www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 18, 2015

နောင်ထုတ်လုပ်မည့် လက်ကိုင်ဖုန်းများတွင် အချိန်ကြာမြင့်စွာ သုံးစွဲနေမှုကို သတိပေးစနစ် တပ်ဆင်ပေးရန် စိတ်ပညာရှင်များ တောင်းဆို


လန်ဒန် ၊ ၁၆-၁၀-၂၀၁၅

နောင်ကာလ များတွင် ထုတ်လုပ်မည့် လက်ကိုင်ဖုန်း များသည် အသုံးပြု နေသူများကို ခေတ်ပေါ် လူသုံးပစ္စည်း တစ်မျိုးပေါ်တွင် အလွန်အကြူး စွဲလမ်းနေမှုများ မဖြစ်စေရန် အတွက် သတိပေး စာတမ်းများ ထည့်သွင်းပေးရန် သုတေသီ များက တောင်းဆို ထားကြောင်း သိရသည်။

ထို့ပြင် လက်ကိုင်ဖုန်းကို အချိန်ကြာမြင့်စွာ သုံးစွဲလာပါက သုံးစွဲနေသူအား အချက်ပြ အသံများ ထုတ်ပေးသော သတိပေး စနစ်ကိုလည်း တပ်ဆင်ပေး ကြရန် စိတ်ပညာရှင် များက ထပ်မံ တောင်းဆို လိုက်သည်။

ဆယ်ကျော်သက် အရွယ် လေးဦးတွင် တစ်ဦးသည် လက်ကိုင်ဖုန်းဖြင့် အွန်လိုင်း အသုံးပြုမှု များကို အဆက်မပြတ် လုပ်ကိုင် နေကြသည်ကို စစ်တမ်း တစ်စောင်က ဖော်ပြပြီး ဖြစ်သည်။ လူငယ် လူရွယ်များ၏ ကိုးရာခိုင်နှုန်း ကလည်း မိမိတို့ကို Facebook နှင့် အင်စတာဂရမ် တို့ကို တစ်မျိုးမဟုတ် တစ်မျိုး သုံးစွဲရန် လက်ကိုင်ဖုန်း များ၏ သွေးဆောင်မှုကို ခံစား နေကြရကြောင်း ဝန်ခံကြသည်။

လက်ကိုင်ဖုန်း များကို အဆက်မပြတ် သုံးစွဲနေခြင်း တို့ကြောင့် လူငယ်လူရွယ် များတွင် တီထွင်မှု စွမ်းရည် လျော့ပါးလာ စေကြောင်း၊ အလွယ်တကူ စိတ်ဓာတ် ကျစေခြင်း နှင့် အရှိတရားများ ကင်းကွာလာ စေကြောင်း စသည့် မလိုလားအပ်သော အပြုအမူများ ဖြစ်ပေါ်လာ နေကြောင်း ဟားဗတ် တက္ကသိုလ်မှ ပညာရှင် ဝိုင်ယန်အလီ က ရှင်းပြသည်။

သို့ဖြစ်၍ လက်ကိုင်ဖုန်း များသည် အချိန်ကြာမြင့်စွာ အသုံးပြု လာပါက ဖုန်းပြော နေသူကို သတိပေး မက်ဆေ့စ်များ ဖော်ပြခြင်း (သို့မဟုတ်) အချက်ပြ လာစေခြင်းတို့ ထည့်သွင်း တပ်ဆင်ပေးရန် တောင်းဆို လာရခြင်း ဖြစ်သည်။ အချိန်တိုင်း လက်ကိုင်ဖုန်း နှင့် အချိန်ကုန် နေကြရ၍ ၄င်းတို့သည် အချိန်၏ တန်ဖိုးကို မေ့လျော့စေကြောင်း စိတ်ပညာရှင် များက ရှင်းပြသည်။

အလွယ်ကူဆုံး အဖြေသည် ဖုန်းဖြင့် စကားပြော နေသည့်ကာလ ကြာမြင့်လာလျှင် ဖုန်းမျက်နှာပြင် စိမ်းသွားခြင်း (သို့မဟုတ်) အနီရောင် ပြောင်းလဲ ပေးခြင်းဖြင့် ဖုန်းပြောနေသူကို သတိပေးရာ ရောက်ကြောင်း၊ ဖုန်းပြောသူများ ၏ ၈ဝ ရာခိုင်နှုန်း ကလည်း ယခုကဲ့သို့ သတိပေးမှု များကို ကျေနပ်ကြောင်း စစ်တမ်းကြီးတွင် ဖော်ပြ ထားသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger