www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Tuesday, July 12, 2016
ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းကို iPhone အသုံးပြု ဆောင်ရွက်နိုင်မည်
ဝါရှင်တန် ၊ ၁၂-၇-၂၀၁၆
ကမ္ဘာတစ်ဝန်းတွင် ကိုယ်အင်္ဂါ အစားထိုး ခွဲစိတ်ကုသမှု ခံယူလိုသူ ဦးရေများသည်ထက် များလာသော်လည်း အလှူရှင် ဦးရေမှာ သိသိသာသာ တိုးလာခြင်း မရှိကြောင်းနှင့် အကြောင်းရင်းမှာ လူအများစုက ကိုယ်အင်္ဂါ အစိတ်အပိုင်း များကို လှူဒါန်းလိုသော်လည်း စိုးရိမ်ထိတ်လန့် မှု ရှိခြင်း၊ လှူဒါန်းရာတွင် ဆောင်ရွက်ရသည့် စာရွက်စာတမ်း ကိစ္စ များပြားသည်ကို မလိုလားခြင်း တို့ ကြောင့် ဖြစ်ကြောင်း ပေါ်ပေါက်သည့် အတွက် ယခုအခါ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းလိုသူများအနေဖြင့် iPhone ဖြင့် လွယ်ကူစွာ ဆောင်ရွက်နိုင် စေရန် စီစဉ်လျက် ရှိကြောင်း အမေရိကန်ပြည် ထောင်စု၊ အမျိုးသားဇီဝ အလှူမှတ်ပုံတင် ဌာန NDLR မှ ထုတ်ပြန် ကြေညာသည်။ 
Apple ကလည်း ၄င်း အသစ်ဖြန့် ချိ သွားမည့် iOS 10 တွင်ပါရှိသော Health app တွင် အမျိုးသား ဇီဝအလှူ မှတ်ပုံတင် ဌာနထံ တိုက်ရိုက် လျှောက်ထားနိုင်မည့် အပလီကေးရှင်း ပါဝင်မည် ဖြစ်ကြောင်း၊ ဆေးလောကတွင် အလွန် လိုအပ်လျက် ရှိသော ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းမှုကို အဆင်ပြေချောမွေ့  လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။ 
" အမေရိကန် ပြည်ထောင်စု မှာ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းဖို့  အမည်စာရင်း ပေးထားသူသန်း ၁၂၀ ထက် မနည်းရှိပါတယ်။ ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးခွဲစိတ် ကုသမှုခံယူဖို့ စောင့်ဆိုင်းနေသူ ဦးရေကလည်း ၁၂၀၀၀၀ ဦးထက် မနည်းရှိပါတယ်။ Apple နဲ့  ပေါင်းစပ်ပြီးတော့ iPhone ကနေတစ်ဆင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းနိုင်အောင် စီစဉ်ပေးနေပါတယ် " ဟု NDLR မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ 
Apple သည် ၄င်း၏ ကျန်းမာရေး အပလီကေးရှင်းကို ၂၀၁၄ ခုနှစ်တွင် စတင်ဖြန့် ချိ ခဲ့ပြီး စမတ်ဖုန်း အသုံးပြုသူ၏ ကျန်းမာရေးကို စောင့်ကြည့်ပေး ခဲ့ကြောင်း၊ အရေးပေါ် အခြေအနေ များတွင် လူနာ၏ အသေးစိတ် အချက်အလက် များကို ချက်ခြင်းဖော်ပြ ပေးနိုင်ခဲ့ကြောင်း၊ ယခုလည်း ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းလိုသူ များအတွက် အဆင်ပြေ ချောမွေ့ အောင် စီစဉ်ပေးခြင်းပင် ဖြစ်ကြောင်း သိရသည်။
မြ၀တီနေ့စဉ်
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...
တင်ပြီးသမျှ သတင်းများ
Follow on Twitter
Networkblog
FB Like page
Powered By Blogger