www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 28, 2019

ရတနာပုံနေ့စဉ်သတင်းစာ (၂၈-၂- ၂၀၁၉)


တနာပုံနေ့စဉ်သတင်းစာ (၂၈-၂- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၂၈-၂-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၂၈-၂-၂၀၁၉)

-
 Download Links

Wednesday, February 27, 2019

ရထားခရီးစဉ်တချို့ ရပ်နားပြီး ခရီးသည် တိုးလာသည့် လမ်းပိုင်းများတွင် တိုးချဲ့ပြေးဆွဲ

ရထားခရီးစဉ်တချို့ ရပ်နားပြီး ခရီးသည် တိုးလာသည့် လမ်းပိုင်းများတွင် တိုးချဲ့ပြေးဆွဲ
-
ရန်ကုန်  ဖေဖော်ဝါရီ   ၂၆ 
-
မြန်မာ့မီးရထား အနေဖြင့် လူစီးနည်းပြီး စီးပွားရေး တွက်ခြေမကိုက်သည့်ရထား ခရီးစဉ်တချို့ ရပ်နားထားပြီး ခရီးသည်စီးနင်းမှုများပြားသည့်လမ်းပိုင်းများ၌တိုးချဲ့ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထား ဒုတိယအထွေထွေ မန်နေဂျာ ဦးအောင်သူလတ်၏ပြောပြချက်အရသိရသည်။ လက်ရှိတွင် ရထားစီးခရီးသည်များသည် ခရီးစဉ်တချို့၌ လိုက်ပါစီးနင်းမှု နည်းပါးလာသည့် အတွက် တွက်ခြေမကိုက်သော ရထား ၃၆ စင်းကို ဖျက်သိမ်းခဲ့ရကြောင်းသိရသည်။ 
-
''ကားလမ်းဘက်တွေက ခရိုင်ချင်းဆက် လမ်းတွေပြုလုပ်နေတာ ဖွံ့ဖြိုးလာတဲ့ အတွက် ရထားစီးတာ နည်းသွားကြတယ်။ဒါ့ပြင်ကားလမ်းဆက်သွယ်ရေးလမ်းကြောင်းတွေ ရင်ကထက်ပိုပြီးကောင်းမွန်လာတယ်။ ဒီတော့ ဒေသခံတွေက ရထားထက်ကားကို ပိုစီးလာကြတယ်'' ဟု ဦးအောင်သူလတ် ကပြောသည်။ 
-
လက်ရှိတွင် ခရီးသည်များလာသည့် လမ်းဘူတာများကို  ထပ်မံတိုးချဲ့ပြေးဆွဲပေးနေကြောင်း၊ မန္တလေး-မြစ်ကြီးနားလမ်းကို ပြေးဆွဲနေသည့် လမ်းဘူတာရှိဘူတာငယ်များမှအဆိုပါ ရထားကို စောင့်စီးရခြင်းသည်အဆင်မပြေသဖြင့်စီးနင်းသည့်ခရီးသည်များပြီး ဝင်ငွေတိုးသောကြောင့်ထပ်မံတိုးချဲ့ ပြေးဆွဲပေးရခြင်းဖြစ်ကြောင်းသိရသည်။ 
-
တစ်နိုင်ငံလုံး အတိုင်းအတာအရ ရထားစီးခရီးသည် လျော့နည်းလာသော်လည်းလမ်းပိုင်းအလိုက်  မန္တလေး - မြစ်ကြီးနားလမ်းပိုင်းသည် ခရီးသည်တိုးတက်လာသည့်အတွက် ရထားများတိုးချဲ့ပြေးဆွဲခဲ့ရကြောင်း၊ ခရီးသည် စီးနင်းမှု လျော့နည်းသွားသည့်လမ်းပိုင်းများမှာ လားရှိုးလမ်းပိုင်း၊ မော်လမြိုင်လမ်းပိုင်းတို့ ဖြစ်ကြောင်း သိရသည်။ မြန်မာ့မီးရထား အနေဖြင့် အမြန်ရထား ၁ဝ စင်း၊ စာပို့ရထား ၁၂ စင်း၊ လူစီးကုန်တင်ရထား ခြောက်စင်း၊ ခရီးတို ရှစ်စင်း စုစုပေါင်း ၃၆ စင်းကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။                     
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

၁၂ လရာသီပွဲတော်များနှင့် ပန်းများ အထိမ်းအမှတ် တပေါင်းလအတွက် သဲပုံစေတီပွဲနှင့် သရဖီပန်း အထူးထုတ် တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်

-
နေပြည်တော် ဖေဖော်ဝါရီ ၂၆ 
-
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ  ၁၂ လရာသီပွဲတော်များနှင့်ပန်းများအထိမ်းအမှတ် တပေါင်းလအတွက် သဲပုံစေတီပွဲနှင့် သရဖီပန်း ၂ဝဝ ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးကို မတ် ၆ ရက် မြန်မာသက္ကရာဇ် ၁၃၈ဝပြည့်နှစ် တပေါင်းလဆန်း ၁ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီခွဲမှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းပြည့် စာတိုက်အသီးသီး၌ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 
-
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့၌ မတ်၆ရက်တွင်ဝယ်ယူသောစာပို့တံဆိပ်ခေါင်းများနှင့်ပထမနေ့စာအိတ်(First day Cover)များပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

တရုတ်နိုင်ငံသို့ ကိုတာစနစ်ဖြင့် ဆန်တန်ချိန် လေးသိန်း တင်ပို့နိုင်ရန် ဆွေးနွေးထား

-
ရန်ကုန်  ဖေဖော်ဝါရီ  ၂၆ 
-
ယခုနှစ်အတွင်းတရုတ်နိုင်ငံသို့ ပြည်တွင်းမှဆန်တန်ချိန်လေးသိန်းအထိ ကိုတာစနစ်ဖြင့်တင်ပို့နိုင်ရေး ယခုရက်ပိုင်းအတွင်း သွားရောက် ဆွေးနွေးထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အမှုဆောင် အရာရှိ  ဒေါ်ထက်ထက်ရှိန်၏ ပြောပြချက်အရသိရသည်။ 
-
ထို့ပြင် အလွတ်သဘောတွေ့ဆုံမှုမှ ၂ဝ၁၆ ခုနှစ်က တရုတ်နိုင်ငံသို့ ဆန်တန်ချိန်တစ်သိန်းကို ကိုတာစနစ်ဖြင့် တင်ပို့ခွင့်ရရှိခဲ့ပြီး ယခုနှစ်အတွင်းဆန်တန်ချိန် လေးသိန်းအထိတရားဝင်တင်ပို့နိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ''၂ဝ၁၇ ခုနှစ်တုန်းက တရုတ်နိုင်ငံကို ဆန်တန်ချိန်တစ်သန်း  တရားဝင်တင်ပို့ခွင့် ရရှိခဲ့ပါတယ်။ ဒီနှစ်အတွက် ကိုတာစနစ်နဲ့ တင်ပို့နိုင်ဖို့ ဆွေးနွေးထားတဲ့ အဆင့်ပဲ ရှိပါသေးတယ် ''ဟု ဒေါ်ထက်ထက်ရှိန်ကပြောသည်။ 
-
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၃ ရက်အထိ ကျင်းပသည့် The 2nd China Myanmar Economic Corridor Forumသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်၍နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ကျောက်ဖြူအထူး စီးပွားရေးဇုန်၊ မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းနှင့် လယ်ယာထွက်ကုန် ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေး အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။ 
-
''ပြည်တွင်းက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌဦးဆောင်တဲ့အဖွဲ့နဲ့ ဌာနဆိုင်ရာတွေ တရုတ်နိုင်ငံမှာ ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ ကိုတာစနစ်နဲ့ တင်ပို့လို့ ရ၊  မရကို တရုတ်နိုင်ငံမှာရှိတဲ့ ဌာနတစ်ခုနဲ့ပဲ ဆွေးနွေးရသေးတယ်။အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်တဲ့ဌာနနဲ့ ဆက်သွယ်ပြီးတော့မှပဲ ပြန်ပြီးအကြောင်းပြန်မယ်လို့ သိခဲ့ရတယ်။ တိကျတဲ့အဖြေမရသေးဘူး '' ဟု  ဒေါ်ထက်ထက်ရှိန် ကပြောသည်။
-
တရုတ်နိုင်ငံအနေဖြင့်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ဆန်နှင့်ဆန်ကွဲများတရားဝင်တင်ပို့မှုကို  အားပေးမည်ဖြစ်ပြီးတရားမဝင်တင်ပို့မှုများကိုထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ယမန်နေ့ကမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြန်မာနိုင်ငံမှထွက်ရှိသော ဆန်ကွဲကို မြန်မာနိုင်ငံမှ ရောင်းသူနှင့် တရုတ်နိုင်ငံမှ ဝယ်ယူသူတို့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး တရားဝင်လိုင်စင် လျှောက်ထား၍ အခွန်ပေးဆောင်ကာ ရောင်းဝယ်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်၊ ဆန်ကွဲများနှင့် တရုတ်နိုင်ငံထွက်ကုန်ပစ္စည်းများ လဲလှယ်နိုင်ရေး  ကူမင်းမြို့အခြေစိုက် ကုမ္ပဏီနှင့် အလွတ်သဘောတူညီမှု MoU ကို မတ်လအတွင်း ရေးထိုးနိုင်ရန်စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

DAR နှင့် SFSA တို့ သုတေသန ပူးပေါင်း ဆောင်ရွက်မည်

-
ရန်ကုန်    ဖေဖော်ဝါရီ    ၂၆ 
-
စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR)နှင့် Syngenta Foundation for Sustainable Agriculture (SFSA)  တို့၏ သုတေသနပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားပြီးမျိုးစေ့ဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 
-
အဆိုပါ စီမံကိန်းကို ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အထိသုံးနှစ်ကြာပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ နားလည်မှု စာချွန်လွှာအရမျိုးစေ့ဆိုင်ရာ ဥပဒေနှင့်မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လည်းကောင်း၊  မျိုးစေ့ အရည်အသွေး(အထူးသဖြင့် ပဲမျိုးစုံ၊ ဆီထွက်နှင့် ပြောင်းသီးနှံ) ကောင်းမွန်စေရန် မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်တွင်လည်းကောင်း၊ မျိုးရိုးဗီဇကွဲများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လက်ရှိသုံးစွဲနေသောမျိုးများကို လိုင်စင်ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ နည်းပညာနှင့်အညီ အကွက်ငယ် မျိုးစေ့ထုတ်လုပ်သည့် တောင်သူများ၊ မျိုးစေ့ခြံများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ခြင်း လုပ်ငန်းများတွင်လည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မောင်တောမြို့နယ်၊ ဥဒေါင်းကျေးရွာ၌ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မောင်တောမြို့နယ်၊ ဥဒေါင်းကျေးရွာ၌ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၆
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဥဒေါင်းကျေးရွာနေ ဦးဘမောင်ဌေး (ဘ) ဦးအောင်သာကျော်၏ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ ဇနီးဖြစ်သူ ဒေါ်ခင်စန်းယုအား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်ခြံစည်းရိုးအနီး အဝါရောင် ပလတ်စတစ်ပုံးခွံများကြားမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၆ ပြား၊ MG-1ပလတ်စတစ် လက်ပစ်ဗုံးတစ်လုံး၊ လုပ်သေနတ် အတိုတစ်လက်၊ ၉ မမကျည်ဆန် ၁၃ တောင့်၊ ကာဘိုင်ကျည်ဆန် နှစ်တောင့်တို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါ ဖမ်းဆီးရမိသူ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများအား အလယ်သံကျော် နယ်မြေရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                    -
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

မုဒုံမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်းရမိ

မုဒုံမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၆ 
-
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ဌာနဆိုင်ရာတာဝန် ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ မိနစ် ၄ဝ ခန့်တွင်ကမာဝက်မြို့၏ အနောက်ဘက် ၃မိုင်ခန့်အကွာရှိ ကမာဝက်ချောင်းဘေး၌ စုပုံထားသော တရားမဝင်ပိတောက်သစ်နှင့် အခြားသစ်ခွဲသားဆိုဒ်စုံ ၆ဝ တန်ခန့်အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 
-
အဆိုပါသိမ်းဆည်းရမိ တရားမဝင်သစ်များအား မုဒုံမြို့နယ်သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉) ဖွင့်ပွဲပြုလုပ်

အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉) ဖွင့်ပွဲပြုလုပ်
-
နေပြည်တော် ဖေဖော်ဝါရီ ၂၆ 
-
အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ရွှေစေတီကျောင်းတိုက်သဟပုညကာရီ ဓမ္မာရုံ၌ပြုလုပ်ရာအဆိုပါကျောင်းတိုက် ဆရာတော်သာသနာ့ဓဇဓမ္မာစရိယအရှင်ဝိမလအမှူးပြုသောသံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။ 
-
ဦးစွာ တက်ရောက်လာကြသူများက ရွှေစေတီကျောင်းတိုက်ဆရာတော်ထံလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူများအတွက်စာရေးကိရိယာများ ပေးအပ်၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါသင်တန်းကို မတ် ၂၂ ရက်အထိ သင်တန်းသား၊ သင်တန်းသူ ၁၂ဝ ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)မှ တပ်မတော်ဆေးရုံ ခုတင်(၅ဝဝ)သို့ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)မှ တပ်မတော်ဆေးရုံ ခုတင်(၅ဝဝ)သို့ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
-
နေပြည်တော် ဖေဖော်ဝါရီ ၂၆ 
-
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဆေးရုံသုံးပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ၊ အာဟာရတိုက်ကျွေးခြင်းနှင့် ဆေးပဒေသာပင် ငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ဆေးရုံ ခုတင်(၅ဝဝ)၌ ပြုလုပ်ရာ ဗိုလ်မှူးချုပ် စိန်လင်းနှင့် တာဝန်ရှိသူများ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် (အငြိမ်းစားသံအမတ်ကြီး)နှင့် အလုပ်အမှုဆောင်များ၊ အသင်းသူ အသင်းသားများတက်ရောက်ကြသည်။ 
-
ဦးစွာ ဦးစိန်ဝင်းအောင်က  ဆေးရုံသုံးပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ၊ အာဟာရတိုက် ကျွေးခြင်းနှင့် ဆေးပဒေသာပင် ငွေပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး အလှူရှင်များက ဆေးရုံသုံးပစ္စည်းများနှင့် ဆေးငွေပဒေသာပင်များကို ပေးအပ်လှူဒါန်းရာ ဗိုလ်မှူးချုပ်စိန်လင်းကလက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုလွှာများ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 
-
အဆိုပါ တပ်မတော်ဆေးရုံ ခုတင်(၅ဝဝ)သို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ ECG 3 Channel စက်တစ်လုံး၊ Laser printer တစ်လုံး၊ Bedside  Locker ခြောက် လုံး၊ Drift  Stand ၁ဝ ခု၊ Exhaust fan တစ်လုံးနှင့် ဆေးပဒေသာပင် အတွက် ငွေကျပ်ကိုးသိန်းတို့ကို လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ပုသိမ်မြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်နှင့် သာသနာနုဂ္ဂဟဘွဲ့များ ရရှိကြသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်တို့အား ထပ်ဆင့် ဂုဏ်ပြုပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်

ပုသိမ်မြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်နှင့် သာသနာနုဂ္ဂဟဘွဲ့များ ရရှိကြသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်တို့အား ထပ်ဆင့် ဂုဏ်ပြုပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်
-
နေပြည်တော် ဖေဖော်ဝါရီ ၂၆ 
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၂ဝ၁၈ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၄ ပါးနှင့် သာသနာနုဂ္ဂဟဘွဲ့ရ လူပုဂ္ဂိုလ်သုံးဦးတို့အား ထပ်ဆင့် ဂုဏ်ပြုပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းတွင် မြို့တော်ခန်းမ၌ ပြုလုပ်ရာ ဟင်္သာတမြို့၊ မိုးကောင်းပရိယတ္တိ စာသင်တိုက် ပဓာနနာယက တိပိဋကသြဝါဒါစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 
-
-
ဦးစွာ တက်ရောက်လာကြသူများက မိုးကောင်းပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ကြီးများအား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး  သာသနာနုဂ္ဂဟဘွဲ့ရ လူပုဂ္ဂိုလ် သုံးဦးတို့ကို ဘွဲ့တံဆိပ်တော်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ကာ ဖျာပုံမြို့၊ ထန်းပင်ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လထံမှအနုမောဒနာတရား နာကြားကာ  ရေစက်သွန်းချ အမျှပေးဝေကြသည်။ 
-
ထို့နောက်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုဆက်လက်ပြုလုပ်ရာတိုင်းမှူးနှင့်တပ်မတော်အရာရှိကြီးများ၊ မိသားစုများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများကသံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

လွိုင်လင်မြို့၊ မိုင်းပွန်မြို့နှင့် ပင်လုံမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ

လွိုင်လင်မြို့၊ မိုင်းပွန်မြို့နှင့် ပင်လုံမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၆ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ မိုင်းပွန်မြို့နှင့် ပင်လုံမြို့နယ်တို့ရှိ စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့်အဖွဲ့ဝင်များက လွိုင်လင် မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တစ်ဦးချင်း တင်ပြချက်များအပေါ်ညှိနှိုင်းဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။        
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂ဝ၁၉)ကြိမ်မြောက် အစည်းအဝေး ကျင်းပ

အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂ဝ၁၉)ကြိမ်မြောက် အစည်းအဝေး ကျင်းပ
-
နေပြည်တော် ဖေဖော်ဝါရီ ၂၆ 
-
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ(၁/၂ဝ၁၉)ကြိမ်မြောက်အစည်းအဝေးကိုယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပရာအမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ 
-
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့အစည်းအဝေးသည် ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်ကထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၄/၂ဝ၁၉)ဖြင့် ပြန်လည်ဖွဲ့စည်းလိုက်သည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ပထမဆုံးအကြိမ်အစည်းအဝေးဖြစ်ကြောင်း၊ယခင်က ဗဟိုကော်မတီ ဖွဲ့စည်းပုံတွင် ပုဂ္ဂလိကကဏ္ဍမှ ခရီးသွားလုပ်ငန်းကိုယ်စားပြုအဖွဲ့ဝင်နှင့် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ကိုယ်စားပြုအဖွဲ့ဝင် စုစုပေါင်းနှစ်ဦးသာပါရှိခဲ့ကြောင်း၊ ယခုဗဟိုကော်မတီသစ်တွင် တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကလုပ်ငန်းကိုယ်စားလှယ်စုစုပေါင်းခြောက်ဦးထည့်သွင်းဖွဲ့စည်းထားကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ အတွေ့အကြုံများနှင့် အကြံဉာဏ်များကိုရယူနိုင်မည်ဖြစ်ပြီး ယခင်ကထက် ပိုမိုပြီး လက်တွေ့ဆန်သည့် လုပ်ငန်းစဉ်များချမှတ်နိုင်ရေးကို အထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။ 
-
ထို့နောက်ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေအသစ် ပြဋ္ဌာန်းပြီးဖြစ်၍ နည်းဥပဒေဆက်လက်ရေးဆွဲ ဆောင်ရွက်နေမှု၊ Infrastructure များဖွံ့ဖြိုးရေးအတွက် ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ တည်းခိုနေထိုင်မှု အဆင့်အတန်းမြင့်မားရေး၊လုပ်ငန်းလိုင်စင်များလွယ်ကူအဆင်ပြေစွာခွင့်ပြုရေး၊ ခရီးစဉ် ဒေသများ သန့်ရှင်းသာယာလှပရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျက်စီးမပျောက်ပျက်စေရန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ရိုးရာအစားအသောက်များမြှင့်တင်ကြော်ငြာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လုံခြုံရေးကိစ္စရပ်များအလေးထား ဆောင်ရွက်ရေးကို ဆွေးနွေးတင်ပြသည်။ ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူးက ဗဟိုကော်မတီ၏ (၁/၂ဝ၁၈)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုအခြေအနေ၊ ကော်မတီများဖွဲ့စည်းခွင့်နှင့်အမိန့်ထုတ်ပြန်ချက်များကို ဗဟိုကော်မတီသို့ တင်ပြပြီးအတည်ပြုချက်ရယူသည်။ 
-
ယင်းနောက် ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊  ဦးသန့်စင်မောင်၊ဦးသိန်းဆွေနှင့်  ဒေါက်တာမြင့်ထွေးတို့က ကမ္ဘာလှည့် ခရီးသွားများ၏ လုံခြုံရေးဆောင်ရွက်ပေးနေမှု၊ ခရီးစဉ်ဒေသများသို့ လေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းနိုင်ရေး၊ဗီဇာခွင့်ပြုပေးနေမှု၊ အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ဝင်/ထွက်ပေါက် ဖွင့်လှစ် ဆောင်ရွက်နေမှု၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များ အဆင့်မြှင့်တင် ဆောင်ရွက်နေမှု၊ နယ်စပ်ဝင်/ထွက်ပေါက်များမှ ဗီဇာကင်းလွတ်ခွင့်နှင့် အပြန်အလှန် ဝင်ရောက်ခွင့်ပြုနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှု၊ ဗီဇာစစ်ဆေးရေးကိစ္စများကို ဖြေလျှော့ဆောင်ရွက်သွားမည့် အစီအစဉ်၊ ကမ္ဘာလှည့် ခရီးသွားများအားကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုနှင့် ဝန်ကြီးဌာနအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။ 
-
ထို့နောက်ဒုတိယသမ္မတသည်အခမ်းအနားသို့တက်ရောက်လာကြသည့်ဗဟိုကော်မတီဝင်များနှင့် အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ ယင်းနောက်အစည်းအဝေးကိုဆက်လက်ကျင်းပရာဗဟိုကော်မတီဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ 
-
တင်ပြချက်များနှင့် စပ်လျဉ်း၍  ဒုတိယသမ္မတက သုံးသပ်ဆွေးနွေးရာ ပြည်ထောင်စု၏ စီမံခန့်ခွဲမှုကို နေပြည်တော် ကောင်စီနယ်မြေအပါအဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်များကိုPowerSharing အရ ခွဲဝေစီမံ ခန့်ခွဲမှုပြုနိုင်ရန် အဓိကဦးတည်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဥပဒေကို လက်တွေ့ကျင့်သုံးပြီး အကျိုးရှိအောင် အကောင်အထည်ဖော်သွားရန် လိုအပ်ကြောင်း။မိမိတို့နိုင်ငံတွင် ရှိပြီးသား ခရီးသွားလုပ်ငန်း အရင်းအမြစ်များကို  ထိထိရောက်ရောက် အကျိုးရှိရှိ သုံးစွဲနိုင်ရန်မှာလည်း အရေးကြီးကြောင်း၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့်ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် အဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အားလုံးတက်ညီလက်ညီ ကြိုးစားဆောင်ရွက်သွားမည်ဆိုပါက မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် မျှော်လင့်ထားသည့် အတိုင်း အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Master Plan ကိုလည်း စနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်သား အယောင်ဆောင်၍ ဖမ်းဆီးနှိပ်စက်မှု များ ရှိပါက သက်ဆိုင်ရာများသို့ တိုင်ကြားနိုင်

တပ်မတော်သား အယောင်ဆောင်၍  ဖမ်းဆီးနှိပ်စက်မှု များ ရှိပါက သက်ဆိုင်ရာများသို့ တိုင်ကြားနိုင်
-
နေပြည်တော်  ဖေဖော်ဝါရီ ၂၆
-
ရခိုင်ပြည်နယ်၊ မြောက်ဦး-ကျောက်တော်-စစ်တွေကားလမ်း၏ အရှေ့ဘက်တောင်ကုန်းများတွင် AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက လေ့ကျင့်ရေးစခန်း ဖွင့်လှစ်ရန်နှင့်စည်းရုံးရေးနယ်မြေတည်ဆောက်ရန် အတွက် ရောက်ရှိလာပြီး အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို နှောင့်ယှက် ဖျက်ဆီးမှုများ ဆောင်ရွက် လာသဖြင့် တပ်မတော်စစ်ကြောင်းများက ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းများ၊ လက်နက်၊ ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် တပ်မတော်သုံးအဆင့်တံဆိပ်၊ ပခုံးဒေါက်နှင့် ကော်လံတံဆိပ်များသိမ်းဆည်းရမိကြောင်းကို ဖေဖော်ဝါရီ ၁၉ရက်နှင့် ယနေ့တို့တွင်သတင်းထုတ်ပြန်မှုများပြုလုပ်ခဲ့ပါသည်။
-
ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေ ပြည်သူများနှင့်  ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်အသုံးအဆောင်ပစ္စည်းများဝတ်ဆင်၍ တပ်မတော်သား အယောင် ဆောင်ကာ အကြောင်းမဲ့ဖမ်းဆီး နှိပ်စက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် မင်းမဲ့စရိုက်ဆန်ဆန်အပြုအမူများပြုလုပ်ခြင်းများကို ဆောင်ရွက်နေကြောင်းဒေသခံပြည်သူများ၏သတင်းပေးချက်အရနှင့် သိမ်းဆည်းရမိခဲ့သော အထောက် အထားများ အရသိရှိရသည့်အပြင် လူမှုကွန်ရက် စာမျက်နှာများ၌လည်း စွပ်စွဲဝါဒဖြန့်မှုများ ပြုလုပ်လျက်ရှိ ကြောင်း တွေ့ရသည်။
-
ထိုသို့ ဆောင်ရွက်မှုများသည် AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် တပ်မတော်အပေါ် အထင်မှားအမြင်မှား ဖြစ်စေရန် ရည်ရွယ်၍ လုပ်ဆောင် နေခြင်းဖြစ်ပြီး တပ်မတော်နှင့် ဒေသခံပြည်သူလူထု စိတ်ဝမ်းကွဲ၍ ဒေသမတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ မြို့နယ်၊ ကျေးရွာများအလိုက် တပ်မတော် သားအယောင်ဆောင်၍ အကြောင်းမဲ့ဖမ်းဆီးခြင်း၊ နှိပ်စက် ခြင်းများပြုလုပ်နေသည်ကိုတွေ့ရှိရပါက သက်ဆိုင်ရာ ရဲစခန်းများနှင့် တိုင်းစစ်ဌာနချုပ်သို့ အထောက်အထား နှင့် တကွ အကြောင်းကြား တိုင်ကြားခြင်းဖြင့် ဒေသလုံခြုံရေးအား တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ကြပါရန် တိုက်တွန်းကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
-
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်မြို့၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ရွှေဘုံသာမုနိစေတီတော် မြတ်ကြီးအား သွားရောက် ဖူးမြော် ကြည်ညို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်မြို့၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ရွှေဘုံသာမုနိစေတီတော် မြတ်ကြီးအား သွားရောက် ဖူးမြော် ကြည်ညို
-
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ 
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ ညနေပိုင်းတွင် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုသည်။
-
-
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်၍ စေတီ တော်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညိုပြီး ဘုရားဖူးလာပြည်သူများ သက်တောင့်သက်သာစိတ်ချမ်းမြေ့စွာရှိစေရန်အတွက် ဘုရားကြီး ရင်ပြင်တော်တွင် နေပူခံ ကျောက်ပြားများ ခင်းကျင်းနိုင်ရေးနှင့် ရင်ပြင်တော်အတွင်း၌ရှိသော  သစ်ပင်များ ပတ်လည်၌ အက်ကွဲနေသောအုတ်ခုံများသပ်သပ်ရပ်ရပ် ပြန်လည်ပြုပြင် မွမ်းမံရေးတို့အတွက် လိုအပ်သည်များ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးသည်။
-
-
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် စေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွန်းမံရန်အတွက် အလှူငွေများအား ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က စေတီတော်ကြီး၏ဓာတ်ပုံကားချပ်အား ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ကြီး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁၇) အကြီးစားစက်ရုံ (မလွန်)သို့ သွားရောက်ကြည့်ရှု

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁၇) အကြီးစားစက်ရုံ (မလွန်)သို့ သွားရောက်ကြည့်ရှု
-
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ 
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာ အနီးရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁၇) အကြီးစားစက်ရုံ (မလွန်)သို့ သွားရောက်ကြည့်ရှုသည်။
-




-
ဦးစွာ အစည်းအဝေးခန်းမတွင် စက်ရုံမှူးနှင့် တာဝန်ရှိသူများက စက်ရုံသမိုင်းအကျဉ်း၊ လမ်းကြိတ်စက်နှင့် နောက်တွဲယာဉ်များ၊ ဆန်စက်ငယ်များ၊ လယ်ထွန်စက်များ၊စပါးခြွေလှေ့စက်များ၊ သုံးဘီးမော်တော်ဆိုင်ကယ်များ၊ လယ်ယာသုံးစက်ပစ္စည်းများ၊ မြေပဲအခွံ ချွတ်စက်များ တပ်ဆင်ထုတ်လုပ် ရောင်းချပေးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြရာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသိရှိလိုအပ်သည်များ မေးမြန်းဆွေးနွေးပြီး မြန်မာနိုင်ငံသည်လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်သည့်အတွက် လယ်ယာသုံးစက် ကိရိယာများ များစွာလိုအပ်သဖြင့်ဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ခေတ်မီလယ်ယာသုံးစက် ကိရိယာများထုတ်လုပ်နိုင်ရေး နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် တပ်မတော်မှလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
-






-
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်စက်ရုံမှထုတ်လုပ်ထားသည့် သုံးဘီးမော်တော်ဆိုင်ကယ်၊ လမ်းကြိတ်စက်၊ ဆန်စက်ငယ်နှင့် စပါးခြွေလှေ့စက်တို့အား ကြည့်ရှုပြီး စက်ရုံ၊အလုပ်ရုံများအတွင်း လှည့်လည်ကြည့်ရှုကြရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်စက်ရုံဝန်ထမ်းများအားစက်ရုံကောင်းစွာထိန်းသိမ်းထားနိုင်ခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ 
-
အဆိုပါ အမှတ်(၁၇)အကြီးစားစက်ရုံ (မလွန်)အား ၁၉၆၅ ခုနှစ်မှ စတင်၍ လယ်ယာကဏ္ဍတွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် ဖြည့်တင်းပေးရန် လိုအပ်သောလယ်ထွန်စက်စီမံကိန်းအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှတ်(၂) စက်မှုဝန်ကြီးဌာန၊ အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်းနှင့် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ၊ မိုနိုကော့ဖ်ကုမ္ပဏီတို့ပထမပိုင်း ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ပထမပိုင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ရည်မှန်းချက်များ အပြည့်အ၀ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ စက်ရုံတွင်လယ်ထွန်စက်တပ်ဆင်ရေး အလုပ်ရုံ၊ ပုံသွင်းနှင့်မာရှိန်ပြောင်း အလုပ်ရုံ၊ စက်ပစ္စည်း အစိတ်အပိုင်း ထုတ်လုပ်မှုအလုပ်ရုံ၊ သံရည်ကျိုအလုပ်ရုံ၊ လမ်းကြိတ်စက်နှင့် နောက်တွဲယာဉ်အလုပ်ရုံ၊ ဂီယာထုတ်လုပ်ရေးအလုပ်ရုံ၊ အင်ဂျက်ရှင်းပန့်နှင့် နော်ဇယ် အလုပ်ရုံနှင့် ဆန်စက်ငယ် ထုတ်လုပ်မှု အလုပ်ရုံများ တည်ဆောက်ထားပြီး လယ်ယာသုံး ထွန်စက်များ၊ ထွေလာများ၊ စပါးခြွေလှေ့စက်များ၊ ထော်လာဂျီများ၊ ဆန်စက်ငယ်များနှင့် သုံးဘီးဆိုင်ကယ်များ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး စက်ရုံ အရှုံးပေါ်မှုများကြောင့် ၂၀၁၇ နှစ်တွင် ထုတ်လုပ်မှု လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး လိုအပ်သော ပြုပြင်မှုများ လုပ်ဆောင်ပြီးမှသာ ပြန်လည်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရတနာပုံနေ့စဉ်သတင်းစာ (၂၇-၂- ၂၀၁၉)

တနာပုံနေ့စဉ်သတင်းစာ (၂၇-၂- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၂၇-၂-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၂၇-၂-၂၀၁၉)

-
 Download Links

Tuesday, February 26, 2019

ရတနာပုံနေ့စဉ်သတင်းစာ (၂၆-၂- ၂၀၁၉)

တနာပုံနေ့စဉ်သတင်းစာ (၂၆-၂- ၂၀၁၉)
-
Download Links


မြဝတီနေ့စဉ်သတင်းစာ (၂၆-၂-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၂၆-၂-၂၀၁၉)

-
 Download Links

Monday, February 25, 2019

ရေစကြိုနှင့် ချောင်းဦးမြို့နယ်တို့ရှိ တောင်သူများ စုပေါင်းပြီး ဖရဲနှင့်သခွားကို GAP စနစ်ဖြင့် စိုက်ပျိုးမည်

-
ရေစကြို ဖေဖော်ဝါရီ ၂၄ 
-
ယခုနှစ် ဒီဇင်ဘာလ ဖရဲ၊သခွား စိုက်ပျိုး ချိန်မှစ၍ ရေစကြိုမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ တောင်သူများ ပူးပေါင်းကာ ဖရဲ၊သခွားကို GAP စနစ်ဖြင့် စိုက်ပျိုးမည်ဖြစ် ကြောင်းမကွေးတိုင်းဒေသကြီး ဖရဲ၊သခွားတင်ပို့ရောင်းချသူများ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မင်း ထံမှ သိရသည်။ 
-
နှစ်စဉ် ဖရဲ၊ သခွား ရာသီရောက်ချိန်တွင် ဈေးနှိမ်ခံရမှုများကြောင့် ယခုနှစ်တွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တို့ရှိဖရဲ၊ သခွားစိုက်ပျိုးသူများစုပေါင်းကာဈေးကောင်းရရှိရေးအတွက် GAP စနစ်ဖြင့် စိုက်ပျိုးရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။ 
-
''ဖရဲ၊ သခွားပေါ်ချိန်ဆိုရင် အမြဲတမ်း ဈေးနှိမ်ခံရတယ်။ GAP စနစ်နဲ့သာ စိုက်မယ်ဆိုရင် ဈေးကောင်းရမယ်။ GAP စနစ်နဲ့ စိုက်ပျိုးဖို့ အုပ်စုဖွဲ့ပြီး လုပ်ဆောင်ကြမှာပါ'' ဟု ဦးကျော်မင်း ကပြောသည်။ ရေစကြိုနှင့် ချောင်းဦးမြို့နယ်တို့သည် နယ်မြေချင်းထိစပ်နေသည့်အတွက် ပူးပေါင်းလုပ်ဆောင်ရန် လွယ်ကူခြင်းနှင့် အဆိုပါ မြို့နယ်တို့ရှိ  တောင်သူအများစုမှာ ဖရဲ၊ သခွား စိုက်ပျိုးသူများဖြစ်သည့် အတွက် GAP စနစ်ဖြင့်စိုက်ပျိုးခြင်းသည်  အောင်မြင်နိုင်မည်ဟုယုံကြည်ကြောင်း ချောင်းဦးမြို့နယ်မှ တောင်သူ ဦးအေးဆောင်ကပြောသည်။ 
-
''ကိုယ်တစ်ဦးတည်း GAP စနစ်နဲ့ စိုက်မယ်ဆိုရင် အဆင်မပြေနိုင်ဘူး။ GAP စနစ် က  အများနဲ့ စုပေါင်းပြီးစိုက်ပျိုးရင်  ပိုပြီး အဆင်ပြေနိုင်တယ်'' ဟု ဦးအေးဆောင်က ပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရန်ကုန်မြို့ပတ် ရထားလမ်း အပါအဝင် ရထားလမ်းပိုင်း ငါးခုကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ပတ် ရထားလမ်း အပါအဝင် ရထားလမ်းပိုင်း ငါးခုကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိ
-
ရန်ကုန် ဖေဖော်ဝါရီ ၂၄ 
-
ရန်ကုန်မြို့ပတ် ရထားလမ်း အပါအဝင်ရထားလမ်းပိုင်း ငါးခုကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင်ရထားဆိုင်းလျှော့ပြီး ပြေးဆွဲ သော်လည်း ခေါက်ရေတိုး၍ ပြေးဆွဲပေးလျက် ရှိကြောင်း မြန်မာ့မီးရထားသွားလာ ပို့ဆောင်ရေး အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးထံမှ သိရသည်။ 
-
''လမ်းပိုင်းတွေ အဆင့်မြှင့်တင်နေတဲ့အတွက် တွဲဆိုင်း ၂၄ ဆိုင်းနဲ့ ပြေးဆွဲနေပါတယ်။ ခေါက်ရေ ၂၄၁ ခေါက်ပြေးဆွဲပါတယ်။ ကျွန်တော်တို့ တွဲဆိုင်းတစ်ဆိုင်း လျော့သွားတယ်ဆိုပေမယ့် ခေါက်ရေ ပိုများပြီး ပြေးဆွဲ ပေးနေပါတယ်။ အရင်လိုမြို့ပတ်ကိုပတ်ပြီး ပြေးဆွဲနိုင်ခြင်း မရှိတဲ့အတွက် ဝင်ငွေနည်းနည်းကျဆင်းသွားပါတယ်''ဟု ဦးကျော်ကျော်မျိုးက ပြောသည်။ လက်ရှိတွင်ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကိုအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီး ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်း၊ ရန်ကုန်-ပြည်ရထားလမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတို့ကိုလည်း ဆက်လက်၍ အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်သည်။ 
-
လက်ရှိတွင်ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ရထားစီး ခရီးသည်မှာယခင်ကထက်စီးနင်းမှု လျော့နည်းသွားကြောင်း၊ ရန်ကုန်မြို့ပတ် ရထားအနေဖြင့်မြို့တစ်ပတ်ကို နှစ်နာရီ မိနစ် ၅ဝ ကြာ မောင်းနှင်ပြီး လမ်းပိုင်းများ အားလုံးပြီးစီး သွားပါက မြို့တစ်ပတ်လုံးကို တစ်နာရီ မိနစ် ၅ဝ ဖြင့် ပြေးဆွဲပေးမည် ဖြစ်ကြောင်း၊ လမ်းပိုင်းများပြုပြင်ပြီး အချက်ပြစနစ်များလည်း အားလုံးချိန်းပြီးပါက တွဲဆိုင်း အသစ်များဖြင့် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။ 
-
မြန်မာ့မီးရထား အနေဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် ရည်ရွယ်၍ ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်းနှင့် တွဲဆိုင်းများအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါအဆင့်မြှင့်တင်မှုများ ပြုလုပ်နေချိန်တွင်ရထားစီးနင်းသူများနှင့် ရထားလမ်း အသုံးပြုသူများ အန္တရာယ်ကင်းစေရန်လည်း သတိပေးထားကြောင်း သိရသည်။ 
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

ကိုလိုနီခေတ်နှင့် လွတ်လပ်ရေး ရပြီးခေတ် မြန်မာ့ဓာတ်ပြားများ လှူဒါန်း

ကိုလိုနီခေတ်နှင့် လွတ်လပ်ရေး ရပြီးခေတ် မြန်မာ့ဓာတ်ပြားများ လှူဒါန်း
-
ရန်ကုန် ဖေဖော်ဝါရီ ၂၄ 
-
မြန်မာနိုင်ငံ ဓာတ်ပြားသမိုင်း သုတေသနကျမ်းဖြင့် အနုပညာဆိုင်ရာ အမျိုးသားစာပေဆု ရရှိသော သုတေသီမောင်မောင်က ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီးခေတ် မြန်မာ့ဓာတ်ပြားများလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး စော်ဘွားကြီးကုန်းရပ်ကွက် လေဆိပ်ရိပ်သာ လမ်းသွယ် (၃) နေအိမ်၌ ကျင်းပသည်။ ''ဒီနေ့လှူဒါန်းလိုက်တဲ့ဓာတ်ပြားတွေကို ကိုလိုနီခေတ် ၁၉၄၁ ခုနှစ်မှာဂျပန်လေတပ်က ရန်ကုန်မြို့ကို ဗုံးကြဲလိုက်တဲ့အတွက် ခေတ်ဟောင်းဓာတ်ပြား နိဂုံးချုပ်သွားတယ်။ ၁၉၅၁ ခုနှစ်ကျမှ ကိုမြကြီးရဲ့ ဂီတဗိမာန်နဲ့ကာလပေါ် တေးပြန်စတယ်။ ၁၉၇၆ ခုနှစ် မေလမှာ ဟင်္သာတစိန်လင်းဓာတ်ပြားတိုက်က မောင်ကြေးမုံရေးပြီး ကျောက်ပန်းတောင်း ကျော်လွင်သီဆိုတဲ့ မောင်ပေါက်ကြိုင်းရဲ့ ချစ်တဲ့သူ ဓာတ်ပြားက နောက်ဆုံးဓာတ်ပြားပဲ ဘယ်သူမှမဝယ်တော့ဘူး။ ကက်ဆက်တွေပေါ်လာတော့ဝယ်သူမရှိတော့ဘူး။ ကျောက်ပန်းတောင်း ဦးကျော်လွင်လည်း သူ့ရဲ့ဓာတ်ပြားတိုက်က ဓာတ်ပြားတွေအားလုံးကိုပုပ္ပားကျောင်းတိုက်ကို သွားလှူလိုက်တာ အဲဒါဓာတ်ပြားရဲ့နောက်ဆုံးပါပဲ'' ဟု သုတေသီ မောင်မောင်က ပြောသည်။ 
-
အဆိုပါ လှူဒါန်းပွဲတွင် သုတေသီမောင်မောင်နှင့် မိသားစုဝင်များက အမျိုးသား မော်ကွန်းတိုက်အတွက် ဓာတ်ပြားအချပ် ၁ဝဝ၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အတွက် ဓာတ်ပြားအချပ် ၁ဝဝ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) အတွက် ဓာတ်ပြားအချပ် ၁ဝဝနှင့် ဓာတ်ပြားသမိုင်းစာအုပ်များကို သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့များ၊ ပြင်သစ်ယဉ်ကျေးမှုနှင့် ယူနက်စကိုမှ ကိုယ်စားလှယ်များထံ ပေးအပ်သည်။ အဆိုပါ ဓာတ်ပြားများမှာကိုလိုနီခေတ် (၁၉ဝဝ-၁၉၄၁)ဓာတ်ပြား ကုမ္ပဏီ ၂၁ ခုမှ ဓာတ်ပြားများ၊ လွတ်လပ်ရေးရပြီး ခေတ်အဆက်ဆက်ရှိ ကုမ္ပဏီ ၂၄၄ ခုမှ ဓာတ်ပြားများ ပါဝင်သည်။ ထို့ပြင်ရန်ကုန်မြို့ပေါ်ရှိ ပြင်သစ်ယဉ်ကျေးမှုဌာနနှင့် ပြင်သစ်ယူနက် စကိုရုံးများသို့ မြန်မာနိုင်ငံ ဓာတ်ပြားသမိုင်း သုတေသနကျမ်း၊ ခေတ်ဟောင်းဓာတ်ပြား သီချင်းပေါင်းချုပ်၊ လက်ရွေးစင်ကာလပေါ်သီချင်းညွန့်ပေါင်းကြီး၊ ရိုးရာယဉ်ကျေးမှုနှင့် မျိုးရိုးဇာတိမာန် စာအုပ်တွဲများကိုလှူဒါန်းကြောင်းသိရသည်။ 
-
ထိုလှူဒါန်းလိုက်သော ဓာတ်ပြားများတွင် ဦးဖိုးစိန်၊ ဦးအောင်ဗလခေတ်၏ ဓာတ်ပြားများ၊ ရွှေကျီးညို၊ ပဲခူးမြ၊ မင်္ဂလာဦးအောင်မောင်း စသော ကိုလိုနီခေတ် ဓာတ်ပြားများ၊ လွတ်လပ်ရေး ရပြီးခေတ်တွင် ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ ပန်တျာကြည်လင်၊ ရွှေမန်းချိုအောင်၊ တိုင်းချစ်သန်းစိန် စသော ဂီတအကျော်အမော်များ၊ ကိုမြကြီး၊ မေလှမြိုင်၊ ကြည်ကြည်ဌေး၊ တွံတေးသိန်းတန်၊ မာမာအေး၊ တင်တင်မြစသော ခေတ်အလိုက် နာမည်ကြီး အဆိုတော်ကြီးများ သီဆိုသော သီချင်းဓာတ်ပြားများ ပါဝင်ကြောင်း သိရသည်။ 
-
သုတေသီမောင်မောင်သည် ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံ ဓာတ်ပြားသမိုင်း သုတေသနကျမ်းဖြင့် ၂ဝ၁၅ ခုနှစ်တွင် အနုပညာဆိုင်ရာ အမျိုးသားစာပေဆုရသူတစ်ဦးဖြစ်ကြောင်း၊ ဓာတ်ပြားများကို ၁၉၆၂ ခုနှစ်ငါးတန်းကျောင်းသား ဘဝမှ စတင်ကာယနေ့အချိန်ထိစုဆောင်းလာခဲ့သူတစ်ဦး ဖြစ်ကြောင်း၊ ကိုလိုနီခေတ်ဓာတ်ပြားများ၊ လွတ်လပ်ရေးရပြီးခေတ်ဓာတ်ပြားများ၊ ခေတ်နှောင်းပိုင်းဓာတ်ပြားများအပြင်ဓာတ်စက်များကိုပါ စုဆောင်းခဲ့ရာ ယခုအခါတွင် ဓာတ်ပြားပေါင်း တစ်သောင်းကျော် နှစ်သောင်းနီးပါးရှိကြောင်း၊ ထပ်မံ၍ သုတေသီ မောင်မောင်သည် ဓာတ်ပြားအပြင် ခေတ်အဆက်ဆက်မှဓာတ်စက်များကိုလည်း စုဆောင်း ထားကြောင်း၊ ဓာတ်ပြားများ စုဆောင်းခြင်း၊ အလှူခံခြင်းတို့ကို ဆောင်ရွက်ကာ ဓာတ်ပြား သုတေသီမောင်မောင် အဖြစ် မြန်မာ့ဓာတ်ပြားများ မပျောက်ပျက်ရေးကို ဆောင်ရွက်နေသူ ဖြစ်ကြောင်း သိရသည်။ 
-
မောင်မျိုး(ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

တတိယ အကြိမ်မြောက် ဓမ္မာစရိယနှင့် ပထမပြန်စာအောင် သံဃာတော်များအား ဂုဏ်ပြု ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

တတိယ အကြိမ်မြောက် ဓမ္မာစရိယနှင့် ပထမပြန်စာအောင် သံဃာတော်များအား ဂုဏ်ပြု  ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ
-
နေပြည်တော် ဖေဖော်ဝါရီ ၂၄ 
-
နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့က ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် ဓမ္မာစရိယနှင့်ပထမပြန်စာအောင် သံဃာတော်များအားဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန် စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် မစိုးရိမ်တိုက်သစ်ကျောင်း အောင်ရီဖြိုး ဓမ္မဗိမာန်တော်ကြီး၌ကျင်းပသည်။ အခမ်းအနားတွင်ဇမ္ဗူသီရိမြို့နယ်ရှားတောကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ အရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ 
-
ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်ထံမှ ပရိသတ်များက သြဝါဒ ခံယူကြပြီး သြဝါဒါ စရိယနှင့် ပင့်သံဃာ ဆရာတော်ကြီးများအားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ ဆရာတော် အရှင်သူမြတ်များ ဖြစ်သော ဓမ္မာစရိယစာအောင် အရှင်သူမြတ် ၂၃ ပါး၊ ပထမကြီးအောင် အရှင်သူမြတ် ငါးပါး၊ ပထမလတ်အောင် အရှင်သူမြတ် ၁၁ ပါး၊ ပထမငယ်တန်းအောင် အရှင်သူမြတ် ၂၅ ပါး၊ အခြေပြုမူလတန်းအောင်အရှင်သူမြတ် ၂၆ ပါးနှင့် အခြေပြုမူလ တန်းအောင် လူပုဂ္ဂိုလ်ခြောက်ဦး တို့အား စာအောင်ဘွဲ့လက်မှတ်များနှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ 
-
ထို့နောက် ဇမ္ဗူသီရိမြို့နယ် ရှားတောကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရအရှင်သူမြတ်ထံမှ ပရိသတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ 
-
ယင်းနောက် ညနေ ၃ နာရီတွင် မစိုးရိမ်တိုက်သစ်ကျောင်း ရှေ့မုခ်ဦးအဝင် ကားလမ်းရှေ့၌ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဆက်လက်ကျင်းပရာ ဇမ္ဗူသီရိမြို့နယ်မှ စေတနာရှင် အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်း အသီးသီးမှ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာရ စေတနာရှင် အလှူရှင်များ၊ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကိုစည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း သိရသည်။ 
-
ဝေယ
-
#မြ၀တီနေ့စဉ်သတင်းစာ

မြန်မာနိုင်ငံ၌ လာမည့်နှစ် မှစ၍ ကင်းထောက်ငယ်များ မွေးထုတ်နိုင်ရန် စီစဉ်

မြန်မာနိုင်ငံ၌ လာမည့်နှစ် မှစ၍ ကင်းထောက်ငယ်များ မွေးထုတ်နိုင်ရန် စီစဉ်
-
ရန်ကုန် ဖေဖော်ဝါရီ ၂၄ 
-
လက်ရှိတွင် မြန်မာနိုင်ငံ၌ ကင်းထောက်ဦးရေ နှစ်သောင်းငါးထောင်ခန့် ရှိသော်လည်း အသက်ခြောက်နှစ်မှ ၁ဝ နှစ်အရွယ် ကင်းထောက်ငယ် အနည်းငယ်သာရှိသေးကြောင်း၊ အသက် ၁၁ နှစ်မှ ၁၇ နှစ်အထိကင်းထောက်နှင့် အသက် ၁၇ နှစ်အထက် တက္ကသိုလ်အဆင့် ကင်းထောက်များသာရှိသည့်အတွက် လာမည့်နှစ် မှစ၍ ကင်းထောက်ငယ်များ မွေးထုတ်နိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံကင်းထောက်အဖွဲ့ဥက္ကဋ္ဌ အမျိုးသား ကင်းထောက်ချုပ် ဒေါက်တာတင်ညိုထံမှသိရသည်။ 
-
''ဆရာတို့က ကင်းထောက်ကို ကျောင်းအခြေပြုထားတယ်။ ကင်းထောက်အဖွဲ့တွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ မြို့နယ်တိုင်းမှာ ရှိတယ်။ တချို့ကျောင်းတွေမှာကျန်နေသေးတယ်။ ဒါကြောင့်တိုးချဲ့ဖွဲ့တဲ့ထဲမှာ ဆက်လက် ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။ အသက်ခြောက်နှစ်ကနေ ၁ဝ နှစ်အထိ ကင်းထောက်ငယ် (Cub Scout)၊ ၁၁ နှစ်ကနေ ၁၇ နှစ်အထိ ကင်းထောက်နဲ့ ၁၈ နှစ်အထက်ကင်းထောက်ဆိုပြီး အဆင့်သုံးဆင့် ရှိတယ်။ ဒါကြောင့် ကင်းထောက်အဖွဲ့က မူလတန်းအဆင့်ကစလို့ရတယ်။ အလယ်တန်း၊ အထက်တန်းအဆင့် ကင်းထောက်တွေလည်း ရှိတယ်။ တက္ကသိုလ် ရောက်တဲ့အခါမှာRover ကင်းထောက်တွေကို လေ့ကျင့်နေပါတယ်'' ဟု ဒေါက်တာ တင်ညိုက ပြောသည်။ 
-
လက်ရှိတွင် ကင်းထောက်ငယ်ကို ပြည်တွင်း၌ နိုင်ငံခြားမှ လာရောက်သင်တန်းပေးသည့် Brainworks - Total School Yangonတွင် ကလေးပေါင်း ၈၇ ဦးကို ကင်းထောက်ငယ်များအဖြစ် မွေးထုတ်ပေးလျက် ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံသည်ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံ၌ (၁၆၄)နိုင်ငံမြောက်အဖြစ် ၂ဝ၁၆ ခုနှစ်မှ စတင်ဖြစ်တည်လာသည့်အတွက်ကမ္ဘာ့ကင်းထောက် အဖွဲ့နှင့် ညှိနှိုင်းပြီးလုပ်ဆောင်ရမည့်လုပ်ငန်းများစွာ ရှိနေသေးကြောင်းသိရသည်။ 
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

ချင်းပြည်နယ်အတွင်း ဖြစ်နိုင်ခြေရှိသည့် အသေးစား ရေအားလျှပ်စစ် စီမံကိန်း ၁၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံ လိုသူများ ခေါ်ယူမည်

ချင်းပြည်နယ်အတွင်း ဖြစ်နိုင်ခြေရှိသည့် အသေးစား ရေအားလျှပ်စစ် စီမံကိန်း ၁၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံ လိုသူများ ခေါ်ယူမည်
-
ဟားခါး ဖေဖော်ဝါရီ ၂၄ 
-
ချင်းပြည်နယ်အတွင်း ဖြစ်နိုင်ခြေရှိသည့် အသေးစား ရေအားလျှပ်စစ် စီမံကိန်း ၁၇ ခု ရှိပြီး ရင်းနှီးမြှုပ်နှံသူများ ခေါ်ယူမည် ဖြစ်ကြောင်း ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 
-
''ချင်းပြည်နယ်မှာ လျှပ်စစ်လုပ်နိုင်တဲ့ နေရာတွေ အများကြီး ရှိပါတယ်။ လျှပ်စစ်ကဏ္ဍမှာတော့ မဟာဓာတ်အားလိုင်းက ရတယ်။ ကျန်တဲ့မြို့နယ်၊  ရွာတွေမှာတော့ မရဘူး။ စွမ်းအင်ထုတ်မယ်ဆိုရင် ချင်းပြည်နယ်မှာ နေရာ တော်တော်များများ ရှိပါတယ်။ လျှပ်စစ်ကဏ္ဍကို ရင်းနှီးမြှုပ်နှံမယ်ဆိုရင် တော်တော်ကို အရှုံးခံရမယ်။ ရင်းနှီးမြှုပ်နှံမယ့် လူဘက်က စဉ်းစားမယ်ဆိုရင် တော်တော် စွန့်စားပြီးတော့ လုပ်ရမယ့် အနေအထားဖြစ်တယ်''ဟု ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်   ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောသည်။ 
-
လက်ရှိ အစိုးရလက်ထက် ပထမ နှစ်နှစ်တာကာလအတွင်း  ချင်းပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဆိုင်ရာ ဖြစ်နိုင်ခြေ စူးစမ်းလေ့လာလိုသော တရုတ်၊ ဂျပန်၊ နော်ဝေနိုင်ငံတို့မှ ကုမ္ပဏီများ အနည်းဆုံး ခုနစ်ဖွဲ့ခန့်ရှိပြီး လျှပ်စစ်ဥပဒေ ၂ဝ၁၄ အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်ကို မဂ္ဂါဝပ် ၃ဝ အထိ ပေးအပ်ထားကြောင်း သိရသည်။ 
-
ချင်းပြည်နယ်တွင် မြစ်ချောင်းများ ပေါများသည့်အတွက် အသေးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အလားအလာ ရှိခြင်းကြောင့် တည်ဆောက်ပြီးသည့် အသေးစား ရေအား လျှပ်စစ်စီမံကိန်း ရှစ်ခုရှိပြီး ယင်းတို့မှ လျှပ်စစ်ဓာတ်အားစုစုပေါင်း ၃၉၁ဝ ကီလိုဝပ် ထုတ်လုပ်ပေးလျက်ရှိရာ ချင်းပြည်နယ်ဖွံ့ဖြိုးရန် အဓိက လိုအပ်ချက်တွင်လျှပ်စစ်မီး ရရှိရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း သိရသည်။         -
ထယ်လ်ဏ
-
#မြ၀တီနေ့စဉ်သတင်းစာ

မောင်တောမြို့အနီး နတ်မြစ်အတွင်း၌ သိန်းပေါင်း ၁၉ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

မောင်တောမြို့အနီး နတ်မြစ်အတွင်း၌ သိန်းပေါင်း ၁၉ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ
-
နေပြည်တော် ဖေဖော်ဝါရီ ၂၄ 
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အနီးရှိနတ်မြစ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၃  ရက် ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မောင်တောမြို့၏ အနောက်မြောက်ဘက် ရေမိုင်  ၁၆ ဒသမ ၇ မိုင်ခန့်အကွာသို့ အရောက်၌တစ်ဖက်နိုင်ငံဘက်သို့အထုပ်များနှင့်အတူ ရေကူးသွားနေသူ သုံးဦးအား တွေ့ရှိသဖြင့်ဖမ်းဆီးရာ မိုဟာမတ်အာလီ(ဘ) ဦးဂိုရာမြားအပါအဝင်သုံးဦးအား WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅၂၅ဝ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၉ဝဝဝ ကျော်)တို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါဖမ်းဆီးရမိသူများ၊ သိမ်းဆည်းရမိ လှေနှင့် စိတ်ကြွရူးသွပ် ဆေးပြားများအား မောင်တောမြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

မံစီမြို့နယ်နှင့် မဘိမ်းမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်းရမိ

မံစီမြို့နယ်နှင့် မဘိမ်းမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော်   ဖေဖော်ဝါရီ  ၂၄ 
-
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်းလုံခြုံရေး ဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၃ ရက် ည ၆ နာရီခွဲခန့်တွင်ဟန်ထက်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာသို့ အရောက်၌ကိုမျိုး(ဘ) ဦးအောင်မြင့် မောင်းနှင်လာသည့် NISSAN အမျိုးအစား ၁၂ ဘီးယာဉ်ယာဉ်အမှတ်၊ 3A/----ပေါ်မှ တရားမဝင်ကျွန်းနှင့်ပိတောက်သစ်ခွဲသားဆိုဒ်စုံ ၇ တန်ခန့်နှင့်အတူဖမ်းဆီးရမိခဲ့ပြီးအဆိုပါနေရာအနီး တစ်ဝိုက်၌ပင် တုန်ဖုန်းအမျိုးအစား ခြောက်ဘီးယာဉ် ယာဉ်အမှတ်၊ C/----ယာဉ်ပေါ်မှ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၇ တန်ခန့်ကို လည်းကောင်း၊  သစ်တင်ယာဉ် တုန်ဖုန်း အမျိုးအစား ခြောက်ဘီးယာဉ် ယာဉ်အမှတ်၊ 3A/----ယာဉ်တစ်စီးတို့ကို လည်းကောင်း ပိုင်ရှင်မဲ့ထပ်မံ သိမ်းဆည်းရမိခဲ့သည်။ 
-
ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မိုးလှိုင်ကျေးရွာ၏ တောင်ဘက် ၅ မိုင်ခန့်အကွာသို့ အရောက်၌ တရားမဝင် ကျွန်းသစ်လုံးဆိုဒ်စုံ၂၇ တန်ခန့်ကိုလည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့သည်။ အဆိုပါ တရားမဝင်သစ်များ၊ မော်တော်ယာဉ်များနှင့်အတူ ဖမ်းဆီးရမိသူအား မံစီမြို့နယ်နှင့် မဘိမ်းမြို့နယ် သစ်တောဦးစီးဌာန၊ မံစီမြို့နယ်ရဲစခန်းသို့  စနစ်တကျလွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း  သတင်း ရရှိသည်။                 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ပေါက်ခေါင်းမြို့နယ် အတွင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ပေါက်ခေါင်းမြို့နယ် အတွင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၄ 
-
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၂၂၄ ဦးအား ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့ကအဆိုပါ ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ ခွဲစိတ်ရောဂါ၊သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ နား/ နှာခေါင်း/လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး  ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ခြောက်ဦးအား ပြည်မြို့ရှိ တပ်မတော်ဆေးရုံသို့တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ထို့ပြင်ဆေးကုသရေးအဖွဲ့ကသွေးတိုးရောဂါ အကြောင်းကျန်းမာရေးအသိပညာ ပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊ ဝါးကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊ ဝါးကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၄ 
-
တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့်ရောက်ရှိနသော တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ရက်နှင့်ယနေ့တို့တွင်ဘုတ်ပြင်းမြို့နယ်၊ ဝါးကျွန်းရှိ ဒေသခံပြည်သူ ၇၇၈ ဦးကို အဆိုပါ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၃၇ ဦး၊ ခွဲစိတ်ရောဂါ ၈၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၇၉ ဦး၊ ကလေး ရောဂါ ၁၁၇ ဦး၊ အရိုးရောဂါ ၈၈ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၅၂ ဦး၊ မျက်စိ ရောဂါ ၁ဝ၁ ဦးနှင့် သွားရောဂါ ၁၂၂ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေ ခွဲစိတ်လူနာ ၁၆ ဦး၊ မျက်စိခွဲစိတ်လူနာ ၂၅ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်၌ ခွဲစိတ်ကုသ ပေးသည်။ 
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၃၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ  ၃၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၇ ဦး၊ ကွန်ပျူတာ  ဓာတ်မှန်ရိုက် လူနာသုံးဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၁၅ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက် ကုသနိုင်ရေး   စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပြင်သာကျောင်းလမ်း၌ မီးလောင်မှု ဖြစ်ပွား

အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပြင်သာကျောင်းလမ်း၌ မီးလောင်မှု ဖြစ်ပွား
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၄ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပြင်သာကျောင်းလမ်းရှိ ဒေါ်အုန်းကျင်ပိုင်ဆိုင်သောနေအိမ်မှ ဖေဖော်ဝါရီ ၂၃ ရက် ည ၉ နာရီ ၅ မိနစ်ခန့်တွင်လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ 
-
မီးလောင်ရာနေရာသို့ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ မီးသတ်ယာဉ်ရှစ်စီးဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ မိနစ် ၃ဝ ခန့်တွင် မီးငြိမ်း သွားခဲ့သည်။ မီးလောင်မှုကြောင့် ဒေါ်အုန်းကျင်မှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး ၎င်း၏သားဖြစ်သူ မောင်စိုးမိုးနိုင်မှာ မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အောင်ပန်းမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရုံး/ ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့် အမျိုးသမီး စစ်မှု ထမ်းများ အလိုရှိသည်

တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရုံး/ ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့် အမျိုးသမီး စစ်မှု ထမ်းများ အလိုရှိသည်
-
၁။      လျှောက်ထားသူသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်-
(က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။
(ခ)    ၁-၄-၂ဝ၁၉ ရက်နေ့တွင်အသက်(၁၈)နှစ်ပြည့်ပြီးအသက်(၂၅)နှစ်ထက်မကျော်လွန်စေရ။
(ဂ)    အခြေခံပညာအဋ္ဌမတန်းအောင်မြင်ပြီးသူဖြစ်ရမည်။ 
(ဃ)  အရပ်(၅)ပေ (၂)လက်မ၊ ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။ (အထက်ပါအတိုင်းကိုယ်အလေးချိန်သတ်မှတ်ထားသော်လည်းအသက်ငယ်ရွယ်သူများဖြစ်သဖြင့် ကိုယ်အလေးချိန်အားခြွင်းချက်အနေဖြင့်စဉ်းစားပါမည်။)
၂။      လျှောက်လွှာ ပုံစံများကို နီးစပ်ရာတပ်/ ဌာနချုပ်များတွင်အခမဲ့ထုတ်ယူနိုင်ပြီး  အောက်ပါစာရွက် စာတမ်း များနှင့်အတူ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များသို့ လူကိုယ်တိုင်သွားရောက်လျှောက်ထားရမည်-
(က)   နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)။
(ခ)  အခြေခံပညာအဋ္ဌမတန်း အောင်မြင်ကြောင်းသက်ဆိုင်ရာကျောင်းထွက်လက်မှတ်(မူရင်း)နှင့် ဒီပလိုမာ /ဘွဲ့ရရှိပြီး သူများဖြစ်ပါက ဒီပလိုမာ/ ဘွဲ့လက်မှတ်(မူရင်း)။
(ဂ)  အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီး/ မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ တစ်လ အတွင်းရရှိသော ထောက်ခံစာ(မူရင်း)။
(ဃ)   တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃)ပုံ။
(င)     အိမ်ထောင်စုဝင်စာရင်း မိတ္တူ။
(စ)     မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။
၃။      လျှောက်ထားသူများသည် အောက်ပါအတိုင်းလိုက်နာဆောင်ရွက်ရမည်-
(က)  လျှောက်လွှာ၊ သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ ၂၆-၂-၂ဝ၁၉ ရက်နေ့မှ ၁၁-၃-၂ဝ၁၉ ရက်နေ့အတွင်း တိုင်းစစ် ဌာနချုပ်များသို့ လူကိုယ်တိုင် သွားရောက် လျှောက်ထားရမည်။
(ခ)     ပဏာမရွေးချယ်ကြောင်း အကြောင်းကြားစာရရှိသူများသည်သတ်မှတ်ရက်အတွင်း လျှောက်ထားခဲ့သည့် တိုင်းစစ်ဌာန ချုပ်များသို့ သတင်းပို့ရမည်။
(ဂ)    ရွေးချယ်ခံရသူများသည် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းကို ခံယူရမည်။
(ဃ) စစ်ဘက်ဆိုင်ရာ ဆေးစစ် အောင်မြင်သူများအား တပ်ဝင်စာချုပ်ချုပ်ဆိုပြီး အခြေခံ စစ်ပညာသင်ကြားရန်သက်ဆိုင်ရာ လေ့ကျင့်ရေး သင်တန်းကျောင်းများသို့ ပို့လွှတ်ခြင်းခံရမည်။
၎။    အခြေခံတပ်သား သစ်သင်တန်းကို  ၄ လ တက်ရောက်ရမည်။ သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း တပ်သား သစ်လစာ ၁၄၄ဝဝဝိ/-ကျပ်ကိုခံစားခွင့်ပြုမည်။ သင်တန်းပြီးဆုံးပါက (တပ်သားအခြေခံလစာ ၁၅ဝဝဝဝိ/- +M.H.R.A ၁ဝဝဝဝိ/- = ၁၆ဝဝဝဝိ/-) ခံစားခွင့်ရရှိမည်။
၅။    အခြေခံ တပ်သားသစ်သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း မိမိတာဝန် ထမ်းဆောင်လိုသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်ဖွဲ့တစ်ခုခုသို့ ဆန္ဒပြုရွေးချယ်နိုင်ပြီး၊ သင်တန်းဆင်းပြီး သတ်မှတ်ချက် ကိုက်ညီပါက မိမိဆန္ဒပြု ရွေးချယ်ထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်ဖွဲ့ (သို့မဟုတ်) သင့်လျော်ရာ လက်ရုံး ဝန်ထမ်း တပ်ဖွဲ့ တစ်ခုခုတွင် တာဝန်ထမ်းဆောင်ရမည်။ မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ စစ်ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ယူဂန္ဓာ နိုင်ငံတကာ စီးရီး ကြက်တောင်ရိုက် ပြိုင်ပွဲတွင် သက်ထား သူဇာ အနိုင်ရ ဗိုလ်စွဲ

ယူဂန္ဓာ နိုင်ငံတကာ စီးရီး ကြက်တောင်ရိုက် ပြိုင်ပွဲတွင် သက်ထား သူဇာ အနိုင်ရ ဗိုလ်စွဲ ….
-
ရန်ကုန်  ဖေဖော်ဝါရီ   ၂၄ 
-
ဖေဖော်ဝါရီ ၂၁ ရက်မှ ယနေ့အထိ ယူဂန္ဓာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂ဝ၁၉ ခုနှစ် ယူဂန္ဓာ နိုင်ငံတကာ စီးရီး ကြက်တောင်ရိုက် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့်မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာသည်အဆိုပါပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျော်ဒန်နိုင်ငံသူ ဒိုမိုအမ်ရိုနှင့်ယှဉ်ပြိုင်ကစားခဲ့ရာ အနိုင်ရ ဗိုလ်စွဲသည်။ 
-
သက်ထားသူဇာသည် လက်ရှိ ကမ္ဘာ့အဆင့် ၁၈၁ တွင်ရပ်တည်နေပြီး ဂျော်ဒန်ကစားသမား ဒိုမိုအမ်ရိုသည် ကမ္ဘာ့အဆင့် ၁၈၅ နေရာတွင် ရပ်တည်နေသူဖြစ်သည်။ သက်ထားသူဇာသည် ယမန်နေ့ နံနက်ပိုင်းက၁၆ ဦးအဆင့်တွင် အိမ်ရှင်ယူဂန္ဓာကစားသမား ဘရန်ဒါမူဘာဂီနှင့် ယှဉ်ပြိုင် ကစားရာ ၂၁-၁၊ ၂၁-၇ ဖြင့် နှစ်ပွဲပြတ်အနိုင်ရ ခဲ့ကာ ထိုနေ့ညနေပိုင်းတွင် ကွာတားဖိုင်နယ် ဆက်လက်ယှဉ်ပြိုင်ရာ ဇမ်ဘီယာကစားသမား အိုဂါဆီရမ်မူပန်ဂီလာကို ၂၁-၉၊ ၂၁-၁၃ ဖြင့် နှစ်ပွဲပြတ်နိုင်ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခဲ့သည်။
-
ယနေ့နံနက်ပိုင်းတွင် ကစားသော ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် ၂၁၆ ရှိ အီရန်ကစားသမား ဆာမင်ကို ၂၁-၁၂၊ ၂၁-၁၅ မှတ်ဖြင့်  နှစ်ပွဲပြတ်နိုင်ကာ ညနေပိုင်းဗိုလ်လုပွဲတွင်ဂျော်ဒန်နိုင်ငံသူကို ၂၁-၁၄၊ ၂၁-၁၂ ဖြင့် နှစ်ပွဲပြတ် အနိုင်ကစားခဲ့ပြီး ပွဲစဉ်တစ် လျှောက်ယှဉ်ပြိုင် ကစား သည့် ပွဲစဉ်တိုင်းတွင်  နှစ်ပွဲပြတ်ဖြင့် အနိုင်ရယူခဲ့ခြင်း ဖြစ်သည်။ 
-
သက်ထားသူဇာသည် အသက်ခုနစ်နှစ် အရွယ်မှ စတင်၍ ကြက်တောင်အားကစားအား စတင်သင်ကြား လေ့ကျင့်ခဲ့သူဖြစ်သည်။ အားကစားသက်တမ်းတစ်လျှောက်တွင် ထိုင်းနိုင်ငံဘုရင်မင်းမြတ်က ချီးမြှင့်သော ဂုဏ်ထူးဆောင်ဆုခြောက်ဆုကိုလည်း လက်ခံ ရရှိခဲ့သည်။ အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာစီးရီး ကြက်တောင်ပြိုင်ပွဲ   (Egypt International Series 2018) အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့်   ရွှေတံဆိပ်ဆု ရရှိခဲ့ကာ  နီပေါ အပြည် ပြည် ဆိုင်ရာ စီးရီး (2018) တွင် ဒုတိယဆု၊ Iran International Challenge (2018) တွင်လည်း တတိယဆုများကို အသီးသီး ရရှိခဲ့ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသလျက်ရှိသည့်ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင်ဦးအောင်ခမ်းထီအားသွားရောက် တွေ့ဆုံအားပေးစကား ပြောကြား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသလျက်ရှိသည့် ပအိုဝ်း တိုင်းရင်းသား ခေါင်းဆောင် ဦးအောင်ခမ်းထီအား သွားရောက် တွေ့ဆုံ အားပေးစကား ပြောကြား
-
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၄
-  
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် တပ်မတော် အရာရှိကြီများ လိုက်ပါပြီး ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံကုတင်(၁၀၀၀)တွင် အဆုတ်ရောင်ရောဂါဖြင့် တက်ရောက် ကုသမှုခံယူလျက်ရှိသည့် ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင်ဦးအောင်ခမ်းထီအား ယနေ့ နေ့လယ်ပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးစကား ပြောကြားသည်။
-

-
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အထူးကြပ်မတ် ကုသဆောင်တွင် ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင် ဦးအောင်ခမ်းထီအား တွေ့ဆုံပြီး ကျန်းမာရေး အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းနှင့် တပ်မတော် ဆေးကုသမှု ပါရဂူများ၏ကြပ်မတ် စစ်ဆေး ကုသပေးမှုများကြောင့် ဦးအောင်ခမ်းထီ၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ဓမ္မဒူတ ဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် အဓိပတိ လမ်းမကြီးနှင့် တက္ကသိုလ် စာသင်တိုက် ပင်မ ကျောင်းဆောင်ကြီး ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဓမ္မဒူတ ဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် အဓိပတိ လမ်းမကြီးနှင့် တက္ကသိုလ် စာသင်တိုက် ပင်မ ကျောင်းဆောင်ကြီး ဖွင့်ပွဲ အခမ်းအနား ကျင်းပ
-
နေပြည်တော်၊ ဖေဖေါ်ဝါရီ - ၂၄ 
-
ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒရာမ ကျောင်းတိုက်ကြီးရှိ ဓမ္မဒူတ ဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ်အဓိပတိ လမ်းမကြီးနှင့် တက္ကသိုလ်စာသင်တိုက် ပင်မကျောင်းဆောင်ကြီးဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
-

-
အခမ်းအနားအား ကျင်းပပြုလုပ်ရာ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊  ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်မြင့်တို့က ဓမ္မဒူတ ဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် အဓိပတိ လမ်းမကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 
-
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဓမ္မဒူတ ဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် စာသင်တိုက် ပင်မ ကျောင်းဆောင်ကြီး ကဗ္ဗည်းမော်ကွန်း ကျောက်စာတိုင်နှင့်နဖူးစီး စာတမ်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော် အရာရှိများက ကျောက်စာတိုင်များအား အမွှေးနံ့သာရည်များပက်ဖျန်းကြသည်။ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် ဓမ္မဒူတ ဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ်အတွင်းလှည့်လည် ကြည့်ရှုလေ့လာကြသည်။
-

-
၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည်ဓမ္မဒူတ ဆေကိန္ဒဗုဒ္ဓတက္ကသိုလ် ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒနှင့် တက္ကသိုလ်ကြီး တည်ဆောက်ထားရှိမှု၊ M.A နှင့် Ph.D သင်တန်းသားများ လက်ခံသင်ကြားပေးမည့် အခြေအနေများ၊ နိုင်ငံတကာတွင် ဗုဒ္ဓဘာသာသင်ကြားနေမှု အခြေအနေများ၊ တက္ကသိုလ်မှ ပေးအပ်မည့် ဘွဲ့များအတွက် ထိုက်ထိုက်တန်တန် ဖြစ်စေရေးအတွက် သုတေသနပြု ဆောင်ရွက်ရန် လိုအပ်မှု၊ စာချပုဂ္ဂိုလ်၊ စာစစ်ပုဂ္ဂိုလ်များ၊ ကြီးကြပ်ရေး ပုဂ္ဂိုလ်များစီစဉ်ထားရှိမှု၊ အဆောင်များ စီစဉ်ထားရှိမှုနှင့် ဆွမ်းကွမ်းဆေး လိုအပ်ချက်များ စီစဉ်ထားရှိမှု၊ သင်ကြားမှုများအား အင်္ဂလိပ် ဘာသာဖြင့် သင်ကြားရန် စီစဉ်ထားရှိမှု၊ သင်ကြားရေးကာလများအားလည်းသံဃာတော်များ ၀ါတွင်းဝါပ ၀ိနည်းများနှင့်အညီ သင်ကြားရန် ဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်ဝင်ခွင့် အရည်အချင်း သတ်မှတ်ချက်များ၊ သင်ကြားရေးစနစ်အား E education ၊ E learning စနစ်ဖြင့်သင်ကြားနိုင်ရေး ဆောင်ရွက်ရန်လိုအပ်မှုနှင့် တက္ကသိုလ်၏ ၀ိနည်းစည်းကမ်းနှင့်အညီ ဆောင်ရွက်မှု အခြေ အနေများအား လျှောက်ထား ဆွေးနွေးကြသည်။
-
ယင်းနောက် ဓမ္မဒူတ ဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် အဓိပတိ လမ်းမကြီးနှင့်တက္ကသိုလ်စာသင်တိုက် ပင်မ ကျောင်းဆောင်ကြီးဖွင့်ပွဲ အခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားအား ဆက်လက် ကျင်းပပြုလုပ်ရာနိုင်ငံတော်မဟာသံဃနာယက အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ခြုံအင်း ကျေးရွာ၊ သီရိမင်္ဂလာ ကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မမ ဇောတိက ဘဒ္ဒန္တသြဘာသ၊ နိုင်ငံတော် သြ၀ါဒါစရိယ၊ ရွှေကျင်နိကာယာ အဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင် သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရုအဂ္ဂမဟာပဏ္ဍိတ ၀ိဇ္ဇောတာရုံ ဆရာတော် ဘဒ္ဒန္တ ၀ိဇ္ဇောတနှင့် တွဲဘက်ရွှေကျင် သာသနာပိုင် ဆရာတော်ကြီးများ အမှူးပြုသော သံဃာတော်အပါး ၄၀၀ ကြွရောက် ချီးမြှင့်တော်မူကြသည်။
-

-
အစီအစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊အခမ်းအနား တက်ရောက်လာကြသူများက မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက် ဆရာတော် ဘန္ဒန္တ ဣန္ဒောဘာသာဘိဝံသထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များအား နာယူကြသည်။ ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ  မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ   အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရဘိဝံသ၏ သြ၀ါဒကထာအား နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဝင် ညောင်သုံးပင် သာမဏေကျော် စာသင်တိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ တေဇောသာရာဘိဝံသက ဖတ်ကြားသည်။ 
-
ယင်းနောက် နိုင်ငံတော် သြ၀ါဒါစရိယ၊ ရွှေကျင်နိကာယာ အဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာ ပဏ္ဍိတ ၀ိဇ္ဇောတာရုံ ဆရာတော်ဘဒ္ဒန္တ၀ိဇ္ဇောတ သြ၀ါဒကထာ မြွက်ကြားရာတွင် သာသနာတော် တိုးတက်ရေးအတွက် လိုအပ်သည့် အချက်များကို သိရှိနားလည်ပြီး  ဆရာတော် အရှင်ဆေကိန္ဒက ပြည်တွင်းမှာ သာမက နိုင်ငံကာသို့ ပြန့်နှံ့စေခြင်းငှာ ယခုကဲ့သို့ ကြီးကျယ်ထင်ရှား သည့် တက္ကသိုလ်ကြီး တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ လှူဒါန်းခြင်းသည် သာသနာတော်ကြီး တိုးတက်ကြီးပွားရန်၊ အမျိုးဘာသာ တိုင်းပြည်အတွက်ငြိမ်းချမ်း၊ အေးချမ်း ခြင်း ရရှိရန်အတွက် လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို ဆောင်ရွက်နေကြရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များအားလုံး ငြိမ်းအေးသော၊ အေးချမ်းသော၊ ရောက်သင့်ရောက်ထိုက်သော အမြတ်ဆုံး နိဗ္ဗာန်ကို ရောက်ကြပါစေကြောင်း မြွက်ကြားသည်။
-

-
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဓမ္မဒူတ ဆေကိန္ဒ တက္ကသိုလ် အဓိပတိ လမ်းမကြီးနှင့် စာသင်တိုက်ပင်မ ကျောင်းဆောင်သစ်ကြီး လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း လျှောက်ထားရာတွင်ယခုကဲ့သို့ ဘာသာ သာသနာ ရောင်ဝါထွန်းလင်း ကောင်းခြင်း မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံစေသည့် ဓမ္မဒူတ ဆေကိန္ဒ တက္ကသိုလ် ဖွင့်လှစ်ပွဲ အခမ်းအနားကြီး ကျင်းပနိုင်သည့်အတွက်တပည့်တော်မှာ အထူးပင်ကြည်နူး ၀မ်းမြောက်လှပါကြောင်း၊ ကမ္ဘာ့အလယ်တွင် မျိုးမြန်မာရယ်လို့ ၀င့်ထည်နိုင်ဖို့ တစ်ဦးချင်း ပညာ အရည်အချင်း ပြည့်ဝသည့် လူ့ဘောင် အဖွဲ့အစည်းဖြစ်ရန်လိုအပ်ပြီး ပညာရည်မြင့်မား တိုးတက်ရေးသည်နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် သော့ချက်ဖြစ်သကဲ့သို့ ငြိမ်းချမ်းသာယာသည့် လူ့ဘောင် အဖွဲ့အစည်း ဖြစ်လာရန်အတွက် ဗုဒ္ဓ၏အဆုံးအမဓမ္မတရားတော်များ ဖြင့်သာလျှင် ပုံဖော်နိုင်မှာဖြစ်ပါကြောင်းဗုဒ္ဓ၏ ပဋိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ သာသနာတော်များ ရေရှည်တည်တံ့ ထွန်းကားပြန့်ပွားရေး အတွက် ယနေ့ခေတ် မြန်မာနိုင်ငံ သောတုဇန ရဟန်းတော်များ၏ ပညာရေးလုပ်ငန်း ကြိုးပမ်းမှုများမှာသာသနာ့ဓမ္မာ စရိယ၊ သာသနာ့ တက္ကသီလ ဓမ္မာစရိယ၊ သာသနာ့ တက္ကသီလ မဟာဓမ္မာ စရိယ၊ B.A ၊ M.A ဘွဲ့ဒီဂရီရပြီး ရဟန်းတော်များ အနေနှင့် ခေတ်မီ တက္ကသိုလ် ပညာရေး ဆက်လက်ဆည်းပူးနိုင်ရေးအတွက် ပင်လယ်ရပ်ခြား တိုင်းတစ်ပါးသို့ ကြွရောက်ပညာသင်ယူ နေကြရပါကြောင်း၊၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ပြည်ပပညာသင် မြန်မာရဟန်းတော်များ၏ အရေအတွက်သည်ထိုင်းနိုင်ငံတွင် ၅၀၀ ကျော်၊ သီရိလင်္ကာတွင် ၆၀၀ ကျော်၊ အိန္ဒိယနိုင်ငံတွင် ၅၀၀ ကျော် စုစုပေါင်း နှစ်စဉ်ပျမ်းမျှ ၁၅၀၀ ကျော်ရှိကြောင်း မှတ်တမ်းများအရ သိရှိရပါကြောင်း၊ ပြည်ပပညာသင်ရဟန်းတော်တစ်ပါးသည် M.A, Ph.D ဘွဲ့ဒီဂရီအတွက် တစ်နှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၀၀၀ ခန့် ရင်းနှီးမြှပ်နှံမှု ပြုကြရပြီး ပြည်ပပညာသင် မြန်မာရဟန်းတော်များ၏ ပညာသင်နှစ် တစ်နှစ်အတွက်ရင်းနှီးမြှပ်နှံရမှုငွေကြေး ပမာဏသည် အမေရိကန်ဒေါ်လာ သိန်း ၆၀ အထက်မှာ ရှိသည့်အတွက် မြန်မာကျပ်ငွေအားဖြင့် ၉၀၀၀၀၀၀၀၀၀ိ/-(ကျပ်သန်း ၉၀၀၀) အထက်တွင် ရှိပါကြောင်း၊ ပညာသင်ရဟန်းတော်များနေဖြင့် ဘာသာမတူ ယဉ်ကျေးမှု ကွဲပြားသည့် နိုင်ငံများတွင် နေထိုင် သွားလာရေးအတွက် လုံခြုံအေးချမ်းမှု မရှိခြင်း၊ ကိုယ်ထူကိုယ်ထ နေထိုင်စားသောက်ကြခြင်းတို့ကြောင့်ပစ္စည်းပန်း၊ ၀ိနည်းနွမ်းပင် ဖြစ်ရပါကြောင်း။
-
-
ယခုဖွင့်လှစ်လိုက်သည့် ဓမ္မဒူတ ဆေကိန္ဒ တက္ကသိုလ်ကြီးသည်နိုင်ငံတကာ တက္ကသိုလ်များ၏ စံနှုန်းနဲ့အညီ စနစ်တကျ သင်ရိုးညွှန်းတမ်းများ ရေးဆွဲပြီး ပြည်တွင်းပြည်ပ ပညာရှင်များဖြင့် ဖွဲ့စည်းထားကြောင်း၊အရိုးပေါ် အရွက်မဖုံးစေရအောင် မြတ်ဗုဒ္ဓ၏ မူရင်းပါဠိတော်၊ အဌကထာ၊ ဋီကာတို့ကို မဏ္ဍိုင်ပြုလျက် Traditional Education Technique နှင့် Modern Education Technique လေ့လာ သင်ကြားနည်းစနစ်များ တွဲစပ်ကာ သုတေသနနှင့် နေ့စဉ်လူမှုဘ၀ လက်တွေ့အသုံးချ နည်းပညာများကို အလေးပေးကာ နိုင်ငံတကာ တက္ကသိုလ်များနည်းတူ English Media ကိုလက်ကိုင်ပြုလျက် ဆွေးနွေး သင်ကြားပို့ချမှုလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်ပြီး အပြန်အလှန် နှီးနှောဖလှယ်မှု လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်းသိရှိရပါကြောင်း၊ ထို့ကြောင့် မျိုးဆက်သစ် သောတုဇန ရဟန်းတော်တို့ အနေဖြင့် အဆင့်မြင့် တက္ကသိုလ်ပညာကို အမိမြေမှာပင် အေးချမ်းလုံခြုံစွာ လေ့လာဆည်းပူးခွင့် ရရှိတော့မှာ ဖြစ်ပါကြောင်း၊ ထို့ပြင်အထက်တွင် လျှောက်ထား ခဲ့သည့်အတိုင်း ဘုရားတပည့်တော်တို့ နိုင်ငံအတွက် ပြည်ပသို့ ယိုဖိတ်လွင့်စင်နေသော နိုင်ငံခြားထွက်ငွေကိုလည်း တစ်ဖက်တစ်လမ်းမှ အထိုက်အလျောက် ထိန်းသိမ်းကာကွယ်ပြီး ဖြစ်နေမှာ အမှန်ဖြစ်ပါကြောင်း၊ သာသနာ၏ ပင်မရေသောက်မြစ်ဖြစ်သည့် ပရိယတ္တိ ပညာရေးအတွက် ဤ ဓမ္မဒူတ ဆေကိန္ဒ တက္ကသိုလ်ကြီး ကို အရင်းတည်လျက် လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးများ ဖြစ်ထွန်းပေါ်ပေါက် လာမည်မှာ ဧကန်မုချပင် ဖြစ်ပါကြောင်း၊ ဓမ္မဒူတ ဆေကိန္ဒ တက္ကသိုလ်ကြီးသည် ဗုဒ္ဓဓမ္မ ပညာရေး နယ်ပယ်တွင် နိုင်ငံ့ဂုဏ်ကို ဆောင်သည့် တက္ကသိုလ်ကြီးအဖြစ် ကမ္ဘာ့အလယ်မှာဂုဏ်သရေရှိရှိ၊ အဆင့်အတန်းမြင့်မြင့် သက်ဝင်ရှင်သန် နိုင်ဖို့အရေး သာသနာ့ ဒါယိကာ၊ ဒါယိကာမများက အထူးအလေးထားအားပေးကြရမှာ ဖြစ်ပါကြောင်း၊  မိမိဦးဆောင် ဦးရွက်ပြုသည့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ အနေဖြင့် ဗုဒ္ဓ၊ ဓမ္မ မဏ္ဍိုင်ကြီး မယိုင်မလဲ အရှည်တည်မြဲ နိုင်စေရန်အတွက် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားများကို ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသမျှ အားထုတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ လာရောက်စဉ် ဤတက္ကသိုလ် ပရ၀ုဏ်အတွင်း သဲခင်းကျောက်ခင်းလမ်းများဟာ အနိမ့်အမြင့် မညီမညာ၊ သွားရလာရ သက်တောင့် သက်သာမရှိ တွေ့မြင်ခဲ့ရတဲ့အတွက် သံဃာတော် အရှင်သူမြတ်များ နှင့် လူပုဂ္ဂိုလ်များ အားလုံး မပင်မပန်း အေးချမ်း ဖြောင့်ဖြူးစွာ သာသနာ့ ၀န်ထမ်းနိုင်စေရန် စေတနာ ရည်သန်ပြီး တက္ကသိုလ်ကြီးရဲ့ ထည်ဝါမှုနှင့်လိုက်လျော ညီထွေမှု ရှိစေရေး အဓိပတိ လမ်းမကြီးအား ၁၈ ပေအကျယ်၊ ၉ လက်မထု၊ သံကူကွန်ကရစ်လမ်း၊ ၅၁၈၈ ပေ၊ စာသင်တိုက် အတွင်းလမ်းများအား ၁၂ ပေအကျယ်၊ ၉ လက်မထု၊ သံကူကွန်ကရစ်လမ်း၂၂၀၈ ပေ၊ တက္ကသိုလ် ကြီးအတွင်း လာရောက်သော ယာဉ်များ အဆင်ပြေချောမွေ့စွာ ရပ်နားနိုင်ရန် အတွက်ကိုလည်း (၁၀၀ဒ _ ၅၀ဒ)အရွယ်အစား ၉ လက်မထု သံကူကွန်ကရစ် ယာဉ်ရပ်နားကွင်း ၂ ကွင်း၊ (၈၀ ဒ _ ၅၀ဒ) အရွယ်အစား ၉ လက်မထု သံကူကွန်ကရစ် ယာဉ်ရပ်နားကွင်း ၂ ကွင်း၊ အချင်း ၆၀ ပေရှိ တက္ကသိုလ်လမ်းအ၀ိုင်းပတ် ၁ခုတို့ကို တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများနှင့်အလှူရှင်များ စုပေါင်း၍ သဒ္ဒါရွှင်လန်း တည်ဆောက် လှူဒါန်းခဲ့ပါကြောင်း၊ ဤလမ်းကို အသုံးပြုကြသည့် ရဟန်းရှင်လူ အပေါင်းအနေနှင့် ကိုယ်၊ စိတ်ချမ်းသာမှု ခံစားရမည်ဟုမိမိယုံကြည်ပါကြောင်း၊ မိမိတို့ လူပုဂ္ဂိုလ်များ အနေဖြင့် ဆရာတော်၊ သံဃာတော်တို့၏ ဓမ္မ၀ိနည်းနှင့်အညီ ညွှန်ကြား သင်ကြားပေး သည့် အဆုံးအမ သြ၀ါဒများကို နာယူမှတ်သား ကျင့်ကြံပွားများ အားထုတ်ကြခြင်း၊ ဆရာတော်၊ သံဃာတော်တို့သည်လည်းဘုရားတပည့်တော်တို့ရဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး အထောက်အကူဖြင့် ပဋိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ သာသနာတော် ၃ ရပ် အစဉ်တည်တံ့ ပြန့်ပွားနိုင်အောင် စွမ်းဆောင်ခြင်းတို့ဖြင့်ဆရာနှင့်ဒကာ အပြန်အလှန် တွဲယှက် မှီခိုကာ “ဗုဒ္ဓမြတ်စွာ သာသနာ၊ ဆရာ ဒကာ နှစ်ဖြာပါမှ၊ သာယာဖြိုးမောက် လွန်ထွန်း တောက်လိမ့်” ဆိုသည့်အတိုင်း လက်တွဲညီညီ ဆောင်ရွက်ကြပါ မည့်အကြောင်း လျှောက်ထားတင်ပြသည်။
-
၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့ကပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာ ပဏ္ဍိတ၀ိဇ္ဇောတာရုံ ဆရာတော်ကြီးထံသို့ သန္ဓမ္မသုံးဖြာ သာသာနာတော်မြတ်ကြီးစည်ပင် တိုးတက်ပြန့်ပွား စေရန်အတွက် ဓမ္မဒူတ ဆေကိန္နတက္ကသိုလ် အဓိပတိ လမ်းမကြီးနှင့် စာသင်တိုက်ကြီး၏ လမ်းသစ်ခင်းမှု မှတ်တမ်းများကို သဟတ္တိကမြောက် ကိုယ်တိုင်လက်ရောက် ဆက်ကပ်လှူဒါန်းပြီးဆရာတော်ကြီးက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့အား ဓမ္မဒူတ ဆေကိန္ဒ တက္ကသိုလ် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်သည်။
-
-
ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် နိုင်ငံတော် မဟာ သံဃနာယက အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ သီရိမင်္ဂလာ ကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မမ ဇောတိကဘဒ္ဒန္တ သြဘာသအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် အခမ်းအနား တက်ရောက် လာကြသည့် တပ်မတော် အရာရှိကြီးများနှင့် အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းကြသည်။ 
-
ယင်းနောက် အခမ်းအနား တက်ရောက် လာကြသူများသည် ရွှေကျင်နိယာက ဥပဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင် သာသနာပိုင်မဟာဝိသုဒ္ဓါရုံ တိုက်သစ်စည်ရှင် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး အခမ်းအနား တက်ရောက် လာကြသူများသည်ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြ သည်။ 
-
အဆိုပါ ဓမ္မဒူတ ဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ်ကြီးအား ထေရ၀ါဒ ဗုဒ္ဓတရားတော်များကို သင်ယူခြင်း၊ လိုက်နာ ကျင့်သုံးခြင်းဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ငြိမ်းချမ်းရေးမှသည်ကမ္ဘာ့လူသားတို့၏ ငြိမ်းချမ်းရေးအထိတည်ဆောက် သွားနိုင်မည်ဟု လေးနက်စွာ ယုံကြည်မှုရှိသည့် အားလျော်စွာ ဓမ္မဒူတ သာသနာပြု ပုဂ္ဂိုလ်များ ကို ပြုစုပျိုးထောင်ပေးပြီး ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးကို ဦးစားပေး ဆောင်ရွက်ရန် ရည်မှန်းပြီး ထေရ၀ါဒ ဗုဒ္ဓတရားတော်များကို ခေတ်မီပညာရေး နည်းစနစ်များဖြင့် သင်ကြားပေးရန်၊ သင်ယူမူ(ပရိပတ္တိ)နှင့် အားထုတ်မှု(ပဋိပတ္တိ)ကို ပူးတွဲလေ့ကျင့် သင်ကြားပေးရန်နှင့် ဗုဒ္ဓဘာသာ ဆိုင်ရာအဆင့်မြင့်စာပေများ သင်ယူပြီး လောကအကျိုး၊ ဓမ္မအကျိုး ဆောင်နိုင်သော သာသနာပြု ပုဂ္ဂိုလ်များကို လေ့ကျင့် သင်ကြားပေးရန် မျှော်မှန်း၍ ရွှေကျင်နိကာယ အဓိပတိ ဥက္ကဋ္ဌ မဟာနာယကစုဒ္ဓသမ ရွှေကျင် သာသနာပိုင်ဝါဆိုဆရာတော် ဘုရားကြီးနှင့် ရွှေကျင်နိကာယ အဓိပတိ ဥက္ကဋ္ဌ မဟာနာယက ပန္နသမ ရွှေကျင်သာသနာပိုင် ၀ိဇ္ဇောတာရုံ ဆရာတော်ဘုရားကြီးတို့၏ ချီးမြှောက်စီမံ ဦးဆောင်မှုတို့ဖြင့်ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့ အစည်းအဝေးကြီးကို သုံးနှစ်တစ်ကြိမ်ဖြင့် သုံးကြိမ် တိုင်တိုင် ဆက်တိုက် ပူဇော်ကျင်းပ ပြုလုပ် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုများဖြင့် ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တက္ကသိုလ်ကြီးတွင် ၀ိနယဌာန၊ သုတ္တန္တဌာန၊ အဘိဓမ္မဌာန၊ ကမ္မဋ္ဌာန ဘာဝနာဌာန၊ဗုဒ္ဓဘာသာ ဒဿနိကဌာန၊ ပါဠိစာပေဌာန၊ ဗုဒ္ဓဘာသာသမိုင်းနှင့် ယဉ်ကျေးမှုဌာန၊ သုတေသနဌာန၊ ကွန်ပျူတာဌာန၊ ဘာသာစကားဌာနတို့ ဖွဲ့စည်းထားပြီး အင်္ဂလိပ်စာနှင့် ကွန်ပျူတာ (Level 1/2) ၊မဟာဝိဇ္ဇာတန်း (ပါဠိနှင့်ဗုဒ္ဓစာပေ)နှင့် ပါရဂူတန်း (ပါဠိနှင့်ဗုဒ္ဓစာပေ) တို့အား သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger