www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 29, 2018

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ရောင်းချရမှု ရာခိုင်နှုန်းမြင့်တက်


ပြည်တွင်း၊ပြည်ပ ကျောက်မျက်ရတနာကုန်သည်များ ကျောက်စိမ်းအတွဲများကို ကြည့်ရှုကြစဉ်။

နေပြည်တော် ၂၉-၆-၂ဝ၁၈

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ ပရဝဏ်အတွင်း ဆက်လက် ကျင်းပလျက်ရှိရာ ပြသရောင်းချရမှု ရာခိုင်နှုန်းမြင့်တက် လျက်ရှိကြောင်း သိရသည်။

ဇွန် ၂ဝ ရက်မှ ၂၁ ရက်အတွင်း ပုလဲအတွဲ ၃၆ဝ ကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ယူရိုငွေ ၂ ဒသမ ၅၉၈ သန်းတန်ဖိုးရှိ ပုလဲအတွဲ ၃၄၁ တွဲကိုလည်းကောင်း၊ ဇွန် ၂၃ရက်တွင် ကျောက်မျက် အတွဲ ၃၃၆ တွဲကိုတင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ယူရိုငွေ ၁ ဒသမ ၃၇၈ သန်းတန်ဖိုးရှိ ကျောက်မျက်အတွဲ ၆၉ တွဲကို လည်းကောင်း ရောင်းချခဲ့ရပြီး ကျောက်စိမ်းအတွဲ ၆၇၉၅ တွဲကို ဇွန် ၂၄ ရက်မှ ၂၉ ရက်ထိ ပြသရောင်းချ သွားမည်ဖြစ်ရာ ဇွန် ၂၄ရက်တွင် ယူရိုငွေသန်း ၃၈ ဒသမ ၅၃ဝတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၉၇၃ တွဲကိုလည်းကောင်း၊ ဇွန် ၂၅ ရက်တွင် ယူရိုငွေ ၇၄ ဒသမ ၁၂၂ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၃၃တွဲကို လည်းကောင်း၊ ဇွန် ၂၆ ရက်တွင် ယူရိုငွေ ၈၆ ဒသမ ၈၆၆သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၁၈ တွဲကိုလည်းကောင်း၊ ဇွန် ၂၇ရက်တွင် ယူရိုငွေ ၅၂ ဒသမ ၄၄၁သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၉၂ တွဲကိုလည်းကောင်း၊ ယနေ့တွင် ယူရိုငွေ ၁၁၈ ဒသမ ၆၉၁သန်း တန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၉၂၅တွဲကို လည်းကောင်း ရောင်းချခဲ့ရကြောင်း သိရသည်။

ယခုကျင်းပသည့် (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ရောင်းချရသည့် တန်ဖိုးများအပေါ် သတ်မှတ်ကောက်ခံမည့် အခွန်အခနှုန်းထားများမှာ အထူးကုန်စည်ခွန် အနေဖြင့် ကျောက်စိမ်း အရိုင်းများ အတွက် ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းများ အတွက် ၁ဝရာခိုင်နှုန်းနှင့် ကျောက်မျက်လက်ဝတ် ရတနာအချောထည်များ အတွက် ငါးရာခိုင်နှုန်းတို့ ဖြစ်ကြပြီး ဝန်ဆောင်ခအနေဖြင့် ကျောက်မျက်ရတနာ အရိုင်းများအတွက် သုံးရာခိုင်နှုန်းနှင့် အချောထည်များအတွက် တစ်ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

ငွေကျပ် ၁၁၇ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ



မံစီ ၂၉-၆-၂ဝ၁၈

ကချင်ပြည်နယ် မံစီမြို့နယ် အတွင်း ဗန်းမော်မြို့ အမှတ်(၁) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၏ သတင်းရယူ ဖော်ထုတ်မှုဖြင့် ငွေကျပ် ၁၁၇ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဗန်းဗော်မြို့ အမှတ်(၁) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ခါးလီ ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် ဇွန် ၂၇ ရက်နံနက် ၁ဝနာရီက သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ မံစီမြို့နယ် ဟန်ထက်ကျေးရွာ ဟန်ထက်-မန်သာကျေးရွာချင်းဆက် ကားလမ်းဆုံတွင် ကြိုတင်စောင့်ဆိုင်းနေစဉ် မန်သာကျေးရွာမှ ဟန်ထက်ကျေးရွာသို့ ဝေလင်းထွန်း မောင်းနှင်ပြီး နောက်မှ သီတာဦး (ခ) မဦးလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ဆိုင်ကယ်ခွကြားရှိ ပီနံအိတ်အတွင်းမှ ဆန်များအတွင်း အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ် ၃ဝ အတွင်းထည့်လျက် ကာလတန်ဖိုးငွေကျပ် ၁၁၇၆ဝဝဝဝ ရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၅၈၈ဝနှင့် သီတာဦး(ခ) မဦး၏ လက်ဆွဲအိတ်အတွင်းမှ မူးယစ်ဆေးဝါး ရောင်းချငွေဟု ယူဆရသည့် မြန်မာငွေစက္ကူရောရာ ငွေကျပ် ၆၅ဝဝဝ တို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါး များနှင့်အတူ တွေ့ရှိသည့် ဝေလင်းထွန်းနှင့် သီတာဦး(ခ)မဦး မံစီမြို့နေသူနှစ်ဦးကို မံစီမြို့မရဲစခန်းက မယ(ပ)၂၈/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂ဝ(က)၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

ပုဂံဒေသရောက် ပြည်ပခရီးသွားများ ရွှေဆံတော်စေတီ ရင်ပြင်တော်ပေါ်မှ နေဝင်၊ နေထွက်ရှုခင်း အလှဓာတ်ပုံရိုက်ကူး



ညောင်ဦး ၂၉-၆-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသအတွင်း၌ ယခုနှစ် ဇွန် ၂၇ရက်က ပြည်ပခရီးသွား ဧည့်သည်များ စဉ်ဆက်မပြတ် ဝင်ရောက်လေ့လာ လျက်ရှိပြီး ပြည်တွင်း ဘုရားဖူးများလည်း ဘုရားဖူးလာရောက်ကြ လျက်ရှိကြောင်း အဆိုပါ စေတီဂေါပကအဖွဲ့ထံမှ သိရသည်။

ပုဂံဒေသရောက် ပြည်ပခရီးသွားများနှင့် ပြည်တွင်းဘုရားဖူး ပြည်သူများသည် ပုဂံဒေသရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ၊ ရှေးဟောင်းအမွေအနှစ် လက်ရာများ စသည့် ယဉ်ကျေးမှုလက်ရာများကို လေ့လာသကဲ့သို့ နံနက် ၆ နာရီနှင့် ည ၆ နာရီတို့တွင် ပုဂံမြို့ဟောင်းရှိ အနော်ရထာ မင်းတည်ထားကိုး ကွယ်ခဲ့သော ရွှေဆံတော်စေတီတော် ရင်ပြင်တော်ပေါ်မှ ပုဂံယဉ်ကျေးမှုဒေသရှိ ရှေးဟောင်းဘုရား စေတီပုထိုးများနှင့် တွဲဖက်လှပနေသည့် နံနက်နေထွက်၊ ညနေနေဝင် ရှုခင်းအလှအပများကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသူများ ယခုနှစ်တွင် များပြားလာလျက်ရှိကြောင်း အဆိုပါစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ရွှေဆံတော် စေတီတော်ကို လေးထောင့်ပစ္စယာ ငါးဆင့်အထက်၌ ရှစ်ထောင့်ကြာဝန်းခံ၍ ခေါင်းလောင်းပုံရင်ဖွဲ့ခါးပတ် သပိတ်မှောက် ဖောင်းရစ်စသည့် ဝန်းဝိုင်းရှူးတက်ကာ အထွတ်စေတီ တင်ထားကိုးကွယ် ထားသော ရှေးဟောင်းဘုရား တစ်ဆူဖြစ်ပြီး အဆိုပါစေတီတော် ပစ္စယံအထက် ငါးဆင့်ရင်ပြင်တော် ပေါ်တွင် ပြည်ပခရီးသွားများ၊ ဘုရားဖူးပြည်သူများ တက်ရောက်၍ ပုဂံဒေသ၏ အလှအပရှုခင်းဓာတ်ပုံများ ရိုက်ကူးကြကြောင်း သိရသည်။

#Themyawadydaily

ပခုက္ကူ ခရိုင်၌ စိုက်ပျိုးရေပေးဝေမှုတွင် ရေတင်ခများ ပိုမိုတောင်းခံပါက တိုင်ကြားနိုင်



ပခုက္ကူ ၂၉-၆-၂ဝ၁၈

ပခုက္ကူခရိုင်အတွင်းရှိ မြစ်ရေတင်ကြီးများမှ စိုက်ပျိုးရေပေးဝေမှုတွင် နိုင်ငံတော်က သတ်မှတ်ထားသည့် စိုက်ပျိုးရေတင်ခကောက်ခံမှု နှုန်းထားထက် ပိုမိုကောက်ခံပါက စိုက်ပျိုးတောင်သူများ အနေဖြင့် လာရောက်တိုင်ကြား နိုင်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါမြစ်ရေတင် ကြီးများမှာ စိုက်ပျိုးရေပေးဝေနိုင်မှုမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မိုးသီးနှံ လျာထားဧက ၅၅၆ဝ လျာထားခဲ့သော်လည်း အမှန်စိုက်ပျိုးနိုင်မှုမှာ ၇၃၂၂ဧကကို စိုက်ပျိုးရေပေးဝေနိုင်ခဲ့ကာ စိုက်ပျိုးရေတင်ခကောက်ခံမှု နှုန်းထားများမှာ လည်းနိုင်ငံတော်က သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း နွေစပါးငွေကျပ် ၉ဝဝဝ၊ မိုးစပါးငွေကျပ် ၆ဝဝဝ၊ အခြားသီးနှံငွေကျပ် ၃ဝဝဝဖြစ်ပြီး သက်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံပါက လာရောက်တိုင်ကြား နိုင်ကြောင်း၊ အလားတူ စိုက်ပျိုးတောင်သူများ ဘက်က ရေတင်ခကောက်ခံမှုကို တိတိကျကျ ပေးဆောင်စေလိုကြောင်း၊ လျှပ်စစ်မြစ်ရေတင်များ ဖြစ်ခြင်းကြောင့် တစ်ခါတစ်ရံ လျှပ်စစ်မီးအခက်အခဲရှိသည်ကိုလည်း စိုက်ပျိုးတောင်သူ များအနေဖြင့် နားလည်စေချင်ကြောင်း၊ ပခုက္ကူခရိုင်အတွင်းမှာ စိုက်ပျိုးမြေယာ စီမံကိန်းဧက ၃၈ဝ၇ဝ ရှိသော်လည်း စိုက်ပျိုးနိုင်သည့် စိစစ်ဧကသည် ဧက ၂၁၂၆ဝသာရှိကြောင်း၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် စပါးအပါအဝင် မိုးသီးနှံလျာထားဧက ၁ဝဝ၂၇ဧကကို လျာထားစိုက်ပျိုးရေ ပေးဝေနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

တောင်သူများမှာ ယခင်ကာလများက မိုးကိုမျှော်ပြီး မိုးသီးနှံတစ်မျိုးတည်းသာ စိုက်ပျိုးကြရပြီး ယခုအခါ မြစ်ရေတင်ကြီးများမှ ရေတင်စနစ်ဖြင့် နွေစပါး၊ မိုးစပါး၊ အခြားသီးနှံများကို ရာသီမရွေး စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်လာကြပြီ ဖြစ်ပြီး မြစ်ရေတင်ကြီး ၁၄ ခုသည် ပင်မရေတင်စခန်း အမြင့်ပေမှတစ်ဆင့် သတ်မှတ်ထားသည့် ရေတင်ကန်များ အရောက်ကို (ဒေသအခေါ်) ရေခေါ်မြောင်းမကြီးမှ တစ်ဆင့် စိုက်ပျိုးတောင်သူများကိုရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ပေးနေကြောင်း သိရသည်။

#Themyawadydaily

နိုင်ငံတစ်ဝန်း သုံးနှစ်ကျော်အတွင်း ငလျင်လှုပ်ခတ်မှု နှစ်ဆကျော်မြင့်တက်


စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ မြို့များကို တွေ့ရစဉ်။

မန္တလေး ၂၉-၆-၂ဝ၁၈

ယခုနှစ် ငါးလကျော်အတွင်း နိုင်ငံတစ်ဝန်းတွင် ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ၉ဝ ကျော်ထိရောက်ရှိနေပြီး ၂ဝ၁၅ခုနှစ်အတွင်း ငလျင်လှုပ်ခတ်မှု အကြိမ်များ ထက်သုံးနှစ်ကျော်အတွင်း နှစ်ဆကျော် ထိမြင့်တက်လာခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

နှစ်အလိုက် ငလျင်လှုပ်ခတ်မှုများ အနေဖြင့် ၂ဝ၁၅ခုနှစ်တွင် ငလျင် ၂၃ကြိမ်၊ ၂ဝ၁၆ခုနှစ်တွင် ၃၈ကြိမ်၊ ၂ဝ၁၇ ခုနှစ်တွင် ၆၅ကြိမ်ထိ လှုပ်ခတ်ခဲ့ပြီး ယခုနှစ်တွင် ဇန်နဝါရီ ၁ရက်မှ ယနေ့ထိ ငါးလကျော်အတွင်း မြန်မာနိုင်ငံပြည်တွင်းတွင် စုစုပေါင်း ငလျင် ၉၇ ကြိမ်ထိ လှုပ်ခတ်ထားသည်။

"ဒါက ပထမတစ်ချက် အနေနဲ့ ဖြစ်နိုင်တာက အရင်ကထက် မိုးဇလရဲ့ Local Network အရမ်းကောင်းလာ တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အရင်က ငလျင်တိုင်းတာရေး စက်သုံးလေးလုံးနဲ့ လုပ်နေရာကနေ အခု စင်ကာပူနိုင်ငံမြေကမ္ဘာ စောင့်ကြည့်ရေး အဖွဲ့(EOS) ရဲ့ထောက်ပံ့မှုနဲ့ အလုံးရေတွေ ထပ်တိုးလာတယ်။ နောက်ထပ်လဲထပ်တိုး ဖို့ရှိနေတယ် လို့သိရပါတယ်။ ငလျင်အသေးလေးတွေ လှုပ်တာကအစ လှုပ်တဲ့ငလျင်တိုင်းကို သတင်းထုတ်ပြန် နိုင်ပါပြီ။ လှုပ်တာကတော့ အရင်ကတည်းက အခုလိုလှုပ်နေတာပဲလို့ ကျွန်တော်ထင်ပါတယ်။ အခုလို အားလုံးကိုဖမ်းမိတော့ အနာဂတ်မြေငလျင် အန္တရာယ် ခန့်မှန်းတွက်ချက်တဲ့ အခါမှာပိုကောင်းလာမယ်။ Data တွေအသုံးချပြီး တော့လုပ်စရာရှိတာ ပိုပြီးလုပ်လာနိုင်တာပေါ့။ ပြည်သူလူထုအနေနဲ့ ခုလိုမျိုးလှုပ်လာလို့ သိပ်စိုးရိမ်စရာမရှိပါဘူး။ ပြင်ဆင်စရာရှိတာတော့ ပုံမှန်ပြင်ဆင်ထားရမှာပါ"ဟု အဆိုပါကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောသည်။

ကမ္ဘာ့မြေငလျင်ကြောကြီး နှစ်ခုအနက် တစ်ခုပေါ်တွင် တည်ရှိနေသည့်အတွက် မြန်မာနိုင်ငံတွင် ငလျင်ဘေးအန္တရာယ် ကျရောက်ရန် စိုးရိမ်ရသည့် ဒေသများနှင့် ပတ်သက်၍ ဗဟုသုတ၊ အဆောက်အအုံများ၏ ငလျင်ဒဏ်ခံနိုင်မှု စစ်ဆေးခြင်းများ၊ ငလျင်လှုပ်ခတ်ပြီးပါက စုဝေးရမည့်စုရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကယ်ဆယ်ရေး၊ အပျက်အစီး ပြင်ဆင်ထိန်းသိမ်းမှုများ စသည်တို့တွင် အဆင်သင့်အနေအထား မရှိသေးကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

ငလျင်နှင့်ပတ်သက်၍ ပြည်သူလူထုအား အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် စတင်လုပ်ဆောင်ရန် လိုအပ်လျက်ရှိပြီး ငလျင်မလှုပ်မီ၊ လှုပ်နေစဉ်၊ လှုပ်အပြီးတို့တွင် ပြုမူဆောင်ရွက်ရမည် တို့ကို Awarenes (နားလည် သဘောပေါက်မှု) ပေးခြင်းများ၊ မကြာခဏ လက်တွေ့လေ့ကျင့် ခြင်းများ လုပ်ဆောင်ရန်လိုအပ်ကြောင်း သိရသည်။

#Themyawadydaily

(၃၂) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ပထမနေ့ကျင်းပ


မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်Lt. Gen. Vijak Siribunsop တို့ အစည်းအဝေးတက်ရောက် လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၂၉-၆-၂ဝ၁၈

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်သည့် (၃၂) ကြိမ်မြောက်မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြား ကော်မတီ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ Strand Hotel ၌ကျင်းပရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen.Vijak Siribunsop နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ထိုင်းကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Lt. Gen.Vijak Siribunsop တို့က အမှာစကား အသီးသီး ပြောကြားပြီး နှစ်နိုင်ငံ အဖွဲ့ဝင်များက အပြန်အ လှန်မိတ်ဆက် ကြသည်။

ထို့နောက် နှစ်နိုင်ငံ အဖွဲ့ခေါင်းဆောင်များသည် တက်ရောက်လာကြ သူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ် ခြားကော်မတီ အတွင်းရေးမှူး အဖွဲ့အစည်းအဝေးကို ဆက်လက်ကျင်းပ ရာမြန်မာကိုယ်စား လှယ်အဖွဲ့အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် ခိုင်လင်း၊ ထိုင်းကိုယ်စားလှယ် အဖွဲ့အတွင်း ရေးမှူး Maj. Gen. Songtham Sittipong နှင့် မြန်မာ-ထိုင်း နယ်ခြားကော်မတီ အဖွဲ့ဝင်များက (၃၁) ကြိမ်မြောက် မြန်မာထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး မှတ်တမ်းအား ပြန်လည် သုံးသပ်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအား ပူးပေါင်းနှိမ်နင်းခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ် ဆိုင်ရာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များအား ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ညနေပိုင်းတွင် အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာအဖွဲ့ မောင်တောဒေသတွင် ကွင်းဆင်းသတင်းရယူ


ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ အဖွဲ့ငါးခူရပြန်လည် လက်ခံရေးစခန်းတွင် သတင်းရယူစဉ်။

စစ်တွေ ၂၉-၆-၂ဝ၁၈

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်း သတင်းရယူရန် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့မှ မောင်တောမြို့နယ် အင်းဒင်ကျေးရွာသို့ ရောက်ရှိကြသည်။

ပြည်တွင်း၊ ပြည်ပသတင်း မီဒီယာအဖွဲ့သည် အင်းဒင်ကျေးရွာတွင် အကြမ်းဖက် ဖြစ်စဉ်ကြုံတွေ့ခဲ့ရမှုနှင့် ကျေးရွာ၏ ပကတိ အခြေအနေမှန်များကို ကျေးရွာသားများနှင့် တွေ့ဆုံ၍ လွတ်လပ်စွာ သတင်းရယူ ကြသည်။

ထို့နောက် မောင်တောမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသအတွင်း ပြန်လည်ဝင်ရောက် လာမည့်သူများကို စိစစ်လက်ခံရေး၊ နေရာချထားရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်း သတင်းရယူ ကြသည်။

မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် ပြန်လည်ဝင်ရောက် လာသူများကို ယာယီလက်ခံမည့် ငါးခူရပြန်လည် လက်ခံရေးစခန်းသို့ ရောက်ရှိကြပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့် စခန်းတည်ဆောက် ပြီးစီးမှု အခြေအနေများကို သတင်းရယူကြသည်။

ဆက်လက်၍ စခန်းအတွင်းရှိ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက် လာသည့်အစ္စလာမ် ဘာသာဝင်များကိုတွေ့ဆုံ၍ သတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

မော်လမြိုင်မြို့ရှိ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့် ပြည်သူများအတွက် ထိုင်းဘုရင့် ကြည်းတပ်မှ ဆန်အိတ်များ လှူဒါန်း


မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မော်လမြိုင်မြို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ထိုင်းဘုရင့်ကြည်းတပ်မှ လှူဒါန်းသည့် ဆန်အိတ်များပေးအပ်ပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၂၉-၆-၂ဝ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း ဇွန်၁၆ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအတွက် ထိုင်းဘုရင့်ကြည်းတပ်မှ လှူဒါန်းသည့် ဆန်အိတ်များ ပေးအပ် လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံးရှိ အောင်ဆန်းခန်းမ၌ ပြုလုပ်သည်။

အဆိုပါပေးအပ် လှူဒါန်းပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ (၃၂)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး တက်ရောက်ရန် မော်လမြိုင်မြို့သို့ ရောက်ရှိနေသည့် ထိုင်းဘုရင့်ကြည်းတပ်မှ Lt. Gen. Vijak Siribunsop ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ထိုင်းဘုရင့်ကြည်းတပ်မှ Lt. Gen.Vijak Siribunsop က ဆန်အိတ်များ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ရေဘေးသင့် ပြည်သူများအတွက် ထိုင်းဘုရင့်ကြည်းတပ်မှ လှူဒါန်းသည့် ဆန်ငါးတန်အား ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။ 

#Themyawadydaily

စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာ၏ အခန်းကဏ္ဍသည်အရေးကြီး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့တွင် အပြုသဘောဆောင် ရေးသားဖော်ပြ၍ နိုင်ငံ့အကျိုးအတွက် မီဒီယာ လက်နက်ဖြင့် ဆောင်ကြဉ်းပေးရန် တိုက်တွန်း


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဦးအုန်းကြိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဦးအုန်းကြိုင်က အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်စဉ်။

နေပြည်တော် ၂၉-၆-၂ဝ၁၈

စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာသည် နိုင်ငံ၏အခြေအနေ အရပ်ရပ်ကို ဖော်ဆောင် ဖန်တီးပေးနိုင်သည့် အတွက် မီဒီယာ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေး စသည်တို့တွင် အပြုသဘောဆောင် ရေးသားဖော်ပြ၍ နိုင်ငံ့အကျိုးအတွက် မီဒီယာလက်နက်ဖြင့် ဆောင်ကြဉ်းပေးရန် တိုက်တွန်းလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဦးအုန်းကြိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ရာတွင်ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) နှင့်အတူ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာ မျိုးသန့်တင်၊ အတွင်းရေးမှူး ဦးသီဟစောနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တွေ့ဆုံပွဲသို့တက်ရောက် လာကြသည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) နှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးကြိုဆို နှုတ်ဆက်ပြီး တွေ့ဆုံဆွေး နွေးသည်။

တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မီဒီယာဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး စတုတ္ထမဏ္ဍိုင် တစ်ခုဖြစ်သဖြင့် ယခုကဲ့သို့ အလေးထားပြီး တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ လက်ရှိမိမိတို့ နိုင်ငံတွင်ဖြစ်ပေါ် နေသည့် အခြေအနေများတွင် မီဒီယာများနှင့် အပြန်အလှန် အကျိုးပြုလျက်ရှိသည် ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီနှင့် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ပြီး သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ သတင်းမီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုများကို ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် အင်အားကြီးနိုင်ငံများ၏ ကြားတွင် တည်ရှိသဖြင့်မိမိတို့ နိုင်ငံအနေဖြင့် စုစည်းညီညွတ်သည့် အင်အားရှိရန် လိုကြောင်း၊ မည်သည့် နိုင်ငံရေးစနစ်ပင် ကျင့်သုံးသည်ဖြစ်စေ အစိုးရ၊ ပြည်သူ၊ အဖွဲ့အစည်းအားလုံး စည်းလုံးညီညွတ်ရန် လိုကြောင်း၊ အဆိုပါအင်အားများ ခိုင်မာအောင်ဆောင်ရွက်သည့်နေရာတွင် မီဒီယာများက ပိုမိုအလေးပေး ဆောင်ရွက်သင့်ကြောင်း၊ တိုင်းပြည်တိုးတက်မှု မရှိခြင်းမှာ လုံခြုံရေးအရမတည်ငြိမ်မှု၊ နိုင်ငံရေးမတည်ငြိမ်မှုများ ကြောင့်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာနိုင်ငံရေးလုပ်ဆောင်သူများက ၎င်းတို့၏လုပ်ဆောင်ချက်များကို မီဒီယာတွင်နည်းမျိုးစုံဖြင့်ဆွဲဆောင် ဖော်ပြကြသည့်အခါ၌ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့်မီဒီယာများမှဖော်ပြချက်များသည် မိမိတို့တိုင်းပြည်တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက် မှုနှင့်စည်းလုံးညီညွတ်မှုများ တွင်များစွာသက်ရောက်မှုရှိပါကြောင်း၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေး သည့် မီဒီယာများဖြစ်ရန်လိုအပ်ပါကြောင်း၊ တစ်ခြားနိုင်ငံများတွင်လည်း မိမိတို့တိုင်းပြည် အကျိုးစီးပွားနှင့် ပတ်သက်လာလျှင်အထိမခံဘဲ ပြန်လည်တုန့်ပြန်မှုများရှိကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံစည်းလုံးညီညွတ်သည့် အင်အားမျိုးဖြစ်ပေါ်စေရန်အတွက် မီဒီယာများမှလုပ်ဆောင်ပေးစေလိုကြောင်း၊ အပြုသဘောဆောင်သည့် ရေးသားချက်များ၊ စည်းလုံးညီညွတ်မှုကိုဖြစ်ပေါ်စေသည့်လုပ်ဆောင်ချက်များကို ဖော်ပြစေလိုကြောင်း၊ ပြည်သူ လူထုကိုအားပေးသည့် သတင်းထုတ်ပြန်မှုများထက်အားနည်းချက်များ ကိုသာထောက်ပြသည့် ထုတ်ပြန် မှုများသည် စိတ်ဓာတ်ကျဆင်းမှုများကိုပိုမိုဖြစ်ပေါ်စေနိုင်သောကြောင့် ပြည်သူများ၏ စိတ်ဓာတ်မြှင့် တင်ပေးရာ ရောက်သည့် သတင်းများကို အပြုသဘောဆောင်၍မျှတစွာဖြင့်ရေးသားဖေါ်ပြသင့်ကြောင်း၊ ဝေဖန်သင့်သည့် ကိစ္စရပ်များကိုလည်းဝေဖန်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့်မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိရန်လိုကြောင်း၊ တိုင်းပြည်ချစ်စိတ်ဆိုသည်မှာ မျိုးချစ်စိတ်၊ ရဲစွမ်းသတ္တိများနှင့်ယှဉ်တွဲနေကြောင်း၊ တိုက်ပွဲများတွင် အောင်မြင် ချိန်၌ မိမိတို့နိုင်ငံအလံနှင့်တပ်အလံများအားလွှင့်ထူခြင်းသည် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်နှင့် သူရသတ္တိ တို့ကိုဖော်ပြခြင်းဖြစ်ကြောင်း၊ အလားတူနိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် မိမိတို့နိုင်ငံပထမဆုရရှိပါက မိမိတို့နိုင်ငံတော်အလံလွှင့်ထူချိန်၌ အားကစားသမားများနှင့် ကြည့်ရှုအားပေးသူများကပါ နိုင်ငံတော်သီချင်း အားသီဆို၍ အလေးပြုကြခြင်းသည်တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ကိုဖော်ပြခြင်း ဖြစ်ကြောင်း၊ ထိုတိုင်းပြည်ချစ် စိတ်ကိုရိုက်ချိုး၍မရကြောင်း၊ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်တိုးပွားလာအောင် မီဒီယာများက ဖော်ပြပေးရန်လိုကြောင်း၊ တိုင်းပြည်ချစ်စိတ်ရှိမှသာ တိုင်းပြည်အားရှိမည်ဖြစ်ကြောင်း၊ သဘောထားချင်း၊ အယူ အဆချင်း၊ အကျိုးစီးပွားချင်းမတူညီသော်လည်း တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များတူညီရန်လိုကြောင်း၊ ယခု အခါမိမိတို့နိုင်ငံသည်ပြည်သူများက ရွေးချယ်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက် ရှိကြောင်း၊ အခြားနိုင်ငံများတွင်နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာကျင့်သုံးသည်ကို တွေ့ရှိရ ကြောင်း၊ ယခုအခါမိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုကျင့်သုံးလျက်ရှိပြီး ပြည်သူတစ်ရပ်လုံးမှ ရွေးချယ်သည့်စနစ်ဖြစ်သဖြင့် ခိုင်ခိုင်မာမာဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအပြောင်းအလဲများကြောင့် တိုင်းပြည် ဒုက္ခရောက်ခဲ့ရသည်များရှိခဲ့ကြောင်း၊ မိမိတို့တပ်မတော်သည် ပြည်သူကြားမှပေါက်ဖွားလာသည့် တပ်မတော် ဖြစ်ကြောင်း၊ ပြည်သူများ၏ဆန္ဒကိုအလေးထားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီဆိုပြီး လုပ်ချင်တာ လုပ်၍မရဘဲ ဥပဒေ၊ စည်းကမ်းနှင့်သာဆောင်ရွက်၍ တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများမှ ရွေးချယ်တင်မြှောက်ထားသည့်အစိုးရ၏ လုပ်ဆောင်ချက်များအောင်မြင်စေရေးအတွက် မိမိတို့တပ်မတော် အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့ဘ၀လုံခြုံရေးများတွင် ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းပြည်နှင့်ပြည်သူကိုထိခိုက်လာလျှင်၊ အုပ်ချုပ်မှုပိုင်းကို ထိခိုက်လာလျှင် ကာကွယ်ရမည်ဖြစ်ကြောင်း၊ ယခင်ခေတ်အဆက်ဆက်ကပင် တပ်မတော်မှ နိုင်ငံတော်ကာကွယ်ရေး တာဝန် များကိုဆောင်ရွက်ခဲ့ကြောင်း၊ တစ်ချို့က မိမိတို့တပ်မတော်သည် တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများရှိသည့် ဟုအထင်အမြင်လွှဲ မှားမှုများရှိကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားများကိုကာကွယ်စောင့်ရှောက်ပေး နေခြင်းသာဖြစ်ကြောင်း၊ ဥပမာအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနက လက်လှမ်းမမီသော ဝေးလံခေါင်ပါးသည့် ဒေသများတွင်လိုအပ်သည့် ဆရာဝန်များအားတပ်မတော်သား ဆရာဝန်များအား သဘောဆန္ဒများ ကောက်ယူ ၍စေလွှတ်ပေးလျက်ရှိကြောင်း၊ တပ်မတော်သားများအနေဖြင့်လည်း မိမိတို့ရောက်ရှိသည့်နေရာဒေသဖွံ့ ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့် ပညာရေးများတွင်တတ်နိုင်သည့်ဘက်မှကူညီ ဆောင်ရွက်ပေးခြင်းများ ရှိသကဲ့သို့ သဘာဝဘေးအန္တရာယ်များကျရောက်ပါကလည်း ကူညီဆောင်ရွက်ပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်တိုင်းရင်းသားများ အားအနိုင်ကျင့်သတ်ဖြတ်မှုမရှိဘဲ ပြည်သူများအားလက်နက်ကိုင်၍အနိုင်ကျင့် ခြိမ်းခြောက်နေသူများကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အား ပြည်သူကအားကိုးရသည့်၊ တိုင်းပြည်ကအားထားရသည့် တပ်မတော်ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများကလည်း စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာအပေါ်အားကိုးသည့်စိတ်၊ တိုင်းပြည်ကလည်းအားထားရသည့်စိတ်ဖြစ်အောင် စိတ်တူကိုယ်တူဖြင့် ဆောင်ရွက်သွားစေလိုကြောင်း အကြံပြုပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁)ဦးအုန်းကြိုင်က မိမိတို့အနေဖြင့် တပ်မတော် နှင့်သဘောထားတူညီမှုရှိပြီး ယခုအခါအပြန်အလှန် ယုံကြည်မှုများတည်ဆောက်ထားနိုင်ပြီဖြစ်ကြောင်း၊ မီဒီယာ အား နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်အဖြစ် တည်ရှိရန်အတွက် ယခင်သတင်းစာဆရာကြီးများအဆက်ဆက် မှကြိုးပမ်း ဆောင်ရွက်မှုများရှိခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် “ပြည်ကြီးပုခုံး၊ ပြည့်လက်ရုံး” မီဒီယာအနေဖြင့် “ပြည်ကြီးပုခုံး၊ ပြည့်မျက်လုံး” ဟူသော ၀န်ကြီးပဒေသရာဇာ၏ ဆိုရိုးစကားရှိပါကြောင်း၊ မိမိတို့အနေဖြင့် မဏ္ဍိုင်ကြီး (၄)ရပ်ဆွေးနွေးပွဲများအား တိုင်းနှင့် ပြည်နယ်များတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ မီဒီယာအနေဖြင့် တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားသည်။

ယင်းနောက် တပ်မတော်အနေဖြင့် အာဏာသိမ်းတော့မည်ဟူ၍ ကောလဟာလများ၊ လိုရာဆွဲ၍ မဟုတ်မမှန်သတင်းများထုတ်ပြန်ကာ တပ်မတော်အပေါ်ယုံကြည်မှု ပျက်ပြားအောင်လုပ် ဆောင်နေသည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာကိစ္စရပ်များ၊ အတတ် ပညာ၊ အတန်းပညာသင်ကြားနိုင်ရေး၊ ပညာရည်မြှင့်တင်ရေးဆောင်ရွက်ရန်လိုအပ်မှုများ၊ သတင်းမီဒီယာ ကောင်စီအား ၂၀၁၈ ခုနှစ်တွင် ၃ နှစ်တစ်ကြိမ် ရွေးကောက်ပွဲပြုလုပ်၍ ပြန်လည်ဖွဲ့စည်းရန် ဆောင်ရွက်နေမှု အခြေအနေများ၊ သတင်းရယူရေးခရီးစဉ်များ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ တပ်မတော်နှင့် အစိုးရ ဆက်ဆံရေးတွင်အခက်အခဲမရှိဘဲ တပ်မတော်ကအပြည့်အ၀ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ များ၊ ပြည်တွင်းပြည်ပသတင်း မီဒီယာများအတွက် သိသင့်သိထိုက်သည့်သတင်းများကို အင်္ဂလိပ်ဘာသာဖြင့် ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန်နိုင်ရေးအခြေအနေများ၊ ကျန်းမာရေး ဆိုင်ရာပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး၊ သတင်းမီဒီယာဆိုင်ရာ အဆင့်မြင့်သင်တန်းများဖွင့်လှစ်နိုင်ရေး၊ သတင်းမီဒီယာကောင်စီ အနေဖြင့် နိုင်ငံအသီးသီးနှင့် နိုင်ငံတကာရှိသတင်းမီဒီယာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု အခြေအနေများအား သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များနှင့် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ(၁) ဦးအုန်းကြိုင်နှင့် ဒုတိယဥက္ကဋ္ဌ(၂) မျိုးသန့်တင်တို့က အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

#Themyawadydaily

Role of media which is Fourth Estate is important; media is urged to serve national interest as a tool through constructive reports on national peace, stability and unity


Senior General Min Aung Hlaing gives a gift to Vice Chairman-1 of the Myanmar Media Council U Ohn Kyaing.

Senior General Min Aung Hlaing and party cordially greet the Vice Chairman-1and delegation of the Myanmar Media Council.

Nay Pyi Taw June 29

The role of media which is the Fourth Estate is important as it can generate various situations for the nation. So the media is urged to serve the national interest as a tool through constructive reports on peace and stability and unity of the nation, said Commander in Chief of Defence Services Senior General Min Aung Hlaing at his meeting with a delegation led by Vice Chairman-1 of the Myanmar Media Council U Ohn Kyaing at the parlour of the Bayintnaung Villa here yesterday afternoon.

Present at the meeting together with the Senior General were Deputy Commander in Chief of Defence Services Commander in Chief (Army) Vice-Senior General Soe Win, Chief of the General Staff (Army, Navy and Air) General Mya Tun Oo, Commander in Chief (Navy) Admiral Tin Aung San, Commander in Chief (Air) General Maung Maung Kyaw and senior military offi cers of the Offi ce of the Commander in Chief (Army).

U Ohn Kyaing was accompanied by Vice Chairman-2 Dr. Myo Thant Tin, Secretary U Thiha Saw and members of the council. First, the Senior General and party cordially greeted the Vice Chairman-1and delegation of the council and then held talks with them.

At the meeting, the Senior General said he gave serious attention to the meeting as media or the Fourth Estate is an important institution of a country. The current trend of the nation indicates mutual benefi ts with the media.

The Senior General said he has held talks with the Myanmar Media Council for a number of times since 2012 while holding press conferences and interviews with the media. As the country is lying between powerful countries, it needs united strength.

There must be unity and harmony among the government, the people and all institutions regardless of adopted political system. Media should give priority to further strengthening this strength. The absence of security and political instability are the causes behind the lack of development of the country.Political instability is generated by the various means of the politicians to highlight their activities through the media. Hence, media reports have much impact on peace, stability, progress and unity of the country.

Media should become a tool for cementing unity. Other countries too respond to any acts that are against their interest as they never tolerate such acts. Therefore, the local media are urged to try for the country to become a united force. There should be constructive writings and acts leading to unity. As news releases only pointing out weaknesses rather than encouraging the public cause demoralization, there should be unbiased news with construction attitude promoting public morality. However, any issue deserving criticism must be criticized. By doing so, it will pave the way for national development in one way. Every citizen needs to cherish their country.

The love for the country goes together with patriotism and courage. Raising the national flfl ag and military flfl ags when battles are won indicates nationalism, patriotism and courage.Likewise, when we stood first in international sport events, we raised our State flag and both the athletes and spectators saluted and sang the nation anthem. This is also indicative of patriotism and nationalism. The spirit of cherishing one’s own country cannot be demoralized. It is important that the media try to help promote patriotism and nationalism.

Only patriotism can reinforce the strength of our country. There might be different attitudes, ideologies and interests but everyone must be the same to cultivate patriotism. Now, our country is pursuing democracy the people have chosen. Other countries are found to be practising democracy in their own ways. We are also practising democracy best suited to our country. As it is the system that the entire people have chosen, it must be fi rm and strong.The country got troubled because of political changes. Our Tatmadaw was born of the people.So we must value the desire of the people.

One cannot do as he wishes in the name of democracy. We must act in accord with the existing rules and laws while trying for the development of the country. For the work of the government elected by our people to be successful, our Tatmadaw is cooperating in ensuring the rule of law, peace and stability and public security. We must defend against any harm to the State, the people and the administrative machinery. Throughout history, the Tatmadaw has been shouldering national defence duties. Some misunderstand that the Tatmadaw is oppressive against the national races. Indeed, we are only protecting our national races. For example, military medical doctors are being sent to the remote areas the Ministry of Health could not reach. Tatmadaw members help carry out development, health and education of regions as much as they can in their assigned regions. They also continuously participate in providing assistance to people at a time when disasters fall. The Tatmadaw attacks those who bully and threat the people with holding arms but not bullies and kills the ethnic people. Efforts are being made for enabling the Tatmadaw to become a public and State reliable Tatmadaw.

The Senior General urged the media as the fourth estate to try hard together to have public and State reliance. Vice Chairman-1 of Myanmar Media Council U Ohn Kyaing said the council has agreed with the Tatmadaw and has already built mutual trust. Veteran journalists in successive eras had strived for ensuring standing of media to be the fourth estate of the country. Sayings of Minister Padetharaja go: the Tatmadaw as “Shoulder of the State, Arms of the State” as well as the media as “Shoulder of the State, Eyes of the State”. The media held the meetings on four estates in regions and states. The media pledged to serve the interest of the State.

Then, the Senior General and members of the Myanmar Media Council frankly exchanged views on attempts to decline trust over the Tatmadaw by releasing fabricated news and rumours for the Tatmadaw on staging a coup, economic development and getting job opportunities in Rakhine State, building peace with ethnic armed organizations, needs of education promotion for the youths to pursue vocational and education courses, preparations to reconstitute the Myanmar Media Council in 2018 with holding the election once three years, arrangements for making trips to cover news, full contributions of the Tatmadaw and no diffi culties in relations between the Tatmadaw and the government, plans to release appropriate information in English on a wider scale to local and foreign media, broadening educative talk about health knowledge, conducting advanced media courses, and efforts of the Myanmar Media Council to create links with global countries and international media. After the meeting, the Senior General accepted gifts from Vice Chairman-1 U Ohn Kyaing and Vice Chairman-2 Dr. Myo Thant Tin of the council.

Then, the Senior General presented gifts to members of Myanmar Media Council and posed for documentary photo.

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၂၉-၆-၂ဝ၁၈)



ရတနာပုံနေ့စဉ်သတင်းစာ (၂၉-၆-၂ဝ၁၈)

Download Links

မြဝတီနေ့စဉ်သတင်းစာ (၂၉-၆-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၂၉-၆-၂ဝ၁၈)

Download Links

Thursday, June 28, 2018

ခရီးသွားများအတွက် အဆင့်မြင့်သန့်စင်ခန်းများ တည်ဆောက်၍ Mobile Toilet များ ဝယ်ယူထား



မုံရွာ ၂၈-၆-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းသို့ လာရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအတွက် အဆင့်မြင့်သန့်စင်ခန်း ၄၂ ခန်းတည်ဆောက်၍ Mobile Toilet ၁၅ လုံး ဝယ်ယူထားကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အဆိုပါ အဆင့်မြင့် သန့်စင်ခန်းများနှင့် Mobile Toilet များကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ဝယ်ယူ ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် ခရီးစဉ်ဒေသ များတွင် ခရီးသွားများ အဆင်ပြေစေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများတွင် ခရီးသွားများ အဆင်ပြေစေရန် အဆင့်မြင့် သန့်စင်ခန်းများ စီစဉ်ဆောက်လုပ်ပေးမှုကို ကနောင်မင်းသားကြီး သံချက်ဖိုတွင် နှစ်ခန်း၊ အစေခံခံတပ်တွင် နှစ်ခန်း၊ မင်းကွန်းဒေသ ခြင်္သေ့ကြီးအနီးတွင် ၁၄ခန်း၊ဟန်လင်းဒေသတွင် ရှစ်ခန်း၊ အလောင်းတော်ကဿပတွင် ၁၆ ခန်းနှင့် ပွဲတော်အခမ်းအနား များအတွက် Mobile Toilet ၁၅ လုံး ဝယ်ယူထားရှိ စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် ခရီးသွားများ အဆင်ပြေစေရန် အထင်ကရ နေရာများကို လေ့လာနိုင်မည့် ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်များ၊ လမ်းညွှန်မြေပုံများကို ပထမအဆင့်အနေဖြင့် စစ်ကိုင်းမြို့၊ မုံရွာမြို့၊ ရွှေဘိုမြို့တို့တွင် တပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

#Themyawadydaily

မွေးကင်းစ ဧရာဝတီလင်းပိုင် တစ်ကောင် သေဆုံး



မန္တလေး ၂၈-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် စိန်ကျွန်းကျေးရွာ အနီးတွင် ဇွန် ၂၆ ရက် ညနေ ၃ နာရီက မွေးကင်းစဧရာဝတီ လင်းပိုင်တစ်ကောင် သောင်တင်နေသည်ကို နိုင်ငံခြားသားများ ပို့ဆောင်ပေးနေသည့် မော်တော်ယာဉ်မှ တွေ့ရှိခဲ့ပြီး ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့စဉ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံ ဦးဟန်ဝင်းထံမှ သိရသည်။

ဧရာဝတီလင်းပိုင် များသည် မိခင်မှမွေးထုတ် လိုက်သည့် အချိန်တွင် အသက်ရှူခြင်းနှင့် ရေကူးခြင်းများကို မလုပ်ဆောင်နိုင်ကြောင်း၊ မိခင်သင်ကြားပေးမှသာ လုပ်ဆောင်နိုင်သည့်အတွက် မိခင်နှင့်ကွဲသွားသည့် အချိန်တွင် ယခုကဲ့သို့ သေဆုံးရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

"အခုသေတဲ့ ဧရာဝတီလင်းပိုင်က မွေးကင်းစပဲရှိပါသေးတယ်။ မွေးမွေးချင်း သောင်တင်နေတာဆိုတော့ အများကြီးတွေးလို့ ရပါတယ်။ မွေးမွေးချင်းဘာတွေ ဖြစ်ခဲ့လဲဆို တာကိုတော့ မသိနိုင်ပါဘူး။ ဖြစ်နိုင်ခြေ အများဆုံးကတော့ မိခင်နဲ့ အုပ်စုကွဲသွားလို့ အခုလိုမျိုးဖြစ်တာ လို့ မြင်ပါတယ်"ဟု ၎င်းက ပြောပြသည်။

"အခုချိန်က ငါးရစ်ငါးသန် ကာလဆိုတော့ လင်းပိုင်တွေ အစာရှာရင်းနဲ့ အုပ်စုကွဲသွားတာလဲ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် လှိုင်းလုံးတွေကြောင့် ကွဲသွားတာလဲ ဖြစ်နိုင်တယ်။ ဒီလို ဖြစ်စဉ်မျိုး အရင်လတုန်းကလဲ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် အသိပညာပေးတဲ့အခါမှာ လင်းပိုင်သားပေါက်တွေကို တွေ့ရှိခဲ့ရင် ဘယ်လိုပြုစု ထိန်းသိမ်းပေးရ မလဲဆိုတာတွေကိုလဲ ထည့်သွင်း သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောပြသည်။

သဘာဝသတ္တဝါများ ဖြစ်သည့်အတွက် သဘာဝအတိုင်း ပြန်လွှတ်ပေးခြင်း၊ ကုန်းပေါ်တွင် သောင်တင်တွေ့ရှိပါက ရေစိုအဝတ်ဖြင့်အုပ်၍ နှာခေါင်းပေါက်ဖွင့် ပြုစုပေးခြင်း စသည့်အချက်များ ပြုလုပ်ပေးရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါဧရာဝတီ လင်းပိုင်သည် အလျားသုံးလက်မ၊ လုံးပတ်အရွယ် တစ်ပေ ၁၁ လက်မအထီးသားပေါက် ငယ်ဖြစ်ကြောင်း၊ သေဆုံးသွားသည့် လင်းပိုင်ငယ်ကို ဆေးရည်စိမ်၍ ပညာပေးပြခန်းတွင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတစ်ဝန်းတွင် စိုက်ပျိုးရေးနည်းပညာပေး သင်တန်းများပေးသွားမည်



နေပြည်တော် ၂၈-၆-၂ဝ၁၈

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အရေးကြီးသည့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် အတွက်နိုင်ငံတစ်ဝန်း လုံးတွင်စိုက်ပျိုးရေး နည်းပညာ သင်တန်းများနှင့် နှီးနှောဖလှယ်ပွဲများကို ယခုနှစ်မှစတင်ကာ ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် နေရာတွင် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရန်နှင့် ခေတ်မီစိုက်ပျိုးရေး နည်းပညာများ ရရှိအသုံးပြု နိုင်ရန်အတွက် လေ့ကျင့်ပညာပေးရေးလုပ်ငန်းများ၊ သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းစနစ်များကို အကောင်အထည် ဖော်ဆောင်ရွက် ပေးလျက်ရှိသည်။ ဆက်လက်၍ မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍတွင်ပါဝင်သည့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံ တစ်ဝန်းလုံးတွင် စိုက်ပျိုးရေး နည်းပညာသင်တန်းများနှင့် နှီးနှောဖလှယ်ပွဲများကို ပြုလုပ်ပေးသွားမည် ဖြစ်သည်။

"ဒီကိစ္စကို လွှတ်တော်မှာလဲ ဆွေးနွေးထားပြီးပါပြီ။ အခုဆိုလဲ ကျွန်တော်တို့ဝန်ကြီး ဌာနကစိုက်ပျိုး ပညာပေးရေးနဲ့ ရိတ်သိမ်းချိန်လွန် နည်းပညာပေး သင်တန်းကျောင်း တွေဖွင့်ပြီးတောင်သူတွေ ကိုသင်တန်း တွေပေးနေတာ လဲရှိပါတယ်။ ပြည်သူ့ လွှတ်တော်ကလဲ အတည်ပြုထားတော့ နိုင်ငံတစ်ဝန်းလုံးမှာ ဆက်လက်ဆောင်ရွက် သွားတော့မှာပါ" ဟု စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဦးက ပြောပြသည်။

ထိုသို့တောင်သူများကို သင်တန်းများ ပို့ချပေးပြီး ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် တောင်သူများ အနေဖြင့်စိုက်ပျိုးရေး နည်းပညာများကို သိရှိကာလူမှုစီးပွား ကဏ္ဍဖွံ့ဖြိုး တိုးတက်စေမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

#Themyawadydaily

ငှက်သိုက်ရှာဖွေ စုဆောင်းသူများ လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေ



မြိတ် ၂၈-၆-၂ဝ၁၈

ငှက်သိုက်စုဆောင်း ချိန်နီးကပ်လာ နေပြီဖြစ်၍ ငှက်သိုက်ရှာဖွေ စုဆောင်းသူများ လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်ဆောင်ရွက် နေပြီဖြစ်ကြောင်း မြိတ်မြို့နယ် ဒေသခံ နေထိုင်သူများနှင့် ငှက်သိုက်ရောင်းချ သူများထံမှ သိရသည်။

အဆိုပါ ငှက်သိုက်များမှာ ဇီဝဇိုးငှက်ငယ်များ၏ အသိုက်များ ဖြစ်ပြီး မျိုးပွားရာသီဖြစ်သော ဇန်နဝါရီလ၊ ဧပြီလ၊ သြဂုတ်လတို့တွင် ဥများဥရန် အသိုက်ဆောက်လေ့ရှိသည်။ အဆိုပါငှက်သိုက်များကို ရှာဖွေစုဆောင်းရန်အတွက်၂ဝ၁၅ ခုနှစ်မှစတင်ကာ အချိန်ကာလ သတ်မှတ်ပေးခဲ့ပြီး ငှက်သိုက်ရှာဖွေ စုဆောင်းချိန်ကို မတ်လပထမ ပတ်မှဒုတိယပတ်၊ ဧပြီလပထမပတ်မှ ဒုတိယပတ်၊ ဇူလိုင်လ ပထမပတ်မှ ဒုတိယပတ်နှင့်နိုဝင်ဘာ ၂၁ရက်မှ နိုဝင်ဘာလ ကုန်ထိတစ်နှစ်လျှင် လေးကြိမ်ရှာဖွေ စုဆောင်းခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယခုအခါ တတိယအကြိမ် ငှက်သိုက်ရှာဖွေ စုဆောင်းခွင့် ပြုပေးချိန်သို့ ရောက်ရှိရန်နီးကပ် နေပြီဖြစ်၍ ငှက်သိုက်ရှာဖွေ စုဆောင်းသူများ လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

ငှက်သိုက် စုဆောင်းချိန်တွင် ငှက်သိုက်ရှာဖွေ စုဆောင်းသူများသည် ကျောက်ဆောင်၊ လိုဏ်ဂူအတွင်း နံရံကို ခက်ခဲစွာတက်ရောက်၍ ငှက်သိုက်များကို ခူးဆွတ်နိုင်ရန် ကျောက်ဆောင်များကို ငြမ်းဆင်၍ သက်စွန့်ဆံဖျား လိုက်လံစုဆောင်းကြပြီး စုဆောင်းရရှိလာသည့် ငှက်သိုက်များကို ဒေသတွင်း ဈေးကွက်များသို့ ပြန်လည်ရောင်းချ ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငှက်သိုက်များကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အနောက်တောင်ဘက်ရှိ ကျွန်းများတွင် တွေ့ရှိနေရသော်လည်း တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ငှက်သိုက်ကျွန်းပေါင်း ၃၂ ကျွန်းမှသာ အဖိုးတန်းငှက်သိုက်များ ထွက်ရှိနေခြင်းဖြစ်သည်။ မြိတ်ကျွန်းစုတွင် ငှက်သိုက်များကို ပုလောမြို့နယ်ရှိ မလိကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်းစု၊ ဘုတ်ပြင်းမြို့နယ်ရှိ ပုလုတိကျွန်းစု၊ ကော့သောင်းမြို့နယ်ရှိ ကဆိုင်းလှ၊ ကော့ငန်းကျွန်းစုများမှ အများဆုံး ရရှိနေပြီး အဆိုပါ ကျွန်းစုများအနက် မလိကျွန်းမှ ငှက်သိုက် အများဆုံးရရှိကြောင်း သိရသည်။

#Themyawadydaily

တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ



ကျောက်မဲ ၂၈-၆-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ အိုရီယမ်တယ်တိုး ဂိတ်အနီးတွင် ယနေ့ နံနက်ပိုင်းက ခရီးသည်တင် Express ယာဉ်ဖြင့် မန္တလေးဘက်မှ တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အရပ်ဘက်သက်သေများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းအဖွဲ့သည် ရှာဖွေရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေစဉ် မန္တလေးဘက်မှ ယာဉ်မောင်း စိုးသန်း မန္တလေးမြို့နေသူ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်ကို စစ်ဆေး ရှာဖွေခဲ့သည်။

ထိုသို့ ယာဉ်ကို ရှာဖွေစစ်ဆေးရာ ယာဉ်၏ ဝမ်းဗိုက်အတွင်း တိပ်အဝါများဖြင့်ပတ်၍ သယ်ဆောင်လာသော အရွယ်စုံကျောက်စိမ်း အတုံး ၆ဝဝ၊ အလေးချိန် ၃ဝဝ ကီလိုဂရမ်ခန့်ရှိ ကျောက်ခွဲခြမ်းတစ်ခု၊ အလေးချိန် ၂၂ဝ ကီလိုဂ ရမ်ခန့်ရှိ ကျောက်ခွဲခြမ်းတစ်ခုနှင့် ၁၁ဝ ကီလိုဂရမ်ခန့်ရှိ ကျောက်တုံးတစ်တုံး စုစုပေါင်းကျောက်စိမ်းတုံး ၆ဝ၃တုံးနှင့်အတူ ယာဉ်ပေါ်ပါ ခင်မောင်သန်းထံမှ ကျောက်စိမ်းတုံးများ သယ်မှုနှင့်ပတ်သက်သော စာရွက်စာတမ်းများ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း စိုးသန်း မန္တလေးမြို့နေသူ၊ယာဉ်ပေါ်ပါ ခင်မောင်သန်းတို့ကို ကျောက်မဲမြို့မရဲစခန်းက (ပ) ၂၈၅/၂ဝ၁၈၊ ကျောက်မျက်ဥပဒေပုဒ်မ-၄၂(က)ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

ရပ်ထားသောယာဉ်ပေါ်မှ ပိတောက်ဓားရွေတုံးများ ဖမ်းဆီးရမိ



ပုလဲ ၂၈-၆-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာတွင် နေအိမ်အတွင်း ရပ်တန့်ထားသည့် မော်တော်ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ဓားရွေတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ ခရိုင်စစ်ကြောင်း အဖွဲ့မှ တောအုပ် ဇော်မြင့်နှင့် ဝန်ထမ်းများ၊ သစ်တောရဲတပ်ဖွဲ့ တပ်ကြပ်ကြီး အောင်ထန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ချင်ပြစ်ရဲတပ်ဖွဲ့စခန်းမှရဲအုပ် ကျော်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ချင်ပြစ်ကျေးရွာ ရာအိမ်မှူး ဦးကျော်လင်းတို့ ပါဝင်သောပူးပေါင်း အဖွဲ့သည် ယနေ့ နံနက် ၁၁နာရီ မိနစ် ၃ဝက ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာအုပ်စု ချင်ပြစ်ကျေးရွာနေ အောင်မိုးသူ (ဘ) ဦးကျော်ဝင်း၏ နေအိမ်ဝင်းအတွင်း ရပ်တန့်ထားသည့် 4I------ A-6ခြောက်ဘီးအဖြူရောင် မော်တော်ယာဉ်ကို သတင်းအရ ဝင်ရောက်ရှာဖွေ ခဲ့သည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် တရားမဝင် ပိတောက်ဓားရွေတုံး အရွယ်စုံ ၁၇ တုံး အလေးချိန် ၁ဒသမ၈၁၂၂တန်၊ ကားခေါင်းခန်းထဲ၌ 3I---- နံပါတ်ပြားနှင့် ပိုင်ရှင် အောင်မိုးသူကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသော တရားမဝင် ပိတောက်ဓားရွေတုံး အရွယ်စုံ ၁၇တုံး ၁ဒသမ၈၁၂၂ တန်နှင့် 4I------ A-6 ခြောက်ဘီး အဖြူရောင် မော်တော်ယာဉ်ကို ပုလဲမြို့နယ် သစ်တောဦးစီးဌာနသို့ သယ်ဆောင်ထိန်းသိမ်း ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တောအုပ် ဇော်မြင့်က အောင်မိုးသူ (ဘ) ဦးကျော်ဝင်းကို အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းသဖြင့် ချင်ပြစ်ရဲတပ်ဖွဲ့စခန်းက (ပ)၇/၂ဝ၁၈၊ ပြည်သူပိုင်ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ-၆(၁) ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

ကျွဲများတင်ဆောင် လာသောယာဉ် လမ်းဘေးထိုးကျ တိမ်းမှောက်



ညောင်လေးပင် ၂၈-၆-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ ထော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၁ဝ၅/၄) အနီး၌ ယနေ့ နံနက် ၅ နာရီ မိနစ် ၃ဝ က ကျွဲများတင်ဆောင်လာသော ၁၂ဘီးယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်၍ လူတစ်ဦးနှင့် ကျွဲများသေဆုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ဥက္ကံမြို့နေသူများ ဖြစ်သည့် မျိုးမြင့်အောင် (ဘ) ဦးသန်းမြင့်မောင်းနှင်၍ ယာဉ်နောက်လိုက် နန်းဦး(ဘ) (စုံစမ်းဆဲ) လိုက်ပါလာကာ ကျွဲထိန်း အီစွတ်(ဘ) ဦးဘိုသူ၊ဖိုးလပြည့် (ဘ)ဦးအေးလွင်တို့ လိုက်ပါလာသော ပျို့လုံမေကုမ္ပဏီ၏ ကျွဲထီးအကောင် ၂ဝ တရားဝင် တင်ဆောင်လာသည့် 7K/----Hino အစိမ်းနုရောင် ၁၂ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ဘေးသို့ထိုးကျ တိမ်းမှောက်ခဲ့သည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် ကျွဲထိန်း အီစွတ်နှင့် ကျွဲသုံးကောင် သေဆုံးခဲ့ပြီး ဖိုးလပြည့်တွင် ယာဘက်လက်မောင်းရိုးကျိုး ဒဏ်ရာရရှိခဲ့သဖြင့် ပိန်းဇလုပ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ အချင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မျိုးမြင့်အောင်ကို ပိန်းဇလုပ် နယ်မြေရဲစခန်းက ယာဉ်(ပ)၁၄/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၃၈/၃ဝ၄-က ဖြင့် အမှုဖွင့်ထားရှိပြီး အမြန်ဆုံးဖမ်းဆီး ရမိနိုင်ရေး စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

ရှေးဟောင်းပေစာထုပ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်နေ



စစ်ကိုင်း ၂၈-၆-၂ဝ၁၈

စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်အနီး စစ်ကိုင်းတိုင်း ဒေသကြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှု ပြတိုက်သို့ လာရောက်လှူဒါန်း ထားသော နှစ်ပေါင်း ၃ဝဝခန့်ရှိ ရှေးဟောင်း ပိဋကတ်တော် ကျမ်းပေစာထုပ်များကို ပျက်စီးဆုံးရှုံးမှု မရှိစေရန် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

အဆိုပါ ရှေးဟောင်းပိဋကတ် တော်ကျမ်းပေထုပ်များကို စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် မူးဝ-ရွာထောင်မွေတော် ကျောင်းတိုက်မှ ၂ဝ၁၆ ခုနှစ် မေ ၈ရက်က ကျမ်းပေထုပ် ၅၇ ထုပ်ကို ပထမအကြိမ်အနေဖြင့် လာရောက်လှူဒါန်းခဲ့ပြီး ယခုနှစ် ဇွန် ၂ဝရက်က ဒုတိယအကြိမ် အနေဖြင့် ကျမ်းပေထုပ် ၁၄ထုပ်ကို လာရောက်လှူဒါန်း ထားခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ် လှူဒါန်းထားသည့် ကျမ်းပေထုပ်များကို စနစ်တကျ ထိန်းသိမ်းထားရှိရန် ဆောင်ရွက်နေကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလှညွန့်က ပြောပြသည်။

အဆိုပါ ကျမ်းပေထုပ်များမှာ ညောင်ရမ်းခေတ်၊ ရတနာပုံခေတ်၊ ကိုလိုနီခေတ် စသည့်ခေတ်များက ပေစာများဖြစ်ပြီး ပိဋကတ်တော် စာပေများဖြစ်ကြောင်း၊ ရှေးဟောင်း ကျမ်းပေထုပ်များကို လှူဒါန်းခဲ့သည့် မူးဝ-ရွာထောင် မွေတော်ကျောင်း တိုက်မှ ဆရာတော်ကို ၂ဝ၁၆ခုနှစ် စက်တင်ဘာ ၁၈ရက်က ပထမအကြိမ်အလှူငွေ ငွေကျပ် ၅၅ဝဝဝဝ ကပ်လှူပူဇော်ခဲ့ကြောင်း၊ ဒုတိယ အကြိမ်လှူဒါန်းသည့် ပေထုပ်များမှ ပေစာများကို လက်ရှိတွင် တစ်ရွက်ချင်းခွဲထုတ်၍ သန့်ရှင်းရေးများ ပြုလုပ်ကာ စပါးလင်များ သုတ်လိမ်းခြင်း၊ အက္ခရာအစဉ်လိုက် ပြန်စီခြင်းများ ပြုလုပ်ဆောင်ရွက်ပြီး စနစ်တကျထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

လူမှုကူညီရေး အသင်းလိုင်စင်မဲ့ကားများ မှတ်ပုံတင်နိုင်ရေး မန္တလေးမြို့တွင် စုပေါင်းဆွေးနွေးမည်


မန္တလေး ၂၈-၆-၂ဝ၁၈

လူမှုကူညီရေး ပရဟိတအသင်းများတွင် အသုံးပြုနေသည့်လိုင်စင်မဲ့ ကားများကို မှတ်ပုံတင်လိုင်စင် ချထားပေးရေးအတွက် မြန်မာနိုင်ငံ အရပ်ရပ်ရှိ ပရဟိတလူမှုရေး အသင်းများ စုပေါင်း၍ မန္တလေးမြို့တွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း မန္တလေးမြို့ရှိပရဟိတ လူမှုကူညီရေး အသင်းများထံမှ သိရသည်။

စုပေါင်းဆွေးနွေးပွဲကို ဇွန် ၂၉ ရက်တွင် မန္တလေး ချမ်းအေးသာစံမြို့နယ် ၇၇လမ်းနှင့် ၇၈လမ်းကြား၊ ၃၂လမ်းနှင့် ၃၃လမ်းကြား၊ဇောတိက လမ်းသွယ်ရှိ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းရုံး (မန္တလေး) ဒုတိယထပ်၊ ရွှေဖြူပလာဇာတွင် မွန်းလွဲ ၁ နာရီမှ ညနေ၃နာရီထိ ပြုလုပ်သွားမည်ဖြစ်သည်။ ဆွေးနွေးပွဲ၌ ပရဟိတကို ခုတုံးလုပ်၍ ကိုယ်ကျိုး ရှာနေသည့် အမည်ခံပရဟိတအသင်းများကို ဖော်ထုတ်တိုင်ကြားကြရန်၊ ပရဟိတအသင်းများ တရားဝင် အသင်းမှတ်ပုံတင်ရေး ကိစ္စများ၊ ပရဟိတအသင်းပိုင် လိုင်စင်မဲ့ကားများ တရားဝင်မှတ်ပုံတင် လိုင်စင်ချပေးရန်အတွက် သက်ဆိုင်ရာသို့ စုပေါင်းတင်ပြကြရန်နှင့် လိုင်စင် ချပေးလာပါက မိမိတို့ဘက်မှ လုပ်ဆောင်ရမည့် လိုအပ်ချက်များ စသည်တို့ကို ဆွေးနွေးတိုင်ပင် ကြမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ပေးသည့် မန္တလေးမြို့ONE TO ONE ပြည်သူ့ကူညီရေး အဖွဲ့မှကိုစိုင်းနေ မျိုးမောင်မောင် (ကိုဝမ်း) ကပြောပြသည်။

"ဆွေးနွေးပွဲက အခုလက်ရှိ ဖြစ်နေတဲ့ လူမှုရေးအသင်းတွေက လိုင်စင်မဲ့ကားတွေ ဖမ်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အသင်းတွေက လိုင်စင်မရှိတဲ့ ကားတွေတရားဝင် လိုင်စင်ရဖို့ အသင်းတွေအားလုံး သဘောတူညီချက် ရယူတဲ့သဘောပါ။ အားလုံး စုစုစည်းစည်းနဲ့ လက်မှတ်ထိုးပြီး ဝန်ကြီးချုပ်ဆီ စာတင်ဖို့ပါပဲ" ဟု၎င်းက ပြောပြသည်။

လက်ရှိလိုင်စင်မဲ့ ကားများကို ဖမ်းဆီးအရေးယူမည့် ကိစ္စနှင့် ပတ်သက်၍ လူမှုကူညီရေး အသင်းများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဇွန် ၂၄ ရက်တွင် မန္တလေးမြို့၌ ဆွေးနွေးပွဲပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း တက်ရောက်လာသည့် အသင်းများ များပြားလှသည့်အတွက် ယခုထပ်မံစီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

လာမည့် ဇူလိုင် ၁၁ ရက် နောက်ပိုင်းမှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ လူမှုကူညီရေး အသင်းများမှ လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေး ယူမည်ဆိုသည့် သတင်းများကြောင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးရှိ လူမှုကူညီရေး အသင်းများနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ ပရဟိတ အသင်းပေါင်း ၅ဝဝကျော်မှာအရေးပေါ်လူနာပို့ဆောင်မှုနှင့် အဝေးလမ်းကြောင်းလူနာ ပို့ဆောင်ကူညီမှုများ ရပ်နားထားကြောင်း အဆိုပါ အသင်းများမှ သိရသည်။

#Themyawadydaily

မြန်မာ့ရေထွက်ကုန်များ ဥရောပသို့ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်မည်



နေပြည်တော် ၂၈-၆-၂ဝ၁၈

မြန်မာနိုင်ငံ၏ ရေထွက်ကုန်များ အနေဖြင့် ဥရောပနိုင်ငံများ (EU) ဈေးကွက်သို့ လက်ရှိတစ်နှစ်လျှင် တန်ချိန်တစ်သောင်းခန့်သာ တင်ပို့နေရလျက်ရှိပြီး နောက်ပိုင်းတွင် ယခုထက်ပိုမိုတင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို ဥရောပ(EU)၏ စံနှုန်းများနှင့် ကိုက်ညီသည့် ငါးဖမ်းသင်္ဘောများက ဖမ်းမိသည့် ရေထွက်ကုန်များကိုသာ တင်ပို့နေရပြီး ရေငန်ငါးနှင့် ရေငန်ပုစွန်များကိုသာ အဓိကတင်ပို့နေရကြောင်း၊တင်ပို့နိုင်မှုပမာဏမှာ နည်းပါးနေသေးသဖြင့် ဥရောပဈေးကွက်သို့ ယခုထက်မြန်မာ့ ရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရန်နှင့် ရေထွက်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MYSAP စီမံကိန်းကို လက်ရှိတွင် ဂျာမနီ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ GIZ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ MYSAP စီမံကိန်းကို ရေချိုဒေသများ ဖြစ်သည့် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် လည်းကောင်း၊ ကမ်းရိုးတန်းဒေသများ ဖြစ်ကြသည့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် လည်းကောင်း ပြီးခဲ့သည့် ၂ဝ၁၇ခုနှစ်မှ စတင်ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂ဝ၂၁ခုနှစ်ထိ ငါးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ ဥရောပ(EU)နှင့် ဂျာမနီအစိုးရတို့၏ အထောက့်အပံ့ ယူရို၂၂ဒသမ ၅သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

"လက်ရှိမှာတော့ မွေးမြူရေးကန်ဧက တစ်ထောင်လောက်ကိုတော့ ဝန်ကြီးဌာနက အခုဆို ရေထွက်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် MYSAP စီမံကိန်းကို မနှစ်ကစပြီး  ထိုးထားပြီးပါပြီ။ ငါးမွေးသူတွေကလဲ သူတို့ကိုယ်တိုင် သတ်မှတ်စံနှုန်းတွေ အတိုင်း လိုက်နာဆောင်ရွက်ဖို့ တော့လိုပါတယ်"ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောပြသည်။

လက်ရှိ ဥရောပဈေးကွက်သို့ တင်ပို့ရာတွင် ငါးမြစ်ချင်းကိုသာ အများဆုံးတင်ပို့ နေရကြောင်း၊ မြန်မာ့ရေထွက်ကုန်ကို အခြားနိုင်ငံများသို့လည်း တင်ပို့လျက်ရှိရာ တစ်နှစ်လျှင် တန်ချိန်သန်း တစ်ထောင်ခန့်ထိ တင်ပို့နေရပြီး ဥရောပဈေးကွက် သို့လည်း ယခုထက်ပိုမို တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ ရေထွက်ကုန်များကို ယခုနှစ်ငါးလ တာကာလအတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ တန်ချိန် နှစ်သောင်းကျော် တင်ပို့ထား နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

#Themyawadydaily

ဆန်စပါးတိုင်းတာရေးပစ္စည်းများ စံချိန်စံညွှန်းသတ်မှတ်၍ သက်သေခံလက်မှတ် ထုတ်ပေးရန်စီစဉ်



ရန်ကုန် ၂၈-၆-၂ဝ၁၈

ပြည်တွင်း၌ ဆန်စပါး ရောင်းဝယ်ရာတွင် အသုံးပြုနေသည့် ဆန်စပါးတိုင်းတာရေး ပစ္စည်းများအတွက် စံချိန်စံညွှန်း သတ်မှတ်ကာ သက်သေခံလက်မှတ်များ ထုတ်ပေးနိုင်ရန် စီစဉ်နေကြောင်း ဆန်စပါးပညာရှင် ဒေါက်တာ မျိုးအောင်ကျော်ထံမှ သိရသည်။

အဆိုပါ လုပ်ဆောင်မှုကို ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ အမျိုးသားတိကျစွာ တိုင်းတာခြင်း နည်းပညာသိပ္ပံ (National Institute Of Metrology Myanmar-NIMM) ၌ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် လုပ်ဆောင်လျက်ရှိပြီး ယခုအခါ ဝန်ထမ်းများအတွက် လိုအပ်သည့် သင်တန်းများပေး လျက်ရှိကြောင်း သိရသည်။

''ဒီလိုလုပ်ဆောင်ဖို့ ထိုင်းနိုင်ငံကို သွားလေ့လာခဲ့ပါတယ်။ ဟိုမှာက ဒီလိုသုတေသန ဌာနက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိပါတယ်။ ဒီမှာက အရင်တုန်းကတော့ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာန လက်အောက်၊ အခု ပညာရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ လိုက်လျော ညီထွေဖြစ်ဖို့ ဆရာတို့ဘက်ကနေ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှာရှိတဲ့ စားသုံး သူရေးရာ ဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး အဲဒီက ဝန်ထမ်းတွေကို ဆန်စပါးလုပ်ငန်းတစ်ခု လုံးမှာလုပ်ကိုင်နေတဲ့ အခြင်အတွယ် ပစ္စည်းတွေ၊ စက်ကိရိယာတွေနဲ့ ပတ်သက်ပြီး အကျွမ်းတဝင်ဖြစ်အောင် လေ့ကျင့်ပေး နေတာတွေ ရှိပါတယ်။ တကယ်တော့ ဒီကဏ္ဍတစ်ခုလုံးကို လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ကြိုးပမ်းလုပ်ကိုင် နေကြတာ ဖြစ်ပါတယ်'' ဟု ဒေါက်တာမျိုးအောင်ကျော် ကပြောသည်။

ဆန်စပါး ရောင်းဝယ်ရေးတွင် အခြင်အတွယ်ကွာဟခြင်း များဖြစ်ပါက ရောင်းသူနှင့် ဝယ်သူကြား ယုံကြည်မှု ပျက်ပြား စေသကဲ့သို့ မလိုလားအပ်သော နစ်နာဆုံးရှုံးမှု များလည်း ရှိနိုင်သည်။ ယခုနောက်ပိုင်း ဒစ်ဂျစ်တယ်ခေတ်တွင် အခြင်အတွယ်များ ထုတ်လုပ်ရာ ကုမ္ပဏီအလိုက် စံသတ်မှတ်ချက်များကို ပြောဆိုအာမခံ နေကြသော်လည်း နိုင်ငံအဆင့် အသိအမှတ်ပြု စံသတ်မှတ်ချက် အခြေအနေ မျိုးဖြစ်လာစေရန် ယခုအခါ အမျိုးသားတိကျစွာ တိုင်းတာခြင်း နည်းပညာသိပ္ပံ၌ သင်တန်းပေးနေခြင်း ဖြစ်သည်။

''ရောင်းရင်တော့ ဘယ်လို၊ ဝယ်ရင်ဘယ်လို ဆိုတာမျိုးက တကယ်ကို စနစ်ကျပြီလို့ မဆိုနိုင်ပါဘူး။ အရင်တုန်းက အလေးတုံးကြီး တွေဆိုရင် သမာဓိအလေးနဲ့ မှန်၊ မမှန်စစ်ဆေး လို့ရပေမယ့် အခု ဒစ်ဂျစ်တယ် ကတ္တားတွေ၊တိုင်းတာရေး ပစ္စည်းတွေအနေနဲ့ စံသတ်မှတ်ချက်ဆိုတာ သိပ်အရေးကြီးပါတယ်''ဟု ဒေါက်တာမျိုးအောင်ကျော် ကပြောသည်။

#Themyawadydaily

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွား ရောက်ရာမှ ပြန်လည်ရောက်ရှိ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း ) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်စဉ်။

နေပြည်တော် ၂၈-၆-၂ဝ၁၈

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ၏ ဖိတ်ကြားချက်အရ ထိုင်း နိုင်ငံသို့ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်း တွင်ပတ္တရားမြို့ရှိ၊ U-tapao လေဆိပ် မှပြန်လည်ထွက်ခွာ ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ထိုင်းဘုရင့်တပ်မတော် ဒုတိယပူးတွဲစစ်ဦးစီးချုပ် Gen. Chaichana Nakkerd နှင့်ထိုင်းဘုရင့် တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံအမတ် ဦးချမ်းအေး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင် နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ညနေပိုင်းတွင် နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ပြန်လည်ရောက်ရှိကြရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ် ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာ ရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် မြင့်မော်နှင့် တာဝန်ရှိသူများက လေဆိပ် တွင်ကြိုဆို နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့်ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများပြန်လည် လိုက်ပါလာခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ ရှိ Wat Chaimongkol ဘုန်းတော်ကြီးကျောင်းနှင့် Wat Luang Phor Aee ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ဖူး မြော်ကြည်ညို၊ ထိုင်းဘုရင့်ရေတပ် Sea Turtle ပင်လယ်လိပ်ထိန်းသိမ်းမွေးမြူရေးစခန်းသို့သွားရောက်လေ့လာ


ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ Wat Chaimongkol ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် Prapanyarattana Porn အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် 
ဇနီးဒေါ်ကြူကြူလှ ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေစဉ်။

Wat Luang Phor Aee ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် Laungpor Ei အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ ဖူးမြော်ကြည်ညို၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှတို့အား တာဝန်ရှိသူတစ်ဦးက ထိုင်းဘုရင့်ရေတပ်မှ ပင်လယ်လိပ်များအား စနစ်တကျမွေးမြူစောင့်ရှောက်၍ ပင်လယ်အတွင်းပြန်လည် စေလွှတ်ပေးမှု အခြေအနေများအား Video Clip ဖြင့် ရှင်းလင်းတင်ပြစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ထိုင်းဘုရင့်ရေတပ် Sea Turtle ပင်လယ်လိပ်ထိန်းသိမ်း မွေးမြူရေးစခန်းအတွင်း လှည့်လည်ကြည့်ရှုစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က လိပ်များအား ပင်လယ်အတွင်းသို့ လွှတ်ပေးစဉ်။

နေပြည်တော် ၂၈-၆-၂ဝ၁၈

ထိုင်းနိုင်ငံသို့ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ဒုတိယဗိုလ် ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်တို့ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ပတ္တရားမြို့ရှိ Wat Chaimongkol ဘုန်းတော်ကြီး ကျောင်းနှင့် Wat Luang Phor Aee ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဦးစွာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် Wat Luang Phor Aee ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြပြီး ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ဆီမီးကပ်လှူပူဇော်သည်။ ယင်းနောက် ကျောင်းထိုင်ဆရာတော် Laungpor Ei အားဖူးမြော်ကြည်ညို၍ လှူဖွယ် ပစ္စည်းများနှင့် န၀ကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်မှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့အား ဗုဒ္ဓရုပ်ပွားတော် မြတ်တစ်ဆူကို ဓမ္မဒါန လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။ ၎င်းနောက်လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် Wat Luang Phor Aee ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြပြီး ဘုန်းတော်ကြီးကျောင်း အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော် ကြသည်။ ယင်းနောက် ရာပြည့်အထိမ်းအမှတ် စေတီအတွင်းရှိ ယခင်ကျောင်းထိုင် ဘုန်းတော်ကြီးများ၏ ရုပ်တုများနှင့် အသုံးအဆောင်ပစ္စည်းများအား လှည့်လည်ကြည့်ရှုရာ ဆရာတော်တစ်ပါးမှ ရှင်းလင်း ပြောကြားသည်။

၎င်းနောက်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ကျောင်းထိုင်ဆရာတော် Laungpor Ei အားဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် န၀ကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်မှတပ်မ တော်ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီးတို့အား ဓမ္မဒါနလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေး ဝေကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့် ရေတပ် Sea Turtle ပင်လယ်လိပ်ထိန်းသိမ်း မွေးမြူရေးစခန်းသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူတစ်ဦးက ထိုင်းဘုရင့်ရေတပ်မှ ပင် လယ်လိပ်များအား စနစ်တကျမွေးမြူစောင့် ရှောက်၍ ပင်လယ်အတွင်းပြန်လည် စေလွှတ်ပေးမှု အခြေအနေ များအား Video Clip ဖြင့် ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လိပ်များမွေးမြူ ထားရှိမှုများနှင့် ထိခိုက်ဒဏ်ရာရရှိသည့် လိပ်များအားခွဲစိတ်ကုသမှု ဆောင်ရွက်ပေးသည့် ဆေးခန်းတို့အား ကြည့်ရှုလေ့လာ ရာတာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသကြသည်။ ၎င်းနောက်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် လိပ်များအား ပင်လယ်အတွင်းသို့ လွှတ်ပေးကြပြီး ထိုင်းဘုရင့်ရေတပ် Sea Turtle ပင်လယ်လိပ် ထိန်းသိမ်း မွေးမြူရေး စခန်းအတွက် အလှူငွေများပေးအပ် လှူဒါန်းသည်။

အဆိုပါ ထိုင်းဘုရင့်ရေတပ် Sea Turtle ပင်လယ်လိပ်ထိန်းသိမ်း မွေးမြူရေးစခန်းသည် ပင်လယ်လိပ်များ မျိုးမသုဉ်းစေရန်အတွက် တစ်နှစ်လျှင်လိပ်ဥ ၃ သောင်းခန့် စုဆောင်း၍ သဘာဝအတိုင်း အကောင်ပေါက်သည် အထိ စနစ်တကျမွေးမြူ စောင့်ရှောက်ပေးခြင်း၊ အရွယ်ရောက်ပြီးလိပ်အကောင်ရေ ၅ ထောင်မှ ၇ ထောင်ခန့်အား ပင်လယ် အတွင်းသို့ပြန်လည်စေလွှတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပြင်ပမှငါးဖမ်းသမားများ ၏ငါးမျှားချိတ်များတွင်မိသည့် ပင်လယ်လိပ်များ၊ အခြားအကြောင်းအမျိုးမျိုးဖြင့် ထိခိုက်ဒဏ်ရာရသည့် ပင်လယ်လိပ်များအား အဆိုပါစခန်းတွင်ခွဲစိတ်ကုသခြင်းများ ဆောင်ရွက်ပေးသည်။ ပင်လယ်လိပ်ထိန်းသိမ်း မွေးမြူရေးစခန်းတွင်လိပ်အမျိုးအစား ၄ မျိုးအားထိမ်းသိမ်းဆောင်ရွက်လျက်ရှိပြီး ပြင်ပမှလာရောက် လေ့လာ လိုသူများလည်း အခမဲ့လေ့လာနိုင်ကြောင်းနှင့်အဆိုပါ Sea Turtle ပင်လယ်လိပ်ထိန်းသိမ်းမွေးမြူရေးစခန်းအား ထိုင်းဘုရင့်ရေတပ်နှင့် အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့်ဆောင်ရွက်နေခြင်းဖြစ် ကြောင်းသတင်းရရှိသည်။

#Themyawadydaily

Senior General Min Aung Hlaing concludes goodwill visit to Thailand


Senior General Min Aung Hlaing and party are seen off at U-tapao Airport in Pattaya by senior military offifi cers from the Royal Thai Armed Forces.

Nay Pyi Taw June 28

Commander-in-Chief of Defence Services Senior General Min Aung Hlaing and the Tatmadaw goodwill delegation who were visiting Thailand at the invitation of Gen. Tarnchaiyan Srisuwan, Chief of Defence Force of Royal Thai Armed Forces, left U-tapao Airport in Pattaya yesterday afternoon.

Senior General Min Aung Hlaing and wife Daw Kyu Kyu Hla and delegation were seen off at the airport by Deputy Chief of Joint Staff of the Royal Thai Armed Forces Gen. Chaichana Nakkerd, senior military offi cers from the Royal Thai Armed Forces, Minister of Myanmar Embassy in Thailand U Chan Aye, Myanmar Military Attaché (Army, Navy and Air) Brig-Gen Khin Zaw and officials.

The Senior General and delegation arrived back at Nay Pyi Taw International Airport in the evening and were welcomed by Deputy Commander-in-Chief of Defence Services Commander-in- Chief (Army) Vice-Senior General Soe Win and wife, Chief of the General Staff (Army, Navy and Air) General Mya Tun Oo and wife, Commander-in-Chief (Navy) Admiral Tin Aung San and wife, Commander-in-Chief (Air) General Maung Maung Kyaw and wife, senior military offi cers of the Office of the Commander-in-Chief (Army) and their wives, Commander of Nay Pyi Taw Command Maj-Gen Myint Maw and officials.

Members of the delegation, Daw Kyu Kyu Hla and senior military offi cers of the Offi ce of the Commander-in-Chief also arrived back on the same flight.

#Themyawadydaily

Senior General Min Aung Hlaing visits Wat Chaimongkol Monastery, Wat Luang Phor Aee Monastery, sea turtle breeding camp of Royal Thai Navy in Pattaya


Senior General Min Aung Hlaing and wife offer alms to Abbot Prapanyarattana Porn at Wat Chaimongkol Monastery.

Senior General Min Aung Hlaing and party view statues of the predecessor abbots and their personal items in the compound of the centennial pagoda.

Senior General Min Aung Hlaing and party view breeding of sea turtles and study the clinic at sea turtle breeding camp of the Royal Thai Navy.

Senior General Min Aung Hlaing makes cash donations for the breeding camp.

Nay Pyi Taw June 28

Commander-in-Chief of Defence Services Senior General Min Aung Hlaing, who was in Thailand on a goodwill visit, accompanied by wife Daw Kyu Kyu Hla, Lt-Gen Myo Zaw Thein, Lt-Gen Soe Htut and senior military offi cers of the Office of the Commander-in- Chief (Army), and Myanmar Military Attaché (Army, Navy and Air) Brig-Gen Khin Zaw, visited Wat Chaimongkol Monastery and Wat Luang Phor Aee Monastery in Pattaya yesterday morning.

First, the Senior General and wife arrived at Wat Chaimongkol Monastery and paid homage and offered lights to the Buddha image in the monastery. They next paid homage and offered alms to Abbot Prapanyarattana Porn. The abbot presented the Senior General and wife with a Buddha statue as a Dhamma gift. Then, merits were shared and gained.

The Senior General, wife and party went to Wat Luang Phor Aee Monastery where they paid homage and offered gold foils to the Buddha image. They then viewed the statues of the predecessor abbots and their personal items in the compound of the centennial pagoda. They were there conducted round by a monk.

The Senior General, wife and party paid homage and presented offertories and cash donations to Abbot Laungpor Ei, who presented them with Dhamma gifts. The Senior General, wife and party shared merits gained.

Later, the Senior General and party visited the sea turtle breeding camp of the Royal Thai Navy. An official briefed on breeding and taking care of sea turtles and release of them into the sea with a video clip. The Senior General asked what he wanted to know.

The Senior General and party viewed breeding of sea turtles and studied the clinic where surgical operations were being performed on the injured sea turtles. They were conducted round there by officials. The Senior General, wife and party released sea turtles into the sea and made cash donations for the breeding camp.

The sea turtle breeding camp of the Royal Thai Navy collects about 30,000 turtle eggs a year, takes care of them until they reproduce and releases about 5,000 to 7,000 adult turtles into the sea as a measure to protect sea turtles. The camp also performs operations on the sea turtles suffering injuries after being caught in fishing hooks and other sea turtles sustaining injuries for various reasons. The camp raises four species of sea turtles. Anyone can visit and study the breeding camp free of charge. The camp is being run with funds provided by the Royal Thai Navy and public well-wishers.

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger