www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label အကြမ်းဖက်နှိမ်နင်းရေး. Show all posts
Showing posts with label အကြမ်းဖက်နှိမ်နင်းရေး. Show all posts

Thursday, June 22, 2017

ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများတွေ့ရှိ


လေ့ကျင့်အသုံးပြုသော သေနတ်ပုံစံသစ်သားချောင်းများကိုတွေ့ရစဉ်။

ဖောက်လုပ်ထားသော လူလုပ်လိုဏ်ခေါင်း။

အသုံးပြုသော မျက်နှာဖုံးစွပ်များ။

နေထိုင်သော တဲအိမ်။

သိုလှောင်ထားသော စားဆီပုံးများနှင့် ပဲအိတ်များ။

လက်နက်ပစ္စည်းများ။

နေပြည်တော် ၂၂-၆-၂၀၁၇

ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၂၀ ရက်က သွားရောက်၍ နယ်မြေရှင်းလင်းစဉ် လှိုဏ်ခေါင်းတစ်ခု၊ သေနတ်များ၊ လူနေတဲ/ဂိုဒေါင်များ၊ စားနပ်ရိက္ခာများနှင့် အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ဓားဖြင့်ရန်ပြုသူ တစ်ဦးအား အသေဖမ်းဆီးရမိခဲ့သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်တွင် ကျေးရွာသားများအား ခေါ်ယူကာ ညအချိန်တွင် အကြမ်းဖက်သင်တန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဇွန် ၂၀ ရက် နံနက်ပိုင်းကသိရ၍ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းရာ မသင်္ကာသည့် လူသွားလမ်းကြောင်းများကို တွေ့ရှိရသဖြင့် ၄င်းပတ်ဝန်းကျင်တစ်ဝိုက်အား ရှင်းလင်းရာ တစ်ပေခန့်ရှိ ဒေသန္တရလုပ်သေနတ် ၂ လက်၊ ၉ မမကျည် တစ်တောင့်၊အလျား ပေ ၂၀ ၊ အနံ ၁၀ ပေခန့်ရှိ တဲတစ်လုံး၊ အလျား ပေ ၄၀ အနံ ၁၀ ပေရှိ တဲတစ်လုံး၊ အလျား ပေ ၄၀ အနံ ပေ ၃၀ ရှိ တဲတစ်လုံး၊ အလျား ပေ ၂၀ အနံ ၁၀ ပေ တဲ တစ်လုံး စုစုပေါင်း လူနေတဲ ၅ လုံး၊ ယမ်းပျော့(အညိုရောင်) ၅၀ ကျပ်သား တစ်ထုပ်၊ ယမ်းမှုန့်အနက်ရောင် တစ်ပိသာခန့် တစ်ထုပ်၊ ဆန် ၅ အိတ်၊ ကြက်သွန်နီ တစ်အိတ်၊ အာလူးတစ်ပိသာ၊ သစ်သား သေနတ် အချောင်း ၂၀၊ ပေါက်ပြား ၅ ချောင်း၊ ဂေါ်ပြား ၅ ချောင်း၊ ပေါက်ချွန်း သုံးချောင်း၊ အ၀ါရောင် ၀ါယာကြိုးနှစ်ခွေ(ပေ ၄၀၀ ခန့်)၊ နှစ်ပင်လိမ်ဝါယာကြိုး နှစ်ခွေ (ပေ ၂၀ ခန့်)၊ Bushnell တံဆိပ်ပါ မှန်ပြောင်း တစ်လက်၊ ဂွမ်းစောင် ၆ ထည်၊ အမျိုးသားဝတ်အကျီင်္ ၄၅ ထည်၊ ပုဆိုး ၄၅ ထည်၊ အမျိုးသမီးဝတ်အကျီင်္ အထည် ၂၀၊ မျက်နှာဖုံးစွပ် (အနက်) အထည် ၂၀ တို့ကို တွေ့ရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှင်းလင်းရာ တဲအနီးတွင် အကျယ် ၅ ပေ၊ အမြင့် ၄ ပေခွဲ၊ အရှည်ပေ ၈၀ ခန့်ရှိ လူလုပ် လှိုဏ်ခေါင်းတစ်ခုအား တွေ့ရှိရပြီး ၀င်ရောက်ရှင်းလင်းရာ လှိုဏ်ခေါင်းအတွင်း အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက အရှည်တစ်ပေခွဲခန့်ရှိသည့် ဓားဖြင့် ထွက်ခုတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးမှ ပြန်လည်ခုခံခဲ့သဖြင့် အဆိုပါအမျိုးသားမှာ သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ဇွန် ၂၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထက်ပါလှိုဏ်ခေါင်းအား ၀င်ရောက်ရှင်းလင်းရာ အနက်ရောင်မျက်နှာဖုံးစွပ်ထားသည့် အကြမ်းဖက်သမားတစ်ဦးက ပုန်းကွယ်နေရာမှ ရုတ်တရက် ထွက်လာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုတ်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ရာ ယင်းမျက်နှာဖုံးစွပ်ထားသူအား ထိမှန်၍နေရာတွင်ပင် သေဆုံးခဲ့သည်။ ဆက်လက်ရှင်းလင်းရာ လှိုဏ်ခေါင်း အဆုံးကြမ်းပြင်၌ မြေကြီးများဖုံးအုပ်၍ ပုန်းကွယ်နေသည့် မျက်နှာဖုံးစွပ်တစ်ဦး၏ ဦးခေါင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှ နင်းမိခဲ့ရာ ပြန်လည်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံရှင်းလင်းခဲ့ရာ နေရာတွင်ပင် သေဆုံးခဲ့သည်။

အဆိုပါနေရာအား ဆက်လက်ရှင်းလင်းရာ ကုလားပဲအိတ် ၁၀၀ ခန့်၊ ဆီ ၁၀ ပိသာပုံး ၅ ပုံး ထပ်မံသိမ်းဆည်း ရမိခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်၍ နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မောင်တောဒေသတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ပြည်သူများ စိတ်အေးချမ်းသာစွာ လုပ်ကိုင်သွားလာနေထိုင် စားသောက်နိုင်ရေးအတွက်နိုင်ငံတော်မှ စီမံဆောင်ရွက်နေမှု များကိုမျက်ကွယ်ပြုလျက် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန်ကိုသာ ဦးတည်ရည်ရွယ်၍ လျှို့ဝှက်ကြံစည် ဆောင်ရွက်နေမှုများကို တွေ့ရှိရပါသည်။

ဖြစ်စဉ်များမှာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၄ ရက် မွန်းလွဲပိုင်းကလည်း မောင်ကြီးတောင်ကျေးရွာ၌ အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူ ဂူမူရှူး ၁၉ နှစ်ပါ (၄)ဦးအား လုပ်သေနတ် ၁၃ လက် အပါအ၀င် ဆက်စပ်ပစ္စည်းများ၊ မတ် ၇ ရက်ညနေပိုင်းက ဘူးသီးတောင်မြို့နယ် တင်းပေကျေးရွာအနီး လျိုမြောင်အတွင်း၌ အကြမ်းဖက်သင်တန်းသား မော်လ၀ီအဒူလာမိန်အား ဖမ်းဆီးရမိပြီး လူနေတဲ ၄ လုံးနှင့် လူ့အသုံးအဆောင် ပစ္စည်းများ၊ မေ ၄ ရက် ညနေပိုင်း ကလည်းဘူးသီးတောင်မြို့နယ် သဲနီကျေးရွာ အနောက်ဖက်တောစပ်၌ ပေါက်ကွဲမှုဖြစ်ပွား၍ စာကိုင်းကျေးရွာနေ နိုအာလောင်၂၅ နှစ်ပါ ၂ ဦးသေဆုံးခဲ့ပြီး တောစပ်ပတ်ဝန်းကျင်မှ လက်လုပ်မိုင်း ပြုလုပ်သည့် ယမ်း၊ ကန့်နှင့် ဆက်စပ်ပစ္စည်းများ၊ လူ့အသုံးအဆောင်ပစ္စည်းများ၊ မေ ၂၆ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ် သာဝန်ချောင်းကျေးရွာရှိ မာမတ်ရှော်ဖီ အိမ်ခြံဝင်းအတွင်းမှ အရှည်တစ်ပေခွဲခန့်ရှိ လုပ်သေနတ်(၃) လက်နှင့် ကျည်ဆန်များ၊ မေ ၁ ရက်နေ့ ရက်စွဲဖြင့် လူ (၂၀) ဦးအားလစာငွေထုတ်ပေး ပြီးကြောင်းပြေစာ (၁)စောင်၊ မေ၂၉ ရက် ညတွင် မောင်တောမြို့နယ် လေယာဉ်ကွင်းရွာနှင့် လေယာဉ်ကွင်းချောင်းအနီး မျက်နှာဖုံးစွပ်လျက် ခြုံတောအတွင်း ပုန်းအောင်းနေသည့် သရေကုန်းတန်းအနောက်ရွာနေ အကြမ်းဖက် စစ်သင်တန်းတက်ရောက်ပြီးသူ အဒူရာမန် (၂၇) နှစ်ပါ နှစ်ဦးတို့အား ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ရာ ဘာသာရေးအစွန်းရောက်အဖွဲ့မှ ခေါင်းဆောင်ပါ (၁၂) ဦးတို့သည် ရာအိမ်မှူးနှင့်ဆယ်အိမ်မှူး တို့အားလုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေကြောင်း၊ တစ်ရွာတည်းနေ ဂျော်ဒီဟူဆောင်း နေအိမ်၌စစ်သင်တန်းများ သင်ကြားပေးခြင်း၊ သိုင်းသင်တန်းသင်ခြင်း၊ ကျေးရွာသူကျေးရွာသား များအားအကြမ်းဖက် သင်တန်းများတက်စေရန် စည်းရုံးခြင်း၊ဖူတူးယာ (ခ)အေနာတူလာပါ (၁၂) ဦးအားလက်နက်ဖြင့် လေ့ကျင့်ပေးခြင်း၊ ကျေးရွာအမာခံလူငယ်များအား (၅) လကြာသင်တန်းပေးလျက်ရှိကြောင်း၊ တစ်ဦးလျှင် လစာငွေ(၂) သိန်းပေးကြောင်း၊ သင်တန်းဆရာ ဟာဘတ်မာတောရ်လာအား ပြည်ပနိုင်ငံအချို့မှ ငွေများပို့ပေးကြောင်း၊ မေ ၃၁ ရက် ညနေပိုင်းက ချောင်းကုလားမြောက်ရွာ နေအိမ်တစ်လုံးမှ စကားပြောစက် အလုံး (၄၀)နှင့် ဆက်စပ်ပစ္စည်းများ၊ ဇွန် ၁၅ ရက်ညပိုင်းတွင် ဘူးသီးတောင်မြို့နယ် သေကံရွာ၌ အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူ ကျောက်လှပြင်ကျေးရွာနေ ကာဒိလ်ဟူဆောင်း(၃၀) နှစ်အားတွေ့ရှိ၍ ဖမ်းဆီးခေါ်ယူ စစ်ဆေးခဲ့သည်။

ဖမ်းဆီးထားသည့် ကာဒိလ်ဟူဆောင်းအား စစ်ဆေးမေးမြန်းခဲ့ရာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် လက်ဝဲဒက်ပြင် ရှည်ရွာဥက္ကဋ္ဌ ဒီမာမောက်နေအိမ်အား ဓားပြတိုက်ရာ၌ ပါဝင်ခဲ့၍ထောင်ဒဏ်(၇)နှစ်ကျခံခဲ့ပြီး ၂၀၁၆ အောက်တိုဘာ ၂ ရက်နေ့တွင် ဘူးသီးတောင်အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ကြောင်း၊ ၂၀၁၇ ဧပြီ ၂ ရက်မှမေ ၁၄ ရက်နေ့ထိ မေယုတောင်၏ အနောက်ဘက်ခြမ်း တောင်အလယ်ခန့်တွင် တောင်နံရံအားထွင်း၍ ပေ (၁၁၀)ခန့်အကျယ်ရှိသည့် လှိုဏ်ခေါင်း (၁)ခုနှင့် ရှေ့မျက်နှာတွင် ပေ (၂၀၀) ပတ်လည်ခန့် မြေပြင်၌အကြမ်းဖက် သင်တန်းအား ကျောက်လှပြင်ကျေးရွာနေ ၄င်းနှင့်နိုရာမောက် (ဘ)အာလီယာဘော်တို့ပါ (၅)ဦး အပါအ၀င်အင်အား (၁၀၀) ဦးခန့် တက် ရောက်ခဲ့ကြောင်း၊ နည်းပြအဖြစ် မောင်တောမြို့နယ် ဟန်ဒက်ရွာနေ မော်လ၀ီအီလီယာစ် ဦးဆောင်၍သင်တန်းသား (၁၀၀)ဦးခန့်အား ကရာတေးတိုက်ခိုက်နည်း ပညာများနှင့် လက်နက်ငယ် ပစ်ခတ်နည်း (သေနတ်အစားတုတ် ဖြင့်) သင်ကြားပေးကြောင်း၊ သင်တန်းချိန်အား နံနက် ၆ နာရီမှ ၉ နာရီထိ၊ ညနေ ၃ နာရီမှ ၅ နာရီ အထိဖြစ်ကြောင်း၊ သင်တန်းဆင်းပွဲတွင် အကြမ်းဖက်သင်တန်းပေးသည့် ကိစ္စရပ်များအား လျှို့ဝှက်ထားရန် ကုရ်အာကျမ်းကိုင်ပြီး သစ္စာဆိုခဲ့ကြောင်း၊ မော်လ၀ီအီလီယာစ်မှ ၄င်းတို့အားတောထဲတွင် လှုပ်ရှားနေထိုင်ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သင်တန်းဆက်လက် တက်ရောက်ရမည် ဖြစ်ကြောင်း၊ မော်လ၀ီအီလီယာစ်ပါ (၅)ဦးမှ ကျေးရွာတွင်မိသားစုများ ရှိသဖြင့် ခေတ္တသွားရောက်ရန် ခွင့်တောင်းရာကျေးရွာတွင် လူသစ်စုဆောင်းရန်နှင့် ပြန်လာလျှင်တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်စီယူဆောင်ခဲ့ရန် မှာကြားခဲ့ကြောင်း၊ ကျေးရွာတွင်နေထိုင်စဉ် လူငယ်များအား အကြမ်းဖက်သင်တန်း တက်ရောက်ရန် စည်းရုံးလျက်ရှိရာ လူသစ်မရရှိသေးဘဲ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဇွန် ၂၀ ရက်နံနက် ၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည်သတင်းအရ ကျွန်းဂေါင်းကျေးရွာအား ၀င်ရောက်ရှင်းလင်းရာ Arakan Rohigya Salvation Army-ARSA အဖွဲ့၏ဘဏ္ဍာရေးတာဝန်ခံ မော်လ၀ီဂျီရာဘူရာမန်အား နေအိမ်၌ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကို Aqua Mul Mujahidin- AMM အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းအဖွဲ့အပြင် Rohingya National Security Committee -RNSA အဖွဲ့လည်းရှိကြောင်း သိရသည်။ အဆိုပါအဖွဲ့နှစ်ဖွဲ့ပေါင်း၍ Arakan Rohigya SalvationArmy-ARSA အဖွဲ့အဖြစ် ၂၀၁၇ ခုနှစ်မတ် ၁၅ ရက်တွင် စတင်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်းသိရပြီး စစ်ရေးတာဝန်ခံမှာ AquaMul Mujahidin- AMM အဖွဲ့မှ ဟာဗစ်ဒူဟာဖြစ်ကြောင်း သိရသည်။

မောင်တောဒေသအတွင်း အကြမ်းဖက်နည်းဖြင့် ခြိမ်းခြောက်ကာ သြဇာလွှမ်းမိုးထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ကျေးရွာဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် စာကြည့်တိုက်မှူး အပါအ၀င်အပြစ်မဲ့ပြည်သူ ၃၄ ဦးတို့အား နည်းမျိုးစုံဖြင့်သတ်ဖြတ် ခြင်း၊ အပြစ်မဲ့ပြည်သူ ၂၂ ဦးအားဖမ်းဆီးခေါ်ဆောင် သွားခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်း ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Friday, June 9, 2017

မူဆယ်မြို့နယ်အတွင်း ဒေသန္တရလုပ်မိုင်းများ သိမ်းဆည်းရမိ


သိမ်းဆည်းရမိ ဒေသန္တရလုပ်မိုင်းများ ကိုတွေ့ရစဉ်။

နေပြည်တော် ၉-၆-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လမ်းလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော် စစ်ကြောင်းသည် ယနေ့နံနက် ၉ နာရီခန့်တွင် မော်တောင်းကျေးရွာ၏ တောင်ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ ကားလမ်းမှ အမျိုးသားသုံးဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား မသင်္ကာသဖြင့်ရပ်တန့် စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ ဆိုင်ကယ်အားထား၍ အနောက်ဘက်သို့ ထွက်ပြေး သွားခဲ့သည်။

အဆိုပါဆိုင်ကယ်အား သွားရောက်စစ်ဆေးရာ ဆိုင်ကယ်ရှေ့ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဟန်းကော ချိုင့်များအတွင်း ထည့်သွင်းပြုလုပ်ထားသည့် ဒေသန္တရလုပ် လျှပ်စစ်ဒီတိုနေတာ အပေါက်နှစ်ခုပါ မိုင်းလေးလုံး ကိုတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

သိမ်းဆည်းရမိ မိုင်းများအား လုပ်ထုံးလုပ်နည်းနှင့် အညီဖောက်ခွဲဖျက်ဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Thursday, June 8, 2017

ကြူကုတ်မြို့အနီး၌ လက်ပစ်ဗုံးနှင့်မိုင်းများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ၊ ပုံမှန်အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တန်းအား အကြမ်းဖက်သောင်းကျန်းသူများက အဝေးထိန်းစနစ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်



သိမ်းဆည်းရမိ ဆိုင်ကယ်တူးဘောက်အတွင်းမှ လက်ပစ်ဗုံးသုံးလုံးနှင့် နင်းမိုင်းအသေးသုံးလုံးကိုတွေ့ရစဉ်။

မိုင်းစထိမှန်ခဲ့သည့် အုပ်ချုပ်မှုယာဉ်တန်းမှ မော်တော်ယာဉ်တစ်စီးကိုတွေ့ရစဉ်။

နေပြည်တော် ၈-၆-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကြူကုတ်မြို့အနီး တပ်မတော်သားများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဇွန် ၆ ရက် ည ၁ဝ နာရီခန့်တွင် ကြူကုတ်မြို့၏ တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် နမ့်တောင်းဘက်မှ အမျိုးသားနှစ်ဦးအရှိန် ပြင်းထန်စွာမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်စေရာ ရပ်တန့်ခြင်းမရှိဘဲ စစ်ဆေးသည့် တပ်မတော်သားတစ်ဦးအား ပွတ်တိုက်၍ မြို့အတွင်းသို့ မောင်းနှင်ထွက်ပြေးသဖြင့် လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရသည်။

ဖြစ်စဉ်တွင် မော်တော်ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှာ မော်တော်ဆိုင်ကယ်အား နေရာတွင်ပင်ထားရှိကာ မြို့တွင်းသို့ထွက်ပြေးသွားခဲ့သည်။ အဆိုပါသေဆုံးသူထံမှ ကင်တိုဓားရှည်တစ်ချောင်း ကိုတွေ့ရှိရပြီး ဆိုင်ကယ်တူးဘောက် အတွင်းမှလက်ပစ်ဗုံး သုံးလုံးနှင့် နင်းမိုင်းအသေး သုံးလုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကာ ထွက်ပြေးသွားသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇွန် ၆ ရက် ည ၁၂ နာရီ မိနစ် ၄ဝ ခန့်က ကြူကုတ်မြို့၏အရှေ့ဘက်မီတာ၂၃ဝဝ ခန့်အကွာရှိ နမ့်ဟူးရွာအနီးတွင် ပုံမှန်အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တန်းအား အကြမ်းဖက် သောင်းကျန်းသူများက လမ်း၏ညာဘက်ပေ ၅ဝ ခန့်အကွာမှ အဝေးထိန်းစနစ် မိုင်းနှစ်လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အုပ်ချုပ်မှုယာဉ်တန်းမှ မော်တော်ယာဉ်တစ်စီး ရှေ့လေကာမှန် မိုင်းစထိမှန် ပျက်စီးခဲ့သည်။

အဆိုပါမိုင်းဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်နှင့် အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, February 7, 2017

ကော့သောင်းမြို့ နှင့် ခမောက်ကြီးမြို့ အတွင်းဘင်္ဂါလီလူမျိုးများ ဖမ်းဆီးရမိ


ဖမ်းဆီးရမိဘင်္ဂါလီများကို တွေ့ရစဉ်

နေပြည်တော် ၊ ၇-၂-၂၀၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်အနီး၌ မသင်္ကာဖွယ်ဘင်္ဂါလီနှစ်ဦး တွေ့ရှိကြောင်း သတင်းအရ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီခန့်တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ရှာဖွေရာ ရွှေပြည်သာ ရပ်ကွက်၏ အနောက်ဘက် ၄ ဖာလုံခန့် အကွာ၌ တစ်ဖက်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂါလီလူမျိုး မာစတ်ဆာဒတ် (ဘ) အာအက်ဆီဒိတ် နှင့် မာမတ်ကော်ယုပ် (ဘ) မာမတ်ဆလန်း တို့နှစ်ဦးအား ဖမ်းဆီးရမိ ခဲ့သည်။

အလားတူ ညနေ ၄ နာရီခန့်တွင်လည်း ခမောက်ကြီးမြို့နယ်၊ အောင်ဘကျေးရွာ ၏ အရှေ့ဘက် ၈ မိုင်ခန့်အကွာ၌ တစ်ဖက်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂါလီလူမျိုး မိုဟာမတ်ရိုးမားမြက် (ဘ) မိုဟာမတ်ဗဒူကော်ဘီ အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ ဘင်္ဂါလီများအား တရားဥပဒေ အရ အရေးယူနိုင်ရေး ရွှေပြည်သာမြို့မရဲစခန်းနှင့် ခမောက်ကြီး ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Wednesday, January 25, 2017

မောင်တောမြို့နယ်အတွင်း အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်တွင်ပါဝင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဘင်္ဂါလီတစ်ဦး ဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၅-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ကျေးရွာ တာဝန်ရှိသူများ နှင့်အတူ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုဖြစ်စဉ် များတွင် ပါဝင်ပတ်သက် ခဲ့သူများကို ဖော်ထုတ် စစ်ဆေးလျက် ရှိရာ ယမန်နေ့နံနက် ၇ နာရီခန့်တွင် သတင်းအရ ငါးခူရအလယ်ရွာ လမ်းဆုံ၌ စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ် ဘင်္ဂါလီတစ်ဦး တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေး မေးမြန်းခဲ့ရာ ၄င်းသည် ငါးခူရအလယ်ရွာ နေ ရှာကေမူဟာမတ် (ဘ) လာလူးကုန်မနီ ဆိုသူဖြစ်ကြောင်း၊ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ခဲ့သူ ဖြစ်ကြောင်းနှင့် ထွက်ပြေး တိမ်းရှောင်နေသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖမ်းဆီး ရမိသူအား ငါးခူရနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ပြီး တရားဥပဒေ နှင့်အညီ အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Monday, January 23, 2017

KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ဒုတိယတိုက်နယ်မှူး အဆင့်ရှိသူတစ်ဦး ဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၃-၁-၂၀၁၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ဒေသ၊ မိုင်းနောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း သို့ ဇန်နဝါရီ ၂ဝ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် KIA တပ်ရင်း(၂၆)မှ ဒုတိယတိုက်နယ်မှူး အဆင့် ရှိ နော်ခွန်း (ဘ) ဦးလနန်လ ရောက်ရှိနေကြောင်း သတင်း ရရှိသဖြင့် နယ်မြေခံ စစ်ကြောင်းမှ တပ်မတော်သား များနှင့် တာဝန်သိ ပြည်သူများက မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပူးပေါင်းဖမ်းဆီး ခဲ့ရာ မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

စစ်ဆေးမေးမြန်းမှု များအရ ၄င်းသည် KIA လော့ခွန်တိုက်နယ် မှ ဒုတိယတိုက်နယ်မှူး အဆင့်ရှိသူ ဖြစ်ကြောင်းနှင့် မိုင်းနောင်ကျေးရွာ၊ စုစည်းရပ်ကွက်ရှိ ခေါင်ဇယ်၏ နေအိမ်၌ အခြေပြုလှုပ်ရှား နေကြောင်း သိရှိရသဖြင့် ညနေ ၃ နာရီခန့်တွင် နယ်မြေခံ တပ်မတော် စစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ခေါင်ဇယ်၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၄င်းနေအိမ်ရှိ နော်ခွန်း နေထိုင်သည့် အိပ်ခန်းအတွင်းမှ Drone တစ်စင်းနှင့် လက်တော့ပ် ကွန်ပျူတာတစ်လုံး (မကောင်း) တို့အား ရှာဖွေ သိမ်းဆည်းရမိ ခဲ့သည်။

သိမ်းဆည်းရမိ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ သူအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Monday, January 16, 2017

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူ ဘင်္ဂါလီ ၅ ဦးဖမ်းဆီးရမိ




နေပြည်တော် ၊ ၁၆-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင် ပတ်သက်ခဲ့သူ များကို ဖော်ထုတ် စစ်ဆေးလျက် ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ခဲ့ပြီး တိမ်းရှောင်နေသော ငါးခူရ (အလယ်ရွာ)နေ အီနု(ဘ) နာဒူဟူဆောင်း ကိုလည်းကောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် ငါးရံ့ချောင်း ကျေးရွာနေ ဆွေဒူလာမီ (ဘ) အဗ္ဗဒူလာ၊ မာမွတ်ကာဆင်း (ဘ) ဇော်လာမောက်၊ ရှူဟတ်(ဘ) မူဇင်မေ နှင့် ညနေ ၄ နာရီခွဲခန့်တွင် ပဒါးကား ကျေးရွာနေ မာမတ်အီဒရစ် (ဘ) အဒူမာလစ်တို့ အားလည်းကောင်း စုစုပေါင်း ငါးဦး ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူ များ၏ ထွက်ဆိုချက်များ အရ ၄င်းတို့သည် ငါးခူရနှင့် ကျီးကန်းပြင် အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ခဲ့ကြောင်း၊ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် ငွေကြေး ထောက်ပံ့၍ လူအင်အား စုဆောင်းပေး ခဲ့သူများ ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် တိမ်းရှောင်နေရာမှ ၄င်းတို့၏ ကျေးရွာများသို့ ပြန်လည် ဝင်ရောက် နေထိုင်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိ ဘင်္ဂါလီများအား တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ များက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ 

Friday, January 13, 2017

ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူ ဘင်္ဂါလီများအား ထပ်မံဖမ်းဆီးရမိ



နေပြည်တော်၊ ၁၃-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်အား အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများအား စိစစ်ဖော်ထုတ်လျက်ရှိရာ သတင်းအရ ငါးရံ့ချောင်းကျေးရွာသို့ သွားရောက်ရှင်းလင်းစဉ် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အဘူဆူဖရင်(ဘ) ဟာမက်အာမတ်၊ ဘူရှား (ဘ) အဘူဆူဖရင် နှင့် မာညက်(ဘ) အဒူမတာလိတ် တို့ကို ၎င်းတို့၏ နေအိမ်များ၌ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူ များအား စစ်ဆေး မေးမြန်းချက်အရ ၎င်းတို့ ၃ ဦးသည် ကျီးကန်းပြင် နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်အား အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီးနောက် ပြင်ခေါင်း တောင်ကျော်လမ်း မှတစ်ဆင့် ငါးရံ့ချောင်း ကျေးရွာသို့ ပြန်လည် ရောက်ရှိကာ တောင်ပဇာ နယ်မြေအတွင်း ရှိ တပ်မတော်နှင့် ရဲစခန်းများ၏ အခြေအနေ များအား စုံစမ်းနေခြင်း ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိ ဘင်္ဂါလီများအား တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ ဥပဒေနှင့်အညီ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည် ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Wednesday, November 30, 2016

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ခိုးထွက်ရန် ကြိုးစားသူ ၁၀ ဦး ဖမ်းဆီးရမိ


နေပြည်တော် ၊ ၃၀-၁၁-၂၀၁၆

မောင်တောမြို့နယ်ရှိ နယ်စပ် ခြံစည်းရိုး အနီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ခိုးထွက်ရန် ကြိုးစားသူ ၁ဝ ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ယမန်နေ့ ညပိုင်းတွင် ဖမ်းဆီး ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ယမန်နေ့ ည ၁၂ နာရီခန့်က မောင်တော မြို့နယ် ရေတွင်းကျွန်း ကျေးရွာ အနောက်ဘက်ရှိ နယ်စပ်ခြံစည်းရိုး အနီးတွင် မသင်္ကာဖွယ်ရာ ဓာတ်မီးရောင်များ တွေ့ရှိ၍ သွားရောက် ရှင်းလင်းခဲ့ရာ ရေတွင်းကျွန်း ကျေးရွာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ခိုးထွက်ရန် ကြိုးစားနေသူ ၁ဝ ဦးအား ဖမ်းဆီးရမိ သဖြင့် ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Tuesday, November 29, 2016

မောင်တောမြို့နယ် အကြမ်းဖက်တိုက်ခိုက်မှုများ နှင့် ဆက်စပ်ဖြစ်စဉ်များတွင် ပါဝင်ခဲ့သည်ဟု ယူဆရသည့် မသင်္ကာသူ ၄ ဦးဖမ်းဆီးရမိ


အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်စဉ်များတွင် ပါဝင်ခဲ့သည်ဟု ယူဆရသည့် 
မသင်္ကာသူများကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၉-၁၁-၂၀၁၆

မောင်တောမြို့နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များတွင် ပါဝင်ပတ်သက် နိုင်သည့် မသင်္ကာသူ လေးဦးအား နိုဝင်ဘာ ၂၆ ရက် နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိပြီး ဝါးပိတ်ကျေးရွာနှင့် သက္ကယ်ပြင် ကျေးရွာ အကြားမှ အလောင်း တစ်လောင်းတွေ့ရှိ ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

မောင်တောမြို့နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များနှင့် ဆက်စပ်ဖြစ်စဉ် များတွင် ပါဝင်ပတ်သက် နိုင်သည့် မသင်္ကာသူ များဖြစ်ကြသော ဝါးပိတ်ကျေးရွာနေ ဆွေတာမောက် ၅၈ နှစ်၊ ဆွေယော့ဟူဆောင်း ၆၅ နှစ်၊ ဆာလီအာမွတ် ၅၁ နှစ် ပေါင်းသုံးဦးအား နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲက ဝါးပိတ် ကျေးရွာအနီးမှ လည်းကောင်း၊ ရွှေဇားအလယ်ရွာ နေ ဟူဆိန်းအားမက် ၃၂ နှစ်အား နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မောင်တော မြို့မဈေး အတွင်းမှ လည်းကောင်း စုစုပေါင်း လေးဦးကို ဖမ်းဆီးရမိ ခဲ့ကြောင်း၊ ဖမ်းဆီးရမိသူ များအား တရားဥပဒေ နှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် မောင်တောမြို့နယ် ဝါးပိတ်ကျေးရွာ အနီး နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ဝါးပိတ်ကျေးရွာနှင့် သက္ကယ်ပြင် ကျေးရွာအကြား၌ အင်္ကျီ တီရှပ်နီညို၊ ပုဆိုးအနက်ရောင် ဝတ်ဆင်ထား သော အမည်၊ အသက်၊ နေရပ်လိပ်စာ စိစစ်ဆဲ အမျိုးသား တစ်ဦး၏ အလောင်း တစ်လောင်း တွေ့ရှိ၍ စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာများ မရှိဘဲ အအေးမိ၍ သေဆုံးနေသည့် လက္ခဏာ တွေ့ရှိရသဖြင့် မောင်တော ဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်၍ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နိုင်သည့် မသင်္ကာသူ ၁၁ ဦး ဖမ်းဆီးရမိ


အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နိုင်သည့် မသင်္ကာသူများကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၉-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း အောက်တိုဘာ ၉ ရက် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်နှင့် နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် နိုင်သည့် မသင်္ကာသူ ၁၁ ဦးအား နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် မောင်တော မြို့နယ်ရှိ ကျေးရွာတို့မှ ဖမ်းဆီးရမိ ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင် များသည် မောင်တောမြို့နယ် အတွင်း နယ်မြေ ရှင်းလင်းစဉ် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက် နိုင်သည့် မသင်္ကာသူများ ဖြစ်ကြသော မျောချောင်းကျေးရွာမှ တစ်ဦးအား နိုဝင်ဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီတွင် လည်းကောင်း၊ ဝါးပိတ်ကျေးရွာ မှနှစ်ဦး၊ မျောတောင် ကျေးရွာ၊ ရွက်ညိုတောင် ကျေးရွာ၊ ဗောဓိပြင် ကျေးရွာ၊ ဇင်ပိုင်ညာ ကျေးရွာနှင့် သူဦးလာကျေးရွာ တို့ မှ တစ်ဦးစီဖြင့် ပေါင်းငါးဦးအား နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်း က လည်းကောင်း၊ ရွှေဇားအလယ် ကျေးရွာမှ တစ်ဦးအား နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက လည်းကောင်း၊ မဲတီကျေးရွာမှ နှစ်ဦးအား နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက လည်းကောင်း စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းဆီးရမိသူ များအား လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက် အရေးယူနိုင်ရန် သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Friday, November 25, 2016

ကျီးကန်းပြင် နယ်ခြားစောင့်ရဲဌာနချုပ် အား အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ ၁၃ ဦး ထပ်မံဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၅-၁၁-၂၀၁၆

အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်) ကို အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယရှိသူ ၁၃ ဦးအား ယမန်နေ့ နံနက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝါးပိတ်ကျေးရွာ နှင့် ဦးရှည်ကျ ကျေးရွာတို့မှ ဖမ်းဆီးရမိ ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန် ထားသည်။

မောင်တောမြို့နယ် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကျီးကန်းပြင် ရဲစခန်းအား အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယရှိသူ ဝါးပိတ်ကျေးရွာမှ အီနုနှင့်အာယု တို့အား ယမန်နေ့နံနက် ၇ နာရီခန့်တွင် လည်းကောင်း၊ ဦးရှည်ကျ ကျေးရွာမှ ရှားအာလောင် အပါအဝင် ၁၁ ဦးအား နံနက် ၈ နာရီခွဲခန့်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီး ရမိသူများအား သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ သို့လွှဲပြောင်း ပေးအပ်ပြီး လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Wednesday, November 23, 2016

ဘူးသီးတောင်မြို့နယ်၌ မသင်္ကာသူရွာသား ၁၀ ဦးဖမ်းဆီးရမိ ၊ မောင်တောမြို့နယ် နှာခေါင်းတိုရဲကင်းစခန်းအနီး လူတစ်စုချဉ်းကပ်လာ၍ ပစ်ခတ်ရှင်းလင်းခဲ့


နေပြည်တော် ၊ ၂၃-၁၁-၂၀၁၆

ဘူးသီးတောင်မြို့နယ်၌ မသင်္ကာသူ ရွာသား ၁ဝ ဦးဖမ်းဆီးရမိပြီး မောင်တောမြို့နယ် နှာခေါင်းတို ရဲကင်းစခန်း အနီး လူတစ်စု ချဉ်းကပ်လာ၍ ပစ်ခတ်ရှင်းလင်း ခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန် ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။ 

မောင်တောမြို့နယ် နယ်မြေ(၈) နှာခေါင်းတို နယ်ခြားစောင့် ရဲကင်းစခန်း ခြံစည်းရိုးအနီးသို့ ယမန်နေ့နံနက် ၁၂ နာရီ မိနစ် ၅ဝ ခန့်တွင် မသင်္ကာဖွယ် လူအုပ်စုတစ်စု ချဉ်းကပ်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ်ခဲ့ရာ ဆုတ်ခွာသွားပြီး နံနက်ပိုင်းတွင် စခန်းဝန်းကျင်အနီး ရှင်းလင်းစဉ် ရင်ဘတ် ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးနေသူ တစ်ဦးအား တွေ့ရှိရသည်။

ထို့ပြင် ဘူးသီးတောင် မြို့နယ် သေကံကျေးရွာ အတွင်း အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ဝင်ရောက် ရှင်းလင်းရာ အကြမ်းဖက် တိုက်ခိုက်မှုတွင် ဆက်စပ် ပါဝင်သည်ဟု သံသယရှိသည့် အဒူကာဒီ ၆၁ နှစ်(ဘ) အဒူဂေါဖောရ် အပါအဝင် ၁ဝ ဦးအား ဖမ်းဆီးရမိခဲ့သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

Tuesday, November 22, 2016

မသင်္ကာဖွယ်တစ်ဦးအား ဖမ်းမိစစ်ဆေးရာမှ မိုင်းဖောက်ခွဲသည့် ဖြစ်စဉ်တွင် ၄င်းကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ကြောင်း ၀န်ခံထွက်ဆို


မာမွတ်ကာစီ (ဘ) မာမွတ်ဒူဆောင်း

နေပြည်တော် ၊ ၂၂-၁၁-၂၀၁၆

နိုဝင်ဘာ ၁၂ ရက်တွင် အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ (ကျီးကန်းပြင်) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား မော်တော်ယာဉ် သုံးစီးဖြင့် ငါးခူရ စခန်းသို့ ပို့ဆောင်စဉ် နံနက် ၁ဝ နာရီ ၅၅ မိနစ်တွင် မောင်တောမြို့နယ်၊ မောင်နှစ်မ (တောင်)ရွာ အဝင် ဘေလီတံတား အမှတ် (၃၈)သို့ အရောက် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများမှ လက်လုပ်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲပြီး လက်နက်ငယ် များဖြင့် ပစ်ခတ်မှုကြောင့် မော်တော်ယာဉ် တစ်စီး၏ နောက်ပိုင်း ပျက်စီးခဲ့သည့် သတင်းအား နိုဝင်ဘာလ ၁၃ ရက်ထုတ် မြဝတီသတင်းစာ ၌ လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်ည ၁၁ နာရီခွဲခန့်တွင် မောင်တောမြို့နယ်၊ အောင်မင်္ဂလာ (ရခိုင်) ကျေးရွာအတွင်း မသင်္ကာဖွယ် မာမွတ်ကာစီ (ဘ) မာမွတ်ဒူဆောင်း ရောက်ရှိ လာသဖြင့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိသည့် သတင်းအား နိုဝင်ဘာလ ၁၆ ရက်ထုတ် မြဝတီသတင်းစာ ၌လည်းကောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါ ဖမ်းဆီးရမိ သင်္ကာမကင်း မာမွတ်ကာစီ (ဘ) မာမွတ်ဒူဆောင်း အား ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ- ၁၄၄ ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့်အား ဖောက်ဖျက် ကျူးလွန် သဖြင့် အရေးယူနိုင်ရေး စစ်ဆေးမေးမြန်း စဉ် ထွက်ဆိုချက် များအရ နိုဝင်ဘာ ၁၁ ရက်က မာမွတ်ကာစီ နှင့် လေးဦး တို့သည် မောင်နှစ်မ (တောင်) ရွာအဝင် ဘေလီတံတား အမှတ်(၃၈) အနီးတွင် ကျင်းတူး၍ မိုင်းတစ်လုံး မြှုပ်နှံခဲ့ပြီး သံကြိုးဖြင့်ဆွဲ၍ လယ်ကွင်းပြင်၌ သံကြိုးအား ထားခဲ့ကြောင်း၊ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ၄င်းနှင့် အခြားဘင်္ဂါလီ တစ်ဦးတို့သည် မိုင်းဖောက်ခွဲရန် လယ်ကွင်း၌ စောင့်ဆိုင်းနေစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားသုံးစီး ဖြတ်သန်း လာသဖြင့် သံကြိုးအား ဆွဲ၍ မိုင်းဖောက်ခွဲခဲ့ပြီး ၄င်းတို့နှစ်ဦးမှာ ကျေးရွာသို့ ပြန်လာခဲ့ကြောင်း ဝန်ခံထွက်ဆို သဖြင့် ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းနှင့် ကွင်းဆက် တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Monday, November 21, 2016

အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ကြောင်း သံသယရှိသူများ ထပ်မံဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၁-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင် ပတ်သက်ကြောင်း သံသယရှိသူ ၆ဝ ဦးအား ကြက်ရိုးပြင် ကျေးရွာအတွင်းမှ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန် ထားသည်။

အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှု အောက်ရှိ ငါးခူရ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် နယ်မြေ ရှင်းလင်းစဉ် ယမန်နေ့ ညနေ ၄ နာရီခန့်က မောင်တောမြို့နယ် ကြက်ရိုးပြင် ကျေးရွာအတွင်း မှ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင် ပတ်သက်ကြောင်း သံသယရှိသူ ၆ဝ ဦးအား ထပ်မံဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း အကြမ်းဖက် စီးနင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်များကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ကနယ်မြေ ရှင်းလင်းစဉ် အောက်တိုဘာ ၁၁ ရက်တွင် ကြက်ရိုးပြင် ကျေးရွာ၊ လောင်းတုံ ကျေးရွာနှင့် ပြောင်ပိုက် ကျေးရွာတို့ အနီးပတ် ဝန်းကျင်၌ အကြမ်းဖက် တိုက်ခိုက်ခံရမှု ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်ငါးဦး ကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန် ထားပြီးဖြစ်ရာ အဆိုပါ ဖြစ်စဉ်များနှင့် ပါဝင် ပတ်သက်သူ များအား ဖော်ထုတ်ဖမ်းဆီး ရမိခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

မောင်တောမြို့နယ် ငန်းချောင်းကျေးရွာ၌ မသင်္ကာသူ ၃၃ ဦး ဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၁-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်များကြောင့် တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နယ်မြေ ရှင်းလင်းလျက် ရှိရာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ မောင်တောမြို့နယ် ငန်းချောင်းကျေးရွာ တွင် မသင်္ကာသူ ၃၃ ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ မှ ထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးရမိသူ များမှာ နိုဝင်ဘာ ၁၂ ရက်က မယင်းချောင်း ကျေးရွာတွင် ထိတွေ့မှု ဖြစ်ပွားစဉ် ပါဝင်ခဲ့ကြပြီး တိမ်းရှောင် သွားသည့် မသင်္ကာသူများ ဖြစ်ကြောင်း၊ ၄င်းတို့မှာ ဖားဝပ်ချောင်း ကျေးရွာနေ အော်လီ
ဟူးဆောင် (ဘ) အာမိရ် အပါအဝင် ခုနစ်ဦး၊ မျောတောင် ကျေးရွာမှ ကိုးဦးနှင့် ပွင့်ဖြူချောင်း ကျေးရွာမှ ၁၇ ဦး စုစုပေါင်း ၃၃ ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Friday, November 18, 2016

မောင်တောမြို့နယ်တွင် အကြမ်းဖက် မသင်္ကာသူ ၅၉ ဦး ထပ်မံဖမ်းဆီးရမိt



နေပြည်တော် ၊ ၁၈-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျားခေါင်းတောင် ကျေးရွာ၊ ဂွဆုံကျေးရွာ နှင့် ဒါးကြီးဇားကျေးရွာ တို့သို့ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး တစ်ဦး ဦးဆောင်သည့် အဖွဲ့ သည် ယမန်နေ့ နံနက် ၁ဝ နာရီက ဝင်ရောက် ရှင်းလင်းရာ အကြမ်းဖက် သမားဟု ယူဆရသော မသင်္ကာသူ ၅၉ ဦးအား ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ မသင်္ကာသူ ၅၉ ဦးမှာ ဂွဆုံကျေးရွာနေ ရှော်ရှီးတာမောက် ၅၂ နှစ်(ဘ)အာဘီ အပါအဝင် ဂွဆုံကျေးရွာမှ ၂၁ ဦး၊ ကျားခေါင်းတောင် ကျေးရွာမှ ကိုးဦး တို့အား ညနေ ၅ နာရီ ၃၅ မိနစ်တွင် အမှတ်(၃) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး တွင်လည်းကောင်း၊ ဂွဆုံကျေးရွာနေ ကျပန်းလုပ်ငန်း လုပ်ကိုင်သည့် ဟာမတ်ဒူလာ ၁၅ နှစ် (ဘ) နုလာရာလ်လောင် အပါအဝင် ဂွဆုံကျေးရွာမှ ၁၅ ဦး၊ ကျားခေါင်း တောင်ကျေးရွာမှ ၁၂ ဦး၊ ဒါးကြီးဇားကျေး ရွာမှ တစ်ဦး၊ ဦးဆိန်ကျ ကျေးရွာမှ တစ်ဦးတို့ အား ညနေ ၅ နာရီ ၄၅ မိနစ်တွင် အမှတ် (၄) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးတွင် လည်းကောင်း ခေတ္တ ထိန်းသိမ်းပြီး လိုအပ်သည်များ စိစစ် ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Thursday, November 17, 2016

ပူးပေါင်းပါဝင်မှု လိုအပ်သော အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းစဉ်


ပူးပေါင်းပါဝင်မှု လိုအပ်သော အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းစဉ်

မောင်သောင်းဝင်း (တမန်ဟောင်း)

၂၁ ရာစုသို့ ချင်းနင်းဝင်ရောက် လာကတည်းက ကမ္ဘာကြီးသည် အေးချမ်းသာယာမှု တဖြည်းဖြည်း ဆိတ်သုဉ်း လာခဲ့သည်။ နည်းပညာ တိုးတက်မှုသည် ကောင်းမွန်သော်လည်း ထိုနည်းပညာကို တလွဲ အသုံးချ နေသူများနှင့် အစွန်းရောက် သူများကြောင့် အပြစ်မဲ့ ပြည်သူများ ရတက်မအေး ဖြစ်နေကြ ရသည်။ အထူးသဖြင့် ဆန်းသစ်သော လက်နက်များ တီထွင်ထုတ်လုပ် ပြီးနောက် စမ်းသပ်ပစ်ခတ် အင်အားပြ နေကြခြင်း သည်လည်း ငြိမ်းချမ်းစွာ နေထိုင်လိုသော နိုင်ငံများနှင့် ပြည်သူများကို ခြိမ်းခြောက်မှု တစ်ရပ်လို ဖြစ်လာသည်။

အစွန်းရောက် အကြမ်းဖက်သမားများ လက်ဝယ်သို့ ဖျက်စွမ်းအား ကြီးမားသော ဓာတုဇီဝ လက်နက်များ ရောက်ရှိသွားမည် ဆိုလျှင် ကမ္ဘာပေါ်ရှိ အပြစ်မဲ့ပြည်သူ များသည် နေ့စဉ်ဘဝကို သည်းထိတ်ရင်ဖို ဖြတ်သန်းရှင်သန် နေကြရမည် ဖြစ်သည်။ တချို့သော အင်အားကြီးနိုင်ငံ များ၏ လက်နက် အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချ နေမှုများ သည်လည်း ကမ္ဘာကြီး မအေးချမ်း ရခြင်း၏ အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်နေပါသည်။

၂ဝဝ၁ ခုနှစ် စက်တင်ဘာလ တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန မျှော်စင် ညီနောင်အား အကြမ်းဖက် သမားများ၏ အသေခံ တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ကတည်းက ကမ္ဘာကြီးသည် လုံခြုံမှု မရှိတော့ကြောင်း စတင်သိရှိ လာကြသည်။ ထိုစဉ်က အမေရိကန်နိုင်ငံ သည် အိုစမာဘင်လာဒင် ဦးဆောင်သော တာလီဘန်များကို ဒေါသတကြီးဖြင့် တုံ့ပြန်ခဲ့သည်။

အမေရိကန် NAVY SEALs အဖွဲ့သည် ပါကစ္စတန် နိုင်ငံအတွင်း ခိုအောင်းနေသော အိုစမာဘင်လာဒင် ကို သုတ်သင်နိုင်ခဲ့ သော်လည်း တာလီဘန် အဖွဲ့ကိုမူ ယနေ့ အချိန်အထိ အမြစ်ပြတ် ချေမှုန်းနိုင်ခြင်း မရှိသေးသော ကြောင့် အာဖဂန်နစ္စတန် နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့များ ပြန်လည် ရုပ်သိမ်းရေး ကိစ္စသည် သောင်မတင် ရေမကျ ဖြစ်နေသည်။

ထို့ပြင် အီရတ်နှင့် အာဖဂန်နစ္စတန် နိုင်ငံတို့ရှိ အစ္စလာမ်မစ် ISIS အဖွဲ့၏ ခြိမ်းခြောက်မှုများ သည်လည်း ''ဘူးလေးရာဖရုံဆင့်'' ဆိုသလို တည်ငြိမ်မှု မရှိသော အရှေ့အလယ်ပိုင်း ဒေသတွင် ဆူပူမှုများ ထပ်မံပေါ်ထွက် လာခဲ့သည်။ ထိုဘာသာရေး အစွန်းရောက် စစ်သွေးကြွ များက စတင်ခဲ့သည့် မီးတောက်မီးလျှံ များသည် အရှေ့ အလယ်ပိုင်းတွင် သာမက ကမ္ဘာပေါ်ရှိ တခြားနိုင်ငံများ ကိုပါ ကူးစက်လောင်ကျွမ်း လာသဖြင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများသည် မလုံမခြုံ ဖြစ်လာကြသည်။ 

ISIS အဖွဲ့သည် စစ်ဘက်၊ ရဲဘက် ပစ်မှတ်များထက် အရပ်သားများ အများဆုံး သွားလာလှုပ်ရှား သည့်နေရာ များကိုသာ ရွေးချယ်တိုက်ခိုက် လျက်ရှိသည်ကို အကြမ်းဖက် လုပ်ရပ်များက သာဓကပြလျက် ရှိသည်။ ထိုအဖွဲ့သည် လုယက် တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ တရားမဝင် မှောင်ခို လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဆက်ကြေး အခွန် ကောက်ခံခြင်း စသည့် နည်းလမ်းပေါင်းစုံ တို့ဖြင့် တရားမဝင် ဝင်ငွေရှာဖွေလျက် ရှိရာ နေ့စဉ်ဒေါ်လာ သန်းနှင့် ချီ၍ ဝင်ငွေရရှိနေ သဖြင့် အချမ်းသာဆုံး အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ရပ်တည်လျက် ရှိပါသည်။

ထို ISIS တို့၏ အကြမ်းဖက် လုပ်ရပ်များသည် အရှေ့ အလယ်ပိုင်း၊ ဥရောပ နှင့် အာဖရိကနိုင်ငံ များသာမက မွတ်စလင်အများစု ရှိရာ အရှေ့တောင် အာရှသို့လည်း ပစ်မှတ်သစ် တစ်ခုအနေဖြင့် မျက်စိကျ လာလျက် ရှိသည်။ အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် မွတ်စလင် အများစု နေထိုင်လျက် ရှိသော ကြောင့် ISIS တို့ခြေကုပ်ယူရန် ရည်ရွယ်ထားသည့် အဓိက နိုင်ငံများ ဖြစ်လာကြသည်။

၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက နိုင်ငံတကာ ရုပ်သံမီဒီယာ များတွင် ကြည့်ရှုရသည့် သတင်းများသည် စိတ်မချမ်းမြေ့ ဖွယ်ရာများပင် ဖြစ်သည်။ သဘာဝ ဘေးအန္တရာယ်များနှင့် မတော်တဆ ဖြစ်ရပ်များ၊ အထူးသဖြင့် အစွန်းရောက် အကြမ်းဖက်သမား များ၏ အသေခံဗုံးခွဲ တိုက်ခိုက်မှု သတင်းများအား ခပ်စိပ်စိပ် ဖော်ပြလာ ကြသည်။ အကြမ်းဖက် သမားများ၏ အသေခံဗုံးခွဲ တိုက်ခိုက်မှု များကြောင့် အပြစ်မဲ့ပြည်သူ ရာပေါင်းများစွာ သေကျေဒဏ်ရာ ရရှိခဲ့ကြသည်။ ထိုအကြမ်းဖက် သမားများသည် တန်ဖိုးရှိသော လူ့အသက် တစ်ချောင်းကို ကြက်ကလေး၊ ငှက်ကလေး တစ်ကောင်လို သဘောထားပြီး သွေးအေးအေးဖြင့် သတ်ဖြတ် လာကြသည်။

အကြမ်းဖက် တိုက်ခိုက်မှုများသည် မကြာခဏ ဖြစ်ပွားလာပြီး သေကျေထိခိုက် ဒဏ်ရာရရှိမှုလည်း မြင့်မားလာသည်။ အစွန်းရောက် အကြမ်းဖက် သမားများသည် လူစည်ကားရာ နေရာများတွင် အဓိကထား တိုက်ခိုက် လာသဖြင့် အပြစ်မဲ့ ပြည်သူများ သေကျေထိခိုက်မှု မြင့်မား လာခြင်းဖြစ်သည်။ ယခင်က အကြမ်းဖက် တိုက်ခိုက်မှု များကို ကာလအတန်ကြာ ခြားပြီးမှသာ တွေ့ရှိရသော်လည်း လက်ရှိအချိန်တွင် ခပ်စိပ်စိပ် ပြုလုပ်လာကြ သဖြင့် လုံခြုံရေးအထူး သတိရှိရန် လိုအပ်နေပြီ ဖြစ်သည်။

သူခိုးတွင် ဦးချိုမပါသလို အစွန်းရောက် အကြမ်းဖက်သမား များတွင်လည်း နဖူး၌ စာကပ်ထားမည် မဟုတ်ချေ။ ထို့ကြောင့် သာမန်ပြည်သူ များသည် နိစ္စဓူဝသွားလာ လှုပ်ရှားလုပ်ကိုင် စားသောက်ရာတွင် လုံခြုံရေးအသိ ဖြင့် ပြုမူ နေထိုင်တတ်ဖို့ လိုအပ်နေပြီ ဖြစ်သည်။ လက်ရှိ အချိန်တွင် တစ်ကမ္ဘာလုံး ဆက်စပ်ပြောင်းလဲ ဖြစ်ပေါ်နေ သဖြင့် လမ်းပန်း ဆက်သွယ်ရေး ပိုမိုလွယ်ကူ လျင်မြန် ချောမွေ့လာပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်သွားလာ ကူးလူးဆက်ဆံ လာနိုင်ပြီ ဖြစ်သည်။ 

ထိုသို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဝင်ထွက်သွားလာ ရာတွင် သာမန်ပြည်သူ များနှင့်အတူ အစွန်းရောက် အကြမ်းဖက်သမားများ ရောနှောစိမ့်ဝင် လာနိုင်ပေသည်။ ထို့ကြောင့် လေဆိပ်၊ ပင်လယ်ဆိပ်ကမ်း နှင့် နယ်စပ်ဂိတ် များတွင် လုံခြုံရေး တပ်လှန့်တိုးမြှင့် ဆောင်ရွက်သွား သင့်သည်။ သို့မှသာလျှင် မိမိနိုင်ငံ အတွင်းသို့ အစွန်းရောက် အကြမ်းဖက်သမားများ ခိုးဝင်လာမှုကို အချိန်မီ ဟန့်တား နိုင်ပြီး အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်လာ နိုင်မှုကိုလည်း ကာကွယ်တားဆီး နိုင်မည်ဖြစ်သည်။

ထိုသို့ ကာကွယ်တားဆီး နိုင်မည်ဆိုလျှင် ပြည်သူများ၏ လူနေမှုဘဝ ပိုမိုလုံခြုံလာမည် ဖြစ်သည်။ အကြမ်းဖက် သမားများ၏ အန္တရာယ်အား ကြိုတင်တားဆီး ကာကွယ်ရာတွင် အစိုးရနှင့် လုံခြုံရေး အဖွဲ့အစည်းများ သာမက ပြည်သူများ၏ ပူးပေါင်းပါဝင်မှု တို့ များစွာ လိုအပ်ပေသည်။ အထူးသဖြင့် သတင်း အချက်အလက် ရရှိပါက သက်ဆိုင်ရာသို့ အချိန်မီဆက်သွယ် အကြောင်းကြား သွားမည်ဆိုလျှင် ပြည်သူများ ထိခိုက်မှု လျော့နည်းအောင် စီမံလုပ်ကိုင် နိုင်မည်ဖြစ်သည်။

ပြည်သူများ အနေဖြင့်လည်း သွားလာနေထိုင် ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ ရှိသင့်ပေသည်။ သာဓက အနေဖြင့် စာရေးသူ ထိုင်းနိုင်ငံတွင် တာဝန်ထမ်းဆောင် စဉ်က ဗန်ကောက်မြို့၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိုစဉ်က မြို့နေပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ကြသည်။ အပြင်သို့ ဈေးဝယ်ထွက် ပါက တစ်နေရာတည်း တွင် ကြာကြာ မနေဝံ့ဘဲ မြန်မြန်ဝယ်၊ မြန်မြန်သွား ပြုလုပ် ခဲ့ရသည်။ အကယ်၍ အနီးအနားတွင် ဗုံးပေါက်ကွဲမှု ဖြစ်လျှင် မည်သို့မည်ပုံ ပြုမူအကာအကွယ် ရယူသွားရန် မိသားစုဝင်များကို ကြိုတင်ဇာတ်တိုက် ဆွေးနွေးခဲ့ ရသည်။ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ သည် ပိုသည် ဟူ၍ မရှိချေ။ တတ်နိုင်ပါက လူအများအပြား ဆုံစည်းရာ နေရာများကို ရှောင်ရှားသင့် ပေသည်။ လူအများသွားလာ နေထိုင်လျက် ရှိသည့် ကုန်တိုက်၊ ဈေး၊ ကျောင်း၊ ဆေးရုံ၊ လေဆိပ်၊ ဘူတာ၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်၊ အားကစားပွဲ၊ ဘောလုံးကွင်း စသည့် နေရာများတွင် လုံခြုံရေး ကင်မရာများ တပ်ဆင်ထားသင့် သည်။ ထိုသို့ လုံခြုံရေး ကင်မရာများ တပ်ဆင်ထားသည့် တိုင်အောင် အကြမ်းဖက် သမားများ၏ အန္တရာယ်မှ အပြည့်အဝ စိတ်မချရနိုင်ပေ။ အကြောင်းမူကား ၄င်းတို့သည် အသေခံဗုံးခွဲ တိုက်ခိုက်လာ ခဲ့လျှင် အားလုံး သေကျေ ထိခိုက်ကြမည် ဖြစ်သည်။ အကောင်းဆုံး နည်းလမ်းသည် လုံခြုံရေးသတိ ရှိကြရန်ပင် ဖြစ်သည်။

မျက်မှောက်ကာလ၌ ISIS အစွန်းရောက် အဖွဲ့ အပါအဝင် အကြမ်းဖက်သမား ပေါင်းစုံသည် တိုက်ခိုက်မှု ပုံစံအမျိုးမျိုးဖြင့် ကမ္ဘာ့နေရာ ပေါင်းစုံတွင် တိုက်ကွက် ဖော်လာလျက် ရှိသည်။ ထိုသူများ၏ အန္တရာယ်ကို ကာကွယ်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းသည် သတင်းလက်ဦးမှု ရယူရန်ပင် ဖြစ်သည်။ ထိုသို့ သတင်း ရရှိရန်သည် နိုင်ငံအချင်းချင်း နှင့် ထောက်လှမ်းရေး အေဂျင်စီ အချင်းချင်းတို့ အကြား သတင်း အချက်အလက် များ အပြန်အလှန်  ဖလှယ်သွားရန် လိုအပ်ပေသည်။ ကမ္ဘာ့နိုင်ငံများ အကြား တက်ညီလက်ညီ ပေါင်းစပ် အဖြေရှာသွား မည် ဆိုလျှင် လက်တစ်ဆုပ်စာ အစွန်းရောက် အကြမ်းဖက် သမားများအား အမြစ်ပြတ် ချေမှုန်းသွား နိုင်မည်ဖြစ်သည်။ 

သို့သော် တချို့သော နိုင်ငံများသည် ကိုယ်ကျိုးအတွက် အကြမ်းဖက်သမား များကို အားပေးမြှောက်စား ထားသည်ကိုလည်း ဝမ်းနည်းဖွယ်ရာ ကြုံတွေ့နေရ ပြန်သည်။ ထိုနိုင်ငံများတွင် အပြစ်မဲ့ ပြည်သူများသည် မြေစာပင် ဖြစ်နေကြ ရသည်။

ခြုံ၍တင်ပြရလျှင် လူသားတို့သည် ယုံကြည်ချက် ကိုယ်စီဖြင့် အသက်ရှင် နေထိုင်လျက် ရှိကြသည်။ ထိုသို့ ယုံကြည်ချက်ဖြင့် အသက်ရှင် နေထိုင်ရာတွင် မိမိ၏ ယုံကြည်ချက်နှင့် အပြုအမူတို့သည် လူ့ အသိုက်အဝန်းကို အကျိုးမပြု နိုင်သည့် တိုင်အောင် ထိခိုက်နစ်နာမှု မဖြစ်စေရန် အထူး လိုအပ်သည်။ မည်သို့ပင် ဆိုစေကာမူ အကြမ်းဖက် သမားများသည် ကမ္ဘာတစ်ဝန်းရှိ အပြစ်မဲ့ပြည်သူ များ၏ အသက်အန္တရာယ် များကို ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်လျက် ရှိကြသည်။ ထိုအကြမ်းဖက် လုပ်ရပ် များကြောင့် အပြစ်မဲ့ပြည်သူ ရာပေါင်းများစွာ သေကျေ  ထိခိုက်ဒဏ်ရာ ရရှိ နေကြသည်။ အစွန်းရောက် အကြမ်းဖက် သမားများသည် ကမ္ဘာတစ်ဝန်း တံခါးမရှိ၊ ဓားမရှိ သွားလာ လှုပ်ရှားလာပြီး အတင့်ရဲ တိုက်ခိုက် လာကြသဖြင့် ပြည်သူများ၏ ဘဝလုံခြုံမှု အာမခံချက်များ မရှိရော့ လေသလားဟု စဉ်းစားစရာ ဖြစ်လာသည်။

ထို့ကြောင့် အတင့်ရဲလာသည့် အစွန်းရောက် အကြမ်းဖက်သမား များအား ကြိုတင်ကာကွယ် ဖော်ထုတ် ဖမ်းဆီးနိုင်ရေး အတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို ရယူကာ ကမ္ဘာ့နိုင်ငံများ အကြား ချိတ်ဆက် ပေါင်းစပ် ဆောင်ရွက်မှုများ ပိုမိုပြုလုပ် လာနိုင်ကြပါစေ။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

Sunday, November 13, 2016

မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများနှင့် ထိတွေ့တိုက်ပွဲဖြစ်


အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများထံမှ ပြန်လည်ရရှိခဲ့သည့် သေနတ်နှင့် ခဲယမ်းများကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၃-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များ အတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်း များအား အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ က ဝင်ရောက်စီးနင်း တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက အဆိုပါ နယ်မြေများအတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ခိုအောင်းနေထိုင်မှု မရှိစေရေးနှင့် နယ်မြေဒေသ လုံခြုံအေးချမ်းရေး အတွက် ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်၌ မောင်တောမြို့နယ်၊ မယင်းတောင် ကျေးရွာအနီးသို့ အရောက် လက်နက်ငယ်နှင့် ဓား၊ လှံ၊ မှိန်းများ ကိုယ်စီ ကိုင်ဆောင် ထားသည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ စုစုပေါင်း ၆ဝ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ မိမိစစ်ကြောင်း မှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များသည် ကျေးရွာ၏ အနောက်တောင် ဘက် ဂွဆုံကျေးရွာ ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်၌ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များထံမှ အောက်တိုဘာ ၉ ရက်တွင် ကျီးကန်းပြင် နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် မှ ယူဆောင်သွားသည့် ဘီအေ ၉၄ သေနတ် တစ်လက်နှင့် ဆက်စပ်ခဲယမ်း ပစ္စည်းများနှင့်အတူ အလောင်း ခြောက်လောင်း ရရှိခဲ့ပြီး စစ်သည်တစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့ရကာ အရာရှိ၊ စစ်သည်အချို့ ဒဏ်ရာရရှိခဲ့ သည်။ အဆိုပါ စစ်ကြောင်းမှ ဆက်လက် ရှင်းလင်းရာ ယမန်နေ့နံနက် ၁ဝ နာရီခွဲခန့် တွင် ပွင့်ဖြူချောင်း ကျေးရွာသို့ အရောက် ကျေးရွာအတွင်းမှ လက်နက်ငယ် များဖြင့် ပစ်ခတ်သဖြင့် တပ်မတော် စစ်ကြောင်းက ပစ်ခတ်ဝင်ရောက် ရှင်းလင်းရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ များက ပွင့်ဖြူချောင်း ကျေးရွာအား မီးရှို့၍ ဂွဆုံကျေးရွာ ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။ ပွင့်ဖြူချောင်း ကျေးရွာအတွင်းမှ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များဟု ယူဆရသော ဘင်္ဂါလီ အမျိုးသား ၃၆ ဦးအား ဖမ်းဆီးရရှိခဲ့ပြီး ဥပဒေအရ အရေးယူ နိုင်ရေးအမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်သို့ ပို့ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဂွဆုံကျေးရွာသို့ ဆုတ်ခွာသွားသော အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များအား ပိတ်ဆို့ ရှင်းလင်းရန် အခြား တပ်မတော် စစ်ကြောင်း တစ်ကြောင်းမှ ချီတက်ရှင်းလင်းရာ ဂွဆုံ ကျေးရွာ အနီးသို့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်  အရောက် လက်နက်ငယ် နှင့် ဓား၊ လှံ၊ မှိန်းများ ကိုယ်စီ ကိုင်ဆောင် ထားသည့် အကြမ်းဖက်စီး နင်းတိုက်ခိုက်သူ ခန့်မှန်း အင်အား ၅ဝဝ ဦးခန့်တို့မှ တပ်မတော် စစ်ကြောင်းအား စတင်၍ ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ရာ တပ်မတော် စစ်ကြောင်းက အဖွဲ့ခွဲ၍ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ သော်လည်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အင်အားများပြား မှုကြောင့် တပ်မတော်(လေ) မှ အမ်အိုင် ၂ ရဟတ်ယာဉ် နှစ်စင်းဖြင့် ညနေ ၃ နာရီခွဲမှ ၄ နာရီ ၁၅ မိနစ်ခန့်အထိ ပစ်ကူပေး တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ဂွဆုံကျေးရွာ အတွင်းသို့ ဆုတ်ခွာ ထွက်ပြေးခဲ့သည်။ ကျေးရွာ အတွင်းသို့ ဆုတ်ခွာသွားသော အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ နောက်သို့  တပ်မတော် စစ်ကြောင်းများက ဆက်လက် ဝိုင်းပတ်ပိတ်ဆို့ ရှင်းလင်းလျက် ရှိကြောင်းနှင့် အဆိုပါဖြစ်စဉ် ၌ တပ်မတော်မှ စစ်ကြောင်းမှူး တစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့ရကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Friday, November 11, 2016

မောင်တောမြို့နယ် အတွင်းရှိ ရဲကင်းစခန်းများ အနီးသို့ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ နှင့် မသင်္ကာဖွယ်ရာ လူများ ချဉ်းကပ်လာသဖြင့် ခြောက်လှန်းပစ်ခတ် ရှင်းလင်း



နေပြည်တော် ၊ ၁၁-၁၁-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ် များကြောင့် ပြည်သူလူထု တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် အောက်တိုဘာ ၁ဝ ရက်တွင် မောင်တောခရိုင် နယ်နိမိတ် အတွင်း အများပြည်သူနှင့် ဆိုင်သော နေရာများတွင် ငါးဦးနှင့်အထက် ပိုသောလူများ စုဝေးခြင်း မပြုရန်နှင့် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ ထုတ်ပြန် ထားပြီး ဖြစ်သည်။

မောင်တောမြို့နယ် ဇီးပင်ချောင်းရဲကင်း စခန်းအနီးသို့ နိုဝင်ဘာ ၈ ရက် ည ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကင်းစခန်း၏ အရှေ့ဘက် ကိုက် ၁ဝဝ ကျော်ခန့်အကွာမှ မသင်္ကာဖွယ် လူရိပ်များ ဖြတ်သန်း သွားလာသည်ကို တွေ့မြင် ရသဖြင့် ကင်းတာဝန် ကျရဲတပ်ဖွဲ့ဝင် များက ရပ်တန့်ရန် အော်ဟစ်တားမြစ် သော်လည်း ရပ်တန့်ခြင်း မရှိသဖြင့် ခြောက်လှန့်ပစ်ခတ် ခဲ့ရာ ဇီးပင်ချောင်း (မြောက်) ကျေးရွာနေ အီလီယာစ် (ဘ) မာမက်ဟူဆောင်း အား ယာနံ ကြား ကျည်ထိမှန် ဒဏ်ရာ တစ်ချက်ဖြင့် နေရာတွင် အသေဖမ်းဆီး ရမိခဲ့သည်။

ငါးခူရ(မြောက်) ကျေးရွာတွင် နေထိုင်ကြသော ဂေါ်ပီရာမောက် ၃ဝ နှစ်(ဘ)ဆာနီဆိုမာ၊ ဆေနိုရ်ဝါဒါ ၂၈ နှစ်(ဘ)ကိုမီရာမောက်၊ အာစမား ရှစ်နှစ် (ဘ) ဂေါ်ပီရာမောက်၊ အာပဆလ်သူ ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိ ဘင်္ဂါလီငါးဦး အနက် အာစမားနှင့် အာပဆလ် တို့သည် အသက်ငယ်ရွယ် သူများ ဖြစ်ခြင်းကြောင့် ဇီးပင်ချောင်း (တောင်) ကျေးရွာရပ်မိရပ်ဖ နူဟူဆောင်း နှင့် ကျေးရွာတာဝန်ခံ အဒူဆာလာမ် တို့ထံသို့ နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီ မိနစ် ၅ဝ ခန့်တွင် စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ပြီး ဂေါ်ပီရာမောက် နှင့်ဇနီးဖြစ်သူ ဆေနိုရ် ဝါဒါ  တို့အား တရားဥပဒေ အရ အရေးယူ ဆောင်ရွက်နိုင်ရေး  မောင်တောမြို့မ ရဲစခန်းသို့ အပ်နှံ၍ သေဆုံးသူ အီလီယာစ် အား မောင်တောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ကညင်ချောင်းဝ ရဲကင်းစခန်း အနီးသို့ နိုဝင်ဘာ ၉ ရက် ည ၈ နာရီ မိနစ် ၂ဝ ခန့်တွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၁၅ ဦးခန့်က ဓားများကိုယ်စီ ကိုင်ဆောင်၍ ချဉ်းကပ် လာသဖြင့် ကင်းတာဝန်ကျမှ ရပ်တန့်ရန် အော်ဟစ်၍ ပြောသော်လည်း ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် ချဉ်းကပ်လာရာ ခြံစည်းရိုး အပြင်ဘက် ၁ဝ ပေခန့် အကွာသို့ ရောက်ရှိ လာသဖြင့် ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင် များက ခြောက်လှန့်ပစ်ခတ် ရှင်းလင်းခဲ့ရာ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ များမှာ ကင်းစခန်း၏ အရှေ့မြောက် ဘက်ရှိ ကပ္ပကောင်း ကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ပြီး ဖြစ်စဉ်တွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များအနက် နှစ်ဦးအား လက်နက်ငယ် ထိမှန်ဒဏ်ရာ များဖြင့် အရှင်ဖမ်းဆီး ရမိခဲ့ကာ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသစေလျက် ရှိကြောင်းနှင့် တရားဥပဒေ အရ အရေးယူနိုင်ရေး နယ်မြေခံ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သိရှိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger