www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, November 30, 2013

အင်းလေးကန် ရေရှည်တည်တံ့ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



တောင်ကြီး ၊ ၃ဝ-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ သစ်တော ရပ်ကွက် ၊ တောင်ကြီး ခရိုင် သစ်တော ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ရုံး အစည်းအဝေး ခန်းမ၌ နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီက အင်းလေးကန် ရေရှည် တည်တံ့ရေး လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေး ကျင်းပရာ အခမ်းအနား သို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ် သစ်တော နှင့် သတ္ထုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း ၊ ပြည်နယ် ၊ ခရိုင်မှ ဌာနဆိုင်ရာများ ၊ UNDP မှ တာဝန်ရှိသူ များနှင့် သစ်တော ဦးစီးဌာန ဝန်ထမ်းများ တက်ရောက် ကြသည်။

အခမ်းအနား တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ် သစ်တောနှင့် သတ္ထုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း က အဖွင့် အမှာစကားေ ပြာကြားပြီး UNDP မှ အမျိုးသား စီမံကိန်း မန်နေဂျာ ဦးထွန်းပေါ်ဦး က အင်းလေးကန် ရေရှည် တည်တံ့ရေး Trust Fund နှင့် ပတ်သက်၍ ဆောင်ရွက် နေသည်များကို ရှင်းလင်း တင်ပြသည် ။ ဆက်လက်၍ UNDP မှ အမျိုးသား အကြံပေး ဆရာမ ဒေါက်တာ ဒေါ်လီကျော် က အင်းလေးကန် ရေရှည် တည်တံ့ရေး Trust Fund အတွက် ရေးဆွဲ ထားသော Guidelines မူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြပြီး တက်ရောက် လာကြသူ များက အင်းလေးကန် ရေရှည် တည်တံ့ရေး လုပ်ငန်းများကို အကြံပြု ဆွေးနွေး ကြသည်။ 

ထို့နောက် UNDP မှ အမျိုးသား စီမံကိန်း မန်နေဂျာ ဦးထွန်းပေါ်ဦး က အကြံပြု ဆွေးနွေးချက် များအပေါ် ပြန်လည် သုံးသပ် ဆွေးနွေး တင်ပြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ် သစ်တောနှင့် သတ္ထုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း က လိုအပ် သည်များကို ဖြည့်စွက် လမ်းညွှန် မှာကြား ခဲ့ကြောင်း သိရှိရသည်။


မက်ခရိုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး


မက်ခရိုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး

အယ်ဒီတာ့အာဘော်
( ၃၀-၁၁-၂၀၁၃ )

မြန်မာနိုင်ငံ သည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ် များတွင် အသုံးပြုရန် ၁၉၇၃ ခုနှစ်ခန့်မှ စ၍ ကမ္ဘာ့ဘဏ် မှ ဖွံ့ဖြိုးမှု ချေးငွေများ ရယူခဲ့သည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ကမ္ဘာ့ဘဏ် သို့ ပြန်လည် ပေးဆပ်ရန် ကျန်ရှိသည့် ကြွေးမြီ လက်ကျန်များ ရှင်းလင်းနိုင်ရန် ကမ္ဘာ့ဘဏ် ၊ ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဘဏ် ( JBIC ) တို့နှင့် ညှိနှိုင်း၍စာရင်း ရှင်းလင်းရေး ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်တွင် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဘဏ် မှ အမေရိကန် ဒေါ်လာ သန်း ၄၃၀ ကို ပေါင်းကူးချေးငွေ ရယူ၍ ကမ္ဘာ့ဘဏ် သို့ ပြန်လည် ပေးဆပ် နိုင်ခဲ့သည်။ ကမ္ဘာ့ဘဏ်မှ ပြန်လည် ရရှိသည့် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၄၃၀ ကို ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဘဏ် မှ ရယူထားသော ပေါင်းကူး ချေးငွေအား ယင်းနေ့တွင် ပင် ပြန်လည် ပေးဆပ်လိုက်ပြီး ဖြစ်သည်။ ကမ္ဘာ့ဘဏ် သည် မြန်မာနိုင်ငံ ရှိ ကျေးရွာပေါင်း ၆၄ဝ ၌ ကျောင်းများ ၊ ကျန်းမာရေး ဆေးပေးခန်းများ ၊ လမ်းများနှင့် စိုက်ပျိုးရေး လုပ်ငန်း စသည်တို့တွင် အခြေခံ အဆောက်အအုံ များ ဖွံ့ဖြိုးရေး အတွက် အမေရိကန် ဒေါ်လာသန်း ၈ဝ ကို ခြောက်နှစ် ကာလအတွင်း ကူညီ ထောက်ပံ့မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆင်းရဲမှု လျှော့ချရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး ပြုပြင် ပြောင်းလဲမှု များအတွက် ငွေကြေး နှင့် နည်းပညာ အကူအညီများ ဆက်လက် ထောက်ပံ့ ပေးမည် ဖြစ်သည်။

ပါရီကလပ် ( Paris Club ) အဖွဲ့ဝင် ၁၁ နိုင်ငံ၌ တင်ရှိ နေသော မြန်မာနိုင်ငံ၏ ကြွေးမြီများ ရှင်းလင်းရေး ဆောင်ရွက်ရန် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆောင်သော အဖွဲ့သည် ဇန်န၀ါရီ ၂၄ ရက်တွင် ပါရီကလပ် ဥက္ကဋ္ဌ သဘာပတိ အဖြစ် ဆောင်ရွက်သည့် မျက်နှာစုံညီ အစည်းအဝေး သို့ တက်ရောက် ခဲ့သည်။ ပါရီကလပ် အဖွဲ့ဝင် နိုင်ငံများမှ မြန်မာနိုင်ငံ ၏ မြီရှင်နိုင်ငံ များဖြစ်သော ပြင်သစ် ၊ ဖင်လန် ၊ အီတလီ ၊ ဂျပန်၊ နော်ဝေ ၊ နယ်သာလန် ၊ အင်္ဂလန် ၊ ဒိန်းမတ် ၊ ကနေဒါ ၊ သြစတြီးယား ၊ ဂျာမနီ ၊ လေ့လာသူ နိုင်ငံအဖြစ် သြစတြေးလျ ၊ ဘယ်လ်ဂျီယံ ၊ ကိုရီးယား ၊ ရုရှား ၊ စပိန် ၊ ဆွီဒင် ၊ ဆွစ်ဇာလန် နှင့် အမေရိကန် ပြည်ထောင်စု တို့မှ ကိုယ်စားလှယ် များအပြင် အဖွဲ့အစည်း များမှ IMF, IDA, ADB, UNCTAD တို့မှ ကိုယ်စားလှယ် များ တက်ရောက် ကြသည်။

မျက်နှာစုံညီ အစည်းအဝေး တွင် ပါရီကလပ် မြီရှင်များသို့ ပေးရန် ကန်ကြွေးမြီ ၏ ၅၀ ရာခိုင်နှုန်း ကို အထူး အစီးအစဉ် တစ်ရပ်အဖြစ် မြီရှင် နိုင်ငံများက လျှော်ပေးမည် ဖြစ်ပြီး ကျန်အကြွေးကို ဆိုင်းငံ့ကာလ ၇ နှစ်အပါအဝင် ၁၅ နှစ်အတွင်း ပြန်လည် ပေးဆပ်ရန် သဘောတူ ညီမှု ရရှိခဲ့သည်။ ထို့အပြင် နော်ဝေနိုင်ငံ က ၄င်းတို့ရရန် ကြွေးအားလုံး ဖြစ်သော အမေရိကန် ဒေါ်လာ ၅၃၄ သန်းကို အပြီးအပြတ် လျှော်ပစ်ရန်
သဘော တူညီ ခဲ့သည်။ ဂျပန်နိုင်ငံ ကလည်း ၄င်း၏ ကြေးမြီ ၆ဝ ရာခိုင်နှုန်း ကို လျှော်ပစ်ရန် သဘောတူညီ ခဲ့သည်။ ထို့ကြောင့် စုစုပေါင်း အမေရိကန် ၆ ဒသမ ၁၉၂ ဘီလီယံ ခန့် ကြွေးမြီ လျှော်ပစ်ရေး ညှိနှိုင်း ဆွေးနွေး နိုင်ခဲ့ ခြင်းကြောင့် ကြွေးမြီ အားလုံး၏ ၆၀ ရာခိုင်နှုန်း ခန့် သက်သာ စေသည့် ရလဒ်ကို ရရှိ ခဲ့ခြင်း ဖြစ်သည်။

ပါရီကလပ် အဖွဲ့ဝင် နိုင်ငံများ၏ ကြွေးမြီ ရှင်းလင်းရေး ကိစ္စ ဆက်လက် ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံ ၏ မက်ခရို စီးပွားရေး မူဝါဒများ အကောင် အထည်ဖော် ဆောင်ရွက်နေမှု အကဲဖြတ် အစီအစဉ် အား ၂၀၁၃ ခုနှစ် ဇန်န၀ါရီ မှ ဒီဇင်ဘာ အတွင်း မြန်မာနိုင်ငံ နှင့် အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော် စီးပွားရေး ပြုပြင် ပြောင်းလဲမှု တွင် မက်ခရို စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး သည် အရေးကြီး သော အခန်းကဏ္ဍ တွင် ရှိနေပေသည်။ ။


ဗိသုကာလက်ရာမြောက်သော ခေတ်လွန် လေဆိပ်အဆောင်သစ် တရုတ်ဖွင့်လှစ်



ရှင်ဇင် ၊ ၃၀-၁၁-၂၀၁၃

တရုတ်နိုင်ငံ တောင်ပိုင်း ရှင်ဇင်မြို့ ၌ နိုဝင်ဘာ ၂၇ ရက်က ဗိသုကာ လက်ရာ မြောက်သော ပေါင်အန် လေဆိပ် အဆောင်သစ် ကို ဖွင့်လှစ်လိုက်ပြီး သုံးကြိမ်ခန့် စမ်းသပ် အသုံးပြု ကြည့်ခဲ့ရာ အစစ အရာရာ အဆင်ပြေ ချောမွေ့ ခဲ့ကြောင်း သိရသည်။

လေဆိပ် အဆောင်သစ် ကြီးကို အီတလီ ဆောက်လုပ်ရေး ကုမ္မဏီ တစ်ခုက ပုံစံရေးဆွဲ ခဲ့ရာ လေဆိပ်မှာ ရောင်ခြည် ဖြာထွက် နေသည်နှင့် ဆင်တူသည်။ လေဆိပ် တည်ဆောက် ရာတွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ကုန်ကျ ခဲ့သည်။ ယခင် အဆောက်အအုံ ဟောင်း များအားလုံး ပေါင်းထက် သုံးဆခန့် ပိုကျယ်ပြီး လေယာဉ် ၇၆ စင်း တစ်ပြိုင်နက် ခရီးသည် တင်ဆောင် နိုင်မည် ဖြစ်သည်။ လေဆိပ် အဆောင်သည် စတုရန်း မီတာ ၄၅၁၀၀၀ ကျယ်ဝန်းပြီး လေယာဉ် တက်ရန် စာရင်း ပေးသွင်းနိုင်မည့် ကောင်တာ အခု ၂ဝဝ ခန့်နှင့် ဈေးဆိုင်ငယ် အခန်း ၂ဝဝ ခန့်ပါရှိသည်။ (ပုံ)

အဆောင်သစ် ၏ မျက်နှာကြက်ကို ပျားအုံကွက်ပုံ လေဝင်ပေါက် များ တပ်ဆင် ထားသဖြင့် နေရောင် ကောင်းမွန်စွာ ရရှိလေရာ လေဆိပ် အဆောင်အတွင်း လျှပ်စစ် ဓာတ်အား သုံးစွဲမှုကို လျှော့ချနိုင် ခဲ့သည်။ မိုးရေကို စုယူကာ အများသုံး အိမ်သာများကို ရေပေးဝေပြီး အဆောင် အတွင်း အပင်များ ကို ရေပေးရာတွင် အသုံးပြု ထားသည်။

၁၀ မဂ္ဂါဝပ် ထွက်သော နေစမ်းအင်သုံး လျှပ်စစ် ဓာတ်အား စနစ်ကို အသုံးပြု ထားရာ အိမ်ထောင်စု ၁ဝဝဝဝ က တစ်လ အသုံးပြု နိုင်မည့် လျှပ်စစ် ဓာတ်အား ပမာဏ ဖြစ်သည်။ လေဆိပ် အဆောင်အတွင်း သစ်ပင်ပုံ ဖော်ထားသော လေအေး ပေးစက် ၁၁၆ လုံးက အဆောင်၏ အတွင်းပိုင်း ဒီဇိုင်း နှင့် အလွန် ပဏာရသည်။

လေဆိပ် အဆောင်သစ် ကို ပထမဦးဆုံး အသုံးပြုသည့် လေယာဉ် ခရီးစဉ် အဖြစ် နိုဝင်ဘာ ၂၉ ရက် နံနက် က မွန်းဂိုလီးယား မှ ထွက်ခွာလာသော ရှင်ဇင် လေကြောင်း လေယာဉ် တစ်စီး ဆင်းသက် ခဲ့သည်။ လေဆိပ် အဆောင်သစ် ၏ တစ်ခုတည်းသော အားနည်းချက် မှာ မြေအောက် ရထားလမ်း နှင့် မချိတ်ဆက် မိသေးဘဲ ၂၀၁၆ ခုနှစ်ခန့် မှ ပြီးစီးမည် ဖြစ်သည်။ ကြယ်ငါးပွင့် အဆင့်ရှိပြီး အခန်း ၄၀၄ ခန်း ပါဝင်သော လေဆိပ် ဟိုတယ် ကိုလည်း တည်ဆောက် နေပြီ ဖြစ်သည်။

ယခင် လေဆိပ် အဆောင်ဟောင်း များကို ဈေးဝယ် စင်တာ ၊ ပြပွဲ ကျင်းပရာ ခန်းမ နှင့် ကုန်တင် လေယာဉ် များအတွက် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်တွင် ရှင်ဇင် လေဆိပ် မှ ခရီးသည် ၂၉ သန်း နှင့် ကုန်တင်ချိန် ၈၅၅၀၀၀ ကို တင်ပို့ခဲ့ပြီး တစ်နှစ်လျှင် ခရီးသည် ဦးရေ နှင့် ကုန်တန်ချိန် ၁၈ ရာခိုင်နှုန်း ခန့် တိုးလာသည့် အတွက် နှစ်စဉ် ခရီးသည် ၄၅ သန်း နှင့် ကုန်တန်ချိန်  ၂ သန်း တင်ပို့ရ မည်ဟု မျှော်လင့် ရကြောင်း ဆင်ဟွာ သတင်းတစ်ရပ် တွင် ဖော်ပြ ထားကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အကြီးဆုံး အထည်ချုပ်စက်ရုံ၌ ရှို့မီးဟု ယူဆရသည့် မီးလောင်ကျွမ်းမှုဖြစ်ပွား ဒေါ်လာသန်း ၁၀၀ ခန့် ဆုံးရှုံး



ဒါကာ ၊ ၃၀-၁၁-၂၀၁၃

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ရှိ အနောက်တိုင်း ကုန်အမှတ် တံဆိပ် အထည်များ ထုတ်လုပ်ရာ အကြီးဆုံး အထည်ချုပ် စက်ရုံတစ်ခု တွင်ရှို့မီး ဟု ယူဆရသည့် မီးလောင်မှု ဖြစ်ပွား ခဲ့ခြင်းကြောင့် အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရဲတပ်ဖွဲ့ က ယမန်နေ့တွင် ပြောကြား ခဲ့သည်။

အဆိုပါ မီးလောင်မှု သည် အထည်ချုပ် အလုပ်သမား များနှင့် အာဏာပိုင်များ အကြား အဓိကရုဏ်းများ ဖြစ်ပွားပြီး နောက်တစ်ရက် တွင် မြို့တော် ဒါကာ ၏ အပြင်ဘက်ရှိ ဂါဇီပူ စက်မှုဇုန် ရှိ Standard Group အဆောက်အအုံ ၌ ဒေသ စံတော်ချိန် ည ၁၁ နာရီတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ (ပုံ)

အဆိုပါ မီးလောင်ကျွမ်း ခဲ့သည့် စက်ရုံ တစ်ခုကို အလျင်အမြန် မီးငြှိမ်း သတ် နိုင်ခဲ့ သော်လည်း အခြား တစ်ခုမှာ တစ်ညလုံး မီးလောင်ကျွမ်း ခဲ့ကြောင်း နှင့် ကုန်အပြည့် တင်ဆောင် ထားသည့် ကုန်တင်ယာဉ် ၁၅ စီးမှာ မီးလောင် ပျက်စီးခဲ့ကြောင်း မီးသတ်ဌာန မှ တာဝန်ရှိသူ မာဘူဘာရာမန် က AFP သတင်းဌာန သို့ ပြောကြား ခဲ့သည်။

မီးလောင်ကျွမ်း မှုကြောင့် အထည်ချုပ် စက်ရုံသည် ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိ အထည်များ ၊ စက်ပစ္စည်းများ ၊ ပြည်ပသို့ ပို့ဆောင်ရန် စီစဉ်ထား သည့် ပရိဘောဂ ပစ္စည်းများ မီးလောင် ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အထည်ချုပ် လုပ်ငန်း နှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ ဒုတိယ ဥက္ကဋ္ဌ ရီအက်ဇ်ဘင်မာမွတ် က ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ အထည်ချုပ် စက်ရုံမီးလောင်း ကျွမ်းမှု နှင့် စပ်လျဉ်း၍ စုံစမ်း မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ 


ရတနာသုံးပါး လက်ကိုင်ထား ကျင့်ကြံအားထုတ်


ရတနာသုံးပါး လက်ကိုင်ထား ကျင့်ကြံအားထုတ်

လူ့ဘ၀၀ယ် ကျင်လည်ရာ၌ ကောက်ခြင်း သုံးဖြာ ပြည့်စုံပါမှ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကောင်းကျိုး များမည် ဖြစ်သည်။ ကောင်းခြင်း သုံးဖြာ ဆိုသည်မှာ အစ၏ ကောင်းခြင်း ၊ အလယ်၏ ကောင်းခြင်း နှင့် အဆုံး၏ ကောင်းခြင်း တို့ကို ဆိုလိုပေသည်။

မည်သည့် အလုပ်ကို လုပ်သည် ဖြစ်စေ ၊ မည်သည့် အမှုကို ပြုသည် ဖြစ်စေ အစ ၊ အလယ် ၊ အဆုံး ပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက်မှသာ ကောင်းသော ဂုဏ်အင်္ဂါတို့ နှင့် ပြည့်စုံမည် ဖြစ်သည်။

လောကတွင် အကောင်းဆုံး သော ၊ အစစ်မှန် ဆုံးသော ၊ မြတ်နိုးဖွယ်ရာ ၊ အားကိုးဖွယ်ရာ ၊ လဲလျောင်း ဖွယ်ရာမှာ ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ဟူသည့် ရတနာသုံးပါး ဖြစ်သည်။

မျက်မှောက် လကာလတွင် လူတို့ အနေဖြင့် အမြတ်ဆုံးသော ရတနာ သုံးပါးအပေါ် ယုံကြည် ကိုးစား ပွားများ အားထုတ်မှု နည်းပါး သလောက် လောက ရတနာ တို့ကို လိုချင် တပ်မက်မှု များလာ ကြသည်။ လောကရတနာ ကို တပ်မက် ထိုက်သည် မှန်သော်လည်း အမြတ်ဆုံးသော သုံးပါး ရတနာ ကိုလည်း မမေ့ကြဖို့ လိုမည် ဖြစ်သည်။

ရတနာသုံးပါး အနက် ဓမ္မ တည်းဟူသော တရားရတနာ ကို ကြားနာ ရသူ အပေါင်း တို့သည် ပစ္စုပ္ပန် ၊ သံသရာ ဘ၀နှစ်ဖြာ တိုးတက် မြင့်မားရေး အတွက် အသိပညာ ၊ ဗဟုသုတ တိုးပွား ရရှိစေနိုင်သောကြောင့် ''အစကောင်းခြင်း'' ဟု ဆို နိုင်ပေ သည်။

ထို တရားရတနာ ကို နာကြားရပြီး တရားရတနာ ၏ အဆုံးအမ ညွှန်ပြမှု အတိုင်း ကျင့်ကြံ ပွားများ နိုင်သော အကျင့်ကောင်း များကို ရရှိနိုင် သောကြောင့် ''အလယ်၏ ကောင်းခြင်း'' ဟု ဆိုထိုက် ပေသည်။

ထိုသို့ ရရှိလာသော မြတ်ဗုဒ္ဓ၏ တရားတော်လာ ညွှန်ပြမှု များအတိုင်း ကျင့်ကြံ ပွားများ ရသဖြင့် ကောင်းမွန် မြင့်မြတ်သော ဘဝကို ထူထောင် နိုင်သည့် အပြင် ဘဝ၏ အေးငြိမ်း ချမ်းသာမှု တို့ကိုပါ လက်ငင်း ရရှိ ခံစား နိုင်သောကြောင့် " အဆုံး၏ ကောင်းခြင်း " နှင့် ပြည့်စုံ သည်ဟု ဆိုခြင်း ဖြစ်သည်။

ထိုသို့ ရတနာသုံးပါး တို့၏ ညွှန်ပြ ဆုံးမချက် များကို လိုက်နာ ကျင့်ကြံ ပွားများ အားထုတ် ကြခြင်းဖြင့် ကောင်းမှုများ ကိုဆောင်၍ မကောင်းမှု များကို ရှောင်ကာ ဖြူစင် စိတ်ထားများ ထားရှိ နိုင်မည်ဖြစ်ပြီး လောကီ ၊ လောကုတ် နှစ်ဖြာ ကောင်းကျိုး တို့ကို ရရှိနိုင် ပေသည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်း အနေဖြင့် အမြတ်ဆုံးသော ရတနာသုံးပါးကို လက်ကိုင် ထား၍ အသိ ၊ အမြင် ၊ ဗဟုသုတ များကို လက်ဝယ် ပိုင်ပိုင် ရယူကြကာ စ ၊ လယ် ၊ အဆုံး ကောင်းခြင်း များဖြင့် ညီညွတ်အောင် ပွားများ ကျင့်ကြံ အားထုတ် သွားကြရန် တိုက်တွန်း ရေးသား လိုက်ရ ပေသည်။ ။

( ၃၀-၁၁-၂၀၁၃ ရက်နေ့ ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )


မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁၁-၂၀၁၃) စနေနေ့



Download Links


Friday, November 29, 2013

စကားလုံးများရဲ့ ရာဇ၀င်


စကားလုံးများရဲ့ ရာဇ၀င်

မဒါလေး

နှုတ်ချို သျှိုတစ်ပါး စကားကို ကြားဖူး သိဖူး နေပါလိမ့်မည်။ ဘာကြောင့် ဒီစကားကို တွင်တွင် ကျယ်ကျယ် ပြေကြပါ သနည်း။ မေးခွန်းပေါင်း များစွာကို မေးဖို့ လူသားတွေ မေ့လျော့ နေပါလိမ့်မည်။ နေ့တစ်နေ့ရဲ့ အချိန်တိုင်း သည် လူတစ်ယောက် အတွက် အရေးကြီး သလို ထိုသူနှင့် ဆက်နွှယ် ပတ်သက် နေသူတွေ အတွက်လည်း အရေးကြီး ပါသည်။ သို့အတွက် သူတို့ကို ကိုယ်ပေးသော အရာတိုင်း သည် တန်ဖိုးရှိရန် လိုအပ် ပါလိမ့်မည်။ တန်ဖိုး ရှိခြင်းထက် သူတို့ လက်တွေ့ ဘဝ နယ်ပယ်တွင် အနည်းငယ် သော အတိုင်းအတာ ထိ အရေးပါဖို့ လိုအပ် ပါလိမ့်မည်။

စကားပြော သောအခါ ကိုယ်ပြောသော စကားတစ်ခွန်း သည် လူတစ်ယောက် အတွက် ဘယ်လောက် အထိ အရေးပါ သလဲ ဆိုသည့် အချက်ကို စဉ်းစားရန် လိုပါသည်။ စကား မြားတံသည် လူတစ်ယောက် ၏ ရင်ကို တည့်တည့် ခွင်းနိုင်သော တစ်ခု တည်းသော လက်နက် လည်း ဖြစ်သည်။ သို့အတွက် မြားချက် ထိသူများ အတွက် ခံရခက်သော မြားချက်များ မဖြစ်စေရန် အရေးကြီး ပါသည်။ တစ်ခါတစ်ရံ တွင် မြားချက် ကြမ်းကြမ်းများ ဖြင့် သူတို့၏ စိတ်တွင် နှိုးဆွပေး ရသည်။

တစ်ခါတစ်ရံ တွင် ထိရုံလောက် သော မြားချက်များဖြင့် သတိပေးသည့် သဘောမျိုး လည်း ပစ်ခွင်း ရတတ်သည်။ မည်သို့ပင် ဆိုစေ ကိုယ် ပစ်လွှတ် လိုက်သော မြားချက်၏ အတိမ် အနက်ကို ကိုယ်တိုင် သိရမည်  ဖြစ်သည်။ ကိုယ်ပြောသော စကားကို တာဝန်ယူနိုင်ရမည်။ တစ်ခါ တစ်ရံတွင် အရှိန် အတိမ်အနက် မသိသော မြားချက် များဖြင့် ရင်ကို လာစိုက်ဖူး ပေလိမ့်မည်။ နုတ်ရန် သိလျက် အခံခက် သည့် မြားချက်မျိုး ပင်ဖြစ်သည်။

ထိုမြားချက် များသည် လူတစ်ယောက် ၏ စိတ်အစဉ် ကို အသေးငယ်ဆုံး ရေစက် အဖြစ် ပျောက်ကွယ် စေသည်။ အကြီးမား ဆုံး ပူလောင်ခြင်း မျိုးဖြင့် လောင်ကျွမ်း စေလေသည်။ ရင်အစုံသည် နာကျင် ခံခက် လှသည်။ သို့သော် တစ်ဖက် ကတော့ သူ့အတွက် သေးငယ်ဆုံး သော ခံစားချက်လည်း ဖြစ်သည်။ ခံစားချက် မပါသော ၊ ခံရခက်သော စကားမျိုး ပြောခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင် ဆိုစေ ထိုမြားချက် ကြောင့် လူတစ်ယောက် ၏ နှလုံးသွေး တို့ ခဏတာ ဆူပွတ် ခဲ့ရသည်။ စကားလုံး များကြောင့် ချစ်ခင်ခဲ့ ရသည်။ စကားလုံး များကြောင့်ပင် စစ်ခင်းခဲ့ ရသည်။ စကားလုံး များကြောင့် ဘ၀တွေ တိမ်းစောင်း ခဲ့ရသည်။ စကားလုံး များကြောင့် ပင် တစ်ယောက် နှင့် တစ်ယောက် ဆုံဆည်း ခဲ့ရသည်။ စကားလုံး များကြောင့် ကွေကွင်းခဲ့ ရသည်။ စကားလုံး များကြောင့် ကျရှုံးခဲ့ ရသည်။ စကားလုံး များကြောင့် အောင်မြင်မှု ရရှိခဲ့ ကြသည်။

ထို့ကြောင့် မိမိပြောသော စကားသည် မိမိအတွက် သာမကဘဲ အများအတွက် မိမိ ပတ်ဝန်းကျင် အတွက်ပါ အရေးကြီး ပါသည်။ အရေးကြီး ခြင်းထက် မိမိ စကားလုံး၏ အတိမ်အနက် ကို မပြောခင် သေချာ ချင့်ချိန် စဉ်းစား သင့်သည်။ စကားလုံး များကြောင့် ရာဇ၀င်သည် ယနေ့ထိတိုင် တည်မြဲ နေလေသည်။ စကားပြော ကောင်းခြင်းထက် စေတနာ ပါသော စကားများ သာ ပြောဆို သင့်သည်။ ကောင်းအောင် ပြောခြင်းထက် အကောင်းကို ပြောခြင်းက ပိုပြီး သင့်တင့် မျှတသည်။ သို့အတွက် စေတနာ ပါသော စကားများ သာ ပြောခြင်းဖြင့် အကောင်း ပြောသူများသာ ဖြစ်စေလို ပါသည်။

လောက တစ်ခဏ တွေ့ဆုံရချိန် ဘ၀ တစ်ဆစ်ချိုး လေးအတွင်းမှာ နှုတ်ချို ချစ်ခင် အပြစ်မမြင် တတ်သူများ အဖြစ်သာ ဘ၀ကို ပျော်ရွှင်စွာ ဖြင့် ကုန်ဆုံးစေ လိုပါသည်။


ယာဉ်စည်းကမ်း လမ်းစည်းကမ်း မြှင့်တင်ရေး ပညာပေးပြပွဲ အထိမ်းအမှတ် စာစီစာကုံး ၊ ဆောင်းပါ ၊ ကဗျာ နှင့် ကာတွန်းပြိုင်ပွဲ ဆုရသူများ ထုတ်ပြန်



မန္တလေး ၊ ၂၉-၁၁-၂၀၁၃

မန္တလေးမြို့တွင် ပထမဆုံး အကြိမ် အဖြစ် ပြုလုပ်မည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း မြှင့်တင်ရေး ပညာပေး ပြပွဲကြီး အထိမ်းအမှတ် အဖြစ် ပြလုပ်သည့် စာစီစာကုံး ၊ ဆောင်းပါး ၊ ကဗျာ နှင့် ကာတွန်း ပြိုင်ပွဲတွင် ဆုရသူများ ကို ယင်းပြိုင်ပွဲ ကာလအတွင်း ဆုချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

အထက်တန်း စာစီစာကုံး ပြိုင်ပွဲတွင် အထက(၂၁)မှ မသဲဝင့်နွယ် ၊ အလယ်တန်း စာစီစာကုံး ပြိုင်ပွဲတွင် အထက(၇)မှ မမေသင်းကြိုင် တို့က ပထမဆု ရရှိခဲ့သကဲ့သို့ ဆောင်းပါး ပြိုင်ပွဲတွင် ပန်းသက်လယ် (ဒေါ်အမာဆွေ) ၊ ကဗျာ ပြိုင်ပွဲတွင် အောင်ခန့်စိုး ( ပခုက္ကင်္ံ ) နှင့် ကာတွန်း ပြိုင်ပွဲတွင် ကာတန်း ဆရာ ရှုပ်ရှုပ် မှ ပထမဆုများ ရရှိခဲ့ကြောင်း သိရသည်။

လူအများစုသည် ယာဉ်များ စည်းကမ်း မရှိသည်ကို သာ ထောက်ပြ ပြောဆို နေသော်လည်း ၄င်းတို့ ကိုယ်တိုင် လမ်းစည်းကမ်း လိုက်နာမှု တွင်မေ့လျော့ ပေါ့ဆ နေမှုများ ပေါ်တွင် ထိထိ ရောက်ရောက် အရေးယူ မရှိသည်ကို ထောာက်ပြ ပြောလိုသည့် အတွက် ယခုကဲ့သို့ ကာတွန်းရေးဆွဲ ခဲ့ခြင်း ဖြစ်ကြောင်း ၊ လမ်းတိုးချဲ့မှု ထက်စာလျှင် တိုးပွား လာသော ယာဉ် အစီးရေက ပိုမို များပြား လာသည့် အတွက် ယာဉ်စည်းကမ်း လိုက်နာ လိုသော်လည်း ထိထိ ရောက်ရောက် မလိုက်နာ နိုင်သည့် ဖြစ်ရပ်များ လည်း ရှိကြောင်း ယင်း ပြိုင်ပွဲ ပထမဆုရ ကာတွန်း ဆရာ ရှုပ်ရှုပ် က ၄င်း ပြိုင်ပွဲဝင် ခဲ့သည့် ကာတွန်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။


မန္တလေးမြို့အနီး ဧရာဝတီမြစ်ကြောင်း ယခင်နှစ်များထက် သောင်ထွန်းချိန် ပိုမိုစောလာ၍ ရေယာဉ်များ ရှောင်ကွင်း ခုတ်မောင်းနေရ


မန္တလေး ၊ ၂၉-၁၁-၂၀၁၃

မန္တလေးမြို့ အနီး ဧရာဝတီ မြစ်ကြောင်း သောင်ထွန်းချိန် ယခင်နှစ် များထက် ပိုမိုစော လာသဖြင့် မြစ်ကြောင်းသွား မော်တော်ငယ်များ ၊ စက်လှေငယ် များနှင့် သင်္ဘောများမှ ရှောင်ကွင်း သွားနေ ရပြီဖြစ်ကြောင်း သိရသည်။

'' ဧရာဝတီ မြစ်ကြောင်း သောင်ထွန်းချိန် က တစ်နှစ်ထက် တစ်နှစ် စောလာတယ် ၊ အချို့ မြစ်ကြောင်း နေရာတွေမှာ မြစ်ကမ်းပါး တွေပြိုကျ နေတာမျိုးတွေ ဖြစ်တော့ မြစ်ကြောင်း အနေအထား ပြောင်းလဲ တာမျိုး ၊ သောင်ထွန်း နေတာမျိုးတွေ ဖြစ်ပေါ်နေ တာကို တွေ့ရပါတယ် ၊ မန္တလေး ဂေါဝိန်ဆိပ်ကမ်း ၊ မရမ်းခြံ ဆိပ်ကမ်း အနီးတစ်ဝိုက် မှာတော့ အရင်နှစ် တွေထက် စောပြီး မြစ်ကြောင်း သောင်ထွန်း နေတာ တွေ့ရပါတယ် (ပုံ) အရင်နှစ်တွေ တုန်းကဆို ဇန်နဝါရီ ၊ ဖေဖော်ဝါရီ လလောက် ရောက်မှ မြစ်ကြောင်း သောင်ထွန်း တာကို တွေ့ရတယ် ၊ အခုလို သောင်ထွန်းချိန် စောတော့ စက်လှေတွေ ၊ မော်တော် တွေနဲ့ သင်္ဘောတွေ က ရှောင်ကွင်း ခုတ်မောင်း နေရပါတယ် ..." ဟု မရမ်းခြံ မှ မင်းကွန်း ဒေသသို့ ပြည်တွင်း မော်တော် မောင်းနှင်သူ တစ်ဦးက ပြောပြသည်။

ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများ ၊ ဧရာဝတီ မြစ်ကြောင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်တွင်း ၊ ပြည်ပ မြစ်ကြောင်း ထိန်းသိမ်းရေး ပညာရှင် များက သုတေသနပြု လေ့လာခဲ့ ကြပြီး မကြာမီ လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက် တော့မည် ဖြစ်ကြောင်း သိရှိရသည်။


မီဒီယာကျင့်ဝတ် များကို မြဲမြံစွာ စောင့်ထိန်း


မီဒီယာကျင့်ဝတ် များကို မြဲမြံစွာ စောင့်ထိန်း

အယ်ဒီတာ့အာဘော်
(၂၉-၁၁-၂၀၁၃)

၁၉၆၇ ခုနှစ်မှ စတင် တည်ထောင် ခဲ့သော အရှေ့တောင် အာရှ နိုင်ငံများ အသင်းကြီး သည် ၂ဝ၁၅ ခုနှစ်တွင် တစ်ပေါင်း တစ်စည်း တည်းသော အာဆီယံ အသိုက်အဝန်း တည်ထောင်ရန် အဖွဲ့ဝင် နိုင်ငံ အသီးသီး က ကြိုးပမ်း နေကြချိန်တွင် အာဆီယံ မီဒီယာ ကွန်ရက် တစ်ခုကိုလည်း တည်ထောင် နိုင်ရေး အတွက် အာဆီယံ မီဒီယာ ကျင့်ဝတ် ဆိုင်ရာ အလုပ်ရုံေ ဆွးနွေးပွဲ ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ၌ နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပ ခဲ့သည်။

အာဆီယံ မီဒီယာ ကျင့်ဝတ်များ ရေးဆွဲ ချမှတ်နိုင်ရေး အတွက် ပုံနှိပ် မီဒီယာ ၊ ရုပ်သံလွှင့် မီဒီယာ ၊ လူမှု မီဒီယာ နှင့် ပညာရပ် ပိုင်းဆိုင်ရာ အဖွဲ့ဟူ၍ အဖွဲ့များ အလိုက် မီဒီယာ ကျင့်ဝတ်များ ကို ဆွေးနွေး ခဲ့ကြသည်။ မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် အများပြည်သူ ဝန်ဆောင်မှု အုပ်ချုပ်ရေး အဖွဲ့က ရေးဆွဲ ထားသော အများပြည်သူ ဝန်ဆောင်မှု သတင်းစာ များအတွက် ကျင့်ဝတ် ပြဋ္ဌာန်းချက် ၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)က ရေးဆွဲ ထားသော စာနယ်ဇင်း ကျင့်ဝတ် ၊ မြန်မာ့အသံ နှင့် ရုပ်မြင် သံကြားက ရေးဆွဲ ထားသော အများပြည်သူ ဝန်ဆောင်မှု ရေဒီယို နှင့် ရုပ်သံလွှင့် လုပ်ငန်းများ အတွက် ကျင့်ဝတ် ပြဋ္ဌာန်းချက် များနှင့် စာနယ်ဇင်း ဆိုင်ရာ ဥပဒေများ ပြင်ဆင် ရေးဆွဲနေမှု တို့ကို တင်ပြ ဆွေးနွေး ခဲ့ကြ သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းေ ကာင်စီ (ယာယီ) သည် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ပဉ္စမ အကြိမ် အစည်းအဝေး ကျင်းပ၍ စာနယ်ဇင်း ကျင့်ဝတ် (၁၅) ပိုဒ် ချမှတ် ဆုံးဖြတ် ခဲ့သည်။ စာနယ်ဇင်း သမားတို့ ဆောင်ရန် ၊ ရှောင်ရန် များကို တိုတိုရှင်းရှင်း နှင့် လိုရင်း ရောက်အောင် တစ်ပိုဒ်ချင်း ဖော်ပြ ထားသည်။ အပိုဒ် (၁)တွင် သတင်း မီဒီယာ တစ်ခုက ဖော်ပြသော သတင်းအတိုင်း အချက်အလက် တိကျ မှန်ကန်ရန် နှင့် တတ်နိုင်သမျှ ပြည့်စုံရန် စိစစ် ရမည်။ အပိုဒ် (၇)တွင် သတင်း ရေးသား ရာတွင် ရေးသူ၏ အာဘော် လုံးဝ မပါဝင် စေရ။ ဘက်လိုက် ရေးသားခြင်း မပြုရ။ အပိုဒ် (၁ဝ) ဇာတိ ၊ ကိုးကွယ်ရာ ဘာသာ ၊ လူမျိုးတို့ကို အကြောင်းပြု၍ ခွဲခြား ဝေဖန် လှုံ့ဆော် ရေးသားခြင်း မပြုရ။ အပိုဒ်(၁၂) စီးပွားရေး ၊ နိုင်ငံရေး စသည့် အဖွဲ့အစည်း တစ်ခုခု၏ သြဇာကြောင့် မမှန်မကန် ရေးသားခြင်း မပြုရ။ အပိုဒ်(၁၄) အီလက် ထရွန်နစ် နည်းပညာဖြင့် ထုတ်လွှင့်သော အင်တာနက် ၊ လူမှုကွန်ရက် စသည့် နည်းလမ်း များမှတစ်ဆင့် ရသော သတင်းများသည် မှန်ကန်ကြောင်း သက်သေ အခိုင်အမာ မပြနိုင်က ပြန်လည် ကူးယူ ဖြန့်ချိခြင်း မပြုရစသည့် သတ်မှတ်ချက် များ ပါဝင်ကြောင်း တွေ့ရသည်။

ရဟန်းမှာ ဝိနည်း လူမှာစည်း ဆိုသည့် အတိုင်း ထေရဝါဒ ဗုဒ္ဓ သာသနာတော် မကွယ်ပျောက် စေရန် ရဟန်း သံဃာများက ဝိနည်း စောင်ထိန်း ကြရသည့် နည်းတူ စာနယ်ဇင်း သမားတို့ ကလည်း ကျင့်ဝတ် စည်းကမ်းတို့ကို လိုက်နာ ကြရမည် ဖြစ်သည်။ သဒ္ဓမ္မ သုံးဖြာ သာသနာတော် ကွယ်ပျောက်ကြောင်း တရားငါးပါးကို အင်္ဂုတ္တရ နိကာယ် ပဉ္စကနိပါတ် ၊ တတိယ သမ္မောသသုတ် ၌ မြတ်ဗုဒ္ဓ ဟောကြား တော်မူခဲ့ သည်မှာ မမှန်သော ပါဠိ ၊ ပုဒ် ၊ ဗျည်း တို့ဖြင့် ပို့ချခြင်းနှင့် သင်ယူခြင်း ၊ မြတ်ဗုဒ္ဓ၏ အဆုံးအမကို မနာယူသော ဒုဗ္ဗစ ရဟန်းများ ဖြစ်ခြင်း ၊ ပရိယတ္တိ တတ်ကျွမ်းသော ပုဂ္ဂိုလ်ရှားပါး ၍ ပါဠိ အဋ္ဌကထာ တို့ကို မပို့ချခြင်း ၊ လာဘ်လာဘ ရှေ့တန်းတင်၍ ပစ္စည်း လေးပါး ပေါများရန် နှင့် ဘုန်းကြီးရန် ကျင့်ကြံခြင်း နှင့် သံဃာ အချင်းချင်း ကွဲပြားကြကာ ဒါယကာ ၊ ဒါယိကာမ များ၏ အကြည်ညို သဒ္ဓါတရား ပျက်စီးစေခြင်း တို့ဖြစ်သည်။ လူတို့ လောက နေရာဌာန တိုင်း၌ ဤသို့သော သဘာဝများ ရှိကြောင်း တွေ့ရသည်။

သို့ဖြစ်၍ မြန်မာ မီဒီယာ လောက သန့်စင်စွာ ရှင်သန် ထွန်းကားပြီး အာဆီယံ မီဒီယာ လောကသို့ ဝင်ဆံ့ကာ ကမ္ဘာ့မီဒီယာ အသိုင်းအဝိုင်း ထိ ကျယ်ပြန့်စွာ ဝင်ဆံ့နိုင်ရေး ကဏ္ဍအလိုက် မီဒီယာ ကျင့်ဝတ်များ ကို ခါးဝတ်ပုဆိုး ပမာ မြဲမြံစွာ စောင့်ထိန်း လိုက်နာကြ ပါရန် တိုက်တွန်း နှိုးဆော်လိုက် ရပါသည်။ ။


ကျန်းမာရေးအတွက် အာမခံချက် မရှိသော အေးခဲကြက်သားများကြောင့် ပြည်တွင်း လုပ်ငန်းရှင်များ ဈေးကွက် ထိခိုက်မှုများ ဖြစ်ပေါ်နေ



မန္တလေး ၊ ၂၉-၁၁-၂၀၁၃

မန္တလေးမြို့ ကြက်သား ဈေးကွက် အတွင်းသို့ တရုတ်နိုင်ငံမှ တရားမ၀င် တင်သွင်းလာသည့် အေးခဲ ကြက်သားများ အလုံးအရင်း ဖြင့် နေ့စဉ် ၀င်ရောက် လာရာ ဈေးကွက် ယှဉ်ပြိုင် နိုင်စွမ်း နည်းပါး သဖြင့် ပြည်တွင်း ကြက်မွေးမြူရေး လုပ်ငန်းရှင် များအတွက် ထိခိုက်မှုများ ရှိလာ နိုင်သည့် အပြင် အရည် အသွေးပိုင်း အတွက် ကျန်းမာရေး ၀န်ကြီးဌာန ၏ ထောက်ခံချက် မရှိသောကြောင့် စားသုံးသူ ပြည်သူများ အတွက်လည်း ကျန်းမာရေး ပြဿနာများ ကြုံတွေ့ လာစေ နိုင်ကြောင်း သိရသည်။

ကြက်မွေးမြူရေး လုပ်ငန်းရှင် တစ်ဦး၏ ပြောပြချက် အရ မန္တလေး ဈေးကွက် အတွင်းသို့ ၂၀၁၂ ခုနှစ် က စတင် ဝင်ရောက် ခဲ့သော အေးခဲ ကြက်သားများ (ပုံ) သည် ပုံမှန်အားဖြင့် ပြည်တွင်း ကြက်သားဈေး တစ်ပိဿာ လျှင် ငွေကျပ် ၃၀၀၀ အောက် ကျဆင်းချိန် တွင် ၀င်ရောက်မှု ရပ်တန့်လေ့ ရှိပြီး တရားမဝင် ဝင်ရောက် လာတတ်သည့် အပြင် ကျန်းမာရေး အတွက် အာမခံချက် မရှိသဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီး ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း ၊ မြန်မာ နိုင်ငံသို့ တရားဝင် တင်သွင်းခွင့် မရရှိဘဲ ပုံမှန် အားဖြင့် ပြည်တွင်း ကြက်သားဈေး တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ အထက် ရောက်လျှင် အလုံးအရင်း နှင့် ၀င်ရောက် လာတတ်ပြီး အဓိက ဈေးကွက်မှာ မြို့ပေါ်ရှိ အကင်ဆိုင် များနှင့် စားသောက်ဆိုင် များဖြစ်ကြောင်း သိရသည်။

" ကြက်ဈေးကောင်း လို့ အကျိုးအမြတ် ရတော့မယ် လို့ ၀မ်းသာနေ တုန်း အေးခဲ ကြက်သား တွေက အလုံးအရင်း နဲ့ အခုလို ၀င်လာတော့ ပြည်တွင်း ကြက်မွေးမြူရေး လုပ်ငန်းရှင် တွေအတွက် အထိနာ စေပါတယ် ၊ ကြက်စာ ဈေးနှုန်းကလဲ အတက်သာ ရှိတာ ပြန်ကျတယ် ဆိုတာက လုံးဝ မရှိတော့ ကြက်တစ်ကောင် အတွက် ထုတ်လုပ်မှု စရိတ်က အနည်းဆုံး ငွေကျပ် ၂၈ဝဝ ရှိပါတယ် ၊ လက်ရှိမှာ ဆိုရင် အေးခဲ ကြက်သားကို တစ်ပိဿာ ငွေကျပ် ၅၅၀၀ ဈေးရှိပြီး ပြည်တွင်း ကြက်ကို ငွေကျပ် ၅၅ဝဝ ဈေးနဲ့ ဘယ်လိုမှ ရောင်းနိုင်မှာမ ဟုတ်တော့ ဈေးကွက် ထဲမှာ သူတို့နဲ့ ယှဉ်ပြိုင် ဖို့ဆိုတာ မလွယ်ပါဘူး ၊ ရောဂါ ဖြစ်ပွားပြီးေ သတဲ့ကြက် တွေကို အေးခဲပုံစံ လုပ်ထားတာ ဖြစ်သလို ၊ ရက်လွန်နေတဲ့ အသားတွေကို ပြန်ပြီး ပြုပြင် ထားတာမျိုး လည်း ဖြစ်နိုင် တာကြောင့် စားသုံးသူတွေ ကျန်းမာရေး အတွက်လည်း ထိခိုက် စေနိုင် ပါတယ် .. .. '' ဟု ၄င်းက ဆက်လက် ရှင်းပြသည်။

" ရင်အုပ်သား ၊ ပေါင်သား ၊ ဖင်ဆီဖူး ဆိုပြီး တရုတ်စာသား တံဆိပ်တွေ နဲ့ ဝင်ရောက် နေတာ ဖြစ်ပါတယ် .. .. '' ဟု မတ္တရာ မြို့နယ်ရှိ ကြက်မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။


သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မုံးကိုးရွာသား လေးဦးသေဆုံး


ဒဏ်ရာများဖြင့် သတိမေ့နေသော လာနူးအား တွေ့ရစဉ်

သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးနေသော 
ထန်ဝူး ၊ ခေါပုံ ၊ ရန်ချန် နှင့် ခွန်ဆန် တို့အား တွေ့ရစဉ်

နေပြည်တော် ၊ ၂၉-၁၁-၂၀၁၃

နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ် ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုး အခြေပြု ပြည်သူ့စစ် တပ်ဖွဲ့မှ အဖွဲ့ဝင် လာနူးနှင့် အတူ ပူးတွဲ လုံခြုံရေး တာဝန် ထမ်းဆောင်သည့် မုံးကိုး ရွာသား လေးဦး စုစုပေါင်း ငါးဦး တို့သည် ကျင်းထုံရွာ ရှိ ဆွေမျိုးနာရေး သို့ သွားရောက်ပြီး ပြန်လာရာ မုံးကိုး ချောင်းကူး တံတား သို့ အရောက်တွင် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ မှ စောင့်ကြို တိုက်ခိုက် ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် မုံးကိုး ရွာသားများ  ဖြစ်ကြသည့် ထန်ဝူး ၊ ခေါပုံ ၊ ရန်ချန် နှင့် ခွန်ဆန် တို့ လေးဦးမှာ သေဆုံး ခဲ့ပြီး ပြည်သူ့စစ် အဖွဲ့ဝင် လာနူးမှာ ရရှိဒဏ်ရာ များဖြင့် သတိမေ့လျက် ရှိရာ ပြည်သူ့စစ် တပ်ဖွဲ့ဝင် များက မုံးကိုး ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ကုသပေးလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)


မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁၁-၂၀၁၃) သောကြာနေ့



Download Links


Thursday, November 28, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား နိုင်ငံဆိုင်းဘုတ် ကိုင်သူများစာရင်း ထုတ်ပြန်



နေပြည်တော် ၊ ၂၈-၁၁-၂၀၁၃

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား အကြို ၀တ်စုံပြည့် အစမ်း လေ့ကျင့်ခြင်း ကို နိုဝင်ဘာ ၂၈ ရက် ညနေ ၅ နာရီခွဲတွင် နေပြည်တော် ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲ အခမ်းအနား တွင် ပြိုင်ပွဲဝင် နိုင်ငံ ၁၁ နိုင်ငံ ပါဝင်ချီတက် လမ်းလျှောက် ဆင်နွှဲကြမည် ဖြစ်ရာ ၀တ်စုံပြည့် အစမ်း ဇာတ်တိုက် လေ့ကျင့်ပွဲကြီး ၌ ပြိုင်ပွဲဝင် နိုင်ငံ အသီးသီး ကိုယ်စားပြု ဆိုင်းဘုတ်ကိုင် အမျိုးသမီးများ ၏ အမည်စာရင်း ကို ယဉ်ကျေးမှု ၀န်ကြီးဌာန ၊ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရန် ကြိုတင် ပြင်ဆင် လေ့ကျင့်ရေး ကော်မတီက ထုတ်ပြန် ကြေညာ လိုက်သည်။ ၀တ်စုံပြည့် ဇာတ်တိုက် လေ့ကျင့်ခန်း တွင် ပါဝင် ဆင်နွှဲ ကြမည့် ဆိုင်းဘုတ်ကိုင် အမျိုးသမီး ငယ်များမှာ -
  • မချောစုလင်းဖြူသန့် ( ဘရူနိုင်းနိုင်ငံ )
  • မယွန်းရတီမြတ် ( ကမ္ဘောဒီးယားနိုင်ငံ )
  • မပိုးအိထွန်း (လာအိုနိုင်ငံ )
  • မကြည်တြာဗိုလ် ( အင်ဒိုနီးရှားနိုင်ငံ )
  • မအိစက်မွန် ( မလေးရှားနိုင်ငံ )
  • မဆွေဆွေအောင် ( ဖိလစ်ပိုင်နိုင်ငံ )
  • မခင်ဦးသာ ( စင်ကာပူနိုင်ငံ )
  • မမြတ်ကျော့ခိုင် ( ဗီယက်နမ်နိုင်ငံ )
  • မနန်းထက်ထက်အောင် ( ထိုင်းနိုင်ငံ )
  • မမိကျော့ကျော့ခိုင် ( တီမောလက်စ်တီနိုင်ငံ )
  • မအိန္ဒြာသီရိကို ( မြန်မာနိုင်ငံ )


တို့ဖြစ်ပြီး အရန်အဖြစ် မမေသဉ္ဇာဝင်း နှင့် မအေးသန္တာမိုး တို့ ဖြစ်ကြောင်း သိရှိရသည်။


၂ဝ၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး ဆိုင်ရာ လုပ်ငန်းရှင်းလင်းပွဲ ကျင်းပ



ကျိုင်းတုံ ၊ ၂၈-၁၁-၂ဝ၁၃
၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရေး ဆိုင်ရာ လုပ်ငန်းရှင်း လင်းပွဲကို ကျိုင်းတုံမြို့ ၊  မြို့တော် ခန်းမ၌ နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီ အချိန်က ကျင်းပ ပြုလုပ်ရာ ဗဟို သန်းခေါင် စာရင်း ကော်မရှင် ဥက္ကဋ္ဌ ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ ၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ ၊ တပ်မတော် အရာရှိကြီးများ ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ ၊ လူမှုရေး အဖွဲ့အစည်းများ ၊ ရပ်မိရပ်ဖ များ  တက်ရောက် ခဲ့ကြကြောင်း သိရသည်။ 

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ရှင်းလင်း ပြောကြားရာ၌ ၂ဝ၁၄ခုနှစ် မတ်လ ၃ဝ ရက်နေ့တွင် ပြည်လုံးကျွတ် လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကို ကောက်ယူ တော့မှာ ဖြစ်ကြောင်း ၊ ပြည်သူများ အနေဖြင့် လည်း ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေး ရမည့် အကြောင်းများ ရှိကြောင်း ၊ သို့မှသာ လမ်းပန်း ဆက်သွယ်ရေး မကောင်းခြင်း ၊ ပညာရေး လိုအပ်ချက် ရှိခြင်း ၊ အခြား လူမှု စီးပွားရေး လိုအပ်ချက် များကို သန်းခေါင် စာရင်း ကောက်ယူမှု မှ တစ်ဆင့် သိရှိ ဆောင်ရွက် ပေးနိုင်မှာ ဖြစ်ကြောင်း ၊ မေးခွန်းပေါင်း (၄၁)ချက် ဖြေဆို ရမှာ ဖြစ်ကြောင်း ၊ မိမိလူမျိုးကို အမှန် ဖြေပေးရန် လိုကြောင်း ၊ သို့မှသာ ကိုယ့်မျိုးနွယ်စု ရေရှည် ရပ်တည် နိုင်ရေးကို အထောက် အကူပြုမှာ ဖြစ်ကြောင်း ၊ အခွန်ကောက် မှာလားဆိုတဲ့ အတွေးများဖြင့် အမှန်အတိုင်း မဖြေတာမျိုး မလုပ် စေလိုကြောင်း ၊ နိုင်ငံခြား ရောက်နေသော အိမ်ထောင်စု ဝင်များ အကြောင်းလည်း မေးမြန်း ထားကြောင်း ၊ နိုင်ငံခြားကို တရားဝင် ပဲဖြစ်ဖြစ် ၊ တရားမဝင်ဘဲ ဖြစ်ဖြစ် ရောက်နေရင် ဖြေပေးရန် လိုကြောင်း ၊ အရေးယူ ဆောင်ရွက်ရန် မဟုတ်ကြောင်း ၊ မတ်လ ၃ဝ ရက်နေ့မှ ဧပြီ ၁ဝ ရက်နေ့အထိ တစ်တိုင်းပြည်လုံး သန်းခေါင် စာရင်း ကောက်ယူ သွားမှာ ဖြစ်ကြောင်း ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင် များမှလည်း လိုအပ်သည် များကို ဝိုင်းဝန်း ဆောင်ရွက် ပေးရန်လိုကြောင်း ၊ တစ်ရွာနှင့် တစ်ရွာ လူမျိုးတစ်မျိုး နှင့်တစ်မျိုး အသာစီး ရယူမှုများ လွှမ်းမိုးမှုများ မရှိဘဲ အမှန်အတိုင်း ဖြစ်အောင် ဝိုင်းဝန်းကူညီ ပေးကြ စေလိုကြောင်းဖြင့် ရှင်းလင်း ပြောကြား သွားသည်။

ထို့နောက် အခမ်းအနား သို့ တက်ရောက် လာသူများမှ မရှင်းမလင်း သည့် အချက်များ မေးမြန်းရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိ သူများက ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့ကြောင်း သိရှိရသည်။


အဖိုးထိုက်တန် အမှန်သိ


အဖိုးထိုက်တန် အမှန်သိ

ယနေ့ မျက်မှောက် ကာလတွင် အလိုအပ်ဆုံး အရာမှာ သင့်တော်သော နှလုံးသွင်းမှု ယောနိသော ရှိဖို့လိုသည်။ ယောနိသော မနသီကာ ရရှိမှသာ စိတ်ကောင်း ၊ နှလုံးကောင်း ရှိမည် ဖြစ်ပေသည်။ ယောနိသော မှာ မည်မျှ စွမ်းအား ကြီးမား ပါသနည်း ဟုဆိုလျှင် ထိုကဲ့သို့ သင့်တော်သော နှလုံးသွင်းမှု ရှိလျှင် အကုသိုလ် စိတ်မကောင်းသော စိတ်များ မဖြစ်ဘဲ ကောင်းသော စိတ်များသာ ရှိမည် ဖြစ်သည်။

ယနေ့ မိမိအတွက် သော် လည်းကောင်း ၊ လူ့ဘောင် လောက အတွက်သော် လည်းကောင်း ကောင်းရာ ကောင်းကျိုး ဆောင်ရွက် ကြရာ၌ ကိုယ်ပိုင် စွမ်းအားများ ရရှိဖို့ လိုသည်။ ကိုယ်ပိုင် စွမ်းအား ဆိုသည်မှာ လည်း မှန်ကန်သော အသိအမြင် ၊ မှန်ကန်သော အယူအဆ ၊ မှန်ကန်သော အတွေးအခေါ် တို့ လွှမ်းခြုံသည့် အသိအမြင် ဗဟုသုတ များသာ ဖြစ်သည်။

ယောနိသော ရှိခြင်း ၊ မရှိခြင်း တို့၏ အကြောင်းအရင်း များကား စာကောင်း ပေကောင်း ဖတ်ရှုခြင်း ၊ မဖတ်ရှုခြင်း ၊ ပညာရှိထံ နည်းနာခံခြင်း ၊ မခံခြင်းတို့ အပေါ်တွင် အခြေခံသည်။ စာကောင်း ပေကောင်းတို့ကို ကြည့်ရှု လေ့လာသူ ၊ ဆရာကောင်း ၊ ပညာရှိ တို့ထံတွင် နည်းနာ ခံယူလေ့ ရှိသူတို့သည် အကြားအမြင် ဗဟုသုတ တိုးပွားလာမည် ဖြစ်သည်။

ထိုသို့ အကြားအမြင် ဗဟုသုတ တိုးပွား လာသူမှာ ငါ့သန္တာန်၌ အမြဲ စိတ်ကောင်း ဖြစ်စေရမည် ဟု ခံယူထားပြီး တွေ့ရာ ကြုံရာ အာရုံများ ၌ သင့်တော်အောင် နှလုံးသွင်း နိုင်မည် ဖြစ်သည်။ စာကောင်း ပေကောင်း များကိုလည်း မကြည့်ရှု ၊ ဆရာများ ထံ၌လည်း နည်းနာ မခံသော သူသည် အကြားအပြင် ဗဟုသုတ နည်းပြီး ကြုံရာအာရုံ၌ စိတ်မထား တတ်ဘဲ လေယူရာ တိမ်းကြ လေသည်။

ထို့ကြောင့် ယောနိသော စိတ်ရှိခြင်းသည် အရာရာ ၌ ဗြဟ္မစိုရ် တရား လက်ကိုင် ထားလျက် ကြီးမားသော စိတ်သဘောထား ရှိသူ ၊ အပေါင်းအသင်း ဆံ့သူ ဖြစ်လာ နိုင်သည်။ ချမ်းမြရွှင်မြူး ၊ ရာထူး ဂုဏ်သိန် စည်းစိမ်တို့ တိုးတက် နေသည်ဖြစ်စေ ၊ လောကဒဏ် ကို မတုန်လှုပ် ၊ အခြေအနေ လည်းမပြောင်း ၊ စိတ်အကောင်းလည်း မပျက်ဘဲ တည်တည် ကြည်ကြည် ခံ့ခံ့ ထည်ထည်နှင့် ဣနြေ္ဒမပျက် နေနိုင်ကြမည် ဖြစ်သည်။

သို့ရာတွင် လူတိုင်း လူတိုင်းသည် အမှန်ကို အမှန်အတိုင်း သိနိုင်သည့်သူ ဖြစ်စေရန် ဗဟုသုတ အကြားအမြင် ရှိဖို့လိုသည်။ ထိုသို့ မဟုတ်မူ အဖိုးထိုက် ၊ အဖိုးတန် ကိုယ်ပိုင်မှန် ကြီးများ ရှိသော်လည်း ယောနိသော မရှိ၍ မျက်စိ မမြင်သူ ကဲ့သို့ဖြစ်ကာ အဖိုးမတန် ၊ အမှန်မသိ သူများ ဖြစ်လာ နိုင်ကြောင်း ရေးသား လိုက်ရပေသည်။  ။


အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၄၇)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၄၇)

Download Links




ဘာသာငါးမျိုး အက္ခရာငါးမျိုးဖြင့် ရေးထိုးထားသော သမိုင်းတန်ဖိုး အလွန်ကြီးမားသည့် ကျောက်စာ မြစ်သားမြို့၌ တွေ့ရှိ


အပိုင်းလေးပိုင်း ဆက်စပ်ထားသော ဘာသာငါးမျိုးဖြင့်
ရေးထိုးထားသည့် ကျောက်စာ

မြစ်သား ၊ ၂၈-၁၁-၂၀၁၃

ရာဇကုမာရ ကျောက်စာထက် စောသော နှစ်ပေါင်း ၉၆၀ က ပါဠိ ၊ ပျူ ၊ မွန် ၊ ဂျွမ်း ၊ မြန်မာ ဘာသာငါးမျိုး ၊ အက္ခရာ ငါးမျိုးဖြင့် ရေးထိုး ထားသော သမိုင်းတန်ဖိုး လွန်စွာ ကြီးမား လှသည့် စောလူးမင်း ကျောက်စာ တစ်ချပ်ကို မြစ်သားမြို့ ၁၁ လမ်းတွင် ရှိသော မိဘမဲ့ ကလေးများ စောင့်ရှောက်ရေး ပေတော ပရဟိတ ကျောင်းအတွင်း၌ နိုဝင်ဘာ ၄ ရက်တွင် တွေ့ရှိခဲ့သည်။

၅-၁၁-၂၀၁၃ ရက်နေ့ထုတ် ရတနာပုံ သတင်းစာ တွင် ဤဆောင်းပါး ဖတ်ရှု ရသဖြင့် တမ္ပ၀တီ ဦးဝင်းမောင် လာရောက် သုတေသန ပြုလုပ် ခဲ့သည်။ ထိုနေ့က အပိုင်း ၃ ပိုင်းသာ တွေ့ရှိခဲ့ပြီး ယနေ့တွင် နောက်တစ်ပိုင်း ထပ်မံ တွေ့ရှိခဲ့သည်။ အပိုင်း လေးပိုင်းအား ဆက်စပ်ပြီး ဆရာကြီး ဦးဝင်းမောင်က ထပ်မံ သုတေသန ပြုလုပ်ခဲ့သည်။ ဆရာကြီးက ထိုကျောက်စာ နှင့် ပတ်သက်ပြီး အောက်ပါ အတိုင်း သုံးသပ် ပြသည်။

ဆရာကြီး တမ္ပ၀တီဦးဝင်းမောင်နှင့်အဖွဲ့ ကျောက်စာ ဖတ်ရှုစဉ်


မွန်ဘာသာကို မွန်မြန်မာ အက္ခရာဖြင့် ရေးသား ထားသော ကျောက်စာ တစ်ဖက်နှင့် ပျူဘာသာကို ပျူအက္ခရာ နှစ်မျိုးဖြင့် ရေးသား ထားသော ကျောက်စာ တစ်ဖက်ကို ရေးထိုး လှူဒါန်းခဲ့သော ပုဂံခေတ်ဦး ( ၁၁ ရာစု ) လက်ရာ နှစ်မျက်နှာ ကျောက်စာ ဖြစ်သည်။ မူလ ကျောက်စာကြီး မှာ အလျား ၅ ပေ ၉ လက်မ အနံ ၃ ပေ ၆ လက်မ အရွယ်ရှိပြီး ကျောက်ပြားထု မှာ အရင်းပိုင်း ၌ ၇ လက်မထူပြီး အဖျားပိုင်းမှာ ၅ လက်မ ထူသော အမည်းရောင် ထုံးကျောက်ဖြင့် ထုတ်လုပ်ထား ခြင်းဖြစ်သည်။ တွေ့ရှိ ချိန်တွင် ကျောက်စာမှာ ငါးပိုင်း ကျိုးလျက် ရှိပြီး ၄င်းအနက်မှ လေးပိုင်း ကိုသာ ရှာဖွေ တွေ့ရှိရ သေးသည်။ ပျူဘာသာ စာမျက်နျာ ဘက်တွင် အပိုင်း ၃ ပိုင်း ပါရှိသည်။

(က) ထိပ်ဆုံးတွင် ရှစ်ကြောင်း ၊ (ခ) အလယ်တွင် ၁၃ ကြောင်း နှင့် (ဂ) အောက်ဆုံးတွင် ခုနှစ်ကြောင်း ပါရှိရာ ထိပ်ဆုံး ရှစ်ကြောင်းသည် မြန်မာစာ ဖြစ်ဖွယ်ရှိပြီး ရေးသား ထားသော အက္ခရာမှာ မွန်မြန်မာ အက္ခရာ ဖြစ်သည်။ ထိုစာပိုဒ်၏ ငါးကြောင်းမြောက် တွင် သက္ကရာဇ် ၄၁၅ ဟု ပါရှိသည်။ ဦးကုလား ရာဇ၀င်ပါ စောလူးမင်း နန်းစံနှစ် ( ၃၉၇ - ၄၂၃ ) နှင့် ကိုက်ညီမှု ရှိသည်။ အလယ် ၁၃ ကြောင်းသည် ပါဠိဘာသာ စာကြောင်းများ ဖြစ်ပြီး သက္ကတ ဆန်သော ပါဠိဘာသာကို ၄ - ၅ ရာစု ဂုတ္တခေတ် အက္ခရာ ပျူသုံး ဗုဒ္ဓ အက္ခရာဖြင့် ရေးထိုး ထားသည်။ အောက်ဆုံး ခုနစ်ကြောင်းသည် ပျူဘာသာ စစ်စစ်ဖြစ်ပြီး အလယ်ပိုဒ် အက္ခရာထက် စောသော ခရစ်တော် မပေါ်မီ ခေတ်က ဗြာဟ္မီ အက္ခရာပွား ( ရှေးဦးပျူ အက္ခရာ ) များဖြင့် ရေးထိုး ထားသည်။ ဤကဲ့သို့ ပျူစာကို (ခေတ်ဦးပျူ အက္ခရာ) ဖြင့် ရေးထိုး၍ ပါဠိစာကို (ပျူဗုဒ္ဓ အက္ခရာ) ဖြင့် ပူးတွဲကာ နိသျှရေးနည်း အတိုင်း ပျူတစ်ပိုဒ် ပါဠိတစ်ပိုဒ် ရေးထိုး နည်းကို သရေခေတ္တရာ မြို့ဟောင်း တောင်ကန် ၊ ဝက်ခေါင်းကုန်း မှ တူးဖော် တွေ့ရှိရသော ဆင်းတုတော် ပလ္လင်တော် လေးမျက်နာတွင် ရေးထိုး ထားခဲ့ကြောင်း တွေ့ရှိ ခဲ့ရဖူးသည်။

ပျူပါဠိ စာဖြင့် ရေးထိုးထား သော အလယ်ပိုဒ်တွင် '' ဗဇြိဘရ ဏဒေဝဿ '' ဟူသော အနေရထာ မင်းကြီး၏ သားတော် " မဟာသိရီ ဗဇြာ ဘရဏဒေ၀ " ဘွဲ့မည် ရှိသော စောလူးမင်း ဘွဲ့တော်ကို တွေ့ရှိရ သဖြင့် ပျူစာမျက်နှာ ဘက်သည် ၁၁ ရာစုဦး ပုဂံခေတ် စောလူမင်း ရေးထိုး လှူဒါန်း ခဲ့သော ပျူကျောက်စာ ဖြစ်ဖွယ် ရှိသည်။

မွန်ဘာသာ မျက်နှာဘက် တွင်လည်း ပျူဘာသာ မျက်နှာဘက် ကဲ့သို့ပင် ထိပ်ပိုင်း ကိုးကြောင်းကို အနော်ရထာ မင်းကြီး ကိုယ်တော်တိုင် ရေးထိုး ခဲ့သော အုတ်ခွက်တော် များ နောက်ကျောမှ ၁၁ ရာစုဦး မွန်မြန်မာ အက္ခရာ လက်ရေး အတိုင်း ပါဠိဘာသာဖြင့် ရေးထိုးခဲ့ပြီး အောက်ပိုင်းကို ဆက်၍ ထို လက်ရေး အက္ခရာ များနှင့်ပင် မွန်ဘာသာဖြင့် ဆက်လက် ရေးထိုးခဲ့ရာ စုစုပေါင်း စာကြောင်းရေ ၂၈ ကြောင်း ရှိခဲ့သည်။ မွန်စာမျက်နှာ ပါဠိဘာသာ စာပိုဒ်တွင် ပျူကျောက်စာ မှာကဲ့သို့ပင် ''ဗဇြ(ဘ) ရဏ ဒေဝဿ'' ဟူသော စောလူးမင်း ၏ဘွဲ့တော် ကို ရေးထိုး ထားသည် ဟုလည်း တွေ့ရသည်။

ထို့ကြောင့် ယခု မြစ်သားမြို့ ပေတောကျောင်း တိုက်အတွင်းမှ ဆက်စပ် တွေ့ရှိခဲ့သော ပျူ ၊ မွန် ၊ မြန်မာ ၊ ဂျွမ်း ၊ ပါဠိ ငါးဘာသာပါ နှစ်မျက်နှာ ကျောက်စာသည် ပုဂံခေတ် စောလူးမင်း က ၁၁ ရာစုတွင် မြစ်သားမြို့ ၌ လှူဒါန်း ခဲ့သော စေတီတော် တစ်ဆူ အတွက် ရေးထိုးခဲ့သည့် ပျူဘာသာ ထိပ်ဆုံး ရှစ်ကြောင်းသည် မြန်မာဘာသာ ဖြစ်ဖွယ်ရှိသည်။ ဤကျောက်စာ သည် ပါဠိ ၊ ပျူ ၊ မွန် ၊ မြန်မာ လေးဘာသာ ဖြင့် ရေးထိုးခဲ့သော ရာဇကုမာရ (ဂူပြောက်ကြီး) ကျောက်စာ ကဲ့သို့ သမိုင်းတန်ဖိုး လွန်စွာ ကြီးမားလှသည့် နောက်တွေ့ ကျောက်စာအသစ် တစ်ချပ် ဖြစ်သည်ဟု ပြောပြ သွားသည်။

ထိုကျောက်စာ ကို လွန်ခဲ့သော နှစ်ပေါင်း ၅ဝခန့်က အကောင်း ပကတိအတိုင်း ရှိနေ သေးကြောင်း ဒေသခံ ဦးဝင်းမြင့်မှ ပြောသည်။ နိုဝင်ဘာ ၂၅ ရက်က မွန်ကမ္ပည်း ကျောက်စာ ပညာရှင် နိုင်ဘရှင် ကလည်း ဤကျောက်စာ သည် ဘုရားမြေ လှူသည့် စောလူးမင်း ကျောက်စာ ဖြစ်ကြောင်း အတည်ပြု ပေးခဲ့သည်။

ကျောက်စာ သမိုင်းအား လာရောက် ဖော်ထုတ် ပေးသော ပညာရှင် အဖွဲ့ဝင် ဆရာကြီး တမ္ပ၀တီ ဦးဝင်းမောင် နှင့်အတူ ကမ္ပည်း ကျောက်စာ ပညာရှင် Mr. Miky ၊ ဦးကျော်သူ (ပါမောက္ခ ၊ ဗုဒ္ဓဒေသနာ ပြန့်ပွားရေး ဌာန) နှင့် စုစုပေါင်း အဖွဲ့ဝင် ကိုးဦးရှိပြီး ဒေသခံများ ဖြစ်သော ပေတောကျောင်း ဆရာတော် ၊ AO ဦးညွန့်မောင် ၊ ဒေါ်မိုးမိုးခိုင် ၊ ဦးညီညီ တို့မှ ကူညီ ပံ့ပိုးခဲ့ကြောင်း သိရှိရသည်။

ဆက်စပ်သတင်းများ

မြစ်သားမြို့ရှိ မွန်ကျောက်စာ သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့်က ရေးထိုးထားသော ဘုရားမြေလှူ မွန်ကျောက်စာ တစ်ချပ်ဖြစ်

မြစ်သားမြို့တွင် တွေ့ရသော ကျောက်စာချပ် မှာ နှစ်ပေါင်း ၈၀၀ ကျော်က မွန်ကျောက်စာဖြစ်


ဆက်သွယ်ရေးစနစ်များ ရေရှည် ကောင်းမွန်ရေး ၀ိုင်းဝန်းထိန်းသိမ်း


ဆက်သွယ်ရေးစနစ်များ ရေရှည် ကောင်းမွန်ရေး ၀ိုင်းဝန်းထိန်းသိမ်း

အယ်ဒီတာ့အာဘော်
( ၂၈-၁၁-၂၀၁၃ )

ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန သည် တိုင်းရင်းသား ပြည်သူများ တယ်လီဖုန်း ဖြင့် ဆက်သွယ် ပြောဆိုရာတွင် အလွယ်တကူ သုံးစွဲနိုင်ရေး အတွက် ကနဦး တပ်ဆင်ခ များကို အဆင့်လိုက် လျှော့ချ တပ်ဆင် ပေးလျက်ရှိရာ မိုဘိုင်းလ် တယ်လီဖုန်း များကို ကျေးလက် ဒေသများအထိ တိုးချဲ့၍ လစဉ် တပ်ဆင် ပေးနေပြီ ဖြစ်သည်။

မိုဘိုင်းလ်ဖုန်းများ တိုးချဲ့ တပ်ဆင်ရာတွင် တပ်ဆင်သည့် မိုဘိုင်းလ်ဖုန်း အချင်းချင်း ဆက်သွယ် ပြောဆိုနိုင်ရေး ၊ ရှိပြီးသော အော်တို တယ်လီဖုန်းများ နှင့် မိုဘိုင်းလ်ဖုန်းများ လွယ်ကူ လျင်မြန်စွာ ပြောဆို ဆက်ဆံနိုင်ရေး တို့အတွက် အဓိက လိုအပ်သော ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ တည်ဆောက် ရာတွင် အချိန်ယူ တည်ဆောက် ရပြီး ကနဦး ရင်းနှီး မြှုပ်နှံမှု ကုန်ကျစရိတ် များပြားသည်။ အင်တာနက် သုံးစွဲမှု အတွက် ကနဦး တပ်ဆင်ခများ အား ယခင် သတ်မှတ် ထားသည့် နှုန်းထား၏ ၅ဝ ရာခိုင်နှုန်းခန့် လျှော့ထား ပေးခဲ့ပြီး ဖြစ်သော်လည်း သုံးစွဲခ စရိတ် လစဉ်ကြေးမှာ အချို့ နိုင်ငံများထက် သက်သာပြီး အချို့နိုင်ငံ များနှင့် တန်းတူနီးပါး ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အင်တာနက် ဆက်သွယ်မှု နှေးကွေး ရခြင်း အကြောင်းရင်း ကို လေ့လာ ဆန်းစစ်ရန် ကွင်းဆင်း တိုင်းတာသည့် လုပ်ငန်းများအား ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ နှင့် ဒီဇင်ဘာ တို့တွင် စင်ကာပူ နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှ ပညာရှင်များ ဖိတ်ခေါ် ဆောင်ရွက် ခဲ့သည်။ ပညာရှင် များ၏ အကြံပြုချက် အရ သက်တမ်း ကြာမြင့်ပြီး မကြာခဏ ပြတ်တောက်လေ့ ရှိသော အာရှ - ဥရောပ ရေအောက် ဆက်ကြောင်း အပြင် အခြား ဆက်ကြောင်းများ တိုးချဲ့ တပ်ဆင်ရေး နှင့် ကုန်းတွင်း ဖြတ်ကျော် ဆက်ကြောင်းများ တိုးချဲ့ ချိတ်ဆက်ရေး ၊ စင်ကာပူနှင့် ဟောင်ကောင် ရှိ ကွန်ရက်များ နှင့် ထပ်မံ ချိတ်ဆက်ရေး တို့ကို သက်ဆိုင်ရာ ကုမ္ပဏီများ နှင့် ဆွေးနွေး ညှိနှိုင်း ဆောင်ရွက် ခဲ့သည်။

ထို့အပြင် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ အတွင်း မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သော (၁၁)ကြိမ်မြောက် အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများ၏ သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး ဆိုင်ရာ ဝန်ကြီးအဆင့် ညီလာခံ တွင် ဆွေးနွေး ညှိနှိုင်းချက်များ အရ 2nd ICT Master Plan ( 2010 - 2015 ) အား အကောင်အထည် ဖော်ရန် သတင်း အချက်အလက် နှင့် နည်းပညာ ဆိုင်ရာ အမျိုးသား အဆင့် ဖိုရမ်များ ကျင်းပ၍ ပညာရှင်များ၏ အကြံဉာဏ်များ ရယူ ဆောင်ရွက်လျက် ရှိသည်။ ဆက်သွယ်ရေး တာဝါတိုင်တွင် တပ်ဆင် ထားသော အသံဖမ်း ၊ အသံလွှင့်စနစ် ( Transmission ) သည် (၅)မိုင် ပတ်လည် အတွင်း၌ လိုင်းမိသည် ဆိုသော်လည်း အချို့ (၅)မိုင်ထက် ပိုဝေးသော နေရာများ၌ ဖမ်းမိသည်များ ရှိကြောင်း သိရသည်။

မကြာမီ ကျင်းပတော့မည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲများ၌ ပြည်သူများ အသုံးပြု နိုင်ရန် တယ်လီဖုန်း ဆက်သွယ်ရေး စနစ်များ ၊ Social Zone အင်တာနက် ၊ အီးမေးလ် နှင့် ဘာသာစကား မျိုးစုံဖြင့် ဆက်သွယ် နိုင်ရန် စီစဉ်ထားသည့် စနစ်များ ထားရာ နိုင်ငံတော်၏ ဆက်သွယ်ရေး စနစ်သည် ယခင်ကာလ များထက် များစွာ တိုးတက် လာခဲ့ပြီး နိုင်ငံတော်၏ နိုင်ငံရေး ၊ စီးပွားရေး နှင့် လူမှုရေး တိုးတက်မှု အတွက် များစွာ အထောက်အကူ ပြုနေသော ဆက်သွယ်ရေး စနစ်များ ရေရှည် တည်တံ့ ကောင်းမွန်ရေး ပြည်သူအားလုံး ဝိုင်းဝန်း ထိန်းသိမ်း ကြပါရန် တိုက်တွန်း နှိုးဆော်လိုက် ရပါသည်။ ။


တရုတ်လေကြောင်း ကာကွယ်ရေး ဇုန်အတွင်းသို့ အခွင့်မရှိ ၀င်ရောက် လာသည့် လေယာဉ်များအား ပစ်ချပိုင်ခွင့်ရှိဟု တရုတ် အဆင့်မြင့် အရာရှိကြီး တစ်ဦးပြောကြား


တရုတ်နိုင်ငံ က ကြေညာ ထားသည့် လေကြောင်း ကာကွယ်ရေးး ဇုန်သစ် 

ပေကျင်း ၊ ၂၈-၁၁-၂၀၁၃

တရုတ်နိုင်ငံ က ကြေညာ ထားသည့် လေကြောင်း ကာကွယ်ရေးး ဇုန်သစ် အတွင်းသို့ အခွင့်မရှိ ၀င်ရောက် လာသည့် လေယာဉ် များအား ပစ်ချပိုင်ခွင့် ရှိကြောင်း တရုတ် စစ်တပ်မှ အရာရှိကြီး တစ်ဦးက ပြောကြား ခဲ့သည်ဟု မီဒီယာ များက နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ အရာရှိကြီး ၏ ပြောကြားချက် သည် တရုတ်နိုင်ငံ က ယခု သီတင်းပတ် အကုန်တွင် ချမှတ် ကြေညာ ခဲ့သည့် ၄င်းတို့၏ လေကြောင်း ကာကွယ်ရေး ပိုင်နက် အတွင်းသို့ အမေရိကန် ဗုံးကြဲ လေယာဉ် နှစ်စင်း ၀င်ရောက်လာပြီး နောက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ပြီး တရုတ် လေကြောင်း ပိုင်နက်အတွင်း သို့ အကြောင်းကြား ခြင်းမရှိဘဲ ၀င်ရောက် လာသည့် လေယာဉ်များ သည် ကျူးကျော် ရန်လိုသည့် သဘော သက်ရောက် ကြောင်း တရုတ် လေတပ်မှ ဗိုလ်မှူးချုပ် တစ်ဦး ဖြစ်သူ ချောင်လျန် က ပြောကြား ခဲ့သည်။

အဆိုပါ လေကြောင်း ကာကွယ်ရေးဇုန် တွင် နိုင်ငံများ အကြား ဆက်သွယ် နိုင်သည့် စနစ်များကို တည်ဆောက် ထားပြီး တရုတ် လေကြောင်း ပိုင်နက် အတွင်းသို့ အခွင့်မရှိ ၀င်ရောက် လာသည့် လေယာဉ်များအား တရုတ် လေယာဉ်မှူး များက ပစ်ချ ပိုင်ခွင့်ရှိကြောင်း ဗိုလ်မှူးချုပ် ချောင်လျန် က တွေ့ဆုံ ဆွေးနွေးခန်း တစ်ခုတွင် ပြောကြား ထားသည်။ 

တရုတ်နိုင်ငံ ၏ လေကြောင်း ကာကွယ်ရေးဇုန် ကြေညာချက် နှင့် စပ်လျဉ်း၍ ဂျပန်နှင့် အမေရိကန် အစိုးရ အဖွဲ့များက ဝေဖန်ထားပြိး ယင်း လေကြောင်း ကာကွယ်ရေး ဇုန်တွင် အိမ်နီးချင်း များက ၄င်းတို့ပိုင် နယ်နိမိတ် အဖြစ် သတ်မှတ် ထားသည့် ပိုင်နက်များ ပါဝင်ကြောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ (၂၈-၁၁-၂၀၁၃) ကြာသပတေးနေ့



Download Links




KIA (ကချင်) အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်မဲ့ဖြင့် ၀င်ရောက်



နေပြည်တော် ၊ ၂၈-၁၁-၂၀၁၃

KIA (ကချင်) အဖွဲ့ တပ်ရင်း(၃၈) တပ်ခွဲ(၁) မှ တပ်သားအဆင့် ရှိသော ဘောက်လန် ၂၅ နှစ် (ဘ) ဦးအောင်မြတ် သည် နိုဝင်ဘာ ၂၆ ရက် ညနေ ၅ နာရီ အချိန်ခန့် က မုံးကိုးမြို့ နယ်မြေခံ တပ်မတော် စစ်ကြောင်း သို့ လက်နက်မဲ့ ၀င်ရောက် ခဲ့ကြောင်း သိရှိရသည်။

Wednesday, November 27, 2013

အမျိုးသား ယဉ်ကျေးမှုအမွေ


အမျိုးသား ယဉ်ကျေးမှုအမွေ

လူဟူသည် မျိုးရိုးဇာတိ ရှိရစမြဲ ဖြစ်သည်။ မျိုးရိုး မရှိသော လူဟူ၍ ဤကမ္ဘာ၌ မရှိပေ။ လူဟူသော ဝေါဟာရ နှင့် မျိုးရိုး ဟူသော ဝေါဟာရ ပေါင်း၍ လူမျိုး ဟူသော ဝေါဟာရ ဖြစ်ပေါ် လာရသည်။ လူတို့ ရှင်သန်မှု သည် အသက်ရှိရန် လိုအပ်သည်။ အသက်ရှိမှ ရှင်သန် လှုပ်ရှား ကြီးပွား နိုင်သည်။

လူတစ်ဦးစီ တွင် ကိုယ်စီကိုယ်င အသက်ရှိ သကဲ့သို့ လူမျိုးတစ်မျိုး စီတွင်လည်း လူမျိုး၏ အသက် အသီးသီး ရှိကြသည်။ လူမျိုး၏ အသက်ရှင်မှ လူမျိုး၏ သမိုင်းကြောင်း သည် ကြာရှည် တည်တံ့ နိုင်သည်။ ထိုလူမျိုး၏ အသက်မှာ ယဉ်ကျေးမှု ဖြစ်သည်။ 

လူမျိုး၏ အသက်သည် ယဉ်ကျေးမှု ဖြစ်၍ ယဉ်ကျေးမှု ခိုင်မာလေ ထိုလူမျိုး မပျောက်ကွယ်ဘဲ ကြာရှည် တည်တံ့လေ ဖြစ်သည်။ ရေအတိမ် ၊ အနက်ကို ကြာရိုးကြာစွယ် တို့ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ လူတစ်ဦး တစ်ယောက်၏ ပညာရှိ ပညာမဲ့ ကို ထိုသူ၏ နှုတ်ထွက် စကားဖြင့် သိနိုင်သည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ အဆင့်အတန်း ကို ထိုနိုင်ငံ ၊ ထိုလူမျိုး၏ ယဉ်ကျေးမှုကို ကြည့်၍ သိနိုင်သည်။

အမိ ၊ အဖ တို့ပေးသည့် အမွေကို အမွေ ဆက်ခံသူ သားသမီးက ကောင်းစွာ မထိန်းသိမ်းဘဲ ဆုတ်ယုတ် ပျက်စီး သွားပါက အဂဇာတ အမွေခံ ဟု ခေါ်သည်။ ပကတိ အတိုင်း ထိန်းသိမ်း နိုင်သော အမွေခံကို အနုဇာတ အမွေခံဟုေ ခ်ါသည်။ ပေးအပ်ခဲ့သော အမွေကို သာလွန် တိုးပွားအောင် ဆောင်ရွက် နိုင်ပါက အတိဇာတ အမွေခံဟု ခေါ်သည်။

ယခုအခါ ဂလိုဘယ် လိုက်ဇေးရှင်း နှင့်အတူ မိဘ ၊ ဘိုးဘွားတို့ ပေးအပ် ခဲ့သော ယဉ်ကျေးမှု အမွေများကို လူငယ်တို့ တန်ဖိုးထားရ ကောင်းမှန်း မသိဘဲ အင်တာနက် ၊ ဝက်ဘ်ဆိုက် တို့မှ တွေ့မြင် ရသည့် တန်ဖိုးမဲ့ ယဉ်ကျေးမှု ဓလေ့စရိုက် တို့ကို အတုယူ နေကြသည်ကို တွေ့နေ ရသည်။

ထို အတုခိုးမှား နိမ့်ကျသည့် ယဉ်ကျေးမှု ကို မိမိတို့၏ အဆင့်အတန်း မြင့်မားသည့် ယဉ်ကျေးမှု နှင့် လဲလှယ်နေ သကဲ့သို့ ရှိနေသည်မှာ ကျားရဲ တိရစ္ဆာန်သည် သားကောင် ကိုသာ တန်ဖိုးထား ၍ ပတ္တမြားကို တန်ဖိုးထား ရကောင်းမှန်း မသိသကဲ့သို့ ရှိချေသည်။ 

ယဉ်ကျေးမှု ဆိုရာတွင် ၀တ်စား ဆင်ယင်သည့် ယဉ်ကျေးမှု ၊ နှုတ်ဖြင့် ပြောဆိုသည့် ယဉ်ကျေးမှု ကိုယ်ဖြင့် ပြုလုပ်သည့် ဓလေ့ထုံးတမ်း စဉ်လာ ယဉ်ကျေးမှု ၊ စိတ်နှလုံး၌ ရှိသော ယဉ်ကျေးမှု တို့ကို ခြုံ၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ 

မြန်မာတို့၏ စိတ်နှလုံး ယဉ်ကျေးမှု သည် အလွန် နူးညံ့ သိမ်မွေ့၏။ တရား မျှတမှု ကို မြတ်နိုး၏။ မျိုးချစ်စိတ် တို့ဖြင့် ထုံမွမ်းထား၏။ နှုတ်ထွက် စကား၌လည်း နူးညံ့သိမ်မွေ့၏။ ပျူငှာ လှိုက်လှဲစွာ ပြောဆို၏။ နွေးထွေးစွာ ဆက်ဆံ တတ်၏။ အချို့ နိုင်ငံများ၌ အသက်ကြီး သူကို ပစ်ပယ် ထားကြ၏။ မြန်မာတို့က အသက်ကြီး သူကို တန်ဖိုးထား ကြ၏။

ထို ကောင်းမြတ်သည့် ဂုဏ်တို့ကို တချို့သော နိုင်ငံများ၌ ကျင့်သုံးရန် လေ့ကျင့် ပျိုးထောင်ပေး နေကြရ သော်လည်း မြန်မာနိုင်ငံ၌ ရှေးကာလမှ ယနေ့အထိ ရှင်သန်နေဆဲ ဖြစ်သည်။ သို့သော် ယုတ်လျော့ လာသည့် သဘောကို ယခုအခါ မြင်တွေ့ နေရသည်။

သို့ဖြစ်ရာ မြန်မာ့စိတ်ရင်း မြန်မာ့ ယဉ်ကျေးမှု အမွေကို မြန်မာ နိုင်ငံသူ နိုင်ငံသား တို့က မပျောက်ပျက် ရန် လက်ဆင့်ကမ်း ထိန်းသိမ်း သွားရမည် ဖြစ်သည်။ သို့မှသာ မြန်မာ့ ယဉ်ကျေးမှု အမွေသည် ပပျောက် မသွားဘဲ မြန်မာ လူမျိုးတို့ ရှင်သန် ကြီးပွား တိုးတက် နိုင်မည် ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။  ။

( ၂၇-၁၁-၂၀၁၃ ရက်နေ့ ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )


ဗုဒ္ဓဘုရားရှင် မွေးဖွားရာ နေရာ အစစ်အမှန် ကို ရှာဖွေတွေ့ရှိ



ခတ္တမန္ဒူ ၊ ၂၇-၁၁-၂၀၁၃

မြတ်ဗုဒ္ဓ ဘုရားရှင် ၏ ဖွားမြင်ရာ နေရာ အစစ်အမှန် ကို သုတေသီ များက ရှာဖွေ တူးဖော် တွေ့ရှိခဲ့ပြီး နောက် မြတ်စွာ ဘုရားရှင် သည် သမိုင်း ပညာရှင်များ ခန့်မှန်း ထားသည်ထက် အနည်းဆုံး ရာစုနှစ် တစ်စု ပိုမိုစောစွာ မွေးဖွားသန့်စင် ခဲ့ဖွယ် ရှိကြောင်း သိရသည်။

ရှေးဟောင်း သုတေသန ပညာရှင် များသည် ဗုဒ္ဓဘုရားရှင် ၏ ဖွားမြင်ရာ နေရာကို နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်အတွင်း မယ်တော် မာယာဒေဝီ ၏ ဘုရားကျောင်း တည်ရှိရာ ရှေးဟောင်း ဗိမာန်တွင် ရှာဖွေတူးဖော် မှုများ ပြုလုပ် နေစဉ် တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သမိုင်း ပညာရှင်များ သည် ယူနက်စကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရာ နေရာကို ယခင်က ဗုဒ္ဓဘုရားရှင် ၏ မွေးဖွားရာ နေရာအဖြစ် သတ်မှတ် ခဲ့သော်လည်း မွေးဖွားရာ နေရာ အစစ်အမှန်ကို ရှာဖွေ တွေ့ရှိခဲ့ သည့်အတွက် ဗုဒ္ဓဘုရားရှင် သည် ရာစုနှစ် တစ်ခုအကြာ ပိုမိုစော၍ ဖွားမြင် ခဲ့ဖွယ် ရှိကြောင်း ယူဆခဲ့ ကြသည်။

ဗုဒ္ဓဘုရားရှင် ၏ မယ်တော် မာယာဒေဝီ သည် ခင်ပွန်းဖြစ်သူ ဘုရင်မင်းမြတ် ၏ စံမြန်းရာ နန်းတော်နှင့် မိဘနှစ်ပါး နေထိုင်ရာ ဗိမာန်၏ အကြား လမ်းခုလတ် တွင် တည်ရှိသော လုမ္ဗိနီ ဥယျာဉ် အတွင်းရှိ သစ်ပင် တစ်ပင်၏ ကိုင်းတစ်ကိုင်း ကို ဆုပ်ကိုင် ထားစဉ် ဗုဒ္ဓမြတ်စွာ ဘုရားကို ဖွားမြင် တော်မူခဲ့ခြင်း ဖြစ်သည်။

၎င်းသစ်ပင် သည် ယခု အသစ်တစ်ဖန် ရှာဖွေ တွေ့ရှိခဲ့သည့် ဗိမာန်၏ အလယ်ရှိ ကွက်လပ်တွင် တည်ရှိသည်။

ယခုကဲ့သို့ မြတ်စွာ ဘုရားရှင် ၏ ဖွားမြင်ရာ နေရာကို ရှာဖွေတွေ့ရှိ ခြင်းသည် အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းကြောင်း ၊ ၄င်းဗိမာန် သည် သစ်ပင် ၏ အနီး ပတ်လည်တွင် တည်ဆောက် ထားခြင်း ဖြစ်ပြီး ဘုရားရှင် မွေးဖွားခြင်း နှင့် ၄င်း သစ်ပင်သည် အချိတ်အဆက် ရှိကြောင်း ၊ ရှားပါးသည့် နေရာဒေသ တစ်ခုဖြစ်ကြောင်း ဗြိတိန်နိုင်ငံ သမိုင်းပညာရျင် ၁၅ ဦး၏ အဖွဲ့ခေါင်းဆောင် ဖြစ်သူ ဒါဟမ် တက္ကသိုလ် မှ ပါမောက္ခ ရိုဘင်ကိုနင်ဟမ် က ပြောကြားခဲ့
သည်။

ရှေးဟောင်း သုတေသန ပညာရှင် အဖွဲ့သည် အဆိုပါ နေရာတွင် သုံးနှစ်ကြာ စူးစမ်း လေ့လာမှုများ ပြုလုပ်ခဲ့ကြ ပြီးနောက် ဗုဒ္ဓ ဘုရားရှင်သည် ဘီစီ ၄ဝဝ ပြည့်နှစ် အစောပိုင်း က ဖွားမြင် ခဲ့သည် ဟူသော ယူဆချက်ကို ကန့်ကွက်ခဲ့ ကြပြီး ဘီစီ ၆ ရာစု ကတည်းက ဖွားမြင်ခဲ့ခြင်း ဖြစ်ကြောင်း ယူဆခဲ့ ကြသည်။ ဗုဒ္ဓဘာသာ သည် ကမ္ဘာတွင် သက်တမ်း အရင့်ဆုံး ဘာသာဖြစ်ပြီး ဗုဒ္ဓဘာသာဝင် များသည် သိဒ္ဓတ္ထ ဂေါတမ၏ တရား အဆုံးအမများ ကို လက်ခံ ကျင့်သုံးကြ သူများ ဖြစ်သည်။

ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာ ဝင်များသည် ဗုဒ္ဓဘုရားရှင် ဖွားမြင်ရာ နေရာ လုမ္ဗိနီဥယျာဉ် သို့ နှစ်စဉ် ရာပေါင်းများစွာ လာရောက် ဖူးမြော် ကြကြောင်း သိရသည်။


KIA (ကချင်) အဖွဲ့မှ တပ်ဖွဲ့ဝင်များ လက်နက်မဲ့ဖြင့် ၀င်ရောက်


  
လက်နက်မဲ့ ၀င်ရောက်လာသော KIA (ကချင်)အဖွဲ့ တပ်ရင်း(၇)မှ
မောင်ဥခရုနော်တောင် နှင့် မောင်ဂျာလီ

နေပြည်တော် ၊ ၂၆-၁၁-၂၀၁၃

KIA (ကချင်) အဖွဲ့ ၊ တပ်ရင်း(၇) မျောမော စခန်းမှ တပ်သားအဆင့် ရှိသော မောင်ဥခရု နော်အောင် ၁၈ နှစ် (ဘ) ဦးဥခရု အောင်မြတ် နှင့် မောင်ဂျာလီ ၂၂ နှစ် (ဘ) ဦးလော်ထင် တို့သည် နိုဝင်ဘာ ၁၅ ရက် ညနေပိုင်း တွင် လည်းကောင်း ၊ KIA (ကချင်) အဖွဲ့ တပ်ရင်း (၁၀) လက်အောက်ခံ မျောမော အထက် စခန်းမှ တပ်သား အဆင့်ရှိ သော မောင်မဖူမုန်ရာ ၂၅ နှစ် (ဘ) ဦးမဖူဇော်တောင် သည် နိုဝင်ဘာ ၁၇ ရက် ညနေပိုင်း တွင် လည်းကောင်း ပန်ဝါ ပြည်သူ့စစ် တပ်ဖွဲ့ဝင် များထံသို့ လက်နက်မဲ့ ၀င်ရောက် လာသည်။

လက်နက်မဲ့ ၀င်ရောက်လာသော KIA (ကချင်)အဖွဲ့ တပ်ရင်း(၁၀)မှ
မောင်မဖူမုန်ရာ

ထို့အတူ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် မြစ်ကြီးနား မြို့နယ် ၊ မလိဆူယန် လယ်တဲ၌ စပါးရိတ် နေစဉ် KIA (ကချင်) အဖွဲ့ ၊ တပ်ရင်း (၁၁) က ဖမ်းဆီး ခေါ်ဆောင် သွားပြီး KIA တပ်သား အဆင့်ဖြင့် ထမင်းချက် ၊ စက်ချုပ် တာဝန် စေခိုင်းခြင်း ခံရသည့် မမေဇင်ဦး ၁၉ နှစ် (ဘ) ဦးချစ်ဦး သည် နိုဝင်ဘာ ၂၇ ရက် တွင် မိုးကောင်း မြို့နယ် ၊ ပင်းဘော နယ်မြေခံ တပ်ရင်းသို့ လက်နက်မဲ့ ၀င်ရောက် လာခဲ့ ကြကြောင်း သိရှိရသည်။

လက်နက်မဲ့ ၀င်ရောက်လာသော KIA (ကချင်)အဖွဲ့ တပ်ရင်း(၁၁)မှ
မမေဇင်ဦး


(၉၃)နှစ်မြောက် အမျိုးသားနေ့ ဦးတည်ချက်များ အလေးထား လိုက်နာ


(၉၃)နှစ်မြောက် အမျိုးသားနေ့ ဦးတည်ချက်များ အလေးထား လိုက်နာ

အယ်ဒီတာ့အာဘော်
(၂၇-၁၁-၂၀၁၃)

၁၉ ရာစု နှောင်းပိုင်းတွင် ဗြိတိသျှ တို့သည် မြန်မာပြည် ကို ကျူးကျော် စစ်ပွဲ သုံးကြိမ် ဆင်နွှဲ၍ သိမ်းယူပြီးနောက် ၁၈၈၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် မြန်မာ တစ်နိုင်ငံလုံး ကို ဗြိတိသျှ အင်ပါယာ အတွင်းသို့ သွတ်သွင်း လိုက်သည်။ မြန်မာ တိုင်းရင်းသား တို့ ဗြိတိသျှ လက်အောက် တွင် ဖိနှိပ်မှု ခံကြရပြီး အဘက်ဘက် တွင် သိမ်ငယ် နိမ့်ကျခဲ့ ရသည်။

သို့သော် မြန်မာလူငယ် များသည် ခေတ်ပညာကို ကြိုးစား သင်ယူရင်း မကြာမီ မှာပင် အမြင်ကျယ် လာကြသည်။ ၂ဝ ရာစု နှစ်ဦးတွင် မြန်မာတို့ အမျိုးသားရေး စိတ်ဓာတ်များ နိုးကြား လာကာ ဘာသာရေး အသင်း အဖွဲ့များ ဖွဲ့စည်း ခဲ့ကြရာ ခေတ်ပညာတတ် လူငယ်များ ဖွဲ့စည်းသော ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း ( ၀ိုင်အမ်ဘီအေ ) သည် အထင်ရှားဆုံး ဖြစ်သည်။ အမျိုး ၊ ဘာသာ ၊ သာသနာ နှင့် ပညာ တိုးတက်ရေး ကြိုးပမ်း ဆောင်ရွက် ရာတွင် ရည်ရွယ်ချက် ဖြင့် ဖွဲ့စည်း ခဲ့သော်လည်း မြန်မာ ပြည်သူတို့ကို နိုင်ငံရေး မျက်စိစတင် ဖွင့်လှစ် ပေးခဲ့သည်။

၁၉၁၄ ခုနှစ်တွင် ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွား လာသောအခါ ဗြိတိသျှ အစိုးရသည် လက်အောက်ခံ ကိုလိုနီ နိုင်ငံများမှ အကူအညီများ ရယူလာ ရသည့် အတွက် အိန္ဒိယ အင်ပါယာ မှ ပြည်သူများအား ကိုယ်ပိုင် အုပ်ချုပ်ရေး ရသည်အထိ ကူညီပေး ပါမည်ဟု ကတိစကား ဆိုခဲ့သည်။ ဤ စကားအရ မြန်မာတို့က ကိုယ်ပိုင် အုပ်ချုပ်ရေး ( Home Rule ) တောင်းဆိုရန် ကြိုးစား ကြသည်။ ၁၉၁၇ ခုနှစ်တွင် ဝိုင်အမ်ဘီအေ နှင့် အခြား အသင်းအဖွဲ့ များသည် အိန္ဒိယ နိုင်ငံသို့ ရောက်နေသော ဗြိတိသျှ ၀န်ကြီး မွန်တေဂူ ထံ သွားရောက် တောင်းဆို ကြရာ သက်ညှာစွာ စဉ်းစား ပေးပါမည် ဟု နှစ်သိမ့် လိုက်သော်လည်း ၁၉၁၉ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ အက်ဥပဒေ ကို ပြဋ္ဌာန်း သောအခါ မြန်မာနိုင်ငံ ကို ချန်လှပ် ထားခဲ့သည်။

၁၉၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ဟုမ္မရူး တောင်းဆိုရန် ဦးဘဘေ ၊ ဦးပု နှင့် ဦးထွန်းရှိန် တို့ကို ၀ိုင်အမ်ဘီအေ အသင်းကြီးက အင်္ဂလန် သို့ စေလွှတ် ခဲ့သည်။ မအောင်မြင် သဖြင့် ထိုနှစ်မှာပင် ဦးဘဘေ ၊ ဦပု နှင့် ဦးသိန်းမောင် တို့အား ဒုတိယ အကြိမ် စေလွှတ် တောင်းဆို ခဲ့သော်လည်း အချည်းအနှီး ဖြစ်ခဲ့ ရသည်။ ၀ိုင်အမ်ဘီအေ သည် အသင်း လုပ်ငန်းများ တိုးချဲ့၍ အမျိုးသား ရေးကို ပွင့်ပွင့်လင်းလင်း ဆောင်ရွက် နိုင်ရန် ၀ိုင်အမ်ဘီအေ အသင်းများ စုစည်းပြီး မြန်မာ အသင်းချုပ်ကြီး ( ဂျီစီဘီအေ ) ကို ဖွဲ့စည်း တည်ထောင် လိုက်သည် နှင့် တစ်ပြည်လုံး တွင် ၀ံသာနု အမျိုးသားရေး စိတ်ဓာတ်များ နိုးကြား လာခဲ့ကြသည်။

ထိုအချိန်တွင် မူလက ရှိနေသော ရန်ကုန် ကောလိပ် နှင့် ယုဒသန် ကောလိပ် တို့ကို ပေါင်းစည်း၍ ရန်ကုန် တက္ကသိုလ် တည်ထောင်ရန် ဗြိတိသျှ အာဏာပိုင် တို့က အတည်ပြု လိုက်သော ရန်ကုန် တက္ကသိုလ် ဥပဒေကို ယင်းေ ကာလိပ် ကျောင်းများမှ ကျောင်းသား များက ခေါင်းဆောင်ပြီး ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်တွင် ကန့်ကွက် ကြသည်မှ စ၍ ပထမ ကျောင်းသား သပိတ် ပေါ်ပေါက် လာခဲ့သည်။ အမျိုးသား ကျောင်းများ တည်ထောင်ကာ အမျိုးသားရေး စိတ်ဓာတ်များ လှုံ့ဆော် ပေးခဲ့ရာမှ လွတ်လပ်ရေး ပန်းတိုင်သို့ အရောက်လှမ်း နိုင်ခဲ့သည်။ သပိတ် စတင်သော တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ပြီး နှစ်စဉ် အထိမ်းအမှတ် ပွဲများ ကျင်းပ ကြသည်မှာ ယနေ့ (၉၃)နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်၍ အမျိုးဂုဏ် ၊ ဇာတိဂုဏ် မြင့်မားရေး နှင့် ပြည်ထောင်စု စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး ၊ အမျိုးသား ပညာရည် မြင့်မားရေး ၊ နိုင်ငံတော်၏ လွတ်လပ်ရေး နှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ၊ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး ဟူသော (၉၃) နှစ်မြောက် အမျိုးသားနေ့ ဦးတည်ချက် များအား တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက အလေးအနက် လိုက်နာ ဆောင်ရွက် ကြပါရန် တိုက်တွန်း နှိုးဆော်လိုက် ရပါသည်။ ။




မြ၀တီနေ့စဉ်သတင်းစာ (၂၇-၁၁-၂၀၁၃) ဗုဒ္ဓဟူးနေ့



Download Links


Tuesday, November 26, 2013

မှန်တွင် ရောင်ပြန်ထင်ဟပ် သကဲ့သို့


မှန်တွင် ရောင်ပြန်ထင်ဟပ် သကဲ့သို့

မျက်မှောက် ကာလ၌ မကောင်းမှု ပြုမိသူ တစ်ယောက်သည် အနှေး နှင့် အမြန် မကောင်းကျိုး ခံစား ရတတ်သည်ကို လူတိုင်းသိပြီး ဖြစ်သည်။ ရာဇဝတ် ပြစ်မှုကျူးလွန် သူသည် အဆိုပါ ပြစ်မှုဒဏ်ကို မလွဲမသွေ ခံရမည် ဖြစ်သကဲ့သို့ မကောင်းမှု ပြုမိသူသည် လတ်တလော တွင် လူအများ၏ ကဲ့ရဲ့ခြင်း ကို ခံရတတ် ပေသည်။

ဤသည်မှာ လောက၌ '' မကောင်းမှု ပြုသမျှ တို့သည် ဆိတ်ကွယ်ရာ မရှိ '' ဟု ဆိုထားခြင်း ဖြစ်ပေသည်။ မိမိ ပြုသမျှ လုပ်သမျှ တို့သည် မှန်တွင် ထင်ဟပ် ပေါ်လွင် သကဲ့သို့ အမြဲတမ်း ရောင်ပြန် ထင်ဟပ်ခြင်း ခံရမည် ဖြစ်သည်။ သူတစ်ပါးကို ဆဲဆိုမိလျှင် အခြားသူ တစ်ယောက်၏ ပြန်လည် ဆဲဆိုမှုကို ခံရမည် ဖြစ်သကဲ့သို့ မိမိက ပြုံးရွှင်သော မျက်နှာဖြင့် သူတစ်ပါးကို ကြည့်မိလျှင် သူတစ်ပါး ကလည်း ပြုံးရွှင်သော မျက်နှာဖြင့် မိမိကို ပြန်ကြည့်မည် ဖြစ်သည်။

ငယ်စဉ်အခါ လိမ္မာစွာဖြင့် ပညာကို ကြိုးစား သင်ယူခဲ့ ကြပြီး တရားသဖြင့် ဥစ္စာ စီးပွား ဖြစ်ထွန်း လာသကဲ့သို့ စီးပွား ပျက်ကြောင်း လောင်းကစားမှု စသည်တို့ကို ပြုမိလျှင် တစ်နေ့တွင် စီးပွား ဥစ္စာများ ပျက်စီး တတ်သည်မှာ ဓမ္မတာပင် ဖြစ်သည်။ သူတစ်ပါးကို စိတ်၏သော် လည်းကောင်း ၊  ကိုယ်၏ သော်လည်းကောင်း ပြုမိသူသည် တစ်နေ့တွင် မိမိလည်း စိတ်၏ ဆင်းရဲခြင်း ၊ ကိုယ်၏ ဆင်းရဲခြင်း တို့ တစ်ဖန် ခံရမည်မှာ အမှန်ပင် ဖြစ်သည်။

ဤသို့ မကောင်းသည့် ကံကို ပြုမိလျှင် မကောင်းကျိုး တို့ကို ခံရခြင်း ၊ ကောင်းသည့် ကံကို ပြုလျှင် ကောင်းကျိုး တို့ကို ပြန်လည် ခံစားရခြင်း တို့သည် အကျိုး ခံစားခွင့် အကျိုးပေး အနည်း အများပေါ် မူတည်၍ ခြားနားသည်။ ယခု လက်ရှိ မကောင်းမှု ကို ပြုမိသော်လည်း ထို မကောင်းမှု အကျိုးဆက် ကို ချက်ချင်း မခံစား ရခြင်းမှာ ထိုသူ၏ ပြုခဲ့သော ကောင်းမှု ကံကြောင့် ဖြစ်သည်။

အမှန်တွင် မိမိပြုသမျှ အားလုံးအတွက် အချိန်တန် သောအခါ ပြန်လည် ခံစားရမည်မှာ မြေကြီး လက်ခတ်မလွဲ ဖြစ်သည်။ ယခုအခါ ဖြစ်ပျက် နေသော အနေအထား များအရ အကျိုးပေး မြန်ဆန် လာသည်။ အဘယ်ကြောင့် ဆိုသော် လူတို့၏ လုပ်ဆောင်မှု တိုင်း၌ မှန်ကန်သော အားထုတ်မှု ၊ မှန်ကန်သော ပြုမူ ဆက်ဆံှေု ၊ မှန်ကန်သော အလုပ်လုပ်မှု တို့ ရှိလာသော အခါ ကောင်းကျိုး ၊ မကောင်းကျိုး တို့ကို ချက်ချင်း လက်ငင်း သိသာ ထင်ရှားစွာ ခံစားကြ ရခြင်း ဖြစ်သည်။

သို့ဖြစ်ရာ မျက်မှောက် ဘ၀ကာလ တွင် ထိုကဲ့သို့ ကောင်းကျိုး ၊ မကောင်းကျိုး များသည် မှန်၏ ရောင်ပြန် ထင်ဟပ် သကဲ့သို့ ချက်ချင်း ဖြစ်ပေါ်တတ် သဖြင့် လူသားအားလုံး တို့သည် သူတစ်ပါး ကို ထိခိုက် နစ်နာစေမည့် မကောင်းသော အပြုအမူ ၊ အပြောအဆို ၊ အလုပ်အကိုင် ၊ ကြံစည်အား ထုတ်မှုတို့ကို မပြုမိစေဘဲ အများ ကောင်းကျိုး ၊ မိမိ ကောင်းကျိုး တို့ကို အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်း အားထုတ်ကြဖို့ တိုက်တွန်း ရေးသားလိုက် ရပေသည်။

(၂၆-၁၁-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )


မြစ်သားမြို့ရှိ မွန်ကျောက်စာ သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့်က ရေးထိုးထားသော ဘုရားမြေလှူ မွန်ကျောက်စာ တစ်ချပ်ဖြစ်



မြစ်သား ၊ ၂၆-၁၁-၂၀၁၃

နိုဝင်ဘာ ၂၅ ရက်က မွန်ကမ္ပည်း ကျောက်စာ ပညာရှင် ဦးနိုင်ဘရှင် နှင့် ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက် ဦးစီးဌာန (မန္တလေး) မှ အဖွဲ့ဝင် အချို့ လာရောက် သုတေသန ပြုကြသည်။

ထိုကျောက်စာ မှာ တစ်ဖက်တွင် မွန်ဘာသာဖြင့် ရေးထိုးထားပြီး အခြား တစ်ဖက်၌ ပျူဘာသာဖြင့် ရေးထိုး ထားကြောင်း သိရသည်။ ထိုကျောက်စာ သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့်က ရေးထိုး ထားသော ဘုရားမြေလှူ မွန်ကျောက်စာ တစ်ချပ် ဖြစ်ကြောင်း ဆရာကြီး ဦးနိုင်ဘရှင် က ထပ်မံ အတည်ပြု ခဲ့သည်။

" ယခု ကျောက်စာက အလွန် ရှားပါးပြီး အဖိုးတန်သည့် ကျောက်စာ တစ်ချပ် ဖြစ်သဖြင့် မပျောက်မရှ မပျက်စီးအောင် ထိန်းသိမ်း သင့်ကြောင်း ၊ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ လောက်က ဒီကျောက်စာ ကို အခုခေတ် လူသားတွေ ဖတ်ရှုနိုင် သလို နောင်နှစ်ပေါင်း ထောင် သောင်းချီ သည်အထိ လက်ဆင့်ကမ်း ထိန်းသိမ်း ထားသင့်ကြောင်း ၊ ယခု မြန်မာနိုင်ငံ တွင် သမိုင်း အမွေအနှစ် ဖြစ်သော ပျူကျောက်စာ ဆိုရင် ပုဂံမှာ တောင် တော်တော် ရှားနေပြီ ဖြစ်ကြောင်း ၊ မိမိ ဒေသ အဖိုးတန် သမိုင်းကို အခုလို ဖော်ထုတ် ပေးသည့် အတွက် ပေတောကျောင်း ဆရာတော် နှင့် အဖွဲ့အား ကျေးဇူး တင်ရှိကြောင်း .. .. " အသက် ၈၂ နှစ် အရွယ်ရှိ ဆရာကြီး နိုင်ဘရှင် က ပြောကြား ခဲ့သည်။

ယနေ့ထိ ဆက်စပ် သိရှိရသော ကျောက်စာ အခြေအနေ မှာ အမြင့် ၅ ပေ ၉ လက်မ ၊ ဗြက် ၃ ပေ ၆ လက်မ နှင့် ထု ၆ လက်မ ဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ်သတင်း



စည်းကမ်းလိုက်နာမှု ဖြင့် နိုင်ငံဂုဏ်ကို မြှင့်တင်


စည်းကမ်းလိုက်နာမှု ဖြင့် နိုင်ငံဂုဏ်ကို မြှင့်တင်

အယ်ဒီတာ့အာဘော်
( ၂၆-၁၁-၂၀၁၃ )

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတော့ မည်မှာ ရက်ပိုင်း မျှသာ လိုတော့သည်။ ပြိုင်ပွဲကြီးသို့ အရှေ့တောင် အာရှ နိုင်ငံများ နှင့် အခြားဒေသ များမှ ဧည့်သည်များ ၊ လာရောက် ကြည့်ရှု အားပေး လေ့လာသူ များနှင့် သတင်း မီဒီယာများ ရောက်လာ ကြမည် ဖြစ်သည်။ ထိုအချိန်တွင် အိမ်ရှင် မြန်မာတို့ အနေဖြင့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ၊ လူစည်းကမ်း ကျင့်ဝတ် တို့ကို ပို၍ စောင့်ထိန်း လိုက်နာ ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံ သည် ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်း နေထိုင်ကြသော မြန်မာ ပြည်သူ တို့သည် ရိုးသား ဖော်ရွေကြပြီး ချစ်ခင် စာနာတတ်သူ များ ဖြစ်ကြောင်း လက်တွေ့ ပြသ ကြရပေ လိမ့်မည်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စေတီပုထိုး ပေါများပြီး သဘာဝ ရှုခင်းများနှင့် ပြည့်စုံသော နိုင်ငံဖြစ်ခြင်း ကြောင့် ကမ္ဘာလှည့် ခရီးသွား များအား  ဆွဲဆောင်မှု ရှိသော နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ နိုင်ငံများက အသိအမှတ် ပြုထားပြီး ဖြစ်သည်။ ထို့ကြောင့် ပြည်သူတို့ စည်းကမ်း ရှိကြဖို့နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိစေရန် အထူးဂရုပြု ကြရန် လိုအပ်သည်။

အထူးသဖြင့် ရန်ကုန်မြို့ကြီး တွင် မြို့ပတ်ရထား ပြေးဆွဲသော ဘူတာရုံများ နှင့် ရထားလမ်း တစ်လျှောက် အမှိုက်များ ပိုမိုတွေ့ ရသည်။ ရန်ကုန်မြို့ပတ် ရထား လမ်းကြောင်းသည် ခရီး တစ်ပတ်လျှင် ၂၉ မိုင် ကွာဝေးပြီး ဘူတာပေါင်း ၄၀ ခန့် ရှိသည်။ ဘူတာ ၀န်ထမ်းများ နှင့် ဘူတာ သန့်ရှင်းရေး လုပ်သားများ သည် သန့်ရှင်းရေး နေ့စဉ် ဆောင်ရွက် ကြသော်လည်း အမှိုက်များမှာ ခဏသာ ရှင်းသွားပြီး မကြာမီ
ပြန်ရှုပ် နေကြောင်း တွေ့ရ ပြန်သည်။

ရန်ကုန်မြို့ပတ် ရထားသည် တစ်နေ့လျှင် ခေါက်ရေပေါင်း ၂ဝဝ ပြေးဆွဲလျက် ရှိပြီး မြို့ပတ် ရထားစီး ခရီးသည်မှာ တစ်နေ့လျှင် တစ်သိန်း ၀န်းကျင်ရှိကြောင်း သိရသည်။ ဘူတာ ပတ်ဝန်းကျင် တွင် နေထိုင်သူများ နှင့် ခရီးသွား ပြည်သူတို့က တစ်ဦးချင်း အသိစိတ်ဖြင့် အမှိုက် မရှုပ်ရအောင် ဝိုင်းဝန်း ထိန်းသိမ်း ကြရမည် ဖြစ်သည်။ ဘူတာ ဝန်းကျင်နှင့် မြို့ပတ် ရထားလမ်း တစ်လျှောက် အမှိုက်များ ရှိနေခြင်းသည် မြို့တော် အင်္ဂါရပ်နှင့် မညီညွတ် သည့်အတွက် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ တွေ့မြင်ပါက နိုင်ငံနှင့် လူမျိုး ဂုဏ်သိက္ခာကို ထိခိုက် နိုင်သည်။

ယခုအချိန်တွင် ရန်ကုန်မြို့ပတ် ရထားလမ်း တစ်လျှောက် သန့်ရှင်း သာယာရေး မြန်မာ့ မီးရထားက အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် နေပါသဖြင့် မိဘပြည်သူ များအားလုံး ၀ိုင်းဝန်း ကူညီ ကြရမည့် အချိန် ဖြစ်ကြောင်း ပညာပေး စာတန်းများ ရေးဆွဲထားရန် လိုအပ်မည် ဖြစ်သည်။

စည်းကမ်းသည် လူ၏ တန်ဖိုး ဖြစ်သည်။ မိမိမြို့ရွာ သန့်ရှင်း သာယာရေး တစ်ဦးချင်း အသိတရား ဖြင့် သတိထား ကြရမည် ဖြစ်သည်။ ဘူတာ နှင့် ရထားလမ်း ပတ်ဝန်းကျင် ၌ နေထိုင် သူတို့သည် လည်းကောင်း ၊ ခရီးသွား ပြည်သူတို့ သည် လည်းကောင်း အမှိုက် စွန့်ပစ်ရန် သတ်မှတ် ထားသည့် နေရာ သို့မဟုတ် အမှိုက်ပုံးများ စွန့်ပစ်ခြင်း ဖြင့် သန့်ရှင်း သာယာ လှပရေးကို ကူညီကြ ရမည် ဖြစ်ပေသည်။ ။


မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၈)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၈)

( ၂၆-၁၁-၂၀၁၃ ရက် အင်္ဂါနေ့ အပတ်စဉ်ထုတ် )

Download Links



အိုင်ယာလန်နိုင်ငံသား တစ်ကိုယ်တော် အပြေးသမား စဥ့်ကိုင်မြို့ကို ရောက်ရှိဖြတ်ကျော်


စဥ့်ကိုင် ၊ ၂၆-၁၁-၂၀၁၃

အိုင်ယာလန် နိုင်ငံရှိ ၄င်း နေထိုင်ရာမြို့မှ စတင် ပြေးလာခဲ့သူ တစ်ကိုယ်တော် အပြေးသမား Mr. Mangan Tony သည် ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံ အတွင်းသို့ မြ၀တီမြို့ မှတစ်ဆင့် ၀င်ရောက် လာရာ မန္တလေးတိုင်း ဒေသကြီး စဥ့်ကိုင်မြို့ သို့ နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီ မိနစ်၂ဝတွင် ရောက်ရှိ ဖြတ်ကျော် သွားကြောင်း သိရသည်။

၎င်းသည် ဥရောပ မှ အာရှတိုက် ကို ပတ်ကာ နေရင်းဒေသ အိုင်ယာလန် နိုင်ငံသို့ ပြန်ရောက် သည်အထိ ကီလိုမီတာ ၅၃ဝဝဝ ကျော် ပြေးရန် မျှော်မှန်း ထားကြောင်း ယခုအချိန် ထိ နိုင်ငံ ရှစ်နိုင်ငံကို ဖြတ်သန်းလျက် ကီလိုမီတာ ၃၈၀၀၀ ကျော်ကို ပြေးခဲ့ပြီး ဖြစ်ကြောင်း ၊ ယခုမြန်မာ နိုင်ငံမှာ ကိုးနိုင်ငံမြောက် ဖြစ်ပြီး ကျောက်ဆည် ၊ စဥ့်ကိုင် မှ စစ်ကိုင်း ၊ ရွှေဘို ၊ ကလေး ၊ တမူးမြို့ များသို့ ဖြတ်သန်းလျက် အိန္ဒိယ နိုင်ငံသို့ ကူးမည် ဖြစ်ကြောင်း ၊ အိုင်ယာလန် နိုင်ငံမှ စတင် ပြေးလာခဲ့ သည်မှာ ယခုအချိန်ထိ သုံးနှစ် နှင့် တစ်လရှိ ခဲ့ပြီ ဖြစ်ကြောင်း ၊ နောက်ထပ် ကျန်ရှိနေသော နိုင်ငံ ၆ နိုင်ငံကို ၁၁ လနှင့် အပြီး ဖြတ်ကျော်၍ အိုင်ယာလန် နိုင်ငံသို့ ပြန်လည် ရောက်ရှိရန် မျှော်မှန်း ထားကြောင်း သိရသည်။

Mr. Mangan Tony သည် ပင်စင်စား ၀န်ထမ်းဟောင်း တစ်ဦး ဖြစ်ပြီး အသက် ၅၆ နှစ်ရှိပြီ ဖြစ်ကြောင်း ၊ ၄င်း၏ P.P နံပါတ်မှာ PC 6641345 ဖြစ်ပြီး Visa No B 316120 ဖြစ်ကြောင်း ၊ ခွင့်ပြု TORRIST VISA မှာ ၂၈ ရက်ဖြစ်ပြီး ၁၆ ရက် အသုံးပြုပြီး ဖြစ်ကာ ၁၂ ရက် ကျန်ရှိ သေးကြောင်း ၊ ၄င်းကို မြန်မာနိုင်ငံ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ ၊ မန္တလေးတိုင်း တပ်ဖွဲ့စု မှ ဒုတိယ ရဲအုပ် ကျော်မင်း က အနီးကပ် လိုက်ပါ စောင့်ရှောက်လျက် ရှိကြောင်း သိရှိရသည်။


ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် အဓိပတိအဖွဲ့ စစ်ကိုင်းမြို့ရှေးဟောင်း ယိုးဒယားသိမ်တော်ကြီး သို့ လာရောက် လေ့လာဖူးမြော်



စစ်ကိုင်း ၊ ၂၆-၁၁-၂၀၁၃

ယမန်နေ့ ညနေပိုင်းတွင် စစ်ကိုင်းမြို့ ကန္နားတော် ရပ်ကွက်ရှိ ရှေးဟောင်း ယိုးဒယား မဟာသိမ်တော် ကြီးသို့ ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ် အဓိပတိအဖွဲ့ ဒေါက်တာ နီဝက်စ်နန္ဒလာ ဦးဆောင်သည့် အဖွဲ့သည် ညွှန်ကြားရေးမှူး ချုပ်(ငြိမ်း) ဒေါက်တာ အောင်မြင့် နှင့်အတူ လာရောက် ဖူးမြော် လေ့လာ ကြကြောင်း သိရသည်။

ဒေါက်တာ နီဝက်စ်နန္ဒလာ ဦးဆောင်သည့် ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ် အဓိပတိ အဖွဲ့တွင် အဖွဲ့ဝင် ၁ဝ ဦးပါဝင်ပြီး မန္တလေး ဆေးတက္ကသိုလ် ၊ မန္တလေး တက္ကသိုလ် နှင့် ရတနာပုံ တက္ကသိုလ် တို့နှင့် " နှစ်နိုင်ံ သင်ကြားရေး ကိစ္စများ တိုးတက်ရေး နားလည်မှု စာချွန်လွှာ " လက်မှတ် ရေးထိုးရန် အတွက် မန္တလေးမြို့ သို့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ညွှန်ကြားရေးမှူး ချုပ်(ငြိမ်း) ဒေါက်တာ အောင်မြင့် ဦးဆောင်၍ ဧည့်သည်တော် ချင်းမိုင် တက္ကသိုလ် အဓိပတိ အဖွဲ့အား ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသနှင့် အမရပူရမြို့ ၊ တောင်သမန်အင်း ၊ ဦးပိန်တံတား တို့သို့ လေ့လာ နိုင်ကြရန် လိုက်ပါ ပို့ဆောင် ပေးကြောင်း ၊ အမရပူရမြို့ တောင်သမန် အင်းစောင်း ၊ လင်းဇင်းကုန်း သုဿန်ရှိ ထိုင်းဘုရင်ဟောင်း " ဥတမ်ပုံ ( ကျောက်သွား ဒေါက်မဒူးဝါး ) " ၏ အရိုးအိုး စေတီကို လေ့လာ ကြည့်ရှု ခဲ့ကြပြီး နောက် စစ်ကိုင်းမြို့ ရှိ ရှေးဟောင်း ယိုးဒယား မဟာ သိမ်တော်ကြီး သို့ လာရောက် လေ့လာ ဖူးမြော် ကြခြင်း ဖြစ်ကြောင်း ဒေါက်တာ အောင်မြင့် ၏ ပြောပြချက် အရ သိရသည်။

စစ်ကိုင်းမြို့ တွင် တည်ရှိသည့် ရှေးဟောင်း ယိုးဒယား သိမ်တော်ကြီး သည် သမိုင်းဝင် ဝေဠုဝန် ငါးထပ်ကြီး ဘုရား၏ အနောက်တောင် ဘက်တွင် တည်ရှိပြီး ထူးခြားသော ဗိသုကာ လက်ရာများ နှင့် ရှေးဟောင်း နံရံ ဆေးရေး ပန်းချီ လက်ရာများ တည်ရှိ နေကြောင်း ၊ မကြာခဏ ထိုင်းလူမျိုး ခရီးသွား ဧည့်သည်များ အဖွဲ့လိုက် လာရောက် လေ့လာလျက် ရှိကြကြောင်း ၊ ရှေးဟောင်း ယိုးဒယား မဟာ သိမ်တော်ကြီးမှာ ရှေးမြန်မာ ဘုရင်များ လက်ထက် စစ်ကိုင်းမြို့ လင်းဇင်းရွာတွင် နေရာ ချထား နေထိုင် စေခဲ့သော ယိုးဒယား လူမျိုးများက တည်ထား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ (၂၆-၁၁-၂၀၁၃) အင်္ဂါနေ့



Download Links



Monday, November 25, 2013

ဖိလစ်ပိုင်နိုင်ငံ ရှိ လေဘေးသင့် ပြည်သူများထံသို့ မြန်မာ့ တပ်မတော် က စားသောက်ကုန် နှင့် ဆေးဝါးများ ပေးပို့လှူဒါန်း


ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် လှရွှေ မှ
ထောက်ပံ့ပစ္စည်း ပေးအပ်ရာ
 လေတပ် ဒုတိယ ဦးစီးချုပ် Major General Wilfredo Ona က လက်ခံ ရယူစဉ်

နေပြည်တော် ၊ ၂၅-၁၁-၂၀၁၃

တပ်မတော်သည် ဒေသတွင်း နိုင်ငံများ ၊ အာဆီယံ နိုင်ငံ တပ်မတော် များနှင့် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်လျက် ရှိသကဲ့သို့ အဆိုပါ နိုင်ငံများတွင် သဘာဝ ဘေးအန္တရာယ် အခက်အခဲ များနှင့် ရင်ဆိုင် တွေ့ကြုံ ရသည့် အချိန်များတွင် မိတ်ဆွေ ပီသစွာ အကူအညီများ ပေးပို့ ဆောင်ရွက်လျက် ရှိသည်။

နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖိလစ်ပိုင် သမ္မတနိုင်ငံ ၌ အင်အား ပြင်းထန်သည့် ဟိုင်ယန် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှု ကြောင့် မုန်တိုင်း ဘေးဒဏ် တွေ့ကြုံ ခံစား ခဲ့ရသည့် ဖိလစ်ပိုင် ပြည်သူများ အား မြန်မာ့ တပ်မတော် မှ လူသားချင်း စာနာ ထောက်ထားသော အကူအညီ အဖြစ် သောက်သုံးရေ ၊ ရေသန့်ဘူးများ ၊ ဆေးဝါးများ နှင့် အစားအသောက် ပစ္စည်း များကို မြန်မာ့ လေကြောင်း အထူး လေယာဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်း တွင် ပေးပို့ လှူဒါန်း ခဲ့သည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် လှရွှေ နှင့် တပ်မတော် အရာရှိကြီး များ လိုက်ပါ သွားသည့် အထူး လေယာဉ်သည် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့ ရှိ Ninoy Aquino အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြကာ ဖိလစ်ပိုင် နိုင်ငံမှ လေတပ် ဒုတိယ ဦးစီးချုပ် Major General Wilfredo Ona နှင့်အတူ ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးရဲမြင့်အောင် နှင့် တာဝန်ရှိ သူများက ကြိုဆို ကြသည်။ 

လှူဒါန်းသည့် ပစ္စည်းများကို မြန်မာ့ တပ်မတော် ကိုယ်စား တွဲဖက် စစ်ဆေးချုပ် မှ ပေးအပ်ပြီး ဖိလစ်ပိုင် နိုင်ငံ အစိုးရ ကိုယ်စား လေတပ် ဒုတိယ ဦးစီးချုပ် Major General Wilfredo Ona နှင့် တာဝန်ရှိ သူများက လက်ခံ ရယူသည်။

မြန်မာ့ တပ်မတော် အနေဖြင့် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး ၏ သဘာပတိ တာဝန်ယူ ထားရပြီး ဟိုင်ယန် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုဒဏ် ခံစား ခဲ့ရသည့် ဖိလစ်ပိုင် ပြည်သူ များအား လူသားချင်း စာနာ် ထောက်ထားမှုဖြင့် အကူအညီများ ပေးအပ် နိုင်ရေးအတွက် အာဆီယံ တပ်မတော် များသို့ တိုက်တွန်း နှိုးဆော်ခြင်းများ ပြုလုပ် ခဲ့ကြောင်း နှင့် အာဆီယံ တပ်မတော် များမှလည်း လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးပို့ လှူဒါန်း ခဲ့ကြကြောင်း သိရှိရသည်။


မြန်မာနိုင်ငံ ရှိ တိုင်းရင်းသား လူမျိုးစု ၁၀၀ ကျော်အနက် ရိုဟင်ဂျာ ဆိုသည့် လူမျိုးစု မည်သည့် အခါကမှ မရှိခဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ပြောကြား



နေပြည်တော် ၊ ၂၅-၁၁-၂၀၁၃

(၆၈)ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယ ကော်မတီ ၏ အစည်အဝေး ကို နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့၌ ကျင်းပရာ မြန်မာ ၊ ဆီးရီးယား ၊ အီရန် နှင့် မြောက်ကိုရီးယား နိုင်ငံတို့၏ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အဆို မူကြမ်းများကို အရေးယူ ဆုံးဖြတ် ခဲ့ကြကြောင်း ၊ မြန်မာနိုင်ငံ နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် အချို့ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် က ကန့်ကွက် ပြောကြားမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အဆို မူကြမ်းများကို အရေးယူ ဆုံးဖြတ်ခဲ့မှု နှင့် ပတ်သက်၍ ကုလ သမဂ္ဂ သတင်းဌာနမှ နိုဝင်ဘာ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်သည့် အစည်းအဝေး သတင်း မှတ်တမ်းတွင် မြန်မာနိုင်ငံ ၏ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်လာ မှုကို ကိုယ်စားလှယ် အဖွဲ့က တစ်ခဲနက် ကြိုဆို ခဲ့ကြပါကြောင်း ၊ '' DELEGATES HAIL HUMAN RIGHTS IMPROVEMENTS IN MYANMAR AS THIRD COMMITTEE APPROVES 8 DRAFT RESOLUTIONS, INCLUDING 4 COUNTRY - SPECIFI TEXTS '' ခေါင်းစီးဖြင့် အလေးပေး ဖော်ပြ ထားသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံ ၏ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အဆို မူကြမ်းနှင့် ပတ်သက်၍ တတိယ ကော်မတီ ၌ အရေးယူ ဆုံးဖြတ်သည့် အချိန်တွင် ပါဝင် ဆွေးနွေး ပြောကြားသူ အချို့က မြန်မာနိုင်ငံ တွင် အပြု သဘောဆောင် သည့် စီးပွားရေး နှင့် နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှု များကို အသိအမှတ် ပြုကြိုဆို ခဲ့ကြပြီး အနာဂတ် တွင် မြန်မာနိုင်ငံ အတွက် အလားတူ အဆို မူကြမ်းအား တတိယ ကော်မတီ တွင် တင်သွင်းမှုကို အဆုံးသတ် ကြရန် တောင်းဆို ခဲ့ကြကြောင်း လည်း သိရသည်။

အဆိုမူကြမ်း ကို ကော်မတီ က မဲမခွဲဘဲ အတည်ပြု ချမှတ်ပြီးနောက် ယင်း ဆုံးဖြတ်ချက် နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင် က ဆုံးဖြတ်ချက် တွင် ပါရှိသည့် ရိုဟင်ဂျာ လူနည်းစု ဟူသည့် စကား အသုံးအနှုန်း ကို ယခင် ကာလများ အတိုင်း ဆန့်ကျင် ပါကြောင်း ၊ မိမိတို့ မြန်မာနိုင်ငံ တွင်ရှိသော တိုင်းရင်းသား လူမျိုးစု ၁၀၀ ကျော်အနက် ထိုကဲ့သို့ သော လူမျိုးစု တစ်စု မည်သည့် အခါကမှ မရှိခဲ့ ပါကြောင်း။

အကြမ်းဖက် မှုများ ပြန်လည် ဖြစ်ပွားခြင်း ကို ကာကွယ်ရန် နှင့် ပြစ်မှု ကျူးလွန် သူများအား လူမျိုး ဘာသာ မခွဲခြားဘဲ အရေးယူ ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရ အနေဖြင့် ဆောင်ရွက်လျက် ရှိသည်ကို အရေးကြီး ဆုံး အချက်အဖြစ် တင်ပြ လိုပါကြောင်း ၊ မကြာခင် က မြန်မာနိုင်ငံ သို့ IOC အဖွဲ့၏ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ရောက်ရှိ ချိန်တွင် အကြမ်းဖက် မှုအားလုံးကို ရပ်တန့်ရန် ၊ ပြည်သူ လူထုကို အကာ အကွယ်ပေးရန် နှင့် လူ့အခွင့်အရေး နှင့် အခြေခံ လွတ်လပ်ခွင့် များအား အပြည့်အ၀ လေးစား လိုက်နာစေရေး ဆောင်ရွက်ရန် တို့အတွက် အာမခံကြောင်း ကို နိုင်ငံတော် အစိုးရ က ပြောကြား ခဲ့ပြီး ဖြစ်ပါကြောင်း။

ကိုးကွယ် ယုံကြည်မှု မတူညီသူ အချင်းချင်း စေ့စပ် ဆွေးနွေးမှု များ အားပေးမြှင့်တင် ရန်နှင့် လူသားချင်း စာနာ ထောက်ထား မှု အထောက်အပံ့ များကို ပေးအပ်နိုင်ရေး တို့ကို နိုင်ငံတကာ အသိုင်းအ၀ိုင်း နှင့် နိုင်ငံတော် အစိုးရ တို့ ပူးပေါင်း လုပ်ဆောင် ခဲ့ပြီး ဖြစ်ပါကြောင်း ၊ IOC အဖွဲ့ လာရောက်ခွင့် ပြုခြင်းမှာ မြန်မာနိုင်ငံ ၏ လူသားချင်း စာနာ ထောက်ထားမှု အခြေအနေ အရပ်ရပ်ကို ယခုထက် ပိုမို ကောင်းမွန် လာစေရန် နိုင်ငံတကာ အသိုင်းအ၀ိုင်း နှင့် ဆက်ဆံရေး အတ်ွက အသင့် ရှိသည်ကို မြန်မာနိုင်ငံ က ပြသခဲ့ခြင်း ဖြစ်ပါကြောင်း။

မြေယာ ပိုင်ဆိုင်မှု အခွင့်အရေး သို့မဟုတ် လွတ်လပ်စွာ သွားလာ လှုပ်ရှားမှု သို့မဟုတ် ရပိုင်ခွင့်များ ရယူ အသုံးပြု မှုကဲ့သို့သော တည်ဆဲ ဥပဒေ အောက်တွင် ရှိသည့် လုံခြုံရေး အခြေအနေ များနှင့်အညီ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေအရ ထည့်သွင်း စဉ်းစား သွားမည် ဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံ တည်းကို ရွေးချယ်၍ ညီလာခံ တွင် တရားဝင် တင်ပြပြီး ဆုံးဖြတ်ချက် ချမှတ်မှု ကို ကန့်ကွက် ပါကြောင်း ၊ ကုလ သမဂ္ဂ ၏ လူ့အခွင့်အရေး စောင့်ကြည့်ရေး အစီရင်ခံစာ အဖွဲ့ ( UPR ) သည်သာ နိုင်ငံတိုင်း တွင် ဖြစ်ပေါ် နေသည့် လူ့အခွင့်အရေး အခြေအနေ များကို မျှသစွာ ဖြေရှင်း ရမည့် တစ်ခုတည်း သော စောင့်ကြည့်သည့် ယန္တရား ဖြစ်သည်ဟု ယုံကြည် ပါကြောင်း ၊ လူ့ အခွင့်အရေး ကို ကာကွယ် ပေးခြင်း နှင့် အားပေး မြှင့်တင်ခြင်း လုပ်ငန်းမှာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ တာဝန် ၀တ္တရား အတိုင်း လိုက်နာ ဆောင်ရွက်ပြီး အဖွဲ့ဝင် နိုင်ငံများ၏ ဆောင်ရွက်မှု စွမ်းရည် ခိုင်မာ အားကောင်း လာစေရန် စစ်မှန်သော စေ့စပ် ဆွေးနွေးမှု နှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေခံများ ပေါ်တွင် အခြေခံ သင့်သည်ဟု လည်း မိမိတို့ ယုံကြည် ပါကြောင်း။

ကော်မတီ ဆုံးဖြတ်ချက် မူကြမ်းပါ မြန်မာ တစ်နိုင်ငံ တည်း၏ အရေး ကိစ္စကို တင်ပြ ထားခြင်းအား ကုလသမဂ္ဂ ၏ စုံစမ်း စစ်ဆေးမှု အောက်တွင် ဆက်လက် ထားရှိခြင်း မပြုသင့် ပါကြောင်း ၊ ကုလသမဂ္ဂ အထူး သံတမတ် ၏ တရားဝင် လေ့လာ စုံစမ်းမှုကို အဆုံးသတ် ရန် အချိန် ကျရောက် လာမည် ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။

ယင်းဆုံးဖြတ်ချက် တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အနေဖြင့် မြန်မာနိုင်ငံ အစိုးရ ၏ လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အပါအ၀င် နိုင်ငံရေး နှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ၊ ဒီမိုကရေစီ ဖော်ဆောင်မှု နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်း ပေါ်သို့ ဆက်လက် လျှောက်လှမ်း မည် ဖြစ်ကြောင်း ကတိက၀တ် ပြုထားမှု ကို ကြိုဆို သည်ဟု ဖော်ပြ ထားကြောင်း သိရှိရသည်။


Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger