www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 30, 2016

KIA/TNLA လက်နက်ကိုင်အဖွဲ့မှ မူဆယ်မြို့အား လက်နက်ကြီးဖြင့် ပစ်ခတ် ၊ မိုင်းများဖောက်ခွဲ




နေပြည်တော် ၊ ၃၀-၁၁-၂၀၁၆

မူဆယ်မြို့ ဟိုမွန်နှင့် ကောင်းမှုတုံ ရပ်ကွက်များတွင် KIA/TNLA လက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးဗုံးသီး ကျရောက် ပေါက်ကွဲခြင်း၊ မိုင်းများ ပေါက်ကွဲခြင်းနှင့် အလုပ်ရုံအချို့မှ ဆက်ကြေး ကောက်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

မူဆယ်မြို့ ဟိုမွန်ရပ်ကွက် သစ်တောလမ်းရှိ ထမင်းဆိုင်အနီး လျှိုအတွင်းသို့ နိုဝင်ဘာ ၂၈ ရက် ည ၆ နာရီ မိနစ် ၄ဝ ခန့်က KIA/TNLA လက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ဗုံးသီး ကျရောက် ပေါက်ကွဲခဲ့ပြီး ယင်းနေရာ အနီးတစ်ဝိုက်တွင် လက်လုပ် မိုင်း နှစ်လုံးလည်း ဖောက်ခွဲ ထားကြောင်း၊ မူဆယ်မြို့ ကောင်းမှုတုံ ရပ်ကွက် ဟိုနားရပ် နှင့် စက်မှုကွက်သစ် ကြားတွင် ည ၉ နာရီ မိနစ် ၄ဝ ခန့်နှင့် စက်မှုလမ်းနှင့် မန့်မိုင်ရွာ အနီးတွင် ည ၁ဝ နာရီ မိနစ် ၅ဝ ခန့်ကလည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်း ပေါက်ကွဲမှု များကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

KIA/TNLA လက်နက်ကိုင် အဖွဲ့များသည် မူဆယ်မြို့ ကောင်းမှုတုံ ရပ်ကွက် ဟိုနားရပ်နှင့် စက်မှုကွက်သစ် အတွင်းသို့လည်း ဝင်ရောက်ခဲ့ပြီး အလုပ်ရုံအချို့မှ ဆက်ကြေးများ ကောက်ခံကာ ပြန်လည် ထွက်ခွာသွား ကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ က လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger