www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 20, 2015

လောက်ကိုင်ဒေသအား MNDAA သောင်းကျန်းသူများက ၀င်ရောက် တိုက်ခိုက်မှုအပေါ် တပ်မတော်မှ ပြန်လည်တိုက်ခိုက် ချေမှုန်း၍ တည်ငြိမ်အေးချမ်းမှု ရရှိရေး ကြိုးပမ်းလုပ်ဆောင်



နေပြည်တော် ၊ ၂၀-၉-၂၀၁၅

ဖုန်ကြားရှင် ဦးဆောင်သော MNDAA သောင်းကျန်းသူ များသည် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့ မတိုင်မီ လောက်ကိုင်မြို့ အား သိမ်းပိုက်ပြီး အစိုးရအပေါ် နိုင်ငံရေးအရ အကျပ်ကိုင်၍ မတရား အခွင့်အရေးများ တောင်းဆိုနိုင်ရန် အတွက် ကြိုတင် စီမံကာ လောက်ကိုင်ဒေသ အတွင်း စိမ့်ဝင်ခဲ့သည်။ ဖေဖော်ဝါရီ ၉ ရက်တွင် တောက်ရွှေကျေးရွာ၊ မော်ထိုက် ကျေးရွာနှင့် (၁၈) မိုင်လမ်းဆုံ တို့တွင် လည်းကောင်း၊ ဖေဖော်ဝါရီ ၁ဝ ရက်တွင် လောက်ကိုင်မြို့၊ ကုန်းကြမ်းမြို့ နှင့် လောက်ကိုင် ဒေသ နေရာအနှံ့အပြား တို့တွင် လည်းကောင်း ကြိုတင်စီမံ ထားသည့်အတိုင်း စတင် တိုက်ခိုက်၍ ဒေသ တစ်ခုလုံးကို သိမ်းပိုက် ထိန်းချုပ်နိုင်ရေး ကြိုးစား လာခဲ့သည်။

သို့ဖြစ်၍ လောက်ကိုင်ဒေသ အချုပ်အခြာ အာဏာ ကာကွယ် စောင့်ရှောက် နိုင်ရန်နှင့် တည်ငြိမ် အေးချမ်းရေး အတွက် တပ်မတော် အနေဖြင့် လိုအပ်သော အုပ်ချုပ် ထောက်ပံ့မှုနှင့် အင်အား ဖြည့်တင်းခြင်း ကို လေယာဉ်၊ ရဟတ်ယာဉ်၊ မော်တော်ယာဉ်များ အသုံးပြု၍ အချိန်မီ ဆောင်ရွက်ခဲ့ပြီး ပစ်ကူပစ်အား အတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများကို အပြည့်အဝ အသုံးပြုကာ MNDAA သောင်းကျန်းသူ များကို အပြင်းအထန် တိုက်ခိုက် ချေမှုန်းခဲ့သည်။

သောင်းကျန်းသူ များသည် လောက်ကိုင်မြို့ကို သိမ်းပိုက်ရရှိ ရေးအတွက် ဖေဖော်ဝါရီ ၁ဝ ရက် မှစတင်၍ တပ်ဌာနချုပ်များ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လုံခြုံရေး ဆောင်ရွက်ရာ နေရာများနှင့် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံး များကို ဝင်ရောက် တိုက်ခိုက် ခဲ့သည်။ ထို့အပြင် တိုက်ပွဲများကြောင့် တည်ငြိမ်မှု ပျက်ပြားသည်ကို အခွင့်ကောင်း ယူ၍ MNDAA သောင်းကျန်းသူ များက တပ်ရင်းမှူး အဆင့်ရှိ ကော်စစ်ချီ ဦးဆောင်သော အင်အားစု များကို မြို့ခံ အရပ်သား အသွင်ဖြင့် မြို့တွင်း၌ လှုပ်ရှားခဲ့ သဖြင့် မြို့တွင်းတိုက်ပွဲ များလည်း ဖြစ်ပွားခဲ့သည်။ တပ်မတော်မှ လိုအပ်သော စစ်ကူအင်အား ဖြည့်တင်း၍ စနစ်တကျ ရှင်းလင်း တိုက်ခိုက် ခဲ့သဖြင့် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍ မြို့တည်ငြိမ်ရေး အတွက် လောက်ကိုင်မြို့ကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့သည်။ ၄င်းအပြင် မတ် ၆ ရက်တွင် ရန်လုံကျိုင်း နယ်စပ် စစ်ဆေးရေး ဂိတ်ကို ပြန်လည် ဖွင့်လှစ် နိုင်ခဲ့ပြီး ရွှေ့ပြောင်း လုပ်သားများ အပါအဝင် တိုက်ပွဲရှောင် အိမ်ထောင်စုများ လောက်ကိုင်မြို့ သို့ ပြန်လည်ရောက်ရှိ နေထိုင်ခဲ့ ကြသည်။

ထို့အပြင် MNDAA သောင်းကျန်းသူ များသည် ဖေဖော်ဝါရီ ၉ ရက်မှစ၍ မော်ထိုက် ကျေးရွာရှိ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးစခန်း များကို ဝင်ရောက် တိုက်ခိုက်ပိတ်ဆို့ ထားခဲ့ရာ တပ်မတော်မှ စစ်ကူအင်အား အမြန်ဆုံး ဖြည့်တင်းပြီး တိုက်ခိုက် ချေမှုန်းခဲ့ သဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် မော်ထိုက်ဒေသ ကို ထိန်းချုပ် နိုင်ခဲ့သည်။

လောက်ကိုင်ဒေသ အတွင်း MNDAA သောင်းကျန်းသူ များမှဝင်ရောက် တိုက်ခိုက် လာသဖြင့် ဒေသအတွင်းရှိ ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် နိုင်ငံတော် အစိုးရက ဖေဖော်ဝါရီ ၁၇ ရက်တွင် လောက်ကိုင် ဒေသကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ခဲ့သည်။ MNDAA သောင်းကျန်းသူ များသည် ညံခွမ်းဒေသ တွင်လည်း (၁၈)မိုင်လမ်းဆုံ တစ်ဝိုက်နှင့် (၂၃) မိုင် အနီးရှိ တောင်ကုန်းများတွင် အခိုင်အမာခံ စစ်ယူထားလျက် ရှိရာ တပ်မတော်မှ ဖေဖော်ဝါရီ ၁ဝ ရက်မှစတင်ကာ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူ ရယူ၍ တိုက်ခိုက် ချေမှုန်းခဲ့ရာ ဖေဖော်ဝါရီ ၂၅ ရက်တွင် ညံခွမ်းဒေသ ကို တပ်မတော် စစ်ကြောင်းများက ထိန်းချုပ်စိုးမိုး နိုင်ခဲ့သည်။

ထို့အပြင် MNDAA သောင်းကျန်းသူ များသည် တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှား ချီတက်မှုများ သာမက စစ်ပွဲနှင့် မသက်ဆိုင်သော လူမှုရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ တို့၏ ယာဉ်တန်းများ ကို နှောင့်ယှက် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ သဖြင့် ဖေဖော်ဝါရီ ၂၁ ရက်တွင် လောက်ကိုင်- တာရွှေထန်- (၁၈)မိုင်- ညံခွမ်း ကားလမ်းကို တိုက်ခိုက် ထိန်းချုပ် နိုင်ခဲ့သည်။ အလားတူ MNDAA သောင်းကျန်းသူ များသည် လောက်ကိုင်မြို့ ကို သိမ်းပိုက်နိုင်ရေး ကြိုးစားနေချိန် တွင် တစ်ဖက်မှလည်း ကုန်းကြမ်းမြို့ အနီးတစ်ဝိုက်သို့ ချဉ်းကပ်၍ ၄င်းတို့၏ အင်အားစု များဖြင့် ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်ကာ ကုန်းကြမ်းရှိ တပ်ရင်း ဌာနချုပ်ကို ဝင်ရောက် တိုက်ခိုက် ခဲ့သည်။ တပ်မတော်မှ ကုန်းကြမ်းသို့ စစ်ကြောင်းများ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် များဖြင့် အင်အားဖြည့်တင်း ၍ ပြန်လည် တိုက်ခိုက်ချေမှုန်း ခဲ့သည်။ မတ် ၁ ရက်တွင် လောက်ကိုင်- ကုန်းကြမ်း ကားလမ်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး မတ် ၁၈ ရက်တွင် လော်ကွာကျိုင်း ဒေသတစ်ဝိုက် ရှိ ပွိုင့်- ၁၇၂၁ တောင်ကုန်းနှင့် ပွိုင့်- ၁၉၆၅ တောင်ကုန်း အပါအဝင် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများ၊ သောင်းကျန်းသူ အခြေပြု စခန်းများကို သိမ်းပိုက် ရရှိခဲ့ကာ ကုန်းကြမ်း၊ လော်ကွာကျိုင်း ဒေသကို တပ်မတော် စစ်ကြောင်းများက ထိန်းချုပ်စိုးမိုး နိုင်ခဲ့သည်။

ထို့အပြင် ရှင်ခုတ်ထန် ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသ ရှိ တောင်ကုန်းများတွင် အခိုင်အမာ အခြေပြု ခံစစ်ဆင်နေသော MNDAA သောင်းကျန်းသူ များကို တပ်မတော်က မတ် ၁၆ ရက်မှစ၍ လေကြောင်းပစ်ကူ၊ သံချပ်ကာ ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ ရယူ၍ စနစ်တကျ ဟန်ချက်ညီကာ တိုက်ခိုက်ချေမှုန်း ခဲ့ရာ ဧပြီ ၁၅ ရက်တွင် ပွိုင့် - ၁၄၆၈၊ ပွိုင့် - ၁၄၇၉၊ ပွိုင့် - ၁၅၆၄၊ ပွိုင့်- ၁၅၅၃ ၊ ပွိုင့် - ၁၈၅၉ ၊ ပွိုင့်-၁၇၅၃ တောင်ကုန်းများ အပါအဝင် ပါစင်ကျော် ဒေသ၊ ရှင်ခုတ်ထန် ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသ တစ်ခုလုံးကို သိမ်းပိုက် ထိန်းချုပ် နိုင်ခဲ့သည်။

MNDAA သောင်းကျန်းသူ များသည် တပ်မတော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် နယ်မြေ ကျဉ်းမြောင်း လာသဖြင့် တိုက်ခိုက်ရေး အင်အားများကို စုစည်းကာ မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်အမှတ် (၁၁၉) အနီးရှိ တောင်ကုန်း များတွင် အခြေပြုခံ စစ်ဆင်ရန် စီမံခဲ့သည်။ ထို့ကြောင့် တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ ရယူ၍ တိုက်ခိုက် ချေမှုန်းခဲ့သည်။ ထိုသို့ တိုက်ခိုက်ချေမှုန်း ခဲ့မှုကြောင့် စီကော်လျံ ဒေသရှိ ပွိုင့် -၁၇၉၈၊ ပွိုင့်- ၂ဝဝ၂ နှင့် ပွိုင့် - ၂ဝ၁၄ တောင်ကုန်း များကို သိမ်းပိုက် ရရှိခဲ့ပြီး မေ ၁၄ ရက်တွင် ၄င်းဒေသ၏ အချက်အချာ နေရာဖြစ်သော နယ်နိမိတ် မှတ်တိုင်အမှတ် (၁၁၉) အနီးရှိ ပွိုင့် ၂၂ဝ၂ တောင်ကုန်းကို အောင်မြင်စွာ သိမ်းပိုက်ရရှိ ခဲ့သည်။

ထို့အပြင် ရှင်ခုတ်ထန် ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသ တို့မှ ဆုတ်ခွာလာသော MNDAA သောင်းကျန်းသူ များသည် နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်အမှတ်(၁၁၁) မှ ဝင်ရောက်ပြီး မာလုရွှေ ကျေးရွာ၏ အရှေ့ဘက်ရှိ တောင်ကုန်းများတွင် အခြေပြု ခံစစ်ဆင်လာ သဖြင့် တပ်မတော်မှ လောက်ကိုင် ဒေသအတွင်း သောင်းကျန်းသူ များကို အမြစ်ပြတ် ချေမှုန်းနိုင်ရေး ဆက်လက် ဆောင်ရွက် ခဲ့သည်။

ထို့ကြောင့် မာလုရွှေကျေးရွာ ဝန်းကျင်ရှိ သောင်းကျန်းသူ များကို လေကြောင်း ပစ်ကူနှင့် လက်နက်ကြီး ပစ်ကူများ ရယူ၍ တိုက်ခိုက် ချေမှုန်းခဲ့ရာ မေ ၁၂ ရက်တွင် ပွိုင့်-၁၆ဝ၇၊ ပွိုင့်-၁၇ဝ၉ တောင်ကုန်းတို့ အပါအဝင် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်း များကို သိမ်းပိုက် နိုင်ခဲ့သည်။ ထို့အပြင် မေ ၂၈ ရက်တွင် တာဖျင်ကျိုင်း ကျေးရွာ အရှေ့ဘက် နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်အမှတ် (၁၁၃) အနီးရှိ သောင်းကျန်းသူ များကိုလည်း တိုက်ခိုက်ချေမှုန်း နိုင်ခဲ့သည်။

လောက်ကိုင်ဒေသ အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွား ခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်မှ ယနေ့အထိ စုစုပေါင်း ထိတွေ့တိုက်ပွဲ ၄၈၃ ကြိမ် ဖြစ်ပွားခဲ့ပြီး MNDAA သောင်းကျန်းသူ များထံမှ အလောင်း ၂၂၆ လောင်း (အလောင်းရ) ၊ လက်နက်မျိုး စုံ ၄၅၂ လက်၊ ကျည်မျိုးစုံ ၉၄၈၇၂ တောင့်၊ ကျည်အိမ်မျိုးစုံ ၇၅၂ခု၊ လက်ပစ်ဗုံး ၁ဝ၁၉ လုံး၊ ဗုံးသီး/ဒုံးသီး မျိုးစုံ ၂၉၅ လုံး၊ မိုင်းမျိုးစုံ ၂၂၉ လုံး၊ ဆက်စပ် ပစ္စည်းများ၊ ကျည်ကာ အင်္ကျီများ၊ မော်တော်ယာဉ် ငါးစီး ၊ မော်တော် ဆိုင်ကယ် ခုနစ်စီးနှင့် ဘက်ဟိုး တစ်စီးတို့ကို သိမ်းဆည်း ရမိခဲ့ပြီး သောင်းကျန်းသူ ၄၈ ဦးကို ဖမ်းဆီး ရမိခဲ့သည်။ တပ်မတော် မှလည်း အရာရှိ၊ စစ်သည်များ နိုင်ငံတော် အတွက် အသက်ခန္ဓာ စွန့်လွှတ် ပေးဆပ်မှုများ ရှိခဲ့သည်။




MNDAA သောင်းကျန်းသူ များသည် လောက်ကိုင်ဒေသ အတွင်း ဒေသခံ တိုင်းရင်းသား များနှင့် ရောနှော နေထိုင်၍ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်း များကို ယောင်ပြ လုပ်ဆောင်ပြီး လူ/ လက်နက်/ ခဲယမ်း စုဆောင်းကာ အင်အား တည်ဆောက်ခြင်း၊ လိုအပ်သော ငွေကြေးအတွက် မူးယစ်ဆေးဝါး လုပ်ငန်း လုပ်ကိုင်ရှာဖွေ ခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း၊ ထို့အပြင် တိုက်ပွဲများ ပြင်းထန် ရှည်ကြာလာ သည်နှင့်အမျှ ထိခိုက် ကျဆုံးမှု များစွာ ရှိလာသဖြင့် ဒေသခံ တိုင်းရင်းသား များကို အဓမ္မ စစ်သားစုဆောင်း ၍ တိုက်ပွဲဝင် စေခဲ့ကြောင်း၊ တိုက်ပွဲဝင် ရာတွင်လည်း မူးယစ်ဆေးဝါး အသုံးပြုကာ အသေခံတိုက်ပွဲဝင် စေခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲ များအတွင်း တပ်မတော် စစ်ကြောင်း များက MNDAA သောင်းကျန်းသူ များထံမှ ဘိန်းဖြူ ၇ ဒသမ ၆၆၃၉ ကီလို၊ ဘိန်းစိမ်း သုည ဒသမ ၂၆ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၆၁၂ဝ၂၇ ပြား၊ စိတ်ကြွ ဆေးပြားအမှုန့် ၁၃ ဒသမ ၉၄၃၅ ကီလို အက်ဖီဒရင်း အဖြူရောင် အမှုန့် ၃၄ ဒသမ ၅ကီလို၊ ICE (အိုက်စ်) ၁၃၅၉ ဒသမ ၈ဝ၆၉ ကီလို၊ ဒိုင်မီသိုင်း ဆာလဖိတ် လီတာ ၃ဝဝဝ၊ ဆူဒိုအက်ဖီဒရင်း ဆေးပြား ၇၂ဝဝ ပြား ၊ ဘိန်းညိုမှုန့် သုည ဒသမ ၆၀၅ ကီလို ၊ ဘိန်းမည်း သုည ဒသမ ၈၁၆၅ ကီလိုနှင့် ဆိုဒီယမ် အက်စီတစ်အင် ဟိုက်ဒရိုက် ကီလို ၃ဝ၊ မူးယစ်ဆေးဝါး စုစုပေါင်း ကာလတန်ဖိုး ကျပ်သန်းပေါင်း ၈ဝဝဝ ခန့်ကို သိမ်းဆည်း ရရှိခဲ့သည်။

လောက်ကိုင်ဒေသ ၏ နယ်မြေ အခြေအနေမှာ မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်နိမိတ်နှင့် ထိစပ်နေပြီး တောတောင် လျှိုမြောင် ထူထပ်သော ဒေသတစ်ခု ဖြစ်သည့်အပြင် တောင်ကုန်းများမှာ ကျောက်တောင်များ ဖြစ်ပြီး မတ်စောက်၍ လျင်မြန်စွာ ချီတက် သွားလာရန် ကန့်သတ်ချက် များစွာရှိသည်။ သောင်းကျန်းသူများ အနေဖြင့် နယ်မြေဒေသ ကျွမ်းကျင်မှုနှင့် မြေအခြေအနေ ၏ အရေးသာမှု များကို အသုံးချ၍ အပြင်းအထန် ခုခံတိုက်ခိုက် နေသော်လည်း တပ်မတော်၏ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ၏ ထိရောက်သော ပစ်အားနှင့်အတူ တပ်မတော်သား များ၏ နိုင်ငံတော် အတွက် အသက်ခန္ဓာကို မငဲ့ကွက်ဘဲ ရွပ်ရွပ်ချွံချွံ ရဲဝံ့စွာ စွန့်စား တိုက်ခိုက်မှု များကြောင့် ယခုအခါ လောက်ကိုင် ဒေသသည် လုံခြုံ၍ တည်ငြိမ် အေးချမ်းသော အခြေအနေကို ပြန်လည်ရောက်ရှိ လာပြီဖြစ်သည်။ ဆက်လက်၍လည်း လောက်ကိုင်ဒေသ အတွင်း ဒေသခံ ပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနေထိုင် လုပ်ကိုင် ဆောင်ရွက်နိုင်ရေး တပ်မတော်မှ ရပ်မိရပ်ဖ များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၀-၉-၂၀၁၅) တနင်္ဂနွေနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၀-၉-၂၀၁၅) တနင်္ဂနွေနေ့

Download Links


Saturday, September 19, 2015

မွန်ဓားပြအဖွဲ့ဝင် များအား လက်နက်၊ ခဲယမ်းများနှင့် အတူ ရှင်းလင်းဖော်ထုတ် ရမိ



ဖမ်းဆီးရမိသော မွန်ဓားပြအဖွဲ့ဝင်များ (၀ဲမှယာ) အလင်း ၊ အထွန်း ၊ အောင်မိုး ၊ ကွန်ဒေ့ ၊ ထွန်းအောင် ၊ အပေါင် ၊ အနှစ် ၊ အနိုင် ၊ အပဲ့ တို့ကို တွေ့ရစဉ်

မွန်ဓားပြအဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိသော လက်နက် ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ

နေပြည်တော် ၊ ၁၉-၉-၂ဝ၁၅

မွန်ပြည်နယ်၊ ရေးမြို့ရှိ ရေးတံတားကြီးတွင် တပ်မတော် စစ်ကြောင်းက လုံခြုံရေး ဆောင်ရွက်စဉ် စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်၌ ထားဝယ်ဘက်မှ ရေးဘက်သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ ဆိုင်ကယ် တစ်စီးအား ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ် မောင်းနှင်လာသူ မွန်ဓားပြ နိုင်မွန်ချမ်း အဖွဲ့မှ အပဲ့(ခ) ဆိတ်ကလေး ၃၇ နှစ်(ဘ) ဦးမောင်သိန်း၊ ခေါဇာမြို့နယ်ခွဲ၊ ဓနိသကြား ကျေးရွာတွင် နေထိုင်သူအား ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ အပဲ့(ခ) ဆိတ်ကလေး ထံမှ ဖော်ထုတ် ရရှိချက်အရ စက်တင်ဘာ ၄ ရက်တွင် ၄င်းကိုင်ဆောင် သည့် အေကေ - ၄၇ သေနတ် တစ်လက်နှင့် ကျည်အိမ် သုံးခုအား ဓနိသကြား ကျေးရွာနှင့် မကျီး ကျေးရွာကြား ချုံအတွင်းမှ ရှာဖွေသိမ်းဆည်း ရမိခဲ့ပြီး မွန်ဓားပြများနှင့် ပတ်သက်မှုရှိသည့် မကျီးကျေးရွာ နေ အနစ် ဆိုသူအား လည်းကောင်း၊ စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အောင်မိုး ၃၃ နှစ်(ဘ) ဦးစုန်းနှင့် အလင်း ၄၂ နှစ်(ဘ) ဦးမောင် တို့အား လည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိ သူများထံမှ ဖော်ထုတ် ရရှိချက်များ အရ စက်တင်ဘာ ၇  ရက်တွင် ရေးမြို့ရှိ အေးချမ်း စားသောက်ဆိုင် အတွင်း ဝင်ရောက် ရှာဖွေရာ ပိုင်ရှင် အထွန်းနှင့် အတူ ခြောက်လုံးပြူး သေနတ်တစ်လက်၊ ၄င်းကျည် ၁ဝ တောင့်၊ အူဇီသေနတ် တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၉ မမ ကျည် ၁၁ တောင့်၊ ပွိုင့်-၂၂ ကျည် နှစ်တောင့်၊ မီးကျည် တစ်တောင့်၊ ၉ မမ ပစ္စတိုအတု တစ်လက်နှင့် လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးတို့အား ထပ်မံ သိမ်းဆည်း ရမိခဲ့သည်။

ဆက်လက်၍ အပဲ့ ဆိုသူထံမှ ဖော်ထုတ် ရရှိချက်အရ စက်တင်ဘာ ၉ ရက် ည ၁ဝ နာရီခန့်တွင် မွန်ဓားပြများနှင့် ဆက်စပ်မှုရှိသည့် ခေါဇာကျေးရွာမှ ကွန်ဒေ့ ၏ နေအိမ်နှင့် ခြံဝင်းအတွင်း ဝင်ရောက် ရှာဖွေရာ ကွန်ဒေ့ နှင့်အတူ ၄င်းကိုင်ဆောင် သည့် ခြောက်လုံးပြူး သေနတ်တစ်လက်၊ ၄င်းကျည် ၂၁ တောင့်၊ ဒေသန္တရလုပ် ပုလင်းမိုင်း တစ်လုံးတို့အား လည်းကောင်း၊ စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင် ပေါက်ပင်ကွင်း ကျေးရွာနေ အနိုင် နှင့်အတူ ၄င်းကိုင်ဆောင် သည့် ပွိုင့်- ၃၈ ခြောက်လုံးပြူး သေနတ် တစ်လက်၊ ၄င်းကျည်ခြောက်တောင့် နှင့် လမ်းလျှောက် စကားပြောစက် နှစ်လုံးတို့အား လည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။

ဖမ်းဆီးရမိသော အနိုင် ထံမှထပ်မံ ဖော်ထုတ်ရရှိချက် အရ စက်တင်ဘာ ၁၂ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် ပေါက်ပင်ကွင်း ကျေးရွာအနီး ရော်ဘာခြံအ တွင်း ချုံထဲမှ ပလတ်စတစ် အိတ်ဖြင့်ပတ်၍ ဝှက်ထားသော အမ်- ၁၆ သေနတ် တစ်လက်၊ ကျည်အိမ်တစ်ခု နှင့် ၄င်းကျည် ၁ဝ တောင့်တို့အား လည်းကောင်း၊ စက်တင်ဘာ ၁၂ ရက် နံနက် ၇ နာရီခန့်တွင် ရေးမြို့၊ အောင်မေတ္တာ ရပ်ကွက်၊ အစင်ရွာလမ်း နှင့် ဘူတာလမ်း ထောင့်နေ မွန်ချမ်း အဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိသူ အပေါင် (ခ) သိန်းဝင်းနှင့် ထွန်းအောင် တို့အား နေအိမ် အောက်ထပ်ရှိ ထင်းပုံအောက် မြေကြီးအတွင်း၌ ဝှက်ထားသော ၄င်းတို့ ဓားပြတိုက်ရယူ ထားသည့် ရွှေထည် ပစ္စည်း ကိုးမျိုး၊ အလေးချိန် ၁၇ ဒသမ ၁၅၉ ကျပ်သား (ကာလတန်ဖိုး ၁၂၄ သိန်း ၉ သောင်း ကျပ်ခန့်) တို့အား လည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။

ထပ်မံ၍ ဖော်ထုတ်ရရှိချက် များအရ တပ်မတော် စစ်ကြောင်းက ပေါက်ပင်ကွင်း ကျေးရွာနှင့် ပတ်ဝန်းကျင်အား နယ်မြေ ရှင်းလင်းရာ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် ရော်ဘာခြံ အတွင်း၌ ပလတ်စတစ်စဖြင့် ထုပ်ထားသော ကာဘိုင်သေနတ် တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ကျည်ရှစ်တောင့်၊ တံဆိပ်တုံးနှစ်ခု တို့အား လည်းကောင်း၊ စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ချုံအတွင်း၌ ပလတ်စတစ် မိုးကာစဖြင့် ထုပ်ထားသော အေကေ-၄၇ သေနတ် တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ကျည် ၁၅ တောင့်၊ ကာဘိုင်သေနတ် တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ကျည်ကိုးတောင့် တို့အား လည်းကောင်း သိမ်းဆည်းရမိ ခဲ့သည်။

ထိုသို့ဖော်ထုတ် ဖမ်းဆီးရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ကာလအတွင်း စက်တင်ဘာလ ၁၁ ရက် ည ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် မွန်ဓားပြ မွန်ချမ်းအဖွဲ့မှ မွန်နန်း(ခ) အနန်း(ခ) မောင်နိုင် ၃၇ နှစ်(ဘ) ဦးအောင်သည် လက်လုပ် ပစ္စတို တစ်လက်၊ ၉ မမ ကျည် ရှစ်တောင့်ဖြင့် လည်းကောင်း၊ စက်တင်ဘာလ ၁၇ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် အောင်ထွန်း ၃၃ နှစ် (ဘ) ဦးမောင်ပုသည် ပစ္စတို တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ကျည် ခုနစ်တောင့်၊ အိုင်ကွန် တစ်လုံးတို့ဖြင့် လည်းကောင်း တပ်မတော် စစ်ကြောင်းများသို့ အသီးသီး အလင်း ဝင်ရောက် လာခဲ့သည်။

အထက်ပါ ဖြစ်စဉ်များတွင် အလင်းဝင် ရောက်သူ နှစ်ဦး၊ မွန်ဓားပြအဖွဲ့နှင့် ဆက်စပ်လျက် ရှိသော တရားခံ ကိုးဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်မျိုးစုံ ၁၁ လက်၊ ရွှေထည်ပစ္စည်း မျိုးစုံ ၁၇ ဒသမ ၁၅၉ ကျပ်သား (တန်ဖိုး ၁၂၄ သိန်း ၉ သောင်းကျပ်ခန့်) သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ ခဲ့သော တရားခံများနှင့် သိမ်းဆည်း ရမိသော ပစ္စည်းများအား သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများသို့ တရားဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက် နိုင်ရေး စနစ်တကျ လွှဲပြောင်း အပ်နှံထားပြီး ဖြစ်သည်။

ထိုသို့ တပ်မတော်က မွန်ဓားပြ အဖွဲ့အား ဖော်ထုတ်ရှင်းလင်း ပေးမှုအပေါ် ဒေသခံ ပြည်သူလူထုနှင့် ခရီးသွား ပြည်သူများက ကျေးဇူးတင် ဝမ်းမြောက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၁၉-၉-၂၀၁၅) စနေနေ့



မြ၀တီနေ့စဉ်သတင်းစာ (၁၉-၉-၂၀၁၅) စနေနေ့

Download Links


Friday, September 18, 2015

အင်းတော်ကြီးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် အတွက် စပါးမျိုးရိုင်းများမှာ Universal Value အဆင့်ဝင်နိုင်


အင်းတော်ကြီး ဒေသရှိ ရှားပါး စပါးမျိုးရိုင်းများ

မန္တလေး ၊ ၁၈-၉-၂၀၁၅

မြန်မာနိုင်ငံတွင် အင်းတော်ကြီး ဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်း ၀င်ရန်အတွက် ကြိုးပမ်းလျက် ရှိရာ ထိုကဲ့သို့ စာရင်းဝင်နိုင်ရေး တွင် Universal Value ရှိရန် လိုအပ်ကြောင်း သတ္တဗေဒဆိုင်ရာ ပညာရှင် တစ်ဦးက ပြောပြသည်။

အင်းတော်ကြီး ဒေသတွင် သဘာဝ အမွေအနှစ် များစွာ ရှိသော်လည်း အဓိကအားဖြင့် ကမ္ဘာပေါ်တွင် တစ်နေရာ တည်းသာ အမြောက်အမြား တွေ့ရှိနိုင်သည့် စပါးမျိုးရိုင်း များသည် Universal Value အဆင့်သို့ ၀င်နိုင်သည်ဟု ၄င်းက ဆက်လက် ပြောပြသည်။

" စပါးရိုင်းက မျိုးစိတ် သုံးမျိုးလောက် တွေ့ရပါတယ် ၊ အဓိက ကတော့ ကန်ထဲမှာရှိတဲ့ ရွှေတောင်ကြီး စွယ်နဲ့ လွယ်မွန်စွယ် နားမှာ အမြောက်အမြား တွေ့ရ နိုင်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။ စပါးရိုင်းများ (ပုံ)သည် နှစ်ရှည်ခံ အပင်မျိုး ဖြစ်ပြီး နိုဝင်ဘာလ မှ စတင် ပေါ်လေ့ရှိပြီး ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ တို့တွင် အသီးမှည့်ပြီ ဖြစ်ကြောင်း သိရသည်။ စပါးမျိုးများ မှာ Oxyza ruyipogon, Oxyza officinalis နှင့် Oryza granulata တို့ဖြစ်ပြီး ဒေသအခေါ်မှာ နတ်စပါး ဖြစ်သည်။ စပါးမျိုးရိုင်း များမှာ ဧက ၈ဝဝ ခန့်ရှိပြီး စပါး၏ မူလမျိုးရိုးဗီဇ ဖြစ်၍ ကမ္ဘာအဆင့် ကာကွယ်ထားသည့် အဆင့်တွင် ရှိကြောင်း သိရသည်။

ကမ္ဘာအဆင့် ရှားပါး စရင်းဝင် ဖြစ်သည့်အပြင် မျိုးရိုးဗီဇ အနေဖြင့်လည်း အရေးကြီးသော အမွေအနှစ် တစ်ခု ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံမှ သုတေသန ပညာရှင်များ ဖြစ်သည့် ဒေါက်တာ ပရာဆက် နှင့် မူကာရီ တို့၏ သုတေသန မှတ်တမ်းများအရ Tectolic Lake မြေလွှာပြတ်ရွေ့ မှုကြောင့် ဖြစ်သည့် ဘူမိရုပ်သွင် ဖြစ်ပြီး မြေလွှာ ပြတ်ရွေ့မှု၏ ဖြစ်စဉ်အရ ပင်လယ် သမုဒ္ဒရာ အောက်တွင် ရှိခဲ့ရာမှ ပင်လယ်ရေ ဆုတ်ခွာချိန်တွင် ချိုင့်ဝှမ်းကြီး အဖြစ် ဖြစ်ပေါ်လာပြီး ရေကျန်ခြင်းကြောင့် ကန်အဖြစ် တွေ့မြင်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အင်းတော်ကြီး ဒေသတွင် ပင်လယ်၌သာ တွေ့မြင်နိုင်သည့် ငါးမျိုး ၄ မျိုးခန့်ကို ယနေ့တိုင် တွေ့မြင် ရကြောင်း သိရသည်။ ထို့ပြင် ပျက်စီးမှု နည်းပါးပြီး ရှားပါးငှက်မျိုးစိတ် များဖြစ်သည့် လည်မည်း ကြိုးကြာ ၊ ၀န်ပိုငှက် ၊ မီးခိုးရောင် ငန်းရိုင်း တို့ကိုလည်း တွေ့ရှိရပြီး ဆောင်းခိုငှက်များ နှစ်စဉ်လာရောက် နားခိုရာဒေသ တစ်ခုလည်း ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ရှားပါးစာရင်းဝင် ဖြစ်သည့် ကြာနဂါး Enyales Ferox ကိုလည်း တွေ့မြင်နိုင်ကြောင်း သိရသည်။ (၁၇၂)

ရတနာပုံနေ့စဉ် ၊ စာ(၁)

#Yadanarpondaily

မန္တလေးစက်မှုဇုန် အတွင်းမှ မိုးရေနှင့်အတူ စွန့်ပစ်ရေဆိုးများကြောင့် တောင်သမန်အင်း အတွင်း ငါးများသေဆုံးမှု တတိယအကြိမ်ဖြစ်ပွား





မန္တလေး ၊ ၁၈-၉-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ၊ အမရပူရ မြို့နယ် အတွင်းရှိ တောင်သမန်အင်း အတွင်း ယနေ့နံနက် ၉ နာရီက ငါးများ အစုလိုက် သေဆုံးမှု တတိယအကြိမ် ဖြစ်ပွားကြောင်း ဒေသခံများက ပြောပြ၍ သိရသည်။

တောင်သမန်အင်း အတွင်း ငါးသေဆုံးမှုမှာ ဧပြီ ၁၂ ရက် က ပထမအကြိမ်၊ သြဂုတ် ၁၁ ရက်က ဒုတိယအကြိမ် ဖြစ်ပြီး ယခု သေဆုံးမှုမှာ တတိယ အကြိမ် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၈ နာရီက တောင်သမန်အင်း အရှေ့ဘက်မှ ငါးအသေများ မျောပါလာပြီး တောင်သမန်အင်း အရှေ့မြောက်ဘက် ရေစီးကြောင်း အတိုင်း ကမ်းကပ် မျောပါလျက် ရှိကြောင်း သိရသည်။

ယခုအကြိမ် ငါးသေဆုံးမှုသည် ဒုတိယအကြိမ်က ကဲ့သို့မများ သော်လည်း ကမ်းကပ် မျောပါလာသော အရေအတွက်မှာ လေးလက်မမှ ခုနစ်လက်မ ခန့်ရှိ တီလားဗီးယား၊ ငါးပတ်နှင့် အခြား ငါးအကောင်သေး များ ဖြစ်ကြောင်း သိရသည်။

ငါးသေဆုံး မျောပါရာ နေရာသို့ မန္တလေးတိုင်း ဒေသကြီး ၊ အမရပူရမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ၊ လက်ထောက် ဦးစီးမှူး နှစ်ဦးနှင့် ပြည်ပပို့ကုန် အရည်အသွေး စစ်ဆေးရေး (ဓာတ်ခွဲခန်း) မှ တာဝန်ရှိသူ နှစ်ဦးတို့ သည် ရေနမူနာ ယူခြင်း၊ ငါးသေ နမူနာယူခြင်း များကို ယနေ့နံနက် ၁ဝ နာရီက သွားရောက် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

''ဓာတ်ခွဲခန်း စစ်ဆေးချက်အရ ငါးပါးဟက်ထဲမှာ အမည်းရောင်၊ အညိုရောင် တွေနဲ့ အူလမ်းကြောင်း မှာ အမည်းရောင်တွေ တွေ့ရပါတယ်။ ခန္ဓာကိုယ်မှာ ရောဂါဖြစ်တဲ့ လက္ခဏာ မတွေ့ရပါဘူး။ အင်းအတွင်း ဝင်ရောက်တဲ့ ရေဆိုးရေညစ် တွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒုတိယ အကြိမ်က သေဆုံးခဲ့တဲ့ ငါးတွေရဲ့ ရလဒ်နဲ့ တူပါတယ် .. ''  ဟု မန္တလေးခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

တောင်သမန်အင်း အတွင်း ဝင်ရောက်နေသည့် ရေဆိုးမြောင်းများကို ရှင်းလင်းခြင်း ၊ စက်ရုံများမှ စွန့်ပစ်ရေဆိုး၊ ရေညစ်များကို အင်းနှင့်ဝေးရာ နေရာသို့ အမြဲတမ်း စီးဝင်နိုင်စေရန် ဆောင်ရွက်နိုင်မှသာ ယခုကဲ့သို့ ငါးသေဆုံးမှုများကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း တောင်သမန်အင်း ပတ်ဝန်းကျင်တွင် နေထိုင်သူများက ပြောပြ၍ သိရသည်။ (၁၅၆)

ရတနာပုံနေ့စဉ် ၊ စာ(၃၁)

#Yadanarpondaily

နေရောင်ခြည် စွမ်းအင်သုံး မောင်းသူမဲ့လေယာဉ်များ အောင်မြင်စွာပျံသန်းနိုင်ပြီ ဖြစ်၍ လာမည့် ဒီဇင်ဘာလတွင် မိတ်ဆက်ပြသွား နိုင်ရန် စီစဉ်



ရန်ကုန် ၊ ၁၈-၉-၂၀၁၅

နေရောင်ခြည် စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်ငယ်များကို ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်မှ အောင်မြင်စွာ သုတေသနပြု ပျံသန်း နိုင်ခဲ့ပြီဖြစ် သဖြင့် အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုကာ လာမည့် ဒီဇင်ဘာလတွင် မိတ်ဆက် ပြသနိုင်ရန် စီမံဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ လေကြောင်း နှင့် အာကာသပညာ တက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ် သုတေသန အဖွဲ့၏ သတင်းများ အရ သိရသည်။

အဆိုပါ နေရောင်ခြည် စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်ငယ်များကို ပထမဆုံး အနေဖြင့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် ၊ မောင်းသူမဲ့လေယာဉ် သုတေသနအဖွဲ့မှ သုတေသနပြု လုပ်ကိုင် ဆောင်ရွက်ခဲ့ရာ သုံးလခန့်ကြာမြင့် ချိန်တွင် အောင်မြင်စွာ သုတေသနပြု ပျံသန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် မောင်းသူမဲ့ လေယာဉ် သုတေသနဌာန အနေဖြင့် ပြေးလမ်းသုံး မောင်းသူမဲ့ လေယာဉ်၊ လက်ပစ်မောင်းသူမဲ့ လေယာဉ်၊ ပန်ကာ လေးလုံးတပ် မောင်းသူမဲ့ လေယာဉ်နှင့် ပန်ကာ ရှစ်လုံးတပ် မောင်းသူမဲ့ လေယာဉ်များကို အောင်မြင်စွာ သုတေသနပြု ပျံသန်းနိုင်ခဲ့သည်။ 

ထို့ကြောင့် လာမည့် ဒီဇင်ဘာလတွင် မိတ်ဆက် ပြသနိုင်ရန် စီစဉ် ဆောင်ရွက်နေပြီး အဆိုပါ ဆိုလာသုံး မောင်းသူမဲ့ လေယာဉ်ငယ် များကို အများပြည်သူနှင့် နိုင်ငံတော် အကျိုးပြု လုပ်ငန်းများတွင် အသုံပြု သွားမည် ဖြစ်သည်။

အဆိုပါ ဆိုလာသုံး မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ကမ်းရိုးတန်း တစ်လျှောက် အခြေအနေများကို လှည့်လည်ကြည့်ရှု သည့်လုပ်ငန်း၊ သစ်တောလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် အခြားကဏ္ဍ ပေါင်းစုံတွင် အသုံးပြု လုပ်ကိုင် ဆောင်ရွက် နိုင်မည်ဖြစ်သည်။ ထို့ပြင် အန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနှင့် လုံခြုံရေး အတွက် စောင့်ကြည့်သည့် လုပ်ငန်း များတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေဘေးသင့် ကလေးမြို့ ဒေသရှိ မြစ်သာမြစ်၊ မဏိပူရ မြစ်နှင့် နေရဉ္စရာမြစ် များ၏ မြစ်ကြောင်း ပြောင်းလဲမှု အခြေအနေ များကို မောင်းသူမဲ့ လေယာဉ်ငယ် များဖြင့် ကောင်းကင် ဓာတ်ပုံရိုက်ကာ အကျိုးပြု မြေပုံများ ထုတ်လုပ် ဖြန့်ဝေရန် စီမံဆောင်ရွက် လျက်ရှိသည်။ အဆိုပါ အကျိုးပြု မြေပုံများ ထုတ်လုပ်မှု လုပ်ငန်းကို မန္တလေး နည်းပညာ တက္ကသိုလ်၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၊ ရန်ကုန် နည်းပညာ တက္ကသိုလ်များ နှင့် အခြား RS/ GIS အဖွဲ့အစည်း များဖြင့် ပူးပေါင်း လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ် အမျိုးအစားများမှာ သုည ဒသမ ၈ ကီလိုဂရမ် အလေးချိန်ထိ သယ်ယူ ပျံသန်းနိုင်ပြီး တစ်စက္ကန့်လျှင် ဓာတ်ပုံ တစ်ပုံနှုန်း ရိုက်ကူးထုတ်လုပ် ပေးနိုင်ကြောင်း သိရသည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်များမှာ အဝေးထိန်း ခလုတ်ဖြင့် ထိန်းချုပ်ရသည့် လေယာဉ်များ ဖြစ်သည်။

ယခုအခါ ပြည်ပဈေးကွက် များမှ ဝယ်ယူကာ အပျော်တမ်း ပျံသန်းမှုများ ရှိနေသဖြင့် အများပြည်သူ အနှောင့်အယှက် မဖြစ်စေရေး နှင့် ထိန်းချုပ်နိုင်ရေး အတွက် အပျော်တမ်း မောင်းသူမဲ့  လေယာဉ် ရှိသူများ အနေဖြင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာနသို့ လာရောက် စာရင်း ပေးသွင်းရန် ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတွင် အပျော်တမ်း မောင်းသူမဲ့ လေယာဉ်များ ပျံသန်းရန် နေရာသတ်မှတ် ပေးရန်စီမံ ဆောင်ရွက် နေကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

#Yadanarpondaily

မြဝတီ - သင်္ဃန်းညီနောင် - ကော့ကရိတ်လမ်းသစ် ဖွင့်လှစ်လွှဲပြောင်း နိုင်ရေး နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့


မြဝတီ - သင်္ဃန်းညီနောင် - ကော့ကရိတ် နယ်မြေအတွင်း တိုက်ပွဲဖြစ်စဉ်များ နေရာပြပုံ

ကျော်သက် နှင့် စောဆန်းအောင် အဖွဲ့က လှိုင်ကွယ်ကျေးရွာ အနီး ရော်ဘာခြံအတွင်းရှိ အဆောက်အအုံ အား မီးရှို့ဖျက်ဆီး ထားမှုကို တွေ့ရစဉ်

ကျော်သက် နှင့် စောဆန်းအောင် အဖွဲ့ထံမှ သိမ်းဆည်းရမိ မူးယစ်ဆေးဝါး များကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၈-၉-၂ဝ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ ကောင်းမူကျေးရွာ နှင့် အနီးတစ်ဝိုက်တွင်အ ခြေပြုသည့် ကျော်သက်နှင့် စောဆန်းအောင် ခေါင်းဆောင်သော ကလိုထူးဘော ကရင် အစည်းအရုံး (KKO) အဖွဲ့သည် နိုင်ငံတော် အစိုးရနှင့် တပ်မတော်၏ မူဝါဒများကို ဆန့်ကျင်လျက် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း၊ မြဝတီ- သင်္ဃန်းညီနောင်- ကော့ကရိတ် ကားလမ်းများ ပေါ်တွင် တရားမဝင် အကောက်စခန်း များဖွင့်လှစ်၍ ခရီးသွား ပြည်သူလူထု ထံမှ ငွေကြေးအဓမ္မ ကောက်ခံခြင်းများ ဆောင်ရွက်နေခြင်း၊ အခြေပြုကျေးရွာ ဝန်းကျင်များမှ အဓမ္မဆက်ကြေးငွေ ကောက်ခံခြင်းနှင့် လူသစ် စုဆောင်းခြင်းများ ပြုလုပ်လျက် ရှိခြင်း စသည့် သတင်းများ ဖြစ်ပေါ်ခြင်းကြောင့် ယင်းသို့ မလုပ်ဆောင်ရန် ပြည်နယ်အစိုးရ နှင့် နယ်မြေခံ တိုင်းစစ်ဌာနချုပ် တို့က အကြိမ်ကြိမ် သတိပေး အကြောင်းကြား ခဲ့သော်လည်း လိုက်နာ ဆောင်ရွက်ခြင်း မရှိဘဲ လုပ်ဆောင်မှုများ ဆက်လက် ဖြစ်ပေါ်နေခြင်း အပေါ် စိတ်ရှည် သည်းခံလျက် ဟန့်တားခြင်း၊ ပညာပေး ပြောကြားခြင်း၊ နောင် မပြုလုပ်ရန် စည်းရုံး ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။

သို့ရာတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် များသည် ၂ဝ၁၅ ခုနှစ် မေ ၂၆ ရက်တွင် မြဝတီမြို့ရှိ ရွှေတိဂုံပုံတူ စွယ်တော်ပွား စေတီ ဌာပနာသွင်း အခမ်းအနား တက်ရောက်ရန် နှင့် အရှည် ၂၈ မိုင် ၄ ဖာလုံရှိ ကော့ကရိတ် - မြဝတီ- မဲဆောက် အာရှလမ်းမသစ် ဖောက်လုပ်ပြီးစီးမှု အခြေအနေ တို့အား စစ်ဆေး ကြည့်ရှုရန် ကော့ကရိတ်မြို့မှ အထွက် ကျော်သက်နှင့် စောဆန်းအောင် ခေါင်းဆောင်သည့် KKO အဖွဲ့က ကရင်ပြည်နယ် ဝန်ကြီးချုပ် လိုက်ပါ လာသည်ကို သိရှိလျက်နှင့် အကြောင်းမဲ့ မင်းမဲ့စရိုက် ဆန်ဆန်ဖြင့် ရပ်တန့် တားဆီးခဲ့သဖြင့် တပ်မတော်က ငြိမ်းချမ်းရေး လုပ်ငန်းများ မပျက်စီး စေရေးအတွက် နောင် အလားတူ မပြုလုပ်ရေး သတိပေး ပြောကြား ခဲ့သည်။

ထပ်မံ၍ နိုင်ငံတော် အဆင့် အကြီးအကဲ၏ အာရှ လမ်းမသစ်ကြီး ဖွင့်လှစ်ရေး ခရီးစဉ်အတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များက နယ်မြေနှင့် လမ်းကြောင်း လုံခြုံရေး စစ်ဆေးရန် ဇူလိုင် ၂ ရက်တွင် ဘားအံ- ကော့ကရိတ်- မြဝတီ လမ်းကြောင်း အတိုင်း ထွက်ခွာလာစဉ် ကော့ကရိတ် မြို့မှအထွက် ကျော်သက် နှင့် စောဆန်းအောင် အဖွဲ့က အကြောင်းမဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တိုင်းမှူးယာဉ်တန်း အပါအဝင် လုံခြုံရေး စစ်သည်များမှ ပြန်လည် သတိပေး ပစ်ခတ်ခဲ့ သော်လည်း တပ်မတော် လုံခြုံရေး စစ်သည်များ ရှိနေသည့် နေရာသို့ လက်နက်ကြီးများ တိုးမြှင့် ပစ်ခတ်ခဲ့သည်။ ၄င်းအဖွဲ့၏ မင်းမဲ့စရိုက် ဆန်ဆန် အကြိမ်ကြိမ် ဆောင်ရွက်နေမှု များကို တပ်မတော် အနေဖြင့် လုံးဝ ဆက်လက် သည်းခံနိုင်ခြင်း မရှိခြင်းကြောင့် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် တပ်(BGF) တို့ပူးပေါင်း၍ ဇူလိုင် ၂ ရက်မှ စတင်၍ နယ်မြေ ရှင်းလင်းခြင်းများ စတင်ဆောင်ရွက် ခဲ့ရသည်။ တိုက်ပွဲစတင် ဖြစ်ပွားသည့်နေ့မှ စ၍ မြဝတီ- သင်္ဃန်းညီနောင်- ကော့ကရိတ် လမ်းဟောင်း နှင့် လမ်းသစ်အား ကျော်သက်နှင့် စောဆန်းအောင် အဖွဲ့က စတင်ပိတ်ဆို့ ထားခဲ့ပြီး စစ်ရေးနှင့် မသက်ဆိုင်သော ချောင်းတောင် ကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ အစိုးရပိုင် ပစ္စည်းဖြစ်သော လှိုင်ကွယ်ကျေးရွာ အနီး ရော်ဘာခြံ အတွင်းရှိ အဆောက်အအုံ နှစ်လုံးအား မီးရှို့ဖျက်ဆီးခြင်း နှင့်ဒေသခံ ပြည်သူလူထုများ အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်၍ ကော့ကရိတ်မြို့ လူနေရပ်ကွက် များအတွင်းသို့ လက်နက်ကြီး များဖြင့် သုံးကြိမ် နှောင့်ယှက် ပစ်ခတ်ခြင်းများ ပြုလုပ် ခဲ့သည်။

ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေး၊ ဒေသအတွင်း လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးအတွက် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် တပ် (BGF)တို့ ပူးပေါင်း၍ နယ်မြေ ရှင်းလင်းခြင်းများ ဇူလိုင် ၂ ရက်မှ ၉ ရက်အထိ ဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု မြဝတီ- သင်္ဃန်းညီနောင်- ကော့ကရိတ် ကားလမ်းဟောင်း ပေါ်၌ ၁၅ ကြိမ်၊ ကားလမ်းသစ် ပေါ်၌ ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လမ်းဟောင်း အား ဇူလိုင် ၈ ရက်တွင် လည်းကောင်း၊ လမ်းသစ်အား ဇူလိုင် ၉ ရက်တွင် လည်းကောင်း ထိန်းချုပ် နိုင်ခဲ့ကာ ပြန်လည်ဖွင့်လှစ် ပေးနိုင်ခဲ့သည်။

ထို့အပြင် ကျော်သက်နှင့် စောဆန်းအောင် အဖွဲ့ အကြွင်းအကျန်များ ခိုအောင်း နေထိုင်မှု မရှိစေရေးအတွက် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် တပ်(BGF) တို့က နယ်မြေရှင်းလင်း ခြင်းများ ဆောင်ရွက်ခဲ့ရာ ၄င်းတို့ အခြေပြုခဲ့သော နေရာများ၌ မူးယစ်ဆေးဝါး ထုတ်လုပ်မှု များကို စုစုပေါင်း ၄ ကြိမ် ဖော်ထုတ်နိုင်ခဲ့ပြီး ကာလတန်ဖိုး ခန့်မှန်း ငွေကျပ် သိန်းပေါင်း ၂၅၉၂၁ သိန်းကျော်ရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား စုစုပေါင်း ၈၆၄ဝ၅၇ ပြားနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော စက်ပစ္စည်း အစိတ်အပိုင်း များအား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွား ချိန်အတွင်း ဆုံဆည်းမြိုင် နယ်မြေ၌ အခြေပြုလျက် ရှိသည့် ကလိုထူးဘော ကရင် အစည်းအရုံး (KKO) အဖွဲ့ဌာနချုပ် ကလည်း ကျော်သက်နှင့် စောဆန်းအောင် ၏ လုပ်ရပ်များကို လက်မခံ
နိုင်ခြင်းကြောင့် ၄င်းတို့အဖွဲ့မှ ဇူလိုင် ၂၁ ရက်တွင် ထုတ်ပယ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ကျော်သက်နှင့် စောဆန်းအောင် ၏ လက်အောက် အဖွဲ့များ အနေဖြင့်လည်း တပ်မတော် စစ်ကြောင်းများ၏ နယ်မြေ ရှင်းလင်းမှု၊ ပြည်သူလူထုမှ မထောက်ခံမှု တို့ကြောင့် ၄င်းအဖွဲ့မှ တပ်ဖွဲ့ဝင် ၈၉ ဦးတို့သည် လက်နက်/ ခဲယမ်း များနှင့် အတူ တပ်မတော် စစ်ကြောင်း အသီးသီးထံသို့ ဥပဒေဘောင် အတွင်း လက်နက်ဖြင့် ဝင်ရောက်ခိုလှုံ ခဲ့ကြသည်။

အဆိုပါဖြစ်စဉ် အတွင်း ကျော်သက်သည် နောက်လိုက် အနည်းငယ်ဖြင့် မူလ အခြေပြုရာ ကောင်းမူရွာ မြောက်ခြမ်းမှ တစ်ဆင့် မဲသဝေါပြန့်သို့ လည်းကောင်း၊ စောဆန်းအောင် ခေါင်းဆောင်သော အဖွဲ့သည် ကောင်းမူရွာ တောင်ဘက်ခြမ်းမှ တစ်ဆင့် KKO ဌာနချုပ် ရှိရာသို့ ဆုတ်ခွာ၍ ပူးပေါင်းရန် သွားရောက်သော်လည်း KKO ဌာနချုပ် အနေဖြင့် ၄င်းတို့အား ထုတ်ပယ်ထားပြီး လက်မခံခဲ့ သဖြင့် အဖွဲ့များကွဲကာ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခြင်းနှင့် စောဆန်းအောင် မှာမူ နောက်လိုက် အနည်းငယ်ဖြင့် မဲသဝေါပြန့် သို့ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။

မြဝတီ- သင်္ဃန်းညီနောင်- ကော့ကရိတ် လမ်းဟောင်းအား မူလအတိုင်း ပြန်လည် သွားလာနိုင်ရေး၊ လမ်းသစ်အား ဖွင့်လှစ်လွှဲပြောင်း နိုင်ရေးနှင့် နယ်မြေဒေသ အတွင်း တည်ငြိမ် အေးချမ်းရေးတို့ အတွက် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်း၍ နယ်မြေရှင်းလင်း ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု စုစုပေါင်း ၄၈ ကြိမ်ဖြစ်ပွား ခဲ့ကာ တပ်မတော်မှ အရာရှိ၊ စစ်သည် ခုနစ်ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့၍ ၂၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦး ပျောက်ဆုံးခဲ့သည်။ ကျော်သက်နှင့် စောဆန်းအောင်အဖွဲ့ ထံမှ ဖမ်းဆီးရမိ ၂၆ ဦး၊ အလောင်း ခြောက်လောင်း၊ ဥပဒေဘောင် အတွင်း ဝင်ရောက်သူ ၈၉ ဦး၊ လက်နက်မျိုးစုံ ၁၆၅ လက်၊ ကျည်မျိုးစုံ ၂၁၆၅၆ တောင့်၊ ဗုံးသီးမျိုးစုံ ၄ဝဝ လုံး၊ မိုင်းမျိုးစုံ ၃၂၆ လုံး၊ ကျည်အိမ်မျိုးစုံ ၃၅၈ ခု၊ လက်ပစ်ဗုံးမျိုးစုံ ရှစ်လုံး၊ ယာဉ်မျိုးစုံ ၁၄ စီးနှင့် WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၈၆၄ဝ၅၇ ပြားတို့အား သိမ်းဆည်း ရမိခဲ့သည်။

တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) တို့က နယ်မြေရှင်းလင်း ဆောင်ရွက် နိုင်ခဲ့ခြင်း တို့ကြောင့် မြဝတီ- သင်္ဃန်းညီနောင်- ကော့ကရိတ် လမ်းသစ် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို သြဂုတ် ၃ဝ ရက်တွင် ကျင်းပနိုင် ခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နှင့်ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Dr.Somkid Jatusripitak တို့ တက်ရောက်၍ အောင်မြင်စွာ ဖွင့်လှစ် လွှဲပြောင်း နိုင်ခဲ့သည်။

ယခင်က လမ်းအရှည် ၃၉ မိုင် ၄ ဖာလုံရှိသော မြဝတီ- ကော့ကရိတ် ကားလမ်းဟောင်းမှာ အတက်တစ်ရက် အဆင်းတစ်ရက် စနစ်ဖြင့် သွားလာရပြီး ယာဉ်မောင်းချိန် မှာလည်း ယာဉ်ကြီး ၈ နာရီနှင့် ယာဉ်ငယ် ၆ နာရီ ကြာမြင့် ခဲ့သည့်အပြင် လမ်းကြောင်း ပေါ်တွင် ယာဉ်တစ်စီးစီး ပိတ်ဆို့ပါက အဆိုပါ ယာဉ်ပိတ်ဆို့မှု မဖြေရှင်းနိုင်သည့် အချိန်အတွင်း ယာဉ်တန်းများ ရပ်တန့်မှုဖြစ်ပေါ် စေခဲ့၍ ကုန်စည် စီးဆင်းမှုနှင့် ခရီးသွား ပြည်သူလူထု များ၏ ခရီးသွား အဆင်ပြေမှုအား များစွာ ထိခိုက်မှု ရှိစေခဲ့သည်။

ယခုအခါ အရှည် ၂၈ မိုင် ၄ ဖာလုံရှိ ကော့ကရိတ်- မြဝတီ- မဲဆောက် အာရှလမ်းမ နိုင်လွန်ကတ္တရာ လမ်းမကြီးမှာ ယာဉ်ကြော အသွား၊ အပြန်ပါဝင်ပြီး ၄၅ မိနစ်အတွင်း သာ မောင်းနှင် ရမှုကြောင့် ခရီးသွား ပြည်သူများ အတွက် ခရီးသွားလာမှု လွယ်ကူလျင်မြန် အဆင်ပြေ စေခြင်းနှင့် ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန် ထိရောက် စေသည့်အပြင် အသက်စည်းစိမ် ဥစ္စာ လုံခြုံရေး အရလည်း အန္တရာယ် ကင်းရှင်းစွာဖြင့် သွားလာနိုင်ပြီ ဖြစ်၍ ဒေသခံ ပြည်သူများက နိုင်ငံတော်နှင့် တပ်မတော် အပေါ် များစွာ ကျေးဇူးတင် ဝမ်းမြောက်လျက် ရှိကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၁၈-၉-၂၀၁၅) သောကြာနေ့



မြ၀တီနေ့စဉ်သတင်းစာ (၁၈-၉-၂၀၁၅) သောကြာနေ့

Download Links


Thursday, September 17, 2015

အင်းဝမြို့ဟောင်း ရှိ နန်းတော်အုတ်ခုံများအား ပြန်လည်တူးဖော်နေပြီး အတွင်းနန်းမြို့ရိုး၏ အရှေ့ဘက်ပိုင်းကိုပါ ဆက်လက် တူးဖော်သွားမည်



တံတားဦး ၊ ၁၇-၉-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် ဥတည်ကျေးရွာ အနီး အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုး အတွင်းရှိ အင်းဝနန်းတော် အုတ်ခုံများကို ပြန်လည် တူးဖော်မှုများ ဆောင်ရွက်လျက် ရှိပြီး အတွင်း နန်းမြို့ရိုး၏ အရှေ့ဘက်ပိုင်း ကိုပါ ဆက်လက် တူးဖော် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ သိရသည်။

အင်းဝ မြို့ဟောင်းတွင် မြို့ရိုးသုံးခု ရှိရာ ယခုအခါ အတွင်းပိုင်း နန်းမြို့ရိုးကို တူးဖော် နေခြင်းဖြစ်၍ ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ မြို့ရိုးအမြင့်မှာ ၁၅ ပေ ဝန်းကျင်ခန့် ရှိနိုင်ကြောင်း ခန့်မှန်း
ထားသည်။ မြို့ရိုးရှိ အုတ်ချပ်များမှာ အမရပူရ ခေတ်ပြိုင် အုတ်ချပ်များ ဖြစ်နိုင်ပြီး မြို့ရိုးမှာ တောင်၊ မြောက် စုစုပေါင်း ပေ ၁၄၈ဝ ရှည်လျား၍ အရှေ့ အနောက်မှာ ပေ ၁၁ဝဝ ရှည်လျားသည်။ အဆိုပါ နန်းတော် အုတ်ခုံများ တူးဖော်ရာတွင် အချိန်နှစ်လခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

တံတားဦးမြို့နယ် ဥတည်ကျေးရွာ အနီး စည်တိုပုံမြို့ရိုး အတွင်းဘက်ရှိ အတွင်းနန်းတော် မြို့ရိုးကို သြဂုတ်လလယ် ပိုင်းမှစတင်ကာ တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် တောင်ဘက်ပိုင်း ရှိ မြို့ရိုးကို တူးဖော်လျက် ရှိကြောင်း သိရသည်။

အင်းဝမြို့ဟောင်း ၏ အတွင်းနန်းတော် မြို့ရိုး ပတ်ပတ်လည်ကို ပြန်လည်တူးဖော် သွားမည် ဖြစ်သဖြင့် တောင်ဘက်မြို့ရိုး ပြီးဆုံးပါက အရှေ့ဘက် မြို့ရိုးကို ဆက်လက် တူးဖော်မည် ဖြစ်ကြောင်း သိရသည်။

''ရှေးဟောင်း အမွေအနှစ် တွေကို ထိန်းသိမ်းစောင့် ရှောက်နေတဲ့ ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ ရှေးယခင် ကတည်းက ဗုဒ္ဓသာသနာ ထွန်းကားခဲ့ပြီး ယဉ်ကျေးမှု အဆင့်အတန်းနဲ့ ဗိသုကာ
အတတ်ပညာ တွေ မြင့်မားခဲ့တယ် ဆိုတာကို ဒီအနုပညာ လက်ရာတွေနဲ့ သက်သေပြ ချင်လို့ မပျောက်ပျက်အောင် ထိန်းသိမ်းခြင်း လုပ်ငန်းတွေနဲ့ ပြန်လည် တူးဖော်မှု လုပ်ငန်းတွေကို ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်လလောက် ကတည်းက တူးဖော်မှု လုပ်ငန်းတွေ စတင်ခဲ့ပြီး နန်းတော်အုတ်ခုံ ကို ရှေးမူမပျက် ပြန်လည် တူးဖော်မှုတွေ ဆောင်ရွက် နေပါတယ်'' ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

ရေပေါ်ရေအောက် ငါးပြတိုက်ကို ၂၀၁၆ ခုနှစ်တွင် တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်ပြသနိုင်ရန် လုပ်ဆောင်နေ



ရန်ကုန် ၊ ၁၇-၉-၂၀၁၅

ရန်ကုန်မြို့ ကန်တော်ကြီး ပရိဝုဏ် အတွင်းရှိ ယခင်ရေချို ငါးဥယျာဉ် နေရာတွင် တည်ဆောက်လျက် ရှိသည့် မြန်မာ အကွာရီယံ နိုင်ငံတကာ အဆင့်မီ ရေပေါ်ရေအောက် ငါးပြတိုက်အား ၂ဝ၁၆ ခုနှစ်တွင် တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်ပြသ နိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ကန်တော်ကြီး ရေချိုငါးဥယျာဉ် ကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲခဲ့ပြီး ကန်တော်ကြီး ရေချို ငါးဥယျာဉ်သည် အချက်အချာ ကျသည့်နေရာ၌ ရှိခြင်းကြောင့် နိုင်ငံတကာ အဆင့်မီ ရေပေါ်ရေအောက် ငါးပြတိုက်အဖြစ် တည်ဆောက်ရန် ၂ဝ၁၃ ခုနှစ် သြဂုတ်လတွင် ပြည်တွင်း လုပ်ငန်းရှင် များကို တင်ဒါခေါ်ယူ ခဲ့သည်။ ယင်းတင်ဒါ ခေါ်ယူ ခဲ့ရာတွင် ငှားရမ်းခ တစ်နှစ်လျှင် ကျပ်သိန်း ၁၂ဝဝ ပေးသည့် ဒေါ်ယုယဝင်း (မြန်မာ အကွာရီယံ ကုမ္ပဏီ)မှ တင်ဒါ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း ပြတိုက်သည် စုစုပေါင်း ကြမ်းခင်းဧရိယာ စတုရန်းပေ ၁၉ဝဝဝဝ၊ အမြင့်ပေ ၄ဝ ရှိမည် ဖြစ်သည်။ တစ်ထပ်ချင်း အမြင့် အနေဖြင့် ၁၂ ပေ ၆ လက်မ ရှိမည်ဖြစ်ပြီး စုစုပေါင်း ရေပမာဏ လီတာ ငါးသိန်း အသုံးပြု သွားမည် ဖြစ်သည်။

ယင်း ငါးပြတိုက်တွင် ငါးမန်း အပါအဝင် ငါး အမျိုးအစား ပေါင်း ၅ဝဝ ခန့်၊ ငါးအကောင်ရေ တစ်သန်းခန့်ကို ပြသသွားမည် ဖြစ်ပြီး ကြည့်ရှုသူ များကို ဆွဲဆောင် နိုင်သော မြန်မာနိုင်ငံ၏ Landmark အသွင်ဖြစ်လာ မည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။

အဆိုပါ ငါးပြတိုက်ကို ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန် ဒေါ်လာ ၁၅ သန်းကျော် ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း၊ ပြတိုက်အတွင်း ရေငန်ငါးနှင့် ပင်လယ်ငါး မျိုးစိတ်များအား တစ်လှည့်စီ ပြသပေး သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရေပေါ် ရေအောက် ငါးပြတိုက် အသစ်ကို ယခင် ရေချို ငါးဥယျာဉ်ထက် ပိုမိုထူးခြား ဆန်းသစ်သည့် ပြကွက်များ၊ ရေချိုရေငန် များကို ရေပေါ် ရေအောက် အသွင်ဖြင့် အနီးကပ် လေ့လာနိုင်မည့် ပထမဆုံး ငါးပြတိုက် အဖြစ် တည်ဆောက် နေခြင်း ဖြစ်သည်။ မူလက ၂ဝ၁၅ ခုနှစ်အတွင်း ဖွင့်လှစ်ပြသ နိုင်ရန် စီစဉ် ခဲ့သော်လည်း ပြတိုက်အတွင်း အသုံးပြုမည့် ပစ္စည်းများကို ပိုမိုကောင်းမွန် စေရန် ရွေးချယ် နေခြင်းကြောင့် ၂ဝ၁၆ ခုနှစ်အတွင်း တစ်စိတ် တစ်ပိုင်း ပြသနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၆)

Navigators



Our country’s democratization process has been opening up reforms in multiple sectors throughout its non-stop, high-rate evolution for more than four years from the start to this date, calling for both hard work and efficiency of the citizens who actually wish national progress through changes and democracy in a peaceful and stable atmosphere.

Our people want democracy as they believe the system will bring progress and prosperity our nation needs. Actually, democracy can be assumed the best political system human beings have ever invented in the service of mankind. But it also has advantages and disadvantages like all other things and systems of the planet. Besides, a system alone cannot ensure progress and prosperity of a nation or even a community. In fact, human beings are the key players as they are navigators in directing the course of mother country towards a better future while the system serves as a road-map.

Here people need proficiency, vision and wisdom both in navigation job and in map reading work to reach the aspired destination, or else they will get lost in the middle of the journey. So, high efficiency or high intellectual level, good judgment, morals and insight of the people is a must in building a true democratic state that guarantees peace, prosperity and progress everyone loves.

People need reasoning power to distinguish between right and wrong, efficiency to compete with international counterparts for national progress, ethics to stay away  from corruption and bribery the worst enemy of democracy, vision to stay united and forge national consolidation, experience to do the right job at the right time and knowledge to practice democracy correctly.

As democracy has its own pros and cons like all other systems of the world, people in a democratic society must have more than the given abilities as they themselves are the navigators finding the right path towards their aspired goal. 

Maung Than Weik

The Myawady Daily, Page(18)

#Themyawadydaily

Nay Pyi Taw hosts Myanmar Global Investment Forum



Yangon, September 17

Once again Nay Pyi Taw hosted the Myanmar Global Investment Forum at which Myanmar’s political and business leaders holding talks with global investors and executives.

Co-sponsored by Euromoney Conference, more than 800 local and international participants were focusing on Myanmar’s economy in their discussions as the country prepares for a new government.

Some important topics at the two-day forum on 15 and 16 this month included Capturing Investment Opportunities in Myanmar; Myanmar’s Business Leaders: 2016 Outlook; Liberalising the Banking Sector; Energy: Powering Myanmar’s Growth; Unlocking the Golden Land’s Natural Resources and Mining Industry; Integrating Myanmar’s Robust Agricultural Market into the Region; Focus: SEZ Development and Infrastructure; Developing Myanmar’s Tourism Industry; and Myanmar Real Estate and Urban Planning.

In his keynote address, Chairman of Myanmar Investment Commission U Zeyar Aung said the country still needs more foreign investment for creating a better environment and infrastructures strong enough to further develop heavy industries. U Zeyar Aung, who is also the Minister for Energy, singled out the labor intensive businesses such as developers and industries, as businesses where foreign investment is welcomed more to create job opportunities for Myanmar citizens.

Total investment volume in Myanmar during the period between 1988 when the country started adopting market economy and 31 August this year reaches over USD 57 billion, in which more than 25 percent of the cash flows into Myanmar from its neighbor China.

The forum at Myanmar International Convention Centre 2 also aimed at serving as bridge between the private sector and government for national economic progress and helping investors find pioneer markets.

The Myawady Daily, Page(18)

#Themyawadydaily

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၃၇)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၃၇)

Download Links


မြ၀တီနေ့စဉ်သတင်းစာ (၁၇-၉-၂၀၁၅) ကြာသပတေးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၁၇-၉-၂၀၁၅) ကြာသပတေးနေ့

Download Links


Wednesday, September 16, 2015

အပျော်တမ်း မောင်းသူမဲ့လေယာဉ်များကို နေရာကန့်သတ် ချထားပေးသွားမည်


ရန်ကုန် ၊ ၁၆-၉-၂၀၁၅

အပျော်တမ်း မောင်းသူမဲ့ လေယာဉ်များ အတွက် ယခုနှစ်အတွင်း နေရာသီးသန့် ချထားပေး၍ မောင်းနှင်သွား စေမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းလွင် က ပြောသည်။

အပျော်တမ်း မောင်းသူမဲ့ လေယာဉ်များကို ယခုအခါ အလျဉ်းသင့် သလို မောင်းနှင် နေကြပြီး ပုဂ္ဂိုလ်ရေးရာ မထိခိုက်စေရေး၊ စနစ်တကျ ရှိရေးနှင့် ဘေးကင်း လုံခြုံမှုများ ရှိစေရန် နေရာသီးသန့် ချထား ပေးသွားမည်ဟု သိရသည်။

လတ်တလောတွင် အဆိုပါ မောင်းသူမဲ့ လေယာဉ်များ အတွက် ရန်ကုန်တွင် တစ်နေရာ၊ မန္တလေးတွင် တစ်နေရာ စီစဉ် လျာထားကြောင်း သိရသည်။ မောင်းသူမဲ့ လေယာဉ် အမျိုးအစား ရှိပါက လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် စာရင်းရေးသွင်း ရမည်ဖြစ်ပြီး အများပြည်သူ သိစေရန် ကြေညာ ပေးသွားမည်ဟု သိရသည်။

အဆိုပါ စာရင်းသွင်းခြင်း အပိုင်းနှင့် နေရာချမှတ်မှု များကို ယခုနှစ် အတွင်း စတင် အကောင်အထည် ဖော် လုပ်ဆောင် သွားမည်ဟုသိရသည်။ မောင်းသူမဲ့ လေယာဉ်ကို အပျော်တမ်း သဘောအရ အသုံးပြုခြင်းနှင့် လုပ်ငန်းသဘော အရ အသုံးပြုခြင်း ဟူ၍ အသုံးပြုခြင်း နှစ်မျိုးရှိပြီး ယခုအခါ အပျော်တမ်း မောင်းနှင်သူများ အတွက် နေရာသီးသန့် စီစဉ်ပေးခြင်း ဖြစ်သည်။

လေကြောင်း ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် အပျော်တမ်း မောင်းသူမဲ့ လေယာဉ် အသုံးပြုခြင်းကို တားမြစ်ထားမှု မရှိသော်လည်း ပျံသန်းမှု၌ စနစ်တကျ ရှိစေရေး အတွက် ထိန်းချုပ်သည့် အနေဖြင့် နေရာချမှတ် ပေးရန် စီစဉ်ရခြင်း ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

eTekkatho ဒီဂျစ်တယ် စာကြည့်တိုက်စနစ် စတင် အသုံးပြုနိုင်


 http://www.etekkatho.org/

ရန်ကုန် ၊ ၁၆-၉-၂၀၁၅

ဗြိတိသျှကောင်စီ စာကြည့်တိုက် (ရန်ကုန်)တွင် မန်ချက်စတာ တက္ကသိုလ်မှ ပြုလုပ် ထားသည့် eTekkatho ဒီဂျစ်တယ် စာကြည့်တိုက် စနစ်ကို စက်တင်ဘာလ ၁ဝ ရက်မှ စတင် အသုံးပြု နိုင်ကြောင်းသိရသည်။ 

အဆိုပါ ဒီဂျစ်တယ် စာကြည့်တိုက်တွင် ဘာသာရပ် ပေါင်းစုံမှ လေ့လာ ကိုးကားစရာ စာအုပ်၊ စာတမ်းပေါင်း ၁၇ဝဝ ကျော်နှင့် အထူးစုဆောင်း ထားသော သင်ခန်းစာများ ပါဝင်ပြီး မြန်မာနိုင်ငံ သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများတွင် အထောက်အကူ ပြုစေရန် အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်သည်။

eTekkatho ဒီဂျစ်တယ် စာကြည့်တိုက်ကို အင်တာနက်လိုင်း ချိတ်ဆက်ရန် မလိုဘဲ အော့ဖ်လိုင်း အနေဖြင့် အသုံးပြုနိုင် သကဲ့သို့ အင်တာနက် ကွန်နက်ရှင် မမြန်သော နေရာများ တွင်လည်း အွန်လိုင်း အနေဖြင့် အသုံးပြုနိုင်ရန် တည်ဆောက် ထားခြင်း ဖြစ်ကြောင်း သိရသည်။

စာကြည့်တိုက်တွင် ပါဝင်သော အဓိက ဘာသာရပ် များမှာ Geography, Earth Sciences, Environment, English Language, Education, Teacher Training, Information Technology, Mathematics စသည်တို့ ဖြစ်သည်။ အထူး စုဆောင်းထားသော သင်ကြား လေ့လာရေး ဆိုင်ရာ အထောက် အကူပြု သင်ခန်းစာများ ကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။

eTekkatho ဒီဂျစ်တယ် စာကြည့်တိုက်ကို အင်တာနက်လိုင်း ချိတ်ဆက်ရန် မလိုဘဲ အော့ဖ်လိုင်း စနစ်ဖြင့် တက္ကသိုလ် ၁၂ ခုနှင့် အများပြည်သူသုံး စာကြည့်တိုက် သုံးခုတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အော့ဖ်လိုင်း စာကြည့်တိုက် တပ်ဆင်ထားသော နေရာများတွင် ဝိုင်ဖိုင် ကွန်ရက် တည်ဆောက်ပြီး ဝိုင်ဖိုင်လွှင့်ထား သဖြင့် eTekkatho ဒစ်ဂျစ်တယ် စာကြည့်တိုက်ကို ကွန်ပျူတာ လက်တော့ပ်၊ မိုဘိုင်းဖုန်း များဖြင့်လည်း ဝင်ရောက် ကြည့်ရှု နိုင်မည် ဖြစ်သည်။

ဗြိတိသျှကောင်စီ အသင်းဝင်များ အနေဖြင့် စာအုပ်စာတမ်း ၁၇ဝဝ ကျော်နှင့် ဗီဒီယို သင်ခန်းစာ များကို စာကြည့်တိုက်တွင် အင်တာနက် ချိတ်ဆက်ရန် မလိုဘဲ ဒေါင်းလော့ရယူ အသုံးပြု နိုင်မည် ဖြစ်သည် စာကြည့်တိုက် ပြင်ပတွင်လည်း အင်တာနက် ကွန်နက်ရှင် ရှိသော မည်သည့် နေရာမှ မဆို eTekkatho ဝက်ဘ်ဆိုက် http://www.etekkatho.org/ သို့ သွားရောက်၍ အွန်လိုင်းစာအုပ် စာတမ်းအချို့ ကိုလည်း ဖတ်ရှု လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

#Yadanarpondaily

ဒူးနာရောဂါ ဆေးမြီးတိုများ


ဒူးနာရောဂါ ဆေးမြီးတိုများ

ကြည်မြင့်လွင် (မုဒြာ)

ဒူးနာရောဂါသည် လူငယ်များတွင် ဘောလုံး အားကစား သမားများနှင့် လူကြီးများတွင် ဝ၍ မိမိခန္ဓာကိုယ် အလေးချိန် မထိန်းနိုင်သူများ၊ အထိုင်များ၍ လမ်းလျှောက် နည်းသူများ၊ အရိုးပွ၍ ဒူးကျီးပေါင်းတက် ရောဂါ ရှိသူများ၊ ချော်လဲ၍ တိုက်မိ ခိုက်မိကာ ဒူးတွင် ဒဏ်ရာရဖူး သူများတွင် တွေ့ရလေ့ ရှိသည်။

အမျိုးသမီး များတွင် ဒူးနာရောဂါ သည် သွေးဆုံးပြီး သည့်နောက်တွင် အလိုအလျောက် ဖြစ်လာသည်ကို တွေ့ရသည်။ အနောက်တိုင်း ဆေးပညာအရ သွေးဆုံးပြီးလျှင် အရိုးပွရောဂါ ဝင်လာပြီး အရိုးများ ကျိုးလွယ်သည်။ ကြွပ်ဆတ်ပြီး ကျီးပေါင်း တက်လာသည်။ အထူးသဖြင့် လည်ပင်းရိုးဆစ် ကျီးပေါင်းတက် သဖြင့် ခေါင်းမူးခြင်း၊ ငုံ့လျှင်၊ မော့လျှင် မူးပြီး ချာချာလည်ခြင်း၊ ဒူးဆစ်၊ ခါးဆစ်များ အကွေး အဆန့်တွင် အသံမြည်ခြင်း၊ ကျီးပေါင်းကြောင့် ကွေး၍ ဆန့်၍ အဆုံးထိ မရခြင်းများ ဖြစ်လေ့ ရှိသည်။

ဒူးတွင် ခုံညင်းရိုး ရှိသည်။ အကွေး၊ အဆန့်၊ အဆင်း၊ အတက် တွင် ဒူးအတွင်းမှ ချောဆီနှင့် ခုံညင်းရိုးသည် အလိုက်သင့် ကွေးညွတ် ပေးသည်။ လူကြီးများ ဒူးထောက်လဲလျှင် ခုံညင်းရိုး ကွဲသဖြင့် ထုတ်ပစ်ရသူများ ရှိသည်။ မကွဲသော်လည်း အမြှေး ကွာသဖြင့် ဒူးအတွင်းမှ အရည်များ အိတ်ဖြစ်လာသဖြင့် ဖောင်းကား နေသည်ကို ဒူးကြီးရောဂါ ဟုခေါ်သည်။ ဆေးရုံများတွင် ခွဲစိတ်ပြီး အတွင်းမှအရည်ကို ဖောက်ထုတ်လေ့ ရှိသည်။ အချို့မှာ မကုဘဲ ထားသဖြင့် ဒူးကြီးရောဂါ အဖြစ် အကွေးအဆန့် မလုပ်နိုင်ဘဲ နေကြသူများလည်း တွေ့ရသည်။ အချို့မှာလည်း ခွဲစိတ် ကုသပြီးမှ နောက်ထပ် အရည်ထွက်လာပြီး ဒူးပြန်ရောင်ကာ ဒူးကြီးရောဂါ စွဲနေသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ဒူးကြီးနေသူ ကျောင်းဆရာမ တစ်ဦးသည် အရပ်သုံး ဆေးမြီးတိုဖြင့် သက်သာသည်ကို တွေ့ရဖူးသည်။ သူသည်လမ်းဘေး ရေမြောင်း အနီးတွင် အုံလိုက် အလေ့ကျ ပေါက်သည့် ကိုယ်ရံကြီးပင် ခေါ် ကိုယ်ရံကြီး ဂမုန်းပင်မှ အရွက်ရှည်ရှည်ကြီး များကို ခူးယူပြီး မီးကင်၍ ပျော့ပျောင်း သွားအောင် ပြုလုပ်သည်။ ထိုအရွက်ကို ဒူးတွင်ပတ်ပြီး ပတ်တီးဖြင့် နှစ်နာရီ၊ သုံးနာရီခန့် စည်းထားသည်။ ပတ်တီး ဖြေလိုက်သော အခါ ဒူးတွင် ယားပိမ့်လေးများ၊ နီနီ အစက်လေးများ ထွက်လာသည်ကို တွေ့ရသည်။ ဒူးအတွင်းမှ အခိုးများ ကန်ထွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ သနပ်ခါး ကျောက်ပျဉ်တွင် ဆားအနည်းငယ် ရောသွေးပြီး ဒူးတွင် လိမ်းပေးသော အခါ ထိုအနီစက် လေးများ ပျောက်သွားပြီး ဒူးနာလည်း သက်သာသည်ဟု ဆိုသည်။

ဒူးနာအတွက် ဆေးမြီးတိုများ

  • - ခြေဖဝါးတွင် ဆားပွတ်ပြီး ဒူးအထက်မှ ရေလောင်းချပါ။ ညအိပ်ရာမဝင်မီ နေ့စဉ်ပြုလုပ် ခြင်းဖြင့် ဒူးနာသက်သာ စေနိုင်သည်။
  • - သက်ရင်းကြီး အမြစ်ကို ဆားနှင့် ရောသွေးပြီး ဒူးတွင်လိမ်းအဝတ်ဖြင့် ပတ်ထားလျှင် အကိုက်သက်သာ စေသည်။
  • - သင်္ဘောရွက်ကို မီးကင်ပြီး ဒူးပေါ်တွင် အုပ်၊ ပတ်တီးဖြင့် စည်းထားလျှင် ဒူးကြီးရောဂါ သက်သာ စေနိုင်သည်။
  • - ဒူးကျီးပေါင်း တက်လျှင် သစ်ကြံပိုးခေါက် အမှုန့်ကို ကြက်ဥအကာရည် အဖြူဖြင့် ရောမွှေပြီး ဒူးတွင် အုပ်၍ စည်းပေးပါ။ ၁၄ ရက်ထိစည်းလျှင် ဒူးကျီးပေါင်း ပျောက်ကင်း စေနိုင်သည်။
  • - ပင်လယ် ကမ်းခြေတွင် နေသူများ ခရာရွက်ကို ဆီသုတ်၍ မီးကင်ပြီး ဒူးတွင် စည်းထားလျှင် ဒူးနာသက်သာ စေသည်။
  • - ဒူးတွင် မုန်ညင်းဆီ လိမ်းပြီး မိဿလင်ကို အဝတ်ဖြင့် ထုပ်၍ ကြပ်ထုပ်ပူပူ ထိုးပေးလျှင် ဒူးနာသက်သာ စေသည်။
ရတနာပုံနေ့စဉ် ၊ စာ(၅)

သံဖြူဇရပ် မီးရထားပြတိုက်၌ သေမင်းတမန် ရထားလမ်းပိုင်း ဖောက်လုပ်ရင်း သေဆုံးခဲ့သည့် လုပ်သား ၁၂၀၀၀၀ ကျော်တို့၏ ရှားပါးဓာတ်ပုံများ ထည့်သွင်းပြသမည်


သံဖြူဇရပ် ၊ ၁၆-၉-၂၀၁၅

ဖက်ဆစ်ဂျပန် တို့၏ အာရှ စစ်မျက်နှာပြင် ဖွင့်လှစ်ကာ နယ်ချဲ့ ကျူးကျော် ကာလအတွင်း မြန်မာ- ယိုးဒယား (ထိုင်း) နှစ်နိုင်ငံ ဆက်သွယ်သော သေမင်းတမန် ရထားလမ်း ဖောက်လုပ်ရင်း အကြောင်း အမျိုးမျိုးကြောင့် သေဆုံးခဲ့သည့် လုပ်သား ၁၂ဝဝဝဝ ကျော်တို့၏ လှုပ်ရှားမှု ပုံရိပ်မှတ်တမ်း ဓာတ်ပုံများကို သံဖြူဇရပ် မီးရထားပြတိုက် ၌ အများပြည် သူလေ့လာနိုင်ရန် ထည့်သွင်း ပြသသွားမည် ဖြစ်ကြောင်း မီးရထား ပြတိုက် တည်ဆောက်ရေး စီမံကိန်းရုံးမှ သိရသည်။

ဂျပန်ဘုရင့် တပ်မတော် ဝန်ကြီး ဂျန်နရယ် က တိုကျိုမှ ရထားလမ်း ဖောက်လုပ်ရန် ၁၉၄၂ ခုနှစ်တွင် စီမံကိန်းရေးဆွဲပြီး လုပ်ငန်းစတင် ခဲ့ကြောင်း သိရသည်။ ယိုးဒယား (ထိုင်း)နိုင်ငံ ဘန်ဗလာ ဒက်ကန် ချိုင်းနားပူရီဆန်ပေါ်  ဘူတာမှ စတင်၍ မြန်မာနိုင်ငံ ကွေး (Kwai) မြစ်ကိုဖြတ်ကာ မွန်ပြည်နယ် သံဖြူဇရပ်မြို့ အထိ ရထားလမ်း အရှည် ၁၇၅ မိုင် ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရထားလမ်းပိုင်း ဖောက်လုပ်မှုတွင် ဂျပန် တပ်မတော်သည် မဟာမိတ် စစ်နိုင်ငံများ ဖြစ်သော ဗြိတိန်၊ ကနေဒါ၊ အမေရိကန်၊ နယူးဇီလန်၊ သြစတြီးယား၊ ဒိန်းမတ်နှင့် နယ်သာလန် စသော နိုင်ငံများမှ စစ်သုံ့ပန်း ၁၆၈ဝဝ ဦးကျော်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်း ဒေသများမှ လုပ်သားများ အပါအဝင် ၈ဝဝဝဝ ကျော်တို့အား ချွေးတပ်အဖြစ် စုရုံးကာ လူအင်အားဖြင့် နေ့ချင်း ညချင်းပြီး ဖောက်လုပ် ခဲ့ကြောင်း သိရသည်။

စီမံကိန်းကာလ တွင် ဂျပန်တို့၏ ဖိအားပေး ခိုင်းစေမှု များကြောင့် လုပ်သားများသည် တောတောင်များ ရှင်းလင်းရာတွင် ကျားဆွဲခံရခြင်း၊ တခြား တောရိုင်း တိရစ္ဆာန် များ၏ တိုက်ခိုက် ခံရခြင်း၊ ခဲယမ်းများဖြင့် တောင်များ မိုင်းခွဲဖြိုရာတွင် ထိခိုက် ဒဏ်ရာများ ရကာ သေဆုံးခြင်း၊ ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါများ ဖြစ်ခြင်းနှင့် ဂျပန်တို့၏ ညှင်းပန်း နှိပ်စက်မှု များကြောင့် လူဦးရေ ၁၂ဝဝဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

၁၇၅ မိုင်ရှိသော သေမင်းတမန် ရထားလမ်းပိုင်မှ ဇလီဖားတုံး အရေအတွက်မျှ လုပ်သားတို့၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ပေးဆပ် ခဲ့ရသော ရထားလမ်းပိုင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါ သမိုင်းရာဇဝင် ဖြစ်ရပ်များကို အများ ပြည်သူနှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ကြည့်ရှု လေ့လာနိုင် စေရန် ရှားပါးဓာတ်ပုံ မှတ်တမ်း၊ 3D ဒီဇိုင်းနှင့် ပန်းချီများကို အောက်တိုဘာ လကုန်ပိုင်းတွင် ပြီးစီးတော့မည့် သံဖြူဇရပ် မီးရထား ပြတိုက်၌ ထည့်သွင်းပြသ သွားမည် ဖြစ်ကြောင်း ပြတိုက်ခင်းကျင်း ပြသရေး အဖွဲ့မှ သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ် ၊ စာ(၇)

ဗီဇာအခက်အခဲကြောင့် မြန်မာခရီးသွားများ တောင်ကိုရီးယား နိုင်ငံသို့ သွားရောက်လည်ပတ်မှု နည်းပါး


ရန်ကုန် ၊ ၁၆-၉-၂ဝ၁၅

မြန်မာခရီးသွားများ အနေဖြင့် တောင်ကိုရီးယား နိုင်ငံသို့ ဗီဇာ လျှောက်ထားရာတွင် အခက်အခဲများ ရှိခြင်းကြောင့် သွားရောက်မှု နည်းပါးကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက် လာသော်လည်း မြန်မာ ခရီးသွားများ တောင်ကိုရီးယား နိုင်ငံသို့ သွားရောက် လည်ပတ်မှုမှာ နည်းပါး နေကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံနှင့် မြန်မာနိုင်ငံ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲခြင်းသည် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တိုးတက် စေခြင်းကြောင့် ဖြစ်သည်။ 

ထို့အပြင် တောင်ကိုရီးယား နိုင်ငံ၌ တောင်နှင့် မြောက် ပဋိပက္ခများနှင့် မားစ်ရောဂါကြောင့် တောင်ကိုရီးယား နိုင်ငံ၏ ခရီးသွား လုပ်ငန်း ကျဆင်းခဲ့ရပြီး ပြန်လည် တိုးတက်လာ စေရန် အာရှဈေးကွက်ကို အဓိကထား၍ ဈေးကွက် ရှာဖွေမှုများ ပြုလုပ်နေ ရကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကပြောသည်။

ဈေးကွက်ရှာဖွေ ရာတွင်လည်း အာရှဈေးကွက်မှ စိတ်ဝင်စားမှု များသည့် Kpop ပွဲများ၊ အရောင်းပွဲတော် များဖြင့် ထိပ်တန်းနိုင်ငံများ ဖြစ်သော တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ တို့ကို ပြန်လည် ဆွဲဆောင် နေရသည့်အပြင် တိုက်ရိုက် လေကြောင်းလိုင်း ရှိသည့် မြန်မာနိုင်ငံ အတွက် ဈေးကွက် ဦးတည်ချက် ထားကာ လုပ်ငန်း မြှင့်တင်မှုများ လုပ်ဆောင် နေကြောင်း သိရသည်။

လင်းသူ

မြဝတီနေ့စဉ် ၊ စာ(၆)

အင်းလေးကန်ကို ရေရှည်တည်တံ့သော သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖြစ်လာရန် လုပ်ဆောင်မည်


ညောင်ရွှေ ၊ ၁၆-၉-၂၀၁၅

နိုင်ငံတကာ ခရီးသွားများ လည်ပတ်စရာ နေရာဖြစ်သည့် အင်းလေးကန် ကို ရေရှည် တည်တံ့သော သဘာဝ အခြေခံ ခရီးသွား လုပ်ငန်း ဖြစ်လာစေရန် နှင့် ယင်းဒေသ အကြောင်း နက်နက်နဲနဲ သိကျွမ်းသည့် ဧည့်လမ်းညွှန်များ ပိုမိုပေါ်ပေါက် လာစေရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့၊ ဒေသတွင်း ဧည့်လမ်းညွှန် များနှင့် ပညာရှင်များ ပူးပေါင်းကာ Pilot Project ကို အောက်တိုဘာလ တွင် စတင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ သိရသည်။

'' အင်းလေးကန် အကြောင်းကို နက်နက်နဲနဲ သိရှိလာဖို့နဲ့ ရေရှည်တည်တံ့ တဲ့ သဘာဝ အလှတရားတွေ ထိန်းသိမ်းနိုင်ဖို့ အတွက် ပညာရှင်တွေက ပညာပေး ဆွေးနွေးမှုတွေ လုပ်မှာပါ။ အောက်တိုဘာ လဆန်းမှာ စလုပ်မှာပါ။ အဲဒီ အစီအစဉ်က ၁ဝ ရက် လောက်ပဲ ကြာမယ်။ ဧည့်လမ်းညွှန်တွေ အနေနဲ့ အင်းလေးကန် အကြောင်းကို ထဲထဲဝင်ဝင် သိရှိနိုင်ပြီး လုပ်ငန်းခွင်မှာ အသုံးချ နိုင်အောင် လုပ်ဆောင် သွားမှာပါ။ အစီအစဉ် စတင်နိုင်ဖို့ သက်ဆိုင်ရာ ဌာနတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်'' ဟု အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ကိုစိန်ထွန်း က ပြောသည်။

အင်းလေးကန် သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံ ထိန်းသိမ်းမှုများ အတွက် နည်းပညာ၊ အတတ်ပညာ များကို အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိပြီး ရေရှည် တည်တံ့သော ခရီးသွား လုပ်ငန်းအဖြစ် တိုးမြှင့် လုပ်ကိုင်ရန် ဒေသတွင်း ခရီးသွား လုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု များလည်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၄)

ကြော်ငြာလုပ်ငန်း လုပ်ကိုင်သူများ၏ အဓိကပစ်မှတ်မှာ ကန်ထရိုက်တိုက်များ ဖြစ်လာ


ရန်ကုန် ၊ ၁၆-၉-၂၀၁၅

စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများကို ကြော်ငြာသည့် လုပ်ငန်း လုပ်ကိုင် သူများသည် မော်တော်ယာဉ် များပေါ်တွင် ကြော်ငြာသည့် လုပ်ငန်းများကို လျှော့ချလိုက်ပြီး အဓိက ပစ်မှတ်မှာ ကန်ထရိုက် တိုက်များ ဖြစ်လာကာ ကြော်ငြာခ နှုန်းထားများ မှာလည်း ထက်ဝက်ခန့် မြင့်တက် လာကြောင်း ကုန်ပစ္စည်း ကြော်ငြာ လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

ကန်ထရိုက်တိုက် များ၏ နံရံများတွင် ကုန်ပစ္စည်း တံဆိပ်များကို ကြော်ငြာလို သူများ အနေဖြင့် ယခင်က မြေရှင်များနှင့် ညှိနှိုင်းပြီး နှစ်စဉ် တိုက်နံရံ ဆေးသုတ်ခြင်း များနှင့် ထုတ်ကုန် ပစ္စည်းများကို နေထိုင်သူ များအား လက်ဆောင် ပေးခြင်းများ ကိုသာ ပြုလုပ် ကြသော်လည်း ယခုအခါ မြေရှင်များကို အပို ထပ်ဆောင်းငွေများ ပေးချေ လာကြောင်း သိရသည်။

တချို့သော မော်တော်ယာဉ် ပိုင်ရှင်များက မော်တော်ယာဉ် ၏ ကိုယ်ထည် များတွင် ကုန်ပစ္စည်း ကြော်ငြာ စတေကာ ကပ်နှိပ်ခြင်း များကို လက်ခံမှု နည်းပါး လာခြင်းကြောင့် ကြော်ငြာလုပ်ငန်း လုပ်ကိုင်သူ များက ကန်ထရိုက် တိုက်ဘေးနံရံ များ၌သာ ကြော်ငြာ လုပ်ငန်းများ လုပ်ကိုင် လာကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကန်ထရိုက် တိုက်ခန်းနံရံ များတွင် ကုန်ပစ္စည်း ကြော်ငြာ လိုသူများ အနေဖြင့် မြေပိုင်ရှင် များနှင့် ညှိနှိုင်းပြီး တိုက်နံရံ ဆေးသုတ်ခ အပြင် တစ်နှစ်လျှင် ကျပ် တစ်သိန်းကျော် အထိ ပေးချေ ရကြောင်း သိရသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၃)

ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ဆေးတက္ကသိုလ် သင်တန်းခန်းမ နှင့် ဆေးပညာပြတိုက် ဖွင့်ရန် စီစဉ်ထား


ရန်ကုန် ၊ ၁၆-၉-၂ဝ၁၅

နှစ်ပေါင်း ၁၁၀ နီးပါး ရှိပြီဖြစ်သော ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသည် ခံနိုင်ဝန်အား မမျှတော့ သဖြင့် ဆေးရုံအသစ် ထပ်မံ တည်ဆောက်ကာ ယင်း အဆောက်အအုံ ကြီးကို ဆေးတက္ကသိုလ် သင်တန်းခန်းမ နှင့် ဆေးပညာ ပြတိုက်ဖွင့်ရန် အစီအစဉ် ချမှတ်ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင် က ပြောသည်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီး ကို ၁၉ဝ၆ ခုနှစ်က စတင် ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ယင်း အဆောက်အအုံကြီး စတင် တည်ဆောက် စဉ်က လူနာပေါင်း ၃၆၅ ဦးအတွက် ရည်ရွယ် ဆောက်လုပ်ခဲ့ သော်လည်း ယခုအခါ ယင်း အဆောက်အအုံ ကြီးပေါ်၌ လူနာပေါင်း ၁၅ဝဝ ခန့်အထိ ကုသပေး နေရပြီး လူနာ တစ်ဦးလျှင် လူနာစောင့် တစ်ဦးနှုန်းဖြင့် တွက်ပါက လူနာစောင့် ၁၅ဝဝ ဦးနှင့် ဝန်ထမ်းပေါင်း ၁၅ဝဝ ဦးရှိသောကြောင့် ယင်း အဆောက်အအုံ ပေါ်တွင် စုစုပေါင်း လူဦးရေ ၄၅ဝဝ ခန့် ရှိနေကြောင်း သိရသည်။

ထို့ကြောင့် ဝန်ထမ်းဟောင်း အဆောက်အအုံကို ဖြိုဖျက်ကာ ၁၂ ထပ်ရှိသည့် ဆေးရုံတစ်ရုံ ဆောက်လုပ် သွားရန် စီစဉ်ထားကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ ခုတင်- ၃ဝဝ ဆံ့ေ ဆးရုံများကို ခုတင်- ၅ဝဝ ဆံ့ ဆေးရုံများ အဖြစ် တိုးမြှင့်မည် ဖြစ်ကာ ခရိုင်အဆင့် ဆေးရုံများကို ခုတင်-၂ဝဝ ဆံ့မှ ခုတင်-၃ဝဝ ဆံ့အထိ တိုးမြှင့်သွားမည် ဖြစ်ပြီး ၂၅ ခုတင်ဆံ့ မြို့နယ်အဆင့် ဆေးရုံများကို ခုတင်-၅ဝ ဆံ့အဖြစ် တိုးမြှင့် သွားရန် ပြည်ထောင်စု အစိုးရထံ တင်ပြ ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

ဝန်ထမ်းလျှော့ချမှု ပြုလုပ်နေသည့် စက်ရုံများကို သက်ဆိုင်ရာမှ ကြပ်မတ်စိစစ်၍ လိုအပ်မှသာ ခွင့်ပြုသွားမည်


ရန်ကုန် ၊ ၁၆-၉-၂၀၁၅

အနည်းဆုံး လုပ်ခလစာ သတ်မှတ်ပြီးသည့် နောက်ပိုင်းတွင် စက်ရုံများ၌ ဝန်ထမ်း လျှော့ချမှုများ ရှိလာခဲ့ပြီး အဆိုပါ ဝန်ထမ်း လျှော့ချမှု ပြုလုပ်နေသည့် စက်ရုံများကို သက်ဆိုင်ရာမှ ကြပ်မတ် စိစစ်၍ လိုအပ်မှသာ လျှော့ချမှုကို ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က ပြောသည်။

လက်ရှိ အခြေအနေတွင် စက်ရုံများမှ လူအင်အား လျှော့ချမှုများ ဆက်တိုက် ဖြစ်ပေါ် လာသည့်အတွက် အမှန်တကယ် အော်ဒါမရခြင်း ဟုတ်၊ မဟုတ်နှင့် အခြား အခက်အခဲများ ရှိ၊ မရှိကို ယခင်ကထက် စိစစ်မှုများ ပိုမိုပြုလုပ် နေကြောင်း၊ လက်ရှိတွင် လူလျှော့ရန် တင်ပြခြင်း သာရှိပြီး စက်ရုံပိတ်ရန် တင်ပြခြင်းများ မရှိသေးကြောင်း သိရသည်။

စက်ရုံများတွင် အလုပ်သမား အင်အား လျှော့ချရခြင်း၏ အကြောင်း ပြချက်မှာ အနိမ့်ဆုံး လုပ်ခလစာ တစ်နေ့လျှင် အလုပ်ချိန် ရှစ်နာရီ လုပ်အားခ အတွက် ကျပ် ၃၆ဝဝ သတ်မှတ်ခြင်း ကြောင့် မဟုတ်ဘဲ အလုပ်သမား များ၏ ကြိုးစား အားထုတ်မှု မရှိခြင်း၊ လုပ်ငန်းခွင် အတွင်း အလေးထား ဆောင်ရွက်မှု အားနည်းခြင်း၊ အော်ဒါ လက်ခံရရှိမှု နည်းပါးခြင်း၊ ကုန်ကျစရိတ် နှင့် ဝန်ဆောင်ခများ မြင့်တက် လာခြင်းနှင့် ကုန်ကြမ်း ရရှိမှု နည်းပါးခြင်း စသည့် အခက်အခဲ များကြောင့် ဖြစ်ကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၃)

မြ၀တီနေ့စဉ်သတင်းစာ (၁၆-၉-၂၀၁၅) ဗုဒ္ဓဟူးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၁၆-၉-၂၀၁၅) ဗုဒ္ဓဟူးနေ့

Download Links


Tuesday, September 15, 2015

ပလူတိုဂြိုဟ်သိမ်၏ နောက်ဆုံးရဓာတ်ပုံ များကို နာဆာပြသ


Pluto As Seen By New Horizons

NASA’s New Horizons Finds Second Mountain Range in Pluto’s ‘Heart’

ဝါရှင်တန် ၊ ၁၅-၉-၂၀၁၅

မကြာသေးမီက ပလူတိုဂြိုဟ်သိမ်ကို အနီးကပ် ဖြတ်သန်းစူးစမ်း လေ့လာခဲ့သည့် New Horizon အာကာသယာဉ်မှ ဆက်လက် ပေးပို့နေသည့် အချက်အလက် များမှ ပလူတို ဂြိုဟ်သိမ်၏ နောက်ဆုံးရ ဓာတ်ပုံများကို နာဆာ က ပြသခဲ့ရာ အာကာသ စူးစမ်းလေ့လာရေး သမိုင်းတွင် ပထမဆုံးအကြိမ် မြင်တွေ့ ရသည့် ဓာတ်ပုံများ ဖြစ်သည့်အတွက် ပညာရှင်နှင့် လူထု စိတ်ဝင်စားမှု အထူးရရှိ နေကြောင်း သိရသည်။

'' ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ ပုံတွေပါ။ ပလူတို ဂြိုဟ်သိမ်ရဲ့ အနေအထားဟာ နေနဲ့ကွာဝေး လွန်းတဲ့အတွက် မှောင်လွန်းနေတော့ ရောင်စုံဓာတ်ပုံ မရနိုင်ဘဲ အဖြူအမည်း ဓာတ်ပုံတွေပဲ ရတယ် ဆိုပေမယ့်လဲ အာကာသ စူးစမ်း လေ့လာရေး လောကအတွက် တော့ တန်ဖိုးမဖြတ် နိုင်တဲ့ အနီးကပ်ပုံတွေ ဖြစ်ပါတယ်။ ပလူတိုဂြိုဟ်ရဲ့ မျက်နှာပြင်ကို ဒီလောက် အနီးကပ် နဲ့ ဒီလောက် အသေးစိတ် တစ်ခါမှ မမြင်ဖူး ပါဘူး'' ဟု သုတေသီ များကြေ ပာပြသည်။ ယခု ဖော်ပြပါ ဓာတ်ပုံသည် ပလူတို ဂြိုဟ်သိမ်ပေါ်ရှိ Cthulhu Regio နှင့် Sputnik Planum ဒေသများ ဖြစ်ကြောင်း သိရသည်။

''ပလူတိုဂြိုဟ် ဟာ မြေမျက်နှာ သွင်ပြင် အမျိုးမျိုးနဲ့ သဘာဝ ဖြစ်စဉ် ထူးထွေဆန်းပြားစွာ တည်ရှိနေတာ ဖြစ်လို့ နေ အဖွဲ့အစည်း ထဲမှာ အထူးဆန်းဆုံး ဂြိုဟ်လို့ ပြောနိုင်ပါတယ်။ အခု မြင်တွေ့  နေရတာဟာ ဓာတ်ပုံ မို့လို့သာ ယုံရတယ်။ တကယ်တော့ သိပ်စိတ်ကူးယဉ် တတ်တဲ့ ပန်းချီဆရာက ရေးဆွဲထားတဲ့ စိတ်ကူးယဉ် ပန်းချီကားနဲ့ ပိုတူပါတယ် '' ဟု New Horizon ဆိုင်ရာ သုတေသန ဦးစီး အယ်လန်စတန်း က ပြောပြသည်။

New Horizon သည် လွန်ခဲ့သော ရက်သတ္တပတ်မှပင် ကြည်လင် ပြတ်သားသော ဓာတ်ပုံများကို စတင်ပေးပို့ နေခြင်းဖြစ်ကြောင်း၊ New Horizon ထံမှ အချက်အလက်များ အားလုံး ရရှိနိုင်ရန် အနည်းဆုံး တစ်နှစ် ကြာမြင့်မည် ဖြစ်ကြောင်း၊ ယခုနောက်ပိုင်း ပေးပို့နေသော ဓာတ်ပုံများသည် ၄ဝဝ Metere per Pixel ဖြစ်ကြောင်း၊ ထို့ကြောင့် ဂြိုဟ်မျက်နှာပြင် ပေါ်တွင် နိုက်ထရိုဂျင် ရေခဲပြင် စီးဆင်းနေပုံ၊ တောင်ကြား ချိုင့်ဝှမ်းများ ယှက်ဖြာ ရှုပ်ထွေးနေပုံ၊ သဲသောင်ပြင်များ ပုံစံအမျိုးမျိုးဖြင့် ဖြစ်တည်နေပုံ၊ တောင်စဉ် တောင်တန်းများ ပြန့်ကျဲ နေပုံ အစရှိသည်တို့ကို သဲကွဲ ရှင်းလင်းစွာ မြင်တွေ့ နေရပြီ ဖြစ်ကြောင်း သိရသည်။

''ပလူတိုဂြိုဟ် မျက်နှာပြင်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင် လိုပဲ ရှုပ်ထွေးနေပါတယ်။ အခု ဖော်ပြပါ ဓာတ်ပုံဟာ ပလူတိုရဲ့  အီကွေတာ အပိုင်းက ကီလိုမီတာ ၁၈ဝဝ ကို ကိုယ်စားပြု ပါတယ်။ ဒီဓာတ်ပုံ တွေကို ကီလိုမီတာ ၈ဝဝဝ အဝေးက ရိုက်ကူး ထားတာပါ '' ဟု အယ်လန် က ဆက်လက် ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)



#Yadanarpondaily

ကမ္ဘာ့အကြီးဆုံး ဆင်ထိန်းသိမ်းရေးေ ဘးမဲ့တော မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ရန် စီစဉ်


ရန်ကုန် ၊ ၁၅-၉-၂ဝ၁၅

ကမ္ဘာ့အကြီးဆုံး ဆင်ထိန်းသိမ်းရေး ဘေးမဲ့တောကို ပဲခူးရိုးမအတွင်း တည်ထောင် သွားရန် အပြည်ပြည်ဆိုင်ရာ တောတွင်း တိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့တစ်ခု ဖြစ်သော သြစတြီးယားနိုင်ငံ အခြေစိုက် FOUR PAWS International အဖွဲ့မှ ကမ်းလှမ်းလာ သဖြင့် ယခုအခါ ပြည်တွင်းပြည်ပ သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ လေ့လာ ဆန်းစစ်မှုများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင်ထိန်းသိမ်းရေး ဘေးမဲ့တောတွင် ဆင်များသာမက တခြားတောရိုင်း တိရစ္ဆာ န်များနှင့် ကျေးငှက်မျိုးစုံ ကိုလည်း ဘေးမဲ့ပေးကာ ထိန်းသိမ်း စောင့်ရှောက်ရန် ရည်မှန်းထားသည်။ ယင်း ဘေးမဲ့တောကို ပဲခူးရိုးမ အတွင်းရှိ ခပေါင်းကြိုးဝိုင်း သစ်တော အနီး ပတ်ဝန်းကျင်တွင် ဧက နှစ်သောင်းနီးပါး နေရာယူကာ တည်ထောင် သွားရန် လျာထား သော်လည်း FOUR PAWS International အဖွဲ့အနေဖြင့် ဧကသိန်းနှင့် ချီ၍ အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် ဆန္ဒရှိသဖြင့် လိုအပ်သော လေ့လာမှုများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

FOUR PAWS International အဖွဲ့အစည်း သည် ကမ္ဘာအရပ်ရပ် တွင် သစ်တောများ ပြုန်းတီးလာသဖြင့် တောရိုင်း တိရစ္ဆာ န်များ နေထိုင်ကျက်စားရာ စားကျက်မြေ နေရာ ရှားပါးလာပြီး လူများ နေထိုင်ရာ အရပ် ဒေသများသို့ မျက်စိလည် လမ်းမှား ရောက်ရှိလာကာ မလိုလားအပ်သော အဖြစ်အပျက်များ၊ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွား လာခြင်းကို တားဆီး ကာကွယ်ရန်နှင့် ရှားပါး တိရစ္ဆာန်များ မျိုးသုဉ်း ပျောက်ကွယ်ခြင်း မှ ကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်ချက် များဖြင့် ကမ္ဘာတစ်ဝန်းတွင် ဘေးမဲ့တောများ ကူညီ ဖော်ဆောင်ပေးလျက် ရှိသော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံ၌ တစ်ခါတစ်ရံ တောဆင်ရိုင်း များသည် လူတို့ နေထိုင်ရာ အရပ်ဒေသ များသို့ နယ်မြေလွန်ပြီး ရောက်ရှိလာကာ ဒေသခံများကို အန္တရာယ် ပြုခြင်း၊ ကောက်ပဲသီးနှံ စိုက်ခင်းများကို ဝင်ရောက် ဖျက်ဆီးခြင်းများ ပြုလုပ်လေ့ ရှိကြောင်းနှင့် လက်ရှိတွင် မြန်မာနိုင်ငံ၌ တောဆင်ရိုင်း အကောင်ရေ ၃ဝဝဝ နီးပါး ရှိလိမ့်မည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ခန့်မှန်းထားကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၃)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger