www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 16, 2016

ကယ်ဆယ်ရေးနှင့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နှင့် ပူးပေါင်း ဆောင်ရွက်လိုသော အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များအား ဖိတ်ခေါ်


ရန်ကုန် ၊ ၁၆-၃-၂၀၁၆

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အနေဖြင့် နိုင်ငံတစ်ဝန်း၌ ကယ်ဆယ်ရေးနှင့် ပရဟိတ လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန် ပြည်တွင်းမှ စိတ်ပါဝင်စားသော ပုဂ္ဂလိက အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များအား တရားဝင် ဖိတ်ခေါ် ထားကြောင်း သိရသည်။

ထိုကဲ့သို့ လူထုအကျိုးပြု လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန် တခြား အဖွဲ့အစည်း များအား ဖိတ်ခေါ်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများ အရ ဗဟိုကော်မတီ တွင်လည်း အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ ပါဝင်ခွင့် ရမည် ဖြစ်သည်။

၂ဝ၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ကြက်ခြေနီ အသင်း ဥပဒေအရ ဗဟို ကော်မတီ၌ အရပ်ဘက် အဖွဲ့အစည်း များမှ ကိုယ်စားလှယ် ၁ဝ ဦးခန့်အထိ ပါဝင်လာနိုင် ကြောင်းနှင့် ယခုအခါ ပူးပေါင်း ဆောင်ရွက်ရန် စိတ်ပါ ဝင်စားပြီး  အဆိုပြု ထားသော အရပ်ဘက် အဖွဲ့အစည်း ၂၄ ခုခန့် ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း အနေဖြင့် ရခိုင်၊ ကချင်၊ ရှမ်း စသည့် ပြည်နယ်များ၌ ၂ဝ၁၅ ခုနှစ်အတွင်း ရေဘေးသင့် ခဲ့သော အရပ်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်သည်။ ထို့ပြင် ကြက်ခြေနီ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံ၌ နိုင်ငံ့ဝန်ထမ်းများ ပါဝင်လေ့ ရှိရာ ၄င်းတို့အလုပ် တာဝန်နှင့် တခြားနယ် များသို့ ပြောင်းရွှေ့ သွားသောအခါ ကြက်ခြေနီ လုပ် ငန်းစဉ်များ ဆက်လက် ဆောင်ရွက် ရာတွင် အခက်အခဲများ ရှိလာကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းအတွက် အရပ်ဘက် အဖွဲ့အစည်း များ၊ လူပုဂ္ဂိုလ်များ နှင့်လည်း ပူးပေါင်းကာ ကြက်ခြေနီ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် စီစဉ်ထားပြီး အဆိုပါ ပူးပေါင်း ဆောင်ရွက်မည့် အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များ အနေဖြင့် အမှန်တကယ် အချိန်ပေး လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၌ အသင်းဝင် ဦးရေ သိန်းနှင့်ချီ ရှိကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger