www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 19, 2018

သထုံမြို့တွင် အောက်ဆီဂျင်ထုတ် စက်ရုံတည်ဆောက်ပြီး၍ လူနာများအတွက် အခမဲ့ဖြန့်ဝေ ပေးမည်



သထုံ ၁၉-၂-၂ဝ၁၈

မွန်ပြည်နယ် သထုံမြို့တွင် တည်ဆောက်နေသော အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်ပြီးစီး ပြီဖြစ်၍ မွန်ပြည်နယ်အတွင်း အောက်ဆီဂျင် လိုအပ်သော လူနာများအတွက် အခမဲ့ဖြန့်ဝေ ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် သထုံမြို့လိပ်အင်းရပ်ကွက် အခမဲ့ အောက်ဆီဂျင် ထုတ်စက်ရုံဖွင့်ပွဲကို ယနေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"အသင်း စတင်တည်ထောင်ခါစက လိုအပ်တဲ့ အောက်ဆီဂျင်ရရှိဖို့ ပြင်ပကနေဝယ်ပြီး လူနာတွေကို လှူရတယ်။ သထုံခရိုင်ထဲမှာရှိတဲ့ မြို့နယ် တိုက်နယ်ပြည်သူ့ ဆေးရုံတွေနဲ့ ကျေးလက် ဆေးပေးခန်းတွေမှာ တစ်လထက်တစ်လအောက်ဆီဂျင် လိုအပ်ချက်တွေ များလာတယ်။ အပြင်ကဝယ်ပြီး ပေးရတော့ ကုန်ကျစရိတ်က များတယ်။ လစဉ်အလှူငွေတွေနဲ့ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် အလှူရှင်တွေရဲ့ ထည့်ဝင်ငွေတွေနဲ့ စက်ရုံကို တည်ဆောက် ခဲ့တာ။ ဒါကဘယ်မှာမှ မရှိသေးတဲ့ ပရဟိတအဖွဲ့ပိုင် ပထမဆုံး အောက်ဆီဂျင်စက်ရုံလဲ ဖြစ်ပါတယ်"ဟု အနှိုင်းမဲ့မေတ္တာသွေးနှင့် အောက်ဆီဂျင် အခမဲ့ကူညီရေး အသင်းဥက္ကဋ္ဌဦးဥာဏ်ထွန်းက ပြောပြသည်။

အရေးပေါ်လူနာများအတွက် အောက်ဆီဂျင်လိုပါက အချိန်မရွေး၊ နေရာမရွေး၊ လူမျိုးမရွေး အခမဲ့ရယူနိုင်စေရန် မြို့နယ်အတွင်း ကျေးလက်ဒေသပါမကျန် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များ ချိတ်ဆက်ပေးထားပြီး ၂၄ နာရီရယူနိုင်ကြောင်း၊ စက်ရုံရေရှည် လည်ပတ်နိုင်ရေးအတွက် အလှူရှင်များအနေဖြင့် အလှူငွေများ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

အခမဲ့ အောက်ဆီဂျင်စက်ရုံကို ငွေကျပ်သိန်း ၁၇ဝဝ ကျော်အကုန်အကျခံ တည်ဆောက်ခြင်းဖြစ်ပြီး နေ့စဉ် လီတာ၎ဝ ဆံ့ အောက်ဆီဂျင် အိုးအလုံး၂ဝခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger