၂၈-၂-၂၀၁၃
အိန္ဒိယ လေတပ်သို့ အသံထက် ၃ ဆမြန်သည့်
ဘရာမို့စ် ခရုဇ် ဒုံးပျံများ ပေးအပ် သွားရေး အစီအစဉ် သည် ၂၀၁၄ ခုနှစ် အကုန်ပိုင်းတွင်
အသင့်ရှိမည် ဖြစ်ကြောင်း နှင့် ၄င်း ဒုံးပျံများကို ၂၀၁၇ ခုနှစ်တွင် အသံထက် ၇ ဆ မြန်သည့်
မြန်နှုန်းမြင့် ခရုဇ် ဒုံးပျံများ အဖြစ် အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း ဘရာမို့စ်
လေကြောင်း ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဆီဗာတာ နူဖီလိုင် က ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင်
ပြေကြား ခဲ့သည်ဟု ဆင်ဟွာ သတင်း တစ်ပုဒ်အရ သိရသည်။
ဥရောပ ၊ အမေရိကန် နှင့် တရုတ်နိုင်ငံ
တို့က ထိုကဲ့သို့သော ဒုံးပျံများ ထုတ်လုပ်ရေး ဆောင်ရွက်လျက် ရှိစဉ် အိန္ဒိယ နိုင်ငံ
အနေဖြင့် အသံထက် ၈ ဆမြန်သည့် ဒုံးပျံများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း
၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ဘရာမို့စ် ဒုံးပျံသည် မြေပြင် နှင့် ရေပြင်တို့မှ
ပစ်လွှတ်နိုင်သည့် ဒုံးပျံ အမျိုးအစား ဖြစ်ပြီး ကမ္ဘာ့ အမြန်ဆုံး ခရုဇ်ဒုံးပျံ များအနက်
တစ်မျိုး ဖြစ်ကြောင်း နှင့် လက်ရှိ အသုံးပြုလျက် ရှိကြောင်း သိရသည်။ ဘရာမို့စ် လေကြောင်း
ကုမ္ပဏီသည် အိန္ဒိယ နိုင်ငံပိုင် ကာကွယ်ရေး သုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့
( DRDO ) နှင့် ရုရှား နိုင်ငံမှ NPO Mashinostroyenia ကုမ္ပဏီတို့ အကြား ပေါင်းစပ်
ထားသည့် ပူးပေါင်း ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း သိရှိရသည်။
ZinHua



























.jpg)







