www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 31, 2017

စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး ၄ဝ ရာခိုင်နှုန်းအထက်ရှိစေရန် ပူးပေါင်းဆောင်ရွက်မည်



ရန်ကုန် ၃၁-၇-၂၀၁၇

စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်း အသားတင် ထုတ်ကုန်တန်ဖိုး (GDP) အချိုး ၄ဝ ရာခိုင်နှုန်း အထက်ရရှိစေရန် လိုအပ်ချက် များအပေါ် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းထံမှ သိရသည်။

ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး (GDP) အချိုး ၄ဝ ရာခိုင်နှုန်းရရှိစေရန် ငွေကြေးနှင့်နည်းပညာ များသာမက ပြည်တွင်း၌ အခြေခံကုန်ကြမ်း ရရှိနိုင်မှု စသည့် အချက်များအပေါ် မူတည်နေသဖြင့် အဆိုပါ လိုအပ်ချက်များ အလိုက် ကဏ္ဍအသီးသီးနှင့် ပူးပေါင်းလုပ်ဆောင် ရမည်ဖြစ်သည်။

လက်ရှိ GDP ကိုကြည့်မည်ဆိုပါက ၂ဝ၁၆ ခုနှစ်တွင် လယ်ယာကဏ္ဍ၌ ၂၆ ဒသမ ၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍ၌ ၂၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍ၌ ၄၆ ရာခိုင်နှုန်းကျော်ရှိပြီး စက်မှုကဏ္ဍ၌ လိုအပ်ချက်ရှိနေကာ စက်မှုနိုင်ငံဖြစ်စေရန် လုပ်ဆောင်မည် ဆိုပါက GDP အနည်းဆုံး ၄ဝ ရာခိုင်နှုန်းအထက် ရှိရန်လိုသဖြင့် ယင်းကဲ့သို့ GDP ရရှိစေရန် လုပ်ဆောင်မည် ဖြစ်သည်။

ထို့ပြင် စက်မှုလုပ်ငန်းများ တိုးတက်လာ စေရန် SME လုပ်ငန်းကဏ္ဍမှ ထုတ်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေး ဆောင်ရွက်ပေးနေပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

ပုပ္ပားတောင်ကို ယူနက်စကိုအသိအမှတ်ပြု ဘူမိဥယျာဉ်အဖြစ် တင်သွင်းနိုင်ရေး အာရှ-ပစိဖိတ် Geopark အဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်



ကျောက်ပန်းတောင်း ၃၁-၇-၂၀၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် ၁ဝ မိုင်ခန့်အကွာတွင် တည်ရှိသော ပုပ္ပားတောင်ကို ယူနက်စကို အသိအမှတ်ပြု ဘူမိဥယျာဉ် အဖြစ်တင်သွင်း နိုင်ရေး အာရှ-ပစိဖိတ် Geopark အဖွဲ့နှင့်ကွန်ရက် ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက် နေပြီး အာရှ-ပစိဖိတ်ဒေသအတွင်း ယူနက်စကို အသိအမှတ်ပြု Geopark တစ်ခုဖြစ်လာစေရန် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ပုပ္ပားတောင် ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

ယူနက်စကို အသိအမှတ်ပြု Geopark ဘူမိဥယျာဉ် ဒေသတစ်ခုအဖြစ် တင်သွင်းရန် စီစဉ်နေသည့် ပုပ္ပားတောင်မကြီးနှင့် အနီးဝန်းကျင်ဒေသ၌ ကျောက်ဖြစ်ရုပ်ကြွင်း များနှင့် သားငှက်တိရစ္ဆာ န်များကို ထိုင်းနိုင်ငံပညာရှင်များနှင့် ပူးပေါင်းကာ တစ်လခန့်ကြာ သုတေသန ပြုလုပ်မည် ဖြစ်သည်။

လက်ရှိတွင် နှစ်နိုင်ငံပူးပေါင်း၍ နည်းပညာများ ဖလှယ်ခြင်းနှင့် အပြန်အလှန် သုတေသနလုပ်ငန်းများ ဆောင်ရွက်မှု ပြုလုပ်နိုင်ရေး သြဂုတ်လအတွင်း အပြီးသတ်သဘော တူညီမှုရရှိရန် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး သြဂုတ် ၄ ရက်တွင် စာတမ်းဖတ်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

တောင်ပြုန်းပွဲတော်ကျင်းပမည့် ရက်ကို H1N1 ရောဂါထိန်းချုပ်နိုင်သည့် ကာလအထိရွှေ့ဆိုင်း


ယမန်နှစ်က ကျင်းပခဲ့သော တောင်ပြုန်းပွဲတော်တွင် ဧည့်ပရိသတ်များဖြင့် စည်ကားနေသည်ကို တွေ့ရစဉ်။

နေပြည်တော် ၃၁-၇-၂၀၁၇

ယခုနှစ် တောင်ပြုန်းပွဲတော် ကျင်းပမည့်ရက်ကို မူလစီစဉ်ထားသည့် ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၈ ရက်အထိအစား H1N1 ရောဂါထိန်းချုပ်နိုင်သည့် ကာလအထိ အရေးပေါ်ရွှေ့ဆိုင်း လိုက်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၏ ထုတ်ပြန်ချက် အရသိရသည်။

တောင်ပြုန်းပွဲတော် ရက်အတွင်း တစ်နိုင်ငံလုံးမှ လာရောက်သည့် လူဦးရေမှာ နေ့စဉ်တစ်သိန်း ဝန်းကျင်ခန့်ရှိသဖြင့် H1N1 ရောဂါဖြစ်ပွားမှု ပေါ်မူတည်၍ ပြည်သူလူထု ကျန်းမာရေး လုံခြုံမှုရှိစေရေးအတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က တောင်ပြုန်းပွဲတော် ကျင်းပမည့်ရက်ကို အရေးပေါ်ရွှေ့ဆိုင်း လိုက်ခြင်းဖြစ်သည်။

ဇူလိုင် ၂၁ ရက်မှ ၃ဝ ရက် မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်ရရှိသော ရောဂါဖြစ်ပွားမှု အချက်အလက်များအရ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ၁၈၂ ဦးရှိခဲ့ပြီး ၎င်းတို့အနက် Seasonal Infl uenza A (H1N1) pdm 2009 - Positive လူနာစုစုပေါင်း ၅၁ ဦး၊ သေဆုံးသူ ၁ဝ ဦးဖြစ်သောကြောင့် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူလူနာများ၏ သေဆုံးမှုနှုန်းမှာ ၅ ဒသမ ၄၉ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၇-၂၀၁၇)



ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၇-၂၀၁၇)

Download Links

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၇-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၃၁-၇-၂၀၁၇)

Download Links

Sunday, July 30, 2017

ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၇-၂၀၁၇)



ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၇-၂၀၁၇)

Download Links

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၇-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၃၀-၇-၂၀၁၇)

Download Links

Saturday, July 29, 2017

Families of Office of Commander-in-Chief (Army, Navy and Air) hold second monsoon tree-planting ceremony


Senior General Min Aung Hlaing meets Tatmadawmen who participate in second monsoon tree-planting ceremony for 2017.

Officers, other ranks and families collectively grow various species of trees at second monsoon tree-planting ceremony for 2017.

Senior General Min Aung Hlaing views designated places for trees at second monsoon tree-planting ceremony for 2017.

Nay Pyi Taw July 29

According to experts, climate change is the result of the dwindling number of trees. Every global country is facing this phenomenon.Country-wise conservation and protection endeavours with conviction will mitigate the severe effects of climate change. Myanmar is also facing huge climate-related losses.We will be able to overcome such losses if every military unit, town, village and person make collective efforts with devotion, said Commander-in-Chief of Defence Services Senior General Min Aung Hlaing at the second monsoon tree-planting ceremony of the Office of the Commander-in-Chief (Army,Navy and Air) for conserving the natural environment of Yezin Dam held near the dam in Zeyathiri Township, here at 7 am yesterday.

Present on the occasion were Senior General Min Aung Hlaing and wife Daw Kyu Kyu Hla, Deputy Commander-in-Chief of Defence Services Commander-in-Chief(Army) Vice-Senior General Soe Win, the Union Minister for Home Affairs and wife,the Union Minister for Defence and wife, the Union Minister for Border Affairs and wife,the Chief of the General Staff (Army, Navy and Air) and wife, the Commander-in-Chief(Navy) and wife, the Commander-in-Chief(Air) and wife, senior military officers of the Office of the Commander-in-Chief and wives,the commander of Nay Pyi Taw Command and wife, senior officer trainees of the National Defence College, officers, other ranks and families from offices and departments of the Office of the Commander-in-Chief (Army).In his address, Senior General Min Aung Hlaing said trees have been planted annually in the environs of Yezin Dam since 2011 and over 100,000 teak, perennial trees, shade trees and windbreaks have been planted within seven years. The number of trees planted by the whole Tatmadaw is in millions. Some are thriving, but some died due to many causes including weakness in the plantation method and forest fires. As it takes time,efforts should be made for the thriving of trees, the success of the plantations and to yield benefits.

Then, the Senior General continued to say it is known that today’s world population has exceeded more than seven billion with growing number of population daily. Humans use trees for their living and foods. They cut forests for fi rewood as well as cultivable lands. So, it needs to carry out reforestation for substitution of new plants in the old ones.On the other hand, they need to use trees in actual amount while conserving forests and plantations. More than 70 percent of the total population is living in rural area in the nation while over 29 percent of people are residing in the urban area. People from many rural regions are facing the problems of electricity. Even though they get electricity,they cannot use electricity in cooking depending on their incomes. So, they rely on firewood and charcoal. They also spend their incomes on their farmlands. As such, it is necessary for re-growing substitute trees,firewood plantations as well as windbreaks without fail. Not only every military units but also all towns and villages need to grow trees. The Senior General urged them to plant trees themselves while disseminating knowledge of growing trees to people from their environs.

Next, the Senior General and wife planted the teak tree in commemoration of the monsoon tree-planting ceremony. Afterwards, the Vice-Senior General, the Union Ministers and wives, senior military officers of the Office of the Commander-in-Chief (Army)and wives, and those present grew trees at the designated places.

Then, Senior General Min Aung Hlaing and party viewed participation of officers, other ranks and families in collective cultivation of trees.

Today, families of the Office of the Commander-in-Chief (Army, Navy and Air) planted 8,000 teak trees at the second monsoon tree-planting ceremony for 2017.

As part of efforts to conserve Yezin Dam and its environs, families of the Office of the Commander-in-Chief (Army, Navy and Air) have been holding the monsoon tree-planting ceremonies yearly. They have grown trees 20 times from 2011 to date. So far, they have grown 100,950 trees in various species including teak, ironwood, gum-kino,mango, tamarind, jack fruit, neem, Belleric myrobalan, cassia, raintree, laburnum, gold mohur, star-fl ower, and Mesua ferrea.

Likewise, military commands held the second monsoon tree-planting ceremonies this morning. The commander, officers,officers, other ranks and families planted 25,844 trees in Nay Pyi Taw Command, 27,134 trees in Northern Command, 11,022 trees in North-East Command, 26,609 trees in Eastern Command, 11,780 trees in Central East Command, 35,523 trees in Triangle Region Command, 41,490 trees in South-East Command, 18,225 trees in Coastal Region Command, 52,086 trees in Yangon Command, 18,903 trees in South-West Command, 9,757 trees in Western Command, 20,058 trees in North-West Command, 52,098 trees in Central Command and 35,505 trees in Southern Command. The whole Tatmadaw grew 394,034 trees at today’s ceremonies.

#Themyawadydaily

အားကစားမြင်ကွင်းဂျာနယ် အတွဲ (၆)၊ အမှတ် (၂၈)



အားကစားမြင်ကွင်းဂျာနယ် အတွဲ (၆)၊ အမှတ် (၂၈)

Download Links

ရတနာပုံနေ့စဉ်သတင်းစာ (၂၉-၇-၂၀၁၇)



ရတနာပုံနေ့စဉ်သတင်းစာ (၂၉-၇-၂၀၁၇)

Download Links

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၇-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၇-၂၀၁၇)

Download Links

Friday, July 28, 2017

တောင်ပြုန်းပွဲတော်တွင် H1N1 ရောဂါ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေမည်



မတ္တရာ ၂၈-၇-၂၀၁၇

ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် စိုးရိမ်ထိတ်လန့်မှုများ ရှိနေသော် လည်းမကြာမီကျင်းပမည့် တောင်ပြုန်းပွဲတော်ကို ရက်ရွှေ့ကျင်းပရန် အစီအစဉ်မရှိဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ပွဲတော်လာ
ပြည်သူများအား ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''အဓိကက ပြည်သူလူထုပါပဲ။ ဒီလိုဖြစ်နေတဲ့ အချိန်မှာ ရှောင်သင့်တာတွေ ရှောင်ရမယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေနဲ့ တောင်ပြုန်းပွဲကို ပိတ်ပစ်ဖို့ အစီအစဉ်မရှိပါဘူး။ ပြည်သူလူထု အနေနဲ့ ညွှန်ကြားချက် တွေကိုလိုက်နာ နေထိုင်ပေးကြဖို့ လိုပါတယ်''ဟု ၎င်းကဆက်လက် ပြောသည်။

တောင်ပြုန်းပွဲတော် ကျင်းပရေးမှာ ပွဲတော်ကျင်းပရေး ကော်မတီနှင့်သာ သက်ဆိုင်သောကြောင့် ကျန်းမာရေးဦးစီးဌာန အနေဖြင့်  ပွဲတော်ပိတ်ခြင်း၊ မပိတ်ခြင်းကိုဆုံးဖြတ်၍ မရကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းကို HIV / AIDS ပြခန်းများနှင့် အတူ လက်တွဲဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းကြီး ကျေးရွာ၌ နှစ်စဉ်ကျင်းပလေ့ရှိသည့်  တောင်ပြုန်းပွဲတော်တွင် ပွဲတော်ရက်အတွင်း လူသိန်းနှင့်ချီ၍ လာရောက်ဆင်နွှဲ ကြသည်။

ယခုနှစ်ပွဲတော် ကျင်းပမည့်ရက်ကို ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၇ ရက်အထိသတ်မှတ် ထားသော်လည်း လက်ရှိတွင် လူစည်ကားနေပြီဖြစ်သောကြောင့် ဇူလိုင် ၂၈ ရက်နံနက်ပိုင်းမှ စ၍ HIV / AIDS ပညာပေးပြခန်းနှင့် အတူ H1N1 ရောဂါနှင့် ပတ်သက်၍လည်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းသာမက ပညာပေးအစီအစဉ်များကို စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

ဗန်ကောက် အိမ်ခြံမြေ ဈေးကွက်အပေါ် စိတ်ဝင်စားမှုများပြား ခဲ့သဖြင့် မြန်မာနိုင်ငံ၌ နိုင်ငံတကာ အိမ်ခြံမြေပြပွဲလေးပွဲ ပြုလုပ်မည်



ရန်ကုန် ၂၈-၇-၂၀၁၇

ဗန်ကောက် အိမ်ခြံမြေ ဈေးကွက်အပေါ် စိတ်ဝင်စားမှု များပြားခဲ့သဖြင့် မြန်မာနိုင်ငံ၌ နိုင်ငံတကာ အိမ်ခြံမြေပြပွဲ လေးပွဲ ပြုလုပ်မည် ဖြစ်ကြောင်း နိုင်ငံတကာ အိမ်ခြံမြေ အကျိုးဆောင်ဖြစ်သည့် SQFT Global Properties ၏ မြန်မာနိုင်ငံ ဌာနေဒါရိုက်တာ မနှင်းအိလွင်ထံမှ သိရသည်။

မြန်မာနိုင်ငံ၌ ပထမအကြိမ် ပြုလုပ်သည့် ဗန်ကောက်အိမ်ရာ ပြပွဲတွင် တုံ့ပြန်မှုကောင်း များရရှိခဲ့၍ SQFT Global Properties အနေဖြင့် မြန်မာနိုင်ငံ၌ နိုင်ငံတကာအိမ်ခြံ မြေပြပွဲ လေးပွဲထပ်မံပြုလုပ်ရန် စီစဉ်ခြင်းဖြစ်သည်။ ထပ်မံပြုလုပ်မည့် ပြပွဲလေးပွဲကို ယခုလပိုင်းအတွင်း ဆက်တိုက်စီစဉ်မည်ဖြစ်ပြီး အိမ်ရာ ကဏ္ဍစုံ ပါဝင်မည်ဖြစ်သည့်အပြင် အများပြည်သူ ပိုမိုစိတ်ဝင်စားစေမည့် နိုင်ငံတကာ အိမ်ခြံမြေ ကဏ္ဍများကို ထည့်သွင်းပြသမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ အိမ်ခြံမြေ အကျိုးဆောင်ဖြစ်သည့် SQFT Global Properties မှ ဦးစီးကျင်းပသည့် အဆိုပါ ပြပွဲတွင် အဆင့်မြင့် အိမ်ရာစီမံကိန်းဖြစ်သည့် တာဝါသုံးခုအနက်မှ တစ်ခုဖြစ် သည့် Whizdom Connect တာဝါရှိ ကွန်ဒို၊ တိုက် ခန်းများကို ပြသရောင်းချခဲ့ကြောင်း၊ ယင်းအဆင့်မြင့် အိမ်ရာစီမံကိန်းမှာ လူနေတိုက်ခန်းများ၊ စီးပွားရေး လုပ်ငန်းသုံး ရုံးခန်းများနှင့် ကောင်းမွန်သည့် လူနေမှုဝန်းကျင်တို့ကို ရောနှောစုစည်း တည်ဆောက်ထားသည့် အဆင့်မြင့် အိမ်ရာ စီမံကိန်း တစ်ခုဖြစ်ကြောင်း သိရသည်။

#Themyawadydaily

ညောင်ဦးမြို့နယ်ရှိ သောက်သုံးရေ ရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်း



ညောင်ဦး ၂၈-၇-၂၀၁၇

ပုဂံမြို့ ရတနာဘုံစံ တောရကျောင်း နာယကဆရာတော် ဦးသာဂရဦးစီး တည်ထောင်ထားသည့် ဖြူစင်မေတ္တာ ရေလှူတော်အသင်းမှ အဖွဲ့သားများနှင့် ပုဂံညောင်ဦးသို့ အလည်အပတ် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများက ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ သောက်သုံးရေ ရှားပါးသည့် ရွာသစ်တောင်ကျေးရွာ၊ ထန်းပေါက်ရုံ ကျေးရွာနှင့် သဲတွင်းကျေးရွာတို့သို့ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ သောက်သုံးရေများ ဖြည့်တင်းလှူဒါန်း ပေးနိုင်ရေးအတွက် ဖြူစင်မေတ္တာ ရေလှူတော် အသင်းမှ အဖွဲ့သားများနှင့် ပုဂံညောင်ဦးသို့ အလည်အပတ် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများက ညောင်ဦးမြို့နယ် ရွာသစ်တောင် ကျေးရွာမှဒေသခံ ပြည်သူများအတွက် ရေဂါလန် ၁၅ဝဝ၊ ထန်းပေါက်ရုံ ကျေးရွာမှ ဒေသခံပြည်သူများ အတွက်ရေဂါလန် ၁၅ဝဝ နှင့် သဲတွင်းကျေးရွာမှ ဒေသခံပြည်သူများ အတွက်ရေဂါလန် ၁၅ဝဝ တို့ကို အိမ်ထောင်စုအလိုက် အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်း ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုး










နေပြည်တော် ၂၈-၇-၂၀၁၇

မိမိတို့ရင်ဆိုင်နေရသည့် ရာသီဥတု ပြောင်းလဲမှုများသည် သစ်ပင်များလျော့နည်းလာမှု ကြောင့်ဖြစ်သည်ကို ပညာရှင်များ၏ ပြောကြားချက်အရ သိရှိရကြောင်း၊ ယင်းမှာ ကမ္ဘာ့နိုင်ငံတိုင်းတွင် ဖြစ်နေကြောင်း၊ နိုင်ငံအလိုက် အသိစိတ်ဓာတ်ဖြင့် ထိန်းသိမ်းလုပ်ဆောင်ပါက ပြင်းထန်သည့်ရာသီဥတု ဆိုးရွားမှုများ လျော့နည်းလာမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ရာသီဥတု ဘေးဒဏ်ခံရပြီး ပျက်စီးဆုံးရှုံးမှု များစွာရှိကြောင်း၊ တပ်တိုင်း၊ မြို့ရွာတိုင်း၊ လူတိုင်း အသိစိတ်ဓာတ်ဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ပါက ၎င်းအခက်အခဲများကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊လေ) မိသားစုများ၏ ရေဆင်းဆည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒုတိယအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာ ရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရှိ ရုံး/ဌာန များမှ အရာရှိ၊စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် မိမိတို့ ရေဆင်းဆည် ပတ်ဝန်းကျင်တွင် ၂၀၁၁ ခုနှစ်မှစတင်၍ နှစ်စဉ်သစ်ပင်များ စိုက်ပျိုးခဲ့ရာ ၇ နှစ်အတွင်း ရတနာတန်းဝင်ပင်၊ နှစ်ရှည်ပင်၊ အရိပ်ရလေကာပင်များ စုစုပေါင်းတစ်သိန်းကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော် တစ်ရပ်လုံးဆိုပါက သန်းနှင့်ချီ၍ ရှိကြောင်း၊ ရှင်သန်ဖြစ်ထွန်းမှုများ ရှိသလို စိုက်ပျိုးမှုနည်းစနစ် အားနည်းခြင်း၊ တောမီးလောင်ခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးမှုတစ်ချို့လည်းရှိကြောင်း၊ အချိန်ပေးပြီး ဆောင်ရွက်ကြရခြင်း ဖြစ်၍ အပင်များ ရှင်သန်စေရန်၊ အကျိုးရှိစေရန်၊ အောင်မြင်စေရန် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

ဆက်လက်ပြီး ယနေ့ကမ္ဘာ့လူဦးရေ ၇ ဘီလီယံကျော် ရှိပြီဟုသိရကြောင်း၊ နေ့စဉ်နှင့်အမျှ လူဦးရေ တိုးပွားနေကြောင်း၊ လူသားတို့၏ နေထိုင်စားသောက်မှုအတွက် သစ်ပင်များကို အသုံးပြုကြကြောင်း၊ ထင်းလောင်စာအတွက်၊ စိုက်ပျိုးမြေအတွက် သစ်ပင်သစ်တောများ ခုတ်လှဲအသုံးပြု ကြကြောင်း၊ ယင်းအတွက် အစားထိုး၍ ပြန်လည်စိုက်ပျိုးရန် လိုကြောင်း၊ တစ်ဖက်ကလည်း သစ်ပင်သစ်တောများကို ထိန်းသိမ်းပြီး လိုအပ်သလောက်ကိုသာ သုံးစွဲရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ကျေးလက်နေ လူဦးရေသည် ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး ၂၉ ရာခိုင်နှုန်းကျော်မှာ မြို့ပြတွင် နေထိုင်ကြကြောင်း၊ ကျေးလက်ဒေသ တော်တော်များများတွင် လျှပ်စစ်မီး အခက်အခဲရှိကြောင်း၊ လျှပ်စစ်မီး ရရှိသည့်တိုင် မိမိတို့ဝင်ငွေအရ လျှပ်စစ်မီးဖြင့် ချက်ပြုတ်ရေး မလုပ်နိုင်ကြောင်း၊ ထင်းမီးသွေးကို အသုံးပြုနေကြရကြောင်း၊ စိုက်ပျိုးမြေ အတွက်လည်း သုံးစွဲရကြောင်း၊ သို့ဖြစ်၍ အစားထိုးသစ်ပင်များ ပြန်လည်စိုက်ပျိုး ရန်လိုကြောင်း၊ ထင်းစိုက်ခင်းများ၊ အရိပ်ရလေကာပင်များ မဖြစ်မနေစိုက်ပျိုး ကြရမည်ဖြစ်ကြောင်း၊ တပ်တိုင်းစိုက်ပျိုးရန် လိုသလို မြို့ရွာတိုင်းတွင်လည်း စိုက်ပျိုးရန်လိုကြောင်း၊ မိမိကိုယ်တိုင် စိုက်ပျိုးသကဲ့သို့ မိမိပတ်ဝန်းကျင်ကိုပါ သစ်ပင် စိုက်ပျိုးရေးအတွက် လိုအပ်သည့်မျှဝေ အသိပေးမှုများ လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးတို့က မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအထိမ်းအမှတ် ရတနာတန်းဝင် ကျွန်းပင်ကို စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊အခမ်းအနား တက်ရောက်လာ ကြသူများက စိုက်ပျိုးပင်များအား သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ယနေ့ကျင်းပ ပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၁၇ ခုနှစ်၊ ဒုတိယ အကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၈၀၀၀ တို့အား စိုက်ပျိုး ခဲ့ကြသည်။

ရေဆင်းဆည် ပတ်ဝန်းကျင်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ၂၀၁၁ ခုနှစ်မှစတင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများ ပြုလုပ်၍ နှစ်စဉ် စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၂၀ ကြိမ် စိုက်ပျိုးခဲ့ပြီး ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ သရက်၊ မန်ကျည်း၊ ပိန္နဲ၊ တမာ၊ သစ်စိမ့်၊ မယ်ဇလီ၊ ကုက္ကို၊ ငုဝါ၊ စိန်ပန်း၊ ခရေ၊ ကံ့ကော်၊ ဧကရာဇ်ပင်နှင့် အော်ရေးရှားပင် စသည့်စိုက်ပျိုးပင် စုစုပေါင်းအပင် ၁၀၀၉၅၀ ပင်အား စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် တပ်မတော်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆက်လက်ပူးပေါင်း ကူညီလျက်ရှိ


တာဝန်ရှိသူများက ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၂၈-၇-၂၀၁၇

ဇွန်လ ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ပြန်လည်ဝင်ရောက် လျက်ရှိရာ ယနေ့အထိ မြ၀တီနယ်စပ် ဂိတ်မှ ၃၄၂၁၂ ဦး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ၅၀၆၆ ဦး၊ စုစုပေါင်း ၃၉၂၇၈ ဦး ၀င်ရောက်ခဲ့သည့် အနက် ၃၄၀၃၉ ဦးမှာ ၎င်းတို့၏ အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ထွက်ခွာသွား ခဲ့သဖြင့် ၅၂၃၉ ဦးအား နယ်မြေခံတပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်များသို့ စနစ်တကျရောက်ရှိရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက် ပေးလျက်ရှိရာ ဇူလိုင်၂၄ ရက် ညနေ ၃ နာရီမှ ယနေ့ညနေ ၃ နာရီအထိ မြ၀တီနှင့်ဘုရားသုံးဆူ နယ်စပ်ဂိတ် အသီးသီးမှ ၀င်ရောက်လာသူ ၄၅၉ ဦးရှိသည့်အနက် ၃၆၈ ဦးမှာ ၎င်းတို့အစီအစဉ်ဖြင့် နေရပ် ပြန်သွားခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် ၉၁ ဦးတို့အား တပ်မတော်မှ မော်တော်ယာဉ်သုံးစီး၊ မြ၀တီခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ စီစဉ်ပေးသည့် မော်တော်ယာဉ် နှစ်စီးတို့ဖြင့် အခမဲ့ ပို့ဆောင်ပေးခဲ့ကာ စားသောက်ဖွယ်ရာများ စီစဉ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် မြ၀တီမြို့မှ သထုံမြို့သို့ ပို့ဆောင်ပေးခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား ၇၅ ဦးကိုလည်း တပ်မတော်မှ မော်တော်ယာဉ် သုံးစီးဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင် ပေးသည်။

အလားတူ ရွှေ့ပြောင်း အလုပ်သမားများ ထပ်မံဝင်ရောက်လာပါက မော်တော်ယာဉ်၊ စားသောက်ဖွယ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အသင့်ရှိစေရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းစီစဉ် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Senior General Min Aung Hlaing receives Nepalese Ambassador to Myanmar



Nay Pyi Taw July 28

Commander-in-Chief of Defence Services Senior General Min Aung Hlaing received Ambassador of Nepal to Myanmar H.E. Mr. Bhim K. Udas at the parlour of Bayintnaung Villa, here, at 9.30 am yesterday.

Also present at the call were Lt-Gen Soe Htut of the Office of the Commander-in-Chief (Army)and senior military officers.

At the meeting, they exchanged views on friendly relations and cooperation between Myanmar and Nepal as old friends, assistance of Myanmar for Nepal, exchange of goodwill visits of heads of States and militaries, cooperation of respective armed forces in carrying out rescue and relief tasks in natural disasters and peace processes, training issue for UN peacekeeping, situations to cooperate between the two armed forces in medical, cultural and sports arenas, bilateral trade promotion,and giving services to pilgrimages for enhancement of relations between the two countries.

After the meeting, the Senior General and the Ambassador exchanged gifts and posed for documentary photo.

#Themyawadydaily

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E.Mr. Bhim K. Udas အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၂၈-၇-၂၀၁၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E.Mr. Bhim K. Udas အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-နီပေါနှစ်နိုင်ငံ မိတ်ဆွေဟောင်းများ ဖြစ်ခဲ့ကြပြီး ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံမှ နီပေါနိုင်ငံသို့ ကူညီပံ့ပိုးခဲ့မှုများ၊ နိုင်ငံအကြီးအကဲများ၏ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ် လည်ပတ်ခဲ့မှုများနှင့် တပ်မတော်ပိုင်းဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက် နိုင်ရေးကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများတွင် သက်ဆိုင်ရာ တပ်မတော်များမှ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား ဆေးဘက်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ အားကစားဆိုင်ရာ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်သည့် အခြေအနေများ၊ အပြန်အလှန်ကုန်သွယ်မှု မြှင့်တင်ခြင်း၊ ဘုရားဖူးခရီးစဉ်လုပ်ငန်း လုပ်ဆောင်ခြင်းတို့ဖြင့် နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံမှု ပိုမိုတိုးတက် လာနိုင်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် သံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၇-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၂၈-၇-၂၀၁၇)

Download Links

မိုးသောက်ပန်း ဂျာနယ် အတွဲ (၂၁) ၊အမှတ် (၇)



မိုးသောက်ပန်း ဂျာနယ် အတွဲ (၂၁) ၊အမှတ် (၇)

Download Links

ရတနာပုံနေ့စဉ်သတင်းစာ (၂၈-၇-၂၀၁၇)



ရတနာပုံနေ့စဉ်သတင်းစာ (၂၈-၇-၂၀၁၇)

Download Links 

Thursday, July 27, 2017

ယခုနှစ်အတွင်း အာလူးစိုက်တောင်သူများ ပြည်ပထက် ပြည်တွင်းဈေးကွက်ကိုသာ အဓိကထားရောင်းချနေရ



ရန်ကုန် ၂၇-၇-၂၀၁၇

ပြည်တွင်းရှိ အာလူးစိုက် တောင်သူများနှင့် လုပ်ငန်းရှင်များအနေဖြင့် ယခုနှစ်အတွင်း ပြည်ပသို့ အာလူးတင်ပို့ရာတွင် အမြတ်အစွန်း ရရှိမှုနည်းပါးသဖြင့် ဈေးကွက်ခိုင်မာပြီး အမြတ်အစွန်း ရရှိမှုများသည့် ပြည်တွင်း ဈေးကွက် ကိုသာ အဓိကထားရောင်းချ နေရကြောင်း သိရသည်။

ယခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်ပဈေးကွက်များ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သို့ အာလူးတင်ပို့ ရောင်းချမှု ပြုလုပ်ခဲ့သော်လည်း ယင်းနိုင်ငံများမှ အာလူးစိုက်ပျိုးမှု အားကောင်းနေခြင်းကြောင့် ခိုင်မာသော ဈေးကွက်မရရှိဘဲ အနည်းငယ်သာ တင်ပို့ခဲ့ရသည်။

ထို့ကြောင့် အာလူးစိုက် တောင်သူများက ယခုနှစ်မတ်လမှစ၍ ပြည်တွင်း ဈေးကွက်ကိုသာ အဓိကထားရောင်းချမှု ပြုလုပ်လာခြင်း ဖြစ်သည်။

မတ်လမှစပြီး လက်ရှိအချိန်ထိ ပြည်ပသို့ အာလူးတင်ပို့မှုမှာ ပြည်ပမှ မှာယူမှုရှိမှသာ တင်ပို့သော အနေထားဖြစ်သည်။ ပြည်တွင်း၌ အာလူးကို ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် အဓိကစိုက်ပျိုးပြီး မျိုးအနေဖြင့် ပွင့်ဖြူ၊ဘောလုံးသီးနှင့် နယ်သာလန်မျိုးဟူ၍ အမျိုးအစားသုံးမျိုးကို စိုက်ပျိုးကြသည်။ အာလူးဈေးနှုန်းမှာ အမျိုးအစားပေါ် မူတည်၍ အမျိုးမျိုးရှိကာ ယင်းဒေသမှ ထွက်ရှိသော အာလူးများကို တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူး ရောင်းချကြောင်း သိရသည်။

#Themyawadydaily

မြန်မာနိုင်ငံ၏ စံချိန်စံညွှန်းအရည်အသွေး သတ်မှတ်ချက် အခု ၅ဝ ထွက်ပေါ်လာနိုင်ရေး ဆောင်ရွက်မည်



ရန်ကုန် ၂၇-၇-၂၀၁၇

အမျိုးသား စံချိန်စံညွှန်းကောင်စီမှ ကြီးမှူး၍ သြဂုတ်လတွင် ကျင်းပမည့် စတုတ္ထအကြိမ် အစည်းအဝေးတွင် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင် များအတွက် မြန်မာနိုင်ငံ၏ စံချိန်စံညွှန်း အရည်အသွေး သတ်မှတ်ချက် အခု ၅ဝ ထွက်ပေါ်လာနိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း အမျိုးသား စံချိန်စံညွှန်းနှင့် အရည်အသွေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဇာနည်အောင်ထံမှ သိရသည်။

''SME အခြေခံ ပြည်တွင်း၊ ပြည်ပစက်မှု လုပ်ငန်းရှင်တွေ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေရဲ့ အရည်အသွေးကို မြန်မာနိုင်ငံရဲ့ မူပိုင်စံချိန်စံညွှန်း သတ်မှတ်ချက်တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါကိုဆောင်ရွက် နိုင်ဖို့ စတုတ္ထအကြိမ် အမျိုးသားစံချိန် စံညွှန်းကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ စံချိန်စံညွှန်း အရည်အသွေး သတ်မှတ်ချက် အခု ၅ဝ ကို ISO/IEC ကို အခြေခံပြီး ထွက်ပေါ်လာအောင်နဲ့ အတည်ပြုနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ဒီစံချိန်စံညွှန်း အရည်အသွေး သတ်မှတ်ချက်တွေ အတည်ပြု ထွက်ပေါ်လာပြီဆိုရင် ပြည်တွင်းလုပ်ငန်းရှင် တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စံချိန်စံညွှန်းအရည်အသွေး ကိုလေ့လာပြီး ထုတ်လုပ်တဲ့ ထုတ်ကုန်တွေကို အရည်အသွေး မြှင့်တင် နိုင်ပါတယ်။

ပြည်ပလုပ်ငန်းရှင် တွေကလည်း မြန်မာနိုင်ငံရဲ့ စံချိန်စံညွှန်းကို လိုက်နာပြီး ထုတ်ကုန်တွေ ထုတ်လုပ်နိုင်တော့မှာပါ။ လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ စံချိန်စံညွှန်း အရည်အသွေး သတ်မှတ်ချက် မပေးနိုင်သေး တဲ့အတွက်ပုဂ္ဂလိက အဖွဲ့အစည်းတွေကပဲ ဆောင်ရွက်နေပါတယ်'' ဟု ဒေါက်တာ ဇာနည်အောင်က ပြောသည်။

အဆိုပါ အစည်းအဝေးတွင် အမျိုးသားစံချိန် စံညွှန်းကောင်စီနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ စံချိန်စံညွှန်း သတ်မှတ်ရေး ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် လုပ်ငန်းကော်မတီများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

'' မြန်မာနိုင်ငံမှာ လူသုံးပစ္စည်း၊ အစားအသောက်စတဲ့ ထုတ်လုပ်မှု အမျိုးမျိုးနဲ့ စီးပွားရှာမယ် ဆိုရင်တော့ စံချိန်စံညွှန်း အရည်အသွေး သတ်မှတ်ချက် တွေလိုက်နာ ဆောင်ရွက်ရမှာပါ။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က တားမြစ်ထားတဲ့ ထုတ်ကုန် ပစ္စည်းတွေကို သတ်မှတ်ချက်အတိုင်း မလိုက်နာဘဲ ဆက်လက်ထုတ်လုပ်နေမယ် ဆိုရင်တော့ ဥပဒေအရ အရေးယူလို့ရပါတယ်'' ဟု သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး ကပြောသည်။

#Themyawadydaily

ယခုနှစ်တွင် ပြည်ပမှမော်တော်ယာဉ် တင်သွင်းမှုနှုန်းကျဆင်း



ရန်ကုန် ၂၇-၇-၂၀၁၇

ယခုနှစ်တွင် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာ၌ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ ပြောင်းလဲသတ်မှတ်လိုက် ခြင်းကြောင့် ယခင်နှစ်များထက် မော်တော်ယာဉ် တင်သွင်းမှုနှုန်း ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိတွင် မော်တော်ယာဉ် တင်သွင်းရာ၌ Free ပါမစ်ဖြင့် တင်သွင်းခြင်းထက် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်သော ပါမစ်ဖြင့်သာ အဓိကတင်သွင်း လျက်ရှိသည်။ တင်သွင်းမှု လျော့ကျသွားသော မော်တော်ယာဉ်များမှာ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီရှိယာဉ်များဖြစ်ပြီး ပြည်ပမှတင်သွင်းမှုနှုန်း ကျဆင်းသော အကြောင်းရင်းမှာလည်း ယင်းမော်တော်ယာဉ် များဝယ်လိုအား ကျဆင်းခြင်းကြောင့် ဖြစ်သည်။

''တခြားအကြောင်းရင်း တစ်ခုကလည်း ကားတွေတင်သွင်း တဲ့အခါ ပေးဆောင်ရတဲ့ အခွန်နှုန်းထား တိုးမြှင့်လိုက်တာကြောင့် ဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့ လှိုင် မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းမှ ဝါရင့်ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုကျော်ကျော်က ပြောသည်။

ပြောင်းလဲသတ်မှတ် လိုက်သော စည်းမျဉ်းစည်းကမ်း များအရ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီး မော်တော်ယာဉ်များ တင်သွင်းရာတွင် အိမ်စီးယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ၂ဝ၁၅ မော်ဒယ်မှ ၂ဝ၁၇မော်ဒယ် အမျိုးအစားများ တင်သွင်းမည်ဆိုပါက ဘယ်မောင်း တစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြု ထားကြောင်း သိရသည်။

#Themyawadydaily

မိုးညှင်း မိုင်းရှူး လုံးခင်း ဖားကန့်ခန္တီးနှင့် မိုးကုတ်ရတနာနယ်မြေတို့ရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက် ၉ဝဝ ကျော် ယခုလအတွင်း သက်တမ်းကုန်ဆုံးမည်



မိုးညှင်း ၂၇-၇-၂၀၁၇

မိုးညှင်း၊ မိုင်းရှူး၊ လုံးခင်း၊ ဖားကန့်၊ ခန္တီးနှင့် မိုးကုတ်ရတနာနယ်မြေတို့ရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ပေါင်း ၉ဝဝ ကျော်မှာ ဇူလိုင်လအတွင်း သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ထိုသို့ သက်တမ်းကုန်ဆုံးမည့် လုပ်ကွက်များသည် မိုးညှင်းရတနာနယ်မြေတွင် လုပ်ကွက်ပေါင်း ၄၉၃ ခု၊ မိုင်းရှူးရတနာနယ်မြေတွင် လုပ်ကွက်ပေါင်း ၅၁ ခု၊ ခန္တီးရတနာနယ်မြေတွင် လုပ်ကွက်ပေါင်း ၃၂ ခု၊ ဖားကန့်၊
လုံးခင်းရတနာနယ်မြေတွင် လုပ်ကွက်ပေါင်း ၃၇ ခုနှင့် မိုးကုတ်ရတနာနယ်မြေတွင် လုပ်ကွက်ပေါင်း ၂၉၃ ခုတို့ဖြစ်ကြောင်း၊ မိုးညှင်းရတနာနယ်မြေရှိ လုပ်ကွက် ၄၉၃ ခု သည် ၂ဝ၁၂ ခုနှစ်က လုပ်ကိုင်ခွင့်ပြုခဲ့ပြီး
မိုးကုတ်ရတနာနယ်မြေရှိ လုပ်ကွက် ၂၉၃ ခုကို ၂ဝ၁၄ ခုနှစ်က လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ မိုင်းရှူးရတနာနယ်မြေရှိ လုပ်ကွက် ၅၁ ခုကို ၂ဝ၁၄ ခုနှစ်ကလုပ်ကိုင်ခွင့်ပြုခဲ့ပြီး ခန္တီးရတနာနယ်မြေရှိ လုပ်ကွက် ၃၂ ခုကို ၂ဝ၁၂ခုနှစ်က လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ ဖားကန့်၊ လုံးခင်းရတနာနယ်မြေရှိ လုပ်ကွက် ၃၇ ခုကို ၂ဝ၁ဝ ပြည့်နှစ်၊ ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်တို့တွင် လုပ်ကိုင်ခွင့်ပြုခဲ့သည်။

လက်ရှိ လုပ်ကွက်သက်တမ်းကုန်ဆုံးမည့် ရတနာနယ်မြေများရှိ လုပ်ကွက်များကို သက်တမ်းတိုးမြှင့်မပေးဘဲ လစ်လပ်လုပ်ကွက်များအဖြစ် ကြေညာထားပြီး ယင်းလုပ်ကွက်များ အတွက် Environmental Management Plan ရေးဆွဲနေကြောင်း၊ ထိုသို့ရေးဆွဲပြီးပါက ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရအဖွဲ့တို့မှ လုပ်ကိုင်ခွင့် ရှယ်ယာများ ခွဲဝေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း တူးဖော်ရေး လုပ်ကွက်များတွင် အလွန်အကျွံ တူးဖော်မှုများကြောင့် မြေပြိုခြင်းနှင့် သဘာဝဘေး အန္တရာယ်တချို့ဖြစ်ပေါ် လျက်ရှိနေသည့်အတွက် ထိန်းချုပ်သည့်အနေဖြင့် ယခုနောက်ပိုင်း လုပ်ကိုင်ခွင့်များကိုသာ ခွင့်ပြုနေကြောင်း သိရသည်။

ထို့ပြင် ဇွန်လအတွင်းကလည်း ဖားကန့်၊မိုင်းရှူး၊ လုံးခင်း၊ မိုးကုတ်၊ မိုးညှင်းနှင့် နန့်ယား ဆိပ်ရတနာနယ်မြေတို့ရှိ ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၉၁ ခုသည် သက်တမ်းကုန်ဆုံးခဲ့ကြောင်း၊ ယခုလအတွင်း ကုန်ဆုံးမည့် လုပ်ကွက်များကို ထုတ်ပြန်ထားပြီး ထပ်မံသက်တမ်းတိုးခြင်းများကို ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

#Themyawadydaily

ယင်းမာပင်မြို့နယ်၌ တရားမဝင် ပိတောက်ခွဲသား ၄၅တုံး (၄ဒသမ ၅၁၆တန်) တင်ဆောင်လာသော ယာဉ်တစ်စီးဖမ်းဆီးရမိ



ယင်းမာပင် ၂၇-၇-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် လည်ငေါက်-ပုထိုးသားလမ်းပေါ် လည်ငေါက်ကျေးရွာ အနီးတွင် တရားမဝင် ပိတောက်ခွဲသား ၄၅တုံး (၄ ဒသမ ၈၅၁၆တန်) တင်ဆောင်လာသော ယာဉ်တစ်စီးကို ယနေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ် သစ်တော ဦးစီးဌာနမှူး ဦးပြည့်ဟိန်း ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြို့နယ်ရဲစခန်းမှ နယ်ထိန်းတပ်ကြပ် ခင်မောင်ဝင်း၊ လည်ငေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်တို့ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ ယနေ့နံနက် ၄နာရီမိနစ် ၃ဝက ယင်းမာပင်မြို့နယ် လည်ငေါက်-ပုထိုးသားလမ်းပေါ် လည်ငေါက်ကျေးရွာ အနီးတွင်ပုထိုးသား ကျေးရွာမှ လည်ငေါက်ကျေးရွာသို့ ယာဉ်မောင်း မောင်ဇော်ထူး (ဘ) ဦးကြီးမောင် စစ်ရင်ကျေးရွာ ပုလဲမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် ၂ခ/---- ခြောက်ဘီးယာဉ် ဟီးနိုးရိမ်းဂျားဖြူ၊ ပြာစင်းကျားယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်ပိတောက် ခွဲသား ၄၅တုံး ၄ ဒသမ ၈၅၁၆ တန်ကို ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဇော်ထူးကို ယင်းမာပင်မြို့နယ် ရဲစခန်းက ပြည်သူပိုင် ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ-၆ (၁) အရ အမှုဖွင့်ဆောင်ရွက် နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

#Yadanarpondaily

မိုးမောက်မြို့နယ်တွင် ကျောက်စိမ်း အချောထည်နှင့် ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ



မိုးမောက် ၂၇-၇-၂၀၁၇

ကချင်ပြည်နယ် မိုးမောက်မြို့နယ် စိန်လုံပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဇူလိုင်၂၅ရက် နံနက် ၈ နာရီက ငွေကျပ် ၁၅ သိန်းတန်ဖိုးရှိ ကျောက်စိမ်း အချောထည်များနှင့် ကျောက်စိမ်းတုံးများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ် စိန်လုံပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စိန်လုံရဲကင်းမှူး ရဲအုပ်မျိုးမင်းစိုးဦးစီး ပူးပေါင်းအဖွဲ့သည် ရှာဖွေစစ်ဆေး ရေးဆောင်ရွက်စဉ် ဇူလိုင် ၂၅ရက် နံနက် ၈နာရီက မိုးမောက်ဘက်မှ လွယ်ဂျယ်ဘက်သို့ တွမ်ပီဟွေး (ခ) အောင်အောင် (ဘ)ဦးတွမ်စွမ်းကျီ ဆိုင်းတောင်ကျေးရွာ ဖားကန့်မြို့နယ်နေသူ မောင်းနှင်ပြီး တုံချမ်ဆီ (ဘ) ဦးတုံဝှမ် ရွာမရပ်ကွက် တာမိုးညဲကျေးရွာ ကွတ်ခိုင်မြို့နယ်နေသူ တို့လိုက်ပါလာသည့် ယာဉ်အမှတ်၊4D/----PRADO  ငွေရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ဆာလာအိတ်အဖြူအတွင်း၌ မုန့်ပုံးအတွင်းထည့်၍ သယ်ဆောင်လာသည့် ကျောက်စိမ်းဟု ယူဆရသော လက်ကောက်နှစ်ကွင်း၊ လက်စွပ်ကျောက်(အသေး) ခြောက်လုံး၊ ဆင်စွယ်ပုံ လည်ဆွဲကျောက် (အသေး) တစ်လုံး၊ ငွေရောင်ကျောက်စိမ်းနားဆွဲ (အသေး) တစ်ရန်နှင့် ကျောက်စိမ်းရိုင်းတုံး အရွယ်စုံ ၉၇တုံး အလေးချိန် ၅ ဒသမ ၄၅ ပိဿာခန့်ကို ရှာဖွေတွေ့ရှိ ရမိခဲ့သဖြင့် စစ်ဆေး မေးမြန်းရာ ၎င်းတို့ပိုင်ဖြစ်ပြီး လွယ်ဂျယ်မြို့အနီး တရုတ်နိုင်ငံ လားရင်းရွာသို့ သွားရောက်ရောင်းချရန် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင်ကျောက်စိမ်း တုံးများကို သယ်ဆောင်လာသူ တွမ်ပီဟွေး (ခ) အောင်အောင်နှင့် တုံချမ်ဆီတို့ နှစ်ဦးကို မိုးမောက်မြို့မရဲစခန်းက (ပ) ၃၃/၂ဝ၁၇၊ ကျောက်မျက်ဥပဒေ ပုဒ်မ-၃၉အရ အမှုရေး ဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

ရတနာပုံနေ့စဉ်သတင်းစာ (၂၇-၇-၂၀၁၇)



ရတနာပုံနေ့စဉ်သတင်းစာ (၂၇-၇-၂၀၁၇)

Download Links

မြ၀တီနေ့စဉ်သတင်းစာ (၂၇-၇-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၂၇-၇-၂၀၁၇)

Download Links

Wednesday, July 26, 2017

အာရှတစ်ဝန်း လူဦးရေ ၁၃၇ သန်း ထက်မနည်း ရေဘေးနှင့် ကြုံတွေ့နေ



ဘာသာပြန်ဆောင်းပါး

ရာသီဥတုပြောင်းလဲမှုရဲ့ ခါးသီးလှတဲ့ ဆိုးကျိုးကို ကမ္ဘာ့နိုင်ငံအသီးသီးက အမျိုးမျိုးခံစား နေရပါတယ်။ မိုးလေဝသ ဖောက်ပြန် ပြောင်းလဲမှုကြောင့် မုန်တိုင်းတွေဆိုတာ တစ်ခါမှမကြုံဖူးတဲ့ ပုံစံနဲ့ဖြစ်ပေါ် တိုက်ခတ်နေတဲ့ အတွက် အခုဆိုရင် အာရှမှာ လူဦးရေ ၁၃၇သန်းထက်မနည်းဟာ ရေဘေးနဲ့ကြုံတွေ့နေရပါတယ်။

ဒီပုံစံအတိုင်းဆိုရင် လာမယ့်နှစ် ၃ဝ အတွင်းအာရှမှာ မိုးရေချိန်ဟာ ဒီထက်မြင့်တက် လာပါလိမ့်မယ်။ ခန့်မှန်းခြေ အားဖြင့် ၂ဝရာခိုင်နှုန်းထက် မနည်းမြင့် တက်လာမယ့် မိုးရေချိန်ကြောင့် အာရှတစ်ဝန်း ရေကြီးရေလျှံမှုကလဲ အခုထက် ပိုဆိုးလာဖို့ပဲ ရှိတယ်လို့ နားလည်တတ်ကျွမ်းသူများက ခန့်မှန်းချက်ထုတ်ပြန် ထားပါတယ်။

တောင်အာရှဟာ တစ်နှစ်ကို မိုးရေချိန် မီလီမီတာ ၁ဝဝဝ ထက်မနည်းရှိတဲ့အတွက် အာရှတိုက်ကြီး တစ်ခုလုံးမှာ မိုးရေချိန်အများဆုံး ဖြစ်နေသလို ကမ္ဘာတစ်ဝန်းမှာလဲ အစိုစွတ်ဆုံးဒေသကြီး တွေထဲမှာ ပါဝင်နေပါတယ်။ ဒီတော့အာရှသာမက ပစိဖိတ်ဒေသပါ ပေါင်းလိုက်ရင် တောင်အာရှမှာ မိုးရွာသွန်းမှု အများဆုံးနဲ့ ရေကြီးရေလျှံမှုအမြင့်ဆုံး ဖြစ်နေပြီး အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံ သုံးနိုင်ငံပေါင်း ရေဘေးဒုက္ခသည် ဦးရေ ၁၃၇ သန်း ထက်မနည်း ရှိနေရခြင်း ဖြစ်ပါတယ်။

တစ်နှစ်ထက်တစ်နှစ်ပိုပြီး မိုးရေချိန် မြင့်မားလာတာနဲ့အတူ မကြုံစဖူး ပြင်းထန်လှတဲ့ မုန်တိုင်းတွေလဲ အရေအတွက်တိုးလာ တာတွေကြောင့် တောင်အာရှနိုင်ငံတွေရဲ့ ရေနုတ်စနစ်က မနိုင်တော့ပါဘူး။ ဒါ့ပြင် မြို့ပြ တည်ဆောက်ခဲ့ စဉ်ကစနစ်ကျ ကောင်းခဲ့နိုင်ပေမယ့် မြို့ပြကိုချဲ့ ထွင်ခဲ့တဲ့ အချိန်မှာတော့ အားနည်းခဲ့တဲ့အတွက် အရင်ကရေနုတ်စနစ်နဲ့ မြို့အခြေအနေနဲ့ ကိုက်ညီခဲ့ကောင်း ကိုက်ညီနိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ ဝန်နဲ့အားနဲ့မမျှတော့တဲ့အတွက် လမ်းကနေရပ်ကွက်၊ ရပ်ကွက်ကနေ မြို့၊မြို့ကနေ တစ်ပြည်နယ်လုံး၊ တစ်နိုင်ငံလုံးဆိုသလိုမျိုး ရေကြီးရေလျှံတဲ့ အခြေအနေလဲ မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။

သဘာဝကြီးကလဲ ဖောက်ပြန်ပြီး မိုးရေတွေ သွန်ချနေတဲ့ အချိန်မှာ မြို့ကြီးကိုပြောင်းမှ ဘဝတင့်တယ် မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရောက်လာတဲ့ လူပေါင်းသန်းနဲ့ ချီတို့အတွက် အိမ်ခြံမြေရာတွေကို အဆောတလျင် တည်ဆောက် ပေးခဲ့ကြရာမှာ တစ်ချိန်က ရေနုတ်ရာ၊ ရေလှောင်ရာ၊ ရေတားရာ ချိုင့်ဝှမ်းတွေ၊ တောင်တွေ၊ ကွင်းပြင်ကြီးတွေဟာ တိုက်တာ အဆောက်အအုံ တွေနဲ့ ပြည့်နှက် သွားလေတော့ မိုးကောင်းကင် ပြိုဆင်းသလိုရွာ လာတဲ့မိုးရေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ စီးဆင်းစေခြင်းငှာ မတတ်စွမ်းကြတော့တာ မဆန်းပါဘူး။

ထူးထူးခြားခြား ၁၉၅ဝ ပြည့်နှစ်ကတည်း ကနေ ဒီနေ့ဒီအချိန်ထိ ကမ္ဘာပေါ်မှာ ရေကြီးရေလျှံမှုကြောင့် လူအသေအပျောက်အများ ဆုံးနိုင်ငံတွေဟာ တောင်အာရှနိုင်ငံ တွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ပဲဖြစ်နေ တာကိုတွေ့ရ ပါတယ်။ ၁၉၅ဝ ပြည့်နှစ်ကနေ ဒီနေ့အချိန်ထိမှာ ဒီသုံးနိုင်ငံပေါင်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ဦးရေဟာလဲ ၂ ဒသမ ၂ သန်းကျော်ပြီ လို့သိရပါတယ်။ ၁၉၅၉ ခုနှစ်တုန်းက တရုတ်နိုင်ငံမှာ ရေကြီးလို့ သူ့တစ်နိုင်ငံထဲ လူ နှစ်သန်းကျော် သေဆုံးခဲ့တာဆိုတော့ ကျန်တဲ့နှစ်နိုင်ငံက သုညဒသမ၂သန်း လောက်ပဲသေဆုံး တယ်လို့ ယူဆနိုင်တာမို့ တရုတ်နိုင်ငံဟာ ရေဘေးဒုက္ခကြောင့် လူသေဆုံးမှု အမြင့်ဆုံးလို့ ပြောလို့ရနေပါတယ်။

ရေကြီးလို့ လူသေဆုံးမှု မြင့်မားတာအပြင် ဆုံးရှုံးမှုတန်ဖိုးကလဲ မနည်းလှပါဘူး။ အာရှတိုက်တစ်ခုထဲမှာ မိုးလေဝသ ဖောက်ပြန်မှုကြောင့် စီးပွားရေးပျက်စီး ဆုံးရှုံးရတဲ့တန်ဖိုးက ကမ္ဘာတစ်ဝန်းလုံးမှာ သဘာဝဘေး အန္တရာယ်တွေ ကြောင့်ဖြစ်ပွားတဲ့ စီးပွားရေးဆုံးရှုံးမှုရဲ့ လေးပုံတစ်ပုံနဲ့ ညီမျှနေပါတယ်။ လွန်ခဲ့တဲ့ ၁ဝနှစ်အတော အတွင်းမှာလဲ တရုတ်၊အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံပေါင်း ရေဘေးကြောင့် သေဆုံးမှုက လူဦးရေ ၁ဝဝဝနဲ့အထက်မှာ နှစ်စဉ် ရှိခဲ့ပါတယ်။ ဆုံးရှုံးပျက်စီးမှု တန်ဖိုးကလဲ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရှိနေမှာပါ။

ဘာကြောင့် ဒီသုံးနိုင်ငံပဲ ရေဘေးဒဏ်ခံ နေရတာလဲ။ တောင်အာရှနဲ့ အရှေ့အာရှတွေကို ဖြတ်သန်းစီးဆင်းတဲ့ မြစ်ကြီးသုံးခု ကြောင့်ပါ။ ဂင်္ဂါမြစ်၊ ဗြဟ္မပုတ္တရမြစ်နဲ့ ယန်ဇီမြစ်တို့ ဖြစ်ပါတယ်။ မိုးများရင် ဒီမြစ်သုံးစင်း ရေတက်ပါတယ်။ အဲဒီရေတက်ရင် ဖြတ်သန်းရာ လမ်းတစ်လျှောက်က လွင်ပြင်နဲ့ချိုင့်ဝှမ်းတွေထဲ ရေဝင်ပါတယ်။ အဲဒီချိုင့်ဝှမ်းတွေ၊ လွင်ပြင်တွေမှာ နေထိုင်နေသူတွေက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးရဲ့ လူဦးရေရဲ့ ၅ဝ ရာခိုင်နှုန်းဖြစ်ပြီး လူဦးရေသန်း ၃ဝဝနဲ့ညီမျှပါတယ်။ တရုတ်နိုင်ငံရဲ့ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းကလဲ အဲဒီရေလျှံဇုန်ထဲရောက်နေပြီး အရေအတွက်အားဖြင့် သန်း ၂ဝဝ ထက်မနည်းပါဘူး။ ဒီတော့သုံးနိုင်ငံပေါင်း ရေလျှံဇုန်ထဲရောက်နေတဲ့ လူဦးရေဟာ သန်း ၅ဝဝ ထက်မနည်းရှိနေပြီး အဲဒီသန်း ၅ဝဝ ဆိုတာ ကမ္ဘာ့လူဦးရေရဲ့၁၄ ရာခိုင်နှုန်းနဲ့ ညီမျှနေပါတယ်။

ရာသီဥတုပြောင်းလဲမှု၊ မိုးလေဝသ ဖောက်ပြန်မှု၊ မြို့ပြဧရိယာချဲ့ထွင်ရာမှာ ရေနုတ်စနစ် ဆောင်ရွက်မှုကို ညံ့ဖျင်းမှု၊ ပထဝီအနေအထားရဲ့ အားနည်းချက် အစရှိတာတွေကြောင့် နှစ်စဉ်လူသန်းပေါင်းရာနဲ့ချီ ရေဘေးဒုက္ခနဲ့ ပုံမှန်လိုကြုံတွေ့နေရပေမယ့် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်ကြသေးတဲ့ အကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ စာ (၃၁)

#yadanarpondaily

ကောလင်းမြို့နယ်တွင် ဒေါင်းမြူးချောင်း တောင်ကျရေ အန္တရာယ်ကာကွယ်ရန် ကြိုတင်အသိပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေ



ကောလင်း ၂၆-၇-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပါက ဒေါင်းမြူးချောင်း တောင်ကျရေ အန္တရာယ်မှ ကင်းဝေးစေရန် မီးသတ်တပ်ဖွဲ့ဝင်များ ကားဖြင့်လှည့်လည်၍ ကြိုတင်အသိပေး ခြင်းလုပ်ငန်းများကိုယနေ့တွင် ဆောင်ရွက်နေကြောင်း ကောလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

''လက်ရှိမှာတော့ ဒေါင်းမြူးချောင်းက စိုးရိမ်စရာမရှိသေးပါဘူး။ ဝန်းသိုမြို့ဘက်က ရေကျလာတဲ့ သတင်းကြောင့် ဒီနေ့နံနက်က မီးသတ်တပ်ဖွဲ့ဝင်တွေ မြို့ထဲလှည့် အသိပေးတယ်။ ချောင်းရေဆိုတာ တောင်ပေါ်မှာ မိုးများလာရင် ကျလာတတ်တာမို့ အားလုံးသတိရှိဖို့ပါ။ မြို့နယ်ချင်းလဲ ချိတ်ဆက် အသိပေးထားပါတယ်''ဟု ကောလင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယတပ်ကြပ် ဖြိုးကျောက် ပြောပြသည်။

ကောလင်းမြို့နှင့် ဝန်းသိုမြို့ တို့တွင် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ရွာသွန်းခဲ့သောမိုးကြောင့် ဒေါင်းမြူးချောင်း တောင်ကျရေ မြင့်တက်ပြီး ရေတာပေါင်ကျော် လာခဲ့သဖြင့် သဲအိတ်များကာရံ၍ ကာကွယ်ခဲ့ရကြောင်း သိရသည်။

''ကောလင်းမြို့မြောက်ဘက် ဝန်းသိုမြို့နယ်ထဲ မှာရှိတဲ့ မိုင်းသုန်းတောင်တန်း ကြီးမှာ မိုးရွာရင်မိုးရေက စီးလာတယ်။ ဒီနှစ်တော့ မြို့ထဲမှာ ရေနုတ်မြောင်းတွေ အများကြီး ဖောက်ထားပါတယ်။ရေနုတ်မြောင်း တွေကြောင့် ရေဝင်လာရင် ကာကွယ်သွားနိုင် ပါမယ်'' ဟု ကောလင်းမြို့ခံတစ်ဦးက ပြောပြသည်။

ဒေါင်းမြူးချောင်း တောင်ကျ ရေကြောင့် ဇူလိုင် ၂ဝ ရက်နှင့် ၂၂ ရက်မှစတင်၍ ကောလင်း မြို့နယ်၏ ဈေး၊ ရတနာဇေယျုံ ကျောင်းကြား၊ ပြင်ဦးလွင်ရပ်ကွက် အရှေ့ဖျား၊ ရှမ်းကုန်းစာသင်ကျောင်းအနီး စသည့်အနိမ့်ပိုင်းများတွင် ရေအမြင့် သုံးပေခွဲထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

#yadanarpondaily

ပတ္တမြားစက်မှုဇုန် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်မှု များပြုလုပ်ပြီး ရပ်ကွက် (၄) ခုသို့ ဓာတ်အားလုံလောက်စွာ ဖြန့်ဝေပေးလျက်ရှိ



မုံရွာ ၂၆-၇-၂၀၁၇

စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန် ဓာတ်အားခွဲရုံတွင် လက်ရှိ တည်ဆောက်ထားသော ၃၃/၁၁ကေဗွီ၊ ၅အမ်ဗွီအေ ထရန်စဖော်မာသည် စက်မှုဇုန်ရှိစက်ရုံများ၊ ရပ်ကွက်နေ ပြည်သူများ သုံးစွဲမှုများပြား လာသဖြင့် ဓာတ်အား နိုင်နင်းစွာ ဖြန့်ဝေပေးနိုင်မှု မရှိသဖြင့် လက်ရှိထရန်စဖော်မာ နေရာတွင် ၃၃/၁၁ ကေဗွီ၊ ၁ဝ အမ်ဗွီအေထရန် စဖော်မာကို အစားထိုးပြောင်းလဲ တည်ဆောက်ကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီး ရပ်ကွက် (၄) ခုကို ဓာတ်အားလုံလောက် စွာဖြန့်ဝေပေး လျက်ရှိကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန် ဓာတ်အားခွဲရုံတွင် ၃၃/၁၁ကေဗွီ၊ ၁ဝအမ်ဗွီအေ ထရန်စဖော်မာ အဆင့်မြှင့်တင် ပြောင်းလဲ တည်ဆောက်ခြင်း လုပ်ငန်းကို ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေမှ ငွေကျပ် ၅၅၇သန်းဖြင့်
အကုန်အကျခံ တည်ဆောက်ပေးခဲ့ ခြင်းဖြစ်ပြီး ဇူလိုင် ၂၃ရက်က ဓာတ်အားစတင် ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ပြောင်းလဲတည်ဆောက် ပေးခဲ့သည့် ထရန်စဖော်မာဖြင့် စစ်ကိုင်းမြို့ရှိ ပတ္တမြားရပ်ကွက် စစ်ကိုင်းပညာရေးတက္ကသိုလ် ရွှေမင်းဝံရပ်ကွက်၊ နီလာရပ်ကွက်နှင့် မြရတနာ ရပ်ကွက်တို့တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ အသုံးပြု နိုင်ပြီဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

#yadanarpondaily

တန်ဖိုးသင့်အိမ်ရာ စီမံကိန်းမှ အိမ်ခန်းပေါင်း ၁ဝဝ ကျော်ကို သုံးရက်ကြာ ပြသရောင်းချမည်



ရန်ကုန် ၂၆-၇-၂၀၁၇

ရန်ကုန်မြို့ လှည်းတန်းစင်တာတွင် အိမ်ခြံမြေကုမ္ပဏီပေါင်း၂ဝ ကျော်၏ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းမှ အိမ်ခန်းပေါင်း၁ဝဝကျော်ကို ဇူလိုင် ၂၈ရက်မှ၃ဝရက်ထိ ပြသရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲမျိုးကို အိမ်ခြံမြေ အရောင်းအဝယ် ဝက်ဘ်ဆိုက်နှင့် အိမ်ခြံမြေ ပြပွဲကျင်းပရေး ကုမ္ပဏီဖြစ်သည့် Shwe Property က မေလအတွင်းက ပထမအကြိမ် ကျင်းပခဲ့ရာမှ တန်ဖိုးသင့်အိမ်ရာ ဝယ်လိုအား မြင့်တက်နေခြင်းကြောင့် ဒုတိယအကြိမ် ထပ်မံကျင်းပရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

''မြန်မာပြည်သူတွေ အတွက်အကောင်းဆုံး ငွေပေးချေမှုပုံစံတွေနဲ့ အိမ်ပိုင်ဆိုင် စေချင်တယ်။ ကျွန်တော်တို့ရဲ့ အကျိုးတူ လုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့ရဲ့အိမ်ရာ တွေကို အကောင်းဆုံးငွေပေးချေမှု ပုံစံတွေနဲ့ အထိရောက် ဆုံးပရိုမိုးရှင်း အစီအစဉ်တွေကို Shwe Property ရဲ့ တန်ဖိုးသင့်အိမ်ရာ အရောင်းပြပွဲမှာ ပါဝင်ရောင်းချသွားမှာပါ။ ဒီအိမ်ရာတွေကို ဝယ်ယူလိုမှု အရတောင်းဆိုမှု တွေကြောင့် လစဉ်၊လတိုင်း ကျင်းပသွားဖို့ရှိပါတယ်''ဟုShwe Property ၏ မန်နေးဂျင်းဒါရိုက်တာ Mr.Kevin Goos ကပြောပြသည်။

အိမ်ပိုင်ဆိုင်ခွင့်အတွက် လစဉ်ပုံမှန်ဝင်ငွေရှိရုံဖြင့် သတ်မှတ်ထားသည့် ဘဏ်နှင့်ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် တန်ဖိုးသင့် ကွန်ဒိုတိုက်ခန်းများကို တစ်နေရာတည်းတွင် ရွေးချယ်ဝယ်ယူနိုင်ရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တန်ဖိုးသင့် အိမ်ရာဈေးကွက် ဆက်လက်ဖြစ်ထွန်းနေ သကဲ့သို့ အိမ်ခြံမြေလုပ်ငန်းရှင်များ အနေဖြင့်လည်း တန်ဖိုးသင့် ဈေးနှုန်းအတိုင်း ဆောက်လုပ်ရောင်းချ ပေးနေပြီး Shwe Property အနေ ဖြင့်လည်း တန်ဖိုးသင့် အိမ်ရာ အရောင်းပြပွဲများကို လစဉ်ကျင်းပ သွားရန်ရှိကြောင်း သိရသည်။

#yadanarpondaily

စစ်ကိုင်း၊မင်းဝံ၊ မင်းကွန်းတောင်ရိုးရှိ သီလရှင်အပါး ၇ဝဝဝ အားအောင်ဇမ္ဗူ ဆရာတော်ကြီးနှင့် အောင်ဇမ္ဗူသာသနာ ပြုအဖွဲ့တို့က သီလရှင်ဝတ်စုံများလှူဒါန်း



စစ်ကိုင်း ၂၆-၇-၂၀၁၇

စစ်ကိုင်း၊မင်းဝံ၊ မင်းကွန်းတောင်ရိုးရှိ သီလရှင်အပါး ၇ဝဝဝ အား အောင်ဇမ္ဗူ ဆရာတော်ကြီးနှင့် အောင်ဇမ္ဗူသာသနာ ပြုအဖွဲ့တို့က သီလရှင်ဝတ်စုံများ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက စစ်ကိုင်းမြို့ နန်းဦးမြို့သစ်ရပ် သကျဓိတာသီလရှင် စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း အောင်ဇမ္ဗူ သာသနာပြုအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးဌေးအောင်မိုးက ပြောပြသည်။

သီလရှင်အပါး ၇ဝဝဝ အားသီလရှင်ဝတ်စုံများ လှူဒါန်းသည့် အပြင် စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုးတွင်ရှိသည့် သီလရှင်ကျောင်းပေါင်း ၄ဝဝကျော်ကို HIJET ကားတစ်စီး မဲဖောက်ပြီး လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း၊အောင်ဇမ္ဗူ ဆရာတော်ဘုရားကြီး၏ မွေးနေ့အလှူတော်မင်္ဂလာ အခမ်းအနားတွင်လည်း ကားမဲဖောက်၍ လှူဒါန်းလေ့ရှိကြောင်း ၎င်းက ပြောပြသည်။

အောင်ဇမ္ဗူ သာသနာပြု အဖွဲ့ကို ၂ဝ၁၃ခုနှစ်က စတင်ဖွဲ့စည်း ခဲ့ပြီး အောင်ဇမ္ဗူ ဆရာတော်ဘုရားကြီး၏ ပါရမီ ဖြည့်ဆည်းသည့် အနေဖြင့် ဆရာတော်ဘုရားကြီးက ဦးဆောင်၍ ဆရာတော် ဘုရားကြီး၏ မွေးရပ်ဇာတိမြေ ရေဦးမြို့တွင် သံဃာဆေးရုံနှင့် ရေဦးမြို့ ပကုန်းကျေးရွာတွင် စာသင်ကျောင်း ဆောင်တို့ကို ဆောက်လုပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

#yadanarpondaily

ဘီပီအိုင် ဆေးဝါးစက်ရုံမှ New BPI Project အစီအစဉ်ဖြင့် ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် ၄ဝ ဘီလီယံဖိုးထိ တိုးမြှင့် ထုတ်လုပ်သွားမည်



ရန်ကုန် ၂၆-၇-၂၀၁၇

ဘီပီအိုင် ဆေးဝါးစက်ရုံမှ New BPI Project အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် ၄ဝ ဘီလီယံဖိုးထိ တိုးမြှင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနသတင်းများအရ သိရသည်။

ဘီပီအိုင်ဆေးဝါး စက်ရုံအနေဖြင့် စွမ်းရည် အာနိသင်ပြည့်ဝသည့် ဆေးဝါးများကို ဈေးနှုန်းချိုသာစွာဝယ်ယူ အသုံးပြုနိုင်ရေး အတွက်ဆေးဝါးများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဘီပီအိုင် ဆေးဝါးစက်ရုံမှ စက်ပစ္စည်းများနှင့် အဆောက်အအုံများမှာ လက်ရှိနိုင်ငံတကာ တွင်ကျင့်သုံးနေသည့် ဆေးဝါးထုတ်လုပ်မှု ကျင့်စဉ် (GMP) နှင့် ကိုက်ညီမှုမရှိသဖြင့် အဆောက်အအုံ အသစ်များ၊ စက်ကိရိယာအသစ်များ လဲလှယ်တပ်ဆင်ကာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှ စတင်ကာ ခေတ်မီဆေးဝါး တိုးမြှင့်ထုတ်လုပ်မှု စီမံကိန်း (New BPI Project) ကို စတင် အကောင်အထည် ဖော်ဆောင်ရွက် ခဲ့သည်။

လက်ရှိတွင် ဘီပီအိုင်ဆေးဝါး စက်ရုံမှ ထုတ်လုပ်ရောင်းချ ပေးနေသည့် ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အလုပ်သမား ဆေးရုံကြီးများအတွက် အမှာစာများ ရရှိထားပြီး ဖြစ်သည်။

ထို့ကြောင့် ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် ၄ဝ ဘီလီယံဖိုးအထိ တိုးမြှင့်ထုတ်လုပ်ရန် လျာထား ဆောင်ရွက်မှုများမှ အမှာစာများအတွက် ငွေကျပ် ၂၈ဘီလီယံဖိုးခန့် ထုတ်လုပ်ကာ အများပြည်သူအား ငွေကျပ် ၁၂ဘီလီယံဖိုး ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

#yadnarpondaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger