www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 25, 2013

မြန်မာနိုင်ငံ ရှိ တိုင်းရင်းသား လူမျိုးစု ၁၀၀ ကျော်အနက် ရိုဟင်ဂျာ ဆိုသည့် လူမျိုးစု မည်သည့် အခါကမှ မရှိခဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ပြောကြား



နေပြည်တော် ၊ ၂၅-၁၁-၂၀၁၃

(၆၈)ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယ ကော်မတီ ၏ အစည်အဝေး ကို နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့၌ ကျင်းပရာ မြန်မာ ၊ ဆီးရီးယား ၊ အီရန် နှင့် မြောက်ကိုရီးယား နိုင်ငံတို့၏ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အဆို မူကြမ်းများကို အရေးယူ ဆုံးဖြတ် ခဲ့ကြကြောင်း ၊ မြန်မာနိုင်ငံ နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် အချို့ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် က ကန့်ကွက် ပြောကြားမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အဆို မူကြမ်းများကို အရေးယူ ဆုံးဖြတ်ခဲ့မှု နှင့် ပတ်သက်၍ ကုလ သမဂ္ဂ သတင်းဌာနမှ နိုဝင်ဘာ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်သည့် အစည်းအဝေး သတင်း မှတ်တမ်းတွင် မြန်မာနိုင်ငံ ၏ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်လာ မှုကို ကိုယ်စားလှယ် အဖွဲ့က တစ်ခဲနက် ကြိုဆို ခဲ့ကြပါကြောင်း ၊ '' DELEGATES HAIL HUMAN RIGHTS IMPROVEMENTS IN MYANMAR AS THIRD COMMITTEE APPROVES 8 DRAFT RESOLUTIONS, INCLUDING 4 COUNTRY - SPECIFI TEXTS '' ခေါင်းစီးဖြင့် အလေးပေး ဖော်ပြ ထားသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံ ၏ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အဆို မူကြမ်းနှင့် ပတ်သက်၍ တတိယ ကော်မတီ ၌ အရေးယူ ဆုံးဖြတ်သည့် အချိန်တွင် ပါဝင် ဆွေးနွေး ပြောကြားသူ အချို့က မြန်မာနိုင်ငံ တွင် အပြု သဘောဆောင် သည့် စီးပွားရေး နှင့် နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှု များကို အသိအမှတ် ပြုကြိုဆို ခဲ့ကြပြီး အနာဂတ် တွင် မြန်မာနိုင်ငံ အတွက် အလားတူ အဆို မူကြမ်းအား တတိယ ကော်မတီ တွင် တင်သွင်းမှုကို အဆုံးသတ် ကြရန် တောင်းဆို ခဲ့ကြကြောင်း လည်း သိရသည်။

အဆိုမူကြမ်း ကို ကော်မတီ က မဲမခွဲဘဲ အတည်ပြု ချမှတ်ပြီးနောက် ယင်း ဆုံးဖြတ်ချက် နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင် က ဆုံးဖြတ်ချက် တွင် ပါရှိသည့် ရိုဟင်ဂျာ လူနည်းစု ဟူသည့် စကား အသုံးအနှုန်း ကို ယခင် ကာလများ အတိုင်း ဆန့်ကျင် ပါကြောင်း ၊ မိမိတို့ မြန်မာနိုင်ငံ တွင်ရှိသော တိုင်းရင်းသား လူမျိုးစု ၁၀၀ ကျော်အနက် ထိုကဲ့သို့ သော လူမျိုးစု တစ်စု မည်သည့် အခါကမှ မရှိခဲ့ ပါကြောင်း။

အကြမ်းဖက် မှုများ ပြန်လည် ဖြစ်ပွားခြင်း ကို ကာကွယ်ရန် နှင့် ပြစ်မှု ကျူးလွန် သူများအား လူမျိုး ဘာသာ မခွဲခြားဘဲ အရေးယူ ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရ အနေဖြင့် ဆောင်ရွက်လျက် ရှိသည်ကို အရေးကြီး ဆုံး အချက်အဖြစ် တင်ပြ လိုပါကြောင်း ၊ မကြာခင် က မြန်မာနိုင်ငံ သို့ IOC အဖွဲ့၏ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ရောက်ရှိ ချိန်တွင် အကြမ်းဖက် မှုအားလုံးကို ရပ်တန့်ရန် ၊ ပြည်သူ လူထုကို အကာ အကွယ်ပေးရန် နှင့် လူ့အခွင့်အရေး နှင့် အခြေခံ လွတ်လပ်ခွင့် များအား အပြည့်အ၀ လေးစား လိုက်နာစေရေး ဆောင်ရွက်ရန် တို့အတွက် အာမခံကြောင်း ကို နိုင်ငံတော် အစိုးရ က ပြောကြား ခဲ့ပြီး ဖြစ်ပါကြောင်း။

ကိုးကွယ် ယုံကြည်မှု မတူညီသူ အချင်းချင်း စေ့စပ် ဆွေးနွေးမှု များ အားပေးမြှင့်တင် ရန်နှင့် လူသားချင်း စာနာ ထောက်ထား မှု အထောက်အပံ့ များကို ပေးအပ်နိုင်ရေး တို့ကို နိုင်ငံတကာ အသိုင်းအ၀ိုင်း နှင့် နိုင်ငံတော် အစိုးရ တို့ ပူးပေါင်း လုပ်ဆောင် ခဲ့ပြီး ဖြစ်ပါကြောင်း ၊ IOC အဖွဲ့ လာရောက်ခွင့် ပြုခြင်းမှာ မြန်မာနိုင်ငံ ၏ လူသားချင်း စာနာ ထောက်ထားမှု အခြေအနေ အရပ်ရပ်ကို ယခုထက် ပိုမို ကောင်းမွန် လာစေရန် နိုင်ငံတကာ အသိုင်းအ၀ိုင်း နှင့် ဆက်ဆံရေး အတ်ွက အသင့် ရှိသည်ကို မြန်မာနိုင်ငံ က ပြသခဲ့ခြင်း ဖြစ်ပါကြောင်း။

မြေယာ ပိုင်ဆိုင်မှု အခွင့်အရေး သို့မဟုတ် လွတ်လပ်စွာ သွားလာ လှုပ်ရှားမှု သို့မဟုတ် ရပိုင်ခွင့်များ ရယူ အသုံးပြု မှုကဲ့သို့သော တည်ဆဲ ဥပဒေ အောက်တွင် ရှိသည့် လုံခြုံရေး အခြေအနေ များနှင့်အညီ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေအရ ထည့်သွင်း စဉ်းစား သွားမည် ဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံ တည်းကို ရွေးချယ်၍ ညီလာခံ တွင် တရားဝင် တင်ပြပြီး ဆုံးဖြတ်ချက် ချမှတ်မှု ကို ကန့်ကွက် ပါကြောင်း ၊ ကုလ သမဂ္ဂ ၏ လူ့အခွင့်အရေး စောင့်ကြည့်ရေး အစီရင်ခံစာ အဖွဲ့ ( UPR ) သည်သာ နိုင်ငံတိုင်း တွင် ဖြစ်ပေါ် နေသည့် လူ့အခွင့်အရေး အခြေအနေ များကို မျှသစွာ ဖြေရှင်း ရမည့် တစ်ခုတည်း သော စောင့်ကြည့်သည့် ယန္တရား ဖြစ်သည်ဟု ယုံကြည် ပါကြောင်း ၊ လူ့ အခွင့်အရေး ကို ကာကွယ် ပေးခြင်း နှင့် အားပေး မြှင့်တင်ခြင်း လုပ်ငန်းမှာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ တာဝန် ၀တ္တရား အတိုင်း လိုက်နာ ဆောင်ရွက်ပြီး အဖွဲ့ဝင် နိုင်ငံများ၏ ဆောင်ရွက်မှု စွမ်းရည် ခိုင်မာ အားကောင်း လာစေရန် စစ်မှန်သော စေ့စပ် ဆွေးနွေးမှု နှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေခံများ ပေါ်တွင် အခြေခံ သင့်သည်ဟု လည်း မိမိတို့ ယုံကြည် ပါကြောင်း။

ကော်မတီ ဆုံးဖြတ်ချက် မူကြမ်းပါ မြန်မာ တစ်နိုင်ငံ တည်း၏ အရေး ကိစ္စကို တင်ပြ ထားခြင်းအား ကုလသမဂ္ဂ ၏ စုံစမ်း စစ်ဆေးမှု အောက်တွင် ဆက်လက် ထားရှိခြင်း မပြုသင့် ပါကြောင်း ၊ ကုလသမဂ္ဂ အထူး သံတမတ် ၏ တရားဝင် လေ့လာ စုံစမ်းမှုကို အဆုံးသတ် ရန် အချိန် ကျရောက် လာမည် ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။

ယင်းဆုံးဖြတ်ချက် တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အနေဖြင့် မြန်မာနိုင်ငံ အစိုးရ ၏ လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အပါအ၀င် နိုင်ငံရေး နှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ၊ ဒီမိုကရေစီ ဖော်ဆောင်မှု နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်း ပေါ်သို့ ဆက်လက် လျှောက်လှမ်း မည် ဖြစ်ကြောင်း ကတိက၀တ် ပြုထားမှု ကို ကြိုဆို သည်ဟု ဖော်ပြ ထားကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger