www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 31, 2017

လေဘေးဒဏ်သင့် မွေတော်ကက္ကူဘုရား အရံစေတီတော်များ ပြုပြင်ရန် အလှူရှင်များ ဆက်သွယ်လှူဒါန်းနိုင်



နေပြည်တော် ၃၁-၅-၂၀၁၇

လေဘေးဒဏ်သင့်မွေတော် ကက္ကူဘုရားတွင် အရံစေတီတော်များ ပြုပြင်ရန်အတွက် မူလအလှူရှင်များ ဆက်သွယ်လှူဒါန်း ပေးကြရန်နှင့် မူလအလှူရှင် မရှိသော အရံစေတီအဆူ ၅ဝအတွက် ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ မေ၂၉ရက် သတင်းများအရ သိရသည်။

မွေတော်ကက္ကူ ဘုရားများသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံးမြို့နယ်ခွဲ ကက္ကူရွာတွင်တည်ရှိသည်။ ယခုအခါ မွေတော်ကက္ကူ ဘုရားဝင်းအတွင်း အသောက ဆုတောင်း ပြည့်စေတီတော်ကြီး ဖောင်တော်ဆိုက် စေတီတော်ကြီးနှင့် အရံစေတီဘုရားပေါင်း ၂၄၈၇ ဆူရှိသည်။ ၂ဝ၁၆ခုနှစ်ဧပြီ ၂၂ရက်က လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ကက္ကူရွာအပါအဝင် မွေတော်ကက္ကူ ဘုရားဝင်းအတွင်းရှိ အသောက ဆုတောင်းပြည့် စေတီတော်ကြီး ဖောင်တော်ဆိုက် စေတီတော်ကြီးနှင့် အရံစေတီဘုရားများအပြင် ပညောင်ပင်ကြီးများ ပြိုလဲခဲ့သဖြင့် ဘုရားပရိဝုဏ်ပါ ပျက်စီးခဲ့ရသည်။

ထို့ပြင် ထိခိုက်ပျက်စီးသွားသော စေတီများအားပြန်လည် ပြုပြင်ရာတွင် မူလအလှူရှင်များနှင့် ကုသိုလ်ရှင်များက ပါဝင်လှူဒါန်းလိုပါက လွယ်ကူစွာ လှူဒါန်းနိုင်ရန် အတွက်ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး)တွင် အလှူငွေလက်ခံဌာနများဖွင့် လှစ်ကောက်ခံလျက်ရှိသည်။

လှူဒါန်းလိုပါက ဖုန်း-ဝ၈၁-၂ဝဝ၂၆ဝ၊ ဝ၉-၅၂၁ဝ၃၈၇၊ ဝ၆၇-၄ဝ၈ဝ၄ဝ၊ ဝ၂-၆ဝဝ၅၉၊ ဝ၈၁-၂၁၂၁၁၅၇။ သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရသည်။

#Yadanarpondaily

သုတအလင်းမဂ္ဂဇင်း အမှတ် (၁၅)



သုတအလင်းမဂ္ဂဇင်း အမှတ် (၁၅)

Download Links 


မြ၀တီရသစုံမဂ္ဂဇင်း အတွဲ (၆၅)၊ အမှတ် (၇)



မြ၀တီရသစုံမဂ္ဂဇင်း အတွဲ (၆၅)၊ အမှတ် (၇)

Download Links

ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (Shan) ရုံးခန်းသစ်ဖွင့်ပွဲနှင့် သတ္တမအကြိမ်အစည်းအဝေးပြုလုပ်


ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကျောက်ပန်းချီကားချပ်အား အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် 
တိုင်းမှူးဗိုလ်ချုပ်သန်းလှိုင်ထံပေးအပ်စဉ်။

ရှမ်းပြည်နယ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)သတ္တမအကြိမ်အစည်းအဝေး ကျင်းပစဉ်။

နေပြည်တော် ၃၁-၅-၂၀၁၇

ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S (Shan) ရုံးခန်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ခိုလမ်မြို့ရှိ အဆိုပါရုံးခန်း၌ ပြုလုပ်ရာပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဥက္ကဋ္ဌ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S (Shan) ရုံးခန်းသစ် ဆိုင်းဘုတ်အား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ JMC-U အဖွဲ့ဝင်များ ကအမွှေးနံ့သာရည် များပက်ဖျန်းပြီး တိုင်းမှူးထံသို့ အမှတ်တရကျောက်ပန်းချီ ကားချပ်အား ပေးအပ်သည်။

ထို့နောက် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) သတ္တမအကြိမ် အစည်းအဝေးကို ပြုလုပ်ရာ တိုင်းမှူးနှင့် ဒုတိယဥက္ကဋ္ဌများက နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြား ကြသည်။

ဆက်လက်၍ JMC-S အဖွဲ့ဝင်များက ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawdaydaily

ကျောက်ဖြူခရိုင်အတွင်း၌ ဆိုင်ကလုန်းမုန်တိုင်း မိုရာတိုက်ခတ်မှုကြောင့် ပျက်စီးမှုများရ


တာပေါင်နိမ့်ကျမှုဖြစ်ပွားခဲ့သည့် င/လပွေ့ဒီရေထိန်းဆည်တာတမံကိုတွေ့ရစဉ်။

ကျောက်ဖြူ ၃၁-၅-၂၀၁၇

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်အတွင်း၌ မေ ၂၉ ရက် ညပိုင်းက ဆိုင်ကလုန်းမုန်တိုင်း မိုရာတိုက်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ် ပြင်ဖြူမော်ကျေးရွာရှိ င/လပွေ့ဒီရေထိန်း ဆည်တာတမံ ၃/၂၊ ၃/၃ ကြားရှိ တာပေါင် ၆ ပေခန့် မှာထူးကဲဒီရေကြီး လှိုင်းပုတ်မှု ဖြစ်ပွားပြီး တာပေါင်နိမ့်ကျမှု ဖြစ်ပွားခဲ့သည်။

၎င်းအပြင် ကလန့်တဲ ကျေးရွာအုပ်စု မရွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင်သစ် မျက်နှာကြက်များ အောက်သို့ပြိုကျ ပျက်စီးပြီး အဆိုပါကျေးရွာနေ ဦးအောင်ဖြူသီး၏ နေအိမ်အဖီအောက်တွင်မီးဖိုရာမှ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အလားတူ သဲတန်းအုပ်စု တန်းခရိုးရွာနေ ဦးနိုင်ဦးကျော်၏ နေအိမ်ပေါ်သို့ အုန်းပင်လဲကျခဲ့ပြီး စနဲမြို့ တောင်ငူစုရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေး စာတိုက် ကြေးနန်းအဆောက် အအုံ၏ခေါင်မိုး သစ်သားတန်းများနှင့် သံဖြူ ၃၁ ချပ် ကွာကျပျက်စီးခဲ့သည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် စနဲမြို့ စနဲရဲကင်းလူနေအိမ် လိုင်းအဆောက်အအုံ တစ်ခုပျက်စီးခဲ့ကြောင်း၊ စနဲမြို့ တောင်ငူစုရပ်ကွက် မှိုင်းဇလီချောင်း တံတားကမ်းကပ်ခုံရွေ့လျားပျက်စီးခဲ့ကြောင်း၊အလားတူ ခရိုင်ရဲတပ်ဖွဲ့ ရဲသင်တန်းဆောင်မှာ အမိုးလန်ပျက်စီးခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့ အခြားအဆင့်ဧည့်ရိပ်သာတွင် သွပ်ပြားများ ပြိုကျပျက်စီးခဲ့ကြောင်း၊ ကျောက်တလုံး IDP စခန်းတွင် လိုင်းခန်းသုံးခု ပြိုကျပျက်စီးပြီး ရမ်းဗြဲ မြို့ရှိ လူနေအိမ် နှစ်လုံး၊ စာသင်ကျောင်း ခြောက်ကျောင်း၊ ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ ဈေးတစ်ခုတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တရိစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုရှိကြောင်း သိရသည်။

#Themyawdaydaily

မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်၍ ပျက်စီးမှုများဖြစ်ပေါ် ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်


တပ်မတော်သားများက လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျနေခြင်းကို ဖယ်ရှားရှင်းလင်းပေးစဉ်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများကိုတွေ့ရစဉ်။

တပ်မတော်သားများက လေပြင်းတိုက်ခတ်မှုကြောင့် လဲကျခဲ့သည့်သစ်ပင်များကို ဖယ်ရှားရှင်းလင်းစဉ်။

လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံများ အမိုးလန်ပျက်စီးနေမှုကို တွေ့ရစဉ်။


နေပြည်တော် ၃၁-၅-၂၀၁၇

ဆိုင်ကလုန်းမုန်တိုင်း မိုရာ၏အရှိန်ကြောင့် ယနေ့နံနက်အစောပိုင်းမှ စတင်၍ ရခိုင်ပြည်နယ်အတွင်း လေပြင်းများ တိုက်ခတ်ခဲ့သဖြင့် စစ်တွေ၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦး၊ မာန်အောင်နှင့် ရသေ့တောင်မြို့နယ် များအတွင်း၌ သစ်ပင်များလဲကျခြင်း၊ ဓာတ်တိုင်များကျိုးကျ၍ မီးကြိုးများ ပြတ်တောက်ခြင်း၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအုပ်ချုပ်မှုနှင့် လူနေအဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများ၊ ဆေးပေးခန်းများ ၏အမိုးများလန်ကျကာ ပျက်စီးဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့လေပြင်း တိုက်ခတ်၍ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီး၊ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်၊ နန်းတော်ရာကုန်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းများသို့ အနောက်ပိုင်း တိုင်းစစ် ဌာနချုပ်မှ တပ်မတော်သားများက သွားရောက်၍ လဲကျပြိုကျကာ လမ်းပိတ်ဆို့နေသည့် သစ်ပင်သစ်ကိုင်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ လျှပ်စစ်မီးကြိုးများအား ရှင်းလင်းခြင်း၊ ရေဝပ်၍ ရေအိုင်နေသည့် နေရာများအား ရေများ ဖောက်ထုတ်ခြင်းစသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawdaydaily

အတိတ်သမိုင်းတွင် တိုင်းရင်းသားအားလုံး စုစည်းညီညွတ်စွာဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တူရကီနိုင်ငံသံအမတ်ကြီး H.E.Mr. Kerem Divanlioglu အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၃၁-၅-၂၀၁၇

အဓိကတိုင်းရင်းသား ၈ မျိုးနှင့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၀ ကျော်ရှိသော နိုင်ငံတစ်ခုအနေဖြင့် တိုင်းရင်းသား စုစည်းညီညွတ်မှုရရှိရန်မှာ ခက်ခဲသော်လည်း အတိတ်သမိုင်းတွင် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်း တရားကြီးတို့လက်ထက် မိမိတို့တိုင်းရင်းသားများအားလုံး စုစည်းညီညွတ်စွာဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း မိမိနိုင်ငံကိုလိုနီဖြစ်ခဲ့စဉ်က နယ်ချဲ့ဗြိတိသျှတို့၏ခွဲခြားဆက်ဆံ အုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားအချင်းချင်း အထင်အမြင်လွဲမှားမှုများကို ယနေ့ တိုင်ဖြေရှင်းနေရဆဲဖြစ်ကြောင်း၊ ယင်းသမိုင်းကြောင်း ဖြစ်စဉ်များအရ မိမိတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် ကြရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တူရကီ နိုင်ငံသံအမတ်ကြီး H.E.Mr. Kerem Divanlioglu အား လက်ခံတွေ့ဆုံရာ၌ ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး တူရကီနိုင်ငံ သံအမတ်ကြီးနှင့်အတူ သံရုံးဒုတိယ အကြီးအကဲ Mr. Eymen Ozsahin တို့ တက်ရောက်ကြသည်။

ဦးစွာဧည့်သည်တော် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို စိတ်ဝင်စားပါကြောင်း၊ တပ်မတော်စစ်သမိုင်းပြတိုက်သို့ ရောက်ရှိလေ့လာစဉ် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့သည့် အနော်ရထာမင်း လက်ထက်ရှေး နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်ကပင် မြန်မာ-တူရကီနှစ်နိုင်ငံ၏ ရပ်တည်မှု၊ ဆက်ဆံမှုများ ရှိခဲ့ကြောင်း၊ ယဉ်ကျေးမှုနှင့်လူမှုရေးဆိုင်ရာ တူညီသည့် သမိုင်းကြောင်းများ ရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း ပြောကြား၍ လက်ရှိနှစ်နိုင်ငံအကြား လေကြောင်းဆိုင်ရာ၊ ပညာရေးနှင့်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသည့် အခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေ အနေများ၊ တူရကီနိုင်ငံ၌ နိုင်ငံတော်ကာကွယ်ရေး ဆောင်ရွက်ရာတွင် ရင်ဆိုင်နေရသည့် အကြမ်းဖက်မှုကိစ္စရပ်များ၊ နိုင်ငံ၏လုံခြုံရေး၊ ဒီမိုကရေစီရေးနှင့်ဖွံ့ဖြိုး တက်မှုများ လုပ်ဆောင်ရာတွင် ပြင်ပပယောဂ ၀င်လာပါက အခက် အခဲများတွေ့ရှိနိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံနှင့် တူရကီနိုင်ငံသည် အလှမ်းကွာဝေးသော်လည်း မိတ်ဆွေနိုင်ငံများဖြစ်ကြောင်း၊ ရှေးယခင်တူရကီ အင်ပါယာမှာ များစွာကြီးမားကျယ်ပြန့်ပြီး ယဉ်ကျေးမှု အရ၊ နည်းပညာအရ၊ စီးပွားရေး အရမြင့်မားသည်ကို လေ့လာသိရှိရပါကြောင်း၊ လက်ရှိအခြေအနေတွင်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ နယ်ပယ်များစွာရှိကြောင်း၊ တစ်ချို့စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုများ တွင်နောက်ကွယ်မှ ကိစ္စရပ်များ ပါဝင်မှုများရှိနေသည်ကို တွေ့ရှိရ၍ သိရှိလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှုကာကွယ် တားဆီးရေး လုပ်ငန်းများမှာလည်း တစ်နိုင်ငံတည်းလုပ်ဆောင်၍ မရသဖြင့် တပ်မတော် နှစ်ရပ် အကြားအကြမ်းဖက်မှု ဆိုင်ရာများတွင် အပြန်အလှန်သတင်းဖလှယ်ရယူ၍ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်သွယ်မှု လမ်းကြောင်းများ ယခုထက် ပိုမိုတိုးမြှင့်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။

ယင်းနောက် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး ဆောင်ရွက်ခဲ့မှု၊ ရခိုင်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်နေမှု၊ တူရကီနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ရပ်တည်လုပ်ဆောင်နေမှု အခြေအနေများ၊ အဓိကအားဖြင့် စာရင်းဇယားပြုစုပြီး စိစစ်နိုင်ရေးအတွက် နားလည်လက်ခံ လိုက်ပါလုပ်ဆောင်ရန် လိုအပ်မှု၊ ရိုးသားမှုနှင့် ယုံကြည်မှုအပေါ်တွင် အခြေခံလုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုရရှိ နိုင်ကြောင်းတို့အား အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တူရကီနိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawdaydaily

In history, Union of Myanmar was established with united strength of the entire national people


Senior General Min Aung Hlaing holds talks with Ambassador of Turkey to Myanmar H.E. Mr. Kerem Divanlioglu.

Nay Pyi Taw May 31

As a country with eight major ethnic races and over 130 other ethnic races, unity seems to be difficult for Myanmar, but in history great kings like Anawratha, Bayintnaung and Alaungphaya could establish the Union of Myanmar with the united strength of the entire national people. However, the country is still resolving the doubts among the national races caused by the divide-and-rule policy of the British when it was a colony. Hence, our history teaches us to safeguard Our Three Main National Causes, said Commander-in-Chief of Defence Services Senior General Min Aung Hlaing at his meeting with Ambassador of Turkey to Myanmar H.E. Mr. Kerem Divanlioglu at Bayintnaung Parlour here at 11 am yesterday.

Also present at the meeting together with the Senior General were Lt-Gen Soe Htut of the Office of the Commander-in Chief (Army) and officials. The ambassador was accompanied by the deputy head of the embassy Mr. Eymen Ozsahin.

First, the ambassador expressed interest in Myanmar’s ancient cultural heritage, saying during his visit to Defence Services Museum he witnessed the stance of Myanmar and Turkey and their bilateral relations over 1000 years during the reign of King Anawratha who founded the First Myanmar Kingdom and the similarities in cultural and social histories. He then explained the current cooperation in the aviation, educational development and economic sectors of the two countries, the potential for extending cooperation with the Tatmadaw, terrorism Turkey is facing in its national defence undertakings, the possible hardships the outside interferences can trigger against the national security, democratization and development undertakings.

The Senior General said although Myanmar and Turkey are far away from one another, they are friends. The ancient empire of Turkey was much extensive, enjoying high level of culture, knowhow and economy.

At present, the two countries have bilateral cooperation in many areas. Some issues of economic cooperation should be aware as they have behindthe-scenes complicity. Anti-terrorism measures cannot be taken by a single country so cooperation between the two militaries is required in exchanging information. Myanmar would promote the contacts between the two militaries, said the Senior General.

Then, both sides cordially discussed Myanmar’s peace process, holding of the Union Peace Conference-21st Century Panglong (second session), peace, stability and development efforts for Rakhine State, Turkey’s stance on Rakhine State, the need to understand and accept the citizenship verification process by making lists and achieving of success if the process is based on honesty and trust.

After the meeting, the Senior General and the Turkish ambassador exchanged gifts.

#Themyawdaydaily

ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၅-၂၀၁၇)



ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၅-၂၀၁၇)

Download Links 

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၅-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၃၁-၅-၂၀၁၇)

Download Links 

Tuesday, May 30, 2017

ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုရာ”ကြောင့် နေအိမ်အဆောက်အဦးများ ဈေးဆိုင်များ၊ စားပင်သစ်ပင် ပျက်စီးဆုံးရှုံး



နေပြည်တော် ၃၀-၅-၂၀၁၇

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ”သည် ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် နေအိမ်အဆောက်အဦးများ ရန်ကုန်-စစ်တွေ လမ်းဘေးဝဲယာရှိ ဈေးဆိုင်များ စိုက်ပျိုးထား သောစားပင်များနှင့် သစ်ပင်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မုန်တိုင်း တိုက်ခတ်မှုမှာ မေလ (၃၀) ရက် နံနက် ၁ နာရီမှ ၅ နာရီအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ ပုဏ္ဍာကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တောမြို့နယ် တို့တွင်ပျက်ဆီးဆုံးရှုံးမှု များရှိခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။“ကျွန်တော်တို့ အိမ်ကလေးမြို့ မြစ်ကမ်းနားမှာမို့ အိမ်သားတွေ အားလုံး တစ်ယောက်မှ မအိပ်ရပါဘူး။ လေတိုက်တာ တော်တော် ပြင်းပါတယ်။ ရေစီးပြင်းတာမို့ မြစ်ကမ်းပါး (၄)ပေ ပြိုဆင်းသွားတယ်။ အခု ကမ်းပြိုတာမှာ အိမ်မပါသွားဖို့ကို ဆုတောင်းနေရတယ်။ ကျွန်တော့်အိမ်အပါအဝင် (၅)ဆောင်က အမိုး၊ အကာတွေ လှန်သွားတယ်။ သစ်ပင်ကြီးတွေ အမြစ်ကျွတ် ပြိုလဲသွားတယ်။ ပြီးတော့ မြို့ပြင်ဖက်မှာရှိတဲ့ ဆီဆိုင် (၁၀)ကျော် အားလုံး ပြိုလဲသွားတယ်။”ဟု မင်းပြားမြို့ ပြည်တော်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောသည်။ 

မုန်တိုင်း သတိပေးချက်အား မြို့နယ်များတွင် သက်ဆိုင်ရာမှ မေလ (၂၉) ရက်တွင် သတိပေးထုတ်ပြန်ခဲ့ပြီး မုန်တိုင်းအရှိန်ကြောင့် မေလ (၃၀) ရက်နေ့တွင်လည်း မိုးသည်းထန်နေပြီး ပြည်နယ်အတွင်း ပြေးဆွဲနေသော အမြန် ရေယာဉ်များ၏ ခရီးစဉ်များကို ရပ်တန့်ထားရပြီး ဈေးများလည်း ပိတ်ထားရကြောင်း သိရသည်။ 

ပင်လယ်ပြင်မှာ ငါးဖမ်းရေယာဉ်များမှ နီးစပ်ရာ ပင်လယ်ကမ်းစပ်များနှင့် မြစ်၊ချောင်းများသို့ ဝင်ရောက်ကာ ရှောင်းရှားနေရပြီး လက်ရှိအချိန်အထိ လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်သည်။ “စစ်တွေမှာ အပျက်အဆီးများတယ်။ ကျွန်တော်တို့နေတဲ့ ပြည်နယ်လွှတ်တော် အဆောက်အဦး တွေတောင် ပျက်စီးသွားတယ်။ လွှတ်တော်ရုံးနဲ့ ရိပ်သာမှာ အမိုးတွေ လှန်သွားတယ်။ ဆီလင်တွေ ပြိုကျသွားတယ်။ အခု အချိန်အထိမောင်တော ကကျွန်တော့် မိသားစုကို ဖုန်းဆက်လို့ မရသေးဘူး။ မောင်တောမှာလည်း အခြေအနေ ဆိုးတယ်လို့ ကြားနေရတယ်။“ဟုမောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ့်စားလှယ် ဦးမောင်အုန်းက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်ပြင်ကို ဗဟိုပြု၍ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် (၄၀) ခန့်အကွာမှ လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၆၀) ဖြင့်တိုက်ခတ်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကျေးလက်ဒေသများတွင် ပိုမို အပျက်အဆီးများနေပြီး ဒေသခံများအနေဖြင့် ဘုန်းတော်ကြီး ကျောင်းများတွင် ယာယီခိုလုံ နေထိုင်နေကြရကာ လက်ရှိတွင် မြို့ပေါ်ရှိ အပျက်အစီးများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ဝန်ထမ်းများနှင့် ဒေသခံတို့က ရှင်းလင်းနေကြရကြောင်း သိရသည်။

#Yadanarpondaily

မြောင်မြို့နယ် မြစ်ကမ်းဘေး ယာမြေများ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဧက ၃ဝဝဝကျော် ပျက်စီးနေ



မြောင် ၃၀-၅-၂၀၁၇

မြောင်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည့် သာထွန်းကျေးရွာ၊ အညွန့်ကျေးရွာ၊ အိုင်သာကျေးရွာ၊ မင်းတန်းကျေးရွာ စသည့် ကျေးရွာများမှ တောင်သူများ၏ ယာမြေများသည် မြစ်ကြောင်း ပြောင်းလဲပြီး မြစ်ရေ တိုက်စားကာ ပျက်စီးဆုံးရှုံးမှု များပြားနေကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီမြစ်ရေ တိုက်စားမှုသည် လွန်ခဲ့သော ငါးနှစ်ကတည်းက သိသာစွာဖြစ်ပေါ်လာ ခြင်းဖြစ်ရာ ငါးနှစ်တာကာလအတွင်း ဒေသခံတောင်သူအများစု၏ ယာမြေဧက ၃ဝဝဝကျော် မြစ်ရေတိုက်စားသည့် ထဲပါသွားပြီးဖြစ်ကြောင်း ဒေသခံတောင်သူများ၏ ပြောပြချက်အရ သိသည်။

ထို့ပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဖောက်လုပ်ထားသော အညွန့်ကျေးရွာနှင့် သာထွန်းကျေးရွာကြား မြေသားလမ်းမှာလည်း ကမ်းပါးပဲ့ကျနေသည့် အတွက် ဒေသခံများ၏ သွားလာမှု၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

''ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုတာခံရတဲ့အတွက် ကျွန်တော်တို့လို တောင်သူတွေ အများစုအနေနဲ့ မြေယာမဲ့တွေဖြစ်လာပြီး စားဝတ်နေရေးကလဲ ပိုမိုပြီး ခက်ခဲလာပါတယ်။ ကမ်းပါးပြိုတဲ့ကိစ္စ နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကို တင်ပြတာတွေရှိတယ်လို့ ကြားပေမယ့် ဌာနဆိုင်ရာ တွေအနေနဲ့ လုပ်ဆောင်ပေးတာမျိုး မရှိသေးပါဘူး''ဟု ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။

ဧရာဝတီမြစ်ရေ တိုက်စားခြင်းကိစ္စကို သက်ဆိုင်ရာသို့ တင်ပြခြင်းများလုပ်ဆောင် နေစဉ်မှာပင် မြစ်ရေမှာလည်း ထပ်ခါတလဲလဲတိုက်စား နေသောကြောင့် ဒေသခံအများစုက ထိရောက်သော ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပညာရှင်များပါသည့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူ များအနေဖြင့် အမြန်ဆောင်ရွက် ပေးရေးကိုသာ လိုလားနေကြောင်း သိရသည်။

ဧရာဝတီမြစ်ရေ တိုက်စားမှုကို အချိန်မီ မကာကွယ်နိုင်လျှင် သာထွန်းကျေးရွာပါ မြစ်ရေတိုက်စား ခံရမည့်အခြေအနေတွင် ရှိနေပြီး လက်ရှိတွင် သာထွန်းကျေးရွာ မူလတန်းကျောင်းနှင့် မြစ်ရေတိုက်စားခံရသော ကမ်းပါးမှာ ပေ ၁ဝဝကျော်သာ ကွာဝေးတော့ကြောင်း သိရသည်။

#Yadanarpondaily

Shwe Zabu River View Complex အရောင်းပြပွဲ ကျင်းပမည်



ရန်ကုန် ၃၀-၅-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ကမ်းနားလမ်းပေါ်ရှိ Shwe Zabu River View Complex မြေညီထပ်၌ Shwe Zabu River View Complex အရောင်းပြပွဲကို ဇွန် ၃ ရက်နှင့် ၄ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Shwe Zabu River View Complex မှာ ရန်ကုန်မြို့၏ အချက်အချာကျပြီး ယာဉ်ကြောပိတ်ဆို့မှု မရှိသော အလုံကမ်းနား လမ်းမကြီးပေါ်တွင် စင်ကာပူနည်းပညာဖြင့် မြေအကျယ် ၁ ဒသမ ၅ ဧကပေါ်၌ နိုင်ငံတကာ အဆင့်မီတည်ဆောက် ထားခြင်းဖြစ်သည်။ Shwe Zabu River View Complex ၌ တာဝါစုစုပေါင်း လေးလုံးရှိပြီး အခန်းပေါင်း ၁ဝ၄ ခန်းပါဝင်ကာ ၁၃ ဦး စီး Schindler lift ရှစ်စီး ပါဝင်ကြောင်း၊ ထို့ပြင်၂၄ နာရီ လျှပ်စစ်မီး အပြည့်အဝ ရရှိနိုင်ရန် မီးစက်နှစ်လုံး တပ်ဆင်ပေးထားပြီး လုံခြုံရေးစနစ်အတွက် Video Phone နှင့် CCTV ကင်မရာများ တပ်ဆင်ပေးထားကာ မီးဘေးအန္တရာယ်အတွက် ဂါလန် ၃ဝဝဝဝ ဆံ့ မီးသတ်ရေကန်နှင့် Fire Alarm System များ တပ်ဆင်ပေးထားကြောင်း သိရသည်။

ထို့ပြင် Mini mart (24 hours) များ၊ ရုပ်ရှင်ရုံနှင့် ကာရာအိုကေ၊ အရေးကြီး အစည်းအဝေးများ ပြုလုပ်နိုင်သည့် ခန်းမများ၊ အားကစားခန်းမများ၊ အလှပြင်ဆိုင်များ၊ ကလေးကစားကွင်း၊ ရေကူးကန်နှင့် ကားပါကင်များ ပါဝင်ကြောင်း သိရသည်။

Shwe Zabu River View Complex အရောင်းပြပွဲလာ Shwe Dagon Pagoda View နှင့် River View အခန်းဝယ်ယူသူ ပြည်သူများအတွက် အခန်းများကို ကနဦး ၃ဝ ရာခိုင်နှုန်း ငွေပေးသွင်းပြီး ၇ဝ ရာခိုင်နှုန်းကို ဘဏ်ဖြင့် ချိတ်ဆက်၍ သုံးနှစ်မှ ၁၅ နှစ်အထိအရစ်ကျ ဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်း၊ Shwe Zabu River View Complex ကို ၂ဝ၁၂ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ဧပြီလတွင် အပြီးသတ် ဆောက်လုပ်ခဲ့ ကြောင်းသိရသည်။

#Themyawadydaily

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစု ပင်လုံ (ဒုတိယ အစည်းအဝေး) အောင်မြင်စွာ ကျင်းပပြီးစီး


ပြည်ထောင်စြုငိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီဥက္ကဌနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စြုငိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ကျေးဇူးတင်စကားပြောကြားစဉ်။

နေပြည်တော် ၃၀-၅-၂၀၁၇

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2 )၌ကျင်းပရာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကျေးဇူး တင်စကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ အစုအဖွဲ့ အသီးသီးမှ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ လေ့လာသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက် ရောက်ကြသည်။

ညီလာခံတွင် ဦးဆောင်သဘာပတိအဖြစ် ဖြားတန်ခွန်ဥက္ကာက ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ခွန်သိန်းဖေနှင့် ဦးဉာဏ်ဝင်းတို့က ဆောင်ရွက် ကြသည်။

သဘာပတိ ဖြားတန်ခွန်ဥက္ကာက ဦးစွာအဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် ကဏ္ဍအလိုက် မူဝါဒသဘော တူညီချက်များကို တင်သွင်းကြရာ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးခင်ဇော်ဦးက နိုင်ငံရေး ကဏ္ဍဆိုင်ရာ မူဝါဒ အဆိုပြုချက်များကို လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် စောမြရာဇာလင်းက စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုချက်များကို လည်းကောင်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ် ဦးနိုင်ငံလင်းက လူမှုရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုချက်များကို လည်းကောင်း၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးအောင်စိုးက မြေယာနှင့်သဘာဝ ပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုချက်များကို လည်းကောင်း တင်သွင်းကြသည်။

ထို့နောက် အစိုးရအစုအဖွဲ့ ကိုယ်စားလှယ် ဦးနိုင်ဆွေဦး၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ခင်သိန်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စားလှယ် ပဒိုမန်းငြိမ်းမောင်နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ် ဦးသိန်းထွန်း တို့က ကဏ္ဍအလိုက် တင်သွင်းသည့်အချက် ၃၇ ချက်ကို ထောက်ခံဆွေးနွေးကြသည်။

ယင်းနောက် သဘာပတိ ဖြားတန်ခွန်ဥက္ကာက ကဏ္ဍအလိုက် တင်ပြလာသော မူဝါဒအဆိုပြုချက်များ ဖြစ်သည့် နိုင်ငံရေးကဏ္ဍ မူဝါဒအဆိုပြုချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒအဆိုပြုချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍ မူဝါဒ အဆိုပြုချက် လေးချက် ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒအဆိုပြုချက် ၁ဝ ချက် စုစုပေါင်း ၃၇ ချက်အပေါ် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ထောက်ခံကြောင်း တင်ပြပြီးဖြစ်သဖြင့် ကဏ္ဍအလိုက် မူဝါဒအဆိုပြုချက် အားလုံးကို တပေါင်းတစည်းတည်း အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး)မှ အတည်ပြုထားသော သဘောတူညီချက် ၃၇ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လက်မှတ်ရေးထိုး ကြသည်။

(သဘောတူညီချက် ၃၇ ချက၊် အစုအဖွဲ့ ကိုယ်စားလှယ်များ၏ လက်မှတ်များ၊ အသိသက်သေများ လက်မှတ်များကို စာမျက်နှာ(၈) တွင် သီးခြားဖော်ပြထားပါသည်။)ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် သဘာပတိအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

အားကစားမြင်ကွင်းဂျာနယ် အတွဲ (၆)၊ အမှတ် (၁၉)



အားကစားမြင်ကွင်းဂျာနယ် အတွဲ (၆)၊ အမှတ် (၁၉)

Download Links

ငွေတာရီမဂ္ဂဇင်း အမှတ် (၆၈၃)



ငွေတာရီမဂ္ဂဇင်း အမှတ် (၆၈၃)

Download Links

မိုးသောက်ပန်း ဂျာနယ် အတွဲ (၂၀)၊ အမှတ် (၄၄)



မိုးသောက်ပန်း ဂျာနယ် အတွဲ (၂၀)၊ အမှတ် (၄၄)

Download Links

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "မိုရာ" ရခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျားမည့်အခြေနေရှိ



နေပြည်တော် ၃၀-၅-၂၀၁၇

ယနေ့ ည ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း''မိုရာ'' (Severe Cyclonic Storm ''Mora'') သည် မြောက်အရှေ့ မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၉ဝ ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်-အနောက်တောင်ဘက် ၁ဝ၅ မိုင်ခန့်၊ မောင်တောမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၁၁ဝ ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့၏ တောင်ဘက် မိုင် ၁၉ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အဆိုပါအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း အနီးမှ ရွေ့လျားမည့်အခြေအနေ ရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်သည်။

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် ည ၉ နာရီခွဲ အချိန်တွင် မြောက်လတ္တီတွဒ် ၁၉ ဒသမ ၁ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၉၁ ဒသမ ၇ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၈၆ ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆ဝ နှုန်းဖြစ်သည်။ အဆိုပါအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ညမှ နောက် ၁၅ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေ ကိုဖြတ်ကျော်စဉ် မောင်တောခရိုင်နှင့် စစ်တွေခရိုင်ဒေသများတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင် မောင်တောခရိုင် ကမ်းခြေဒေသများတွင် ၃ ပေမှ ၅ ပေခန့်၊ စစ်တွေခရိုင် ကမ်းခြေဒေသများတွင် ၂ ပေမှ ၄ ပေခန့်အထိ မြင့်တက်လာ နိုင်ကြောင်း ခန့်မှန်းရသည်။

အဆိုပါအားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် နောက် ၄၈ နာရီ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန် ထားသည်။

Themyawadydaily

အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သောချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နေပြည်တော်ရှိ သူရဲကောင်းဗိမာန်နှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ သွားရောက်လေ့လာ


အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီးချုပ် General Bipin Rawat ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရှိ သူရဲကောင်းဗိမာန်အထိမ်းအမှတ် ကျောက်တိုင်ရှေ့၌ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို
 ကျေပွန်စွာထမ်း ဆောင်ရင်းအသက်စွန့်လွှတ်ခဲ့ရ သည့်သူရဲကောင်းများအား အလေးပြုစဉ်။

အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီးချုပ် General Bipin Rawat နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရှိ 
သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စဉ်။
နေပြည်တော် ၃၀-၅-၂၀၁၇

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Bipin Rawat ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သူရဲကောင်းဗိမာန်သို့ သွားရောက်၍ အထိမ်းအမှတ် ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းချကာ နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း အသက်စွန့်လွှတ်ခဲ့ရသည့် သူရဲကောင်းများကို အလေးပြုပြီး ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင်လက်မှတ် ရေးထိုးသည်။

အလားတူ ညနေပိုင်းတွင်လည်း နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သို့ ရောက်ရှိကြရာ သင်တန်းခန်းမ၌ ကျောင်းအုပ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ကျောင်းနှင့်ပတ်သက်သည် များကို Video Clip များဖြင့် ရှင်းလင်းတင်ပြသည်။ ၎င်းနောက် အိန္ဒိယတပ်မတော်ကြည်း တပ်ဦးစီးချုပ်က သင်တန်းသားများအား နှစ်နိုင်ငံဆက်ဆံရေး၊ ချစ်ကြည်ရေးနှင့် နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ကျောင်းအတွင်းလှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယတပ်မတော်ကြည်းတပ် ဦးစီးချုပ်အား လက်ခံတွေ့ဆုံ



နေပြည်တော် ၃၀-၅-၂၀၁၇

နိုင်ငံတော်ကာကွယ်ရေး တာဝန်များထမ်းဆောင်ရင်း တပ်မတော်အနေဖြင့် တစ်ဖက်၌လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများတွင် ခိုင်ခိုင်မာမာရပ်တည် လုပ်ဆောင်နေကြောင်း၊ သို့ဖြစ်၍နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ် များတည်ငြိမ်ခိုင်မာမှု ရှိရေးနှင့်နိုင်ငံ့ကာကွယ်ရေး စွမ်းပကားရှိသည့် Standard Army ဖြစ်ရေးအတွက် ရည်မှန်းလုပ်ဆောင် နေကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိန္ဒိယ တပ်မတော်ကြည်းတပ် ဦးစီးချုပ် General Bipin Rawat အား ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော်ကြည်းတပ် ဦးစီးချုပ်နှင့်အတူ အိန္ဒိယတပ်မတော် ကြည်းတပ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Vikram Misri၊ ကြည်းတပ်စစ်သံမှူး Colonel Naveen Mahajan နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနှင့်အိန္ဒိယတို့သည် နောက်ခံသမိုင်း တူညီကြပြီး ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ သည်လည်း ချစ်ကြည် ရင်းနှီးမှုပိုမိုခိုင်မာ စေရေးအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိကျင့်သုံးနေသည့် Look East ၊ At East Policy များသည် အိန္ဒိယနိုင်ငံ၏ မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ပိုမို မြှင့်တင်ပေးနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံ၏အကျိုးစီးပွားနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြသည့် နိုင်ငံများအတွက်လည်း အကျိုးရှိပါကြောင်း၊ မြန်မာ့တပ်မတော်အား အိန္ဒိယတပ်မတော်၏ ကူညီမှုများအတွက်လည်းကျေးဇူးတင် ရှိကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် အိန္ဒိယတပ်မတော်ကြည်းတပ် ဦးစီးချုပ်က အိန္ဒိယနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများကို အလေးထားပါကြောင်း၊ At East Policy အရ မိမိနိုင်ငံ၏ အရှေ့ဘက်တွင် ကပ်လျက်ရှိသည့် မြန်မာနိုင်ငံကို ဦးစားပေး လာရောက်ခြင်း ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား တည်ငြိမ်အေးချမ်းမှုရှိရေး ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသည်များကိုလည်း သိရှိပါကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှုနှင့် တပ်မတော်၏နိုင်ငံ တည်ငြိမ်အေးချမ်းရေး အတွက်ရပ်တည်လုပ်ဆောင်မှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုမြှင့်တင်ရေး အတွက်အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ၊ လေ့ကျင့်ရေးသင်တန်းများ၊ တပ်မတော်အားကစားနှင့် ဆေးဘက်ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးတည်ငြိမ်အေးချမ်း ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့် လုပ်ဆောင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြာင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယတပ်မတော်ကြည်းတပ် ဦးစီးချုပ် General Bipin Rawat အား လက်ခံတွေ့ဆုံစဉ်။

#Themyawadydaily

Senior General Min Aung Hlaing receives Chief of the Army Staff of Indian Army of Indian Armed Forces


Senior General Min Aung Hlaing poses for documentary photo together with Chief of the Army Staff of the Indian Army of the Indian Armed Forces General Bipin Rawat and party.

Nay Pyi Taw May 30

The Tatmadaw is steadfastly performing political reform processes while discharging State defence duties. As such, the Tatmadaw sets aims to stabilize political reform processes and builds a Standard Army which will have State defence capacity, said Commander-in-Chief of Defence Services Senior General Min Aung Hlaing at his meeting with Chief of the Army Staff of the Indian Army of the Indian Armed Forces General Bipin Rawat at the parlour of Zeyathiri Villa, here, at 10.40 am yesterday.

Also present at the meeting were Deputy Commander-in-Chief of Defence Services Commander-in-Chief (Army) Vice-Senior General Soe Win, Chief of the General Staff (Army, Navy and Air) General Mya Tun Oo and senior military officers of the Office of the Commander-in-Chief (Army). The Indian General was accompanied by senior military officers from the Indian Army of the Indian Armed Forces, Ambassador of India to Myanmar H.E.Mr. Vikram Misri, Indian Defence Attaché Colonel Naveen Mahajan and officials.

At the meeting, the Senior General discussed Myanmar and India had been in same background histories of good neighbouring countries.Leaders of the two countries had been further strengthening friendly relations continuously. The Look East and At East Policies helped India further promote opportunities for cooperation with its friend countries and also benefit the countries which carried out mutual cooperation with India. The Senior General thanked the Indian Armed Forces for its assistance given to the Myanmar Tatmadaw and expressed the plan to continuously cooperate with the Indian Armed Forces.

Next, the Indian General said India placed emphasis on neighbouring countries. According to the At East Policy, he said that he prioritized his visit to Myanmar, closely located in east of India. Peace and stability were being carried out between India and neighbouring countries. He expressed his recognition for ongoing internal peace process of Myanmar. The Indian General said India would promote cooperation in ensuring peace and stability and development tasks in border region between the two countries.

After that, they cordially discussed undertaking peace process in Myanmar and the stand of the Tatmadaw for peace and stability of the country, promotion of cooperation in exchange of goodwill visits, training affairs, sports and medical affairs of the armed forces for enhancing relations between the two armed forces of the two countries, and further cooperation in security measures, peace and stability, and development in border region between the two countries.

After the meeting, the Senior General and the Indian General exchanged gifts and posed for documentary photo together with those present.

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၅-၂၀၁၇)



ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၅-၂၀၁၇)

Download Links

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၅-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၃၀-၅-၂၀၁၇)

Download Links

Monday, May 29, 2017

မိုးရာသီစိုက်ပျိုးချိန်တွင် ထယ်ရေး၊ ထွန်းရေးနှင့် စိုက်ပျိုးရေးအတွက် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာသုံးစက်ကိရိယာများ ငှားရမ်းအသုံးပြုနိုင်



မုံရွာ ၂၉-၅-၂၀၁၇

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် မိုးစပါး စိုက်ရာသီတွင် တောင်သူများ အနေဖြင့် အချိန်မီထွန်ယက်စိုက်ပျိုး နိုင်ရန်အတွက် မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ လယ်ယာသုံး စက်ကိရိယာများကို ဈေးနှုန်းချိုသာစွာဖြင့် ငှားရမ်းအသုံးပြုနိုင် ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

လက်မှုလယ်ယာ စနစ်မှစက်မှု လက်ယာစနစ်သို့ ကူးပြောင်းရေးကို အထောက်အကူဖြစ်စေရန်၊ ပြောင်းလဲလာသည့် ရာသီဥတုတွင် အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရန်၊ သိပံ္ပနည်းကျ စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်း ကောင်းမွန်ပြီး အရည်အသွေးမြင့်သည့် စပါးမျိုးများရရှိ စေရန်၊ လုပ်သားရှားပါးမှုကို ဖြေလျှော့ပေးနိုင်ရန်နှင့် တောင်သူများ စိုက်ပျိုးရေး ကုန်ကျစရိတ်များ လျှော့ချနိုင်ရန်အတွက် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာသုံး စက်ကိရိယာများကို ငှားရမ်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

''အခုအချိန်မှာက ရာသီဥတုတွေကလဲ ပြောင်းလဲလာတဲ့အတွက် သီးနှံတွေကို အချိန်ကိုက်စိုက်ပျိုးနိုင်ဖို့ ထယ်ရေး၊ ထွန်ရေးအတွက် စက်တွေငှားရမ်းပေးတာပါ။ နောက်ပြီး စပါးစိုက်ပျိုးဖို့အတွက်ကိုလဲ ပျိုးထောင်ချိန်ကနေ စိုက်ပျိုးပြီးချိန်ထိကို တာဝန်ယူပြီး ဈေးနှုန်းချိုသာစွာနဲ့ စိုက်ပျိုးပေးသွားမှာပါ။ ကောက်စိုက်စက်နဲ့ စိုက်ပျိုးတဲ့အတွက် မျိုးစပါးနို့ဆီဘူး၁ဝဝ ပဲကုန်ကျမယ်။ ပျိုးပင်အသက် ၂၅ ရက်နဲ့ ရက် ၃ဝသက်တမ်းမှာ စိုက်တဲ့အတွက်ပင်ပွားနှုန်း ကောင်းတယ်။ စိုက်ကွက်မှန်တယ်။ လုပ်အားခ သက်သာတယ်။ လုပ်သားရှားပါးမှုကို လျှော့ချပေးနိုင်တဲ့ အတွက် ဌာနပိုင်စက်ကိရိယာ တွေကို ငှားရမ်းပေးတာပါ'' ဟု တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မြို့နယ်များရှိ စက်မှုလယ်ယာ ဦးစီးဌာနမှ လယ်ယာသုံး စက်ကိရိယာများကို ငှားရမ်းအသုံးပြုလိုသည့် တောင်သူများအနေဖြင့် ထွန်ရေးတစ်ဧကကို ငွေကျပ် ၁၃ဝဝဝနှုန်း ဖြင့်လည်းကောင်း၊ ထယ်ရေးတစ်ဧကကို ငွေကျပ် ၆၅ဝဝ နှုန်းဖြင့် လည်းကောင်း၊ ကောက်စိုက်စက် ငှားရမ်းလိုသူ များအနေဖြင့် ပျိုးထောင်ချိန်မှ စိုက်ပျိုးပြီးသည်ထိ တစ်ဧကငွေကျပ်၂၅ဝဝဝနှုန်းဖြင့် လည်းကောင်း ငှားရမ်းအသုံးပြုနိုင်ကြောင်း သိရသည်။

#Yadanarpondaily

ငါးရံ့အသားတိုး မွေးမြူသည့် နည်းပညာများကို လေ့လာလိုသူများနှင့် သားပေါက်ဝယ်ယူမွေးမြူလိုသူများ အနေဖြင့်ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်နိုင်



ရန်ကုန် ၂၉-၅-၂၀၁၇

ငါးရံ့အသားတိုး မွေးမြူသည့် နည်းပညာများကို လေ့လာလိုသူများနှင့် ငါရံ့သားပေါက်ဝယ်ယူ မွေးမြူလိုသူများအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်ဆောင် ရွက်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာန၏ သတင်းများအရ သိရသည်။

ယခုအခါ မြန်မာ့ရေထွက် ပို့ကုန်များကို ပြည်ပသို့တိုးမြှင့်တင်ပို့ နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ သို့သော်လက်ရှိတွင် မြန်မာ့ရေပြင် ဒေသများတွင် ရေသယံဇာတများ လျော့နည်းလာနေသဖြင့် ငါးမဖမ်းရရာသီများ သတ်မှတ် ဆောင်ရွက်နေရသည်။ ထို့ကြောင့်မြန်မာ့ရေထွက် ကုန်ပစ္စည်းများကို ပြည်ပဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် မွေးမြူရေးကဏ္ဍကို အလေးပေးဆောင်ရွက် သွားရမည်ဖြစ်သည်။ မွေးမြူးရေးကဏ္ဍအနေဖြင့် လည်းငါးသားပေါက် ရရှိရေး အခက်အခဲ၊ အစာအခက်အခဲများနှင့် ရင်ဆိုင်နေခဲ့ရသည်။ ထို့ကြောင့် ငါးမွေးမြူရေးလုပ်ငန်းများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေး နိုင်ရေးအတွက် ငါးရံ့ငါးသားပေါက်များကို သင့်တင့် မျှတသည့် ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချ ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့သည်။

အဆိုပါ စီမံဆောင်ရွက်မှုများအရ ယခုနှစ်ဖေဖော်ဝါရီလ မှစတင်ကာ ငါးရံ့သားပေါက်များကို စတင်မွေးမြူလုပ်ကိုင် ဆောင်ရွက်ခဲ့သည်။ အဆိုပါဆောင်ရွက်မှုများမှာ ယခုအောင်မြင်မှုရရှိခဲ့ပြီဖြစ်သဖြင့် ငါးရံ့သားပေါက်များကို သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချ ပေးနိုင်ပြီဖြစ်သည်။ ထို့ကြောင့်စီးပွားဖြစ် အသားတိုးမွေးမြူ နည်းပညာများကို လေ့လာလိုသူများနှင့် ငါးရံ့သားပေါက် ဝယ်ယူမွေးမြူလို သူများအနေဖြင့် ဖုန်းဝ၉-၂ဝ၁၁၈၉၃နှင့် ဝ၉-၇၇၂ဝ၁၁၈၉၂သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

#Yadanarpondaily

ကုန်သေတ္တာတင် မော်တော်ယာဉ် ယာဉ်မောင်းများကို ယာဉ်မောင်းလိုင်စင်နှင့် အရက်သေစာသောက်စားမှုရှိ၊ မရှိ စစ်ဆေးမည်



ရန်ကုန် ၂၉-၅-၂၀၁၇

ကုန်သေတ္တာတင် မော်တော်ယာဉ် ယာဉ်မောင်းများ အရေးယူခံရပါက ယာဉ်ပိုင်ရှင်ကိုပါ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး ကုန်သေတ္တာတင် ယာဉ်မောင်းများကို အရက်သေစာ သောက်စားမောင်းနှင် မှုရှိ၊ မရှိကို Alcohol Tester နှင့် တိုင်းတာစစ်ဆေး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏သတင်းများအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ မတ်လထိ သုံးလတာကာလအတွင်း မော်တော်ယာဉ်တိုက်မှု ၅၉၈မှု ဖြစ်ပွားခဲ့ရာ ကုန်သေတ္တာတင် မော်တော်ယာဉ်တိုက်မှု ၁၉မှုပါဝင်ခဲ့သဖြင့် ကုန်သေတ္တာတင်မော်တော်ယာဉ် တိုက်မှုသည် ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၁၇ရာခိုင်နှုန်းထိ ဖြစ်ပွားခဲ့သည်။

အဆိုပါ သုံးလတာကာလ အတွင်းတွင် သတ်မှတ်ချိန်အတွင်း မောင်းနှင်ခြင်းမရှိသည့်ကုန်သေတ္တာတင် မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ၃၇မှု ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့သည်။

ထို့ပြင် အဆိုပါကာလအတွင်းတွင် သတ်မှတ်ယာဉ် မောင်းလိုင်စင်မရှိဘဲ မောင်းနှင်မှု ၃၅မှုကို စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ရသည်။အဆိုပါ ကုန်သေတ္တာတင်မော်တော် ယာဉ်များနှင့်ပတ်သက်၍ ယာဉ်မောင်းများကို ယာဉ်ပိုင်ရှင် များက တာဝန်ယူကြ ရမည်ဖြစ်သည်။

ရန်ကုန်မြို့တွင် မော်တော်ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပေါ် လျက်ရှိရာ အထူးသဖြင့် ကုန်သေတ္တာတင် မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင် နေသည့် ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်းတို့တွင် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။

#Yadanarpondaily

ပန်ပက်ကျေးရွာကို ခရီးသွားလုပ်ငန်းများဖွံ့ ဖြိုးတိုးတက်လာစေရေး အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် ဒေသခံများတောင်းဆိုထား



ဒီးမော့ဆို ၂၉-၅-၂၀၁၇

လူဦးရေ ၆ဝ သာကျန်ရှိတော့သည့် ကယန်းလူမျိုးများ နေထိုင်သည့် ပန်ပက်ကျေးရွာကို ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရထံ ဒေသခံများက တောင်းဆို ထားကြောင်း ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာတွင် ရိုးရာယဉ်ကျေးမှု ပစ္စည်းများရောင်းချ နေသည့် ဒေါ်ရိကပြောပြ၍ သိရသည်။

ကယားပြည်နယ်တွင် လွန်ခဲ့သည်နှစ်ပေါင်း ၆ဝခန့် ကတည်းက ကယန်းလူမျိုး အများအပြား နေထိုင်ခဲ့ကြရာ စီးပွားရေး အဆင်မပြေမှုများနှင့် အခြားအခက်အခဲ များကြောင့် ၎င်းကျေးရွာတွင် နေထိုင်သည့် ကယန်းလူမျိုးတချို့မှာ လုပ်ငန်းရှင်တချို့၏ အဆက်အသွယ်ဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သို့သွားရောက်ကာ ၎င်းတို့၏ရိုးရာ ယဉ်ကျေးမှုပုံစံနှင့် အခြားလက်မှု ပညာဖြင့်ပြုလုပ်ထား သောပစ္စည်းများကို ရောင်းချခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကယန်းလူမျိုးတချို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ သွားရောက်အလုပ် လုပ်ကိုင်ကြသဖြင့် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာတွင် ကယန်းလူမျိုးဦးရေ ၆ဝခန့်သာကျန်ရှိ တော့ကြောင်း၊ ၎င်းကျန်ရှိနေသည့် ကယန်း လူမျိုးများက ယင်းတို့၏မျိုး နွယ်စုများတစ်စု တစ်စည်းတည်း ပြန်လည်နေထိုင်ခွင့် ရရှိနိုင်ရန် ၂ဝ၁၅ ခုနှစ်မှစ၍ ပန်ပက်ကျေးရွာအနီးရှိ နှစ်ဧကနီးပါး ကျယ်ဝန်းသော မြေပေါ်တွင် ကယန်းရိုးရာ ယဉ်ကျေးမှု ပစ္စည်းများကို ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ ခဲ့ကြကြောင်း၊ ထို့ပြင် ပန်ပက်ကျေးရွာမှာ ယခင်ကလမ်းပိုင်းများ ကောင်းမွန်မှုမရှိ သည့်အတွက် နိုင်ငံတော်အစိုးရ ထံတင်ပြခဲ့ရာ လမ်းများဖောက်လုပ် ပေးခဲ့ကြောင်း သိရသည်။

''လမ်းပိုင်းတွေကတော့ အနည်းငယ်ကောင်းမွန် လာပါတယ်။ ဒါပေမဲ့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် တွေကတော့ ခရီးသွားရာသီမှာ အနည်းစုလောက်ပဲ လာကြပါတယ်။ ကယန်းလူမျိုးတွေ ရှိနေသေးတယ် ဆိုတာကိုတော့ သိပ်မသိကြသေးပါဘူး။ပြီးတော့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ လျှပ်စစ်မီးတွေရရှိ အောင်ဆောင်ရွက် ပေးဖို့ကအဓိကကျပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်အထည် ဖော်ဆောင်ရွက်ပေး စေလိုပါတယ်''ဟု ၎င်းကျေးရွာ၌ ရိုးရာယဉ်ကျေးမှု ပစ္စည်းများရောင်း ချနေသည့် ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါပန်ပက်ကျေးရွာတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သွားရောက်အလုပ်လုပ် ကိုင်နေသည့် ကယန်းလူမျိုးများမှာ မိမိတို့နေရပ်သို့ ပြန်လည်ရောက်ရှိ လာမည်ဖြစ်ပြီး ၎င်းကျေးရွာ ၌ ယန်းရိုးရာယဉ်ကျေးမှု ပစ္စည်းများကို ရောင်းချခြင်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူများ များပြားလာမည်ဖြစ်ကြောင်း၊ ထို့ပြင် အခြားလယ်ယာလုပ်ငန်း များကိုပါ တစ်ပါတည်းလုပ်ဆောင်လာ ကြမည်ဖြစ်သည့်အပြင်မိမိတို့ ကယန်းလူမျိုးစုများမှာလည်း တိမ်မြုပ်ပျောက်ကွယ် သွားတော့မည်မဟုတ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကယားပြည်နယ်ဒီး မော့ဆြိုမို့နယ် ပန်ပက်ကျေးရွာတွင် ကျန်ရှိနေသည့် ကယန်းလူမျိုးများမှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် ဈေးဆိုင်များဖွင့်လှစ်ကာ ရိုးရာယဉ်ကျေးမှုပစ္စည်း များဖြစ်သည့် ချည်ထည်နှင့် အခြားပစ္စည်းများကို ကိုယ်တိုင်ရက်လုပ် ရောင်းချနေကြောင်း သိရသည်။

#Yadanarpondaily

တေဇရုပ်စုံ အတွဲ (၂၉)၊ အမှတ် (၁)


တေဇရုပ်စုံ အတွဲ (၂၉)၊ အမှတ် (၁) ၂၀၁၇ ခုနှစ် ၊ ဇွန်လ

Download Links 

မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း၌ လုံခြုံရေးမြှင့်တင်နိုင်ရန် အတွက်ယခုလအတွင်း CCTV Camera ၄၈ လုံး အပြီးတပ်ဆင်မည်



မန္တလေး ၂၉-၅-၂၀၁၇

မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း၌ လုံခြုံရေးမြှင့်တင် နိုင်ရန်အတွက် ယခုလအတွင်း CCTV Camera ၄၈လုံး အပြီးတပ်ဆင်သွားမည် ဖြစ်ကြောင်း မဟာမုနိ ဘုရားကြီးဂေါပကအဖွဲ့မှတာဝန်ရှိ သူတစ်ဦးက ပြောပြသည်။

ယခင်က ဘုရားကြီးပရိဝုဏ် အတွင်း၌ CCTV camera ၂၈ လုံးရှိပြီး လုံခြုံမှုပိုမိုကောင်းမွန်စေ ရန်အတွက် CCTV Camera ၄၈လုံးကို ဘုရားကြီး၏ လူသွား လူလာများပြားသော အဓိကကျသည့် နေရာများတွင် တပ်ဆင်သွားမည်ဖြစ်ပြီး CCTV Control room တွင်လည်း ဘုရားကြီးဂေါပကအဖွဲ့နှင့် လုံခြုံရေးများအမြဲစောင့်ကြည့် သွားမည်ဖြစ်ကြောင်း သိရသည်။

''အခုလိုမျိုး တပ်ဆင်ထားတာ ဘုရားရဲ့ ပရိဝုဏ်အတွင်းမှာခါးပိုက် နှိုက်မှုတွေ၊ အမြင်မတော်တာတွေစတဲ့ ပြဿနာတစ်စုံတစ်ခုမှ မဖြစ်ရအောင်ဆိုပြီး တပ်ဆင်တာဖြစ်ပါတယ်။ အရင်က CCTV၂၈လုံးပဲ ရှိပါတယ်။ အခု ၄၈လုံးက Digital တွေဖြစ်ပါတယ်။ အဟောင်း ၂၈လုံး တပ်ဆင်ထားတဲ့ နေရာတွေကိုတော့ အသစ်လဲလှယ်တပ်ဆင်မှာပါ။ အဟောင်း ရှစ်လုံးကိုလဲ လိုအပ်တဲ့ နေရာတွေမှာ တပ်ဆင်သွားဖို့ရှိပါတယ်''ဟု ၎င်းကပြောပြသည်။

မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း၌ CCTV camera တပ်ဆင်ခြင်းကို ဘုရား၏ရန်ပုံငွေကျပ် သိန်း ၆ဝဝ ဖြင့် အကုန်အကျခံ တပ်ဆင်ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိအချိန်တွင် ဘုရားကြီး၌ လုံခြုံရေးအင်အား ဦးရေ ၅ဝ ရှိပြီးလုံခြုံရေးဝန်ထမ်းများ ထပ်မံခန့်အပ်သွားရန် ရှိကြောင်း သိရသည်။

မဟာမုနိဘုရားကြီးသို့ နှစ်စဉ်နှစ်တိုင်း လာရောက်ဖူးမြော် ကြသည့် ပြည်တွင်းခရီးသွားများနှင့် နိုင်ငံခြားသား ဧည့်သည်များသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း၊ ယခုလက်ရှိ အချိန်တွင် ဘုရားကြီးသို့ နေ့စဉ်လာရောက်ဖူးမြော် ကြသည့် ပြည်တွင်း ခရီးသွားဦးရေ ၄ဝဝဝဝခန့်ရှိပြီး ပြည်ပခရီးသွားဦးရေ ၈ဝခန့်ရှိကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

#Yadanarpondaily

အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ရောက်ရှိ


အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Bipin Rawat,UYSM, AVSM, YSM, SM, VSM, ADC ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်မှူးချုပ်သက်ပုံနှင့် တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်စဉ်။

နေပြည်တော် ၂၉-၅-၂၀၁၇

အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Bipin Rawat,UYSM, AVSM, YSM, SM, VSM, ADC ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် လေကြောင်းခရီးဖြင့် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Col. Naveen Mahajan နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ညနေပိုင်းတွင် စပါးရှားဂူဗိမာန်နှင့် ရွှေတိဂုံစေတီသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး အလှူငွေများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

မုန်တိုင်းငယ်၏လက်ရှိအခြေအနေ လိမ္မော်ရောင်အဆင့်သတ်မှတ်



နေပြည်တော် ၂၉-၅-၂၀၁၇

ယနေ့ည ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ပုသိမ်မြို့၏အနောက် တောင်ဘက်မိုင်၂၆ဝခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၃၁ဝ ခန့်၊ စစ်တွေမြို့၏အနောက်တောင်ဘက် ၃၂၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံစစ်တကောင်းမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၄၄ဝ ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြု နေပြီး အရှေ့မြောက် ဘက်သို့ရွေ့လျားမည်ဟု ခန့်မှန်းရသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်သည်။

အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း အနီးမှရွေ့လျားမည့် အခြေအနေ ရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်သည်။

အဆိုပါအားကောင်းသော မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၈းဝဝ နာရီအချိန်တွင် မြောက်လတ္တီကျူ ၁၅ ဒသမ ၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျူ ၉ဝ ဒသမ ၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်နှုန်းဖြစ်သည်။

အဆိုပါအားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နောက် ၇၂ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာပြီးဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့်လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင် ၄ဝအထိ တိုက်ခတ်နိုင်ပါကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

#Themyawadydaily

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဘုတ်ပြင်းတပ်နယ်၊ တနင်္သာရီတပ်နယ်နှင့် ကျွန်းစုတပ်နယ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း 
ဘုတ်ပြင်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ်။ 
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တာဝန်ရှိသူတစ်ဦးထံ စားသောက်ဖွယ်ရာများပေးအပ်စဉ်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း 
ဘုတ်ပြင်းတပ်နယ် အတွင်းမွေးမြူရေးဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
 ဘုတ်ပြင်းတပ်နယ်အတွင်း မွေးမြူရေးဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးစဉ်။

နေပြည်တော် ၂၉-၅-၂၀၁၇

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူ များလိုက်ပါ၍ မေ ၂၇ ရက်တွင် ဘုတ်ပြင်းတပ်နယ်၊ တနင်္သာရီတပ်နယ်နှင့် ကျွန်းစုတပ်နယ်တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ဘုတ်ပြင်းတပ်နယ်သို့ ရောက်ရှိကြရာတပ်နယ်ရှိ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူတစ်ဦးက စီမံချက် ၄ မျိုး နောက်ဆုံးပြင်ဆင် ထားရှိမှုများနှင့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ကအရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တပ်မတော်၏ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်နှင့်အညီ ပါဝင်ဆောင်ရွက်နေမှု အခြေအနေများနှင့် NCA သဘောတူစာချုပ်ပါ အချက်အလက် များကိုသိရှိထားရန် လိုကြောင်း၊ နယ်စပ်ဒေသ ဖြစ်သည်နှင့် လုံခြုံရေးသတိ၊ လုံခြုံရေးအသိများဖြင့် သွားလာနေထိုင်ကြရန် လိုကြောင်းတို့ကို အသေးစိတ်လမ်းညွှန် မှာကြားသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည်တပ်နယ်ရှိ အားကစားခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက သုတ/ရသစာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် နယ်မြေခံတပ်အတွင်း စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်ဆေးရုံ သို့သွားရောက်၍ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအားကြည့်ရှုအားပေး စကားပြောကြားပြီး တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီးလိုက်လံ မေးမြန်းကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တနင်္သာရီတပ်နယ်သို့ ရောက်ရှိကြရာ နယ်မြေခံတပ် အစည်းအဝေးခန်းမ၌ တာဝန်ရှိသူတစ်ဦးက စီမံချက် ၄ မျိုး နောက်ဆုံးပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က လိုအပ်သည်များလမ်းညွှန် မှာကြားသည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်နယ်အတွင်း သက်သာချောင်ချိရေး အရောင်းဆိုင်၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုများနှင့် ရိပ်သာ ၃ မျိုးဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ကျွန်းစုမြို့နယ်ရှိ ရေတပ်စခန်းဌာနချုပ် သို့ရောက်ရှိကြရာ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူတစ်ဦးက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာများအား ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာ စကားပြောကြားကာ ရေတပ်စခန်းဌာနချုပ် အတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger