www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label လူမှုရေးကဏ္ဍ. Show all posts
Showing posts with label လူမှုရေးကဏ္ဍ. Show all posts

Wednesday, October 10, 2018

ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဝင်စည်းရုံးရေးနှင့် အသိပညာပေးဆွေးနွေး


လွိုင်ကော် အောက်တိုဘာ ၉ 
ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဝင်စည်းရုံးရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက လွိုင်ကော်ခရိုင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန 
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
-
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက နိုင်ငံတော် အကြီးအကဲများအနေဖြင့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဖော်ဆောင်ရာတွင် လူမှုရေးအသင်းအဖွဲ့များ၏ အခန်းကဏ္ဍသည် နိုင်ငံတော်အတွက်၊ 
တိုင်းရင်းသား ပြည်သူများအတွက် များစွာ အထောက်အကူ ရရှိကြောင်း၊ လူမှုရေးအသင်းအဖွဲ့များ အနေဖြင့် အစိုးရ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ချိတ်ဆက်မှု အားကောင်းလျှင် ကောင်းသလို လုပ်ငန်းများအောင်မြင်မည်ဖြစ်
ပြီး ပူးပေါင်းချိတ်ဆက်မှုအားနည်းပါက လုပ်ငန်းများနှောင့်နှေးသွားမည် ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာတွင် အစိုးရ၊ ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အမြဲ
မပြတ်ပူးပေါင်း ချိတ်ဆက်ဆောင်ရွက် သွားရန်ပြောကြားထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် အသင်းအဖွဲ့များအနေဖြင့် မိမိတို့ဆောင်ရွက်မည့်ကဏ္ဍများအပေါ် အတွေးသစ်၊ အမြင်သစ်များနှင့် အစီအမံများ စနစ်တကျရေးဆွဲ၍ 
ပူးပေါင်း ဖော်ဆောင် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
-
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတွင် ဥက္ကဋ္ဌအဖြစ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးက တာဝန်ယူပြီး 
ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၏ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးတို့၏ဇနီးများ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးဖြင့် 
ဖွဲ့စည်းပြီး လုပ်ငန်းများကြိုးပမ်းဖော်ဆောင်နေသည်ကို တွေ့ရှိရကြောင်း၊ ပုံဖော်သည့်နေရာတွင် အားနည်းချက်များ မရှိရန်အသိပညာပေးခြင်း၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ချပြရှင်းလင်းခြင်းများ ဆောင်ရွက်ရန်လိုအပ်
ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ကပူးပေါင်းချိတ်ဆက်ဆောင်ရွက်ပေးရန် တံခါးဖွင့်ထားကြောင်း၊ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး တို့ကလည်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးရန် လမ်းညွှန်ထားရှိကြောင်း၊ ပူးပေါင်း
ချိတ်ဆက် ဆောင်ရွက်ရမည့် ကဏ္ဍများကို လာရောက်တင်ပြလာပါက ကြိုးပမ်းဖော်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
-
ဆက်လက်၍ ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးချန်ပဲ့က ပြည်နယ်အဆင့် ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး ပြည်နယ်ဥပဒေချုပ်ရုံးမှ 

ပြည်နယ်ဥပဒေ အရာရှိက အမျိုးသမီးနှင့်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ကြောင်း သိရသည်။
#မြ၀တီနေ့စဉ်သတင်းစာ

Monday, February 19, 2018

သထုံမြို့တွင် အောက်ဆီဂျင်ထုတ် စက်ရုံတည်ဆောက်ပြီး၍ လူနာများအတွက် အခမဲ့ဖြန့်ဝေ ပေးမည်



သထုံ ၁၉-၂-၂ဝ၁၈

မွန်ပြည်နယ် သထုံမြို့တွင် တည်ဆောက်နေသော အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်ပြီးစီး ပြီဖြစ်၍ မွန်ပြည်နယ်အတွင်း အောက်ဆီဂျင် လိုအပ်သော လူနာများအတွက် အခမဲ့ဖြန့်ဝေ ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် သထုံမြို့လိပ်အင်းရပ်ကွက် အခမဲ့ အောက်ဆီဂျင် ထုတ်စက်ရုံဖွင့်ပွဲကို ယနေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"အသင်း စတင်တည်ထောင်ခါစက လိုအပ်တဲ့ အောက်ဆီဂျင်ရရှိဖို့ ပြင်ပကနေဝယ်ပြီး လူနာတွေကို လှူရတယ်။ သထုံခရိုင်ထဲမှာရှိတဲ့ မြို့နယ် တိုက်နယ်ပြည်သူ့ ဆေးရုံတွေနဲ့ ကျေးလက် ဆေးပေးခန်းတွေမှာ တစ်လထက်တစ်လအောက်ဆီဂျင် လိုအပ်ချက်တွေ များလာတယ်။ အပြင်ကဝယ်ပြီး ပေးရတော့ ကုန်ကျစရိတ်က များတယ်။ လစဉ်အလှူငွေတွေနဲ့ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် အလှူရှင်တွေရဲ့ ထည့်ဝင်ငွေတွေနဲ့ စက်ရုံကို တည်ဆောက် ခဲ့တာ။ ဒါကဘယ်မှာမှ မရှိသေးတဲ့ ပရဟိတအဖွဲ့ပိုင် ပထမဆုံး အောက်ဆီဂျင်စက်ရုံလဲ ဖြစ်ပါတယ်"ဟု အနှိုင်းမဲ့မေတ္တာသွေးနှင့် အောက်ဆီဂျင် အခမဲ့ကူညီရေး အသင်းဥက္ကဋ္ဌဦးဥာဏ်ထွန်းက ပြောပြသည်။

အရေးပေါ်လူနာများအတွက် အောက်ဆီဂျင်လိုပါက အချိန်မရွေး၊ နေရာမရွေး၊ လူမျိုးမရွေး အခမဲ့ရယူနိုင်စေရန် မြို့နယ်အတွင်း ကျေးလက်ဒေသပါမကျန် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များ ချိတ်ဆက်ပေးထားပြီး ၂၄ နာရီရယူနိုင်ကြောင်း၊ စက်ရုံရေရှည် လည်ပတ်နိုင်ရေးအတွက် အလှူရှင်များအနေဖြင့် အလှူငွေများ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

အခမဲ့ အောက်ဆီဂျင်စက်ရုံကို ငွေကျပ်သိန်း ၁၇ဝဝ ကျော်အကုန်အကျခံ တည်ဆောက်ခြင်းဖြစ်ပြီး နေ့စဉ် လီတာ၎ဝ ဆံ့ အောက်ဆီဂျင် အိုးအလုံး၂ဝခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Wednesday, March 16, 2016

ကယ်ဆယ်ရေးနှင့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နှင့် ပူးပေါင်း ဆောင်ရွက်လိုသော အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များအား ဖိတ်ခေါ်


ရန်ကုန် ၊ ၁၆-၃-၂၀၁၆

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အနေဖြင့် နိုင်ငံတစ်ဝန်း၌ ကယ်ဆယ်ရေးနှင့် ပရဟိတ လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန် ပြည်တွင်းမှ စိတ်ပါဝင်စားသော ပုဂ္ဂလိက အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များအား တရားဝင် ဖိတ်ခေါ် ထားကြောင်း သိရသည်။

ထိုကဲ့သို့ လူထုအကျိုးပြု လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန် တခြား အဖွဲ့အစည်း များအား ဖိတ်ခေါ်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများ အရ ဗဟိုကော်မတီ တွင်လည်း အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ ပါဝင်ခွင့် ရမည် ဖြစ်သည်။

၂ဝ၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ကြက်ခြေနီ အသင်း ဥပဒေအရ ဗဟို ကော်မတီ၌ အရပ်ဘက် အဖွဲ့အစည်း များမှ ကိုယ်စားလှယ် ၁ဝ ဦးခန့်အထိ ပါဝင်လာနိုင် ကြောင်းနှင့် ယခုအခါ ပူးပေါင်း ဆောင်ရွက်ရန် စိတ်ပါ ဝင်စားပြီး  အဆိုပြု ထားသော အရပ်ဘက် အဖွဲ့အစည်း ၂၄ ခုခန့် ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း အနေဖြင့် ရခိုင်၊ ကချင်၊ ရှမ်း စသည့် ပြည်နယ်များ၌ ၂ဝ၁၅ ခုနှစ်အတွင်း ရေဘေးသင့် ခဲ့သော အရပ်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်သည်။ ထို့ပြင် ကြက်ခြေနီ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံ၌ နိုင်ငံ့ဝန်ထမ်းများ ပါဝင်လေ့ ရှိရာ ၄င်းတို့အလုပ် တာဝန်နှင့် တခြားနယ် များသို့ ပြောင်းရွှေ့ သွားသောအခါ ကြက်ခြေနီ လုပ် ငန်းစဉ်များ ဆက်လက် ဆောင်ရွက် ရာတွင် အခက်အခဲများ ရှိလာကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းအတွက် အရပ်ဘက် အဖွဲ့အစည်း များ၊ လူပုဂ္ဂိုလ်များ နှင့်လည်း ပူးပေါင်းကာ ကြက်ခြေနီ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် စီစဉ်ထားပြီး အဆိုပါ ပူးပေါင်း ဆောင်ရွက်မည့် အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များ အနေဖြင့် အမှန်တကယ် အချိန်ပေး လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၌ အသင်းဝင် ဦးရေ သိန်းနှင့်ချီ ရှိကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၆)

Friday, August 28, 2015

ရန်ကုန် - နေပြည်တော် အမြန်လမ်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက သက်တော်စောင့်အဖွဲ့ သို့ ၂၄ နာရီ အကူအညီ တောင်းခံနိုင်


ရန်ကုန် ၊ ၂၈-၈-၂၀၁၅

ရန်ကုန်- နေပြည်တော် အမြန်လမ်းတွင် မော်တော်ယာဉ် မတော်တဆမှုများ အတွက် သက်တော်စောင့် အဖွဲ့သို့ ၂၄ နာရီ အကူအညီ တောင်းခံနိုင်ပြီး အဆိုပါ အကူအညီ တောင်းခံလာမှု များကိုလည်း သက်တော်စောင့် အဖွဲ့က အခမဲ့ကူညီ ဆောင်ရွက်ပေး နေကြောင်း အဆိုပါ သက်တော်စောင့် အဖွဲ့၏ သတင်းများ အရ သိရသည်။

သက်တော်စောင့် အဖွဲ့ အနေဖြင့် ရန်ကုန်- နေပြည်တော် အမြန်လမ်းမကြီး ပေါ်တွင် မော်တော်ယာဉ်များ မတော်တဆ မှုများ ဖြစ်ပွားလာခဲ့၍ အကူအညီ တောင်းခံ လာပါက သက်ဆိုင်ရာ ရဲဌာနနှင့် အဖွဲ့အစည်း များသို့ ဆက်လက် သတင်းပို့ကာ အကူအညီများ တောင်းခံပေးခြင်း၊ ဒဏ်ရာရရှိ သူများကို ဆေးရုံဆေးခန်း များသို့ ပို့ဆောင်ပေးခြင်း၊ ဆေးဝါးများ ကူညီ ပံ့ပိုးပေးခြင်း စသည့် ကိစ္စရပ်များကို ကုသိုလ်ဖြစ် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

သက်တော်စောင့် အဖွဲ့ အနေဖြင့် ထိုသို့ ကူညီလုပ်ကိုင် ဆောင်ရွက်ပေးရန် အတွက် ရန်ကုန် - နေပြည်တော် အမြန်လမ်းရှိ ၁၆၇ မိုင်တွင် သက်တော်စောင့် ရုံးချုပ်ကို အခြေစိုက် ဖွင့်လှစ် ထားရှိကာ အရေးပေါ် အသုံးပြုရန် မော်တော်ယာဉ် နှစ်စီး၊ မော်တော် ဆိုင်ကယ်နှစ်စီးကို ထားရှိကာ ကူညီဆောင်ရွက် ပေးနေခြင်း ဖြစ်သည်။

ထို့ပြင် ရန်ကုန်- မြိတ် လမ်းတွင်လည်း ယာဉ် မတော်တဆမှုများ ကူညီနိုင်ရန် အရေးပေါ် ယာဉ်တစ်စီး ထားရှိကာ ကူညီဆောင်ရွက် ပေးနေသည်။ သက်တော်စောင့်အဖွဲ့ အနေဖြင့် ရန်ကုန်- နေပြည်တော်အမြန်လမ်းရှိ ၁၆၆ မိုင်၊ ၁၆၇ မိုင်၊ ၁၆၈ မိုင်၊ မိုင် ၁၈ဝ၊ ၁၈၁ မိုင်တို့တွင် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ ခေတ္တအခမဲ့ တည်းခိုနေထိုင် နိုင်ရန်အတွက် ဘန်ဂလို အလုံးနှစ်ဆယ် ကျော်ခန့်လည်း ဆောက်လုပ် ထားကြောင်း သိရသည်။

ရန်ကုန်- နေပြည်တော် အမြန်လမ်းတွင် မော်တော်ယာဉ် မတော်တဆမှုများ နှင့် ပတ်သက်၍ အကူအညီ တောင်းခံလို ပါက ဖုန်း ဝ၉- ၇၉၉၁ ၈၇၂၃ဝ၊ ဝ၉-၇၉၄၄ ၇၃ဝ၅၁၊ ဝ၉- ၄၉၈၆ ၇၃၂၂ တို့သို့ ဆက်သွယ် အကူအညီ တောင်းနိုင်ကြောင်း သိရသည်။(၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၉)

#Yadanatpondaily

Thursday, May 14, 2015

အင်ဒိုနီးရှားရှိ မြန်မာရေလုပ်သား ဒုက္ခသည်များကို ကမ္ဘောဇအုပ်စု က MAI လေယာဉ်စင်းလုံးငှား ၍ အခမဲ့ ခေါ်ဆောင် ပေးသွားမည်



ရန်ကုန် ၊ ၁၄-၅-၂၀၁၅

အင်ဒိုနီးရှား နိုင်ငံ၌ အခြေအနေ အရပ်ရပ်ကြောင့် ဒုက္ခသည် အဖြစ် ရောက်ရှိနေသော မြန်မာ ရေလုပ်သား များအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ရာတွင် ကမ္ဘောဇ အုပ်စု ဥက္ကဋ္ဌကြီး၏ လှူဒါန်းစီစဉ် မှုဖြင့် MAI မှ အခမဲ့ လေယာဉ် စင်းလုံးပြည့် ခေါ်ဆောင် ပေးမည်ဖြစ်ကြောင်း အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) ၏ ဈေးကွက်နှင့် လူမှုဆက်ဆံရေး မန်နေဂျာ ထံမှ သိရသည်။

ကမ္ဘောဇ အုပ်စုက မလေးရှား ရောက် မြန်မာလုပ်သား များအတွက် ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်တို့မှ စ၍ အခမဲ့ လေယာဉ်များ စီစဉ် ဆောင်ရွက် လှူဒါန်း ပေးခဲ့ရာ စုစုပေါင်း (၁ဝ) ကြိမ် ရှိခဲ့ပြီ ဖြစ်သည့် အပြင် အိန္ဒိယနိုင်ငံ Port Blair တွင် အခြေအနေ အရပ်ရပ်ကြောင့် ဒုက္ခသည် အဖြစ် ရောက်ရှိနေသော မြန်မာ ရေလုပ်သားများ အတွက်လည်း အခမဲ့ လေယာဉ်များကို စုစုပေါင်း နှစ်ကြိမ် လှူဒါန်း စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း၊ ယခုကဲ့သို့ အခမဲ့ လေယာဉ် စင်းလုံးပြည့် ခရီးစဉ်များ လှူဒါန်း စီစဉ်ရာတွင် ကုန်ကျစရိတ် အနေဖြင့် အမေရိကန် ဒေါ်လာ ၆ဝဝဝဝဝ ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။ ထို့အပြင် MAI မှ ကမ္ဘောဇ အုပ်စု၏ လှူဒါန်းမှု အစီအစဉ်ဖြင့် မလေးရှားနိုင်ငံ၌ ရောက်ရှိနေသော မြန်မာ နိုင်ငံသားများ အတွက် ငွေသား လှူဒါန်းငွေ အမေရိကန် ဒေါ်လာ ၁၅ဝဝဝဝ အပြင် ကွာလာလမ်ပူ - ရန်ကုန်အတွက် အထူး လျှော့ဈေးနှုန်း လေယာဉ် လက်မှတ်များကို အမေရိကန် ဒေါ်လာ ၇ဝ ဖြင့် ၂ဝ၁၃ ခုနှစ် ဇွန် ၁၂ ရက်မှ စတင်ရောင်းချ ပေးခဲ့ရာ စုစုပေါင်း လူဦးရေ ၃ဝဝဝ ဝန်းကျင်ခန့် ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အဆိုပါ လျှော့ဈေးဖြင့် လျှော့ချ လှူဒါန်းမှုမှာ ငွေကြေး အားဖြင့် အမေရိကန် ဒေါ်လာ ၄ဝဝဝဝဝ ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။

ထို့အပြင် ငွေကြေး မတတ်နိုင်သော မလေးရှားရောက် မြန်မာ လုပ်သားများ အတွက် အခမဲ့ စင်းလုံးပြည့် လေယာဉ်များကို လှူဒါန်းလျက် ရှိရာ စုစုပေါင်း (၁ဝ) ကြိမ်ရှိခဲ့ပြီ ဖြစ်သည်။ ငွေကြေး အားဖြင့် အခမဲ့ လေယာဉ် တစ်ခေါက်စာ အတွက် အမေရိကန် ဒေါ်လာ ၅ဝဝဝဝ ဝန်းကျင်ခန့် ကုန်ကျပြီး ထပ်မံ၍လည်း အခမဲ့ လှူဒါန်းမည့် စင်းလုံးပြည့် လေယာဉ်များ စီစဉ်လျက် ရှိသည်။ ထို့အပြင် နောက်ထပ် အခမဲ့ လှူဒါန်းခြင်း အနေဖြင့် အိန္ဒိယနိုင်ငံ Port Blair တွင် အခြေအနေ အရပ်ရပ်ကြောင့် ဒုက္ခသည် အဖြစ် ရောက်ရှိနေသော မြန်မာ ရေလုပ်သား ၁၂၃ ဦးအား ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁ဝ ရက်တွင် တစ်ကြိမ်နှင့် မြန်မာ ရေလုပ်သား ၁၅ဝ ဦးအား ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ဒုတိယ အကြိမ်မြောက် ပြန်လည် ခေါ်ဆောင် ပေးခဲ့ပြီး ၂ဝ၁၅ ခုနှစ် မေ ၁၄ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ၌ ဒုက္ခသည် အဖြစ် ရောက်ရှိနေသော မြန်မာ ရေလုပ်သား များအား မြန်မာနိုင်ငံသို့ အခမဲ့ လေယာဉ် စင်းလုံးပြည့် ခေါ်ဆောင် ပေးမည် ဖြစ်ကြောင်း သိရသည်။

ဇာညီသစ္စာ

#Themyawadydaily

Friday, March 20, 2015

သုံးတတ်လျှင်ဆေး ၊ မသုံးတတ်လျှင် . . .


သုံးတတ်လျှင်ဆေး ၊ မသုံးတတ်လျှင် . . . 

နှောင်း

ဟိုလူ့ လက်ထဲမှာလဲ တယ်လီဖုန်း၊ ဒီလူ့ လက်ထဲမှာလဲ တယ်လီဖုန်း။ ကလေးရော၊ လူကြီးရော ဘယ်သူ့ ကြည့်ကြည့် ဟန်းဖုန်း ကိုယ်စီနဲ့ ဆက်သွယ်ရေးတွေ ကောင်းလာတာ၊ လူတိုင်း ဖုန်းကိုင်နိုင်တာ ကျွန်မတို့ ပြည်သူတွေ အနှစ်နှစ် အလလက တောင့်တပြီး မက်ခဲ့ရတဲ့ အိပ်မက် တွေပါပဲ။ ဒါပေမဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာတဲ့ အခါမှာ အကျိုးရှိရှိ အသုံးချ တတ်ဖို့တော့ လိုပါတယ်။ အရွယ် မရောက်သေးတဲ့ ကလေးတွေ၊ စဉ်းစားဆင်ခြင် နိုင်စွမ်း မရှိသေးတဲ့ ကလေးတွေကို ဖုန်းပေးကိုင် တာဟာ သိပ်ကို အန္တရာယ်များ ပါတယ်။ နည်းပညာဟာ အသုံးချတတ်သူ တွေအတွက် ဆေးတစ်ခွက် ဖြစ်ပေမယ့် အသုံးချမှု မှားယွင်း ခဲ့ရင်တော့ အန္တရာယ်ကို လက်ယပ် ခေါ်သလို ဖြစ်နေပါ လိမ့်မယ်။

အခုဆိုရင် ဖုန်းတိုင်းမှာ အင်တာနက်ပါ တွဲသုံးလို့ ရနေပါတယ်။ အင်တာနက် ဆိုတာ ဘာမဆို ရနိုင်တဲ့ စွယ်စုံကျမ်း ဖြစ်လေတော့ လိုတာတွေရော မလိုတာတွေပါ ရောပါ နေပါတယ်။ ဒါဟာ အကောင်း- အဆိုး မခွဲနိုင်သေးတဲ့ ကလေးတွေ အတွက် အန္တရာယ် ရှိပါတယ်။

အဖြစ်အပျက် တချို့ကို ကျွန်မ ပြောပြပါ့မယ်။ ကျွန်မ သူငယ်ချင်း ကျောင်းဆရာမ တွေဆီက နေတစ်ဆင့် သိခဲ့ရတာပါ။ ခြောက်တန်း၊ ခုနစ်တန်း ဥမမည် စာမမြောက် အရွယ် ဝန်းကျင်တွေဟာ စာသင်ခန်းထဲ ဆရာမ ကွယ်ရာမှာ အသံတိတ် Message တွေ ပို့ကြတယ်။ ကလေးတွေမို့ ငယ်ပါ သေးတယ်။ သူငယ်ချင်း အချင်းချင်း ပို့တာပါလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ သူတို့လေး တွေမှာ လေလှိုင်းထဲက ဆက်သွယ်မိတဲ့ ချစ်သူကိုယ်စီ နဲ့ပါ။ 

အင်တာနက် ကနေ အလွယ်တကူ ကြည့်လို့ ရနေတဲ့ ညစ်ညမ်းတဲ့ ဇာတ်ကားတွေ ကြည့်ကြတယ်။ အနောက်တိုင်း ယဉ်ကျေးမှု ကို အတုခိုး ကြတယ်။ ရိုးသား သန့်စင်တဲ့ ကလေးတွေရဲ့ နှလုံးသားမှာ ကလေး တစ်ယောက် သိသင့်တဲ့ အတိုင်းအတာ ထက်ကို ကျော်ပြီး ပိုသိ နေကြပါတယ်။ မိဘတွေ သတိမူကြ ဖို့ပါ။ အရွယ်မရောက် သေးတဲ့ ကလေးတွေတင် မကပါဘူး။ အရွယ် ရောက်ပြီးသား လူကြီး တွေတောင် လေလှိုင်းထဲမှာ အညာမိ နေတာတွေ အများကြီး ရှိပါတယ်။ မမြင်ရတဲ့ လေလှိုင်းထဲက ချစ်သူကို ယုံပြီး ဘဝပျက် သွားကြသူတွေ တစ်ပုံကြီး ရှိပါတယ်။ ဟိုဘက်က အိမ်ထောင်ရှင်လား၊ ကလေး အဖေလား၊ အသက် ငါးဆယ်ကျော်လား ဆိုတာ၊ ဘာဆိုဘာမှ မသိဘဲနဲ့ စဉ်းစား ဆင်ခြင်ဉာဏ် မဲ့စွာ ပြောဆိုဆက်ဆံ နေကြတာဟာ သိပ်ကို ကြောက်စရာ ကောင်းတဲ့ နည်းပညာ နောက်ဆက်တွဲ လူမှု ဆက်ဆံရေး နယ်ပယ်က ဆိုးကျိုး တွေပါ။ ဒါကို မိဘတွေနဲ့ တာဝန်ရှိ ဆရာ၊ ဆရာမတွေက ဂရုတစိုက်နဲ့ စောင့်ကြည့် ကြပ်မတ်ပေးဖို့ လိုပါတယ်။

တကယ်တမ်းတော့ အင်တာနက် ဆိုတာ ပညာ လေ့လာချင်တဲ့ သူတွေအတွက် လိုအပ်တဲ့ ပညာတွေကို အလွယ်တကူ သင်ယူ လေ့လာနိုင်တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ အရင်ခေတ်က ဘာသာရပ် တစ်ခုနဲ့ ပတ်သက်ပြီး ကျမ်းပြုတော့မယ် ဆိုရင် စာကြည့်တိုက် ကိုပြေး စာအုပ်ပုံကြားမှာ ခေါင်းနှစ်ထား ရတယ်။ နေရာဒေသ တစ်ခုအကြောင်း သိချင်ရင် အဲဒီနေရာကို ကိုယ်တိုင်သွားပြီး လေ့လာ ရတယ်။ အချိန် အလွန်ကုန် သလို ငွေလဲ ကုန်ပါတယ်။ ဒီနေ့ခေတ် မှာတော့ နေရာ တစ်ချက်မှ ရွှေ့စရာ မလိုဘဲနဲ့ ထိုင်ရာမထဘဲ ကမ္ဘာပတ်လို့ ရပါတယ်။

ကျွန်မတို့ လက်ထဲမှာ အမြဲ ကိုင်ထားတဲ့ ဖုန်းတွေက အင်တာနက် ရနေတာဟာ ကျွန်မတို့နဲ့ အတူ လိုချင်တာ အကုန်ရှာလို့ ရတဲ့ စာကြည့်တိုက် တစ်လုံး၊ သင်ချင်တာ အကုန်သင်လို့ ရတဲ့ တက္ကသိုလ်တစ်ခု ကပ်ပါ နေသလိုပါပဲ။ ဒါဟာ နည်းပညာရဲ့ ကောင်းကျိုး ရလဒ်ပါ။

ဒါပေမဲ့ ကျွန်မတို့ နိုင်ငံတွေ မှာတော့ နည်းပညာရဲ့ကောင်းကျိုးကို အသုံးချသူက လူနည်းစုသာ ရှိပြီး အများစု ကတော့ လူမှုကွန်ရက် တွေမှာပဲ အချိန်ကုန်ခံ နေကြတာ များပါတယ်။ ကျွန်မ ပတ်ဝန်းကျင် ကြည့်လေရာမှာ လေလှိုင်းထဲမှာ အငွေ့ပြန် သွားတဲ့ ပိုက်ဆံတွေ ကိုပဲ မြင်နေရ ပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေ ဝင်လာပြီး လိုင်း ကောင်းအောင်၊ အင်တာနက် အသုံးပြုမှု မြန်ဆန်အောင် လုပ်ပေးတာကို ကျွန်မတို့ ပြည်သူတွေ အကျိုးရှိရှိ အသုံးချ ရပါမယ်။ ငွေလဲကုန်၊ အချိန်လဲကုန်၊ မှုခင်းတွေ ကများ၊ လူမှု ကျင့်ဝတ်တွေ ဖောက်ပြန်၊ ပဋိပက္ခတွေလဲ ဖြစ်ဆိုရင် ကျွန်မတို့ ပြည်သူတွေဟာ ငွေကုန်ပြီးတော့ မတိုးတက်ဘဲ ဆက်သွယ်ရေး ကုမ္ပဏီ တွေသာ အမြတ်ထွက် သွားပါ လိမ့်မယ်။

ဒါကြောင့် ကလေးတွေကို ဖုန်းပေး မကိုင်ခင်မှာ နည်းပညာရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ နည်းပညာထဲက ရအောင် ယူသင့်တဲ့ အရာတွေ၊ နည်းပညာထဲက ရှောင်ရှားသင့်တဲ့ အရာတွေကို သေချာ ပြောပြပြီး ကိုယ်တိုင်ခွဲခြား ဆုံးဖြတ်နိုင်အောင် အရင် သင်ကြား ပေးသင့် ပါတယ်။ ဒါမှသာ နည်းပညာရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားနိုင်ပြီး နည်းပညာရဲ့ဘေးထွက်ဆိုးကျိုး တွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ 

ဖူးသောပန်းတိုင်း ပွင့်နိုင်ကြပါစေ၊ 
ပွင့်သောပန်းတိုင်း လန်းနိုင်ကြပါစေ၊
လန်းသော ပန်းတိုင်း ကြာရှည်တည်တံ့ နိုင်ကြစေဖို့ ဆန္ဒမွန်နဲ့ ရေးသား လိုက်ရပါတယ်။

#Yadanarpondaily

Friday, March 6, 2015

သီရိဂေဟာ


သီရိဂေဟာ

ဇော်နောင်ဟိန်း ( GUITAR )

အချိန်တန်ရင် အိမ်ပြန်ကြ ရတာမို့ လူတိုင်းရဲ့ဘဝမှာ အိမ်ဆိုတာ အရေးကြီးလ ပါတယ်။ အဖိုးတန်တဲ့ အိမ်ကြီး၊ အိမ်ကောင်းတွေမှာ နေနိုင်တဲ့သူတွေ ရှိသလို ဓနိမိုး၊ ထရံကာ ခပ်နွမ်းနွမ်း အိမ်လေးတွေမှာ နေကြ ရတဲ့သူတွေလဲ မနည်းလှပါဘူး။ အိမ်ဆိုတာ ခမ်းနားကြီးကျယ်မှ တောက်ပ သစ်လွင်မှ မဟုတ်ပါဘူး။ အိမ်ထဲမှာ အတူနေကြတဲ့ မိသားစုဝင်တွေ ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး နဲ့နေနိုင်ကြရင် ပျော်ရွှင်စရာ သီရိဂေဟာ ဖြစ်နေမှာပါပဲ။

တစ်ညကို သိန်းနဲ့ချီပေးရတဲ့ ဟိုတယ်မှာ တည်းခဲ့အုံးတော့ အမြဲနေရတဲ့ နေရာ မဟုတ်ပါဘူး။ ကိုယ့်ကို လေးစားရိုသေပြ နေတဲ့ ဟိုတယ်ဝန်ထမ်း တွေကို ကြည့်ပြီးတော့လဲ ပီတိကြားမှာ မျောနေလို့ မရပါဘူး။ ဟိုတယ်ကနေ အပြင်ရောက် သွားရင် အဲဒီပုံစံနဲ့ ဆက်ဆံမှာ မဟုတ်တော့ဘူး ဆိုတာ သတိထားဖို့ လိုပါတယ်။ နောက်ဆုံးတော့ အမေ့အိမ်၊ အဖေ့အိမ်၊ မိသားစုရဲ့အိမ် ကိုပဲ ပြန်လာ ရတာပါ။ ဒီအိမ်ထဲမှာ စားချင်သလိုစား၊ နေချင်သလိုနေ၊ အိပ်ချင်သလိုအိပ်။ ဒါပေမဲ့ မိသားစုဝင် တွေကိုတော့ မစော်ကား နဲ့ပေါ့။

အိမ်တစ်အိမ်မှာ မိသားစုဝင်တွေ ရှိကြသလို ထုံးစံအားဖြင့် အဖေက အိမ်ထောင်ဦးစီး ပါပဲ။ သား၊သမီး တွေဆိုတာ တစ်အူထုံ့ဆင်း တွေ ဖြစ်ကြအုံးတော့ လူ့သဘာဝအရ စကားများကြ၊ ခိုက်ရန်ဒေါသ ဖြစ်ကြတယ် ဆိုတာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်မိသားစု ထဲမှာ ဒီလိုပြဿနာတွေ ဖြစ်ပြီဆိုရင် ဟိုလူကကြည့်၊ ဒီလူကကြည့်နဲ့ အတော် ရှက်စရာကောင်းလှ ပါတယ်။ ပြီးရင် ကွယ်ရာမှာ အတင်းအဖျင်းတွေ ပြောကြလိမ့်မယ်။ နောက်တစ်ခုက စကား ခဏခဏများ၊ ရန်ဖြစ်နေတဲ့ အိမ်ကို မိတ်ဆွေကောင်းတွေ မလာတော့ပါဘူး။ မိတ်ဆွေကောင်းတွေ မလာရင် တိုးတက်မှုလဲ မရှိနိုင်တော့ ပါဘူး။

အိမ်တွင်းရေး ပြဿနာတစ်ခုကို အလွယ်တကူ ဖြေရှင်းပေး နိုင်တဲ့ အိမ်ထောင်ဦး စီးတွေရှိသလို ခက်ခက်ခဲခဲနဲ့ ဖြေရှင်းနေရတဲ့ သူတွေလဲ ရှိနေပြန်တယ်။ ပြဿနာရဲ့ အတိမ်အနက်ကို လိုက်ပြီး လွယ်ကူတာ၊ ခက်ခဲတာ ဆိုတာလဲ ရှိပြန်ပါတယ်။ ဒီနေရာမှာ ဘယ်သူမှားတယ်၊ မှန်တယ် ဆိုတာထက် အခြား မိသားစုဝင်တွေ မထိခိုက် စေဖို့ပါ။ အစ်ကိုကြီးနဲ့ အစ်မကြီးက ရန်ဖြစ်၊ စကားများနေတယ်။ အိုးခွက် ပန်းကန်တွေ ရိုက်ခွဲနေတယ်။ 

တစ်ဖက်မှာ စာမေးပွဲဖြေမယ့် ကလေးက စာကျက် မရတော့ဘူး။ ကလေးရဲ့ပညာရေး ထိခိုက်ပြီ။ အဲဒီကလေးရဲ့ ပညာရေး ထိခိုက်ရင် ဘယ်သူအပေါ် သက်ရောက်မှု ရှိမလဲ။ ဒီအိမ်အပေါ်မှာပဲ ဆိုးကျိုး သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး သူတို့ ပစ်လိုက်တဲ့ အိုးတွေ၊ ခွက်တွေ က ကလေးတွေကို ထိခိုက်ဒဏ်ရာ ရစေမယ်။ ဒဏ်ရာရလို့ ဆေးကုရရင် ပိုက်ဆံကုန်မယ်။ ဘယ်သူ့ပိုက်ဆံ တွေလဲ။ ဒီမိသားစုရဲ့ ပိုက်ဆံတွေပဲ။ ဒီကြားထဲ အငြိုးအတေးထားပြီး တစ်သက်လုံး မခေါ်၊ မပြောကြတော့ တဲ့ ညီအစ်ကို၊ မောင်နှမတွေလဲ ရှိကြပြန် သေးတယ်။ ဒီလို ဖြစ်နေတာတွေ ကို စည်းလုံးချစ်ခင် စေဖို့ကတော့ အိမ်တစ်အိမ်ရဲ့ အိမ်ထောင် ဦးစီးမှာ တာဝန်အရှိဆုံး ပါပဲ။

မိတ်ဆွေတစ်ယောက် ကတော့ သူ့သားသမီး တွေကို အခုလို ဆုံးမပါတယ်။''သားသမီးတို့ရေ၊ ချစ်ချစ်ခင်ခင် နေကြနော်။ သားတို့ ခဏခဏ စကားများ ရန်ဖြစ်နေရင် ပတ်ဝန်းကျင်က ဝမ်းသာ နေလိမ့်မယ်။ အကြီးက စိတ်ဆိုးပြီး သူများအိမ် သွားနေလိုက်၊ အငယ်က စိတ်ဆိုးပြီး သူများအိမ် သွားနေလိုက်နဲ့၊ သူများအိမ် သွားနေတော့ကော မင်းတို့ကို အလကား ကျွေးမထားပါဘူး။ အလုပ်လုပ် ရတာပါပဲ။ ကိုယ့်အိမ်မှာလဲ လုပ်ရမှာပါ။ ကိုယ့်အိမ်မှာ လုပ်ရတာဆိုရင် မင်းတို့က တောပြော၊ တောင်ပြောတွေ သိပ်ပြောချင် တာပဲ။ သူများဆီမှာ သွားလုပ်ရင် မင်းတို့ဘာများ ပြောနိုင်လို့လဲ။ ကိုယ့်ဆီမှာလဲ အခက်အခဲ ဆိုတာမျိုးတော့ ရှိနိုင်တာပေါ့။ မင်းတို့ ဟိုဟာခွဲ၊ ဒီဟာခွဲ ဆိုတော့ ကိုယ့်အိမ်က ပစ္စည်းတွေ ထိခိုက်၊ မိသားစုဝင်တွေ ထိခိုက်တာပဲ မို့လား။ သားကြီးရေ မင်းတစ်ခါက အဖေ့ကို စိတ်ဆိုးပြီး တစ်ခြားအိမ် သွားနေတုန်းက မှတ်မိလား။ အိမ်မှာနေရင် မနက် ၉ နာရီ မှ အိပ်ရာထတယ်။ ပြီးရင် လက်ဖက်ရည်ဆိုင် ထွက်တယ်။ နေ့လယ် ထမင်းစားချိန်မှ ပြန်လာတယ်။ တစ်ခါတလေများ အလုပ်ရှိလို့ စောစောနှိုးမိရင် မျက်နှာကြီး သုန်မှုန်ပြီး တစ်နေကုန် အဖေ့ကို ရန်ရှာ နေတော့တာလေ။ သူများအိမ် သွားနေတော့ မင်းမနက် ၅ နာရီ ထရတယ်။ သန့်ရှင်းရေး တွေ လုပ်ရတယ်။ သစ်ပင်တွေ ရေလောင်းရတယ်။ မင်း တစ်နေကုန် နားနားနေနေ နေခဲ့ရလို့လား။ အေး...ဘာပဲဖြစ်ဖြစ် သူ့အိမ်မှာ နေတော့ သူ့စည်းကမ်း၊ အဖေ့အိမ်မှာ နေရင်တော့ အဖေ့စည်းကမ်း ပေါ့ကွာ။ မင်းတို့ လိုက်နာနိုင် မလား။ တာဝန်နဲ့ ရပိုင်ခွင့် ဆိုတာရှိတယ်။ တစ်ကျပ်ဖိုးလောက် လုပ်ပြီး တစ်ဆယ်ဖိုး မလိုချင်နဲ့။ တစ်ဆယ်ဖိုး လုပ်ပြီး တစ်ကျပ်ပဲ ရရင်တော့ အဖေ့ကို ပြောဟေ့။ ဟုတ်လား။ အဖေက တာဝန်ယူ တယ်နော်'' ဆိုတာမျိုး ပြောရတယ်လို့ သူ့အဖြစ်အပျက် ကို ရင်ဖွင့်ပါတယ်။

အိမ်တစ်အိမ်ရဲ့ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ အေးချမ်း တည်ငြိမ်ခြင်း၊ မတည်ငြိမ်ခြင်း ဆိုတာ အိမ်ထောင်ဦးစီး နဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဦးဆုံး အပြောခံရမှာက အိမ်ထောင်ဦးစီး ပါပဲ။ တစ်နည်းအားဖြင့် အိမ်ထောင်ဦးစီး ဆိုတာ ခေါင်းဆောင်တွေ ပါပဲ။ နောက်လိုက်တွေ တော်ကြပေမယ့်၊ ခေါင်းဆောင် ညံ့ရင် ရလဒ်ညံ့ပါတယ်။ နောက်လိုက်တွေ ညံ့ပေမယ့် ခေါင်းဆောင် ကောင်းရင် ရလဒ်ကောင်း ပါတယ်။ ခေါင်းဆောင် လဲတော်၊ နောက်လိုက်လဲ တော်ဆိုရင်တော့ အတိုင်းထက အလွန်ပါပဲ။ အိမ်ထောင်ဦးစီး ကလဲ တာဝန်ကျေ၊ အစ်ကိုကြီး၊ အစ်မကြီးတွေ ကလဲ ရန်မဖြစ်ဘဲ လုပ်စရာ ရှိတာလုပ်၊ အငယ်တွေကလဲ ကြိုးစားကြတယ် ဆိုရင် အကောင်းဆုံး မိသားစုရဲ့အိမ် ဖြစ်လာမှာပါ။ ဒါဆိုရင် ကလေးတွေ ရန်မဖြစ်ကြနဲ့ လို့ အမိန့်ထုတ်ရမှာလား၊ မဟုတ်ပါဘူး။ ရန်မဖြစ်အောင် အမိန့်ထုတ်လို့ မရပါဘူး။'' ခဏလေး ရန်ဖြစ်ပြီး အကြာကြီး ပြန်ချစ်အောင်'' လုပ်ကြ ရမှာပါ။ ဒီလိုမှ မဟုတ်ရင် ပတ်ဝန်းကျင်က ဝမ်းသာ နေလိမ့်မယ်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Monday, February 16, 2015

လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော် အတွက် ရဲဝံ့စွန့်စားစွာ တာဝန် ထမ်းဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သော တပ်မတော်သားများအား တွေ့ဆုံ ဂုဏ်ပြု အားပေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လားရှိုးတပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသလျက် ရှိသော ဒဏ်ရာရ အရာရှိ ၊ စစ်သည်များ၏ ကျန်းမာရေး အခြေအနေများကို မေးမြန်းစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး က လောက်ကိုင်ဒေသ ကိုးကန့် သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်စဉ် အခြေအနေ များကို မြေပုံဖြင့် ရှင်းလင်းတင်ပြစဉ်

နေပြည်တော် ၊ ၁၆-၂-၂၀၁၅

လောက်ကိုင် ဒေသတိုက်ပွဲများတွင် အရာရှိ၊ စစ်သည်များ၏ နိုင်ငံတော်နှင့် တပ်မတော်အတွက် ရဲဝံ့စွန့်စားစွာ တာဝန် ထမ်းဆောင်မှုအတွက် ဂုဏ်ပြုပါကြောင်း၊ ထိခိုက်ဒဏ်ရာရသူများ အား တိုက်ပွဲနေရာမှ ရဟတ်ယာဉ်၊ မော်တော် ယာဉ်များဖြင့် ဆေးရုံများသို့ အမြန်ရောက်ရှိ အောင် စီမံဆောင်ရွက် ပေးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိမှုကိုလည်း လုပ်နိုင်သော အကောင်းဆုံး ကုသမှုများဖြင့် စိတ်ချရသည် အထိ ပျောက်ကင်းအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လူနာအား လာရောက်ကြည့်ရှု အားပေးသည့် မိသားစုဝင် များကိုလည်း စားသောက်နေထိုင်မှု ကိစ္စအဝဝ ကူညီစောင့်ရှောက် ပေးမည်ဖြစ်ကြောင်း၊ အချုပ်အခြာ အာဏာကို ထိန်းသိမ်း ကာကွယ်သည့် တရားသော စစ်ကို ဆင်နွှဲနေခြင်းဖြစ်၍ ရဟန်းရှင်လူ အပေါင်းကလည်း အားပေး ထောက်ခံလျက် ရှိပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်း ပြင်ဦးလွင်တပ်နယ် တပ်မတော် ဆေးရုံ၌ ဒဏ်ရာရ အရာရှိ၊ စစ်သည်များ၏ မိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြားရာတွင် ထည့်သွင်းပြော ကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသလျက် ရှိသော ဒဏ်ရာရ အရာရှိ ၊ စစ်သည်များ၏ မိသားစုများကို အားပေးစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသလျက် ရှိသော ဒဏ်ရာရ အရာရှိ ၊ စစ်သည်များအား ဂုဏ်ပြုငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်

ယခုကာလအတွင်း ဖြစ်ပွားခဲ့သည့် လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော်အတွက် စွန့် လွတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့် ရဲဝံ့စွာ တိုက်ပွဲဝင်ရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော တပ်မ တော်သား အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင် များအား ယနေ့နံနက်ပိုင်း၌ ပြင်ဦးလွင် တပ်နယ်နှင့် လားရှိုးတပ်နယ်ရှိ တပ်မတော် ဆေးရုံများတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့မှ သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ဂုဏ်ပြုငွေများ၊ အစားအသောက် ပစ္စည်းများ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ် ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်တို့ လိုက်ပါ၍ ပြင်ဦးလွင်တပ်နယ် တပ်မတော် ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူနေသော လောက်ကိုင် ဒေသတိုက်ပွဲများ၌ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များတို့က ဂုဏ်ပြုငွေများ၊ စားသောက် ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။ ထို့နောက် တပ်မတော်ဆေးရုံမှ တာဝန်ရှိသူများ၏ ထိခိုက်ဒဏ်ရာ ရရှိမှု ဆေးဝါးကုသမှု အခြေအနေ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသလျက် ရှိသော ဒဏ်ရာရ အရာရှိ ၊ စစ်သည်များ၏ ကျန်းမာရေး အခြေအနေများကို မေးမြန်းစဉ်


ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ဆေးရုံ ဧည့်ခန်းတွင် ဒဏ်ရာရ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ဆေးကုသနေစဉ် ကာလအတွင်း သုံးစွဲရန် ဂုဏ်ပြုငွေနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး လိုက်ပါ၍ လားရှိုးတပ်နယ် တပ်မတော် ဆေးရုံသို့ရောက်ရှိပြီး လောက်ကိုင်ဒေသ တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း အခြားတိုက်ပွဲများတွင် ထိခိုက် ဒဏ်ရာ ရရှိသူများအား ရင်းနှီးစွာ တစ်ဦးချင်းတွေ့ဆုံ အားပေးစကား ပြောကြားပြီး ဂုဏ်ပြုငွေ များ၊ စားသောက် ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် လောက်ကိုင်ဒေသ တိုက်ပွဲ များတွင် တိုင်းပြည်အတွက် အသက်စွန့် တာဝန် ထမ်းဆောင်ခဲ့သည့် တပ်မတော်သားများ၏ မိသားစုများအား သီးခြားတွေ့ဆုံ၍ တစ်ဦးချင်း အားပေးနှစ်သိမ့်စကား ပြောကြားပြီး ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ လားရှိုးတပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် လောက်ကိုင်ဒေသ တိုက်ပွဲများတွင် တိုင်းပြည်အတွက် အသက်စွန့် တာဝန်ထမ်းဆောင် ခဲ့သည့် တပ်မတော်သားများ၏ မိသားစုများအား တစ်ဦးချင်း 
အားပေးနှစ်သိမ့်စကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ လားရှိုးတပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် လောက်ကိုင်ဒေသ တိုက်ပွဲများတွင် တိုင်းပြည်အတွက် အသက်စွန့် တာဝန်ထမ်းဆောင် ခဲ့သည့် တပ်မတော်သားများ၏ မိသားစုများအား တစ်ဦးချင်း 
ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်စဉ်

ထို့နောက် တိုင်းစစ်ဌာနချုပ် အစည်းအဝေး ခန်းမတွင် လောက်ကိုင်ဒေသ ကိုးကန့် သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်စဉ် အခြေအနေများအား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးတို့က မြေပုံများနှင့် ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လို အပ်သည့် အုပ်ချုပ် ထောက်ပံ့မှု ကိစ္စရပ်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဆက်လက် လုပ်ဆောင်ရန် များအား မှာကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက်တွင် ရောက်ရှိခိုလှုံ နေကြသည့် လောက်ကိုင်ဒေသ ပတ်ဝန်းကျင်မှ တိုက်ပွဲရှောင်ဒေသခံ ပြည်သူများအား တွေ့ဆုံ အားပေးစကား ပြောကြားစဉ်

ယင်းနောက် မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက်သို့ သွားရောက်၍ ဘုန်းကြီးကျောင်းသို့ ရောက်ရှိ ခိုလှုံနေကြသည့် လောက်ကိုင်ဒေသ ပတ်ဝန်းကျင်မှ တိုက်ပွဲရှောင် ဒေသခံ ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည့် ကျပ်ငွေ သိန်း ၁ဝဝ၊ ဆန်အိတ် ၁ဝဝ နှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း၊ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဒုရဲအုပ် စိုးအေးထွန်းအတွက် ထောက်ပံ့ကြေးနှင့် စား သောက်ဖွယ်ရာများ အားလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ကျောင်းဓမ္မာရုံတွင် မန်ဆူဆရာတော် အဂ္ဂမဟာသဒ္ဓမ ဇောတိကဓဇ ဘန္ဒန ပုညာနန္ဒအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

လောက်ကိုင်ဒေသတွင် ကိုးကန့်တိမ်းရှောင် သောင်းကျန်းသူအဖွဲ့ အနေဖြင့် နိုင်ငံတော်အစိုးရ ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ စနစ်တကျ တိုက်ကွက်များ ဖန်တီးလုပ် ဆောင်ခဲ့ရာ တပ်မတော်မှ အသက်ကို ပဓါနမထားဘဲ ရြပ္ရြပ္ခႊၽံခႊၽံ ကာကွယ်တိုက်ခိုက် ခဲ့ကြသည်။ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့၍ တပ်မတော်သားအချို့ မွန်မြတ်စွာ အသက်ပေး လှူခဲ့ရပြီး အချို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ယခုအခါ ထိခိုက်ဒဏ်ရာရရှိသူများအား တပ်မတော် ဆေးရုံများသို့ မော်တော်ယာဉ်၊ ရဟတ်ယာဉ်များနှင့် အမြန်ဆုံး စီမံပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှု စောင့်ရှောက် ဆောင်ရွက်ပေးလျှက် ရှိကြောင်းနှင့် တိုက်ပွဲတွင် မွန်မြတ်စွာ အသက်စွန့် သွားခဲ့သူများ၏ အရိုးအိုးများ ကိုလည်း သက်ဆိုင်ရာ ဌာနချုပ်များသို့ သယ်ဆောင်၍ ကောင်းမွန်စွာ သဂြိုဟ် ပေးခဲ့သည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Friday, February 13, 2015

Facebook ကုမ္ပဏီက အိန္ဒိယနိုင်ငံတွင် အခမဲ့အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းစတင်



Internet.org Innovation Challenge: India
The Internet.org Innovation Challenge in India supports Internet.org’s vision of a connected world by recognizing those who are working to make the internet more relevant to women, students, farmers and migrant workers in India. Our goal with this challenge is to encourage the development of apps, websites and online services that provide real value for the members of these important communities.

ဝါရှင်တန် ၊ ၁၃-၂-၂၀၁၅

Facebook ကုမ္ပဏီက internet.org ပရောဂျက်ဖြင့် ဖွံ့ဖြိုးဆဲ ဒေသများတွင် အခမဲ့ မိုဘိုင်းလ် အင်တာနက် ၀န်ဆောင်မှုကို ပေးစွမ်းရန် ကြိုးပမ်းလျက် ရှိရာ ဖေဖော်ဝါရီ ၉ ရက် အိန္ဒိယနိုင်ငံ ၌ အခမဲ့ မိုဘိုင်းလ်ဖုန်း အင်တာနက် ၀န်ဆောင်မှုကို စတင် လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

Facebook ၏ အခမဲ့ မိုဘိုင်းလ် အင်တာနက် ၀န်ဆောင်မှုကို အိန္ဒိယနိုင်ငံ၌ စတင်ရာတွင် ပထမအဆင့် ဖြစ်သော အိန္ဒိယနိုင်ငံရှိ အင်တာနက် အဆက်အသွယ် မရှိသေးသူ တစ် ဘီလီယံ အတွက် ဦးစားပေးသည့် အနေဖြင့် အိန္ဒိယနိုင်ငံရှိ ပြည်နယ် ၆ ခုတွင်သာ Facebook ၏ အခမဲ့ ၀န်ဆောင်မှုကို ခံစားရနိုင်မည် ဖြစ်သည်။

အဆိုပါ အင်တာနက် ၀န်ဆောင်မှု ရရှိထားသော ဒေသများတွင် အသုံးပြုသူ များက သက်ဆိုင်ရာ Android App ဖြင့် အသုံးပြု နိုင်မည်ဖြစ်ပြီး App အတွင်း၌ အသုံးပြုသူများ အတွက် ကျန်းမာရေး အကြံပေး ၀န်ဆောင်မှု များနှင့် ဆက်သွယ်ရေး ၀န်ဆောင်မှုများ အပြင် Wikipedia ၊ BBC စသည့် မီဒီယာတို့နှင့် အတူ Facebook ကိုလည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Facebook တည်ထောင်သူ နှင့် CEO Mark Zuckerberg က ယခင်နှစ်အတွင်း အာဖရိက နှင့် လက်တင် အမေရိက ဒေသတစ်လျှောက် ရှိ လူဦးရေ သန်း ၁၅၀ ထက်ပိုသော နိုင်ငံများတွင် အဓိက ကျသည့် ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပေးနိုင်ရန် internet.org ပရောဂျက်ကို စတင်ခဲ့ရခြင်း ဖြစ်ကြောင်း ၄င်း၏ Facebook စာမျက်နှာ ပေါ်တွင် ဖော်ပြခဲ့သည်။

ယခင်က အင်တာနက် အသုံးပြုခွင့် မရသည့် လူဦးရေ ခြောက်သန်း ကျော်သည် ယခုအခါ အင်တာနက် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ၊ အချို့သော သူများနှင့် ၄င်းတို့၏ အသိုင်းအ၀ိုင်း တို့အတွက် အင်တာနက် အဆက်အသွယ် ရရှိခြင်းသည် ၄င်းတို့၏ ဘ၀ကို ပြောင်းလဲစေကြောင်း Mark Zuckerberg က ဆက်လက် ပြောပြခဲ့သည်။

ယခုအခါ Facebook အသုံးပြုသူ အများဆုံး ရှိသည့် အမေရိကန်နိုင်ငံ ၏ Facebook ဈေးကွက်ကို အိန္ဒိယက တစ်ချိန်တွင် ကျော်ဖြတ် သွားနိုင်မည်ဟု Facebook ကုမ္ပဏီမှ စိစစ်သူများက သုံးသပ် ထားကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Thursday, January 29, 2015

မြန်မာနိုင်ငံ၏ မြို့ပြ လူဦးရေ သိပ်သည်းဆမှာ အရှေ့အာရှ၌ ဒုတိယအမြင့်ဆုံး ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ



ရန်ကုန် ၊ ၂၉-၁-၂၀၁၅

မြန်မာနိုင်ငံ၏ မြို့ပြ လူဦးရေ သိပ်သည်းဆ မြင့်တက်မှုမှာ အရှေ့အာရှ ဒေသ၌ အင်ဒိုနီးရှား နိုင်ငံပြီး ပါက ဒုတိယ အမြင့်ဆုံးနိုင်ငံ ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန် လိုက်သော မြို့ပြဖွံ့ဖြိုးမှု
ဆိုင်ရာ အစီရင်ခံစာ East Asia's Changing Urban Landscape: Measuring a Decade of Spatial Growth တွင် ဖော်ပြချက် အရ သိရသည်။

အဆိုပါ အစီရင်ခံစာကို အရှေ့အာရှ ဒေသဆိုင်ရာ နိုင်ငံများ၌ မြို့ပြ ဧရိယာသို့ ပြောင်းရွှေ့ အခြေချ လာသည့် ဆင်းရဲသူ များကို မြို့ပြ ဖြစ်ထွန်းမှုမှ အကျိုးရရှိရန် ဆောင်ရွက် နိုင်ရေးအတွက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ ၏ မြို့ပြ လူဦးရေ သိပ်သည်းဆမှာ ၁ စတုရန်း ကီလိုမီတာ လျှင် လူဦးရေ ၆၂ဝဝ ရှိခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်တွင် လူဦးရေ ၇၅ဝဝ အထိ မြင့်တက်လာပြီး ယင်းမှာ အရှေ့အာရှ ဒေသ၌ ဒုတိယ အမြင့်ဆုံးနှုန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာ အရ မြန်မာနိုင်ငံ၏ မြို့ပြ ဧရိယာ၌ နေထိုင်သည့် လူဦးရေ သိပ်သည်းမှုမှာ မြင့်တက် လာသော်လည်း မြို့ပြ ဧရိယာ ချဲ့ထွင်မှုမှာ တစ်နှစ်လျှင် သုည ဒသမ ၈ ရာခိုင်နှုန်းသာ ရှိပြီး ဒေသတွင်း နိုင်ငံများ၌ တိုးတက်မှုနှုန်း အနိမ့်ဆုံး ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး မြို့ပြဧရိယာ ဖြစ်ပြီး စီးပွားရေး ဖြစ်လွယ်မှုနှင့် အခြား အခြေခံ အဆောက်အအုံ များမှာ အခြားမြို့ များထက် ပိုမို ကောင်းမွန် သောကြောင့် လူဦးရေ လာရောက် စုစည်း၍ သိပ်သည်းခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် ၏ မြို့ပြ ဧရိယာ ချဲ့ထွင်မှုမှာ ၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် သုည ဒသမ ၅ ရာခိုင်နှုန်း တိုးလာပြီး လူဦးရေ မြင့်တက်မှုမှာ တစ်နှစ်လျှင် ၂ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မြို့ပြ ဧရိယာတွင်၂ဝဝဝ ပြည့်နှစ်က လူဦးရေ ၄ သန်းကျော်ရှိရာမှ ၂ဝ၁ဝ ပြည့်နှစ်တွင် လူဦးရေ ၆ သန်းကျော် အထိ ပြောင်းရွှေ့ အခြေချ လာကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

Wednesday, December 24, 2014

ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် Facebook ကို မြန်မာနိုင်ငံမှ အသုံးပြုသူဦးရေ သုံးသန်းပြည့်ပြီ


ရန်ကုန် ၊ ၂၄-၁၂-၂၀၁၄

ကမ္ဘာ့ လူသုံးအများဆုံး လူမှုကွန်ရက် ဖြစ်သည့် Facebook ကို မြန်မာနိုင်ငံ၌ အသုံးပြုသူ ဦးရေ သုံးသန်း ပြည့်ခဲ့ပြီ ဖြစ်ကြောင်း ပြည်တွင်း အခြေစိုက် အိုင်စီတီကုမ္ပဏီ တစ်ခု ဖြစ်သည့် Amara Digital Marketing Agency မှ သိရသည်။

Facebook သုံးစွဲသူ သုံးသန်းအနက် ၁ ဒသမ ၈၆ သန်း (၆၂ ရာခိုင်နှုန်း) မှာ အမျိုးသားများ ဖြစ်ပြီး ၁ ဒသမ ဝ၈ သန်း (၃၆ ရာခိုင်နှုန်း) မှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။ ကျန် ၂ ရာခိုင်နှုန်းမှာ နှစ်သက်ရာ လိင် အမျိုးအစားကို ရွေးချယ်ပြီး အသုံးပြုကြ သူများ ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူ ပမာဏသည် မိုဘိုင်းလ်ဖုန်း အသုံးပြုမှု မြင့်တက် လာပြီးနောက် တိုးတက် လာခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းမှ Facebook သုံးစွဲသူများ အနက် အသက် ၂ဝ မှ ၃ဝ နှစ်ကြား သုံးစွဲသူ ဦးရေမှာ အများဆုံးဖြစ်ပြီး စုစုပေါင်း သုံးစွဲသူ အရေအတွက်၏ ၅၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ အသက် ၁၈ နှစ်အောက် အသုံးပြုသူ ဦးရေမှာ ၃၈ဝဝဝဝ ရှိသော်လည်း အသက် ၅ဝ မှ ၆၅ နှစ်ကြား သုံးစွဲသူ ဦးရေမှာ အနည်းဆုံး ဖြစ်ပြီး အသုံးပြုသူ ၈၈ဝဝဝ သာ ရှိကြောင်း အဆိုပါ အေဂျင်စီမှ သိရသည်။

မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူ ဦးရေသည် ၂ဝ၁၃ ခုနှစ် သြဂုတ်လက တစ်သန်းသာ ရှိခဲ့ရာမှ တစ်နှစ်အတွင်း သုံးဆ မြင့်တက် လာခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းရှိ Facebook သုံးစွဲသူ သုံးသန်းအနက် ၂ ဒသမ ၈ သန်းသည် မိုဘိုင်းလ် ထုတ်ကုန်များ ပေါ်မှတစ်ဆင့် အသုံးပြု ကြခြင်းဖြစ်ပြီး ကျန် အရေအတွက်မှာ ကွန်ပျူတာဖြင့် အသုံးပြုကြ သူများ ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းလ် ထုတ်ကုန် ၂ ဒသမ ၈ သန်းအနက် Android ဖုန်းများမှ တစ်ဆင့် အသုံးပြုသူ ဦးရေမှာ ၂ ဒသမ ၆ သန်း ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Tuesday, December 23, 2014

The Yangon Gallery တွင် ပြုလုပ်သော ၀ါရင့်ဂန္ထ၀င် အနုပညာရှင်များ စုစည်းတွေ့ဆုံသော အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ဝါရင့် ဂန္ထ၀င် ဂီတအနုပညာရှင်များ စုစည်းတွေ့ဆုံပွဲ အခမ်းအနား တွင် 
ဂုဏ်ပြုအမှာစကား ပြောကြားစဉ်


နေပြည်တော် ၊ ၂၃-၁၂-၂၀၁၄

The Yangon Gallery မိသားစုနှင့် အင်ပါယာ တေးဂီတအဖွဲ့မှ ဂီတမှူး ဇော်ဝင်းထွဋ် တို့ ပူးပေါင်း ပြုလုပ်သော ဝါရင့်ဂန္ထဝင် ဂီတ အနုပညာရှင် များအား စုစည်းတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ ည ၆ နာရီခွဲတွင် ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ် အတွင်းရှိ The Yangon Gallery ၌ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက် ချီးမြှင့်သည်။

အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ The Yangon Gallery မိသားစုများနှင့် ဖိတ်ကြား ထားသော ၀ါရင့် ဂန္ထ၀င် ဂီတ အနုပညာရှင် ကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ အမျိုးသား စာပေဆုရ လူမှုထူးချွန် ဝိဇ္ဇာပညာ ပထမအဆင့်ရ၊ စည်သူဘွဲ့ရ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဒေါက်တာ ဘိုကလေး တင့်အောင် က အနုပညာရှင်များ ကိုယ်စား ကျေးဇူးတင် နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် အနုပညာသည် နိုင်ငံတစ်ခု၏ သမိုင်းအစဉ်အလာ ကြီးမားမှုကို ဖော်ပြပါကြောင်း၊ မြန်မာမှု နယ်ပယ်တွင် ခေတ်ကာလ အဆက်ဆက် သီဆို ဖျော်ဖြေခဲ့ ကြသည့် တေးဂီတများ သည်လည်း မြန်မာလူမျိုး တို့၏ စိတ်ဓာတ်များကို အမျိုးမျိုး ပြောင်းလဲ စေသည့် ရသများကို ပေးစွမ်း နိုင်ကြောင်း၊ မြန်မာသံစဉ် မျိုးဆက်သစ်များ ပေါ်ထွက်လာ စေရန် မွေးထုတ် ပေးရန်လည်း လိုကြောင်းနှင့် မိမိတို့ သမိုင်း အစဉ်အလာ ကြီးမားမှု ပြရုပ်ကို ဖော်ပြသည့် ရိုးရာယဉ်ကျေးမှု နှင့် အနုပညာကို ခိုင်ခိုင်မာမာ ရှိနေစေရေး အနုပညာရှင်များ အပါအဝင် အားလုံးက ဝိုင်းဝန်း ထိန်းသိမ်းကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။

ဝါရင့် ဂန္ထ၀င် ဂီတအနုပညာရှင် များအား စုစည်းတွေ့ဆုံပွဲတွင် တက်ရောက် လာကြသူများ တေးသီချင်း စုပေါင်းသီဆိုကြစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ 
ဝါရင့် ဂန္ထ၀င် ဂီတအနုပညာရှင် ကြီးများအတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်စဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် The Yangon Gallery မှ တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာကို ဝါရင့် ဂီတပညာရှင် ကြီးများနှင့် အတူတကွ သုံးဆောင် ကြသည်။ ဂုဏ်ပြုညစာ ဖြင့် တည်ခင်းဧည့်ခံ နေစဉ်အတွင်း ၀ါရင့် ဂန္ထ၀င် ဂီတ ပညာရှင်ကြီး များက ဂနဝ္ထ င်တေးသီချင်း များဖြင့် ဧည့်ခံ ဖျော်ဖြေခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များ ကလည်း ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။ (၁ဝဝ)

#Themyawadydaily
#မြ၀တီနေ့စဉ်

မှတ်တမ်းဓာတ်ပုံများ





Thursday, December 4, 2014

ICRC မှ ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်ဒဏ်သင့် ဒေသများအတွက် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၇၅ သန်း သုံးစွဲမည်


ရန်ကုန် ၊ ၄-၁၂-၂၀၁၄

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ( International Committee of the Red Cross- ICRC )မှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ အကြမ်းဖက် ဒဏ်သင့်ဒေသ များအတွက် အလှူငွေ လှူဒါန်း ရန် နှင့် စစ်ဘေးသင့် ဒေသနေရာ များတွင် လူမှုရေး လုပ်ငန်းများ လုပ်ရန်အတွက် ၂ဝ၁၅ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၂၉ ဒသမ ၇၅ သန်း သုံးစွဲသွားမည် ဖြစ်ကြောင်း ICRC မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''မြန်မာနိုင်ငံ အတွက် အသုံးစရိတ် ကို ၂ဝ၁၄ ခုနှစ်ကထက် ၄ဝ ရာခိုင်နှုန်း ပိုမိုသုံးစွဲ မှာပါ။ သုံးစွဲငွေ ပမာဏရဲ့ သုံးပုံတစ်ပုံကို ရခိုင်ဒေသ အတွက် သုံးမှာပါ။ ရခိုင်ပြီးရင် တော့ ကချင်ဒေသ အတွက် သုံးမှာပါ။ မြန်မာနိုင်ငံ အတွင်းမှာ လူမှုရေး လုပ်ငန်းတွေလဲ လုပ်ဆောင် သွားမှာပါ '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ICRC သည် အဆိုပါ ငွေကြေးများကို ရခိုင်ပြည်နယ် အတွက် အသုံးပြုရာတွင် အကြမ်းဖက် ဒဏ်သင့် ဒေသများ ဖြစ်သည့် စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား နှင့် ရသေ့တောင် စသည့်မြို့တို့ရှိ ယာယီ ဒုက္ခသည်စခန်းများတွင် သောက်သုံးရေ ရရှိရေး ကျန်းမာရေး ဌာနများ နှင့် ဆေးရုံ၊ ဆေးခန်းများကို အဆင့်မြှင့် တင်ခြင်းနှင့် ယာယီ ရွှေ့ပြောင်းရေး စခန်းများကို ပြန်လည် နေရာချ ထားရေးနှင့် ကျေးရွာ အချို့ကို ရေ၊ အမိုးအကာ နှင့် သန့်ရှင်းရေး ဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်ရန် အတွက် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

ICRC သည် ၂ဝ၁၄ ခုနှစ်တွင် အကြမ်းဖက် ဒဏ်ခံရသည့် ဒေသများမှ ဆေးရုံ ၁၂ ရုံကို အရေးပေါ် ကုသနိုင်ရန် အထောက်အကူပြု ဆေးဝါးနှင့် ပစ္စည်းကိရိယာ များကို ပံ့ပိုးပေးခဲ့ပြီး ဒေသခံများ ဝင်ငွေ တိုးတက်ရေး အတွက် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဆောင်ရွက် ပေးထားကြောင်း သိရသည်။ (MIL)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Wednesday, August 27, 2014

ရောင်းသူ ၀ယ်သူ အသံတူပါစေ


ရောင်းသူ ၀ယ်သူ အသံတူပါစေ

ကြယ်စင်စိုး (မန္တလေး)

တစ်လမ်းလုံး စီးလာရတဲ့ ဘတ်စ်ကား ကလဲ ခရီးသည်က ခပ်ကျပ်ကျပ် နဲ့ လုံးထွေးစွာ စီးနင်းလိုက်ပါ ခဲ့ရသလို နေကပူ လေကပူနဲ့ တစ်ကိုယ်လုံးလဲ နေလောင်ခံ ထားရတဲ့ ဖယောင်းတိုင် တစ်ချောင်းလို ပျော့ဖတ် နေပါပြီ။ တော်သေး တာပေါ့။ ဘတ်စ်ကား ပေါ်က ဆင်းဆင်းချင်း သူသွားချင်တဲ့ နေရာက တန်းရောက်သွား လို့ပေါ့။ ဒီလိုမှမဟုတ် နေပူ လေပူ အောက်မှာ လမ်းလျှောက် ရတာကိုက မသက်သာလှ။

ဘတ်စ်ကား ပေါ်မှ ဆင်းပြီးတာနဲ့ ကုန်တိုက် တစ်ခုရဲ့ အပေါက်ဝ ကနေ အပေါ်ထပ်ကို လှေကားထစ် တွေအတိုင်း တက်လိုက် သွားခဲ့ရတယ်။ ကုန်တိုက်ထဲမှာ တပ်ဆင် ထားကြတဲ့ လေအေးစက် တွေကြောင့် အစောက ခံစား လာခဲ့ရတဲ့ အပူတွေ ကလဲ ဘတ်စ်ကားပေါ် ကနေဆင်း ကုန်တိုက်ပေါ် ခြေချမိ လိုက်တာနဲ့ ရုတ်ခြည်း ပျောက်ကွယ် သွားတာ တစ်ခဏ အတွင်းမှာပဲ သူ့ခန္ဓာကိုယ် တစ်ခုလုံး အအေးဓာတ် လေးတွေ စိမ့်ဝင်ပျံ့နှံ့ သွားပြီး သူ့ စိတ်တွေလဲ အခုမှ သက်သာရာ ရတော့တယ်။

ဘတ်စ်ကား ပေါ်မှာ လူကြား သူကြားထဲ တိုးကာ ဝှေ့ကာ ထိုင်လိုက်လာ ရတာမို့ ဖိုသီဖတ်သီ ဖြစ်နေတဲ့ သူ့ အဝတ်အစား လေးတွေကို အနည်းငယ် ပြင်ဆင်လိုက်ပြီး တဖျပ်ဖျပ်နဲ့ လင်းနေတဲ့ ရာဘာတုတ် လေးတွေကို ကိုယ်စီ ကိုင်ကာ စစ်ဆေးရေး တာဝန်ကို ပြုလုပ် နေကြတဲ့ အမျိုးသားလေး နှစ်ယောက်ရှိတဲ့ နောက်ထပ် အပေါက်ဝ တစ်ခုဆီကို ဝင်ဖို့ရာ အတွက် ချဉ်းကပ်လိုက် မိတယ်။ အဲဒီ အမျိုးသားလေး နှစ်ယောက် ရှိတဲ့ နောက်ထပ် အပေါက်ဝ တစ်ခုဆီကို ဝင်ဖို့ရာ အတွက် ချဉ်းကပ်လိုက် မိတယ်။ အဲဒီ အမျိုးသားလေး နှစ်ယောက်ရှေ့ ကနေ ကျော်ဖြတ်ပြီး တာနဲ့ သူ့နားထဲကို စကားလုံး လေးတွေက အလျှိုလျှို ဝင်ရောက် လာပါတယ်။

''မင်္ဂလာပါရှင်၊ မင်္ဂလာပါ ခင်ဗျာ...က ကြိုဆို ပါတယ်။ ဘာများ ကူညီပေး ရမလဲ...'' စတဲ့ ကြိုဆို နှုတ်ဆက်တဲ့ စကားသံတွေ၊ စကားသံတွေ အားလုံးဟာ သူ့ကိုချည်း ပြောနေတာ မဟုတ်ဘဲ သူ့လိုပဲ ဒီနေရာကို ဝင်ရောက် လာကြသူတွေ အားလုံးကို ပြောနေခြင်း ဖြစ်ပါတယ်။ ''မင်္ဂလာပါ'' လို့ ပြန်လည် နှုတ်ဆက် စကား ဆိုလိုက်ရင်း သူ့နောက်က ကပ်လိုက် လာတဲ့ အမျိုးသားလေး တစ်ဦးဆီကို သူ့ မှတ်ပုံတင်ကို ပြကာ လာရင်း ကိစ္စကို ပြောပြ လိုက်တယ်။ အဲဒီ အမျိုးသား လေးကပဲ သူ့မှတ်ပုံတင် နဲ့ စာရွက် စာတမ်းလေးကို ကောင်တာမှာ ထပ်မံပြ လိုက်ပြီး သူ့ကို ခဏထိုင် စောင့်ဖို့၊ မိုက်ခရိုဖုန်း ကနေ နာမည် ခေါ်သံကြားရင် ထလာဖို့ တရင်းတနှီး ပြောပါတယ်။ နီးစပ်ရာ ကုလားထိုင် တစ်လုံးပေါ်မှာ အများ နည်းတူ ဝင်ထိုင် လိုက်ရင်း သူ့နာမည် ခေါ်မယ့် အသံလေး ကိုပဲ နားစွင့် နေလိုက်တယ်။

အခု သူ ဒီနေရာကို ရောက်လာ ရခြင်းကတော့ ပုဂ္ဂလိက ဘဏ် တစ်ခုဆီကို ငွေထုတ်ဖို့ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ ကုလားထိုင် လေးပေါ်မှာ ထိုင်နေမိရင်း သူ့မျက်လုံး တွေက အစောက ဘဏ်ထဲကို စတင် ဝင်လာမိတဲ့ ဝင်ပေါက်ဆီ ကိုပဲ အကြည့် ရောက်ရှိ သွားခဲ့တယ်။ ငွေထုပ်ကို ဆွဲပြီး ဝင်လာကြတဲ့ သူတွေရှိကြ သလို ငွေထုပ်ကို ကိုင်ပြီး ဘဏ်ထဲကနေ ထွက်ခွာ သွားကြသူ တွေနဲ့ အဆက်မပြတ် လူမျိုးပေါင်းစုံ အမျိုးသား၊ အမျိုးသမီး တွေကို ထိုင်နေရင်းနဲ့ မြင်နေ ရပါတယ်။ ဝင်လိုက်ကြ၊ ထွက်လိုက်ကြ နဲ့ ဥဒဟို လုပ်နေကြတဲ့ လူတွေကိုလဲ အစောက ပြောတဲ့ ဝန်ထမ်းဖြစ်သူ အသက်အစိတ် လောက် ရှိနိုင်မယ့် အမျိုးသား၊ အမျိုးသမီး လေးတွေက တစ်ဖက် တစ်ချက်စီ ကနေ ဖော်ရွေစွာ နဲ့ခေါင်း တွေကို ကိုယ်စီငုံ့ကာ '' မင်္ဂလာပါရှင်၊ မင်္ဂလာပါ ခင်ဗျာ၊ ဘာများ ကူညီ ပေးရမလဲ၊ ငွေထုတ် မလားရှင်၊ ငွေလွှဲ မလားခင်ဗျာ'' စတဲ့ နှုတ်ခွန်းဆက် ကြိုဆိုတဲ့ စကားတွေကို ပြောဆို နေကြ ပါတယ်။ တစ်ဦးတစ်ယောက် ထဲကို ပြောနေတာ မဟုတ်ဘဲ လာသမျှ လူအားလုံးကို ဒီစကားတွေနဲ့ ပြောဆိုကြ သလို ငွေထုတ်၊ ငွေသွင်း၊ ငွေလွှဲ ကိစ္စ ပြီးဆုံးလို့ ပြန်လည် ထွက်ခွာမယ့် လူတွေကိုလဲ ''ကျေးဇူးပါ'' ဆိုတဲ့ စကားလုံးနဲ့ တုံ့ပြန် နှုတ်ဆက် နေပါ သေးတယ်။

ဒါပေမဲ့ ဝန်ထမ်း အမျိုးသား၊ အမျိုးသမီး လေးတွေက အဲဒီလို ဝင်လာတဲ့ လူတွေ အားလုံးကို ဖက်လဲတကင်း ပြုံးရွှင်စွာနဲ့ နှုတ်ခွန်းဆက် ကြိုဆို နေသလောက် ဒီအထဲကို ဝင်လာကြတဲ့ လူတွေ အတော် များများဟာ ''မင်္ဂလာပါ'' ဆိုတဲ့ စကားလေးကို ပြန်လည် တုံ့ပြန် ပြောဆိုမှု မရှိကြဘူး ဆိုတာကို သူ သတိထားမိ လိုက်တယ်။ အနည်းဆုံး ပြန်လည် ပြုံးပြဖို့ ကိုတောင် ဝန်လေးစွာနဲ့ ဝင်လာကြတဲ့ သူတွေရှိကြ သလို ထွက်ခွာ သွားကြတဲ့ သူတွေလဲ အများကြီးကို တွေ့မြင် နေရပါတယ်။ အဲဒီလူတွေ အားလုံးရဲ့ စိတ်ထဲမှာ ဝန်ထမ်း အမျိုးသား၊ အမျိုးသမီး တွေကို အခကြေးငွေ ပေးပြီး ပြောခိုင်း ထားတာ။ သူတို့ တာဝန်က ဒီလို လာသမျှ ဧည့်သည် တွေကို အဲဒီလို နှုတ်ဆက်စကား ဆိုဖို့ ဧည့်ကြို သက်သက်ပဲ။ သူတို့တာဝန်၊ သူတို့အလုပ်၊ သူတို့ငွေကြေး ရမယ့် အလုပ်လုပ် နေတာပဲ။ ပြန်လည် တုံ့ပြန် နှုတ်ဆက်ဖို့ မလိုအပ် ဘူးလို့ မှတ်ယူ ထားကြ၊ တွေးထင် ထားကြတယ် ထင်ပါရဲ့။ အမှန် တကယ်လဲ အဲဒီ အမျိုးသား၊ အမျိုးသမီး လေးတွေဟာ သူတို့ တာဝန် တစ်ခုအရ ပြောနေရခြင်း ဖြစ်ပါတယ်။ သို့သော် ဘာပဲ ဖြစ်ဖြစ်ပေါ့ တာဝန်အရ နှုတ်ဆက် တာပဲဖြစ်ဖြစ်၊ စိတ်ထဲက တကယ် ဆန္ဒရှိလို့ နှုတ်ဆက် တာပဲ ဖြစ်ဖြစ်၊ တစ်ဦး တစ်ယောက်ရဲ့ အသိအမှတ်ပြု မှုကို တစ်ဖက်လူ တစ်ယောက်က ပြန်လည် အသိအမှတ် ပြုရမယ် ဆိုတာ လူသား အားလုံးရဲ့ ယဉ်ကျေးမှု တစ်ရပ် ဖြစ်ပါတယ်။

မြန်မာ စကားပုံ တစ်ခုမှာလဲ ''မချစ်သော်လဲ အောင့်ကာနမ်း ရမည် '' ဆိုတဲ့ စကားက ရှိနေပြီးသား ပဲလေ။ ကိုယ်မချစ်ခင်၊ မနှစ်သက်တဲ့ လူတွေနဲ့တောင် အခွင့်အရေး ကြုံလာခဲ့ရင် သူငယ်ချင်း မိတ်ဆွေတစ်ဦး လို ပြောဆို ဆက်ဆံ နေထိုင်ကြ ရသေးတာပဲ။ အခု ဒီအထဲကို ရောက် လာကြ သူတွေ အားလုံးဟာ အစောက ဝန်ထမ်း အမျိုးသား၊ အမျိုးသမီး လေးတွေနဲ့ တစ်ဦးကို တစ်ဦး ရန်ငြိုးရန်စ ရှိပြီး အမုန်းတရား တွေ ရှိနေကြ တဲ့သူတွေမှ မဟုတ်ကြတာ။ အဲဒါကိုများ ဘာအတွက်နဲ့ ပြန်လည် တုံ့ပြန် နှုတ်ဆက်စကား လေးတစ်ခွန်း ဆိုဖို့ ဝန်လေး နေကြရတာ ပါလိမ့်လို့ တွေးနေမိရင်း...။

မိုက်ခရိုဖုန်း ကနေ သူ့ နာမည်လေးကို ခေါ်နေ တာကြောင့် အတွေးစက ပြတ်သွားခဲ့ပြီး ထိုင်ရာမှ ထကာ ငွေထုတ် ကောင်တာဆီကို ငွေသွား ထုတ်ပြီး ဘဏ်တိုက်ထဲ ကနေ ပြန်လည် ထွက်လာ ခဲ့တယ်။ ခါးကလေး ကိုင်းကာ ကျေးဇူးပါလို့ ပြောလာတဲ့ အမျိုးသားလေးကို ခေါင်းညိမ့်ကာ နှုတ်ဆက်ခဲ့ရင်း ခဏအကြာ မှာတော့ ဧည့်ကြို ဝန်ထမ်း အမျိုးသား၊ အမျိုးသမီးလေး တွေရဲ့ နှုတ်ခွန်းဆက် ကြိုဆို စကားသံ၊ ကျေးဇူးတင် စကား ပြောကြားသံ တွေက သူ့နောက်ကျောမှာ ကျန်နေရစ်ခဲ့ ပါတယ်။ 

တစ်ဆက်တည်း ဆိုသလို ရောင်းသူဝယ်သူ အသံတူ ရမယ် ဆိုတဲ့ စကားလေးကို ကြားယောင် မိရင်း အခု ဒီဘဏ်ထဲကို ဝင်ထွက် သွားလာ နေကြတဲ့ လူတွေကို ကြည့်ပြီး အခုလိုပဲ နေရာဌာန တိုင်းမှာ ရောင်းသူနဲ့ ဝယ်သူကြားမှာ အသံမတူညီ နိုင်ကြတဲ့လူတွေ အတော် များများကို သူ...အတော်လေး အံ့သြ နေမိ ပါတော့တယ်။

#Yadanarpondaily

Wednesday, August 20, 2014

နယ်မြေလုံခြုံရေး အခြေအနေကြောင့် ကျေးရွာ ပြောင်းရွှေ့နေထိုင်သော ဒေသခံပြည်သူ များအား စားသောက်ဖွယ်ရာများ ထောက်ပံ့


နေပြည်တော် ၊ ၂၀-၈-၂၀၁၄

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ စဘော်မှော် ကျေးရွာ မှ အိမ်ထောင်စု ၉၁ စု ၊ လူဦးရေ ၃၁၈ ဦးသည် နယ်မြေ လုံခြုံရေး အခြေအနေ ကြောင့် သြဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့ များတွင် ဆိုင်းဖရာ ကျေးရွာရှိ ဘုရားရှိခိုး ကျောင်းများသို့ ပြောင်းရွှေ့ နေထိုင်လျက် ရှိရာ အဆိုပါ စဘော်မှော် ကျေးရွာမှ ရွာသူ ရွာသား များအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ တာဝန်ရှိ သူများ ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နှင့် မြို့နယ် ဌာနဆိုင်ရာ များမှ တာဝန်ရှိ သူများက သြဂုတ်လ ၁၃ ရက် နံနက်ပိုင်းတွင် သွားရောက် တွေ့ဆုံ အားပေးစကား ပြောကြား ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ ထောက်ပံ့သော ဆန်အိတ် ၅၀ နှင့် ဆီ ပိဿာ ၃၀ တို့ကို ပေးအပ်ခဲ့သည်။

ထို့နောက် စဘော်မှော် ကျေးရွာ မှ ဆိုင်းဖရာ ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်လျက် ရှိသော ရွာသူ ရွာသား များအား ပြန်လည် ပြောင်းရွှေ့ နေထိုင်နိုင်ရေး အတွက် ကျေးရွာ များမှ ရပ်မိ ရပ်ဖိများ နှင့် ပေါင်းစပ် ညှိနှိုင်း ပေးခြင်း နှင့် ရွှေ့ပြောင်း ရာတွင် ယာဉ်များ သွားလာ နိုင်ရေး အတွက် ဆိုင်းဖရာ - စဘော်မှော် ကျေးရွာသွား လမ်းရှိ တံတားအား ပြန်လည် ပြုပြင်ပေးခြင်း များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

Friday, December 13, 2013

၂၀၁၃ ခုနှစ်၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ် ကို တိုင်းမ်မဂ္ဂဇင်း ရွေးချယ်


ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်

ဝါရှင်တန် ၊ ၁၃-၁၂-၂၀၁၃

ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ် ကို ၂ဝ၁၃ ခုနှစ်၏ အကျော်ကြားဆုံး သော ပုဂ္ဂိုလ်အဖြစ် ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်း ကြီးက ယမန်နေ့ တွင် ရွေးချယ် ခဲ့ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီး သည် အမေရိကန် သမ္မတ ဘားရက် အိုဘားမား ၊ ဆီးရီးယား သမ္မတ ဘာရှာ အယ်အာဆတ် ၊ အမေရိကန် အမျိုးသား အေဂျင်စီ မှ ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သူ အက်ဒွပ် စနိုးဒင်း ၊ အီရန် သမ္မတ ဟက်ဆန် ရိုဟာနီ နှင့် အမေရိကန် ကျန်းမာရေး နှင့် ပြည်သူ့ ဝန်ဆောင်မှု ရေးရာဝန်ကြီး ကက်သလင်းဆီး ဘီးလီးယပ်စ် တို့ကို ကျော်ဖြတ်၍ ယခုနှစ်၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံ ခဲ့ရခြင်း ဖြစ်သည်။

ပုပ်ရဟန်း မင်းကြီး ဖရန့်ဆစ်သည် လွန်ခဲ့သည့်နှစ် မတ်လ အတွင်းက ပုပ်ရဟန်း မင်းကြီး ဘန်နဒစ် ထံမှ အရိုက်အရာ ကို လွှဲပြောင်းရယူ ခဲ့ခြင်းဖြစ်ပြီး ၄င်း တာဝန်ယူစဉ် ကိုးလအတွင်း ဗာတီကန် နန်းတော် အတွင်း အပြောင်းအလဲ များစွာ လုပ်ဆောင် ခဲ့သည့်အပြင် အမျိုးသမီး များ၏ အခန်းကဏ္ဍ ၊ လက်ထပ် ထိမ်းမြားခြင်း ၊ ပွင့်လင်း မြင်သာမှု ရှိခြင်း စသည်တို့တွင် အရေးပါသည့် နေရာမှ ပါဝင်ခဲ့သည်။

အလားတူ ပုပ်ရဟန်း မင်းကြီး သည် ယခင် ပုပ်ရဟန်း မင်းကြီးများ စီးနင်းခဲ့သည့် ဇိမ်ခံ Mercedes ကားကြီး အစား ၁၉၈၄ မော်ဒယ် Renault အမျိုးအစား တစ်ပတ်နွမ်း ကားလေးကိုသာ စီးနင်းပြီး ဂုဏ် ၊ ပကာသန များကို ဖယ်ရှား ခဲ့သည်ဟု သိရသည်။

Thursday, December 5, 2013

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ ဗီဇာတိုးရန် One Stop Service Center များ ဖွင့်ရန်စီစဉ်


ရန်ကုန် ၊ ၅-၁၂-၂၀၁၃

ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမား များအတွက် ဗီဇာ သက်တမ်း တိုးရန် ထိုင်း - မြန်မာ နယ်စပ် တစ်လျှောက်တွင် One Stop Service Center များ ဖွင့်လှစ်ရန် စီစဉ် နေကြောင်း အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရသည်။

အဓိက အားဖြင့် ဗီဇာကုန် နေသည့် မြန်မာ ရွှေ့ပြောင်း လုပ်သားများကို ရည်ရွယ်သည် ဟုလည်း သိရသည်။ အဆိုပါ အလုပ်သမားများ အတွက် One Stop Service Center များကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အပါအဝင် ထိုင်း - မြန်မာ နယ်စပ်ဒေသ များဖြစ်သည့် မယ်ဆိုင် (တာချီလိတ်) ၊ မဲဆောက် (မြဝတီ) ၊ ပူနရွန် (ထီးခီး) ၊ ဆင်ဂေါင်း (မောတောင်) နှင့် ရနောင်း (ကော့သောင်း) တို့တွင် ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း သိရသည်။

အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အနေဖြင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာ အလုပ်သမားများ ဆက်လက် လုပ်ကိုင်ခွင့် ရရေးအတွက် ယခင် ယာယီ နိုင်ငံကူး လက်မှတ်အစား နိုင်ငံကူး လက်မှတ် ပတ်(စ်)ပို့အနီ ပြောင်းလဲ ထုတ်ပေး သွားမည်ဖြစ်ပြီး အလုပ်သမားများ အနေဖြင့် မှတ်ပုံတင် ၊ သန်းခေါင် စာရင်း စသည့် အထောက်အထား များနှင့်အတူ နယ်စပ်ဒေသရှိ သက်ဆိုင်ရာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး စခန်းများ One Stop Service Center တွင် လာရောက် ပြုလုပ်ရမည် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာ သက်တမ်းကုန်ဆုံး နေသည့် မြန်မာ အလုပ်သမား ၃ဝဝဝဝ ကျော် ရှိနေပြီး ထိုင်းတွင် မြန်မာ ရွှေ့ပြောင်း လုပ်သား အင်အား သုံးသန်း အထက်တွင် ရှိကြောင်း သိရှိရသည်။

Tuesday, November 26, 2013

အိုင်ယာလန်နိုင်ငံသား တစ်ကိုယ်တော် အပြေးသမား စဥ့်ကိုင်မြို့ကို ရောက်ရှိဖြတ်ကျော်


စဥ့်ကိုင် ၊ ၂၆-၁၁-၂၀၁၃

အိုင်ယာလန် နိုင်ငံရှိ ၄င်း နေထိုင်ရာမြို့မှ စတင် ပြေးလာခဲ့သူ တစ်ကိုယ်တော် အပြေးသမား Mr. Mangan Tony သည် ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံ အတွင်းသို့ မြ၀တီမြို့ မှတစ်ဆင့် ၀င်ရောက် လာရာ မန္တလေးတိုင်း ဒေသကြီး စဥ့်ကိုင်မြို့ သို့ နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီ မိနစ်၂ဝတွင် ရောက်ရှိ ဖြတ်ကျော် သွားကြောင်း သိရသည်။

၎င်းသည် ဥရောပ မှ အာရှတိုက် ကို ပတ်ကာ နေရင်းဒေသ အိုင်ယာလန် နိုင်ငံသို့ ပြန်ရောက် သည်အထိ ကီလိုမီတာ ၅၃ဝဝဝ ကျော် ပြေးရန် မျှော်မှန်း ထားကြောင်း ယခုအချိန် ထိ နိုင်ငံ ရှစ်နိုင်ငံကို ဖြတ်သန်းလျက် ကီလိုမီတာ ၃၈၀၀၀ ကျော်ကို ပြေးခဲ့ပြီး ဖြစ်ကြောင်း ၊ ယခုမြန်မာ နိုင်ငံမှာ ကိုးနိုင်ငံမြောက် ဖြစ်ပြီး ကျောက်ဆည် ၊ စဥ့်ကိုင် မှ စစ်ကိုင်း ၊ ရွှေဘို ၊ ကလေး ၊ တမူးမြို့ များသို့ ဖြတ်သန်းလျက် အိန္ဒိယ နိုင်ငံသို့ ကူးမည် ဖြစ်ကြောင်း ၊ အိုင်ယာလန် နိုင်ငံမှ စတင် ပြေးလာခဲ့ သည်မှာ ယခုအချိန်ထိ သုံးနှစ် နှင့် တစ်လရှိ ခဲ့ပြီ ဖြစ်ကြောင်း ၊ နောက်ထပ် ကျန်ရှိနေသော နိုင်ငံ ၆ နိုင်ငံကို ၁၁ လနှင့် အပြီး ဖြတ်ကျော်၍ အိုင်ယာလန် နိုင်ငံသို့ ပြန်လည် ရောက်ရှိရန် မျှော်မှန်း ထားကြောင်း သိရသည်။

Mr. Mangan Tony သည် ပင်စင်စား ၀န်ထမ်းဟောင်း တစ်ဦး ဖြစ်ပြီး အသက် ၅၆ နှစ်ရှိပြီ ဖြစ်ကြောင်း ၊ ၄င်း၏ P.P နံပါတ်မှာ PC 6641345 ဖြစ်ပြီး Visa No B 316120 ဖြစ်ကြောင်း ၊ ခွင့်ပြု TORRIST VISA မှာ ၂၈ ရက်ဖြစ်ပြီး ၁၆ ရက် အသုံးပြုပြီး ဖြစ်ကာ ၁၂ ရက် ကျန်ရှိ သေးကြောင်း ၊ ၄င်းကို မြန်မာနိုင်ငံ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ ၊ မန္တလေးတိုင်း တပ်ဖွဲ့စု မှ ဒုတိယ ရဲအုပ် ကျော်မင်း က အနီးကပ် လိုက်ပါ စောင့်ရှောက်လျက် ရှိကြောင်း သိရှိရသည်။


Monday, November 25, 2013

မြန်မာနိုင်ငံ ရှိ တိုင်းရင်းသား လူမျိုးစု ၁၀၀ ကျော်အနက် ရိုဟင်ဂျာ ဆိုသည့် လူမျိုးစု မည်သည့် အခါကမှ မရှိခဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ပြောကြား



နေပြည်တော် ၊ ၂၅-၁၁-၂၀၁၃

(၆၈)ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယ ကော်မတီ ၏ အစည်အဝေး ကို နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့၌ ကျင်းပရာ မြန်မာ ၊ ဆီးရီးယား ၊ အီရန် နှင့် မြောက်ကိုရီးယား နိုင်ငံတို့၏ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အဆို မူကြမ်းများကို အရေးယူ ဆုံးဖြတ် ခဲ့ကြကြောင်း ၊ မြန်မာနိုင်ငံ နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် အချို့ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် က ကန့်ကွက် ပြောကြားမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အဆို မူကြမ်းများကို အရေးယူ ဆုံးဖြတ်ခဲ့မှု နှင့် ပတ်သက်၍ ကုလ သမဂ္ဂ သတင်းဌာနမှ နိုဝင်ဘာ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်သည့် အစည်းအဝေး သတင်း မှတ်တမ်းတွင် မြန်မာနိုင်ငံ ၏ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်လာ မှုကို ကိုယ်စားလှယ် အဖွဲ့က တစ်ခဲနက် ကြိုဆို ခဲ့ကြပါကြောင်း ၊ '' DELEGATES HAIL HUMAN RIGHTS IMPROVEMENTS IN MYANMAR AS THIRD COMMITTEE APPROVES 8 DRAFT RESOLUTIONS, INCLUDING 4 COUNTRY - SPECIFI TEXTS '' ခေါင်းစီးဖြင့် အလေးပေး ဖော်ပြ ထားသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံ ၏ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အဆို မူကြမ်းနှင့် ပတ်သက်၍ တတိယ ကော်မတီ ၌ အရေးယူ ဆုံးဖြတ်သည့် အချိန်တွင် ပါဝင် ဆွေးနွေး ပြောကြားသူ အချို့က မြန်မာနိုင်ငံ တွင် အပြု သဘောဆောင် သည့် စီးပွားရေး နှင့် နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှု များကို အသိအမှတ် ပြုကြိုဆို ခဲ့ကြပြီး အနာဂတ် တွင် မြန်မာနိုင်ငံ အတွက် အလားတူ အဆို မူကြမ်းအား တတိယ ကော်မတီ တွင် တင်သွင်းမှုကို အဆုံးသတ် ကြရန် တောင်းဆို ခဲ့ကြကြောင်း လည်း သိရသည်။

အဆိုမူကြမ်း ကို ကော်မတီ က မဲမခွဲဘဲ အတည်ပြု ချမှတ်ပြီးနောက် ယင်း ဆုံးဖြတ်ချက် နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင် က ဆုံးဖြတ်ချက် တွင် ပါရှိသည့် ရိုဟင်ဂျာ လူနည်းစု ဟူသည့် စကား အသုံးအနှုန်း ကို ယခင် ကာလများ အတိုင်း ဆန့်ကျင် ပါကြောင်း ၊ မိမိတို့ မြန်မာနိုင်ငံ တွင်ရှိသော တိုင်းရင်းသား လူမျိုးစု ၁၀၀ ကျော်အနက် ထိုကဲ့သို့ သော လူမျိုးစု တစ်စု မည်သည့် အခါကမှ မရှိခဲ့ ပါကြောင်း။

အကြမ်းဖက် မှုများ ပြန်လည် ဖြစ်ပွားခြင်း ကို ကာကွယ်ရန် နှင့် ပြစ်မှု ကျူးလွန် သူများအား လူမျိုး ဘာသာ မခွဲခြားဘဲ အရေးယူ ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရ အနေဖြင့် ဆောင်ရွက်လျက် ရှိသည်ကို အရေးကြီး ဆုံး အချက်အဖြစ် တင်ပြ လိုပါကြောင်း ၊ မကြာခင် က မြန်မာနိုင်ငံ သို့ IOC အဖွဲ့၏ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ရောက်ရှိ ချိန်တွင် အကြမ်းဖက် မှုအားလုံးကို ရပ်တန့်ရန် ၊ ပြည်သူ လူထုကို အကာ အကွယ်ပေးရန် နှင့် လူ့အခွင့်အရေး နှင့် အခြေခံ လွတ်လပ်ခွင့် များအား အပြည့်အ၀ လေးစား လိုက်နာစေရေး ဆောင်ရွက်ရန် တို့အတွက် အာမခံကြောင်း ကို နိုင်ငံတော် အစိုးရ က ပြောကြား ခဲ့ပြီး ဖြစ်ပါကြောင်း။

ကိုးကွယ် ယုံကြည်မှု မတူညီသူ အချင်းချင်း စေ့စပ် ဆွေးနွေးမှု များ အားပေးမြှင့်တင် ရန်နှင့် လူသားချင်း စာနာ ထောက်ထား မှု အထောက်အပံ့ များကို ပေးအပ်နိုင်ရေး တို့ကို နိုင်ငံတကာ အသိုင်းအ၀ိုင်း နှင့် နိုင်ငံတော် အစိုးရ တို့ ပူးပေါင်း လုပ်ဆောင် ခဲ့ပြီး ဖြစ်ပါကြောင်း ၊ IOC အဖွဲ့ လာရောက်ခွင့် ပြုခြင်းမှာ မြန်မာနိုင်ငံ ၏ လူသားချင်း စာနာ ထောက်ထားမှု အခြေအနေ အရပ်ရပ်ကို ယခုထက် ပိုမို ကောင်းမွန် လာစေရန် နိုင်ငံတကာ အသိုင်းအ၀ိုင်း နှင့် ဆက်ဆံရေး အတ်ွက အသင့် ရှိသည်ကို မြန်မာနိုင်ငံ က ပြသခဲ့ခြင်း ဖြစ်ပါကြောင်း။

မြေယာ ပိုင်ဆိုင်မှု အခွင့်အရေး သို့မဟုတ် လွတ်လပ်စွာ သွားလာ လှုပ်ရှားမှု သို့မဟုတ် ရပိုင်ခွင့်များ ရယူ အသုံးပြု မှုကဲ့သို့သော တည်ဆဲ ဥပဒေ အောက်တွင် ရှိသည့် လုံခြုံရေး အခြေအနေ များနှင့်အညီ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေအရ ထည့်သွင်း စဉ်းစား သွားမည် ဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံ တည်းကို ရွေးချယ်၍ ညီလာခံ တွင် တရားဝင် တင်ပြပြီး ဆုံးဖြတ်ချက် ချမှတ်မှု ကို ကန့်ကွက် ပါကြောင်း ၊ ကုလ သမဂ္ဂ ၏ လူ့အခွင့်အရေး စောင့်ကြည့်ရေး အစီရင်ခံစာ အဖွဲ့ ( UPR ) သည်သာ နိုင်ငံတိုင်း တွင် ဖြစ်ပေါ် နေသည့် လူ့အခွင့်အရေး အခြေအနေ များကို မျှသစွာ ဖြေရှင်း ရမည့် တစ်ခုတည်း သော စောင့်ကြည့်သည့် ယန္တရား ဖြစ်သည်ဟု ယုံကြည် ပါကြောင်း ၊ လူ့ အခွင့်အရေး ကို ကာကွယ် ပေးခြင်း နှင့် အားပေး မြှင့်တင်ခြင်း လုပ်ငန်းမှာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ တာဝန် ၀တ္တရား အတိုင်း လိုက်နာ ဆောင်ရွက်ပြီး အဖွဲ့ဝင် နိုင်ငံများ၏ ဆောင်ရွက်မှု စွမ်းရည် ခိုင်မာ အားကောင်း လာစေရန် စစ်မှန်သော စေ့စပ် ဆွေးနွေးမှု နှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေခံများ ပေါ်တွင် အခြေခံ သင့်သည်ဟု လည်း မိမိတို့ ယုံကြည် ပါကြောင်း။

ကော်မတီ ဆုံးဖြတ်ချက် မူကြမ်းပါ မြန်မာ တစ်နိုင်ငံ တည်း၏ အရေး ကိစ္စကို တင်ပြ ထားခြင်းအား ကုလသမဂ္ဂ ၏ စုံစမ်း စစ်ဆေးမှု အောက်တွင် ဆက်လက် ထားရှိခြင်း မပြုသင့် ပါကြောင်း ၊ ကုလသမဂ္ဂ အထူး သံတမတ် ၏ တရားဝင် လေ့လာ စုံစမ်းမှုကို အဆုံးသတ် ရန် အချိန် ကျရောက် လာမည် ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။

ယင်းဆုံးဖြတ်ချက် တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အနေဖြင့် မြန်မာနိုင်ငံ အစိုးရ ၏ လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အပါအ၀င် နိုင်ငံရေး နှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ၊ ဒီမိုကရေစီ ဖော်ဆောင်မှု နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်း ပေါ်သို့ ဆက်လက် လျှောက်လှမ်း မည် ဖြစ်ကြောင်း ကတိက၀တ် ပြုထားမှု ကို ကြိုဆို သည်ဟု ဖော်ပြ ထားကြောင်း သိရှိရသည်။


Tuesday, November 12, 2013

မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်နိုင်ငံသို့ ကမ္ဘာ့နိုင်ငံ များက အထောက်အပံ့ အကူအညီများ ပေးအပ်



မနီလာ ၊ ၁၂-၁၁-၂၀၁၃

ကမ္ဘာ့ အင်အားကြီး နိုင်ငံများသည် မုန်တိုင်းဒဏ် သင့် ဖိလစ်ပိုင်နိုင်ငံ သို့ အထောက်အပံ့ အကူအညီများ ပေးအပ်လျက် ရှိကြောင်း နိုဝင်ဘာ ၁၁ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အမေရိကန် နိုင်ငံသည် ဖိလစ်ပိုင် အစိုးရ၏ တောင်းဆိုချက် အရ ရှာဖွေရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ၄င်း၏ စစ်ဘက် ဆိုင်ရာ တပ်ဖွဲ့များကို စေလွှတ်လျက် ရှိကြောင်း ၊ ဂျပန်အစိုးရ အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ အတွင်းရှိ သဘာဝ ဘေးဒဏ် ခံစားခဲ့ရသော ဒေသများ တွင် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ ကူညီမှုများ ပေးအပ်ရန် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့ကို စေလွှတ် ထားကြောင်း နှင့် ဗြိတိန် အစိုးရ ကလည်း အမေရိကန် ဒေါ်လာ ၁ဝ သန်းခန့် တန်ဖိုးရှိ ကယ်ဆယ်ရေး ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများကို ဖိလစ်ပိုင် နိုင်ငံသို့ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဂျာမဏီ အစိုးရက အရေးပေါ် အကူအညီ အဖြစ် အမေရိကန် ဒေါ်လာ ၆၇၀၀၀၀ ခန့်ကို ဖိလစ်ပိုင် နိုင်ငံသို့ ပေးအပ် ခဲ့ကြောင်းနှင့် ရှေ့ပြေးတပ်ဖွဲ့ တစ်ဖွဲ့ ကိုလည်း မုန်တိုင်းဒဏ် ခံစားခဲ့ ရသည့် ဒေသသို့ စေလွှတ် ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


ဥရောပသမဂ္ဂ( EU ) အလုပ် အမှုဆောင် အဖွဲ့ခွဲ ဖြစ်သည့် ဥရောပ ကော်မရှင် ( EC ) မှ ထောက်ပံ့ ကူညီမှု အဖြစ် အမေရိကန် ဒေါ်လာလေးသန်း ပေးအပ် ခဲ့ကြောင်း ၊ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် ( WFP ) ကလည်း မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင် ပြည်သူများ ကို အစားအစာ နှင့် အခြား ကယ်ဆယ်ရေး ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများ ပေးအပ်ရေး အမေရိကန် ဒေါ်လာ နှစ်သန်းခန့် ခွဲဝေ သတ်မှတ်ပေး ခဲ့ကြောင်းနှင့် ကုလသမဂ္ဂ( UN ) မှ အကူအညီ ပေးရေး အဖွဲ့ဝင် များသည်လည်း ဖိလစ်ပိုင် နိုင်ငံသို့ သွားရောက်လျက် ရှိကြောင်း သိရသည်။ ထို့အပြင် ကုလသမဂ္ဂ ကလေး သူငယ်များ ရန်ပုံငွေအဖွဲ့ ( UNICEF ) ကလည်း ဆေးဘက် ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်း များနှင့် ရေသန့်ဘူးများ အပါအဝင် ကယ်ဆယ်ရေး ပစ္စည်း တန်ချိန် ၆ဝ ခန့်ကို လေယာဉ်ဖြင့် ဖိလစ်ပိုင် နိုင်ငံသို့ ပို့ဆောင် ပေးရန် ဆုံးဖြတ် ခဲ့ကြောင်း သိရှိရသည်။



Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger