www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 24, 2014

ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် Facebook ကို မြန်မာနိုင်ငံမှ အသုံးပြုသူဦးရေ သုံးသန်းပြည့်ပြီ


ရန်ကုန် ၊ ၂၄-၁၂-၂၀၁၄

ကမ္ဘာ့ လူသုံးအများဆုံး လူမှုကွန်ရက် ဖြစ်သည့် Facebook ကို မြန်မာနိုင်ငံ၌ အသုံးပြုသူ ဦးရေ သုံးသန်း ပြည့်ခဲ့ပြီ ဖြစ်ကြောင်း ပြည်တွင်း အခြေစိုက် အိုင်စီတီကုမ္ပဏီ တစ်ခု ဖြစ်သည့် Amara Digital Marketing Agency မှ သိရသည်။

Facebook သုံးစွဲသူ သုံးသန်းအနက် ၁ ဒသမ ၈၆ သန်း (၆၂ ရာခိုင်နှုန်း) မှာ အမျိုးသားများ ဖြစ်ပြီး ၁ ဒသမ ဝ၈ သန်း (၃၆ ရာခိုင်နှုန်း) မှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။ ကျန် ၂ ရာခိုင်နှုန်းမှာ နှစ်သက်ရာ လိင် အမျိုးအစားကို ရွေးချယ်ပြီး အသုံးပြုကြ သူများ ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူ ပမာဏသည် မိုဘိုင်းလ်ဖုန်း အသုံးပြုမှု မြင့်တက် လာပြီးနောက် တိုးတက် လာခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းမှ Facebook သုံးစွဲသူများ အနက် အသက် ၂ဝ မှ ၃ဝ နှစ်ကြား သုံးစွဲသူ ဦးရေမှာ အများဆုံးဖြစ်ပြီး စုစုပေါင်း သုံးစွဲသူ အရေအတွက်၏ ၅၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ အသက် ၁၈ နှစ်အောက် အသုံးပြုသူ ဦးရေမှာ ၃၈ဝဝဝဝ ရှိသော်လည်း အသက် ၅ဝ မှ ၆၅ နှစ်ကြား သုံးစွဲသူ ဦးရေမှာ အနည်းဆုံး ဖြစ်ပြီး အသုံးပြုသူ ၈၈ဝဝဝ သာ ရှိကြောင်း အဆိုပါ အေဂျင်စီမှ သိရသည်။

မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူ ဦးရေသည် ၂ဝ၁၃ ခုနှစ် သြဂုတ်လက တစ်သန်းသာ ရှိခဲ့ရာမှ တစ်နှစ်အတွင်း သုံးဆ မြင့်တက် လာခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းရှိ Facebook သုံးစွဲသူ သုံးသန်းအနက် ၂ ဒသမ ၈ သန်းသည် မိုဘိုင်းလ် ထုတ်ကုန်များ ပေါ်မှတစ်ဆင့် အသုံးပြု ကြခြင်းဖြစ်ပြီး ကျန် အရေအတွက်မှာ ကွန်ပျူတာဖြင့် အသုံးပြုကြ သူများ ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းလ် ထုတ်ကုန် ၂ ဒသမ ၈ သန်းအနက် Android ဖုန်းများမှ တစ်ဆင့် အသုံးပြုသူ ဦးရေမှာ ၂ ဒသမ ၆ သန်း ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger