www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 26, 2016

မြောက်ကိုရီးယား ၏ ရေငုပ်သင်္ဘောပေါ်မှ ပစ်ခတ်နိုင်သည့် ဒုံးကျည်နည်းပညာကြောင့် တစ်ဆင့်တိုး စိုးရိမ်နေရ




( ရှိန်းထက် )

အနောက်အုပ်စု၊ တောင်ကိုရီးယား နှင့်ဂျပန်တို့ မပြည့်စေချင်သော ဆန္ဒ၊ မြောက်ကိုရီးယား တို့ နှစ်ပေါင်းများစွာ အသည်းအသန် ကြိုးစားခဲ့ရသော စိတ်ကူးပုံရိပ် သြဂုတ် ၂၄ ရက်က အကောင်အထည် ပေါ်သွားခဲ့ပြီ ဖြစ်သည်။ ကမ္ဘာပေါ်တွင် လက်ချိုးရေတွက်၍ ရသော ရေငုပ်သင်္ဘောပေါ်မှ ဒုံးကျည်ပစ်လွှတ် နိုင်သည့် နည်းပညာကို ယခု မြောက်ကိုရီးယားတို့ ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

၂ဝ၁၅ ခုနှစ် ဧပြီလတုန်းက မြောက်ကိုရီးယားတို့ အယောင်ဆောင် အောင်မြင်မှုကို နိုင်ငံတကာသို့ ချပြခဲ့သည်။ သို့သော် ထို အယောင်ဆောင်မှုကို အမေရိကန် သိပ္ပံ ပညာရှင် များက ခွာချနိုင်ခဲ့ကာ မြောက်ကိုရီးယား တို့ အမှန်တကယ် ပစ်လွှတ်နိုင်သည့် နည်းပညာကို မရသေးကြောင်း သက်သေ အထောက်အထားဖြင့် ဖွင့်ချပြခဲ့သည်။ ထို့ကြောင့် ခေါင်းဆောင် ကင်ဂျုံအွန် အရှက်ကွဲခဲ့ ရသည်။

အမေရိကန်က မြောက်ကိုရီးယား တို့ ထိုနည်းပညာကို ရရှိရန် နှစ်နှင့်ချီကြိုးစား ရဦးမည်ဟု ဝေဖန်ခဲ့သည်။ နှစ်နှစ်အတွင်း ရေငုပ်သင်္ဘောပေါ်မှ ပစ်လွှတ်သည့် နည်းပညာကို ငါးကြိမ်တိုင်တိုင် မြောက်ကိုရီးယားတို့ စမ်းသပ်ခဲ့သည်။ တစ်ကြိမ်မျှ မအောင်မြင်ခဲ့ဘဲ ယခုတစ်ကြိမ်မှသာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ အနောက်အုပ်စု ကလည်း ထိုနည်းပညာကိုရရှိရန် စိုးရိမ်နေ ခဲ့သည်။

ပါကစ္စတန်မှာ ရေငုပ်သင်္ဘောပေါ် က ဒုံးပျံပစ်လွှတ်နိုင်သည့် နည်းပညာ မရှိသေးပေ။ မြေပြင်အခြေစိုက် ဒုံးပစ်စခန်းများ ကပင် စစ်ပွဲတစ်ပွဲကို ပါကစ္စတန်တို့ ဆင်နွှဲ နိုင်စွမ်းရှိသည်။ နျူကလီးယား ထိပ်ဖူးတပ် ထားသော ဒုံးပျံနှင့် တိုက်ခိုက်မည် ဆိုလျှင် ပါကစ္စတန်တို့ မြေပြင်ဒုံးပစ်စင် များကိုသာ အားကိုးရမည် ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယနှင့် စစ်ဖြစ်ခဲ့လျှင် ပါကစ္စတန်တို့ နျူကလီးယား ပိုင်ဆိုင်တာချင်း အတူတူ နည်းပညာ နောက်ကျမှုကြောင့် ရှုံးနိမ့်ရန် ရာခိုင်နှုန်း ပိုများသည်ဟု ဝေဖန်ခံရခြင်း ဖြစ်သည်။ ယခု ပါကစ္စတန်ကိုပင် မြောက်ကိုရီးယား တို့ ကျော်တက်သွား ခဲ့ပြီဖြစ်သည်။ အသေးစား နျူကလီးယား ထိပ်ဖူးများ ကိုလည်း မြောက်ကိုရီးယား တို့ အောင်မြင်စွာ ထုတ်လုပ်ထား နိုင်ပြီး ဒုံးကျည်တွင် စိတ်ကြိုက် တပ်ဆင်နိုင်စွမ်း ရှိသည်။ မြောက်ကိုရီးယား ၏ နျူကလီးယား လက်နက်၊ ရေငုပ်သင်္ဘော မှ ပစ်နိုင်စွမ်းအား နှစ်ခုစလုံးသည် တောင်ကိုရီးယား နှင့် ဂျပန်ကို သာမက အမေရိကန်ကို ပင် အကောင်းဆုံး ခြိမ်းခြောက် နေနိုင်ပြီ ဖြစ်သည်။

ထို့ပြင် မကြာမီကပင် ကင်ဂျုံအွန် က သူ့စိတ်ကြိုက် တိုက်ချင်သည့် အချိန်တွင် နျူကလီးယား စစ်ပွဲဆင်နွှဲမည် ဟု စစ်ကြေညာ ထားသည်။ အောင်မြင်သည့် ရေငုပ်သင်္ဘော ပေါ်မှ ဒုံးကျည် ပစ်လွှတ်မှုကို မြောက်ကိုရီးယား တို့က ဆင်ပို ဆိပ်ကမ်းမြို့မှ ပစ်လွှတ်ခြင်း ဖြစ်ပြီး ကီလိုမီတာ ၅ဝဝ အထိ ရောက်ရှိခဲ့ကာ ဂျပန်စီးပွားရေးဇုန် EEZ ထဲသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဂျပန် စီးပွားရေးဇုန် EEZ ထဲသို့သာမက ဂျပန်လေကြောင်း ကာကွယ်ရေးဇုန် ADIZ ထဲသို့ပါ ရောက်ရှိလာခဲ့သည်။ေ နာက်ထပ် ကီလိုမီတာ၂၅ဝ ခန့် ဆက်သွားလျှင် ဂျပန် ကုန်းတွင်းပိုင်း သို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းဒုံးကျည် သည် အကွာအဝေး ကီလိုမီတာ ၂ဝဝဝ ခန့်ကို ပစ်ခတ်နိုင်စွမ်း ရှိသည်ဟု အမေရိကန်တို့က ဆိုသည်။ ထို့ကြောင့် ဂျပန်ရှိ အမေရိကန် တို့၏ စစ်အခြေစိုက် အိုကီနာဝါ စစ်အခြေစိုက် စခန်းကို ချေမှုန်းနိုင်စွမ်း ရှိသည်။ အာရှစစ်ဗျူဟာ ၏ အမေရိကန်တို့ အားထားရာ ဂူအန်ကျွန်း ကိုလည်း ဖျောက်ဖျက်ပစ် နိုင်သည်။

ဇန်နဝါရီလ တုန်းက စမ်းသပ်ခဲ့သည့် မိုင်ပေါင်း ၇ဝဝဝ ပစ်နိုင်စွမ်း ရှိသော တာဝေးပစ်ဒုံးကျည် ဖြင့်ဆိုလျှင် အမေရိကန် ၏ ကမ်းခြေမြို့များ ကိုပင် ရောက်အောင် ပစ်ခတ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ဂျပန်၊ တောင်ကိုရီးယား နှင့် အမေရိကန် တို့က ကုလသမဂ္ဂ၏ နောက်ထပ် အရေးယူ ဆောင်ရွက်မှု များကို စောင့်မျှော် နေကြသည်။ တဖြည်းဖြည်းနှင့် မြောက်ကိုရီးယား ကို အရေးယူ ပိတ်ဆို့မှု ပိုပြုလုပ်လေ မြောက်ကိုရီးယား က သူတို့ မဖြစ်စေချင် သည့်ပုံစံ ပိုဖြစ်လာလေ ဖြစ်သည်။

မကြာမီကပင် အမေရိကန်နှင့် တောင်ကိုရီးယား တို့သည် အကြီးမားဆုံး ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ခုကို ပြုလုပ်ခဲ့သည်။ လူပေါင်း ၇၅ဝဝဝ ခန့်ပါဝင်သော ကျည်စစ်သုံး စစ်ရေး လေ့ကျင့်ခန်းသည် တရိပ်ရိပ် မြင့်တက် လာသော မြောက်ကိုရီးယား ၏ ထိုးစစ်ကို ကာကွယ်ရန် ဖြစ်သည်။ သို့သော် မြောက်ကိုရီးယား ကတော့ သူ့နိုင်ငံကို သိမ်းပိုက်ရန် အမေရိကန်တို့ စစ်ရေးလေ့ကျင့် နေခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ထိုစစ်ရေး လေ့ကျင့်ခန်းများ ကို ချက်ချင်းရပ်တန့် ပေးရန် တောင်းဆိုပြီး အပြင်းအထန် ရှုတ်ချခဲ့သည်။ အမေရိကန် တို့သည် စစ်ကို ဆွပေးနေသူများ ဖြစ်ပြီး စစ်မဖြစ် ဖြစ်အောင် လိုက်လုပ်နေသူ များဖြစ်သည်ဟု ဝေဖန်ကာ အမေရိကန်တို့ မရပ်တန့်လျှင် သူတို့လည်း စစ်ရေး လှုပ်ရှားမှုများကို ခြေတစ်လှမ်းမျှ မဆုတ်နိုင်ဟု ဆိုသည်။

အမေရိကန် ကလည်း တောင်ကိုရီးယား နှင့် ပူးတွဲစစ်ရေး လှုပ်ရှားမှု မှန်သမျှကို ရပ်တန့်ပေးခြင်း မရှိဘဲ မြောက်ကိုရီးယား တို့ တားမြစ်နေသည့် ကြားမှပင် လုပ်ဆောင် နေသည်။ မြောက်ကိုရီးယား ကလည်း အမေရိကန်တို့ တားလေ ပိုလုပ်ပြလေ ဖြစ်သည်။ ယခုတော့ မြောက်ကိုရီးယား တို့ရန်က တစ်ဆင့် တက်ကာ ပိုမိုစိုးရိမ်စရာ ဖြစ်လာ နေပြီဖြစ်သည်။ ယခင်က မြေပြင်ကိုပင် စောင့်ကြည့်ခဲ့ ရသော အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့သည် ရေပြင်ကိုလည်း အချိန်ပြည့် စောင့်ကြည့် ရတော့မည် ဖြစ်သည်။

သူ့နိုင်ငံ ရေပိုင်နက်တွင် သာမက နိုင်ငံတကာ ရေပိုင်နက်တွင်ပင် ခြေဆန့်ကာ သွားလာနေသော မြောက်ကိုရီးယား ရေငုပ်သင်္ဘော များသည် ဆယ်နှင့်ချီ ရှိနေသည်။ တစ်ခါတစ်ရံတွင် အမေရိကန်တို့ ခြေရာခံ နေရင်းက မြောက်ကိုရီးယား ရေငုပ်သင်္ဘောများ ပျောက်ပျက် သွားတတ်သည်။ ထို့ကြောင့် မြောက်ကိုရီးယား ရေငုပ်သင်္ဘော များကို အမေရိကန်တို့ ကြောက်နေရခြင်း ဖြစ်သည်။ ကမ္ဘာ့ပေါ်၌ အကြီးမားဆုံး ရေငုပ်သင်္ဘော အုပ်စုကို ပိုင်ဆိုင်သော နိုင်ငံမှာ မြောက်ကိုရီးယား ဖြစ်သည်။ ရေငုပ်သင်္ဘော ပေါင်း ၇၈ စင်းကို ပိုင်ဆိုင်ပြီး စစ်ပွဲတစ်ပွဲ ဖြစ်လာလျှင် လိုအပ်သလို ဖြန့်ကြက်နိုင်စွမ်း ရှိကာ ယခု ရေငုပ်သင်္ဘော ပေါ်မှ ပစ်ခတ်နိုင်သည့် နည်းပညာကိုပင် ပိုင်ဆိုင် လာသောကြောင့် မြောက်ကိုရီးယား စစ်တပ်၏ သြဇာသည် ပိုမိုကြီးထွား လာတော့သည်။

ယခင်က မြောက်ကိုရီးယား တို့သည် တော်ပီဒိုနှင့် စစ်အင်အား ဖြန့်ကြက်ရန် ရေငုပ်သင်္ဘော များကို အသုံးပြုသည်။ ယခုအခါ ၄င်းတို့စစ်တပ်၏ ရှေ့ပြေးများ အဖြစ် ရေထဲတွင်သာ တိုက်ပွဲဝင်နိုင်ရုံ သာမက ကုန်းတွင်းပိုင်း တိုက်ပွဲများ တွင်လည်း ပါဝင်နိုင် တော့မည်ဖြစ်သည်။ ဒီဇယ် ရေငုပ်သင်္ဘော များပင် ဖြစ်သော်လည်း ဘက်စုံသုံး တိုက်ပွဲဝင်၍ ရတော့မည် ဖြစ်သည်။

ထို့ကြောင့် မြောက်ကိုရီးယား ကို ထိန်းချုပ်ရန် အမေရိကန်တို့ ပိုမိုအားထုတ် ရတော့မည် ဖြစ်သည်။ ထိုကြားထဲ မထင်လျှင် မထင်သလို လုပ်တတ်သည့် ကင်ဂျုံအွန် ကြောင့် စစ်ပွဲကလည်း ဘယ်အချိန် ဖြစ်လာမည်မှန်း မသိရသေး။ မြောက်ကိုရီးယား သည် နျူကလီးယား စစ်ပွဲအတွက် ခြိမ်းခြောက်ပြီး ရင်း ခြိမ်းခြောက်လာသည်။ သူလှုပ်သည်နှင့် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က ဝင်သိမ်းမည် ဖြစ်သည်။ ထို့ကြောင့် စစ်ပွဲဖြစ်ခဲ့လျှင် မြောက်ကိုရီးယား သည် နျူကလီးယား နှင့်သာ တိုက်ခိုက်မည်မှာ သေချာသည်။

၂ဝ၁၆ ခုနှစ်သည် မြောက်ကိုရီးယား တို့၏ အအောင်မြင်ဆုံး နှင့် ကံအကောင်းဆုံး နှစ်တစ်နှစ် ဖြစ်ကာ ဟိုက်ဒရိုဂျင်ဗုံး၊ တာဝေးပစ် ဒုံးပျံနှင့် ရေငုပ်သင်္ဘော ပေါ်မှ ဒုံးကျည် ပစ်လွှတ်နိုင်သည့် အကောင်းဆုံး နည်းပညာ စသည်တို့ကို ပိုင်ဆိုင်ပြီး ကမ္ဘာ ပေါ်၌ နျူကလီးယား စစ်ကို ဦးဆောင်မည့် နိုင်ငံအဖြစ် တဖြည်းဖြည်းနှင့် ပိုမိုပီပြင်လာပြီ ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

(၁၀)ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များ အစည်းအဝေး ( 10th ASEAN Navy Chief's Meeting ) သို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ


ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် (၁၀)ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များ အစည်းအဝေး 10th ASEAN Navy Chief's Meeting တက်ရောက်လာကြသူများ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုကြစဉ်

နေပြည်တော် ၊ ၂၆-၈-၂၀၁၆

ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် ပြုလုပ်သည့် (၁ဝ)ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များ အစည်းအဝေး ( 10th ASEAN Navy Chief's Meeting ) သို့ တက်ရောက်ရန် သြဂုတ်လ ၂၂ ရက်နေ့ ၇ နာရီ ၅ဝ မိနစ်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာ ခဲ့ရာ ကွာလာလမ်ပူ လေဆိပ်သို့ ၄င်းနေ့ ဒေသစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။ လေဆိပ်တွင် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်မြင့်၊ စစ်သံမှူး (ကြည်း/ ရေ/ လေ) ဗိုလ်မှူးချုပ် ရဲနိုင်မျိုး နှင့် မလေးရှားရေတပ်မှ တာဝန်ရှိသူ များမှ ကြိုဆို ခဲ့ကြသည်။ ဆက်လက်ပြီး ကာကွယ်ရေး ဦးစီးချုပ်(ရေ) သည် ညနေပိုင်းတွင် Royal Chulan ဟိုတယ်၌ အာဆီယံရေတပ် ဦးစီးချုပ်များနှင့် နှစ်နိုင်င တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် မလေးရှား တပ်မတော်အရာရှိ ဧည့်ရိပ်သာတွင် ပြုလုပ်သည့် (၁ဝ)ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး ဖွင့်ပွဲသို့ တက်ရောက်သည်။ ဖွင့်ပွဲ အခမ်းအနားသို့ မလေးရှား
ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Dato Seri Mohd Johari Bin Baharum က တက်ရောက် ဖွင့်လှစ်ခဲ့ပြီး အစည်းအဝေးကို ဆက်လက် ကျင်းပရာ အာဆီယံရေတပ် ဦးစီးချုပ်များက ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့် ဆောင်ရွက်ကြရန်၊ ဒေသတွင်း အာဆီယံရေတပ်များ အနေဖြင့် သတင်း အချက်အလက် ဖလှယ်မှုများကို တိုးမြှင့် ဆောင်ရွက်ကြရန်၊ လူသားချင်း စာနာ ထောက်ထားမှုနှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ပူးပေါင်း ဆောင်ရွက် ကြရန်နှင့် အနာဂတ်ကာလ ရေကြောင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် တို့ကို ဆွေးနွေးခဲ့ ကြသည်။

သြဂုတ်လ ၂၄ ရက်နေ့တွင် Alam Shah နန်းတော်သို့ သွားရောက်ကာ Selangor ပြည်နယ်ဘုရင်  Salahuddin Abdul Aziz Shah Alhaj နှင့်တွေ့ဆုံ၍ မြို့တော် ပူထရာဂျာရာနှင့် သမိုင်းဝင် မလက္ကာမြို့ များသို့ သွားရောက်ခဲ့ပြီး ယနေ့နေ့လယ် ပိုင်းတွင် ကွာလာလမ်ပူ လေဆိပ်မှ ပြန်လည်ထွက်ခွာ ခဲ့ရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မွန်းလွဲ ၂ နာရီ ၄ဝ မိနစ်တွင် ပြန်လည် ရောက်ရှိခဲ့သည်။

ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို တပ်မတော် အရာရှိကြီးများ၊ မလေးရှားနိုင်ငံ စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

ကျောင်းကျန်းမာရေး နှင့် နေ့ထမင်းဗူးစနစ်


ကျောင်းကျန်းမာရေး နှင့် နေ့ထမင်းဗူးစနစ်

ဒေါက်တာ လွင်သန့်

မြန်မာနိုင်ငံဟာ ၂ဝ၁၅-၂ဝ၁၆ ခုနှစ် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေ အဖွဲ့ LIFT ရဲ့ စစ်တမ်းအရ ကလေးနှစ်ဦးမှာ တစ်ဦး အာဟာရချို့တဲ့ နေရာ အရပ်ပုနှုန်းမှာ တောင်တန်း ဒေသမှာ ၄၅ ရာခိုင်နှုန်း အထိရှိကာ မြစ်ဝကျွန်းပေါ်၊ ကမ်းရိုးတန်း ဒေသနှင့် အပူပိုင်းဇုန် ဒေသမှာ ၃၄ ရာခိုင်နှုန်း ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်မှာ ဆင်းရဲသော လူဦးရေ ဖြစ်နေတာ တွေ့ရတယ်။ ၂ဝ၁၄ ခုနှစ် သန်းခေါင် စာရင်းအရ ကျေးလက်နေ ပြည်သူ ၇ဝ ရာခိုင်နှုန်းရှိရာ ကျေးလက် အခြေပြု အလုပ်အကိုင်သစ်၊ အခွင့်အလမ်းသစ် များဆောင် ရွက် နိုင်မှသာ ရွှေ့ပြောင်း လုပ်သားနှင့် အာဟာရ ချို့တဲ့မှုတို့မှ ကင်းဝေးနိုင်မယ် ဖြစ်တယ်။

ကလေးငယ်များ အာဟာရ ချို့တဲ့မှုကို ကျောင်းတွင်း အာဟာရကျွေးမူ ခုနစ်မျိုးနဲ့ ပြုပြင်ပေးနိုင် ပါတယ်။ (၁) မိဘဆရာအသင်းမူ၊ (၂) ကျောင်းကောင်စီမူ၊ (၃) ကျောင်းဈေးဆိုင်မူ၊ (၄) ကျောင်းအိမ်တွင်းမှု သိပ္ပံသင်တန်းမှ ချက်ပြုတ်ကျွေးမူ၊ (၅) ကျောင်းဈေးသည် ကြပ်မတ် ရောင်းချရေးမူ၊ (၆) အလှူရှင်မူ၊ (၇) ထမင်းဗူးမူ တို့ရှိပါတယ်။

(၁) မိဘဆရာအသင်းမူ ။ ကျောင်းအဆင့် ကျောင်းကျန်းမာရေး ကြီးကြပ်မှုအဖွဲ့မှ အဓိကထား တာဝန်ယူကျွေးမွေး တဲ့မူ ဖြစ်ပါသည်။ ကျောင်းသားငယ်များ ကျွေးမွေးမယ့် အစား အစာများနဲ့ ပတ်သက်ပြီး ယူနီဆက်မှ ထောက်ပံ့တဲ့ နို့မှုန့်၊ ကွေကာအုပ် စတာတွေနဲ့ ထောက်ပံ့ရရှိတဲ့ ဒေသထွက် ပစ္စည်းများ အခြေခံပြုလုပ်တဲ့ ရိုးရာ သရေစာများ၊ ဘိန်းမုန့်၊ ပဲကြော်၊ မုန့်စိမ်းပေါင်း၊ ဗယာကြော်၊ ငှက်ပျောကြော်၊ တို့ဟူးကြော်၊ ခေါပုပ်ကြော်၊ ငါးမုန့်ကြော်၊ ကန်စွန်းဥ၊ ကောက်ညှင်းပေါင်း စတာတွေ ကျွေးမွေးပြီး အာဟာရမြှင့်တင် ရမည်ဖြစ်သည်။

(၂) ကျောင်းကောင်စီမူ ။ ယင်းမူမှာ ဆရာ၊ ဆရာမများနှင့် ကျောင်းကောင်စီဝင် အသင်းလေးသင်း သို့မဟုတ် ငါးသင်းမှ ကျောင်းသားကြီး တို့က အသင့်လုပ်ပြီး မြန်မာ့ရိုးရာ အာဟာရပြည့် မုန့်များ မှာယူပြီး တစ်ဆင့် ရောင်းချခြင်း ငွေတန်ဖိုး နည်းပြီး အာဟာရ ပြည့်ဝသော မုန့်များ၊ ဆန်၊ ဂျုံ၊ ပဲ၊ ထန်းလျက် တို့ကို အခြေခံကျွေးမွေး စေခြင်း ဖြစ်ပါသည်။

(၃) ကျောင်းဈေးဆိုင်မူ ။ ယင်းမူမှာ ဆရာများ သို့မဟုတ် တာဝန်ယူ ရမယ့် မိဘများမှ အာဟာရ ပြည့်ဝသော မုန့်နှင့်သစ်သီး များကို တာဝန်ယူပြီး စနစ်တကျ ရောင်းချခြင်း ဖြစ်ပါသည်။ ကျေးလက် ကျောင်းများနဲ့ မိဘဝင်ငွေ နည်းသော ရပ်ကွက်ကျောင်း များတွင် သင့်လျော် ပါသည်။

(၄) ကျောင်းအိမ်တွင်းမှု သိပ္ပံမှ ချက်ပြုတ်ကျွေးမှု ။ ပညာရေး လက်တွေ့ ဖွံ့ဖြိုးမှု အစီအစဉ် နှင့်အိမ်တွင်းမှု သိပ္ပံသင်တန်းမှ အာဟာရပြည့် အစားအစာများ လက်တွေ့ အကောင်အထည် ဖော် ချက်ပြုတ်နည်း များကို သင်ကြားပေးပြီး အငယ်တန်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များ၊ ငွေသက်သာကာ အဆိပ်အတောက် မပါသော သရေစာ အာဟာရ ပြည့်ဝသည့် အစား အသောက်များ ချက်ပြုတ် ကျွေးမွေးနိုင်မှု ပင် ဖြစ်ပါသည်။ အောင်မြင်သည့် ကျောင်းများတွင် တစ်ပတ်လျှင် ငါးကြိမ် ကျွေးမွေးနိုင်ပြီး အနည်းဆုံး တစ်ပတ်တစ်ကြိမ် ပြုလုပ်သင့်သည့် ကျောင်းလုပ်ဆောင်မှု တစ်ရပ် ဖြစ်သင့်သည်။

(၅) ကျောင်းဈေးသည် ကြပ်မတ်ရောင်းချ ရေးမူ ။ ကျောင်းသားဦးရေ များသော ကျောင်းများတွင် ၄င်းမူသည် ပို၍ အခြေအနေ ပေးပြီး ကျောင်းဈေးသည် များ၏ ကျန်းမာ သန့်ရှင်းမှု သာမက ယင်းတို့နေအိမ်၊ မိသားစုကိုလည်း ကျန်းမာ သန့်ရှင်းမှု ကြတ်မတ်ဖို့ ရန်လိုပါသည်။ ကျောင်းဈေးသည် များကို ဆီးဝမ်းစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ရှောင်တခင် လက်သည်း လက်အနာ စစ်ဆေးခြင်း၊ လက်အိတ်ဝတ်ရောင်းချခြင်း၊ နှာခေါင်းစည်း၍ ရောင်းချခြင်း ရှိ၊ မရှိ၊ အဖုံးပါသည့် အမှိုက်ပုံးများ သုံး၊ မသုံး ကြည့်ရှုစစ်ဆေး ရမည်။

(၆) အလှူရှင်မူ ။ ရပ်ကွက်၊ ကျေးလက် ကျောင်းကျန်းမာရေးနှင့် သင့်လျော်သည်။ လက်တွေ့လည်း ကျသည်။ ကျောင်းသား တစ်ယောက် မွေးနေ့ပွဲအဖြစ် မိဘများက ကျွေးမွေး စေခြင်းလည်း ရှိတတ်ရာ ဒေသထွက် မီးဖိုချောင်သုံး ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်၊ အသားတို့ အသုံးပြုကာ ထမင်းဟင်း ကျွေးခြင်း သို့မဟုတ် အာဟာရမုန့်များ ကျွေးခြင်း၊ အပြင်အိမ်မှာ ချက်ပြုတ်ပြီး အာဟာရ များ၊ ဖော့ဘူး၊ စနစ်နှင့် ဝေမျှခြင်း မျိုးပင် ဖြစ်ပါသည်။

(၇) နေ့ထမင်းဘူးမူ ။ အိမ်နီးချင်း ထိုင်းအိန္ဒိယ၊ တရုတ်နိုင်ငံများ၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ၊ အနောက်တိုင်း ဖွံ့ဖြိုးပြီး အစ္စရေး၊ အာရပ်နိုင်ငံ များပါ ကျယ်ကျယ် ပြန့်ပြန့် သုံးနေကြသည့်မူ ဖြစ်သည်။

လူသားတစ်ယောက် အနေဖြင့် အသက် ၅ နှစ်မှ ၂၅ နှစ် အတွင်း ဦးနှောက် အဖွံ့ဖြိုးဆုံးသော ကာလဖြစ်၍ ယင်းအသက် ရောက်ရှိနေသည့် ကျောင်းသားများကို နိုင်ငံတော်မှ ''နေ့ထမင်းဘူး'' စနစ်ကျင့်သုံး ခြင်းဖြင့် အရွယ်မတိုင်မီ ''ဝမ်းရေး'' အတွက် ကျောင်းထွက်ရမှု၊ ကလေးလုပ်သား၊ လူကုန်ကူးမှု စသည့်ရန်မှ ကင်းဝေးကာ၊ ''ကျောင်းနေပျော်ပြီး စာတော်နိုင်မည့်'' လုပ်ဆောင်ချက် လည်း ဖြစ်ပါသည်။

ထမင်းဘူးမူသည် လွယ်ကူပြီး အာဟာရ ပညာပေးမှု၊ လက်ဆေးခြင်း စသည့် တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် အရေးပါပြီး ပို၍ ထိရောက်ပါသည်။ ၁ နှစ်မှ ၁ဝ နှစ်အရွယ် ကလေးများ၏ တစ်နေ့တာ လိုအပ်ချက် ၃ အချိုး ၁ နဲ့ညီမျှသော အာဟာရကို ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘ များက စီမံ ဆောင်ရွက် ပေးခြင်းလည်း ဖြစ်သည်။ သန့်သန့်ရှင်းရှင်း စားသောက်တတ်ရန် စားပြီးနှင့် မစားခင် အိပ်သာ တက်ပြီးတိုင်း ညစ်ပေနေသော လက်ကို ရေဆပ်ပြာတို့ဖြင့် အနည်းဆုံး စက္ကန့် ၂ဝ ကြာ ဆေးကြော ပေးခြင်းကိုလည်း သင်ပေးနိုင် ပါသည်။ အစားအစာ ကို ဇွန်းဖြင့် စားသောက် နိုင်ရန်လည်း ကျင့်ပေးနိုင်သည်။ တချို့နိုင်ငံကြီး များတွင် ညနေစာကို ပင် ထမင်းဘူး ထည့်ပေးပြီး ကလေး အာဟာရ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီထောက်ပံ့ မှုများ ပေးနေကြ ပါသည်။

တစ်ကိုယ်ရေ သန့်ရှင်းရေး သာမက သွားနှင့် ခံတွင်း ကိုလည်း ပညာရေးသော အလေ့အထ ရရှိသွားစေ ပါသည်။ ကျောင်းသားလေး များ၏ အာဟာရ ဖွံ့ဖြိုးမှုကို ဦးဆောင်နိုင်မည် ဆိုလျှင် အာဟာရချို့တဲ့မှု ဘေးမှ ရှောင်ရှား နိုင်မည် ဖြစ်ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၇)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ကို ဂုဏ်ပြု အထိမ်းအမှတ် အထူးထုတ်စာပို့ တံဆိပ်ခေါင်း ရောင်းချမည်





နေပြည်တော် ၊ ၂၆-၈-၂၀၁၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ ၂ဝ၁၆ ခုနှစ် တိုင်းရင်းသား လူမျိုးများ အားလုံးပါဝင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အား ဂုဏ်ပြုသည့် အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်း ၁ဝဝိ/တန်၊ ၂ဝဝိ/တန်၊ ၅ဝဝိ/တန် သုံးမျိုးကို သြဂုတ် ၃၁ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီခွဲမှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များ၌ ရောင်းချမည် ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် သြဂုတ် ၃၁ ရက်၌ ၀ယ်ယူသော စာပို့ တံဆိပ်ခေါင်းများ ပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ်ရိုက်နှိပ် ပေးမည် ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

မြ၀တီနေ့စဉ်သတင်းစာ (၂၆-၈-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၂၆-၈-၂၀၁၆)

Download Links


Thursday, August 25, 2016

အိန္ဒိယ၏ အားကောင်းလာသော စီးပွားရေးနှင့်အတူ ဖြေရှင်းရန်ကျန်နေသေးသည့် ကိစ္စရပ်များ



( ရှိန်းထက် )

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ အိန္ဒိယ၏ စီးပွားရေး တိုးတက်မှုသည် ၇ ဒသမ ၉ ရာခိုင်နှုန်းဖြင့် တရုတ်ကို ကျော်ဖြတ်ကာ ကမ္ဘာ့ နံပါတ်တစ် ဖြစ်လာခဲ့သည်။ စက်မှုလုပ်ငန်း တိုးတက်မှု အမြန်ဆုံးနိုင်ငံ အဖြစ် ရပ်တည်လာခဲ့ပြီး IT လောကကို ဦးဆောင်မည့် ခေတ်သစ် နယ်ပယ်တစ်ခု ဖြစ်လာခဲ့သည်။

အိန္ဒိယသည် IT ဝန်ဆောင်မှု လောက၏ နန်းတက်စ ဘုရင်တစ်ပါး ကဲ့သို့ ဖြစ်လာခဲ့သည်။ အာရှ၊ ဥရောပ၊ အာဖရိက ပါမကျန် အိန္ဒိယ၏ ဝန်ဆောင်မှု လုပ်ငန်းသည် နိုင်ငံ၏ GDP ကိုအကြီးမားဆုံး ကျားကန်ပေးသည့် လုပ်ငန်းဖြစ်လာ ခဲ့သည်။ နိုင်ငံသား တစ်ဦးချင်း၏ ဝင်ငွေသည်လည်း တစ်ရှိန်ထိုး မြင့်တက်လာကာ အမေရိကန် ဒေါ်လာ ၁၈၂ဝ သို့ ရောက်ရှိခဲ့ပြီး ကမ္ဘာ့ အကြီးမားဆုံး တက်သစ်စ ကားဈေးကွက်ကြီး ကလည်း အိန္ဒိယ စီးပွားရေးကို နောက်ပြန်မလှည့် သွားအောင် အရှိန်ကောင်းဖြင့် မောင်းနှင်လျက် ရှိသည်။

တစ်နှစ်လျှင် ကားအစီးရေ ပေါင်း ၂၁ ဒသမ ၄၈ သန်းအထိ ထုတ်လုပ်ကာ အိန္ဒိယသည် ကမ္ဘာ ပေါ်၌ အကြီးမားဆုံး ကားဈေးကွက်ကို ပိုင်ဆိုင်သော နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်လာခဲ့သည်။ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော အိန္ဒိယသည် ကမ္ဘာ့စီးပွားရေး ကို ဦးဆောင် မောင်းနှင်လာသူ တစ်ဦးဖြစ်လာခဲ့ သော်လည်း နိုင်ငံ၏ ဆင်းရဲမှုနှုန်း ကိုတော့ အချိုးညီစွာ ကိုင်တွယ်ရန် ခဲယဉ်းလျက် ရှိသည်။

ကုလသမဂ္ဂ၏ ဆင်းရဲမှု တိုင်းတာရေး ကိန်းဂဏန်းများ အရ အိန္ဒိယ၏ လူဦးရေ ၂၁ ဒသမ ၃ ရာခိုင်နှုန်းသည် ဆင်းရဲမှုကို ခံစားနေရသေး သည်ဟုဆိုသည်။ တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ဝ အောက် ရရှိသူကို ကုလသမဂ္ဂက ဆင်းရဲတွင်းနက် နေသူဟု အခြေခံအားဖြင့် သတ်မှတ်ကာ တိုင်းတာသည်။ ပြည်တွင်း လုပ်ခလစာက တစ်နာရီလျှင် ၁ ဒသမ ၄၆ ဒေါ်လာ ဖြစ်သော်လည်း အိန္ဒိယ၌ တစ်ရက်လျှင်၂ ဒေါ်လာမျှပင် မရသောသူမှာ ၂ဝ ရာခိုင်နှုန်း ကျော် ရှိနေသေးသည်။ နိုင်ငံ၏ လူဦးရေ ၁ ဒသမ ၃ ဘီလီယံကျော် နှင့် နှိုင်းယှဉ် လိုက်လျှင် တစ်ရက်ဒေါ်လာ ၁ ဒသမ ၉ဝ အောက်သာ ဝင်ငွေရှိသည့် ဆင်းရဲသူ အရေအတွက် ၂ဝ ရာခိုင်နှုန်း သည် အိန္ဒိယအတွက် ရင်မအေးစရာ ဖြစ်သည်။ သို့သော်လည်း အိန္ဒိယ စီးပွားရေးသည် ဝန်ကြီးချုပ်သစ် နာရန်ဒရာမိုဒီ လက်ထက်တွင် တစ်ကမ္ဘာ့လုံးသို့ ဖြန့်ကြက် နေရာယူလာသည်။ အာရှ၌ သာမက အရှေ့ အလယ်ပိုင်း ဒေသ၊ အာဖရိကပါ မကျန် အရှိန်မြှင့်ပြီး အိန္ဒိယတို့ သူ့စီးပွားရေးကို ကမ္ဘာတစ်ဝန်း ဖြန့်ကြက်ခဲ့သည်။

အီရန်ကဲ့သို့ နိုင်ငံများနှင့်ပင် ဒေါ်လာ ဘီလီယံ ဆယ်နှင့်ချီသော ကုန်သွယ်ရေး သဘော တူညီချက်များကို ရယူနိုင်ခဲ့ပြီး အိန္ဒိယတို့ အနေဖြင့် စီးပွားရေးကို ဦးစားပေးခဲ့ကြ သည်။ သို့သော်လည်း မကြာမီက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ကြီး ၏ စစ်တမ်းတစ်ရပ် က အိန္ဒိယကို ပိုမိုအံ့အား သင့်စေခဲ့သည်။ အိန္ဒိယရှိ လူဦးရေ သန်း ၂ဝ မှ ၆၅ သန်းအထိမှာ လူကုန်ကူးခံ နေရပြီး အဓမ္မခိုင်းစေခံ နေရသည် ဟူသော သတင်း ဖြစ်သည်။ 

အများစုမှာ အမျိုးသမီးများ ဖြစ်ကြပြီး လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများတွင် အဓမ္မ ခိုင်းစေခြင်း ခံနေရသည်။ ထိုအထဲတွင် ကလေး သူငယ်များပင် ပါဝင်သည်ဟု ဆိုထားပြီး ထိရောက်မှု အားနည်း နေသော အိန္ဒိယ အုပ်ချုပ်ရေး ယနရ္တားအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။ ထို့ပြင် ထိန်းချုပ် မရသေးသည့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးခြင်း ကလည်း အိန္ဒိယ အုပ်ချုပ်သူများ ထဲမှ လာဘ်စားမှုကို ထင်ဟပ်စေခဲ့ပြီး အထက်ပိုင်း အထိ ပါဝင်ပတ်သက် နေမှုကို ပြသနေသည်။ နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံ ရသူ အများစုမှာ နီပေါနိုင်ငံသား များဖြစ်သည်။

အိန္ဒိယဥပဒေ တွင် လူကုန်ကူးမှု အတွက် ထောင်ဒဏ် ခုနစ်နှစ်မှ သေဒဏ်အထိ ပေးခွင့် ရှိသော်လည်း လူကုန်ကူးမှု တိုက်ဖျက်ရေးသည် အိန္ဒိယ၌ အားအနည်းဆုံး ကဏ္ဍတစ်ခု အဖြစ် ရှိနေသေးသည်။ တစ်ဖက်တွင် အိန္ဒိယသည် ပညာရှင်များကို ဥရောပသို့ ပို့ဆောင် နေသောကြောင့် ဦးနှောက် ပို့ဆောင်သူ ဟု ကောင်းသတင်းဖြင့် နာမည်ကျော်ကြား သော်လည်း အရှေ့အလယ် ပိုင်းက အိန္ဒိယ ဆောက်လုပ်ရေး လုပ်သားများမှာ ယခုအချိန်တွင် အငတ်ငတ် အပြတ်ပြတ် ဖြစ်နေရသည်။

အရှေ့အလယ်ပိုင်းက ဆော်ဒီအာရေဗျ နိုင်ငံ၌ပင် အိန္ဒိယ အလုပ်သမား သုံးသန်းကျော် ရှိပြီး အများစုမှာ လစာ အနည်းဆုံး အဆင့်ဖြစ်သည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင် နေရသည့် နေ့စားသမားများ ဖြစ်ကြသည်။ မကြာမီကပင် ဆော်ဒီ၌ ရှိသည့် အိန္ဒိယ အလုပ်သမား ပေါင်းထောင်ချီ၍ အစာရေစာ ပြတ်လပ်မှုကြောင့် အိန္ဒိယ အစိုးရက အစားအသောက် များပို့ပေးခဲ့ ရသေးသည်။

ကမ္ဘာ့ရေနံဈေး ကျဆင်းလာမှု၏ ရိုက်ခတ်မှုကို ခံခဲ့ရသော ဆော်ဒီအာရေဗျ နိုင်ငံသည် ပြည်တွင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင် အထိပါ အကြီးမားဆုံး အထိနာခဲ့ပြီး ခုနစ်လလောက် အထိ အလုပ်သမားများကို လစာမပေး နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် အိန္ဒိယ အလုပ်သမားများ အငတ်ငတ် အပြတ်ပြတ် ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ဆော်ဒီ လုပ်ငန်းရှင်များက ပတ်စ်ပို့ကိုပါ သိမ်းထားသော အခါ မွေးရပ်မြေ ပြန်ချင်သည့် အိန္ဒိယနိုင်ငံ သားများ ပြန်ခွင့်မရတော့ဘဲ ဆော်ဒီ၌သာ သောင်တင်ခဲ့ ရသည်။

ထို့ကြောင့် နိုင်ငံခြားလုပ်သား ပို့ဆောင်သည့် ပြဿနာအတွက် အိန္ဒိယတို့ ပြန်လည် စဉ်းစားရန် လိုလာခဲ့သည်။ အိန္ဒိယသည် ပြည်ပသို့ လုပ်သား ပို့ဆောင်သည့် ကမ္ဘာ့နိုင်ငံများ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေပြီး အများ ဆုံးမှာ လုပ်ခလစာ နည်းသော အောက်ခြေလုပ်သား ပို့ဆောင်မှု ဖြစ်သည်။ ဥရောပ၏ ကျန်းမာရေး ကဏ္ဍတွင် အိန္ဒိယလုပ်သား များလွှမ်းမိုးမှုသည် အများဆုံး ဖြစ်သည်။ ၃၅ ရာခိုင်နှုန်းသော ကျန်းမာရေး စောင့်ရှောက်မှု  ပိုင်းတွင် အိန္ဒိယနိုင်ငံသား များက ဥရောပ၌ နေရာအများဆုံး ယူထားသည်။ သို့သော်လည်း ဆော်ဒီနှင့် ကူဝိတ်ကဲ့သို့ အရှေ့အလယ်ပိုင်း ၌မူ ဥရောပထက် နှစ်ဆများသော အိန္ဒိယ အလုပ်သမား များသည် လုပ်ခ အနည်းဆုံးနှင့် အောက်ဆုံး အလုပ်သမားများ ဖြစ်သည်။ ထိုအရေအတွက် ကို ပြည်တွင်း၌ စံသတ်မှတ်ထား သောလုပ်ခနှင့် ပြန်လည်နေရာ ချထားရန်လည်း အိန္ဒိယအဖို့ စဉ်းစား လာရသည်။

တရုတ်နှင့် မတူသည့် အချက်မှာ ထိုအချက်လည်း ပါဝင်နေသည်။ တရုတ်သည် သူ့နိုင်ငံသားများကို တခြားနိုင်ငံသို့ ပညာရှင် အနေဖြင့် လွှတ်သည်။ ပညာတော်သင်များ အနေဖြင့် စေလွှတ်သည်။ တစ်နှစ်လျှင် ပြည်တော်ပြန် တရုတ် ပညာရှင်များ ရာထောင်ချီ ရှိနေသည်။ အိန္ဒိယနိုင်ငံမှ ပြည်ပ အလုပ်သမား လောကသည် တရုတ်နှင့် နှိုင်းယှဉ်လျှင် အကွာကြီးကွာ နေသည်။ အုပ်ချုပ်ရေး ယန္တရား၊ လာဘ်ပေး လာဘ်ယူမှု၊ လူကုန်ကူးမှု၊ ဆင်းရဲချမ်းသာ မညီမျှမှု နှင့် အလုပ်သမား ပြဿနာတို့သည် ကွန်မြူနစ် တရုတ်ထက် အိန္ဒိယတို့ နောက်ကျကျန် နေခဲ့သည်။ ၂ဝ၁၄ ခုနှစ်အထိ ကမ္ဘာ့ စီးပွားရေး ၏ဖွံ့ဖြိုးမှု ၅ဝ ရာခိုင်နှုန်းသည် ကမ္ဘာ့  အရှေ့ခြမ်းက တရုတ်၏ လက်ထဲတွင်သာ ရှိနေခဲ့သည်။ ၂ဝ၁၅ ခုနှစ်မှ စတင်ကာ တရုတ်အတွက် မဟုတ်တော့ဘဲ အိန္ဒိယဘက်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။

တရုတ်သည် စီးပွားရေး တိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းပင် မပြည့်တော့ဘဲ ၆ ရာခိုင်နှုန်း ကိုပင် ပုံသေထားရန် အထိ ဆုံးဖြတ်နေရသည်။ သို့သော်လည်း တရုတ်သည် ဆယ်စုနှစ် နှစ်စုလောက်ကို အသုံးချပြီး အပြောင်းလဲကြီး ပြောင်းလဲသွား ခဲ့သည်။ ကမ္ဘာ့ ဒုတိယ စီးပွားရေး အားအကောင်းဆုံး ဆိုသည့်ဘွဲ့ကိုရသည်။ ကမ္ဘာ့ ဒုတိယ အာဏာအကြီးဆုံး ဆိုသည့် စစ်ရေးအင်အား အာဏာကို ရသည်။ ထိုနေရာကို ရရန် တရုတ်တို့ ကြိုးစားမှုသည် ကမ္ဘာ့သမိုင်း တွင် အမြန်ဆုံး များထဲမှတစ်ခု ဖြစ်နေခဲ့သည်။ တရုတ်တို့၏ အဘက်ဘက်က လှုပ်ရှားမှု များသည် ဟန်ချက် ညီ နေခဲ့သည်။ အိန္ဒိယကတော့ ထိုသို့မဟုတ်ဘဲ စီးပွားရေးဘက် တွင်သာ အားအကောင်းဆုံး ဖြစ်ကာ တခြားဘက်၌ အားနည်းချက် များစွာနှင့် ဟန်ချက်မညီ ဖြစ်နေသည်။ ထို့ကြောင့် အိန္ဒိယသည် သူ၏ ခေတ်သစ် တစ်ခေတ်ကို ထူထောင်ရန် တရုတ်ထက် ပိုကြာသော အချိန်ကိုယူရဦး မည်ဟု ပညာရှင်များက သုံးသပ်နေကြခြင်း ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

မှိုတက်နေသော အစားအစာများ စားသုံးခြင်းနှင့် ဖြစ်ပွားနိုင်သော ဆိုးကျိုးများ



မမမော် (နမ့်စလပ်-ရှမ်းမြောက်)

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရန်မှာ စီးပွားရေး တိုးတက် ကောင်းမွန်ရေး သာမက ကျန်းမာရေး သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပေသည်။ ကျန်းမာမှ မိမိ၏တာဝန်၊ ကိစ္စအဝဝ၊ လူမှုရေး၊ စီးပွားရေး၊ ကူးသန်း ရောင်းဝယ်ရေး သာမက လူတစ်ဦး၏ တစ်နေ့တာ လုပ်ဆောင်ချက် တိုင်းကို စိတ်ချမ်းသာစွာ လုပ်ဆောင် နိုင်မည်သာ ဖြစ်ပေသည်။

ကျွန်ုပ်တို့နိုင်ငံတွင် လူတို့သည် အစားအစာကို နည်းမျိုးစုံ ပြုလုပ်စားသုံး တတ်ကြပေသည်။ လွယ်လွယ်ကူကူ ချက်ပြုတ်စားသုံး၍ ရသော်လည်း အစာကို တန်ဆာဆင်ကာ နည်းလမ်းသစ်များ အချဉ်၊ အစပ်၊ နှစ်ရှည်ထား၍ ပြုလုပ်ကာ စားသုံးတတ် ကြသည်။ အစာကို တန်ဆာဆင်ခြင်း ဆိုသည်မှာ ဂျုံဖြင့် ပြုလုပ်သော မုန့်အမျိုးမျိုးကို အရောင် ဆိုးဆေးများ ဆိုး၍လည်းကောင်း၊ မုန့်ထဲတွင် အရွက်အမျိုးမျိုး၊ အသား အမျိုးမျိုး၊ သကြားဖြင့် ပြုလုပ်သော အချိုကရင်(မ်) များအား အရောင်အမျိုးမျိုး ဆိုးကာ လှပသော ပုံသဏ္ဌာန် အမျိုးမျိုး ဖြင့် အစာသွတ် ပြုလုပ်ခြင်းကို အစာကို တန်ဆာဆင်ခြင်း ဟုပင် ဆိုရပေမည်။

ယခုအခါ မိုးတွင်းကာလ ဖြစ်သောကြောင့် အစားအစာ စားသုံးရာတွင် အထူးသတိပြု စားသုံးရန် လိုအပ်ပေသည်။ ရာသီဥတု၏ စွတ်စိုသော အအေးကြောင့် တချို့သော မုန့်တို့သည် ကြာရှည်မခံဘဲ မှိုတက်သည်။ မုန့်များ ပြုလုပ်ထုပ်ပိုး ရာတွင် စားသုံးရန် ကုန်ဆုံးမည့်ရက် ထည့်သွင်းဖော်ပြ ထားသော်လည်း တချို့မှာ မုန့်ဘူးထဲတွင် ပင် မှိုတက်နေသည်။ ရောင်းသူက အမှတ်မဲ့ ရောင်း၍ ဝယ်ယူစားသုံး သူက အမှတ်တမဲ့ စားသုံးကြသည်။ 

ရက်လွန်နေသော အစားအစာတွင် တက်သောမှိုတို့ သည် အရောင်အမျိုးမျိုး ရှိသည်။ တချို့မှိုတို့ကား အစိမ်းနုရောင် ရှိ၏။ တချို့က အဝါရောင် ရှိတတ်ပြီး တချို့မှာ မုန့်၏ ဆိုးထားသော အရောင်ပေါ် မူတည်၍ ရှိတတ်ကြ ပေသည်။ များသောအားဖြင့် အစားအစာ များတွင် တက်သောမှို များမှာ အဖြူရောင် ရှိသည်က များသည်။

ကျောင်းများတွင် နေ့စဉ်ရောင်း နေသော အသင့်စား မုန့်များတွင် မှိုတချို့ ပါဝင်နေသည်။ ဂျုံဖြင့်ပြုလုပ်သော မုန့်များ ဥပမာ-ပေါင်မုန့်၊ အသား အစာသွတ်မုန့်များ၊ မဆလာနှင့် ရောစပ်၍ ပြုလုပ်ထားသော အချဉ်ထုပ်၊ ဆီးထုပ်များ၊ ဆီးအမှုန့်နှင့် ပြုလုပ်ထားသော တော်ဖီများ၊ ငရုတ်ဆီမှုန့်နှင့် ရောစပ်ထားသော အချဉ်ထုပ်များ၌ မှိုများ ပါဝင်တတ်သဖြင့် ကလေးများအား သတိ ပြုစားရန် အထူးကြပ်မတ် ပေးသင့်သည်။

မှိုတက်သော အစားအစာ များသည် များသောအားဖြင့် အချဉ်ဆိမ့်သော အစားအသောက်များ၊ နှစ်ရှည်ခံ ပြုလုပ်ထားသော အစားအသောက်များ၊ ဆီစိမ်ပြုလုပ် ထားသော လက်ဖက်၊ ပဲပုပ်၊ ဆီတို့ဟူး စသည့် အစားအစာများ၊ ငရုတ်သီး အစိမ်းမှုန့်၊ ငရုတ်သီး အကျက်မှုန့်၊ ငရုတ်သီးခွဲကြမ်း အမှုန့်များသည် အစိုပြန်၍ မှိုတက်တတ် သည်ကို သိရှိရပေမည်။

လက်ဖက်ဆီစိမ် များတွင် ကာလကြာ ထားသည့်အခါ အပေါ်ယံ အလွှာ၌ အဖြူရောင် မှိုများ ဖြစ်လေ့ရှိသဖြင့် နှစ်ရှည်ခံ အစာများ စားသုံးရာတွင် အထူးသတိပြု ထားသင့်သည်။ ပုစွန်ချဉ် အထုပ်များ၊ ငါးလေးချဉ် အထုပ်များနှင့် ကောက်ညှင်းထုပ် များအား ဖက်ရွက်ဖြင့် တာရှည်ခံရန် ထုပ်ရာတွင် ၄င်းဖက်ရွက်မှ စေးထန်းသော အညိုရောင်မှိုများ တက်နေတတ်ပြီး စားသုံးမိသူများ အတွက် ဝမ်းပျက်ဝေဒနာများ၊ ဗိုက်အောင့်ခြင်း၊ မသန့်ရှင်းသော အစား အသောက်ကြောင့် အစာအိမ်ကိုထိခိုက်ခြင်း၊ မှိုတက်ခြင်း မှတစ်ဆင့် ဗက်တီးရီးယား ပိုးများ ပေါက်ပွား ဖြစ်ပေါ်လာပြီး အဆိပ်အတောက် ဖြစ်စေခြင်းအပြင် မှိုတက်စာများ မကြာခဏ စားသုံးမိခြင်းဖြင့် ကင်ဆာရောဂါ ကိုလည်း ဖြစ်ပွားနိုင်ကြောင်း သိရပေမည်။ မှိုတက်စာ စားမိသည့် အတွက် ကိုယ်ခံအားနည်း သူအဖို့ သွေးနှင့် ပတ်သက်၍ အရေပြား ယားယံခြင်း ဝေဒနာများလည်း ဖြစ်တတ်ပေသည်။

နှစ်စဉ်ဇွန်လမှ စ၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများ ဖွင့်ကြပြီး မိုးတွင်းကာလ ဖြစ်သည့် အလျောက် ရာသီဥတု ကူးပြောင်းချိန်တွင် စာသင်ကျောင်းနေ ကျောင်းသား၊ ကျောင်းသူတို့၏ ကျန်းမာရေးကို အထူးအလေးထား ဂရုစိုက်ရန် လိုအပ်ပေသည်။ ဆရာမိဘ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး အတွက် ကျောင်းကျန်းမာရေး တာဝန်ရှိသူ များနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပေသည်။

အစားအသောက် များကို သန့်ရှင်း လတ်ဆတ်စွာ စားသုံးနိုင်ရန် သတိပေးချက်များ၊ အသိပေး လက်ကမ်း စာစောင်များဖြင့် ညွှန်ကြားနိုင်ရန် လိုအပ်ပေသည်။ ကျန်းမာရေးနှင့် ပတ်သက်၍ ကျောင်းများတွင် ရောင်းရန် မသင့်သော အစာများ မရောင်းရန် ချမှတ် အကောင် အထည်ဖော် ပြုလုပ်နေသည်မှာလည်း အထူးပင် ကောင်းမွန်လှ ပေသည်။ ကလေးများ အတွက် အာဟာရ ပြည့်စုံ သန့်ရှင်းရေးသည် အဓိက ဖြစ်ပေသည်။ 

အရောင်ဆိုးဆေး ပါသော အစားအစာများ မစားသင့် သလို မုန့်များတွင် မှိုရှိ၊ မရှိ သေချာကြည့်ရှု ပြီးမှ စားသုံးသင့် ကြောင်း ထပ်၍ အသိပေး လိုက်ပါသည်။

အချုပ်အားဖြင့် ဆိုသော် ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်သည်။ ပါးစပ်က အရသာကို တစ်ခဏသာ ခံစား၍ ကိုယ်ခန္ဓာက အစားအသောက်ကို လက်ခံ ချက်ခြင်းသာ ဖြစ်သည်။ ''အစားတစ်လုပ် အဆုံးအသက်'' မဖြစ် စေလိုပါ။ မျက်မှောက် ကာလတွင် အစားအစာသည် လူတိုင်းအတွက် သုံးတတ်လျှင်ဆေး ဖြစ်၍ မစားသုံးတတ် လျှင် ဘေးဖြစ်စေ ပါသည်။ ''အစာလည်းဆေး ဆေးလည်းအစာ'' ဟု သိထားကြရ ပေမည်။ အစားအစာအား ကျန်းမာရေး ကောင်းမွန်စေရန် ပူပူနွေးနွေး စားသုံးသင့်ပြီး လတ်ဆတ်သော အသီးအရွက်များ စားသုံးခြင်း၊ ယင်နားစာများ ရှောင်ရှား၍ စားသုံးခြင်း၊ အချဉ်ဖောက် ထားသော အစားအသောက်များ၊ နှစ်ရှည်ခံ အစားအစာများ၊ ရက်လွန်သော အစားအစာများ၊ အစားအစာ အရောင်ပေါ် မူတည်၍ မှိုစွဲနေသော အစားအစာများ၊ နှစ်ရှည်ခံ ပြုလုပ်ထားသော ငရုတ်၊ အရောင်တင်မှုန့် များအား သတိပြု ရှောင်ရှား စားသုံးရန် လိုအပ်ကြောင်း အသိပေးအပ် ပါသည်။

ရောဂါတစ်ခု မဖြစ်ခင်က ကြိုတင် ကာကွယ် ရှောင်ရှားခြင်း သည် ရောဂါဖြစ်လာမှ ကုသခြင်းထက် ပို၍ အကျိုးထူး ရှိပေသည်။ ကြိုတင် ကာကွယ်ခြင်းကြောင့် ရောဂါမဖြစ်နိုင်၊ မပြန့်ပွားနိုင်ဘဲ အချိန်တို အတွင်း အကျိုးထူး ရရှိစေပါသည်။ ရောဂါတစ်ခု ဖြစ်ပွားလာမှ ကုသခြင်းသည် မိမိ၏ ကျန်းမာရေးနှင့် အချိန်များ၊ ငွေများကို ပေးနေရခြင်းဖြင့် လူတိုင်းအတွက် အကျိုးထူး မရနိုင်ပေ။ ဤသို့ဖြင့် အစားအစာ တစ်ခုမစားခင် မိမိနှင့် အဆင်ပြေ၊ မပြေ၊ လတ်ဆတ်မှု ရှိ၊ မရှိ၊ မှိုတက်ခြင်း ရှိ၊ မရှိ သတိထား၍ စားသုံးသင့်ကြောင်း စေတနာ ကောင်းဖြင့် တိုက်တွန်းနှိုးဆော် လိုက်ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၃)

သုတအလင်းမဂ္ဂဇင်း အမှတ်(၆)



သုတအလင်းမဂ္ဂဇင်း အမှတ်(၆)
၂၀၁၆ ခုနှစ် စက်တင်ဘာလထုတ်

Download Links




ရွာငံ ၊ ၂၅-၈-၂၀၁၆

ယခုနှစ် ပွင့်လင်းရာသီတွင် ခရီးစဉ်ဒေသ တစ်ခုအဖြစ်ဖော်ဆောင်မည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံဒေသရှိ ပြဒါးလင်းဂူ ယဉ်ကျေးမှုဇုန် သို့ ခရီးသွား ကုမ္ပဏီ တချို့အား ပဏာမ အနေဖြင့် ခရီးစဉ်စမ်းသပ် ပြေးဆွဲခွင့်ပြုရန် စီစဉ်နေကြောင်း ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ရှမ်းပြည်နယ်) ညွှန်ကြားရေးမှူး ဦးထင်အောင် ထံမှ သိရသည်။

အဆိုပါ ဒေသအား ခရီးစဉ်ဒေသ တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန် ယခုကဲ့သို့ ပဏာမအနေဖြင့် စမ်းသပ် လုပ်ဆောင်ခြင်း ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ခရီးသွားရာသီ တွင်လည်း ပြီးပြည့်စုံမှု ရှိသော ခရီးစဉ်ဒေသ ဖြစ်လာစေရန် ခရီးသွား ကုမ္ပဏီများနှင့် ဆွေးနွေးမှုများ ပြုလုပ်ကာ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ခရီးသွားရာသီကာလအတွင်း စမ်းသပ်သည့် အနေဖြင့် ခရီးစဉ် ပြေးဆွဲခွင့် ပေးခြင်းဖြစ်သည်။ ရွာငံဒေသအား ခရီးစဉ်ဒေသသစ် တစ်ခုအဖြစ် အကောင်အထည် ဖော်ဆောင်နိုင် ပါက ဒေသခံ တိုင်းရင်းသား များ၏ စီးပွားရေး၊ လူမှုဘဝများ တိုးတက် ပြောင်းလဲနိုင်သည့် အပြင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ် များကိုလည်း ကမ္ဘာက ပိုမိုသိရှိလာ စေနိုင်မည် ဖြစ်သည်။ ယင်း အကျိုးဆက် အနေဖြင့် ပြည်ပခရီးသွား ဧည့်သည်များ အကြား ပိုမိုသိရှိ လာပြီး လာရောက် လေ့လာသူ များလည်း တိုးတက်မှု ရှိလာစေမည် ဖြစ်သည်။

ထို့ကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ရွာငံဒေသကို ခရီးစဉ်သစ် Tour Site တစ်ခုအဖြစ် ဖော်ဆောင်သွားနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ရွာငံဒေသကို ခရီးစဉ်ဒေသ တစ်ခုအဖြစ် ဖော်ဆောင်ရာ၌ နှစ်ပေါင်း ၁၃ဝဝဝ ကျော်က ကျောက်ခေတ် လူသားများရေးဆွဲ ခဲ့သော ကျောက်နံရံ ပန်းချီများ တည်ရှိသည့် ပြဒါးလင်းဂူ ယဉ်ကျေးမှုဇုန် နှင့် တခြားသော ယဉ်ကျေးမှု အမွေအနှစ် နေရာတချို့ ပါရှိနေသဖြင့် ခရီးစဉ်သစ် ဖော်ဆောင်မှုကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ဆွေးနွေးညှိနှိုင်း လုပ်ဆောင် သွားမည်ဖြစ်သည်။ ယင်းဒေသ၌ ကမ္ဘာ လှည့် ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှု ရှိသော ပြဒါးလင်းဂူ ယဉ်ကျေးမှုဇုန် အပါအဝင် ရေပြာအိုင် နှင့် တခြားလေ့လာ လည်ပတ်နိုင်သော သဘာဝ ရေတံခွန်များလည်း ရှိကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

အမှုမဲ့အမှတ်မဲ့ နှင့် ကျန်းမာရေး



ကြည်လွင်မြင့် (မုဒြာ)

စာရေးသူ၏ မိတ်ဆွေ ခေတ်ပညာတတ် တစ်ဦးက မေးသည်။

''ဆရာ အရင်က ရေးခဲ့ဖူးတဲ့ ရေနွေးညသိပ် အဆိပ်ထက်ပြင်း ဆောင်းပါးထဲမှာ တချို့လူတွေက ဓာတ်ဘူးထဲမှာ လက်ဖက်ခြောက်ခတ် ထားပြီးသား ရေနွေးကို ညသိပ်ထားပြီး နောက်တစ်နေ့ နံနက်မှာ အမှတ်မထင် သောက်မိ တတ်တာရယ်၊ ရေနွေးကို ဓာတ်ဘူးနဲ့ ထည့်သောက်သူ တွေအတွက် တခြား သတိထားမိတဲ့ အချက်တစ်ခု ကတော့ ဓာတ်ဘူးထဲမှာ သုတ်လိမ်းထားတဲ့ ပြဒါးတွေ ဟာ ကြာရင်ပျက်ပြီး ကွက်မည်း လာတာ တွေ့ရပါတယ်။ ကျွတ်ထွက်သွားတဲ့ ပြဒါးအမှုန်အစ တွေဟာ ရေနွေးထဲမှာ ပါသွားပြီး သောက်သုံးသူ တွေရဲ့ အစာအိမ်ထဲ ရောက်သွားရင် ပြဒါးအဆိပ်သင့် နိုင်ပါတယ်လို့ ဆရာ ရေးခဲ့တယ်နော်''

''အဲဒါက ဓာတ်ဘူးထဲက ရေနွေးကို ပြန်နွှေးသောက်ပြီး အစာအိမ်နာ၊ အော့အန်တဲ့ လူနာတစ်ဦးက လှမ်းမေးတာပါ''

''ဒါဟာ အမှုမဲ့အမှတ်မဲ့ သတိမထားမိတဲ့ ကိစ္စပေါ့''

''အခုနောက်ထပ် ဆရာ့ကို မေးမြန်းဆွေးနွေး ချင်တဲ့ ကိစ္စတစ်ခုရှိလို့ပါ။ ကျောက်ငရုတ်ဆုံနဲ့ ပတ်သက်လို့ပါ။ ငရုတ်ဆုံနဲ့ ကျောက်ကျည်ပွေ့ကို သုံးပြီး အိမ်တိုင်း လိုလိုမှာ ငရုတ်သီး၊ ကြက်သွန် ထောင်းကြပါတယ်။ ပထမ ဝယ်ခါစတော့ ကျောက်ငရုတ်ဆုံက တိမ်တိမ်လေးပါ။ ခွက်က သေးသေးလေးပါ။ ထောင်းတာ နှစ်ချီလာတဲ့ အခါကျတော့ ခွက်က ပိုပိုကျယ်ပြီး နက်လာပါတယ်။ ဒီငရုတ်ဆုံ ကျယ်လာရတာက ကျောက်သားချင်း ပွတ်တိုက်ရာက ကျောက်မှုန်တွေ ထွက်ပြီး ကျယ်လာတာ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် အဲဒီကျောက်မှုန် တွေက ဘယ်ရောက် သွားလဲ။ ငရုတ်သီး၊ ကြက်သွန်တွေနဲ့ အတူ ဟင်းချက် စားသောက်သူ တွေရဲ့ ဝမ်းထဲ ရောက်မသွား ဘူးလား'' ဟု မေးလာပါသည်။

ဤမိတ်ဆွေ မေးရခြင်းမှာလည်း အကြောင်းရှိသည်။ သူသည် အောက်မြန်မာပြည် တနင်္သာရီတိုင်း ဒေသကြီးတွင် နေထိုင်သော သူ၏မိဘများထံ ပြန်ပြီး တစ်နှစ်တစ်ကြိမ် ကန်တော့နေကြ ဖြစ်သည်။ ယခုနှစ် သူပြန် သွားသောအခါ သူ၏မိဘနှစ်ပါးလုံးမှာ ခါးနာရောဂါ ဖြစ်နေကြသည်ဟု ဆိုသည်။ ခါးနာရောဂါ အချိန်ကြာပြီး တဖြည်းဖြည်း ပိုဆိုးလာသဖြင့် ရန်ကုန်မှ သမီးအကြီး ဖြစ်သူက သွားခေါ်ခဲ့ပြီး အထူးကုဆေးရုံကြီး တစ်ခုတွင် သမားတော် များနှင့် ပြသ စစ်ဆေးကြည့်သော အခါ နှစ်ဦးလုံး ကျောက်ကပ်တွင် ကျောက်များ တည်နေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ ဆရာဝန်ကြီးများက တွင်းရေ ကန်ရေများ မသောက်ဘဲ ရေသန့် သို့မဟုတ် ရေကို ကျိုချက်ပြီး သောက်ရန် မှာကြားသည်ဟု ဆိုသည်။

စာရေးသူ၏ မိတ်ဆွေသည် စူးစမ်း လေ့လာသော အလေ့အကျင့်ရှိသူတစ်ဦး ဖြစ်သည်။ သူ၏ စောဒကမှာ မှန်သည် မမှန်သည် အတတ်မပြော နိုင်သော်လည်း သတိပြုစရာ၊ စဉ်းစားစရာ အချက် ဖြစ်နေသည်။ ထိုမိတ်ဆွေ၏ 

မိဘများသည် လွန်ခဲ့သော နှစ်နှစ်ခန့်က အထက် မြန်မာပြည်သို့ ဘုရားဖူး လာကြသည်။ လည်ရင်းပတ်ရင်း၊ ဘုရားဖူးရင်း မိမိတို့ နှစ်သက်ရာ အသုံးအဆောင် များလည်း ဝယ်ကြသည်။ စစ်ကိုင်းမြို့ သို့ ရောက်သောအခါ ကောင်းမှုတော် ဘုရားကြီး ဖူးရင်း အိမ်အတွက် ကျောက်ပျဉ်နှင့် ကျောက်ငရုတ်ဆုံ များ ဝယ်သွားကြသည်။ သူတို့ အောက်အရပ်တွင် ရှားပါးသဖြင့် အလေးခံပြီး ဝယ်ယူ သယ်ဆောင် သွားကြခြင်း ဖြစ်သည်။

မိတ်ဆွေက သတိထားမိ သည်မှာ သူကိုယ်တိုင် ဝယ်ပေးလိုက်သည့် ကျောက်ငရုတ်ဆုံ သည် တိမ်တိမ်လေး ဖြစ်သည်။ သူကိုယ်တိုင် ကလည်း အရာရှိကြီး ဖြစ်သော်လည်း မီးဖိုချောင် ဝင်ချက်ပြုတ် ရသည်ကို ဝါသနာပါသည်။ 

ငယ်စဉ် ကတည်းက မိဘကူရင်း မီးဖိုချောင် ဝင်ပြီး ကူညီ၍ ငရုတ်သီး၊ ကြက်သွန် ထောင်းပေးခဲ့သူ ဖြစ်သည်။ သူမှတ်မိသည်မှာ သူတို့ငယ်စဉ်က ထောင်းသည့် ငရုတ်ဆုံမှာ စဥ့်ငရုတ်ဆုံ နှင့် သစ်သား ကျည်ပွေ့ကို သုံးပြီး ထောင်းရသည်။ ကျောက်ငရုတ်ဆုံ သည် အထက် အညာမှာသာ အသုံးများသည်။

သူ လွန်ခဲ့သော နှစ်နှစ်က ဝယ်ပေးလိုက်သော ကျောက်ငရုတ်ဆုံ မှာ ယခုအခါ အတော်ပင် ခွက်ဝင် နေသည်ကို တွေ့ရသည်။ ငရုတ်ကျည်ပွေ့ ထောင်းလိုက်လျှင် ဆုံအတွင်းသို့ နက်ရှိုင်းစွာ ဝင်နေပြီ ဖြစ်သည်။ နှစ်နှစ်အတွင်း ဤမျှ နက်သွားရခြင်း မှာ ကျောက်သား ပွ၍လော၊ ရှေးက ငရုတ်ဆုံ များ၏ ကျောက်သားကို မမီ၍လော သူမသိပါဟု ဆိုသည်။

ရှေးက ကျောက်သားနှင့် ယနေ့ခေတ် ကျောက်သား မတူ၍ဖြစ်စေ၊ ထောင်းသည့် အကြိမ်များ၍ ဖြစ်စေ ကျောက်မှုန့်များ တဖြည်းဖြည်းချင်း ပဲ့ထွက်သွား၊ ပွတ်တိုက်သွား သဖြင့် ငရုတ်ဆုံသည် ခွက်ဝင်သွား ရခြင်း ဖြစ်ရမည်ဟု သူက အတွေးဝင် လာသည်ဟု ဆိုသည်။ စာရေးသူ အနေဖြင့် ကောက်ချက် မချလိုပါ။ သူ၏အတွေး အတိုင်းသာ လိုက်၍ တွေးသည်။ သူ့မိဘများ၏ ကျောက်ကပ်တွင် တွေ့ရသော ကျောက်များသည် ကျောက်ငရုတ်ဆုံမှ ထွက်သော ကျောက်မှုန့်များ ဟုတ်သည်၊ မဟုတ်သည် ကို သုတေသန ပညာရှင်များက သုတေသန ဖြင့်သာ သိနိုင်မည့် အရာဖြစ်သည်။

စာရေးသူ၏ ရေနွေးညသိပ် အဆိပ်ထက်ပြင်း ဆောင်းပါးက ဓာတ်ဘူးမှ ပြဒါး တဖြည်းဖြည်း ထွက်ပြီး ကျွတ်ထွက် သွားသော အမှုန်အစများ သောက်သုံး သူတို့၏ ဝမ်းထဲရောက်ပြီး ပြဒါးဆိပ် သင့်၊ မသင့် မည်သူမျှ သုတေသန မပြုဖူးပါ။ မကြာသေးမီက ရေနွေးဓာတ်ဘူး မှ ပြဒါးသည် တိုင်းရင်းဆေး ဆရာများ သုံးသည့် ပြဒါးနှင့်မတူ၊ အဆိပ်မဖြစ်နိုင် ပါဟု ဆောင်းပါးရေးသူ ရှိသည်။ ထိုပြဒါးအဆိပ် သင့်သည်ဟု စာရေးသူက သုတေသန မရှိဟု ဆိုသည်။ 

ထိုပြန်လည် ချေပသူ ကိုယ်တိုင် ကလည်း သုတေသန ပညာရှင် အဆင့်မရှိဘဲ ထင်ကြေးဖြင့် ရေးသားခြင်းသာ ဖြစ်သည်။ သုတေသန သည် အနောက်တိုင်း ပညာရှင် များပင် ဓာတ်ခွဲခန်း၌ ငွေကြေး အမြောက်အမြား အကုန်ခံ၍ စမ်းသပ်ရုံ ဖြင့်ပင် မလုံလောက် အစမ်းသပ်ခံမည့် ကြွက်များ၊ ပူးများ လိုအပ်လျှင် ထို့ထက်ပို၍ အစမ်းသပ်ခံမည့် လူများလိုသည်။ နှစ်ချီကြာပြီးမှ အဖြေထွက်သည့် ကိစ္စမျိုး ဖြစ်သည်။

ဓာတ်ဘူးထဲက ရေနွေးအပူ ထိန်းရန် သုတ်ထားသည့် ပြဒါးသည် Silver Mercury ဖြစ်သည်။ တိုင်းရင်းဆေး ပညာရပ် ဝိဇ္ဇာဓရ ဆေးပညာသုံး ပြဒါး သည် Mercury (Hg) ဖြစ်သည်။ ထိုပြဒါးသည် မသုံးတတ်လျှင် အန္တရာယ် ရှိသည်။ အဆိပ်လည်း ဖြစ်နိုင်ပါသည် ဟု (ဓာတ်ဘူးထဲက ရေနွေး) ဆောင်းပါးရှင်က ရေးထားသည်။ အမှန်မှာ သေချာ မစဉ်းစားဘဲ ရေးသားခြင်း ဖြစ်သည်။ ဓာတ်ဘူးတွင် မြှုပ်ကွက်တစ်ခု ရှိသည်။ ဓာတ်ဘူးတွင် သုတ်ထားသော ပြဒါးသည် ဓာတ်ဘူး အတွင်း ဖန်သားတွင် မဟုတ်ပါ။ အပြင်ဘက်မှ သုတ်ထားခြင်း ဖြစ်သည်။ မှန်တွင် ပြဒါးသုတ် သကဲ့သို့ ကျောဘက်တွင်သာ ရှိသည်။ ရေနွေးနှင့် ထိတွေ့သော ဖန်သားပြင်တွင် အလင်းပြန်ပြီး အပူထိန်းစေရန် တီထွင်ထားခြင်း ဖြစ်သည်။

အရေးကြီးသည်မှာ ပြဒါးကြောင့် မဟုတ်။ ညသိပ်ထားသော ရေနွေးကို နံနက်တွင် သောက်ရခြင်းသာ။ (ယောအတွင်းဝန် မင်းကြီး ဦးဖိုးလှိုင် ၏ အတွေးအခေါ် ဖြစ်သည်။) ရှေးက တိုင်းရင်းဆေး သမားတော်ကြီး များသည် မည်သည့် ဓာတ်ခွဲခန်းမှမရှိသော်လည်း ''ပဘာဝ''ခေါ် တန်ခိုးထူးများကို ဉာဏ်အစွမ်းဖြင့် သိခဲ့ကြသည်။ အာရုံနေရာ၊ ဆေးအစာကို ကြံဆပြီး အဆိပ်ကိုပင် အခိုးသတ်ပြီး ဆေးဖြစ်အောင် လုပ်နိုင်ခဲ့ ကြသည်။ နန်းတွင်း လျှာပွတ်ဆေးသည် အထင်ရှားဆုံး ဥပမာ ဖြစ်သည်။ နန်းတွင်း လျှာပွတ်ဆေးကြီး သည် အင်္ဂလိပ် လက်အောက် မကျမီက နန်းတွင်းတွင် သုံးစွဲခဲ့သော ဆေးကြီးဖြစ်သည်။ သတိမေ့မြော နေသူကိုပင် ဆေးကိုလျှာတွင် ပွတ်ပေးရုံဖြင့် သတိပြန်လည် သည့် လက်တွေ့ မှတ်တမ်းများ ရှိသည်။ ထိုဆေးတွင် ပါဝင်သော ဆေးများမှာ တစ်မယ်ချင်းသုံးလျှင် လူကို သေစေနိုင်သည့် အဆိပ်ဆေးပင်များ ဖြစ်သည်။ သို့သော် အဆိပ် အတော်များများ ပေါင်းစပ်ပြီးသော အခါ အစွမ်းထက်သည့် အဆိပ်ဖြေဆေး ဖြစ်လာသည်။ တိုင်းရင်းဆေး ဆရာကြီးများတွင် ဓာတ်ခွဲခန်း မရှိခဲ့ပါ။

ယခုတင်ပြသည့် ငရုတ်ဆုံမှ ထွက်သည့် ကျောက်မှုန့်များ ကိစ္စသည် စာရေးသူကို မိတ်ဆွေ ဖြစ်သူက အတွေးတစ်စ ပေးခဲ့သည်။ စာရေးသူက စာဖတ်သူများကို ထပ်ဆင့်တင်ပြပြီး အတွေးအမြင် သံသယပွား စေခဲ့သည် ဆိုငြားအံ့။ စာရေးသူ၏ အပြစ်ဟုပင် ခံယူသည်။ သို့သော် အယူအဆ အမှန်တရား မှန်သမျှသည် အမှတ်မထင် အတွေးကလေးမှ စတတ်သည်ဟု ကမ္ဘာကျော် သိပ္ပံ ပညာရှင်ကြီး အာခီးမီးဒီး က ဆိုဖူးသည်။ အမှန်ပင် ဖြစ်သည်။

အတွေးအခေါ် ရင့်ကျက်ခြင်း မှန်သမျှသည် အခြေခံမှ စသည်။ လူသားတို့ အသက်ရှည် ကျန်းမာရေး အတွက် စေတနာပါသော အတွေးတစ်စကို တင်ပြခြင်းသည် မဖြစ်သင့်သော အရာကို ကြိုတင်ရှောင်ရှား နိုင်ရန်ဖြစ်သည်။ 

ရောဂါဝေဒနာ အတော်များများ ၏ အခြေခံမှာ နေ့စဉ် စားသောက်သော အစားအသောက် များမှ ဖြစ်သဖြင့် သတိပြုဆင်ခြင် နိုင်ကြစေရန် စေတနာဖြင့် တင်ပြရခြင်း ဖြစ်ပါသည်။

ဆက်စပ်ဆောင်းပါး = ကျောက်ငရုတ်ဆုံအန္တရာယ်

မြ၀တီနေ့စဉ် ၊ စာ(၇)

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၅) အမှတ်(၃၂)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၅) အမှတ်(၃၂)

Download Links


ရန်ကုန်မြို့အတွင်း စက်သုံးဆီအရောင်ဆိုင်သစ်များ ဖွင့်လှစ်လိုသော်လည်း ဈေးကွက်အသစ် ရရှိရန်ခက်ခဲ



ရန်ကုန် ၊ ၂၅-၈-၂၀၁၆

ရန်ကုန်မြို့အတွင်း စက်သုံးဆီ အရောင်းဆိုင်သစ် များ ဖွင့်လှစ်လို သော်လည်း ဈေးကွက်အသစ် ရရှိရန် ခက်ခဲနေကြောင်း စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင် သူများထံမှ သိရသည်။

''ရန်ကုန်မြို့မှာ ဈေးကွက်ရဖို့က မလွယ်တော့ဘူး။ ဆီဆိုင်တွေက များတယ်။ ရန်ကုန်မှာ နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင် သုံးဆိုင်ရှိတယ်။ အစိုးရက ပုဂ္ဂလိကနဲ့ ယှဉ်ပြိုင် ရောင်းမယ်လို့ ပြောထားတယ်။ ဒီလိုဖြစ်လာရင် ပုဂ္ဂလိကဆိုင်တွေ အနေနဲ့ ဈေးကွက်ရဖို့ ပိုပြီးခက်ခဲ လာနိုင်တယ်'' ဟု ရန်ကုန် စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းမှ ဦးကျော်ကျော်လင်း က ပြောသည်။

၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို ပြည်တွင်း လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း သိရသည်။

''ပြည်တွင်း လုပ်ငန်းရှင် တွေကို စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချခွင့် ပေးခဲ့တဲ့ ခြောက်နှစ်တာ ကာလအတွင်းမှာ ဆီသိုလှောင်ကန်တွေ တည်ဆောက်ဖို့ အခက်အခဲ ရှိတာကို တွေ့မြင်ခဲ့ ရတယ်။ သီလဝါမှာတောင် လုံလောက်အောင် မဆောက်နိုင်တော့ နိုင်ငံအတွင်းမှာ စက်သုံးဆီ ပြတ်လပ်မှာ စိုးရိမ်ရတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေ အနေနဲ့ ဆီဈေးနှုန်းကို ကစားခွင့် မရအောင် စက်သုံးဆီ အရောင်းဆိုင်တွေ ဖွင့်လှစ်ပြီး ယှဉ်ပြိုင်ရောင်း ချ သွားမှာပါ။ လောလောဆယ် ဖက်စပ် ကုမ္ပဏီအဖြစ်နဲ့ သွားပေမယ့် အနာဂတ်မှာ အများပိုင်အနေနဲ့ လုပ်ကိုင်သွားဖို့ အထိ စီစဉ်ထားပါတယ်'' ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန့်စင် က ပြောသည်။

ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များက ပြည်တွင်း စက်သုံးဆီ သုံးစွဲမှု လိုအပ်ချက် အတွက် တစ်လလျှင် ဒီဇယ်တန်ချိန် ၁၈ဝဝဝဝ မှ ၂၅ဝဝဝဝ ခန့်နှင့် အောက်တိန်း တန်ချိန် ၆၇ဝဝဝ မှ ၉ဝဝဝဝ ခန့်အထိ ပြည်ပမှ မှာယူတင်သွင်း ရောင်းချပေးေ နရကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြည်ပမှ စက်သုံးဆီ တင်သွင်းမှုသည် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ဓာတ်ဆီတန်ချိန် ၁၂ ဒသမ ၄ သိန်းနှင့် ဒီဇယ်တန်ချိန် ၁၆ သိန်းကျော် တင်သွင်းခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ပြည်ပမှ ဓာတ်ဆီ တန်ချိန်သိန်း ၂ဝ ကျော်နှင့် ဒီဇယ်တန်ချိန် ၁၂ သိန်းကျော် တင်သွင်း ခဲ့ကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၃)

မြန်မာနိုင်ငံ အမျိုးသားကင်းထောက် အဖွဲ့ချုပ်က ရပ်ရွာအခြေပြု ကင်းထောက်အဖွဲ့များ ဖြစ်ပေါ်လာစေရန် ဆက်လက် ဆောင်ရွက်မည်



ရန်ကုန် ၊ ၂၅-၈-၂၀၁၆

မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ချုပ်သည် ကမ္ဘာ့ အမျိုးသား ကင်းထောက် အဖွဲ့ဝင် ဖြစ်လာပြီးနောက် စာသင်ကျောင်း များ၌သာမက ရပ်ရွာ အခြေပြု၍ ဆောင်ရွက်သော ကင်းထောက်အဖွဲ့ ဖြစ်လာစေရန် ကမ္ဘာ့ကင်းထောက် အဖွဲ့၏ အကြံဉာဏ်များ၊ ပံ့ပိုးကူညီမှု များဖြင့် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ချုပ်သည် ကမ္ဘာ့ ကင်းထောက် အဖွဲ့ဝင် ဖြစ်လာ၍ ငြိမ်းချမ်းရေး သတင်းပို့သူ (Messenger of Peace) ဆိုသည့် စီမံချက်များ ၊ သဘာဝဘေးဒဏ် ကာကွယ်ခြင်း၊ ပတ်ဝန်းကျင်ကို စောင့်ရှောက်ခြင်း နှင့် အခြေအနေမဲ့ များကို စောင့်ရှောက်ခြင်း စသည့် အစီအစဉ် များတွင် တန်းတူရည်တူ ပါဝင် လှုပ်ရှားခွင့် ရရှိထားပြီ ဖြစ်သည်။

ကမ္ဘာ့ကင်းထောက် အဖွဲ့တွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံပါဝင်ပြီး အဖွဲ့ဝင် ဖြစ်ရန် အဆိုပါနိုင်ငံ များ၏ ၅ ရာခိုင်နှုန်းက ကန့်ကွက်လျှင် ပယ်ချခံရ နိုင်သော်လည်း မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ကိုမူ မည်သည့်နိုင်ငံ ကမျှ ကန့်ကွက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ထို့ကြောင့် ဗီယက်နမ်၊ မကာအို နှင့် အရှေ့တီမော စသည့် ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်ဖြစ်ရန် ကြိုးစားနေသော နိုင်ငံများကို ကျော်ဖြတ်၍ အဖွဲ့ဝင် ဖြစ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ကင်းထောက်အဖွဲ့ ကို ၁၉၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၄ ခုနှစ်မှစ၍ ကင်းထောက် လှုပ်ရှားမှုများ ရပ်နားသွားခဲ့ကာ ၂ဝ၁၂ ခုနှစ်တွင် ကင်းထောက်အဖွဲ့ကို ပြန်လည်ဖွဲ့စည်း ခဲ့ပြီး ပညာရေးဝန်ကြီး ဌာနက တာဝန်ယူ ဆောင်ရွက် ခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ အမျိုးသားကင်းထောက် အဖွဲ့ဝင်ပေါင်း ၂၅ဝဝဝ ခန့်ရှိပြီး အဖွဲ့၏ ရာပြည့်ပွဲတော် ကျင်းပရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ချုပ်မှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းပြီး အလုပ်သမား ၆၀၀၀၀ ခန့် လုပ်ကိုင်နိုင်မည့် အထည်ချုပ်စက်မှုဇုန် တည်ထောင်မည်



ရန်ကုန် ၊ ၂၅-၈-၂၀၁၆

မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံပူးပေါင်း ၍ အလုပ်သမားဦးရေ ၆ဝဝဝဝ ခန့် လုပ်ကိုင်နိုင်မည့် အထည်ချုပ် စက်မှုဇုန် တစ်ခုကို မြန်မာနိုင်ငံ၌ တည်ထောင်သွားရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အထည်ချုပ် စက်မှုဇုန် စီမံကိန်းကို မြန်မာနိုင်ငံမှ Olympus Asia Developer Group ကုမ္ပဏီနှင့် တောင်ကိုရီးယား နိုင်ငံမှ PANKO Corporation တို့ပူးပေါင်းပြီး ၂ဝ၁၇ ခုနှစ်မှ စတင်ကာ ရန်ကုန်တိုင်း ဒေသကြီး အတွင်း သုံးနှစ်စီမံကိန်း ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်သည်။

စက်မှုဇုန် တည်ထောင်မည့် မြေနေရာ အတိအကျကို ထပ်မံ ကြေညာမည် ဖြစ်ပြီး ယင်းစက်မှုဇုန်၌ ချည်လုံးများ၊ ဖျင်များနှင့် အထည်ပိတ်စများ မှစ၍ အဝတ်အထည် များထုတ်လုပ် နိုင်သည်အထိ အဆင့်ဆင့် ဆောင်ရွက် သွားမည် ဖြစ်သည်။

မြေအကျယ်အဝန်း ဧက ၅ဝဝ ခန့်ရှိမည့် အဆိုပါ အထည်ချုပ် စက်မှုဇုန်ကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖော်ဆောင် သွားရန် စီစဉ်ထားခြင်း ကြောင့် ရန်ကုန်တိုင်း ဒေသကြီး သာမက ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး စသည့်ဒေသ များမှ ဒေသခံ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး နိုင်မည်ဖြစ်ပြီး စုစုပေါင်း အလုပ်သမား ၆ဝဝဝဝ ခန့်အထိ အလုပ်ခန့်ထား နိုင်မည်ဟု ခန့်မှန်း ထားကြောင်း Olympus Asia Developer Group မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အထည်ချုပ် စက်မှုဇုန်ကို အမေရိကန် ဒေါ်လာ သန်း ၃ဝ မှ သန်း ၅ဝ အထိ ရင်းနှီးမြှုပ်နှံကာ အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ စက်မှုဇုန် အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ပမာဏမှာ မဂ္ဂါဝပ် ၁ဝဝ ခန့်ရှိမည် ဖြစ်ရာ အဆိုပါ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ယခုအခါ သက်ဆိုင်ရာ အစိုးရဌာန များနှင့် ဆွေးနွေး ညှိနှိုင်းဆဲ ဖြစ်ကြောင်း သိရသည်။

အထည်ချုပ် စက်မှုဇုန် ဖော်ဆောင်ရာတွင် ပါဝင် ဆောင်ရွက်မည့် PANKO Corporation သည် မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ကတည်းက လာရောက် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့၌လည်း အထည်ချုပ် လုပ်ငန်းများ တည်ထောင် ထားကြောင်း သိရသည်။

Myanmar & South Korea JV to set up 500-acre garment facility

မိုးထက်ယံ

မြ၀တီနေ့စဉ် ၊ စာ(၅)

ချောက်မြို့ အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားပြင်းထန်သော မြေငလျင်လှုပ်ရှား ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့


ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများ ငလျင်ဒဏ်ခံရမှုကို တွေ့ရစဉ်

ရေနံချောင်းမြို့နယ် ရှားပင်ရိုးကျေးရွာတွင် ကမ်းပါးပြိုကျမှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၅-၈-၂၀၁၆

၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်ေ တာင်ဘက် ၁၂၃ မိုင်ခန့်အကွာ ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အား  ပြင်းထန်သော မြေငလျင် တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ရှေးဟောင်း ဘုရားစေတီ ၁၈၅ ဆူခန့် ထီးတော် ယိုင်ခြင်း၊ စိန်ဖူးတော် မြေခခြင်း၊ ဖောင်းရစ်များ အက်ကွဲခြင်း တို့ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

ထို့အတူ စလေဒေသရှိ ဘုရားစေတီ ကိုးဆူ ၊ မြောက်ဦးဒေသ တွင် စေတီပုထိုး သုံးဆူ၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင် စေတီပုထိုး ခုနစ်ဆူတို့ ပျက်စီးမှုများ ရှိခဲ့ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ကောက်ခံရရှိသော စာရင်းများအရ သိရသည်။

ထို့ပြင် မကွေးတိုင်း ဒေသကြီး ရေနံချောင်း မြို့နယ် မြို့မဈေးကြီး၏ အရှေ့ဘက် ကြမ်းကိုင်ကျွန်း ဘုရားဝင်းအတွင်း စေတီတော် ပြိုကျခြင်း၊ ရှားပင်ရိုး ကျေးရွာတွင် လူနှစ်ဦး သေဆုံးခြင်း၊ မင်းဘူးမြို့ နဂါးပွက်တောင် တွင် ရွှံ့ရေပူ လျှံကျလာခြင်း နှင့် အဆောက်အအုံ အချို့ ပျက်စီးခြင်း၊ ပခုက္ကူမြို့နယ် ၌ ပုဂ္ဂလိက ဆေးပေါင်းရုံ ပြိုကျ၍ လူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခြင်း ၊ ကွမ်းရွာတွင် လူတစ်ဦး သေဆုံးခြင်း၊ မင်းလှမြို့နယ်တွင် ဘုရားစေတီ တစ်ဆူ စိန်ဖူးတော် မြေခခြင်း၊ အိမ်အချို့ ပြိုကျ ပျက်စီးခြင်း၊ ချောက်မြို့နယ် တွင် အဆောက်အအုံနှင့် နေအိမ်အချို့ ပျက်စီးခြင်း၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ရတနာ့ မာန်အောင် စေတီတော် ပြိုကျခြင်း၊ စစ်တွေမြို့နယ် တွင် ဝန်ကြီး ဌာန၏ သတင်း ထုတ်ပြန်ချက် အရသိရသည်။

ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန အနေဖြင့် ငလျင်သတင်း ရလျှင်ရချင်း အရေးပေါ် တုံ့ပြန်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း ၊ အရေးပေါ် ထောက်ပံ့ရေး လုပ်ငန်းများ အတွက် ကြိုတင် စုဖွဲ့ထားခြင်း၊ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များ နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ပြည်တွင်း ပညာရှင်အဖွဲ့များဖြစ်သော မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ ကဲ့သို့သော အဖွဲ့အစည်းများ၊ ပြည်ပ အဖွဲ့အစည်းများ ဖြစ်သော USGS, TMD အဖွဲ့အစည်း များမှလည်း သတင်းများ အဆက်မပြတ် ချိတ်ဆက် ရယူခြင်းများ ဆောင်ရွက်လျက် ရှိသည်။

အလားတူ ငလျင်ဒဏ် ခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် နယ်မြေ ဒေသများတွင် နယ်မြေခံ တပ်ရင်းများမှ တပ်မတော်သား များက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ငလျင်ကြီး ဖြစ်ပွားပြီး ချိန်တွင် နောက်ဆက်တွဲ ငလျင်ငယ်များ ထပ်မံလှုပ်ခတ် နိုင်သည့် အတွက်လည်း ပြည်သူလူထု အနေဖြင့် သတိပြုနေထိုင် သင့်ကြောင်း၊ ပြည်သူလူထု အနေဖြင့် သဘာဝ ဘေးအန္တရာယ် များနှင့် ပတ်သက် သော သတင်း အချက်အလက် များကို ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၏ လူမှုကွန်ရက် စာမျက်နှာ (Relief and Resettlement Department-Myanmar) တွင်လည်း ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပြီး ယခုငလျင်ဘေး အန္တရာယ်သည် မြေအောက် အနက် ၈၄ ဒသမ ၁ ကီလိုမီတာတွင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ လမှစ၍ ယခုလှုပ်ခတ် ခဲ့သည့် ငလျင်အထိ ငလျင် ၂၆ ကြိမ် လှုပ်ခတ်ခဲ့ပြီး ယမန်နေ့ လှုပ်ခတ်ခဲ့သည့် မြေငလျင်သည် အင်အား အပြင်းထန်ဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ပြီး ဧပြီ ၁၃ ရက်က ကလေးမြို့အနီး လှုပ်ခတ်ခဲ့သည့် ငလျင်မှာ ဒုတိယ အင်အား အပြင်းဆုံး ငလျင် ဖြစ်ကြောင်း သိရသည်။

ညွန့်ဇော်အောင် ၊ အောင်လင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၁၁)

မြန်မာ့တပ်မတော် အစီအစဉ်ဖြင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း များမှ မြန်မာနိုင်ငံသား စုစုပေါင်း ၄၁၁ ဦးအား အခမဲ့ ပြန်လည်ခေါ်ဆောင်ပေး


တာဝန်ရှိသူများက မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသော မြန်မာနိုင်ငံသား များအား ကြိုဆိုနှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၅-၈-၂၀၁၆

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိထိန်းသိမ်းခံ နေကြရသည့် မြန်မာနိုင်ငံသား များအနက် နေရပ်ပြန်ရန် အခက်အခဲရှိ နေသူများမှ ၄ဝဝ ကျော်အား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စိတ်စေတနာ အရ မြန်မာ့တပ်မတော် ၏ အစီအစဉ်ဖြင့် MAI စင်းလုံးငှား လေယာဉ်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့မှ အမိ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ အခမဲ့ပြန်လည် ခေါ်ဆောင် ပေးလျက်ရှိသည်။

ထိုသို့ ခေါ်ဆောင် ပေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းတွင် ၁၃၆ ဦးကို တတိယ အသုတ်အဖြစ် ပြန်လည်ခေါ်ဆောင် ခဲ့ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ည ၈ နာရီ ၄ဝ မိနစ်တွင် ရောက်ရှိရာ တပ်မတော် အရာရှိ ကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ IOM ရုံးမှတာဝန် ရှိသူများ၊ ပြန်လည် ရောက်ရှိလာကြ သူများ၏ မိသားစုဝင်များက နွေးထွေးစွာ ကြိုဆိုခဲ့ ကြသည်။

အဆိုပါ ၁၃၆ ဦးမှာ နေပြည်တော် ကောင်စီနယ်မြေ မှတစ်ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ ခြောက်ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ နှစ်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ လေးဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ရှစ်ဦး၊ မကွေးတိုင်း ဒေသကြီးမှ လေးဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၁၈ ဦး၊ ကချင်ပြည်နယ်မှ တစ်ဦး၊ ကယားပြည်နယ် မှ တစ်ဦး၊ ကရင်ပြည်နယ်မှ ၁၇ ဦး၊ မွန်ပြည်နယ်မှ ၃၈ ဦး၊ ရခိုင်ပြည်နယ်မှ ၂၁ ဦး၊ ရှမ်းပြည်နယ်မှ နှစ်ဦးနှင့် ချင်းပြည်နယ်မှ ၁၃ ဦး တို့ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန်၊ ပြည်သူလူထု အကျိုးစီးပွားကို ဖော်ဆောင်ပေး ရန်မှာ တပ်မတော်၏ အမျိုးသားရေး တာဝန် ထမ်းဆောင်မှု ဖြစ်သည်နှင့် အညီ ပြည်ပနိုင်ငံ များတွင် ဒုက္ခမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့ နေသည့် မြန်မာနိုင်ငံသား များအား အမိနိုင်ငံသို့ ပြန်လည် ခေါ်ယူနိုင်ရေး အတွက် တစ်တပ်တစ်အား ကူညီ ဆောင်ရွက်ခဲ့ရာ ပထမအသုတ် အဖြစ် ၁၃၈ ဦးအား သြဂုတ် ၁၇ ရက်တွင်လည်း ကောင်း၊ ဒုတိယအသုတ် အဖြစ် ၁၃၇ ဦးအား သြဂုတ် ၁၉ ရက်တွင် လည်းကောင်း၊ တတိယ အသုတ်အဖြစ် ၁၃၆ ဦးအား ယမန်နေ့တွင် လည်းကောင်း စုစုပေါင်း ၄၁၁ ဦးအား ခေါ်ဆောင် ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

(၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၆)

မြ၀တီနေ့စဉ်သတင်းစာ (၂၅-၈-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၂၅-၈-၂၀၁၆)

Download Links


Tuesday, August 23, 2016

မြ၀တီနေ့စဉ်သတင်းစာ (၂၃-၈-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၂၃-၈-၂၀၁၆)

Download Links


Monday, August 22, 2016

ဇီဝဇိုးအန်ဖတ် များကို တရုတ် ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဝယ်ယူ



မြိတ် ၊ ၂၂-၈-၂၀၁၆

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နှင့် ကျွန်းစုများ၌ အသိုက်ဖွဲ့ နေလေ့ရှိသည့် ဇီဝဇိုး အန်ဖတ် (ငှက်သိုက်) များကို တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံး ဝယ်ယူကြောင်း သိရသည်။

အဆိုပါ ဒေသထွက် ဇီဝဇိုးအန်ဖတ် တချို့ကို ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် ထိုင်း-မြန်မာ နယ်စပ် ရနောင်းမှ တစ်ဆင့် တင်ပို့ပြီး တချို့ကို အမျိုးအစားနှင့် အရည်အသွေး ခွဲခြားကာ ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချသည်။ 

ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ဇီဝဇိုးအန်ဖတ် များကို ကုန်သည်များက ထပ်မံ သန့်စင်မှုများ၊ ထုပ်ပိုးမှုများ ပြုလုပ်ကာ မလေးရှား နိုင်ငံသို့ လည်းကောင်း၊ မန္တလေးမှ တစ်ဆင့် တရုတ်နိုင်ငံ သို့လည်းကောင်း ဆက်လက် တင်ပို့ကြခြင်း ဖြစ်သည်။

''ငှက်သိုက်က ဒီတိုင်းစုချင် သလို စုလို့မရဘူး။ ရေရှည် တည်တံ့ဖို့ အတွက် လပ်ပုံ တစ်ခုစီက ကျွန်းနှစ်ကျွန်း ကို ငှက်သိုက် မခူးဘဲ သဘာဝ အလျောက် ဘေးမဲ့ပေးဖို့ ပြောထားတယ်။ ဒါမှ မျိုးမသုဉ်းမှာ။ တစ်နှစ်လုံး မှာ ငှက်သိုက်စု သိမ်းချိန်က သုံးလလောက် ပဲရှိတယ်။ လုပ်ငန်း လုပ်ကိုင်ခွင့်ကို နိုဝင်ဘာလ နောက်ဆုံးပတ် အထိ သတ်မှတ် ထားပေမယ့် နောက်ဆုံး ငှက်သိုက်ခူးချိန် ကိုတော့ နိုဝင်ဘာလ ပထမပတ်လို့ သတ်မှတ် ထားပါတယ်'' ဟု မြိတ်မြို့ရှိ ဇီဝဇိုးငှက် မွေးမြူသူ ဦးကိုလေးဝင်း ကပြောသည်။

မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်း တစ်ဝိုက်၌ သဘာဝနှင့် လူတို့ ဖန်တီးထားသည့် ဇီဝဇိုးငှက် တို့နေထိုင်ရာ ငှက်အိမ် ၁၃ဝ ကျော်ရှိသည်။ ငှက်သိုက် အမျိုးအစား အလိုက် တစ်ပိဿာလျှင် အနိမ့်ဆုံး ငွေကျပ် ၁၆ သိန်းမှ ၂၂ သိန်းအထိ ပေါက်ဈေးရှိသည်။

မြန်မာနိုင်ငံ၌ ငှက်သိုက် ရရှိသော ကျွန်းများကို သစ်တော ဦးစီးဌာနမှ ဦးစီး၍ နှစ်စဉ် ငှက်သိုက် သိမ်းယူခွင့် လိုင်စင် ထုတ်ပေးပြီး ဥပဒေများကို လိုအပ်သလို ထုတ်ပြန်၍ ငှက်မျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရန် စောင့်ရှောက် ပေးထားသည်။ မြန်မာနိုင်ငံ၌ ငှက်သိုက်များကို ထားဝယ် ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု နှင့် ပုသိမ်မြို့ အနောက်တောင် ဘက်ရှိ ကျွန်းများ၌ တွေ့ရသည်။

တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ငှက်သိုက် ကျွန်းပေါင်း ၃၂ ကျွန်းမှ အဖိုးတန် ငှက်သိုက်များ ထွက်ရှိသည်။ မြိတ်ကျွန်းစုရှိ ငှက်သိုက်များကို ပုလောမြို့နယ် ရှိ မလိကျွန်း၊ ကျွန်းစုမြို့နယ် ရှိ ရေအေးကျွန်းစု၊ ဘုတ်ပြင်းမြို့နယ် ရှိ ပုလုတိကျွန်းစု၊ ကော့သောင်း မြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်းကျွန်းစု တို့မှရရှိပြီး အဆိုပါ ကျွန်းစုများ အနက် မလိကျွန်းမှ ငှက်သိုက် အများဆုံး ရရှိကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

အိန္ဒိယအစိုးရတပ် နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN(K) တို့ မြန်မာနိုင်ငံ နယ်နိမတ်အတွင်း တိုက်ပွဲဖြစ်ပွား ခဲ့သည့်ဟု မီဒီယာအချို့က မှားယွင်းဖော်ပြခဲ့မှုနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်



နေပြည်တော် ၊ ၂၂-၈-၂၀၁၆

မြန်မာနိုင်ငံ နယ်စပ်တွင် သြဂုတ်လ ၁၉ ရက်နေ့က အိန္ဒိယ အစိုးရတပ်နှင့် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ NSCN(K) တို့ ၃ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အိန္ဒိယ အစိုးရတပ်က ထိခိုက် အကျအဆုံး များကြောင်း၊ အနည်းဆုံး လူ ၃ဝ ခန့်ရှိသည့် အိန္ဒိယ အစိုးရတပ် များက မြန်မာနိုင်ငံ ဧရိယာအတွင်းထိ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရ တပ်ဖွဲ့များသည် လေထီး တပ်သား ၁၂ ဦးကို အရင်ဝင်ရောက် ပြီးမှ ကျန် မြေပြင်တပ်က မြန်မာနိုင်ငံ အတွင်း ဝင်ရောက် လာကြောင်း စသည်ဖြင့် အိန္ဒိယအစိုးရ၏ တပ်က မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း စစ်ဆင်ရေး တစ်ခုပြုလုပ် ခဲ့ကြောင်း၊ နာဂတပ်ဖွဲ့က ထုတ်ပြန်သည့် သတင်းဇာစ်မြစ် ကို ကိုးကား၍ ပြည်တွင်း အင်တာနက် သတင်းနှင့် အိန္ဒိယ သတင်းမီဒီယာ အချို့က ရေးသားဖော်ပြ ခဲ့သည်ကို စိစစ်တွေ့ရှိ ရပါသည်။

မြေပြင်သတင်း စိစစ်ချက်များ အရ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၃ဝ မိနစ်မှ ၉ နာရီအထိ NSCN(K) အဖွဲ့နှင့် NSCN(M) အဖွဲ့တို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် နယ်နိမိတ် မှတ်တိုင်အမှတ် ၁၅၁ ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ အိန္ဒိယနိုင်ငံ အတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရကြောင်း၊ ရွှေလောကျေးရွာ ခန့်မှန်းမြေပုံညွှန်း (GE-၁၄၈၃၆ဝ) အုပ်ချုပ်ရေးမှူး က ယမ်းကြုံးကျေးရွာ ခန့်မှန်း မြေပုံညွှန်း (GE-၂၅၇၄၁၅) ရှိ တပ်မတော် စစ်ကြောင်းထံသို့ သတင်းပေးပို့ ခဲ့ပါသည်။ သတင်းရရှိလျှင် ရရှိချင်း နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး ကျယ်ပြန့်စွာ လှုပ်ရှားနေသည့် တပ်မတော် စစ်ကြောင်းများ မှလည်း မိမိနယ်မြေ အလိုက် တစ်ဖက်နိုင်ငံမှ လက်နက်ကိုင် အဖွဲ့အစည်းများ ဝင်ရောက်လာမှု မရှိစေရေး ပိတ်ဆို့ထားပြီး စောင့်ကြည့်လျက် ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ပတ်သက်၍ မိမိနိုင်ငံကို အခြေပြုကာ တစ်ဖက်နိုင်ငံ အစိုးရကို နှောင့်ယှက် ဖျက်ဆီးသည့် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကို မဆို နယ်မြေ အသုံးချခွင့် မပြုကြောင်း၊ အားမပေးကြောင်း၊ လက်မခံကြောင်း တို့အား နှစ်နိုင်ငံ တပ်မတော် ခေါင်းဆောင်များ အချင်းချင်း တွေ့ဆုံ ဆွေးနွေးစဉ် တိုင်းတွင် အလေးအနက် ထား ပြောကြားလျက် ရှိပါသည်။ ၄င်းအပြင် မြန်မာ့တပ်မတော် အနေဖြင့် လည်း နှစ်နိုင်ငံ တပ်မတော် အချင်းချင်း နယ်စပ်တပ်စခန်း အဆင့် ဆွေးနွေးပွဲများ ပြုလုပ်၍ တပ်မတော် အချင်းချင်း မိမိနယ်မြေ အလိုက် အပြိုင် ကင်းလှည့်ခြင်း၊ သတင်း ဖလှယ်၍ အထောက်အကူ ပြုဆောင်ရွက်ခြင်း များလည်း ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

သို့ဖြစ်ပါ၍ အိန္ဒိယ အစိုးရတပ်နှင့် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ NSCN(K) တို့ မိမိနိုင်ငံနယ် နိမိတ်အတွင်း တိုက်ပွဲဖြစ်ပွား ခဲ့သည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး

မြ၀တီနေ့စဉ် ၊ စာ(၁၇)

မြစ်ကြီးနား-ကန်ပိုက်တည် သွားကားလမ်းပေါ်တွင် ယာဉ်များအား KIA လက်နက်ကိုင် အဖွဲ့မှ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်သဖြင့် ခရီးသွားပြည်သူတစ်ဦး ဒဏ်ရာရရှိ



နေပြည်တော် ၊ ၂၂-၈-၂၀၁၆

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တည်မြို့၊ ဝေါခြုံကျေးရွာ ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ တွင် KIA လက်နက်ကိုင် အဖွဲ့အင်အား ၁ဝ ဦးခန့်က မြစ်ကြီးနား- ကန်ပိုက်တည် ကားလမ်းအတိုင်း မောင်းနှင် လာသော ဒိုင်နာ အမျိုးအစား (အပြာရောင်) နှင့် ဒိုင်နာ အမျိုးအစား (စိမ်းနု) ယာဉ် နှစ်စီးအား လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ယာဉ်များ၏ ရှေ့မှန်၊ ဘေးညာဘက်မှန်၊ ယာဉ်၏ ညာဘက် ဘော်ဒီထိခိုက် ပျက်စီးခဲ့ပြီး ခရီးသွား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားသည့် နေရာအား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

KIA လက်နက်ကိုင်အဖွဲ့မှ တပ်မတော် စစ်ကြောင်းအား မိုင်းထောင်ဖောက်ခွဲရန် ရောက်ရှိနေသည့် အဖွဲ့ဝင်များအား ဖမ်းဆီးရမိ ၊ ၄င်းတို့ထောင်ထားသည့် မိုင်းအား ပြန်လည်ဖော်ယူစဉ် ပေါက်ကွဲသေဆုံး


နေပြည်တော် ၊ ၂၂-၈-၂၀၁၆

ကချင်ပြည်နယ်၊ ရှဒူဇွပ်ဒေသ အတွင်းရှိ တပ်မတော်စစ်ကြောင်း များအား မိုင်းထောင် ဖောက်ခွဲရန် ရောက်ရှိနေသည့် KIA လက်နက်ကိုင်အဖွဲ့ဝင်နှစ်ဦးအား သြဂုတ် ၂ဝ ရက်တွင် ဖမ်းဆီးရမိ ခဲ့သည်။ ဖြစ်စဉ်မှာ ညနေ ၆ နာရီအချိန်ခန့်တွင် ကာမိုင်းမြို့နယ်၊ မြစ်ကြီးနား-တနိုင်း သွားကားလမ်းမကြီး ပေါ်ရှိ ဝရာဇွပ်ကျေးရွာနှင့် ရှဒူဇွပ်ကျေးရွာကြား၊ ကားလမ်း အနောက်ဘက် ၁ မိုင်ခန့်အကွာ၊ ဒေသအခေါ် ဂျာဝမ်လမ်းဆုံ ၌ တပ်မတော် စစ်ကြောင်းက လှည့်ကင်း ဆောင်ရွက်စဉ် ဈေးတန်းရှိ ဘီယာဆိုင်အတွင်း KIA လက်နက်ကိုင် အဖွဲ့ဝင်များဟု ယူဆရသည့် မသင်္ကာဖွယ်ရာ လူနှစ်ဦးအားတွေ့ရှိ ရသဖြင့် စစ်ဆေး မေးမြန်းခဲ့ရာ KIA လက်နက်ကိုင် အဖွဲ့မှ တပ်သားအဆင့်ရှိ ကလန်ဖန်းအောင် နှင့် စည်းရုံးရေးမှူး အဆင့်ရှိသူ မွန်းအောင် တို့ဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့နှစ်ဦးသည် ကျေးရွာအတွင်း အရပ်သားအသွင်ဖြင့် သွားလာ လှုပ်ရှားကာ တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှားမှု သတင်းများအား ရယူရန်နှင့် မိုင်းထောင် တိုက်ခိုက်ရန် စေလွှတ်ထား သူများဖြစ်ကြောင်း၊ ယခုလည်း ရှဒူဇွပ်ကျေးရွာ ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာတွင် တပ်မတော် စစ်ကြောင်းအား ချောင်းမြောင်း ဖောက်ခွဲ တိုက်ခိုက်ရန် အတွက် မိုင်းနှစ်လုံး ထောင်ပြီး ပြန်လာစဉ် အဖမ်းခံရခြင်း ဖြစ်ကြောင်း စစ်ဆေး သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် KIA လက်နက်ကိုင် အဖွဲ့ဝင်နှစ်ဦးအား ၄င်းတို့ထောင်ထားသည့် မိုင်းများ ပြန်လည်ဖော်ယူ ရှင်းလင်းရန် ယမန်နေ့နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် တပ်မတော် စစ်ကြောင်းမှ ခေါ်ဆောင်၍ သွားရောက် ရှင်းလင်းစေခဲ့ရာ မိုင်းအားပြန်လည် ဖြုတ်ယူစဉ် အဆိုပါနေရာ၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး နှစ်ဦးစလုံးမိုင်းထိ သေဆုံးခဲ့သည်။

တပ်မတော် စစ်ကြောင်းက ဆက်လက် ရှင်းခဲ့ရာ ဖြစ်စဉ်ဖြစ်ပွားသည့် နေရာ၏ မြောက်ဘက် မီတာ ၅ဝ ခန့်အကွာ၊ လမ်းအနောက်ဘက် ၃ ပေခန့်အကွာတွင် အစိတ်(၆ဝ) ဝါယာရှော့ခ် တိုက်မိုင်းတစ်လုံးအား ဖော်ထုတ် ရှင်းလင်း နိုင်ခဲ့သည်။

ထို့အတူ ကာမိုင်းမြို့နယ်၊ မိုးကောင်း-တနိုင်း သွားကားလမ်းပေါ် တွင် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ခြင်းများ ဆောင်ရွက်လျက် ရှိရာ သြဂုတ် ၂ဝ ရက်မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဒွန်ဘုံးခကျေးရွာ ၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ ၌ လမ်းလျှောက် စကားပြောစက်နှင့် ရီမုဆားကစ် ကိုင်ဆောင်ထားသည့် KIA လက်နက်ကိုင် အဖွဲ့ဝင်နှစ်ဦးသည် တပ်မတော် စစ်ကြောင်းအား တွေ့ရှိစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦးအား အသေဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၄)

အင်ဒိုနီးရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ယဉ်ကျေးမှုပဒေသာကပွဲ ကျင်းပ



ရန်ကုန် ၊ ၂၂-၈-၂၀၁၆

အင်ဒိုနီးရှား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အဖြစ် ပူးပေါင်းဖျော်ဖြေ တင်ဆက်သည့် ယဉ်ကျေးမှု ပဒေသာကပွဲ (Indonesia- Myanmar Joint Cultural Show 2016) ကို ယrefနေ့ညနေ ၃ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ်ရှိ အမျိုးသား ဇာတ်ရုံ ၌ ကျင်းပသည်။

အဆိုပါကပွဲသို့ မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး H.E.Dr. Lto Sumardi ၊ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် တို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဖျော်ဖြေပွဲတွင် နှစ်နိုင်ငံမှ ယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ရာ အင်ဒိုနီးရှားနိုင်ငံ က Legong Bali Dance အဖွဲ့က အင်ဒိုနီးရှားနိုင်ငံ ရိုးရာ ဘာလီကျွန်း အက ၊ ပန်းကမ္ဘာအက ဖြင့်လည်းကောင်း Indonesian International School Yangon (IISY) မှ ကျောင်းသား၊ ကျောင်းသူလေး များ၏ အင်ဒိုနီးရှားနိုင်ငံ ရိုးရာ ဝါးတူရိယာများဖြင့် သံစုံဖျော်ဖြေခြင်း၊ အင်ဒိုနီးရှားနိုင်ငံ ရိုးရာ ရာမာယဏ အပိုင်းအစများ ဟု အမည်ရသည့် ရာမာယဏ ဇာတ်တော်တို့ကို တင်ဆက်ကပြ ခဲ့ကြသည်။

မြန်မာနိုင်ငံက အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၏ ပျူ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင်နှင့် မျက်မှောက်ခေတ် တို့ပါဝင်သည့် ခေတ်ငါးခေတ် အကနှင့် ပန်းကုံးကြိုးဆွဲ ရုပ်သေးအက၊ ခြင်းလုံးကြိုးဆွဲ ရုပ်သေးအက တို့ဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။

နေကိုထိုက်

မြ၀တီနေ့စဉ် ၊ စာ(၂)

၂၀၁၇ ခုနှစ် မတ်လနောက်ပိုင်းတွင် Call Center 199 သို့ စနောက် ဖုန်းခေါ်သူများအား အရေးယူမည်



ရန်ကုန် ၊ ၂၂-၈-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး Call Center 199 သတင်းလက်ခံ ဌာနသို့ ဖုန်းခေါ်ဆိုကာ စနောက်ခြင်း များနှင့် မမှန်မကန် သတင်းပေးခြင်း များကို ၂ဝ၁၇ ခုနှစ် မတ်လ နောက်ပိုင်းတွင် အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ Call Center 199 ကို ပြည်သူများ အရေးပေါ် အကူအညီ လိုအပ်သည့် အချိန်နှင့် အမှန်တကယ် သတင်းပေး တိုင်ကြား လိုသူများအတွက် ရဲတပ်ဖွဲ့ထံ အမြန်ဆုံး  ဆက်သွယ်နိုင်ရန် ဇူလိုင် ၄ ရက်က စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ Call Center 199 ဖုန်းနံပါတ်ထံ မမှန်မကန် သတင်းပေးခြင်း နှင့် စနောက်ခေါ်ဆို ခြင်းများ နေ့စဉ်ပြုလုပ် ခံနေရ သောကြောင့် ထပ်မံ မပြုလုပ်ရန် ရဲတပ်ဖွဲ့က ပြည်သူများထံ မေတ္တာရပ်ခံချက် ထုတ်ပြန် ထားကြောင်း သိရသည်။

ယခုအခါ မိုဘိုင်းလ် ဆင်းကတ် များကို ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထား မှတ်ပုံတင် အသုံးပြုရန် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြား လိုက်ခြင်းကြောင့် ယင်းနောက်ပိုင်း Call Center သို့ နောက်ပြောင် သတင်းပေးပို့မှု များကို အရေးယူ သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် နောက်ပြောင် ဖုန်းခေါ်ဆိုသော ဆင်းကတ် များမှာ မှတ်ပုံတင် မရှိသောကြောင့် အရေးယူရန် ခက်ခဲနေကြောင်း သိရသည်။

''လူတချို့က ဖုန်းခဏခဏ ခေါ်ဆိုပြီး စနောက်ပြောဆို မှုတွေ နေ့စဉ်တွေ့ကြုံ နေရပါတယ်။ တစ်ခါသုံး ဆင်းကတ်တွေနဲ့ ဆိုတော့ အရေးယူဖို့ မလွယ်ပါဘူး'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၄)

မြ၀တီနေ့စဉ်သတင်းစာ (၂၂-၈-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၂၂-၈-၂၀၁၆)

Download Links


Sunday, August 21, 2016

ရေမချိုးခင် ရေတစ်ခွက် သောက်ပါ



ကြည်လွင်မြင့် (မုဒြာ)

တွေ့ခဲ့ ကြုံခဲ့ဖူးသမျှ ...

လေသင်တုန်း ဖြတ်သူ၊ ဦးနှောက်သွေးကြော ပြတ်သူ၊ လေဖြတ်ပြီး ကိုယ်တစ်ခြမ်း သေသူများတွင် နေပူထဲမှ ပြန်လာပြီး ရုတ်တရက် ရေလောင်းချိုး လိုက်ရာမှ လေဖြတ်သွားသူ များလည်း တွေ့ဖူးကြုံဖူး ပါသည်။ တစ်ဦးမှာ ကျောင်းဆရာ တစ်ဦးဖြစ်သည်။ အသက် ၅ဝ ကျော် ပင်စင်နီးပြီ ဖြစ်သော အထက်တန်းပြ ဆရာကြီးတစ်ဦး ဖြစ်သည်။ နံနက် ကျောင်းသွားချိန်တွင် ရေချိုးမသွားရ ဂျူတီရှိသည် ဆိုကာ စောစော သွားသည်။ နေ့လယ် ထမင်းစားပြန်မှ ရေချိုးတော့မည် ဟု ဇနီးကိုပြောကာ စာအုပ်များ ပိုက်ပြီး ကသုတ်ကရက် ထွက်သွားသည်။

မွန်းတည့် ၁၂ နာရီ ကျောင်းဆင်းချိန် တွင်လည်း အိမ်နှင့် ကျောင်းမှာ အတန်အသင့် ဝေးသဖြင့် အပြေးပြန် လာသောအခါ နေကလည်းပူ၊ နဖူးမှာ ချွေးတဒီးဒီး နှင့်။ ဇနီးသည်က ကြိုသောအခါ ထမင်းပြင် ထားနှင့် ရေအရင်ချိုး မည် ဆိုကာ ရေလဲပိုင်း နှင့် အိမ်နောက်ဘက် ရှိ ရေချိုးခန်းသို့ ဆင်းသွားသည်။ သူ၏ ဇနီးသည်က ထမင်းပွဲပြင်ပြီးလျှင် ရေသုတ်ရန် တဘက်တစ်ထည် ယူပြီး ရေချိုးခန်းမှ ထွက်လာမည့်သူ့ကို စောင့်နေသည်။ ရေချိုးခန်း အတွင်းမှ ရေလောင်းသံ မကြားရတော့ သဖြင့် သွပ်ပြားဖြင့် ပြုလုပ်ထားသော တံခါးကို တွန်းဖွင့်ကြည့် လိုက်သောအခါ ရေချိုးခန်း အတွင်း လဲကျနေသော ခင်ပွန်းသည် ဆရာကြီးကို တွေ့ရလေသည်။ ထိုနေ့ နေ့လယ်စာ ထမင်းကို ထိုဆရာကြီး စားမသွားရ ရှာတော့ပါ။

နောက်တစ်ဦးမှာ စာရေးသူတို့ မန္တလေး တောင်ခြေရှိ တိုင်းရင်းဆေးသိပ္ပံ တက်စဉ်က ကျောင်းအနီး ထမင်းဆိုင်မှ ဒေါ်တော်ဝင်ကြီး ပင်။ ရုတ်တရက် လဲကျဦးနှောက် သွေးကြောပြတ် သေဆုံးသွား ရသည့် အကြောင်းပင် ဖြစ်သည်။ သူ့ကို တိုင်းရင်းဆေးသိပ္ပံ ကျောင်းသားများက ဒေါ်တော်ဝင်ကြီး ဟု ခေါ်ရခြင်း အကြောင်းမှာ သူ၏ ဝါးကပ်မိုး၊ ထရံကာဆိုင် ကလေးကို တော်ဝင် ထမင်းဆိုင် ဆိုပြီး ဆိုင်းဘုတ်ချိတ်ဆွဲ ထားသောကြောင့် ဖြစ်သည်။ တော်ဝင်ဆိုသည်မှာ နန်းထိုက်သည့် အဆင့်မှ ပေးရသည့် နာမည်မျိုးကို သူ့တဲကုပ် သာသာ ထမင်းဆိုင်နာမည် ပေးထားသောကြောင့်။ သူ့နာမည် အရင်းမှာ ဘယ်လိုခေါ်မှန်း မသိသော်လည်း အများက ဒေါ်တော်ဝင်ကြီး ဟုပဲ ခေါ်ကြလေသည်။

ဒေါ်တော်ဝင်ကြီး ၏ ရုပ်ပုံကို သရုပ်ဖော် ရမည်ဆိုလျှင် ထင်းမီးဖိုကြီးတွင် ဟင်းအိုးတစ်အိုး၊ ဒယ်အိုးတစ်ဒယ် ဖြင့် အမြဲတမ်းလုံးချာ လိုက်နေသည်။ လူက ဝဝပုပု၊ အလုပ်ရှုပ်သည် ဆိုကာ ဆံပင်ကို တရုတ်မများ ကဲ့သို့ ကုပ်နားမှတိပြီး ဖြတ်ထားသည်။ တစ်ခါတစ်ရံ ချွေးတလုံးလုံးနှင့် ကိုယ်ပေါ်တွင် အင်္ကျီပင် မကပ်နိုင်၊ ထဘီရင်ရှားနှင့် ရေချိုးတော့ မလိုလိုနှင့် အလုပ်ရှုပ် နေလေသည်။ ထမင်းခူးလိုက်၊ ဟင်းထည့်လိုက်၊ ကြက်ဥ ကြော်လိုက်၊ လက်ဖက်ရည် ဖျော်လိုက်၊ ရေနွေးကြမ်းအိုး တည်လိုက်နှင့် ပတ်ချာလည် နေသည်။ ကျောင်းဆင်းချိန် ဆိုလျှင် ပိုအလုပ်ရှုပ်သည်။ ရေချိုးဖို့ ဟန်ပြင်ရင်း ဈေးရောင်း နေလိုက်သည်မှာ နေ့တစ်နာရီ၊ နှစ်နာရီမှ ရေချိုးရသည်။

မီးဖိုနားမှာ ကြော်ရင်းလှော်ရင်း၊ ချွေးတဒီးဒီးနှင့် အလုပ်ရှုပ်၊ မီးကပူ၊ နေကပူ၊ လူကဝတော့ ချွေးက အလွန်ထွက်၊ ဈေးဝယ်ကလည်း မပြတ်၊ ထမင်းလပေး ကျွေးထားသော ကျောင်းသားများ ကလည်း ရှိသဖြင့် သူ့ရင်ထဲမှ အပူကို ဖြေဖျောက်ရန် ရေခဲရေ သောက်သည်။ သူသောက်သော ရေခဲရေမှာ ရေသန့်ဘူး မဟုတ်။ ရှေးက ရေခဲရေ ရောင်းသူများ လုပ်လေ့ရှိသည်ကို ယခုခေတ်တွင် မရှိတော့ သော်လည်း မှတ်မိသူများ ရှိကြဦးမည် ထင်သည်။ ရေခဲအတုံးလိုက် ကို အပေါ်မှ လောင်းချ၊ ကျလာသော ရေခဲရေကို အောက်က သောက်ရေစစ် ခံထားပြီး ရလာသော အလွန်အေးသော ရေကို ခွက်နှင့် ခပ်သောက်ခြင်း၊ တကယ် ရေခဲတုံးမှ အရည်ပျော် ကျလာသော ရေခဲရေ ကို သောက်ခြင်း ဖြစ်လေသည်။ ထိုရေခဲရေမျိုးမှာ အလွန် အေးစက်ပြီး သွားကျဉ် သွားအောင် ခံစားရသော်လည်း သောက်လေ သောက်လေ ငတ်မပြေ ဖြစ်တော့သည်။

ရေခဲရေ သောက်ရင်း ချွေးစိုရွှဲနေသော ဒေါ်တော်ဝင် ကြီးသည် နေ့နှစ်နာရီခွဲ ခန့် အလုပ်ပါးချိန်တွင် ရေချိုးသည်။ သူ၏ မိုက်မဲစွာသော ရေချိုးပုံမှာ သူချိုးနေကျ စည်ပိုင်းပြတ်ထဲသို့ အေးစေလိုသော ရည်ရွယ်ချက်ဖြင့် ၁ဝ ပေါင်ခန့်ရှိသော ရေခဲတုံးကြီးကို ထည့်စိမ်လိုက်သည်။ ရေခဲရေ သောက်သကဲ့သို့ ရေခဲရေဖြင့် ရေချိုးသည်။ သင်္ကြန်တွင် ရေခဲတုံးစိမ်ပြီး ရေပက်ကြသူများ ကို ပြေးမြင်မိသည်။ ရေအေးတစ်ဝ လောင်းချိုးပြီး တော့လည်း ရေခြောက်အောင် မသုတ်သေးဘဲ ရေစိုပိုင်းဖြင့် ထဘီတစ်ထည်၊ နှစ်ထည် လျှော်လိုက် သေးသည်။ ရေစိုထဘီ ရင်ရှားဖြင့် လဲကျနေသော ဒေါ်တော်ဝင် ကြီးကို ကျွန်တော်တို့ ကျောင်းသားများ သွားကြည့်သော အခါ တက်ပြီး သေသလို ပါးစပ်တွင် အမြှုပ် အနည်းငယ် ထွက်နေပြီး လက်သီးများလည်း ဆုပ်ထားသည်ကို တွေ့ရသည်။ တကယ် အသေဆိုးပင် ဖြစ်သည်။ မိမိကိုယ် မိမိ ရေခဲရေလောင်းပြီး သတ်မိသွားသလို ဖြစ်ရပ်ပင်။ သေပြီး နာရီပိုင်းတွင် ဒေါ်တော်ဝင်ကြီး ၏ ဘယ်ဘက်နားရွက် နောက်နား၊ ဦးခေါင်းနောက်စေ့ တစ်ဝိုက်တွင် အပြာကွက်ကြီး ပေါ်လာသည်။ ကြာတော့ ပိုပြီး မည်းလာသည်။ နောက်စေ့ အောက်အဝင်စ တွင်ပင် သွေးကြောကြီး ပေါက်သွားပုံရသည်။ 

ရေမချိုးမီ ရေတစ်ခွက် သောက်လျှင် ဘာမှမဖြစ်နိုင်ပါ။ သို့သော် ရေခဲရေအေး သောက်ခြင်းကား အမှားပင် ဖြစ်လေသည်။ ပူလွန်းခြင်း ကို အေးလွန်းခြင်း သို့ လျှော့ချလျှင် ဝိရောဓိ ဆန့်ကျင်ဘက် ဖြစ်သည်။ မဇ္ဈိမပဋိပဒါ အလယ်အလတ် အေးခြင်း သည်သာ လူနှင့် သင့်လျော်သော အအေးဖြစ်သည်။

လူရယ်လို့ ဖြစ်လာလျှင် နေ့စဉ်တာဝန် တွေက တစ်ဖက်၊ မိမိ တစ်ကိုယ်ရေ နိစ္စဓူဝ ပြုမူရသည့် မဖြစ်မနေ လုပ်ရသည့် ကိစ္စများက တစ်ဖက်ဖြစ်သည်။ နေ့စဉ် အစာစားရသည်။ အနည်းဆုံး တစ်နေ့နှစ်ကြိမ် စားရသည်။ စားပြီးလျှင် တစ်ဖန် နောက်တစ်နေ့ တွင် စားသမျှ အစာဟောင်းကို စွန့်ရပြန်သည်။ နေထိုင်စားသောက် ကိစ္စများပြီးလျှင် ညအိပ်ရပြန် သည်။ နောက်တစ်နေ့ တွင်လည်း ဤကိစ္စများကို ပုံမှန်အတိုင်း ပြုမူနေရသည်မှာ ပျင်းရိစရာ လူ့ဘဝ ဖြစ်လေသည်။

နိစ္စဓူဝ နေ့စဉ်ပြုလုပ် ရသည့် ကိစ္စများတွင် တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် ရေချိုးရခြင်း မှာလည်း တစ်ခု အပါအဝင် ဖြစ်သည်။ ရေချိုးခြင်း အပြုအမူ မှားကြောင့် ဒုက္ခရောက်တတ် သည်ကိုလည်း သတိရှိရမည် ဖြစ်သည်။ 

ပူအိုက်သော ရာသီတွင် တစ်နေ့နှစ်ကြိမ် ရေချိုးနိုင် သော်လည်း အေးသော ဆောင်းရာသီ၊ မိုးများသော ဒေသများ တွင် ဆင်ခြင်၍သာ ချိုးသင့်သည်။ ရေမချိုး၍ သေသော မသာမရှိ။ ရေချိုးမှား၍ သေသောမသာ ပဲရှိသည် ဟူသော အရပ်သုံး စကားမှာ လျစ်လျူရှု၍ မရသော စကားဖြစ်သည်။

အသက်အရွယ် ကြီးရင့်သူ၊ အထူးသဖြင့် အသက် ၇ဝ ကျော်လူကြီးများ အတွက် ရေချိုးရန် လင်္ကာကလေး တစ်ခုရှိသည်။ ၄င်းလင်္ကာမှာ ''နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်းဆယ့်တစ်'' ဟူ၍ ရှင်းပြရလျှင် အသက်ကြီးသူ ဘိုးဘွားများ အတွက် ရေချိုးသင့်သော အချိန်မှာ နွေရာသီတွင် နံနက် ၉ နာရီ၊ မိုးရာသီတွင် နံနက် ၁ဝ နာရီ၊ ဆောင်းရာသီတွင် နံနက် ၁၁ နာရီ ရေချိုးရန် ဖြစ်သည်။ မှန်ကန်သော၊ သင့်လျော်သော နည်းလမ်း ဖြစ်သည်။ လူကြီးတွေ ရေချိုးပြီး အအေးမပတ်၊ လေမဖြတ်ဖို့ နည်းလမ်းကောင်း ဖြစ်သည်။ 

ရေမချိုးမီ ရေတစ်ခွက် သောက်ခြင်းသည် အစာအိမ်မှ အပူကို ငြိမ်းစေသည်။ ရေမသောက်ဘဲ ချိုးလျှင် အစာအိမ်မှ အပူသည် ကိုယ်ခန္ဓာပေါ် လောင်းချလိုက် သည့် အအေးဓာတ်ကြောင့် ငုပ်လျှိုးသွားပြီး နီးစပ်ရာ အသည်း၊ နှလုံးတို့သို့ ရောက်ရှိသွား နိုင်သည်။ အဆုတ် သို့လည်း ရေအေးကြာကြာ ချိုးလျှင် အပူငုပ်နိုင်သည်။ ရေမသောက်ဘဲ ရေချိုးခြင်းကြောင့် အစာအိမ် အပူငုပ်လျှင် အစာအိမ်နာခြင်း၊ အစာမကြေခြင်း၊ အစာအိမ် ရောင်ခြင်းတို့ ဖြစ်နိုင်သည်။ အစာအိမ်မှ တစ်ဆင့် အသည်းသို့ အပူရောက်လျှင် အသည်းရောင်၊ အသည်းလုပ်ငန်း ဆောင်ရွက်မှု အားနည်းခြင်းတို့ ဖြစ်နိုင်သည်။ နှလုံးသို့ အပူရောက်လျှင် နှလုံးခုန်ကြိမ် မြင့်၍ သွေးတိုးခြင်း၊ သွေးတိုးကြောင့် သွေးအတွင်းမှ သွေးခဲ၊ အဆီခဲ များ ပြုတ်ကျသွားလျှင် ဦးနှောက်အတွင်း သွေးခဲပိတ်ဆို့ ၍ လေဖြတ်နိုင်သည်။

အဆုတ်တွင် အပူငုပ်လျှင် ချောင်းဆိုးခြင်း၊ အဆုတ် အအေးပတ်ခြင်း သည် အဆုတ်မှ အပြင်သို့ ပြန်မထွက်နိုင်၍ ချောင်းဆိုးရာမှစပြီး ကိုယ်အပူချိန် မြင့်တက်လာသည်။ အဆုတ်ဖျား၊ အဆုတ်ရောင်ဖျားဖြစ်နိုင်ပါသည်။ အထက်တွင် စာရေးသူ တင်ပြခဲ့သည့် ဥပမာပြသူ များတွင်-

၁။ ကျောင်းဆရာကြီး သည် နေပူထဲမှ ကျောင်းမှအပြန် ချွေးတဒီးဒီးနှင့် ဖြုန်းခနဲ ရေချိုးမိသူ။ အကယ်၍သာ အိမ်ရောက်ပြီး ချက်ချင်း ရေမချိုးဘဲ ခေတ္တနား၊ ရေအေးတစ်ခွက် သောက်ပြီးမှ ရေချိုးမည်ဆိုလျှင် ဒုက္ခမရောက် နိုင်ပါ။

၂။ ထမင်းဆိုင်ရှင် ဒေါ်တော်ဝင်ကြီး သေရသည်မှာ မီးပူနေပူခံပြီး ရေအေးချိုး လို၍ ရေထဲသို့ ရေခဲတုံး စိမ်ချိုးသည့်အမှား။ အကယ်၍သာ ရေခဲရေမသောက်၊ ရေခဲရေ မချိုးဘဲ ပုံမှန် ရေတစ်ခွက် သောက်ပြီး ပုံမှန်အေးသော ရေကိုသာ ချိုးလျှင် အမှားမတွေ့နိုင်ပါ။ ဤအမှားမျိုးမှာ ဆင်ခြင်သင့်သည်။

မည်သည့် အသက်အရွယ်မဆို၊ မည်သည့် ရာသီဥတုတွင်မဆို ရေချိုးမမှား ရလေအောင် အသင့်အတင့် အေးသော ရေတစ်ခွက် (မတ်ခွက်ငယ် တစ်ခွက်) သောက်ပြီးရေချိုးလျှင် အပူငုပ်ခြင်း၊ အပူကန်ခြင်း၊ ရုတ်တရက် သွေးတိုးပြီး ဦးနှောက်သွေးကြော ပိတ်ခြင်း၊ လေသင်တုန်း ဖြတ်ခြင်းတို့မှ ကာကွယ်ရာ ရောက်ကြောင်း ရေသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger