www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 28, 2014

လေးစားခံ့ညားလောက်သည့် စွမ်းရည်ဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နိုင်မှု မှတ်တိုင်သစ်




'' တပ်မတော်သည် အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီသည့် တစ်ခု တည်းသော မျိုးချစ် တပ်မတော် ဖြစ်သည်''ဟု ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ ၂ဝ (က)နှင့် ပုဒ်မ ၃၃၇ တို့တွင် အတိအလင်း ပြဌာန်း ထားသည်။ နိုင်ငံတော်၏ အတိတ် သမိုင်းအား မှန်ကန်စွာ လေ့လာ သုံးသပ် ကြည့်ပါက တပ်မတော် သည် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၊ ပြည်ပ ကျူးကျော်မှု နှိမ်နင်းရေး သမိုင်း၊ ပြည်ထောင်စု မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မှု သမိုင်း၊ ဒီမိုကရေစီ နိုင်ငံတော်သစ် အဖြစ် ဖော်ဆောင်ရေး သမိုင်း တို့၌ တပ်မတော် သည် မှန်ကန်သော ရပ်တည်ချက်၊ ထက်မြက်သော ဦးဆောင်မှု တို့ဖြင့် '' နိုင်ငံတော် ကာကွယ်ရေး အတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည် '' ဆိုသော ပြဌာန်းချက် ကို မှတ်ကျောက်တင် ခံခဲ့ပြီး ဖြစ်ပါသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က '' မိမိနိုင်ငံ၏ ကာကွယ်ရေး မူဝါဒမှာ ပြည်ပ ကျူးကျော်ရန် မဟုတ်ဘဲ နိုင်ငံတော်အား ကာကွယ်ရန် ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်အား နိုင်ငံတကာ စံချိန်စံညွှန်း နှင့် ကိုက်ညီသည့် Stamdard Army အဖြစ် ရည်ရွယ် တည်ဆောက်လျက် ရှိကြောင်း '' တပ်မတော်(ကြည်း)၊ (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း တွင် ပါဝင်ခဲ့သည့် တာဝန်ရှိ သူများနှင့် လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက်ခဲ့ သူများအား လေ့ကျင့်ခန်း ရှုရပ်ကုန်း ၌ အမှာစကား ပြောကြား ရာတွင် ထည့်သွင်း ပြောကြား ခဲ့ပါသည်။ တပ်မတော် သည် '' အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော တပ်မတော် '' ဖြစ်စေရေး စဉ်ဆက်မပြတ် အားသွန် ခွန်စိုက် လေ့ကျင့် ဆောင်ရွက်လျက် ရှိပေသည်။ တပ်မတော် အစိုးရ အနေဖြင့် ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ တွင် ပြည်သူတို့ ရွေးကောက် တင်မြှောက်သည့် အစိုးရထံ သို့ နိုင်ငံတော် ၏ အာဏာ အရပ်ရပ်ကို ငြိမ်းချမ်းစွာ လွှဲပြောင်း ပေးခဲ့ပြီး နောက်ပိုင်း၌ တပ်မတော် သည် အဓိက တာဝန်ဖြစ်သော အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ် တပ်မတော် ဖြစ်စေရေး အစဉ်တစိုက် ရည်မှန်းချက် ထား တည်ဆောက်လျက် ရှိပါသည်။ 


အမြန်လမ်းမကြီးပေါ်၌ အရှိန်ထိန်းတိုင်း စက်ကိရိယာများ တိုးချဲ့ တပ်ဆင်မည်


နေပြည်တော် ၊ ၂၈-၂-၂၀၁၄

၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့သော မိုင် ၃၀၀ ကျော် ရှည်လျားသည့် ရန်ကုန် - မန္တလေး အမြန် လမ်းမကြီးသည် မော်တော်ယာဉ် အသုံးပြုမှု များပြားလာခြင်း နှင့် ယာဉ်များ အရှိန်ပြင်းစွာ မောင်းနှင် ကြခြင်းကြောင့် စတင် ဖွင့်လှစ်သည်မှ စ၍ ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်အထိ ယာဉ် တိမ်းမှောက်မှု ၃၉၈ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁၈ ဦး ၊ ထိခိုက် ဒဏ်ရာရသူ ၆၇၅ ဦး ရှိခဲ့သည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များတွင် ၉၇ ရာခိုင်နှုန်းမှာ လူနှင့် ယာဉ်ကြောင့် လည်းကောင်း ၊ ၃ ရာခိုင်နှုန်း မှာ လမ်းကြောင့် လည်းကောင်း အမြန် လမ်းမကြီး ပေါ်၌ ၂၀၁၃ ခုနှစ် အတွင်း တစ်နှစ်လုံးတွင် ယာဉ် မတော်တဆမှု ၂၅၉ ကြိမ် ဖြစ်ပွားခဲ့ရာ လူကြောင့် ၁၁၄ မှု ၊ ယာဉ်ကြောင့် ၁၇၈ မှု ၊ လမ်းကြောင့် ၃ မှု ရှိခဲ့ပြီး သေဆုံးသူ ၁၁၃ ဦး ၊ ထိခိုက် ဒဏ်ရာရသူ ၆၂၈ ဦး ရှိခဲ့သည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ နှင့် ဖေဖော်ဝါရီ ၂၅ ရက်အထိ ယာဉ် မတော်တဆမှု ၅၈ မှု ရှိခဲ့ရာ ယာဉ် မတော်မဆမှု ဖြစ်စဉ် များပြား လာသည့်အတွက် အမြန်လမ်း ရဲတပ်ဖွဲ့ နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန လမ်းပြုပြင် ထိန်းသိမ်းရေး အင်ဂျင်နီယာ အဖွဲ့တို့မှ ယာဉ် မတော်တဆမှု များ လျော့န်ညး စေရေးအတွက် Myanmar Mobile Traffic Radar System အရှိန်ထိန်းတိုင်း စက်ကိရိယာ ၁၂ လုံးဖြင့် နေပြည်တော် ၊ ရန်ကုန်တိုင်း ဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီး အတွင်း တိုင်းတာ စစ်ဆေးပြီး သတ်မှတ် အရှိန်နှုန်းထက် ပိုမို မောင်းနှင်သည့် မော်တော်ယာဉ် များကို အရေးယူ ဆောင်ရွက် သွားမည် ဖြစ်သည်။

အမြန် လမ်းမကြီး ပေါ်တွင် မော်တော်ယာဉ် များကို ကီလိုမီတာ ၁၀၀ အထိသာ မောင်းနှင်ရန် သတ်မှတ် ထားပြီး လိုက်ထရပ် ယာဉ်များကို ကီလိုမီတာ ၈၀ အထိသာ ခွင့်ပြု ထားသည်။ သတ်မှတ် ကီလိုမီတာ အထက် ကျော်လွန် မောင်းနှင်ခြင်း စစ်ဆေး တွေ့ရှိပါက အရှိန်ပြင်း မောင်းနှင်ခြင်း အတွက် ငွေကျပ် ၁၅၀၀ ၊ စီမံချက် ဒဏ်ငွေ ငွေကျပ် ၃၀၀၀၀ စုစုပေါင်း ငွေကျပ် ၃၁၅၀၀ ကို သက်ဆိုင်ရာ အမြန်လမ်း ရဲတရားရုံး ၌ ဒဏ်ငွေ အဖြစ် ပေးဆောင် ရမည် ဖြစ်သည်။

အဆိုပါ လမ်းမကြီး ပေါ်တွင် လူကြောင့် ဖြစ်သည့် ဖြစ်စဉ်များ ထိန်းချုပ် နိုင်ရန် အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာန မှ Your Speed စက်ကိရိယာများ တပ်ဆင် ထားပြီး ကီလိုမီတာ ၁၀၀ အောက် မောင်းနှင်ပါက မီးအစိမ်းပြ ၍ ကီလိုမီတာ ၁၀၀ အထက် ကျော်လွန် မောင်းနှင်ပါက မီးအနီဖြင့် အချက်ပြမည် ဖြစ်သည်။

ဆက်လက်၍ ဆောက်လုပ်ရေး ၀န်ကြီးဌာန မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ နှင့် မတ်လ အတွင်း Your Speed အလုံး ၂၀ ကို ထပ်မံ တပ်ဆင်ရန် စီစဉ်လျက် ရှိသည်။

ထို့ကြောင့် စည်းကမ်း ဖောက်ဖျက်ယာဉ် များအား ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ပြီး ယာဉ်ကြောင့် ဖြစ်စဉ်များ လျော့နည်း စေရေးအတွက် အမြန်လမ်း ရဲတပ်ဖွဲ့ နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန ၊ ယန္တရား အင်ဂျင်နီယာ အဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး တို့တွင် ယာဉ်များ ဥပဓိ ကြံ့ခိုင်မှု နှင့် အင်ဂျင်ပိုင်းများ စစ်ဆေး ပြီးမှသာ အမြန် လမ်းမကြီး ပေါ်၌ မောင်းနှင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၁၀)

ကျန်းမာရေး အာမခံစနစ် စတင် အကောင်အထည် ဖော်ရန် စီစဉ်



ရန်ကုန် ၊ ၂၈-၂-၂၀၁၄

မြန်မာနိုင်ငံ ရှိ မြို့ကြီးများတွင် နိုင်ငံတကာ အဆင့်မီ အထူးကု ဆေးခန်းကြီးများ အပြိုင်အဆိုင် ပေါ်ပေါက် လာသကဲ့သို့ ရောဂါ ပြင်းထန်သော လူနာများ အတွက် ဆေးကုသ စရိတ် များသည်လည်း တဖြည်းဖြည်း မြင့်မား လာရာ လူနာရှင်များ အတွက် ၀န်ထုပ်ဝန်ပိုး များသဖွယ် ဖြစ်လာ သောကြောင့် ၄င်းတို့ကို တစ်ဖက်တစ်လမ်း မှ ကူညီ ပံ့ပိုး ပေးနိုင်စေရန် ရည်ရွယ်ချက် ဖြင့် နိုင်ငံတော် တွင် ကျန်းမာရေး အာမခံ စနစ် စတင် အကောင် အထည်ဖော် နိုင်စေရန် သက်ဆိုင်ရာ မှ စီစဉ် ဆောင်ရွက်လျက် ရှိပြီး ယခုနှစ်အတွင်း စတင် စမ်းသပ် လုပ်ဆောင် သွားရန် ရည်မှန်း ထားကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

ကျန်းမာရေး အာမခံ ထားရှိသော သူတစ်ဦးသည် ပြင်းထန်စွာ နာမကျန်း ဖြစ်သော အခါတွင် ၄င်းအတွက် အထိုက် အလျှောက်သော ဆေးဝါး ကုသစရိတ် ကို သက်ဆိုင်ရာ အာမခံ လုပ်ငန်းမှ ပေးလျော် သွားမည် ဖြစ်သည်။ ထိုသို့ ပေးလျော်ရာတွင် ဆေးကုသ စရိတ် အားလုံး အတွက် ပံ့ပိုးခြင်း မဟုတ်ဘဲ ရောဂါ အခြေအနေ အရ အာမခံ အမျိုးအစား ပေါ် မူတည်ကာ ပေးလျော်ခြင်း ဖြစ်သော်လည်း လူနာရှင် များအတွက် ဆေးကုသ စရိတ် ကို အတိုင်းအတာ တစ်ခု အထိ လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း နှင့် ယင်း အာမခံ စနစ် ကို အခြေခံ လူတန်းစား များနှင့် အလယ်အလတ် လူတန်းစား များအတွက် ရည်ရွယ်ကာ အကောင် အထည်ဖော် ဆောင်ရွက်ရန် စီစဉ် ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ နိုင်ငံတော် တွင် ကျန်းမာရေး အာမခံစနစ် ကို စတင် အကောင် အထည်ဖော် နိုင်စေရန် အတွက် အာမခံ ကြီးကြပ်ရေး အဖွဲ့က Special Test Force ကော်မတီ တစ်ရပ် ဖွဲ့စည်းရန် စီစဉ် ဆောင်ရွက်လျက် ရှိပြီး ထို ကော်မတီ ကို ကျန်းမာရေး ၀န်ကြီးဌာန မှ ကိုယ်စားလှယ် များ မြန်မာနိုင်ငံ ဆေးပညာရှင် များ အဖွဲ့၏ ကိုယ်စားလှယ် များနှင့် ပါဝင် ဖွဲ့စည်း သွားရန် စီစဉ် ထားကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတကာ အာမခံ ကုမ္ပဏီ ကြီးများမှ ကိုယ်စားလှယ် များကိုလည်း အကြံပေး အနေဖြင့် ပါဝင်စေမည် ဖြစ်ပြီး အဆိုပါ ကျန်းမာရေး အာမခံ စနစ်ကို ယခုနှစ် အတွင်း စတင် အကောင် အထည်ဖော်ကာ ရန်ကုန် ၊ မန္တလေး ကဲ့သို့သော မြို့ကြီး များတွင် တစ်နှစ်ကြာ စမ်းသပ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

(ဆောင်းဦး)

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၂-၂၀၁၄) သောကြာနေ့



Download Links



ရွှေဂုံတိုင် ဂုံးကျော်တံတား မတ်လ ၅ ရက်တွင် ဖွင့်လှစ်မည်



ရန်ကုန် ၊ ၂၈-၂-၂၀၁၄

ရန်ကုန်မြို့အား အဆင့်မြင့် မြို့တော်ကြီး အဖြစ် ဖော်ဆောင် လာမှုနှင့် အညီ ယာဉ်ကြော ပိတ်ဆို့မှုများ သည်လည်း နေ့စဉ်နှင့် အမျှ ဖြစ်ပေါ် နေမှုများကို ကင်းဝေး နိုင်စေရန် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၏ ကြီးကြပ်မှု ဖြင့် Capital Development Limited ( CDL ) ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် ခဲ့သော ရွှေဂုံတိုင် ခုံးကျော် တံတားကြီး ကို လာမည့် မတ်လ ၅ ရက်တွင် အပြီးသတ် လွှဲပြောင်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

" ဒီတံတားကြီး ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ကနေ စတင် တည်ဆောက်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာ ပြီးစီးလို့ မော်တော်ယာဉ် တွေကို စတင် ဖြတ်သန်း မောင်းနှင် ခွင့်ပြု ခဲ့ပါတယ် ၊ အခု လာမယ့် မတ်လ ၅ ရက်မှာ ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ သက်ဆိုင်ရာ မြို့တော် စည်ပင် ကို အပြီး လွှဲပြောင်း အပ်နှံပေးပြီး ဖွင့်ပွဲ ပြုလုပ် သွားမှာပါ ၊ ဒီတံတားကြီး ကို ကျွန်တော်တို့ CDL ကုမ္ပဏီ အင်ဂျင်နီယာ တွေက ဂျပန်နိုင်ငံ JFE ကုမ္ပဏီရဲ့ နည်းပညာ များနဲ့ ပေါင်းစပ်ပြီး ဆောက်လုပ် ထားတာပါ ၊ ရန်ကုန်မြို့ အနေနဲ့ တောင် မဟုတ်ပါဘူး ၊ မြန်မာနိုင်ငံ အနေနဲ့ ခုံးကျော်တံတား တွေထဲမှာ အကွေ့အကောက် အများဆုံး ဖြစ်တာကြောင့် ယာဉ်သွား လာမှုတွေကို အဆင်ပြေအောင် ဂျပန် နည်းပညာ တွေပါဝင်တဲ့ Steel Box Girder စနစ်တွေနဲ့ ပတ်ဝန်းကျင် ဆူညံမှု မရှိစေရန် အသံထိန်း စနစ်တွေ ပါဝင်ပါတယ် " ဟု CDL ကုမ္ပဏီ မှ အုပ်ချုပ် / စီမံ ဌာနမှ စီမံကိန်း အရာရှိ ဦးညီညီမျိုးမြင့် က ပြောကြား ခဲ့သည်။

အဆိုပါ ခုံးကျော်တံတား ကြီးသည် ရွှေဂုံတိုင် လမ်းမကြီး ကိုဖြတ်ကာ ကမ္ဘာအေး ဘုရား လမ်းမကြီး ပေါ်တွင် တည်ဆောက် ထားပြီး သံကူ ကွန်ကရစ် အမျိုးအစား လေးလမ်းသွား ဖြစ်သည်။ လမ်းအကျယ် မှာ ၄၅ ဒသမ ၅၉ ပေ ကျယ်ပြီး တံတား အရှည်မှာ ပင်မနှင့် ချဉ်းကပ် အပါအ၀င် ၂၀၅၉ ဒသမ ၅၅ ပေ ရှည်လျား သည်။ ယာဉ် ခံနိုင်ဝန် တန် ၆၀ ဖြစ်ပြီး အမြန်ဆုံး တစ်နာရီ ကီလိုမီတာ ၅၀ နှုန်းဖြင့် မောင်းနှင် နိုင်ကြောင်း သိရသည်။

အဆိုပါ တံတားကြီး ကို မတ်လ ၅ ရက် နံနက် ၇ နာရီခွဲတွင် စည်ကား သိုက်မြိုက်စွာ ဖွင့်လှစ် ပေးသွားမည် ဖြစ်ပြီး ယင်းနေ့တွင် တံတားပေါ်၌ ဖြတ်သန်း မောင်းနှင်လျက် ရှိသော မော်တော်ယာဉ် များကို လက်ဆောင် ပစ္စည်းများ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မောင်မျိုး (ဧရာဝတီ)

Thursday, February 27, 2014

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်


ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်

ယခုနှစ် ၂ဝ၁၄ ခုနှစ် ပွင့်လင်း ရာသီတွင် မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများ ယခင်နှစ်ကထက် ပိုမို လာရောက်လျက် ရှိသည်။ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန သည် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက် စေရေးအတွက် ကြော်ငြာနှင့် သတင်း အချက်အလက် များ ထုတ်ပြန် ပေးနိုင်ရန် Website နှင့် e-Mail များဖြင့် လွှင့်တင် ဆောင်ရွက် ထားသည်။

ထို့အပြင် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် ရှိ အပြည်ပြည် ဆိုင်ရာ လေဆိပ်များ နှင့် နယ်စပ် ဝင်ပေါက်များ အပါအဝင် ထင်ရှားသော ခရီးစဉ် နေရာများတွင် သတင်းနှင့် ပြန်ကြားရေး ကောင်တာများ ဖွင့်လှစ်ထားပြီး ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည် များ၏ လိုအပ်ချက်များ၊ သွားလာရေး၊ တည်းခို နေထိုင်ရေး တို့တွင် အခက်အခဲ မရှိစေရန် ကူညီ ဆောင်ရွက် ပေးလျက် ရှိသည်။ နှစ်စဉ် တိုးတက် ဝင်ရောက် လာမည့် နိုင်ငံခြား ဧည့်သည် များအတွက် ဟိုတယ်အခန်း လုံလောက်မှု ရှိစေရန် ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှု များဖြင့် ဟိုတယ်များ တိုးချဲ့ တည်ဆောက်ရေး ကူညီ ဆောင်ရွက် ပေးခြင်း၊ လုပ်ငန်း လိုင်စင်များ အဆင်ပြေစွာ ထုတ်ပေးခြင်း၊ ကန့်သတ် ခရီးစဉ်များ အတွက် ဖြေလျှော့မှုများ ဆောင်ရွက် ပေးနိုင်ရန် တင်ပြ ပေးခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် သွားလာ လည်ပတ် နိုင်သော ခရီးစဉ် ဒေသအသစ် များ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက် ပေးလျက် ရှိသည်။

ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်း ထားသော မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့ ၁၁ ခု နှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဟိုတယ်များ အဖွဲ့တို့သည် ဈေးကွက် ဒေသများတွင် ပြုလုပ်သော ခရီးသွား ပြပွဲများ၊ ကွန်ဖရင့်များ နှင့် အစည်းအဝေး များသို့ မကြာခဏ တက်ရောက်၍ မြန်မာ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး မြှင့်တင် ကြော်ငြာပေး ကြသည်။ တင်းကျပ် နေသည့် စည်းကမ်း များအား နိုင်ငံတော် အစိုးရက လျှော့ပေါ့ ပေးခြင်းနှင့် ဗီဇာစနစ် ပုံစံ ပြောင်းလဲ ပေးခြင်း တို့ကြောင့် ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု တိုးတက် များပြား လာခဲ့ရာ ၂ဝ၁၄ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွား သုံးသန်းခန့် အထိ ဝင်ရောက် လာနိုင်ရန် မျှော်မှန်း ထားသည်။

ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းသည် ဝန်ဆောင်မှု လုပ်ငန်း ဖြစ်သည်နှင့် အညီ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ခရီးစဉ် ဒေသများတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ သင်တန်းများ ဖွင့် လှစ်ပို့ချ ပေးနေ သကဲ့သို့ ပြည်ပ အကူအညီဖြင့် ရရှိသည့် သင်တန်းများသို့ မျိုးဆက်သစ် လူငယ်များအား စေလွှတ် ပေးလျက် ရှိသည်။ ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အဝန်း ( AEC ) ထူထောင် ကြမည် ဖြစ်ရာ အာဆီယံ အဖွဲ့ဝင် နိုင်ငံ အချင်းချင်း အကောက်ခွန်လွတ် ကုန်သွယ်ရေး၊ ဝန်ဆောင်မှု ကောင်းမွန်ရေး၊ ရင်းနှီး မြှုပ်နှံမှု နှင့် ကျွမ်းကျင် လုပ်သား တို့သည် အဓိက အခန်းကဏ္ဍ မှ ပါဝင် လာမည် ဖြစ်သည်။

ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု တိုးတက် များပြား လာသည်နှင့် အမျှ အခြေခံ အဆောက်အအုံ ပြည့်စုံမှု၊ အထောက် အကူပြု လုပ်ငန်းများ အဆင်ပြေ ချောမွေ့မှု နှင့် ဝန်ဆောင်မှု အရည်အသွေး ကောင်းမွန်မှု တို့ တစ်ပြေးညီ တိုးတက်ရန် လိုအပ်သည်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းသည် နိုင်ငံတော် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံ ပြည်သူတို့ အပေါ် ကောင်းကျိုး သက်ရောက်မှု ရှိသကဲ့သို့ ဆိုးကျိုး သက်ရောက်မှု များလည်း ဖြစ်ပေါ် တတ်ခြင်းကြောင့် ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန က တိုင်းဒေသကြီး များနှင့် ပြည်နယ်များ သို့ ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးထားပြီး ဖြစ်သည်။

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးသည် နိုင်ငံတော် အစိုးရကသာ ဆောင်ရွက် နိုင်သည့် လုပ်ငန်း မဟုတ် သဖြင့် ပုဂ္ဂလိက အဖွဲ့အစည်းများ၊ တစ်ဦးချင်း လုပ်ငန်းရှင် များနှင့် ပြည်သူများ ကပါ တက်ကြွစွာ ပါဝင်ပူးပေါင်း လုပ်ကိုင် ဆောင်ရွက် ကြရမည့် လုပ်ငန်း ဖြစ်ပေသည်။ ။ 

( ၂၇-၂-၂၀၁၄ ရက် မြ၀တီနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

ဒေါက်မြင့်ဖိနပ် နှင့် ကျန်းမာရေး



ဒေါက်မြင့်ဖိနပ် နှင့် ကျန်းမာရေး

လိုက်ဖက်သော ဒေါက်မြင့် ဖိနပ်ကို စီးကာ ရင်ချီလျက် သပ်ရပ်စွာ လျှောက်လှမ်း တတ်သော မိန်းကလေး မျးကို တွေ့လျှင် သူသူ ကိုယ်ကိုယ် ငှေးမော မိတတ်ကြ၏။ ဒေါက်ဖိနပ် စီးလျက် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဖောင်းကြွ နေသော ခြေသလုံး ၊ ခပ်စွာစွာလေး လှုပ်သွားသော ခါး ၊ သွယ်လျသော လက်မောင်း နှစ်ဖက်ကြား ရင်ချီမြင့်မြင့် ၊ လည်တိုင် ကြော့ကြော့ တို့သည် ပတ်ဝန်းကျင် ကို အလှဆင် နေဘိသည့် နှယ်ပင်။

သို့သော် ဒေါက်မြင့်ဖိနပ် ကို အချိန်ကြာကြာ ရေရှည် စီးပါလျှင် ခြေ ၊ ပေါင်တံ ၊ ကျောရိုး တို့၏ သဘာဝ အလှများကို ပျက်စီးစေပြီး ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်သည်။ ဒေါက်ဖိနပ် မြင့်လေ ခြေဖနောင့် ၊ ခြေဖျား နှင့် ခြေမ တို့အပေါ် ၀န်ပိလေ ဖြစ်သည်။ ၀န်ပိလျက် ဖိပွတ် ရသောကြောင့် ခြေထောက် အရေပြား ပူလောင်ပြီး ရေကြည်ဖု ထကာ အသားမာ တက်လာ နိုင်သည်။ ထို့အပြင် အရေပြားအောက် တစ်သျှူး ၏ အာရုံကြောများ တုံ့ပြန်မှု အားနည်း လာပြီး ခြေထောက် ထုံသလို ၊ ကျဉ်သလို ခံစား ရနိုင်ကာ ခြေထောက် အလှကို ဆိုးရွားစွာ ပျက်စီး စေနိုင်သည်။

ဒေါက်ဖိနပ် အမြင့်ကို စီးနေချိန်တွင် ခန္ဓာကိုယ် အလေးချိန်က ခြေမအောက် သို့ ရောက်ရှိ သွားသည့် အတွက် ခြေမသည် ဒုတိယ ခြေချောင်း ကို အားပြု ရလေရာ ကာလ အနည်းငယ် ကြာမြင့် လာသောအခါ အတွင်းဖက် ကွေးဝင် နေသော ခြေမ ပိုင်ရှင်များ ဖြစ်လာ ကြတော့သည်။ ထို့ပြင် ခြေဖျား ပိုကျယ် လာပြီး ခြေမလည်း ပိုရှည် နေတတ် ပါသည်။

ဟန်ချက်နှင့် ကိုယ်နေဟန်

ဒေါက်မြင့်ဖိနပ် သည် ခန္ဓာကိုယ်ကို မြှောက်တင် ပေးသည့် အတွက် ကိုယ် အလေးချိန် အား ခြေထောက် နှစ်ဖက်တွင် ညီမျှစွာ ခွဲဝေ သွားလာရန် ပို၍ ခက်ခဲတတ်ပြီး ဟန်ချက်ကို အလွယ်တကူ ပျက်စေ နိုင်သည်။  တည့်မတ်စွာ ရပ်နေရန် သို့တည်းမဟုတ် ဟန်ပါပါ လမ်းလျှောက် ရန် ခြေမျက်စိကို ဆွဲဆန့် ထားရသဖြင့် ခြေချင်းဝတ် မခိုင်ဘဲ လည်သွား နိုင်ပေသည်။

ဒေါက်မြင့်ဖိနပ် စီးလျှင် လမ်းလျှောက်ပုံ လှသည်ဟု ဆိုကြသည်။ မှန်ပါသည်။ ဒေါက်မြင့် ဖိနပ်ကြောင့် ခြေသလုံး ကြွက်သားကို ဆွဲကျုံ့ လိုက်သလို ဖြစ်သွားပြီး ခြေဖနောင့် အရွတ်များကို ကားလိုက် သကဲ့သို့ ဖြစ်သွားသည့် အတွက် ခြေဦးသည် အပြင်ဘက်သို့ မထွက်နိုင် တော့ပေ။ ဤတွင် မိန်းကလေးများ ၏ စွဲမက်ဖွယ် လမ်းလျှောက်ပုံ ထွက်ပေါ် လာခြင်း ဖြစ်သည်။

သို့သော် တစ်ပတ်လျှင် သုံးရက်ခန့် ဒေါက်မြင့်ဖိနပ် စီးလျှင်ပင် ခြေချင်းဝတ် အနေအထားကို ပြောင်းလဲ စေနိုင်သည်။ ခြေချင်းဝတ် လည်ထွက်ခြင်း မဖြစ်ရန် ခြေမျက်စိ တစ်ဝိုက်ရှိ ကြွက်သား များက ပို၍ အလုပ်လုပ် ပေးရ သောကြောင့် ခြေမျက်စိ တစ်ဝိုက် ညောင်းညာ နာကျင်ခြင်း ကို တိုး၍၊ တိုး၍ ခံစား ရလာ နိုင်သည်။

ဒေါက်မြင့်ဖိနပ် သည် မိန်းကလေး များ၏ ခြေတံအလှ ကို ပေါ်လွင်စေ သော်လည်း ခြေထောက် ကြွက်သား၊ အရွတ်၊ အဆစ်များ၏ အနေအထား ကိုပါ ပြောင်းလဲ စေသည့် အတွက် ဖိနပ်အပါး စီးလျှင် လမ်းလျှောက်ရ ခက်လာတတ် ပြန်သည်။

ကြွက်သား နှင့် အဆစ်များ အပေါ် ဝန်ပိုခြင်း

ဒေါက်မြင့်ဖိနပ် စီးကာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကျောရိုးကို ဆောင့်လိုက် သည့်နှယ် ဖြစ်ပြီး ဖိနပ်ဒေါက် သေးသွယ်လေ ကျောရိုးအား ဒဏ်ဖြစ်လေ ပင်။ ဒေါက်မြင့်ဖိနပ် သည် မြေပြင်နှင့် ထိဆောင့်သည့် ဒဏ်ကို လျှော့ချ နိုင်လောက် အောင် ပျော့ပျောင်းမှု မရှိသည့် အတွက် ဒူးများ ကလည်း ထိဆောင့်သည့် ဒဏ်ကို ခံရသည့် အတွက် ဒူးဆစ်များ နာကျင် ကိုက်ခဲနိုင်ပြီး ရေရှည်တွင် အဆစ်
ရောင်နာ ဝေဒနာကို ခံစား ရနိုင်သည်။

ကျောရိုး ထိဆောင့်မှု ကို ကာကွယ်ရန် ခါးကြွက်သား များက အလုပ်ပိုလုပ် ရသဖြင့် ဒေါက်မြင့်ဖိနပ် စီးသူ မိန်းကလေး များ၏ ခါးလှုပ်ရှား မှုမှာ ခပ်စွာစွာ လေးဖြစ်ပြီး ကြည့်ကောင်း နေခြင်း ပင်တည်း။

ဒေါက်မြင့်ဖိနပ် စီးလျှင် ခန္ဓာကိုယ်က ရှေ့သို့ အလိုအလျောက် ကိုင်းညွတ် သွား၏။ ဤသည်ကို ပြုပြင်ရန် ပခုံးကို နောက်ပြန်ဆွဲ လိုက်ရခြင်းက ခန္ဓာ တစ်ကိုယ်လုံး ကို တင်းရင်း သပ်ရပ်စေပြီး ရင်ချီပြီး ဖြစ်သွား စေသည့် အတွက် မြင့်မြင့် ချည်ထားသော ဆံပင်အောက်ရှိ လည်တိုင် ကြော့ကြော့ လေးများကို ငေးမောခွင့် ရရှိခြင်း ဖြစ်၏။ သို့သော် ကျောရိုး အောက်ပိုင်း ကို ဆိုးရွားစွာ ထိခိုက် စေနိုင်သည်ကို ကာကွယ်ရန် ဝမ်းဗိုက် ကြွက်သား၊ တင်ပါးဆုံ ကြွက်သားများ အလုပ် ပိုလုပ် ရသဖြင့် ခါး၊ဝမ်းဗိုက်၊ တင်ပါးဆုံ တို့ နာကျင်မှုကို ခံစားရ နိုင်သည်။

သို့သော် ဒေါက်မြင့်ဖိနပ် စီးလျှင် ကိုယ်လုံး လှသည်ဆိုကာ ဆက်စီး ကြသည်ပင်။ ခြေလှမ်း လှမ်းလိုက် သောအခါ တင်ပါးဆုံ ပါသွားအောင် လှမ်းပေးလျှင် ခါးကလေးခွက် သွားသည်ကို သိရှိကြပြီး ထို အတိုင်း လမ်းလျှောက် ကြရာဝယ် ရှုမြင်ရသူ များအဖို့ မျက်စိ ပသာဒ ရှိလှသော်လည်း ကာယကံရှင် အဖို့ အိမ်ရောက်လျှင် ညည်းတွား နေရမည်ပင်။

လူလတ်ပိုင်း အရွယ် အမျိုးသမီးများ ၏ခါးမှာ လှုပ်ရှား နိုင်စွမ်း ပို၍ နည်းပါးသည် ဖြစ်လေရာ ဒေါက်မြင့်ဖိနပ် ကြောင့်ဖြစ်သော ထိဆောင့်အား ကို ခါးနှင့် ဝမ်းဗိုက်ပိုင်း တို့က ခုခံမပေး နိုင်ဘဲ ကျောရိုးသို့ တိုက်ရိုက် ရောက်ရှိ သည့်အတွက် ဒေါက်မြင့်ဖိနပ် စီးနေစဉ် ဖြစ်စေ၊ ဖိနပ်ပါးစီး ထားလျှင် ဖြစ်စေ၊ ကျောရိုး နာကျင် နေမည်ဖြစ်ပြီး အခန့်မသင့် လျှင် အာရုံကြော ညှပ်ကာ မူးဝေခြင်း၊ သွေးတက်ခြင်း၊ မျက်စိ အမြင် မကြည်လင်ခြင်း တို့ကို ဖြစ်စေ နိုင်သည်။

ထိခိုက်မှုကို လျှော့ချရန်

ဒေါက်မြင့်ဖိနပ် စီးရသည့် အရသာကို သိရှိ သွားလျှင် ခန္ဓာကိုယ်၏ ဒဏ်ကို ဂရုမပြုဘဲ ဆက်စီး ကြမည်သာ။ ထို့ကြောင့် ဒေါက်မြင့်ဖိနပ် စီးခြင်းကို တားမြစ်ခြင်းငှာ မစွမ်းသာသည့် အတွက် ဆောင်ရန်၊ ရှောင်ရန်များ ကို ဖော်ပြပါမည်။

၅ စင်တီမီတာ ထက် မပိုသော ဒေါက်မြင့်ဖိနပ် ကိုပင် သိုင်းကြိုး ပါမှစီးပါ။ ဖြစ်နိုင်လျှင် ဖိနပ်အပါး တစ်ရန် ဆောင်ထားပါ။ ရုံး၊ အိမ်စသည့် နေရာများ သို့ရောက်ရှိပြီး သင် အထွေအထူး ဆွဲဆောင် ရမည့်သူများ မရှိလျှင် ဖိနပ်အပါး လဲလှယ် စီးပေးပါ။ ဒေါက်အရွယ် သေးသွယ်လျှင် ရှောင်ကြဉ်ပါ။ ဒေါက် အရွယ်အစား သည် သင့် ခြေဖနောင့် အရွယ်အစား၏ ထက်ဝက်ခန့် ရှိသော ဒေါက်မြင့်ဖိနပ် ကိုစီးပါ။ ဒေါက်မြင့်ဖိနပ် စီးလျက် မပြေးပါနှင့်။ အဆင်ပြေလျှင် ခြေဖဝါးနှင့် ဒေါက်မြင့် ဖိနပ်ကြား ရှူးဖိနပ်များ တွင် ပါလေ့ ရှိသည့် အလွှာပါး လေးကို ခံစီးပါ။ နေ့စဉ် ခြေသလုံး ကြွက်သား ဖြေလျှော့သည့် လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။

ဒေါက်မြင့်ဖိနပ် စီးလိုက်တာနဲ့ သင့်အသွင်ဟာ ပြောင်းလဲသွား ပါတယ်။ ဒီစကားဟာ နှစ်ဖက်လုံး မှန်တယ် ဆိုတာကို ဂရုပြု စေချင် ပါတယ်။

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၉)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၉)

( ၂၇-၂-၂၀၁၄ ရက် ကြာသပတေးအပတ်စဉ်ထုတ် )

Download Links



အသိဉာဏ်ပွင့်လင်းရန် စာဖတ်ပါ


အသိဉာဏ်ပွင့်လင်းရန် စာဖတ်ပါ

စာဖတ်တတ်လျှင် စာတတ်သည်ဟု သာမန်အားဖြင့် ဆိုနိုင်သော်လည်း စာတတ်တိုင်း စာဖတ် တတ်သည်တော့ မဟုတ်ပေ။ စာပေဖြင့် မိမိဘဝကို အကျိုးရှိအောင် အသုံးချ နိုင်ပါက စာဖတ် တတ်သည်ဟု ဆိုနိုင်သည်။ အကျိုးပြုသော စာပေကို ရွေးချယ် ဖတ်တတ်မှ သာလျှင် စာဖတ်တတ် သည်ဟု ဆိုနိုင်သည်။ စာဖတ်၍ ထူးကဲသော အကျိုးများ ခံစားရပါမှ စာဖတ်ရ ကျိုးနပ်သည်။

'' လူကို စိတ်က ချုပ်၏ စိတ်ကို ဉာဏ်ပညာက ချုပ်၏။ ဉာဏ်ပညာ ကို ဗဟုသုတက ချုပ်၏။ သို့ဖြစ်၍ ဗဟုသုတ ဖြစ်အောင် စာအုပ်စာတမ်း အမျိုးမျိုးကို ဖတ်ကြကုန် ''ဟု ဆရာကြီး ပီမိုးနင်း က ဆိုခဲ့သည်။ စာပေ အသိ ပညာရှင် အတတ် ပညာရှင် များသည် မိမိတို့၏ ဝါသနာ၊ စေတနာ၊ ယုံကြည်ချက်များအပေါ် အရင်းခံ၍ နှစ်ကာလ ပေါင်းများစွာ ရင်းနှီး ပေးဆပ် ရေးသား ခဲ့ကြသည့် စာပေများသည် အသုံးချ တတ်လျှင် ဘဝအတွက် များစွာ အကျိုးရှိမည် ဖြစ်သည်။

စာပေ ပညာရှင်ကြီး များ၏ ဘဝရှုထောင့် အမျိုးမျိုးမှ ဘဝပေး အသိများ၊ အတွေးအခေါ် များကို စာပေဖြင့် မီးမောင်း ထိုးပြ ထားရာ စာဖတ်သူတို့ အတွက် မိမိတို့ လမ်းကြောင်းမှန် ကို သိမြင်နိုင် သည့် ဉာဏ်ပညာ ကို ရရှိ စေနိုင်သည့် ဘဝတွင် အောင်မြင်မှု အတွက် အချိန်သည် တန်ဖိုးရှိသည်။

''အချိန်နှင့် ဒီရေသည် လူကိုမစောင့်'' ဟူ၍ ဆိုစကား ရှိသည်။ ကုန်လွန် ပြီးသော အချိန်ကို ပြန်လည် ရယူ၍မရ၊ လူတိုင်းသည် မိမိတို့၏ အားလပ်သည့် အချိန်ကို အကျိုးမဲ့ ဖြုန်းတီးခြင်း မပြုဘဲ စာပေ ဖတ်ရှုခြင်းဖြင့် ဘဝ၏ တိုးတက်မှု အတွက် အသုံးချ ရမည် ဖြစ်သည်။

ယနေ့ ကမ္ဘာ့ နိုင်ငံများသည် သိပ္ပံနှင့် နည်းပညာများ တစ်နေ့တခြား တိုးတက် ပြောင်းလဲလျက် ရှိသည်။ သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ များလည်း အလျင်အမြန် ပြောင်းလဲ တိုးတက်လျက် ရှိသည်။ တိုးတက် ပြောင်းလဲမှု များနှင့် အညီ ပြည်သူများ ကလည်း နား၊ မျက်စိ ဖွင့်ထား ကြရမည် ဖြစ်သည်။

နိုင်ငံတကာနှင့် ရင်ပေါင်တန်း အမီလိုက် နိုင်ရေး အတွက် အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ် ဗဟုသုတများ ပြည့်စုံ နေရန် လိုသည်။ ဘာသာရပ် ပေါင်းစုံကို လေ့လာ ဆည်းပူး နေကြ ရမည် ဖြစ်သည်။

ယနေ့ နိုင်ငံတော်သည် ဒီမိုကရေစီ နိုင်ငံတော် အဖြစ် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ပြီး အေးချမ်း တည်ငြိမ်သော နိုင်ငံကို ပုံဖော် တည်ဆောက် လျက် ရှိသည်။ ထိုသို့ နိုင်ငံတော်သစ် တည်ဆောက် နေချိန်တွင် ပညာတတ်များ ပေါများမှသာ နိုင်ငံတော် တည်ဆောက်ရေး လျင်မြန်စွာ အကောင်အထည် ပေါ်မည် ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ရေး အတွက် ပြည်သူများ အသိပညာ၊ အတတ်ပညာ များ ရရှိရန်မှာ စာအုပ် စာပေများ ကို ဖတ်ရှု မှတ်သား၍ ပညာ ယူခြင်းမှာ အဓိက ကျသည်။

လောက နီတိ၌ '' သူတစ်ပါး ထံ၌ ရှိသော ဥစ္စာသည် မိမိ၏ ဥစ္စာမဟုတ်၊ စာအုပ်စာပေ များ၌သာ ရှိသော အတတ် ပညာသည် အတတ်ပ ညာမဟုတ်'' ဟူသော လမ်းညွှန်ချက် ကဲ့သို့ စာအုပ်စာပေ များ၌ ဖော်ပြ ထားသည့် အတတ်ပညာ၊ အသိပညာ များကို စာအုပ်စာပေ များ၌သာ မထားဘဲ ဖတ်ရှု လေ့လာ ကျင့်သုံး သွားမှသာ အတတ်ပညာ၊ အသိပညာ အစစ်အမှန် ဖြစ်သည် ကိုလည်း သတိပြု သင့်သည်။

သို့ဖြစ်ရာ ကမ္ဘာနှင့် အဝန်း သိပ္ပံနှင့် နည်းပညာများ အရှိန် အဟုန်ဖြင့် ပြောင်းလဲ နေချိန်တွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံဖွား ပြည်သူများ သည်လည်း တိုးတက် ပြောင်းလဲ လာမှုများကို သိရှိ၍ နိုင်ငံတော်သစ် တည်ဆောက်ရေး တွင် အားဖြည့် ဆောင်ရွက် နိုင်ရန် ဗဟုသုတ၊ အသိဉာဏ် ပညာ ပွင့်လင်း စေရေး စာအုပ်စာပေ တို့ကို အချိန်နှင့် တစ်ပြေးညီ ဖတ်ရှု လေ့လာပါဟု အကြံပြု ရေးသား လိုက်ရ ပေသည်။



( ၂၇-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ (၂၇-၂-၂၀၁၄) ကြာသပတေးနေ့



Download Links

Wednesday, February 26, 2014

နိုင်ငံသားပီသဖို့ ၀ိုင်းဝန်း ပြောင်းလဲကြပါစို့


နိုင်ငံသားပီသဖို့ ၀ိုင်းဝန်း ပြောင်းလဲကြပါစို့

နိုင်ငံခြားသား တွေဟာ တစ်ဦးချင်း ဆီမှာ စည်းကမ်း ရှိတယ်။ အသိစိတ် ရှိတယ်လို့ မြန်မာတွေ ပြောလာ ကြတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ ဆီမှာလဲ ဒီလို အကျင့် စရိုက်ကောင်း တွေကို အလို ရှိလာတယ်။ ဖြစ်စေချင် လာတယ်လို့ စာရေးသူ က သုံးသပ် မိတယ်။ ဒီတော့ ဒါတွေဟာ တမင် လုပ်ယူ ရမှာလားလို့ မေးစရာ ရှိလာ ပါတယ်။ သိတတ်တဲ့ အရွယ်ကို ကျော်လွန် လာတဲ့ သူတွေ အတွက်တော့ အကျင့်ကောင်း၊ စည်းကမ်းကောင်း တွေကို  လိုချင်ရင်၊ နိုင်ငံကြီးသား ပီသချင် တယ်ဆိုရင် မိမိဘာသာ ကြိုးစား လုပ်ယူမှပဲ ရနိုင် ပါလိမ့်မယ်။

ဥပမာ ရုပ်ရှင်ရုံမှာ လက်မှတ်ဖြတ် တဲ့အခါ၊ အားကစား ပွဲကြည့်ချင်လို့ လက်မှတ်ဖြတ် တဲ့ အခါတို့ မှာလဲ တန်းစီပါလို့ ရေးထားရင် စနစ်တကျ တန်းစီ တတ်တဲ့ အကျင့်ကို လုပ်ယူပါ။ ဘယ်သူမဆို လက်မှတ် ကုန်သွားမှာ၊ လက်မှတ် မရတော့မှာ ကြောက်ကြ တာပါပဲ။ အဲဒီလို ဆိုပြီးတော့ အရင် ရောက်နေတဲ့ လူတွေကို ကျော်ခွပြီး ရှေ့ဆုံးမှာ သွားတန်းစီ တာမျိုး မလုပ်သင့် ပါဘူး။ ဓာတ်လှေကား စီးတဲ့ အခါမှာလဲ အထွက်ကို ဦးစားပေး ရတယ်။ တချို့ လူတွေ ''အထွက်ကို ဦးစားပေးပါ'' လို့ စာရေး ထားတာတောင် ထွက်တဲ့သူက မကုန်သေးဘူး လုယက်ပြီး ဇွတ်ဝင် ကြတယ်။

စာရေးသူ သတိထား မိသလောက်တော့ အချို့ သူတွေက သူတစ်ပါးကို ဦးစားပေး တတ်တဲ့စိတ် လုံးဝ မရှိသလောက် ဖြစ်နေတယ်။ သူ့ထက်ငါ အကုန်လုံးက အလျင်လို နေကြတာ ချည်းပဲ။ အဲဒါမျိုးတွေ ကစပြီး ပြုပြင် သွားရမှာပါ။ နောက်ထပ် ရှိပါ သေးတယ်။ မြက်ခင်းပေါ် ဖြတ်မလျှောက်ရ လို့ စာရေး ထားတယ်။ ဒါပေမဲ့ တော်တော် များများက လူလစ်ရင် ဖြတ်လျှောက် ကြတယ်။ ပန်းမခူးရ ဆိုတဲ့ စာတန်း တွေ့ရင် ဘာမှလဲ မဟုတ်ဘဲ ဆတ်ခနဲဆို လက်က လှမ်းခူး ပြီးသားပဲ။ ဒီလူတွေမှာ မလုပ်ရ ဆိုတဲ့ စာတန်းမျိုး တွေ့ရင် ခိုးယူပြီး လုပ်ချင်တဲ့ စိတ်က ရှိနေတယ်။ အဲဒါဟာ ပညာ တတ်တာ၊ မတတ်တာ၊ ပိုက်ဆံ ရှိတာ၊ မရှိတာနဲ့ မဆိုင် တော့ဘူး။ မလိုက်နာ ချင်တဲ့ စိတ်၊ မနာခံချင်တဲ့ အကျင့်ပေါ့။

ဒါကြောင့်လဲ စည်းကမ်း မရှိတဲ့ လူမျိုးလို့ နိုင်ငံခြား တိုင်းပြည် တွေက သတ်မှတ် ကြတာ။ တစ်ဦး တစ်ယောက်ချင်း စီမှာ ကိုယ်ပိုင်အသိ၊ ထိန်းချုပ်နိုင်တဲ့ စွမ်းအား၊ တာဝန် ယူချင်တဲ့စိတ် နည်းပါး နေတဲ့အခါ တော်သင့် သလောက်လဲ မတော်၊ ထက်မြက်သင့် သလောက်လဲ မထက်မြက် ကြတော့ဘဲ တဖြည်းဖြည်း နဲ့ မြန်မာနိုင်ငံ မှာ လူတော် လူကောင်းတွေ လျှော့ပါး လာတယ်။ ဒါကြောင့် ကိုယ့်တိုင်းပြည်၊ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ တိုးတက်ဖို့ အတွက် မြန်မာ နိုင်ငံသား တစ်ဦး တစ်ယောက် ချင်းစီမှာ တာဝန်ရှိ ပါတယ်။

စာရေးသူတို့ လူကြီးတွေက တော်တော်ကို ပြင်ယူ ရမှာ ဖြစ်ပေမယ့် ခုခေတ် ကလေးငယ် တွေမှာတော့ ဒါဟာ တမင် ကျင့်ယူရမယ့် ပြဿနာ မဟုတ်လောက် တော့ဘူးလို့ စာရေးသူတော့ ယူဆတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခုခေတ် ကလေးငယ် တွေက အစစ အရာရာ မှာ ခေတ်မီ လာပြီ။ သူတို့ လူနေမှု ဘဝ အဆင့်အတန်း တွေလဲ စာရေးသူတို့ ခေတ်နဲ့ ယှဉ်ရင် တော်တော် တိုးတက် လာတာကြောင့်ပါ။ သူတို့ ကိုယ်တိုင်ကလဲ နိုင်ငံကြီးသား စိတ်မျိုးကို နှစ်သက် လက်ခံ လာကြတယ်။ မြန်မာ တွေဟာ ပင်ကိုယ် စိတ်ရင်းက ကောင်းပါ လျက်နဲ့ ပတ်ဝန်းကျင် ရဲ့ ရိုက်ခတ်မှု ဒဏ်ကို မကျော်လွှား နိုင်တာ၊ အများ မိုးခါးရေ သောက်ရင် သင့်၊ မသင့်၊ ဝေဖန် ပိုင်းခြား မနေတော့ဘဲ ကိုယ်တိုင် လိုက်သောက် တတ်တာ စတဲ့ မိမိထက် သူတစ်ပါးကို ပို ယုံကြည် အားကိုး တတ်တာ တွေကြောင့် ပင်ကိုယ်စိတ်၊ ပင်ကိုယ် စရိုက်တွေ ပျောက်ကုန် ကြပြီး အများစုက စိတ်ဓာတ် ကောင်းတွေ ပျက်စီး ကုန်ကြတယ်။

အလွန် နှမြော စရာပါ။ ဒီဘက်ခေတ် ရောက်လာတဲ့ အခါမှာ ကလေးတွေက စာရေးသူတို့ ခေတ်တွေ ကထက် တော်တော် လေးကို စိတ်ဓာတ် ရေးရာရော အရည်အသွေး ပါ ပို တောက်ပြောင် လာတယ်။ မတောက်ပြောင် လို့လဲ မရတော့ဘူး။ Private  ကျောင်းတွေ၊ အဆင့်မြင့် မူကြို ကျောင်းတွေ အလျှိုလျှို ပေါ်လာတဲ့ အခါ အဲဒီ ကျောင်းကြီး တွေက စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ စည်းကမ်းပိုင်း ကို တော်တော် ကို အလေးပေး ထားတာကို တွေ့ရ ပါတယ်။ စာရေးသူမှာ သုံးနှစ် အရွယ် တူမလေး တစ်ယောက် ရှိတယ်။ အဲဒီ တူမလေးက စနေ၊ တနင်္ဂနွေ မူကြိုပိတ်တဲ့ နေ့ဆို မနက် အစောကြီး ကတည်းက သူ့အဖေက စာရေးသူ တို့အိမ်ကို လာလာပို့ ပေးထားတယ်။ ညနေ သူတို့ အလုပ်သိမ်း မှ ပြန်လာခေါ် တာပေါ့။

တစ်နေ့ကျ တူမလေး ရဲ့အမေ စာရေးသူ ရဲ့အမက စာရေးသူ အတွက်ဆိုပြီး အင်္ကျီလေး တစ်ထည် ဝယ်ထည့် ပေးလိုက်တယ်။ စနေ နေ့ မနက် စောစော တူမလေးက အိမ်ရောက်တော့ စာရေးသူက အပြင် ရောက်နေ ခဲ့တယ်။ အဲဒီမှာ စာရေးသူရဲ့ ညီမလေးက '' မီးမီးလေး လက်ထဲက အထုပ်ကို တီတီလေး ကို ပေးထားလေ'' လို့ပြောတော့ ''မေမေက ဒါကို တီတီဖြူ့ ကို ပေးလိုက်လို့ ပြောလိုက်တာ။ တီတီဖြူ လာမှ ပေးမယ်'' ဆိုပြီး စာရေးသူ မလာမချင်း အင်္ကျီ ထုပ်လေးကို ကိုင် ထားပြီး ဘယ်သူ့လက်ထဲမှာ ထည့်မပေးဘူး။ အဲဒါကို လူကြီးတွေ ကသာ ဇွတ်စပြီး ကလေးဆီက ယူလိုက်မယ် ဆိုရင် ကလေး ကတော့ ပေးလိုက် မှာပဲ။ ဒါပေမဲ့ နောက်ဆို တစ်ယောက် ယောက်မှာ လိုက်တဲ့ စကားကို သူနာခံချင် တဲ့စိတ်၊ နာခံတတ်တဲ့ အကျင့်လေး ကတော့ ပျက်စီးကောင်း ပျက်စီး သွားနိုင် ပါတယ်။

ဒါကြောင့် ကလေးတွေရဲ့ စိတ်ဓာတ်၊ အကျင့်၊ စည်းကမ်း စတာတွေ မပျက်စီး စေဖို့ လူကြီး တွေမှာ အများဆုံး တာဝန်ရှိ ပါတယ်။ ကလေး တစ်ယောက် စပြီး အသိစိတ် ဝင်လာတဲ့ အရွယ်ဖြစ်တဲ့ တစ်နှစ်ကျော် ကနေ ခုနစ်နှစ် အရွယ်ထိ လူကြီးတွေက စားတာ၊ သောက်တာ၊ နေတာ၊ ထိုင်တာကို စည်းကမ်း တကျပြုမူ ဆောင်ရွက် တတ်အောင် သေသေချာချာ ဘေးကနေ ကြပ်မတ် ပေးသွားမယ် ဆိုရင် ကလေး တစ်ယောက်ရဲ့ ရှေ့အနာဂတ် ဟာ တော်တော်ကို လှပ သွားမှာ ဖြစ်သလို စာရေးသူတို့ မြန်မာ နိုင်ငံကြီးလဲ တဖြည်းဖြည်း စည်းကမ်း ရှိတဲ့ နေရာမှာ ကမ္ဘာနဲ့ ရင်ဘောင်တန်း လာနိုင် မယ်လို့ အကြံပြု ရေးသား တင်ပြလိုက် ပါတယ်။

(အိဖြူ)

အလေ့အကျင့်ကောင်း


အလေ့အကျင့်ကောင်း

ကျွန်တော် ပါဝင်သော လူမှုရေး အဖွဲ့အစည်း တစ်ခုတွင် အစည်းအဝေး ပြုလုပ်လျှင် ဥက္ကဋ္ဌသည် အစည်းအဝေး ၏ သဘာပတိ အဖြစ် ဆောင်ရွက်သည်။ အစည်းအဝေး တက်ရောက် လာသူအချို့ က အစည်းအဝေး တွင် တင်ပြသည့် အကြောင်းအရာ တစ်ခုနှင့် စပ်လျဉ်း၍ သူ့အမြင်၊ ကိုယ့်အမြင်ကို ဆွေးနွေးကြသည်။

ပုဂ္ဂိုလ်တစ်ဦး ဆွေးနွေးသည့် အလှည့်တွင် သူ ဆွေးနွေး တင်ပြချက် မဆုံးမီ သဘာပတိ လုပ်သူက ဆက် မဆွေးနွေးရန် တားမြစ်သည်။ ထိုသို့ တားမြစ်ခံ ရသဖြင့် ဆွေးနွေး နေသည့် ပုဂ္ဂိုလ်သည် ရှိုးတိုး ရှန့်တန့် ဖြစ်ကာ အူကြောင်ကြောင် ဖြစ်သွားသည်။ သူ့ ဆွေးနွေးချက် ကို ဆက်မဆွေးနွေး တော့ဘဲ ရပ်လိုက် ရသည်။ သဘာပတိ ကိုလည်း ပြန်မပြောဝံ့ သဖြင့် မကျေမနပ် နှင့်ပင် ထိုင်လိုက် ရသည်။

အစည်းအဝေး တက်ရောက် လာသူ ကျန်ပုဂ္ဂိုလ် များကလည်း သဘာပတိ ၏ လုပ်ပုံကိုင်ပုံ ကို ဘဝင်မကျ သည့် သဘောမျိုး ရှိကြသည် ကို တွေ့ရသည်။ နောက်နောင် ကျင်းပမည့် အစည်းအဝေး များတွင် ကောင်းမွန်သည့် အကြံပြုချက် များကို ဆွေးနွေးရန် တွန့်သွား ကြသည်။

တကယ်တမ်း ပြောရလျှင် အစည်းအဝေး ၏ သဘာပတိ သည် ထို အဖွဲ့အစည်း ၏ ဥက္ကဋ္ဌလည်း ဖြစ်သဖြင့် ''ခေါင်းဆောင်'' ဟု ဆိုနိုင်သည်။ စွမ်းရည် ထက်မြက်မှု မရှိသည့် ခေါင်းဆောင် တစ်ယောက်၏ အားနည်း ချက်မှာ သူများ ပြောသည်ကို နားထောင်ရန် စိတ်ဝင်စားမှု မရှိခြင်းပင် ဖြစ်သည်။

ထိုသို့သော ခေါင်းဆောင် များသည် ရာထူး တာဝန် ကြောင့် ခေါင်းဆောင် ဖြစ်နေ သော်လည်း လူအများ လေးစား ကြည်ညိုသည့် စွမ်းရည် ထက်မြက်သော ခေါင်းဆောင် တစ်ယောက် ဖြစ်မလာ နိုင်ပေ။ စီမံ ခန့်ခွဲရေး ပညာရှင် Peter Drucker က -

''စီမံခန့်ခွဲမှု ပြဿနာ တွေရဲ့ ၆ဝ ရာခိုင်နှုန်း ဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု လွဲတာက စတယ်'' ဟုဆိုသည်။

နားလည်မှု လွဲရသည့် အကြောင်းရင်း ကို ဆန်းစစ် ကြည့်လျှင် ဂရုတစိုက် စိတ်ဝင်တစား နားမထောင် သောကြောင့် ဖြစ်သည်ကို တွေ့နိုင်သည်။

တစ်ဖက်လူ၏ စကားကို နားထောင်ရန် ၄င်းနှင့် နားလည်မှု ရရှိရေး အတွက် အရေးကြီး သည်။ အသိ ပညာရှင်၊ အတတ် ပညာရှင်များ ထံမှ မိမိဘဝ တိုးတက်ရန် အတွက် သင်ယူသည့် အခါတွင် စိတ်ဝင်စားစွာ နားထောင် တတ်ဖို့ လိုသည်။ နေ့စဉ်ဘဝ တွင် ကိုယ့်ထက် အတွေ့အကြုံ များသည့်သူ၊ တိုးတက်သော သူ၊ ပိုတော် သည့်သူ၊ ဘာသာရပ် တစ်ခုကို အထူး ကျွမ်းကျင်သူ များနှင့် တွေ့ဆုံ ရတတ်သည်။ ထိုသို့ တွေ့သည့် အခါ နားထောင် တတ်မှ ဘဝတွင် တိုးတက်မှုများ ရရှိနိုင်ပေမည်။

ကျွန်တော် တို့သည် တစ်ဖက်သား နှင့် စကားပြော ဆိုရာတွင် သူတစ်ပါး ပြောသည်ကို စိတ်ဝင်တစား နှင့် နားထောင်ဖူးခြင်း ရှိ၊ မရှိ ဆန်းစစ်ကြည့် သင့်၏။ နားထောင်သည့် အခါ နှုတ်က ပြောသည်ကို နားထောင်သည့် အပြင် အသည်း နှလုံးက ပြောသည် ကိုပါ နားထောင် ပါရဲ့လား ဆိုသည်ကို ဆန်းစစ် ကြည့်သင့်၏။

နားထောင် တတ်သည့် လူတစ်ယောက် ဖြစ်ဖို့ ဆိုသည်မှာ တစ်ဖက်သား နှင့် အခြေခံချင်း တူရန်၊ စိတ်ဝင် စားမှုချင်း တူရန် လိုသည်။ မိမိသည် ခေါင်းဆောင် တစ်ယောက် အနေဖြင့် လည်းကောင်း၊ အောက်လက် ငယ်သား အနေဖြင့် လည်းကောင်း တွေ့သည့် အခါ ၄င်းတို့၏ အကြောင်း၊ သူတို့ စိတ်ဝင်စားသည့် အကြောင်း များကို သိရှိရန် မေးခွန်းများ မေးကြည့်ရန်၊ သူမည် သို့သော ပုဂ္ဂိုလ် ဖြစ်သည်ကို သိအောင် ကြိုးစားရန်၊ သူနှင့် စိတ်ဝင်စား မှုချင်း တူသော အကြောင်းအရာ၊ အယူအဆ ချင်း တူသော အချက်များကို ပြောဆို ဆွေးနွေး သင့်ပါ၏။

လူအများနှင့် စကားပြော သည့်အခါ များသော အားဖြင့် အကြောင်းအရာ ပေါ်တွင် အာရုံ စိုက်လေ့ ရှိသည်။ တစ်ဖက်သား ၏ ခံစားချက်၊ အတွေးအခေါ်၊ အယူအဆ များကို လျစ်လျူရှု မထားသင့်ပါ။ တစ်ဖက်သား ၏ စကားကို နှလုံးသား နှင့် နားထောင်လျှင် လူချစ် လူခင် များပြီး အများ ကြည်ညို လေးစားသည့် ခေါင်းဆောင် တစ်ယောက် ဖြစ်လာ ပေလိမ့်မည်။

ကျွန်တော် နယ်တွင် ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင် စဉ်က ကျွန်တော့်ရုံး သို့ လူကြီး တစ်ဦး တစ်ပတ်လျှင် တစ်ရက် လာရောက်ပြီး ရုံးရှိ စာကြည့်တိုက် တွင် စာအုပ်၊ စာစောင်များ ဖတ်ရှုသည်။ ထို့နောက် စာဖတ်ဝိုင်း၊ စကားဝိုင်း လုပ်ကြ၏။ မိမိတို့ လေ့လာ ဖတ်ရှု ထားသော စာအုပ်၊ စာပေ များအကြောင်း ဆွေးနွေးခြင်း ဖြစ်သည်။ ၄င်းစကားဝိုင်း သို့ အဆိုပါ လူကြီးလည်း တက်ရောက် နားထောင်၏။ ကျွန်တော်တို့ ဆွေးနွေး ပြောကြား သမျှကို သူက တစ်ခွန်း တစ်ပါဒမျှ ဝင်ရောက် ပြောဆို ဆွေးနွေးခြင်း မရှိဘဲ နားထောင် တတ်၏။

ကျွန်တော်တို့ အားလုံး ဆွေးနွေးပြီး သည့် နောက်တွင် လူကြီးက သူ့ အမြင်နှင့် သဘောထား ကို ဆွေးနွေး တော့သည်။ သူ့ ဆွေးနွေးချက် က ကျွန်တော်တို့ အားလုံး အတွက် မှတ်သား စရာ အပြည့် ပါသည်။ သက်ကြီး စကား၊ သက်ငယ်ကြား ဆိုသကဲ့သို့ အတွေ့အကြုံ ရှိသော၊ အကြားအမြင် များသော လူကြီး၏ စကားသည် ကျွန်တော်တို့ အတွက် အကျိုး များ၏။ ထို့ပြင် သူ့ထံမှ အတုယူဖွယ် ကောင်းသော အချက်မှာ ကျွန်တော် တို့၏ ဆွေးနွေးချက် ကို အစ၊ အဆုံး စိတ်ဝင်စားစွာ နားထောင်ခြင်း ပင် ဖြစ်သည်။

နောက်ပိုင်း တွင် ထိုလူကြီးသည် ကျွန်တော်တို့ ရုံးသို့ ရောက်ရှိ မလာတော့ပေ။ အသက်အရွယ် ကြီးရင့်သူ ဖြစ်၍ ကျန်းမာရေး ကြောင့် မလာ နိုင်ခြင်းလည်း ဖြစ်နိုင်သည်။ ကျွန်တော်တို့ အားလုံး သူ့ကို အမှတ်တရ နှင့် သတိတရ ရှိနေကြ၏။ သူ ပေါ်မလာတော့ သော်လည်း ကျွန်တော်တို့ အား အဖိုးတန် လက်ဆောင် အဖြစ် ပေးခဲ့သည့် အလေ့အကျင့် ကောင်း တစ်ခုကား ''သူများ စကားပြောလျှင် ကောင်းစွာ နားထောင်ပါ'' ဟူသော အချက်ပင် ဖြစ်သည်။

ထိုလူကြီး၏ အလေ့အကျင့် ကောင်းကို ခေါင်းဆောင် လုပ်မည့် သူများ အတုယူ သင့်ပါ၏။ ခေါင်းဆောင် တစ်ယောက် သည် နားထောင် ရုံသာ မဟုတ်ဘဲ စကားပြော ရာတွင်လည်း ကိုယ် စကားပြော မည့်သူနှင့် နှလုံးသားချင်း အရင် ဆက်သွယ်ဖို့ လိုပါသည်။ 

နှလုံးသားချင်း ဆက်သွယ်ဖို့ ဆိုသည်မှာ တစ်ဖက်သား ၏ နှလုံးသား ထဲတွင် ဘာရှိသည် ဆိုတာကို သိဖို့ လိုသည်။ ထိုသို့ သိထား နိုင်ရန် ထိုသူ ပြောသော စကားကို အလေးထား နားထောင်မှ သိမည် ဖြစ်သည်။ တစ်ဖက်သား ပြောစကားကို စိတ်ဝင်စားစွာ နားထောင်ခြင်း သည် ခေါင်းဆောင် တစ်ယောက် ၏ မလွဲမသွေ ဆောင်ရွက် ရမည့်' 'တာဝန်'' ဖြစ်သည်ဟု မှတ်ယူ ဆောင်ရွက် ခြင်းဖြင့် အများ ကြည်ညို လေးစားသော ခေါင်းဆောင် အဖြစ်ကို အမှန်အကန် ရယူသင့် ပါ၏။ 
(တက္ကသိုလ် သင်္ခ)

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာတပ်ဖွဲ့ များ၏ ပူးပေါင်း စစ်ဆင်မှုလေ့ကျင့်ခန်း အား ကြည့်ရှုစစ်ဆေး


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက်ခဲ့ကြ သူများအား အမှာစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လေ့ကျင့်ခန်းတွင် ပါဝင်သည့် လေ့ကျင့်ရေး ခေါင်းဆောင်တစ်ဦးက လေ့ကျင့်ခန်း အကြောင်းအရာ နှင့် ပတ်သက်၍ သဲမြေပုံ ဖြင့် ရှင်းလင်း တင်ပြစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း အား ကြည့်ရှုစဉ်

နေပြည်တော် ၊ ၂၆-၂-၂၀၁၄

တပ်မတော် ၏ နိုင်ငံတော် ကာကွယ်ရေး စွမ်းရည် မြင့်မား လာစေရန် ရည်ရွယ်၍ ပြုလုပ်သော တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း အား ယမန်နေ့ နံနက်ပိုင်း တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှု စစ်ဆေးသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ ၊ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး ကျောင်းများမှ ကျောင်းအုပ်ကြီးများ ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မှ သင်တန်းသား အရာရှိကြီးများ နှင့် စစ်ဦးစီး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ လေ့ကျင့်ခန်း ပြုလုပ်သည့် ရှုရပ်ကုန်း ရှိ ရှင်းလင်းဆောင် ၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လေ့ကျင့်ခန်း တွင် ပါဝင်သည့် လေ့ကျင့်ရေး ခေါင်းဆောင် တစ်ဦးက လေ့ကျင့်ခန်း အကြောင်းအရာ နှင့် ပတ်သက်၍ သဲမြေပုံ ဖြင့် ရှင်းလင်း တင်ပြသည်။

ထို့နောက် လေ့ကျင့်ခန်း အား အစီအစဉ် အတိုင်း ဆက်လက် လုပ်ဆောင် ကြရာ လေ့ကျင့်ခန်း တွင် ပါဝင် လုပ်ဆောင် ကြမည့် ခြေလျင် နှင့် သံချပ်ကာ တပ်ဖွဲ့များသည် နောက်ပိုင်း ဌာနချုပ် မှ ရှေ့တန်းစုရပ် ၊ ၄င်းမှ ခွဲလွှတ်ရပ် ၊ ၄င်းမှ စီရပ်သို့ ချီတက်၍ စီရပ်တွင် တိုက်ပွဲဝင် ပုံစံဖြင့် တပ်ဖြန့်မှု အား ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက် နေစဉ်အတွင်း အကြမ်းဖက် တပ်ဖွဲ့များက ရန်သူ့ အမြောက်နေရာ အား စီးနင်းခြင်း ၊ တပ်မတော်(လေ) မှ ရဟတ်ယာဉ်များ ၊ တိုက်လေယာဉ် များနှင့် ရန်သူ့ ပစ်မှတ် နေရာ အသီးသီးအား ကြိုတင် ချေမှုန်းခြင်း ၊ အမြောက်ကြီး များဖြင့် ပစ်ခတ်ခြင်း ၊ အတွဲလိုက် ဒုံးများ ပစ်ခတ်ခြင်း ၊ ခြေလျင် အကူ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း များနှင့် ကြိုတင် ချေမှုန်းခြင်းများ ဆောင်ရွက် ကြပြီး တိုင်ပွဲဝင် ပုံစံ အဆင့်ဆင့် အတိုင်း ခြေလျင် နှင့် သံချပ်ကာ တပ်ဖွဲ့များက ရည်မှန်းချက် အသီးသီး သို့ ဖောက်ဝင်၍ ရန်သူကို ချေမှုန်း တိုက်ခိုက်ခြင်း များ ဆောင်ရွက် ကြသည်။

အကြမ်းဖက် တပ်ဖွဲ့များက ရန်သူ့ အမြောက်နေရာအား စီးနင်းခြင်း လေ့ကျင့်စဉ်

အမြောက်ကြီးများဖြင့် ပစ်ခတ်ချေမှုန်းခြင်း လေ့ကျင့်စဉ်

ရဟတ်ယာဉ်ဖြင့် အမြောက်ရွှေ့ပြောင်းခြင်း လေ့ကျင့်စဉ်

တိုက်လေယာဉ်ဖြင့် လေကြောင်းပစ်ကူယူ ချေမှုန်း တိုက်ခိုက်ခြင်း လေ့ကျင့်စဉ်



ယင်းနောက် ရန်သူ၏ နောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့များအား အမြောက် တပ်ဖွဲ့များမှ ပစ်ခတ် ချေမှုန်းကြပြီး တိုက်ပွဲဝင် တပ်ဖွဲ့များက ပူးပေါင်း စီးနင်း တိုက်ခိုက်ခြင်း နှင့် ရန်သူအား လွတ်ထွက် မသွားစေရန် ပိတ်ဆို့ခြင်း များအား ဆောင်ရွက် ကြပြီး လေ့ကျင့်ခန်း ပြီးဆုံး ရပ်နား ခဲ့သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တာဝန် ရှိသူများ နှင့် လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက် ခဲ့ကြသူများအား ရှုရပ်ကုန်း တွင် လေ့ကျင့်ခန်း နှင့် ပတ်သက်၍ အမှာစကား ပြောကြား ခဲ့ပြီး လေ့ကျင့်ခန်း တွင် ပါဝင်ခဲ့သည့် ခြေလျင် ၊ အကူ လက်ရုံးတပ် များမှ အရာရှိ ၊ စစ်သည်များ အတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးအပ်သည်။ အလားတူ လေ့ကျင့်ခန်း တွင် ပါဝင်ခဲ့သည့် တပ်မတော်(လေ) မှ လေသူရဲ များအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များ လိုက်ပါ၍ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မှ သင်တန်းသား အရာရှိကြီးများ ၊ စစ်ဦးစီး တက္ကသိုလ် မှ သင်တန်းသား အရာရှိကြီးများ နှင့် မိတ္ထီလာ တပ်နယ်မှ အရာရှိ များအား တွေ့ဆုံ အမှာစကား ပြောကြားသည်။

ထိုသို့ တွေ့ဆုံပွဲ အသီးသီး၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ အမှာစကား ပြောကြား ရာတွင် မိမိတို့ နိုင်ငံ၏ ကာကွယ်ရေး မူဝါဒ မှာ ပြည်ပ ကျူးကျော်ရန် မဟုတ်ဘဲ နိုင်ငံတော် အား ကာကွယ်ရန် ဖြစ်ကြောင်း ၊ မိမိတို့ တပ်မတော် အား နိုင်ငံတကာ စံချိန်စံညွှန်း နှင့် ကိုက်ညီသည့် Standart Army အဖြစ် တည်ဆောက်လျက် ရှိကြောင်း ၊ ယင်းသို့ တည်ဆောက် ရာတွင် လူ ၊ လက်နက် ၊ ပစ္စည်း ကိရိယာများ ဖွဲ့စည်းရုံဖြင့် မပြည့်စုံဘဲ မိမိ၏ စစ်လက်နက် ပစ္စည်း ကိရိယာ များအား ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြု နိုင်ရန် လိုကြောင်း ၊ သို့ဖြစ်၍ စစ်မြေပြင် ကဲ့သို့ အတွေ့အကြုံမျိုး ရရှိစေရန် တပ်ဆင် ထားသည့် လက်နက် ၊ ပစ္စည်း ကိရိယာ ၊ ယန္တရား များဖြင့် လေ့ကျင့်ခန်း များ ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း ၊ စစ်ဆင်ရေး အောင်မြင် စေရန် အတွက် တပ်များတွင် တိုက်ပွဲ စွမ်းအားရှိရန် အရေးကြီးကြောင်း ၊ ထို့အပြင် ယနေ့ အချိန်ကာလ တွင် IT နည်းပညာများ လွန်စွာ တိုးတက် လာမှုကြောင့် အဆင့်မြင့် နည်းပညာ အသုံးပြု၍ သတင်း အချက်အလက် များ ရယူခြင်းဖြင့် စစ်ဆင်ရေး နှင့် နည်းပညာ မြင့်မားသည့် လက်နက်များ ၏ စွမ်းပကားသည် တိုက်ပွဲကို အဆုံးအဖြတ် ပေးမည် ဖြစ်ကြောင်း ၊ လုပ်ငန်း တာဝန် ထမ်းဆောင်မှု အတွက် ကျန်းမာ ကြံ့ခိုင်ရန် လိုအပ်ကြောင်း ၊ ကျန်းမာ ကြံ့ခိုင်မှု ရှိစေရန် အားကစား များကို စနစ်တကျ အားပေး ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ အလားတူ မိမိ စစ်လက်နက် ပစ္စည်းများ၏ စွမ်းပကား ကို ထိရောက်စွာ အသုံးချ နိုင်ရန် လိုအပ်ကြောင်း ၊ နေ့စဉ် ဆောင်ရွက်ရမည့် သမားစဉ် လုပ်ငန်းများ သည်လည်း စစ်သား ပီသရေး ၊ လေ့ကျင့်ရေး တို့အတွက် များစွာ အထောက် အကူပြုကြောင်း ၊ ထို့အပြင် ညီညွတ် မျှတသော ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ် ရှိရမည် ဖြစ်ကြောင်း ၊ ဆောင်ရွက် ပေးသင့်သည့် အုပ်ချုပ် ထောက်ပံ့မှု ကိစ္စရပ် များကိုလည်း မှန်မှန် ကန်ကန် ဆောင်ရွက် ကြရန် လိုကြောင်း ဖြင့် အမှာစကား ပြောကြား သည်။

တိုက်လေယာဉ် များဖြင့် ကြိုတင် ချေမှုန်း တိုက်ခိုက်ခြင်း လေ့ကျင့်စဉ်

ရဟတ်ယာဉ် များဖြင့် ကြိုတင် ချေမှုန်း တိုက်ခိုက်ခြင်း လေ့ကျင့်စဉ်

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တွေ့ဆုံပွဲသို့ တက်ရောက် လာသည့် သင်တန်းသား အရာရှိကြီး များနှင့် တပ်နယ်မှ အရာရှိ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။

သားစစ်သည်သို့


သားစစ်သည်သို့

ငယ်စဉ်အမြဲ
တွေးဆကဲကဲ ၊ စစ်ထဲဝင်မည် စစ်တိုက်မည်

စစ်အနိဋ္ဌာရုံ
ကိုယ်တွေ့ကြုံပြီး ၊ ရင်ခုန်နေရ
အမေကတော့ ၊ သားလှရတနာ
သူ့သည်းချာကို ၊ ရင်မှာဆွဲကပ်
မျက်ရည်စက်နှင့် ၊ တပ်ထဲမ၀င်ရန်
စစ်၏ဒဏ်ကို ၊ ပြန်ကာပြောရင်း တားခဲ့သည်။

အမေ့ကိုချစ် ၊ အမေချစ်တဲ့
သားနှစ်ကျွန်တော် ၊ တပ်မတော်နှင့် 
မျှော်လေတိုင်းဝေး . . .  ဝေးခဲ့သည်။

ကျွန့်ဘ၀မှာ
ဝင်ခိုလာသည့် ၊ သန်မာကျစ်လျစ်
ကျွန်တော်ချစ်သည့် ၊ သားနှစ်ရတနာ
ကိုယ့်သည်းချာကို ၊ ရလာခွင့်ရေး
စဉ်းစားတွေးလို့ ၊ ရဲသွေးထွန်းပေါ်
တပ်မတော်သို့ ၊ ကျွန်တော် ကိုယ်တိုင်အပ်နှံခဲ့။

တောင့်တင်း ကြံ့ခိုင်
ကြွက်သားစိုင်နှင့် ၊ ခိုင်မာစိတ်ဓာတ်
ပြည့်စုံပြတ်သား ၊ တပ်သားဘာမထီ
သားစစ်သည်က ၊ ပြည်သူ့အတွက်
သူ့အသက်ကို ၊ ပေးဆပ်အပ်နှင်း
ဆူးကိုနင်းကာ ၊ ချဉ်းကပ်ရင်ဆိုင်
ရန်ကုန်ပြိုင်လျက် ၊ " သူ့နိုင်ငံသား
သံမှုန့်စားမှ ၊ တို့ဓားတုံးမည် "
စိတ်စိတ်ရည်ရည် ၊ ချီချီရဲရဲ
တိုက်တိုက်သဲသဲ ၊ ရွှဲရွှဲသွေးသွေး
နီနီစွေးစွေး ၊ ထွေးထွေးနွှဲနွှဲ
ဝံ့ဝံ့ကဲကဲ ၊ ခဲခဲထန်ထန်
လှေခွက်ချည်းကျန် ၊ အလံမလှဲ
သတ္တိမြဲမြဲ ၊ ဇွဲဇွဲပြင်းပြင်း
မာန်မာန်တင်းတင်း ၊ ထွင်းဖောက်မြန်မြန်
မွှေမွှေလှန်လှန် ၊ ရန်ဟူသမျှ
မြူစမကျန် ၊ မွှမွှခြေခြေ ၊ ညက်ညက်ကြေကြေ
တို့ပြည် တို့တိုင်း ၊ တို့သမိုင်းမှာ
နှိုင်းယှဉ်ညွှန်းညွှန်း ၊ စာမွှမ်းမွှမ်းတင်
မော်ကွန်းမှတ်မှတ် ၊ ဂုဏ်တင်အပ်သည်
မြင့်မြတ်ပါသည် သားစစ်သည်။

တိုက်ပွဲတစ်ရာ ၊ အောင်ပွဲတစ်ရာနှင့် 
မြန်မာတို့ဂုဏ် ၊ ဇာတိပုံကို
ရောင်စုံဆေးသီ ၊ အောင်စစ်သည်တို့
ရောင်နီပျိုပျို ၊ နေခြည်ချိုချိုမှာ
ဒီမိုကရေစီ ၊ အောင်ပွဲဆီသို့
ပြည်သူနှင့်အတူ ၊ တွေးဆတူတူ
ဖေးမကူလို့ ချီတက်စို့ ။  ။ 

( ဘီအောင် - မင်းလှ )

( ၂၀၁၄ ခု မတ်လထုတ် ငွေတာရီမဂ္ဂဇင်း ကဗျာကဏ္ဍမှ )


မြ၀တီနေ့စဉ်သတင်းစာ (၂၆-၂-၂၀၁၄) ဗုဒ္ဓဟူးနေ့



Download Links



Tuesday, February 25, 2014

ဇွဲဖြင့် အောင်မြင်သည့်ဘ၀ကို ရယူ


ဇွဲဖြင့် အောင်မြင်သည့်ဘ၀ကို ရယူ

ပန်းချီကား တစ်ချပ်သည် အရောင်ကို အခြေခံ၍ လှပမှု ရှိလာသည်။ တေးသီချင်း တစ်ပုဒ်သည် သံစဉ်ကို အခြေခံ၍ သာယာမှု ရှိလာသည်။ ထို့အတူလူ့ဘဝ သည်လည်း ဇွဲကို အခြေခံ၍ အောင်မြင်မှု နှင့် ပြည့်စုံသည့် သာယာ လှပသည့် ဘဝတစ်ခု ဖြစ်လာသည်။

ဇွဲကို အခြေခံ၍ ကြိုးစား အားထုတ် ကြသူများသည် အောင်မြင်မှုကို ရရှိကြသည်။ အောင်မြင်မှု နှင့် ကြံ့ခိုင်မှုမှာ ပန်းနှင့် ပင်စည် ပမာ အမြဲ ဒွန်တွဲ နေသည်။ ကြံ့ခိုင်မှု ပင်စည်မရှိဘဲ အောင်မြင်မှု ပန်း လန်းဆန်းစွာ ပွင့်လန်း နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး ကြံ့ခိုင်ရန် တည်ဆောက် ကြရမည် ဖြစ်သည်။ ထို ကြံ့ခိုင်မှု သည် ဇွဲကို အခြေခံ သည်။

''မည်မျှ ဝေးသော ခရီး ဖြစ်ပါစေ။ ခြေတစ်လှမ်း ဖြင့် စတင် လျှောက်လှမ်း ရသည်'' ဟူသော တရုတ် လူမျိုးတို့ သုံးစွဲလေ့ ရှိသော စကားသည် ဇွဲရှိမှုကို ဖော်ညွှန်းသည်။ တရုတ်ပြည် မှ မဟာ တံတိုင်းကြီး သည် တရုတ်လူမျိုး တို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယ မော်ကွန်း တစ်ခုအဖြစ် ယနေ့ တွေ့နေရဆဲ ဖြစ်သည်။

ဇွဲကောင်းသည့် အက်ဒီဆင်သည် လရောင် မရှိသော ညအမှောင် တွင် လျှပ်စစ် မီးရောင်ဖြင့် တောက်ပြောင် ထိန်လင်းရန် ကြိုးစား ခဲ့သည်။ အက်ဒီဆင် ၏ ကျေးဇူးကြောင့် ကမ္ဘာနှင့် အဝန်း လျှပ်စစ်မီးက အသုံးပြု နိုင်ခဲ့သည်။ သစ်ခုတ်သမား လင်ကွန်း သည် ဇွဲရှိသဖြင့် အမေရိကန် ပြည်ထောင်စု ၏ သမ္မတ ဖြစ်လာသည်။ ထိုသို့သော ဇွဲကောင်း၍ အောင်မြင် သူများကို သာဓက ထုတ်ပြလျှင် ဆုံးအံ့ မထင်ပေ။

စိတ်ပျက် အားလျှော့ သောသူ တို့၌ ဇွဲမတည်ပေ။ ''ငုပ်မိသဲတိုင်၊ တက်နိုင် ဖျားရောက်'' ဆိုသကဲ့ သို့ အလုပ် တစ်ခုကို ရေဆုံး၊ မြေဆုံး ဇွဲ ကောင်းကောင်း ဖြင့် လုပ်သူများသာ အောင်မြင်မှု ရရှိသည်။

လောကတွင် မည်သည့် နေရာ၊ မည်သည့် အလုပ် မဆို အတားအဆီး အခက်အခဲ ရှိတတ် စမြဲ ဖြစ်သည်။ ထို အတားအဆီး၊ အခက်အခဲကို ကြုံတွေ့၍ ရှုံးနိမ့်မှုနှင့် ရင်ဆိုင် ရပါကလည်း စိတ်ဓာတ် မကျရန် လိုသည်။ ''လှေခွက် ချည်းကျန် အလံမလှဲ'' သော စိတ်ဓာတ်ဖြင့် ဇွဲရှိရှိ ဆက်လက် ကြိုးစား၍ အောင်မြင်မှုကို ရယူ ရမည် ဖြစ်သည်။

ပညာသင်စဉ် ကာလ ကျောင်းသား၊ ကျောင်းသူ များသည် စာမေးပွဲတွင် ကောင်းစွာ မဖြေဆိုနိုင် ပါက စိတ်ဓာတ် ကျပြီး ထင်ရာ လုပ်တတ် ကြသည်။ စိတ်ဓာတ် ကျခြင်း၊ ဇွဲမရှိ ခြင်းသည် ပျော့ညံ့သူ တို့၏ လက္ခဏာ ဖြစ်သည်။ စာမေးပွဲတွင် ကောင်းစွာ ဖြေဆို နိုင်ရန် ကြိုတင် ကြိုးစား ကျက်မှတ် မှတ်သားခြင်း ဖြင့် ရင်ဆိုင် ရမည် ဖြစ်ပြီး မဖြေဆိုနိုင် ပါကလည်း စိတ်ဓာတ် မကျဘဲ အတွေ့အကြုံ သင်ခန်းစာ တစ်ခုအဖြစ် မှတ်ယူ၍ အောင်မြင်မှု ကို ဇွဲဖြင့် ကြိုးစား ရယူ ရမည် ဖြစ်သည်။

ဘဝတွင် အခက်အခဲ ဟူ၍ ရှိစမြဲ။ ပန်းကို လိုချင်လျှင် အပင်ကို ပျိုးရသည်။ အရိပ်ကို လိုချင်လျှင် နေပူဒဏ် ကို ရင်ဆိုင်ရမည်။ အောင်မြင်မှု ကို လိုချင်လျှင် ဇွဲ၊ လုံ့လ ကို ရင်းရမည် ဖြစ်သည်။ အပ်သွားရာ အပ်ချည် ပါသကဲ့သို့ ဇွဲရှိသူ နောက်သို့ အောင်မြင်မှု သည် ထပ်ကြပ်မကွာ လိုက်ပါလာ ပါမည်။

သို့ဖြစ်ရာ ဘဝ၏ အောင်မြင်မှုကို ရယူလိုသည့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ အလုပ်ခွင်၌ အလုပ်ဝင် နေကြသူများ စသည့် နေရာ ကဏ္ဍ အသီးသီးမှ လူအများ သည် ဇွဲကို အရင်းတည်၍ အောင်မြင်မှု နှင့် ပြည့်စုံသည့် သာယာ လှပသည့် ဘဝများကို တည်ဆောက် ရယူ သွားကြ ရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( ၂၅-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၂၁)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၂၁)

( ၂၅-၂-၂၀၁၄ ရက် အင်္ဂါနေ့ အပတ်စဉ်ထုတ် )

Download Links

ဂိမှာန်ကာလ နွေဦးအစ ( မြ၀တီ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ )


ဆုရဓာတ်ပုံသုံးသပ်ချက်

၂၀၁၄ ခုနှစ် မတ်လ၏ မြ၀တီ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ ခေါင်းစဉ်မှာ " ဂိမှာန်ကာလ နွေဦးအစ " ဖြစ်သည်။ မြ၀တီ ရသစုံမဂ္ဂဇင်း တွင် ရှေးအခါ ကာလများ ကတည်းက သတ်မှတ် ခေါင်းစဉ် များကို လရာသီ သရုပ်ဖော် ခေါင်းစဉ်များ ၊ နိုင်ငံတော် ၏ ရည်မှန်းချက် ဆောင်ပုဒ်များ ၊ ဒေသ ပွဲတော်များ ၊ မေတ္တာ သရုပ်ဖော်များ နှင့် အလှအပ စိတ်ဝင်စားဖွယ် ခေါင်းစဉ်များ အဖြစ် အချိန်အခါ အလိုက် ကြိုတင် သတ်မှတ် ပေးထားသည်။ သို့ဖြစ်၍ မြ၀တီ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲသို့ ပုံမှန် ၀င်ရောက် ယှဉ်ပြိုင် သူများ အပါအ၀င် အခါ အားလျော်စွာ ယှဉ်ပြိုင်သူ များပါ မြ၀တီရသစုံ မဂ္ဂဇင်း တွင် ဖော်ပြ ပါရှိသော ခေါင်းစဉ်များကို ကြိုတင် ဖတ်ရှု လေ့လာ၍ ရိုက်ကူး ကြပါရန် အကြံပြု တင်ပြ လိုပါသည်။

မတ်လ အနေဖြင့် ရာသီအလိုက် နွေဦးကာလ အစ ဖြစ်သည်နှင့် အညီ ယခု ခေါင်းစဉ်ကို သတ်မှတ်ပေး ထားသည်။ ယခုလ ဓာတ်ပုံ ပြိုင်ပွဲသို့ ယှဉ်ပြိုင် နေကျ ဓာတ်ပုံ ပညာရှင် များနှင့် လူသစ် ဓာတ်ပုံ သမားများ အပါအ၀င် ဓာတ်ပုံပေါင်း ၄၂ ပုံ ပေးပို့ လာသည်။ ရောက်ရှိ လာသော ပုံများအနက် အချို့မှာ ယခင်နှစ်များ က ဆုရရှိပြီး ပုံများနှင့် ဆင်တူပုံများ ပါရှိ နေသည်။ ပုံ အရေအတွက် မှာ ယခင်လ များကို မမီသော်လည်း အဆင့်မြင့် ပုံကောင်းများ ပါဝင် လာသည်ကို ကျေနပ် အားရဖွယ် တွေ့မြင် ရွေးချယ် ခဲ့ကြပါသည်။ ယခုလ ဓာတ်ပုံ ပြိုင်ပွဲအား မြန်မာနိုင်ငံ ဓာတ်ပုံအသင်း မှ ဓာတ်ပုံ ပညာရှင် များနှင့် မြ၀တီ စာတည်းအဖွဲ့ဝင်များ စုံညီစါာ ပါဝင် အကဲဖြတ် ရွေးချယ် ပေးခဲ့ကြ ပါသည်။ ယခုလ မြ၀တီ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ၏ ဆုရမှတ် အနေအထား မှာ မန္တလေး ၊ ရန်ကုန် နှင့် နယ်အသီးသီး မှ ဓာတ်ပုံ ပညာရှင်များ ဆုရရှိခဲ့ ကြရာ အမှတ် ကွာခြားမှု အနည်းငယ်မျှ သာဖြစ်၍ ယှဉ်ပြိုင် နေသူ အားလုံး နောင်လ များတွင် သူ့ထက်ငါ အမှတ် ပိုမို ရရှိရန် ဆက်လက် အားထုတ် ကြိုးစား သွားကြရန် အထူး လိုအပ် လာပြီ ဖြစ်ပါသည်။

ပထမဆု - မျိုးမင်းကြွယ် (ရွှေတောင်ကြား)


ပထမဆု ရရှိသူမှာ မန္တလေးမြို့ မှ ဓာတ်ပုံ ပညာရှင် မျိုးမင်းကြွယ် (ရွှေတောင်ကြား) ဖြစ်သည်။ မျိုးမင်းကြွယ် အနေဖြင့် ယခင်လ များကလည်း ဆုကြီးများ နှင့် အထူးဆု များပါ ရရှိထားသူ ဖြစ်ပြီး ယခုလတွင် ပထမဆု ကို ဆက်လက် ရယူ နိုင်သည် ဖြစ်၍ အမှတ်ပေး ဇယား တွင် ထိပ်ဆုံး နေရာ၌ ရပ်တည်လျက် ရှိသည်။ ပထမဆုရ ပုံကို စစ်ကိုင်း တောင်ရိုးပေါ် တွင် ရိုက်ယူ ထားသည်ဟု ဖော်ပြ ထားသည်။ ဂိမှာန်ကာလ နွေဦးအစ တွင် တောင်ပေါ်ရှိ ဘုရား ပရ၀ုဏ် အတွင်း တရုတ်စကားပင် များအောက်၌ ကလေးငယ် နှစ်ဦးတို့ တံမြတ်လှည်း ၊ အမှိုက်သိမ်း နေကြပုံကို ပြင်ဆင် နေရာချထား ရိုက်ကူး ထားသည်။ မွန်းတည့် နေရောင် တစောင်း ကျချိန် ဖြစ်ပါ၍ မြေပြင် ကွက်လပ်များ ပေါ်သို့ တရုတ် စကားပင် ကိုင်းအရိပ်များ ကျရောက် နေသည်မှာ နွေဦး သရုပ်ကို ဖြည့်ထိန်း ပေးနေ သည်။ ကလေးငယ် များကို နေရာချ ထားပုံမှာ လည်း မှန်ကန် အကွက်ကျ လှသည်။ ဤ နေရာ ၀န်းကျင် တရုတ်စကားပင် များမှာ မန္တလေး မှ ဓာတ်ပုံ သမားများ အမြဲ ရိုက်ယူ နေကျ ရှုမြင်ကွင်း ဖြစ်ပြီး ယခင်နှစ် များကလည်း ကိုကိုဆန်နီ ( သိင်္ဂီရွှေရည်) တို့ ဆုရရှိ ခဲ့ဖူးသည်ကို မှတ်မိ နေသည်။ သရုပ်ဖော် ရိုက်ကူးမူ နှင့် ဓာတ်ပုံ ဆေးသား တို့ ကောင်းမွန် ပါသည်။

ဒုတိယဆု ၊ ဇာနည်ထွန်း (ရွှေပန်းချီ - ရမည်းသင်း )


ဒုတိယဆုရှင် ဇာနည်ထွန်း (ရွှေပန်းချီ - ရမည်းသင်း) မှာ ယခင်နှစ် ( ၂၀၁၃ ခုနှစ် ) မြ၀တီ နှစ်ပတ်လည် ဓာတ်ပုံ ပြိုင်ပွဲ ပထမဆုကြီး ကို ရယူ ခဲ့သူ ဖြစ်သည်။ ဇာနည်ထွန်း ( ရွှေပန်းချီ - ရမည်းသင်း ) အနေဖြင့် လက်ရည် လက်စွမ်း ထက်သူဖြစ်၍ ယခုနှစ် တွင်လည်း ဒုတိယ အကြိမ် မြ၀တီ နှစ်ပတ်လ်ည ဆုကြီးကို ဆက်တိုက် ရရှိရန် ခက်ခဲ တော့မည် မဟုတ်ပါ။ သို့ဖြစ်၍ ဆက်လက် ရယူနိုင်ဖို့ ယခုနှစ် အစ ကတည်းက အားထည့် ယှဉ်ပြိုင်ရန် ဖိတ်ခေါ် လိုက်ရပါသည်။

ဆုရပုံကို ရမည်းသင်း မြို့နယ် အရှေ့ဘက် ရွှေမြင်တင် ဘုရားအနီး တွင် ရိုက်ယူ ခဲ့သည်ဟု ဖော်ပြ ထားသည်။ နွေဦးအစ ကာလများတွင် စတင် ဖူးပွင့် ဝေဆာလျက် ရှိသည့် လက်ပံပင်ကြီး ၏ အပင်အောက်တွင် လက်ပံပွင့် ကောက်နေသည့် ကျေးလက် ကလေးငယ် နှစ်ဦးဖြင့် သရုပ်ဖော် ရိုက်ယူ ထားသည်။ နီရဲသော လက်ပံပွင့်များ နှင့် အကိုင်း ၊ အခက် တို့မှာ ပြာမှိုင်းမှိုင်း မြူလွှမ်း နေသည့် နောက်ခံတွင် ကြွရွ ပေါ်လွင်လျက် ရှိပြီး ကလေးငယ်များ ကို နေရာ မှန်ကန်စွာ ချထား နိုင်သည်။ လက်ပံပင်ကြီး ၏ ပင်စည်ကို ယခုလို မည်းမှောင် နေသည်ထက် အလင်းဖွင့် ပြုပြင် ကူးချဲ့ ပါက သာလွန် ကောင်းမွန်မည် ဖြစ်သည်။ ရိုက်ယူပုံ နှင့် ဓာတ်ပုံ ဆေးသားတို့ ကြည်လင် လှပ ကောင်းမွန် ပါသည်။

တတိယဆု - အာကာထွန်းကျော်


မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းကြီး ၏ သင်တန်းဆင်း လူငယ် ဓာတ်ပုံ ပညာရှင် အာကာထွန်းကျော် မှာ ပြီးခဲ့သည့် လများကလည်း ဆုကြီးများ ရရှိထားပြီး ယခုလတွင် တတိယဆု ထပ်မံ ရယူနိုင်ပါ၍ အမှတ်ပေး အစီအစဉ် တွင် ဒုတိယ နေရာသို့ ရောက်ရှိ နေပါသည်။ တတိယဆု ရပုံကို မန္တလေးမြို့ တွင် ရိုက်ယူ ထားသည်ဟု သာမန်မျှ ဖော်ပြ ထားပါသည်။ မန္တလေးမြို့ ၊ ဧရာဝတီ မြစ်ကမ်း အစပ် ညနေစောင်း မတိုင်မီ တွင် ရိုက်ယူ ထားသည်ဟု ခန့်မှန်းရ ပါသည်။ နေရောင် ဆန့်ကျင် အလင်းဖြင့် နွားအုပ်များ အိမ်အပြန် ကို ဖုန်တထောင်းထောင်း ဖြင့် ပန်းချီကား သဖွယ် အရှိအတိုင်း ရိုက်ကူး ထားပါသည်။

ဖုန်များ ထနေသည့် အကြား နွားအုပ်များမှာ လှပ ပေါ်လွင် ကြွတက်လျက် ရှိသည်။ ဓာတ်ပုံကား ဖွဲ့စည်း တင်ပြမှု အနေဖြင့် နေရာ ကျန ကောင်းမွန်လှ သည်။ ယခု ဆုရပုံမှာ ဓာတ်ပုံကောင်း တစ်ပုံ ဖြစ်သော်လည်း မိုးမကျသော အခါ ကာလတိုင်းတွင် ရိုက်ယူနိုင်သည် ဖြစ်၍ နွေဦးကာလ သရုပ်ဖော် တွင် အတန်ငယ် အားလျော့လှ သည်ဟု စာရေးသူ အနေဖြင့် ယူဆ မိပါသည်။ ဓာတ်ပုံ ဆေးသား မှန်ကန် ကောင်းမွန်လှ ပါသည်။

အထူးဆု(၁) - မြင့်သန်း ( ငွေကြယ်မင်း )


အထူးဆု(၁) ရရှိသူမှာ မန္တလေး မှ မြင့်သန်း (ငွေကြယ်မင်း) ဖြစ်သည်။ ဆုရပုံကို စစ်ကိုင်းတိုင်း ဒေသကြီး ၊ မင်းကွန်း ဘုရား အနောက်ဘက် ၊ တောင်ရင်းရွာ တွင် ရိုက်ကူး ထားသည်ဟု ဖော်ပြ ထားသည်။ ပပ်ကြားအက် မြေပေါ်တွင် ရေရရန် အတွက် ရေခပ်သွား သူများဖြင့် ဂိမှာန်ကာလ နွေဦးအစ ကို သရုပ်ဖော် ရိုက်ကူး ထားသည်။ အမြင့်အပေါ်စီး နေရာမှ ရေခပ်သွားသူ တစ်စုကို ကျနေ ဘေးတစောင်း အလင်းဖြင့် ရိုက်ကူး ထား၍ မြေပပ်ကြားအက် များနှင့် လူပုံများမှာ လုံးကြွ ပေါ်လွင်လျက် ရှိသည်။

ထောင့်ဖြတ် ပုံသဏ္ဍာန် ထားသို ရိုက်ကူးထား၍ လည်းကောင်း ၊ ရှည်လျားသော အရိပ် များကြောင့် လည်းကောင်း ပုံမှာ နွေဦး သရုပ်ဖော်ပုံ ကောင်းတစ်ပုံ အဖြစ် သာမက ပန်းချီ ဆန်သော ရှုချင်စဖွယ် ပုံကောင်း တစ်ပုံအဖြစ် လည်း ခံစား ရှုမြင် နိုင်ပါသည်။ အရောင် အသွေး လှပ စုံလင်ပြီး ဓာတ်ပုံ ဆေးသား ကြည်လင် ပြတ်သား ကောင်းမွန် ပါသည်။

အထူးဆု(၂) - ဇာနည်ထွန်း (ရွှေပန်းချီ - ရမည်းသင်း )


အထူးဆု(၂) ကို ယခုလ ဒုတိယဆု ရရှိသူ ဇာနည်ထွန်း (ရွှေပန်းချီ - ရမည်းသင်း) ပင် ဖြစ်သည်။ ဒုတိယဆု ရရုံနှင့် နေရာတူ ရိုက်ယူ ထားသော ပုံကောင်း တစ်ပုံ ဖြစ်သည်။ စားရေးသူ အကြိုက် ဆိုရလျှင် ဒုတိယ ဆုရပုံထက် ယခုဆုရပုံကို ပိုမို နှစ်သက် အမှတ်ပေး ရွေးချယ် ခဲ့ပါသည်။ သို့သော် ကျန်အကဲဖြတ် များ၏ ပေးမှတ်အရ ယခုပုံမှာ အထူးဆု သာ ရယူ နိုင်ခဲ့ပါသည်။ လက်ပံပွင့် ၊ လက်ပံကိုင်း များသည် လည်းကောင်း ၊ နွား နှစ်ကောင်နှင့် နွား ကျောင်းသား သည် လည်းကောင်း ဒုတိယဆုရ ပုံထက် ပိုမို ပေါ်လွင် ပန်းချီဆန် လှပါသည်။ 

စာရေးသူ အနေဖြင့် အကြံပြု လိုသည်မှာ ဓာတ်ပုံ၏ အကြောင်းအရာ သရုပ်ဖော် မှုအား သံတူ ကြောင်းကွဲ တစ်မျိုးတည်း နှစ်ပုံ မတင်ပြ သင့်ဟု ပြောလို ပါသည်။ စိတ်ကြိုက်အဖြစ် တစ်ပုံတည်း သာ ယှဉ်ပြိုင် သည်က ပိုမို မှန်ကန် သည်ဟု အကြံပြု လိုပါသည်။ ဓာတ်ပုံ ဆေးသား ကြည်လင် လှပပါသည်။

အထူးဆု(၃) - အေးလွင်ဦး (ရွှေပန်းချီ - ရမည်းသင်း )


အထူးဆု(၃) ရရှိသူမှာ အေးလွင်ဦး (ရွှေပန်းချီ - ရမည်းသင်း ) ဖြစ်သည်။ ဆုရပုံကို ရမည်းသင်း မြို့နယ် ၊ ပေါက်အိုင် ကျေးရွာ တွင် ရိုက်ကူးသည်ဟု ဖော်ပြ ထားသည်။ အရိုး ပြိုင်းပြိုင်းဖြင့် စိန်ပန်းပင်ကြီး များ အကြား ရေအိုးဖြင့် ရေခပ် သွားသူ မိန်းမပျို ပုံဖြင့် နွေအလှကို သရုပ်ဖော် တင်ပြ ထားသည်။ ရိုက်ကူး ထားပုံမှာ သင့်ရုံမျှသာ ရှိပြီး လုံမပျို၏ ခေါင်းပေါ်မှ ရေအိုးမှာ သစ်ပင်ကိုင်း နှင့် ငြိမနေစေရန် ရိုက်ယူ ပြုပြင် သင့်ပါသည်။

ညောင်ဦးဖိုးချို ( Hon; MPS, FMPS, PMPS )

နားလည်ပေးပါအမေ


နားလည်ပေးပါအမေ

လျှိုမြောင်တောကြား ၊ ဝေးမြေခြားမှာ
သားမောင်စစ်သည် ၊ ရောက်နေသည်ကို
ကြည်ဖြူခွင့်လွှတ် ပေးပါ အမေ ... ။

စိမ့်ရေစမ်းရေ ၊ ချောင်းမြောင်းရေကို
ရလေရာက ၊ ယူငင်ရလည်း
သုံးကြသူငါ ၊ မလွှဲသာမို့
ကြည်သာ ခွင့်လွှတ်ပေးပါ အမေ ... ။

တစ်ပတ်ရိက္ခာ ၊ ကျောမှာပါလည်း
ချိန်ခါရေးခွင့် ၊ ဆင်မသင့်သော်
ချင့်ချိန်ဆန့်လျား ၊ နှစ်ပတ်စားလျက်
ညည်းတွားမဆို ၊ အဖြစ်ကိုလည်း
နှစ်လို လက်ခံပေးပါ အမေ ... ။

ကြုံရာသီးရွက် ၊ ခူးသင်ချက်လို့
မှက်ကိုက်ခြင်ကိုက် ၊ ကြမ်းစရိုက်နှင့် 
ကိုက်အောင်နေရ ၊ သားဘ၀ကို
ချိန်ဆ နားလည်ပေးပါ အမေ ... 

ပန်းနှင့်ပေါက်ရာ ၊ မဟုတ်ပါသော်
ချိန်ခါမရွေး ၊ အသက်ပေးလို့
သေဘေးကြုံနိုင် ၊ ကျိုးပြတ်နိုင်ဟု
ခိုင်ခိုင် စိတ်ဓာတ်မွေးပါ အမေ ... ။

လူငယ်စရိုက် ၊ အပျော်ကြိုက်လည်း
မကြိုက်နိုင်ပုံ ၊ သနစ်စုံကို
ယုံကြည် လက်ခံပေးပါ အမေ ... ။

လူမှာယောက်ျား ၊ သားမှာစစ်သည်
တိုင်းပြည်ကုံလုံ
လုံခြုံအေးချမ်း ၊ ဘေးမသန်းဖို့
ပန်းချင်ပန်းစေ ၊ သားတို့တွေသည်
စစ်မြေထွက် နေရပါကြောင်း ။ ။

မောင်စိမ်းနောင် (လယ်ဝေး)

( ၂၀၁၄ ခုနှစ် မတ်လထုတ် မြ၀တီရသစုံ မဂ္ဂဇင်း ကဗျာကဏ္ဍ မှ )


မြ၀တီနေ့စဉ်သတင်းစာ (၂၅-၂-၂၀၁၄) အင်္ဂါနေ့



Download Links

Monday, February 24, 2014

ကျန်းမာခြင်းသည် ပထမ ၊ ချမ်းသာခြင်းသည် ဒုတိယ


ကျန်းမာခြင်းသည် ပထမ ၊ ချမ်းသာခြင်းသည် ဒုတိယ

ချမ်းသာ ကြွယ်ဝသော သူဌေးကြီး တစ်ဦးသည် မိမိ တိုက်ပေါ်မှ နေ့စဉ် မြင်တွေ့ နေရသော လက်လုပ် လက်စား ဆင်းရဲသား များကို သနား ကြင်နာ စိတ်များ ဖြစ်ပွား နေခဲ့သည်ဟု ဆိုသည်။ အထူးသဖြင့် သူ့တိုက်ရှေ့ လမ်း တစ်ဘက်ခြမ်း ရှိ အများသုံး ရေကန်တွင် နေ့စဉ် တွေ့ရသည့် ရေစည် တွန်းလှည်း သမားတစ်ဦး နှင့် အဝတ်လျှော် သမ တစ်ဦးတို့မှာ နံနက် လင်းသည်မှ ညနေ နေဝင်ချိန် အထိ အလုပ်လုပ် ကြရင်း ဘဝကို ရုန်းကန် နေကြ သူများ ဖြစ်သည်ကို သတိထား မိနေသည်။

ထိုသူဌေးကြီး သည် အဝလွန်ပြီး ရောဂါ အမျိုးမျိုး ဝင်လာရာမှ တစ်နေ့တွင် လေဖြတ် ဝေဒနာ ခံစား ရလေရာ ငွေကုန် ကြေးကျ ခံပြီး နိုင်ငံခြား တိုင်းပြည်မှ ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူခဲ့ သော်လည်း အသက် မသေသည်မှ လွဲ၍ ဒုက္ခိတ ဘဝ ရောက်ခဲ့ ရလေ သည်။ သူသည် မိမိအိမ် မှာပင် လမ်း မလျှောက်နိုင် ဝှီးချဲခေါ် တွန်းလှည်း ဖြင့် သွားရသည့် ဘဝသို့ ရောက်ခဲ့ လေသည်။

သူဌေးကြီး သည် ယခင်က မြင်တွေ့ နေကျ မိမိအိမ်ရှေ့ မှ မြင်ကွင်း များကို ကြည့်ရှုသော အခါ လမ်းတစ် ဘက်ခြမ်းရှိ ရေကန်တွင် ရှေးက မြင်တွေ့ နေကျ ရေစည် တွန်းလှည်း သမားနှင့် အဝတ်လျှော် သမ တို့ကို တွေ့ရပြန် လေသည်။ သို့သော် ယခင်က အမြင်နှင့် ယခုအမြင်မှာ မတူတော့ သွက်လက်စွာ အလုပ်လုပ် နေကြ သူတို့၏ ကျန်းမာရေး ကောင်းပုံကို အားကျ နေမိသည်။ မိမိမှာ သူများ ထူမှ တွဲမှ ထရထိုင်ရ သည့်ဘဝ ဖြစ်နေသည်။ တစ်ချိန်က သူတို့ ဆင်းရဲသည်ကို သနားမိ ခဲ့သည်။ ယခု အခါ မိမိကိုယ် မိမိသာ သနားစရာ အဖြစ် မြင်လာ မိသည်။ ထိုသူများ ကဲ့သို့ ရေတစ်ပုံး သယ်နိုင်သည့် ဘဝ အဝတ်တစ်ထည် လျှော်နိုင်သည့် ဘဝကို မိမိ စည်းစိမ်ဖြင့် လဲချင်သည့် စိတ်များ ဖြစ်ပေါ် လာမိသည်ဟု ဆိုသည်။

အထက် ဖော်ပြပါ အကြောင်းအရာ များသည် စိတ်ကူးယဉ် မဟုတ် လေဖြတ် ထားသူ ချမ်းသာ ကြွယ်ဝသူ တစ်ဦးမှ ကိုယ်တွေ့ ပြောပြသော ခံစားချက်များ ဖြစ်သည်။ ကျန်းမာခြင်း ၏ တန်ဖိုးကို မကျန်းမာသော အခါမှ သိရသည် ဟူသော စကားမှာ အမှန်ပင် ဖြစ်ကြောင်း ထိုသူ၏ ဥပမာကို ကြည့်ခြင်းဖြင့် သိနိုင် ပေသည်။

လူဖြစ် လာသောအခါ ကြီးပွားကြောင်း၊ တိုးတက်ကြောင်း နီတိ များက ဖော်ပြရာတွင် ပထမ အရွယ် ပညာရှာ၊ ဒုတိယ အရွယ် ဥစ္စာရှာ၊ တတိယ အရွယ် တရားရှာ ဟု ရေးသား ထားသည်ကို တွေ့ရသည်။ ကျန်းမာရေး ကို မေ့လျော့ ထားသကဲ့သို့ ဖြစ်နေ လေရာ ကျန်းမာရေး နှင့် ချမ်းသာရေး သည် အတူ ယှဉ်တွဲ နေမှသာ ဘဝအတွက် စိတ်ချရမည် ဖြစ်သည်။ ကျန်းမာရေး ကို ငယ်စဉ်က ဂရုမစိုက် ခဲ့ဘဲ အရွယ်လွန်မှ ဂရုစိုက် လျှင် မဖြစ်နိုင်ပေ။ မဆင်မခြင် စားသောက် ခဲ့သူ တစ်ဦးသည် အလွန်ဝ လာပြီးမှ ဝိတ်ချလျှင် အလွယ်တကူ ပြန်မကျ နိုင်သည်ကို သတိပြုဖို့ လိုသည်။

စည်းစိမ် ချမ်းသာ နောက်သို့ သဲသဲမဲမဲ လိုက်ရင်း အချိန်တွေ ကုန်ကာ တစ်ဖက်မှ ကျန်းမာရေး မလိုက်စားခဲ့၊ လမ်းလျှောက် ဖို့ပင် အချိန် မပေး နိုင်သူများမှာ အသက်အရွယ် ရ၍ အကျပိုင်း ရောက်လာ သောအခါ ရောဂါတွေ တစ်ပွေ့ တစ်ပိုက် နှင့် ဒုက္ခရောက် ရတတ်သည်။ မိမိ ဘဝ တစ်လျှောက် ရှာဖွေခဲ့ သမျှ စည်းစိမ် များမှာ ဆေးကုဖို့ ဖြစ်သွားရ သူများလည်း ရှိသည်။ ဆေးဖိုးဝါးခ ဟူသော စကားသည် လွယ်လွယ် နှင့် ပြီးမြောက် သွားသည့် စကား မဟုတ်ချေ။ ယခုခေတ်တွင် ရောဂါကြီး တစ်ခု အတွက် ငါးနှစ် ၁ဝ နှစ်ဆက်ပြီး အသက် ရှည်ဖို့ နေအိမ်ကိုပါ ရောင်းပြီး မြို့သစ်သို့ ပြောင်းကာ ဆေးကုရသူ များစွာ တွေ့ရဖူး ပါသည်။

အသည်း၊ နှလုံး၊ ကျောက်ကပ် ကိုပင် အစားထိုး နိုင်သော ဆေးပညာ များ ပေါ်လာပြီ ဆိုသော်လည်း ကုန်ကျမည့် ငွေကြေးမှာ တစ်သက်တာ ရှာသမျှ ကုန်သွား နိုင်သည်ကို သတိပြု၍ ကျန်းမာခြင်း သည် ပထမ၊ ချမ်းသာခြင်း သည် ဒုတိယ ဖြစ်ကြောင်း ဆင်ခြင် မြော်မြင် နိုင်ရေး တင်ပြ လိုက်ရ ပါသည်။

(ကြည်လွင်မြင့် - မုဒြာ)

အခွင့်အလမ်းကောင်းများကို ရယူ


အခွင့်အလမ်းကောင်းများကို ရယူ

လူတိုင်း လူတိုင်းသည် မိမိတို့၏ လူမှု စီးပွားဘဝ ရပ်တည် နေထိုင်ရေး အတွက် တိုးတက်ရာ တိုးတက်ကြောင်း အလုပ်အကိုင် အခွင့်အလမ်း ကောင်းများကို စောင့်မျှော် နေထိုင်ရင်း အခြေအနေ ကောင်းများ ပေးလာပါက အရယူတတ် ကြသည်။

အတတ်ပညာကို လိုသူများက အတတ်ပညာ ပေးမည့် အတတ် ပညာရှင် များအား ချဉ်းကပ် ကြရသည်။ စီးပွားရေး၊ ကျန်းမာရေး စသည့် အခြားသော တိုးတက်မှု ဆိုင်ရာ အလုပ်အကိုင် အခွင့် အလမ်းသစ် ရယူလို သူများက အခွင့်အလမ်း ကောင်း ရရှိမည့် နေရာများသို့ အဆက်အသွယ် ကောင်းများ ရှာ၍ သွားကြ ရသည်။ ထို့ပြင် ချမ်းသာခြင်းကို အလိုရှိ သူများက ချမ်းသာ နိုင်မည့် အကြောင်း တရားများကို ရှာဖွေကြ ရသည်။

လူတို့ အနေဖြင့် အဆိုပါ တန်ဖိုးရှိသော စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသော အလုပ်အကိုင် အခွင့် အလမ်းကောင်း အမျိုးမျိုးကို မျှော်လင့် တောင့်တ နေကြ ရသော်လည်း ရချင်မှ ရတတ် ကြသည်။ မမျှော်လင့် သော်လည်း ရတတ်၏။ အခွင့် အလမ်းကောင်း များသည် မျှော်လင့်ချက် ထား၍ ရတန် ကောင်းသော အရာ မဟုတ်ပေ။ အခွင့်အလမ်း ကို ရယူ နိုင်အောင် ကြိုးစား တတ်သူ များသာ အခွင့် အလမ်းကို ရရှိတတ် ကြသည်။ တစ်ဖန် အခွင့် အလမ်းကောင်း ရရှိရန် လုံ့လ၊ ဝီရိယ တည်းဟူသော ကြိုးစား အားထုတ်မှု ရှိရန်လည်း အထူး လိုအပ်သည်။ ဝီရိယ ထုတ်မှု အားကောင်းလျှင် အခွင့်အလမ်း ကောင်းများတွေ့ရမည် ဖြစ်သည်။ အခွင့်အလမ်း သည် ဝီရိယ သမားများ အတွက် အသင့်ရှိ နေပြီး ဖြစ်သည်။ အချို့ သူများသည် အခွင့် အလမ်းကောင်း မှန်း သိသော်လည်း လုံ့လ၊ ဝီရိယ မရှိသဖြင့် လွဲချော် တတ်သည်။

အခွင့်အလမ်း ဆိုသည့် ရှေ့တွင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တိုးတက်ရေး ဟူသော စကားရပ် ထည့်၍ သုံးလျှင် စီးပွားရေး အခွင့်အလမ်း၊ ပညာရေးအခွင့်အလမ်း၊ ကျန်းမာရေး အခွင့်အလမ်း၊ တိုးတက်ရေး အခွင့်အလမ်း စသည်ဖြင့် တန်ဖိုးရှိသော စကားရပ်များ ထွက်ပေါ် လာရသည်။ ထို့ကြောင့် အခွင့်အလမ်း ဟူသော စကားရပ်သည် အသုံး တွင်ကျယ် သလောက် တန်ဖိုးလည်း ရှိ၏။ တွန်းအား ကိုလည်း ဖြစ်စေသည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်း အနေဖြင့် အခွင့် အလမ်းကောင်း များကို အလိုရှိပါမူ အခွင့်အလမ်း ကို အမိအရ စွဲကိုင် တတ်သည့် အလေ့အကျင့်၊ အခွင့်အလမ်း များကို ချဉ်းကပ် တတ်သော ဉာဏ် အမြော်အမြင်၊ အခွင့်အလမ်း ကို ရယူ နိုင်မည့် လုံ့လ၊ ဝီရိယ စသည်တို့ကို ကြိုးစား မွေးမြူသင့် ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။ 

လက်တွဲကြိုးပမ်းဆောင်ရွက်


လက်တွဲကြိုးပမ်းဆောင်ရွက်

နိုင်ငံတော် သည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက် မှုများ နှင့်အတူ ကဏ္ဍစုံ အထွေထွေ ပြုပြင် ပြောင်းလဲမှု များကို အခြေခံမှ စတင် ပြောင်းလဲ နိုင်ရေး အတွက် မူဝါဒများ ချမှတ် ဆောင်ရွက် ခဲ့ပြီး ယခုအခါ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် အဆင့်ဆင့် နှင့် ဖြစ်ထွန်းမှု များသည် လမ်းကြောင်း မှန်ပေါ် ရောက်ရှိ နေပြီ ဖြစ်သည်။

နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး အနေဖြင့် ရေရာ သေချာမှု ရှိသည့် နိုင်ငံရေး ပုံစံသစ် တစ်ရပ်ကို တည်ဆောက် နေပြီး အသွင် ကူးပြောင်းရေး အတွက် အဓိက လိုအပ်ချက် ဖြစ်သော နိုင်ငံရေး တည်ငြိမ်မှု နှင့် ဒီမိုကရေစီ အသက်ဝင် ရှင်သန်ရေး အတွက် အရေးကြီး သည့် နိုင်ငံရေး တက်ကြွ နိုးကြားမှု တို့ကို ဆက်လက် ထိန်းသိမ်းပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် များကို ဆောင်ရွက်လျက် ရှိနေသည်။

စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် ဈေးကွက် စီးပွားရေး စနစ် ရှင်သန်ပြီး နိုင်ငံသားတိုင်း မျှဝေ ခံစားနိုင်သော အခွင့် အလမ်းများ ဖန်တီး ပေးနိုင်မည့် အခြေခံ ကောင်းများကို တည်ဆောက် ပေးလျက် ရှိသည်။ ထို အခွင့်အလမ်း ကောင်းများကို အမိအရ လုပ်ကိုင် နိုင်ရန် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ လက်တွဲ ကြိုးပမ်း သွားကြ ရမည် ဖြစ်သည်။

နိုင်ငံတော် သည် ကမ္ဘာ့ နိုင်ငံများက ချမှတ် ကျင့်သုံး ခဲ့သော စီးပွားရေး အရေးယူ ပိတ်ဆို့မှု များကို ဖယ်ရှားရန် နည်းလမ်း ပေါင်းစုံနှင့် ကြိုးပမ်း၍ အောင်မြင်စွာ ဆွေးနွေး ညှိနှိုင်း ခဲ့သည်။ ပြည်တွင်း ထုတ်လုပ်မှု နှင့် လုပ်ငန်းရှင် များအတွက် ပြည်ပ ပို့ကုန် လုပ်ငန်း များတွင် အားသာမှု ရရှိစေရန် ဥရောပ သမဂ္ဂ၏ GSP ကဲ့သို့ အခွန် လျှော့ပေါ့ ကင်းလွတ်ခွင့် များ ဆောင်ရွက် နိုင်ခဲ့သည်။ ထိုသို့ ဆောင်ရွက် နိုင်ခဲ့၍ နိုင်ငံတကာ ဈေးကွက် များနှင့် ချိတ်ဆက် သည့်အခါ ပိုမို လွယ်ကူပြီး ပို့ကုန် သွင်းကုန် လုပ်ငန်းများ အတွက် အကျိုး ကျေးဇူး များစွာ ဖြစ်ထွန်း စေခဲ့သည်။

ခေတ် အဆက်ဆက် က ရှင်းလင်း ဆောင်ရွက် နိုင်ခဲ့ခြင်း မရှိခဲ့သော နိုင်ငံတကာ ကြွေးမြီကိစ္စ ရပ်များလည်း အောင်မြင်စွာ ဆွေးနွေး ညှိနှိုင်း နိုင်ခဲ့သည့် အတွက် အနာဂတ် ကာလတွင် မြန်မာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ငွေကြေး အရင်းအနှီး စုဆောင်းမှု နှင့် ချေးငွေများ ရရှိနိုင်သည့် အခြေအနေ ကောင်းကို ရရှိနေပြီ ဖြစ်သည်။ ထို အကျိုးရလဒ် များကို ပြည်သူ တစ်ရပ်လုံး လက်တွေ့ ကျကျ ရရှိခံစား နိုင်စေရေး အတွက် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ လက်တွဲ ကြိုးပမ်း ဖော်ဆောင် သွားကြ ရမည် ဖြစ်သည်။

မကြာမီ လက်တွေ့ အကောင် အထည်ဖော် တော့မည့် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဧရိယာ ( AFTA ) နှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဆိုင်ရာ ကဏ္ဍ များတွင် လည်း မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခွင့်ရသော အချိန်နှင့် တိုက်ဆိုင် နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ တွင် အခြေစိုက် သည့် စီးပွားရေး လုပ်ငန်းများ အနေဖြင့် အားသာချက် များစွာ ရရှိမည် ဖြစ်သည်။

အခြေခံ လူတန်းစား များ၏ ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှု များကို အခြေပြု၍ စီးပွားရေး ကဏ္ဍ အသီးသီးမှ အလယ် အလတ်နှင့် အကြီးစား စီးပွားရေး လုပ်ငန်းရှင် များက ထုတ်လုပ်မှု ကွင်းဆက် (Value Chain) တွင် ဈေးနှုန်း တန်ဖိုး ကွင်းဆက် (Supply Chain) ညီညွတ် မျှတရေးကို ပူးပေါင်း ဆောင်ရွက် သွားကြ ရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ က အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူ ချိန်တွင် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် များ၏ စွမ်းဆောင်ရည် ကိုပြသ၍ မြန်မာ နိုင်ငံ၏ စီးပွားရေး အောင်မြင်မှု နှင့် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက် မှုတို့ကို ဖော်ဆောင်ရန် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ က လက်တွဲ ကြိုးပမ်း ဆောင်ရွက် သွားကြ ရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

ရေကို စနစ်တကျ သုံးစွဲရန်လို


ရေကို စနစ်တကျ သုံးစွဲရန်လို

လူသားများ အတွက် အဓိက လိုအပ်ချက် ဖြစ်သည့် ရေကို သဘာဝ တရားက လုံလောက်စွာ ပေးအပ် ထားသော်လည်း လူတို့၏ စည်းကမ်းမဲ့ လုပ်ဆောင်မှု များကြောင့် လည်းကောင်း၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှု များကြောင့် လည်းကောင်း၊ ကမ္ဘာပေါ်ရှိ ရေချို အရင်းအမြစ် များလျော့နည်း လာလျက် ရှိနေသည်။ ထိုကဲ့သို့ ဆက်လက် လျော့နည်း သွားပါက ၂ဝ၁၅ ခုနှစ် ရောက်လျှင် ကမ္ဘာ့ လူဦးရေ ၁ ဒသမ ၈ ဘီလီယံ သည် ရေရှားပါးမှု နှင့်ကြုံတွေ့ ရမည် ဖြစ်ပြီး ကမ္ဘာ့ လူဦးရေ၏ သုံးပုံ နှစ်ပုံသည် ရေမလုံလောက် မှုများနှင့် ရင်ဆိုင် ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ မှ ခန့်မှန်း ထားသည်။

ကမ္ဘာ့ ရေအရင်းအမြစ် များ လျော့နည်း လာရသည့် အကြောင်းရင်း များမှာ ကမ္ဘာ့ လူဦးရေ တိုးတက် များပြားလာမှု ကြောင့် ရေသုံးစွဲမှု များပြား လာခြင်း၊ ကမ္ဘာ့နိုင်ငံ အများအပြား ဖွံ့ဖြိုး တိုးတက်လာမှု နှင့်အတူ ရေပိုမို သုံးစွဲလာခြင်း၊ ရေသုံးစွဲသူအများစု၏ ရေသုံးစွဲ ခြင်းထက် ဖြုန်းတီးမှု ဖြစ်နေခြင်း၊ ရေပေါများရာ ဒေသမှ လူများက ရေကို လိုသည်ထက် ပိုမို သုံးစွဲနေခြင်း၊ မြို့ပြများ၌ ရေပေး ဝေရာတွင် စီမံခန့်ခွဲမှု အားနည်း သောကြောင့် ရေဖြုန်းတီး မှုများ ဖြစ်ပေါ် နေခြင်း၊ မြို့ပြများတွင် မြေအောက်ရေ အလွန်အကျွံ ထုတ်ယူ သုံးစွဲမှုကြောင့် မြေအောက်ရေ အရည်အသွေး ကျဆင်းခြင်း နှင့် ကောက်ပဲ သီးနှံများ စိုက်ပျိုးရာတွင် လိုအပ် သည်ထက် ပိုမိုသုံးစွဲ နေခြင်း တို့ကြောင့် ဖြစ်သည်။

ထို့ပြင် စက်ရုံ အလုပ်ရုံ များမှ စွန့်ပစ်ရေများ၊ စွန့်ပစ် ပစ္စည်းများကို မဆင်မခြင် စွန့်ပစ်မှု များကြောင့် ရေကောင်း၊ ရေသန့် များသည် အသုံးပြု၍ မရသည့် ညစ်ညမ်းရေ ဖြစ်သွားခြင်း၊ စိုက်ပျိုးမြေ များ၌ ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေး များကို ထိန်းထိန်း သိမ်းသိမ်း မသုံးစွဲ သောကြောင့် မြစ်၊ ချောင်း၊ အင်းအိုင်များမှ ရေများ ညစ်ညမ်းမှု ဖြစ်ပေါ် စေခြင်း တို့လည်း ပါဝင်သည်။

ထို အကြောင်း ခြင်းရာ များသည် လူတို့ တစ်ဦးချင်း သော် လည်းကောင်း၊ အဖွဲ့အစည်း များဖြင့် သော် လည်းကောင်း၊ အခက်အခဲ မရှိ ဖြေရှင်း နိုင်သည့် အကြောင်း ခြင်းရာများ ဖြစ်သည်။ ကိုယ်ကျိုး မဖက် စိတ်ရင်း စေတနာ ကောင်းဖြင့် ဖြေရှင်း သွားရန်သာ လိုသည်။ တစ်ဦးချင်း စီမှ မိသားစု ဆွေမျိုး သားချင်းများ၊ ထိုမှ တစ်ဆင့် ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြများ အထိ ကိုယ်ကျိုး မဖက်ဘဲ စိတ်ရင်း စေတနာ ကောင်းများဖြင့် ဆောင်ရွက် သွားကြ ရမည် ဖြစ်သည်။ တစ်ဖက်မှ လည်း ရေ၏ တန်ဖိုးကို သိရှိပြီး ရေကို အလေးထား သူများပြား လာစေရန် အသိ ပညာပေး လုပ်ဆောင် သွားကြ ရမည် ဖြစ်သည်။

သို့ဖြစ်ရာ စိုက်ပျိုးရေ၊ သောက်သုံးရေ ဖူလုံရေး အတွက် လိုအပ်ချက် ရှိသော ဒေသများသို့ ဦးစားပေး၍ ရေရရှိရေး ဆောင်ရွက် ပေးနေချိန်တွင် ပြည်သူ အားလုံး ကလည်း ရေကို ရွှေကဲ့သို့ တန်ဖိုးထား စနစ်တကျ သုံးစွဲကာ ဖြုန်းတီးမှု မဖြစ်စေရန် သတိပြု ကြရမည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger