www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 10, 2014

မိုဘိုင်းလ်ဖုန်း နှင့် အင်တာနက် အသုံးပြုသူများအတွက် နည်းပညာများ ကူညီထောက်ပံ့နိုင်စေရန် CIC စင်တာများ တည်ထောင်သွားမည်


ရန်ကုန် ၊ ၁၀-၇-၂၀၁၄

မြန်မာနိုင်ငံ ၌ မိုဘိုင်းလ်ဖုန်း အသုံးပြု သူများနှင့် အင်တာနက် သုံးစွဲသူများ အရေအတွက် သည် ယခင်နှစ် များထက် တိုးတက် များပြား လာသည့်အပြင် မကြာမီ ပြည်တွင်း၌ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသော အော်ပရေတာ ကုမ္ပဏီများမှ ထုတ်လုပ်မည့် တန်ဖိုးနည်း ဆင်းကတ်များ ထွက်ရှိ လာသည့်အခါ တွင်လည်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူများ ယခုထက် ပိုမို များပြား လာနိုင်သောကြောင့် ပြည်သူများ အတွက် မိုဘိုင်းလ်ဖုန်းများ ၊ အင်တာနက်များ အသုံးပြုခြင်း နှင့် ပတ်သက်သော နည်းပညာ များကို ကူညီ ထောက်ပံ့နိုင် စေရန် Community Information Centre ( CIC ) များကို အကောင် အထည်ဖော် တည်ဆောက် သွားမည်ဟု Myanmar ICT for Development Organization ( MIDO ) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခု လက်ရှိတွင် Community Information Centre ( CIC ) ၅ ခုကို ယခုနှစ်အတွင်း စတင် တည်ထောင်ရန် အစီအစဉ်များ ရေးဆွဲထားပြီး အဆိုပါ စင်တာ ၅ ခုကို ရန်ကုန်တိုင်း ဒေသကြီး ၊ ဧရာဝတီတိုင်း ဒေသကြီး ၊ ပဲခူးတိုင်း ဒေသကြီး ၊ ကရင်ပြည်နယ် နှင့် နေပြည်တော် တို့တွင် အကောင် အထည်ဖော် တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း စင်တာများ ဖြစ်မြောက်ရေး အတွက် တယ်လီနော မြန်မာ ကုမ္ပဏီ က အင်တာနက် ချိတ်ဆက်ရန် လိုအပ်သည် များကို ကူညီ ထောက်ပံ့မည် ဖြစ်သည်။

ထို စင်တာများမှ ဒေသခံ ပြည်သူများအား မိုဘိုင်းလ်ဖုန်း များတွင် ပါရှိသော Application များ ၊ Software များကို အသုံးပြု တတ်စေရန် ၊ ကွန်ရက်များ နှင့် ချိတ်ဆက်ကာ သတင်း အချက်အလက်များ ရရှိနိုင် စေရန် ၀န်ဆောင်မှုများ ကူညီ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger