www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 18, 2014

Thai AirAsia X တောင်ကိုရီးယား သို့ တိုက်ရိုက်ပျံသန်းမှုခရီးစဉ် မိတ်ဆက်



ရန်ကုန် ၊ ၁၈-၆-၂၀၁၄

ထိုင်းနိုင်ငံ အခြေစိုက် AirAsia X လေကြောင်းလိုင်း မှ ဘန်ကောက် - ဆိုးလ် ခရီးစဉ် တိုက်ရိုက် လေကြောင်း ပျံသန်း ပြေးဆွဲမှုကို ယမန်နေ့တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။

Thai AirAsia ၏ အပို ၀န်ဆောင်မှုမပါ စရိတ်နည်း လေကြောင်း ခရီးစဉ် ကို ၂၀၀၄ ခုနှစ် ၊ ဖေဖော်ဝါရီ က စတင် ပျံသန်း ပြေးဆွဲခဲ့ပြီး ဘန်ကောက်၌ အခြေစိုက်ကာ Air Bus A 320 လေယာဉ် အသစ် ၃၇ စင်းဖြင့် ပြည်တွင်း ခရီးစဉ် ၁၄ ခုနှင့် ပြည်ပ ခရီးစဉ် ၂၁ ခုကို ပြေးဆွဲခဲ့ပြီး ဇွန်လ ၁၇ ရက်တွင် မြန်မာနိုင်ငံ အတွက် Air Throught လေကြောင်း ခရီးစဉ် တစ်ခု ဖြစ်သော ဘန်ကောက် - ဆိုးလ် ခရီးစဉ် ပြေးဆွဲမှု စတင်မည် ဖြစ်ကာ Thai AirAsia  X ၏ ပထမဆုံး ဈေးနှုန်း ချိုသာပြီး ခရီးဝေး ပျံသန်းနိုင်သော လေကြောင်းလိုင်း တစ်ခုအဖြစ် ၂၀၁၄ ခုနှစ်အတွင်း ဘန်ကောက် ဒွန်မောင်း လေဆိပ် ( CDMK ) မှ ဆိုးလ် ( ICN ) ၊ တိုကျို ( NRT ) နှင့် အိုဆာကာ ( KIX ) သို့ တိုက်ရိုက် ပျံသန်း သွားမည် ဖြစ်သည်။

ယမန်နေ့က စတင်၍ တိုက်ရိုက် ပျံသန်းမည့် ခရီးစဉ် များကို Thai AirAsia X ၏ လျင်မြန်သော Air Bus A 330 - 300 နှစ်စင်းဖြင့် ပျံသန်း သွားမည် ဖြစ်ရာ ထိုင်ခုံများမှာ အဆင့်မြင့် အိပ်စင်ထိုင်ခုံ ၁၂ ခုံ နှင့် ရိုးရိုးထိုင်ခုံ ၃၆၅ ခုံ စုစုပေါင်း ၃၇၇ ခုံ ပါဝင်သည့် လေယာဉ်ကြီး များဖြင့် ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

" ပြီးခဲ့တဲ့ နှစ်တွေက မြန်မာနိုင်ငံက ခရီးသွား ၆၃၄၇၀ ကျော် တောင်ကိုရီးယား ကို လေကြောင်း ခရီးသွားလာ နေကြပြီး Thai AirAsia X က မြန်မာနိုင်ငံ ကနေ တောင်ကိုရီးယား ကို ဒွန်မောင်း လေဆိပ်က တစ်ဆင့် မြန်ဆန်တဲ့ ချိတ်ဆက်မှုနဲ့ လွယ်ကူ အချိန်ကုန် သက်သာစွာ ခရီးသွား လာနိုင်တဲ့ ၀န်ဆောင်မှု ပေးနိုင်မယ်လို့ မျှော်လင့် ပါတယ် ၊ အဆိုပါ ခရီးသွား ၀န်ဆောင်မှုဟာ စရိတ်သက်သာ ၊ အချိန်ကုန် သက်သာစွာ ခရီးသွားလာ နိုင်ယုံမျှ သာမက တစ်ချိန်တည်း မှာပင် ထိုင်းနိုင်ငံသို့ လည်ပတ် နိုင်သော အခွင့်အရေး ကို ရရှိမှာ ဖြစ်ပါတယ် ... " ဟု AirAsia ၏ Chief Executive Officer Mr. Nadda က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

မိုးအောင်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger