www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 28, 2015

ရန်ကုန် - နေပြည်တော် အမြန်လမ်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက သက်တော်စောင့်အဖွဲ့ သို့ ၂၄ နာရီ အကူအညီ တောင်းခံနိုင်


ရန်ကုန် ၊ ၂၈-၈-၂၀၁၅

ရန်ကုန်- နေပြည်တော် အမြန်လမ်းတွင် မော်တော်ယာဉ် မတော်တဆမှုများ အတွက် သက်တော်စောင့် အဖွဲ့သို့ ၂၄ နာရီ အကူအညီ တောင်းခံနိုင်ပြီး အဆိုပါ အကူအညီ တောင်းခံလာမှု များကိုလည်း သက်တော်စောင့် အဖွဲ့က အခမဲ့ကူညီ ဆောင်ရွက်ပေး နေကြောင်း အဆိုပါ သက်တော်စောင့် အဖွဲ့၏ သတင်းများ အရ သိရသည်။

သက်တော်စောင့် အဖွဲ့ အနေဖြင့် ရန်ကုန်- နေပြည်တော် အမြန်လမ်းမကြီး ပေါ်တွင် မော်တော်ယာဉ်များ မတော်တဆ မှုများ ဖြစ်ပွားလာခဲ့၍ အကူအညီ တောင်းခံ လာပါက သက်ဆိုင်ရာ ရဲဌာနနှင့် အဖွဲ့အစည်း များသို့ ဆက်လက် သတင်းပို့ကာ အကူအညီများ တောင်းခံပေးခြင်း၊ ဒဏ်ရာရရှိ သူများကို ဆေးရုံဆေးခန်း များသို့ ပို့ဆောင်ပေးခြင်း၊ ဆေးဝါးများ ကူညီ ပံ့ပိုးပေးခြင်း စသည့် ကိစ္စရပ်များကို ကုသိုလ်ဖြစ် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

သက်တော်စောင့် အဖွဲ့ အနေဖြင့် ထိုသို့ ကူညီလုပ်ကိုင် ဆောင်ရွက်ပေးရန် အတွက် ရန်ကုန် - နေပြည်တော် အမြန်လမ်းရှိ ၁၆၇ မိုင်တွင် သက်တော်စောင့် ရုံးချုပ်ကို အခြေစိုက် ဖွင့်လှစ် ထားရှိကာ အရေးပေါ် အသုံးပြုရန် မော်တော်ယာဉ် နှစ်စီး၊ မော်တော် ဆိုင်ကယ်နှစ်စီးကို ထားရှိကာ ကူညီဆောင်ရွက် ပေးနေခြင်း ဖြစ်သည်။

ထို့ပြင် ရန်ကုန်- မြိတ် လမ်းတွင်လည်း ယာဉ် မတော်တဆမှုများ ကူညီနိုင်ရန် အရေးပေါ် ယာဉ်တစ်စီး ထားရှိကာ ကူညီဆောင်ရွက် ပေးနေသည်။ သက်တော်စောင့်အဖွဲ့ အနေဖြင့် ရန်ကုန်- နေပြည်တော်အမြန်လမ်းရှိ ၁၆၆ မိုင်၊ ၁၆၇ မိုင်၊ ၁၆၈ မိုင်၊ မိုင် ၁၈ဝ၊ ၁၈၁ မိုင်တို့တွင် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ ခေတ္တအခမဲ့ တည်းခိုနေထိုင် နိုင်ရန်အတွက် ဘန်ဂလို အလုံးနှစ်ဆယ် ကျော်ခန့်လည်း ဆောက်လုပ် ထားကြောင်း သိရသည်။

ရန်ကုန်- နေပြည်တော် အမြန်လမ်းတွင် မော်တော်ယာဉ် မတော်တဆမှုများ နှင့် ပတ်သက်၍ အကူအညီ တောင်းခံလို ပါက ဖုန်း ဝ၉- ၇၉၉၁ ၈၇၂၃ဝ၊ ဝ၉-၇၉၄၄ ၇၃ဝ၅၁၊ ဝ၉- ၄၉၈၆ ၇၃၂၂ တို့သို့ ဆက်သွယ် အကူအညီ တောင်းနိုင်ကြောင်း သိရသည်။(၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၉)

#Yadanatpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger