www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဘင်္ဂါလီ. Show all posts
Showing posts with label ဘင်္ဂါလီ. Show all posts

Thursday, September 27, 2018

သိန်းနီမြို့နယ်၊ ရေပူစစ်ဆေးရေးဂိတ်၌ ဘင်္ဂါလီခြောက်ဦး ဖမ်းဆီးရမိ



နေပြည်တော် ၂၇-၉-၂ဝ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်၊ရေပူစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ် များအား စစ်ဆေးစဉ် စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီခွဲခန့်တွင် လားရှိုးဘက်မှ သိန်းနီဘက်သို့ ယာဉ်မောင်း ဦးစိုင်းဟန်ညွန့် မောင်းနှင်လာသည့် WISH အမျိုးအစား မော်တော်ယာဉ်အမှတ်၊ SHN 6G/----အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ ဘင်္ဂါလီလူမျိုး များဖြစ်သည့် ဟာစွတ် (ဘ) ရောဒီတာဆော့၊ဟာဆော့ (ဘ) နော်ဒီ၊ အစ္စမန် (ဘ) နော်ရူး၊ဆာဒူးဟူစောင်း (ဘ) ဆာယွတ်ဟူစောင်း၊ စောလိမ် (ဘ) အဘူစီရီနှင့် မာမွတ်ရှာကဲ (ဘ) နော်ရူဆာလတို့ ခြောက်ဦးအား ဖမ်းဆီး ရမိခဲ့သည်။ 

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်း ချက်အရ ၎င်းတို့သည် ရခိုင်ပြည်နယ်၊ စစ်တွေနှင့် သံတွဲမြို့နယ်တို့တွင် နေထိုင်ကြသူများဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်တွင် မန်းရွှေပြည်ကားဖြင့် ရန်ကုန်မှ လားရှိုးသို့ ရောက်ရှိ လာခြင်းဖြစ်ကာ ရဲသီဟမောင် (ဘ) ဦးမောင်မောင်က တစ်ဦးလျှင် အခကြေးငွေ တစ်သိန်းဖြင့် ရန်ကုန်မှ မူဆယ်သို့ ပို့ဆောင်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီခြောက်ဦးအား သိန်းနီမြို့မရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Tuesday, July 17, 2018

ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အမာခံသတင်းပေးများကြောင့် ခိုးဝင်ဘင်္ဂါလီ ငါးဦးဖမ်းဆီးရမိ



မင်းလှ ၁၇-၇-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ်အတွင်း ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် အမာခံ သတင်းပေးများ၏ သတင်းပေး ပူးပေါင်းဖော်ထုတ် ခဲ့မှုကြောင့် ယနေ့မွန်းလွဲ ၁ နာရီမိနစ် ၃ဝ က ခိုးဝင်ဘင်္ဂါလီငါးဦးကို ဖမ်းဆီးရမိ ခဲ့ကြောင်း မင်းလှမြို့နယ် ရေနံနယ်မြေရဲကင်းမှ သိရသည်။

မင်းလှမြို့နယ်အတွင်း ရခိုင်ရိုးမနှင့် ဆက်စပ်နေသော ကျေးရွာများ၊ ပုသိမ်-မုံရွာ ကားလမ်း တစ်လျှောက်ရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် အမာခံသတင်း ပေးများထံမှ ခိုးဝင်ဘင်္ဂါလီလူမျိုးများကို ပူးပေါင်းဖော်ထုတ် ဖမ်းဆီးရမိရေး အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီ မိနစ်၃ဝခန့်တွင် မင်းလှ မြို့နယ် သခွပ်ရင်းကျေးရွာ ရာအိမ်မှူးဦးမြင့်သိန်းက သခွပ်ရင်းကျေးရွာ အနောက်ဘက်သုံးမိုင်ခန့် သခွပ်ရင်းကျေးရွာနှင့် ခါးဇက်ကျေးရွာအကြား တောထဲတွင် ဘင်္ဂါလီလူမျိုးများဟု ယူဆရသည့် မသင်္ကာဖွယ်ရာ လူငါးဦးကို တွေ့ရှိသဖြင့် ဝိုင်းဝန်းဖမ်းဆီးကာ ခါးဇက်ကျေးရွာ ရွာလယ်ဇရပ်တွင် ထိန်းသိမ်းထားကာ ရေနံမနယ်မြေ ရဲကင်းစခန်းမှူးထံ ဆက်သွယ်လာသဖြင့် ရေနံမ နယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းနှင့်အဖွဲ့က ကျေးရွာသို့သွားရောက်ကာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများတွင် မူဟာမွတ်ရော်ဖီ ပလောင်တောကျေးရွာ မြောက်ဦးမြို့နယ် နေထိုင်သူပါ ငါးဦးကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသော ဘင်္ဂါလီလူမျိုး အမျိုးသားငါးဦးကို မြို့နယ်လဝကအဖွဲ့နှင့် ပူးပေါင်း စစ်ဆေးကာ ဥပဒေနှင့်အညီ အရေးယူမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, July 16, 2018

တရားမဝင် ဘင်္ဂါလီလူမျိုး ၁၅ ဦးကို ပုသိမ်မုံရွာကားလမ်းဘေး တောအတွင်းမှ ဖမ်းဆီးရမိ



မင်းလှ ၁၆-၇-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်း ပုသိမ်-မုံရွာကားလမ်းနှင့် နှစ်မိုင်ခန့်အကွာ တောအတွင်းမှ ယနေ့တွင် ဘင်္ဂါလီလူမျိုး ၁၂ ဦးကို နံနက် ၁ဝနာရီ မိနစ် ၃ဝ တွင် ဖမ်းဆီးရမိခဲ့ပြီး အလားတူညနေ ၄ နာရီ ၅မိနစ်တွင် ဘင်္ဂါလီလူမျိုး သုံးဦးကို ထပ်မံဖမ်းဆီး ရမိခဲ့ရာ စုစုပေါင်း တရားမဝင်ဘင်္ဂါလီ လူမျိုး ၁၅ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မင်းလှမြို့နယ် ရေနံမအပိုင် နယ်မြေအတွင်း တရားမဝင်ဘင်္ဂါလီ လူမျိုးများ ရောက်ရှိနေကြောင်း သတင်းအရ မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး တင်အောင်လင်း ညွှန်ကြားမှုဖြင့် ယနေ့ နံနက် ၆နာရီခန့်တွင် ရေနံမနယ်မြေ စခန်းမှူး ရဲအုပ်မျိုးမင်းထွန်း၊ ရှမ်းတပ်ရဲကင်းမှ ရဲအုပ်သက်နိုင်ဦးနှင့် ရွှေချောင်းရဲကင်းမှူး ဒုတိယရဲအုပ် တင်အောင်ဆန်းတို့ ဦးစီးအဖွဲ့က ပုသိမ်-မုံရွာ ကားလမ်းပေါ်တွင် ရပ်ကင်း၊ဝပ်ကင်း၊လှည့်ကင်းများ ဆောင်ရွက်နေစဉ် နံနက် ၁ဝနာရီ မိနစ် ၃ဝခန့်တွင် ဘန့်ပြင်ကျေးရွာအရှေ့ဘက် သုံးမိုင်ခန့် ပုသိမ်-မုံရွာကား လမ်းမိုင်တိုင် (၂၃၆/၃)မိုင်အနီး အနောက်ဘက် နှစ်မိုင်ခန့်အကွာ တောထဲတွင် နေဇာ(ဘ)ဦးလေဒူ၊ ပေါင်းတုတ်ကျေးရွာ မြောက်ဦးမြို့ နယ်နေသူပါ ဘင်္ဂါလီလူမျိုး အမျိုးသား ၁၂ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့သည် ရန်ကုန်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင် ရန်အတွက် လွန်ခဲ့သော ၂၂ရက်ခန့်က ရခိုင်ပြည်နယ်ဘက်မှ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

ထို့ပြင် မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်လင်း၏ ညွှန်ကြားချက်ဖြင့် ရွှေချောင်းရဲကင်းမှူး ဒုတိယရဲအုပ် တင်အောင်ဆန်း ဦးစီးအဖွဲ့က တောနင်းရှာဖွေခဲ့ရာ ပုသိမ်မုံရွာကားလမ်း မိုင်တိုင် (၂၃၆/၃) မိုင်အနီး အနောက်ဘက် နှစ်မိုင်ခန့်အကွာ တောတွင်းမှ ဘမောင်ချေ (ဘ) ဦးဘိုတီရာ၊ ပေါင်တုတ်ကျေးရွာ မြောက်ဦးမြို့နယ်နေသူပါ အမျိုးသားသုံးဦးကို ထပ်မံရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သော တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုး ၁၅ ဦးကို မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်လာကာ ပူးပေါင်းအဖွဲ့က စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Friday, January 19, 2018

မင်းဘူးမြို့အဝင် ဆားပွတ်ချောင်းတံတားအောက် ကိုင်းတောအတွင်းမှ ခိုးဝင်ဘင်္ဂါလီ ၁၂ ဦးနှင့် ယာဉ်မောင်းတစ်ဦးကို ရဲတပ်ဖွဲ့နှင့် ဒေသခံများ ပူးပေါင်းဖမ်းဆီး



မင်းဘူး ၁၉-၁-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့အဝင် ဆားပွတ်ချောင်း တံတားအောက် ကိုင်းတောအတွင်း ခိုးဝင်ဘင်္ဂါလီ ၁၂ ဦးနှင့် မော်တော်ယာဉ် မောင်းတစ်ဦးတို့ကို ဒေသခံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် တမာတန်းရပ်ကွက်နေ ပြည်သူများပူးပေါင်း၍ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ဆားပွတ်ချောင်း အတွင်းရှိ ကိုင်းတောထဲတွင် လူမျိုးခြား ဘင်္ဂါလီများ ပုန်းအောင်းနေကြောင်း တမာတန်းရပ်ကွက် ရာအိမ်မှူးကို သတင်းပေးသဖြင့် ယနေ့နံနက်၇နာရီခန့်က ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြား သောကြောင့် ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ ဖမ်းဆီးရမိခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးမြင့်ဇော်က ပြောပြသည်။

ဖမ်းဆီးရမိသော ခိုးဝင်ဘင်္ဂါလီများမှာ ကော်မော်လာမောက်၊ စီးဒိတ်၊ဂျော်လာမ်း၊အဗ္ဗဒူလာ၊ရူဟူလာမိန်၊ မွန်လား၊အိမ်းဆာရိုရ်ဟောက်၊ ဟူဆာန်အာမောက်၊ဂျာစဲဘား၊ မိုဟာမက်ဂျာကရ်၊နေဇာမ်း၊ အနုရ်ဘော်ချောရ်တို့ဖြစ်ပြီး ၎င်းတို့နှင့် အတူယာဉ်မောင်း မာရဆာနာမွတ် လှိုင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး နေသူတို့ကို မင်းဘူးမြို့မရဲစခန်းက ဖမ်းဆီးကာ စစ်ဆေးဆောင်ရွက်နေကြောင်း ၎င်းကဆက်လက် ပြောပြသည်။

မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် ဆားပွတ်ချောင်းတံတားအနီးတွင် ဇန်နဝါရီ ၁၇ရက် ည၆နာရီက ယာဉ်မောင်းမာရဆာနာမွတ် မောင်းနှင်လာသော EE/----- ခဲရောင်မော်တော်ယာဉ်နှင့် ဇော်လင်းနိုင် မင်းတုန်းမြို့နေသူ မောင်းနှင်လာသော 9M/ ----အဖြူရောင်မော်တော်ယာဉ်တို့ ဝင်ရောက်တိုက်မိကြရာ မော်တော်ယာဉ်ပေါ်ပါ ဘင်္ဂါလီများမှာ ဆားပွတ်ချောင်းအတွင်း ထွက်ပြေးတိမ်းရှောင်ကာ ပုန်းနေကြောင်း သိရသည်။

"တမာတန်းရပ်ကွက် ရာအိမ်မှူးဦးပျိုချစ်က ဒီနေ့နံနက် ၆နာရီလောက်က ဆားပွတ်ချောင်းအနီး နွားမွေးမြူရေး လုပ်ကိုင်နေသူ ဦးဇော်ဦး နေအိမ်ဝိုင်းအတွင်း ဘင်္ဂါလီတစ်ယောက်က သောက်ရေ၊အစားအစာတွေ တောင်းနေတာကို တွေ့မြင်လို့ အဲဒီဘင်္ဂါလီ ပြန်ထွက်သွားရာကို နောက်ယောင်ခံလိုက်ရာက ကိုင်းတောအတွင်း ပုန်းအောင်းနေတဲ့ ခိုးဝင်ဘင်္ဂါလီတွေကို တွေ့လို့ ကျွန်တော်ထံ အကြောင်းကြားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်နေပြည်သူ အယောက် ၅ဝလောက် ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်"ဟု မင်းဘူးမြို့အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပြောပြ၍ သိရသည်။

#Yadanarpondaily

Tuesday, September 12, 2017

မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမား ၆ ဦးအား ၀ိုင်းဝန်းဖမ်းဆီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ


ဖမ်းဆီးရမိ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားခြောက်ဦးကို တွေ့ရစဉ်။

သိမ်းဆည်းရမိဓားများနှင့် လေးခွတို့ကို တွေ့ရစဉ်။

နေပြည်တော်  ၁၂-၉-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာသို့ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၆ ဦးသည် ယနေ့နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ဓား၊ လေးခွများ ကိုင်ဆောင်၍ ကျေးရွာအတွင်းသို့ ၀င်ရောက် လာပြီး ၎င်းကျေးရွာနေ နူရ်ဟာဆောင်၏ သားဖြစ်သူ အာလီခါန် အသက် ၂၄ နှစ်အား ဖမ်းဆီး ခေါ်ဆောင်သဖြင့် ကျေးရွာအတွင်း နေထိုင်လျက်ရှိသော ဘင်္ဂါလီအချင်းချင်းမှ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား များအား လက်ခံမှုမရှိဘဲ ၀ိုင်းဝန်းဖမ်းဆီးခဲ့သည်။

အဆိုပါဖမ်းဆီးရမိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၆ ဦးမှာ ရသေ့တောင်မြို့နယ်၊ နီးလင်းဘော်ကျေးရွာနေ မော်ဂိုလာမောက် (ဘ) ကာဆိမ်း၊ အောက်နန်းရာကျေးရွာနေ ဟူဆောန်းအာမတ် (ဘ) မော်တူရာမာန် ၊ဘလာမီကျေးရွာနေ ဆော်ယော့ဒူလ္လာ (ဘ) အီမန်ဟူးဆောင်း၊ ပေါက်ပင်ရင်းကျေးရွာနေ ကေပါ ယာဒ်အူလ္လာ (ဘ) ရာမောက်တူလာ၊ နီလင်းဘော်ကျေးရွာနေ ဘော်ရှီးအူလ္လာ (ဘ) နိုမာမတ်နှင့် နီလင်းဘော်ကျေးရွာနေ အတာ ဟူရာမန် (ဘ) အာတာအူလ္လာတို့ဖြစ်ပြီး ၎င်းတို့အား ဓား ၄ ချောင်း၊ လေးခွ ၁ လက်တို့ နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

၎င်းဖမ်းဆီးရမိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများအား နယ်မြေရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Wednesday, March 15, 2017

မောင်တောဒေသအတွင်း မတ်လ ၁၄ ရက်အထိ ဆုံးရှုံးထိခိုက်မှု အခြေအနေ


နေပြည်တော် ၊ ၁၅-၃-၂၀၁၇

မောင်တောဒေသ အတွင်း ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများ ဖြစ်ပွားပြီး နောက်ပိုင်း ဒေသအတွင်း မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ကာ ၂ဝ၁၇ ခုနှစ် မတ် ၁၄ ရက်အထိ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်သူ စုစုပေါင်း ၁၇ ဦးကျဆုံး၊ သေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာ ရရှိကာ ဆုံးရှုံးလက်နက် ၄၂ လက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်များအတွင်း တပ်မတော်မှ အရာရှိ၊ စစ်သည် ခုနစ်ဦးကျဆုံး၊ ငါးဦးဒဏ်ရာ ရရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိ၊ အခြားအဆင့် ၁ဝ ဦးကျဆုံး၊ ခုနစ်ဦး ဒဏ်ရာရရှိကာ ပြည်သူ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

တပ်မတော်မှ လက်နက်နှစ်လက် ဆုံးရှုံးခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဆုံးရှုံးလက်နက် ၆၈ လက်တွင် ၂၈ လက် ပြန်လည်ရရှိခဲ့ကာ ၄ဝ လက် ကျန်ရှိ နေသေးကြောင်း သိရသည်။

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများထံမှ လုပ်သေနတ် အတို နှစ်လက်/ အရှည် နှစ်လက်၊ ပြောင်းချော တစ်လုံးထိုး သေနတ်တစ်လက်၊ ပွိုင့် ၃၈ ဗို့ ခြောက်လုံးပြူး တစ်လက်၊ (No. 111 စာတန်းနှင့် ငါးတံဆိပ်ပါ) ပစ္စတိုတစ်လက်၊ M-22 နံပါတ်မပါ တစ်လက် စုစုပေါင်း ရှစ်လက်နှင့် လုပ်သေနတ်ကျည် ၁၅ တောင့်၊ ဓား ၇ဝ ချောင်း၊ မှိန်းတစ်ချောင်း သိမ်းဆည်း ရမိကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂ဝ၁၇ ခုနှစ် မတ် ၁၄ ရက်အထိ ဒေသခံပြည်သူ ၃၈ ဦးကို ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ သေနတ်ဒဏ်ရာ ရရှိခြင်း၊ သတ်ဖြတ်ခံရခြင်းများ ဖြစ်ပွားခဲ့သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Wednesday, March 1, 2017

နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ၌ တပ်မတော် သတင်းစာရှင်းလင်းပွဲ ပြုလုပ်


ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင်
 ဖြစ်စဉ်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင်
 ဖြစ်စဉ်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်


ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်မတော်သတင်းစာ ရှင်းလင်းပွဲသို့ 
တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်

တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင် မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားသည်ကို တွေ့ရစဉ်

နေပြည်တော် (၁-၃-၂၀၁၇)

၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ်၊ မောင်တောဒေသ တွင်ဖြစ်ပွား ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ အတွင်း ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၌ ဖြစ်ပွားခဲ့သည့် မုံးကိုးဒေသတွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းစာ ရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ နိုင်ငံခြားသတင်းထောက် များအသင်း၊ မြန်မာဂျာနယ်လစ် ကွန်ရက်တို့မ အဖွဲ့ဝင်များ၊ ပြည်တွင်းသတင်း ဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာန များမှ သတင်းထောက်များ တက်ရောက်ခဲ့ ကြသည်။

ပထမဦးစွာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် မုံးကိုးဖြစ်စဉ်နှင့် ပတ်သက်၍ မုံးကိုးဒေသ၏ နောက်ခံ အခြေအနေများ ဖြစ်သည့် ၁၉၆၇ ခုနှစ်မှစ၍ ဗကပတို့၏ အရှေ့မြောက် စစ်ဒေသအဖြစ် ဝင်ရောက် လှုပ်ရှားခဲ့မှု၊ ၁၉၈၆ ခုနှစ် စီစီဝမ်တာပန် တိုက်ပွဲကြီးတွင် တပ်မတော်၏ တန်ပြန်ထိုးစစ်ကြောင့် ဗကပ တို့စစ်ရေးရှုံးနိမ့်မှု၊ ၁၉၈၉ ခုနှစ် တွင် ကိုးကန့်အုပ်စုမှ သိမ်းပိုက်ခဲ့မှု၊ ၁၉၉၂ ခုနှစ်တွင် မုံးကိုး၌ ''ဖုန်'' အုပ်စုနှင့် ''ရန်'' အုပ်စု ပြဿနာဖြစ်ပွားခဲ့မှု၊ ၂ဝဝဝ ပြည့်နှစ်တွင် အထူးဒေသ(၁) မုံးကိုးကာကွယ်ရေး တပ်ဖွဲ့အတွင်း အာဏာလု တိုက်ပွဲများ ဖြစ်ပွားခဲ့မှု အခြေအနေများနှင့် ၂ဝဝ၉ ခုနှစ် လောက်ကိုင် အရေးအခင်း ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ၂ဝ၁၅ ခုနှစ်တွင် လောက်ကိုင်ဒေသ အား KIA/ MNDAA/ TNLA /AA နှင့် SSA (ဝမ်ဟိုင်း)အဖွဲ့များ စုပေါင်းတိုက်ခိုက် လာခြင်းကြောင့် တပ်မတော်မှ တန်ပြန်တိုက်ခိုက် ချေမှုန်းခဲ့ရသည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာ လအတွင်း KIA/MNDAA/ TNLA အကြမ်းဖက် သောင်းကျန်းသူ စုစုပေါင်းအင်အား ၁ဝဝဝ ဦးခန့်ဖြင့် တပ်ပေါင်းစု အမည်ခံ၍ ကိုးကန့်ဒေသအတွင်း ပြန်လည်အခြေချ နိုင်ရန်နှင့် မုံးကိုး၊ ဖောင်းဆိုင်နယ်မြေ အတွင်း အခြေခံနယ်မြေ တည်ဆောက်ရန် လှုပ်ရှား ဆောင်ရွက်လာသည့် အခြေအနေများ၊ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်တွင် မုံးကိုး၊ ဖောင်းဆိုင်၊ မန်ကန်၊ ကြူကုတ်(ပန်ဆိုင်း) တပ်စခန်းများနှင့် မူဆယ် တပ်စခန်း၊ ရဲကင်းစခန်းနှင့် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် တို့အား တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံး၍ အချိန်အငိုက်ရယူ တိုက်ခိုက် ခဲ့သည့် အခြေအနေများ၊ တစ်ဆက်တည်းတွင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးအား ဖြတ်တောက် ပိတ်ဆို့ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ဆောင်ခဲ့မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာ ရရှိမှု အခြေအနေများ၊ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် အား ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးအား နည်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တား ပိတ်ဆို့ ခြင်း များကြောင့် နယ်စပ်ဒေသ ကုန်စည်စီးဆင်းမှု ခေတ္တရပ်ဆိုင်း ခဲ့ရပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏ ဆုံးရှုံးနစ်နာရမှု အခြေအနေ များအား ရှင်းလင်း ပြောကြားသည်။

သို့ဖြစ်၍ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို ကာကွယ်ရန်၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး၊ ဒေသခံပြည်သူ များ၏ ဘဝလုံခြုံစိတ်ချမှု ရှိစေရေး၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများမထိ ခိုက်စေရေး တို့အတွက် စစ်ဆင်ရေးနှင့် လုံခြုံရေး တာဝန်များကို ဟန်ချက်ညီစွာ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ နိုဝင်ဘာ ၂၆ ရက်တွင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းကို ပြန်လည်ထိန်းချုပ်၍ နယ်စပ်ဒေသ ကုန်စည်စီးဆင်းမှု ပုံမှန်လုပ်ဆောင် နိုင်ရေး ဆောင်ရွက်ခဲ့မှုနှင့် မုံးကိုးတွင် သာလွန်အင်အားဖြင့် ဝိုင်းပတ်တိုက်ခိုက် နေသည့် အကြမ်းဖက် သောင်းကျန်းသူများကို ရဲဝံ့စွန့်စားစွာ တိုက်ခိုက်ချေမှုန်း ခဲ့မှုအခြေအနေ များ၊ တိုက်ပွဲများ ဖြစ်ပွားစဉ်ကာလနှင့် တိုက်ပွဲများပြီးဆုံးချိန် တို့တွင် ဒေသခံပြည်သူ များအား တပ်မတော်မှ ကူညီဆောင်ရွက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှု၊ မုံးကိုးမြို့အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများ၊ မုံးကိုးဒေသတွင် လက်ရှိတည်ငြိမ် အေးချမ်းနေမှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော် အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိသကဲ့သို့ ငြိမ်းချမ်းရေး ရလိုစိတ် အပြည့်ဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်တွင် လက်နက်ကိုင် ပဋိပက္ခများ၊ လက်နက်ကိုင်စွဲ၍ အကြမ်းဖက်မှု များကို လက်မခံကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရေး၊ အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (CNA) ကို လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်နိုင်ရေး အတွက် ငြိမ်းချမ်းရေး တံခါးများအစဉ် ဖွင့်ထားပြီး တန်းတူရည်တူ ပါဝင်နိုင်ရေး ဖိတ်ခေါ်လျက် ရှိကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှ တရားဝင် ကျောက်စိမ်း သယ်ဆောင်လာသည့် ကားများ၏ အောက်ကြမ်းခင်းနှင့် ရေတိုင်ကီ များအတွင်း တရားမဝင် ကျောက်စိမ်း (ခန့်မှန်း ၂၁ တန်ကျော်) သိုဝှက်သယ်ဆောင် လာသည်ကို တပ်မတော်နှင့် တာဝန်ရှိသူ များက ဖမ်းဆီး ရမိခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက် နှင့် ၁၈ ရက်တို့တွင် ကင်းထောက် လေယာဉ်များ၏ ထောက်လှမ်းမှုဖြင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဆက်စပ်နယ်မြေတွင် ရွှေလီမြစ်အနီး စုပုံထားသည့် သစ်များ၊ သစ်တင်ယာဉ်များ တွေ့ရှိရသောကြောင့် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ရာတွင် တရားမဝင် သစ်မျိုးစုံ ၄၂၇ တန်၊ သစ်တင်ယာဉ် မျိုးစုံ ၇၅ စီး၊ သစ်စက် ရှစ်လုံး၊ စက်လှေလေးစင်း တို့အား ဖမ်းဆီးရမိ ခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု အနေဖြင့် ဘိန်းဖြူ၊ ဘိန်းစိမ်း၊ ဘိန်းမည်း၊ ဆေးခြောက် နှင့် စိတ်ကြွရူးသွပ် ဆေးပြားများ တန်ဖိုးအားဖြင့် ငွေကျပ် ၁၆၃ ဒသမ ၆၃ ဘီလီယံကျော် အားလည်းကောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ တွင်လည်း ဘိန်းဖြူ ၅ ဒသမ ၃၉ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁ ဒသမ ၉ ကီလိုဂရမ်၊ ဘိန်းဆီ သုည ဒသမ ဝ၃ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၃ သိန်းပြား တန်ဖိုးအား ဖြင့် ငွေကျပ် ၁ ဒသမ ၂၂ ဘီလီယံ ကျော်အား လည်းကောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဟဲဟိုးမြို့နယ်၊ ဘဝသံသရာ တံတားအနီး၌ စိတ်ကြွရူးသွပ် ဆေးပြား ၆ဝ ဒသမ ၅ သိန်းပြား တန်ဖိုးအားဖြင့် ငွေကျပ် ၆ ဒသမ ဝ၅ ဘီလီယံခန့် အားလည်းကောင်း တပ်မတော်က ဖမ်းဆီးရမိခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်၏ သယံဇာတ ပစ္စည်းများအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ကူးသန်း ရောင်းဝယ်မှု များကို တားဆီးနှိမ်နင်းခြင်း များအား အလေးထား လုပ်ဆောင်နေမှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် ၊ မောင်တောဒေသ အကြမ်းဖက် ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ဗြိတိသျှကိုလိုနီ ခေတ်ကာလ မှစတင်၍ ဘင်္ဂလားနယ်၊ စစ်တကောင်းမှ ဘင်္ဂါလီလူမျိုးများ ရခိုင်ပြည်နယ် အတွင်း တရားမဝင် ဝင်ရောက်လာခဲ့မှု၊ ၁၈၆၉ ခုနှစ်တွင် လယ်ယာလုပ်ငန်း တိုးချဲ့လုပ်ကိုင်ရန် အတွက် ဘင်္ဂလားနယ်မှ ဘင်္ဂါလီများ အလုံးအရင်းဖြင့် ထပ်မံ ဝင်ရောက်ခဲ့မှု၊ ၁၈၆၁ ခုနှစ်၊ ဘူးသီးတောင် မောင်တော မီးရထားလမ်း ဖောက်လုပ်ရန် အတွက် စစ်တကောင်း ဘင်္ဂါလီများအား ခေါ်ယူရာမှ ပြန်လည် ထွက်ခွာခြင်းမရှိဘဲ အခြေချ နေထိုင်မှု များရှိလာခဲ့မှု၊ ဒုတိယကမ္ဘာစစ် ပြီးခါနီးအချိန် ဗြိတိသျှများ ရခိုင်ဒေသမှ တစ်ဆင့် ဘင်္ဂလားနယ် သို့ထွက်ခွာစဉ် ရခိုင်ဒေသရှိ ဘင်္ဂါလီများအား မိမိကိုယ်ကို ကာကွယ်ရန် အကြောင်း ပြချက်ဖြင့် လက်နက်များ ပေးအပ်ခဲ့မှု၊ ၄င်းလက်နက် များကိုင်ဆောင်ပြီး ဘင်္ဂါလီများက ရခိုင်တိုင်းရင်းသား ကျေးရွာများအား တိုက်ခိုက် ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့မှု၊ ၁၉၄၂ ခုနှစ်တွင် အလယ်သံကျော် အရေးအခင်း ဖြစ်ပွားခဲ့ပြီး ရခိုင် တိုင်းရင်းသား ၂ဝဝဝဝ ကျော် အသတ်ခံရကာ ကျန်တိုင်းရင်းသား များလည်း ဘူးသီးတောင်၊ မောင်တော နယ်မြေမှ စစ်တွေ စသည့်မြို့ပေါ်များသို့ လက်လွတ် ထွက်ပြေးခဲ့ရမှု၊ ဒုတိယကမ္ဘာစစ်ပြီး ကာလ အိန္ဒိယ၊ ပါကစ္စတန် ခွဲခြား တည်ထောင်ရေး ကာလတွင် အရှေ့ပါကစ္စတန် ထူထောင်ရာ၌ အိန္ဒိယနိုင်ငံမှ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံမှ ဘူးသီးတောင်၊ မောင်တော (မေယုဒေသ) တို့ကို ထည့်သွင်းရန် ဘင်္ဂါလီ နိုင်ငံရေးသမား များက ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့မှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။ 

ဆက်လက်ပြီး ရခိုင်ဒေသတွင် ဘင်္ဂါလီ လူဦးရေ တိုးတက်လာမှု အခြေအနေနှင့် ပတ်သက်၍ ပြောကြားရာတွင် ကိုလိုနီခေတ် ဗြိတိသျှ လက်ထက် သန်းခေါင်စာရင်း များအရ ၁၈၇၂ ခုနှစ်တွင် ၅၈၂၂၅ ဦး၊ ၁၉ဝ၁ ခုနှစ်တွင် ၁၉၃၈၈၄ ဦး၊ ၁၉၃၁ ခုနှစ်တွင် ၂၁၇၈ဝဝ ဦး အထိ တိုးတက် လာကြောင်း၊ လက်ရှိတွင် ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ရခိုင်ပြည်နယ် ၏လူဦးရေ ၃၁၈၈၈ဝ၇ ရှိရာ ဘင်္ဂါလီ ၁ဝ၉ဝဝဝဝ ပါဝင်ပြီး လူဦးရေ၏ ၃၄ ရာခိုင်နှုန်း ရှိကြောင်း၊ ဘူးသီးတောင် ဒေသတွင်လူဦးရေ ၏ ၉ဝ ရာခိုင်နှုန်း၊ မောင်တော ဒေသတွင် လူဦးရေ၏ ၉၇ ရာခိုင်နှုန်းမှာ ဘင်္ဂါလီများ ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်ဒေသရှိ ဘင်္ဂါလီများ အနေဖြင့် ၁၉၄၇ ခုနှစ်က စတင်ပြီး မူဂျာဟစ် လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် ပါလီမန်အစိုးရ လက်ထက် ၁၉၅၁ ခုနှစ်တွင် မောင်တောမြို့နယ်၊ အလယ်သံကျော် ရွာတွင် မွတ်စလင်ညီလာခံ ကျင်းပ၍ ရခိုင်ပြည်နယ် မြောက်ပိုင်းကို လွတ်လပ်သော မွတ်ဆလင်ပြည်နယ် အဖြစ် အမြန်ဆုံးဖွဲ့စည်း ပေးရန် အစိုးရ အဖွဲ့ထံသို့ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ ခဲ့ကြောင်း၊ ၁၉၆၆ ခုနှစ်တွင် ဘင်္ဂါလီများ၏ မူဂျာဟစ် လှုပ်ရှားမှုများ ပြန်လည် လုပ်ဆောင်ပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များ၏ အနောက်ဘက်ခြမ်း တစ်ခုလုံးကို အာကစ္စတန် (Arkistan) အမည်ဖြင့် နိုင်ငံထူထောင်ရန် ကြံရွယ် ဆောင်ရွက်ခဲ့ သော်လည်း တပ်မတော်က ထိုးစစ်ဆင်မှု ကြောင့် ၁၉၇၄ ခုနှစ်တွင် ပြိုကွဲပြီး တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ၂ဝ၁၂ ခုနှစ်၊ မေလ ၂၈ ရက်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သပြေချောင်း ကျေးရွာနေ မသီတာထွေး၊ ရခိုင်/ဗုဒ္ဓအား ဘင်္ဂါလီလူမျိုး သုံးဦးက အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ကြောင့် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား စသည့်မြို့နယ် များတွင် ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးများ အကြား ဆူပူအကြမ်းဖက်မှု ပဋိပက္ခများ ဖြစ်ပွားခဲ့မှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် နံနက် ၁ နာရီခွဲတွင် ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်အား လည်းကောင်း၊ နံနက် ၃ နာရီခွဲတွင် ရသေ့တောင်မြို့နယ် ရှိ ကိုးတန်ကောက် ရဲကင်းအား လည်းကောင်း၊ နံနက် ၄ နာရီခွဲတွင် ငါးခူရ ရဲကင်းအား လည်းကောင်း၊ ဘင်္ဂါလီ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အင်အား ၁၈ဝ ဦးခန့်က သေနတ်၊ ဓား၊ လှံ၊ ဂျင်ကလိများ အသုံးပြု၍ အင်အားသုံး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံး၊ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ဇနီးတစ်ဦး၊ အရပ်သားတစ်ဦး ဒဏ်ရာရရှိပြီး လက်နက်မျိုးစုံ ၆၇ လက်နှင့် ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့မှု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးပေါင်း၍ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ဖမ်းဆီးရမိရေး၊ ၄င်းတို့ ယူဆောင်သွားသည့် လက်နက်ခဲယမ်းများ ပြန်လည်သိမ်းဆည်း ရမိရေးအတွက် နယ်မြေရှင်းလင်း ဆောင်ရွက်မှု များနှင့် အကြမ်းဖက်သမား များက လူစုလူဝေးဖြင့် စောင့်ကြို တိုက်ခိုက်မှု၊ ဝိုင်းပတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အပြင် အကြမ်းဖက် ဘင်္ဂါလီများက နေအိမ်များအား မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူ များအား အစိုးရ သတင်းပေးဟု စွပ်စွဲသတ်ဖြတ်ခြင်း များကြောင့် ကျေးရွာပေါင်း ၁၇ ရွာတွင် အဆောက်အအုံ ၉၆၃ လုံး မီးလောင်ပျက်စီး ဆုံးရှုံး၍ အပြစ်မဲ့ ပြည်သူ ၁၈ ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာ ရရှိခဲ့မှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုများမှာ RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်နေသော မောင်တောဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin အဖွဲ့၏ ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ ဦးဆောင်သူမှာ ပါကစ္စတန်နိုင်ငံ ရှိ တာလီဘန်များ ထဲတွင် ၆ လ သင်တန်းတက်ရောက် ခဲ့သူ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ် ကျေးရွာနေ ဟာမစ်ကူဟာရ် (၄၅) နှစ်ဖြစ်ကြောင်း၊ ၄င်းအနေဖြင့် လူမှုကွန်ရက်များမှ တစ်ဆင့် မောင်တောဒေသ အတွင်း အကြမ်းဖက်မှုများ ဆက်လက် ပြုလုပ်ရေး ဗီဒီယိုဖိုင်များဖြင့် လှုံ့ဆော်ဝါဒဖြန့် ခဲ့ကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်ရာတွင် ပါဝင်သူ ဘင်္ဂါလီစုစုပေါင်း ၇၄၄ ဦးဖမ်းဆီးရမိပြီး ဖြစ်စဉ်တွင် ပါဝင်ခြင်း မရှိသူ ၆၈ ဦးအား ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း၊ ယင်းတို့အနက် ပြစ်ဒဏ် ချမှတ်ပြီးသူ ၁၂၇ ဦး၊ ထိန်းသိမ်း စစ်ဆေး မေးမြန်းဆဲ ၅၄၁ ဦး၊ ရောဂါကြောင့် သေဆုံးသူ ရှစ်ဦး ရှိခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး အကြမ်းဖက် ဘင်္ဂါလီများက ပိတ်ဆို့ တိုက်ခိုက်မှု များကြောင့် နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေသည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များအတွင်း တာဝန် ထမ်းဆောင်လျက် ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများနှင့် မိသားစုဝင် ၃၈၆ ဦးတို့အား တပ်မတော် ရဟတ်ယာဉ်များဖြင့် ဘူးသီးတောင် သို့ စုစည်းပို့ဆောင်၍ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေး ခဲ့ကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံ ပြည်သူများ၊ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင် နေသည့် တပ်မတော်သားများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ် ဌာနေအဖွဲ့ဝင် များအား တွေ့ဆုံ အားပေးစကား ပြောကြား၍ စားသောက်ကုန် နှင့်လူသုံးကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး အဆိုပါ မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ပ သတင်းမီဒီယာ နှင့် အဖွဲ့အစည်းများက တစ်ဖက်သတ် စွပ်စွဲဖော်ပြမှုများ ရှိနေကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ဘင်္ဂါလီများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ပြုလုပ်နေကြောင်း၊ မြန်မာအစိုးရ တာဝန်ရှိသူများ ကလည်း ဘင်္ဂါလီများ ခံစားနေရသည့် ဘေးဒုက္ခများ အတွက် အာမခံ ပေးနိုင်သော လွတ်လပ်စွာ သွားရောက်ခွင့်နှင့် စုံစမ်း စစ်ဆေးခွင့် များကို အကြိမ်ကြိမ် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲပြောဆို သည့်အပြင် ပြည်ပနိုင်ငံ အချို့မှ အစိုးရအဖွဲ့၊ ပါတီအဖွဲ့ အစည်းများ၊ ပြည်ပရောက် ဘင်္ဂါလီများ ဦးဆောင်ဆန္ဒ ဖော်ထုတ်မှု၊ မြန်မာသံရုံးရှေ့ တွင် ဆန္ဒပြမှုများ လုပ်ဆောင် နေသည်ကို တွေ့ရှိရကြောင်း၊ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ နောက်ခံ အခြေအနေနှင့် အဖြစ်မှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန် နိုင်ငံတော် သမ္မတရုံးမှ ဒုတိယသမ္မတ(၁) ဦးဆောင်သည့် စုံစမ်းစစ်ဆေး ရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှု၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန် အပါအဝင် မြန်မာနိုင်ငံသားများ၊ နိုင်ငံတကာမှ ပုဂ္ဂိုလ်များဖြင့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဖွဲ့စည်း ဆောင်ရွက်မှု၊ တပ်မတော် အနေဖြင့်လည်း တပ်မတော် စစ်ဆေးရေး အရာရှိချုပ်ဦးစီးသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ရဲရေးချုပ် ဦးစီးသည့် စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မှု အခြေအနေများနှင့် လက်ရှိစုံစမ်း စစ်ဆေးချက် များအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပေါ် စွပ်စွဲချက်များမှာ မှန်ကန်မှု မရှိကြောင်း တွေ့ရှိသည့် အကြောင်းအချက် များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် အကြမ်းဖက်သူ များ၏ လက်ဝယ်တွင် ရဲစခန်းများက ယူဆောင်သွားသည့် လက်နက်များ ရှိနေသည့်အပြင် လက်လုပ်မိုင်းများ၊ လုပ်သေနတ်များ၊ အခြားလက်နက်များ ဖော်ထုတ်ဖမ်းဆီး ရရှိမှုများ ရှိနေသေးကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၂၂၄ ကြိမ်တွင် တန်ဖိုးငွေကျပ် ၁၁ ဒသမ ၁ ဘီလီယံခန့်ရှိပြီး ၂ဝ၁၆ ခုနှစ် တစ်နှစ်တည်းတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆၁ ကြိမ်ရှိပြီး တန်ဖိုးငွေကျပ် ၅၄ ဒသမ ၅၆ ဘီလီယံခန့် ရှိသောကြောင့် ဒေသတွင်း မူးယစ်ဆေးဝါး အန္တရာယ် လွန်စွာကြီးမား လာကြောင်း၊ ရပ်ရွာတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အချိန်ယူ လုပ်ဆောင်ရန် လိုကြောင်း၊ တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဒေသန္တရအဆင့် တည်ငြိမ်မှု ထိန်းသိမ်းရေး စစ်ဆင်ရေး (Stability Operation) ကို အဆင့်လိုက် ဆောင်ရွက်ခဲ့ကြောင်း၊ ၄င်းအပြင် ဥပဒေအရ လိုအပ်သည့် အတိုင်းအတာ ဆောင်ရွက်ခြင်း (Legitimacy)  ၊ လိုအပ်သလောက်သာ ဆောင်ရွက်ခြင်း (Necessity) ၊ ပြစ်မှု၏ အတိမ်အနက် နှင့် အချိုးညီစွာ အရေးယူ ဆောင်ရွက်ခြင်း (Proportionality နှင့် နှိမ်နင်းတားဆီး တိုက်ဖျက်ရာတွင် အသုံးပြုသည့် လူ/လက်နက် အင်အားညီမျှမှု ရှိစေခြင်း (Use of Force and Firearms) တို့ကို တည်ဆဲဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights- UDHR) နှင့် အပြည်ပြည်ဆိုင်ရာ လူမှုကရုဏာ ဥပဒေ (International Humanitarian Law- IHL) တို့နှင့်အညီသာ ဆောင်ရွက် နေကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းမှုအပေါ် မူတည်ပြီး ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ (Stability Operation) ကို ဒုတိယအဆင့် (Stage-2 Level) သို့ လျှော့ချခဲ့ပြီး နယ်မြေ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်၊ အစိုးရအဖွဲ့အစည်း ယန္တရားများနှင့် စာသင်ကျောင်း၊ ဆေးရုံ စသည့်လူထု အထောက်အကူပြု လုပ်ငန်းများ ပုံမှန်လည်ပတ် နိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့/ကျေးရွာ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူ များက အဓိက ဆောင်ရွက်လျက် ရှိပြီး တပ်မတော်က ဝန်းရံပေးကာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရခိုင်ပြည်နယ် အရေး ဒေသန္တရ အဆင့် (Stability Operation) အား ရပ်ဆိုင်း ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် လုံခြုံရေးတာဝန် အား ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော် အနေဖြင့်လည်း လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့် မညီသော ပြစ်မှုများကို ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက် ပါက ထုတ်ပြန်ထားသော ဥပဒေများ အရ လည်းကောင်း၊ စစ်စည်းကမ်း အရ လည်းကောင်း ထိရောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

၎င်းနောက် တက်ရောက်လာ ကြသည့် သတင်းဌာန အသီးသီးတို့မှ သိရှိ လိုသည်များ မေးမြန်းမှုအပေါ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြန်လည် ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Wednesday, February 22, 2017

နတ်မြစ်အတွင်း တစ်ဖက်နိုင်ငံသို့ တရားမ၀င်သွားရောက်မည့် လှေတစ်စင်းဖမ်းဆီးရမိ


နေပြည်တော် ၊ ၂၂-၂-၂၀၁၇

မောင်တောမြို့နယ် နတ်မြစ်အတွင်း ၌ တပ်မတော်(ရေ)မှ နယ်မြေလုံခြုံရေး ကင်းလှည့် ဆောင်ရွက်စဉ် ယမန်နေ့ ညနေပိုင်းက တစ်ဖက်နိုင်ငံသို့ တရားမဝင် သွားရောက်မည့် စက်တပ်လှေငယ် တစ်စင်းအား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

တပ်မတော်(ရေ)မှ နတ်မြစ်အတွင်း၌ ကင်းလှည့် ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂ဝ ရက် ညနေ ၄ နာရီ မိနစ် ၄ဝ ခန့်က မသင်္ကာဖွယ်ရာ စက်တပ်လှေငယ် တစ်စင်းအား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါလှေ ပေါ်တွင် တစ်ဖက်နိုင်ငံ သို့ တရားမဝင် သွားရောက်မည့် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာနေ ကိုနီမူလာ ၃၅ နှစ်၊ ခေါင်းတုတ် ကျေးရွာနေ အာမင်နူဟော့ ၁၈ နှစ်၊ ဖက်ကုန်းကျေးရွာနေ စီဒီအာမောက် ၄ဝ နှစ်နှင့် အကီယား ၃၅ နှစ်၊ ဝကန်းကျေး ရွာနေ နာဆဲ ၅၇ နှစ်၊ လှဆောင်ကောက် ကျေးရွာနေ ယာက်မီနာ ၁၆ နှစ်နှင့် နုရာဆီဇာ နှစ်နှစ်၊ စစ်တွေမြို့နယ် သဲချောင်း ကျေးရွာနေ မာမွတ်နုလမ်း ၃၁ နှစ်၊ ပေါက်တော မြို့နယ် အနောက် ရပ်ကွက်နေ လာလူး ၂၆ နှစ်၊ ပုဏ္ဏားကျွန်း မြို့နယ် သံတက်ခါလီ ကျေးရွာနေ ဂျမ်ဟူဆောင် ၄၂ နှစ်၊ သာတီကျေးရွာ နေ ဟာဒီနူလာ ၃၂ နှစ် စုစုပေါင်း ၁၁ ဦးတို့အား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိ သူများအား စစ်တွေမြို့မ ရဲစခန်းသို့ လွှဲပြောင်းအပ်နှံရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Friday, February 10, 2017

ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာအပေါ် သတင်းထုတ်ပြန်ချက်


နေပြည်တော် ၊ ၁၀-၂-၂၀၁၇

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ ကိုယ်စားလှယ် အဖွဲ့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စေလွှတ်စုံစမ်း၍ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် Interviews with Rohingyas fleeing from myanmar since 9 october 2016 အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါကြေညာချက်တွင် နိုင်ငံတော်အစိုးရ သည် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ယင်းစွပ်စွဲချက် များကို စစ်ဆေးလျက် ရှိကြောင်း ရခိုင်ပြည်နယ် အခြားကိစ္စများနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ များကို တရားဥပဒေ စိုးမိုးရေး ဘောင်အတွင်းမှ လူ့အခွင့်အရေးနှင့် ညီညွတ်စွာ ဆောင်ရွက်ရန်နှင့် အင်အား အလွန်အကျွံ သုံးခြင်းမပြုရန် ညွှန်ကြား ထားကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း ခိုင်လုံသော အထောက်အထားများ တွေ့ရှိပါက ဖောက်ဖျက် ကျူးလွန်သည့် မည်သူကိုမဆို အစိုးရက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေဖြင့် လည်း အဆိုပါနယ်မြေ ရှင်းလင်းရေးနှင့် ပတ်သက်သည့် စွပ်စွဲမှုများ အပါအဝင် စွပ်စွဲချက် အားလုံးကို မှန်ကန်မှု ရှိ၊ မရှိ စိစစ်သွားမည် ဖြစ်ကြောင်း ပါရှိပါသည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲစခန်းသုံးခုကို နိုင်ငံရပ်ခြားမှ ရန်ပုံငွေပံ့ပိုးလှုံ့ဆော် ပေးထားသော အကြမ်းဖက် အင်အားစု များက အင်အားသုံး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ဝ ဦး အသက်ဆုံးရှုံးခဲ့ ရကာ လက်နက် ၆၅ လက်နှင့် ခဲယမ်းများယူဆောင် သွားသည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့ပါသည်။ ယင်းဖြစ်စဉ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကို ထိပါးသည် သာမက နယ်မြေဒေသလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ် များစွာထိခိုက်ခြင်း၊ အန္တရာယ်လွန်စွာ ရှိခြင်းတို့ကြောင့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေး တပ်ဖွဲ့များက အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများကို ဖော်ထုတ်၍ ယူဆောင်သွားသည့် လက်နက်ခဲယမ်းများ အမြန်ဆုံးပြန်လည် ရရှိရေးအတွက် နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ ပါသည်။

ထိုသို့ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် အင်အားအလွန်အကျွံ သုံးစွဲခြင်း မရှိစေရေး၊ လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုများ မရှိစေရေး၊ ဥပဒေနှင့်အညီသာ လိုက်နာ လုပ်ဆောင်ရေး တို့အား တာဝန်ရှိသူ အဆင့်ဆင့်တို့မှ ညွှန်ကြားကြပ်မတ် ဆောင်ရွက်လျက် ရှိပါသည်။ အကယ်၍ ညွှန်ကြားချက်များ အပေါ် ဖောက်ဖျက် ကျူးလွန်မှုများ ရှိပါက မည်သူ့ကိုမဆို ဥပဒေကြောင်း အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့်မညီသော ဖြစ်စဉ်ဖြစ်ရပ်များ ရှိ၊ မရှိအား စစ်ဆေးနိုင်ရန် တပ်မတော် အနေဖြင့်လည်း အောက်ပါစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက် သွားမည်ဖြစ်ပါသည်-

  • ( က ) ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ၊ ဥက္ကဋ္ဌ
  • ( ခ ) ဗိုလ်မှူးချုပ် ခွန်သန့်ဇော်ထူး တွဲဖက်စစ်ရေးချုပ် ၊ စစ်ရေးချုပ်ရုံး ၊ အဖွဲ့ဝင်
  • ( ဂ ) ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး  အမှတ်(၉) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ၊ ကျောင်းအုပ်ကြီး ၊ အဖွဲ့ဝင်
  • ( ဃ ) ဗိုလ်မှူး လှမျိုးကျော် ဒုတိယလက်ထောက်စစ်ဥပဒေချုပ် ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ အဖွဲ့ဝင်
  • ( င ) ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းအောင် လက်ထောက် စစ်ဥပဒေချုပ် ၊ စစ်ဥပဒေချုပ်ရုံး ၊ အတွင်းရေးမှူး


တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

မသင်္ကာဖွယ် ဘင်္ဂါလီ ၂ ဦး ဖမ်းဆီးရမိ


ဖမ်းဆီးရမိ ဘင်္ဂါလီ ၂ ဦးကိုတွေ့ရစဉ်

နေပြည်တော် ၊ ၁၀-၂-၂၀၁၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၇ ရက် ည ၉ နာရီခွဲခန့်တွင် အမ်း- ကဇူးကိုင်း- စစ်တွေ သွားကားလမ်း မိုင်တိုင်အမှတ် (၂ဝ/၁)နှင့် (၂ဝ/၂)ကြား၌ မသင်္ကာဖွယ ဘင်္ဂါလီနှစ်ဦး အား တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။

စစ်ဆေးမှုများ အရ ၄င်းတို့သည် ကျောက်တော်မြို့နယ်၊ ပေါက်တော ပလောင်ကျေးရွာ နေ ဇက်တူး (ဘ) ဂူလာဘူရှူး နှင့် ဘော်ရှီရာမွတ် (ဘ) အသွင်ဟာမွတ် တို့ ဖြစ်ကြောင်း၊ တစ်ရွာတည်းနေ ကော်မော် (ဘ) ဆော်လာမတ် က အခကြေးငွေဖြင့် ရန်ကုန်သို့ ပို့ဆောင် ပေးမည်ဟု ဆိုကာ ဖေဖော်ဝါရီ ၃ ရက် ညနေ ၄ နာရီခန့်တွင် ၄င်းတို့ရွာမှ ဆိုင်ကယ်ဖြင့် စတင်ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက် နံနက် ၈ နာရီခန့်တွင် ကဇူးကိုင်းကျေးရွာ အနီးရှိ တောစပ် တစ်နေရာသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါနေရာတွင် ၄င်းတို့နှစ်ဦးကို ထားခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်အထိ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ကားလမ်းအတိုင်း လမ်းလျှောက် လာစဉ် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူ များအား အမ်းမြို့နယ် ရဲစခန်းတွင် တရားဥပဒေ အရ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Tuesday, February 7, 2017

ကော့သောင်းမြို့ နှင့် ခမောက်ကြီးမြို့ အတွင်းဘင်္ဂါလီလူမျိုးများ ဖမ်းဆီးရမိ


ဖမ်းဆီးရမိဘင်္ဂါလီများကို တွေ့ရစဉ်

နေပြည်တော် ၊ ၇-၂-၂၀၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်အနီး၌ မသင်္ကာဖွယ်ဘင်္ဂါလီနှစ်ဦး တွေ့ရှိကြောင်း သတင်းအရ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီခန့်တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ရှာဖွေရာ ရွှေပြည်သာ ရပ်ကွက်၏ အနောက်ဘက် ၄ ဖာလုံခန့် အကွာ၌ တစ်ဖက်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂါလီလူမျိုး မာစတ်ဆာဒတ် (ဘ) အာအက်ဆီဒိတ် နှင့် မာမတ်ကော်ယုပ် (ဘ) မာမတ်ဆလန်း တို့နှစ်ဦးအား ဖမ်းဆီးရမိ ခဲ့သည်။

အလားတူ ညနေ ၄ နာရီခန့်တွင်လည်း ခမောက်ကြီးမြို့နယ်၊ အောင်ဘကျေးရွာ ၏ အရှေ့ဘက် ၈ မိုင်ခန့်အကွာ၌ တစ်ဖက်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂါလီလူမျိုး မိုဟာမတ်ရိုးမားမြက် (ဘ) မိုဟာမတ်ဗဒူကော်ဘီ အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ ဘင်္ဂါလီများအား တရားဥပဒေ အရ အရေးယူနိုင်ရေး ရွှေပြည်သာမြို့မရဲစခန်းနှင့် ခမောက်ကြီး ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Wednesday, January 25, 2017

မောင်တောမြို့နယ်အတွင်း အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်တွင်ပါဝင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဘင်္ဂါလီတစ်ဦး ဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၅-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ကျေးရွာ တာဝန်ရှိသူများ နှင့်အတူ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုဖြစ်စဉ် များတွင် ပါဝင်ပတ်သက် ခဲ့သူများကို ဖော်ထုတ် စစ်ဆေးလျက် ရှိရာ ယမန်နေ့နံနက် ၇ နာရီခန့်တွင် သတင်းအရ ငါးခူရအလယ်ရွာ လမ်းဆုံ၌ စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ် ဘင်္ဂါလီတစ်ဦး တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေး မေးမြန်းခဲ့ရာ ၄င်းသည် ငါးခူရအလယ်ရွာ နေ ရှာကေမူဟာမတ် (ဘ) လာလူးကုန်မနီ ဆိုသူဖြစ်ကြောင်း၊ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ခဲ့သူ ဖြစ်ကြောင်းနှင့် ထွက်ပြေး တိမ်းရှောင်နေသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖမ်းဆီး ရမိသူအား ငါးခူရနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ပြီး တရားဥပဒေ နှင့်အညီ အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Saturday, January 21, 2017

မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများ အပေါ် နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် နားလည်မှုနှင့် အပြုသဘောဆောင် ပူးပေါင်းကူညီပေးရန်လို


မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများ အပေါ် နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် နားလည်မှုနှင့် အပြုသဘောဆောင် ပူးပေါင်းကူညီပေးရန်လို

သတင်းထုတ်ပြန်ချက်

မလေးရှားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စဖြစ်သည့် ရခိုင်ပြည်နယ် ပြဿနာကို ဆွေးနွေးရန် အိုအိုင်စီ အထူးအစည်းအဝေး ခေါ်ယူကျင်းပခြင်း အတွက် အထူး စိတ်မကောင်း ဖြစ်မိပါသည်။

မလေးရှားနိုင်ငံ၏ စိုးရိမ်ပူပန်မှု များသည် အဖြစ်မှန်ကို စိစစ်ခြင်း မပြုဘဲ လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်မှု အခြေအနေများ ရှိနေသယောင် ရည်ရွယ်ချက်ရှိရှိ ပုံဖော် ထုတ်ပြန်လျက် ရှိသည့် သတင်းမီဒီယာ အချို့၏သတင်းဖော်ပြ ချက် အပေါ် အခြေခံသည်ဟု ယူဆပါသည်။ ယင်းကဲ့သို့ ထိရှလွယ်သည့် ပြဿနာမျိုးအား ၄င်းတို့၏ နိုင်ငံရေး ရည်မှန်းချက် အတွက် အသုံးချနေခြင်း မှာ စိုးရိမ်စရာ ဖြစ်ပါသည်။

မလေးရှားနိုင်ငံ၏ လုပ်ဆောင်ချက် သည် မြန်မာနိုင်ငံ အစိုးရက ယင်းပြဿနာအား ဖြေရှင်းရေးအတွက် ကြိုးပမ်းအားထုတ် နေမှုများကို လုံးဝလျစ်လျူရှု ထားရာလည်း ကျပါသည်။ ယခုဖြစ်ပွားသည့် အခြေအနေသည်ဘာသာရေး ဖိနှိပ်မှု မဟုတ်ဘဲ ပြည်သူတို့၏ အသက်နှင့် လုံခြုံရေးကို အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှုမှ ကာကွယ်ရေး အတွက် ဆောင်ရွက်နေခြင်းပင် ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် အစိုးရမှ ညွှန်ကြားထား ပြီး ဖြစ်ပါသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၉-၁ဝ-၂ဝ၁၆ ရက်နေ့ နံနက်ပိုင်း က ဖြစ်ပွားခဲ့သည့် စနစ်ကျကျ ကြိုတင်ကြံစည် ပြင်ဆင်၍ အကြမ်းဖက်သည့် ပုံစံမျိုးဖြင့် ပြည်ပမှကူညီ ပံ့ပိုးပေးထားသည့် အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်သူများက လုံခြုံရေး တာဝန်ယူသည့် ရဲစခန်း များကို တိုက်ခိုက်မှု များနှင့် ပတ်သက်၍ ၁၉-၁-၂ဝ၁၇ ရက်နေ့ ၌ ပြုလုပ်သော အိုအိုင်စီ အစည်းအဝေး၏ ရလဒ် စာရွက်စာတမ်း များတွင် ဖော်ပြမှု မရှိသည်ကိုလည်း များစွာအံ့သြမိပါသည်။ ဤအကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးအသက် ဆုံးရှုံးခဲ့ပြီး၊ လက်နက်ခဲယမ်း များ ဆုံးရှုံးခဲ့ ပါသည်။

ရခိုင်ဒေသ ငြိမ်းချမ်း တည်ငြိမ်ရေး၊ လုံခြုံရေးအတွက် မည်သူမျှ မြန်မာအစိုးရနှင့် ပြည်သူများထက် စိုးရိမ်မည့်သူ မရှိပါ။ ထို့ကြောင့်လည်း ဤပြဿနာရပ်ကို ဖြေရှင်းရန်နှင့် ရခိုင်ပြည်နယ် အတွင်း သဟဇာတရှိမှု၊ ငြိမ်းချမ်းရေးနှင့်ကြွယ်ဝ ချမ်းသာရေး အတွက် ကြိုးပမ်းမှုများကို ဆက်လက် ဆောင်ရွက်သွားရန် စစ်မှန်သောဆန္ဒ နှင့် သန္နိဋ္ဌာန်ချထားပြီး ဖြစ်ပါသည်။

အစိုးရအနေဖြင့် လုပ်ဆောင်ရန် ရှိသည်များ အားလုံးကို လုပ်ဆောင်လျက် ရှိနေပါသည်။ ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့် ယန္တရားများကို ချမှတ်ထားရှိပြီး ဖြစ်ပါသည်။ ဥပမာအားဖြင့် လုပ်ငန်းကော်မတီ လေးရပ်ပါဝင်သည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကောင်အထည် ဖော်ရေး ဗဟိုကော်မတီကို လည်းကောင်း၊ ပြည့်စုံ ကောင်းမွန်စွာနှင့် ထိရောက်စွာ ဖြေရှင်းရေးကို အထောက်အကူ ပြုစေမည့်ရေရှည်နည်းလမ်း ကောင်းများ ရရှိရေး အတွက် ဒေါက်တာ ကိုဖီအာနန် ခေါင်းဆောင် သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ကို လည်းကောင်း၊ မကြာမီက ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု များနှင့်စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန် ဒုတိယသမ္မတ ဦးဆောင်သည့် ကော်မရှင် တစ်ရပ် ကိုလည်းကောင်း ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ သို့ လူသားချင်း စာနာမှု အကူအညီ ပေးမှုများ ကိုလည်း လုံခြုံရေး အခြေအနေ ပိုမိုတိုးတက် လာသည်နှင့်အမျှ တဖြည်းဖြည်း နှင့်တိုးချဲ့ ပေးအပ်လျက် ရှိပါသည်။ ရခိုင်ပြည်နယ် ပြဿနာနှင့်ပတ်သက်၍ ရေရှည် တည်တံ့မည့် ဖြေရှင်းမှု တစ်ရပ် ရရှိရေးကို အာရုံစိုက် ဆောင်ရွက်ခြင်း သည်သာ အသိုက်အဝန်း နှစ်ရပ်လုံး၏ အကျိုးကို အကောင်းဆုံး ဖော်ဆောင် ပေးနိုင်မည် ဖြစ်ပါသည်။ မလိုလားအပ်သောဖိအားပေးမှုများ ပြုလုပ်ခြင်းသည် နဂိုကပင် ရှုပ်ထွေးနေသည့် ပြဿနာရပ်ကို ပိုမိုရှုပ်ထွေးမှု များဖြစ်ပေါ် စေမည်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှုများ အပေါ် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် နားလည်မှုနှင့် အပြုသဘော ဆောင်ပူးပေါင်း ကူညီပေးရန် လိုပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ၊ နေပြည်တော်
ရက်စွဲ ၊ ၂၀၁၇ ခုနှစ် ၊ ဇန်န၀ါရီလ ၂၀ ရက် ။

Friday, January 20, 2017

ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ ရှေးကလည်းမရှိ ၊ ယခုအထိလည်း မရှိသလို လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide) ဆိုတာလည်း လုံးဝမရှိပါ


ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ ရှေးကလည်းမရှိ ၊ ယခုအထိလည်း မရှိသလို လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide) ဆိုတာလည်း လုံးဝမရှိပါ

( ဟံသာဝတီ ဦးအုန်းကြိုင် )

တစ်ဖက်နိုင်ငံမှာ စားဝတ်နေရေး မပြေလည် ကြသည့် ဘင်္ဂါလီလူမျိုး များသည် အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းသို့ နယ်နိမိတ်စည်းရိုးကို ချိုးဖောက် ကျော်ဖြတ်ကာ ကျူးကျော် ဝင်ရောက် လာခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။

ယင်းဘင်္ဂါလီ လူမျိုးတို့သည် မြန်မာနိုင်ငံတော် အနောက်ဖျားရှိ ရခိုင်ပြည်နယ် အတွင်းသို့ တရားမဝင် ဥပဒေမဲ့ တစိမ့်စိမ့်ကျူးကျော် ဝင်ရောက် လာခဲ့ကြရာမှ လူဦးရေ အားဖြင့် အလုံးအရင်းနှင့် ဖြစ်လာကြသည်။ ဘူးသီးတောင်၊ မောင်တောဒေသ တစ်ဝိုက်၌ ရှေးယခင် ကတည်းက ရေကြည်ရာ မြက်နုရာ လုပ်ကိုင်စားသောက် နေထိုင်လျက် ရှိကြသော ဒေသခံ တိုင်းရင်းသား ရခိုင်လူမျိုးတို့ကို မကြာခဏ ဆိုသလို ရန်မူတိုက်ခိုက် ကြလျက် မူရင်းနေထိုင်ရာ အရပ်ဒေသများမှ မောင်းထုတ်ပစ် ကြပြီးနောက် ၄င်း ဘင်္ဂါလီလူမျိုး အသိုက်အမြုံကြီးက နေရာယူ လိုက်ကြသည်။ ဤသို့ဖြင့် တစ်စတစ်စနှင့် ဘင်္ဂါလီတို့ အင်အားကြီးထွား ခဲ့ရသည်။

ရခိုင်မင်းဆက်သမိုင်း

ရခိုင်မင်းဆက် သမိုင်းကို ပြန်ကြည့်လျှင် ယခု ဘင်္ဂလားဒေ့ရှ် ဟု ခေါ်ဆိုကြသော ရှေးဘင်္ဂလား ပြည်သည် ရခိုင်ဘုရင် မင်းရာဇာကြီး ၏ သားတော် မင်းခမောင်း ခေါ် ဟူစိန်ရှား (ထိစပ်ရာ ဘင်္ဂလား မဟာမေဒင် အမည်ကို ယူထားသော ရခိုင်စစ်စစ်မင်း) က သက္ကရာဇ် ၉၇၃ ခုနှစ်မှ ၉၈၃ ခုနှစ်အထိ နန်းစံအုပ်ချုပ် ထားသော နယ်မြေဖြစ်သည်။ ထိုမင်းခမောင်း၏ လက်ထက်တွင် ဘင်္ဂလားပြည် အရှေ့ပိုင်း ဒက္ကားမြို့အထိ စိုးပိုင်သည်ကို မြန်မာနိုင်ငံ သမိုင်းတွင် တွေ့ရသည်။

ရှေးအစဉ်အဆက် ကတည်းက နေထိုင်ခဲ့ကြ

ခရစ်နှစ် ၁၅၅ဝ မှ ၁၆၆၆ (မြန်မာသက္ကရာဇ် ၉၁၁ မှ ၁ဝ၂၇) ခုနှစ်လောက် အထိ ရခိုင်မင်းတို့၏ လက်နက်တန်ခိုး ကြီးမားခဲ့၍ အနီးဝန်းကျင် တိုင်းငယ်ပြည်ငယ် များက လွန်စွာခံ့ညား ခဲ့ကြရသည်ကို တွေ့ရသည်။ ထိုမှ သက္ကရာဇ် ၁ဝ၂၇ ခုနှစ်တွင် မဂိုဘုရင်၏ လက်အောက်ခံ ဘင်္ဂလားနယ်စား က ပြန်လည် တိုက်ခိုက် သိမ်းယူသဖြင့် စစ်တကောင်းနှင့် ရာမူးတို့ကို ရခိုင်ဘုရင် စန္ဒသုဓမ္မ (၁ဝ၁၃-၁ဝ၄၅) က လက်လွှတ်ခဲ့ ရသည်။

ရှေးရခိုင်တိုင်းဆိုသည်ကား

မြန်မာနိုင်ငံ အနောက်ရိုးမ တောင်တန်းကြီး ကာဆီးထားသဖြင့် မြန်မာတို့နှင့် အဆက်အဆံ အကူးအသန်း ရှေးကတည်းက နည်းပါးခဲ့သည်။ ပင်လယ်ကမ်းခြေ တစ်လျှောက် တည်ရှိသော တိုင်းဖြစ်၍ နီးစပ်ရာ တိုင်းပြည် နိုင်ငံတို့နှင့် ဆက်သွယ် ပေါက်ရောက်မှုများ ခဲ့သည်။ ရခိုင်တွင် မင်းနေမြို့တော် ဖြစ်ဖူးသောမြို့ တို့ကား သက္ကရာဇ် ရှေ့နောက် အစဉ်အတိုင်း ဖော်ပြရသော် (၁) ရာမာဝတီ (သံတွဲနယ်)၊ (၂) ဓညဝတီ၊ (၃) ကျောက်ပန်းတောင်း၊ (၄) ဝေသာလီ (ကျောက်လှေကား)၊ (၅) ဓမ္မဝက်၊ (၆) ပရိန်၊ (၇) ချိပ်မြို့၊ (၈) တောင်ပုံ (နေရဉ္စရာ)၊ (၉) လောင်းကြက် နှင့် (၁ဝ) မြောက်ဦး တို့ဖြစ်သည်။ မြို့ဟောင်းဆိုသည်မှာ မြောက်ဦးမြို့ ကိုပင်ဆိုသည်။

သမိုင်းတစ်လျှောက်ကျူးကျော်သူများ

ဤသည့် ရခိုင်တိုင်း၏ သမိုင်းတစ်လျှောက် လေ့လာ ကြည့်သောအခါ ရခိုင်ပြည်နှင့် ထိစပ်လျက်ရှိသော ပြည်မှာ ဘင်္ဂလားပြည် ဖြစ်သည်။ ထို ဘင်္ဂလားပြည်မှ ဘင်္ဂလားသား တို့ကို ဘင်္ဂါလီလူမျိုးဟု ခေါ်ဆိုခဲ့ကြသည်။ ထိုဘင်္ဂါလီ လူမျိုးတို့သည် ရေကြည်ရာ မြက်နုရာ စီးမျောရင်း ထိစပ် လျက်ရှိသော ရခိုင်တိုင်း နယ်မြေများ အတွင်းသို့ တရားမဝင် ကျူးကျော်ချင်းနင်း ဝင်ရောက်လာခဲ့ကြ သူများဖြစ်သည်။ ရှေးအစဉ် အဆက်ခေတ် ကာလ ရခိုင်သမိုင်း၊ မြန်မာနိုင်ငံ သမိုင်း တစ်လျှောက် ပြန်ကြည့်လျှင် မြန်မာပြည်တွင် ဘင်္ဂါလီလူမျိုး တို့ကို တရားမဝင် နေရာပြောင်းရွှေ့ လာကြသူများ အဖြစ် တွေ့မြင်ရသည်။

ဘင်္ဂါလီလူဦးရေ လျှံထွက်ဖိတ်စဉ် ကျလာခြင်း

ယခု ၂၁ ရာစုသို့ ရောက်ရှိလာသော အခါ မြန်မာနိုင်ငံ တော်မှ ရှမ်းပြည်နယ် ၏ ဧရိယာ အကျယ်အဝန်း ပမာဏလောက်ပင် မရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂါလီ လူဦးရေမှာ သန်းပေါင်း ၂ဝဝ ကျော်မျှ ရှိလာပြီ  ဖြစ်သည့်အတွက် လူဦးရေ လျှံထွက်ဖိတ်စဉ် ကျရောက် လာခြင်းဖြစ်၍ ယနေ့ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ ပြဿနာ ကြီးထွားလာရခြင်း ဖြစ်သည်။

ရိုဟင်ဂျာဆိုသည်မှာ

ထိုကဲ့သို့ လူဦးရေ မဆံ့မပြဲ ဖြစ်ရာမှ ဖိတ်စဉ်ကျရောက် သဖြင့် ရခိုင်ပြည်၏ ပိုင်နက်နယ်မြေ အတွင်း ကျူးကျော် ဝင်ရောက် လာကြသော ဘင်္ဂါလီတို့သည် ရခိုင်ပြည်နယ် ၏ ပိုင်နက်နယ်မြေ များကို သိမ်းပိုက်ပိုင်ဆိုင် ရယူလို လာကြသော အခါ လူမျိုး၏ အမည်ကို ''ရိုဟင်ဂျာ'' ဟု မှည့်ခေါ် လိုက်ကြသည်။ တကယ်တော့ ရိုဟင်ဂျာ ဟူသောစကား ၏ အနက်အဓိပ္ပာယ်မှာ ရိုဟင်=ရောဟင် ဆိုသည်က ရခိုင်ကို ဘင်္ဂါလီလို ခေါ်ခြင်းဖြစ်ပြီး ဂျာ ဆိုသည့် အဓိပ္ပာယ်က ရောက်သည်၊ ဆိုက်သည်၊ ဆိုက်ရောက်သည် ဟုဆိုသည်။ ထို့ကြောင့် ရိုဟင်ဂျာ၏ အနက်အဓိပ္ပာယ်မှာ ''ရခိုင်ပြည်သို့ ဆိုက်ရောက်လာသူ'' ဟု ထွက်ပါသည်။ ဤ ရိုဟင်ဂျာ ဆိုသော ဝေါဟာရမှာ သာမန်သုံး စကားသာဖြစ်၍ လူမျိုး တစ်မျိုး၏ အမည်နာမ ဝေါဟာရ မဟုတ်ပါ။

ရှေးကရှိခဲ့သည့်မြန်မာလူမျိုး (၁ဝ၁)ပါး

မြန်မာနိုင်ငံတော်တွင် ရှေးကတည်းက တည်ရှိနေထိုင် ခဲ့ကြသည့် လူမျိုး ၁ဝ၁ ပါးတို့၏ စာရင်းကို အသီးသီးသော တိုင်းကြီး၊ ခရိုင်၊ နိုင်ငံတို့၏ နယ်နိမိတ်အပိုင်းအခြား ပြဆိုရာ ကျမ်းတစ်ဆူ ဖြစ်သည့် ''ဇမ္ဗူတံဆိပ်ကျမ်း'' တွင် ဖော်ပြရာ၌ ရိုဟင်ဂျာ လူမျိုးဟူ၍ မပါရှိ မဖော်ပြခဲ့ပါ။ မည်သည့် ရှေးမှတ်တမ်းမှတ်ရာ တို့၌လည်း ရိုဟင်ဂျာ လူမျိုးဟူ၍ မြန်မာနိုင်ငံတွင် မရှိပါ။

ဗိုလ်ချုပ်အောင်ဆန်းလက်ထက်

အလားတူ ၁၉၄၇ ခုနှစ် မေလက ရန်ကုန်မြို့ ဂျူဗလီ ခန်းမကြီး၌ ကျင်းပသော မြန်မာ့လွတ်လပ်ရေး အတွက် ဖဆပလ အဖွဲ့ချုပ် ပဏာမ ပြင်ဆင်မှု ညီလာခံတွင် တိုင်းရင်းသား ကိုယ်စားလှယ်ပေါင်းစုံ တို့ ပါဝင်သည့် နိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲကြစဉ်က မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးပေါင်း ၆၇ မျိုး စာရင်းတွင်လည်း ရိုဟင်ဂျာ မဆိုထားနှင့် ဘင်္ဂါလီလူမျိုး ကိုပင် ဌာနေ တိုင်းရင်းသား လူမျိုးများ စာရင်း၌ ထည့်သွင်း မထားပေ။

၂ဝဝ၈ အခြေခံဥပဒေ

ထို့အတူ ၂ဝဝ၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ် က သဘောတူညီ လက်ခံခဲ့သော တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုး စာရင်းတွင်လည်း ရိုဟင်ဂျာ လူမျိုးဟူ၍ ပါရှိသည်ကို မတွေ့ကြရပေ။

မသမာသူတို့၏အကျင့်စရိုက်

သို့သော် ယနေ့အခြေအနေ တွင်ကား ဘာသာရေး အရ ကမ္ဘာ့မျိုးတူသွေးတူ အင်အားကို စွဲကိုင်လျက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ အချုပ်အခြာ အာဏာကို ထိပါး နှောင့်ယှက် လာကြခြင်းသာ ဖြစ်သည်။ ဧည့်သည်သည် ဧည့်သည်သာလျှင် ဖြစ်၍ အိမ်ရှင်မဖြစ်နိုင်။ သို့သော် အိမ်ရှင် အခွင့်အရေး အပြည့်အ၀ လိုချင်ကြခြင်းမှာ အဓမ္မ တရားမဲ့ ကျူးကျော်လုယက် သိမ်းပိုက်လိုသူ တို့၏ အမူအကျင့်သာ ဖြစ်သည်။ ယနေ့ ကြုံတွေ့ နေရသော ကိစ္စရပ်များမှာ ၂ဝဝ၈ ခုနှစ် နိုင်ငံသား မှတ်ပုံတင် ဥပဒေအရ တိုင်းရင်းသား ဟုတ် ၊ မဟုတ် စိစစ်ရာမှ စလာသော ကိစ္စရပ်များသာ ဖြစ်သည်။ ခိုးဝှက်မှု၊ လုယက်မှုတို့ ပေါ်ပေါက် တော့မည့် အခြေအနေ မျိုးတွင် တရားခံတို့သည် မဟုတ်ပါ ၊ မမှန်ပါ ၊ မသိပါ ဟု အမျိုးမျိုး အကြောင်းပြ၍ အပြင်းအထန် ငြင်းဆန် ဆန့်ကျင်ကြလေ့ ရှိသော မသမာသူတို့ဒ အမူအကျင့် စရိုက်သာလျှင် ဖြစ်ပေသည်။

ဟိုတုန်းက မူဂျာဟစ်လို့သာ ခေါ်ခဲ့ကြ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ စစ်သွေးကြွ များသည် အစောပိုင်းက ၄င်းတို့ကိုယ်ကို ရိုဟင်ဂျာ ဟု မခေါ်ကြဘဲ မူဂျာဟစ် ဟုခေါ်ဆိုခဲ့ ကြသည်။ ၁၉၅ဝ ပြည့်နှစ် နှောင်းပိုင်း ကာလများအထိ ရိုဟင်ဂျာ ဟူသော အမည်ကို မသုံးသေး ဘဲ မြန်မာအစိုးရ ကလည်း ထို သတ်မှတ်ချက်ကို အသိအမှတ် မပြုသေးပေ။

မူဂျာဟစ်၊ ရိုဟင်ဂျာ၊ ခိုးဝင်ဘင်္ဂါလီ

ထိုအချိန်မှစ၍ ဘင်္ဂါလီဆူပူ အကြမ်းဖက် သူတို့၏ အပြုအမူ အခြေအနေ တို့ကို အကဲခတ် ကြည့်ကြလျှင် ၄င်း ဘင်္ဂါလီတို့သည် လက်နက်ကိုင် ထားစဉ်က မူဂျာဟစ်၊ လက်နက်ချ ကြတော့ ရိုဟင်ဂျာ၊ လက်နက်မဲ့ သွားပြန်တော့ ခိုးဝင်ဘင်္ဂါလီ ဟူ၍ အပြောင်းအလဲ အမျိုးမျိုး ပြုမူလုပ်ဆောင် ကြသည်ကို တွေ့ကြရမည် ဖြစ်သည်။

ရိုလိမ်ညာလူမျိုး

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ အမည်ခံပြီး အကြမ်းဖက် လုပ်ရပ်တွေ ဆက်တိုက် ပြင်းထန်လာသည်မှာ တပ်မတော် အစိုးရခေတ် တစ်လျှောက်လုံး လိုလိုမှာ ဖြစ်သည်။ ယခု အစိုးရခေတ်တွင် သမိုင်းအလိမ်နှင့် ရိုလိမ်ညာ လူမျိုး ရှိနေကြောင်း ပုံဖော်ဖန်တီး ထားကြသည်။

သမိုင်းက အဆုံးအဖြတ်ပြုမည်

နိုင်ငံတကာမှ မူဆလင်ခေါင်းဆောင် အချို့ ဘေးတီး ပေးမှုကြောင့် ဤကဲ့သို့ပုံဖော် နေကြသော်လည်း သမိုင်း ဆိုသည်က ဖျောက်ပစ်၍ ရကောင်းသော အရာတော့ မဟုတ်ပါ။ မြန်မာနိုင်ငံတော် ရှိ လူမျိုးစု သန်းခေါင်စာရင်း သည် ခေတ်အဆက်ဆက် မပျောက်မပျက် ရှိပြီးသား ဖြစ်သည်။ ဤကိစ္စ ဤပြဿနာသည် သမိုင်းကသာ အမှန်အတိုင်း အဆုံးအဖြတ် ပေးသွားမည် ဖြစ်သည်။

ကမ္ဘာပေါ်တွင် ၇၅ နှစ်အတွင်း လူမျိုးတုံးသတ်ဖြတ်မှု ၂၂ ကြိမ်ဖြစ်ခဲ့

ကမ္ဘာပေါ်တွင် ၁၉၃၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်များအတွင်း လူမျိုးတုံး သတ်ဖြတ်မှု အကြိမ်ပေါင်း ၂၂ ကြိမ်မျှရှိခဲ့ပြီး လူ့အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ကြ ရကြောင်းဖြင့် လေ့လာချက် မှတ်တမ်းများ အရ သိရှိရသည်။

မြန်မာတွင် ဒီလိုရက်စက်မှုမျိုး လုံးဝလုံးဝမရှိ

ဗုဒ္ဓဘာသာ သာသနာ ထွန်းကားသော မြန်မာနိုင်ငံတွင် ဤကဲ့သို့သော လူအများ အစုလိုက် အပြုံလိုက် မျိုးတုံး သတ်ဖြတ်မှု ဆိုသည်မှာ ဘယ်ခေတ်၊ ဘယ်အခါ၊ ဘယ်ကာလမှာမှ မရှိခဲ့ဖူးပါ။ ယခုဒီမိုကရေစီ အစိုးရခေတ် ရောက်လာသည့် အခါတွင်မှ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဖိနှိပ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးရေး သန့်စင်မှု စသည်စသည် မဟုတ်မမှန် ပုံကြီးချဲ့ လုပ်ကြံသတင်းများ ထွက်ပေါ်လာမှု များနှင့်အတူ နောက်ကွယ်မှ သပ်လျှို သွေးခွဲ လက်မည်းကြီး သမားများလည်း အလျှိုအလျှို ထွက်ပေါ်လုပ်ကြံ ဖန်တီး လာကြသည်။ နိုင်ငံအချို့မှ လူအချို့တို့ ဆန္ဒပြပွဲများ ပြုလုပ်လာကြပြီး ပြည်ပနိုင်ငံ အချို့တွင် သွားရောက် အလုပ်လုပ်ကိုင် နေကြသော မြန်မာ နိုင်ငံသားများ ခြိမ်းခြောက်ခံ ရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံ ရခြင်းများ စသည့်ပဋိပက္ခ မျိုးစုံတို့ဖြင့် ဂယက်ထ ဆူပွက် သွားစေခဲ့သည်။

သံယောင်လိုက် ပွဲဆူအောင်လုပ်ခြင်း

ထို့အတူ ကုလသမဂ္ဂနှင့် တကွ နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့ များနှင့် နိုင်ငံအချို့မှ တာဝန်ရှိသူ များကလည်း သံယောင်လိုက်ပြီး လူသားချင်း စာနာ ထောက်ထားမှု ပြကြ ပြောဆိုကြကာ ပဏ္ဏာယူခြင်း၊ စွက်ဖက်ခြင်း၊ ဖိအားပေးခြင်း များဖြင့် ပွဲလန့်တုန်း ဖျာခင်းကြရုံ မျှမက ပွဲဆူအောင်လည်း တွန်းပို့ကြ လေသည်။ မောင်တော အရေးအခင်း စတင်ခဲ့သည့် အောက်တိုဘာ ၉ ရက် နောက်ပိုင်းတွင် မူဆလင်ကွန်ရက် အဖွဲ့အစည်း အချို့တို့ လုပ်ကြံဖန်တီး ထားသည့် လူမျိုးစု အလုပ်အဖြစ် အင်တာနက် လူမှုကွန်ရက် တစ်ခုကို တည်ဆောက်ပြီး ဘင်္ဂါလီအကြမ်းဖက် သမားများကချည်း ခံနေကြရသည့် သတင်းများကို မဟုတ်မမှန်လုပ်ကြံဖန်တီးပြီး ထုတ်လွှင့် ခဲ့ကြသည်။

ထိုသို့ မဟုတ်မဟတ် လုပ်ကြံဖန်တီးမှု အမျိုးမျိုးနှင့် ထုတ်လွှင့်ချက် တို့ကို နိုင်ငံတကာ သတင်းမီဒီယာများ ထံသို့လည်း အစီအစဉ်ရှိရှိနှင့် ပို့ပေးခဲ့ကြသည့် အလျောက် ယင်း မီဒီယာများ ကလည်း လုပ်ကြံဖန်တီး သတင်းများကို တစ်လေသံတည်း လိုလို ဆင့်ပွား ထုတ်လွှင့်ခဲ့ကြ ရာမှ အတော်ပင်ပျံ့နှံ့ သွားခဲ့သည်။

လံကြုတ်သတင်းကြောင့် ဂယက်မထ

သို့သော် မြန်မာနိုင်ငံတွင်မူ ထိုလံကြုတ် သတင်းမှားကြောင့် ဂယက်မထပေ။ အဘယ်ကြောင့် ဆိုသော် မဟုတ်မမှန် လုပ်ကြံကြသော သတင်းများ ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသတင်း ထွက်ပေါ်ရာ မူလဇာစ်မြစ် အရင်းခံ အကြောင်းမှာ လုံခြုံရေး စောင့်ရှောက်ပေး နေကြသော တာဝန်ကျ ရဲတပ်ဖွဲ့ဝင် များကို အလစ်အငိုက် ဖမ်းပြီး တိုက်ခိုက်သတ်ဖြတ် သူတို့မှာ ဘင်္ဂါလီ လက်နက်ကိုင် အကြမ်းဖက်သမား များသာဖြစ်သည်။ ထိုမှ ပြဿနာ စတင်ခဲ့ရသည်။ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ထိုအခြေအနေ ဆိုးကို အချိန်မီ ဝင်ရောက် ထိန်းသိမ်း လိုက်သောအခါ ဘင်္ဂါလီ လက်နက်ကိုင် အကြမ်းဖက် သမားတို့က တိုက်ကွက် ပြောင်းပြီး တပ်မတော်က သူတို့ ကို မတရားသတ်ဖြတ် နေပါပြီ။ နှိပ်စက်ညှဉ်းပန်း နေပါပြီ။ ပိုင်နက်နယ်မြေ များမှ မတရားမောင်းထုတ် နေပါပြီ စသည် ဖြင့် အသံကောင်းလွှင့်၍ မဟုတ်မမှန် လုပ်ကြံဇာတ်ခင်း လိုက်သည်နှင့် ၄င်းတို့နှင့် အပေါင်းအပါ မိတ်ဖက် ဘာသာတူနိုင်ငံ များက လူသိရှင်ကြား မျက်စိစုံမှိတ်ပြီး ဟစ်ကြွေးကြ လေတော့သည်။ မြန်မာတို့က သူတို့ဘင်္ဂါလီ မူဆလင်မျိုးနွယ်စု တို့အား လူမျိုးတုံး သတ်ဖြတ် နေကြပါ ပြီဟု ကြွေးကြော် ဟစ်အော်ကာ ကမ္ဘာ့မူဆလင် အသိုင်းအဝိုင်း တို့ကို တပ်လှန့်လှုံ့ဆော် လေတော့သည်။

အမှန်တကယ်တော့ ဘင်္ဂါလီတို့၏ လုပ်ကြံသတင်း ဖြစ်ရပ်မှန်များသည် လယ်ပြင်တွင် ဆင်သွား သကဲ့သို့ ထင်ရှားနေသည်။ အရှင်းလင်းဆုံးနှင့် ပြတ်ပြတ်သားသား ပြောရလျှင် ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံ မှာ ရှေးကလည်း မရှိ၊ ယခုအထိလည်း မရှိသလို လူမျိုးတုံး သတ်ဖြတ်ခြင်း ဆိုတာလည်း လုံးဝ မရှိကြောင်း ကမ္ဘာသိအောင် ကြေညာ မောင်းခတ် လိုက်ရပါသည်။

( ဤဆောင်းပါးသည် စာရေးသူ ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

Monday, January 16, 2017

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူ ဘင်္ဂါလီ ၅ ဦးဖမ်းဆီးရမိ




နေပြည်တော် ၊ ၁၆-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင် ပတ်သက်ခဲ့သူ များကို ဖော်ထုတ် စစ်ဆေးလျက် ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ခဲ့ပြီး တိမ်းရှောင်နေသော ငါးခူရ (အလယ်ရွာ)နေ အီနု(ဘ) နာဒူဟူဆောင်း ကိုလည်းကောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် ငါးရံ့ချောင်း ကျေးရွာနေ ဆွေဒူလာမီ (ဘ) အဗ္ဗဒူလာ၊ မာမွတ်ကာဆင်း (ဘ) ဇော်လာမောက်၊ ရှူဟတ်(ဘ) မူဇင်မေ နှင့် ညနေ ၄ နာရီခွဲခန့်တွင် ပဒါးကား ကျေးရွာနေ မာမတ်အီဒရစ် (ဘ) အဒူမာလစ်တို့ အားလည်းကောင်း စုစုပေါင်း ငါးဦး ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူ များ၏ ထွက်ဆိုချက်များ အရ ၄င်းတို့သည် ငါးခူရနှင့် ကျီးကန်းပြင် အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ခဲ့ကြောင်း၊ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် ငွေကြေး ထောက်ပံ့၍ လူအင်အား စုဆောင်းပေး ခဲ့သူများ ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် တိမ်းရှောင်နေရာမှ ၄င်းတို့၏ ကျေးရွာများသို့ ပြန်လည် ဝင်ရောက် နေထိုင်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိ ဘင်္ဂါလီများအား တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ များက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ 

Friday, January 13, 2017

ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူ ဘင်္ဂါလီများအား ထပ်မံဖမ်းဆီးရမိ



နေပြည်တော်၊ ၁၃-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်အား အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများအား စိစစ်ဖော်ထုတ်လျက်ရှိရာ သတင်းအရ ငါးရံ့ချောင်းကျေးရွာသို့ သွားရောက်ရှင်းလင်းစဉ် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အဘူဆူဖရင်(ဘ) ဟာမက်အာမတ်၊ ဘူရှား (ဘ) အဘူဆူဖရင် နှင့် မာညက်(ဘ) အဒူမတာလိတ် တို့ကို ၎င်းတို့၏ နေအိမ်များ၌ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူ များအား စစ်ဆေး မေးမြန်းချက်အရ ၎င်းတို့ ၃ ဦးသည် ကျီးကန်းပြင် နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်အား အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီးနောက် ပြင်ခေါင်း တောင်ကျော်လမ်း မှတစ်ဆင့် ငါးရံ့ချောင်း ကျေးရွာသို့ ပြန်လည် ရောက်ရှိကာ တောင်ပဇာ နယ်မြေအတွင်း ရှိ တပ်မတော်နှင့် ရဲစခန်းများ၏ အခြေအနေ များအား စုံစမ်းနေခြင်း ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိ ဘင်္ဂါလီများအား တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ ဥပဒေနှင့်အညီ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည် ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

ဇန်န၀ါရီ ၁၀ ရက်တွင် RB News Website ၌ ထပ်မံပါရှိခဲ့သည့် သတင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ မမှန်မကန် သတင်းလွှင့်ထုတ်ခြင်းသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ


၂၀၁၇ ဇန် ၁၂၁၃၀၀ ချိန် နဗဟ(၂) စကခ(၁၅) နှင့် နခခ(၂) မှ ပူးပေါင်းအဖွဲ့ဖြင့် ကျားခေါင်းတောင်ကျေးရွာသို့ သွားရောက်၍ RB News Website နှင့် ပတ်သက်၍ စိစစ်မေးမြန်းမှု မှတ်တမ်းဓာတ်ပုံ


RB News Website သတင်းပါ အကြောင်းအရာနှင့် ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများမှ အာမခံလက်မှတ် ရေးထိုးမှုမှတ်တမ်း

နေပြည်တော် ၊ ၁၃-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျားခေါင်းတောင် ကျေးရွာ၌ ဇန်နဝါရီ ၈ ရက်တွင် နယ်မြေခံတပ်မှ တပ်မတော်သား များက ကော်ရီမူလ္လာ (ဘ) ရှာဟာတူလ္လာ ဆိုသူကို တစ်ညလုံး ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ပြီး လက်နက်များ သိုဝှက်ထားသည့် နေရာများကို ပြောခိုင်းကြောင်း နှင့် နှိပ်စက် မခံချင်ပါက ငွေကျပ် ၁ဝ သိန်းပေးရန် တောင်းဆို သဖြင့် ငွေကျပ် ၁ဝ သိန်း ပေးခဲ့ရကြောင်းကို ဇန်နဝါရီ ၁ဝ ရက်တွင် အဆိုပါ RB News Website ၌ ရေးသားဖော်ပြ ခဲ့သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကျားခေါင်းတောင် ကျေးရွာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ရွာသားများ ရှေ့မှောက်၌ တပ်မှ ဖမ်းဆီးရိုက်နှက် ငွေတောင်းခြင်း ခံရသူ ကော်ရီမူလ္လာ ကို စစ်ဆေး မေးမြန်းခဲ့ရာ တပ်မတော် စစ်ကြောင်းများက လူမဆန်စွာ ရိုက်ခြင်း၊ ငွေကျပ် ၁ဝ သိန်း ပေးခဲ့ရခြင်း မရှိကြောင်းနှင့် ၄င်းဖြစ်စဉ် မှာလည်း ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းကို ကျေးရွာမှ တာဝန်ရှိသူ များနှင့် ဒေသခံများက ဝန်ခံကတိ လက်မှတ်ရေးထိုး ၍ ထွက်ဆိုခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသည့်အပြင် ဖော်ပြပါပုံ၌ ကော်ရီမူလ္လာ မှာလည်း ညှဉ်းပန်းနှိပ်စက် သည့် ဒဏ်ရာများ ရရှိထားခြင်း မရှိကြောင်း စစ်ဆေး တွေ့ရှိရသည်။ RB News Website အနေနှင့် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များ တွင် မမှန်မကန် ရေးသား ဖော်ပြမှုများကြောင့် တာဝန်ရှိသူများက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မှန်ကန်မှု မရှိကြောင်းကို မြဝတီ ရုပ်မြင်သံကြားနှင့် မြဝတီသတင်းစာ တို့၌ သတင်းထုတ်ပြန် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသ အတွင်း အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးတို့ အတွက် ဥပဒေနှင့်အညီ တာဝန်ရှိ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ နယ်မြေဒေသ တည်ငြိမ် အေးချမ်းစေရန် လုပ်ဆောင်လျက် ရှိပြီး ထိုသို့ လုပ်ဆောင်မှု များကိုလည်း အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန် ဖော်ပြလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

Wednesday, January 11, 2017

RB News Website တွင်ပါရှိသည့် သတင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ မမှန်မကန် သတင်းထုတ်လွှင့်ခြင်းသာ ဖြစ်ကြောင်းတွေ့ရှိ


ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဂေါ်ဒူသာရကျေးရွာ (တောင်)ရှိ ရပ်မိ ၊ ရပ်ဖများ ၊ ရွာသူ ရွာသားများနှင့် တွေ့ဆုံစဉ်

နေပြည်တော် ၊ ၁၁-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂေါ်ဒူသာရ ကျေးရွာ(တောင်) အတွင်းသို့ ဇန်နဝါရီ ၇ ရက် ညနေပိုင်းတွင် တပ်မတော်သားများ ဝင်ရောက်၍ ရွာသားများအား ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ အမျိုးသမီးများအား ရိုက်နှက်ခြင်း၊ လိင်အကြမ်းဖက် ခြင်းနှင့် လုယက်ခြင်းများ ပြုလုပ်ကာ အမျိုးသား ခုနစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဇန်နဝါရီ ၈ ရက် RB News Website ၌ ရေးသား ဖော်ပြခဲ့သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူ များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၉ ရက် နံနက် ၁ဝ နာရီတွင် အဆိုပါကျေးရွာ သို့ သွားရောက်၍ ကျေးရွာတာဝန်ခံ၊ ရပ်မိ၊ ရပ်ဖများ၊ ရွာသူ၊ ရွာသားများနှင့် တွေ့ဆုံကာ သတင်း မှန်ကန်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေး မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ရာ မှန်ကန်မှု မရှိကြောင်း၊ တပ်မတော်သား များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်း မရှိကြောင်းနှင့် သတင်းရေးသား ထုတ်လွှင့်မှုများမှာ မမှန်မကန် ရေးသား ထုတ်လွှင့်မှုများသာ ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည်။ ထို့ပြင် အဆိုပါ RB News Website သည် ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ အတွင်းကလည်း ဘင်္ဂါလီများ သေဆုံးမှုနှင့် နေအိမ်များ မီးလောင်ဆုံးရှုံးမှု သတင်းများကို မမှန်မကန် ရေးသားထုတ်လွှင့် ခဲ့သဖြင့် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်ထုတ် မြဝတီသတင်းစာ တွင် သတင်းမှန်ပြန်ကြား ထုတ်ပြန်ခဲ့ရပြီး ဖြစ်ပါသည်။

တပ်မတော်အနေဖြင့် မောင်တောဒေသ တွင် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေး အတွက် ဥပဒေနှင့်အညီ တာဝန်ရှိ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး ထိုသို့ လုပ်ဆောင်မှု များကိုလည်း အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Friday, January 6, 2017

ဘူးသီးတောင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ များနှင့် ဆက်စပ်သတင်း ဖော်ထုတ်ရရှိ


ဖမ်းဆီးရမိ လက်နက်ကိုင်အကြမ်းဖက် သင်တန်း တက်ရောက်ပြီးသူ နှစ်ဦးကို တွေ့ရစဉ်


နေပြည်တော် ၊ ၆-၁-၂၀၁၇

ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ တိုးမြှင့် ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှု သင်တန်းပို့ချသူ နှင့် သင်တန်း တက်ရောက်ပြီးသူ လေးဦးကို လက်နက်များနှင့် အတူ ဘူးသီးတောင် မြို့နယ်၊ မောင်ကြီးတောင် ကျေးရွာ၌ ယမန်နေ့က ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ဖမ်းဆီးရမိသူ များကို ဥပဒေနှင့်အညီ ထိန်းသိမ်း ထားရှိပြီး အကြမ်းဖက် သောင်းကျန်းသူ များနှင့် ဆက်စပ် ပတ်သက်သည့် သတင်းဆက်များ ရရှိရေး စစ်ကြော ဖော်ထုတ်လျက် ရှိသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များ အရ ၂ဝ၁၆ ခုနှစ် ဇူလိုင်လ အတွင်းက ဘူးသီးတောင် မြို့နယ်၊ ဒါးပိုင်ဆရာကျေးရွာ ၏ အနောက်ဘက်ရှိ တောင်ကုန်း တစ်ခုတွင် မောင်ကြီးတောင် ကျေးရွာ၊ ဒါးပိုင်ဆရာ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဘင်္ဂါလီ ၃ဝ ဦးခန့်နှင့် အတူ အကြမ်းဖက် တိုက်ခိုက်ရေး သင်တန်းအား ရက်သတ္တပတ် နှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း၊ ၄င်းတို့အား တစ်ဖက်နိုင်ငံသား နှစ်ဦးက အကြမ်းဖက် တိုက်ခိုက်နည်းများ လေ့ကျင့်သင်ကြား ပြသပေးခဲ့ကြောင်း၊ သင်တန်းတွင် သေနတ်ပစ်ခတ် နည်းများနှင့် အခြေခံ သိုင်းပညာ များကို ချင်းသမား ကျေးရွာအုပ်စု၊ ပုလဲတောင် ကျေးရွာ နေ မော်လဝီ အဒူရော်ဇောက် (ဘ) စိစစ်ဆဲ နှင့် တစ်ဖက် နိုင်ငံသား နှစ်ဦးက သင်ကြား ပြသ ပေးခဲ့ကြောင်း၊ အလားတူ အကြမ်းဖက် တိုက်ခိုက်နည်း သင်တန်းများကို မောင်တော မြို့နယ်၊ ဂေါ်ဒူသာရ ကျေးရွာအနီး တောင်ခြေရှိ လယ်ကွင်းတွင် ဘင်္ဂါလီ ၁၅ ဦးခန့်နှင့် မောင်ကြီး တောင်ကျေးရွာ ၏ အနောက်ဘက် တောင်ကြားတွင် ဘင်္ဂါလီ ၁ဝ ဦးခန့်တို့ဖြင့် ၂ဝ၁၆ ခုနှစ် ဇွန်လအတွင်း ကလည်းကောင်း၊ ဂေါ်ဒူသာရ အရှေ့ကျေးရွာတွင် ဘင်္ဂါလီ ၁ဝ ဦးခန့်နှင့် ဒါးပိုင်ဆရာ ကျေးရွာရှိ ဆူနာလီ (ဘ) အဘူ ကာဆိမ်း ၏ ဥယျာဉ်ခြံဝင်း၌ ဘင်္ဂါလီ ငါးဦးခန့်တို့ဖြင့် ဇူလိုင်လအတွင်း ကလည်းကောင်း၊ ဆင်အိုးပြင် ကျေးရွာရှိ မာမတ်ရှား (ဘ) အီဗရာဟိန်း ၏ ဥယျာဉ်ခြံဝင်း၌ ဘင်္ဂါလီ ငါးဦးခန့် ဖြင့် နိုဝင်ဘာလအတွင်း ကလည်းကောင်း အသီးသီးဖွင့်လှစ် ခဲ့ကြောင်း သိရှိရသည်။

သင်တန်းတက်ရောက် နေစဉ်အတွင်း တစ်ဖက်နိုင်ငံသား နှစ်ဦးနှင့် သင်တန်း တက်ရောက်သူ မောင်ကြီးတောင် ကျေးရွာနေ ဆာဒတ်(ဘ) မာတာမိန်တို့က လုပ်သေနတ်များ ပြုလုပ်ရန်အတွက် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံသား နှစ်ဦးက သေနတ် ပြုလုပ်ရန် လိုအပ်သည့် အချက်အလက် များတွက်ချက် ပေးပြီး သင်တန်း အတူ တက်ရောက်သူ ဆာဒတ် (ဘ) မာတာမိန်နှင့် မာမောက်ရော်ရှီး (ဘ) မာမောက်ကာဆိန်း တို့နှစ်ဦးက လိုအပ်သည့် ဆက်စပ်ပစ္စည်း များကို ဘူးသီးတောင်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ဆန်းသစ် စက်မှုလုပ်ငန်း သို့ သွားရောက် ဝယ်ယူ ခဲ့ကြောင်းနှင့် ဆာဒတ်၊ ကူမူရူးနှင့် တစ်ဖက် နိုင်ငံသားနှစ်ဦး တို့က လုပ်သေနတ် များကို တပ်ဆင်ခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ်၊ ဇွန်လအတွင်း မောင်ကြီးတောင် ကျေးရွာသား မာမောက်ရှော (ဘ) စိစစ်ဆဲနှင့် ဇော်တူလာယူစွပ် (ဘ) စိစစ်ဆဲ တို့နှစ်ဦးသည် တစ်ဖက်နိုင်ငံ၊ ကူတူပါလောင် ဒုက္ခသည်စခန်းမှ နယ်စပ်(စိစစ်ဆဲ)ေ နရာကို ဖြတ်ကျော်ကာ ကြိမ်ချောင်း-ဂုတ်ပိ တောင်ကျော် လမ်းကြောင်းမှ တစ်ဆင့် မောင်ကြီးတောင် ကျေးရွာရှိ မာမတ်ကာယာ (ဘ) အာမီရော်တီ ထံသို့ လုပ်သေနတ် ၁၆ လက်ခန့် လာရောက်ပို့ဆောင် ခဲ့ပြီး မောင်ကြီးတောင် ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ လူငယ်များအား စုစည်းထားရှိရန်၊ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်ခန့်တွင် တစ်ဖက်နိုင်ငံမှ တစ်ဆင့် အကြမ်းဖက် သောင်းကျန်းသူ ၁ဝဝ ဦးခန့်သည် လက်နက်များ ကိုယ်စီ ကိုင်ဆောင်ပြီး လာရောက်မည် ဖြစ်ကြောင်း၊ ၄င်းအဖွဲ့များ ဝင်ရောက်လာပါက စား၊ ဝတ်၊ နေရေး အတွက် မာမတ်ကာယာ၊ မာမတ်ရှားနှင့် လာလူးတို့က တာဝန်ယူပေး ရမည် ဖြစ်ကြောင်း၊ ဘူးသီးတောင်ရှိ တပ်၊ စခန်းများကို လူတိုင်း လက်နက် ကိုင်ဆောင်ပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်မည် ဖြစ်ကြောင်း ပြောကြားကာ တစ်ဖက်နိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြောင်း၊ ၄င်းတို့အဖွဲ့အား ငွေကြေးထောက်ပံ့ နေသူမှာ မောင်ကြီးတောင် ကျေးရွာ တာဝန်ခံ မာမတ်ရှား (ဘ) အီဗရာဟိန်း ဖြစ်ကြောင်း၊ အဆိုပါ စစ်ဆေး ဖော်ထုတ်ချက် များအရ မောင်ကြီးတောင် ကျေးရွာတာဝန်ခံ မာမတ်ရှား (ဘ) အီဗရာဟိန်း နှင့် ၄င်း၏ဖခင် အီဗရာဟိန်း (ဘ) အီဒီရက်စ် တို့သည်လည်း အကြမ်းဖက် တိုက်ခိုက်နည်း သင်တန်း တက်ရောက်ပြီး သူများဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်း စစ်ကြောလျက်ရှိပြီး ဆက်စပ် တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Thursday, January 5, 2017

ဘူးသီးတောင်မြို့နယ်အတွင်း လက်နက်ကိုင်အကြမ်းဖက် သင်တန်းပို့ချသူနှင့် သင်တန်းတက်ရောက်ပြီး သူများအပါအ၀င် လက်နက်များ ဖော်ထုတ်ဖမ်းဆီးရမိ


သိမ်းဆည်းရမိသည့် ဒေန္တရလုပ် လက်နက်များကို တွေ့ရစဉ်

ဖမ်းဆီးရမိ လက်နက်ကိုင် အကြမ်းဖက် သင်တန်းပို့ချသူနှင့် သင်တန်းတက်ပြီးသူများကို တွေ့ရစဉ်

နေပြည်တော် ၊ ၅-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင် ရှိ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် အား ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွားပြီး မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ဘင်္ဂါလီ အကြမ်းဖက် တိုက်ခိုက်သူ များသည် မောင်တောမြို့နယ် မှတစ်ဆင့် ဘူးသီးတောင် မြို့နယ်နှင့် အခြားနေရာများ သို့ပါ ထပ်မံ တိုက်ခိုက်ရန် လက်နက်ကိုင် အကြမ်းဖက် သင်တန်းများ ဖွင့်လှစ် လေ့ကျင့်ခြင်း၊ လက်နက်၊ ခဲယမ်းများ စုဆောင်းခြင်း စသည့် ကြိုတင် သတင်းများ ရရှိခဲ့သည်။ အဆိုပါ သတင်းများအရ ဘူးသီးတောင် တပ်နယ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဘူးသီးတောင်မြို့နယ် အတွင်း နိုဝင်ဘာလ ကတည်းက အသေးစိတ် ဖြန့်ခွဲ ရှင်းလင်းလျက် ရှိရာ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဘူးသီးတောင်မြို့၏ မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ မောင်ကြီးတောင် ကျေးရွာ ခန့်မှန်း မြေပုံညွှန်း (DU-၅၁၇ ၁၃၅) ၌ လက်နက်ကိုင် အကြမ်းဖက် သင်တန်းပို့ချသူ ဘင်္ဂါလီ မာမက်ကာရက် (ဘ) အာမီဒိန်းနှင့် လက်နက်ကိုင် အကြမ်းဖက် သင်တန်း တက်ရောက်ပြီးသူ ကူမူရူး (ဘ) တာဟဲ၊ ဒီမာမွတ် (ဘ) ရှော်ဖီးရွန်း၊ မာဒူးလာ (ဘ) မာမောက်တို့ လေးဦးကို ဖမ်းဆီးရမိ ခဲ့သည်။ ဖမ်းဆီးရမိသူ များအား စစ်ကြောမေးမြန်း ဖော်ထုတ်ချက် အရ ကျေးရွာအနီး ကွမ်းခြံအတွင်း၌ ဆာလာအိတ်ဖြင့် ထုပ်ပိုး၍ မြေကြီးအတွင်း မြှုပ်ဝှက်ထားသည့် ပြောင်းအချင်း ၁၈ မီလီမီတာခန့် ရှိသော ဒေသန္တရလုပ် ပြောင်းချော သေနတ် ၁၄ လက်ကို ထပ်မံ ဖော်ထုတ် သိမ်းဆည်းရမိ ခဲ့သည်။

ယခုအခါ နိုင်ငံတကာ သတင်းဌာနတချို့ နှင့် အင်တာနက် သတင်းစာမျက်နှာ များ၌ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က ဘင်္ဂါလီများကို လူမျိုးတုံး သတ်ဖြတ်ခြင်း (Genocide) အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အကြောင်းအရာ မျိုးစုံဖြင့် သတင်းမှားများ ဖော်ပြလျက် ဝါဒဖြန့် လှုံ့ဆော်လျက် ရှိရာ ယခုဖြစ်စဉ်အရ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ညှဉ်းပန်း နှိပ်စက်မှု သတ်ဖြတ်မှုများ ဆောင်ရွက်နေခြင်း မဟုတ်ဘဲ ဆူပူအကြမ်းဖက် တိုက်ခိုက်လိုသူ ဘင်္ဂါလီများကသာ ရခိုင်ပြည်နယ် အတွင်း ထပ်မံအကြမ်းဖက် တိုက်ခိုက်ရန်နှင့် မောင်တောမြို့နယ် အပြင် အခြားမြို့နယ် များသို့ပါ စိမ့်ဝင်ထိုးဖောက် ဝင်ရောက်ပြီး တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ကိုသာမက ဒေသခံ ရခိုင်တိုင်းရင်းသား များကိုပါ ထပ်မံ တိုက်ခိုက်ရန် တိုးမြှင့်ကြံစည် လုပ်ဆောင် နေခြင်းသာ ဖြစ်ကြောင်း တွေ့ရှိရသည်။

ဖမ်းဆီးရမိသူ များနှင့် ပတ်သက်၍ ဆက်စပ်တရားခံ များနှင့် သတင်းဆက်များ ဖော်ထုတ် ရရှိနိုင်ရေး ဆက်လက် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။


မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger