရန် အတွက် တပ်မတော်မှ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက် နေမှု အခြေအနေ များအား ဦးစွာရှင်းလင်း ပြောကြားသည်။

ထို့နောက် အရာရှိ၊ စစ်သည်၊ မိသားစုများ စားဝတ်နေရေး အဆင်ပြေ စေရန်နှင့် သက်သာ ချောင်ချိမှု ရရှိစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို မူဝါဒများချမှတ် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိမှု အခြေအနေ၊ ၀တ်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာ တပ်မတော်များ နည်းတူ ခေတ်ကာလ နှင့် ကိုက်ညီအောင် ဆောင်ရွက်ပေးလျက် ရှိမှု အခြေအနေ၊ နေရေးနှင့် ပတ်သက်ပြီး တပ်တွင်း လူနေနှင့် အုပ်ချုပ်မှု အဆောက်အဦ များအား မူဝါဒနှင့်အညီ လုံလောက်စွာ ဆောက်လုပ်ထား ရှိပေးထားမှု အခြေအနေ၊ စစ်မှု ထမ်းဆောင်ပြီး အငြိမ်းစား  တပ်မတော်သားများ ဘဝဖြင့် နေထိုင်မှု အဆင်ပြေစေရန် အတွက်လည်း ဦးစားပေး အဆင့်အလိုက်  စစ်မှုထမ်းဟောင်း အိမ်ရာ များအား တိုင်းစစ်ဌာနချုပ် များအလိုက် တည်ဆောက် နေရာချထား ပေးလျက်ရှိမှု အခြေအနေနှင့် တပ်မတော်သား မိသားစုဝင်များ၏ ပညာရည်မြှင့်တင်ရေး နှင့် ပတ်သက်၍ တပ်မတော်မှ  စဉ်ဆက်မပြတ် ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိပြီး တပ်မတော်သား မိသားစုဝင် ထူးချွန် ကျောင်းသား၊ ကျောင်းသူများအား အားပေး ချီးမြှောက်ခြင်းများ ဆောင်ရွက်မှု အပြင် ခေတ်မီတပ်မတော် တည်ဆောက်ရာ တွင် မရှိမဖြစ် လိုအပ်သည့် တပ်မတော်သားများ ပညာရည် မြှင့်တင်ပေးနေမှု အခြေအနေ များအား အသေးစိတ် ရှင်းလင်း မှာကြားသည်။

ဆက်လက်ပြီး မိမိတို့၏ လုပ်ငန်းတာဝန်ကို သိရှိပြီး အောင်မြင်အောင် လုပ်ဆောင်ရေး၊ ပြည်သူပါမှ စစ်နိုင်မည်ဆိုသည့် အတိုင်း တပ်နှင့်ပြည်သူ တစ်ဆက်တည်း တစ်သားတည်း ဖြစ်စေရေးအတွက် ပြည်သူ့ဆက်ဆံရေး ကောင်းမွန်အောင် အလေးထား ဆောင်ရွက်ရေး၊ ဒေသခံ ပြည်သူများအား လိုအပ်သည့် အကူအညီများ ပေးရေးတို့အား တိုက်တွန်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ တပ်မတော် အရာရှိကြီးများ က စားသောက်ဖွယ်ရာ များနှင့် လက်ဆောင် များကို လည်းကောင်း အသီးသီး ပေးအပ်ပြီး တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင် များသည် ရေတပ်စခန်း ဌာနချုပ်ရှိ တပ်မိသားစုဝင် များနှင့် ဒေသခံပြည်သူ များက အုန်းထွက်ပစ္စည်း များဖြင့် ပြုလုပ်သည့် အိမ်အလှဆင် ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ ထုတ်လုပ်နေမှု၊ အုန်းဆီသန့် စက်ရုံအတွင်း အုန်းဆီသန့် ထုတ်လုပ်နေမှု တို့အား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသကြသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ရေတပ်စခန်း ဌာနချုပ်ရှိ စိုက်ပျိုး မွေးမြူရေး ခြံအတွင်း ဥစားကြက်၊ DYL ဝက်နှင့် နို့စားနွားများ မွေးမြူထားရှိမှု၊
Green House ဖြင့် သီးနှံပင်များ စိုက်ပျိုးထားရှိမှု တို့ကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ က လိုက်လံရှင်းလင်း တင်ပြကြပြီး တင်ပြချက် များအပေါ် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

Vice-Senior General Soe Win meets officers, other ranks, families, departmental personnel, townselders and local residents in Coco Island Town


Vice-Senior General Soe Win meets officers, other ranks and families in Coco Island Station.


Nay Pyi Taw January 27

Deputy Commander-in-Chief of Defence Services Commander-in- Chief (Army) Vice-Senior General Soe Win, accompanied by senior military officers from the Office of the Commander-in-Chief and officials, arrived in Coco Island Town on 25 January morning. They were welcomed at the airport by senior military officers from Tatmadaw (Navy), the township administrator and departmental officials.

At the briefing hall of the Coco Island Naval Base, the Vice-Senior General heard reports presented by the base commander on implementation of the missions, carrying out of breeding tasks including layers and DYL pigs, growing of quality strains of coconut plants, cultivation of coconut plants in monsoon on a manageable scale, cooperation with residents to cultivate coconut plants and produce coconut products, and cooperation with the township administrative body for cultivation and sufficient supply of water for regional development.

After hearing the reports, the Vice-Senior General gave necessary instructions.

Then, the Vice-Senior General and party inspected progress in construction of the Coco Island jetty where officials conducted them around the jetty. Next, the Vice-Senior General inspected the site earmarked for construction of the earthen road from Coco Island circular road to the Kywet Island after viewing round the island circular road by car.

In the afternoon, the Vice-Senior General met with departmental personnel, townselders and residents at the township hall. He explained the importance of Coco Island region for the security of the State as it is located on the strategic area for maritime infl uence, fulfillments of the government and the Tatmadaw for development of Coco Island Town, progress of Coco Island Town, smooth transport for government service personnel who are discharging duty on the island and local residents by airplane and vessel from the Tatmadaw, breeding of layers by local naval region command headquarters and sale of eggs at fair prices for welfare of local people, and cooperation of the Tatmadaw with the government for ensuring eternal peace.

Then, the township administrator reported on situations of the region. After hearing the reports by departmental officials, the Vice-Senior General coordinated necessary matters.

Next, the Vice-Senior General presented foodstuffs for departmental personnel to the township administrator while senior military officers gave foodstuffs for departmental staff, townselders and local residents to officials.

Vice-Senior General Soe Win inspects progress of jetty in Coco Island Town.

Vice-Senior General Soe Win gives gift to patient at Coco Island Township People’s Hospital.

After the meeting, the Vice- Senior General cordially greeted departmental personnel, townselders and local residents who attended the ceremony.

Afterwards, the Vice-Senior General and party proceeded to the Coco Island Township People’s Hospital and visited there. After coordinating the necessary matters, the Vice-Senior General cordially comforted the patients and presented gifts to them.

The Vice-Senior General met with officers, other ranks and families of Coco Island Station at the station hall.

In his address, he said Coco Island is the southernmost door of the country which is a strategic place for naval advantage. So service members discharging duties at the island should take pride of themselves. The vitality of islands has become more and more significant nowadays. Possession of islands, marine resources and naval power is much beneficial to the country. All must protect the territorial waters and marine resources. Hence, constant training is required. He then explained the Tatmadaw’s national political role in the interest of the country and its cooperation with the government for achieving eternal peace.

He also explained adoption and implementation of farming policies for easing food, clothing and shelter needs of officers, other ranks and families, efforts being made for providing modern-age uniforms and dresses of international level in connection with clothing needs, building of adequate number of  quarters and administrative buildings in accord with the policies in connection with accommodation needs, military-command-wise provision of housing estates for war veterans under priority based for easing accommodation needs of retired service men and women, constant fulfillment for the education promotion of families, support for outstanding children of the families, education promotion of Tatmadaw members which is essential for Tatmadaw modernization.

Next, the Vice-Senior General urged them to know and perform their duties and focus on having good dealings with the publicand render necessary assistance to the local people in order that the Tatmadaw and the people are in oneness as the motto says war can be won only through public participation.

After the meeting, the Vice-Senior General presented foodstuffs to the officers, other ranks and their families of the station and seniormilitary officers, foodstuffs and gifts. Next, the Vice-Senior General cordially greeted those present.

The Vice-Senior General and party then viewed production processes of home decoration materials and household goods made from coconut  products by the Tatmadaw families and pure coconut oil at the coconut oil factory. They were conducted round there by officials.

At the farm of the naval base, the Vice-Senior General and party inspected the breeding of layers, DYL pigs and dairy cows and the cultivation of vegetables in greenhouses. Officials conducted them round the farm. Later, the Vice-Senior General fulfilled the needs.

The Myawady Daily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger