www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 13, 2015

Facebook ကုမ္ပဏီက အိန္ဒိယနိုင်ငံတွင် အခမဲ့အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းစတင်



Internet.org Innovation Challenge: India
The Internet.org Innovation Challenge in India supports Internet.org’s vision of a connected world by recognizing those who are working to make the internet more relevant to women, students, farmers and migrant workers in India. Our goal with this challenge is to encourage the development of apps, websites and online services that provide real value for the members of these important communities.

ဝါရှင်တန် ၊ ၁၃-၂-၂၀၁၅

Facebook ကုမ္ပဏီက internet.org ပရောဂျက်ဖြင့် ဖွံ့ဖြိုးဆဲ ဒေသများတွင် အခမဲ့ မိုဘိုင်းလ် အင်တာနက် ၀န်ဆောင်မှုကို ပေးစွမ်းရန် ကြိုးပမ်းလျက် ရှိရာ ဖေဖော်ဝါရီ ၉ ရက် အိန္ဒိယနိုင်ငံ ၌ အခမဲ့ မိုဘိုင်းလ်ဖုန်း အင်တာနက် ၀န်ဆောင်မှုကို စတင် လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

Facebook ၏ အခမဲ့ မိုဘိုင်းလ် အင်တာနက် ၀န်ဆောင်မှုကို အိန္ဒိယနိုင်ငံ၌ စတင်ရာတွင် ပထမအဆင့် ဖြစ်သော အိန္ဒိယနိုင်ငံရှိ အင်တာနက် အဆက်အသွယ် မရှိသေးသူ တစ် ဘီလီယံ အတွက် ဦးစားပေးသည့် အနေဖြင့် အိန္ဒိယနိုင်ငံရှိ ပြည်နယ် ၆ ခုတွင်သာ Facebook ၏ အခမဲ့ ၀န်ဆောင်မှုကို ခံစားရနိုင်မည် ဖြစ်သည်။

အဆိုပါ အင်တာနက် ၀န်ဆောင်မှု ရရှိထားသော ဒေသများတွင် အသုံးပြုသူ များက သက်ဆိုင်ရာ Android App ဖြင့် အသုံးပြု နိုင်မည်ဖြစ်ပြီး App အတွင်း၌ အသုံးပြုသူများ အတွက် ကျန်းမာရေး အကြံပေး ၀န်ဆောင်မှု များနှင့် ဆက်သွယ်ရေး ၀န်ဆောင်မှုများ အပြင် Wikipedia ၊ BBC စသည့် မီဒီယာတို့နှင့် အတူ Facebook ကိုလည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Facebook တည်ထောင်သူ နှင့် CEO Mark Zuckerberg က ယခင်နှစ်အတွင်း အာဖရိက နှင့် လက်တင် အမေရိက ဒေသတစ်လျှောက် ရှိ လူဦးရေ သန်း ၁၅၀ ထက်ပိုသော နိုင်ငံများတွင် အဓိက ကျသည့် ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပေးနိုင်ရန် internet.org ပရောဂျက်ကို စတင်ခဲ့ရခြင်း ဖြစ်ကြောင်း ၄င်း၏ Facebook စာမျက်နှာ ပေါ်တွင် ဖော်ပြခဲ့သည်။

ယခင်က အင်တာနက် အသုံးပြုခွင့် မရသည့် လူဦးရေ ခြောက်သန်း ကျော်သည် ယခုအခါ အင်တာနက် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ၊ အချို့သော သူများနှင့် ၄င်းတို့၏ အသိုင်းအ၀ိုင်း တို့အတွက် အင်တာနက် အဆက်အသွယ် ရရှိခြင်းသည် ၄င်းတို့၏ ဘ၀ကို ပြောင်းလဲစေကြောင်း Mark Zuckerberg က ဆက်လက် ပြောပြခဲ့သည်။

ယခုအခါ Facebook အသုံးပြုသူ အများဆုံး ရှိသည့် အမေရိကန်နိုင်ငံ ၏ Facebook ဈေးကွက်ကို အိန္ဒိယက တစ်ချိန်တွင် ကျော်ဖြတ် သွားနိုင်မည်ဟု Facebook ကုမ္ပဏီမှ စိစစ်သူများက သုံးသပ် ထားကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger