www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 28, 2017


ခံနိုင်ရည်ကို မွေးမြူပါ

ကြည်လွင်မြင့် (မုဒြာ)

လူ့ဘဝဟူသည် ရခဲလှသည် ဆိုသော်လည်း ရလာပြန်သော အခါတွင်လည်း ပတ်ဝန်းကျင် နှစ်မျိုးနှင့် ရင်ဆိုင် ရပြန်သည်။ ထိုပတ်ဝန်းကျင် နှစ်မျိုးမှာ -
၁။ သဘာဝပတ်ဝန်းကျင် နှင့်
၂။ လူ့ပတ်ဝန်းကျင် တို့ဖြစ်လေသည်။
ဤပတ်ဝန်းကျင်နှစ်မျိုးနှင့် လိုက်လျောညီထွေ ဖြစ်အောင် မနေနိုင်သော သူများမှာ အသက်တို ရမည်သာ ဖြစ်လေသည်။

စာရေးသူသည် ကျန်းမာရေး ဆောင်းပါးများသာ ရေးသားသူ ဖြစ်သဖြင့် လူ့ပတ်ဝန်းကျင် အကြောင်းကို မရေးသားနိုင်ပါ။ လူ့ပတ်ဝန်းကျင်သည် အတွေးအခေါ် ပိုင်းဆိုင်ရာ၊ ဝါဒဆိုင်ရာ၊ လူမျိုးရေး ဆိုင်ရာ၊ ဘာသာရေး ဆိုင်ရာတို့နှင့် အလွန်ရှုပ်ထွေး လှသဖြင့် ဤအကြောင်း အရာမှာ အလွန် ကျယ်ပြန့်လွန်း ပါသည်။ ဆေးဆရာ တစ်ဦးအနေဖြင့် လက်လှမ်းမမီ နိုင်ပါ။

လူတို့၏ ကျန်းမာရေး၊ အသက်ရှင်ရေးနှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင် အကြောင်းကို ရေးသားလို ပါသည်။ သဘာဝ ပတ်ဝန်းကျင်တွင် (၁) ရာသီဥတု၊ (၂) အနေအထိုင်၊ (၃) အစားအသောက်၊ (၄) အပြုအမူ တို့သည် ကျန်းမာရေးနှင့် ဆက်နွှယ်နေသော အခြေခံ အချက်များ ဖြစ်သည်။

ထိုအချက်များ တွင်လည်း ရာသီဥတု ဟူသောအချက် မှာ သူ့ အလိုအလျောက် ရေမြေတောတောင် သဘာဝ အခြေခံ၊ မိုးလေဝသ အခြေခံအပေါ် မူတည်၍ ပြောင်းလဲ နေခြင်းဖြစ်သဖြင့် လူတို့က မပြောင်းလဲ နိုင်သောအရာ ဖြစ်သည်။

နံပါတ် (၂) အနေအထိုင်မှာလည်း မိမိလိုချင်သလို မဖြစ်နိုင်။ ဆင်းရဲချမ်းသာ အပေါ်မူတည်ပြီး ကံအကြောင်း တရားကြောင့် တဲအိမ်တွင် နေရသည်။ တိုက်အိမ်တွင် နေရသည်။ သန့်ရှင်းသော အရပ်ဒေသတွင် နေရသည်။ ညစ်ပတ်နံစော်သော၊ လူနေထူထပ်သော နေရာတွင် နေရသည် စသည်ဖြင့် မိမိတို့ မိသားစုလိုက် စီးပွားရေး အဆင်ပြေရာတွင် ရသောဝင်ငွေ အဆင့်အတန်းဖြင့် နေကြရသဖြင့် တစ်ခါတစ်ရံတွင် မိမိနေချင်သလို ဖန်တီး၍ မရနိုင်ပေ။ ပျော်ရာမှာမနေရ၊ တော်ရာမှာ နေရသည့် အခါများလည်း ရှိနိုင်ပေသည်။

မိမိဘဝ အခြေအနေအရ တဲပေါ်မှာ နေသူသည် တိုက်ပေါ်မှာ နေချင်၍ မရနိုင်ပေ။ စိတ်ကူးယဉ် နေမည့်အစား ကြိုးစားမှရမည်။ တိုက်ပေါ်မှာနေပြီး မွန်းကျပ်နေသူ မှာလည်း တောရိပ်တောင်ရိပ်၊ ကန်ရေပြင်ကျယ် နှင့် အေးမြသော၊ လေကောင်းလေသန့် ရသောနေရာကို မက်မော ပေလိမ့်မည်။ သို့သော် မိမိအသက်မွေး ဝမ်းကျောင်းနှင့် စီးပွားရေး ရှိသောနေရာ မှာသာ တစ်သက်လုံး မွန်းကျပ်စွာ နေသွားရ တတ်သည်။ ဤသည်မှာ ပြောင်းလဲချင်တိုင်း ပြောင်းလဲမရသော ဘဝအခြေအနေ များဖြစ်သည်။

သို့သော် ကျန်းမာရေး ရှုထောင့်နှင့် မညီသော အနေအထိုင် များကို ကိုယ်တိုင်ပြုပြင် ယူရမည့် အရာများလည်း ရှိသည်။ သဘာဝထက် လွန်ကဲ၍ အအေးကြိုက်ခြင်း၊ အအေးခံလွန်းခြင်း၊ ဥပမာအားဖြင့် အင်္ကျီချွတ် နေခြင်း၊ ပန်ကာလေ ခံခြင်း၊ အဲယားကွန်းကို အအေးချိန် လွန်ကဲအောင် ဖွင့်နေခြင်း၊ တံခါးပေါက်ဖွင့်ပြီး လေတိုက်ခံ အိပ်ခြင်း၊ အချိန်မဲ့အခါမဲ့ ရေချိုးခြင်း၊ အချိန်ကြာမြင့်စွာ အအေးခံပြီး ရေချိုးခြင်း စသည်များကို ကိုယ်တိုင် မဆင်ခြင်သဖြင့် အအေးပက်ခြင်း နှင့် နောက်ဆက်တွဲ အအေးပတ်၍ လေဖြတ်ခြင်း၊ ယခုခေတ်စား နေသော Heat Stroke ရခြင်းများ ဖြစ်နိုင်သည်။

အပူလွန်ကဲသော ရာသီများတွင် လူတိုင်းပင် အအေးကို ရှာကြသည်။ ငွေကြေး တတ်နိုင်လျှင် ပြင်ဦးလွင် (မေမြို့)ကဲ့သို့ အေးသောအရပ် ကို ပြောင်းရွှေ့ နေကြသည်။ အလုပ်ကြောင့် မသွားနိုင်သော အခါ အဲယားကွန်း ခန်းဖြင့် နေကြသည်။ ဤသည်မှာ ငွေကြေး တတ်နိုင်သူများ အတွက်ဖြစ်သည်။ ငွေကြေး မတတ်နိုင်သူများ အတွက်မှာ ခံနိုင်ရည်ကို မွေးယူကြဖို့ဖြစ်သည်။ သဘာဝအရ အအေးဓာတ်ရှိသော သစ်ရိပ်ဝါးရိပ် မရှိသောအခါ ပန်ကာလေပင် အသုံးမပြုနိုင် သောအခါ ခံနိုင်ရည်ကို မွေးယူရမည် ဖြစ်သည်။ ပါးသောအင်္ကျီ၊ လုံချည်၊ ချည်ထည် စသည်တို့ကို ဝတ်ပြီး ငြိမ်သက်စွာနေလျှင် အပူဒဏ်ကို ခံနိုင်သည်။ သင်ဖြူးဖျာ၊ မြက်ဖျာတို့ဖြင့် အိပ်လျှင်လည်း အပူဒဏ်ကို ခံနိုင်သည်။

တရားရိပ်သာ တစ်ခုတွင် အလွန်ပူပြင်းသော အချိန်တွင် သွပ်မိုးဓမ္မာရုံ အောက်တွင် တရားထိုင်မည့် အစား အပြင်ကွင်းပြင် သစ်ပင်ရိပ်တွင် ကွပ်ပျစ်ငယ်လေး ပြုလုပ်ပြီး တရားထိုင် သည်ကို တွေ့ရဖူးသည်။ အပူဒဏ် ပြင်းသော်လည်း တရားမှတ်ပြီး ဈာန်ဝင်သွားသော အခါ အပူငြိမ်း သွားသည်ဟု သက်ကြီးရွယ်အို ယောဂီ အဘွားတစ်ဦးက ပြောသည်ကို အမှတ်ရဖူး ပါသည်။ ထိုအချိန်က မြို့တွင်းရှိရပ်ကွက် များတွင် အပူဒဏ်ကြောင့် လူကြီးများ အလွန် အသေအပျောက် များချိန် ဖြစ်သည်။ နေမွန်းတည့် ချိန်တွင် မြစ်ဆိပ်တွင် ရေဆင်းချိုး၍ သေကြရသူ များလည်းရှိသည်။ အပူဒဏ်ကို လိုက်လျောညီထွေ ဖြစ်အောင် တဖြည်းဖြည်း မပြုပြင်ဘဲ ဆန့်ကျင်ဘက် ပြုခြင်းကြောင့် ဦးနှောက် သွေးကြော ပေါက်၍ သေကြရခြင်း ဖြစ်သည်။

နံပါတ်(၃)အချက် ဖြစ်သော အစားအသောက်ကို ဆင်ခြင်၍ မိမိနှင့် သင့်လျော်အောင် ပြုပြင် စားသောက်ခြင်း အကြောင်းကို ပြောလိုပါသည်။ 

တစ်ခါက ဆီးချိုရောဂါရှိသူ တစ်ဦးသည် မိမိတွင် စားစရာဘာမှ မရှိတော့ကြောင်း၊ အရာရာ မတည့်သဖြင့် ရှောင်ရသည်က များသဖြင့် ခံတွင်းပျက်ပြီး အားပျက် လာကြောင်း ပြောပြသည်။ ထိုအချိန်က သရက်သီး လှိုင်လှိုင် ပေါ်ချိန်ဖြစ်သဖြင့် စိန်တစ်လုံး၊ မြကျောက်၊ ရွှေဟင်္သာ၊ အောင်ဒင် စသော တန်ဖိုးကြီး သရက်သီးများပင် ဈေးချိုချို ရနိုင်သောအချိန် ဖြစ်သည်။ သရက်သီးမှည့် လေးနှင့် ထမင်းစားလိုက် ရလျှင်ဟူသော အတွေးဝင်လာ သော်လည်း ဆီးချိုတက် မည် စိုးသဖြင့် မစားရ၊ သားသမီးများ ကလည်း ပိတ်ပင် ကြသည်ဟု သူကပြောသည်။

စာရေးသူက သူ့ကို အကြံပေးသည်။ သရက်သီးကို ထမင်းစားပြီးလျှင် အာသာပြေ တစ်စိတ်မျှ စားပါဟု တစ်နေ့လျှင် တစ်စိတ်သာ စားပါဟု အကြံပေးသည်။ သုံးလေးရက် ကြာသောအခါ သူနှင့်တွေ့သည်။ သရက်သီး တစ်စိတ်စား၍ ဆီးချိုတက်သလား ဟုမေးရာ မတက်ပါဟု သူကပြောသည်။ သူ့မှာလည်း အာသာပြေ စားရသဖြင့် ထမင်းစား ဝင်လာကြောင်း ပြောသည်။ နောက်တစ်ပတ်ခန့် ကြာသောအခါ စာရေးသူသည် သူ့ကို သရက်သီးနှစ်စိတ် တိုးစားရန်ပြောသည်။ သူကလည်း အနည်းငယ် ရဲတင်းလာပြီး နှစ်စိတ် တိုးစားသည်။ စားခါစရက်က ဆီးချိုအနည်းငယ် တက်နေကြောင်း ပြောသည်။ စာရေးသူက အနည်းငယ် တက်ရုံမျှနှင့် မကြောက်ပါနှင့်။ နှစ်စိတ်ထက် မပိုဘဲစားပါဟု ပြောသည်။ နောက်နှစ်ရက် သုံးရက် ကြာသောအခါ သူနှင့်တွေ့သည်။ သရက်သီးနှစ်စိတ် စား၍ ဆီးချိုမတက် တော့ကြောင်း ပြောသည်။ စားချင်တာ စားရ၍ သူ့မှာ ရွှင်ရွှင်လန်းလန်း ဖြစ်နေကြောင်း တွေ့ရသည်။

တစ်ခါက အသည်းအထူးကု ဆရာဝန်ကြီး တစ်ဦးသည် အဆီရှောင်ဖို့၊ ဝက်သား ဝက်ဆီရှောင်ဖို့၊ လမ်းဘေးမှ အစာများ၊ ဆီမသန့်သော အစာများရှောင်ဖို့ မကြာခဏ ပြောသည်။ သို့သော် တစ်နေ့တွင် သူကိုယ်တိုင် မန္တလေး ဗထူးကွင်း အနောက်ဘက်ရှိ လမ်းနံဘေးတွင် အထမ်းဖြင့် ရောင်းသော မြီးရှည်ဆိုင်တွင် ကားရပ်ပြီး ဆင်းထိုင်စားသည် ဟု ဆိုသည်။ ဆရာကြီးက ဒီမြီးရှည်ဆိုင်မှာ တို့ကျောင်းသား ကတည်းက ထိုင်စားလာတာ အရသာ သိပ်ကောင်းတာ၊ မြင်တာနဲ့ မနေနိုင်ဘူး။ နောက်မှပဲ အဆီ မစားဘဲ လေးငါးရက်လောက် ရှောင်ပြီး ခန္ဓာကိုယ်ကို အလျော်ပြန်ပေး တော့မည်ဟု ပြောကြောင်း ဆောင်းပါး တစ်ပုဒ်တွင် ဖတ်ရှုရသည်။

မှန်ပါသည်။ ကိုယ်ငယ်စဉ် ကတည်းက ကြိုက်သော အစာ၊ ခံတွင်းတွေ့သော အစာကို တွေ့လိုက်လျှင် စိတ်ထဲမှ စားချင်ပြီး သွားရည်ယို လာမည်ဖြစ်သည်။ စားချင်လျက် နှင့် ရှောင်လိုက်ရလျှင် အစာ တောင့်တစိတ် ပျက်စီးသွားမည် ဖြစ်သည်။ အနောက်တိုင်း ဆေးပညာအရ ဆိုလျှင် Lost of appetite ဖြစ်လာမည်။ ရောဂါရလာမည် ဖြစ်သည်။

စားချင်တာကို တစ်ကြိမ်လေး စားပြီး အာသာဖြေသည့် အတွက် ရောဂါမတိုးနိုင်ပါ။ အစားဝင်သည့် အတွက် ခံတွင်းကောင်း လာသောအခါ ခံနိုင်ရည် ပိုတိုးလာပါမည်။ ရှောင်သင့်သည့် အချိန်တွင် ပြန်ရှောင် လိုက်ပါ။
ဤနည်းဖြင့် ကိုယ်ခံအားနှင့် ခံနိုင်ရည်ကို မွေးယူနိုင်သည်။

ညနေ ထမင်းစား ခါနီးတွင် အရက်ကို ဆေးဖက်ဝင်ရုံမျှ တစ်ပတ်၊ နှစ်ပတ် သောက်လေ့ရှိသော လူကြီးများရှိသည်။ တစ်ခါတစ်ရံ နေထိုင်မကောင်း သဖြင့် မသောက်ရတော့၊ နေပြန်ကောင်း လာသောအခါ စိတ်က ပြန်တောင့်တ လာသည်။ သို့သော် ပြန်နေမကောင်း ဖြစ်မှာစိုး၍ မသောက်ရဲ။ စိတ်အလိုမလိုက် ရသဖြင့် ဘာစားစား ခံတွင်းမတွေ့၊ အစားပျက် ဖြစ်ဖြစ် လာတတ်သည်။ ထိုကဲ့သို့ ဖြစ်နေသော သက်ကြီးရွယ်အို တစ်ဦးကို စာရေးသူသည် သူကြိုက်သော အရာကို တစ်ပတ်၊ လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်မျှ သောက်ခိုင်းပြီး အစာစား ခိုင်းကြည့်သော အခါ နေကောင်း လာကြောင်း ပြောသည်ကို တွေ့ကြုံရဖူး ပါသည်။

လူ့ဘဝ တိုတောင်းလှသော အချိန်လေးတွင် အနေအထိုင်နှင့် အစားအသောက် အတွက် တင်းကျပ်လွန်းလျှင် မည်မျှ ဆေးကောင်းနှင့် ကုသော်လည်း ရောဂါမပျောက် နိုင်ပါ။ စိတ်အလိုလိုက်ရန် မလိုသော်လည်း စိတ်ကျေနပ်မှု ရအောင်တော့ အတိုင်းအတာ တစ်ခုထိ လိုက်လျော ညီထွေနေဖို့ လိုသည်။

အချို့လူကြီး များတွင် ပိုးမွေးသလို စောင့်ရှောက်ပြီး အနေအထိုင်၊ အစားအသောက် ဆင်ခြင်နေရင်း ရောဂါများမှာ တိုးသည်ထက် တိုးလာသည်ကို တွေ့ရသည်။ သောက်ရသော ဆေးတွေ များသည်ထက် များလာပြီး ဆေးဒဏ်ကြောင့် အစားအသောက် ပျက်၊ ခံတွင်းပျက်၊ နာလန်မထူ ဖြစ်ကာ အိပ်ရာထဲ လဲရသည့် အဖြစ်ဆိုးများ ရှိသည်။ အချို့လူများမှာ ရောဂါရှိ သော်လည်း ရောဂါသည် နှင့်မတူ ပျော်ပျော်နေသည်။ ပေပေတေတေ နေသည် ဟု ဆိုချင်ဆို၊ စိတ်မထင်လျှင် စားသည်၊ သွားသည်၊ ကြိုက်ရာလုပ်သည်။ တစ်ခါတစ်ရံ ဒဏ်ခံ လိုက်ရသည်။ ပြန်ကောင်း လာသည်နှင့် အစားအသောက် ကို ထင်ရာ စားပြန်သည်။ ထိုကဲ့သို့သော သူများကို ကြည့်လျှင် ကိုယ်ခံအား ကောင်းနေပြီး ရောဂါဒဏ် ခံနိုင်ရည် ရှိနေသည်ကို တွေ့ရသည်။

အဆိုးထဲမှ အကောင်းဟူသော ရှေးလူကြီးများ ပြောသောစကားကို ပြန်လည်သတိရ မိသည်။ တစ်ခါတစ်ရံ အကောင်းထဲ မှာလည်း အဆိုးကို တွေ့ရနိုင်သည်ဟု ဆင်ခြင်မိသည်။ ကြောက်ရွံ့စိတ်ဖြင့် အရာရာကို စိုးရိမ်ပြီး နေရမည့်အစား သတိနှင့်သတ္တိကို ပါးနပ်စွာ အသုံးချပြီး မိမိကိုယ်မိမိ စိတ်ပျော်အောင် နေထိုင်ပါ။ ခံနိုင်ရည် ဟူသည် မွေးယူမှသာ ဖြစ်လာနိုင်မည် ဖြစ်သည်ဟု စာရေးသူ၏ ထင်မြင်ချက်ကို ရေးသားတင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

သဘာဝအရင်းအမြစ်များကို အသုံးချသော စိုက်ပျိုးမွေးမြူရေးစနစ် ပြန့်ပွားစေရန် ဆောင်ရွက်မည်


Permaculture စနစ်တစ်ခု

ရန်ကုန် ၊ ၂၈-၂-၂၀၁၇

စိုက်ပျိုးရေးလုပ်ငန်း များတွင် ဓာတ်မြေသြဇာ များအစား သဘာဝ အရင်းအမြစ်များ နှင့် မွေးမြူရေးလုပ်ငန်း များမှ စွန့်ပစ်ပစ္စည်း များကို ပြန်လည် အသုံးချပြီး ကုန်ကျစရိတ် လျော့နည်းစေကာ အထွက်နှုန်း ကောင်းမွန်သည့် စိုက်ပျိုးမွေးမြူရေး စနစ်ကို မြန်မာနိုင်ငံ တစ်ဝန်း ပြန့်ပွားစေရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Farmer to Farmer Project မှ Project Manager ဒေါက်တာ သက်ခိုင် ထံမှ သိရသည်။

ပြည်တွင်းရှိ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများ အနေဖြင့် Permaculture နည်းစနစ်ကို ပိုမိုကျယ်ပြန့်စွာ သိရှိနားလည် လာစေရန် အသိပညာပေး ဟောပြောပွဲများ၊ သင်တန်းပို့ချခြင်း များကို ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ဝေးလံသော ကျေးလက်ဒေသများ အထိ သွားရောက် လုပ်ဆောင်သွားရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ နည်းစနစ်ကို သြစတြေးလျ နိုင်ငံမှ စတင်တီထွင် ခဲ့ခြင်းဖြစ်ပြီး မွေးမြူရေး လုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများ၊ အိမ်သုံးစွန့်ပစ် ပစ္စည်းများကို ပြန်လည် အသုံးပြုကာ လယ်ယာ စိုက်ပျိုးမြေ များကို ပြုပြင် ထိန်းသိမ်းပြီး သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်အတိုင်း လုပ်ကိုင် လည်ပတ်သော စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းစနစ် တစ်ခု ဖြစ်သည်။

ထိုနည်းစနစ်တွင် စိုက်ပျိုးရေးခြံများ အတွင်း ပိုးမွှားများ မရှိစေရန် ဘဲများထည့်သွင်း မွေးမြူခြင်း၊ စွန့်ပစ်ရေများနှင့် မိုးရေများကို Permaculture နည်းစနစ်သုံး စိုက်ပျိုးရေးခြံများ ထဲသို့ အလိုအလျောက် ရောက်ရှိစေရန် မြောင်းတူး သွယ်တန်းခြင်း၊ သီးပင်စားပင်ကြီးများ အောက်တွင် ဝက်များ ထည့်သွင်း မွေးမြူခြင်း အစရှိသော စိုက်ပျိုးရေး အတွက်ရော မွေးမြူရေး အတွက်ပါ အကျိုးပြုစေမည့် နည်းလမ်းများ ပါဝင်သည်။

ယင်းနည်းစနစ် သည် သဘာဝ အရင်းအမြစ်များ ကိုသာ သုံးစွဲခြင်းကြောင့် ဓာတ်မြေသြဇာ များနှင့် ပိုးသတ်ဆေးများ ဝယ်ယူရသည့် ကုန်ကျစရိတ်ကို ၉ဝ ရာခိုင်နှုန်းကျော် လျှော့ချနိုင်ကြောင်း၊ ယခုအခါ သြစတြေးလျ၊ ကင်ညာ၊ ဆားဘီးယား နှင့် အီသီယိုးပီးယား စသည့်နိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝန်း၌ Permaculture နည်းစနစ်ကို အောင်မြင်စွာ အသုံးပြုစိုက်ပျိုး နေကြကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

ကျန်းမာရေးသည်ပဓာန အာဟာရသည်ပထမ


ကျန်းမာရေးသည်ပဓာန အာဟာရသည်ပထမ

လူဖြစ်လာလျှင် အသက်ရှင်သန်ရေး အတွက် ကျန်းမာရေး ကောင်းမွန်ဖို့သည် ပဓာန လိုအပ်ချက် ဖြစ်သည်။ ကျန်းမာရေး ကောင်းမွန်ရန် စားရေး၊ ဝတ်ရေး၊ နေရေးဟူသော အရေးသုံးပါး ပြည့်စုံဖို့လိုသည်။ လူ့ဘဝ အသက်ရှင် ကျန်းမာနိုင်ရန် အတွက် ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်နံနက် ဟူသော ဆိုရိုးစကားရှိသည့် အားလျော်စွာ အာဟာရဓာတ် ပြည့်ဝသော အစားအစာကို သင့်တင့် မျှတအောင် စားသောက်ကြ ရသည်။ အာဟာရဓာတ် ပြည့်ဝသော အစားအစာများကို ရွေးချယ်၍ သင့်တင့်မျှတအောင် စားသုံးခြင်းသည် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုစကားနှင့် ညီညွတ်စေသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဘုရင်မကောလိပ်မှ သုတေသီများ၏ လေ့လာတွေ့ရှိချက် အရ အလေးချိန်ဂရမ် ၈ဝ (၈ဝါ) နှင့်ညီမျှသော အသီးအရွက် များကို တစ်နေ့လျှင် ၁ဝ မျိုးစားသုံးခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်ပွားမှု ၁၃ ရာခိုင်နှုန်းနှင့် နှလုံးရောဂါ ဖြစ်ပွားမှု ၂၄ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း သုတေသန စာတမ်း ဦးဆောင်ပြုစုသူ Dr. Dagfinn Aune ၏ ပြောပြချက်အရ သိရသည်။ အသီးအရွက်များတွင် ပါဝင်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်း များသည် DNA ပျက်စီးမှုကို လျှော့ချနိုင်ပြီး ကင်ဆာဖြစ်ပွားမှု ကိုပါ လျှော့ချနိုင်သော အာနိသင် ရှိသည်။ အသီးအရွက် များကို စားသုံးခြင်းဖြင့် ကိုလက်စထရော ပါဝင်မှု များပြားခြင်းနှင့် သွေးခုန်နှုန်း မြန်ဆန်ခြင်း တို့ကို လျော့နည်းစေသည် သာမက သွေးကြောများ သန်မာစေခြင်း တို့ကြောင့် ရောဂါဖြစ်ပွားမှု လျော့နည်း သက်သာစေရန် ထိန်းထားနိုင်သည့် အာနိသင် ရှိသည်။

သုတေသီများသည် အသီးအရွက် စားသုံးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးတရားကို သိနိုင်ရန် ၉၅ ကြိမ် လေ့လာဆန်းစစ် ခဲ့ရာ အရွယ်မတိုင်မီ သေဆုံးသူ အရေအတွက် သုံးပုံတစ်ပုံခန့် လျော့နည်းကြောင်း တွေ့ရသည်ဟု ဆိုသည်။ 

ကိန်းဂဏန်း များဖြင့် ဖော်ပြထားချက် အရ အလေးချိန်ဂရမ် ၈ဝ နှင့်ညီမျှသော အသီးအရွက်ကို တစ်နေ့ငါးကြိမ် စားသုံးပါက ဗြိတိန်နိုင်ငံ ပြည်သူများ အတွက် အရွယ်မတိုင်မီ သေဆုံးသူ ၃၂ဝဝဝ လျော့နည်းနိုင်ကြောင်း နှင့် တစ်နေ့ ၁ဝ ကြိမ် စားသုံးပါက ၅၃ဝဝဝ လျော့နည်း နိုင်ကြောင်း သုတေသီများက ခန့်မှန်း ထားကြသည်။

အပြည်ပြည်ဆိုင်ရာ ကူးစက်တတ်သော ကပ်ရောဂါဗေဒ ဆိုင်ရာ ပညာပေး ဂျာနယ်က ဖော်ပြထားရာတွင် အသီးအရွက် စားသုံးခြင်းသည် ရောဂါကာကွယ်မှု အတွက် အကောင်းဆုံး အထောက်အပံ့ ဖြစ်သဖြင့် ပန်းသီး၊ သစ်တော်သီး နှင့် လိမ္မော်၊ ရှောက်၊ သံပရာ တို့ကို စားသုံးခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ နှလုံး သွေးကြောကျဉ်း ရောဂါ နှင့်အရွယ်မတိုင်မီ သေဆုံးခြင်းတို့ကို ကာကွယ်နိုင်ကြောင်း၊ ဆလတ်ရွက်နှင့် အခြားသီးနှံ အရွက်များ စားသုံးခြင်း သည်လည်း ဆိုခဲ့သော အသီးများနှင့် အာနိသင် တူညီကြောင်း ဖော်ပြထားသည်။

အသီးအနှံများ စားသုံးကြရာတွင် လိုက်ချီးသီး နှင့်စပ်လျဉ်း၍ ဘီဘီစီ သတင်းဌာနက ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သော သတင်းကို ကိုးကား၍ မြဝတီ သတင်းစာ၌ ဖော်ပြ ထားကြောင်း တွေ့ရသည်။ မြန်မာပြည်သူများ စားသုံးနေ ကြသော လိုက်ချီးသီးသည် ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချပေး နိုင်ခြင်း၊ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု အားကောင်းစေခြင်း၊ ရေယုန်ကဲ့သို့ အရေပြား ပေါ်တွင် ဖြစ်တတ်သော အနာပိုးများ ပျံ့နှံ့မှုကို ကာကွယ်ပေးခြင်း၊ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊ နေရောင်ခြည် သင့်သောကြောင့် ဖြစ်သော အရေပြားရောဂါကို ကာကွယ်ပေးခြင်း၊ အစာကြေညက် စေခြင်း၊ သွေးပေါင်ချိန်ကို ထိန်းထားနိုင်ပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ကို မျှတစေသော အာနိသင်များ ရှိခြင်းကြောင့် အစာစားပြီးတိုင်း လိုက်ချီးသီး သုံးလုံး စားသင့်ကြောင်း သိရသည်။

ဘီဘီစီ သတင်းဌာနက နောက်တစ်မျိုး ဖော်ပြထားသည်မှာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှ ကလေးငယ် များသည် ဗိုက်ထဲတွင် အစာမရှိဘဲ လိုက်ချီးသီး စားကြရာ ထူးခြားသော အဖျားရောဂါ တစ်မျိုး ခံစားရပြီး တစ်နှစ်အတွင်း သေဆုံးသူဦးရေ ၁ဝဝ ကျော်ရှိသည် ဟု ဆိုသည်။ အမေရိကန် ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံမှ သိပ္ပံပညာရှင် များက ဖြစ်စဉ်နှင့် စပ်လျဉ်း၍ လေ့လာဆန်းစစ်ပြီး ၄င်းတို့၏ သုံးသပ်ချက်ကို ထုတ်ဖော်ပြောဆို ကြရာ၌ ဘီဟာပြည်နယ် အတွင်း နေထိုင်ကြသော ချို့တဲ့သည့် ကလေးငယ် များသည် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခု ကစတင်၍ အပင်မှ ကြွေကျသော လိုက်ချီးသီး စားပြီးသည်နှင့် ရုတ်တရက် ဖျားနာလာပြီး သတိမေ့မြော သွားကာ ခံစားရသူ တစ်ဝက်ခန့် သေဆုံးသွားကြောင်း သိရသည်။ ကလေးများ သေဆုံးရသည့် အကြောင်းမှာ လိုက်ချီးသီးတွင် ပါဝင်သော အဆိပ်သည် ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်ကို ယုတ်လျော့ စေနိုင်သော အာနိသင်ရှိခြင်း ကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည် ဟု ဖော်ပြထားသည်။

ထို့ကြောင့် နေ့စဉ်အာဟာရ ဖြည့်ဆည်းကြရာတွင် အသီးအရွက် စားသုံးခြင်းသည် ကျန်းမာရေးကို အထောက်အပံ့ ဖြစ်စေသည်ဟု ပုံသေကားကျ မှတ်ယူခြင်းထက် စားသုံးရန် အချိန်ကာလနှင့် နည်းစနစ်တို့ကို လေ့လာစူးစမ်း စားသုံးခြင်း သည်သာ အကျိုးများ နိုင်မည် ဖြစ်ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

ကာကွယ်ရေးသည် စစ်ရေးတစ်ခုတည်း သာမကဘဲ များစွာကျယ်ပြန့် ၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင်


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် အရာရှိကြီးများအား
 တွေ့ဆုံအမှာစကား ပြောကြားစဉ်


နေပြည်တော် ၊ ၂၈-၂-၂၀၁၇

ကာကွယ်ရေးသည် စစ်ရေးတစ်ခုတည်း သာမကဘဲ များစွာ ကျယ်ပြန့်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ နိုင်ငံသားများတွင် အပါအဝင် ဖြစ်သည့် တပ်မတော် တွင်လည်း တာဝန်ရှိကြောင်း၊ တပ်မတော် အနေဖြင့် ဒို့တာဝန်အရေး သုံးပါးကို ကာကွယ် စောင့်ရှောက်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်၊ နိုင်ငံတော်၏ မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိပြီး နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင် ရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် အရာရှိကြီးများ နှင့် တွေ့ဆုံ အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် တိုင်းမှူးများ၊ တပ်မမှူးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် ကာကွယ်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် တပ်မတော် အနေဖြင့် နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရမည်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း၊ ထိုသို့ကာကွယ် ရာတွင် အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါး၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ၊ ပြည်သူလူထု၏ အကျိုးစီးပွား ဖြစ်သည့် လုပ်ဆောင်နေသော လုပ်ငန်းရပ်များ၊ နိုင်ငံတော်၏ အကျိုးစီးပွားများ၊ မြေပေါ်မြေအောက် သယံဇာတများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးအပိုင်းတွင် အုပ်ချုပ်ရေး အဖွဲ့အစည်း များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ဥပဒေအရ စောင့်ရှောက်ပေး ကြရပြီး ဥပဒေစိုးမိုးမှု မရှိသည့်နေရာများ၊ လုံခြုံမှု အားနည်းသော နေရာများတွင် တပ်မတော်က ပါဝင်လုပ်ဆောင် ရကြောင်း ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်၏ သယံဇာတ ပစ္စည်းများအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို တပ်မတော် အနေဖြင့် ခေတ် အဆက်ဆက်တွင် လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင်လည်း ဆက်လက် ဆောင်ရွက် လျက် ရှိကြောင်း၊ ၂၀၁၆ ခုနှစ် တစ်နှစ်အတွင်း မှာပင် တပ်မတော်က တရားမ၀င်သစ်များ ဖမ်းဆီးရာတွင် သစ် ၈၅၄၂ ဒသမ ၃၈ တန်၊ တရားခံ ၃၉၄ ဦး၊ ယာဉ် ၂၆၆ စီး၊ ယန္တရား ၂၄ စီး၊ သစ်စက် ၂၃ ခုနှင့် ချိန်းဆောများ၊ စက်သုံးဆီများ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ တွက်ချက်မှုအရ တန်ဖိုး ကျပ်သိန်းပေါင်း ၄၆၅၈၀ ခန့်ရှိကြောင်း၊ အဆိုပါသစ်များကို တပ်မတော်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနတို့ ပူးပေါင်း ဖမ်းဆီးခြင်း၊ သစ်တောဦးစီးဌာနမှ ပေးသည့် သတင်းများအရ နယ်မြေခံတပ်က သွားရောက် ဖမ်းဆီးခြင်း၊ မိမိတပ်များက မြေပြင်သတင်း၊ ဝေဟင် ထောက်လှမ်းမှု သတင်းများအရ ဖမ်းဆီးခြင်းများဖြင့် ထိန်းသိမ်း စောင့်ရှောက် ကာကွယ်နိုင်ခြင်း ဖြစ်ကြောင်း၊ အလားတူ ၂၀၁၆ ခုနှစ်အတွင်း တပ်မတော်က ဖမ်းဆီးရမိသည့် ကျောက်စိမ်း ၁၃၇၅၈ ဒသမ ၂၆၄ ကီလိုဂရမ်(၁၃ ဒသမ ၇၅၈ တန်) ရှိကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင်လည်း ဖားကန့်ဒေသမှ ကျောက်စိမ်း ၂၃၈၀၂ ဒသမ ၇၄ ကီလိုဂရမ်(၂၃ ဒသမ ၈၀၂ တန်)တို့အား ဖမ်းဆီးရမိပြီး လွှဲပြောင်းအပ်နှံခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်တွင် ကျောက်စိမ်းတုံးများကို တရားဝင် သယ်ဆောင်သည့် ကားများတွင် အံဝှက်များ ပြုလုပ်၍ တရားမ၀င် ခိုးထုတ်နေမှု ဖြစ်ကြောင်း သတင်းအရ တပ်မတော်က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊ တရားဝင် လုပ်ကိုင်ခွင့်ရရှိမှု အပေါ် ဥပဒေကို လက်တစ်လုံးခြား ပြုလုပ်၍ ခိုးထုတ်နေခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး အနေဖြင့်လည်း ၂၀၁၆ ခုနှစ် အတွင်း ဘိန်းဖြူ ၁၆၃၃ ဒသမ ၃၆၈ ကီလိုဂရမ်၊ ဘိန်းစိမ်း ၃၇၂ ဒသမ ၂၉၇ ကီလိုဂရမ်၊ ဘိန်းမည်း ၁၀ ဒသမ ၄၅၈ ကီလိုဂရမ်၊ ဆေးခြောက် ၆၅၃ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၄၃၅၃၄၄၇၀ ပြား တန်ဖိုးအားဖြင့် ကျပ်ငွေ ၁၆၃ ဒသမ ၆၃ ဘီလီယံကျော် တပ်မတော်က ဖမ်းဆီးရမိခဲ့ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်နှင့် ပတ်သက်၍ နိုင်ငံပိုင် သယံဇာတပစ္စည်း ခိုးထုတ် ရောင်းဝယ်မှု များကို တပ်မတော်က ထိန်းသိမ်းကာကွယ် စောင့်ရှောက် နေမှုများ လုပ်ဆောင်နေခြင်း၊ လုပ်ဆောင်ရန် လိုအပ်ခြင်းတို့ကို သိရှိရန် လိုကြောင်း၊ မိမိတို့ဌာနချုပ် နယ်မြေအလိုက် တပ်ဌာနချုပ် နေရာများ၊ လုံခြုံရေးနှင့် စစ်ဆင်ရေး တာဝန်ထမ်းဆောင် နေသည့် နယ်မြေများတွင် နိုင်ငံ၏ သယံဇာတများကို လုံခြုံအောင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရမည် ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် တိုင်းပြည်၏ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားရာတွင် ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို စတင်လျှောက်လှမ်း ခဲ့ကြောင်း၊ ပထမ သက်တမ်းကာလ ရွေးချယ်ခံ အစိုးရ အနေဖြင့် တပ်မတော် အစိုးရ အုပ်ချုပ်မှုပုံစံ ပြောင်းလဲရခြင်း၊ ဒီမိုကရေစီ အတွေ့အကြုံ မရှိခြင်း၊ နိုင်ငံတွင် ဒီမိုကရေစီ ရင့်ကျက်မှု မရှိသေးခြင်း တို့ကြောင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများတွင် အခက်အခဲများစွာ တွေ့ခဲ့ရကြောင်း၊ စီးပွားရေးအရလည်း ဈေးကွက် စီးပွားရေးစနစ် ဖော်ဆောင် ကျင့်သုံးရာတွင် နိုင်ငံထုတ်ကုန် တိုးတက်မှု၊ ပြည်ပမှ သွင်းကုန်ပမာဏ များပြားပြီး ဘတ်ဂျက် လိုငွေပြမှု အခြေအနေများ၊ ဒေါ်လာဈေး၊ ရွှေဈေး အပါအ၀င် ကုန်ဈေးနှုန်း ကြီးမြင့်လာမှု အခြေအနေများကို ထည့်သွင်းသုံးသပ် ရမှာဖြစ်ကြောင်း၊ အလားတူ အုပ်ချုပ်ရေးပိုင်း ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပီပြင်မှုရှိအောင် လုပ်ဆောင် နေရဆဲဖြစ်ကြောင်း၊ သို့ဖြစ်၍ ပထမ ၅ နှစ်သက်တမ်း ကာလ၊ ဒုတိယသက်တမ်း ပထမနှစ်ကာလ တိုင်အောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ထင်သလောက် ခရီးမပေါက်သေး သည်ကို တွေ့မြင်ရကြောင်း၊ တပ်မတော် အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မာမာ၊ တည်တည်ငြိမ်ငြိမ် ဖြစ်စေလိုကြောင်း၊ နိုင်ငံပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် တပ်မတော်က အားသွန်ခွန်စိုက် ကူညီပေးရန်နှင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်သူ့အကျိုးစီးပွား ဖော်ဆောင်ရေးနှင့် ပတ်သက်၍ ပါတီစုံဒီမိုကရေစီ ခေတ်တွင် ရွေးချယ်ခံ အစိုးရများ အနေဖြင့် မိမိပါတီ၏ မူဝါဒ၊ ရပ်တည်ချက်၊ ဦးဆောင်မှု၊ လုပ်ဆောင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေကြကြောင်း၊ ယင်းအချက်များ မအောင်မြင်ပါက ပြည်သူက လက်ခံမည် မဟုတ်ကြောင်း၊ အစိုးရများ မည်သို့ပင် ပြောင်းလဲစေကာမူ ပြည်သူလူထု၏ စားသောက် နေထိုင်မှု အဆင်ပြေ ကောင်းမွန်ရန် လိုကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးလက်နေ လူဦးရေ ၇၀ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှု၊ အိမ်ထောင်စု စားဝတ်နေရေး အခြေအနေနှင့် နေထိုင်မှု ဘ၀လေ့လာမှု စစ်တမ်း (IHLCA)အရ ဆင်းရဲ နွမ်းပါးမှုနှုန်း ၂၆ ရာခိုင်နှုန်း ရှိကြောင်း၊ သို့ဖြစ်၍ စားသောက်ကုန် ဈေးနှုန်းကြီးမြင့် မှုကြောင့် အဆိုပါဆင်းရဲသူ၊ ၀င်ငွေနည်းသူများ အပေါ် ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန် လိုကြောင်း၊ တပ်မတော် အနေဖြင့်လည်း ပြည်သူလူထု၏ စားရေးသောက်ရေး အဆင်ပြေစေရေး၊ ကုန်ဈေးနှုန်းအား ထိုက်သင့်သလောက် ထိန်းသိမ်းနိုင်ရေး တို့တွင် တစ်ဖက်တစ်လမ်းမှ မဖြစ်မနေ ပါဝင်ကူညီရမည် ဖြစ်ကြောင်း၊ နံပါတ်တစ် အနေဖြင့် တပ်မတော်သားများ၊ မိသားစုဝင် များ၏ စားရေး လိုအပ်ချက် ရာခိုင်နှုန်း ပြည့်မီအောင် ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် ပြည်သူလူထု၏ စားရေး အဆင်ပြေစေရေး ၀ိုင်းဝန်း ကူညီ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ မိမိနယ်မြေရှိ ဌာနဆိုင်ရာ ၀န်ထမ်းများကိုလည်း ဦးစားပေး ကူညီရမည် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူလူထု၏ ကုန်ထုတ်လုပ်ငန်းများ၊ ၀င်ငွေရမည့် လုပ်ငန်းများ အောင်မြင်စေရန် အကူအညီ ပေးရမည် ဖြစ်ကြောင်း၊ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ၊ ဒေသထွက် အရည်အသွေးမြင့် ကုန်ထုတ် လုပ်ငန်းများ ဖန်တီးလုပ်ဆောင် ပေးရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နယ်မြေအလိုက် ဒေသခံလူထု အတွက် ယင်းလုပ်ငန်းများ အောင်မြင်စေရန် အားပေး ကူညီခြင်းဖြင့် မြို့ပြသို့ လူစီးဆင်းမှုပါ လျော့ကျပြီး ဖိအားများ နည်းလာမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားရာတွင် လူတိုင်း အလုပ်လုပ်နိုင်ရန် အတွက် အတတ်ပညာ လိုအပ်သကဲ့သို့ ကျန်းမာကြံ့ခိုင် ရန်လည်း လိုကြောင်း၊ နိုင်ငံတော် အနေဖြင့် အခမဲ့ ကျန်းမာရေး ၀န်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက် ပေးလျက် ရှိသော်လည်း နိုင်ငံအနှံ့ မဖြန့်ကြက်နိုင် သေးကြောင်း၊ တပ်မတော်အနေဖြင့် ကျေးလက်ဒေသများ၊ ကျန်းမာရေး လိုအပ်ချက်ရှိသော ဒေသများတွင် တပ်မတော်က ကျန်းမာရေး စောင့်ရှောက်မှုများ ဖြည့်ဆည်း လုပ်ဆောင်ပေးလျက် ရှိကြောင်း၊ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေး သည့်အပြင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များအစီအစဉ်ဖြင့် လုပ်ဆောင်မှု များလည်း ရှိကြောင်း၊ ယင်းကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် စေတနာရှင်များ၏ လှူဒါန်းဒါန ပြုမှုများနှင့် တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့၏ ကုသမှု ပညာဒါန၊ လုပ်အားဒါနများ ပေါင်းစပ် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တပ်မတော်က ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးနိုင်သည့် အကြိမ်အရေအတွက် ၂၈၉၃ ကြိမ်၊ ဆေးဝါးကုသမှု ခံယူသည့်ပြည်သူ ၁၃၃၂၀၁၂ ဦးရှိခဲ့ပြီး ယင်းအနက်မှ ၁၃၄၁၃ ဦးအား တပ်မတော် ဆေးရုံများသို့ ပြောင်းရွှေ့ တက်ရောက်စေ၍ ဆေးကုသမှုများ လုပ်ဆောင်ပေး နိုင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ကာယကံရှင် ပြည်သူများအတွက် ဆေးဝါးကုသမှု အကုန်အကျ သက်သာစေသည့် အပြင် ကျန်းမာရေး ကောင်းမွန်ခြင်းဖြင့် ငယ်ရွယ်သူများ ကောင်းစွာ အသိပညာ၊ အတတ်ပညာ ရှာဖွေနိုင်ခြင်း၊ အလုပ်လုပ်သူများ အပြည့်အ၀ အလုပ်လုပ်နိုင်ခြင်း ကြောင့် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် အထောက်အကူ ပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူး များကို ရရှိစေကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး ပညာရေးနှင့် ပတ်သက်၍လည်း နယ်မြေလုံခြုံရေး အရ ကျောင်းများ မပိတ်ရစေရန် အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ပညာသင်ကြားမှု အတွက် လုံခြုံရေးရှိအောင် လုပ်ဆောင်ပေး ရမည် ဖြစ်ကြောင်း၊ တပ်မတော်သား မိသားစုဝင်များ၏ ပညာရေးကို အားပေးလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ မိမိပတ်ဝန်းကျင်ရှိ စာသင်ကျောင်း များတွင်ရှိသည့် ပညာရေးဝန်ထမ်း များ၏ နေရေး၊ စားရေးကိစ္စရပ်များ ကိုလည်း တတ်စွမ်းသမျှ ကူညီဖြည့်ဆည်း ပေးရမည်ဖြစ်ကြောင်း၊ ထို့အတူ စာသင်ကျောင်းများ၏ လိုအပ်ချက်များကိုလည်း အမြဲမပြတ် စစ်ဆေးကြပ်မတ်၍ ကူညီအားပေး ရမည်ဖြစ်ကြောင်း၊ မကြာမီ တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ဖြေဆိုကြရမည် ဖြစ်၍ ကျောင်းသူ၊ ကျောင်းသားများ ကောင်းမွန်စွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ မေးခွန်းလွှာ၊ အဖြေလွှာများ လုံခြုံစွာအချိန်မီ ပို့ဆောင်နိုင်ရေး ကိစ္စရပ်များတွင် ပူးပေါင်းကူညီ လုပ်ဆောင်သွား ရမည် ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ပညာတတ်များစွာ ထွက်ပေါ်လာရေး အရှည်ကို မျှော်တွေး လုပ်ဆောင်ရန် မှာကြားသည်။

လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတတ် စေရန်အတွက်လည်း လူငယ်များကို တိုင်းပြည်အတွက် အကျိုးပြုနိုင်သူများ ဖြစ်လာအောင် ၀ိုင်းဝန်းလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ လူငယ်များတွင် ကာယ၊ ဥာဏ၊ စိတ္တ၊ မိတ္တနှင့် စာရိတ္တ ဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံသည့်အပြင် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်နှင့် နိုင်ငံတော်ကို ကာကွယ်လိုစိတ်များ ဖြစ်ပေါ်ကိန်းအောင်း နေစေရေး၊ သက်ဆိုင်ရာ ဘာသာရေးအရ ရိုသေကိုင်းရှိုင်းမှု၊ ယဉ်ကျေးလိမ္မာမှု ရှိရေးတို့အား သွန်သင်ဆုံးမ ပြုပြင်ပေးကြ ရမည်ဖြစ်ကြောင်း၊ ယခုနွေရာသီေ  ကျာင်းပိတ်ရက် တွင်လည်း လူငယ်များအတွက် အကျိုးရှိစေမည့် သင်ကြား လေ့ကျင့်မှုများ ပြုလုပ်ပေးရန် လိုကြောင်း၊ တပ်မတော် အနေဖြင့် လူငယ်များအတွက် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် သင်တန်းများ ဖွင့်လှစ်ပေး ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ရေကြောင်းလူငယ် အခြေခံ၊ တန်းမြင့်သင်တန်း နှစ်ရပ်ပေါင်း ၉၂၀ ဦး ဖွင့်လှစ်သင်ကြား ပေးနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်လည်း အင်အား ၄၀၀ ဦးဖြင့် သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ လေကြောင်းလူငယ်များကိုလည်း ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ အခြေခံ၊ တန်းမြင့် သင်တန်းနှစ်ရပ်ပေါင်း ၁၀၇၈ ဦးဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်လည်း အင်အား ၅၆၀ ဦးအား သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံတော် ကာကွယ်ရေး အတွက် စိတ်ပါဝင်စားသူ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကိုလည်း UTC များဖွင့်လှစ်၍ အခြေခံစစ်ပညာများ သင်ကြားပေးလျက် ရှိရာ ၂၀၁၃ ခုနှစ် တွင် ၁၇၁ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၂၅၄ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၇၂၅ ဦးအထိ တဖြည်းဖြည်း သင်တန်းသား အင်အားတိုးတက် လာခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကျောင်းသားများ သာမက ကျောင်းသူများပါ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့သဖြင့် အင်အား ၃၁၉၉ ဦးအထိ တိုးတက်လာခဲ့ပြီး လက်ရှိ ၂၀၁၇ ခုနှစ်တွင် ကျောင်းသူ၊ ကျောင်းသား သင်တန်းသား ၄၁၄၁ ဦး သင်တန်း တက်ရောက်လျက် ရှိကြောင်း၊ ယင်း သင်တန်းသားများ၏ ပြောကြားချက်များ အရ သင်တန်း တက်ရောက်ခြင်းဖြင့် အချိန်ကိုလေးစားမှု၊ စည်းကမ်းတကျ နေထိုင်မှု၊ တတ်ကြွစွာ လုပ်ဆောင်တတ်မှု  အလေ့အကျင့် ကောင်းများရရှိ စေကြောင်းနှင့် UTC သင်တန်းများကို ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ တာဝန်ရှိသူများ ကလည်း ၀ိုင်းဝန်းအားပေး လုပ်ဆောင် ကြရန်လိုကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် နယ်မြေဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာ၌ လျှပ်စစ်မီးသည် မရှိမဖြစ် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား အတွက် စီမံကိန်းများစွာ  လုပ်ဆောင်နေ သော်လည်း အကြောင်း အမျိုးမျိုးသော ကန့်ကွက်မှုများ၊ ကန့်သတ်ချက် များကြောင့် ရပ်တန့်နေသည်များ ရှိကြောင်း၊ သို့ဖြစ်၍ မိမိတို့နယ်မြေ ဒေသအလိုက် ရေအား၊ လေအား၊ ဆိုလာ၊ ဘိုင်အိုဒီဇယ် စသည်ဖြင့် အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ လုပ်ဆောင်နိုင်ရန် ကြိုးစားဆောင်ရွက် ကြရန်လိုကြောင်း၊ တစ်ဖက်တွင်လည်း လျှပ်စစ်ဓာတ်အား မလုံလောက်သဖြင့် ချက်ပြုတ်ရေး ကိစ္စရပ်များတွင် ထင်း၊ မီးသွေးများ အသုံးပြုနေရကြောင်း၊ သို့ဖြစ်၍ တပ်ဌာနချုပ် အလိုက် ထင်းစိုက်ခင်းများ စိုက်ပျိုးကြ ရမည်ဖြစ်ကြောင်း၊ မိမိတပ် သာမက တပ်ပတ်ဝန်းကျင် နယ်မြေဒေသတွင်ပါ ထင်းစိုက်ခင်းများ စိုက်ပျိုးရေး သစ်တောဦးစီးဌာန နှင့် ပေါင်းစပ်၍  စည်းရုံးလုပ်ဆောင် သွားရန် လိုအပ်ကြောင်း၊ ထို့အပြင် ရွှေ့ပြောင်းတောင်ယာ စနစ်နှင့် မြေပြန့်ဒေသ များတွင် ယာများပြောင်းရွှေ့ လုပ်ကိုင်မှုကြောင့် သစ်တောများ ပြုန်းတီးမှုရှိကြောင်း၊ ယင်းယာ ပျက်နေရာများ တွင်လည်း ထင်းစိုက်ခင်းများ၊ အရိပ်ရေ လကာပင်များ စိုက်ပျိုးရမည် ဖြစ်ကြောင်း၊ သစ်ပင်များ စိုက်ခြင်းဖြင့် အရိပ်အာဝါသ ကောင်းမွန်ပြီး လူ့ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ် ကို ထိန်းသိမ်းနိုင်ယုံ သာမက ရာသီဥတုကိုပါ မျှတ ကောင်းမွန်စေခြင်း ကြောင့် ယခုနှစ်မိုးရာသီ တွင် မိမိတပ်ဧရိယာ တွင်သာမက တပ်ဌာနချုပ်ရှိရာ နယ်မြေအလိုက် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ နှင့်ပူးပေါင်း သစ်ပင်စိုက်ပျိုးမှုများ လုပ်ဆောင်သွားရန် လိုကြောင်း၊ အလားတူ စိုက်ပျိုးရေ၊ သောက်သုံးရေများ ကိုလည်း အတတ်နိုင်ဆုံး ခြိုးခြံချွေတာခြင်းဖြင့် ရေသုံးစွဲမှု စနစ်တကျ ရှိရန်လိုကြောင်း၊ ယမန်နှစ်က မိုးခေါင်သဖြင့် နေပြည်တော် ကောင်စီနယ်မြေရှိ ရေဆင်းဆည်မှာ ၅၇ ပေခန့်အထိ ကျဆင်းသွားကြောင်း၊ ယခုနှစ်တွင် ရေပြည့်အမှတ် ၉၉ ပေအနက် ၈၈ ဒသမ ၅ ပေ ကျန်ရှိနေကြောင်း၊ ပေါင်းလောင်းဆည်တွင် ရေပြည့်အမှတ် ၃၈၀ ပေအနက် လက်ရှိ ၃၇၃ ပေခန့် ကျန်ရှိနေကြောင်း၊ ရှမ်းပြည်နယ်ရှိ အင်းလေးကန်တွင် ယမန်နှစ်က ၁ ဒသမ ၇ ပေခန့်သာ ကျန်ရှိရာမှ ယခုနှစ်တွင် ၄ ဒသမ ၄ ပေကျန်ရှိနေကြောင်း၊ မိုးဗြဲဆည်တွင် ရေပြည့်အမှတ် ၅၂ ပေအနက် ၄၇ ဒသမ ၈၄ ပေ ကျန်ရှိနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဂျိုးဖြူတွင် ရေပြည့်အမှတ် ၂၁၅ ပေအနက် ၂၁၀ ဒသမ ၈ ပေ၊ ငမိုးရိပ်ဆည်တွင် ရေပြည့်အမှတ် ၁၀၇ ပေအနက် ၉၆ ဒသမ ၉ ပေနှင့် ဖူးကြီး ရေလှောင်တမံတွင် ရေပြည့် အမှတ် ၁၁၅ ပေအနက် ၁၀၈ ဒသမ ၁၀ ပေ ကျန်ရှိနေကြောင်း၊ သို့ဖြစ်၍ ဆည်များ၊ ရေကန်၊ ရေလှောင်တမံများ၌ ကျန်ရှိရေများကို မိုးမကျမီကာလ ဖြစ်သော မတ်၊ ဧပြီ ၊ မေ၊ ဇွန်လများတွင် ချွေတာသုံးစွဲရန် လိုအပ်ကြောင်း၊ ရေချွေတာ သုံးစွဲရန်အတွက် မိမိကိုယ်တိုင် သာမက နယ်မြေလူထုနှင့် ထိတွေ့ပြောဆို လှုံ့ဆော်ကြရန် လိုအပ်ကြောင်း၊ နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေး အန္တရာယ်ကိုလည်း ကြိုတင် ကာကွယ်မှုများ ပြုလုပ်ကြရန် လိုကြောင်းဖြင့် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Defence is not just a military affair it is a much wider issue:seriously shoulder defence duties with broader sense


Senior General Min Aung Hlaing delivers address at meeting with senior military officers.

Nay Pyi Taw February 28

Defence is not just a military affair it is a much wider issue. Every citizen has the duty to defend the nation. The Tatmadaw which is also included in the citizens also has this duty. The Tatmadaw has the duty to safeguard Our Three Main National Causes, lives, property and the interest of the people,and the nation’s underground and aboveground natural resources,and must seriously shoulder this duty with a broader sense, said Commander-in-Chief of Defence Services Senior General Min Aung Hlaing at the meeting with senior military officers held yesterday morning.

Present at the meeting were Senior General Min Aung Hlaing,Deputy Commander-in-Chief of Defence Services Commander-in-Chief (Army) Vice-Senior General Soe Win, Union Minister for Defence Lt-Gen Sein Win, Union Minister for Border Affairs Lt-Gen Ye Aung, Chief of the General Staff(Army, Navy and Air) General Mya Tun Oo, Commander-in-Chief (Navy) Admiral Tin Aung San, senior military officers of the Office of the Commander-in-Chief, command commanders and Light Infantry Division commanders.

Concerned with the national defence, the Senior General said the Tatmadaw’s duty to protect the country against internal and external dangers is already stated in the Constitution. In doing so,it must also safeguard Our Three Main National Causes, which is the national duty, lives, property and the works that serve the interest of the people, the national interest,and the nation’s underground and aboveground natural resources. The rule of law must be enforced by the administrative bodies and the Myanmar Police Force within the legal framework. The Tatmadaw must also take part in the task in areas where the rule of law is absent and security is weak.

As regards the protection and conservation of natural resources,the Senior General said throughout the successive eras and till now the Tatmadaw has protected and conserved the natural resources of the State. In the year 2016 alone,the Tatmadaw seized 8,542.38 tons of illegal logs, 394 suspects,266 vehicles, 24 units of heavy machinery, 23 saw mills, chainsaws and fuel oil. The seized goods were valued at Ks- 4,658 million. Of the illegal logs, some were seized by the Tatmadaw in cooperation with the Ministry of Natural Resources and Environmental Conservation, some by local Tatmadaw units acting on information provided by the Forest Department, and some by Tatmadaw units acting under the information on the ground and aerial reconnaissance. Through those means the Tatmadaw has been protecting and conserving the forests.Similarly, the Tatmadaw seized 13,758.264 kilograms (13.758 tons) of jade, last year. This February,it seized 23,802.74 kilograms (23.802 tons) of jade from Hpakant region and formally transferred.In the incident, the Tatmadaw seized illegal jade stones, acting on information, in the secret cases from vehicles which were allowed to transport jade stones legally.Those jade stones were smuggled by abusing the legal permission.As regards the narcotic drugs, it seized 1,633.368 kilograms of heroin,372.297 kilograms of raw opium,10.458 kilograms of brown opium,653.5 kilograms of marijuana, and 43,534,470 stimulant tablets, valued at over Ks-163.63 billion. Regarding the State defence duty, the Senior General said Tatmadawmen needed to understand the Tatmadaw’s efforts to control illegal smuggling and trade of resources and protect resources at respective military headquarters and military operation areas.

With respect to the democratic reforms, the country has started marching towards the multi-party democracy journey since 2011.The political reforms made by the then-government faced a lot of difficulties due to the transformation of the Tatmadaw government, the lack of democratic experience and young democracy. With regard to the economy, the implementation of the market- oriented economic system should take account of high commodity prices including production capacity, much import volume, budget deficit, dollar value and gold price. Similarly, continued efforts are being made for the full realization of the administrative sector in the democracy system.The democratic reform process has not reached the desired destination as expected even though the first five-year term and the first year of the second five-year term have passed. The Tatmadaw wants the democratic path to be on the right track. The Senior General called for the Tatmadaw’s strenuous efforts for and cooperation in the reform processes.

With the regard to the public interest, the elected governments have been performing their duties with their own party policies, stance,leadership and undertaking in the democratic era. The people will no longer accept them if the said facts do not achieve successes.The daily existence of people is of great importance whatever government takes office. About 70 percent of the total population are the rural people. According to the Integrated Households Living Conditions Assessment (IHLCA)survey in 2010 showed about 26 percent of poverty rate in Myanmar.So it needs to avoid the ways that may cause a heavy burden on the poor and low-income families due to high prices of foodstuffs. The Tatmadaw must extend a helping hand to the daily existence of the people and the control of commodity prices as much as it can. The first point is to boost production so as to fully satisfy the food needs of the Tatmadawmen and their families.From there, the Tatmadawmen are to strive for the convenience of the people and then for departmental staff at their posting areas, on a priority basis. In addition, the Tatmadaw is to help the people to produce high-quality local products,income-generating works and create employment opportunities.It can reduce the number of people migrating to the urban areas and the pressures.

With regard to the health care services, the Senior General said that everybody needs to have vocational techniques as well as to have health and fitness to do jobs. The State is increasing free health care services but has not been creating its coverage across the nation yet.The Tatmadaw is giving health care services to people from rural areas and necessary areas. While Tatmadaw’s mobile specialist medical teams are serving the people with health care services,respective military commands also arrange similar services to the people. To be able to carry out health care services, members of the Directorate of Medical Services of the Tatmadaw are performing free medical treatments with concerted efforts in collaboration of charity works of wellwishers.During the period from 2012 to 2016, the Tatmadaw gave health care services to 1,332,012 people 2,893 times, 13,413 patients of whom were transferred to military hospitals to receive further treatments. 

To do so, the patient people could save costs of medical treatment. Consequently, young people in good health conditions will have the opportunities to seek high knowledge and technologies so as to contribute much towards increasing production of the nation in full swing.

Then, the Senior General stressed the need to make utmost efforts in order not to close schools due to the security measures of the region in the education sector. It needs to take good security measures for learning of students. Encouragement must be given to education of families of Tatmadawmen. Emphasis must be placed on fulfilling requirements of shelter and food needs of educational staff from schools, located around the military units, as much as possible. Likewise, they have to always inspect needs of schools and render assistance for them.As students will take matriculation examination soon, Tatmadawmen must help and cooperate with officials for ensuring smooth process of examination for students as well as secure transport of question and answer papers in time. The Senior General urged officials to turn out a lot of educated persons for the nation with farsightedness.

Regarding the development of five strengths of the youths, the Senior General noted that concerted efforts must be made for nurturing the youths to be able to serve the interest of the nation. It needs to teach and admonish the youths in order to culture nationalistic spirit, patriotic spirit and the spirit of defending the State and to have better devoutness and politeness in order to possessing full of five strengths—physique, wisdom,conscientiousness, acquaintances and moral character. It is necessary to give training to the youths during this summer holidays. The Tatmadaw has conducted the marine youth training courses and aviation youth training courses. The Tatmadaw has so far given training to 920 youths in both basic and advanced marine youth courses from 2014 to 2016, with a plan to admit 400 youths in more training courses in 2017. Moreover, a total of 1,078 youths were trained in both basic and advanced aviation youth courses from 2014 to 2016, with a plan to give training to 560 youths in 2017.Likewise, UTC are opened to give basic military training to female and male university students who are keen to study the defence for the State. In so doing, the Tatmadaw trained 171 university students in 2013, 254 in 2014, 725 in 2015 and 3,199 in 2016. A total of 4,141 university students are undergoing training this year. According to the trainees, they have good practices of doing works in exact time, disciplinary act and active participation thanks to training courses. The Senior General said arrangements will be made to extend more UTC training courses and officials need to give encouragement to conducting the training courses.

Then, the Senior General highlighted regional development sector,stressing that electricity is essential for undertaking development of the region. Many projects are being implemented in the nation’s electricity sector but those missions suspended due to various objections and restrictions. So, military units must pour out efforts for generating electricity through hydropower,windmill, solar, bio-diesel and other sources in their respective regions.On the other hand, families still use firewood and charcoal in cooking due to insufficiency of electricity. As such, relevant military commands must establish forest plantations with the purpose of firewood. They have to cooperate with Forest Department in cultivation of firewood plantations not only at their units but also in environs of those units through organizational strength.Moreover, the slash-and-burn system and changes of croplands from one place to another in plain regions cause deforestation. The military units need to grow firewood plantations and windbreaks in the damaged croplands. Growing trees gives better shade and shelter to contribute towards human’s healthiness. As trees help conserve natural environment and water resources as well as climatic conditions,Tatmadawmen must join hands with governing bodies, departmental officials and local residents in growing trees not only in the areas of military units but also around the command headquarters in coming rainy season. Likewise, the Senior General urged them to save water for agricultural and drinking purposes as much as possible and take practice of systematic water consumption.Last year, the water level of Yezin Dam in Nay Pyi Taw Council Area fell to the point of about 57 feet due to outbreak of drought. This year, the water level of the dam remains at 88.5 feet against 99 feet of full brim. Paunglaung Dam still maintains 373 feet depth of water against the 380 feet of full brim. Inlay Lake in Shan State remains 4.4 feet depth of water this year in comparison with 1.7 feet depth of water last year. Moebye Dam stores 47.84 feet depth of water against 52 feet of full brim. Gyobyu Lake in Yangon Region stores 210.8 feet depth of water against 215 feet of full brim, Ngamoeyeik Dam, 96.9 feet depth of water against 107 feet and Phugyi Reservoir, 108.10 feet depth of water against 115 feet. As such, it needs to save consumption of remaining water from dams, lakes and reservoirs in March, April, May and June before coming raining season. They themselves need to save use of water as well as to urge local residents to save water consumption.As summer has come in Myanmar, the Senior General urged them to take preventive measures 

of fire.

The Myawady Daily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ (USIP) ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမေရိကန်ပြည်ထောင်စု
 ငြိမ်းချမ်းရေးအဖွဲ့  United State Institute of Peace(USIP) ဥက္ကဋ္ဌ Ms. Nancy Lindborg 
တို့အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၂၈-၂-၂၀၁၇

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ United State Institute of Peace(USIP) ဥက္ကဋ္ဌ Ms. Nancy Lindborg အား ယမန်နေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး( ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ တက်ရောက်ကြပြီး Ms. Nancy Lindborg နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးဟောင်း Mr.Derek Mitchel နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ငြိမ်းချမ်းရေးကို အမှန်တကယ် ရယူလိုသည့် ဆန္ဒမရှိပါက အခက်အခဲ ရှိနိုင်ကြောင်း၊ တစ်ဖက် အဖွဲ့အစည်းများ အနေဖြင့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းတွင် တရားဥပဒေနှင့် အညီသာ လုပ်ဆောင် ရသည့် ဒီမိုကရေစီကျင့်စဉ် ကိုနားလည်ရန်၊ လက်ခံရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး မူဝါဒ(၆)ရပ် ချမှတ် လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း၊ NCA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆွေးနွေးမှု၊ တောင်းဆိုမှုများ အပေါ် အချိန်ယူ၍ အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီး လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်၍ ယင်းစာချုပ်ပေါ်တွင် အခြေခံကာ အေးချမ်းစွာ တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် USIP ဥက္ကဋ္ဌ Ms. Nancy Lindborg နှင့် သံအမတ်ကြီးဟောင်း Mr.Derek Mitchel တို့က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ များစွာရှုပ်ထွေးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ အရေအတွက်၊ အမျိုးအစား များပြားသည်ကို သိရှိပါကြောင်း၊ လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကိုလည်း နားလည်ကြောင်း၊ ပြည်သူများ၏ ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ကြောင်းနှင့် ရခိုင်ဒေသ ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ တုံ့ပြန်မှု၊ ပွင့်လင်းမြင်သာမှု အားနည်းသည် ဟု နိုင်ငံတကာမှ ရှုမြင်ကြ၍ ပိုမို ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ကြောင်း ပြန်လည် ဆွေးနွေးသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရခိုင်ဒေသ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်မှ ဒုတိယသမ္မတ ဦးဆောင်သည့် အဖွဲ့ဖြင့် စစ်ဆေးနေပြီး တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦး ခေါင်းဆောင်သည့် အဖွဲ့တို့ဖြင့် စစ်ဆေးလျက် ရှိရာ မြေပြင် အခြေအနေနှင့် စွပ်စွဲပြောဆိုချက် များမှာ များစွာလွဲမှား နေကြောင်း၊ လုံခြုံရေး တပ်ဖွဲ့များ အနေဖြင့် ဥပဒေနှင့် အညီသာ လုပ်ဆောင်နေကြောင်း၊ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေမှန် များကို အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန် နေကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှလည်း သံတမန်များဖြင့် သတင်းထုတ်ပြန် နေကြောင်း၊ ယင်းထုတ်ပြန်မှု များအပေါ် တွင်လည်း သမာသမတ် ကျစွာ ရှုမြင်သုံးသပ်ရန် လိုကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် USIP ဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့် အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

Senior General Min Aung Hlaing receives USIP president


Senior General Min Aung Hlaing meets President of United States Institute of Peace (USIP) Ms. Nancy Lindborg

Nay Pyi Taw February 28

Commander-in-Chief of Defence Services Senior General Min Aung Hlaing received President of United States Institute of Peace (USIP) Ms. Nancy Lindborg at Bayintnaung Parlour here at 4 pm yesterday.

Present at the call together with the Senior General were Chief of the General Staff (Army, Navy and Air) General Mya Tun Oo and Lt-Gen Soe Htut of the Office of the Commander-in-Chief (Army). Ms. Nancy Lindborg was accompanied by former US Ambassador to Myanmar Mr. Derek Mitchel and officials.

At the call the Senior General said peace would be difficult if there is no real desire for it. The other parties should understand and accept the democracy practice that calls for the performance of all activities on the multi-party democracy within the legal framework. The Tatmadaw is working in accord with its adopted six peace principles. The NCA was signed only after buying time in holding bilateral negotiations on the discussions and demands of the armed ethnic groups. Hence, peaceful dialogue will be based on the agreement.

President of USIP Ms. Nancy Lindborg and Former Ambassador Mr. Derek Mitchel said that they know Myanmar’s peace process is very complicated and there are many numbers and types of armed ethnic groups in the nation. They expressed their understanding on the current peace-making processes. They said that it needs to build trust of the people. They noted that as the international community reviews Myanmar is weak in response and transparency regarding the issue on Rakhine region, it needs to show more transparent manner on the issue.

The Senior General explained that as a team led by the Vice President is conducting investigation over the issue of Rakhine region while another team led by a Lieutenant-General from the Tatmadaw is carrying out inspection tasks, accusations are much wrong in comparison with the ground situation. The security troops are discharging their duty in line with the law. Correct information on the incidents is released on time. The Ministry of Foreign Affairs also releases information to diplomats. So, it needs to review the press releases without bias, he said.

After the meeting, the Senior General and the President of USIP exchanged gifts and posed for documentary photo together with delegation members.

The Myawady Daily

ပထမအကြိမ် မြန်မာ-ထိုင်း ချစ်ကြည်ရေး သာသနာတော်ဆိုင်ရာ မျှဝေဖလှယ်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ


ပထမအကြိမ် မြန်မာ-ထိုင်း ချစ်ကြည်ရေး သာသနာတော်ဆိုင်ရာ မျှဝေဖလှယ်ခြင်းနှင့်
 ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပစဉ်

နေပြည်တော် ၊ ၂၈-၂-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာ အုပ်စု၊ စန္ဒဝတ်ကုန်းတော် ရှိ မဟာသိဒ္ဓိဇယ စေတီတော်ကြီး၏ ပထမအကြိမ် မြန်မာ-ထိုင်း ချစ်ကြည်ရေး သာသနာတော် ဆိုင်ရာ မျှဝေဖလှယ်ခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းတွင် မဟာသိဒ္ဓိဇယ စေတီတော်လိုဏ် အတွင်း၌ ပြုလုပ်ရာ မြိတ်မြို့ပေါ်ရှိ ကျောင်းတိုက်များမှ သံဃာတော် ၂၅ဝ ပါးနှင့် ထိုင်းနိုင်ငံမှ သံဃာတော် ၂ဝဝ ပါး ကြွရောက် တော်မူကြပြီး ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဘာသာရေး အသင်းများ၊ ဒေသခံပြည်သူ များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြ သူများက တောကျောင်း စာသင်တိုက် ပဓာနနာယ က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဘဒ္ဒန္တတေဇောဘာသ ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။

ထို့နောက် တက်ရောက် လာကြသူများက သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ကျောက်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်




နေပြည်တော် ၊ ၂၈-၂-၂၀၁၇

ရခိုင်ပြည်နယ် ၊ ကမ်းရိုးတန်းဒေသရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွားဆေးရုံ သင်္ဘော(သံလွင်) သည် ယမန်နေ့တွင် စနဲမြို့နယ်ရှိ ဒေသခံပြည်သူ ၇၄၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၂၇ ဦး၊ ခွဲစိတ်ရောဂါ ၈၉ ဦး၊ ကလေးရောဂါ ၈၃ ဦး၊ သားဖွား/မီးယပ် ရောဂါ ၄၇ ဦး၊ အရိုးရောဂါ ၁ဝ၁ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၁၁၁ ဦး၊ မျက်စိရောဂါ ၁၂၃ ဦးနှင့် သွားရောဂါ ၆၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၂၆ ဦး၊ သွားရောဂါလူနာ ၇၁ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၆ ဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅ဝ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် ဒေသခံပြည်သူ ၂၆ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင်ကုသ ပေးကာ လူနာ ၄၉ ဦးအား ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

ချင်းတွင်းမြစ်ကြောင်းအတွင်း ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး တစုန်းများ ရှင်းလင်း



မုံရွာ ၊ ၂၈-၂-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်းမြစ် အတွင်း မြစ်ရေနည်းပါးချိန်တွင် ပြေးဆွဲလျက်ရှိသော ရေယာဉ်များ၏ ဝမ်းဗိုက်များနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နိုင်သဖြင့် ယခုနှစ်နွေရာသီတွင် တစုန်းနုတ်ခြင်း လုပ်ငန်းကို တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

''နွေရာသီ မြစ်ရေနည်းပါးချိန်မှာ ချင်းတွင်းမြစ်ကို အထက်အောက် စုန်ဆန်သွားလာ ကြတဲ့ လူစီးအမြန် ရေယာဉ်တွေ၊ ကုန်တင်ရေယာဉ် တွေ အန္တရာယ်ကင်းရှင်း စွာနဲ့ သွားလာနိုင်ဖို့ အတွက် တစုန်းနုတ် လုပ်ငန်းကို နှစ်စဉ်မြစ်ရေ နည်းပါးချိန်တွေမှာ လုပ်ဆောင်တာပါ။ အခု နှစ်မှာတော့ အပိုင်း နှစ်ပိုင်းခွဲပြီး လုပ်ဆောင်တာ၊ အပိုင်း(၁)ဖြစ်တဲ့ ဟုမ္မလင်း-မော်လိုက် အပိုင်းကတော့ ပြီးသွားပြီ။ အခုဆက်ပြီး အပိုင်း(၂)ကို ဆက်ပြီး လုပ်နေတာ၊ ဖောင်းပြင်၊ ကလေးဝမြို့နယ် တွေမှာပြီးလို့ အခုဆို မင်းကင်းမြို့နယ် အတွင်းကို ဖြတ်နေပါပြီ၊ မုံရွာမြို့နယ် အောက်ဘက်ပိုင်း ဖြစ်တဲ့ ကျွန်းကြီးကျေးရွာ အနီးက ဘုမ္မနိုးရေလမ်း အထိ တစုန်းတွေကို နုတ်သွားမှာပါ'' ဟု တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အပိုင်း(၁)အဖြစ် သတ်မှတ်ထားသည့် ချင်းတွင်းမြစ် အထက်ပိုင်းဒေသများ ဖြစ်သော ဟုမ္မလင်းမြို့နယ် ဖောင်းပြင်မြို့နယ်နှင့် မော်လိုက်မြို့နယ် အတွင်းရှိရေလမ်း ၁၃ ခုတို့တွင် ဇန်နဝါရီ ၁၆ ရက်မှ ၂၆ ရက်အထိ အမှတ် (၂) တစုန်းနုတ် ရေယာဉ်(တနရ-၂) ဖြင့် တစုန်း ၂ဝ ခုတန်ချိန် ၃ဝ ကိုလည်းကောင်း၊ အပိုင်း(၂) အဖြစ်သတ်မှတ်ထားသည့် ဖောင်းပြင်မြို့နယ်၊ ကလေးဝမြို့နယ် ၊ မင်းကင်းမြို့နယ် ၊ ကနီမြို့နယ် နှင့်မုံရွာမြို့နယ် အတွင်း ရေလမ်းများရှိ တစုန်းများကို ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ပြီး တစုန်းနုတ်လုပ်ငန်း များကိုလည်းကောင်း လုပ်ဆောင် ပေးလျက် ရှိကြောင်း သိရသည်။ (၆၁၁)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

နည်းပညာနှင့် သက်မွေးပညာသင် ကျောင်းသားများ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပညာတော်သင် ထွက်ခွာ


တာဝန်ရှိသူများနှင့် ပညာတော်သင် ကျောင်းသား ကျောင်းသူများ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စုပေါင်းဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၂၈-၂-၂၀၁၇

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နည်းပညာနှင့် သက်မွေးပညာ ဖလှယ်ရေးအစီအစဥ်အရ မြန်မာနိုင်ငံ၏ ပညာရေးဝန်ကြီး ဌာန၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံခြား တိုင်းပြည်များနှင့် ချစ်ကြည်ရေး အသင်း (CPAFFC)၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)နှင့် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်း ဆောင်ရွက်မှု ဖြင့် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ မန္တလေး တက္ကသိုလ်၊ အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်း ကျောင်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန လက်အောက်ရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ဆေးဝါးတက္ကသိုလ် (ရန်ကုန်) တို့မှ ကျောင်းသား၊ ကျောင်းသူ ၈၅ ဦးတို့သည် ဒုတိယအသုတ် အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပညာတော်သင် သွားရောက်ရန် ယမန်နေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့သို့ ထွက်ခွာသွား ကြသည်။

ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာန ကိုယ်စား နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဒေါက်တာ အေးမြင့်၊ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး များနှင့် ဆရာ၊ ဆရာမများ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး နှင့် သံရုံးအဖွဲ့ဝင်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) မှ ဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အလုပ် အမှုဆောင်များ နှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘ အုပ်ထိန်းသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတကာ ပညာရေး ဖလှယ်ရေးအသင်း (CEAIE)၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) တို့အကြား ပူးပေါင်းဆောင်ရွက်မှု အရ Tianjin Sino-German University of Applied Science ၊ Chongqing Industry & Trade Polytechnic ၊ Chongqing Three Gorges Vocational College ၊ Wuhan Polytechnic ၊ Nanjing Institute of Industry Technology ၊ Suzhou Health College နှင့် Zhejiang Institute of Mechanical & Electrical Engineering, Hangzhou တို့တွင် နည်းပညာနှင့် သက်မွေး ပညာရပ်များ သွားရောက်သင်ယူ နိုင်ရေးအတွက် ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအား စိစစ်ရွေးချယ်၍ အရည်အချင်းစစ် စာမေးပွဲဖြေဆို အောင်မြင်သူ များအား စေလွှတ်ခြင်း ဖြစ်သည်။

ပထမအသုတ် အနေဖြင့် ကျောင်းသား၊ ကျောင်းသူ ၈၇ ဦးတို့သည် ၂ဝ၁၆ ခုနှစ် မေလအတွင်း၌ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့ကြပြီး နန်ကျင်း၊ ယန်ကျိုး၊ ထိုက်ကျိုး နှင့် ချန်ကျိုးမြို့တို့ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် နည်းပညာနှင့် သက်မွေးပညာရပ် များကို လေ့လာသင်ယူလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

ငွေတာရီမဂ္ဂဇင်း (အမှတ်-၆၈၀)


ငွေတာရီမဂ္ဂဇင်း (အမှတ်-၆၈၀)

Download Links




မြ၀တီရသစုံမဂ္ဂဇင်း (အတွဲ-၆၅၊ အမှတ်-၅)


မြ၀တီရသစုံမဂ္ဂဇင်း (အတွဲ-၆၅၊ အမှတ်-၅)

Download Links




မြ၀တီနေ့စဉ်သတင်းစာ (၂၈-၂-၂၀၁၇)


မြ၀တီနေ့စဉ်သတင်းစာ  (၂၈-၂-၂၀၁၇)

Download Links




ရတနာပုံနေ့စဉ်သတင်းစာ (၂၈-၂-၂၀၁၇)



ရတနာပုံနေ့စဉ်သတင်းစာ  (၂၈-၂-၂၀၁၇)

Download Links

Monday, February 27, 2017

အမောခံနိုင်သူတစ်ယောက်ဖြစ်စေဖို့



ဒေါက်တာ လွင်သန့် 

ရောဂါဘယကင်း၍ သာမန် ကျန်းမာသူ တစ်ဦးပင် အလေ့အကျင့် မရှိပါက လှုပ်ရှားသွားလာမှု များကို လုပ်ရိုးလုပ်စဉ်ထက် ပိုလုပ်ရလျှင် မောပန်းတတ် ကြသည်။ အချို့ လမ်းအနည်းငယ် လျှောက်ရုံနဲ့ မောတတ်သည်။ အချို့မှာ အလိုလိုနေရင်း ထိုင်နေရင်း မောတတ်သည်။ လူတိုင်း မောပန်းခြင်းကို တစ်ကြိမ်ထက်ပို၍ ခံစားဖူးကြသည်။

မောပန်းခြင်း၏ အကြောင်းရင်းမှာ ရောဂါအမျိုးမျိုး ကြောင့်ဖြစ်နိုင် သကဲ့သို့ ရောဂါမရှိ ပါလျက် မောပန်းတတ်ရာ မောပန်းရသည့် အကြောင်းရင်း များကို နားလည် သိရှိထားရန် လိုအပ်ပါသည်။

မောပန်းခြင်း ဆိုသည်မှာ ခန္ဓာကိုယ် အတွင်း၌ အကြောင်း အမျိုးမျိုးကြောင့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များ စုဝေးနေလျှင်၊ အောက်ဆီဂျင်ဓာတ် လျော့နည်းနေလျှင် ဦးနှောက်က သိရှိခံစားရသည်။ ထိုအခါ ဦးနှောက်၏ အသက်ရှူခြင်းနှင့် ဆိုင်သော အင်္ဂါအစိတ်အပိုင်း များသည် အာရုံကြောမှ တစ်ဆင့် အဆုတ်အား လေကိုပို၍ ရှူစေရန် ညွှန်ကြား လိုက်သည်။

အဆုတ်သည် ခန္ဓာကိုယ်အတွက် အောက်ဆီဂျင် ဓာတ်များ ပိုရရှိစေရန်၊ ပိုမိုသော ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ် ထုတ်ပစ်ရန် ပို၍အလုပ်လုပ် ပေးရသည်။ ဤသို့ဖြင့် မောပန်းခြင်း ဖြစ်ရသည်။ မောပန်းခြင်းနှင့် အတူ အသက်ရှူ  မဝခြင်း၊ နှလုံးခုန်မြန်ခြင်း တို့ တွဲ၍ ဖြစ်တတ်သည်။

မောပန်းရခြင်းအကြောင်းရင်း ။ ။ နှလုံးရောဂါတွင် မောပန်းခြင်းသည် အရေးကြီးသော ရှေးဦးလက္ခဏာ ဖြစ်သည်။ သူများလို ပင်ပင်ပန်းပန်း မလုပ်နိုင်သည့် မောပန်းခြင်း မှသည် အလိုလိုနေရင်း မောပန်းခြင်း အထိဖြစ်နိုင် သည်။ အဆုတ်ရောဂါ အမျိုးမျိုးတွင် မောပန်းခြင်း ဖြစ်နိုင်သည်။ အဆုတ်ကောင်းစွာ မပွနိုင်၊ ကောင်းစွာ အသက်မရှူနိုင်၊ ပုံမှန် မလုပ်နိုင်သော အခြေအနေတွင် မောပန်းရသည်။ အဆုတ်တွင် ရေဝင်ခြင်း၊ ပြည်တည်ခြင်း၊ သွေးများစုဝေး နေခြင်း၊ လေများပိုမို ခိုအောင်းနေခြင်း၊ ရင်ခေါင်းပိုင်းရှိ အင်္ဂါများတွင် ကင်ဆာဖြစ်ခြင်း၊ ရေဖျဉ်းနှင့် ဝမ်းဗိုက်ရှိ အသားပို၊ အကျိတ်လုံး များကဖိ၍ အဆုတ်တွင် တင်းကျပ်ခြင်းတို့ ဖြစ်လေသည်။

အသက်ရှူ လမ်းကြောင်း ကောင်းကောင်း မပွင့်ခြင်း တွင် မောပန်းတတ်၏။ အသံအိုး ရောင်ခြင်း၊ အသက်ရှူ လမ်းကြောင်း တစ်လျှောက် အခြား အရာဝတ္ထုများနှင့် ပိတ်ဆို့နေခြင်း၊ အဆုတ်လေပြွန် ရောင်ခြင်း၊ အဆုတ် အအေးမိခြင်း၊ ပန်းနာရင်ကျပ် ရောဂါ၊ ကာလသားရောဂါ၊ တတိယအဆင့်တွင် အသံအိုးကို ထိခိုက်ခြင်း၊ လည်ပင်းရှိ အသားပို အကျိတ်လုံးများ၊ သိုင်းရွိုက် အကျိတ်ကင်ဆာ ရောဂါတို့ ဖြစ်သည်။

သွေးအားနည်းခြင်း၊ ဦးနှောက်နှင့် ကျောရိုးတွင်းရှိ အာရုံကြောမ ကြီးတွင် ဒဏ်ရာရခြင်း၊ အနာရောဂါ ဖြစ်ခြင်း၊ ဆီးချိုရောဂါ၊ တစ်ကိုယ်လုံးရှိ ကြွက်သားများ အားနည်းသည့် ရောဂါ၊ သိုင်းရွိုက် အကျိတ်ရောဂါ တို့တွင်လည်း မောတတ်သည်။ တစ်ခါတစ်ရံ စိတ်ကြောင့်လည်း မောတတ်သည်။ စိတ်ပင်ပန်းလျှင်၊ စိတ်ညစ်လျှင် မောပန်းလေ့ရှိ၏။ ထို့ကြောင့် စိတ်မောလူမော စကားရှိသည်။ စိတ်အလိုမကျ ရောဂါတွင်လည်း အလွန်အကျွံ မောတတ်သည်။ 

အလွန်နာကျင်သော အခြေအနေမျိုး ၊ ဗိုက်ခွဲခြင်း ပြီးသည့်အခါ တွင်လည်း မောလေ့ရှိသည်။ လေဖိအား နည်းသော နေရာတွင် အသက်ရှူမ၀ သဖြင့် မောရသည်။ ဥပမာ - တောင်တက်ရာတွင် အသက်ရှူ မဝသဖြင့် မောရသည်။

သက်ကြီးရွယ်အို များတွင် လူငယ်လူရွယ် များနှင့်မတူ မောပန်းလွယ် တတ်ကြသည်။ အသက်ကြီး လာသောအခါ အဆုတ်ကောင်းစွာ မပွနိုင်။ ကြွက်သားအင်အား နည်းပြီး သွေးကြောများ အတွင်းရှိ ကာဗွန်ဒိုင် အောက်ဆိုက် ကို မြန်မြန်ဖယ်ရှား မပစ်နိုင်ပေ။ ယင်းမှာ သဘာဝဖြစ်သည်။ အလေ့အကျင့် မရှိပါက ရောဂါဘယ ကင်း၍သာမန် ကျန်းမာရေးနှင့် ပြည့်စုံသော လူတစ်ယောက် ဖြစ်လင့်ကစား လုပ်ရိုးလုပ်စဉ်ထက် ပိုမို၍ လှုပ်ရှား လုပ်ကိုင်လျှင် မောပန်းတတ်သည်။ ခန္ဓာကိုယ် တက်ကြွစွာ လှုပ်ရှားရ သောကြောင့် ခန္ဓာကိုယ်တွင်း ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်များ အများအပြား စုဝေးမိသည်။ ယင်းကို ကိုယ်တွင်းမှ ထုတ်ပစ်ရန် အဆုတ်တွင် အလုပ်ပိုလုပ် ရသဖြင့် မောပန်းရ လေသည်။

မောပန်းခြင်းကင်းဝေးရန် ။ ။ မောပန်းခြင်း အကြောင်း အမျိုးမျိုးရှိသည့် အားလျော်စွာ အခြား အခြေအနေများ နှင့် မဖြစ်ရန် ကာကွယ်နေထိုင် ကြရမည် ဖြစ်သည်။ နှလုံးနှင့်အဆုတ် ရောဂါအမျိုးမျိုး တို့မှ ကာကွယ်ရန်
အဓိကအားဖြင့် အဆီအအိမ့်ကို အလွန်အကျွံ မစားခြင်း၊ ဆေးလိပ် မသောက်ခြင်း၊ စိတ်ပင်ပန်း စိတ်ညစ်ညူးမှုများ အတတ်နိုင်ဆုံး ဖယ်ရှားခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် အညီ နေထိုင်ခြင်း၊ နေ့စဉ်ကိုယ်လက် လှုပ်ရှား အားကစား နာရီဝက်မှ တစ်နာရီ အပြေး လမ်းလျှောက်၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကောင်းစွာ အနားယူခြင်း၊ အိပ်ချိန်စားချိန် မှန်ခြင်းတို့ ဆင်ခြင်နေထိုင် ကြရမည်။

ပန်းနာရင်ကျပ် ရောဂါအခံ ရှိသူများသည် မိမိတို့နှင့် ဓာတ်မတည့်သော ပန်းနာထ စေသော အကြောင်းခြင်းရာ တို့ကို ဆင်ခြင် ရှောင်ရှား၍ နေထိုင်ရမည်။ သွေးအားနည်းခြင်း မဖြစ်စေရန်လည်း သင့်တင့် မျှတသော အစားအစာများ စားသောက် နေထိုင်သင့်သည်။ ရောဂါဘယ မရှိဘဲ မောပန်းခြင်း မဖြစ်စေရန်၊ အမောခံနိုင်ရန် နေ့စဉ် သင့်လျော်သော ကိုယ်လက် အားကစား နှင့် အလုပ်အကိုင်မျှတ စေသင့်သည်။ ကိုယ်လက် လှုပ်ရှားမှု အလေ့အကျင့် ရှိသူများ၊ အားကစားသမား များသည် အခြားသူများထက် ပို၍ အမောခံ တတ်ကြသည်။ သက်လုံ ကောင်းကြသည်။ တက်ကြွစွာ လှုပ်ရှားမှု အလေ့အကျင့် ရှိသူတို့တွင် အဆုတ်သည် မူလကပင် ခန္ဓာကိုယ်၏ လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေး နေကျ ဖြစ်သောကြောင့် အလေ့အကျင့် မရှိသူထက် အမောခံနိုင် ကြသည်။

အားကစား လုပ်ခြင်းဖြင့် အဆုတ်အတွင်း သို့ လေကို အပြည့်အဝ ရှူသွင်းနိုင်သည်။ ဤနည်းဖြင့် အဆုတ်ကို အားပေးသကဲ့သို့ ဖြစ်စေ၏။ လူအများစုမှာ နေ့စဉ်လေကို အဆုတ်တွင် ပြည့်သည့်တိုင် ပြည့်ပြည့်ဝဝ အသက်ရှူလေ့ မရှိပါ။ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းတွင် အသက်ပြင်းပြင်း ရှူရှိုက်ရသော လေ့ကျင့်ခန်းများ ပါသည်။ ကိုယ်လက် လှုပ်ရှားခြင်းသည် ခန္ဓာကိုယ် တွင်းရှိ သွေးအသွားအလာ ကို ပိုမိုကောင်းမွန် တက်ကြွ စေသည်။

ကိုယ်ခန္ဓာအတွင်း သွေးလည်ပတ်မှု အရှိန်မြင့်တက် ကောင်းမွန် လာသည်နှင့်အမျှ နှလုံးရှိ ကြွက်သားတို့ သည်လည်း ပို၍ လှုပ်ရှားရကာ ပိုမိုသန်စွမ်း လာသည်။ ခန္ဓာကိုယ်တွင် ပိုလျှံသော အဆီများသည် ခန္ဓာကိုယ်ကို အလေးချိန် တိုးစေလျက် နှလုံးကို အလုပ်ပိုစေသည်။ အဝလွန် ခြင်းသည် ရောဂါတစ်ရပ် ဖြစ်သည်။

ကိုယ်လက်လှုပ်ရှား အားကစားက ခန္ဓာကိုယ် ဣရိယာပုတ် မျှတပြီး ခန္ဓာကိုယ်တွင်းရှိ ကြွက်သား အမျိုးမျိုး ပိုမို သန်စွမ်းလာ၍ အလုပ်ပိုမို လုပ်စေနိုင်သည်။ အစာကို လွယ်ကူစွာ ကြေညက်စေသည်။ ကိုယ်လက် လှုပ်ရှားခြင်း ဖြင့် အစာအိမ်တွင်း ကြွက်သားများ ပိုမိုလှုပ်ရှားစေပြီး အစာအိမ်တွင်လည်း အစာခြေအရည် ပိုမိုထွက်ရှိစေ၏။ အူသိမ်၊ အူမကြီး တစ်လျှောက် ကြွက်သားများ တက်ကြွစွာ အလုပ်လုပ်နိုင် သဖြင့် ဝမ်းချုပ်ခြင်းလည်း မရှိနိုင်ပါ။

ကိုယ်လက် လှုပ်ရှားခြင်းဖြင့် အိပ်ပျော် စားဝင်ခြင်း၊ စိတ်ကြည်လင် လန်းဆန်းခြင်း၊ အသားအရေ စိုပြည်ခြင်း တို့ဖြစ်နိုင်သည်။ လှုပ်လှုပ်ရှားရှား နှင့် ဆော့ကစား ပြေးလွှားနေသော ကလေးငယ်သည် မလှုပ်မရှား ငြိမ်ငြိမ်သက်သက် နေသော ကလေးငယ် များထက် ပို၍ဖွံ့ဖြိုး နိုင်ပါသည်။ လွယ်ကူသော လေ့ကျင့်ခန်းမှာ လမ်းလျှောက်ခြင်း ဖြစ်သည်။ လေကောင်းလေသန့် ရရှိနိုင်မည့် နေရာများတွင် နေ့စဉ်မှန်မှန် လမ်းလျှောက်ရမည်။ သို့မှသာ အသက်အရွယ် မရွေး အမောခံနိုင်ကာ ခန္ဓာကိုယ် သွေးလည်ပတ်မှု မျှတစေသည်။

မောပန်းလာပြီ ဆိုလျှင် ရှေးဦးစွာ မည်သည့် အကြောင်းကြောင့် ဖြစ်နိုင်သည်ကို စဉ်းစားရပါမည်။ ရောဂါကြောင့် သို့မဟုတ် အခြား အကြောင်းကြောင့် မောပန်းခြင်း ခွဲခြားရမည်။ ရောဂါကြောင့် မောခြင်း၊ အလိုလိုနေရင်း မောခြင်း၊ အလုပ်အနည်းငယ်မျှ လုပ်ရုံဖြင့်မောခြင်း စသည်တို့ဖြစ်ပါက နီးစပ်ရာ ဆရာဝန်၊ မိသားစုဆရာဝန် နှင့်ပြသ စစ်ဆေးကုသ ရမည်။ ရောဂါကြောင့် မဟုတ်ဘဲ အခြားသူများနည်းတူ အမောမခံ နိုင်ပါက သင့်တင့် မျှတသော ကိုယ်လက်လှုပ်ရှား အားကစားကို နေ့စဉ် နာရီဝက်မှ တစ်နာရီမှန်မှန် လေ့ကျင့် စေခြင်းဖြင့် မောပန်းခြင်းမှ ကင်းဝေးစေပြီး ခန္ဓာကိုယ် ဣရိယာပုတ်ကို မျှတစေသင့်သည်။

လမ်းလျှောက်ခြင်း ဆိုရာတွင် နံနက်စောစော အချိန် တစ်မိုင်ခန့် လမ်းလျှောက်ခြင်း၊ သုံးမိုင်ခန့် အသွားအပြန် လျှောက်ပေးခြင်း စသည်ဖြင့် လူတစ်ယောက် ခံနိုင်ရည် ရှိသော အတိုင်းအတာ အထိ ဆင်ခြင် လုပ်ဆောင်ခြင်း ဖြင့် အမောခံနိုင်သူ တစ်ယောက် ဖြစ်စေပါကြောင်း ရေးသား လိုက်ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

ရယူသူတို့၏ နှလုံးခတ်သံ


ရယူသူတို့၏ နှလုံးခတ်သံ

( ဆောင်းပါးရှင် မဒါလေး )

မြသီတစ်ယောက် ဈေးခြင်းတောင်း ကိုကိုင်ကာ ဟိုလျှောက် သည်လျှောက် ဖြစ်နေသည်။ စိတ်ထဲတွင် လည်းဘယ်သူ့ အတွက် ဘာဝယ်ရမည်ကို မသိဘဲ ဖြစ်နေသည်။အိမ်တွင် လူကြီးများရှိ သဖြင့် အစားအသောက် ဝယ်ရာတွင် အဓိက ခေါင်းခြောက် ရသည်။မတည့်သည့် အစားအသောက် များဝယ်မိလျှင် ဒုက္ခပိုများသည်။ အဖေနှင့်မတည့်သော အစားအစာများ၊ အမေနှင့်မတည့်သော အစားအစာများ၊ အဘိုး အဘွားနှင့်မတည့်သော အစားအစာများ အားလုံးကို ခြုံကြည့်လျှင် တစ်ခါတစ်ရံ စားစရာပင် သိပ်မကျန် ချင်ပေ။ ဆန်နှင့်ဆီ ကအစ နောက်ဆုံး ကန်စွန်းရွက်ထိ တစ်အိမ်သားလုံးနှင့် အဆင်ပြေစေရန် စီမံဆောင်ရွက် ရသည်။ တစ်ခါတစ်ရံ ဘာမျှမဝယ် ဖြစ်ဘဲ ဈေးထဲတွင်ပင် ချာချာလည် နေသည်။

ဆန်ဝယ် သည့်အခါ ကြမ်းလျှင်လည်း ကလေးများ နှင့်အဘိုးအဘွား များအတွက် အဆင်မပြေ ပေါ်ဆန်းမွှေး ကျပြန်တော့လည်း အဆီဓာတ်နှင့် မတည့်သော အဖေ့အတွက် အဆင်မပြေ သဖြင့် နှစ်မျိုးလောက် ဝယ်ရသည်။ ဆီကတော့ ခွဲခြားမနေဘဲ အိမ်ကလည်း ဆီမကြိုက် ကြသဖြင့် ကျန်းမာရေး နှင့်လည်း ညီညွတ် သောပဲပိစပ်ဆီ နှင့် နေကြာဆီကို တစ်လှည့်စီသုံး ဖြစ်သည်။ မြေပဲဆီစစ်စစ်က လူကိုအန္တရာယ် မဖြစ် ဆိုသော်လည်း ဈေးထဲတွင် အတုအစစ် ခွဲရသည်က တော်တော်ပင် ခက်သည်။ ကြက်သား ဝယ်ပြန်တော့လည်း စီပီနှင့်ဗမာကြက် ကိုမျှဝယ် ရပြန်သည်။ ဗမာကြက်က အရသာလေး သော်လည်း တစ်ခါတစ်ရံ အသားမာ တတ်သဖြင့် လူကြီးများ အတွက် ခက်ပြန်သည်။ စီပီ ကျပြန်တော့လည်း အသားပွသည် ပေါ့ သည်ဟုဆိုကာ လူကြီးများက မကြိုက်ကြပြန်။ မြသီ အတွက် အခက်တွေ့ရသည်။ လူကြီးများ အတွက် ဗမာကြက်နုသည် ကိုရွေးဝယ်ပြီး ကျန်အိမ်သားများ  အတွက် စီပီကြက်ကို ရွေးဝယ်ရ ပြန်သည်။

ဝက်သား ကြိုက်သော  အဖေ့အတွက် အဆီနှင့် မတည့်သဖြင့် အသားချည်း သတ်သတ် ဝယ်ပေး ရပြီးသုးံထပ်သား ကြိုက်သောအဘိးု အတွက်လည်း သီးသန့် ဝယ်ရပြန်သည်။ ငါးကြိုက်သော အဘွားအတွက် တစ်နေ့ ငါးတစ်မျိုး မထပ်အောင် စီမံရသေးသည်။ အဖေ့၏ ပုံစံပေးမှုအရ မြသီတို့အိမ် ၏ထမင်းဝိုင်း တွင်နံနက်တိုင်း ပဲဟင်းချိုတစ်ခွက် ချက်ရသည်။ ပဲအမျိုးမျိုးကို တစ်နေ့တစ်မျိုး မရိုးအောင် ပြောင်းချက် ရသည်။ ငါးပိရည်နှင့် တို့စရာ ကလည်း မပါသည့်နေ့ မရှိစေရ။ အသားဟင်း တစ်မျိုးနှင့် အရွက်ကြော် တစ်မျိုးပါသည်။ ညနေထမင်းဝိုင်း ကမူ အသားဟင်း တစ်မျိုးနှင့် ဟင်းခါးရည်ပါ လျှင်လုံလောက်သည်။ သို့အတွက် စီမံရသည့် အိမ်ရှင်မမှာ တော်တော်ကို ပင်ပန်းသည်။ မြသီတို့ မောင်နှမ များအတွက် အမေ စီမံပေးသော ထမင်း ဝိုင်းတွင် အမေ မည်မျှ အားစိုက်ထုတ် ရသည်ကို ယခုမှ နားလည်မိသည်။ သည်ကြားထဲ ဟင်းကြေးများ ခဲ့သော ကိုယ့်ကိုယ်ကိုယ် မြသီအပြစ်တင် နေမိသည်။ 

တစ်ခါတစ်ရံ အလုပ်တစ်ဖက် နှင့်မို့ သေချာ မစီမံနိုင်သော နေ့များတွင် ''လူကြီးတွေ ထမင်းစားလို့မှ ကောင်းရဲ့လား''ဟု မချင့်မရဲဖြင့် ထမင်းဝိုင်းကို ကြည့်မိသည်။ ထမင်းဟင်းများ အများကြီး ကျန်နေသည့် နေ့များတွင် ''ဘာတွေ အစပ်အဟပ် မတည့်လို့လဲ''ဟု ပြန်သုံးသပ် ရသည်။ ကလေးများ ကမူ ဖြစ်သလိုကျွေး သည့်အတိုင်း စားတတ်ကြ သော်လည်း လူကြီးများ ကမူ တစ်ခါတစ်ရံ စိတ်တိုင်းမကျ ဖြစ်တတ်သည်။ ဟင်းချက်သူ ၏စေတနာမှာ ဟင်းအရသာ တွင်ပေါ်လွင် သကဲ့သို့ မိမိချက်သည ဟင်းမကုန်လျှင် စိတ်ထဲ မလုံမလဲ ဖြစ်မိသည် ကတော့ မြသီတစ်ဦးတည်း ဖြစ်မည်မထင်။ အိမ်ရှင်မ တိုင်းပင် ထိုသို့ဖြစ် တတ်ကြလိမ့်မည် ဟုလည်း မြသီခံစား မိသည်။ 

တစ်နေ့ အိမ်တွင် ထမင်းဟင်း ချက်နေရင်း ဘေး အိမ်မှစကား များသံကို အိမ်နောက်ဘက်မှ အတိုင်းသား မြသီကြား လိုက်ရသည်။ ဘေးအိမ်မှ အဒေါ်ကြီးက သူ့သမီးကို ပြောနေခြင်း ဖြစ်သည်။''နင်ကတော့လေ မိဘတွေကိုတောင် မသဒ္ဓါဘူး၊ နင်ဘယ်တော့မှ ကြီးပွား မှာမဟုတ်ဘူး '' ဆိုသည့်စကား မှာကြားရသူ မြသီပင် စိတ်ထဲ တော်တော်မကောင်း ဖြစ်သွားရသည်။ အပြောခံ ရသည့်သူဘက် က မည်သို့ဖြစ်မည် ကို မြသီမမှန်း ဆတတ်တော့ပါ။ ထိုအစ်မမှာ ရုံးလုပ်ငန်း တစ်ဖက်၊ သားသမီး များကျောင်း ကြိုပို့တစ်ဖက် နှင့်နံနက် မိုးလင်းမှ မိုးချုပ်သည်ထိ အမြဲမ ပြတ်လှုပ်ရှား နေရသူ တစ်ဦးဖြစ်သည်။ နံနက်မိုးလင်း မြသီတို့ အိမ်တံခါး ဖွင့်ချိန်တွင် ထိုအစ်မ ဈေးက ပြန်လာနေပြီ။ ကလေးများကို  ဖြီးလိမ်းပေးပြီး မီးဖိုချောင်တွင် ချက်ပြုတ်နေပြီ။ မိဘများ အတွက်ပါ နံနက်စာနှင့် နေ့လယ်စာ ပြင်ဆင် ပေးပြီးမှ ကလေး များကိုကျောင်းပို့ ရင်းရုံးသွားသည်။ ညနေ ပြန်လာလျှင်လည်း ချက်၊ ပြုတ်၊လျှော်ဖွပ်နှင့် သူ့မှာ နားရ သည်မရှိ။တစ်ခါတစ်ရံ သူချက်သည့် ဟင်းနံ့များ နှင့်ပင် တစ်ဖက် အိမ်မှ စားချင် နေမိသည်။ ထိုသို့သော အနံ့အရသာ နှင့်ပြည့်စုံ သည့်ဟင်းမှာ စားမကောင်း စရာ မရှိလောက်ပေ။ သို့သော် ယခုကဲ့သို့ အသံမျိုး ကြားရသည့်အခါ တွင်လည်း မယုံကြည် နိုင်လောက်အောင် ဖြစ်ရသည်။ 

တစ်ရက် မြသီ ဘေးအိမ်က အစ်မနှင့် ဈေးထဲတွင် ဆုံသည်။ လက်ထဲတွင် ကိုင်လာသော ဈေးခြင်းတောင်းထဲ တွင်လည်း ဘာမျှ မပါသေးဘဲ ဟိုသည် ကြည့်နေသည်။ ''အစ်မ ဘာဝယ် မလို့လဲ'ဟု မြသီမေးလိုက်သည်။ ထိုအစ်မမှာ အားတက်သွား သယောင် အကြည့်ဖြင့် ''ငါးသေးသေးလေး တွေဝယ်ချင် တာညီမရေ။ အစ်မက အလုပ် မအားတာနဲ့ ငါးသေးသေးလေး တွေသိပ် မဝယ်ဖြစ်ဘူး။ အခု အမေက စားချင်တယ် ဆိုလို့'' ဟု ပြန်ပြောသည်။ ငါးဝယ်မှာကို ''ဘာများ ခက်လို့လဲ''ဟု  မြသီကြည့် မိသည်။ ပြီးမှ မြသီဝယ် နေကျ ငါးသည်ထံ ခေါ်သွားကာ ငါးသေးသေးလေး များကို ဝိုင်းရွေးပေး လိုက်သည်။ ထိုအချိန် ကျမှပင် ထိုအစ်မ မျက်နှာမှာ အနည်းငယ် ရွှင်ပြုံးသွားသည်။ ခရမ်းချဉ်သီး၊ ပဲတီပင်ပေါက် နှင့်မှို၊ ကန်စွန်းရွက် စသည်တို့ လည်းစုံအောင် ဝယ်သည်။ နှစ်ဦးသား ဈေးဝယ်ပြီး ဈေးခြင်း ကိုယ်စီဖြင့် အိမ်ပြန်လမ်း ကိုဦးတည် လိုက်သည်။ အပြန်လမ်းတွင် ရုတ်တရက် ''ညီမတော့ ဘယ်လိုချက် ပြုတ်စီမံလဲ မသိဘူးနော်။အိမ်မှာ လူဒီလောက်များ တာတောင်မှပဲ။ အစ်မမှာတော့ လူလေးငါးယောက် ကို တစ်ရက်မှ အဆင်မပြေ ဘူးကွယ်'' ဟုပြောသည်။ သူ့အသံမှာ လေးလံနေသည်။ ''အစ်မရေ အတတ်နိုင်ဆုံး တော့ အဆင်ပြေအောင် ချက်တာပဲ။ စားလို့ အဆင်မပြေ ဘူးဆိုလဲ အပြော တော့နည်းနည်း ခံရတာပေါ့'' ဟုပြောလိုက်သည်။ မြသီ အပြောကို အံ့သြသလိုနှင့် ''ညီမလဲ အပြောခံ ရတာပဲလား။ အစ်မ တစ်ယောက်တည်း အပြောခံ ရတယ်ထင်လို့''ဟုပြောသည်။ မြသီ နည်းနည်းတော့  ရယ်ချင်သွားသည်။ ''အစ်မရေ မိဘတွေက ငယ်ရာ ကကြီးလာတဲ့ သူတွေ ကြီးပဲဆိုတော့ ကိုယ်ချက်တာ ဘယ်စိတ်တိုင်း ကျဖြစ်ပါ့မလဲ။ 

တစ်မျိုးမဟုတ် တစ်မျိုးတော့ အမြဲလိုတာ ပေါ့၊ အဓိက ကတော့ စားတဲ့အခါ စာနာစိတ် လေးနဲ့ ဖြည့်တွေးပြီး စားပေး နိုင်ရင် အကောင်းဆုံး ပဲပေါ့။ဟင်းချက် တာလဲ စိတ်ခံစားချက် ပါမှကောင်းတာ အစ်မရဲ့''ဟုမြသီ အပြောကို ထိုအစ်မက အြံ့သသလို ဖြင့် မျက်လုံးပြူးပြီး ကြည့်နေသည်။

''ညီမရေ အစ်မကတော့ ဘယ်လိုပဲ လုပ်ပေးလုပ်ပေး မိဘတွေက သူတို့ကို စေတနာ မရှိဘူးလို့ ထင်နေတယ်။ အစ်မမှာလဲ အဘက်ဘက်က ဖြည့်ဆည်းပေး နေရတော့ လိုအပ်တာလေး တွေတော့ရှိ တာပေါ။့ တစ်ခါတလေ ဟင်း စပ်တာ၊ ငန်တာကအစ အစ်မက လုပ်ကြံသူကြီး ကိုဖြစ်လို့၊ အလုပ်ကလဲ တစ်ဖက်ဆိုတော့ စိတ်ဖိစီးမှု တွေကလဲ များတယ်။ အဲဒါကြောင့် အစ်မဟင်း လက်ရာများ မကောင်းလို့လား ပြန်သုံးသပ် ရမယ်''ဟု ပြောသည်။ ထိုအစ်မ ပြောမှပင် ကိုယ့်ကိုယ်ကိုယ်  သတိထား မိသည်။ တစ်ခါတလေ မြသီအလုပ် ပင်ပန်းလွန်းလျှင် ဟင်းကို လွယ်လွယ်ပင် ချက်တတ်သည်။ သို့သော် ထိုသို့သော အခါမျိုးတွင် အမေက ''ဒီနေ့ ပိုကောင်းတယ်''ဟုပြောတတ်သည်။ 

ထမင်းဟင်း ချက်ရာတွင် ချက်သည့်သူသာ အဓိကကျ သည်မဟုတ် စားသည့် သူလည်း အဓိကကျသည် ဟု မြသီမြင် မိသည်။ စားမည့်သူကလည်းစေတနာလေးနှင့် ဖြည့်တွေးပြီး စားတတ်မှ တော်ပေလိမ့်မည်။ ယနေ့ခေတ် မြသီတို့ ဖြတ်သန်းရသော လူမှုဘဝက တော်တော်ပင် ပင်ပန်း သည်ဟု ပြော၍ရသည်။ နေရေး၊ စားရေး မှအစစ အရာရာတိုင်း အတွက် ပူပင် နေရသည်။ ထိုသို့သော အခြေအနေတွင် အနားမှ မိသားစုဝင် များ၏ နားလည်မှု အရေးကြီးသည်။

တစ်ခါတစ်ရံ မိဘများ အနေဖြင့် သားသမီးဆို သည်မှာ ရယူသူများ ဟုတထစ်ချ သတ်မှတ်ထား လေရာ သားသမီးဆီ ကတစ်ခုခု ပြန်ပေးတိုင်း လွဲမှားစွာ လက်ခံတတ် ကြသည်။ အကျိုးသင့် အကြောင်းသင့် ဖြစ်သင့်သည် ကိုပြောသည့် တိုင်အောင် မိမိအလှည့် ကျတော့ သည်လိုလား ဆိုသည့် အတွေးမျိုး ဖြင့်တုံ့ပြန် တတ်ပြန်သည်။ စေတနာနှင့် ကျွေးမွေး လျှင်ပင်မာန နှင့်စားသုံး တတ်ကြသည်။ ထိုသို့သော လွဲမှားမှုတွင် အဘယ်သို့ ကောင်းမွန်သော အနှစ်အရသာ ကိုခံစား ရတော့ပါ မည်နည်းဟု မြသီစိတ်ထဲ တွေးမိသည်။ တစ်ခါတစ်ရံ ကြားရသော ''မိဘကို မသဒ္ဓါလို့လား၊ မပေးချင် လို့လား'' ဆိုသည့် စကား၏ နောက်တွင် ငါ့သားသမီး များအဆင် ပြေကြရဲ့လား၊ ငွေကြေး မရှိဘဲ အားတင်း နေရလား ဆိုသည်ကို  တစ်ချက် ငဲ့ကြည့် စေချင်သည်။ ထို့ထက်ပိုပြီး ထဲထဲဝင်ဝင် သိမြင် စေချင်သည်။ မြသီက လက်ထဲက ပိုက်ဆံအိတ်ငယ် လေးကို ကျစ်ကျစ် ပါအောင်ဆုပ်ရင်း ဈေးခြင်းတောင်း ကို မနိုင့်တနိုင် မကာ ခပ်သုတ်သုတ် ထွက်သွားသော ဘေးအိမ်မှ အစ်မကို ကြည့်ကာ ရင်ထဲမကောင်း ဖြစ်မိနေသည် မှာ အမှန်ပင် ဖြစ်ပါတော့သည်။

ရတနာပုံနေ့စဉ်သတင်းစာ

ဂျပန်နိုင်ငံ၏ အလုပ်သမားများအပေါ် အလေးထားသည့် Premium Friday အစီအစဉ်သစ်



( ရှိန်းထက် ဘာသာပြန်သည် )

ဂျပန် ဟု ဆိုလိုက်သည်နှင့် ကမ္ဘာပေါ်ရှိ စီးပွားရေး ထိပ်တန်းနိုင်ငံ တစ်နိုင်ငံအဖြစ် ပြေးမြင်ကြမည် ဖြစ်သည်။ ထိုနည်းတူ ဂျပန်တို့၏ အလုပ်လုပ်ပုံဟု ဆိုလိုက်သည်နှင့် အမေရိကန်တို့ ကပင် ချီးကျူးရ လောက်အောင် အလုပ်ကို သူမတူအောင် လုပ်ကိုင်ကြသည့် လူမျိုးအဖြစ် ပြေးမြင်ကြမည် ဖြစ်သည်။

ထို့ကြောင့် ဂျပန်တို့သည် အချိန်တိုအတွင်း ဒုတိယကမ္ဘာစစ် အတွင်းက နျူကလီးယား ဗုံးဒဏ်ကြောင့် ပြာပုံဖြစ်ရသည့် ဘဝမှ ပြန်လည် နာလန်ထူနိုင်ပြီး ကမ္ဘာ့ စီးပွားရေး အင်အား ကြီးမားသည့် နိုင်ငံများတွင် ပါဝင်လာခဲ့သည်။ သို့သော် အချိန် ကြာမြင့်စွာ အလုပ်လုပ် ဆောင်ခြင်းသည် ဂျပန်လူမျိုးများ ကြားတွင် စိတ်ဖိစီးမှု ပြဿနာများ ဖြစ်ပေါ်လာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အများဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ဂျပန်နိုင်ငံသည် ထိပ်ဆုံးမှ ရောက်ရှိ လာပြန်သည်။

အလုပ်ချိန် ကြာမြင့်၍ အလုပ်သမားများ ဖိအားများပြီး သေဆုံးရခြင်း အပေါ် ကျွမ်းကျင် ပညာရှင်များက အဖြေကိုရှာဖွေ တွေ့ရှိခဲ့ ကြသည်။ သို့သော် သေချာသည့် အဖြေကို မည်သူမျှ မပေးနိုင်ဘဲ အလုပ်ချိန် ကြာမြင့်မှုနှင့် အသက်အန္တရာယ် ဆုံးရှုံးမှု ပြဿနာသည် အချိန် အတော်ကြာ အငြင်းပွားစရာ ပြဿနာအဖြစ် ရှိနေသည်။ ယခုအခါ အလုပ်ချိန် ကြာမြင့်သည့် အတွက် ဂျပန်လူမျိုးများ သေဆုံးရသည် ဆိုသည့်အချက်ကို လက်ခံလာကြပြီ ဖြစ်သည်။ စစ်တမ်းများက တစ်လကို နာရီပေါင်း ၁ဝဝ ကျော် အလုပ်လုပ်ရသည့် အလုပ်သမား များသည် သာမန်လူများထက် သေဆုံးမှု အန္တရာယ် နှစ်ဆမြင့်မား သည်ဟု ဖော်ပြထားသည်။ ထိုနည်းတူစွာ ဂျပန်နိုင်ငံ၌ ရှိသည့် ကုမ္ပဏီငါးခုတွင် တစ်ခုမှာ လုပ်သားများ အဖို့ တစ်လလျှင် နာရီပေါင်း ၁ဝဝ ကျော်အထိ အလုပ်လုပ် ရသည့် ကုမ္ပဏီများ ဖြစ်သည်။

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံး ဂျပန်အမျိုးသား တစ်ဦးသေဆုံးမှု ကြောင့် ကုမ္ပဏီကို တရားစွဲဆိုခဲ့ရာ တရားနိုင် ခဲ့သည်။ ကာရိုရှီ ဟူသော အမျိုးသားသည် အလုပ်ချိန်ပို လုပ်ရသောကြောင့် စိတ်ဖိစီးမှု များကာ ကျန်းမာရေး ချို့ယွင်းလာပြီး သေဆုံးရသည် ဟု ဆရာဝန်များက မှတ်ချက်ပေး သဖြင့် တရားရုံးက သေဆုံးခဲ့မှု အတွက် ကုမ္ပဏီကို ဒဏ်ငွေ ပေးဆောင်စေပြီး ကာရိုရှီ ကို အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ဂျပန်အစိုးရ အဖွဲ့သည် အလုပ်ချိန် လျှော့ချရန် နည်းလမ်းများကို ရှာဖွေခဲ့ ကြသည်။ နှစ်လဟူသော အချိန် အတိုင်းအတာတွင် ဂျပန်တို့ Premium Friday ဟုခေါ်သော အစီအစဉ်သစ် ကို ဂျပန်အလုပ်သမား များအတွက် ရှေးရှုကာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဦးဆောင်၍ စတင်ပြင်ဆင် ခဲ့သည်။ 

သူ့အစီအစဉ်တွင် ပါဝင်ရန် ဂျပန် ကုမ္ပဏီကြီးများ ကိုလည်း တိုက်တွန်းခဲ့သည်။ ယခုဂျပန်နိုင်ငံ ၏ အဓိက လုပ်ငန်းကြီးများ ဖြစ်သော ကားကုမ္ပဏီများ၊ အစားအသောက် လုပ်ငန်းကြီးများနှင့် ရထား ကုမ္ပဏီကြီး များက အာဘေး၏ အစီအစဉ်တွင် ပူးပေါင်းပါဝင် လာကြပြီ ဖြစ်သည်။ Premium Friday ဆိုသည်မှာ လတစ်လတိုင်း ၏ သောကြာနေ့ ညနေ သုံးနာရီတွင် အလုပ်သမား များကို ပုံမှန်ထက် နှစ်နာရီစောကာ ရုံးဆင်းစေခြင်း ဖြစ်သည်။

ထိုအချိန်တွင် အလုပ်သမားများ ဈေးဝယ်ထွက် စေခြင်း၊ မိသားစုများ၊ သူငယ်ချင်းများနှင့် သွားရောက် တွေ့ဆုံခြင်း၊ အပန်းဖြေ စေခြင်းပြုရန် ဂျပန်အစိုးရက ထောက်ခံပေး ထားသည့် သီးသန့် အစီအစဉ် ဖြစ်သည်။ လာမည့် မတ်လတွင် ဝန်ကြီးချုပ် အာဘေး ၏ Premium Friday အစီအစဉ် စတင် အသက်ဝင်မည် ဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကိုယ်တိုင် ပါဝင်ဆင်နွှဲမည် ဖြစ်သည်။

ထိုသောကြာနေ့ သုံးနာရီမှ နောက်ပိုင်း အချိန်ကို ဘုရားကျောင်းတွင် တရားထိုင်ရင်း စတင်ပါဝင် ဆင်နွှဲမည်ဟု အာဘေးက ကြေညာခဲ့ပြီး မီးရထား ကုမ္ပဏီများ ကလည်း Premium Friday မှာ အလုပ်သမားများ အတွက် သီးသန့်ရည်ရွယ်၍ အစားအသောက် များကို ရထားပေါ်တွင် အလွယ်တကူ ရရှိနိုင်စေရန် ဆောင်ရွက်ပေး ထားဦးမည် ဖြစ်သည်။

ဂျပန်နိုင်ငံ၌ အလုပ်သမားများ အဖို့ တစ်ပတ်လျှင် အားလပ်ရက် တစ်ရက်ဖြင့်သာ ဘဝ တစ်လျှောက်လုံး ဖြတ်သန်း နေရသည်။ ရုံးဝန်ထမ်းများနှင့် အလုပ်သမား များသည် ထိုအားလပ်ရက် ကို ပျော်ပျော်ရွှင်ရွှင် နှင့်
သောက်စားပြီး ဖြတ်သန်းကြသည်။ နောက်တစ်ရက် တွင်တော့ သူတို့၏ အလုပ် စားပွဲပေါ်သို့ စောစောစီးစီး ပြန်ရောက်အောင် မဖြစ်မနေ အားထုတ်ကြ ရပြန်သည်။ ညကပျော်ပါး သောက်စား ထားသည့်ဒဏ်က အလုပ်ချိန်ကို ကောင်းကောင်းကြီး နှိပ်စက် နေပြီဖြစ်သည်။ ထို့ကြောင့် အဆင်မပြေမှုများ စတင် ဖြစ်ပေါ်လာပြီး အချိန်ပိုဆီကို ခရီးဆက်ရကိန်းက ပိုများနေပြီ ဖြစ်သည်။ ထိုအလုပ် သမားတို့၏ နေထိုင်မှုပုံစံ ခေါက်ရိုးကျိုး နေခြင်းက ဖိအားများကို ဖြစ်ပေါ် လာစေပြီး တဖြည်းဖြည်းနှင့် လုပ်သင့်သည့် အလုပ်ချိန်ထက် ပိုများလာကာ တစ်လကို နာရီ ၁ဝဝ ထက်ပိုပြီး အလုပ်လုပ် လာခဲ့ခြင်း ဖြစ်သည်။ ထိုနေထိုင်မှုပုံစံ ခေါက်ရိုးကျိုး နေခြင်းကပင် ကျန်းမာရေးနှင့် နောက်ဆက်တွဲ ပြဿနာ များကို ဖြစ်ပေါ်စေပြီး အသက်သေဆုံး စေခြင်းအထိပင် ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ 

သုတေသီများက တစ်လကို အလုပ်လုပ်ချိန် ၁ဝ၅ နာရီထက် ကြာလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်နိုင်သည်ဟု ဆိုထားပြီး ဂျပန်နိုင်ငံ၌ လူများသည် တစ်လကို နာရီ ၁ဝဝ ထက်ပိုပြီး အလုပ်လုပ် လာခဲ့ခြင်း ဖြစ်သည်။ ထိုနေထိုင်မှု အချိုးကျပုံစံ ကပင် ကျန်းမာရေးနှင့် နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေပြီး အသက်သေဆုံး စေခြင်းအထိပင် ဖြစ်ပေါ်စေခြင်း ဖြစ်သည်။

သုတေသီများက တစ်လကို အလုပ်လုပ်ချိန် ၁ဝ၅ နာရီထက် ကြာလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်နိုင်သည်ဟု ဆိုထားပြီး ဂျပန်နိုင်ငံ၌ အလုပ်ချိန် များနေမှု၊ ဂျပန်လူမျိုးများ သေဆုံးမှုနှင့် ကိုယ်တိုင် သတ်သေမှု မြင့်မား လာခြင်းကြောင့် အာဘေး အစိုးရက ယခု Premium Friday အစီအစဉ်နှင့် အလုပ်သမား တို့၏ နေထိုင်မှု ဘဝပုံစံကို ပြောင်းလဲအောင် ဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ၏ အဓိက ကားကုမ္ပဏီကြီး များနှင့် အစားအသောက် လုပ်ငန်းများ အပြင် ဘဏ်များကပင် အစိုးရ၏ အစီအစဉ်တွင် ပါဝင်မည်ဟု ယခုနောက်ပိုင်း ဆိုလာပြီး အသေးစား လုပ်ငန်းလေး များကတော့ ပါဝင်လာရန် အလားအလာ နည်းနေသေးသည်။ သို့သော် အာဘေး၏ အလုပ်ချိန်လည်း မပျက် အားလပ်ရက်လည်း နှစ်ရက် ဖြစ်စေမည့် Premium Friday အစီအစဉ်သည် ဂျပန်အလုပ်သမား တို့အတွက် သိန်းနှင့်ချီသော ဆုကြီးပေါက် သကဲ့သို့ဖြစ်ပြီး ဂျပန်၌ အလုပ်ကြောင့် လူသေဆုံးမှုနှုန်းကို လျှော့ချရန် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger