www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label လက်ကိုင်ဖုန်း. Show all posts
Showing posts with label လက်ကိုင်ဖုန်း. Show all posts
Tuesday, March 14, 2017
စမတ်ဖုန်း ကို မပြတ်သုံးကြမည် ဆိုသော်
စမတ်ဖုန်း ကို မပြတ်သုံးကြမည် ဆိုသော် 
ဟိုယခင်ခေတ်များက လူနေအိမ် ဆောက်လျှင် အိပ်ခန်း ဆိုသည်မှာ အိပ်စက်အနားယူရုံ မျှသာ အသုံးဝင်သော နေရာဖြစ်သဖြင့် ခမ်းခမ်းနားနားကြီး မလိုအပ်ဘဲ လေဝင်လေထွက် ကောင်း၍ လုံခြုံလျှင် တော်လောက်ပြီဟု ဆိုကြသည်။ ကာလပေါ် တေးသီချင်း တစ်ပုဒ်မှာ ''သိက္ခာလည်း မကျအောင်၊ လိပ်ပြာလည်း လှအောင်၊ အိပ်ရာထဲ ကိုဝင်၊ နဖူးပေါ်လက်တင်၊ စိတ်ကူးကလေး တွေယဉ်'' ဆိုသော အုံ့ပုန်းတို့သဘာဝ ဖော်ညွှန်းသီဆိုသံကို အငြိမ့်ပွဲ များမှာ ကြားခဲ့ရဖူးသည်။ ယနေ့ကာလ ဒစ်ဂျစ်တယ်ခေတ်တွင် လွန်ခဲ့သော အတွေးအမြင်တို့ ခေတ်နောက်ကျန် လေပြီ။
ယနေ့ခေတ်လူငယ်တို့ အိပ်ခန်းမီးပိတ် အိပ်ရာထဲ ဝင်ချိန်တွင် စမတ်ဖုန်း၊ တက်ဘလက် နှင့် လက်ပ်တော့ပ် ဖန်သားပြင်ပေါ် ပြေးလွှားနေသော အလင်းရောင် ကလေးများ တလက်လက် မြင်နေရသည်။ ထိုအလင်းရောင် ကလေးများကြောင့် အဝလွန်ရောဂါ၊ ဆီးချိုရောဂါနှင့် သတိမေ့လျော့ တတ်သော ရောဂါတို့ စွဲကပ်နိုင်သည်ကို မသိသူများ အတွက် စိုးရိမ်မိကြောင်း ကျွမ်းကျင်သူများက ပြောကြားကြပြီး အင်္ဂလန်ရှိ အသက် ၁၄ နှစ်အောက် ကလေးငယ်များသည် အိပ်ချိန်မမှန် ခြင်းကြောင့် ဆိုခဲ့သော ရောဂါခံစား ရသူများ ဆေးရုံတက်ရောက် ကုသသူ အရေအတွက် သုံးဆ တိုးလာကြောင်း ကိန်းဂဏန်း များဖြင့် ဖော်ပြထားသည်။ ကျွမ်းကျင်သူများ၏ လေ့လာမှု စစ်တမ်းများအရ အင်္ဂလန်ရှိ ကလေးငယ် ၁ဝ ဦးလျှင် ကိုးဦး၌ စမတ်ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ပ် တစ်ခုခု ရှိကြသည့်အနက် ခုနစ်ဦးက အိပ်ရာထဲတွင် ၄င်းကိရိယာကို အသုံးပြု နေကြကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ်က ထုတ်ဝေသော မျက်မှောက် ဇီဝဗေဒဂျာနယ် တွင် ဖော်ပြထားသော လေ့လာမှုအရ ကလေးငယ်များ အသုံးပြုသော ကိရိယာဖန်သားပြင်မှ ထုတ်လွှတ်သည့် အပြာရောင် အလင်းတန်းသည် လူ့ဦးနှောက် အတွင်းရှိ အိပ်ပျော်အောင် ညှိပေးသော ဓာတ်များ လည်ပတ်မှုကို ရပ်တန့်သွား စေသော အာနိသင် ရှိသည်ဟု ဆိုသည်။
စမတ်ဖုန်းနှင့် တက်ဘလက် တို့ကို ခလုတ်ပိတ်ထား သည့်တိုင်အောင် အိပ်ရာထဲတွင် ထားသော် ကလေးများ အတွက် အိပ်ရေးဝဝ အိပ်နိုင်မည့် အခြေအနေကို အဟန့်အတား ဖြစ်စေကြောင်း ကလေးငယ် ၁၂၅ဝဝဝ ဦးကို လေ့လာဆန်းစစ် တွေ့ရသည်ဟု ၂ဝ၁၆ ခုနှစ် နိုဝင်ဘာတွင် လန်ဒန်ဘုရင့် ကောလိပ်ကျောင်းက ပုံနှိပ်ထုတ်ဝေသော ဆေးပညာဂျာနယ်၌ ဖော်ပြထားသည်။ ကောင်းစွာ အိပ်မပျော်သော ဘဝဖြင့် ကြီးပြင်းလာရသော ကလေးများ သည် ခန္ဓာကိုယ် အလေးချိန်နှင့် ဆက်စပ်ဖြစ်ပွား တတ်သည့် ဆီးချို၊ သွေးချို ကဲ့သို့သော ရောဂါဖြစ်နိုင်ခြေ များကြောင်းလည်း သိရသည်။
ကနေဒါနိုင်ငံက ၂ဝ၁၄ ခုနှစ်တွင် ထုတ်ဝေသော ပြည်သူ့ကျန်းမာရေး ဂျာနယ်၌ အသက်ကိုးနှစ်မှ ၁၁ နှစ်အရွယ်ရှိ ကလေးများသည် အိပ်ရာထဲသို့ စမတ်ဖုန်း၊ တက်ဘလက် နှင့် လက်ပ်တော့ပ် တစ်ခုခုကို ယူသွားလေ့ ရှိကြခြင်းကြောင့် ၄ င်းတို့အတွက် အအိပ်ပျက်ခြင်းနှင့် ခန္ဓာကိုယ် အလေးချိန် ကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ အိပ်ရေးပျက်ခြင်းသည် ဆာလောင် မွတ်သိပ်မှုကိုပါ အဟန့်အတား ဖြစ်စေနိုင်သည့် အပြင် ဆယ်ကျော်သက် များနှင့် လူလတ်ပိုင်း အရွယ်များအတွက် အသက်အရွယ် ကြီးပြင်းလာသောအခါ ဦးနှောက်ပိုင်းဆိုင်ရာ အားနည်းချက်များ ခံစားရသည့် အန္တရာယ်ရှိကြောင်း ပညာရှင်တို့က သတိပေးထား ကြသည်။ လူတစ်ယောက်အဖို့ အသက် ၂၁ နှစ်အရွယ် အထိ ဦးနှောက်ဖွံ့ဖြိုးရေး အကောင်းဆုံး အချိန်ဖြစ်ပြီး အိပ်စက် အနားယူချိန်က ဦးနှောက်ဖွံ့ဖြိုးရေး အတွက် အများဆုံး အထောက်အကူ ပြုသဖြင့် ကလေးများ မှတ်ဉာဏ် ကောင်းစေရန် အိပ်ရေးဝအောင် အိပ်စေရမည် ဖြစ်သည်။
လွန်ခဲ့သော ရက်သတ္တပတ် အတွင်း အင်္ဂလန် ကျန်းမာရေးဂျာနယ် ၌ ဆယ်ကျော်သက်များ အနေဖြင့် အိပ်ရာမဝင်မီ မိုဘိုင်းလ်ဖုန်း ပိတ်ပြီးမှ အိပ်ရာဝင်ခြင်းသည် အန္တရာယ် ကင်းကြောင်းကို ကျောင်းသင်ခန်းစာ တွင် ထည့်သွင်းရန် အစီအစဉ်များ ရေးဆွဲထားကြောင်း ဖော်ပြထားသည်။ ကျောင်းသင်ခန်းစာ တွင် ထည့်သွင်းရန် အစီအစဉ်ရှိ သကဲ့သို့ မိဘများကလည်း စံနမူနာကောင်း ပြရမည်ဖြစ်သည်။ မိဘများက ဖန်သားပြင်ကို ကြည့်ရှု နေချိန်တွင် အိပ်ခန်းအတွင်းမှ သားသမီးများ ကလည်း ဖန်သားပြင် ကြည့်ရှုနေကြမည် ဖြစ်သည်။ ကလေးများ အိပ်ခန်းအတွင်းသို့ မိုဘိုင်းလ်ဖုန်း၊ တက်ဘလက် နှင့် လက်ပ်တော့ပ် မယူရန် တားမြစ်ခြင်းသည် ပျော်ရွှင်မှုကို ပိတ်ပင်ခြင်း ဖြစ်သည်ဟူသော အယူအဆကို မိဘများကလွဲမှား နားလည်နေကြသည်။ ကလေးများ အသုံးပြု နေကြသော နည်းပညာပစ္စည်း ကိရိယာတို့ကို အလွန်အမင်း အသုံးပြုလျှင် ကျန်းမာရေး ထိခိုက်နိုင်သည်ကို ပြောဆိုသူ မိဘ အနည်းငယ်သာ ရှိခြင်းသည် ကလေးများ အနာဂတ်အတွက် စိုးရိမ်ဖွယ် ဖြစ်ကြောင်း ဒေါက်တာ နဲလ်စတန်လေ က ပြောကြား ထားသည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ်မှစ၍ တန်ဖိုးသင့်တယ်လီဖုန်းများရောင်းချပေးပြီး ၂ဝ၁၄ ခုနှစ်မှစ၍ ငွေကျပ် ၁၅ဝဝ တန်ဆင်းကတ်များ ရောင်းချပေးခဲ့သဖြင့် စမတ်ဖုန်း အသုံးပြုသူ အရေအတွက် များပြားလျက်ရှိရာ လူငယ်နှင့် လူလတ်ပိုင်းအရွယ်များ စမတ်ဖုန်းကို မပြတ်သုံးကြမည် ဆိုသော် ကျန်းမာရေး အတွက် ထိခိုက်နိုင်ကြောင်း ပညာရှင်တို့ လေ့လာတွေ့ရှိချက် ကို စေတနာကောင်းဖြင့် တင်ပြလိုက်ရ ပါသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)
Saturday, February 18, 2017
Samsung ၏ ခေါက်နိုင်သည့် စမတ်ဖုန်း ရှေ့ပြေးပုံစံ တစ်မျိုးကို MWC တွင် တွေ့မြင်ရဖွယ်ရှိ
ကောလာ ဟလသတင်း ထွက်ပေါ်ခဲ့သည့် အတိုင်း Samsung ၏ ခေါက်နိုင်သည့် ရှေ့ပြေးပုံစံ စမတ်ဖုန်းတစ်မျိုးကို အနာဂတ် မိုဘိုင်းလ် ပုံစံများပြသသည့် မိုဘိုင်းလ်ကမ္ဘာ ပြပွဲ MWC ၂ဝ၁၇ တွင် တွေ့မြင်ရနိုင် ကြောင်း တောင်ကိုရီးယား သတင်းဝက်ဘ်ဆိုက် ETNewsက ဖော်ပြသည်။
.
သို့သော် Samsung က ယင်းစမတ်ဖုန်း ပုံစံကို သတင်းစာ ရှင်းလင်းပွဲတွင် ပြသသွား မည်မဟုတ်ဘဲ ကုမ္ပဏီ၏ နောက်ဆုံးပေါ် ခေါက်နိုင်သည့် Display နည်းပညာကို ဖိတ်ကြားထားသူများကိုသာ ပြသသွားမည် ဖြစ်သည်။
.
MWC 2017 တွင် Samsung က Galaxy Tab 3 ကို မိတ်ဆက်ပြသရန် ပြင်ဆင်နေပြီး Galaxy S8 ကိုလည်း သတင်းစာ ရှင်းလင်းပွဲတွင် တွေ့မြင်ရဖွယ် ရှိနေသည်ဟု သတင်းများထွက် ပေါ်နေသည်။
.
Galaxy X ဟု အမည် ပေးထားသော ခေါက်နိုင်သည့် စမတ်ဖုန်းကို Samsung က ယခုနှစ်အတွင်း ပွဲထုတ်ရန် အစီအစဉ်များ ရှိနေသည်ဟု ခန့်မှန်းနေကြပြီး Samsung နှင့် LG တို့က ခေါက်နိုင်သည့် စမတ်ဖုန်း များကို ယခုနှစ်ထဲတွင် အပြိုင်မိတ်ဆက် သွားရန်ပြင်ဆင်နေကြောင်း သိရသည်။
.
မြ၀တီနေ့စဉ်သတင်းစာ (၁၂)
.
#Themyawadydaily
Tuesday, July 12, 2016
ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းကို iPhone အသုံးပြု ဆောင်ရွက်နိုင်မည်
ဝါရှင်တန် ၊ ၁၂-၇-၂၀၁၆
ကမ္ဘာတစ်ဝန်းတွင် ကိုယ်အင်္ဂါ အစားထိုး ခွဲစိတ်ကုသမှု ခံယူလိုသူ ဦးရေများသည်ထက် များလာသော်လည်း အလှူရှင် ဦးရေမှာ သိသိသာသာ တိုးလာခြင်း မရှိကြောင်းနှင့် အကြောင်းရင်းမှာ လူအများစုက ကိုယ်အင်္ဂါ အစိတ်အပိုင်း များကို လှူဒါန်းလိုသော်လည်း စိုးရိမ်ထိတ်လန့် မှု ရှိခြင်း၊ လှူဒါန်းရာတွင် ဆောင်ရွက်ရသည့် စာရွက်စာတမ်း ကိစ္စ များပြားသည်ကို မလိုလားခြင်း တို့ ကြောင့် ဖြစ်ကြောင်း ပေါ်ပေါက်သည့် အတွက် ယခုအခါ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းလိုသူများအနေဖြင့် iPhone ဖြင့် လွယ်ကူစွာ ဆောင်ရွက်နိုင် စေရန် စီစဉ်လျက် ရှိကြောင်း အမေရိကန်ပြည် ထောင်စု၊ အမျိုးသားဇီဝ အလှူမှတ်ပုံတင် ဌာန NDLR မှ ထုတ်ပြန် ကြေညာသည်။ 
Apple ကလည်း ၄င်း အသစ်ဖြန့် ချိ သွားမည့် iOS 10 တွင်ပါရှိသော Health app တွင် အမျိုးသား ဇီဝအလှူ မှတ်ပုံတင် ဌာနထံ တိုက်ရိုက် လျှောက်ထားနိုင်မည့် အပလီကေးရှင်း ပါဝင်မည် ဖြစ်ကြောင်း၊ ဆေးလောကတွင် အလွန် လိုအပ်လျက် ရှိသော ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းမှုကို အဆင်ပြေချောမွေ့  လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။ 
" အမေရိကန် ပြည်ထောင်စု မှာ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းဖို့  အမည်စာရင်း ပေးထားသူသန်း ၁၂၀ ထက် မနည်းရှိပါတယ်။ ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးခွဲစိတ် ကုသမှုခံယူဖို့ စောင့်ဆိုင်းနေသူ ဦးရေကလည်း ၁၂၀၀၀၀ ဦးထက် မနည်းရှိပါတယ်။ Apple နဲ့  ပေါင်းစပ်ပြီးတော့ iPhone ကနေတစ်ဆင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းနိုင်အောင် စီစဉ်ပေးနေပါတယ် " ဟု NDLR မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ 
Apple သည် ၄င်း၏ ကျန်းမာရေး အပလီကေးရှင်းကို ၂၀၁၄ ခုနှစ်တွင် စတင်ဖြန့် ချိ ခဲ့ပြီး စမတ်ဖုန်း အသုံးပြုသူ၏ ကျန်းမာရေးကို စောင့်ကြည့်ပေး ခဲ့ကြောင်း၊ အရေးပေါ် အခြေအနေ များတွင် လူနာ၏ အသေးစိတ် အချက်အလက် များကို ချက်ခြင်းဖော်ပြ ပေးနိုင်ခဲ့ကြောင်း၊ ယခုလည်း ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းလိုသူ များအတွက် အဆင်ပြေ ချောမွေ့ အောင် စီစဉ်ပေးခြင်းပင် ဖြစ်ကြောင်း သိရသည်။
မြ၀တီနေ့စဉ်
Monday, June 6, 2016
အခြေခံပညာကျောင်းများ၌ ယခုနှစ်မှစတင်၍ လက်ကိုင်ဖုန်းများ ယူဆောင်ခွင့် မပြု
ရန်ကုန် ၊ ၆-၆-၂၀၁၆
အခြေခံပညာ ကျောင်းများ၌ ယခုနှစ်မှ စတင်၍ ကျောင်းသား၊ ကျောင်းသူများကို လက်ကိုင်ဖုန်းများ ယူဆောင်ခွင့် မပြု တော့ကြောင်း သိရသည်။
စာသင်ကျောင်း များ၌ ကျောင်းသား၊ ကျောင်းသူ အများစုမှာ လက်ကိုင်ဖုန်း များဖြင့် လူမှုကွန်ရက် အသုံးပြုခြင်း နှင့် ဂိမ်းကစားခြင်း စသည်တို့ကို ပြုလုပ်မှု များပြား လာသည့် အတွက် တားမြစ်ရခြင်း ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ဖုန်းများလုံးဝ အသုံးမပြုရဘဲ တွေ့ရှိပါက ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် စည်းကမ်း ထုတ်ပြန် ထားကြောင်း သိရသည်။
''ကျောင်းအပ်ရာသီ ရောက်ပြီ ဆိုတာနဲ့ ကျောင်းစည်းကမ်း တွေကို ကပ်ထားတယ်။ ဒီနှစ်မှာတော့ လက်ကိုင်ဖုန်းနဲ့ ပတ်သက်ပြီး ကျောင်းအပ်တဲ့ မိဘတွေ ကိုလည်း ပြောပြီးသားပါ။ နောက်တစ်ခု ကတော့ mp3, mp4 ကိုလည်း ယူဆောင်ခွင့် မပြုပါဘူး'' ဟု တပ်ကုန်းမြို့နယ် ရှိ အ-ထ-က(၂) မှ အတန်းပိုင် ဆရာမ ဒေါ်ဝေဝေဖြိုး က ပြောသည်။
ယခုနှစ်အတွင်း ကျောင်းတက် နေသည့် ကျောင်းသား၊ ကျောင်းသူ များအား သက်ဆိုင်ရာ ကျောင်းများက ဖုန်းများ ယူဆောင်လာခြင်း  မပြုရန် မှာကြား ထားကြောင်း သိရသည်။
''အရင်နှစ်တွေ ကတော့ ဖုန်းကို ထည့်ပေး ပါတယ်။ ဒီနှစ်တော့ ကျောင်းက ဖုန်းယူလာလို့ မရဘူး ပြောပါတယ်။ တစ်ခုခုဖြစ်ရင် အတန်းပိုင် ဆရာမနဲ့ ကျောင်းရုံးဖုန်း နံပါတ်တွေ ပေးထားပါတယ်'' ဟု ဗဟန်းမြို့နယ်မှ
ဒေါ်မော်မော်ဦး က ပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အခြေခံပညာ ကျောင်းများ၌ တက်ရောက် သင်ကြားနေသည့် မူလတန်းအဆင့် ကျောင်းသား ၅ ဒသမ ၇ သန်း၊ အလယ်တန်း အဆင့် ကျောင်းသား ၂ ဒသမ ၈ သန်းနှင့် အထက် တန်းအဆင့် ကျောင်းသား ရှစ်သိန်းကျော် ရှိကြောင်း ပညာရေး ဝန်ကြီးဌာန ၏ စာရင်းများ အရ သိရသည်။ (သဲသဲ)
မြ၀တီနေ့စဉ် ၊ စာ(၁၂)
Thursday, March 24, 2016
လက်ကိုင်ဖုန်းများသို့ မတော်တဆ ရေ၀င်ရောက်ခြင်းကို စက်ဖြင့် ကာကွယ်မှု ပြုလုပ်နိုင်
ရန်ကုန် ၊ ၂၄-၃-၂၀၁၆
၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်တွင်းသို့ ဂျာမနီနိုင်ငံမှ ဝင်ရောက် လာသည့် Waterproof nano vaccum coating machine သည် ဖုန်းအတွင်းသို့ ရေဝင်ရောက်မှု များနှင့် ဖုန်းအတွင်းရှိ အညစ်အကြေး များကိုလည်း သန့်စင်ပေးမှုများ လုပ်ဆောင်ရာတွင် ပျက်စီးမှု မရှိစေဘဲ ပကတိအတိုင်း ရှိနေစေရန် လုပ်ဆောင်ပေး နိုင်မည် ဖြစ်သည်။
''ဂျာမနီနိုင်ငံ ကနေ တင်သွင်းပြီး ဂျာမနီ နည်းပညာနဲ့ ပြုလုပ်ပေး တာပါ။ နာနိုဆေးရည်နဲ့ နာရီဝက်လောက် ပေါင်းခံပေး ရတာပါ။ ဒီလိုပေါင်းခံပေး ထားတာကြောင့် ဖုန်းမှာ ပျက်စီးမှု တစ်စုံတစ်ရာ လုံးဝ မရှိပါဘူး။ေ ရဝင်ရောက်မှုကို ကာကွယ်ပေးတဲ့ အပြင် အမှုန်အမွှား ဝင်တာတွေက အစ ကာကွယ်ပေး နိုင်ပါတယ်။ စတင် ဝင်ရောက်တဲ့ အချိန်တုန်း ကတော့ လုပ်ကိုင်ရမှု နည်းပါးပြီး အခုချိန်မှာ အသုံးပြုမှုများ နေပါတယ်'' ဟု ဟန်းဆက်များ ရေစိုခံရန် ပေါင်းခံပေးခြင်း ဝန်ဆောင်မှု လုပ်ငန်းမှ ကိုကျော်သူရ က ပြောသည်။
ဖုန်းပေါင်းခံ နည်းဖြင့် ရေဝင်ရောက် ခြင်းကို ကာကွယ်နိုင်ပြီး တစ်ကြိမ် ဆောင်ရွက်ထား ပါက တစ်နှစ်ခန့် ခံနိုင်ကြောင်းနှင့် ယင်း စက်တစ်လုံးလျှင် ငွေကျပ် ၆၅ သိန်းခန့်ရှိပြီး ပေါင်းခံဆေးရည်မှာ ငွေကျပ်လေးသိန်း မှ ခုနစ်သိန်းအထိ ရှိကြောင်း သိရသည်။
ဖုန်းပေါင်းခံခြင်း ပြုလုပ်ပါက ဖုန်း အမျိုးအစား ပေါ်မူတည်၍ ငွေကျပ် ၁ဝဝဝဝ မှ ၁၅ဝဝဝ အထိ ကျသင့်ကြောင်း သိရသည်။
မြ၀တီနေ့စဉ် ၊ စာ(၂၆)
Thursday, December 24, 2015
တစ်ကမ္ဘာလုံးရှိ မိုဘိုင်းလ်ဖုန်းသုံးစွဲမှု အတိုးတက်ဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံက စတုတ္ထနေရာ၌ ရှိနေဟု Ericsson ထုတ်ပြန်
ရန်ကုန် ၊ ၂၄-၁၂-၂၀၁၅
တစ်ကမ္ဘာလုံး မိုဘိုင်းလ်ဖုန်း သုံးစွဲမှု အတိုးတက်ဆုံး နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် စတုတ္ထနေရာ၌ ရှိကြောင်း Ericsson Myanmar ၏ အစီရင်ခံစာ ထုတ်ပြန် ကြေညာချက် အရ သိရသည်။
ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ မိုဘိုင်းလ်ဖုန်း သုံးစွဲမှုတွင်ကျယ် နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ် သော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်နေသဖြင့် မိုဘိုင်းလ်ဖုန်း သုံးစွဲပြောဆိုမှု တွင်ကျယ် လာခဲ့သည်မှာ မကြာသေးကြောင်း၊ မကြာသေး သော်လည်း မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ဖုန်း အသုံးပြုမှု မှာ အချိန်တိုအတွင်း မှာပင် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ တိုးတက် ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ဖုန်း အသုံးပြုမှုမှာ ဖွံ့ဖြိုးဆဲနိုင်ငံ အချို့ကို ဖြတ်ကျော်ကာ တစ်ကမ္ဘာလုံးတွင် အသားတင် မိုဘိုင်းလ်ဖုန်း သုံးစွဲမှုတိုးရာတွင် မြန်မာနိုင်ငံက ထိပ်ဆုံး ငါးနိုင်ငံတွင် ပါဝင်ကြောင်း Ericsson Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ မိုဘိုင်းလ်ဖုန်း အသုံးပြုမှု အများဆုံးထိပ်တန်း ငါးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် ယခုနှစ်၊ နှစ်ကုန်ပိုင်းကာလ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ဆက်သွယ်ရေး အော်ပရေတာ များ၏ စာရင်းများအရ မိုဘိုင်းလ်ဖုန်း သုံးစွဲမှု ငါးသန်းခန့် သိသိသာသာ တိုးတက်များပြား လာနေသဖြင့် တစ်ကမ္ဘာလုံးတွင် မြန်မာနိုင်ငံကို စတုတ္ထအဆင့် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ တစ်ကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် မိုဘိုင်းလ်ဖုန်း အသုံးပြုနေမှု အခြေအနေများတွင် အိန္ဒိယနိုင်ငံက အတိုးတက်ဆုံး အခြေအနေမှာ ရှိနေပြီး တရုတ်နိုင်ငံက ဒုတိယ၊ အမေရိကန်နိုင်ငံက တတိယ၊ မြန်မာနိုင်ငံက စတုတ္ထနှင့် နိုင်ဂျီရီးယားနိုင်ငံက ပဉ္စမ ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။ (၃၃၆)
Sunday, October 18, 2015
နောင်ထုတ်လုပ်မည့် လက်ကိုင်ဖုန်းများတွင် အချိန်ကြာမြင့်စွာ သုံးစွဲနေမှုကို သတိပေးစနစ် တပ်ဆင်ပေးရန် စိတ်ပညာရှင်များ တောင်းဆို
လန်ဒန် ၊ ၁၆-၁၀-၂၀၁၅
နောင်ကာလ များတွင် ထုတ်လုပ်မည့် လက်ကိုင်ဖုန်း များသည် အသုံးပြု နေသူများကို ခေတ်ပေါ် လူသုံးပစ္စည်း တစ်မျိုးပေါ်တွင် အလွန်အကြူး စွဲလမ်းနေမှုများ မဖြစ်စေရန် အတွက် သတိပေး စာတမ်းများ ထည့်သွင်းပေးရန် သုတေသီ များက တောင်းဆို ထားကြောင်း သိရသည်။
ထို့ပြင် လက်ကိုင်ဖုန်းကို အချိန်ကြာမြင့်စွာ သုံးစွဲလာပါက သုံးစွဲနေသူအား အချက်ပြ အသံများ ထုတ်ပေးသော သတိပေး စနစ်ကိုလည်း တပ်ဆင်ပေး ကြရန် စိတ်ပညာရှင် များက ထပ်မံ တောင်းဆို လိုက်သည်။
ဆယ်ကျော်သက် အရွယ် လေးဦးတွင် တစ်ဦးသည် လက်ကိုင်ဖုန်းဖြင့် အွန်လိုင်း အသုံးပြုမှု များကို အဆက်မပြတ် လုပ်ကိုင် နေကြသည်ကို စစ်တမ်း တစ်စောင်က ဖော်ပြပြီး ဖြစ်သည်။ လူငယ် လူရွယ်များ၏ ကိုးရာခိုင်နှုန်း ကလည်း မိမိတို့ကို Facebook နှင့် အင်စတာဂရမ် တို့ကို တစ်မျိုးမဟုတ် တစ်မျိုး သုံးစွဲရန် လက်ကိုင်ဖုန်း များ၏ သွေးဆောင်မှုကို ခံစား နေကြရကြောင်း ဝန်ခံကြသည်။
လက်ကိုင်ဖုန်း များကို အဆက်မပြတ် သုံးစွဲနေခြင်း တို့ကြောင့် လူငယ်လူရွယ် များတွင် တီထွင်မှု စွမ်းရည် လျော့ပါးလာ စေကြောင်း၊ အလွယ်တကူ စိတ်ဓာတ် ကျစေခြင်း နှင့် အရှိတရားများ ကင်းကွာလာ စေကြောင်း စသည့် မလိုလားအပ်သော အပြုအမူများ ဖြစ်ပေါ်လာ နေကြောင်း ဟားဗတ် တက္ကသိုလ်မှ ပညာရှင် ဝိုင်ယန်အလီ က ရှင်းပြသည်။
သို့ဖြစ်၍ လက်ကိုင်ဖုန်း များသည် အချိန်ကြာမြင့်စွာ အသုံးပြု လာပါက ဖုန်းပြော နေသူကို သတိပေး မက်ဆေ့စ်များ ဖော်ပြခြင်း (သို့မဟုတ်) အချက်ပြ လာစေခြင်းတို့ ထည့်သွင်း တပ်ဆင်ပေးရန် တောင်းဆို လာရခြင်း ဖြစ်သည်။ အချိန်တိုင်း လက်ကိုင်ဖုန်း နှင့် အချိန်ကုန် နေကြရ၍ ၄င်းတို့သည် အချိန်၏ တန်ဖိုးကို မေ့လျော့စေကြောင်း စိတ်ပညာရှင် များက ရှင်းပြသည်။
အလွယ်ကူဆုံး အဖြေသည် ဖုန်းဖြင့် စကားပြော နေသည့်ကာလ ကြာမြင့်လာလျှင် ဖုန်းမျက်နှာပြင် စိမ်းသွားခြင်း (သို့မဟုတ်) အနီရောင် ပြောင်းလဲ ပေးခြင်းဖြင့် ဖုန်းပြောနေသူကို သတိပေးရာ ရောက်ကြောင်း၊ ဖုန်းပြောသူများ ၏ ၈ဝ ရာခိုင်နှုန်း ကလည်း ယခုကဲ့သို့ သတိပေးမှု များကို ကျေနပ်ကြောင်း စစ်တမ်းကြီးတွင် ဖော်ပြ ထားသည်။
#Yadanarpondaily
Wednesday, October 7, 2015
လူငယ်များ မိုဘိုင်းလ်ဖုန်းတွင် အာရုံရောက် နေသောကြောင့် လူမှုဆက်ဆံရေး အရည်အသွေး ကျဆင်းလာ
ဝါရှင်တန် ၊ ၇-၁၀-၂၀၁၅
မိုဘိုင်းလ်ဖုန်း သုံးစွဲသော လူငယ်များသည် အချိန်ရှိသမျှ ဖုန်းထဲသာ အာရုံရောက် နေသည့်အတွက် လူမှု ဆက်ဆံရေး အရည်အသွေးများ ကျဆင်းလာပြီး လူအများနှင့် လက်တွေ့ပြောဆို ဆက်ဆံရာတွင် အပေး၊အယူ၊ အပြော၊အဆို ညံ့ဖျင်းသည့် ပြဿနာမှာ တစ်နေ့တခြား ကြီးထွား လာနေ သောကြောင့် လူငယ်များ ဖုန်းကိုသာ ထိုင်ပွတ်နေသည့် ကိစ္စကို လွှတ်ထားရန် မသင့်တော့ကြောင်း အမေရိကန် ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ်၊ ဘေလာ တက္ကသိုလ်မှ သုတေသီ များက ပြောသည်။ 
''လူငယ်တွေ အချင်းချင်း တွေ့ ဆုံ သွားလာတဲ့ အခါ၊ ချစ်သူ အိမ်ထောင်ဖက်တွေ အတူရှိ နေတဲ့အခါ တစ်ယောက် ယောက်က ဖုန်းထုတ်ပြီး ပွတ်နေမယ်။ ဒါမှမဟုတ် ဖုန်းထဲကို အတူတူ ကြည့်နေမယ် ဆိုတာတွေဟာ ပျော်စရာ ကောင်းတယ် လို့ ယူဆကောင်း ယူဆနေကြပါ လိမ့်မယ်။ တကယ်တမ်းတော့ သူတို့ဟာ တကယ့် လူမှု ဆက်ဆံရေး ပိုင်းမှာ ပိုမို အားနည်းလာပြီး အမျိုးသား ကလဲ အမျိုးသမီးကို စိတ်မဝင်စား၊ အမျိုးသမီး ကလဲ အမျိုးသားကို စိတ်မဝင်စား၊ မိဘ က ကလေးကို စိတ်မဝင်စား၊ ကလေးက မိဘကို စိတ်မဝင်စား ဆိုတာတွေ ဖြစ်လာပြီး လူ့လောက အသိုက်အမြုံ ကြီးဟာ ရင်းနှီး နွေးထွေးမှု ကင်းမဲ့ သလိုဖြစ်နေ တာကို အံ့သြ ထိတ်လန့်ဖွယ်ရာ မြင်တွေ့ နေရပါတယ် '' ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 
မိမိနှင့်အတူ ရှိနေသူကို အာရုံ မစိုက်နိုင်ဘဲ ဖုန်းထဲတွင်သာ အာရုံ ရောက်နေသူ များတွင် အမျိုးသား လေးများက အများစုဖြစ်ပြီး အမျိုးသားလေး တစ်ဦးကို လျစ်လျူရှု ထားကာ အမျိုးသမီး အချင်းချင်း ဖုန်းကြည့်ပွတ်ကာ ပျော်ရွှင်ရယ် မောနေတတ်သူ များတွင် အမျိုးသမီး က ပိုကြောင်း၊ မည်သို့ပင် ဖြစ်စေ မိုဘိုင်းဖုန်း ဖျော်ဖြေရေးသည် လူ့ဘောင် လူ့အသိုင်းအဝိုင်း ကို စိတ်ဝမ်းကွဲ စေနေသည်မှာ ထင်ရှား သောကြောင့် ၄င်းကိစ္စကို ထိန်းချုပ်ရန် လိုအပ်နေကြောင်း သုတေသီ များက ထောက်ပြ ထားသည်။
ရတနာပုံနေ့စဉ် ၊ စာ(၁၂)
#Yadanarpondaily
Wednesday, May 27, 2015
3G အင်တာနက် အသုံးပြုမှုအတွက် အူရီဒူးမှ 1Mb လျှင် ၆ ကျပ်နှုန်း လျှော့ချပေး
ရန်ကုန် ၊ ၂၇-၅-၂၀၁၅
မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍမှ ပြည်ပ အော်ပရေတာ တစ်ခုဖြစ်သော အူရီဒူး မြန်မာသည် Phalan Phalan အင်တာနက်ဟု အမည်ရသော 3G အင်တာနက် အသုံးပြုမှု အတွက် 1Mb လျှင် ငွေ ၆ ကျပ်နှုန်းသို့ လျှော့ချလိုက်ပြီး မေ ၂၇ ရက်မှ စတင်၍ ဈေးနှုန်းသစ်ဖြင့် အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
အူရီဒူးမြန်မာ အနေဖြင့် မူလက 1Mb လျှင် ငွေ ၁၅ ကျပ်နှုန်းနှင့် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ငွေကျပ် ၂ဝ နှုန်းဖြင့် ဝန်ဆောင်မှု ပေးထားရာမှ မေ ၂၇ ရက်မှ စတင်ကာ အင်တာနက် သုံးစွဲခများကို 1Mb လျှင် ငွေ ၆ ကျပ်နှုန်းသို့ လျှော့ချ သုံးစွဲခွင့် ဝန်ဆောင်မှုအား ပေးအပ်သွားမည် ဖြစ်သည်။
အူရီဒူးဖုန်း သုံးစွဲသူများ အတွက် 3G အင်တာနက် ဝန်ဆောင်မှုအား အထူး ကောင်းမွန်သော ငွေကြေးနှုန်းထား နှင့် ကောင်းမွန်သည့် လိုင်းဝန်ဆောင်မှု တို့ကို ပေးသွားမည် ဖြစ်ကာ Package ဖြင့် အင်တာနက် ဝန်ဆောင်မှု ဝယ်ယူထား သူများကိုလည်း ထပ်ဆောင်း အပိုပမာဏ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ဈေးကွက် အတွင်း၌ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ များ၏ ဈေးနှုန်း လျှော့ချ ဝန်ဆောင်မှု များနှင့်အတူ သုံးစွဲမှုတွင် အင်တာနက်လိုင်း ကောင်းမွန်မှု များကို အသားပေး ရွေးချယ်လာ ကြပြီး လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်လုပ်သော ဖုန်းလိုင်းကတ် များထက် ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ များမှ ဖုန်းလိုင်းကတ် များကို သုံးစွဲမှုများပြား လာသဖြင့် ဈေးနှုန်း လျှော့ပေးခြင်း၊ လိုင်းကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
မိုးအောင်
#Themyawadydaily
Thursday, May 21, 2015
မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ၅၅ ဒသမ ၈ ရာခိုင်နှုန်းမှာ တစ်နေ့လျှင် အင်တာနက်သုံးစွဲချိန် တစ်နာရီအထက်ရှိ
ရန်ကုန် ၊ ၂၁-၅-၂၀၁၅
မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ၅၅ ဒသမ ၈ ရာခိုင်နှုန်းမှာ တစ်နေ့လျှင် အင်တာနက် သုံးစွဲချိန် တစ်နာရီ အထက် ရှိနေပြီး ၄င်းတို့အနက် Facebook သုံးစွဲမှု မှာ ၇၁ ဒသမ ၃ ရာခိုင်နှုန်း ရှိနေကြောင်း စင်ကာပူ အခြေစိုက် Mileage Communication Myanmar ၏ စစ်တမ်းများ အရ သိရသည်။
အဆိုပါ စစ်တမ်းက Gmail သုံးစွဲမှုသည် ၂၅ ဒသမ ၇ ရာခိုင်နှုန်း၊ Gtalk သုံးစွဲမှုသည် ၂၂ ဒသမ ၈ ရာခိုင်နှုန်းနှင့် Twitter သုံးစွဲမှု နှုန်းသည် ၁ဝ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ၅၅ ဒသမ ၈ ရာခိုင်နှုန်းသည် တစ်နေ့လျှင် အင်တာနက် သုံးစွဲချိန် တစ်နာရီမှ နှစ်နာရီ အတွင်း ရှိပြီး ၃၃ ဒသမ ၉ ရာခိုင်နှုန်းသည် တစ်နေ့လျှင် တစ်နာရီခန့် အင်တာနက် သုံးစွဲကြောင်းလည်း ဖော်ပြထားပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သော အစီရင်ခံစာ အရ မြန်မာနိုင်ငံတွင် လူဦးရေ ၁ သန်းခန့်သာ မိုဘိုင်းလ်ဖုန်း အသုံးပြု နိုင်ခဲ့ကြောင်း သိရသည်။
၂ဝ၁၁ ခုနှစ် မတ်လက နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများအား လုပ်ငန်းလိုင်စင် ချပေးခဲ့ခြင်း အပါအဝင် ပြုပြင် ပြောင်းလဲမှုများ စတင်ဆောင်ရွက် လာခဲ့ပြီး နောက်ပိုင်းတွင် ဆက်သွယ်ရေး လုပ်ငန်း သုံးခုလုံး ဆက်သွယ်ရေး တာဝါတိုင်များ တပ်ဆင် ပြီးစီးပြီးနောက် မြန်မာ့ ဆက်သွယ်ရေး ကွန်ရက် ပိုမိုကျယ်ပြန့် လာခဲ့ပြီး ဆင်းကတ်များ ကိုလည်း ပိုမိုရောင်းချ ပေးနိုင်ခဲ့ကြောင်း သိရသည်။
အော်ရီဒူး ကုမ္ပဏီ၏ သုံးလပတ် အစီရင်ခံစာ အရ ယခုနှစ် ဧပြီလ နောက်ဆုံးပတ် အထိ သုံးစွဲသူပေါင်း ၃ ဒသမ ၃ သန်းရှိပြီး ဆက်သွယ်ရေး တာဝါတိုင် ၁၈၅၀ စိုက်ထူထားသည့် တယ်လီနော က သုံးစွဲသူပေါင်း ၆ ဒသမ ၄ သန်း ရှိကြောင်း ကုမ္ပဏီများ၏ ထုတ်ပြန်ချက် အရ သိရသည်။
အိအိအောင်
#Yadanarpondaily
Tuesday, April 28, 2015
သတိ . . . အလုပ်လုပ်ရင်း ဖုန်းမပြောရ
သတိ . . . အလုပ်လုပ်ရင်း ဖုန်းမပြောရ
ကြယ်စင်စိုး (မန္တလေး)
''စာရင်းတွေကို သေချာမှတ်ကွ၊ ဂရုစိုက်ပြီးမှတ် မလွဲချော် စေနဲ့၊ အလုပ်လုပ်တဲ့ အခါ ဖုန်းကို တစ်ဖက်က အသုံးပြု နေရင်း မလုပ်နဲ့၊ အလုပ်လုပ် နေရင်း ဖေ့စ်ဘုတ် မသုံးနဲ့၊ အင်တာနက် မကြည့်နဲ့၊ ဖုန်းကိုလဲ အကြာကြီး မပြောကြ နဲ့ကွ၊ လိုအပ်မှပြော၊ အထူးသဖြင့် အလုပ်လုပ် နေတဲ့အချိန်မှာ အဲဒီဖုန်း အသုံးပြု တာတွေကို လျှော့ချ၊ မင်းတို့ မပြောနဲ့ ငါတို့တောင် မှားတတ်လွန်းလို့ သတိထား လုပ်နေရတာ၊ စာရင်း ဇယားတွေ ကွာဟသွားရင် မကောင်းဘူး'' အသိတစ်ယောက် အိမ်ရောက်တော့ အသိဖြစ်သူက သူ့အိမ်က အလုပ်သမား တစ်ယောက်ကို အထက်ပါ အတိုင်း သတိပေးစကား ဆိုနေတာပါ။ သူတို့အိမ်က ပဲပွဲရုံ ထောင်ထားတာ ဆိုတော့ ပွဲရုံကို ရောက်လာတဲ့ ပဲအိတ်တွေကို  စာအုပ်ထဲမှာ စာရင်းမှတ် ရတာလဲ ရှိသလို ပွဲရုံကနေ တစ်ဆင့် တခြားကို ပို့ဆောင်ပေးရတဲ့ ပဲအိတ်တွေကို လဲ စာရင်းမှတ် ရပါတယ်။ အဲဒီလို စာရင်းမှတ်ရတဲ့ အခါမျိုးမှာ မကြာခဏ ဆိုသလို စာရင်းမှတ် တာတွေ မှားယွင်းမှု ဖြစ်တဲ့အတွက် သတိပေးစကား ဆိုတာ ဖြစ်ဟန်တူ ပါတယ်။
''မမှားသော ရှေ့နေ၊ မသေသော ဆေးသမားမရှိ'' ဆိုသလိုပါပဲ။ လူဆိုတဲ့အမျိုးဟာ မှားတတ်တဲ့ အမျိုးဖြစ်တယ်။ အဲဒီလို အမှား လုပ်တတ်ကြတဲ့ အထဲမှာ တချို့က မှားသင့်လို့ မှားကြတာ ရှိသလို၊ တချို့က မမှားသင့်ပါဘဲ မှားကြတယ်။ တချို့က မှားပြီးသား အကြောင်းအရာ တစ်ခုကို နောက်တစ်ကြိမ် ထပ်ပြီး မှားကြတယ်။ မောဟ မကင်းသူတိုင်း ဘယ်သူမဆို အမှား ကင်းနိုင်ကြမယ် မထင်။ သို့သော် မှားသင့်လို့ မှားတာမျိုးဟာ လက်ခံနိုင်စရာ ဖြစ်ပေမယ့် မမှားသင့် ပါဘဲ မှားတဲ့အမှားမျိုး ကတော့ ခွင့်လွတ် လက်ခံနိုင်စရာ အကြောင်းမရှိပါ။ အထူးသဖြင့် ကိုယ်ကိုယ် တိုင်ရဲ့ နမော်နမဲ့ နိုင်စွာ လုပ်ကိုင် ဆောင်ရွက်မှု၊ အလုပ်အပေါ်မှာ လေးစား တန်ဖိုးထား ရကောင်းမှန်း မသိမှုကြောင့် မှားယွင်းမှုမျိုး ကတော့ ပိုလို့တောင် လက်ခံနိုင်စရာ မရှိ။ အများ အားဖြင့်တော့ အလုပ်လုပ် ကြတဲ့ နေရာမှာ မှားယွင်းစွာ လုပ်ဆောင် လာကြတာဟာ ကိုယ်ကိုယ်တိုင် နမော်နမဲ့နိုင်မှု၊ အလုပ်အပေါ်မှာ တန်ဖိုးမထား  တတ်မှု တွေကြောင့် မှားယွင်းကြတာ ဖြစ်ပါတယ်။
ဘာကြောင့် မှားယွင်းမှုတွေ ဖြစ်ပေါ် လာရသလဲ ဆိုရင် အလုပ်တစ်ခုကို လုပ်ကြတဲ့ နေရာမှာ အလုပ်အပေါ် အာရုံစူးစိုက်မှု မရှိပါဘဲ အလုပ်လုပ် နေရင်းကနေ စာအုပ် ဖတ်နေတာ မျိုးတွေ၊ တယ်လီဖုန်း အသုံးပြု နေတာမျိုး တွေကြောင့် မှားယွင်းမှုတွေ ဖြစ်ပေါ် လာရတာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်လုပ်ရမယ့် အလုပ်အပေါ်မှာ အာရုံစူးစိုက်မှု မရှိပါဘဲ စာအုပ်ဖတ် နေကြတာ၊ တယ်လီဖုန်း အသုံးပြု နေကြတာ တွေကြောင့် မမှားသင့်တဲ့ အမှားမျိုး တွေနဲ့ တွေ့ကြုံရသလို စာရင်းဇယားတွေ မလွဲချော်သင့် ပါဘဲ လွဲချော်မှုတွေ ဖြစ်လာကြတယ်။
အထူးသဖြင့် မိုဘိုင်းဖုန်း (လက်ကိုင် တယ်လီဖုန်း) တွေ တွင်ကျယ် လာခဲ့တဲ့ ဒီဘက်ပိုင်း နှစ်တွေမှာ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် လေးစား တန်ဖိုးထားကြ ရကောင်းမှန်း မသိကြတော့ သလို ကိုယ်လုပ် နေတဲ့အလုပ် အပေါ်မှာလဲ လေးစား ရကောင်းမှန်း မသိကြတော့။ မိုဘိုင်းဖုန်း တွေက ပြည်သူတွေ ကြားထဲကို သောက်သောက်လဲ ဝင်ရောက် လာချိန်မှာတော့ ကိုင်တွယ် အသုံးပြု လာကြတဲ့ လူတွေကလဲ အလွှာပေါင်းစုံ ဖြစ်လို့ နေပါတယ်။ 
တချို့များဆို တစ်ယောက် တည်းနဲ့ ခါးမှာ ဖုန်းနှစ်လုံး သုံးလုံး ချိတ်ထားတာကို တွေ့မြင် ခဲ့ဖူးတယ်။ အဲဒီလို လူတွေကို ဘာအလုပ် လုပ်တာလဲလို့ မေးကြည့်တော့ ဘာအလုပ်မှ မည်မည်ရရ မရှိဘူးလို့ သိရတယ်။ ထားပါတော့။ ဒါကတော့ တတ်နိုင်ကြလို့ ကိုင်တွယ် သုံးစွဲတာ၊ ဘယ်နှလုံးပဲ ကိုင်ကိုင် အပြစ် ပြောစရာ မရှိဘူး။
လူတိုင်းလူတိုင်းရဲ့ လက်ဝယ်မှာ မိုဘိုင်းဖုန်း (လက်ကိုင် တယ်လီဖုန်း) တွေ ရှိနေပြီဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် သာကြောင်း မာကြောင်း ပြောချင်ရင်လဲ ဖုန်းနဲ့၊ လူငယ်တွေ ဘာသာဘာဝ ချစ်ကြောင်း ကြိုက်ကြောင်း ပြောမယ် ဆိုရင်လဲ ဖုန်းနဲ့။ အလုပ် အကြောင်းကိုပဲ ပြောမလား၊ စီးပွားရေး အကြောင်းကိုပဲ ပြောမလား၊ ကုန်ဈေးနှုန်း အတက် အကျကို ပြောမလား အားလုံးဟာ ဖုန်းတွေကို အသုံးပြုပြီး ပြောဆို လာကြတယ်။ ဘယ်သူမှ အချိန်ကုန် လူပင်ပန်း မခံကြတော့။ တယ်လီဖုန်း ယဉ်ကျေးမှု လို့ပဲ ဆိုရတော့မလား နေရာတိုင်း လိုလိုမှာ တယ်လီဖုန်း မပါရင် အလုပ် မတွင်ကျယ် တော့သလို ဖြစ်နေပြီ။ အဲဒီလို ထွန်းကားလာတဲ့ တယ်လီဖုန်း တွေကြောင့်ပဲ လူတွေဟာ အလုပ်တစ်ခု လုပ်ကြတဲ့ အခါမှာ မမှားသင့်တဲ့ အမှားတွေ မှားကြရသလို မလွဲချော် သင့်တဲ့ အရာတွေ လွဲချော် ကြရတယ်။ အဆိုးဆုံးကတော့ လူအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ကြားမှာ လေးစား တန်ဖိုးထားမှုတွေ မရှိကြတော့ ပါဘူး။
ဈေးရောင်း ကောင်တာမှာ ထိုင်ပြီး ဈေးရောင်းနေတဲ့ အရောင်း စာရေးမက ဈေးဝယ် ရောက်နေတာကို အလေးမထားဘဲ တယ်လီဖုန်း စကားပြောနေပြီး ဈေးဝယ်လာတဲ့ သူကို အားနာရ ကောင်းမှန်းမသိ။ ဈေးဝယ်မယ့် သူက တယ်လီဖုန်း စကားပြောပြီးတဲ့ ထိအောင် စောင့်ဆိုင်း နေရတယ်။ အလားတူပါပဲ ဘတ်စ်ကား ပေါ်က ခရီးသည် ကလဲ ဘတ်စ်ကား စီးနေရင်း ဖုန်းစကား ပြောတယ်။ ကားစပါယ်ယာရဲ့ ကားမှတ်တိုင် ရောက်လို့ အော်ပြောသံကို မကြားနိုင်တော့။ တယ်လီဖုန်းကို အားရ ကျေနပ်အောင် ပြောဆိုပြီးမှ ဘတ်စ်ကားပေါ်က ဆင်းမယ် လုပ်တော့ ဆင်းရမယ့် ကားမှတ်တိုင်က ကျော်လွန်သွားပြီ။ အဲဒီတော့မှ ကားစပါယ်ယာ လေးကို  ကားမှတ်တိုင် ရောက်တာ မပြောရကောင်းလား ဆိုပြီး ရန်တွေ့စကား ဆိုတယ်။ ကားလမ်းမ ထက်က မော်တော်ဆိုင်ကယ် တွေကလဲ ဆိုင်ကယ် မောင်းနေရင်း လက်တစ်ဖက်က ဖုန်းစကား ပြောကြပြန် သေးတယ်။ ဖုန်းကိုပဲ  အာရုံစိုက် ပြောနေတာ ဆိုတော့ သူမောင်းနေတဲ့ ဆိုင်ကယ်က လမ်းလယ်ကောင် တည့်တည့်က မောင်းနေမိ သလား၊ မီးနီမိ နေတာကို မောင်းနေမိ နေပါလား ဆိုတာကို သတိမထား မိနိုင်တော့။ နောက်က ယာဉ်တွေက ဟွန်းတွေ တရစပ် တီးနေလဲ ဖုန်းထဲက လာတဲ့ စကားသံက လွဲလို့ တခြား ဘာကိုမှ မကြားနိုင်။
တယ်လီဖုန်းကို အသုံးပြု လာကြတဲ့ လူအများစုဟာ ဖုန်းများ ပြောရမယ်ဆိုရင် ဒါမှမဟုတ် ဖုန်းကို အသုံးပြုပြီး တစ်ခုခု လုပ်နေရမယ် ဆိုရင် ပတ်ဝန်းကျင်ကို ဘာဆိုဘာမှ အလေးထားရ ကောင်းမှန်း မသိကြ တော့ဘူး။ အဲဒီလို ပတ်ဝန်းကျင်ကို အလေးမထားမှု တွေကြောင့်လဲ မမှားသင့်ဘဲ မှားခဲ့ရတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ရသလို မလွဲချော် သင့်တဲ့ အရာတွေလဲ လွဲချော်ခဲ့ရတယ်။ မှားသင့်လို့ မှားတာမျိုးလား၊ ကိုယ်ကိုယ်တိုင်ရဲ့ နမော်နမဲ့ နိုင်မှုကြောင့် မှားတာမျိုးလား ဆိုတာ ထည့်မတွက် ကြဘဲ အလုပ်ရှင်နဲ့ အလုပ်သမားကြား၊ မိဘနဲ့ သားသမီးကြား၊ တစ်ယောက်နဲ့ တစ်ယောက် ကတောက်ကဆတ် စကားတွေ များကြရတယ်။ ဒါတွေဟာ ဘာကြောင့်လဲ ဆိုရင် မလိုအပ်ဘဲ တယ်လီဖုန်း (မိုဘိုင်းဖုန်း) တွေကို သုံးစွဲကြလို့၊ အတိုင်းထက် အလွန် သုံးစွဲကြလို့၊ သုံးစွဲသင့်တဲ့ အချိန်၊ သုံးစွဲသင့်တဲ့ နေရာမှာ မသုံးစွဲဘဲ မသုံးစွဲသင့်တဲ့ အချိန်၊ မသုံးစွဲသင့်တဲ့ နေရာမှာ သုံးစွဲနေကြလို့ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်း လူတိုင်းဟာ၊ များသောအားဖြင့် မိုဘိုင်းဖုန်း တွေကို သုံးစွဲနေကြတဲ့ အလွှာ ပေါင်းစုံက လူတွေဟာ မမှားသင့်တဲ့ အမှားမျိုး မမှားရ လေအောင်၊ မလွဲချော် သင့်တဲ့ အရာတွေကို မလွဲချော် မိအောင် သတိတရား ကြီးစွာနဲ့ ဖုန်းကို သုံးစွဲကြပါလို့ တိုက်တွန်း လိုပါတယ်။
နောက်ဆုံး ပြောလိုတာကတော့ အိမ်တိုင်း အိမ်တိုင်းမှာ ''သတိ . . . အလုပ်လုပ်ရင်း ဖုန်းမပြောရ '' ဆိုတဲ့ သတိပေး စာတန်းလေး ရေးပြီး နံရံတွေမှာ ကပ်ထားရမလို ဖြစ်နေပါပြီလို့ ပြောကြား လိုပါတယ်။
#Yadanarpondaily
Friday, March 20, 2015
သုံးတတ်လျှင်ဆေး ၊ မသုံးတတ်လျှင် . . .
သုံးတတ်လျှင်ဆေး ၊ မသုံးတတ်လျှင် . . . 
နှောင်း
ဟိုလူ့ လက်ထဲမှာလဲ တယ်လီဖုန်း၊ ဒီလူ့ လက်ထဲမှာလဲ တယ်လီဖုန်း။ ကလေးရော၊ လူကြီးရော ဘယ်သူ့ ကြည့်ကြည့် ဟန်းဖုန်း ကိုယ်စီနဲ့ ဆက်သွယ်ရေးတွေ ကောင်းလာတာ၊ လူတိုင်း ဖုန်းကိုင်နိုင်တာ ကျွန်မတို့ ပြည်သူတွေ အနှစ်နှစ် အလလက တောင့်တပြီး မက်ခဲ့ရတဲ့ အိပ်မက် တွေပါပဲ။ ဒါပေမဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာတဲ့ အခါမှာ အကျိုးရှိရှိ အသုံးချ တတ်ဖို့တော့ လိုပါတယ်။ အရွယ် မရောက်သေးတဲ့ ကလေးတွေ၊ စဉ်းစားဆင်ခြင် နိုင်စွမ်း မရှိသေးတဲ့ ကလေးတွေကို ဖုန်းပေးကိုင် တာဟာ သိပ်ကို အန္တရာယ်များ ပါတယ်။ နည်းပညာဟာ အသုံးချတတ်သူ တွေအတွက် ဆေးတစ်ခွက် ဖြစ်ပေမယ့် အသုံးချမှု မှားယွင်း ခဲ့ရင်တော့ အန္တရာယ်ကို လက်ယပ် ခေါ်သလို ဖြစ်နေပါ လိမ့်မယ်။
အခုဆိုရင် ဖုန်းတိုင်းမှာ အင်တာနက်ပါ တွဲသုံးလို့ ရနေပါတယ်။ အင်တာနက် ဆိုတာ ဘာမဆို ရနိုင်တဲ့ စွယ်စုံကျမ်း ဖြစ်လေတော့ လိုတာတွေရော မလိုတာတွေပါ ရောပါ နေပါတယ်။ ဒါဟာ အကောင်း- အဆိုး မခွဲနိုင်သေးတဲ့ ကလေးတွေ အတွက် အန္တရာယ် ရှိပါတယ်။
အဖြစ်အပျက် တချို့ကို ကျွန်မ ပြောပြပါ့မယ်။ ကျွန်မ သူငယ်ချင်း ကျောင်းဆရာမ တွေဆီက နေတစ်ဆင့် သိခဲ့ရတာပါ။ ခြောက်တန်း၊ ခုနစ်တန်း ဥမမည် စာမမြောက် အရွယ် ဝန်းကျင်တွေဟာ စာသင်ခန်းထဲ ဆရာမ ကွယ်ရာမှာ အသံတိတ် Message တွေ ပို့ကြတယ်။ ကလေးတွေမို့ ငယ်ပါ သေးတယ်။ သူငယ်ချင်း အချင်းချင်း ပို့တာပါလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ သူတို့လေး တွေမှာ လေလှိုင်းထဲက ဆက်သွယ်မိတဲ့ ချစ်သူကိုယ်စီ နဲ့ပါ။ 
အင်တာနက် ကနေ အလွယ်တကူ ကြည့်လို့ ရနေတဲ့ ညစ်ညမ်းတဲ့ ဇာတ်ကားတွေ ကြည့်ကြတယ်။ အနောက်တိုင်း ယဉ်ကျေးမှု ကို အတုခိုး ကြတယ်။ ရိုးသား သန့်စင်တဲ့ ကလေးတွေရဲ့ နှလုံးသားမှာ ကလေး တစ်ယောက် သိသင့်တဲ့ အတိုင်းအတာ ထက်ကို ကျော်ပြီး ပိုသိ နေကြပါတယ်။ မိဘတွေ သတိမူကြ ဖို့ပါ။ အရွယ်မရောက် သေးတဲ့ ကလေးတွေတင် မကပါဘူး။ အရွယ် ရောက်ပြီးသား လူကြီး တွေတောင် လေလှိုင်းထဲမှာ အညာမိ နေတာတွေ အများကြီး ရှိပါတယ်။ မမြင်ရတဲ့ လေလှိုင်းထဲက ချစ်သူကို ယုံပြီး ဘဝပျက် သွားကြသူတွေ တစ်ပုံကြီး ရှိပါတယ်။ ဟိုဘက်က အိမ်ထောင်ရှင်လား၊ ကလေး အဖေလား၊ အသက် ငါးဆယ်ကျော်လား ဆိုတာ၊ ဘာဆိုဘာမှ မသိဘဲနဲ့ စဉ်းစား ဆင်ခြင်ဉာဏ် မဲ့စွာ ပြောဆိုဆက်ဆံ နေကြတာဟာ သိပ်ကို ကြောက်စရာ ကောင်းတဲ့ နည်းပညာ နောက်ဆက်တွဲ လူမှု ဆက်ဆံရေး နယ်ပယ်က ဆိုးကျိုး တွေပါ။ ဒါကို မိဘတွေနဲ့ တာဝန်ရှိ ဆရာ၊ ဆရာမတွေက ဂရုတစိုက်နဲ့ စောင့်ကြည့် ကြပ်မတ်ပေးဖို့ လိုပါတယ်။
တကယ်တမ်းတော့ အင်တာနက် ဆိုတာ ပညာ လေ့လာချင်တဲ့ သူတွေအတွက် လိုအပ်တဲ့ ပညာတွေကို အလွယ်တကူ သင်ယူ လေ့လာနိုင်တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ အရင်ခေတ်က ဘာသာရပ် တစ်ခုနဲ့ ပတ်သက်ပြီး ကျမ်းပြုတော့မယ် ဆိုရင် စာကြည့်တိုက် ကိုပြေး စာအုပ်ပုံကြားမှာ ခေါင်းနှစ်ထား ရတယ်။ နေရာဒေသ တစ်ခုအကြောင်း သိချင်ရင် အဲဒီနေရာကို ကိုယ်တိုင်သွားပြီး လေ့လာ ရတယ်။ အချိန် အလွန်ကုန် သလို ငွေလဲ ကုန်ပါတယ်။ ဒီနေ့ခေတ် မှာတော့ နေရာ တစ်ချက်မှ ရွှေ့စရာ မလိုဘဲနဲ့ ထိုင်ရာမထဘဲ ကမ္ဘာပတ်လို့ ရပါတယ်။
ကျွန်မတို့ လက်ထဲမှာ အမြဲ ကိုင်ထားတဲ့ ဖုန်းတွေက အင်တာနက် ရနေတာဟာ ကျွန်မတို့နဲ့ အတူ လိုချင်တာ အကုန်ရှာလို့ ရတဲ့ စာကြည့်တိုက် တစ်လုံး၊ သင်ချင်တာ အကုန်သင်လို့ ရတဲ့ တက္ကသိုလ်တစ်ခု ကပ်ပါ နေသလိုပါပဲ။ ဒါဟာ နည်းပညာရဲ့ ကောင်းကျိုး ရလဒ်ပါ။
ဒါပေမဲ့ ကျွန်မတို့ နိုင်ငံတွေ မှာတော့ နည်းပညာရဲ့ကောင်းကျိုးကို အသုံးချသူက လူနည်းစုသာ ရှိပြီး အများစု ကတော့ လူမှုကွန်ရက် တွေမှာပဲ အချိန်ကုန်ခံ နေကြတာ များပါတယ်။ ကျွန်မ ပတ်ဝန်းကျင် ကြည့်လေရာမှာ လေလှိုင်းထဲမှာ အငွေ့ပြန် သွားတဲ့ ပိုက်ဆံတွေ ကိုပဲ မြင်နေရ ပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေ ဝင်လာပြီး လိုင်း ကောင်းအောင်၊ အင်တာနက် အသုံးပြုမှု မြန်ဆန်အောင် လုပ်ပေးတာကို ကျွန်မတို့ ပြည်သူတွေ အကျိုးရှိရှိ အသုံးချ ရပါမယ်။ ငွေလဲကုန်၊ အချိန်လဲကုန်၊ မှုခင်းတွေ ကများ၊ လူမှု ကျင့်ဝတ်တွေ ဖောက်ပြန်၊ ပဋိပက္ခတွေလဲ ဖြစ်ဆိုရင် ကျွန်မတို့ ပြည်သူတွေဟာ ငွေကုန်ပြီးတော့ မတိုးတက်ဘဲ ဆက်သွယ်ရေး ကုမ္ပဏီ တွေသာ အမြတ်ထွက် သွားပါ လိမ့်မယ်။
ဒါကြောင့် ကလေးတွေကို ဖုန်းပေး မကိုင်ခင်မှာ နည်းပညာရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ နည်းပညာထဲက ရအောင် ယူသင့်တဲ့ အရာတွေ၊ နည်းပညာထဲက ရှောင်ရှားသင့်တဲ့ အရာတွေကို သေချာ ပြောပြပြီး ကိုယ်တိုင်ခွဲခြား ဆုံးဖြတ်နိုင်အောင် အရင် သင်ကြား ပေးသင့် ပါတယ်။ ဒါမှသာ နည်းပညာရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားနိုင်ပြီး နည်းပညာရဲ့ဘေးထွက်ဆိုးကျိုး တွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ 
ဖူးသောပန်းတိုင်း ပွင့်နိုင်ကြပါစေ၊ 
ပွင့်သောပန်းတိုင်း လန်းနိုင်ကြပါစေ၊
လန်းသော ပန်းတိုင်း ကြာရှည်တည်တံ့ နိုင်ကြစေဖို့ ဆန္ဒမွန်နဲ့ ရေးသား လိုက်ရပါတယ်။
#Yadanarpondaily
Sunday, December 7, 2014
ဆယ်ကျော်သက် အရွယ်များ လက်ကိုင်ဖုန်း သုံးစွဲမှုအပေါ် မိဘများစိုးရိမ်မှုများ ရှိနေ
ရန်ကုန် ၊ ၇-၁၂-၂၀၁၄
ဆယ်ကျော်သက် အရွယ်ဖြစ်သော အလယ်တန်း နှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ လက်ကိုင်ဖုန်းကို ကျယ်ပြန့်စွာ သုံးစွဲမှုအပေါ် မိဘများ အနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
''အခုဆင်းကတ် က ၁၅ဝဝ ကျပ်လောက်ပဲ ရှိတယ်။ ဖုန်းကလည်း ဈေးသိပ် မရှိတော့ ကိုယ့်ကလေးကို ဖုန်းကိုင် စေချင်တဲ့ အတွက် ဝယ်ပေးကြ တယ်။ ဒါပေမဲ့ ကလေးတွေက အင်တာနက် ကြည့်တယ်၊ ဂိမ်း ကစားတယ်။ အချို့က မကြည့်သင့်တဲ့ ပုံကြည့် ကြတယ်။ လမ်းမှား ရောက်ဖို့ ပိုလွယ်နေတယ်။ ဒါကြောင့် အရမ်းကို စိုးရိမ်မှုတွေ ရှိနေကြ ပါတယ် ... '' ဟု အဋ္ဌမတန်း ကျောင်းသား တစ်ဦး၏ ဖခင် ဖြစ်သူက ပြောသည်။
ဆယ်ကျော်သက်များ အနေဖြင့် လက်ကိုင်ဖုန်း သုံးစွဲရာတွင် ဖုန်းခေါ်ဆိုမှုထက် အင်တာနက် နှင့် ဂိမ်းကစားခြင်း များကို ပို၍ အသုံးပြုကြ ကြောင်း၊ အလယ်တန်း နှင့် အထက်တန်း အရွယ်များတွင် ထိုသို့ အသုံးပြု နေကြောင်း ဆယ်ကျော်သက် များ ဖုန်းသုံးစွဲ မှုကို လေ့လာသူ တစ်ဦးက ပြောသည်။ ''အစိုးရအနေ နဲ့ ဆယ်ကျော်သက် အရွယ်တွေကို လက်ကိုင်ဖုန်း အဓိကအား ဖြင့် စမတ်ဖုန်းတွေ သုံးတာကို ဥပဒေနဲ့ တားမြစ်သင့် ပါတယ်။ ဒါမှ ကလေးသူငယ် တွေ အမှားနဲ့ ရင်မဆိုင်ရမှာပါ ... '' ဟု ၄င်းက ဆက်လက် ပြောသည်။
အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ လက်ကိုင်ဖုန်း ယူဆောင်လာမှု အပေါ်တွင် ပိတ်ပင် ထားကြောင်း နှင့် ယူဆောင် လာပါက အပြစ်ပေး အရေးယူမှုများ ပြုလုပ်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းတစ်ခုမှ ကျောင်းအုပ် ကြီးတစ်ဦးက ပြောသည်။ ''ကျောင်းကို ဖုန်းယူလာရင် သိမ်းတယ်။ စာမေးပွဲပြီးမှ ပြန်ပေးတယ်။ အချို့မိဘ တွေကကလေး ပူဆာတိုင်း အလိုလိုက်ပြီး ဖုန်းဝယ် ပေးကြတယ်။ ဖုန်းဝယ်ပေးတဲ့ အတွက် အန္တရာယ်ကို ဖိတ်ခေါ် နေသလိုပါပဲ။ အိမ်ကို အရေးအကြောင်း ဖုန်းခေါ်စရာ ရှိရင် ဆရာ၊ ဆရာမ တိုင်းမှာ ဖုန်းရှိတယ်။ ကလေးတွေကို ဖုန်းပေးမ ကိုင်သင့်ပါဘူး။ ဒါကို မိဘတွေ သိစေချင် ပါတယ် ... ''ဟု ၄င်းက ဆက်လက် ပြောသည်။ 
မြန်မာနိုင်ငံ၌ ၂ဝ၁၃ ခုနှစ်မှစ၍ မိုဘိုင်းလ်ဖုန်း ဆင်းကတ် ဈေးနှုန်းများ ကျဆင်းခဲ့ သောကြောင့် လူတိုင်းနီးပါး ဖုန်းကိုင်ဆောင်လျက် ရှိသည်။(၄၄၅)
#Themyawadydaily
#မြ၀တီနေ့စဉ်
Sunday, November 9, 2014
မိုဘိုင်းလ်ဖုန်း နှင့် နောက်ဆက်တွဲ ဆိုးကျိုး အန္တရာယ်
မိုဘိုင်းလ်ဖုန်း နှင့် နောက်ဆက်တွဲ ဆိုးကျိုး အန္တရာယ်
မိုဘိုင်းလ်ဖုန်းများ၏ လက်တွေ့ ကျကျ အသုံးဝင်မှုကြောင့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စစ်ရေးနှင့် နိုင်ငံရေး စသော ကဏ္ဍ အသီးသီး၌ မိုဘိုင်းလ်ဖုန်း များ၏ အရေးပါမှုက ထိပ်တန်း အဆင့်သို့ ရောက်ရှိ လာခဲ့သည်။ မိုဘိုင်းလ် ဖုန်း၏ အကျိုးကျေးဇူး များကို ခံစား နေကြရ ချိန်တွင် လွန်ခဲ့သော ၁ဝ စုနှစ် နှစ်စုမျှ ကာလခန့်မှ စတင်၍ မိုဘိုင်းလ် ဖုန်းများ၏ ဆိုးကျိုးဖြစ်စေ မှုများကို သုတေသီ တို့က ရှာဖွေတွေ့ရှိ ခဲ့ကြသည်။
မိုဘိုင်းလ်ဖုန်း များသည် ဓာတု အဆိပ်သင့် စေနိုင်သည်ဟု လည်းကောင်း၊ ကင်ဆာရောဂါ အမျိုးမျိုး ကို ဖြစ်စေ နိုင်သည်ဟု လည်းကောင်း၊ မိုဘိုင်းလ်ဖုန်း ၏ ဓာတ်ရောင်ခြည် ဖြာထွက်မှု သည် ကင်ဆာ ရောဂါများ အပေါ် အဆများစွာ ပြင်းထန် လာစေသည် ဟု လည်းကောင်း၊ မိုဘိုင်းလ်ဖုန်း များက ထုတ်လွှတ်သည့် လှိုင်းများကြောင့် အာရုံကြော ဆိုင်ရာ ရောဂါများ ဖြစ်စေသည် ဟု လည်းကောင်း၊ သွေးတိုးနှင့် နှလုံးရောဂါ များကို ဖြစ်စေသည် ဟု လည်းကောင်း အမျိုးပေါင်း များစွာသော ဝေဖန် ထောက်ပြ မှုများ ရှိသောကြောင့် လူမှု ပတ်ဝန်းကျင် ၌ မိုဘိုင်းလ်ဖုန်း နှင့် မကင်းနိုင် ကြသူများ ရတက်မအေး ဖြစ်ကြ ရသည်။
မျက်မှောက် ကာလတွင် ကမ္ဘာပေါ်၌ မိုဘိုင်းလ်ဖုန်း သုံးစွဲနေသူ ဦးရေမှာ ကမ္ဘာ့ လူဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော် မျှရှိနေသည်။ အချို့က မိုဘိုင်းဖုန်း ကို နေအိမ်နှင့် လုပ်ငန်းခွင် ၌ ရှိနေစဉ် စက်ပိတ် ထားပြီး အချို့က မိုဘိုင်းဖုန်း ကို ၂၄ နာရီ ဖွင့်ထား ကြသည်။ အချို့က ဖုန်းကို အချိန် ကြာမြှင့်စွာ ပြောတတ် ကြခြင်း၊ အချို့က သီချင်း နားထောင်ခြင်း နှင့် အချို့က Games ကစားခြင်း များဖြင့် အချိန်ကို ကုန်စေတတ် ကြသည်။
မိုဘိုင်းလ်ဖုန်း များသည် လုပ်ငန်းသုံး ကွန်ပျူတာ နှင့် ကိုယ်ပိုင်သုံး ကွန်ပျူတာ များကဲ့သို့ပင် ဓာတ်ရောင်ခြည် ဖြာထွက်မှု ( Radiation ) ရှိသော်လည်း ပမာဏ အလွန်နည်း သည့်အတွက် ဆက်သွယ် ပြောဆိုသည့် အကြိမ်ရေ နှင့် အချိန် အတိုင်းအတာ နည်းသူများက ဓာတ်ရောင်ခြည် အန္တရာယ် ကို စိုးရိမ်ပူပန် ရန် မလိုပေ။ သို့သော် မိုဘိုင်းလ်ဖုန်း ကို တစ်နေ့တာ အတွင်း အကြိမ်ရေ များစွာ ပြောသူများ၊ တစ်ကြိမ် ပြောလျှင် နာရီနှင့်ချီ၍ ကြာမြင့်သူများ၊ အအိပ်အနေ နည်းလွန်းပြီး မိုဘိုင်းဖုန်းကို မကြာခဏ သုံးစွဲလေ့ ရှိသူများ အတွက် မိုဘိုင်းလ်ဖုန်း ဆိုးကျိုး သက်ရောက်မှု က အင်အား ကြီးမား လာနိုင်သည်ကို သတိပြု ကြရမည် ဖြစ်သည်။
ထိုသို့သော အလေ့အကျင့် ရှိသူများ အတွက် မှတ်ဉာဏ် ယုတ်လျော့ ကျဆင်းလာခြင်း၊ ခေါင်းကိုက်ရောဂါ စွဲကပ်လာခြင်း၊ အကြောများ အားနည်း လာခြင်း၊ သတိမေ့လျော့ တတ်လာခြင်း၊ အာရုံကြော စနစ်များ ချို့ယွင်း လာခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု နည်းပါးလာခြင်း စသော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာ နိုင်စေသည်။
အလားတူ မိုဘိုင်းလ်ဖုန်းကို အိပ်ရာဘေး၌ ထား၍ အိပ်စက်ခြင်း သည် မိုဘိုင်းလ်ဖုန်းမှ ထွက်ပေါ် လာသည့် လျှပ်စစ် သံလိုက်လှိုင်း များက အချိန် ကြာမြင့်စွာ ရိုက်ခတ်မှု ကြောင့် ဦးနှောက်၏ လုပ်ဆောင်ချက် များအပေါ် ထိခိုက်လာနိုင် စေသည်။ နုနယ်သော ကလေးများကို မိုဘိုင်းလ်ဖုန်း သုံးစွဲခြင်း  နှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ မိုဘိုင်းလ်ဖုန်း ဖြင့် အချိန် ကြာမြင့်စွာ ဆက်သွယ် ပြောဆိုခြင်း တို့သည် ကလေးငယ် တို့၏ မှတ်ဉာဏ်နှင့် ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ထိခိုက် စေနိုင်သည်။
သို့ဖြစ်ရာ ခေတ်ကာလနှင့် အညီ ပေါ်ထွန်း လာသော အခွင့်အရေး တစ်ရပ်အဖြစ် မိုဘိုင်းလ် ဆက်သွယ်ရေး ဖုန်းများကို အသုံးပြု နေသူများနှင့် အသုံးပြု ကြမည့် သူများ အနေဖြင့် မိုဘိုင်းလ်ဖုန်း အသုံးပြု ခြင်းကြောင့် ဖြစ်ပေါ် လာနိုင်သောနောက်ဆက်တွဲ ဆိုးကျိုးများ၏ အန္တရာယ်မှ လွတ်ကင်း စေမည့် နည်းလမ်း များကို ရှာဖွေကာ သတိပြု ဆင်ခြင်သင့် ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
#ရတနာပုံနေ့စဉ်
Tuesday, October 7, 2014
အသိနှင့်ယှဉ် သတိနှင့်ဆင်ခြင် သုံးစေချင်
အသိနှင့်ယှဉ် သတိနှင့်ဆင်ခြင် သုံးစေချင်
ယုလေး (ဥပဒေ)
''ကမ္ဘာကြီးသည် ရွာကြီး တစ်ခုလို'' ဆိုသည့် အတိုင်း သည်စကား လေးကို ကျွန်မ အလွန် သဘောကျ သည်။ ခေတ်မီ တိုးတက်နေသည့် ဒီဘက်ခေတ် တွင် အင်တာနက် ကြောင့် အရာရာ အချိန်နှင့် တစ်ပြေးညီ သိမြင်ကြ ရသည်။ အိုင်တီခေတ်မို့ ဆက်သွယ်ရေး နည်းပညာများ ကောင်းမွန်လှ သဖြင့် ကမ္ဘာ့သတင်း၊ မြန်မာ့သတင်း အဖုံဖုံနှင့် လူမှု စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး မှစ၍ ဂီတ၊ အနုပညာ ဆိုင်ရာအထိ ကမ္ဘာနှင့် ယှဉ်၍ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ တိုးပွားကြ ရသည်။ တစ်ဆင့်ထက် တစ်ဆင့် မြင့်လာသော နည်းပညာများ နှင့်အတူ တစ်မျိုးပြီး တစ်မျိုး လှပစွာ တီထွင် ဆန်းသစ် လာကြသော လက်ကိုင်ဖုန်း လေးများ မှာလည်း (ဂလက်ဇီဝိုင်၊ အက်စ်ဖိုက်၊ အိုင်ဖုန်း၊ နုတ်သရီး) စသည်ဖြင့် တစ်မျိုးပြီး တစ်မျိုး၊ ဆန်းသထက် ဆန်း၊ လှသထက် လှပစွာ ပေါ်လျက် ရှိသည်။
နိုင်ငံတကာနှင့် အပြိုင် ကျွန်မတို့ နိုင်ငံမှာလည်း လက်ကိုင်ဖုန်း လေးများ (ဟန်းဆက်) ကို တန်ဖိုးကြီး ပေးကာ သူ့ထက်ငါ အပြိုင်အဆိုင် သုံးစွဲ လာကြသည်။ အရွယ်သုံးပါး မရွေး မိမိနိုင်သည့် အတိုင်းအတာ အထိ သုံးနေကြသည့် ခေတ်ဖြစ်သည်။ ပြိုင်ဆိုင်မှု တစ်ရပ် အနေဖြင့် သူ့ထက်ငါ သာအောင် လက်ဝယ် ကိုင်ဆောင် အသုံးပြု ကြသည်။
တန်ဖိုး ကြီးမားလှသည့် ပစ္စည်းကို သုံးစွဲခြင်းသည် အဆင့်မြင့်သည်။ အဆင့်မီသည်။ အရည်အသွေး မှန်ကန်သည် ဆိုသော် ငြားလည်း မနိုင်ဝန်ကို ထမ်းနေသော သူများအဖို့ မဆုံးသော လမ်းကို လေးလံသော ဝန်ထုပ်ဝန်ပိုး ထမ်းကာ လျှောက်လှမ်း နေရသည့် အတွက် စိတ်ဆင်းရဲ မှုသာ များပေ လိမ့်မည်။
နည်းပညာများ အံ့မခန်း တိုးတက် လာသည်နှင့် အမျှ တိုးတက်မှု အပိုင်းမှ ကြည့်လျှင် လွန်စွာ အကျိုးရှိ၍ အသုံးတည့် လှသည်။ သို့သော်လည်း လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ်၊ ကလေး ပါမကျန် သတိမထား မိကြသည့် အချက်မှာ ''သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး'' ဆိုသည့် စကားကဲ့သို့ပင် အချိန်တိုင်း ကွန်ပျူတာ၊ အိုင်ပက်၊ လက်ကိုင်ဖုန်း စသည်တို့ကို မျက်နှာနှင့် မခွာဘဲ နေတာမျိုး၊ အချိန်တိုင်း လိုလို နားကြပ်ကို နားမှာတပ်၍ သီချင်း နားထောင် နေတာမျိုး တို့သည် ကြာလာလျှင် ဦးနှောက် နှင့် မျက်စိ၊ နားတို့ကို အန္တရာယ် ပေးလာနိုင် ပေသည်။ ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင်လည်း ''တန်ဆေး လွန်ဘေး'' ဆိုသည့် စကားအတိုင်း ဘယ်အရာကို မဆို လွန်ကဲစွာ ပြုလျှင် ဘေးဖြစ် တတ်သည်။
ကျွန်မ မြင်တွေ့၊ ကြားသိသမျှ ပြောရမည် ဆိုလျှင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဈေး၊ ရှော့ပင်းမောလ် များ စသည့် နေရာတိုင်းနှင့် ကားမောင်းရင်း၊ ဆိုင်ကယ် မောင်းရင်း မှာပင် ဖုန်းကို လက်ကမချ တစ်ချိန်လုံး ပြောနေ ကြသည်။ အန္တရာယ်ကို လက်ယပ်ခေါ် သည်နှင့် အတူတူပင်။ ကျွန်မ၏ မိတ်ဆွေ လင်မယား နှစ်ယောက် လက်ဖက်ရည်ဆိုင် မှာထိုင်ရင်း တစ်ယောက်နှင့် တစ်ယောက်ကျောပေးကာ ဖုန်းကိုယ်စီ နှိပ်နေကြ၍ ဆိုင်ရှေ့တွင် ရပ်ထားသော မိမိတို့ ဆိုင်ကယ်အလစ်သုတ် ခံလိုက်ရ တာကိုပင် မသိလိုက် ကြပါ။ ဆိုင်ထဲရှိ လူအားလုံး ကလည်း ၁ဝ ယောက်မှာ ကိုးယောက်က ဖုန်းကိုယ်စီနှင့် ဈာန်ဝင် နှိပ်နေကြ၍ မသိလိုက်၊ မမြင်လိုက်ကြ ဟု ဆိုသည်။ ဒီတော့မှ ထိုလင်မယား ပြူးပြူး၊ ပျာပျာ ဖြစ်ကြ တော့သည်။
လူငယ်၊ လူရွယ်များ ပို၍ ဆိုးသည်။ နေပူမရှောင်၊ မိုးရွာမရှောင် မိုး တစ်ခြိမ်းခြိမ်း၊ လျှပ်စီး တစ်ဝင်းဝင်း ကြားမှာတောင် ဖုန်းပြော မရပ်ချင်ကြ၊ လူကြီး မိဘက စိုးရိမ်၍ ပြောလျှင် ''အကြောက်ကြီး ရန်ကော'' ဆိုပြီး ဟားကြ သေးသည်။ တစ်ခါတလေ ဓာတ်ဆီဆိုင်များတွင် အသိဉာဏ် ကင်းမဲ့စွာ ဖုန်းပြော နေသော ကလေးများကို မြင်လျှင် ဆီထည့်နေရင်း မှ ထွက်ပြေး ချင်စိတ်တောင် ပေါက်သည်။ သူတို့ကို သွားပြော လိုက်လျှင်လည်း ''သေမှာ တော်တော် ကြောက်နေလား '' ဟု အငေါ်တူးတူး အပြောခံ ရမှာစိုး၍ သမ္ဗုဒ္ဓေ သာ ဖိရွတ် နေမိ တော့သည်။
ကားမောင်း၊ ဆိုင်ကယ်မောင်း သူများကို ကြည့်လိုက် တိုင်းလည်း တော်တော် များများက ကား၊ ဆိုင်ကယ်က လက်တစ်ဖက် တည်းဖြင့် မောင်း၍ တစ်ဖက်က ဖုန်းပြောမပျက်၊ မျက်လုံးနှင့် လက်တစ်ဖက် ကဖုန်းနှင့် အာရုံများ နေတာက တစ်မျိုး၊ အရှိန်မလျှော့ တာတစ်မျိုး၊ မဆင်မခြင် စည်းမဲ့၊ ကမ်းမဲ့ မောင်းနှင် တာကတစ်မျိုး၊ အမျိုးမျိုးသော ပေါ့ဆမှု များကြောင့် ယာဉ်တိုက်မှုများ၊ ထိခိုက် ဒဏ်ရာရ၊ သေကြေ ပျက်စီးမှု များလည်း တစ်နှစ် ထက်တစ်နှစ် တိုး၍သာ လာပါ တော့သည်။ ယာဉ်များ အဆမတန် ပေါများ လာသည်နှင့် အညီ ထိုထိုသော အကြောင်းအရာ များကြောင့် မကောင်းမှု အကျိုးတရား များကလည်း တိုးပွား၍သာ လာတော့သည်။
ကိုယ့် သားသမီးက အစ ကျောင်းက ပြန်ရောက် တာနှင့် ဖုန်း တတီတီ နှိပ်တော့သည်။ ပြောစရာ သူငယ်ချင်း ကုန်တော့ ဂိမ်းနှိပ်သည်။ ဂိမ်းကစား၍ ပျင်းလာလျှင် နားကြပ် တပ်ကာ သီချင်း နားထောင် တော့သည်။ လူကြီးသူမ များနှင့် ဧည့်ခန်းထဲမှာ ထိုင်နေ တာတောင် သူတို့အာရုံ နှင့် သူတို့ အော်မကြား၊ ခေါ်မကြား နှစ်ခါသုံးခါ ခေါ်လိုက်မှ ကြားကြသည်။ မခက်ပေ ဘူးလား။
ကျွန်မကတော့ သမီး တစ်ယောက်တည်း မို့ တော်ပါ သေးသည်။ သို့သော်လည်း မဖြစ်မနေ စည်းကမ်း ထုတ်ရတော့သည်။ မိဘက မပြောမဆို သရွေ့တော့ တစ်လ တစ်လ ဖုန်းကတ်ဖိုး က သောက်သောက်လဲ ကုန်သည်။ မိဘက မြည်တွန် တောက်တီးမှ မလျှော့ချင် လျှော့ချင် လျှော့ကြသည်။ ဖုန်းကတ်ဖိုး နှင့် ဖုန်းပြောချိန်၊ ကွန်ပျူတာ နှိပ်ချိန် တို့ကို သတ်မှတ်ပေး ရတော့သည်။ ကျောင်းမှ ပြန်လာလျှင် အမော အပန်းဖြေ၊ ရေချိုးသန့်စင်၊ စားသောက် ပြီးလျှင် စာကြည့်ချိန်၊ ဘုရား ရှိခိုးချိန် တို့ကို သတ်မှတ် ပေးရတော့သည်။ ဒါလည်း သူတို့ အခန်းထဲမှာ တံခါးပိတ် အိပ်ချိန် ဘယ်လောက် သုံးနေမလဲ မခန့်မှန်းနိုင်။
ထို အရာဝတ္ထု ပစ္စည်းများဖြင့် ကလေးသူငယ် ကအစ လူငယ်၊ လူရွယ် ကလေးများ ဘာသာရေး အသိတရား ပျောက်မှာ စိုးမိသည်။ အချိန်ပြည့် ကွန်ပျူတာ၊ အင်တာနက်၊ ဖေ့စ်ဘွတ်၊ အွန်လိုင်း စသည်တို့ နှင့်သာ အချိန်ဖြုန်း ကြသည်။ ထို ဖုန်းတစ်လုံးကို အကြောင်းပြု၍ နှီးနွှယ် ဆက်သွယ်ကာ မရိုးသော စီးပွားရှာ စားသောက်လျက် ရှိသော ဆိတ်ကွယ်ရာ၊ လူကွယ်ရာ၊ စိတ်ဆင်ရိုင်းကို ချွန်းမအုပ် နိုင်သည့် နေရာများနှင့် ပတ်သက် လာကာ စာရိတ္တမဏ္ဍိုင် ခြစား၍ အကျင့်ပျက် ဖောက်ပြန်မှုများ ပေါများ လာသကဲ့သို့ နောက်ပိုင်းမှ ဇနီးမယား၊ သားသမီး မိသားစုတို့ ဖရိုဖရဲ သောက ငိုပွဲဆင်နွှဲကြ ရသည်။
ယခင်ခေတ်များ က မရှိဘူးလား၊ စောဒက တက်၍ မေးချင်မေးကြ ပါလိမ့်မည်။ အရင်ခေတ်များက အနှီ ရုပ်ဝတ္ထု ပစ္စည်းများလည်း မပေါ် သကဲ့သို့ ယောက်ျားတို့ (အာရုံငါးပါး) ကို ဆွဲဆောင်သည့် ဖျော်ဖြေမှု များလည်း မရှိသေး၍ ပြောရလျှင် ယခု မျက်မှောက်ခေတ် လောက်တော့ ဆိုးရွားမည် မထင်ပါ။
ကျွန်မတို့ ငယ်ငယ်က အိမ်တိုင်းတွင် ကြိုးဖုန်း မရှိပါ။ ဆက်သွယ်ရေး တွင် တန်းစီကာ စောင့်ကြ ရသည်။ သမီးရည်းစား စကား ပြောနေတာ နှင့် တိုးလျှင်တော့ ကိုယ့်အလှည့် ပြောဖို့ တစ်မေ့ တစ်မြော စောင့်ပေဦးတော့။ တစ်ဖက်က ဆန်းသစ်မှုများ အံ့သြ လောက်အောင် ပြောင်းလဲလာ သော်လည်း တစ်ဖက်မှာ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာ ကြသည်။
သို့ပါသောကြောင့် ပြောရမည် ဆိုပါလျှင် ထို ဆန်းသစ်သော နည်းပညာ တစ်ခုနှင့် အရာဝတ္ထု များကို သုံးစွဲမည်ဆိုပါက အသိတရား၊ သတိတရား များနှင့် ဆင်ခြင် ယှဉ်တွဲ၍ စည်းကမ်းတကျ သုံးစွဲလျှင် အလွန်ပင် တန်ဖိုး ရှိ အကျိုးကျေးဇူး များလှပါသည် ဟူ၍ ရေးသား တင်ပြ လိုက်ရပါသည်။
#Yadanarpondaily
Tuesday, September 16, 2014
MPT ဆင်းကတ်လက်ဆောင် ပေးသော်လည်း ဟန်းဆက် ဈေးနှုန်းအပေါ် ငွေကျပ် နှစ်သောင်းတင်ကာ ရောင်းချခြင်းများ ရှိနေ
မန္တလေး ၊ ၁၆-၉-၂၀၁၄
မန္တလေးမြို့ရှိ ဖုန်း အရောင်းဆိုင်ကြီး တချို့တွင် ဟန်းဆက် တစ်လုံး ဝယ်ယူသူ တိုင်းအား ငွေကျပ် ၁၅ဝဝ တန် MPT ဆင်းကတ် တစ်ကတ် ပေးသည် ဆိုသော်လည်း ဟန်းဆက် ဈေးနှုန်းများကို ရှိရမည့် ဈေးထက် ပိုမို တင်ထားခြင်းများ ရှိနေသောကြောင့် အရောင်းဆိုင်ကြီး များနှင့် ဝယ်ယူသူများ ကြားတွင် အဆင်မပြေ မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
လက်ရှိတွင် ငွေကျပ် ၁၅ဝဝ တန် MPT ဆင်းကတ်များကို အရောင်းဆိုင် များတွင် လွတ်လပ်စွာဖြင့် ရောင်းချ ပေးနေသည် ဆိုသော်လည်း ခွဲတမ်း အရသာ ဝယ်ယူသူ များထံသို့ ရောင်းချ ပေးနေရခြင်း ဖြစ်သောကြောင့် ဈေးကွက်တွင် ဝယ်လိုအား နှင့် ရောင်းလိုအား မျှတမှု မရှိသဖြင့် အရောင်းဆိုင် အများစုမှာ ဆင်းကတ် သီးသန့်ကို ရောင်းချ ပေးခြင်းမျိုး မရှိတော့ဘဲ ဟန်းဆက် များဖြင့် တွဲဖက် ရောင်းချ လာကြခြင်း ဖြစ်ကြောင်း မန္တလေးမြို့၊ ၃၅ လမ်းပေါ်ရှိ ဖုန်း အရောင်းဆိုင် တစ်ဆိုင်မှ ပိုင်ရှင် တစ်ဦးက ပြောပြသည်။
ဈေးကွက်တွင် MPT ဆင်းကတ်များ ရှားပါးမှုကြောင့် အရောင်းဆိုင်များ အနေဖြင့် ဟန်းဆက် ဝယ်ယူသူ များကိုသာ ဆင်းကတ် လက်ဆောင် ပေးခြင်း ဖြစ်သော်လည်း ဟန်းဆက် ဈေးနှုန်းတွင် ဆင်းကတ်ဖိုး ကို မှောင်ခိုဈေး အတိုင်း တင်ကာ ရောင်းချ ပေးခြင်းသည် ဝယ်ယူသူများ အပေါ် လှည့်စား ခြင်းသာ ဖြစ်ကြောင်း၊ ဖုန်း အရောင်းဆိုင် များတွင် ဆင်းကတ် ရှားပါးနေ သလောက် အွန်လိုင်း အသုံးပြု၍ ဖုန်းအရောင်း အဝယ် ပြုလုပ် နေသည့် Facebook group များတွင် MPT ဆင်းကတ်များကို တစ်ကတ်လျှင် ငွေကျပ် နှစ်သောင်း အနည်းဆုံးဖြင့် ပေါများစွာ ရောင်းချ နေသည်မှာ မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း ဖုန်းအသုံးပြု သူများက ပြောကြသည်။
''မနေ့က ဆိုင်တစ်ဆိုင် မှာ သွားပြီး MPT ဆင်းကတ် ဝယ်တော့ ဟန်းဆက်တစ်လုံး ဝယ်မှ လက်ဆောင် တစ်ကတ် ပေးမယ်လို့ ပြောတယ်။ ဒါနဲ့ ဟန်းဆက် ဈေးနှုန်းကို ကြည့်တဲ့ အခါမှာ အမှန်တကယ် ဖြစ်ရမယ့် ဈေးနှုန်းထက် ငွေကျပ် နှစ်သောင်း ပိုယူထား တာကို တွေ့ရပါတယ်။ အဲဒီကိစ္စကို ပြောတော့မှ ဝန်ထမ်း တစ်ယောက်က ဆင်းကတ် လက်ဆောင် မယူဘူး ဆိုရင်တော့ ဟန်းဆက်ကို ပုံမှန်ဈေး အတိုင်းပဲ ရောင်းပေးမယ် လို့ ပြောပါတယ် ... '' ဟု မန္တလေးမြို့မှ ကုမ္ပဏီ ဝန်ထမ်း တစ်ဦးက ပြောပြသည်။ (၀၅၀)
#Yadanarpondaily
Friday, September 5, 2014
ဆက်သွယ်ရေး နည်းပညာ နောက်ကွယ်တွင် . . . .
ဆက်သွယ်ရေး နည်းပညာ နောက်ကွယ်တွင် . . . . 
သင်ဟာ မိုဘိုင်းလ်ဖုန်း မကိုင်ဘဲ ဘယ်လောက် ကြာကြာ နေနိုင်ပါ သလဲ။ ကြိုးဖုန်းလဲ မသုံးပါနဲ့။ ရုပ်သံလဲမကြည့်ပါနဲ့။ ရေဒီယိုလဲ နားမထောင်ပါနဲ့။ နည်းပညာနဲ့ ပတ်သက်တာ ဘာတစ်ခုမှ မသုံးပါနဲ့။ လျှပ်စစ်မီး ကိုပါ ပိတ်ထား လိုက်ပါ။ လူတွေဟာ နည်းပညာ၊ အီလက် ထရွန်းနစ် နဲ့ လျှပ်စစ်ပစ္စည်း တွေကို ဘယ်လောက်ထိ စွဲလန်းကြ တယ်ဆိုတာကို စမ်းသပ် နေကြတဲ့သုတေသီများ က ဖော်ပြပါ အတိုင်း ညွှန်ကြား နေတာပါ။
မိုဘိုင်းလ်ဖုန်း၊ မက်ဆေ့ခ်ျ၊ ချက်တင်တွေ အမျိုးအစား စုံလင်စွာနဲ့ ပျံ့နှံ့လာတဲ့ နောက်ပိုင်း အိမ်ထောင်ရှင် တွေ၊ သမီးရည်းစား တွေကြားမှာ ဖောက်ပြန်မှု တွေ ကြောက်ခမန်း လိလိ တိုးလာပြီး ကျောင်းသား၊ ကျောင်းသူ တွေကလဲ ကိုယ်ပိုင် ဦးနှောက်၊ ဆင်ခြင်ဉာဏ်၊ မှတ်ဉာဏ် စွမ်းအား တို့ကို မသုံးကြ တော့ဘဲ ကွန်ပျူတာ နဲ့ နည်းပညာ ပေါ်ကိုပဲ လုံးလုံး လျားလျားကြီး အားကိုး လာကြပြီး စာမေးပွဲမှာ မိုဘိုင်းလ်ဖုန်း တွေ သုံးပြီးတော့ စာခိုးချတဲ့ ပြဿနာလဲ ကြီးသည်ထက် ကြီးလာတဲ့ အတွက် အခုလို နည်းပညာ ကင်းမဲ့ဇုန်မှာ ဘယ်လောက် ကြာကြာ နေနိုင် သလဲဆိုတာ သုတေသီ များက စမ်းသပ် လေ့လာ ကြခြင်း ဖြစ်ပါတယ်။
အရင်က ကြိုးဖုန်း လောက်ရှိတဲ့ အခါ ဖုန်းလာ လိုက်ရင် တစ်အိမ်လုံး သိပါတယ်။ ဖုန်းကို လူကြီးက အရင်ကိုင် ပါတယ်။ လိုအပ်မှ သား၊ သမီး တွေကို ပေးပါတယ်။ မသင်္ကာရင် နောက်ဖုန်း တစ်လုံး မပြီး နားထောင်လို့ ရပါ သေးတယ်။ အခုတော့ အသံပိတ် ထားပြီး တုန်ခါမှု လောက် ပေးထားလို့ ရတဲ့ မိုဘိုင်းလ်ဖုန်း စနစ်မှာ ဘယ်သူမှ မသိအောင် ပို့၊ လက်ခံ လို့ရတဲ့ မက်ဆေ့ခ်ျ၊ အိပ်ရာထဲမှာ တိတ်တိတ် ကလေး သုံးလို့ရတဲ့ ဖေ့စ်ဘွတ်၊ ဝီချက်၊ ဂျီတော့၊ ဗိုင်ဘာ တွေ ရှိလာတော့ အပျင်းပြေ သုံးရာ ကနေ အပျို၊ အအို မရှောင် အကျင့် စာရိတ္တ ဆိုးရွား ပျက်ပြားလာတဲ့ အထိ ဖြစ်လာပြီး လင်မယား ကွာရှင်း ပြတ်စဲမှုနှုန်း အဆမတန် မြင့်မား လာပြီး လူငယ်တွေလဲ အကျင့်ပျက် လာတော့မှ အမေရိကန် သုတေသီ များက ဆက်သွယ်ရေး နည်းပညာ ရဲ့ အကျိုးအပြစ် တွေကို အရေးတယူ လေ့လာ ခဲ့ခြင်း ဖြစ်ပါတယ်။
လူငယ်တွေဟာ နည်းပညာ အသစ်တွေကို တိုးတိုးပြီး အသုံးပြု နေကြ ပါတယ်။ လူငယ် ၉၃ ရာခိုင်နှုန်း ဟာ အွန်လိုင်း သုံးကြ ပါတယ်။ ဖေ့စ်ဘွတ် သုံးသူ ၇၃ ရာခိုင်နှုန်း ရှိပြီး ကိုယ်ပိုင် မိုဘိုင်းလ်ဖုန်း ရှိသူ ၇၅ ရာခိုင်နှုန်း ရှိပါတယ်။ မိုဘိုင်းလ်ဖုန်း လက်ထဲက မချစတမ်း သုံးနေတဲ့ လူငယ်တွေ ကိုကြည့်ပြီး စိုးရိမ် သောကပွား နေရ တာကတော့ မိဘ၊ ဆရာ နဲ့ အုပ်ထိန်းသူ တို့ပါပဲ။
ကမ္ဘာ တစ်ဝန်းက မီဒီယာတွေ မှာ လူငယ် အပျိုငယ် တွေဟာ လိင်ကိစ္စ တွေကို မက်ဆေ့ခ်ျ ကနေ ပို့နေကြောင်း၊ ကိုယ်တိုင်ရိုက် ညစ်ညမ်းပုံ တွေကိုလဲ အပလီ ကေးရှင်း အမျိုးမျိုး ကနေ အပေးအယူ လုပ်နေကြောင်း ဖော်ပြ နေကြသလို ဆက်သွယ်ရေး နည်းပညာ ကို အသုံးပြုပြီး တစ်ဖက် သားကို နိုင်ထက် စီးနင်း လုပ်နေ သူတွေ၊ စိတ်သောက ရောက်စေ သူတွေ၊ အရှက်တကွဲ အကျိုးနည်း ဖြစ်စေ တာတွေ ကိုလဲ ကြားသိ နေရပါတယ်။
ဒီလို ကိစ္စမျိုးတွေဟာ လူငယ် တွေမှာပဲ ဖြစ်တာ မဟုတ်ဘဲ အိမ်ထောင်သည် တွေမှာပါ ဖြစ်ပျက်နေပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်လာ တော့မှ ပေါက်ကွဲ သံစဉ်တွေနဲ့ လင်ခန်း မယားခန်း ကွာရှင်း ပြတ်စဲ ရသည်အထိ ဖြစ်လာ ကြတာကို တွေ့ရပါတယ်။ နောက်ပြီး ဒီလို အကျင့်ဆိုး တွေကလဲ ဗိုင်းရပ်စ် သဖွယ် တစ်ဦးကို တစ်ဦး ကူးစက် ပျံ့နှံ့တတ် ပြန်တဲ့အတွက် ဆက်သွယ်ရေး နည်းပညာကို အသုံးပြုပြီး အကျင့်ပျက် နေကြတဲ့ လူတစ်စုကို ရှာဖွေ ဖော်ထုတ်ပြီး လမ်းကြောင်း မှန်ပေါ် ပြန်တင် ပေးနိုင်ဖို့ ပညာရှင် များက သုတေသန ပြု လေ့လာ နေကြတာ ဖြစ်ပါတယ်။
လိင်ကိစ္စ တွေကို မဆွေးနွေးတဲ့ အဖွဲ့ တွေမှာလဲ အန္တရာယ်က မကင်းသေး ပါဘူး။ ဆက်သွယ်ရေး နည်းပညာကို အသုံးပြုပြီး တစ်ဖက်သား ကို အနိုင်ကျင့် တာနဲ့  ကိုယ် - စိတ် ဆင်းရဲအောင် ပြုမူ ပြောဆို တာတွေ ဒုနဲ့ဒေး ရှိပါတယ်။ နေ့စဉ် ရက်ဆက် အနိုင်ကျင့်ခြင်း၊ ရန်လို ခံရခြင်းတို့ ရှိနိုင်သလို ယုတ်မာ ရိုင်းစိုင်းတဲ့ ထင်မြင်ချက် တွေ ပေးတာ၊ ခြိမ်းခြောက်တာ၊ ရန်လိုတာ၊ ကောလာဟလ ဖြန့်တာနဲ့ တခြား စိတ်ဆိုးဖွယ်၊ စိတ်ထိခိုက်ဖွယ် အပြုအမူ၊ အပြောအဆို အမျိုးမျိုး တွေလဲ ရှိနေတာကို ကြားသိ နေရပါတယ်။
စစ်တမ်းအရ ဆက်သွယ်ရေး နည်းပညာ အသုံးပြု နေကြတဲ့ လူငယ် ၂၄ ရာခိုင်နှုန်း ဟာ ဆက်သွယ်ရေး နည်းပညာနဲ့ ကိုယ်စိတ် ဆင်းရဲအောင် ပြုမူပြောဆို တာတွေကို ခံနေ ရပါတယ်။ ၁၃ ရာခိုင်နှုန်းက အနိုင်လဲ အကျင့်ခံရ၊ ကိုယ်စိတ် ဆင်းရဲ အောင်လဲ အပြောခံ ရပါတယ်။ အနိုင်ပဲ အကျင့်ခံ ရသူကတော့ တစ် ရာခိုင်နှုန်းပဲ ရှိပါတယ်။
ဒီနေရာမှာ အနိုင်ကျင့် ခံရတာကို ခွဲခြမ်း စိစစ်ကြည့်မယ် ဆိုရင် လူလူချင်း အနိုင်ကျင့်တာ ၄ဝ ရာခိုင်နှုန်း၊ ဖုန်းခေါ်ပြီး အနိုင်ကျင့် ပြောဆိုတာ ၁ဝ ရာခိုင်နှုန်း၊ မက်ဆေ့ခ်ျပို့ ပြီး နိုင်ထက် စီးနင်း ပြောတာ ၁၄ ရာခိုင်နှုန်း နဲ့ အွန်လိုင်း စာမျက်နှာ တွေကနေ တိုက်ခိုက်တာ ၁၇ ရာခိုင်နှုန်း ရှိပြီး တခြားနည်း တွေနဲ့ အနိုင်ကျင့် တာက ၁ဝ ရာခိုင်နှုန်း ရှိတာကို တွေ့ရပါတယ်။
ဒါဖြစ်ရင် ဖုန်းပိတ်ထား ပါလား၊ အွန်လိုင်း မသုံးပါနဲ့ လားလို့  သူတို့ကို ပြောကြည့်တဲ့ အခါမှာ ခေါင်းညိတ်ကြ ပါတယ်။ ဒါပေမဲ့ ဖုန်းကိုတော့ လက်က မချပါဘူး။ ဖုန်းဆိုတာ ဆက်သွယ်ရေး နည်းပညာသုံး ကိရိယာ အပြင် တခြား နည်းလမ်း ပေါင်းစုံနဲ့လဲ အသုံးပြုလို့ ရနေတော့ ဒီဖုန်းကို မချနိုင်တာ မထူးဆန်း ပါဘူး။
ဒီနေ့ လူကြီး၊ လူငယ်မရွေး မနက်ထ လာရင် ဖုန်းကို အရင်ကိုင် ကြည့်ကြ ပါတယ်။ ကွန်ပျူတာကို ဖွင့်ကြ ပါတယ်။ မျက်နှာ မသစ်ခင် မှာကို အင်တာနက်လိုင်း ရ၊ မရ အရင်ကြည့်ကြ ပါတယ်။ အိမ်ထဲက မိသားစုဝင်တွေ အပေါ် စိတ်မရှည် သလောက် ဖုန်း၊ အင်တာနက် ပေါ်က လူတွေနဲ့ ကျတော့ စိတ်ရှည် လက်ရှည် ပြောကြဆို ကြပါတယ်။ လူတိုင်းစေ့ ဖုန်းငုံ့ကြည့် နေတဲ့ ထမင်းစား ဝိုင်းမျိုး စာဖတ်သူလဲ မြင်ဖူးမှာပါ။ လမ်းကွေ့ တွေမှာ ဖုန်းကို ငုံ့ကြည့်နေရင်း ဆိုင်ကယ် စီးလာတဲ့ ကောင်လေး တွေကြောင့် ယာဉ်မောင်းသူ အတော် များများလဲ အထိတ် တလန့်ဖြစ် ဒေါသထွက်ဖူး မှာပါ။ သားလေး၊ သမီးလေးကို မတွေ့လို့ တစ်အိမ်လုံး အနှံ့ လိုက်ရှာလိုက်ရင် အိပ်ရာထဲမှာ နံရံဘက် မျက်နှာမူ လဲလျောင်း နေပြီး ဖုန်းကို ပဲ တကုပ်ကုပ်နဲ့ သုံးနေတာကို တွေ့ရလို့ စိတ်ထဲ တင်းခနဲ ဖြစ်သွားတဲ့ မိဘတွေလဲ အများကြီးပါ။
ကားမောင်းရင်း ဖုန်းပြောနေလို့ မီးပွိုင့်၊ မီးနီကို ဖြတ်မောင်းမိ သူတွေ၊ တာဝန်ချိန်မှာ ဖုန်းကလိ နေလို့ အလုပ်ပြုတ် သွားတဲ့ သူတွေ၊ ဖုန်းကို ဘယ်မှ မချရဲဘဲ အိမ်သာသွား ရင်တောင် တစ်ပါတည်း ယူသွား တတ်သူ တွေကို ကျွန်တော်တို့ စိန်ခေါ်မှုလေး တစ်ခု လုပ်ကြည့် ရအောင်။ ဆက်သွယ်ရေး နည်းပညာ မသုံးဘဲ ဘယ်လောက် ကြာကြာ နေနိုင် သလဲပေါ့။ ဖုန်းနဲ့ အင်တာနက် လုံးဝမသုံးဘဲ နေကြည့်ပါ။ နှစ်နာရီ လောက်နေ နိုင်တယ်ဆိုရင် စာဖတ်သူဟာ တကယ် တော်ပါတယ်။ အမေရိကား မှာတော့ ၁ဝ မိနစ်ထက် ပိုမနေနိုင် ကြတာကို တွေ့ရပါတယ်။
တိုးတက် ပြောင်းလဲ လာတဲ့ခေတ် စနစ်အရ ဆက်သွယ်ရေး နည်းပညာကို မသုံးမဖြစ် သုံးကို သုံးရပါမယ်။ ဒါပေမဲ့ အဲဒီ ဆက်သွယ်ရေး နည်းပညာ အသုံးပြု အပလီ ကေးရှင်း၊ ဆော့ဖ်ဝဲနဲ့ အခြား လူမှုကွန်ရက် တွေကြောင့် သင်ဟာ လူသား မဆန်တော့ဘဲ နည်းပညာ သိပ်ဆန် သွားနိုင်တယ် ဆိုတာ ကိုတော့ ဂရုပြုရ ပါမယ်။
အိမ်နေရင်း ပျင်းပျင်း ရှိတာနဲ့ အွန်လိုင်းသုံးရင်း မဖြစ်သင့် တာတွေ ဖြစ်သွားတဲ့ အိမ်ရှင်မတွေ၊ ကိုယ့်လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်မယ့် သူတွေကို အွန်လိုင်းမှာ အမျိုးမျိုး ရေလာ မြောင်းပေး လုပ်ပြီး ရှာဖွေ နေတာတွေ၊ ပုရိသများ ကလဲ မိန်းကလေး တွေကို နှမချင်း မစာနာ ပြောဆို ချဉ်းကပ် နေတာတွေ၊ သင့်သားသမီး ဖုန်းနဲ့လူနဲ့ မခွာနိုင်လို့ မိသားစုနဲ့ပါ တဖြည်းဖြည်း ဝေးနေတာ တွေကို ကုစားနိုင်ဖို့  ဆက်သွယ်ရေး နည်းပညာ ကင်းမဲ့ဇုန်နဲ့ အချိန်လေး တစ်ခု ဖန်တီးလိုက်ပါ။ အဲဒီ အချိန်မျိုးမှာ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ အားလုံး လူ၊ လူချင်း ဆက်ဆံ ပြောဆိုကြပါ။ လောကကြီးရဲ့အလှကို ခံစား ကြည့်ရှုကြပါ။ စကားတွေ ပြောကြပါလို့ တိုက်တွန်းရင်း ဆက်သွယ်ရေး နည်းပညာ နောက်ကွယ် က ကြောက်မယ်ဖွယ် နစ်နာမှု တွေကို လေ့လာ ရေးသား တင်ပြလိုက်ရ ပါတယ်။ ။
#Themyawadydaily
Thursday, August 7, 2014
ဟန်းဖုန်း နှင့် လူငယ်
ဟန်းဖုန်း နှင့် လူငယ်
နိုင်ငံတော် အစိုးရ အနေဖြင့် ပြည်သူ အများစု မိုဘိုင်းဖုန်းများ အသုံးပြု နိုင်ရေး လစဉ် တန်ဖိုးနည်း ဖုန်းများ ရောင်းချ ပေးခဲ့သည်မှာ ယခုအခါ အတော်အတန် ခရီးပေါက်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ အော်ရီဒူး မိုဘိုင်းဖုန်းများ အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်ပြီ ဖြစ်ပြီး မကြာမီ တယ်လီနော ဖုန်းများလည်း ရောင်းချဦးမည် ဖြစ်ရာ လူအများစု ဟန်းဖုန်း ကိုင်ဆောင် အသုံးပြု လာနိုင်သဖြင့် ကျေးလက်ဒေသ နှင့် မြို့ပါ ဆက်သွယ်ရေး အဆင်ပြေ လာသည်ကို တွေ့ရသည်။
မည်သည့် အရာမဆို အကောင်းချည်း သက်သက် မရှိပေ။ တစ်ဖက်က အကောင်း ရှိသော်လည်း တစ်ဖက်တွင် အဆိုးမှာ ရှိတတ်စမြဲ ဖြစ်သည်။ ထိုအဆိုးကို သတိပြု ဆင်ခြင်မှသာ ကောင်းသော အကျိုးကို ခံစားရမည် ဖြစ်သည်။ ယခုအခါ ဟန်းဖုန်းများကို လူအများ ကိုင်ဆောင် အသုံးပြုလာ နိုင်ခြင်းသည် ကောင်းသည့် အခြင်းအရာ ဖြစ်သည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည် တို့တွင် သတင်း အချက်အလက် ရယူရာ၌ လွန်စွာ အသုံးဝင် အဆင်ပြေသည်။
သို့သော် ဟန်းဖုန်း သုံးစွဲမှုကြောင့် ကုန်ကျသည့် စရိတ်၊ ဟန်းဖုန်းမှ ဓာတ်ရောင်ခြည် လှိုင်းများကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေး ထိခိုက်မှု တို့ကိုလည်း ထည့်သွင်း စဉ်းစားကြရန် လိုသည်။ အကျိုးအကြောင်း၊ အဆိုးအကောင်း ဝေဖန် ပိုင်းခြားမှု မရှိ သုံးစွဲပါက ခုတ်ရာတခြား ရှရာတခြား အဖြစ် မျိုးလည်း ဖြစ်ပေါ် လာနိုင်သည်။
ဤတွင် ကျောင်းသား၊ ကျောင်းသူများ ဟန်းဖုန်း သုံးစွဲမှုကို ကြပ်မတ် ပေးရန် လိုသည်။ ကျောင်းသား၊ ကျောင်းသူ ကလေးငယ် များသည် ဟန်းဖုန်းကို ကလေး ကစားစရာ တစ်ခုအဖြစ်၊ အပျော်တမ်း ဆက်သွယ်ရေး ကိရိယာ တစ်ခုအဖြစ် သတ်မှတ်၍ ကိုင်ဆောင် နေကြသည်ကို တွေ့ရသည်။ ဟန်းဖုန်းဖြင့် စာသင်ခန်း အတွင်း ဂိမ်းကစားခြင်း၊ စာသင်နေချိန် ဖုန်းပြောခြင်း၊ ဖုန်းဖွင့်၍ နားထောင်ခြင်း တို့ကို ကျောင်းချိန်၌ ပြုလုပ် နေကြသည်ကို တွေ့လာရသည်။
စာသင်ခန်းတွင် ဟန်းဖုန်း တစ်လုံးဖြင့် အလုပ်ရှုပ် နေသည့် ကလေး၏ ပညာရေးသည် အလားအလာ ကောင်းကို ပိုင်ဆိုင် နိုင်မည် မဟုတ်ပေ။ ထို့ထက် ဆိုးရွားသည်မှာ ဟန်းဖုန်းများ ပေါ်မှ လူမှုရေး ဝက်ဘ်ဆိုက် များကြောင့် အန္တရာယ် ဖြစ်ပေါ် စေနိုင်သည့် ကိစ္စဖြစ်သည်။ လူမှုရေး ဝက်ဘ်ဆိုက် များအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ် နှင့် အကျင့် စာရိတ္တ ကို ထိခိုက် စေသည့် အကြောင်းအရာ များစွာ ရှိနေသည်ကို တွေ့ရသည်။ ထို အင်တာနက် ဝက်ဘ်ဆိုက် များသည် ကျောင်းသား၊ ကျောင်းသူများ၏ အကျင့် စာရိတ္တကို ဖျက်ဆီး နိုင်သည်ကို သတိပြုရန် လိုသည်။
သို့ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ ဟန်းဖုန်းများ၊ တက်ဘလက်များ အထိန်း အကွပ်မဲ့ ကိုင်တွယ် အသုံးပြု နေခြင်းနှင့် စပ်လျဉ်း၍ ဖြစ်ပေါ် လာမည့် ဆိုးကျိုးကို ဆရာ၊ ဆရာမ များနှင့် မိဘများက သတိပြု ကြပ်မတ် ပေးရန် လိုသည်။ အသိပညာ ပေးရန် လိုသည်။ သို့မှသာ လူငယ်များ ဟန်းဖုန်းကြောင့် ဖြစ်ပေါ် ခံစားရမည့် ဆိုးကျိုး နည်းပါးပြီး အနာဂတ် မျိုးရိုး စဉ်လာကို ထိန်းသိမ်း စောင့်ရှောက် နိုင်မည် ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
Thursday, July 10, 2014
ဖုန်းငွေဖြည့်ကတ်များ ထုတ်လုပ် ရောင်းချခွင့်ရသော နောက်ထပ် ကုမ္ပဏီလေးခုမှ ကြိုတင်ငွေဖြည့်ကတ်များ စတင်ရောင်းချ
ရန်ကုန် ၊ ၁၀-၇-၂၀၁၄
ပြည်တွင်း၌ အသုံးပြု နေသော GSM, WCDMA, CDMA 800 MHz စသည့် မိုဘိုင်းလ်ဖုန်း များအတွက် ကြိုတင် ငွေဖြည့်ကတ်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ နောက်ထပ် ကုမ္ပဏီ ၄ ခုကို လုပ်ကိုင်ခွင့်များ ပေးအပ်ခဲ့ရာ ယခုအခါ အဆိုပါ ကုမ္ပဏီများသည် ၄င်းတို့ ထုတ်လုပ်သော ဖုန်းငွေဖြည့်ကတ် များကို ဈေးကွက် အတွင်းသို့ စတင် ဖြန့်ဖြူး ရောင်းချ နေပြီ ဖြစ်ကြောင်း သိရသည်။
ယခင်က မိုဘိုင်းလ်ဖုန်း ကြိုတင် ငွေဖြည့်ကတ် များကို မြန်မာ့ ဆက်သွယ်ရေး ၊ ရတနာပုံ ၊ E-Lite Tech နှင့် Asia Mega Link အစရှိသည် တို့မှ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခဲ့ခြင်း ဖြစ်ပြီး ယခုမှ စတင်ကာ လုပ်ကိုင်ခွင့် ရရှိသော နောက်ထပ် ကုမ္ပဏီ ၄ ခုမှာ Myanmar Padauk , ABC, Fortune International နှင့် Amara Communication တို့ ဖြစ်ကြသည်။
အဆိုပါ ကုမ္ပဏီ အသစ် ၄ ခုအနေဖြင့် ၄င်းတို့ ထုတ်လုပ် ရောင်းချသော ဖုန်းကြိုတင် ငွေဖြည့်ကတ် များကို မြန်မာနိုင်ငံ အနှံ့တွင် အလွယ်တကူ ၀ယ်ယူ အသုံးပြုနိုင် စေရန် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ဖြန့်ဖြူး ပေးသွားရန် စီစဉ် ထားကြောင်း သိရသည်။ ထုတ်လုပ် ရောင်းချ ပေးလျက်ရှိသော ငွေဖြည့်ကတ်များ တန်ဖိုးမှာ လက်ရှိ ကတ်များ၏ နှုန်းထားအတိုင်း ငွေကျပ် ငါးထောင်တန်ကတ် နှင့် ငွေကျပ် တစ်သောင်းတန် ကတ် စသည်တို့ ဖြစ်ကြပြီး ငွေဖြည့်ကတ်များ ပေါ်တွင် သက်ဆိုင်ရာ ကတ် ထုတ်လုပ်သော ကုမ္ပဏီ အမှတ်တံဆိပ်များ ရိုက်နှိပ် ထားကြောင်း သိရှိရသည်။
ဆောင်းဦး
#Themyawadydaily
မိုဘိုင်းလ်ဖုန်း နှင့် အင်တာနက် အသုံးပြုသူများအတွက် နည်းပညာများ ကူညီထောက်ပံ့နိုင်စေရန် CIC စင်တာများ တည်ထောင်သွားမည်
ရန်ကုန် ၊ ၁၀-၇-၂၀၁၄
မြန်မာနိုင်ငံ ၌ မိုဘိုင်းလ်ဖုန်း အသုံးပြု သူများနှင့် အင်တာနက် သုံးစွဲသူများ အရေအတွက် သည် ယခင်နှစ် များထက် တိုးတက် များပြား လာသည့်အပြင် မကြာမီ ပြည်တွင်း၌ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသော အော်ပရေတာ ကုမ္ပဏီများမှ ထုတ်လုပ်မည့် တန်ဖိုးနည်း ဆင်းကတ်များ ထွက်ရှိ လာသည့်အခါ တွင်လည်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူများ ယခုထက် ပိုမို များပြား လာနိုင်သောကြောင့် ပြည်သူများ အတွက် မိုဘိုင်းလ်ဖုန်းများ ၊ အင်တာနက်များ အသုံးပြုခြင်း နှင့် ပတ်သက်သော နည်းပညာ များကို ကူညီ ထောက်ပံ့နိုင် စေရန် Community Information Centre ( CIC ) များကို အကောင် အထည်ဖော် တည်ဆောက် သွားမည်ဟု Myanmar ICT for Development Organization ( MIDO ) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခု လက်ရှိတွင် Community Information Centre ( CIC ) ၅ ခုကို ယခုနှစ်အတွင်း စတင် တည်ထောင်ရန် အစီအစဉ်များ ရေးဆွဲထားပြီး အဆိုပါ စင်တာ ၅ ခုကို ရန်ကုန်တိုင်း ဒေသကြီး ၊ ဧရာဝတီတိုင်း ဒေသကြီး ၊ ပဲခူးတိုင်း ဒေသကြီး ၊ ကရင်ပြည်နယ် နှင့် နေပြည်တော် တို့တွင် အကောင် အထည်ဖော် တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်း စင်တာများ ဖြစ်မြောက်ရေး အတွက် တယ်လီနော မြန်မာ ကုမ္ပဏီ က အင်တာနက် ချိတ်ဆက်ရန် လိုအပ်သည် များကို ကူညီ ထောက်ပံ့မည် ဖြစ်သည်။
ထို စင်တာများမှ ဒေသခံ ပြည်သူများအား မိုဘိုင်းလ်ဖုန်း များတွင် ပါရှိသော Application များ ၊ Software များကို အသုံးပြု တတ်စေရန် ၊ ကွန်ရက်များ နှင့် ချိတ်ဆက်ကာ သတင်း အချက်အလက်များ ရရှိနိုင် စေရန် ၀န်ဆောင်မှုများ ကူညီ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းဦး
#Themyawadydaily
Related Posts Plugin for WordPress, Blogger...
တင်ပြီးသမျှ သတင်းများ
Follow on Twitter
Networkblog
FB Like page
Powered By Blogger