www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 22, 2013

Scholarship အစီအစဉ်နှင့် တက္ကသိုလ်အကြောင်း ရှင်းလင်းခြင်း Mandalay Swan Hotel ၌ ကျင်းပမည်



ရန်ကုန် ၊ ၂၂-၂-၂၀၁၃

ဂျပန်နိုင်ငံတွင် အင်္ဂလိပ် (သို့မဟုတ်) ဂျပန် ဘာသာစကား ဖြင့် သင်ကြား နိုင်ပြီး ၁၀၀ ရခိုင်နှုန်း Scholarship အလုပ်အကိုင် ရရှိနိုင်မှု အခွင့်အလမ်း ၉၅ ရာခိုင်နှုန်း အထိ ရရှိနိုင်သော Ritsumeikan Asia Pacific University ( APU ) မှ တာဝန်ရှိ သူများ ကိုယ်တိုင် လာရောက်ပြီး စကောလားရှစ် အစီအစဉ် နှင့် တက္ကသိုလ် အကြောင်း ရှင်းလင်းခြင်း အခမ်းအနား ကို လာမည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် မန္တလေး မြို့ရှိ Mandalay Swan Hotel , Mingalar Room ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
Ritsumeikan Asia Pacific University ( APU ) Japan


ဘွဲ့ကြို ပညာရေး အစီအစဉ်များ အဖြစ် Bachelor of Social Science ( လူမှု သိပ္ပံဘွဲ့ ) တွင် ယဉ်ကျေးမှု ၊ လူမှု အဖွဲ့အစည်း နှင့် သတင်း မီဒီယာ ၊ နိုင်ငံတကာ ဆက်ဆံမှု နှင့် ငြိမ်းချမ်းရေး ပညာရပ်များ ၊ သဘာဝ ပတ်ဝန်းကျင် နှင့် ဖွံ့ဖြိုးရေး ပညာရပ်များ ၊ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း ဆိုင်ရာ ပညာရပ်များ ပါဝင်ပြီး Bachelor of Business Administration ( စီးပွား စီမံဘွဲ့) တွင် မဟာဗျူဟာ မြောက် စီမံခန့်ခွဲမှု နှင့် စည်းရုံး စီစဉ်မှု ပညာ ၊ စာရင်းကိုင် နှင့် ဘဏ္ဍာရေး ဆိုင်ရာ ပညာ ၊ တီထွင် ဆန်းသစ်မှု နှင့် ဘောဂဗေဒ ၊ ဈေးကွက် ရှာဖွေရေး ပညာရပ် တို့ ပါဝင်သည်။ ဘွဲ့လွန် ပညာရေး အစီအစဉ် များအဖြစ် Master of Science in Asia Pacific Studies ( Including Contemporaty Japan Studies0, PhD in Asia Pacific Studies, Master of Science in International Cooperation Policy _ ICP, Master in Knternational Material Flow Management, Dual Master's Degree Program နှင့် Master of Business Administration _ MBA တို့ ပါဝင်ကြောင်း သိရသည်။

တက္ကသိုလ် အကြောင်း ရှင်းလင်းခြင်း အတွက် ဖြစ်စေ ၊ ကျောင်းလခ နှင့် စရိတ်များ ၊ ကျူရှင် ကြေးများ ၊ နေထိုင်စရိတ် နှင့် ပညာရပ် ဆိုင်ရာ အချက်အလက် တို့အား သိရှိ လိုပါက အမှတ် (၅၀၇) ၊ ငါးလွှာ ၊ လပြည့်ဝန်း ပလာဇာ ၊ ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁- ၃၈၂ ၅၂၉ ၊ ၀၉- ၅၁၁၈ ၈၁၂ တို့သို့ ဆက်သွယ် စုံစမ်း၍ အသေးစိတ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger