မုံရွာ ၊ ၂၈-၂-၂၀၁၃
စစ်ကိုင်းတိုင်း ဒေသကြီး ၊ ရွှေဘိုခရိုင်
၊ ဒီပဲယင်း မြို့နယ် ၊ ကျခတ်ကျေးရွာ ဦးခွေးညို ၏ လယ်ကွင်း အတွင်းတွင် ဗုံးဟောင်း တစ်လုံး
ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်
၁၀ နာရီခွဲ ခန့်တွင် ကျခတ် ကျေးရွာ ဦးပုဒ်ကုန်း ဘုန်းတော်ကြီး ကျောင်းနှင့် တောင်ဘက်
ကိုင် ၁၀၀ ခန့် အကွာရှိ တောင်သူ ဦးခွေးညို ၏ လယ်ကွက် အတွင်းမှ ဗုံးဟောင်း တစ်လုံး
ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ၊ ဗုံးပေါက်ကွဲ မှုကြောင့် အကျယ် ၂ ပေနှင့် အနက် ၂ ပေခန့်
ကျင်းတစ်ကျင်း ဖြစ်သွားကြောင်း သိရသည်။
အဆိုပါ ဗုံးဟောင်း ပေါက်ကွဲမှုကြောင့်
လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း နှင့် လယ်ကွက် အတွင်းမှ အလျား ၆ လက်မ ၊
အနံ ၆ လက်မရှိ ဗုံးအစ ၊ အလျား ၆ လက်မ အနံ ၄ လက်မရှိ ဗုံးအစ နှင့် အလျား ၃ လက်မ အနံ
၂ လက်မရှိ ဗုံးအစ ၃ ခုကို ရှာဖွေ တွေ့ရှိ ခဲ့သည်။ ဗုံးပေါက်ကွဲ မှုနှင့် ပတ်သက်ပြီး
ဒေသခံ ရွာသားများက " ရှုးရှုး အုန်းဒိုင်း ဆိုတဲ့ အသံကြီး မြည်ပြီး မြေကြီးတွေ တုန်ခါ
သွားတာပဲ ၊ ထိခိုက်မှု တော့ မရှိပါဘူး ... " ဟု ပြောကြား ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment