www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 30, 2016

Rain Cube ကုဗပုံဂြိုဟ်တုငယ်တွင် တင်ဆောင်မည့် ရေဒါစလောင်းကို ဘူးငယ်တစ်ခုတွင် ဆံ့အောင်သွင်းပြနိုင်မည့် အင်ဂျင်နီယာဖိတ်ခေါ်




ဝါရှင်တန် ၊ ၃၀-၁၁-၂၀၁၆

၂ဝ၁၇ခုနှစ်တွင် လွှတ်တင်ပြီး ကမ္ဘာပေါ်တွင် မိုးရွာသွန်းမှုနှင့် နှင်းကျမှုပမာဏ ကို အာကာသမှ တိုင်းတာပေးမည့် Rain Cube  ကုဗပုံဂြိုဟ်တုငယ်တွင် တင်ဆောင်သွားမည့် ရေဒါစလောင်းကို အိုရီဂါမီ စက္ကူခေါက်နည်း အတိုင်းခေါက်ကာ ဘူးငယ် တစ်ခုတွင် ဆံ့အောင် သွင်းပြနိုင်မည့် အင်ဂျင်နီယာ ထွက်ပေါ်လာရန် နာဆာက ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပလျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဂြိုဟ်တုစလောင်း များသည် အရွယ်အစား ကြီးလျှင်ကြီးသည့် အလျောက် ရေဒီယိုလှိုင်း များကို ပို၍ ဖမ်းယူခြင်း၊ ထုတ်လွှင့်ခြင်း တို့ကို ပြုလုပ်ပေး နိုင်ကြောင်း၊ ၄င်းရေဒီယိုလှိုင်း များကို ဆက်သွယ်ရေးအတွက် အသုံးပြုကြောင်း၊ သို့သော် ၄င်းရေဒီယိုလှိုင်း များ၏ လုပ်ဆောင်ချက်သည် ရှုပ်ထွေးသည့် အတွက် အင်ဂျင်နီယာ များက ၄င်း ဆက်သွယ်ရေး ရေဒီယိုလှိုင်းများ လှုပ်ရှား သွားလာပုံကို မှော်အတတ် Black Magic ဟု အမည်ပြောင် ပေးထားကြောင်း၊ ယခု ရှုပ်ထွေးသည့် ရေဒီယိုလှိုင်းများ ထုတ်လွှင့်ပေးသည့် ဂြိုဟ်တုစလောင်း ကို ကွေကာအုပ် ဘူးငယ် အရွယ်အစား ရသည်ထိ ခေါက်သိမ်းနိုင်မည့် နည်းပညာကို လိုအပ်နေခြင်း ဖြစ်ကြောင်း၊ ထိုမျှ အရွယ်အစား သေးငယ် ပေါ့ပါးမှသာ ဖော်ပြပါ Rain Cube တွင် တင်ဆောင်သွား နိုင်ရန် အဆင်ပြေမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Rain Cube သည် Cube Sat အမျိုးအစား ဂြိုဟ်တုငယ် ဖြစ်ကြောင်း၊ အာကာသယာဉ် နှင့် ဂြိုဟ်တုများ လွှတ်တင်ရာတွင် အရွယ်အစားနှင့် အလေးချိန်ကို အတတ်နိုင်ဆုံး လျှော့ချရန် ရှေ့ပြေး ဆောင်ရွက်မှု အနေဖြင့် ကွေကာအုပ်ဘူး သာသာရှိသော Rain Cube ဂြိုဟ်တုတွင် တပ်ဆင် ထားမည့်စလောင်းကို ၄င်းဂြိုဟ်တုထဲတွင် ပြန်ခေါက်ပြီး သိမ်းနိုင်စေရန် ဒီဇိုင်းရေးဆွဲ စေခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger